Love Of My Life [Completed]

By GennyCloud

733K 45.4K 1.6K

Genre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from... More

အမှာစာ🤎(Uni + Zawgyi)
Character Introducing
Epi(1) Unicode
Epi(1) Zawgyi
Epi(2) Unicode
Epi(2) Zawgyi
Epi(3) Unicode
Epi(3) Zawgyi
Epi(4) Unicode
Epi(4) Zawgyi
Epi(5) Unicode
Epi(5)Zawgyi
Epi(6) Unicode
Epi(6) Zawgyi
Epi(7) Unicode
Epi(7) Zawgyi
Epi(8) Unicode
Epi(8) Zawgyi
Epi(9) Unicode
Epi(9) Zawgyi
Epi(10) Unicode
Epi(10) Zawgyi
Epi(11) Unicode
Epi(11) Zawgyi
Epi(12) Unicode
Epi(12) Zawgyi
Epi(13) Unicode
Epi(13) Zawgyi
Epi(14) Unicode
Epi(14) Zawgyi
Epi(15) Unicode
Epi(15) Zawgyi
Epi(16)Unicode
Epi(16) Zawgyi
Epi(17) Unicode
Epi(17) Zawgyi
Epi(18) Unicode
Epi(18) Zawgyi
Epi19(Unicode)
Epi19 (Zawgyi)
Epi20(Unicode)
Epi(20) Zawgyi
Epi(21) Unicode
Epi (21) Zawgyi
Epi(22) Unicode
Epi(22)Zawgyi
Epi(23) Unicode
Epi(23) Zawgyi
Epi(24) Unicode
Epi(24)Zawgyi
Epi(25) Unicode
Epi(25) Zawgyi
🤎
Epi(26) Unicode
Epi(26) Zawgyi
Epi(27)Unicode
Epi(27)(Zawgyi)
Epi28(Unicode)
Epi28(Zawgyi)
Epi29(Zawgyi)
Epi30(Unicode)
Epi30(Zawgyi)
Epi31(Unicode)
Epi31(Zawgyi)
Epi32(Unicode)
Epi32(Zawgyi)
Epi(33)(Unicode)
Epi(33)(Zawgyi)
Epi(34)(Unicode)
Epi(34)(Zawgyi)
Epi(35) Unicode
Epi(35) Zawgyi
Epi (36) Unicode
Epi(36) Zawgyi
Epi(37) Unicode
Epi(37) Zawgyi
Epi(38) Unicode
Epi(38) Zawgyi
Epi(39) Unicode
Epi(39) Zawgyi
Epi(40) Unicode
Epi(40) Zawgyi
Epi(41) Unicode
Epi(41) Zawgyi
Epi(42) Unicode
Epi(42) Zawgyi
Epi(43) Unicode
Epi(43) Zawgyi
Epi(44) Unicode
Epi(44) Zawgyi
Epi(45) Unicode
Epi(45) Zawgyi
Epi(46) Unicode
Epi(46) Zawgyi
Epi(47) Unicode
Epi(47) Zawgyi
Epi(48) Unicode
Epi(48) Zawgyi
Epi(49)Unicode
Epi(49) Zawgyi
Final Episode (Uni)
Final Episode (Zawgyi)
My Dear , Readers (U+ZG)
Happy New Year❤️
Genny has something to say!! U/Z
Extra (Unicode)
Extra ( Zawgyi)
Thidingkyut Extra
❤️Genny Cloud's Love Letter☁️U*Z
Happy Thingyan with KheNyeim (U+Z)
Extra Part 2 (U+Z)

Epi29(Unicode)

7K 622 28
By GennyCloud

အပိုင်း(၂၉)

ဒေါ်မိုးသူဇာတို့ မိသားစုမှာ သာမန်လက်လုပ်လက်စား ဆိုသည်ထက် အလယ်အလတ်တန်းစားလို့ ပြောလို့သည်။ အရမ်းကြီးမပြည့်စုံသော်လည်း ယောင်္ကျားဖြစ်သူက ရတဲ့လစာလေးနှင့် မပူမပင်ထားသည်။ သူမသည်လည်း ငွေကို ချွေချွေတာတာသာ သုံးစွဲသည်။ ထို့ကြောင့် သုံးနိုင်စွဲနိုင်သည်ထက်  လက်ထဲတွင်လည်း ပိုလျှံသော အနေအထားဖြစ်သည်။ ယောင်္ကျားဖြစ်သူ ဦးသန့်မင်းနွေရဲ့ မိဘတွေမှာ ချမ်းသာသော်လည်း သူမနှင့် သဘောမတူသဖြင့် အမွေဖြတ်စွန့်လွှတ်ခဲ့သည်။

မိဘနှင့် ချစ်ရသူယှဉ်လာလျှင် မိဘကိုသာရွေးချယ်မည်ထင်ခဲ့သော်လည်း ခေါင်းမာသောသူပီပီ အမွေအားလုံးကို စွန့်လွှတ်ကာ သူမလက်ကို ဆွဲပြီး တစ်ဦးတစ်အိမ်ထူထောင်ခဲ့သည်။

ဦးသန့်မင်းနွေက သူတတ်ထားသော ပညာအမွေလေးနှင့် ရုံးတစ်ရုံးတွင် အလုပ်လုပ်ကာ မန္တလေးတွင် အခြေချနေထိုင်ခဲ့သည်။ ကလေးချစ်တတ်သူမို့ သားညိမ်အား အချစ်ပိုသလို သေချာဂရုတစိုက်ရှိခဲ့သည်မှာလည်း ဦးသန့်မင်းနွေသာဖြစ်သည်။ သားအငယ်က ငယ်ငယ်တည်းက ဆိုးသည်။ ကလေးနှစ်ယောက်သည် သူများညီအစ်ကိုတွေလို ရန်ဖြစ်တာမျိုး ၊ကစားစရာတွေလုတာမျိုး ၊ကပ်တွက်ခြင်းမရှိဘဲ သားညိမ်က ညီလေးကို လူကြီးတစ်ယောက်လို စောင့်ရှောက်သည်မို့ သူတို့လင်မယားနှစ်ယောက်လုံး ပို၍ချစ်ရသည်။

ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် သားကိုခဏခွဲနေရသော်လည်း သားကတစ်လတန်သည်လည်း ပြန်မလာ။ နှစ်လတန်သည်လည်း ပြန်မလာသောကြောင့် သူမတို့လင်မယားကို စိတ်ကုန်နေပြီးလားဟူ၍ပင် တွေးမိသည်။ ယောင်္ကျားပီပီ ထုတ်မပြသော်လည်း ဦးသန့်မင်းနွေက သားဖြစ်သူအား လွမ်းနေမှာသေချာပါသည်။

တက္ကသိုလ်ကို ဘယ်နေရာတွင်တက်တက် သားစိတ်တိုင်းကျဖြစ်စေရမည်။ တက္ကသိုလ်မတက်ရသေးခင် ကြားကာလတွင်တောင်မှ မန္တလေးသို့ခြေဦးမလှည့်သည့်သားကြောင့် သူမရန်ကုန်ဆင်းလာခြင်းပင်။

နေ့တိုင်းတွေ့မြင်နေကျ မန္တလေးနှင့် ကွဲပြားစွာ Taxiများနှင့် ပြည့်ကျပ်ညက်နေသော မြို့ကြီးအားကြည့်ရင်း သူမစိတ်တို့ပင် မွန်းကျပ်လာရသည်။

အစ်မဖြစ်သူရဲ့ လိပ်စာအတိုင်း ၀င်လာတော့ အထပ်မြင့်တိုက်ကြီးများ တန်းစီနေသည့် လမ်းထဲသို့ ရောက်လာသည်။ သုံးလွှာမို့ သိပ်မတက်ရပေမဲ့ မန္တလေးက နှစ်ထပ်အိမ်လေးနှင့်တော့ ခံစားချက်ကွဲပြားပါ၏။

ဘဲလ်တီးလိုက်‌တော့ သားက လာဖွင့်သည်။ မြင်လိုက်ရတဲ့သားမျက်နှာ ကြည်ကြည်လင်လင်လေးကြောင့် သူမစိတ်ထဲအေးချမ်းသွားသည်။
အဆင်ပြေနေလို့ တော်ပါသေးတယ်!

သားက သူမလာမည်ကို သိသည်ထင်၏။ လက်ထဲမှ အထုတ်များကို ကူဆွဲကာ အိမ်ထဲသို့ ဦးဆောင်ခေါ်သည်။

အဆင့်အတန်းမြင့်လှသော တိုက်ခန်းကျယ်ကျယ်အား ဝေ့ဝဲကြည့်ရင်း မျက်ရည်များဝေ့တက်လာသည်။ နွေရာသီတိုင်း ညီအစ်ကိုနှစ်ယောက်လုံးကိုခေါ်ကာ လာနေကြပေမဲ့ ယခုတစ်ခါတော့ ဘာရယ်ကြောင့်မှန်းမသိ...စိတ်ထဲမကောင်း။

"မေမေ~~ထိုင် "

ရန်ကုန်မှာခဏသွားနေခိုင်းလို့ စိတ်ခုနေမလား တွေးမိခဲ့ပေမဲ့ သားပုံစံက စိတ်ဆိုးနေဟန်မရှိ။

မိုးသန့်ညိမ်က သံပရာရည်တစ်ခွက်ကို ဖျော်လာကာ မေမေထံသို့ ကမ်းပေးလိုက်သည်။ မေမေပုံက တစ်ခုခုကို စိတ်မချမ်းသာဖြစ်နေပုံရသည်။

"မေမေ ဘာဖြစ်လို့လဲ။ ဖေဖေနေမကောင်းလို့လား "

"မဟုတ်ပါဘူးကွယ်။ မင်းဖေဖေကနေကောင်းပါတယ်။ ဒါပေမဲ့ နေမကောင်းတာက သားညီလေး"

"ညီငယ်က ဘာဖြစ်လို့လဲ"

"သားငယ်က အစာအိမ်တစ်ခုခုဖြစ်နေပုံရတယ် သားရဲ့ ။ အမြဲအောင့်တယ် အောင့်တယ်နဲ့ ။ ဒါပေမဲ့ မေမေတို့လည်း ရိုးရိုးထင်တော့  ဆေးပဲပုံမှန်တိုက်တာပေါ့ ။ နောက်တော့ ဆေးရုံသွားတော့မှ အစာအိမ်ရောဂါတဲ့ ။ သိတဲ့အတိုင်း အဲ့ရောဂါက အရှင်းမပျောက်ဘူးလေ ။ ဆေးတွေပုံမှန်စွဲသောက်နေရတယ်"

မိုးသန့်ညိမ်က စုတ်တစ်ချက်သပ်လိုက်ပြီး....

"သားသိတယ် ။ သူ့ကိုအမြဲ ထမင်းအချိန်မှန်စားဖို့အမြဲပြောတယ် ။ မေမေ့သားငယ်က စကားလုံး၀နားမထောင်ဘူး "

"အေးကွယ် ။ ငယ်ငယ်တည်းက အလိုလိုက်ထားမိတော့လည်း…ဆိုးတယ်။ ဒါနဲ့ သားအဒေါ်ရော"

"ဒေါ်ဒေါ် ဈေးသွားတယ် "

"ဟုတ်လား ။ မေမေလည်း လာသာလာရတာ အားနာတယ် ။ လာတိုင်းအပူတွေပဲ သယ်သယ်လာမိတယ်။"

"ဒေါ်ဒေါ်ကအဲ့လိုမတွေးလောက်ပါဘူး "

"သား~"

မေမေက တစ်စုံတစ်ခုကို တောင်းဆိုချင်သော မျက်၀န်းတွေနှင့် သူ့အားခေါ်သည်။

"ဗျာ"

"သား တက္ကသိုလ်ကို ဘယ်မှာတက်တက်ပါ ။ မတက်ခင်လေးတော့ မန္တလေးကိုပြန်လာ‌နေစေချင်တယ်။ သားအဖေလည်း ထုတ်သာမပြောတာ သားကိုလွမ်းနေတာပါ "

"ဖေဖေက သားကိုမမြင်ချင်ဘူးတဲ့" 

"စိတ်တိုတုန်းခဏပါသားရယ်။ ပြီးတော့ ဟိုကလေးမကိုလည်း ခွင့်လွှတ်ပေးလိုက်ပါ "

"သားသူ့ကို အပြစ်မယူတဲ့အတွက် ခွင့်လွှတ်စရာအကြောင်းမရှိဘူး မေမေ။သူကသားအတွက် ဒီအတိုင်း စိတ်ထဲမှာ မရှိတော့တဲ့ လူတစ်ယောက်သာသာပါပဲ"

"ဒါဆို သားမေမေပြန်ရင် ပြန်လိုက်ခဲ့နော် "

ဘာမှမဖြေဘဲ နှုတ်ဆိတ်နေတာမို့ လက်လေးကိုအုပ်ကိုင်ကာ မျှော်လင့်တကြီးမော့ကြည့်မိသည်။

"အင်း~လိုက်ခဲ့ပါမယ် "

"သား ကျောင်းကိုရန်ကုန်မှာတက်ချင်လည်း ‌တက်။ မတက်ချင်လည်း မန္တလေးမှာဘဲ တက် ။ ကျောင်းမဖွင့်ခင်တော့ မန္တလေးမှာပဲ သင်တန်းတွေတက်ပေါ့ ။ သားအဒေါ်လည်း တစ်ခါတလေ သူ့သမီးဆီကိုသွားလည်ချင်မှာပေါ့ "

မေမေပြောမှ သူစဉ်းစားမိသည်။ သူကသူအဆင်ပြေရေးကိုသာတွေးပြီး နေခဲ့တာ။ ‌ဒေါ်ဒေါ်လည်း သားသမီးဆီ တစ်ခါတလေသွားချင်မှာပဲလေ။ ပထမက လိုက်လည်ရုံ တစ်ပတ်ဆယ်ရက်လောက်သာ စဉ်းစားခဲ့ပေမဲ့ အခုတော့မေမေပြောသလို ကျောင်းမဖွင့်ခင် ကာလပတ်လုံးနေရန်သာ ဆုံးဖြတ်လိုက်သည် ။

တခဏကြာတော့ ဒေါ်ဒေါ်ဈေးက ပြန်လာသည်။ ညီအစ်မနှစ်ယောက်တွေ့တော့ ၀မ်းသာအယ်လဲ နှုတ်ဆတ်ကြသည်။
နှစ်ယောက်တည်း စကားပြောချင်ကြမှာ သိသာသည်မို့ သူအခန်းထဲသို့သာ ရှောင်ထွက်လာလိုက်သည်။

မေမေက  အလွန်ဆုံးနှစ်ရက်လောက်သာ နေမှာ။ ဖေဖေကရုံးသမားမို့ ထမင်းချိုင့်တာ၀န်ကရှိသေးသည်။ ညီငယ်ကပါ နေမကောင်းသည်မို့ ပင်ပန်းနေမှာ အသေအချာပင်ဖြစ်သည်။

─────────────

"ခီ ကြိုက်တာမှာလေ ကိုယ်ရှင်းမှာ "

ပိုက်ဆံအိတ်လေးကို ကိုင်ပြကာ သူ့ကိုယ်သူ bossတစ်ယောက်လို စိတ်ကြိုက်မှာရန် ပြောနေသည်မှာ အလိုလိုက်မည့် အစ်ကိုကြီးအလား။

မိုးသန့်ညိမ်က ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းနေတာပဲ။

"အင်း "

မျက်နှာနုနုက ပုံမှန်အတိုင်းကြည်စင်နေသည်။ လူတိုင်းကိုဖော်ရွေတတ်ပုံက သူ့အတွက်တော့ ခက်တယ်။

"ဒါနဲ့ ကျွန်တော့်ကို ဘာလို့ ခေါ်ကျွေးတာလဲ "

"အော် ကိုယ်က ဂိုက်လည်းမသင်ရတော့ဖူးဆိုတော့လေ "

အကြောင်းပြချက်က မခိုင်လုံ၍လားမသိ။ ခပ်စိမ်းစိမ်းပြန်ကြည့်ခြင်းကိုသာ ခံရသည်။

"ဒါပဲလား "

"ဟင် "

"အင်းး။ နောက်တစ်ခုရှိသေးတယ် "

သူ့စကားအဆုံး ခီတန်ကူးဇဏ်ကမျက်ခုံးပင့်သည်။

"ထင်သားပဲ ။ ညိမ်ကအကဲခတ်ရလွယ်လိုက်တာ ပြောကြည့်ပါအုံး "

"ကိုယ် အိမ်ခဏပြန်မလို့ "

"ဘာလို့လဲ "

"ညီနေမကောင်းလို့ပါ "

"ညီ?"

ပူပန်နေမိသော အကြောင်းအရာအား ထုတ်မပြောမိပေမဲ့ သူ့စကားလောသွားသည်မှာတော့ သိသာပါ၏။

"ကိုယ့်ညီအရင်းပါ "

နှုတ်မှ ထွက်လာတဲ့စကားကြောင့်သာ သူ့စိတ်ထဲသက်သာသွားသည်။

မိုးသန့်ညိမ်ဆိုတာ လူချစ်လူခင်ကလည်း အပေါသားမလား ။

"အော် ။ ဒါဆို အခုလိုက နှုတ်ဆတ်တဲ့အနေနဲ့ပေါ့ "

"ဟုတ်တယ်။ ဒါနဲ့ ပေးစရာရှိသေးတယ် "

ညိမ်က သူ့အိတ်ထဲမှ ဖလင်ပြားလေးနှစ်ခုအား စားပွဲပေါ်သို့တင်ပေးသည်။ သူယူကြည့်လိုက်တော့ ဟာဝိုင်အီကအပြန် ဆူးကင်မရာဖြင့် ရိုက်ပေးခဲ့သောပုံလေးနှစ်ပုံပင်ဖြစ်သည်။

အမှန်တော့ သူဒီပုံကို ယူစရာမလို။ ဆူးရိုက်ပေးနေတဲ့ အချိန်မှာပင် သူ့ဖုန်းနှင့် ရတုအားရိုက်ခိုင်းခဲ့သည်ကို ညိမ်သိပုံမရ။ ညိမ့်ဆီ၌ တကူးတက တောင်းရမည်စိုး၍ တမင်ရတုအား ရိုက်ခိုင်းခဲ့ခြင်းသာ ဖြစ်သည်။

ပုံလေးကိုကြည့်လိုက်တော့ ဆံပင်ဖွာဖွာနှင့် ကောင်လေးတစ်ယောက်က သူပြုံးနေတာကိုကြည့်နေသည့်ပုံနှင့် သူက တစ်ဖန်ပြန်ကြည့်နေသောပုံ။
ဓာတ်ပုံနောက်ဘက်သို့လှန်လိုက်တော့ ရိုက်ခဲ့တဲ့ နေ့စွဲကို မှင်မည်းဖြင့် ရေးထားပုံရသည်။

ဒီလက်ရေးက သေချာတယ်။ ညိမ့်လက်ရေး။

"ဆေးသားကောင်းလား "

"အင်း သဘောကျတယ် "

သူ့လက်ဖ၀ါးတစ်၀က်စာသာ ရှိသော ဖလင်ဓာတ်ပုံလေးနှစ်ပုံသည် သူမသိလိုက်ခင်မှာတင်  သူ့အိတ်ကပ်လေးထဲသို့ရောက်နေခဲ့ပြီဖြစ်သည်။ ထိုဓာတ်ပုံလေးနှစ်ပုံ‌ကဲ့သို့ပင် မိုးသန့်ညိမ်သည်လည်း သူမသိလိုက်ခင်မှာတင် သူ့စိတ်နှလုံးထဲသို့ ၀င်ရောက်လာခဲ့သည်။

"ကျေးဇူး ညိမ် ။ ပုံထွက်ကောင်းသားပဲနော် "

"အင်း ။ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်က ကင်မရာကို တည့်တည့်ကြည့်တဲ့ပုံမပါဘူးဖြစ်သွားတယ် ။ မင်းကရုတ်တရက်ကြီး ကိုယ့်ဘေးလာရပ်တော့ မင်းကိုကြည့်တဲ့အချိန် ဆူးရိုက်လိုက်တာနဲ့တိုးသွားတယ် "

မိုးသန့်ညိမ်သာ စကားတွေအများကြီးပြောနေသော်လည်း ခီတန်ကူးဇဏ်က ဂရုစိုက်ပုံမရ။ သူ့လက်ချောင်းရှည်ရှည်သွယ်သွယ်တွေနှင့်သာ စားပွဲခုံပေါ်သို့ ‌တတောက်တောက်ခေါက်နေသည်။

စားသောက်နေချိန်လည်း ခီနှုတ်ခမ်း ‌ထောင့်စွန်းလေးများက ပြုံးနေသည်ကို သူသတိထားမိပါ၏။ တော်ရုံဆို သိပ်ပြုံးလေ့မရှိတဲ့ သူကဘာအကြောင်းကြောင့်များ ပြုံးနေရတာလဲ ။

ငါလည်း သူများအကြောင်းကို တော်တော်စပ်စုနေမိတာများပြီ။

စားပြီးသောက်ပြီးတော့ ခီကသူ့မူပိုင် ဆိုင်ကယ်ပြာပြာကြီးနှင့် ညိမ့်အား အိမ်သို့လိုက်ပို့သည်။သူ helmet မှ ကြိုးကိုဖြုတ်နေစဉ်…ခီက ထပြောသည်။

"ကြည့်ကောင်းပါတယ် "

"ဟင် ဘာကိုလဲ ခီ"

"ကင်မရာကို မကြည့်ဖြစ်ခဲ့လည်း အဆင်ပြေပါတယ်။ ညိမ်က ကျွန်တော့်မျက်လုံးထဲ ဘယ်အချိန်ကြည့်ကြည့်  ချစ်စရာကောင်းတာမို့"

"....."

"ခရီးသွားမယ့်အကြောင်း တကူးတကပြောလို့ ကျေးဇူးပါညိမ် "

အဆက်အစပ်မရှိသော စကားများကို ပြောလာသူသည် ဘာကို‌ပြောချင်နေတာလဲဆိုတာ သူစဉ်းစားမရ ။

"ကျေးဇူးတင်တယ် ဘာလို့လဲ"

"တစ်စုံတစ်ယောက်အတွက် ကျွန်တော်က အရေးပါတယ်လို့ခံစားရတာ ပထမဆုံးအကြိမ်ပဲ ။ ဖွားနဲ့ ဒယ်ဒီဆို အလုပ်ကိစ္စကြောင့် ခရီးတွေခဏခဏထွက်လည်း ကျွန်တော်အမြဲ ကျောင်းကနေအိမ်ပြန်ရောက်မှသိရတယ်

ကျွန်တော် သွားတော့မယ် ။ ခဏပဲနေနော် မြန်မြန်ပြန်လာခဲ့ ။ စောင့်နေမယ် ညိမ် "

သူ့အဖြေကိုပင်မစောင့်တော့ကာ ခီကထွက်သွား၏။
social mediaကိုလည်း သိပ်မသုံးတဲ့သူမို့ သူကျောင်းမဖွင့်ခင်အထိ နေမယ်ဆိုတာကို ဘယ်လိုများပြောပြရပါ့မလဲ ။သူ့ကို သဘောကျတယ်လို့ ပြောဖူးသူကို ဖုန်းဆက်ဖို့အထိကျ မဝံ့ရဲပါ။

••••••••

"မိုး ဂရုစိုက်သွားနော် ။ လိုတာရှိလည်းပြော အားမနာနဲ့။ ညီအစ်မတွေပဲ ဘာကိစ္စနဲ့မှ အားနာစရာမလိုဘူး "

ဒေါ်မိုးသူဇာက အစ်မဖြစ်သူလက်အား ဆုပ်ကိုင်ရင်း ကျေးဇူးတင်စကားပြောသည်။

"ကျေးဇူးပါ မမရယ် ။ မမကျေးဇူးတွေတကယ့်ကို ဆပ်လို့မကုန်ဘူး။ ကိုသန့်လည်း မမကိုသတိရနေပါတယ်ပြောခိုင်းလိုက်တယ်"

"မမလည်း သတိရပါတယ်။ သားငယ်နေကောင်းရင် ခေါ်လာခဲ့ပါအုံး "

"ဟုတ်ကဲ့ မမ "

"ကဲ ကားနောက်ကျဦးမယ် သားအမိတွေ သွားကြတော့ "

"သားမိုးသန့်လည်း ပျော်ခဲ့ပေါ့ ။ မိဘတွေနဲ့လည်း လျှောက်လည်ခဲ့ ဟုတ်ပြီလား "

"ဟုတ်ကဲ့ ဒေါ်ဒေါ် "

ဒေါ်ဒေါ်က မနေ့ညတည်းက သူနဲ့ညီငယ်ကို မေမေမသိအောင် တိတ်တိတ်ကလေး မုန့်ဖိုးပေးထားသည်။ ညီငယ်ကိုလည်း ဒေါ်ဒေါ်ကချစ်တာမို့ ညီငယ်သာသိလျှင် ပျော်နေမှာ မြင်ယောင်၏။

မေမေနှင့် ကားဂိတ်သို့ထွက်လာသော်လည်း သူပျော်မနေ။ တစ်စုံတစ်ခု လိုနေသလိုခံစားမိသည်။ ရန်ကုန်မှာနေသားကျသွားတာများလား။

"သား လာလေ "

ကားပေါ်သို့မတက်ဘဲ သားက လမ်းတွင်သာ ငူငူကြီးရပ်နေသည်။
အိမ်သို့ပြန်ရမည်ဆိုသော်လည်း သားမျက်နှာက ကြည်လင်ခြင်းမရှိ။

"သားက အိမ်မပြန်ချင်တော့ဘူးလား "

"အဲ့လိုမဟုတ်ပါဘူး "

"သားဖေဖေကိုလည်း မေမေပြောပြထားပါတယ် ။ အဲ့တာကြောင့် ဘာမှမပူနဲ့နော် ။ လာပါသားရယ် ကားထွက်တော့မယ် "

မေမေကအရင်နဲ့မတူဘူး။ ဘာမှန်းမသိပေမဲ့ တစ်ခုခုတော့ တစ်ခုခုပဲ ။

"ဟုတ်  "

မနက်စောစောမို့ ရှင်းနေသည့် ကားဂိတ်ကို ဝေ့ဝဲကြည့်လိုက်တော့ အဝေးတစ်နေရာက ဆိုင်ကယ်အပြာလေး။

မဖြစ်နိုင်တာ။ သူ့လိုလူက ဘယ်လိုလုပ်  ဒီအချိန် ဒီနေရာမှာ ရှိနေပါ့မလဲ ။ သူတို့ကဘာမှပတ်သက်သေးတာလည်းမဟုတ်ဘူး။
သူအမြင်မှားတာနေမှာ။

ဒီလောက်နဲ့သာ ရန်ကုန်ကို ခေတ္တအဆက်ဖြတ်ရင်း မန္တလာမြေသို့သာ သူခရီးနှင်မိတော့သည်။

ပြန်လာရင်တော့ သူတို့နှစ်ဦးလုံးအတွက် သင့်‌‌တော်အဖြေတစ်ခု ထွက်လာကောင်းပါရဲ့။

──────────────────

𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ

Continue Reading

You'll Also Like

69.7K 2.3K 95
အချစ်ဆိုတာ လေပြေလေးလိုပဲ ဘယ်အချိန်ဘယ်နေရာကတိုးဝင်လာလိုက်မှန်းမသိရပေမယ့် ကျနော်သတိထားမိလိုက်တဲ့အခါမှာတော့ ရင်ထဲမှာ ထိုလူသားကိုချစ်တဲ့အချစ်တွေနဲ့ ပြည့်...
575K 52.2K 24
Commission Novel! Two Actors, take part in BL Series and their life entangle because of that. Romance, comedy genre. Story by : Sky & AnnaLynn
767K 62.3K 32
တောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။
3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔