𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥...

By SuuNanChal

632K 31.4K 2.4K

စိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သ... More

အမှာစာ / အမွာစာ
1
2
3
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
စာပြင်ဖို့/စာျပင္ဖို႔
39
40
41
42
43
Hello
44
45
46
47
48
ဖတ်ပေးကြပါ

4

14K 913 45
By SuuNanChal

Unicode



Club ကနေစိုင်းတို့ သောက်ကြစားကြပြီး အိမ်ပြန်ဖို့အချိန်တန်လာတော့သည် ။ ကောင်းခန့်ကတော့ မူးပြီးရစ်နေတဲ့ဂျိန်းအားတွဲလို့ ပြန်သွားတော့သည် ။

စိုင်း သူ့ကားရှေ့အရောက် ဆေးလိပ်သောက်ဖို့ ဘောင်းဘီအိတ်ကပ်ထဲ နှိုက်ယူလိုက်တော့ ဆေးလိပ်ဗူးအစား အဝါရောင် ပုဝါလေးပါလာ၏ ။

သူပုဝါကိုကြည့်နေရင်း အတွေးထဲပြန်ပေါ်လာတဲ့ မျက်ဝန်းဝိုင်းလေး ။ အပြာရောင်ပင်လယ်ပြင်ကြီးလိုမျိုး အေးမြလန်းဆန်းစေတဲ့ အကြည့်တွေ ။ တစ်ခါပြုံးလိုက်ရင် သူ့အပြုံးကကြယ်တစ်စင်းလို တောက်ပနေပြီး ဖရဲသီးစားရသလို ချိုမြလတ်ဆတ်နေ၏ ။

အလှဆုံး အပြုံးဆိုတာ ဒါမျိုးကိုပြောလေသလား ။
တစ်ရာမှ တစ်ယောက်မရှိဖူးတဲ့ အလှတရားမျိုး....
အလှနတ်ဘုရားလို့တောင် စာပေဖွဲ့ချင်စရာကောင်းသည် ။
နေပူပူအောက် ပွင့်လန်းတောက်ပနေသည့် စံပယ်ပန်းတွေလို ဖြူစင်သန့်ရှင်းလှသည် ။

သူ့အတွေးထဲမှာ ထိုကောင်လေးအား တင်စားဖော်ပြနေမိလိုက်တာ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်မေ့သွားတော့မလိုပင် ။

ငါဘာတွေ ဖြစ်နေပါလိမ့်!

ခေါင်းထဲက မဟုတ်မဟက်အတွေးတွေကို မောင်းထုတ်ပစ်လိုက်ရင်း ကျစ်စုတ်လိုက်သည် ။ ထိုပုဝါကိုပါ အိတ်ကပ်ထဲ ပြန်ထည့်ပစ်လိုက်ပြီး ဆေးလိပ်ဗူးထဲကတစ်လိပ်အား မီးငြှိရျ် တစ်ချက်ဖွာပစ်လိုက်သည် ။

ကားတံခါးကို မှီရပ်ရင်း ဆေးလိပ်ကို ဇိမ်ခံသောက်နေလိုက်သည် ။ အချိန်ရယ်က အတော်လေး ညနက်နေပြီ အိမ်ပြန်ရင်တော့ ဒယ်ဒီက သူ့ကို ဆူပူနေတော့မှာအမှန်ပေ ။ အကြီးရပ်နေပြီးမှ ဆေးလိပ်တိုကိုမြေပိုချလို့ ခြေနဲ့နင်းခဲ့ပြီး အိမ်ကို ပြန်ခဲ့တော်၏ ။

.....................

"မေမေရေ သားကိုဒေါ်လေးသီတာက သူနဲ့ဘုရားမှာ ပန်းရောင်းလိုက်ခဲ့ဖို့ ခေါ်ထားလို့ သားသွားလိုက်အုံးမယ်နော်''

"အေးအေး သားလေး သတိထားသွားအုံး ကြားလားသား''

"ဟုတ်ကဲ့ မေမေ သားသွားပြီ''

မနက်စောစော အဝတ်တွေ ထလျှော်နေတဲ့မေမေကို မြူဒေါင်းကူချင်ပေမဲ့ ဒေါ်သီတာအား ကတိပေးထားပြီးသားဖြစ်နေတော့ ပန်းရောင်းလိုက်ဖို့ကိုပဲ ရွေးလိုက်ရ၏ ။

တစ်လမ်းလုံးကလူတွေက သဘောကောင်းပြီး ကူညီတတ်လွန်းတဲ့ မြူဒေါင်းကိုခင်တွယ်ကြသည်မို့ လမ်းမှာတွေ့သမျှလူတိုင်းက နှုတ်ဆက်နေကြသည် ။ မြူလည်း ဘေးလွယ်အိတ်ကို လွယ်ရင်း ခုန်းပေါက်ပြီး လျှောက်နေလိုက်တာ ပန်းစိုက်ခင်းကြီးရှိတဲ့ ဒေါ်သီတာတို့အိမ်ကို ရောက်လာတော့၏ ။

"ဟဲ့....မြူဒေါင်းရေ နောက်ကျလိုက်တာ အဒေါ်ဖြင့်အကုန်ပြီးနေပြီ သားကိုစောင့်နေတာ''

"ဟုတ်လား အဟီး.... လမ်းမှာလျှောက်ဆော့နေလို့ပါဗျ အခုသွားတော့မှာမလား ဒီပန်းတောင်ကို သားသယ်ခဲ့မယ်နော်''

"နိုင်ပါ့မလား မြူဒေါင်းရယ် သားကိုယ်လေးက သေးသေးလေးနဲ့ ''

"နိုင်ပါတယ် ဒေါ်လေးရ ၊ ကဲ....ဒေါ်လေး ရှေ့ကသွား''

မနိုင်မနင်းပန်းတောင်းကြီးကို ရွက်လို့ မြူဒေါင်းတို့ ဘုရားကိုပန်းရောင်းဖို့ သွားကြသည် ။ ဘုရားက တန်ခိုးကြီးဘုရားဖြစ်သည့်အပြင် နှစ်စဥ်ကျင်းပနေကျ ဘုရားပွဲစျေးတန်းကြီးလဲ ရှိနေတော့ ဘုရားဖူးဧည့်သည်တွေက အတော်လေးစည်လှသည် ။

ပန်းတွေလည်း အတော်ရောင်းရပြီး မြူဒေါင်းတစ်ယောက်ပျော်နေတော့သည် ။ ချစ်စရာအပြုံးချိုလေးနှင့် ပန်းရောင်းနေလိုက်တာများ မြင်ရသူတိုင်းအဖို့ မျက်စိအေးစရာကောင်းလှသည် ။

...............

"ဒါဘယ်လဲ စိုင်းတခေတ်!''

ကျော့ကျော့မော့မော့ ဝတ်စားပြီးအပြင်ထွက်ဖို့ပြင်နေတဲ့ သားတော်မောင်ကို ဦးစိုင်းတစ်ခေတ်လှမ်းတားလိုက်၏ ။ မျက်နှာက တစ်စက်ကလေးမှ အချိုးမပြေလှ ။ ဆံပင်ကိုညှပ်ပါပြောတာလဲ မရ ။ ယောက်ျားလေးဖြစ်ပြီး ဆံပင်အရှည်နဲ့မို့ သူ့စိတ်ထဲတွင် ကြည့်ရအတော်ပင် ကျဥ်းမြောင်းလှသည် ။ လူက သန့်သလောက် ဆံပင်အရှည်နဲ့ အတော်ကို စိတ်ထဲကြည့်လို့ကိုမရဖြစ်ရသည် ။

သူ့သားကို နွဲ့နေသလားမေးရအောင်ကလဲ လူပုံက ထောင့်ထောင့်ဖြောင့်ဖြောင့် ကျားကျားယားယားကြီးမို့ သူ့သား မိန်းမစိတ်ဝင်နေတာတော့မဖြစ်နိုင်ပေ ။ ခေတ်နဲ့အညီ လူငယ်တွေအကြိုက်ဆံပင်အရှည်ထားတာကိုသိပေမဲ့လည်း သူ့လိုလူကြီးတစ်ယောက်အနေနဲ့ ယောကျာ်းလေးဆံပင်အရှည်ကို့ယို့ကားယားပုံတွေကိုတော့ မကြိုက်ပါချေ ။

ရှေးလူကြီးတွေတုန်းကလဲ အမျိုးသားတွေ ဆံပင်ရှည်တွေ ၊ နားဆွဲတွေနဲ့ ဆင်ယင်ခဲ့ကြပေမဲ့ ဦးစိုင်းထည်အနေနဲ့ သူ့သားကို ဒီလိုပုံစံမျိုးတွေနဲ့ မမြင်ချင်တာတော့ အမှန်ပဲ ဖြစ်သည် ။

"ငါဒီနေ့ ဘုရားသွားပြီး ကုသိုလ်လုပ်မလို့ မင်းပါတစ်ခါတည်းလိုက်ခဲ့''

ဒယ်ဒီကတော့လုပ်ပြီး အိမ်မှာဖူးလည်းရတဲ့ဘုရားကို တကူးတကကြီးအပြင်ထွက်ဖူးချင်ပြန်သတဲ့။ စိုင်းနဲ့ဘုရားရိပ်ဆိုတာ မအပ်စပ်သည့်နေရာပင်။ စိုင်းလိုကောင်ကငရဲပဲယူနေမိတော့ ဘယ်လိုလုပ်ဘုရားသွားဖို့လိပ်ပြာလုံပါ့မလဲ။

"မလိုက်ချင်ဘူး ဒယ်ဒီပဲသွား''

"မရဘူး အားနေအဲ့ barသွားလိုက် clubတက်လိုက်နဲ့ပဲ မင်းအချိန်ကုန်နေတာ ကိုယ်မွေးရပ်မြေရဲ့ သဘာဝအလှအပတွေ ဘုရားတွေကို ဒီအဖေနဲ့အတူ လိုက်ခံစားကြည့်စမ်းပါ ဖေ့သားရာ''

"ကျွန်တော်မှ မကြည့်ချင်တာ ၊ ဒယ်ဒီဘာသာ ဦးထွန်းခေါ်သွားလိုက်ဗျာ''

"သူကငါ့သားမှ မဟုတ်တာကွ! ငါကမင်းနဲ့သွားချင်လို့ ပြောနေတာ မရဘူး မင်းလိုက်ကိုလိုက်ရမယ် သွား! အခုပုဆိုးသွားလည်း''

"ကျစ်! ဒယ်ဒီရာ''

"သွားဆိုသွားလိုင်နော် စိုင်းတခေတ်မှိုင်း! "

"ပြီးရောဗျာ....''

မျက်နှာကို မဲ့ရွဲ့ကာ အခန်းထဲပြန်ဝင်သွားတဲ့ စိုင်းပါလေ ။ ခဏအကြာမှာပဲ ပုဆိုးအနက်ကွက်နဲ့ အပေါ်အိင်္ကျီမီးခိုရောင်ဝတ်ပြီး ထွက်လာတဲ့ စိုင်းက ဆံပင်ရှည်ကိုပါ စုစည်းထားလိုက်သေး၏ ။ အရပ်က ၆ပေကျော်နေပြီး ကိုယ်လုံးက တောင့်တောင့်ဖြောင့်ဖြောင့်ရှိလှသည်မို့ အခုပုံနဲ့အတော်လေး ကြည့်ကောင်းနေသည် ။

ရှေးတုန်းက နန်းတွင်းထဲရှိ နန်းတက်မင်းသားတွေကဲ့သို့ ခမ်းနားထည်ဝါလှသည် ။ မျက်လုံးတွေကလည်း နေမင်းကြီးလို စူးရဲတောက်ပနေပြီး နှုတ်ခမ်းထက်က မဲ့ပြုံးဟာလည်း နေရောင်လို ပူအိုက်လောင်မြိုက်သွားစေနိုင်လောက်သည် ။

"ဒီလိုမှပေါ့ကွာ ကဲသွားမယ် ငါ့သားပဲ ကားမောင်းခဲ့''

စိုင်းဘာမှ ပြောမနေတော့ပဲ ကားမောင်တဲ့နေရာကိုသာ ဝင်ထိုင်လိုက်ပြီး ကားစက်နှိုးလိုက်သည် ။ ဒယ်ဒီကတော့ သူ့ဘေးခုံမှာ ဝင်ထိုင်နေသည် ။ သူလဲ စပြီးထွက်လာလိုက်တော့၏ ။

ဘုရားကိုရောက်တော့ ကားကို ဘုရားစောင်းဘေးမှာ ရပ်လိုက်ပြီး ဘုရားဖူးဖို့ ဘုရားထဲသာ အရင်ဝင်လာကြသည် ။ ဘုရားစောင်းတန်းထဲမှာ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ယွန်းထည်ပစ္စည်းဆိုင်များနဲ့ အပြည့်စည်းကားလှသည် ။

"မောင်လေး အမှတ်တရအိင်္ကျီလေးတွေ ဝယ်သွားအုံးလေ''

အထည်ဆိုင်က အမျိုးသမီးမှာ စိုင်းအား အထည်တွေရှေ့ထိုးပြကာ ရောင်းနေတော့သည် ။ လူအများကြီးကြားထဲ တိုးဝင်နေရသည်မို့ စိုင်းလည်း အတော်လေးစိတ်ရှုပ်လာသည် ။ ရှေ့ကိုမြန်မြန်ထွက်လာလိုက်ပြီး ဘုရားဝန်းထဲရောက်မှပဲ အသက်ရှူချောင်တော့သည် ။

"အကိုလေး ပန်းဝယ်ပါအုံးလား''

"ဟင်......''

နှင်းဆီပန်းစည်းလေး ကိုင်ပြီး သူ့အားပန်းဝယ်ဖို့ပြောလာတဲ့ သူနဲ့ အကြည့်ချင်းစုံလိုက်ချိန်မှာတော့ လောကကြီးတစ်ခုလုံး နာရီတွေပါ ခဏတာရပ်တန့်သွားတော့သည် ။ ပတ်ဝန်းကျင်တစ်ခုလုံး သူနဲ့ကိုယ်ပဲ ရှိနေခဲ့ပြီး ပင်လယ်ပြင်ကြီးရှေ့မှာ ရပ်တည်ကာ ကြည့်နေရသည့် ခံစားချက်တစ်ခု ။

ထိုပင်လယ်ရောင် မျက်ဝန်းလေးတွေက ဝိုင်းစက်ကာ သူ့အားပြန်ကြည့်လာသည် ။ နန်းစံလှတဲ့ မျက်ဝန်းပိုင်ရှင်လေး ။ သွားပြီ သူပြုံးလိုက်ပြီ စိုင်းခန္ဓကိုယ်တစ်ခုလုံးမှာ ကြယ်တာရာတစ်ခုထဲ ရောက်ချသွားသလိုပဲ နှင်းစက်တွေလို နေရောင်ရောက်မှာ အရည်ပျော်သွားရသည် ။

ဒုတ် ဒုတ် ဒုတ် ဒုတ်

နာရီတွေရပ်တန့်ခြင်းခံထားရပေမဲ့ လူနှစ်ယောက်ရဲ့ ရင်ဘတ်ထဲက ရင်ခုန်သံတွေက ပြေးလွှားခုန်ပေါက်နေခဲ့၏ ။

"ဟို အကိုချောချောလေး!''

တစ်အံ့တစ်သြဖြစ်နေတဲ့ ကောင်လေး၏ အခေါ်စကားလေးက အကိုချောချောလေးတဲ့လား ။

"ကိုယ့်ကို သိလို့လား?''

"ဟိုနေ့က သားစီက ပုဝါယူသွားတဲ့ အကိုချောချောလေးလေ''

"အဟက်....''

စိုင်းထိုစကားကြောင့် သဘောကျပြီး ရယ်လိုက်၏ ။

"မင်းက မှတ်မိသားပဲ''

"ဟုတ်....အကိုက ဘုရားဖူးလာတာလားဟင်''

"ဘုရားပေါ် ရောက်နေမှတော့ ကနေလို့ဖြစ်မလား ကောင်လေးရ''

"အာ.....ဟုတ်သားပဲ ဟီးဟီး....''

"သား ဘာလုပ်နေတာလဲ ဘုရားသွားဖူးမယ်လေ''

"ဘုရားကို ပန်းကပ်အုံးမလား ဒယ်ဒီ''

"ကောင်းတာပေါ့ သားရ ဝယ်ခဲ့လိုက်လေ''

"ဟုတ်ကဲ့ ဒယ်ဒီ ၊ ကောင်လေး ကိုယ့်ကို ပန်းနှစ်စည်းလောက် ပေး''

"ဟုတ် ဘာပန်းယူမလဲဟင် အကို''

"လက်ထဲက ပန်းပဲပေးပါ''

"ဟုတ်....''

မြူဒေါင်း နှင်းဆီပန်းနှစ်စည်းအား စိုင်းလိုက်ထဲ ထိုးပေးလိုက်၏ ။

"ဘယ်လောက်လဲ ကောင်လေး''

"တစ်စည်းကို ငါးရာပါ ကို့ကို.....အယ်''

အကိုလို့ ပြောမလို့ပေမဲ့ သထွေးသီးကာ ကိုကိုခေါ်လိုက်မိတာကြောင့် မြူဒေါင်း သူ့ဟာသူရှက်သွားမိသည် ။ ပါးမို့မို့လေးတွေက စိုင်းလက်ထဲက နှင်းဆီရောင်လို ခပ်ရဲရဲဖြစ်နေပြီး စိုင်းကို မျက်လုံးလေးဝေ့ကြည့်လာ၏ ။

စိုင်းမှာတော့ နှင်းဆီပန်းကိုင်းရင်း ကြောင်ငလျက် ။ လူတစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားရသည် ။ ကိုကိုလို့ အခေါ်ခံလိုက်ရလို့ပဲ အသက်ရှူရပ်သွားသလားလေ ။

သူအခု ငါ့ကို ကိုကိုလို့ ခေါ်လိုက်တာလား......

"ဘယ်လို ခေါ်လိုက်တယ်''

"တောင်း....တောင်းပန်ပါတယ် သား မှား မှားခေါ်မိတာ စိတ်မဆိုးပါနဲ့နော်...''

"အဲ့လိုပဲခေါ်''

"ဗျာ....''

"နောက်တွေ့ရင် ကိုကိုပဲခေါ် ''

".......''

ပါးစပ်လေးဟာကာ ကြောင်တောင်တောင်လေးဖြစ်နေတဲ့ ကောင်လေးလက်ကို ဆွဲယူလိုက်ပြီး ပိုက်ဆံတစ်ထောင်ထည့်ပေးခဲ့ရင်း ရပ်စောင့်နေသော ဒယ်ဒီစီ လျှောက်လာလိုက်တော့သည် ။ နှုတ်ခမ်းကလည်း မပြုံးသဖူး ပြုံးနေမိသည် ။

မြူဒေါင်း ကြောင်နေရာက ပြန်အသိဝင်လာတော့ အကိုချောလေးက အဝေးကိုရောက်သွားပြီ ဖြစ်၏ ။ အခုန်မြန်နေတဲ့ ဘယ်ဘတ်ရင်အစုံကို လက်နဲ့ဖိထားလိုက်ရင် မျက်ဝန်းလေးများ အရောင်တောက်နေခဲ့သည် ။

"ရုတ်တရက်ကြီး မောလာသလိုပဲ ရင်တွေလဲ အရမ်းတုန်နေတယ် မနက်ကဘာမှမစားခဲ့လို့ ထင်တယ် ''

မြူဒေါင်းကိုယ့်ဟာကိုယ် တွေးလိုက်ပြီး အသက်ကိုခပ်မှန်မှန်လေး ရှူနေလိုက်သည် ။ ပြီးနောက် ပန်းတောင်းထဲက ပန်းအစည်းတွေကိုယူလိုက်ပြီး ရောင်းနေလိုက်တော့သည် ။

#TBC

Me - ရှင်ပြောတော့ အဖြောင့်ဆို ဟိုကကိုကိုခေါ်တာ ဘာလို့ရင်ခုန်တာလဲ''

စိုင်းတခေတ်မှိုင်း - နင့်အပူပါလား!

Me - ''..........''

မန့်လေးတွေနဲ့ ဝေဖန်ပေးပါအုံးနော်

ဒီအပိုင်းကို အရင်ကပုဂံဘုရားထည့်ရေးခဲ့မိပါတယ် ဒါပေမဲ့ပုဂံမှာ barတွေထည့်ရေးနေတာမသင့်တော့ပြင်လိုက်တာပါ ဆူးနန်းပုဂံမြို့အကြောင်းကိုထည့်ရေးချင်မိပါတယ် မပါမဖြစ်ထည့်ရေးပါ့မယ် အခုတော့ပုဂံမှာတွေ့တာကိုပြင်ရေးထားလိုက်ပါတယ် ဆူးနန်းအမှားအတွက်တောင်းပန်ပါတယ်ရှင့်




Zawgyi



Club ကေနစိုင္းတို႔ ေသာက္ၾကစားၾကၿပီး အိမ္ျပန္ဖို႔အခ်ိန္တန္လာေတာ့သည္ ။ ေကာင္းခန့္ကေတာ့ မူးၿပီးရစ္ေနတဲ့ဂ်ိန္းအားတြဲလို႔ ျပန္သြားေတာ့သည္ ။

စိုင္း သူ႕ကားေရွ႕အေရာက္ ေဆးလိပ္ေသာက္ဖို႔ ေဘာင္းဘီအိတ္ကပ္ထဲ ႏွိုက္ယူလိုက္ေတာ့ ေဆးလိပ္ဗူးအစား အဝါေရာင္ ပုဝါေလးပါလာ၏ ။

သူပုဝါကိုၾကည့္ေနရင္း အေတြးထဲျပန္ေပၚလာတဲ့ မ်က္ဝန္းဝိုင္းေလး ။ အျပာေရာင္ပင္လယ္ျပင္ႀကီးလိုမ်ိဳး ေအးျမလန္းဆန္းေစတဲ့ အၾကည့္ေတြ ။ တစ္ခါၿပဳံးလိုက္ရင္ သူ႕အၿပဳံးကၾကယ္တစ္စင္းလို ေတာက္ပေနၿပီး ဖရဲသီးစားရသလို ခ်ိဳျမလတ္ဆတ္ေန၏ ။

အလွဆုံး အၿပဳံးဆိုတာ ဒါမ်ိဳးကိုေျပာေလသလား ။
တစ္ရာမွ တစ္ေယာက္မရွိဖူးတဲ့ အလွတရားမ်ိဳး....
အလွနတ္ဘုရားလို႔ေတာင္ စာေပဖြဲ႕ခ်င္စရာေကာင္းသည္ ။
ေနပူပူေအာက္ ပြင့္လန္းေတာက္ပေနသည့္ စံပယ္ပန္းေတြလို ျဖဴစင္သန့္ရွင္းလွသည္ ။

သူ႕အေတြးထဲမွာ ထိုေကာင္ေလးအား တင္စားေဖာ္ျပေနမိလိုက္တာ ကိုယ့္ကိုယ္ကိုယ္ေတာင္ ျပန္ေမ့သြားေတာ့မလိုပင္ ။

ငါဘာေတြ ျဖစ္ေနပါလိမ့္!

ေခါင္းထဲက မဟုတ္မဟက္အေတြးေတြကို ေမာင္းထုတ္ပစ္လိုက္ရင္း က်စ္စုတ္လိုက္သည္ ။ ထိုပုဝါကိုပါ အိတ္ကပ္ထဲ ျပန္ထည့္ပစ္လိုက္ၿပီး ေဆးလိပ္ဗူးထဲကတစ္လိပ္အား မီးျငႇိရ်္ တစ္ခ်က္ဖြာပစ္လိုက္သည္ ။

ကားတံခါးကို မွီရပ္ရင္း ေဆးလိပ္ကို ဇိမ္ခံေသာက္ေနလိုက္သည္ ။ အခ်ိန္ရယ္က အေတာ္ေလး ညနက္ေနၿပီ အိမ္ျပန္ရင္ေတာ့ ဒယ္ဒီက သူ႕ကို ဆူပူေနေတာ့မွာအမွန္ေပ ။ အႀကီးရပ္ေနၿပီးမွ ေဆးလိပ္တိုကိုေျမပိုခ်လိဳ႕ ေျခနဲ႕နင္းခဲ့ၿပီး အိမ္ကို ျပန္ခဲ့ေတာ္၏ ။

.....................

"ေမေမေရ သားကိုေဒၚေလးသီတာက သူနဲ႕ဘုရားမွာ ပန္းေရာင္းလိုက္ခဲ့ဖို႔ ေခၚထားလို႔ သားသြားလိုက္အုံးမယ္ေနာ္''

"ေအးေအး သားေလး သတိထားသြားအုံး ၾကားလားသား''

"ဟုတ္ကဲ့ ေမေမ သားသြားၿပီ''

မနက္ေစာေစာ အဝတ္ေတြ ထေလွ်ာ္ေနတဲ့ေမေမကို ျမဴေဒါင္းကူခ်င္ေပမဲ့ ေဒၚသီတာအား ကတိေပးထားၿပီးသားျဖစ္ေနေတာ့ ပန္းေရာင္းလိုက္ဖို႔ကိုပဲ ေ႐ြးလိုက္ရ၏ ။

တစ္လမ္းလုံးကလူေတြက သေဘာေကာင္းၿပီး ကူညီတတ္လြန္းတဲ့ ျမဴေဒါင္းကိုခင္တြယ္ၾကသည္မို႔ လမ္းမွာေတြ႕သမွ်လူတိုင္းက ႏႈတ္ဆက္ေနၾကသည္ ။ ျမဴလည္း ေဘးလြယ္အိတ္ကို လြယ္ရင္း ခုန္းေပါက္ၿပီး ေလွ်ာက္ေနလိုက္တာ ပန္းစိုက္ခင္းႀကီးရွိတဲ့ ေဒၚသီတာတို႔အိမ္ကို ေရာက္လာေတာ့၏ ။

"ဟဲ့....ျမဴေဒါင္းေရ ေနာက္က်လိဳက္တာ အေဒၚျဖင့္အကုန္ၿပီးေနၿပီ သားကိုေစာင့္ေနတာ''

"ဟုတ္လား အဟီး.... လမ္းမွာေလွ်ာက္ေဆာ့ေနလို႔ပါဗ် အခုသြားေတာ့မွာမလား ဒီပန္းေတာင္ကို သားသယ္ခဲ့မယ္ေနာ္''

"နိုင္ပါ့မလား ျမဴေဒါင္းရယ္ သားကိုယ္ေလးက ေသးေသးေလးနဲ႕ ''

"နိုင္ပါတယ္ ေဒၚေလးရ ၊ ကဲ....ေဒၚေလး ေရွ႕ကသြား''

မနိုင္မနင္းပန္းေတာင္းႀကီးကို ႐ြက္လို႔ ျမဴေဒါင္းတို႔ ဘုရားကိုပန္းေရာင္းဖို႔ သြားၾကသည္ ။ ဘုရားက တန္ခိုးႀကီးဘုရားျဖစ္သည့္အျပင္ ႏွစ္စဥ္က်င္းပေနက် ဘုရားပြဲေစ်းတန္းႀကီးလဲ ရွိေနေတာ့ ဘုရားဖူးဧည့္သည္ေတြက အေတာ္ေလးစည္လွသည္ ။

ပန္းေတြလည္း အေတာ္ေရာင္းရၿပီး ျမဴေဒါင္းတစ္ေယာက္ေပ်ာ္ေနေတာ့သည္ ။ ခ်စ္စရာအၿပဳံးခ်ိဳေလးႏွင့္ ပန္းေရာင္းေနလိုက္တာမ်ား ျမင္ရသူတိုင္းအဖို႔ မ်က္စိေအးစရာေကာင္းလွသည္ ။

...............

"ဒါဘယ္လဲ စိုင္းတေခတ္!''

ေက်ာ့ေက်ာ့ေမာ့ေမာ့ ဝတ္စားၿပီးအျပင္ထြက္ဖို႔ျပင္ေနတဲ့ သားေတာ္ေမာင္ကို ဦးစိုင္းတစ္ေခတ္လွမ္းတားလိုက္၏ ။ မ်က္ႏွာက တစ္စက္ကေလးမွ အခ်ိဳးမေျပလွ ။ ဆံပင္ကိုညွပ္ပါေျပာတာလဲ မရ ။ ေယာက္်ားေလးျဖစ္ၿပီး ဆံပင္အရွည္နဲ႕မို႔ သူ႕စိတ္ထဲတြင္ ၾကည့္ရအေတာ္ပင္ က်ဥ္းေျမာင္းလွသည္ ။ လူက သန့္သေလာက္ ဆံပင္အရွည္နဲ႕ အေတာ္ကို စိတ္ထဲၾကည့္လို႔ကိုမရျဖစ္ရသည္ ။

သူ႕သားကို ႏြဲ႕ေနသလားေမးရေအာင္ကလဲ လူပုံက ေထာင့္ေထာင့္ေျဖာင့္ေျဖာင့္ က်ားက်ားယားယားႀကီးမို႔ သူ႕သား မိန္းမစိတ္ဝင္ေနတာေတာ့မျဖစ္နိုင္ေပ ။ ေခတ္နဲ႕အညီ လူငယ္ေတြအႀကိဳက္ဆံပင္အရွည္ထားတာကိုသိေပမဲ့လည္း သူ႕လိုလူႀကီးတစ္ေယာက္အေနနဲ႕ ေယာက်ာ္းေလးဆံပင္အရွည္ကို႔ယို႔ကားယားပုံေတြကိုေတာ့ မႀကိဳက္ပါေခ် ။

ေရွးလူႀကီးေတြတုန္းကလဲ အမ်ိဳးသားေတြ ဆံပင္ရွည္ေတြ ၊ နားဆြဲေတြနဲ႕ ဆင္ယင္ခဲ့ၾကေပမဲ့ ဦးစိုင္းထည္အေနနဲ႕ သူ႕သားကို ဒီလိုပုံစံမ်ိဳးေတြနဲ႕ မျမင္ခ်င္တာေတာ့ အမွန္ပဲ ျဖစ္သည္ ။

"ငါဒီေန႕ ဘုရားသြားၿပီး ကုသိုလ္လုပ္မလို႔ မင္းပါတစ္ခါတည္းလိုက္ခဲ့''

ဒယ္ဒီကေတာ့လုပ္ၿပီး အိမ္မွာဖူးလည္းရတဲ့ဘုရားကို တကူးတကႀကီးအျပင္ထြက္ဖူးခ်င္ျပန္သတဲ့။ စိုင္းနဲ႕ဘုရားရိပ္ဆိုတာ မအပ္စပ္သည့္ေနရာပင္။ စိုင္းလိုေကာင္ကငရဲပဲယူေနမိေတာ့ ဘယ္လိုလုပ္ဘုရားသြားဖို႔လိပ္ျပာလုံပါ့မလဲ။

"မလိုက္ခ်င္ဘူး ဒယ္ဒီပဲသြား''

"မရဘူး အားေနအဲ့ barသြားလိုက္ clubတက္လိုက္နဲ႕ပဲ မင္းအခ်ိန္ကုန္ေနတာ ကိုယ္ေမြးရပ္ေျမရဲ႕ သဘာဝအလွအပေတြ ဘုရားေတြကို ဒီအေဖနဲ႕အတူ လိုက္ခံစားၾကည့္စမ္းပါ ေဖ့သားရာ''

"ကြၽန္ေတာ္မွ မၾကည့္ခ်င္တာ ၊ ဒယ္ဒီဘာသာ ဦးထြန္းေခၚသြားလိုက္ဗ်ာ''

"သူကငါ့သားမွ မဟုတ္တာကြ! ငါကမင္းနဲ႕သြားခ်င္လို႔ ေျပာေနတာ မရဘူး မင္းလိုက္ကိုလိုက္ရမယ္ သြား! အခုပုဆိုးသြားလည္း''

"က်စ္! ဒယ္ဒီရာ''

"သြားဆိုသြားလိုင္ေနာ္ စိုင္းတေခတ္မွိုင္း! "

"ၿပီးေရာဗ်ာ....''

မ်က္ႏွာကို မဲ့႐ြဲ႕ကာ အခန္းထဲျပန္ဝင္သြားတဲ့ စိုင္းပါေလ ။ ခဏအၾကာမွာပဲ ပုဆိုးအနက္ကြက္နဲ႕ အေပၚအိကၤ်ီမီးခိုေရာင္ဝတ္ၿပီး ထြက္လာတဲ့ စိုင္းက ဆံပင္ရွည္ကိုပါ စုစည္းထားလိုက္ေသး၏ ။ အရပ္က ၆ေပေက်ာ္ေနၿပီး ကိုယ္လုံးက ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ရွိလွသည္မို႔ အခုပုံနဲ႕အေတာ္ေလး ၾကည့္ေကာင္းေနသည္ ။

ေရွးတုန္းက နန္းတြင္းထဲရွိ နန္းတက္မင္းသားေတြကဲ့သို႔ ခမ္းနားထည္ဝါလွသည္ ။ မ်က္လုံးေတြကလည္း ေနမင္းႀကီးလို စူးရဲေတာက္ပေနၿပီး ႏႈတ္ခမ္းထက္က မဲ့ၿပဳံးဟာလည္း ေနေရာင္လို ပူအိုက္ေလာင္ၿမိဳက္သြားေစနိုင္ေလာက္သည္ ။

"ဒီလိုမွေပါ့ကြာ ကဲသြားမယ္ ငါ့သားပဲ ကားေမာင္းခဲ့''

စိုင္းဘာမွ ေျပာမေနေတာ့ပဲ ကားေမာင္တဲ့ေနရာကိုသာ ဝင္ထိုင္လိုက္ၿပီး ကားစက္ႏွိုးလိုက္သည္ ။ ဒယ္ဒီကေတာ့ သူ႕ေဘးခုံမွာ ဝင္ထိုင္ေနသည္ ။ သူလဲ စၿပီးထြက္လာလိုက္ေတာ့၏ ။

ဘုရားကိုေရာက္ေတာ့ ကားကို ဘုရားေစာင္းေဘးမွာ ရပ္လိုက္ၿပီး ဘုရားဖူးဖို႔ ဘုရားထဲသာ အရင္ဝင္လာၾကသည္ ။ ဘုရားေစာင္းတန္းထဲမွာ အမွတ္တရပစၥည္းအေရာင္းဆိုင္မ်ား ယြန္းထည္ပစၥည္းဆိုင္မ်ားနဲ႕ အျပည့္စည္းကားလွသည္ ။

"ေမာင္ေလး အမွတ္တရအိကၤ်ီေလးေတြ ဝယ္သြားအုံးေလ''

အထည္ဆိုင္က အမ်ိဳးသမီးမွာ စိုင္းအား အထည္ေတြေရွ႕ထိုးျပကာ ေရာင္းေနေတာ့သည္ ။ လူအမ်ားႀကီးၾကားထဲ တိုးဝင္ေနရသည္မို႔ စိုင္းလည္း အေတာ္ေလးစိတ္ရႈပ္လာသည္ ။ ေရွ႕ကိုျမန္ျမန္ထြက္လာလိုက္ၿပီး ဘုရားဝန္းထဲေရာက္မွပဲ အသက္ရႉေခ်ာင္ေတာ့သည္ ။

"အကိုေလး ပန္းဝယ္ပါအုံးလား''

"ဟင္......''

ႏွင္းဆီပန္းစည္းေလး ကိုင္ၿပီး သူ႕အားပန္းဝယ္ဖို႔ေျပာလာတဲ့ သူနဲ႕ အၾကည့္ခ်င္းစုံလိုက္ခ်ိန္မွာေတာ့ ေလာကႀကီးတစ္ခုလုံး နာရီေတြပါ ခဏတာရပ္တန့္သြားေတာ့သည္ ။ ပတ္ဝန္းက်င္တစ္ခုလုံး သူနဲ႕ကိုယ္ပဲ ရွိေနခဲ့ၿပီး ပင္လယ္ျပင္ႀကီးေရွ႕မွာ ရပ္တည္ကာ ၾကည့္ေနရသည့္ ခံစားခ်က္တစ္ခု ။

ထိုပင္လယ္ေရာင္ မ်က္ဝန္းေလးေတြက ဝိုင္းစက္ကာ သူ႕အားျပန္ၾကည့္လာသည္ ။ နန္းစံလွတဲ့ မ်က္ဝန္းပိုင္ရွင္ေလး ။ သြားၿပီ သူၿပဳံးလိုက္ၿပီ စိုင္းခႏၶကိုယ္တစ္ခုလုံးမွာ ၾကယ္တာရာတစ္ခုထဲ ေရာက္ခ်သြားသလိုပဲ ႏွင္းစက္ေတြလို ေနေရာင္ေရာက္မွာ အရည္ေပ်ာ္သြားရသည္ ။

ဒုတ္ ဒုတ္ ဒုတ္ ဒုတ္

နာရီေတြရပ္တန့္ျခင္းခံထားရေပမဲ့ လူႏွစ္ေယာက္ရဲ႕ ရင္ဘတ္ထဲက ရင္ခုန္သံေတြက ေျပးလႊားခုန္ေပါက္ေနခဲ့၏ ။

"ဟို အကိုေခ်ာေခ်ာေလး!''

တစ္အံ့တစ္ၾသျဖစ္ေနတဲ့ ေကာင္ေလး၏ အေခၚစကားေလးက အကိုေခ်ာေခ်ာေလးတဲ့လား ။

"ကိုယ့္ကို သိလို႔လား?''

"ဟိုေန႕က သားစီက ပုဝါယူသြားတဲ့ အကိုေခ်ာေခ်ာေလးေလ''

"အဟက္....''

စိုင္းထိုစကားေၾကာင့္ သေဘာက်ၿပီး ရယ္လိုက္၏ ။

"မင္းက မွတ္မိသားပဲ''

"ဟုတ္....အကိုက ဘုရားဖူးလာတာလားဟင္''

"ဘုရားေပၚ ေရာက္ေနမွေတာ့ ကေနလို႔ျဖစ္မလား ေကာင္ေလးရ''

"အာ.....ဟုတ္သားပဲ ဟီးဟီး....''

"သား ဘာလုပ္ေနတာလဲ ဘုရားသြားဖူးမယ္ေလ''

"ဘုရားကို ပန္းကပ္အုံးမလား ဒယ္ဒီ''

"ေကာင္းတာေပါ့ သားရ ဝယ္ခဲ့လိုက္ေလ''

"ဟုတ္ကဲ့ ဒယ္ဒီ ၊ ေကာင္ေလး ကိုယ့္ကို ပန္းႏွစ္စည္းေလာက္ ေပး''

"ဟုတ္ ဘာပန္းယူမလဲဟင္ အကို''

"လက္ထဲက ပန္းပဲေပးပါ''

"ဟုတ္....''

ျမဴေဒါင္း ႏွင္းဆီပန္းႏွစ္စည္းအား စိုင္းလိုက္ထဲ ထိုးေပးလိုက္၏ ။

"ဘယ္ေလာက္လဲ ေကာင္ေလး''

"တစ္စည္းကို ငါးရာပါ ကို႔ကို.....အယ္''

အကိုလို႔ ေျပာမလို႔ေပမဲ့ သေထြးသီးကာ ကိုကိုေခၚလိုက္မိတာေၾကာင့္ ျမဴေဒါင္း သူ႕ဟာသူရွက္သြားမိသည္ ။ ပါးမို႔မို႔ေလးေတြက စိုင္းလက္ထဲက ႏွင္းဆီေရာင္လို ခပ္ရဲရဲျဖစ္ေနၿပီး စိုင္းကို မ်က္လုံးေလးေဝ့ၾကည့္လာ၏ ။

စိုင္းမွာေတာ့ ႏွင္းဆီပန္းကိုင္းရင္း ေၾကာင္ငလ်က္ ။ လူတစ္ကိုယ္လုံး ေတာင့္ေတာင့္ႀကီး ျဖစ္သြားရသည္ ။ ကိုကိုလို႔ အေခၚခံလိုက္ရလို႔ပဲ အသက္ရႉရပ္သြားသလားေလ ။

သူအခု ငါ့ကို ကိုကိုလို႔ ေခၚလိုက္တာလား......

"ဘယ္လို ေခၚလိုက္တယ္''

"ေတာင္း....ေတာင္းပန္ပါတယ္ သား မွား မွားေခၚမိတာ စိတ္မဆိုးပါနဲ႕ေနာ္...''

"အဲ့လိုပဲေခၚ''

"ဗ်ာ....''

"ေနာက္ေတြ႕ရင္ ကိုကိုပဲေခၚ ''

".......''

ပါးစပ္ေလးဟာကာ ေၾကာင္ေတာင္ေတာင္ေလးျဖစ္ေနတဲ့ ေကာင္ေလးလက္ကို ဆြဲယူလိုက္ၿပီး ပိုက္ဆံတစ္ေထာင္ထည့္ေပးခဲ့ရင္း ရပ္ေစာင့္ေနေသာ ဒယ္ဒီစီ ေလွ်ာက္လာလိုက္ေတာ့သည္ ။ ႏႈတ္ခမ္းကလည္း မၿပဳံးသဖူး ၿပဳံးေနမိသည္ ။

ျမဴေဒါင္း ေၾကာင္ေနရာက ျပန္အသိဝင္လာေတာ့ အကိုေခ်ာေလးက အေဝးကိုေရာက္သြားၿပီ ျဖစ္၏ ။ အခုန္ျမန္ေနတဲ့ ဘယ္ဘတ္ရင္အစုံကို လက္နဲ႕ဖိထားလိုက္ရင္ မ်က္ဝန္းေလးမ်ား အေရာင္ေတာက္ေနခဲ့သည္ ။

"႐ုတ္တရက္ႀကီး ေမာလာသလိုပဲ ရင္ေတြလဲ အရမ္းတုန္ေနတယ္ မနက္ကဘာမွမစားခဲ့လို႔ ထင္တယ္ ''

ျမဴေဒါင္းကိုယ့္ဟာကိုယ္ ေတြးလိုက္ၿပီး အသက္ကိုခပ္မွန္မွန္ေလး ရႉေနလိုက္သည္ ။ ၿပီးေနာက္ ပန္းေတာင္းထဲက ပန္းအစည္းေတြကိုယူလိုက္ၿပီး ေရာင္းေနလိုက္ေတာ့သည္ ။

#TBC

Me - ရွင္ေျပာေတာ့ အေျဖာင့္ဆို ဟိုကကိုကိုေခၚတာ ဘာလို႔ရင္ခုန္တာလဲ''

စိုင္းတေခတ္မွိုင္း - နင့္အပူပါလား!

Me - ''..........''

မန့္ေလးေတြနဲ႕ ေဝဖန္ေပးပါအုံးေနာ္

ဒီအပိုင္းကို အရင္ကပုဂံဘုရားထည့္ေရးခဲ့မိပါတယ္ ဒါေပမဲ့ပုဂံမွာ barေတြထည့္ေရးေနတာမသင့္ေတာ့ျပင္လိုက္တာပါ ဆူးနန္းပုဂံၿမိဳ႕အေၾကာင္းကိုထည့္ေရးခ်င္မိပါတယ္ မပါမျဖစ္ထည့္ေရးပါ့မယ္ အခုေတာ့ပုဂံမွာေတြ႕တာကိုျပင္ေရးထားလိုက္ပါတယ္ ဆူးနန္းအမွားအတြက္ေတာင္းပန္ပါတယ္ရွင့္

Continue Reading

You'll Also Like

3.9M 413K 41
Myanmar BL
17.5K 700 18
သိချင်ဝင်ဖတ် ဒါပဲ😅😅 Starting date.12.11.2021 Ending date.6.12.2021
973K 40.4K 52
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔