သည်မောင် လက်ခုပ် တီးပါ့မယ် (...
By moe_for_more
144K 11.5K 3.1K
အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... More
Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
ေမာင့္ဒိုင္ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details
၁၈
1.9K 219 66
By moe_for_more
Unicode
လည်ချောင်းတွင်းမှ ရှတတခံစားရကာ နုံးနုံးချိချိဖြင့် တစ်ခေတ်မောင် သတိရလာပါ၏။ သို့ပေသော်လည်း သူ့မယ် မျက်လုံးပင် မဖွင့်နိုင်သေးချေ။ တစ်ကိုယ်လုံးနုံးချိလို့နေကာ အားအင်မရှိသကဲ့သို့ ခံစားရသည်။ ထိုသို့ဖြစ်နေသည်ကို သူ မကြိုက်ပါချေ။ အင်အားပျော့ညံ့သူမဖြစ်ချင်တာမို့ လေးလံနေသော မျက်ခွံများကို အားယူတွန်းဖွင့်လိုက်သည်။ အမြင်အာရုံများမှာ ရုတ်တရက်မို့ ဝါးတားတားရယ်သာ။ ထိုအချိန် လည်ပင်းပေါ်သို့ ရောက်ရှိလာသော ရေစိုအဝတ်ကလေး။ ထိုအတွေ့ကြောင့် နံဘေးသို့ ခေါင်းစောင်းကြည့်မိသည်။
"အစ်ကိုထွင်း~~"
ဟုတ်ပါ၏။ အစ်ကိုထွင်းပင်။ တစ်ခေတ်မောင် မြင်ချင်ရာ မြင်နေသည်တော့ မဟုတ်တန်ရာ။ တစ်ခေတ်မောင် သူ့အား လှည့်ကြည့်လာသည်ကို မြင်တော့ အစ်ကိုထွင်း မျက်လုံးကလေးများ လက်ခနဲ ဖြစ်သွားသလိုပင်။ မဟုတ်မှ သူပဲ စိတ်ထင်နေ၍လား။ နှုတ်ခမ်းများက ပြုံးယောင်သမ်းသွားလေပြီး မျက်လုံးညိုကလေးများ ကြည်လဲ့သွားသော အခိုက်အတန့်မှာ ခဏတဖြုတ်ရယ်သာ။ ခဏချင်း အစ်ကိုထွင်းမှာ မျက်နှာတည်ကလေးနှင့် ပြန်ဖြစ်သွားလျက် လုပ်လက်စ အလုပ်ကိုပင် အာရုံစိုက်နေလေ၏။ လည်ပင်းများအား ရေပတ်တိုက်ပေးပြီးနောက် လက်များကို ဂရုတစိုက် ရေပတ်တိုက်ပေးနေသော အစ်ကိုထွင်း။
'သတိရပြီလား'ဟူ၍ တစ်ချက်မေးမလာပါ။ တစ်ခေတ်မောင်မှာတော့ အရူးအနှမ်းတစ်ဦးကို ထိုစကားကို မျှော်နေမိပါ၏။ အစ်ကိုထွင်း သူ့အား စိတ်ဆိုးနေတုန်းလားလေ။ သူ နေလို့မပျော်နိုင်တော့။ အစ်ကိုထွင်းနှင့် သူ့ကြား ထိုကဲ့သို့ အေးစက်ကွာဝေးနေခြင်းသည် သူ့အား အင်အား ယုတ်လျော့စေပါ၏။ ဖြစ်နိုင်လျှင် ယခင်က အတိုင်းကလေး အစ်ကိုထွင်းနှင့် ရင်းရင်းနှီးနှီးရှိချင်ပါသေးသည်။ ဖွင့်မပြောမိလေအောင် ထိန်းထားသည့်ကြားမှ မထင်မှတ်သော အဖြစ်အပျက်ကြောင့် ဖွင့်ဟမိသည့်အခါ မျှော်မှန်းထားသလို အခြေအနေနှင့် ထိပ်တိုက်ရင်ဆိုင်ရတော့သည်။ ဖွင့်ဟမိလျှင် ဤကဲ့သို့ဖြစ်မည်ကို ယောက်ျားတန်မဲ့ အကြောက်ကြီး၍ သည်တစ်သက်တော့ ဖွင့်မပြောတော့ဘူးရယ်လို့ ယတိပြတ်ဆုံးဖြတ်ထားခဲ့ဖူးသည်။ အခုတော့ သူတွေးထင် ကြောက်ရွံ့မိသည့် အခြေအနေကြီးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်လေ။
ထိုနေ့က အစ်ကိုထွင်းသည် သူ့အနားသို့ ​အပြေးရောက်လာခဲ့ပြီး သူထိုးအန်နေသည်ကိုပင် ကူညီပေးခဲ့သေးသည်။ ထိုအဖြစ်အပျက်တို့အား သတိရမိသည်နှင့် ရုတ်ချည်းဆိုသလို နွမ်းနယ်နေရာမှ ပြုံးလိုက်မိသည်။ အနည်းဆုံးတော့ အစ်ကိုထွင်းက သူ့အပေါ် ဂရုတစိုက်စိုးရိမ်ပူပန်မှု ရှိနေသေးသည်မဟုတ်လား။ အခုလည်းပဲ အစ်ကိုထွင်းမှာ သူကိုယ်တိုင် တစ်ခေတ်မောင်အား ရေပတ်တိုက်ပေးနေသည်လေ။ လက်မောင်းများ၊ လက်ဖျံများ ပြီးသည့်နောက် လက်ချောင်းများကိုပါ ဂရုတစိုက်ရေပတ်တိုက်ပေးနေသော အစ်ကိုထွင်း၏ ဘေးတစ်စောင်းမြင်နေရသည့် မျက်နှာကလေးကြောင့် နွမ်းနယ်နေသော စိတ်တို့ လန်းဆန်းသွားရသည်။
"အစ်ကိုထွင်း"
"ရေပတ်တော့ တိုက်လို့ ပြီးပြီရယ်....မင်းသောက်ဖို့ ဆန်ပြုတ်ကလေး သွားပြုတ်လိုက်ချေမယ်...."
"ခဏ...ခဏလေးပါ အစ်ကိုထွင်း...."
အတင်းပင် ထထွက်သွားဖို့ရာ ဟန်ပြင်နေသော အစ်ကိုထွင်း၏ လက်အား သူပြန်ဆွဲထားမိလေသည်။ အစ်ကိုထွင်းမှာ မကျေနပ်ဟန်လည်းမပြ၊ ကျေနပ်ဟန်လည်းမပြပေ။ ထိုပုံစံကလေးမှာလည်း တစ်မျိုးတစ်ဖုံ ချစ်ဖွယ်ကောင်းနေပါ၏။
"ကျေးဇူးတင်စကားလေးတော့ လက်ခံပေးသွားပါအုန်း အစ်ကိုထွင်းရယ်...."
"မလိုပါဘူး...."
အသံမှာ မပြင်းလှ၊ မပျော့လှ။ တစ်ခေတ်မောင်ကိုလည်း စေ့စေ့ပင်မကြည့်။ တစ်ခေတ်မောင်ရင်ထဲ မျက်ခနဲရယ်ပါ။ အစ်ကိုထွင်း၏ အပြုံးနုနုနှင့် တစ်ခေတ်မောင်ကိုဆိုလျှင် နူးညံ့စွာ ကြည့်တတ်လေသော အကြည့်ကလေးများကို သဘောကျခဲ့ရသည်မဟုတ်လား။ အစ်ကိုထွင်းပြောသကဲ့သို့ သူ၏ လုပ်ရပ်များမှာ ကလေးကလားဆန်သည် ထင်ပါ၏။ ထိုလုပ်ရပ်ကြောင့်ပင် အစ်ကိုထွင်းမှာ သူ့အား အေးချမ်းသော အပြုံးတို့ကိုလည်း မပေးကမ်းတော့သလို နူးညံ့သော အညိုရောင်အကြည့်ကလေးများကိုလည်း မစွန့်ကြဲတော့။ တစ်ခေတ်မောင် နောင်တရချင်လာပါ၏။ သူ့တွင် အစ်ကိုထွင်းအား ပိုင်ဆိုင်လိုခြင်းမရှိ။ သည်အတိုင်းကလေး....သည်အတိုင်းကလေး ချစ်မြတ်နိုးနေမိရုံသာ။
"လွှတ်ချေအုန်း...ဆန်ပြုတ်ပြုတ်ရအုန်းမယ်...."
"အစ်ကိုထွင်း...."
ရုန်းနေလေသော အစ်ကိုထွင်းအား သူ မလွှတ်တမ်းဆွဲထားမိသည်။ သူပြောခဲ့သမျှ ဖွင့်ဟစကားများကို ရုတ်သိမ်းလိုက်ပါလျှင် ယခင်အခြေအနေသို့ ပြန်ရောက်လေမလား။ ဖွင့်ဟစကားများကို ရုတ်သိမ်း၍ ရလျှင်ရမည်။ သို့ပေမဲ့ အစ်ကိုထွင်းအပေါ် ထားရှိသော ချစ်မေတ္တာတို့အား ပြန်ရုတ်သိမ်း၍ မရပါချေ။
*ထွင်းအက္ခရာဟူသော အစ်ကိုထွင်းမှာ တစ်ခေတ်မောင်၏ နှလုံးသားအတွင်း၌ ဖျောက်ဖျက်မရလေအောင် ထွင်းထုရေးထိုးထားလေသော အချစ်အက္ခရာလေးပင်....*
သို့ဆိုလျှင် ထိုအချစ်မေတ္တာတို့အား တစ်သက်တာအတွက် သိမ်းဆည်းထားလျက် အစ်ကိုထွင်း၏ ဘေးတစ်နေရာတွင် မထင်မရှားသာ ရှိနေချင်တော့သည်။ အဝေးမှ ငေးမျှော်နေရရုံနှင့် ပျော်သည်မို့ စကားလုံးတို့အား ရုတ်သိမ်းလိုက်လျက် ငေးမျှော်ခွင့်ကလေးကိုတော့ ပြန်တောင်းခံသင့်သည်မဟုတ်ပေလား။
"ကျုပ်ကြောင့် အစ်ကိုထွင်း အနေရခက်စေခဲ့ရင် တောင်းပန်ပါတယ်....ပြောခဲ့သမျှ စကားတွေကို မကြားခဲ့ဘူးလို့ သတ်မှတ်လိုက်ပါ အစ်ကိုထွင်း....အဲ့အစား အရင်ကလို ကျုပ်တို့ တရင်းတနှီးပြန်ရှိနိုင်မလား....."
တစ်ခဏတော့ နှစ်ဦးစလုံး တိတ်ဆိတ်သွားပါ၏။ အစ်ကိုထွင်းသည်လည်း သူ့အား စေ့စွာကြည့်လျက် အတွေးများကာ တိတ်ဆိတ်နေ၏။ တစ်ခေတ်မောင်သည်လည်း အစ်ကိုထွင်းထံမှ တုံ့ပြန်စကားတို့အား ငံ့လင့်လျက် တိတ်ဆိတ်နေပါ၏။
"ဟော!!! တစ်ခေတ်မောင်တောင် သတိရလာပြီပဲ....သာကူရေ!!! ငွေခဲရေ!!! ရှမ်းလေးရေ!!!...."
တစ်ဦးချင်းစီ၏ နာမည်ကို ဟစ်ကြွေးလျက် အခန်းထဲဝင်လာလေသော ကိုကြီးငမှေးရယ်ကြောင့် အစ်ကိုထွင်းလက်အား သူလွှတ်ပေးလိုက်သည်။ တစ်ဦးတစ်ယောက်မြင်သွားမည်ကို အစ်ကိုထွင်းသည်လည်း လိုလားလိမ့်မည်မဟုတ်။ ကိုကြီးငမှေးမှာတော့ အားရဝမ်းသာနေသော မျက်နှာပေးဖြင့် အစ်ကိုထွင်းဘေးတွင် ဝင်၍ထိုင်တော့သည်။
"ဘယ့်နှယ်ရှိစ...ကောင်းသွားပလား..."
တစ်ခေတ်မောင် ပြုံးသာ ပြုံးပြနိုင်၏။ အစ်ကိုထွင်းအား တစ်ချက် ငဲ့ကြည့်မိသည်။ ခေါင်းငုံ့ထားသော အစ်ကိုထွင်းမှာ မည်သည့်အရာများကို အတွေးများနေသည်မှန်း မပြောတတ်ပါ။ သေချာသည်ကတော့ တစ်ခေတ်မောင်မှာ ထိုအတွေးတို့၏ တစ်ထောင့်တစ်နေရာ၌ ပါကောင်းပါနိုင်ပါ၏။
"တစ်ခေတ်မောင် ငါ့ညီရယ်....."
မချိတင်ကဲ ရေရွတ်ကာ ဝင်လာလေသော ကိုကြီးငွေခဲနောက် အခြားအစ်ကိုကြီးများပါ အလျှိုလျှိုဝင်ရောက်လာပါ၏။
"မင်း ဘာကိစ္စ စောစော သတိမရရတာလဲကွ....အခုတော့ဖြင့် ငါလောင်းတာ ရှုံးသွားပြီ...."
"ဟောဗျာ..."
မျက်နှာကြီးရှုံ့မဲ့လျက် ဦးစွာ အပြစ်တင်နေလေသော ကိုကြီးငွေခဲ စကားနောက် ထိုသို့သာ တုံ့ပြန်မိတော့သည်။ ဘယ့်နှယ်ဗျာ အခုမှ သတိပြန်ရတဲ့ ကိုယ့်ညီလေးကို သည်လိုပဲ ပိတ်ပြောရသလားဗျ။
"အစ်ကိုကြီးတို့ ဆက်ကြည့်ထားလိုက်ချေနော်...ကျွန်တော် သူ့အတွက် ကြက်သားဆန်ပြုတ်ကလေး သွားပြုတ်လိုက်အုန်းမယ်...."
"အက္ခရာရယ် ဒုက္ခရှာလို့...နှစ်လမ်းကျော်က တရုတ်ကြီးတို့ဆိုင်မယ် သွားဝယ်လိုက်တာ မဟုတ်ဘူး...."
"ဆိုင်က ဝယ်တဲ့အစားအစာတွေက ကောင်းလှတယ်မဟုတ်ပါဘူးဗျာ...."
အစ်ကိုထွင်းက အေးအေးသက်သာပြုံးကာ ပြောလျက် ထွက်သွားချေတော့သည်။ အစ်ကိုထွင်းထွက်သွားသည်နှင့် လူရွှင်တော် အစ်ကိုကြီးများမှာ သူ့အနားဝိုင်းထိုင်လိုက်ကြတော့သည်။
"မင်းနှယ် သည်လောက်ပဲ ပျော့ရသလား...တစ်ပွဲပဲ ကရသေး..."
ကိုကြီးရှမ်းလေးစကားကြောင့် တစ်ခေတ်မောင်မှာ နင်ခနဲ။ ဟုတ်လည်းဟုတ်ပါ၏။ ပျော့လိုက်တဲ့ သူပါလေ။ ပွဲစဥ်လေးတစ်ပွဲ ကပြီးနောက် အိပ်ယာထဲ လဲသွားသည်ဆိုလေတော့ လူကြားမကောင်းပေ။
"ရှမ်းလေးကလဲ...အဲ့သည်လိုတော့ မပြောပါနဲ့ အက္ခရာလေးပြောပုံအရဆို တစ်ခေတ်မောင်က သိပ်ကားမူးတတ်တာဆို...ပြင်ဦးလွင်ထိ ကားစီးရတာ လွယ်တာမှတ်လို့ မြွေလိမ်မြွေကောက်လမ်းတွေချည်းပဲ ဆိုတော့ ပုံမှန်ကားမမူးတတ်သူတွေတောင် ရိပ်တိတ်တိတ်ရှိသေးတာပဲ...မူးတတ်တဲ့ တစ်ခေတ်မောင် အိပ်ယာထဲ လဲတာကတော့ ဖြစ်နိုင်ပါတယ်ကွာ...."
ကိုကြီး သာကူက ကိုကြီးရှမ်းလေးစကားအား ထောက်ကာ ပြန်ချေပ၏။ ကိုကြီးရှမ်းလေးမှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဘာမျှတော့ ပြန်မပြောတော့ချေ။
"အသွားတုန်းကကျ အကောင်းသားနော်...."
ကိုကြီးငွေခဲ၏ စကားကြောင့် တစ်ခေတ်မောင် မျက်နှာကလေး ထပ်မံညှိုးကျသွားရသည်။ အသွားတုန်းက ကောင်းမပေါ့ဗျာ ဘေးမယ် စောင့်ရှောက်ဂရုစိုက်ပေးမဲ့ အစ်ကိုထွင်းတစ်ယောက်လုံး ပါလာတယ်မဟုတ်လား။ အပြန်ကျပြန်တော့ ဂရုစိုက်ပေမဲ့ အစ်ကိုထွင်းမှ ဘေးမယ် မရှိလေပဲ။ သည်လိုဆိုပြန်တော့ တစ်ခေတ်မောင်မှာ အစ်ကိုထွင်းအပေါ် သိပ်မှီခိုနေသလိုပင်။ တကယ်ဆိုလျှင် ကိုယ့်ကသာ အစ်ကိုထွင်း မှီခိုရလောက်သည့် ယောက်ျားသားတစ်ဦးဖြစ်သင့်သည်လေ။
*သိပ်လည်း ညံ့တဲ့ ငါပါလေ....*
"ပုံမှန်ဆို ကရားရေလွှတ်တတွတ်တွတ်စကားပြောတတ်တဲ့ တစ်ခေတ်မောင် တစ်ယောက် ဘယ်ရောက်သွားသလဲ...အဖျားပိုးနဲ့ရောပြီး ပျောက်သွားလေသလား...."
ကိုကြီးရှမ်းလေးက နှုတ်ဆိတ်နေသော သူ့အား မျက်နှာပေး မျက်နှာထားဖြင့်ဆိုလာလေ၏။ သူ့မယ် မပြုံးဘဲ မနေနိုင်တော့။
"မဟုတ်ရပါဘူးဗျ...ကျုပ် ဗိုက်ဆာနေလို့ သိပ်စကားမပြောတာပါ..."
"စောင့်အုန်းလေကွာ...အက္ခရာလေးက မင်းအတွက် ဆန်ပြုတ်သွားပြုတ်ပေးနေတယ်လေ...."
ရုတ်တရက်ဆိုသလို အစ်ကိုထွင်းအပေါ် စိုးရိမ် စိတ်ပူစိတ်က တိုးဝင်လာသည်။ အစ်ကိုထွင်းက ဟင်းချက်သာကောင်းတာ ချက်လိုက်လျှင် ဒဏ်ရာတစ်ခုမဟုတ် တစ်ခုရတတ်သည်။ အပူလောင်လျှင်လောင်၊ မဟုတ်လျှင်လည်း  ဓါးရှရာ သေးသေးလောက်ကတော့ မီးဖိုခန်းဝင်ပြီးသည်နှင့် ရတတ်သည်လေ။ အခုလည်း သူ့အတွက် ဆန်ပြုတ်ပြုတ်ပေးပြီးလျှင် ဘာဒဏ်ရာရလာအုန်းမည်လဲမသိ။ အစ်ကိုထွင်းကို ဆိုလျှင် ဒဏ်ရာသေးသေးလေးတွေပင် မရစေချင်။
*အစ်ကိုထွင်းမှာ သူ့အတွက် အပွန်းအပဲ့မခံနိုင်သည့် အဖြူရောင် စံပယ်ပန်းပွင့်ကလေး....*
"အက္ခရာကတော့ မင်းအပေါ် သိပ်သံယောဇဥ်ကြီးတာပဲကွ...ငါတို့ထက်တောင် မင်းကို ဂရုစိုက်သေး...မင်း အန်ပြီး မူးလဲတဲ့နေကဆို သူပဲ မရွံမရှာ လက်နဲ့ခံပေးတာရယ်...ပြီးတော့လည်း ခြံထဲက မင်းအန်ထားတဲ့အရာမှန်သမျှ အက္ခရာပဲ ရှင်းသွားသေးတာ....မင်းကို ပြုစုပေးပြန်တော့လည်း သူပဲ....အင်းးးး မင်းမေ့လဲတုန်းကဆို သူ့တစ်ယောက်တည်း ယောက်ယက်ခတ်နေရောပဲ...ဆရာရသကတောင် ​တားယူရတယ်...မင်းမေ့နေတဲ့ နှစ်ရက်အတွင်း သူပဲ ခေါင်းအစခြေအဆုံး ဂရုစိုက်ပေးထားတာ...မင်းရဲ့ အစ်ကိုထွင်းအပေါ်  အရင်ကထက် ပိုကောင်းပေးနော့...သူက မင်းကို ငါတို့ထက်တောင် သံယောဇဥ်ကြီးပ...."
ကိုကြီးငွေခဲ၏ စကားကြောင့် သူ့ရင်ထဲ သိမ့်ခနဲ နွေးကာ လှိုက်ခနဲ ပျော်ရပါ၏။ အစ်ကိုထွင်းက သူ့အပေါ် စိုးရိမ်တကြီး ဂရုစိုက်ပေးခဲ့သည်တဲ့လား။ သို့ပေမဲ့ ထိုသို့ ဂရုစိုက်ပေးခဲ့ခြင်းမှာ တစ်ခေတ်မောင်အား ဤသဘင်အဖွဲ့၏ မိသားစုဝင်အဖြစ်၊ ညီကလေးတစ်ဦးအဖြစ် သဘောထားခြင်းကြောင့်ပင်။ အစ်ကိုထွင်းက သူ့အပေါ် အဖြူရောင်သံယောဇဥ်ကိုသာ ရှင်းရှင်းသန့်သန့်ထားပါသော်လည်း သူ့မှာတော့ အစ်ကိုထွင်း၏ ဖြူစင်မှုအား အရောင်ဆိုးချင်နေသည်တဲ့။ တစ်ခေတ်မောင် သက်ပြင်းသာ ချမိတော့သည်။ လူတွင် အားအင်မရှိတော့သည်ကြောင့် အစ်ကိုကြီးများ တစ်ယောက်တစ်ပေါက်ပြောနေကြသော နောက်ဆက်တွဲစကားများကိုလည်း ဆက်လက်နားမထောင်နိုင်တော့။ မျက်လုံးကိုသာ ခပ်ဖွဖွမှိတ်ထားမိတော့သည်။
######
ကြက်သားပြုတ်အား အသားနွှင်နေရင်းဖြင့် ထွင်းအက္ခရာ အာရုံလွင့်ပျံ့လို့နေ၏။ ပြောခဲ့သမျှစကားတွေကို မကြားခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါဆိုသော တစ်ခေတ်မောင်၏ စကားမှာ အဘယ့်ကြောင့် သူ့ရင်အစုံအား တဆစ်ဆစ်နာကျင်စေပါသနည်း။ အမှန်ဆိုလျှင် သူကျေနပ်သင့်သည်လေ။ သူကိုယ်တိုင်ပဲ တစ်ခေတ်မောင်ကို ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ဖို့ ပြောခဲ့သည်မဟုတ်လား။ သူကိုယ်တိုင်ပင် တစ်ခေတ်မောင်အား ညီကလေးတစ်ဦးထက် မပိုနိုင်ပါဟု ပြောခဲ့သည်မဟုတ်ပါလား။ သို့ဆိုလျှင် ယခု သူအဘယ်ကြောင့်များ စိတ်မကောင်းဖြစ်နေမိသည်နည်း။ အဘယ်ကြောင့်များ မွန်းကြပ်သကဲ့သို့ ခံစားနေရပါသနည်း။
"အ!!!!"
ကိုယ့်အတွေးနှင့်ကိုယ်မို့ ပြုတ်ထားသော ကြက်သားအား အအေးမခံပါဘဲ အမှတ်တမဲ့ နွှင်လိုက်မိသည်မှ လက်ညှိုးကလေး အပူလောင်သွားရသည်လေ။ ရုတ်တရက်မို့ လန့်သွားသော်ငြား ဂရုမထားတော့ဘဲ ကြက်သားတုံးများအား သေးသွယ်သော အမျှင်ကလေးများဖြစ်သည်အထိ စိတ်ရှည်လက်ရှည်နွှင်နေမိသည်။ ကြက်သားမျှင် ကြီးသွားလျှင် နေမကောင်းဖြစ်နေသော တစ်ခေတ်မောင်အတွက် အဆင်ပြေလောက်မည်မဟုတ်။ ကြက်သားမျှင်များအား အမျှင်မွှားမွှားကလေးများဖြစ်အောင် နွှင်ပြီးသည့်နောက် တည်ထားသော ဆန်ပြုတ်အိုးအား တစ်ချက်ကြည့်ရသေးသည်။
"အ!!!"
ထွင်းအက္ခရာမှာ ဘယ်တော့မှ အမှတ်မရှိပါချေ။ စလောင်းဖုံးအား လက်ခုမပါပါဘဲ လောလောလောလောဖြင့် ဆွဲဖွင့်သည်နှင့် အပူလောင်ရပြန်သည်လေ။ ပျစ်နှစ်လာပြီဖြစ်သော ဆန်ပြုတ်ကလေးအား မြင်ရသည့်အခါ နွှင်ထားပြီးလေသော ကြက်သားမျှင်ကလေးများကို ထည့်လိုက်တော့သည်။ ပြီးနောက် ဆား၊သကြားထည့်ကာ  နုတ်နုတ်စင်းထားလေသော ကြက်သွန်မြိတ်ကလေးများအား ထည့်အုပ်လိုက်တော့သည်။ ပြီးသည်နှင့် ပန်းကန်လုံးထဲထည့်လိုက်ရုံပင်။ ထပ်မံအပူလောင်မည်စိုးရသဖြင့် ပန်းကန်လုံးအောက်တွင် ပန်းကန်ပြားကလေးခံယူကာ အပေါ်ထပ်သို့ သတိတထားတက်သွားလိုက်တော့သည်။
#####
"ဒေါက်~~ဒေါက်~~ဒေါက်~~"
"ဝင်ခဲ့လေ အက္ခရာ...."
ကိုကြီးငမှေး၏ တုံ့ပြန်သံကြောင့် အခန်းတံခါးအား တံတောင်ဖြင့် ခပ်ဖြေးဖြေးတွန်းဖွင့်လိုက်သည်နှင့် အခန်းတွင်း သင်ဖြူးထက်တွင် နှစ်ခြိုက်စွာအိပ်ပျော်နေလေသော တစ်ခေတ်မောင်အား တွေ့ရလေ၏။ အခန်းထဲတွင်လည်း ကိုကြီး ငမှေးမှ လွဲ၍ အခြားသူများ မရှိတော့ပါ။
"အစ်ကိုကြီး သာကူတို့ရော.... ဘယ်ရောက်သွားကြတာလဲ..."
ဆန်ပြုတ်ပန်းကန်လုံးအား သင်ဖြူးဘေး ခပ်လှမ်းလှမ်းတစ်နေရာတွင် ချထားလိုက်ကာ ကိုကြီးငမှေးအား မေးလိုက်မိသည်။
"သာကူကတော့ စာတိုက်မယ် တို့သဘင်အဖွဲ့အတွက် စာတွေရောက်လို့ သွားယူချေတယ်... ရှမ်းလေးတို့ကတော့ တစ်ဖက်အိမ်ကို သဘင်ပစ္စည်းတွေ သန့်ရှင်းကူဖို့ သွားတယ်လေ..."
အစ်ကိုကြီးငမှေးက ထွင်းချက်ပြုတ်လာသော ဆန်ပြုတ်အား တငေးကြည့်ကြည့်ဖြင့် ဖြေ၏။
"ဆန်ပြုတ်ကလေးက စားချင်စရာလေးနော့....ဟင်းးးး ငါလည်းပဲ ဟိုဘက်အိမ် သွားရအုန်းမတဲ့ ဆရာရသက ခေါ်ထားချေတယ်...."
သို့နှင့် အစ်ကိုကြီးငမှေးမှာ ဆန်ပြုတ်ကလေးအား အကြည့်မလွှဲနိုင်လျက် ထွက်သွားချေတော့သည်။ သည်လိုဆိုတော့ တစ်ခေတ်မောင်အား ဆန်ပြုတ်ကျွေးဖို့ရာ သူ့ဝာာဝန်ဖြစ်လာလေတော့၏။ ဘာကြောင့်ရယ်မသိ သက်ပြင်းဖွဖွချလိုက်မိပါ၏။
"တစ်ခေတ်မောင်...တစ်ခေတ်မောင်..."
နှစ်ခြိုက်စွာ အိပ်မောကျနေသူမှာ တုပ်တုပ်မျှလှုပ်မလာပါ။ ထို့ကြောင့် တစ်ခေတ်မောင်၏ လက်မောင်းအား ကိုင်လျက် လှုပ်နှိုးရန် တွေးလိုက်တော့သည်။ အသက်ပြင်းပြင်းရှူလိုက်လျက် တစ်ခေတ်မောင်၏ လက်မောင်းအား ဆုပ်ကိုင်လိုက်တော့သည်။ သွေးကြောညိုများပြိုင်းပြိုင်းထကာ တောင့်တင်းခိုင်မာလေသော လက်မောင်းအတွေ့ကြောင့် ထွင်းအက္ခရာ ရင်အစုံမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားလျက်။
*ဘာဖြစ်နေသလဲ ထွင်းအက္ခရာ...သတိကလေးကပ်စမ်းပါလေ....*
"တစ်ခေတ်မောင်!!! တစ်ခေတ်မောင်!!!"
"အင်းးးးး အစ်ကိုထွင်း~~~"
လက်မောင်းအား ဆွဲကိုင်လှုပ်ကာမှ ထွင်းအက္ခရာ နာမည်ကို ဖွဖွကလေး ယောင်ယမ်းကာ နိုးလာလေသူ။
"ဆန်ပြုတ်ကလေး စားရမယ် တစ်ခေတ်မောင်..."
တစ်ခေတ်မောင်အား တွဲကူကာ ထိုင်စေလိုက်သည်။ နွမ်းနယ်နေသော တစ်ခေတ်မောင်၏ မျက်နှာကလေးအား သူ မကြည့်နိုင်။ တစ်ခေတ်မောင်ဆိုတာ အမြဲလိုလို သွက်လက်တက်ကြွကာ အငြိမ်မနေ ကူညီနေတတ်သူ မဟုတ်လား။ ယခုကဲ့သို့ အားအင်ချိနဲ့နေပုံနှင့် မလိုက်ဖက်ပါလေ။
"ငါ ခွံ့ကျွေးလှည့်မယ်.."
"ဗျ!!!! ဗျာ....ဟုတ်...ဟုတ်ကဲ့...."
စကားအထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည့် တစ်ခေတ်မောင်ကို တွေ့ကာမှ သူ့မယ် ရှက်ဝဲဝဲကလေး ဖြစ်သွားရတော့သည်။ သူကိုယ်ကလည်း တစ်ခေတ်မောင်ကိုဆိုလျှင် ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်ပေးချင်သူဆိုလေတော့ တစ်ခေတ်မောင်၏နွမ်းလျနေသော ပုံစံကို မြင်သည့်အခါ ကိုယ်တိုင်ကိုယ်ကျ ဆန်ပြုတ်ခွံ့ကျွေးချင်သည့်စိတ်မှာ သူ့အလိုလို ပေါ်ထွက်လာသည်လေ။ မတတ်နိုင်။
အစ်ကိုထွင်းမှာ ဆန်ပြုတ်ပန်းကန်လုံးကလေးအား ဆွဲယူကာ တစ်လုပ်စာကလေး ခပ်လိုက်လျက် အပူသက်သာစေရန် တဟူးဟူးမှုတ်ပေးနေလေ၏။ စိုရဲနေသော နှုတ်ခမ်းကလေးမှာ ဟူးခနဲ မှုတ်လိုက်လေတိုင်း စူထော်လာလေတော့သည်။ မျက်စိရှေ့မှ အသည်းယားစရာ မြင်ကွင်းကြောင့် တစ်ခေတ်မောင် နေမကောင်းဖြစ်နေသည်များပင် ကြက်ပျောက်ငှက်​ပျောက်။ ဗိုက်လည်းမဆာတော့သလို လည်ပင်းလည်း မနာ၊ ကိုယ်လက်တို့လည်း ကိုက်ခဲမနေတော့ပါချေ။
*တကယ်ဗျာ အစ်ကိုထွင်းက ကျုပ်အတွက်တော့ ဆေးတစ်ခွက်ပဲ....ဘယ်လောက် နွမ်းလျပင်ပန်းနေပါစေ အစ်ကိုထွင်းသာ အနားမယ် ရှိနေပေးရင် ရောဂါမှန်သမျှ ယူပစ်သလို ပျောက်သွားတတ်တာ မှော်ပညာများလားလေ....*
"အာ~~~"
တစ်ခေတ်မောင်လည်း ယောင်နနဖြင့် အလိုက်သင့် ပါးစပ်ကလေး ဟပေးလိုက်သည်။ ခံတွင်းအတွင်း ဝင်ရောက်လာသော အစ်ကိုထွင်းလက်ရာ ဆန်ပြုတ်ကလေးမှာ နူးညံ့ချိုမြိန်လို့နေ၏။ ကြက်သားမျှင်ကလေးများမှာလည်း နူးအိနေကာ ဝါးရမခက်လှ။ ပျစ်နှစ်ချိုအီလေသော ဆန်ပြုတ်ကလေးမှာ တစ်လုတ်စားပြီးလျှင် နောက်တစ်လုပ်စားရန် မစောင့်နိုင်တော့သည်အထိ။
"နောက်တစ်လုပ်လောက်...."
"ဝါးလို့ ကုန်မှ ကျွေးမယ်...."
"ကုန်သွားပြီ....သည်မှာ ကြည့်..."
ထွင်းအက္ခရာအား ပါးစပ်အတွင်း ဆန်ပြုတ်များ ကုန်စင်သွားပြီဖြစ်ကြောင်း ပါးစပ်ဟပြနေသော တစ်ခေတ်မောင်။ ကလေးဆန်ဆန်အမူအရာကြောင့် ထွင်းအက္ခရာပြုံးမိပြန်၏။
"ဟုတ်ပြီ...ဒါဆို သည်မယ် နောက်တစ်လုပ်....အာ~~~"
ဤသို့ဖြင့် ဆန်ပြုတ်ကလေးမှာ ပန်းကန်လုံးအတွင်း အကပ်အသပ်ပင် မကျန်လေအောင် ကုန်စင်သွားတော့သည်။ စားပြီးသည်နှင့် သမားတော်ပေးခဲ့သော ဆေးများအား အသေအချာပြင်ဆင်၍ တစ်ခေတ်မောင်အား တိုက်ရပြန်သည်။ တစ်ခေတ်မောင်သည် တစ်ခါတစ်ရံ၌ အကာအကွယ်ပေးတတ်သည့် ယောက်ျားတစ်ဦးဖြစ်ကာ တစ်ခါတစ်ရံ၌ ကလေးတစ်ဦးကဲ့သို့ ဂရုတစိုက်စောင့်ရှောက်ရသော ယောက်ျားပျိုတစ်ဦးဖြစ်နေတတ်သည်။ မည်သို့ပင်ဖြစ်စေ တစ်ခေတ်မောင်မှာ ထွင်းအက္ခရာအား ပြုံးပျော်စေသည့် အကြောင်းပြချက်ကလေးဖြစ်နေ၏။
######
တစ်ခေတ်မောင် နေထိုင်ကောင်းကာ ပြန်လည်ကောင်းမွန်လာပြီးသည့်နောက် အရာရာမှာ ပုံမှန်အတိုင်းပင်။ 'ထွင်းအက္ခရာ'အငြိမ့်သဘင်အိမ်ကြီးသည်လည်း နေ့နေ့ညည သီဆိုကခုန်သံတို့ဖြင့် ပြည့်နှပ်လို့နေ၏။ တပို့တွဲလတွင် သွားရောက်ကပြဖျော်ဖြေရမည့် ငါးမျက်နှာဘုရားပွဲအား သဘင်အဖွဲ့သားတိုင်း မျှော်တလင့်လင့်ဖြင့် စောင့်နေရသည်လေ။ သို့သော်ငြား ပြောင်းလဲသွားသော အချက်များလည်း ရှိပါသေး၏။
မနက်မလင်းခင်တိုင်း ခေါင်းရင်းစံပယ်ရုံမှ ကြားနေကျ တစ်ခေတ်မောင်၏ သီချင်းညည်းသံအား မကြားရတော့ပေ။ စံပယ်ရုံအား ရေလောင်းပေါင်းသင်အမြဲတစေ လုပ်ပါသော်လည်း သီချင်းလေးတော့ မညည်းဖြစ်တော့။ တစ်ခေတ်မောင်၏ သီချင်းညည်းသံအား ပြတင်းပေါက်ကလေးမှာ ခေါင်းပြူကာ ခိုးနားထောင်တတ်သူလေးမှာလည်း ပျင်းပျင်းရှိရော့သည်။ တစ်ခေတ်မောင်၏ သီချင်းညည်းသံမှမကြားရလျှင် နေမထိထိုင်မသာ ဖြစ်တတ်ရခြင်းသည် ဘယ်ကတည်းက သန္ဓေတည်နေလေသော အမူအကျင့်လည်းမပြောတတ်တော့။ မနက်ဆိုလျှင် ထွင်းအက္ခရာ ယခင်နေ့များထက် စောစီးစွာ ထ၍ စံပယ်ရုံအား တစ်ခေတ်မောင် ရေလောင်းပေါင်းသင်နေသံကို နားစွင့်တတ်သည်။ မျှော်တလင့်လင့်ဖြစ်နေမိသော သီချင်းညည်းသံကိုတော့ သူ မကြားရတော့။ သူ့မယ် 'သီချင်းညည်းပါ'ရယ်လို့လည်း တောင်းဆိုခွင့်ရှိမနေ။ သူကိုယ်တိုင်ပဲ မနီးစပ်လေအောင် ကြိုးစားခဲ့ရသည်မဟုတ်လား။
အတွေးများလျက် ထွင်းအက္ခရာ မျက်နှာသစ်ရန် အခန်းတွင်းမှ ထွက်မိလေသည်။ သင်းပျံ့နေသော မွှေးရနံ့နှင့်အတူ  တံခါးမှ ထွက်ထွက်ချင်းမြင်ရသည့် ဝရန်တာ လက်ရန်း၌ ဖြူလွှလွှ ပန်းငွေစံပယ်ကုံး။ သီကုံးသူကိုတော့ အရိပ်ပင် မမြင်ရပါ။ တစ်ခေတ်မောင်မှာ သူအနေခက်မည်ကို စိုးသည်ကြောင့် အမြဲ ရှောင်ပြေးနေ၏။ ဆိုးသည်က ရှောင်ပြေးနေသည့် တစ်ခေတ်မောင်အား တွန်းထုတ်ခဲ့သူ ထွင်းအက္ခရာကိုယ်တိုင်က ရှာဖွေနေမိသည်ပင်။ သက်ပြင်းယဲ့ယဲ့ကလေးအား မရည်ရွယ်ပါဘဲ ချလိုက်မိသည်။ မျက်နှာသစ်ရန် အုတ်ကန်ဆီသို့ ရောက်လာခဲ့သော်ငြား စံပယ်ရုံဘေးရှိ အုတ်အကျိုးပုံပေါ်တွင် ထိုင်နေသူမရှိ။ သူမျက်နှာသစ်လေတိုင်း တစိမ့်စိမ့်ငေးနေတတ်သူမရှိလေတော့ လစ်ဟာနေသည့် ဝေဒနာကို ခံစားသိရှိရသည်။
မျက်နှာသစ်သန့်စင်ပြီးလို့ သနပ်ခါးသွေးကာ လိမ်းချိန်တွင်လည်း ဘေးတွင် တစ်ခေတ်မောင်မရှိ။ 'ကျုပ်သွေးပေးပါ့မယ်'ဟု တတွတ်တွတ်ပြောကာ အတင်းအကြပ်သနပ်ခါးသွေးပေးတတ်သူလေး မရှိလေတော့ သနပ်ခါးတုံးအား ဖိကိုင်ထားသည့် သူ့လက်တွေသည်ပင် အားမရှိလေတော့။ ဆံပင်စည်းထုံးနှောင်ဖို့ရာလည်း တစ်ခေတ်မောင် လာမကူညီပါချေ။ မိမိကိုယ်တိုင် စည်းနှောင်လိုက်၍ မသေမသပ်ဖြစ်သွားသောသော ဆံနွယ်ရှုပ်ရှုပ်ပွပွများအား မှန်မှ တစ်ဆင့်ကြည့်လျက်  သက်ပြင်းသာ အကြိမ်ကြိမ်ချမိနေ၏။ သေသပ်အောင် စည်းနှောင်ပေးမည့်သူ မရှိသည့် ဆံနွယ်များမှာ ဟိုပွ သည်ပွဖြင့် ရှုပ်ယှက်ခတ်လို့။ သည်လိုပုံစံနှင့် အဘယ်သို့များ စံပယ်ကုံး ပန်နိုင်အုန်းမည်နည်း။ ဘေးရှိ ထန်းခေါက်ဖာငယ်ထဲသို့သာ စံပယ်ကုံးကလေးအား ထည့်ထားလိုက်တော့သည်။ ထန်းခေါက်ဖာလေးထဲတွင်လည်း တစ်ခေတ်မောင်ပထမဦးဆုံးအကြိမ် သီကုံးပေးသော စံပယ်ကုံးများမှအစ ယခုတလော သူကိုယ်တိုင် လာရောက်မပေးဘဲ ဝရန်တာလက်ရန်းပေါ်တွင်သာ တင်ထားပေးတတ်သော စံပယ်ကုံးများအထိ ထည့်သွင်းသိမ်းဆည်းထားသည်။ အချို့မှာ ဖြူဖွေး၍ လှနေတုန်း၊ အချို့မှာတော့ ဝါညစ်ညစ်၊ အချို့မှာတော့ ညိုညစ်နေလေပြီဖြစ်သော်လည်း တန်ဖိုးတထား သူသိမ်းထားတုန်းပင်။
*မင်း ဘယ်ပျောက်နေရသလဲ တစ်ခေတ်မောင်....သည်လောက်ပဲ ငါ့ကို ရှောင်ပုန်းစရာလိုရဲ့လားလေ.....*
တစ်အိမ်တည်းနေကာ လွမ်းဆွတ်နေရသည်မှာ သိပ်တော့ အစီအစဥ်မကျလှ။ အပုန်းကောင်းသော တစ်ခေတ်မောင်ကြောင့်ဟုသာ အပြစ်ဆိုချင်သည်။ တွေ့လျှင်လည်း အမြဲရှောင်ခွင်းသွားတတ်သော တစ်ခေတ်မောင်မှာ သူ့အား 'အရင်လို တရင်းတနှီးရှိချင်သည်'ဟု ပြောခဲ့သူမှဟုတ်စ။ အနားမရှိကာမှ တစ်ခေတ်မောင်အား လွန်စွာ တမ်းတနေမိသည်။ တောက်တဲ့ကဲ့သို့ ကပ်တွယ်နေစဥ်ကတော့ ထို့လောက်ထိ တစ်ခေတ်မောင်မှာ သူ့ရင်အတွင်း၌ နေရာယူထားလိမ့်မည်ဟု မထင်ထားခဲ့။ သူ အမှန်တကယ်ပင် တစ်ခေတ်မောင်ကို ညီကလေးတစ်ဦးကဲ့သို့သာ ချစ်ခင်ခဲ့သည်လေ။ ဒါကို အဘယ်ကြောင့်များ ယခုကဲ့သို့ ပြင်းစွာ ခံစားနေရပါသနည်း။ မဟုတ်မှ တစ်ခေတ်မောင်အပေါ် သူလည်းပဲ.......
===================
5.9.2022🖤ဆွေး🖤
No one but တစ်ခေတ်မောင်
- ထွင်းအက္ခရာကြောင့် ၂ခါမေ့လဲ၊ ၂ခါ နေမကောင်းဖြစ်😅
Continue Reading
You'll Also Like
1M 54.1K 46
290K 5.1K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...