I am not girl(Complete)

By Period-K

421K 24K 923

I am not girl (Own Creation Mm )(Mpreg) Author by Period-K Main Lead Couple Kaungkin Htet Yan + Saint Bhone M... More

Character Fact, memes and Dialogue
That a boy
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50(Final)
Extra 1
Extra-2
Bd Present 💛
ဟိန်းဇက်အတွဲ
Side Story(Moe Htet Yan+Shine Yewai - 1)
Part 2
Part 3

Chapter 24

6.2K 375 25
By Period-K

Designer ဆီမှာ အသင့်ရှိပြီးသား ကိုယ်တိုင်းနဲ့အတူ Outfit အဖြူလေးတစ်ထည်။ တစ်လလောက်ကတည်းက စိမ့်ဖို့ ထုတ်ထားတဲ့ ဖိနပ်ဖြူလေး တစ်ရံ အိတ်ကလေး တစ်လုံးရယ် ဒီနေ့ညမှာတော့ ကောင်းကင်က စိမ့်ငယ်ကို အဖြူလေး နှင့်မြင်ချင်သည်လေ ဒါ့ကြောင့်စီစဥ်ပြီး အန်တီမြတ်အိမ်တော်ကို မနက်ဖြန်ပို့ပေးထားဖို့လည်း မှာလိုက်သည်။

မနေ့က စာရှင်းပြလိုက်ပေမဲ့ ဒီနေ့မနက် Tuto မတိုင်မီ စာကြည့်တိုက်မှာ ဆက်ချိန်းထားဆဲ မို့ ကောင်းကင်စောစော ထွက်လာခဲ့တာဖြစ်သည်။

ကျောင်းကိုရောက်လာတော့ ကားပါကင်ကို စိမ့်ငယ်တို့ ဌာနကကားပါကင်မှာပဲသွားရပ်လိုက်တယ်။ tuto မဖြေခင် မို့ စိမ့်ငယ်က စာကြည့်တိုက်မှာ ရှိနေမည်ပြောသည်။သူလည်း ထိုစာကြည့်တိုက်ကို လျှောက်လာခဲ့သည်။ အဝင်ဝ နားက ဝိုင်းမှာ ဟိန်းဇက်ကို တွေ့လိုက်ရတော့ နည်းနည်းဇဝေဇဝါဖြစ်မိသွားတယ်။ဟိန်းဇက်ဆိုတဲ့ကောင်နဲ့ စာကြည့်တိုက်က ဘာမှ မသက်ဆိုင်တဲ့ နေရာတစ်ခုပဲလေ ။လက်ထဲ က ဖိုင် တစ်ချို့နဲ့ ထိုကောင့် ခေါင်းကို ရိုက်ချပြစ်လိုက်တော့ ပါးစပ်က တိုးတိုးလေးဆဲရေးလိုက်သည်။ လူမမှားဘူးဆိုတာ အသေအချာပဲ

" ဒီဖေ..... "

"ဘာလာလုပ်တာလဲ"

"စာကြည့်တိုက် စာလာဖတ်တာပေါ့ မင်းကရော "

ပြန်ခံပတ်လိုက်ပေမဲ့ သူအသည်းသန် သူ့ကျောင်းဆောင်ကနေပြီး စာကြည့်တိုက်ကိုပြေးလာရတာဖြစ်သည်။စိတ်ကောက်နေပေမဲ့လည်း စိတ်ကောက်နေရင်ချောင်းမကြည့်ရဘူးဆိုတဲ့ ဥပဒေမှ မရှိဘဲလေ

"ဒီသခင်လေးက သူ့ဇနီးလောင်းလေးကို စာရှင်းပြတာဆိုပါတော့ "

"ဟင် လိုက်မယ် ငါပါ"

ချက်ချင်း ခုံပေါ်က ထလိုက်ပြီး သူယူထားတဲ့ စာအုပ် အထူကြီးတွေအား ကောက်မလိုက်သည်။ ကောင်းကင်လည်း ကိစ္စမရှိတာမို့ လိုက်ချင်လိုက်ခဲ့လေဆိုတဲ့ သဘောနဲ့ ပုခုံးတွန့်ပြလိုက်သည်။ပြီးတော့စိမ့်ငယ် ဘယ်အထပ်မှာလဲဆိုပြီးသူမေးဖို့လုပ်တော့

"မေးမလို့လား  မေး‌မနေနဲ့ မင်းမိန်းမလောင်းလေးက ဟိုးမှာ....."

ဟိန်းဇက် လက်ညိုးညွှန်ပြရာကြည့်လိုက်တော့ စိမ့်ဝတီနဲ့ အတူထိုင်နေတဲ့ အမျိုးသားတစ်ယောက် သေချာပြောရရင် The moon က သူတောင်းစားလေးပင်ဖြစ်သည်။လက်သီးကတင်းကနည်းဖြစ်သွားပေမဲ့ ဟိန်းဇက်ကို  သူလည်ပြန်ကြည့်တာ

"မင်း....အဲ့ကောင်ကို "

"ဘာ....ဘာလဲ"

"မဟုတ်ရင်လည်းပြီးတာပဲ ငါညှာပေးဖို့မလိုဘူးပေါ့"

ကောင်းကင်ကခြေလှမ်းကျဲကျဲတွေနဲ့ လျှောက်သွားတော့ ဟိန်းဇက်က အနောက်ကပြေးလိုက်လာပြီး

"ကောင်းကင် စိမ့်ဝတီကိုစာရှင်းပြမှာမလား စာကြည့်တိုက်ထဲမှာ ပြသနာမရှာစမ်းနဲ့"

"ဟက်..... ဒီသခင်လေးက ဘယ်ဟာကို ဂရုစိုက်တတ်လို့လဲ "

"လီး ထဲမှပဲ မအေ ိုး လေးကလည်း "

ဟိန်းဇက်က တိုးတိုးလေးထပ်ဆဲလိုက်သည်။ကောင်းကင်ကိုတော့မဟုတ် မောင့်ကိုဆဲလိုက်တာဖြစ်သည်။ဘာကိစ္စ ဖွန်ပဲကြောင်နေရပါသလဲ

"စိမ့်ငယ် ကိုယ်စာရှင်းပြဖို့လိုသေးရဲ့လား?"

"ကိုထက် ..... ဒီမှာထိုင်လေ စိမ့်စောင့်နေတာကိုထက်ကို ကိုဟိန်းဇက်လည်းထိုင်လေ"

စိမ့်မှာ လမင်းကို ထသွားပေးဖို့မျှော်လင့်ပေမဲ့ မထ သွားတာကြောင့် စိမ့်သာ ကောင်းကင်ဘေးနား သွားထိုင်လိုက်သည်။လေးယောက်ထိုင်ခုံက ကောင်းကင်နဲ့ စိမ့်က ဘေးချင်းကပ်လျှက် စိမ့်မျက်နှာချင်းဆိုင်က ကိုဟိန်းဇက် ဖြစ်သည်။ ကောင်းကင်နဲ့ လမင်းကတော့ တစ်ယောက်နဲ့ တစ်ယောက်စူးစိုက်ကြည့်နေကြဆဲ

"ကိုထက်....."

"အင်း.... ဒီမှာ Note တွေ ထပ်ထုတ်လာတာပို မှတ်မိအောင်လို့ "

ဒီလိုနဲ့ ကောင်းကင်က ဘေးက စိမ့်ဘက်ကို ကိုယ်လှည့်ပြီး စာရှင်းပြပေးသည်။ရှင်းပြလိုက်တွက်လိုက်နဲ့သူတို့ နှစ်ဦးသားက အလွန်နီးကပ်လျှက်ရှိသည်။

ဟိန်းဇက် က ခုံပေါ်မှာ တင်ပျဥ်ခွေချိတ်ထိုင်ကာ ဟိုကြည့်လိုက် ဒီကြည့်လိုက်သာ

စာအုပ်ထူကြီးအားဖွင့်လိုက်ပြီးခေါင်းကြီးစောင်းချလိုက်သည်။ ဒီလိုအနေအထားက
သူအိပ်နေလို့ရသည်လေ။ဘာလို့ဆို သူမောင့်ကို စိတ်ကောက်နေဆဲဖြစ်သည်။

ဟိန်းဇက် အိပ်နေရင်းစာအုပ်ကိုင်ထားသည့်လက်ကလေးက တဖြည်းဖြည်း လျှောကျကာ စာအုပ်က စာပွဲပေါ်ဖြန့်လျှက်သား အနေအထားဖြစ်သည်။

လက်တစ်ဖက်ကို ပါးနှင့် ဖိကပ်ကာအိပ်ထားတာကြောင့် နှုတ်ခမ်းဖောင်းဖောင်းကလေးတွေက အရှေ့ကို ဆူထော်လျှက် ရှိသည်။မျက်တောင်ကျဲကျဲကလေးတွေကအိပ်နေတော့မှာ ရှိမှန်းသိရသည်။ စိတ်ချလက်ချကိုစာကြည့်တိုက်မှာ လာခိုးအိပ်နေတာ မနက်တိုင်း အစောကြီး ထထ နေတာကြောင့်ဖြစ်မှာပေါ့

ကောင်းကင် စာရှင်းပြရင်း ဘောပန်နဲ့ ခြစ်ပြရင်း

"နားလည်လား ဒါကို" ကောင်းကင် စိမ့်ငယ်မျက်နှာကို မော့ကြည့်လိုက်တဲ့ အချိန် စိမ့်ငယ်ကလည်း မော့ကြည့်လာသည်။သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားတဲ့အချိန် တစ်ယောက်ကမှ အကြည့်မလွှဲမိခဲ့ဘူး။

တိတ်ဆိတ်နေတဲ့  လေထုနဲ့အတူ စိမ့်မျက်နှာပေါ်မှာ ဝဲကျနေတဲ့ ဆံပင်လေးတွေကို ကောင်းကင် နားရွက်ကြားထဲသို့ ဖိညှပ်ပေးလိုက်သည်။ဆံနွယ်ပေါ်က ပန်ဆင်ထားသည့် သနပ်ခါးပန်း ခတ်လေးရဲ့ ရနံ့လေးဟာ ကောင်းကင် နှာခေါင်းထဲ ဝေ့တတ်လာသည်။

ဘေးနားရှိ အိပ်နေသည့် ဟိန်းဇက် ရဲ့ ဟောက်သံတိုးတိုးလေးထွက်လာတဲ့အချိန် စိမ့်က အသိဝင်လာဟန်နဲ့ အကြည့်လွှဲသွားလေသည်။ လမင်းကလည်း ဟောက်နေသည့် ဟိန်းဇက်ကို မျက်လုံးတောက်တောက် များနှင့်  ပြုံးကာကြည့်နေဆဲ ပင်

ကောင်းကင် ထိုမြင်ကွင်းကိုလည်းသတိပြုလိုက်မိသည်၊

"ဟိန်းဇက်...."

"ထားလိုက်ပါ သူအိပ်ပါစေ"

အိပ်နေသည်ကို ဘယ်သူ့မှ မမြင်အောင် လမင်းက စာအုပ်ကလေးအား ပြန်ထောင်ပေးထားလေသည်။ကောင်းကင်လဲ စိတ်ထဲ တစ်မျိုးဖြစ်သွားရပါသည်။

စာရှင်းပြနေတုန်းမှာပဲ ဟိန်းဇက် နိုးလာသည်။ တစ်ဖက်ကိုကြည့်ပြီး စူပုတ်ပုတ်မျက်နှာထားနဲ့ မတ်တပ် ထရပ်ရင်း

"Toilet ခဏသွားအုံးမယ် "

"အင်း ဖုန်းယူသွား မီးပျက်သွားမှာစိုးလို့ "

"မင်း.....! ပေါက်ကရမပြောနဲ့"

စာအုပ်ကိုဆွဲမပြီး ရိုက်ဖို့ရွယ်လိုက်သည်။ ခွေးသားလေး ဒါကိုပဲ လာခြောက်နေတာ ။အမှောင်ထဲမှာကြောက်တတ်တာ သူရယ် ဝင်းကိုရယ်ပဲသိတာ တကယ်လို့မီးပျက်သွားရင် သူတို့နှစ်ယောက်ကအမြဲ သူ့ဆီရောက်ရောက်လာပေးနေကြ။ ဟိန်းဇက်က အမှောင်ခန်းထဲပိတ်မိခံရမှာ သိပ်ကြောက်သည်။ဟိုးငယ်ငယ်က သူတို့သူငယ်ချင်းသုံးယောက် ထိုသို့ပဲ ပိတ်မိဖူးတယ်။အဲ့အချိန်တုန်းက ဟိန်းဇက် တကယ်ကို လန့်ဖျား ဖျားသွား တာ။တစ်လလောက်ထိ ကုယူလိုက်ရတာ အဲ့အချိန်ကတည်းက ဟိန်းဇက်ကို သူတို့သူငယ်ချင်းတွေ အရိပ်တကြည့်ကြည့်ဖြင့်။သူသြသီရောက်သွားတုန်းက ဝင်းကိုက သူ့ကိုစောက်ရှောက်တယ် အခုဝင်းကို မရှိတော့ ကောင်းကင်ကစောင့်ရှောက်ပေးတယ်လေ။ သူတို့သုံးယောက်တော့ တကယ်ချစ်ကြတာ။

ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ပြီး Toilet ဘက်ကို ပြေးလာခဲ့သည်။ကျောင်းက မီး ပျက်လေ့ပျက်ထမရှိပါဘူး ဒါကကြောက်စရာမှ မလိုဘဲလေ

ဟိန်းဇက် ကိစ္စပြီးတဲ့ အချိန် ဘေစင်မှာ လက်ဆေးနေရင်း မှန်ကြည့်ကာ ရှိုးထုတ်နေသည်။ဒီနေ့ကျမှ လူတစ်ယောက်မှ မရှိဘူးလေ စာကြည့်တိုက်က သန့်စင်ခန်းက လူရှင်းသား။ လက်ဆေးပြီး လက်အခြောက်ခံစက်ထဲထည့်ထားပြီး လမင်းအကြောင်းတွေးလိုက်မိသည်။ ဒါပေမဲ့ ဒီနေ့တော့ မတွေးချင်သေးဘူး ခွေးသားလေးကိုစိတ်ဆိုးနေတာ
ဟွန့်.......!

"ဖျက်....ဖျက်....."

မီီးချောင်းတွေ အကုန် လျှော့ဝင်သွားပုံရသည်။ခဏလေးအတွင်း မီးတွေ အကုန်အမှောင်ကျကုန်သည်။ဟိန်းဇက် ထိုနေရာမှာ ပြူးကြောင်ကြောင် ကလေူငြိမ်သက်မိသွားတယ်။ ပြီးတော့ သူ့ဒူးတွေကတုန်ရီနေပြီ ထိုနေရာကနေ နည်းနည်း လေးမှ လှုပ်နိုင်စွမ်းမရှိခဲ့ဘူး

......

စာကြည့်တိုက်တစ်ခုလုံး မှောင်သွားတဲ့ အချိန် တာဝန်ရှိသူတွေက ပြန်ပြင်ဖို့ အလုပ်စတင်ရှုပ်နေကြပြီ။တစ်ချို့လည်း ဖုန်းမီးထွန်းကာစာကြည့်တိုက်ထဲကထွက်သွားကြပြီ။အသိထဲဝင်လာသူက ဟိန်းဇက်ပင် အခုလေးတင်သတိပေးလိုက်တယ်အခုလေးတင် ချက်ချင်း ထပြီး မီးလျှော့ဖြစ်တယ်။ ဝုန်းကနည်း ခုံပေါ်ကနေထပြီး သူသန့်စင်ခန်းရှိရာကိုပြေးလာတော့ ဝိုင်းလမင်းမောင်က ပါပြေးလိုက်လာတာကိုသတိထားမိလိုက်တယ်။ဒါပေမဲ့ သူ့စိတ်ထဲမှာ ဟိန်းဇက် အတွက်တွေးနေမိသည်။

သန့်စင်ခန်းတံခါးကိုဖွင့်လိုက်ပြီး လက်ထဲကဖုန်းမီးနဲ့ ထိုးကြည့်တော့ ဘေစင်ဘေးမှာ ကိုယ်လေးကိုကျုံးပြီး လက်တွေကြားခေါင်းလေးတိုးဝင်ကာ  ငြိမ်သက်နေတဲ့ ဟိန်းဇက်ကိုတွေ့လိုက်ရသည်။

"ဟိန်းဇက်"

ကောင်းကင်အသံကြားတော့ မျက်ရည်တွေနဲ့မော့ကြည့်ရှာသည်။

ကောင်းကင် တွဲထူပေးဖို့ရှိသေးသည် ဘေးနားကလိုက်ပါလာသည့် လမင်းမောင်က ပွေ့ချီလိုက်လေသည်။

"ဟင်....? မလိုဘူး ပြန်ချပေး"

"ကြောက်နေတာမလား ရင်ခွင်ထဲ မှာ ခဏပုန်းနေ စိတ်ငြိမ်ဆေးသောက်ဖို့ ဆေးခန်းလိုက်ပို့ပေးမယ် ငြိမ်ငြိမ်လေးလိုက်ခဲ့ပေး"

"လွှတ်ပေး"

ဟိန်းဇက်ရုန်းတော့ ကောင်းကင် မောင့်လက်မောင်းကိုဖမ်းဆွဲလိုက်တယ်။ကောင်းကင် အကြောင်းကို သိတာမို့ သူဆက်မရုန်းဘဲ

"ကောင်းကင် ငါဆေးခန်းလိုက်သွားလိုက်မယ် မင်း မင်းမယားလေးဆီသွားလေ "

"သေချာလား ငါမရှိလို့ဖြစ်တာ သေချာလား ဟေ့ကောင်"

"အခုခဏတော့ သေချာတယ်"

ဖျော့တော့နေတဲ့ အသံလေးနဲ့ပြောလိုက်တော့ကောင်းကင်ကဘာမှ ဆက်မပြောတော့ဘဲ ထွက်သွားသည်။မောင်ကလည်းသူ့ကိုပွေ့လျှက်သား ကျောင်းဆေးခန်းထိ တကယ်ပင်ခေါ်လာတာဖြစ်သည်။

"အဆင်ပြေလား ခင်ဗျား"

"ပြေပါတယ် ငါကအလင်းရောင်မြင်ရရင် စိတ်ပြန်ငြိမ်တယ်"

"....."

                                ••••
                 
"ကိုဟိန်းဇက် အဆင်ပြေရဲ့လား"

"ပြေပါတယ် ကျောင်းဆေးခန်းကို သွားကြတယ် စိမ့်ငယ် စာရပြီလား"

"ဟုတ်ကိုထက် အာ.... Tuto ချိန်တောင်နီးနေပြီ"

" သွားဖြေတော့လေ ကိုယ်လည်း အတန်းသွားတတ်အုံးမယ်"

....

အတန်းချိန်ပြီးတော့မှာမို့ ကောင်းကင်  စိမ့်တို့ဌာန ‌ေရှ့မှာစောင့်နေပေးလိုက်သည်။ တစ်နာရီလောက်အကြာ စိမ့်ငယ်ထွက်လာပြီး မနက်က Tuto အခြေအနေအား အားတတ်သရော လက်မလေးထောင်ပြသည်။

" ကိုကို....ကိုထက်....ဟို ....sorry နော် လျှာလိပ်သွားတာ"

"အဲ့တာဆို ကိုယ်ကအမြဲ လျှာလိပ်စေချင်နေပြီ"

ကောင်းကင်ထက်ယံ ၏ စကားကြောင့်စိမ့် သူမသိအောင်ခပ်ဖွဖွလေးပြုံးလိုက်မိသည်။ခြေတစ်လှမ်းတို့မို့ မြန်နေမလားလို့ သူတွေးပူနေခဲ့ပေမဲ့ တော်တော်လေးအဆင်ပြေသွား
‌ေကြာင်းကို အခုတော့သိလိုက်ရပြီ။ထို့နောက် စိမ့် ခေါင်း လေးငုံ့ထားပေမဲ့ မျက်လုံးလေးလှန်ကာ ကြည့်လိုက်သည်။ ပြီးတော့ နှုတ်ခမ်းလေးတွန့်ရုံလေးပြုံးပြလိုက်သည်။

"ဒါဆို "

"ကိုကို"

"ဗျာ...စိမ့်ငယ်"

"ဟို.....ဟို.....ကားဘယ်မှာရပ်ထားတာလဲ"

ခေါင်းကို ခပ်ဖွဖွလေးကုပ်ပြီး စကားလမ်းကြောင်းလွှဲသည်။ရှက်ရဲရဲအပြုသဘောကိုဆောင်ရင်းပေါ့။လိုချင်တာကိုရဖို့ မသတီတာတွေပိုလည်းရင်ဆိုက်ရမည်မဟုတ်လား

နွေးထွေးမှုတွေ ၊ ကြင်နာမှုတွေ အကြိမ်ကြိမ်ပေးပြီး နှစ်သိမ့်ပေးလာတော့ စိမ့်ရဲ့ အတွေးထံ အောင်နိုင်ခြင်းလို့သတ်မှတ်မိသည်။မဓိကအချက်က စိမ့်အပေါ် ပျော်ဝင်လာဖို့ပဲမဟုတ်လား။

ကားပေါ် တတ်လိုက်ကို Lover seat မှာထိုင်လိုက်သည်။belt ပတ်လိုက်ပြီး ပြတင်းမှန်ကိုသာ အကြည့်ပို့ထားမိပြန်သည်။အတွေးတွေထဲနစ်မြောနေရင်း သူဒီလိုနှုန်းနဲ့ပဲ ခြေတစ်လှမ်း တိုးသွားရင် လိုချင်တဲ့အရာတစ်ခုက သိပ်တော့မဝေးတော့ပါ။

" မရှက်ပါနဲ့ ကိုယ်တို့က စေ့စပ်ပြီးကြပြီလေ"

စိမ့်ကဘာကို ရှက်ရမှာလဲ?

"ဟို...."

"ရပါတယ် ကိုယ်ဖိအားမပေးပါဘူး စိမ့်ငယ် အဆင်ပြေမှ ခေါ်ပါ"

"ပြေပါတယ်"

ကိုကိုလို့ခေါ်သည့်ကိစ္စကိုပြောနေမှန်း အခုမှသဘောပေါက်သည်။ဒီနာမ်စားလေးနဲ့ စိမ့်ကရှက်ရမယ် ? အရင်တုန်းကသိပ်ပျော့ညံ့တတ်တဲ့ စိမ့်သာဆိုရင် တော့ တကယ်ရှက်နေမှာသေချာပါတယ်

"ကိုယ် မင်းမိဘတွေကို Dinner ဖိတ်ထားတယ် မင်းကိုပါခေါ်လာဖို့တောင်းဆိုလိုက်မိတယ်အခု မင်းကိုခွင့်ပြုချက်တောင်းတာပါ မလာချင်ရင် အတင်းဖိအားမပေးပါဘူး ကိုယ်နားလည်ပါတယ်"

"ရပါတယ် ဖေဖေတို့ ပါတယ်ဆိုတော့ စိမ့်လိုက်ခဲ့ပါ့မယ်"

"ကိုယ်မင်းအတွက် Outfit နဲ့ လိုအပ်တာတွေအကုန်ပို့ပေးထားတယ် မင်းကြိုက်မှာပါ"

"ဟုတ်"

အားလုံးစီစဥ်ပြီးကာမှ  အတင်းဖိအားမပေးပါဘူးဆိုတဲ့စကားက ရယ်စရာကောင်းမနေဘူးလား။ စိမ့်မနေနဲ့ ဖေဖေ နဲ့ မေမေကို မလွန်ဆန်တတ်မှန်း သိလို့ကို ကြိုတက်ကြံစည်ထားတာကြီးကပေါ်လွင်နေတာပဲလေ။ ကောင်းကင်ထက်ယံဟာ ဘယ်လိုပြောင်လိမ်ပြောင်စားကောင်စားလဲ။စိမ့် အနေနဲ့ သူ့ရဲ့ကောင်းကွက်ကို တွေးကြည့်ပေးချင်ရင်တောင် ကောင်းကင်ထက်ယံ ဆိုတဲ့လူက အပုပ်အပွထက်ပိုမလာနိုင်ဘူး။

ခြံရှေ့ကိုရောက်တော့ သူကအိမ်ထဲထိမဝင်တော့ဘဲခြံရှေ့မှာသာကားရပ်ပေးသည်။စိမ့်ခြံတံခါးနားရောက်တော့သူက စိမ့်ကိုလှမ်းခေါ်ကာ

"စိမ့်ငယ်"

"ရှင်..."

"ကိုယ်မင်းကို ချစ်တယ်နော်"

ထိုအခိုက်အတန့်လေးဟာ သူ့အတွက် သိပ်ကိုလှပနေတာထင်ပါရဲ့။ စိမ့်သူ့ကို ခပ်ဖွဖွလေးသာပြုံးပြရင်း လှည့်ထွက်လာခဲ့သည်။အိမ်ခန်းထဲရောက်ရင်တော့ ငါ့တစ်ကိုယ်လုံး ရေနွေးစိမ်ဖို့လိုနေပြီထင်တယ်

@Period-K

1st ver တုန်းကသူတို့တွေက ရည်းစားတွေဖြစ်မလိုဖြစ်နေပါပြီ

အခု ver ကတော့ ထရိုမာရနေတဲ့ စိမ့်ဟာ ကောင်းကင်ကို ကလဲ့စားချေချင် ရုံကလွဲပြီးဘာအတွေးမှမရှိပါဘူး ။ကောင်းကင်ထက်ယံကို ရွံလို့ကောင်းနေဆဲပါ

အခုတွေ့မြင်ရမှာကတော့သိပ်ကြောက်ရွံ့တတ်တဲ့ စိမ့်ဝတီဟာ သိပ်ကိုသန်မာတဲ့ စိမ့်ဘုန်းမြတ်ဖြစ်လာမှာပါ

Noted....SC ဖြစ်ကြတဲ့ ဝိုင်းလမင်းမောင်နဲ့ ဟိန်းဇက် အခန်းတွေ တော်တော်များများဖြတ်တောက်ထားပါတယ်။ စိတ်တော့မပူပါနဲ့ သူတို့ကိုတခြားခေါင်းစဥ်နဲ့ခွဲထုတ်ပြီးရေးထားတာလည်းရှိပါတယ် အဲ့တာကြောင့် I AM NOT GIRL ပြီးသွားရင် ဖတ်ရမှာပါ ခင်ဗျာ

Zawgyi

Designer ဆီမွာ အသင့္ရွိၿပီးသား ကိုယ္တိုင္းနဲ႕အတူ Outfit အျဖဴေလးတစ္ထည္။ တစ္လေလာက္ကတည္းက စိမ့္ဖို႔ ထုတ္ထားတဲ့ ဖိနပ္ျဖဴေလး တစ္ရံ အိတ္ကေလး တစ္လုံးရယ္ ဒီေန႕ညမွာေတာ့ ေကာင္းကင္က စိမ့္ငယ္ကို အျဖဴေလး ႏွင့္ျမင္ခ်င္သည္ေလ ဒါ့ေၾကာင့္စီစဥ္ၿပီး အန္တီျမတ္အိမ္ေတာ္ကို မနက္ျဖန္ပို႔ေပးထားဖို႔လည္း မွာလိုက္သည္။

မေန႕က စာရွင္းျပလိုက္ေပမဲ့ ဒီေန႕မနက္ Tuto မတိုင္မီ စာၾကည့္တိုက္မွာ ဆက္ခ်ိန္းထားဆဲ မို႔ ေကာင္းကင္ေစာေစာ ထြက္လာခဲ့တာျဖစ္သည္။

ေက်ာင္းကိုေရာက္လာေတာ့ ကားပါကင္ကို စိမ့္ငယ္တို႔ ဌာနကကားပါကင္မွာပဲသြားရပ္လိုက္တယ္။ tuto မေျဖခင္ မို႔ စိမ့္ငယ္က စာၾကည့္တိုက္မွာ ရွိေနမည္ေျပာသည္။သူလည္း ထိုစာၾကည့္တိုက္ကို ေလွ်ာက္လာခဲ့သည္။ အဝင္ဝ နားက ဝိုင္းမွာ ဟိန္းဇက္ကို ေတြ႕လိုက္ရေတာ့ နည္းနည္းဇေဝဇဝါျဖစ္မိသြားတယ္။ဟိန္းဇက္ဆိုတဲ့ေကာင္နဲ႕ စာၾကည့္တိုက္က ဘာမွ မသက္ဆိုင္တဲ့ ေနရာတစ္ခုပဲေလ ။လက္ထဲ က ဖိုင္ တစ္ခ်ိဳ႕နဲ႕ ထိုေကာင့္ ေခါင္းကို ရိုက္ခ်ျပစ္လိုက္ေတာ့ ပါးစပ္က တိုးတိုးေလးဆဲေရးလိုက္သည္။ လူမမွားဘူးဆိုတာ အေသအခ်ာပဲ

" ဒီေဖ..... "

"ဘာလာလုပ္တာလဲ"

"စာၾကည့္တိုက္ စာလာဖတ္တာေပါ့ မင္းကေရာ "

ျပန္ခံပတ္လိုက္ေပမဲ့ သူအသည္းသန္ သူ႕ေက်ာင္းေဆာင္ကေနၿပီး စာၾကည့္တိုက္ကိုေျပးလာရတာျဖစ္သည္။စိတ္ေကာက္ေနေပမဲ့လည္း စိတ္ေကာက္ေနရင္ေခ်ာင္းမၾကည့္ရဘူးဆိုတဲ့ ဥပေဒမွ မရွိဘဲေလ

"ဒီသခင္ေလးက သူ႕ဇနီးေလာင္းေလးကို စာရွင္းျပတာဆိုပါေတာ့ "

"ဟင္ လိုက္မယ္ ငါပါ"

ခ်က္ခ်င္း ခုံေပၚက ထလိုက္ၿပီး သူယူထားတဲ့ စာအုပ္ အထူႀကီးေတြအား ေကာက္မလိုက္သည္။ ေကာင္းကင္လည္း ကိစၥမရွိတာမို႔ လိုက္ခ်င္လိုက္ခဲ့ေလဆိုတဲ့ သေဘာနဲ႕ ပုခုံးတြန့္ျပလိုက္သည္။ၿပီးေတာ့စိမ့္ငယ္ ဘယ္အထပ္မွာလဲဆိုၿပီးသူေမးဖို႔လုပ္ေတာ့

"ေမးမလို႔လား  ေမး‌မေနနဲ႕ မင္းမိန္းမေလာင္းေလးက ဟိုးမွာ....."

ဟိန္းဇက္ လက္ညိုးၫႊန္ျပရာၾကည့္လိုက္ေတာ့ စိမ့္ဝတီနဲ႕ အတူထိုင္ေနတဲ့ အမ်ိဳးသားတစ္ေယာက္ ေသခ်ာေျပာရရင္ The moon က သူေတာင္းစားေလးပင္ျဖစ္သည္။လက္သီးကတင္းကနည္းျဖစ္သြားေပမဲ့ ဟိန္းဇက္ကို  သူလည္ျပန္ၾကည့္တာ

"မင္း....အဲ့ေကာင္ကို "

"ဘာ....ဘာလဲ"

"မဟုတ္ရင္လည္းၿပီးတာပဲ ငါညွာေပးဖို႔မလိုဘူးေပါ့"

ေကာင္းကင္ကေျခလွမ္းက်ဲက်ဲေတြနဲ႕ ေလွ်ာက္သြားေတာ့ ဟိန္းဇက္က အေနာက္ကေျပးလိုက္လာၿပီး

"ေကာင္းကင္ စိမ့္ဝတီကိုစာရွင္းျပမွာမလား စာၾကည့္တိုက္ထဲမွာ ျပသနာမရွာစမ္းနဲ႕"

"ဟက္..... ဒီသခင္ေလးက ဘယ္ဟာကို ဂ႐ုစိုက္တတ္လို႔လဲ "

"လီး ထဲမွပဲ မေအ ိုး ေလးကလည္း "

ဟိန္းဇက္က တိုးတိုးေလးထပ္ဆဲလိုက္သည္။ေကာင္းကင္ကိုေတာ့မဟုတ္ ေမာင့္ကိုဆဲလိုက္တာျဖစ္သည္။ဘာကိစၥ ဖြန္ပဲေၾကာင္ေနရပါသလဲ

"စိမ့္ငယ္ ကိုယ္စာရွင္းျပဖို႔လိုေသးရဲ႕လား?"

"ကိုထက္ ..... ဒီမွာထိုင္ေလ စိမ့္ေစာင့္ေနတာကိုထက္ကို ကိုဟိန္းဇက္လည္းထိုင္ေလ"

စိမ့္မွာ လမင္းကို ထသြားေပးဖို႔ေမွ်ာ္လင့္ေပမဲ့ မထ သြားတာေၾကာင့္ စိမ့္သာ ေကာင္းကင္ေဘးနား သြားထိုင္လိုက္သည္။ေလးေယာက္ထိုင္ခုံက ေကာင္းကင္နဲ႕ စိမ့္က ေဘးခ်င္းကပ္လွ်က္ စိမ့္မ်က္ႏွာခ်င္းဆိုင္က ကိုဟိန္းဇက္ ျဖစ္သည္။ ေကာင္းကင္နဲ႕ လမင္းကေတာ့ တစ္ေယာက္နဲ႕ တစ္ေယာက္စူးစိုက္ၾကည့္ေနၾကဆဲ

"ကိုထက္....."

"အင္း.... ဒီမွာ Note ေတြ ထပ္ထုတ္လာတာပို မွတ္မိေအာင္လို႔ "

ဒီလိုနဲ႕ ေကာင္းကင္က ေဘးက စိမ့္ဘက္ကို ကိုယ္လွည့္ၿပီး စာရွင္းျပေပးသည္။ရွင္းျပလိုက္တြက္လိုက္နဲ႕သူတို႔ ႏွစ္ဦးသားက အလြန္နီးကပ္လွ်က္ရွိသည္။

ဟိန္းဇက္ က ခုံေပၚမွာ တင္ပ်ဥ္ေခြခ်ိတ္ထိုင္ကာ ဟိုၾကည့္လိုက္ ဒီၾကည့္လိုက္သာ

စာအုပ္ထူႀကီးအားဖြင့္လိုက္ၿပီးေခါင္းႀကီးေစာင္းခ်လိဳက္သည္။ ဒီလိုအေနအထားက
သူအိပ္ေနလို႔ရသည္ေလ။ဘာလို႔ဆို သူေမာင့္ကို စိတ္ေကာက္ေနဆဲျဖစ္သည္။

ဟိန္းဇက္ အိပ္ေနရင္းစာအုပ္ကိုင္ထားသည့္လက္ကေလးက တျဖည္းျဖည္း ေလွ်ာက်ကာ စာအုပ္က စာပြဲေပၚျဖန့္လွ်က္သား အေနအထားျဖစ္သည္။

လက္တစ္ဖက္ကို ပါးႏွင့္ ဖိကပ္ကာအိပ္ထားတာေၾကာင့္ ႏႈတ္ခမ္းေဖာင္းေဖာင္းကေလးေတြက အေရွ႕ကို ဆူေထာ္လွ်က္ ရွိသည္။မ်က္ေတာင္က်ဲက်ဲကေလးေတြကအိပ္ေနေတာ့မွာ ရွိမွန္းသိရသည္။ စိတ္ခ်လက္ခ်ကိဳစာၾကည့္တိုက္မွာ လာခိုးအိပ္ေနတာ မနက္တိုင္း အေစာႀကီး ထထ ေနတာေၾကာင့္ျဖစ္မွာေပါ့

ေကာင္းကင္ စာရွင္းျပရင္း ေဘာပန္နဲ႕ ျခစ္ျပရင္း

"နားလည္လား ဒါကို" ေကာင္းကင္ စိမ့္ငယ္မ်က္ႏွာကို ေမာ့ၾကည့္လိုက္တဲ့ အခ်ိန္ စိမ့္ငယ္ကလည္း ေမာ့ၾကည့္လာသည္။သူတို႔ႏွစ္ေယာက္ အၾကည့္ခ်င္းဆုံသြားတဲ့အခ်ိန္ တစ္ေယာက္ကမွ အၾကည့္မလႊဲမိခဲ့ဘူး။

တိတ္ဆိတ္ေနတဲ့  ေလထုနဲ႕အတူ စိမ့္မ်က္ႏွာေပၚမွာ ဝဲက်ေနတဲ့ ဆံပင္ေလးေတြကို ေကာင္းကင္ နား႐ြက္ၾကားထဲသို႔ ဖိညွပ္ေပးလိုက္သည္။ဆံႏြယ္ေပၚက ပန္ဆင္ထားသည့္ သနပ္ခါးပန္း ခတ္ေလးရဲ႕ ရနံ႕ေလးဟာ ေကာင္းကင္ ႏွာေခါင္းထဲ ေဝ့တတ္လာသည္။

ေဘးနားရွိ အိပ္ေနသည့္ ဟိန္းဇက္ ရဲ႕ ေဟာက္သံတိုးတိုးေလးထြက္လာတဲ့အခ်ိန္ စိမ့္က အသိဝင္လာဟန္နဲ႕ အၾကည့္လႊဲသြားေလသည္။ လမင္းကလည္း ေဟာက္ေနသည့္ ဟိန္းဇက္ကို မ်က္လုံးေတာက္ေတာက္ မ်ားႏွင့္  ၿပဳံးကာၾကည့္ေနဆဲ ပင္

ေကာင္းကင္ ထိုျမင္ကြင္းကိုလည္းသတိျပဳလိုက္မိသည္၊

"ဟိန္းဇက္...."

"ထားလိုက္ပါ သူအိပ္ပါေစ"

အိပ္ေနသည္ကို ဘယ္သူ႕မွ မျမင္ေအာင္ လမင္းက စာအုပ္ကေလးအား ျပန္ေထာင္ေပးထားေလသည္။ေကာင္းကင္လဲ စိတ္ထဲ တစ္မ်ိဳးျဖစ္သြားရပါသည္။

စာရွင္းျပေနတုန္းမွာပဲ ဟိန္းဇက္ နိုးလာသည္။ တစ္ဖက္ကိုၾကည့္ၿပီး စူပုတ္ပုတ္မ်က္ႏွာထားနဲ႕ မတ္တပ္ ထရပ္ရင္း

"Toilet ခဏသြားအုံးမယ္ "

"အင္း ဖုန္းယူသြား မီးပ်က္သြားမွာစိုးလို႔ "

"မင္း.....! ေပါက္ကရမေျပာနဲ႕"

စာအုပ္ကိုဆြဲမၿပီး ရိုက္ဖို႔႐ြယ္လိုက္သည္။ ေခြးသားေလး ဒါကိုပဲ လာေျခာက္ေနတာ ။အေမွာင္ထဲမွာေၾကာက္တတ္တာ သူရယ္ ဝင္းကိုရယ္ပဲသိတာ တကယ္လို႔မီးပ်က္သြားရင္ သူတို႔ႏွစ္ေယာက္ကအၿမဲ သူ႕ဆီေရာက္ေရာက္လာေပးေနၾက။ ဟိန္းဇက္က အေမွာင္ခန္းထဲပိတ္မိခံရမွာ သိပ္ေၾကာက္သည္။ဟိုးငယ္ငယ္က သူတို႔သူငယ္ခ်င္းသုံးေယာက္ ထိုသို႔ပဲ ပိတ္မိဖူးတယ္။အဲ့အခ်ိန္တုန္းက ဟိန္းဇက္ တကယ္ကို လန့္ဖ်ား ဖ်ားသြား တာ။တစ္လေလာက္ထိ ကုယူလိုက္ရတာ အဲ့အခ်ိန္ကတည္းက ဟိန္းဇက္ကို သူတို႔သူငယ္ခ်င္းေတြ အရိပ္တၾကည့္ၾကည့္ျဖင့္။သူၾသသီေရာက္သြားတုန္းက ဝင္းကိုက သူ႕ကိုေစာက္ေရွာက္တယ္ အခုဝင္းကို မရွိေတာ့ ေကာင္းကင္ကေစာင့္ေရွာက္ေပးတယ္ေလ။ သူတို႔သုံးေယာက္ေတာ့ တကယ္ခ်စ္ၾကတာ။

ဖုန္းကိုေဘာင္းဘီအိတ္ထဲထည့္ၿပီး Toilet ဘက္ကို ေျပးလာခဲ့သည္။ေက်ာင္းက မီး ပ်က္ေလ့ပ်က္ထမရွိပါဘူး ဒါကေၾကာက္စရာမွ မလိုဘဲေလ

ဟိန္းဇက္ ကိစၥၿပီးတဲ့ အခ်ိန္ ေဘစင္မွာ လက္ေဆးေနရင္း မွန္ၾကည့္ကာ ရွိုးထုတ္ေနသည္။ဒီေန႕က်မွ လူတစ္ေယာက္မွ မရွိဘူးေလ စာၾကည့္တိုက္က သန့္စင္ခန္းက လူရွင္းသား။ လက္ေဆးၿပီး လက္အေျခာက္ခံစက္ထဲထည့္ထားၿပီး လမင္းအေၾကာင္းေတြးလိုက္မိသည္။ ဒါေပမဲ့ ဒီေန႕ေတာ့ မေတြးခ်င္ေသးဘူး ေခြးသားေလးကိုစိတ္ဆိုးေနတာ
ဟြန့္.......!

"ဖ်က္....ဖ်က္....."

မီီးေခ်ာင္းေတြ အကုန္ ေလွ်ာ့ဝင္သြားပုံရသည္။ခဏေလးအတြင္း မီးေတြ အကုန္အေမွာင္က်ကဳန္သည္။ဟိန္းဇက္ ထိုေနရာမွာ ျပဴးေၾကာင္ေၾကာင္ ကေလူၿငိမ္သက္မိသြားတယ္။ ၿပီးေတာ့ သူ႕ဒူးေတြကတုန္ရီေနၿပီ ထိုေနရာကေန နည္းနည္း ေလးမွ လႈပ္နိုင္စြမ္းမရွိခဲ့ဘူး

......

စာၾကည့္တိုက္တစ္ခုလုံး ေမွာင္သြားတဲ့ အခ်ိန္ တာဝန္ရွိသူေတြက ျပန္ျပင္ဖို႔ အလုပ္စတင္ရႈပ္ေနၾကၿပီ။တစ္ခ်ိဳ႕လည္း ဖုန္းမီးထြန္းကာစာၾကည့္တိုက္ထဲကထြက္သြားၾကၿပီ။အသိထဲဝင္လာသူက ဟိန္းဇက္ပင္ အခုေလးတင္သတိေပးလိုက္တယ္အခုေလးတင္ ခ်က္ခ်င္း ထၿပီး မီးေလွ်ာ့ျဖစ္တယ္။ ဝုန္းကနည္း ခုံေပၚကေနထၿပီး သူသန့္စင္ခန္းရွိရာကိုေျပးလာေတာ့ ဝိုင္းလမင္းေမာင္က ပါေျပးလိုက္လာတာကိုသတိထားမိလိုက္တယ္။ဒါေပမဲ့ သူ႕စိတ္ထဲမွာ ဟိန္းဇက္ အတြက္ေတြးေနမိသည္။

သန့္စင္ခန္းတံခါးကိုဖြင့္လိုက္ၿပီး လက္ထဲကဖုန္းမီးနဲ႕ ထိုးၾကည့္ေတာ့ ေဘစင္ေဘးမွာ ကိုယ္ေလးကိုက်ဳံးၿပီး လက္ေတြၾကားေခါင္းေလးတိုးဝင္ကာ  ၿငိမ္သက္ေနတဲ့ ဟိန္းဇက္ကိုေတြ႕လိုက္ရသည္။

"ဟိန္းဇက္"

ေကာင္းကင္အသံၾကားေတာ့ မ်က္ရည္ေတြနဲ႕ေမာ့ၾကည့္ရွာသည္။

ေကာင္းကင္ တြဲထူေပးဖို႔ရွိေသးသည္ ေဘးနားကလိုက္ပါလာသည့္ လမင္းေမာင္က ေပြ႕ခ်ီလိုက္ေလသည္။

"ဟင္....? မလိုဘူး ျပန္ခ်ေပး"

"ေၾကာက္ေနတာမလား ရင္ခြင္ထဲ မွာ ခဏပုန္းေန စိတ္ၿငိမ္ေဆးေသာက္ဖို႔ ေဆးခန္းလိုက္ပို႔ေပးမယ္ ၿငိမ္ၿငိမ္ေလးလိုက္ခဲ့ေပး"

"လႊတ္ေပး"

ဟိန္းဇက္႐ုန္းေတာ့ ေကာင္းကင္ ေမာင့္လက္ေမာင္းကိုဖမ္းဆြဲလိုက္တယ္။ေကာင္းကင္ အေၾကာင္းကို သိတာမို႔ သူဆက္မ႐ုန္းဘဲ

"ေကာင္းကင္ ငါေဆးခန္းလိုက္သြားလိုက္မယ္ မင္း မင္းမယားေလးဆီသြားေလ "

"ေသခ်ာလား ငါမရွိလို႔ျဖစ္တာ ေသခ်ာလား ေဟ့ေကာင္"

"အခုခဏေတာ့ ေသခ်ာတယ္"

ေဖ်ာ့ေတာ့ေနတဲ့ အသံေလးနဲ႕ေျပာလိုက္ေတာ့ေကာင္းကင္ကဘာမွ ဆက္မေျပာေတာ့ဘဲ ထြက္သြားသည္။ေမာင္ကလည္းသူ႕ကိုေပြ႕လွ်က္သား ေက်ာင္းေဆးခန္းထိ တကယ္ပင္ေခၚလာတာျဖစ္သည္။

"အဆင္ေျပလား ခင္ဗ်ား"

"ေျပပါတယ္ ငါကအလင္းေရာင္ျမင္ရရင္ စိတ္ျပန္ၿငိမ္တယ္"

"....."

                                ••••
                 
"ကိုဟိန္းဇက္ အဆင္ေျပရဲ႕လား"

"ေျပပါတယ္ ေက်ာင္းေဆးခန္းကို သြားၾကတယ္ စိမ့္ငယ္ စာရၿပီလား"

"ဟုတ္ကိုထက္ အာ.... Tuto ခ်ိန္ေတာင္နီးေနၿပီ"

" သြားေျဖေတာ့ေလ ကိုယ္လည္း အတန္းသြားတတ္အုံးမယ္"

....

အတန္းခ်ိန္ၿပီးေတာ့မွာမို႔ ေကာင္းကင္  စိမ့္တို႔ဌာန ‌ေရွ႕မွာေစာင့္ေနေပးလိုက္သည္။ တစ္နာရီေလာက္အၾကာ စိမ့္ငယ္ထြက္လာၿပီး မနက္က Tuto အေျခအေနအား အားတတ္သေရာ လက္မေလးေထာင္ျပသည္။

" ကိုကို....ကိုထက္....ဟို ....sorry ေနာ္ လွ်ာလိပ္သြားတာ"

"အဲ့တာဆို ကိုယ္ကအၿမဲ လွ်ာလိပ္ေစခ်င္ေနၿပီ"

ေကာင္းကင္ထက္ယံ ၏ စကားေၾကာင့္စိမ့္ သူမသိေအာင္ခပ္ဖြဖြေလးၿပဳံးလိုက္မိသည္။ေျခတစ္လွမ္းတို႔မို႔ ျမန္ေနမလားလို႔ သူေတြးပူေနခဲ့ေပမဲ့ ေတာ္ေတာ္ေလးအဆင္ေျပသြား
‌ေၾကာင္းကို အခုေတာ့သိလိုက္ရၿပီ။ထို႔ေနာက္ စိမ့္ ေခါင္း ေလးငုံ႕ထားေပမဲ့ မ်က္လုံးေလးလွန္ကာ ၾကည့္လိုက္သည္။ ၿပီးေတာ့ ႏႈတ္ခမ္းေလးတြန့္႐ုံေလးၿပဳံးျပလိုက္သည္။

"ဒါဆို "

"ကိုကို"

"ဗ်ာ...စိမ့္ငယ္"

"ဟို.....ဟို.....ကားဘယ္မွာရပ္ထားတာလဲ"

ေခါင္းကို ခပ္ဖြဖြေလးကုပ္ၿပီး စကားလမ္းေၾကာင္းလႊဲသည္။ရွက္ရဲရဲအျပဳသေဘာကိုေဆာင္ရင္းေပါ့။လိုခ်င္တာကိုရဖို႔ မသတီတာေတြပိုလည္းရင္ဆိုက္ရမည္မဟုတ္လား

ေႏြးေထြးမႈေတြ ၊ ၾကင္နာမႈေတြ အႀကိမ္ႀကိမ္ေပးၿပီး ႏွစ္သိမ့္ေပးလာေတာ့ စိမ့္ရဲ႕ အေတြးထံ ေအာင္နိုင္ျခင္းလို႔သတ္မွတ္မိသည္။မဓိကအခ်က္က စိမ့္အေပၚ ေပ်ာ္ဝင္လာဖို႔ပဲမဟုတ္လား။

ကားေပၚ တတ္လိုက္ကို Lover seat မွာထိုင္လိုက္သည္။belt ပတ္လိုက္ၿပီး ျပတင္းမွန္ကိုသာ အၾကည့္ပို႔ထားမိျပန္သည္။အေတြးေတြထဲနစ္ေျမာေနရင္း သူဒီလိုႏႈန္းနဲ႕ပဲ ေျခတစ္လွမ္း တိုးသြားရင္ လိုခ်င္တဲ့အရာတစ္ခုက သိပ္ေတာ့မေဝးေတာ့ပါ။

" မရွက္ပါနဲ႕ ကိုယ္တို႔က ေစ့စပ္ၿပီးၾကၿပီေလ"

စိမ့္ကဘာကို ရွက္ရမွာလဲ?

"ဟို...."

"ရပါတယ္ ကိုယ္ဖိအားမေပးပါဘူး စိမ့္ငယ္ အဆင္ေျပမွ ေခၚပါ"

"ေျပပါတယ္"

ကိုကိုလို႔ေခၚသည့္ကိစၥကိုေျပာေနမွန္း အခုမွသေဘာေပါက္သည္။ဒီနာမ္စားေလးနဲ႕ စိမ့္ကရွက္ရမယ္ ? အရင္တုန္းကသိပ္ေပ်ာ့ညံ့တတ္တဲ့ စိမ့္သာဆိုရင္ ေတာ့ တကယ္ရွက္ေနမွာေသခ်ာပါတယ္

"ကိုယ္ မင္းမိဘေတြကို Dinner ဖိတ္ထားတယ္ မင္းကိုပါေခၚလာဖို႔ေတာင္းဆိုလိုက္မိတယ္အခု မင္းကိုခြင့္ျပဳခ်က္ေတာင္းတာပါ မလာခ်င္ရင္ အတင္းဖိအားမေပးပါဘူး ကိုယ္နားလည္ပါတယ္"

"ရပါတယ္ ေဖေဖတို႔ ပါတယ္ဆိုေတာ့ စိမ့္လိုက္ခဲ့ပါ့မယ္"

"ကိုယ္မင္းအတြက္ Outfit နဲ႕ လိုအပ္တာေတြအကုန္ပို႔ေပးထားတယ္ မင္းႀကိဳက္မွာပါ"

"ဟုတ္"

အားလုံးစီစဥ္ၿပီးကာမွ  အတင္းဖိအားမေပးပါဘူးဆိုတဲ့စကားက ရယ္စရာေကာင္းမေနဘူးလား။ စိမ့္မေနနဲ႕ ေဖေဖ နဲ႕ ေမေမကို မလြန္ဆန္တတ္မွန္း သိလို႔ကို ႀကိဳတက္ႀကံစည္ထားတာႀကီးကေပၚလြင္ေနတာပဲေလ။ ေကာင္းကင္ထက္ယံဟာ ဘယ္လိုေျပာင္လိမ္ေျပာင္စားေကာင္စားလဲ။စိမ့္ အေနနဲ႕ သူ႕ရဲ႕ေကာင္းကြက္ကို ေတြးၾကည့္ေပးခ်င္ရင္ေတာင္ ေကာင္းကင္ထက္ယံ ဆိုတဲ့လူက အပုပ္အပြထက္ပိုမလာနိုင္ဘူး။

ၿခံေရွ႕ကိုေရာက္ေတာ့ သူကအိမ္ထဲထိမဝင္ေတာ့ဘဲၿခံေရွ႕မွာသာကားရပ္ေပးသည္။စိမ့္ၿခံတံခါးနားေရာက္ေတာ့သူက စိမ့္ကိုလွမ္းေခၚကာ

"စိမ့္ငယ္"

"ရွင္..."

"ကိုယ္မင္းကို ခ်စ္တယ္ေနာ္"

ထိုအခိုက္အတန့္ေလးဟာ သူ႕အတြက္ သိပ္ကိုလွပေနတာထင္ပါရဲ႕။ စိမ့္သူ႕ကို ခပ္ဖြဖြေလးသာၿပဳံးျပရင္း လွည့္ထြက္လာခဲ့သည္။အိမ္ခန္းထဲေရာက္ရင္ေတာ့ ငါ့တစ္ကိုယ္လုံး ေရေႏြးစိမ္ဖို႔လိုေနၿပီထင္တယ္

@Period-K

1st ver တုန္းကသူတို႔ေတြက ရည္းစားေတြျဖစ္မလိုျဖစ္ေနပါၿပီ

အခု ver ကေတာ့ ထရိုမာရေနတဲ့ စိမ့္ဟာ ေကာင္းကင္ကို ကလဲ့စားေခ်ခ်င္ ႐ုံကလြဲၿပီးဘာအေတြးမွမရွိပါဘူး ။ေကာင္းကင္ထက္ယံကို ႐ြံလို႔ေကာင္းေနဆဲပါ

အခုေတြ႕ျမင္ရမွာကေတာ့သိပ္ေၾကာက္႐ြံ႕တတ္တဲ့ စိမ့္ဝတီဟာ သိပ္ကိုသန္မာတဲ့ စိမ့္ဘုန္းျမတ္ျဖစ္လာမွာပါ

Noted....SC ျဖစ္ၾကတဲ့ ဝိုင္းလမင္းေမာင္နဲ႕ ဟိန္းဇက္ အခန္းေတြ ေတာ္ေတာ္မ်ားမ်ားျဖတ္ေတာက္ထားပါတယ္။ စိတ္ေတာ့မပူပါနဲ႕ သူတို႔ကိုတျခားေခါင္းစဥ္နဲ႕ခြဲထုတ္ၿပီးေရးထားတာလည္းရွိပါတယ္ အဲ့တာေၾကာင့္ I AM NOT GIRL ၿပီးသြားရင္ ဖတ္ရမွာပါ ခင္ဗ်ာ

Continue Reading

You'll Also Like

34.9K 1.6K 45
ငါ့နာမည်က နေထက်မြတ်သူကွ ဘယ်ကောင်ကိုမှမကြောက်သလိုဂရုလဲမစိုက်ဘူး အလှလေးကလှလိုက်တာကွာ ကိုယ့်ကိုမင်းအနားမှာခစားခွင့်ပြုပါနော် ...
DAYS By .

Fanfiction

38.6K 3.4K 8
Marriage Life with Oh Se Hun. SEKAI FANFICTION SHORT STORY. M-PREG
522K 34.2K 33
Mahar Myat Thwin Satt Thway Thit Photo Crd. - Pinterest original artist 9th Creation Start Date : June 24, 2022 End Date : July 21, 2022 ABO Type လ...
946K 2.1K 1
"ငါ့...မိဘတွေကိုသတ်ခဲ့တဲ့....မင်းအဖေကိုလည်းမုန်းတယ်...သူ့သားဖြစ်တဲ့မင်းကိုလည်း သေလောက်အောင်မုန်းတယ်..." ထွဋ်ဝေယံဦ...