~31~ end

6.3K 375 59
                                    

Unicode

"သွင်!"

မြူမင်း အထိတ်တလန့်ခေါ်မိတော့သည်။ သွင်မျက်ဆံနက်နက်များက လှုပ်လှုပ်ရှားရှားဖြစ်နေကာ မျက်မှန်အောက်မှ မျက်ဝန်းများသည် သံသယများဖြင့်ပြည့်နှပ်နေလျက်။ မြူမင်းအကြောက်ဆုံးမှာ ယနေ့လိုနေ့မျိုးရောက်ရှိလာမှာကိုပင်။ မြူမင်းတစ်ကိုယ်လုံးရှိန်းခနဲခံစားနေရပြီး ရင်တဒိန်းဒိန်းဆောင့်ခုန်နေတော့သည်။ အယူခံဝင်နေရသူတစ်ဦးလို ခေါင်းမဖော်ရဲဖြစ်နေသည်။

"ကိုမင်းရာမပြောတာတွေကအမှန်တွေပဲလား ဥက္ကဌ!"

မြူမင်းနှုတ်ခမ်းတို့ခြောက်သွေ့လာသည်။ သူဘာပြန်ဖြေရမှန်းမသိခဲ့။အမှန်အတိုင်းဖြေလိုက်ပါလျှင် သွင်နှင့်သူ ဝေးရတော့မည်။ သို့ပေမဲ့ ညာလို့လည်းမရတော့ တစ်ကောင့်သား မင်းရာမကြောင့် အကုန်သိသွားလေပြီ။

"ဟယ်လို!ဟယ်လို!"

ဖုန်းထဲက အလိုက်မသိသော ထိုလဒသံမှာ ဆက်တိုက်ထွက်ပေါ်နေသည်ကြောင့် သွင့်လက်ထဲမှ ဖုန်းကိုဆွဲယူလိုက်ပြီး အတင်းပိတ်ပစ်ရတော့သည်။

"ကိုမြူမင်းလွင်ပြင်! ကျွန်တော် မေးနေတယ်လေ သူပြောနေတာတွေက အမှန်တွေလားလို့"

"ကိုယ်တောင်းပန်ပါတယ် သွင်....ကိုယ် ကိုယ်"

သွင်သွင်တစ်ယောက်ကြမ်းပြင်ပေါ် ထိုင်ကျသွားတော့သည်။ မြူမင်းလည်း ခေါင်းနပန်းကြီးနေလေပြီ။ သွင်သွင့်ရှေ့တွင် သူလည်းထိုင်ချလိုက်ရင်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေလျက်။

"သွင်...ကိုယ်လေ---"

"မနက်ဖြန်ကျွန်တော် အိမ်ပြန်ချင်တယ်....."

မြူမင်းဘာမှမပြောချင်တော့ပါ။ မပြောနိုင်ပါဆိုလျှင် ပိုမှန်ပေလိမ့်မည်။ သည်လိုလိမ်လည်မှုမျိုးကို သွင်က ခွင့်လွှတ်နိုင်မတဲ့လား။ သူဆိုလျှင်လည်း ခွင့်မလွှတ်ပါ။ မြူမင်းသူ့အမှားသူသိပါ​၏။သို့သော် ခွင့်လွှတ်ပေးဖို့ရာ မတောင်းခံရဲ။ ထို့ကြောင့် တိတ်တဆိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။ သူ့အား သွင်မုန်းမည်ဆိုလျှင်လည်း ခံရမည်သာ။ သူက မှားခဲ့သူမဟုတ်ပါလား။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now