..[ U ]
မုဝမ်ရန်က ပြုံးပြီး စာအိတ်နီလေးကိုလက်ခံ
လိုက်တယ်၊
"ကျေးဇူးတင်ပါတယ်"
"ကျွန်တော့်ကို အားနာ နေပြန်ပြီ"
လုကျားခေါင်းလေးမော့ပြီး အချိုသာဆုံး ပြုံး
ပြလာတဲ့အခါ သစ်တော်သီး ပါးစုန့်လေးတွေပင် ထွက်ပေါ်လာတယ်။
မုဝမ်ရန်တစ်ယောက် သူ့ကိုယ်သူပင် ဘာကို ဂုဏ်ယူနေမှန်း မသိနိုင်လျက် မျက်လုံးတွေပင် မသိစိတ်ဖြင့် နူးညံ့စွာ ပြုံးနေမိတယ်၊
မုဝမ်ရန်တခြားသူတွေကို နူးညံ့စွာ ဆက်ဆံခြင်းအား မုဝမ်ချန်း ပထမဆုံး အကြိမ် အဖြစ် မြင်လိုက်ရတာမို့ လုကျားကို ပင် ထပ်မကြည့်မိဘဲ မနေနိုင်ခဲ့ဘူး။
သူက နိုင်ငံခြားမှာပဲ တစ်နှစ်ပတ်လုံးနေခဲ့သူမို့
လုကျားရဲ့ အသက်ကို ချက်ခြင်း မဆုံးဖြတ်နိုင်ခဲ့ဘူး၊ သူသိတာတစ်ခုက ဒီကလေးလေး
က အတော်လေး ကြည့်ကောင်းတယ်၊ ထို သို့သော ပုံစံလေးက မုဝမ်ရန်နဲ့ သူငယ်ချင်း ဖြစ်လာခြင်းအားသူစိတ်ကူးရခက်နေတယ်။
မုဝမ်ရန်ကလည်း သူ့ အကြည့်တွေကို
သတိပြုမိပြီး သူ့ကို သတိပေးသလို ကြည့်လာတယ်။
မုဝမ်ချန်း ပါးစပ်ထောင့်လေးတွေပင် တွန့်ကွေးသည်အထိ ပြုံးလိုက်မိတယ်၊ ကလေးကို ကြည့်တဲ့ သူ့ ညီရဲ့ မျက်လုံးတွေက ထူးဆန်း နေတယ်။
လုကျားက ခဏလောက်နေပြီး ပြန်ဖို့ ပြင်တယ်၊ နှစ်သစ်ကူးပြီး တပတ်ကြာသည်
အထိ ထပ်မလာတော့ဘူး။သို့ပေမယ့်
တပတ်ပြည့်တဲ့ နေ့ မနက်စောစောတွင်
မုအိမ်တံခါးဝ၌ တံခါးဘဲလ်သံမြည်လာတယ်။ဒီတကြိမ်တွင် မုဝမ်ချန်း တံခါးသွားဖွင့်ပေးလိုက်တယ်၊ လုကျားသူ့ကို မြင်ပြီး
ပထမဆုံး ပေါ်လာတဲ့ အတွေးက ...
သူက ဘာလို့ ဒီမှာရှိနေသေးတာလဲ?
မုဝမ်ချန်းလည်း အံ့အားသင့်မှုနှင့် အတူ
ဝမ်းသာအားရပြောလာတယ်၊
" မုဝမ်ရန်ဆီလာတာလား? အထဲကိုဝင်လေ"
လုကျား ချီတုံချတုံဖြင့် ခေါင်းညိတ်ပြလိုက်တယ်။ ဘာလို့ မုဝမ်ချန်း သူ့ကို ဖက်လှဲ တကင်းရှိနေတယ်ဆိုတာကိုနားမလည်နိုင်ဘူး ၊
သူလှေကားပေါ်တက်ရင်း မုဝမ်ချန်းက
မေးလာတယ်၊
"ငါမင်းကိုမေးခွန်းတစ်ခုလောက်မေးလို့ရမလား?"
"ဟမ်?"
"မင်း သူနဲ့ ဘယ်လို တွေ့တာလဲ?"
လုကျား မျက်မှောင်ကြုတ်ပြီး မုဝမ်ချန်းကို ပြောမပြချင်ဘူး၊ သူမပြောခင်မှာပဲသူ့ အနောက်မှ အသံထွက်လာတယ်၊မုဝမ်ရန်
ထအော်လာခြင်းပင်။
"မုဝမ်ချန်း"
လုကျား ဘယ်ညာကြည့်လိုက်ပေမယ့်
ဘယ်သူ့ကိုမှမတွေ့ရဘူး။
လုကျားဘက်က ကြည့်မယ်ဆိုပါကမမြင်နိုင် ပေမယ့် မုဝမ်ချန်းဘက်မှ ကြည့်ပါကမုဝမ်ရန်ရဲ့အေးစက်ပြီးနွေးထွေးမှုကင်းမဲ့နေတဲ့
အကြည့်တွေကို အသေအချာရှင်းလင်းစွာ
ပင် မြင်နိုင်တယ်။
မုဝမ်ချန်း ပြုံး ပြီး အနောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်ကာ ခေါင်းမော့ပြီးပြော
လာတယ်၊
" ကောင်းပါပြီ..ငါမမေးတော့ပါဘူး...ငါကိုအဲ့လိုချည်း မကြည့်စမ်းပါနဲ့ ၊ကြောက်စရာကြီး"
လုကျား အခန်းထဲသို့ ဝင်လာပြီးနောက်
သူ့ကျောပိုးအိတ်ထဲမှအိမ်စာစာအုပ်တွေကို
ထုတ်ပြီးချိန်ထိ မုဝမ်ရန် စကားမပြောသေးဘူး၊အဲ့ဒီနောက်မှ မုဝမ်ရန် မေးလာတယ်၊
"ဘာတွေရေးစရာရှိလို့လဲ?"
"ကိုကို ဘာလို့ဒီလောက်တောင်စိတ်ဆိုးနေတာလဲ?"
မုဝမ်ရန် လုကျားကို ကြည့်ပြီးနောက် ခေါင်းငုံ့သွားတယ်၊
"ကိုယ် စိတ်မဆိုးပါဘူး"
အမှန်တကယ်တော့,မုဝမ်ချန် တမင်တကာပင်လုကျားကို ချဥ်းကပ်ဖို့ ကြိုးစားနေတာကို သူစိတ်ဆိုးနေမိတယ်။
လုကျားကလည်း ထုံးစံအတိုင်းသူ့စကားကို
မယုံကြည်ခဲ့ဘူး။
သူတို့နှစ်ယောက်တခဏမျှ တိတ်ဆိတ်နေမိတယ်၊
ခဏအကြာတွင်, လုကျားက ချီတုံချတုံဖြင့်,
"ကိုကို့ညီကို ကိုကို သဘောမကျဘူးလား?"
မုဝမ်ရန် ခေါင်းခါပြလိုက်တယ်၊
လုကျားဆက်ပြောလိုက်တယ်၊
" သူ့ကို မုန်းလား?"
မုဝမ်ရန် ခေါင်းခါပြလိုက်တယ်၊
"သူပြန်လာတာကို ကိုကိုစိတ်မချမ်းသာ
ဘူးလား?"
"မဟုတ်ဘူး...မင်းအတွေးလွန်နေပြီ"
လုကျားမုဝမ်ရန်ဘေးတွင်ထိုင်ပြီး သက်ပြင်းချလိုက်မိတယ်၊
"ဟန်မဆောင်ပါနဲ့..ကိုကို စိတ်မချမ်းသာဘူးဆိုတာကို ကျွန်တော်သိတယ်"
မုဝမ်ရန် သူ့ကို လှည့်ကြည့်လာတယ်။
လုကျား က မတင်မကျဖြင့် ထပ်မေးလာတယ်၊
"ဟုတ်ပါပြီ, ဟုတ်ပါတယ်နော်?အား...ကျွန်တော်သိပြီ, ကိုကို သူ့ကို မနာလို ဖြစ်နေတာလား? ကိုကို့အမေက သူ့ကို ခေါ်သွားတယ်...ဒါပေမယ့် ...ဒါပေမယ့်"
လုကျား ကသူ့ကို အကောင်းဆုံး နှစ်သိမ့်နိုင်ဖို့ ကြိုးစားနေတယ်၊
" ကိုကို့မှာ ကျွန်တော်ရှိတယ်လေ! ကျွန်တော်ရှိတာနဲ့ မလုံလောက်ဘူးလား!"
ထို စကားကို ပြောလိုက်ပေမယ့် မသင့်လျော်သလို ခံစားရတယ်၊
" ဒါပေမယ့် ဒါကမလုံလောက်လောက်ဘူးလေ...ဒါက...အတူတူ နေချင်တာမလား?"
မုဝမ်ရန် လုကျားရဲ့ ပခုံးလေးကို မှီလိုက်တယ်၊ လုကျားကတော့ သူဝမ်းနည်းနေပြီလို့ တွေးနေလောက်တယ်၊ဒါပေမယ့် လုကျား တစ်ယောက် မုဝမ်ရန် ..လူဆိုးကြီး ကအမှန် တကယ်ပင် ရယ်မောနေတာကို တွေ့ရပြီး
သူ့ ပခုံးတွေပင်လှုပ်ခါသွားတယ်။
လုကျား မုဝမ်ရန်ကို အဝေးသို့ တွန်းထုတ်လိုက်တယ်၊
"ကိုကို အဲ့ဒါ ဘာလုပ်တာလဲ?"
မုဝမ်ရန်ချောင်းတချက်ဟန့်ပြီး ပြုံးပြလာတယ်၊
" ကိုယ်တောင်းပန်ပါတယ်"
"ဘာမှမပြောနဲ့တော့, ကိုကိုကနာကျင်စရာ တွေကို အပြုံးနဲ့ ဖုံးကွယ်ထားလေ့ရှိတာကို
ကျွန်တော်သိတယ်, အမှန်တကယ်တော့
ကိုကို ဝမ်းနည်းနေတယ်"
"ဒီလိုပါပဲ"
"...ကိုကိုကလေ မုန်းစရာကြီး...မရယ်နဲ့တော့,
ဟိုဘက်လှည့်နေ, ရယ်ရင်ကျွန်တော့်ကို
မကြည့်နဲ့!"
လုကျား မုဝမ်ရန်ကို တွန်းထုတ်လိုက်တယ်၊
"မဟုတ်ဘူးဆိုရင် အကြောင်းရင်းကဘာလဲ?"
" ပြောပြရမလား?"
လုကျားရဲ့ တောက်ပနေတဲ့ မျက်လုံးလေးတွေနဲ့ တဝက်တပျက်ပေါ်ထွက်နေတဲ့ သွားဖြူလေးတွေ၊သွားလေးတွေကြားမှ လျှာရဲရဲလေး ၊မျက်လုံးတွေထဲမှ သူ့အတွက် စိုးရိမ် ပူပန်နေမှုတွေနဲ့ နှစ်သိမ့်မှုလေးတွေကို
သူတွေ့နေရတယ်၊ဒီစိုးရိမ်မှုလေးတွေနဲ့
ထို အရာလေးတွေအလုံးစုံအကုန်လုံးကို
သူတစ်ယောက်တည်းပဲပိုင်ဆိုင်ချင်နေမိတယ်။
မုဝမ်ရန် လုကျားလေးကို မည်သူနှင့်မှမမျှဝေနိုင်သလို လုကျားက သူ့ရဲ့ ပျင်းရိငြီးငွေ့ စရာကောင်းတဲ့ ဘဝအတွက်တော့ တစ်ခုတည်းသော အလင်းတန်းလေး တစ်ခုပဲ။
"ပြောပြလို့ မရဘူးလား?"
လုကျား မေးလာတယ်၊
မုဝမ်ရန် ခေါင်းခါပြီး ရယ်မောရင်း,
" ပြောပြလို့ မရဘူး"
လုကျားကို ဖုံးကွယ်ထားချင်ပြီး နူးညံ့ သိမ်မွေ့ ပြချင်တယ်။
'ဟမ်...လူဆိုးကြီး "
ထို့နောက် ချွီယွီနဲ့ မုကျန်ချန်းတို့လည်း အကြိမ်များစွာ ထပ်တွေ့ဖြစ်ကြတယ်။
သူတို့ နှစ်ယောက် မှာဘာမှပြောစရာမရှိဘူး၊
ကလေးတွေအကြောင်း ပြောတဲ့အခါတိုင်း,
စကားများလေ့ရှိကြပြီး တစ်ယောက်နဲ့
တစ်ယောက်ရှောင်နေကြတယ်။
နောက်ရက်အနည်းငယ်အကြာတွင်,
ချွီယွီနဲ့ မုဝမ်ချန်းတို့က သူတို့ ရဲ့အထုပ်
အပိုးတွေကို ပြင်ဆင်ပြီးနိုင်ငံခြားသို့ပြန်ရန်
ပြင်ကြတယ်။
ရာသီဥတုကလည်းသာယာနေတာမို့ လေဆိပ်ဆီသို့လိုက်ပို့ ဖြစ်ကြတယ်၊
လက်မှတ်စစ်ဆေးတဲ့ဂိတ်သို့ရောက်တဲ့အခါ
မုဝမ်ချန်းက နောက်ပြောင်လာတယ်၊
" ငါတို့ ပြန်တော့မယ်, မင်းငါ့ကို ဘာမှ ပြောဖို့ မရှိဘူးလား?"
"ဂိမ်းတွေ အရမ်းမဆော့နဲ့ ရူးနေဦးမယ်"
"တော်ပြီ..လုံလောက်ပြီ..ငါလုကျားနဲ့
စကားတခွန်းမှ မပြောရလို့ ဂိမ်းကစားနေရတာမဟုတ်ဘူးလား? မင်း မကစားနိုင်လို့
ငါတို့ကိုလည်း ကစားခွင့် မပေးတာမလား?
ငါ့ကို လုကျားနဲ့ မကစားစေချင်တာကို
ဒဲ့မပြောဘူး၊ ဒါနဲ့များ လုကျားနဲ့ ကစားတယ်လို့ပြောနေသေးတယ်။ မင်းက လေ တကယ့်
ကြောင်သူတော်ကောင်"
မုဝမ်ရန်က မုဝမ်ချန်း ပါးစပ်ကို လှမ်းပိတ်ပြီး,
"သွားပါတော့"
"...."
ဝိဇ္ဇာ နဲ့ သိပ္ပံတွေ အကုန်လုံးက ဒုတိယနှစ်တွင် အတန်းတူတူ မို့ လုကျားနဲ့ ပိုင်ရီတို့က အတန်း တူကြတယ်၊ အရင်ကတော့ သိပ်ပြီး မသိသာပေမယ့် လုကျားထက် ပိုင်ရီကပို၍ ရင့်ကျက် လာတာကို တွေ့နိုင်ပြီး ရည်းစားလည်း မရှိတော့ဘူး၊ အရင်လို စကားတွေလည်း အများကြီး မပြောတော့ဘဲ အေးစက်စက်ပုံစံ ဖြစ်သွားတယ်၊ အသိမိတ်ဆွေတွေ အပေါ်မှာတော့ အရင်လိုသာဆက်ဆံမြဲရှိနေတယ်။
ကျောင်းစတက်ပြီး နှစ်လအကြာတွင်,
ဖန်းယွီကန်က သူ့ချစ်သူနှင့် လမ်းခွဲလိုက်တာမို့ သူငယ်ချင်းတွေနဲ့အလွန်အကျွံသောက်ကြတယ် ၊ထိုအချိန်ပိုင်ရီဆီကိုဖုန်းခေါ်လာတယ်၊
လုကျား အတော်လေးအံ့အားသင့်သွားတယ်၊
"မဟုတ်ဘူးလေ..တကယ်ဆို သူ့ကောင်လေးဆီ ဆက်သင့်တာမလား?"
ပိုင်ရီက ပခုံးတွန့် ပြတယ်၊
" လမ်းခွဲလိုက်တာမျိုး ဒါမှမဟုတ်ပြတ်ခါနီး
ဖြစ်နေတာနေမှာ, အဲ့ လို အချိန်မှာ,မင်းသူ့ကို သွားကူညီရင် မင်းရည်းစား သဝန်တိုလိမ့်မယ်, နောက်ပြီး..."
"ငါပါအရိုက်ခံရမယ်"
"တော်တယ်!"
"မဖြစ်ဘူး...ငါဒီတိုင်းမထားနိုင်ဘူး"
ဖန်းယွီကန်က အရမ်းမူးနေပြီး လမ်းမပေါ်မှာ ရှိနေတယ်၊ သူ့သူငယ်ချင်းတွေက ပိုင်ရီနဲ့
လုကျားတို့ ကျောင်းအတူတူ ပဲ ဆိုတာကိုသိကြတယ်၊ အခြားသူရဲ့ ဖုန်းကိုလည်း မခေါ်ဝံ့သလို ဖန်းယွီကန်ကိုလည်းတစ်ယောက် တည်း ထားလို့ မရဘူး။
လုကျား လာခဲ့ပေမယ့် ကောင်မလေးကိုမထိဖူး၊သူ့ သူငယ်ချင်းက ,
"နင့်ကို ဒီခေါ်ပြီး ငါတို့ဘယ်နေရာမှာ
သုံးရမလဲ ?ဟမ်?"
"ငါ...ငါလည်း မသိဘူးလေ"
ကောင်မလေးက လုကျားကို ကြည့်ပြီး
ထရယ်လာတယ်၊
လုကျားခေါင်းကုတ်ပြီး ,
" ဒါဆိုလည်း ငါသူ့ကိုမကူညီတော့ဘူး"
ထို အချိန် အနီးဆုံး စားသောက်ဆိုင်ထဲမှ တစ်စုံ တစ်ယောက်ထွက်လာပြီး လုကျားကိုမြင်တဲ့အခါ ပြုံးပြီး ပြောလာတယ်၊
" ဒါကြောင့်ဒီအသံကို ကြားဖူးတယ်လို့
ထင်နေတာ"
19.1.2022
....................................................................
[ Z ]
မုဝမ္ရန္က ၿပဳံးၿပီး စာအိတ္နီေလးကိုလက္ခံ
လိုက္တယ္၊
"ေက်းဇူးတင္ပါတယ္"
"ကြၽန္ေတာ့္ကို အားနာ ေနျပန္ၿပီ"
လုက်ားေခါင္းေလးေမာ့ၿပီး အခ်ိဳသာဆုံး ၿပဳံး
ျပလာတဲ့အခါ သစ္ေတာ္သီး ပါးစုန့္ေလးေတြပင္
ထြက္ေပၚလာတယ္။
မုဝမ္ရန္တစ္ေယာက္ သူ႕ကိုယ္သူပင္ ဘာကို ဂုဏ္ယူေနမွန္း မသိနိုင္လ်က္ မ်က္လုံးေတြပင္ မသိစိတ္ျဖင့္ႏူးညံ့စြာ ၿပဳံးေနမိတယ္၊
မုဝမ္ရန္တျခားသူေတြကို ႏူးညံ့စြာ ဆက္ဆံျခင္းအားမုဝမ္ခ်န္း ပထမဆုံး အႀကိမ္ အျဖစ္ ျမင္လိုက္ရတာမို႔ လုက်ားကို ပင္ ထပ္မၾကည့္မိဘဲ မေနနိုင္ခဲ့ဘူး။
သူက နိုင္ငံျခားမွာပဲ တစ္ႏွစ္ပတ္လုံးေနခဲ့သူမို႔
လုက်ားရဲ႕ အသက္ကို ခ်က္ျခင္း မဆုံးျဖတ္နိုင္ခဲ့ဘူး၊သူသိတာတစ္ခုက ဒီကေလးေလးက အေတာ္ေလး ၾကည့္
ေကာင္းတယ္၊ ထို သို႔ေသာ ပုံစံေလးက မုဝမ္ရန္နဲ႕
သူငယ္ခ်င္း ျဖစ္လာျခင္းအားသူစိတ္ကူးရခက္ေနတယ္။
မုဝမ္ရန္ကလည္း သူ႕ အၾကည့္ေတြကို
သတိျပဳမိၿပီး သူ႕ကို သတိေပးသလို ၾကည့္လာတယ္။
မုဝမ္ခ်န္း ပါးစပ္ေထာင့္ေလးေတြပင္ တြန့္ေကြးသည္အထိ ၿပဳံးလိုက္မိတယ္၊ ကေလးကို ၾကည့္တဲ့ သူ႕ ညီရဲ႕ မ်က္လုံးေတြက ထူးဆန္း ေနတယ္။
လုက်ားက ခဏေလာက္ေနၿပီး ျပန္ဖို႔ ျပင္တယ္၊ ႏွစ္သစ္ကူးၿပီး တပတ္ၾကာသည္အထိ ထပ္မလာေတာ့ဘူး။
သို႔ေပမယ့္ တပတ္ျပည့္တဲ့ ေန႕ မနက္ေစာေစာတြင္
မုအိမ္တံခါးဝ၌ တံခါးဘဲလ္သံျမည္လာတယ္။ဒီတႀကိမ္
တြင္ မုဝမ္ခ်န္း တံခါးသြားဖြင့္ေပးလိုက္တယ္၊ လုက်ားသူ႕ကို ျမင္ၿပီး ပထမဆုံး ေပၚလာတဲ့ အေတြးက ...
သူက ဘာလို႔ ဒီမွာရွိေနေသးတာလဲ?
မုဝမ္ခ်န္းလည္း အံ့အားသင့္မႈႏွင့္ အတူ
ဝမ္းသာအားရေျပာလာတယ္၊
" မုဝမ္ရန္ဆီလာတာလား? အထဲကိုဝင္ေလ"
လုက်ား ခ်ီတုံခ်တဳံျဖင့္ ေခါင္းညိတ္ျပလိုက္တယ္။ ဘာလို႔ မုဝမ္ခ်န္း သူ႕ကို ဖက္လွဲ တကင္းရွိေနတယ္ဆိုတာကိုနားမလည္နိုင္ဘူး ၊
သူေလွကားေပၚတက္ရင္း မုဝမ္ခ်န္းက
ေမးလာတယ္၊
"ငါမင္းကိုေမးခြန္းတစ္ခုေလာက္ေမးလို႔ရမလား?"
"ဟမ္?"
"မင္း သူနဲ႕ ဘယ္လို ေတြ႕တာလဲ?"
လုက်ား မ်က္ေမွာင္ၾကဳတ္ၿပီး မုဝမ္ခ်န္းကို ေျပာမျပခ်င္ဘူး၊ သူမေျပာခင္မွာပဲသူ႕ အေနာက္မွ အသံထြက္လာ
တယ္၊မုဝမ္ရန္ ထေအာ္လာျခင္းပင္။
"မုဝမ္ခ်န္း"
လုက်ား ဘယ္ညာၾကည့္လိုက္ေပမယ့္
ဘယ္သူ႕ကိုမွမေတြ႕ရဘူး။
လုက်ားဘက္က ၾကည့္မယ္ဆိုပါကမျမင္နိုင္ ေပမယ့္ မုဝမ္ခ်န္းဘက္မွ ၾကည့္ပါကမုဝမ္ရန္ရဲ႕ေအးစက္ၿပီးေနြးေထြးမႈကင္းမဲ့ေနတဲ့အၾကည့္ေတြကို အေသအခ်ာရွင္းလင္းစြာ
ပင္ ျမင္နိုင္တယ္။
မုဝမ္ခ်န္း ၿပဳံး ၿပီး အေနာက္သို႔ ေျခလွမ္း အနည္းငယ္
ဆုတ္ကာ ေခါင္းေမာ့ၿပီးေျပာလာတယ္၊
" ေကာင္းပါၿပီ..ငါမေမးေတာ့ပါဘူး...ငါကိုအဲ့လိုခ်ည္း မၾကည့္စမ္းပါနဲ႕ ၊ေၾကာက္စရာႀကီး"
လုက်ား အခန္းထဲသို႔ ဝင္လာၿပီးေနာက္
သူ႕ေက်ာပိုးအိတ္ထဲမွအိမ္စာစာအုပ္ေတြကို
ထုတ္ၿပီးခ်ိန္ထိ မုဝမ္ရန္ စကားမေျပာေသးဘူး၊
အဲ့ဒီေနာက္မွ မုဝမ္ရန္ ေမးလာတယ္၊
"ဘာေတြေရးစရာရွိလို႔လဲ?"
"ကိုကို ဘာလို႔ဒီေလာက္ေတာင္စိတ္ဆိုးေနတာလဲ?"
မုဝမ္ရန္ လုက်ားကို ၾကည့္ၿပီးေနာက္ ေခါင္းငုံ႕သြားတယ္၊
"ကိုယ္ စိတ္မဆိုးပါဘူး"
အမွန္တကယ္ေတာ့,မုဝမ္ခ်န္ တမင္တကာပင္လုက်ားကို ခ်ဥ္းကပ္ဖို႔ ႀကိဳးစားေနတာကို သူစိတ္ဆိုးေနမိတယ္။
လုက်ားကလည္း ထုံးစံအတိုင္းသူ႕စကားကို
မယုံၾကည္ခဲ့ဘူး။
သူတို႔ႏွစ္ေယာက္တခဏမွ် တိတ္ဆိတ္ေနမိတယ္၊
ခဏအၾကာတြင္, လုက်ားက ခ်ီတုံခ်တဳံျဖင့္,
"ကိုကို႔ညီကို ကိုကို သေဘာမက်ဘဴးလား?"
မုဝမ္ရန္ ေခါင္းခါျပလိုက္တယ္၊
လုက်ားဆက္ေျပာလိုက္တယ္၊
" သူ႕ကို မုန္းလား?"
မုဝမ္ရန္ ေခါင္းခါျပလိုက္တယ္၊
"သူျပန္လာတာကို ကိုကိုစိတ္မခ်မ္းသာ
ဘူးလား?"
"မဟုတ္ဘူး...မင္းအေတြးလြန္ေနၿပီ"
လုက်ားမုဝမ္ရန္ေဘးတြင္ထိုင္ၿပီး သက္ျပင္းခ်လိဳက္
မိတယ္၊
"ဟန္မေဆာင္ပါနဲ႕..ကိုကို စိတ္မခ်မ္းသာဘူးဆိုတာကို ကြၽန္ေတာ္သိတယ္"
မုဝမ္ရန္ သူ႕ကို လွည့္ၾကည့္လာတယ္။
လုက်ား က မတင္မက်ျဖင့္ ထပ္ေမးလာတယ္၊
"ဟုတ္ပါၿပီ, ဟုတ္ပါတယ္ေနာ္?အား...ကြၽန္ေတာ္သိၿပီ, ကိုကို သူ႕ကို မနာလို ျဖစ္ေနတာလား? ကိုကို႔အေမက သူ႕ကို ေခၚသြားတယ္...ဒါေပမယ့္ ...ဒါေပမယ့္"
လုက်ား ကသူ႕ကို အေကာင္းဆုံး ႏွစ္သိမ့္နိုင္ဖို႔ ႀကိဳးစားေနတယ္၊
" ကိုကို႔မွာ ကြၽန္ေတာ္ရွိတယ္ေလ! ကြၽန္ေတာ္ရွိတာနဲ႕
မလုံေလာက္ဘူးလား!"
ထို စကားကို ေျပာလိုက္ေပမယ့္ မသင့္ေလ်ာ္သလိုခံစားရတယ္၊
" ဒါေပမယ့္ ဒါကမလုံေလာက္ေလာက္ဘူးေလ... ဒါက...အတူတူ ေနခ်င္တာမလား?"
မုဝမ္ရန္ လုက်ားရဲ႕ ပခုံးေလးကို မွီလိုက္တယ္၊ လုက်ားကေတာ့ သူဝမ္းနည္းေနၿပီလို႔ ေတြးေနေလာက္တယ္၊
ဒါေပမယ့္ လုက်ား တစ္ေယာက္ မုဝမ္ရန္ ..လူဆိုးႀကီး ကအမွန္ တကယ္ပင္ ရယ္ေမာေနတာကို ေတြ႕ရၿပီး
သူ႕ ပခုံးေတြပင္လႈပ္ခါသြားတယ္။
လုက်ား မုဝမ္ရန္ကို အေဝးသို႔ တြန္းထုတ္လိုက္တယ္၊
"ကိုကို အဲ့ဒါ ဘာလုပ္တာလဲ?"
မုဝမ္ရန္ေခ်ာင္းတခ်က္ဟန့္ၿပီး ၿပဳံးျပလာတယ္၊
" ကိုယ္ေတာင္းပန္ပါတယ္"
"ဘာမွမေျပာနဲ႕ေတာ့, ကိုကိုကနာက်င္စရာ ေတြကို အၿပဳံးနဲ႕ ဖုံးကြယ္ထားေလ့ရွိတာကို ကြၽန္ေတာ္သိတယ္, အမွန္တကယ္ေတာ့ကိုကို ဝမ္းနည္းေနတယ္"
"ဒီလိုပါပဲ"
"...ကိုကိုကေလ မုန္းစရာႀကီး...မရယ္နဲ႕ေတာ့,
ဟိုဘက္လွည့္ေန, ရယ္ရင္ကြၽန္ေတာ့္ကို
မၾကည့္နဲ႕!"
လုက်ား မုဝမ္ရန္ကို တြန္းထုတ္လိုက္တယ္၊
"မဟုတ္ဘူးဆိုရင္ အေၾကာင္းရင္းကဘာလဲ?"
" ေျပာျပရမလား?"
လုက်ားရဲ႕ ေတာက္ပေနတဲ့ မ်က္လုံးေလးေတြနဲ႕ တဝက္တပ်က္ေပၚထြက္ေနတဲ့ သြားျဖဴေလးေတြ၊သြားေလး
းေတြၾကားမွ လွ်ာရဲရဲေလး ၊မ်က္လုံးေတြထဲမွ သူ႕အတြက္ စိုးရိမ္ ပူပန္ေနမႈေတြနဲ႕ ႏွစ္သိမ့္မႈေလးေတြကို
သူေတြ႕ေနရတယ္၊ဒီစိုးရိမ္မႈေလးေတြနဲ႕
ထို အရာေလးေတြအလုံးစုံအကုန္လုံးကို
သူတစ္ေယာက္တည္းပဲပိုင္ဆိုင္ခ်င္ေနမိတယ္။
မုဝမ္ရန္ လုက်ားေလးကို မည္သူႏွင့္မွမမွ်ေဝနိုင္သလို
လုက်ားက သူ႕ရဲ႕ ပ်င္းရိၿငီးေငြ႕ စရာေကာင္းတဲ့ဘဝအ
တြက္ေတာ့ တစ္ခုတည္းေသာ အလင္းတန္းေလးတစ္ခုပဲ။
"ေျပာျပလို႔ မရဘူးလား?"
လုက်ား ေမးလာတယ္၊
မုဝမ္ရန္ ေခါင္းခါၿပီး ရယ္ေမာရင္း,
" ေျပာျပလို႔ မရဘူး"
လုက်ားကို ဖုံးကြယ္ထားခ်င္ၿပီး ႏူးညံ့ သိမ္ေမြ႕ ျပခ်င္
တယ္။
'ဟမ္...လူဆိုးႀကီး "
ထို႔ေနာက္ ခြၽီယြီနဲ႕ မုက်န္ခ်န္းတို႔လည္း
အႀကိမ္မ်ားစြာ ထပ္ေတြ႕ျဖစ္ၾကတယ္။
သူတို႔ ႏွစ္ေယာက္ မွာဘာမွေျပာစရာမရွိဘူး၊
ကေလးေတြအေၾကာင္း ေျပာတဲ့အခါတိုင္း,
စကားမ်ားေလ့ရွိၾကၿပီး တစ္ေယာက္နဲ႕
တစ္ေယာက္ေရွာင္ေနၾကတယ္။
ေနာက္ရက္အနည္းငယ္အၾကာတြင္,
ခြၽီယြီနဲ႕ မုဝမ္ခ်န္းတို႔က သူတို႔ ရဲ႕အထုပ္
အပိုးေတြကို ျပင္ဆင္ၿပီးနိုင္ငံျခားသို႔ျပန္ရန္
ျပင္ၾကတယ္။
ရာသီဥတုကလည္းသာယာေနတာမို႔ ေလဆိပ္ဆီသို႔လိုက္ပို႔ ျဖစ္ၾကတယ္၊လက္မွတ္စစ္ေဆးတဲ့ဂိတ္သို႔ေရာက္တဲ့အခါမုဝမ္ခ်န္းက ေနာက္ေျပာင္လာတယ္၊
" ငါတို႔ ျပန္ေတာ့မယ္,မင္းငါ့ကိုဘာမွ ေျပာဖို႔မရွိဘူးလား?"
"ဂိမ္းေတြ အရမ္းမေဆာ့နဲ႕ ႐ူးေနဦးမယ္"
"ေတာ္ၿပီ..လုံေလာက္ၿပီ..ငါလုက်ားနဲ႕
စကားတခြန္းမွ မေျပာရလို႔ ဂိမ္းကစားေနရ
တာမဟုတ္ဘူးလား? မင္း မကစားနိုင္လို႔
ငါတို႔ကိုလည္း ကစားခြင့္ မေပးတာမလား?
ငါ့ကို လုက်ားနဲ႕ မကစားေစခ်င္တာကို
ဒဲ့မေျပာဘူး၊ ဒါနဲ႕မ်ား လုက်ားနဲ႕ ကစားတယ္
လို႔ေျပာေနေသးတယ္။ မင္းက ေလ တကယ့္
ေၾကာင္သူေတာ္ေကာင္"
မုဝမ္ရန္က မုဝမ္ခ်န္း ပါးစပ္ကို လွမ္းပိတ္ၿပီး,
"သြားပါေတာ့"
"...."
ဝိဇၨာ နဲ႕ သိပၸံေတြ အကုန္လုံးက ဒုတိယႏွစ္တြင္ အတန္းတူတူ မို႔ လုက်ားနဲ႕ ပိုင္ရီတို႔က အတန္း တူၾကတယ္၊ အရင္ကေတာ့ သိပ္ၿပီး မသိသာေပမယ့္ လုက်ားထက္ ပိုင္ရီကပို၍ ရင့္က်က္ လာတာကို ေတြ႕နိုင္ၿပီး ရည္းစားလည္း
မရွိေတာ့ဘူး၊ အရင္လို စကားေတြလည္း အမ်ားႀကီး မေျပာေတာ့ဘဲ ေအးစက္စက္ပုံစံ ျဖစ္သြားတယ္၊ အသိ
မိတ္ေဆြေတြ အေပၚမွာေတာ့ အရင္လိုသာဆက္ဆံၿမဲရွိေနတယ္။
ေက်ာင္းစတက္ၿပီး ႏွစ္လအၾကာတြင္, ဖန္းယြီကန္က သူ႕ခ်စ္သူႏွင့္ လမ္းခြဲလိုက္တာမို႔ သူငယ္ခ်င္းေတြနဲ႕အလြန္အကြၽံေသာက္ၾကတယ္ ၊ထိုအခ်ိန္ပိုင္ရီဆီကိုဖုန္းေခၚလာတယ္၊
လုက်ား အေတာ္ေလးအံ့အားသင့္သြားတယ္၊
"မဟုတ္ဘူးေလ..တကယ္ဆို သူ႕ေကာင္ေလးဆီ ဆက္သင့္တာမလား?"
ပိုင္ရီက ပခုံးတြန့္ ျပတယ္၊
" လမ္းခြဲလိုက္တာမ်ိဳး ဒါမွမဟုတ္ျပတ္ခါနီး
ျဖစ္ေနတာေနမွာ, အဲ့ လို အခ်ိန္မွာ,မင္းသူ႕ကို သြားကူညီရင္ မင္းရည္းစား သဝန္တိုလိမ့္မယ္, ေနာက္ၿပီး..."
"ငါပါအရိုက္ခံရမယ္"
"ေတာ္တယ္!"
"မျဖစ္ဘူး...ငါဒီတိုင္းမထားနိုင္ဘူး"
ဖန္းယြီကန္က အရမ္းမူးေနၿပီး လမ္းမေပၚမွာ ရွိေနတယ္၊ သူ႕သူငယ္ခ်င္းေတြက ပိုင္ရီနဲ႕ လုက်ားတို႔ ေက်ာင္းအတူတူ ပဲ ဆိုတာကိုသိၾကတယ္၊ အျခားသူရဲ႕ ဖုန္းကို
လည္း မေခၚဝံ့သလို ဖန္းယြီကန္ကိုလည္းတစ္ေယာက္
တည္း ထားလို႔ မရဘူး။
လုက်ား လာခဲ့ေပမယ့္ ေကာင္မေလးကို မထိဖူး
၊သူ႕ သူငယ္ခ်င္းက ,
"နင့္ကို ဒီေခၚၿပီး ငါတို႔ဘယ္ေနရာမွာ
သုံးရမလဲ ?ဟမ္?"
"ငါ...ငါလည္း မသိဘူးေလ"
ေကာင္မေလးက လုက်ားကို ၾကည့္ၿပီး
ထရယ္လာတယ္၊
လုက်ားေခါင္းကုတ္ၿပီး ,
" ဒါဆိုလည္း ငါသူ႕ကိုမကူညီေတာ့ဘူး"
ထို အခ်ိန္ အနီးဆုံး စားေသာက္ဆိုင္ထဲမွ တစ္စုံ
တစ္ေယာက္ထြက္လာၿပီး လုက်ားကိုျမင္တဲ့အခါ ၿပဳံးၿပီး ေျပာလာတယ္၊
" ဒါေၾကာင့္ဒီအသံကို ၾကားဖူးတယ္လို႔ထင္ေနတာ"
19.1.2022
....................................................................