ဒီနေ့ မနက် မိုးထက်ယံ က ကုမ္ပဏီကိုရောက်လာခဲ့တယ်။သူလုပ်စရာရှိတာတွေ လုပ်ပြီး ကောင်းကင်ရှေ့ကို File အထပ်လိုက်ကြီးချပေးကာ သူ့နေရာသူပြန်သွားသည်။ကောင်းကင်လည်း ဘာမှ ပြောမနေချင်တာနဲ့ တစ်ခုချင်းယူဖွင့်ဖတ်နေခဲ့သည်။ အာကာထက်ရဲ့ လုပ်နေတဲ့ လုပ်ငန်းအကြောင်းတွေရယ်ပြီးတော့ ဦးဘုန်းမြင်းမိုရ် နဲ့ ဖက်စပ်အစုရှယ်ယာ အကြောင်းတွေ အစုံပါလာသည်။ ဒီကြားတည်း လူလတ် တန်းစားတွေ အတွက် တစ်သိန်းအောက်ထစ် ပစ္စည်းတွေ ထုတ်ပေးပြီး လူတန်းစားမရွေး သုံးနိုင်သည့် စျေးကွက်ကို ထိုးဖောက်ဖို့ လုပ်နေတာ ဖြစ်သည်။ ဒီလိုသာ ဆို လူတန်းစာ အကုန်လုံကြား V brand, အရှိန်အဝါက ပိုတောက်ပလာမှာဖြစ်သည်။ ဘယ်ဆိုးလို့ လဲ အာကာထက်က ဦးနှောက်တော့ ပါလာသားပဲ
ကောင်းကင် မိုးထက်ယံကို ကြည့်လိုက်တော့သူက သူ့အလုပ်ကိုသာ စည်းစနစ်ကျကျလုပ်နေတာ အရင်လို ဆရာကြီးစတိုင်လ်နဲ့ သူ့ကို လာပြီးတော့အကြံမပေးတော့ပေ။ နားညည်းသက်သာတာပေါ့
"မိုးထက်ယံ "
"...." သူ့အနားကိုပြန်လျှောက်လာပြီး ခိုင်းမဲ့ အလုပ်ကိုနားထောင်ပေးသည်။
"အာကာထက် လိုနေတဲ့ ရှယ်ယာကို ဝယ်လိုက် မနက်ဖြန် Fashion show တစ်ခုရှိတယ်လို့ ကြားထားတယ် ပွဲလက်မှတ် ဝယ်ထားလိုက် "
"ဟုတ်ကဲ့ "
"ကိုရာဇာ ကိုလွှတ်လိုက် "
အစ်ကိုဖြစ်သူကျတော့ မိုးထက်ယံတဲ့
သူစိမ်းကျ ကိုရာဇာတဲ့လေ မချင့်မရဲဖြစ်မိတာ ထိုအရာတွေလည်း ပါလေသည်။
ကောင်းကင် နေ့လည်တစ်ပိုင်းကို အတန်းပြန်တတ်သည်။ ကြားတည်း အချိန်လွတ်တွေဆို စိမ့်ဝတီဆီ သွားချင်နေတဲ့ စိတ်တွေကိုလည်း မနည်းချိုးနှိမ်ရလွန်းတယ်
အားလပ်ချိန်ရောက်တော့ အနားယူတဲ့ အနေနဲ့ ရေကန်ဆီကို ကောင်းကင်လျှောက်လာခဲ့သည်။ဘေးနားက ဟိန်းဇက်ကသူသွားရာ လိုက်လာပေမဲ့ ရေကူးဝတ်စုံလဲပြီးကန်ဘောင်ပေါ်မှာ ထိုင်ကာ ဖုန်းနှိပ်နေလေရဲ့။ကောင်းကင် အခုတလော အလုပ်နဲ့ ကျောင်း၊ စိမ့်ငယ်ဘက်ပါလှည့်နေရပြီး အဘက်ဘက်ကပြိုင်ဖက် တွေကိုလည်း အချိန်ပေးနေရတာ ညတိုင်းသွားနေတဲ့ ကစားဝိုင်းတွေတောင် မသွားဖြစ်တာကြာပြီ။
ကန်တစ်ပတ် ရေကူးပြီး တခွီခွီဖြစ်နေတဲ့ ဟိန်းဇက်ပေါင်ကို လက်သီးနဲ့ ထိုးလိုက်သည်။ဒီကောင်ကသိပ်မနာလိုစရာကောင်းတယ် သူပဲအေးချမ်းပေါ့ပါးလွန်းတယ်
"မင်းမေစပ ဖြစ်နေလိုက်"
" ရေဆင်းကူးလေ မယားတရူးရဲ့"
"ဘာမှ မယားမရူးဘူးဟေ့ကောင် "
"မင်းဖုန်းကြီးချထားစမ်းပါ အားတုန်းလေး ရေကူးပြိုင်ကြရအောင် "
"မပြိုင်ဘူး ပျင်းတယ်"
ပြောမရတော့ကောင်းကင်ထက်ပြီး သူ့ခြေထောက်ကို လက်သီးနဲ့ထပ်ထိုးပြီး တစ်ယောက်ထဲ ပြန်ကူးနေလိုက်သည်။
"မအေ ိုးလေးက ......"
ဟိန်းဇက်ဆဲတာကို ဘာမှ ပြန်မတုံ့ပြန်မိတော့ ။သူဆဲတာကလည်း အခုမှမဟုတ် ငယ်ငယ်ကတည်းက နှုတ်သယမ်းတဲ့ကောင်ပဲ။အမြဲ အတူနေနေကြတဲ့သူငယ်ချင်းတစ်ယောက်အနားမှာ မရှိတော့ တစ်ခါတစ်ခါ ပင်ပန်းတယ်။အတူရှိတုန်းက တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမ ရှိသည်လေ။ဝင်းကို.....ဝင်းကိုဆိုတာ စောလွန်းရဲ့ အဖေနာမည် ။စောလွန်းကသူ့နာမည် ဝင်းကို သူ့အဖေနာမည် " စောလွန်းဝင်းကို "ပင်ဖြစ်သည်။ ဝင်းကိုလို့ခေါ်ရင်မကြိုက်တဲ့ကောင် သူငယ်ချင်းတွေမို့လျော့ပေးတယ် ဆိုပြီးပြောတဲ့ကောင်
ခေါင်းအမာဆုံးကောင် ဒီကောင်က ယောက်ျားတစ်ယောက်ကြောင့် သူသိပ်ချစ််တဲ့မိဘတွေကိုလွန်ဆန်ပြီး တစ်ဇွတ်ထိုးလုပ်ခဲ့တာ။ "ဒီလူ မရှိရင် ငါမနေနိုင်ဘူး ဟေ့ကောင် ဒီလူကို ရူးလောက်အောင် ချစ်မိသွားတာကိုပဲ အပြစ်တင်ရတော့မယ်" တဲ့ အဲ့နေ့ညက အချစ်နဲ့ ထိတွေ့မှုကို ကောင်းကင် တကယ်ခြောက်ခြားခဲ့ရတာ။ လုံးဝ မျက်ရည်မကျဖူးတဲ့ကောင်က ထိုလူက သူ့ကိုငြင်းလို့ ငိုခဲ့သေးတယ် တကယ့်ကောင် ။အခုတော့ကောင်းကင်လည်း ဝင်းကို လိုဖြစ်နေရပြီ။ဘယ်သူ့ကြောင့်လဲဆို စိမ့်ဝတီကြောင့်ပေါ့လေ။သူ့စကားဆို နှလုံးသားကမလွန်ဆန်ရဲလောက်အောင်ပဲ
"ကောင်းကင် မင်းဖုန်းလာနေတယ်"
"...."
"ခွေးသူခိုး မင်းဖုန်းလာနေတယ်ကွ"
ဟိန်းဇက် ဆဲသံတွေကြား သူဖုန်းကိုလှမ်းယူလိုက်သည်။ ကြည့်မိတော့ စိမ့်ဝတီတဲ့လေ
"Hello စိမ့်ငယ်"
" အာ....ဖုန်းခေါ်ထားတာတွေ့လို့ပြန်ခေါ်လိုက်တာ ဘယ်သူလဲမသိဘူး"
"မင်းကဘယ်သူလဲ!"
ကောင်းကင်မျက်လုံးတွေက ရေကြောင့် နီနေရာက ပိုပြီးရဲတောက်လာတော့သည်။စိမ့်က သူ့ဖုန်းကို contact လေးတောင်မမှတ်ထားဘူးလား အဲ့ထက် အရေးကြီးတာက စိမ့်ဖုန်းကိုဘယ်သူကကိုင်နေတာလဲ?
ရေထဲကတတ်ပြီး အဝတ်လဲခန်းထဲတောက်လျှောက်ဝင်လာရင်း
"ကျွန်တော်က ဝိုင်းလမင်းမောင်ပါ အခု စိမ့်ကရေချိုးနေလို့ "
"ဘာ မင်းဘာ ေစာက်စကားပြောတာလဲဟေ့ကောင် အခုမင်းဘယ်မှာလဲ"
"ကျွန်တော် ကကျွန်တော့်အိမ်မှာပေါ့ အခုပြောနေတဲ့သူက အရေးမကြီးဘူးဆို ဖုန်းချတော့မယ်သိပ်မအားလို့ ခင်ဗျ "
တီကနည်းကျသွားသည့်ဖုန်းကြောင့် တံခါးကို လက်သီးနဲ့ပစ်ထိုးမိလိုက်သည်။
ဟိန်ဇက် ပြန်စာမရသည့် message box ကိုကြည့်ပြီး သက်ပြင်းလေးချမိသည်။အဝတ်လဲခန်းကကျယ်လောင်တဲ့အသံကိုကြားမိလို့သူအပြေးဝင်ကြည့်မိတော့ ဒေါသတကြီးဖြစ်နေသည့် ကောင်းကင်
အဝတ်ကိုအလျှင်အမြန်လဲနေတာကြောင့် လည်းလဲရင်း ကောင်းကင်နောက်လိိုက်လာခဲ့ရသည်။
မဟုတ်ရင် ကောင်းကင်ဒေါသကိုဘယ်သူကမှထိန်းနိုင်မှာ မဟုတ်ဘူး
"ဝိုင်းလမင်းမောင်!!"
"ဟင် ဘာ... ဖြစ်လို့လဲကောင်းကင်"
"ဒီခွေးမသားနဲ့ စိမ့်ကအတူရှိနေတာ ငါ့ကိုဖုန်းဆက်တာစိမ့်ငယ်မဟုတ်ဘူး အဲ့ခွေးမသားလေ စိမ့်ဖုန်းကို ယူသုံးပြီး ပြန်ခေါ်နိုင်ရလောက်အောင် ဘယ်အဆင့်ထိရောက်နေကြတာမို့လို့လဲ တောက်!!"
ဟိန်းဇက်လည်း မျက်လုံးလေးဝိုင်းသွားရသည်။
........
" ဟေ့ကောင် အဲ့တာ The Unique က ဒုတိယ သခင်လေးရဲ့ကား ယှဥ်မောင်းမနေနဲ့ ခဏဘေးကပ်ရပ်ပေးလိုက်"
"အေး စောစော မပြောဘူး ကွာမင်းက"
ကောင်းကင် လမ်းတစ်လုံး သူ့အပိုင် ဟုသတ်မှတ်ပြီးများမောင်းနေတာလား မသိ သူ့မှာတော့ အသည်းကွဲသလိုလို နဲ့ မျက်ရည်ခိုးခိုးသုတ်နေရင်း 24 ပစ္စည်း ရွတ်နေရပြီ။သေရင် ငယ်ငယ်ရွယ်ရွယ်နဲ့ လူပျိုဘဝနဲ့သေရတော့မယ် ယောက်ျားတောင် အယ်....! မိန်းမတောင်မယူရသေးဘူး
"ကောင်းကင် မင်းဘယ်ကိုမောင်းနေတာလဲ"
"....."
"ခွေးသား မင်းဘယ်မောင်းနေတာလဲ သေချင်းဇိုးရဲ့"
"ဝိုင်းလမင်းမောင်အိမ်"
ဟုတ်သားပဲ ဒီကောင့်အိမ်ကိုပဲသွားရမှာပေါ့ စုံစမ်းနေတဲ့ ငါတောင် မောင့်အိမ်ကို မသိသေးဘူး သူကသိနေပြီပေါ့ ဘာပဲနေနေ ဒီကောင် က သွက်လိုက်တာ ကောင်းကင်တောင် လိုက်မရဖြစ်နေတဲ့ စိမ့်ဝတီကို အိမ်ခေါ်နိုင်တာ ငါ့ကိုခေါ်ရင် သောက်ပြသနာတတ်မှာ မဟုတ်ဘူး ငါကလည်း သူ့အိမ်လိုက်ချင်လို့မဟုတ်ပါဘူး မလိုက်ချင်တာလည်း မဟုတ်ဘူး မေ ိုးလေး ငါ့ကိုစိတ်ရှုပ်အောင် အရမ်းလုပ်တာပဲ
....
ခြံရှေ့ ဟွန်းတွေ အသည်းအသန်တီးတော့ ခြံစောင့်ဦးလေးကြီးက ခြံတံခါးကိုလာဖွင့်ပေးသည်။ ကောင်းကင်က ကားကို အိမ်ရှေ့မှာ ရပ်ပြီး ကားတံခါးကိုဆွဲဖွင့်ပြီး ဆင်းကာ ဝုန်းကနည်းပြန်ပိတ်ပြီးထားခဲ့သည်။အိမ်ထဲကိုလှမ်းမြင်ရတာမို့ ဟိန်းဇက် နည်းနည်းလေးချောင်းကြည့်လိုက်မိတယ် ပုံမှန်ဆို ကောင်းကင်ကို ဆင်းပြီး တားချင်ပေမဲ့ ဟိုကောင့်ကိုလည်း မမြင်ချင်ဘူး
ကောင်းကင်ဝင်သွားတော့ လမင်းနဲ့ စိမ့်က လှေကားကနေဆင်းလာနေတာဖြစ်သည်။စိမ့်က ကောင်းကင်ကိုမြင်လိုက်ရတော့ တကယ်ကို အံ့သြထိတ်လန့်နေတာ လမင်းကတော့ ရှုတည်တည်ပင် ဖြစ်သည်။
"ခွပ်*"
"ကောင်းကင်ထက်ယံ မင်း .... ဘာလုပ်တာလဲ !"
"ထိုးလိုက်တာလေ! မမြင်ဘူးလား ကန်းနေတာလား"
ကောင်ကင် စိမ့်ရဲ့အမေးကို ဒေါသတကြီးပြန်ဖြေလိုက်သည်။စိမ့်ရဲ့လက်တွေက ကောင်းကင်ရဲ့ လက်မောင်းကိုဆွဲလိုက်သည်ကြောင့် ကောင်းကင် ဆွဲမခါချမိ။ခါချလိုက်မိရင် ဒီကောင်မလေး လဲကျသွားပြီး အနာတရဖြစ်ရုံပဲရှိမှာလေ
"ကိုထက်....! ဘာလို့အခုလိုလုပ်ရတာလဲ "
"မင်းကရော ဘာလို့ ဒီမှာ ရှိနေရတာလဲ စိမ့်ဝတီ"
မေးတော့သူ့ကိုမျက်လုံးအဝိုင်းသားနဲ့ကြည့်လာသည်။တကယ်ကို ဒီကောင်နဲ့ဖြစ်နေတာလား မနဲ့ မောင်ဇာတ်လမ်းထွင်ချင်နေလို့များလား ဟိုတစ်နေ့ကသူ့အမှားမို့ ဘာမှမပြောနိုင်ခဲ့ဘူး တစ်နေ့ကကားပေါ်ရောက်တယ်အခုကျအိပ်ခန်းထဲထိတောင်ရောက်နေတာကတော့တကယ်လွန်ပြီ
"စိမ့်ဝတီ ဘေးဖယ်နေပေး"
"ဟေ့ကောင် မင်းပါးစပ်က သူ့နာမည်ကိုမခေါ်နဲ့"
"ကောင်းကင်ထက်ယံ ...!"
သုံးယောက်လုံးအသံက တစ်ဆင့်ချင်းထွက်လာပြီး ကျယ်လောင်သထက် ကျယ်လောင်နေသည်။ ကောင်းကင်ကသာဒေါသတကြီးဖြစ်နေတာ ဝိုင်းလမင်းရဲ့ မျက်နှာက အေးစက်စက် မျက်နှာသေဖြင့် ဒီမျက်နှာထားက ကောင်းကင်ကို ပိုဒေါသထွက်လာစေသည်။အခု ဒီကောင့် အဝတ်အစားကိုဝတ်ထားသည့် စိမ့်ကိုမြင်ရလေ ဒေါသတွေပိုထွက်လာလေပဲ
ဘယ်လောက်ရင်းနှီးနေကြပြီလဲ
ဘယ်အချိန်ကတည်းက ရင်းနှီးခဲ့ကြတာလဲ
ဘယ်အဆင့်ထိရောက်နေကြပြီလဲ
လဲပေါင်းများစွာနဲ့ကောင်းကင်ရူးတော့မယ် ထိုကောင်က သူ့ထက်အနည်းငယ်ပိုမြင့်နေပေမဲ့ ကောင်းကင်အားပါးတရ ထိုးနိုင်တဲ့ အနေအထားမျိုးမှာ ရှိသည်။ ဆွဲထားတဲ့ လက်တစ်စုံကို ဖွဖွကလေးကိုင်ကာ ဖယ်ရှားပစ်ပြီးပြီးချင်း ထိုကောင့်ရဲ့အင်္ကျီကော်လံစအားဆွဲပြီး ထပ်ပြီး ထိုးပစ်သည်။အချက်ရေမတွက်နိုင်အောင် ထိုးပစ်မိနေဆဲ
" တော်တော့ ငါပြောနေတယ် တော်တော့လို့ ကောင်းကင်ထက်ယံ.....!"
စိမ့်ဝတီ စကားအဆုံး လမင်း မျက်နှာတစ်ခုလုံးသွေးလွှမ်းနေပြီဖြစ်သည်။ကောင်းကင်ရဲ့လက်လည်း သွေးတွေနှင့် ပေယေနေလျှက်ရှိသည်။ဒီကိစ္စက သွေးထွက်သံယို ဖြသ်သရာကိစ္စမဟုတ်သလို လမင်းကို ထိခိုက်စေမိတဲ့အတွက် စိမ့်စိတ်ထဲဘဝင်မကျဘူး။ကမူးကရူး နဲ့ ထိုးကြိတ်နေတဲ့ ကောင်းကင်ကိုလည်း သူနားမလည်နိုင် ပိုလို့ပင်စိတ်ပျက်ရသေးသည်။
" ပြန်ကြမယ် ပြန်ကြမယ် ကောင်းကင်ထက်ယံ "
"အင်း ပြန်လိုက်ပို့ပေးမယ်"
စိမ့်ရဲ့လက်ကိုသူဆွဲပြီးထိုအိမ်ထဲကထွက်လာခဲ့လိုက်သည်။ပုံမှန်ဒေါသနဲ့ ဆို သူဒီကောင့်ကိုသတ်မိတော့မှာ ဒါပေမဲ့ သူ့ရဲ့ ကြမ်းတမ်းတဲ့ပုံရိပ်တွေကို စိမ့်ငယ်အား နောက်တစ်ကြိမ် ထပ်ပြီး မမြင်စေချင်တော့ဘူးလေ
စိမ့်ကို ခေါ်ပြီးထွက်လာတော့ ဟိန်းဇက်ကကားပေါ်က ဆင်းလိုက်သည်။အနောက်ခပ်လှမ်းလှမ်းကပါလာတဲ့ လမင်းရဲ့မျက်နှာ ကိုမြင်ပြီး သူတကယ်ပဲ လန့်သွားရတယ် ကားထဲက လှမ်းကြည့်နေပေမဲ့ အဲ့လောက်အခြေအနေဆိုးဆိုးထိုးကြိတ်နေလောက်မယ် မထင်ထားခဲ့ဘူး ကောင်းကင်ဒေါသကိုသိပေမဲ့ သူစိတ်ထဲ အကြိမ်ကြိမ်ဆုတောင်းနေမိတာလေး မောင်အများကြီး မထိခိုက်သွားစေဖို့ကိုပေါ့ ဒါပေမဲ့ နှုတ်ခမ်းကွဲသွားသည့်ဒဏ်ရာကအတော်လေးနက်နေပြီးသွေးတွေကမြင်မကောင်းအောင်ကျနေတာဖြစ်သည်။ ဟိန်းဇက်ခေါင်းကိုပြန်ငုံ့လိုက်ပြီး မျက်နှာလွှဲနေမိသည်။ ကောင်းကင်နဲ့ စိမ့်ဝတီ ကားပေါ်ရောက်မှာ သူနောက်တံခါးကိုဆွဲဖွင့်တော့ အေးစက်နေတဲ့ လက်တစ်စုံက သူ့ကိုလှမ်းဆွဲလာသည်။
"ခင်ဗျား ဘယ်လိုရောက်လာတာလဲ ကောင်းကင်ထက်ယံနဲ့ပါလာတာလား"
"မင်း....လွှတ်...!"
"......."
ကောင်ကင်ကားတံခါးဆွဲဖွင့်ပြီး ဆင်းလာတာမို့ ဟိန်းဇက်ကပဲ
"ကောင်းကင် ငါဘာမှ မဖြစ်ဘူး"
လမင်းလက်ကို တုန်တုန်ရီရီ နဲ့ ဆွဲခါပြစ်ပြီး ကားပေါ်အမြန်တတ်လိုက်တော့သည်။ ကားမောင်းထွက်ကြတော့ ဘယ်သူကမှ စကားတစ်ခွန်းမဆိုကြဘဲ တိတ်ဆိတ်နေကြသည်။
ကောင်းကင်က ဟိန်းဇက်အိမ်ကိုဝင်ပို့ပြီး ပြန်မောင်းထွက်သွားကြသည်။ဝိုင်းလမင်းမောင်ရဲ့ ယိုယွင်းနေတဲ့မျက်နှာက သူ့အာရုံထဲ အကြိမ်ကြိမ်ပေါ်ထွက်လာ၏။
@Period-K
Zawgyi
ဒီေန႕ မနက္ မိုးထက္ယံ က ကုမၸဏီကိုေရာက္လာခဲ့တယ္။သူလုပ္စရာရွိတာေတြ လုပ္ၿပီး ေကာင္းကင္ေရွ႕ကို File အထပ္လိုက္ႀကီးခ်ေပးကာ သူ႕ေနရာသူျပန္သြားသည္။ေကာင္းကင္လည္း ဘာမွ ေျပာမေနခ်င္တာနဲ႕ တစ္ခုခ်င္းယူဖြင့္ဖတ္ေနခဲ့သည္။ အာကာထက္ရဲ႕ လုပ္ေနတဲ့ လုပ္ငန္းအေၾကာင္းေတြရယ္ၿပီးေတာ့ ဦးဘုန္းျမင္းမိုရ္ နဲ႕ ဖက္စပ္အစုရွယ္ယာ အေၾကာင္းေတြ အစုံပါလာသည္။ ဒီၾကားတည္း လူလတ္ တန္းစားေတြ အတြက္ တစ္သိန္းေအာက္ထစ္ ပစၥည္းေတြ ထုတ္ေပးၿပီး လူတန္းစားမေ႐ြး သုံးနိုင္သည့္ ေစ်းကြက္ကို ထိုးေဖာက္ဖို႔ လုပ္ေနတာ ျဖစ္သည္။ ဒီလိုသာ ဆို လူတန္းစာ အကုန္လုံၾကား V brand, အရွိန္အဝါက ပိုေတာက္ပလာမွာျဖစ္သည္။ ဘယ္ဆိုးလို႔ လဲ အာကာထက္က ဦးေႏွာက္ေတာ့ ပါလာသားပဲ
ေကာင္းကင္ မိုးထက္ယံကို ၾကည့္လိုက္ေတာ့သူက သူ႕အလုပ္ကိုသာ စည္းစနစ္က်က်လဳပ္ေနတာ အရင္လို ဆရာႀကီးစတိုင္လ္နဲ႕ သူ႕ကို လာၿပီးေတာ့အႀကံမေပးေတာ့ေပ။ နားညည္းသက္သာတာေပါ့
"မိုးထက္ယံ "
"...." သူ႕အနားကိုျပန္ေလွ်ာက္လာၿပီး ခိုင္းမဲ့ အလုပ္ကိုနားေထာင္ေပးသည္။
"အာကာထက္ လိုေနတဲ့ ရွယ္ယာကို ဝယ္လိုက္ မနက္ျဖန္ Fashion show တစ္ခုရွိတယ္လို႔ ၾကားထားတယ္ ပြဲလက္မွတ္ ဝယ္ထားလိုက္ "
"ဟုတ္ကဲ့ "
"ကိုရာဇာ ကိုလႊတ္လိုက္ "
အစ္ကိုျဖစ္သူက်ေတာ့ မိုးထက္ယံတဲ့
သူစိမ္းက် ကိုရာဇာတဲ့ေလ မခ်င့္မရဲျဖစ္မိတာ ထိုအရာေတြလည္း ပါေလသည္။
ေကာင္းကင္ ေန႕လည္တစ္ပိုင္းကို အတန္းျပန္တတ္သည္။ ၾကားတည္း အခ်ိန္လြတ္ေတြဆို စိမ့္ဝတီဆီ သြားခ်င္ေနတဲ့ စိတ္ေတြကိုလည္း မနည္းခ်ိဳးႏွိမ္ရလြန္းတယ္
အားလပ္ခ်ိန္ေရာက္ေတာ့ အနားယူတဲ့ အေနနဲ႕ ေရကန္ဆီကို ေကာင္းကင္ေလွ်ာက္လာခဲ့သည္။ေဘးနားက ဟိန္းဇက္ကသူသြားရာ လိုက္လာေပမဲ့ ေရကူးဝတ္စုံလဲၿပီးကန္ေဘာင္ေပၚမွာ ထိုင္ကာ ဖုန္းႏွိပ္ေနေလရဲ႕။ေကာင္းကင္ အခုတေလာ အလုပ္နဲ႕ ေက်ာင္း၊ စိမ့္ငယ္ဘက္ပါလွည့္ေနရၿပီး အဘက္ဘက္ကၿပိဳင္ဖက္ ေတြကိုလည္း အခ်ိန္ေပးေနရတာ ညတိုင္းသြားေနတဲ့ ကစားဝိုင္းေတြေတာင္ မသြားျဖစ္တာၾကာၿပီ။
ကန္တစ္ပတ္ ေရကူးၿပီး တခြီခြီျဖစ္ေနတဲ့ ဟိန္းဇက္ေပါင္ကို လက္သီးနဲ႕ ထိုးလိုက္သည္။ဒီေကာင္ကသိပ္မနာလိုစရာေကာင္းတယ္ သူပဲေအးခ်မ္းေပါ့ပါးလြန္းတယ္
"မင္းေမစပ ျဖစ္ေနလိုက္"
" ေရဆင္းကူးေလ မယားတ႐ူးရဲ႕"
"ဘာမွ မယားမ႐ူးဘူးေဟ့ေကာင္ "
"မင္းဖုန္းႀကီးခ်ထားစမ္းပါ အားတုန္းေလး ေရကူးၿပိဳင္ၾကရေအာင္ "
"မၿပိဳင္ဘူး ပ်င္းတယ္"
ေျပာမရေတာ့ေကာင္းကင္ထက္ၿပီး သူ႕ေျခေထာက္ကို လက္သီးနဲ႕ထပ္ထိုးၿပီး တစ္ေယာက္ထဲ ျပန္ကူးေနလိုက္သည္။
"မေအ ိုးေလးက ......"
ဟိန္းဇက္ဆဲတာကို ဘာမွ ျပန္မတုံ႕ျပန္မိေတာ့ ။သူဆဲတာကလည္း အခုမွမဟုတ္ ငယ္ငယ္ကတည္းက ႏႈတ္သယမ္းတဲ့ေကာင္ပဲ။အၿမဲ အတူေနေနၾကတဲ့သူငယ္ခ်င္းတစ္ေယာက္အနားမွာ မရွိေတာ့ တစ္ခါတစ္ခါ ပင္ပန္းတယ္။အတူရွိတုန္းက တစ္ေယာက္နဲ႕တစ္ေယာက္ ေဖးေဖးမမ ရွိသည္ေလ။ဝင္းကို.....ဝင္းကိုဆိုတာ ေစာလြန္းရဲ႕ အေဖနာမည္ ။ေစာလြန္းကသူ႕နာမည္ ဝင္းကို သူ႕အေဖနာမည္ " ေစာလြန္းဝင္းကို "ပင္ျဖစ္သည္။ ဝင္းကိုလို႔ေခၚရင္မႀကိဳက္တဲ့ေကာင္ သူငယ္ခ်င္းေတြမို႔ေလ်ာ့ေပးတယ္ ဆိုၿပီးေျပာတဲ့ေကာင္
ေခါင္းအမာဆုံးေကာင္ ဒီေကာင္က ေယာက္်ားတစ္ေယာက္ေၾကာင့္ သူသိပ္ခ်စ္္တဲ့မိဘေတြကိုလြန္ဆန္ၿပီး တစ္ဇြတ္ထိုးလုပ္ခဲ့တာ။ "ဒီလူ မရွိရင္ ငါမေနနိုင္ဘူး ေဟ့ေကာင္ ဒီလူကို ႐ူးေလာက္ေအာင္ ခ်စ္မိသြားတာကိုပဲ အျပစ္တင္ရေတာ့မယ္" တဲ့ အဲ့ေန႕ညက အခ်စ္နဲ႕ ထိေတြ႕မႈကို ေကာင္းကင္ တကယ္ေျခာက္ျခားခဲ့ရတာ။ လုံးဝ မ်က္ရည္မက်ဖဴးတဲ့ေကာင္က ထိုလူက သူ႕ကိုျငင္းလို႔ ငိုခဲ့ေသးတယ္ တကယ့္ေကာင္ ။အခုေတာ့ေကာင္းကင္လည္း ဝင္းကို လိုျဖစ္ေနရၿပီ။ဘယ္သူ႕ေၾကာင့္လဲဆို စိမ့္ဝတီေၾကာင့္ေပါ့ေလ။သူ႕စကားဆို ႏွလုံးသားကမလြန္ဆန္ရဲေလာက္ေအာင္ပဲ
"ေကာင္းကင္ မင္းဖုန္းလာေနတယ္"
"...."
"ေခြးသူခိုး မင္းဖုန္းလာေနတယ္ကြ"
ဟိန္းဇက္ ဆဲသံေတြၾကား သူဖုန္းကိုလွမ္းယူလိုက္သည္။ ၾကည့္မိေတာ့ စိမ့္ဝတီတဲ့ေလ
"Hello စိမ့္ငယ္"
" အာ....ဖုန္းေခၚထားတာေတြ႕လို႔ျပန္ေခၚလိုက္တာ ဘယ္သူလဲမသိဘူး"
"မင္းကဘယ္သူလဲ!"
ေကာင္းကင္မ်က္လုံးေတြက ေရေၾကာင့္ နီေနရာက ပိုၿပီးရဲေတာက္လာေတာ့သည္။စိမ့္က သူ႕ဖုန္းကို contact ေလးေတာင္မမွတ္ထားဘူးလား အဲ့ထက္ အေရးႀကီးတာက စိမ့္ဖုန္းကိုဘယ္သူကကိုင္ေနတာလဲ?
ေရထဲကတတ္ၿပီး အဝတ္လဲခန္းထဲေတာက္ေလွ်ာက္ဝင္လာရင္း
"ကြၽန္ေတာ္က ဝိုင္းလမင္းေမာင္ပါ အခု စိမ့္ကေရခ်ိဳးေနလို႔ "
"ဘာ မင္းဘာ ေစာက္စကားေျပာတာလဲေဟ့ေကာင္ အခုမင္းဘယ္မွာလဲ"
"ကြၽန္ေတာ္ ကကြၽန္ေတာ့္အိမ္မွာေပါ့ အခုေျပာေနတဲ့သူက အေရးမႀကီးဘူးဆို ဖုန္းခ်ေတာ့မယ္သိပ္မအားလို႔ ခင္ဗ် "
တီကနည္းက်သြားသည့္ဖုန္းေၾကာင့္ တံခါးကို လက္သီးနဲ႕ပစ္ထိုးမိလိုက္သည္။
ဟိန္ဇက္ ျပန္စာမရသည့္ message box ကိုၾကည့္ၿပီး သက္ျပင္းေလးခ်မိသည္။အဝတ္လဲခန္းကက်ယ္ေလာင္တဲ့အသံကိုၾကားမိလို႔သူအေျပးဝင္ၾကည့္မိေတာ့ ေဒါသတႀကီးျဖစ္ေနသည့္ ေကာင္းကင္
အဝတ္ကိုအလွ်င္အျမန္လဲေနတာေၾကာင့္ လည္းလဲရင္း ေကာင္းကင္ေနာက္လိိုက္လာခဲ့ရသည္။
မဟုတ္ရင္ ေကာင္းကင္ေဒါသကိုဘယ္သူကမွထိန္းနိုင္မွာ မဟုတ္ဘူး
"ဝိုင္းလမင္းေမာင္!!"
"ဟင္ ဘာ... ျဖစ္လို႔လဲေကာင္းကင္"
"ဒီေခြးမသားနဲ႕ စိမ့္ကအတူရွိေနတာ ငါ့ကိုဖုန္းဆက္တာစိမ့္ငယ္မဟုတ္ဘူး အဲ့ေခြးမသားေလ စိမ့္ဖုန္းကို ယူသုံးၿပီး ျပန္ေခၚနိုင္ရေလာက္ေအာင္ ဘယ္အဆင့္ထိေရာက္ေနၾကတာမို႔လို႔လဲ ေတာက္!!"
ဟိန္းဇက္လည္း မ်က္လုံးေလးဝိုင္းသြားရသည္။
........
" ေဟ့ေကာင္ အဲ့တာ The Unique က ဒုတိယ သခင္ေလးရဲ႕ကား ယွဥ္ေမာင္းမေနနဲ႕ ခဏေဘးကပ္ရပ္ေပးလိုက္"
"ေအး ေစာေစာ မေျပာဘူး ကြာမင္းက"
ေကာင္းကင္ လမ္းတစ္လုံး သူ႕အပိုင္ ဟုသတ္မွတ္ၿပီးမ်ားေမာင္းေနတာလား မသိ သူ႕မွာေတာ့ အသည္းကြဲသလိုလို နဲ႕ မ်က္ရည္ခိုးခိုးသုတ္ေနရင္း 24 ပစၥည္း ႐ြတ္ေနရၿပီ။ေသရင္ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ လူပ်ိဳဘဝနဲ႕ေသရေတာ့မယ္ ေယာက္်ားေတာင္ အယ္....! မိန္းမေတာင္မယူရေသးဘူး
"ေကာင္းကင္ မင္းဘယ္ကိုေမာင္းေနတာလဲ"
"....."
"ေခြးသား မင္းဘယ္ေမာင္းေနတာလဲ ေသခ်င္းဇိုးရဲ႕"
"ဝိုင္းလမင္းေမာင္အိမ္"
ဟုတ္သားပဲ ဒီေကာင့္အိမ္ကိုပဲသြားရမွာေပါ့ စုံစမ္းေနတဲ့ ငါေတာင္ ေမာင့္အိမ္ကို မသိေသးဘူး သူကသိေနၿပီေပါ့ ဘာပဲေနေန ဒီေကာင္ က သြက္လိုက္တာ ေကာင္းကင္ေတာင္ လိုက္မရျဖစ္ေနတဲ့ စိမ့္ဝတီကို အိမ္ေခၚနိုင္တာ ငါ့ကိုေခၚရင္ ေသာက္ျပသနာတတ္မွာ မဟုတ္ဘူး ငါကလည္း သူ႕အိမ္လိုက္ခ်င္လို႔မဟုတ္ပါဘူး မလိုက္ခ်င္တာလည္း မဟုတ္ဘူး ေမ ိုးေလး ငါ့ကိုစိတ္ရႈပ္ေအာင္ အရမ္းလုပ္တာပဲ
....
ၿခံေရွ႕ ဟြန္းေတြ အသည္းအသန္တီးေတာ့ ၿခံေစာင့္ဦးေလးႀကီးက ၿခံတံခါးကိုလာဖြင့္ေပးသည္။ ေကာင္းကင္က ကားကို အိမ္ေရွ႕မွာ ရပ္ၿပီး ကားတံခါးကိုဆြဲဖြင့္ၿပီး ဆင္းကာ ဝုန္းကနည္းျပန္ပိတ္ၿပီးထားခဲ့သည္။အိမ္ထဲကိုလွမ္းျမင္ရတာမို႔ ဟိန္းဇက္ နည္းနည္းေလးေခ်ာင္းၾကည့္လိုက္မိတယ္ ပုံမွန္ဆို ေကာင္းကင္ကို ဆင္းၿပီး တားခ်င္ေပမဲ့ ဟိုေကာင့္ကိုလည္း မျမင္ခ်င္ဘူး
ေကာင္းကင္ဝင္သြားေတာ့ လမင္းနဲ႕ စိမ့္က ေလွကားကေနဆင္းလာေနတာျဖစ္သည္။စိမ့္က ေကာင္းကင္ကိုျမင္လိုက္ရေတာ့ တကယ္ကို အံ့ၾသထိတ္လန့္ေနတာ လမင္းကေတာ့ ရႈတည္တည္ပင္ ျဖစ္သည္။
"ခြပ္*"
"ေကာင္းကင္ထက္ယံ မင္း .... ဘာလုပ္တာလဲ !"
"ထိုးလိုက္တာေလ! မျမင္ဘူးလား ကန္းေနတာလား"
ေကာင္ကင္ စိမ့္ရဲ႕အေမးကို ေဒါသတႀကီးျပန္ေျဖလိုက္သည္။စိမ့္ရဲ႕လက္ေတြက ေကာင္းကင္ရဲ႕ လက္ေမာင္းကိုဆြဲလိုက္သည္ေၾကာင့္ ေကာင္းကင္ ဆြဲမခါခ်မိ။ခါခ်လိဳက္မိရင္ ဒီေကာင္မေလး လဲက်သြားၿပီး အနာတရျဖစ္႐ုံပဲရွိမွာေလ
"ကိုထက္....! ဘာလို႔အခုလိုလုပ္ရတာလဲ "
"မင္းကေရာ ဘာလို႔ ဒီမွာ ရွိေနရတာလဲ စိမ့္ဝတီ"
ေမးေတာ့သူ႕ကိုမ်က္လုံးအဝိုင္းသားနဲ႕ၾကည့္လာသည္။တကယ္ကို ဒီေကာင္နဲ႕ျဖစ္ေနတာလား မနဲ႕ ေမာင္ဇာတ္လမ္းထြင္ခ်င္ေနလို႔မ်ားလား ဟိုတစ္ေန႕ကသူ႕အမွားမို႔ ဘာမွမေျပာနိုင္ခဲ့ဘူး တစ္ေန႕ကကားေပၚေရာက္တယ္အခုက်အိပ္ခန္းထဲထိေတာင္ေရာက္ေနတာကေတာ့တကယ္လြန္ၿပီ
"စိမ့္ဝတီ ေဘးဖယ္ေနေပး"
"ေဟ့ေကာင္ မင္းပါးစပ္က သူ႕နာမည္ကိုမေခၚနဲ႕"
"ေကာင္းကင္ထက္ယံ ...!"
သုံးေယာက္လုံးအသံက တစ္ဆင့္ခ်င္းထြက္လာၿပီး က်ယ္ေလာင္သထက္ က်ယ္ေလာင္ေနသည္။ ေကာင္းကင္ကသာေဒါသတႀကီးျဖစ္ေနတာ ဝိုင္းလမင္းရဲ႕ မ်က္ႏွာက ေအးစက္စက္ မ်က္ႏွာေသျဖင့္ ဒီမ်က္ႏွာထားက ေကာင္းကင္ကို ပိုေဒါသထြက္လာေစသည္။အခု ဒီေကာင့္ အဝတ္အစားကိုဝတ္ထားသည့္ စိမ့္ကိုျမင္ရေလ ေဒါသေတြပိုထြက္လာေလပဲ
ဘယ္ေလာက္ရင္းႏွီးေနၾကၿပီလဲ
ဘယ္အခ်ိန္ကတည္းက ရင္းႏွီးခဲ့ၾကတာလဲ
ဘယ္အဆင့္ထိေရာက္ေနၾကၿပီလဲ
လဲေပါင္းမ်ားစြာနဲ႕ေကာင္းကင္႐ူးေတာ့မယ္ ထိုေကာင္က သူ႕ထက္အနည္းငယ္ပိုျမင့္ေနေပမဲ့ ေကာင္းကင္အားပါးတရ ထိုးနိုင္တဲ့ အေနအထားမ်ိဳးမွာ ရွိသည္။ ဆြဲထားတဲ့ လက္တစ္စုံကို ဖြဖြကေလးကိုင္ကာ ဖယ္ရွားပစ္ၿပီးၿပီးခ်င္း ထိုေကာင့္ရဲ႕အကၤ်ီေကာ္လံစအားဆြဲၿပီး ထပ္ၿပီး ထိုးပစ္သည္။အခ်က္ေရမတြက္နိုင္ေအာင္ ထိုးပစ္မိေနဆဲ
" ေတာ္ေတာ့ ငါေျပာေနတယ္ ေတာ္ေတာ့လို႔ ေကာင္းကင္ထက္ယံ.....!"
စိမ့္ဝတီ စကားအဆုံး လမင္း မ်က္ႏွာတစ္ခုလုံးေသြးလႊမ္းေနၿပီျဖစ္သည္။ေကာင္းကင္ရဲ႕လက္လည္း ေသြးေတြႏွင့္ ေပေယေနလွ်က္ရွိသည္။ဒီကိစၥက ေသြးထြက္သံယို ျဖသ္သရာကိစၥမဟုတ္သလို လမင္းကို ထိခိုက္ေစမိတဲ့အတြက္ စိမ့္စိတ္ထဲဘဝင္မက်ဘဴး။ကမူးက႐ူး နဲ႕ ထိုးႀကိတ္ေနတဲ့ ေကာင္းကင္ကိုလည္း သူနားမလည္နိုင္ ပိုလို႔ပင္စိတ္ပ်က္ရေသးသည္။
" ျပန္ၾကမယ္ ျပန္ၾကမယ္ ေကာင္းကင္ထက္ယံ "
"အင္း ျပန္လိုက္ပို႔ေပးမယ္"
စိမ့္ရဲ႕လက္ကိုသူဆြဲၿပီးထိုအိမ္ထဲကထြက္လာခဲ့လိုက္သည္။ပုံမွန္ေဒါသနဲ႕ ဆို သူဒီေကာင့္ကိုသတ္မိေတာ့မွာ ဒါေပမဲ့ သူ႕ရဲ႕ ၾကမ္းတမ္းတဲ့ပုံရိပ္ေတြကို စိမ့္ငယ္အား ေနာက္တစ္ႀကိမ္ ထပ္ၿပီး မျမင္ေစခ်င္ေတာ့ဘူးေလ
စိမ့္ကို ေခၚၿပီးထြက္လာေတာ့ ဟိန္းဇက္ကကားေပၚက ဆင္းလိုက္သည္။အေနာက္ခပ္လွမ္းလွမ္းကပါလာတဲ့ လမင္းရဲ႕မ်က္ႏွာ ကိုျမင္ၿပီး သူတကယ္ပဲ လန့္သြားရတယ္ ကားထဲက လွမ္းၾကည့္ေနေပမဲ့ အဲ့ေလာက္အေျခအေနဆိုးဆိုးထိုးႀကိတ္ေနေလာက္မယ္ မထင္ထားခဲ့ဘူး ေကာင္းကင္ေဒါသကိုသိေပမဲ့ သူစိတ္ထဲ အႀကိမ္ႀကိမ္ဆုေတာင္းေနမိတာေလး ေမာင္အမ်ားႀကီး မထိခိုက္သြားေစဖို႔ကိုေပါ့ ဒါေပမဲ့ ႏႈတ္ခမ္းကြဲသြားသည့္ဒဏ္ရာကအေတာ္ေလးနက္ေနၿပီးေသြးေတြကျမင္မေကာင္းေအာင္က်ေနတာျဖစ္သည္။ ဟိန္းဇက္ေခါင္းကိုျပန္ငုံ႕လိုက္ၿပီး မ်က္ႏွာလႊဲေနမိသည္။ ေကာင္းကင္နဲ႕ စိမ့္ဝတီ ကားေပၚေရာက္မွာ သူေနာက္တံခါးကိုဆြဲဖြင့္ေတာ့ ေအးစက္ေနတဲ့ လက္တစ္စုံက သူ႕ကိုလွမ္းဆြဲလာသည္။
"ခင္ဗ်ား ဘယ္လိုေရာက္လာတာလဲ ေကာင္းကင္ထက္ယံနဲ႕ပါလာတာလား"
"မင္း....လႊတ္...!"
"......."
ေကာင္ကင္ကားတံခါးဆြဲဖြင့္ၿပီး ဆင္းလာတာမို႔ ဟိန္းဇက္ကပဲ
"ေကာင္းကင္ ငါဘာမွ မျဖစ္ဘူး"
လမင္းလက္ကို တုန္တုန္ရီရီ နဲ႕ ဆြဲခါျပစ္ၿပီး ကားေပၚအျမန္တတ္လိုက္ေတာ့သည္။ ကားေမာင္းထြက္ၾကေတာ့ ဘယ္သူကမွ စကားတစ္ခြန္းမဆိုၾကဘဲ တိတ္ဆိတ္ေနၾကသည္။
ေကာင္းကင္က ဟိန္းဇက္အိမ္ကိုဝင္ပို႔ၿပီး ျပန္ေမာင္းထြက္သြားၾကသည္။ဝိုင္းလမင္းေမာင္ရဲ႕ ယိုယြင္းေနတဲ့မ်က္ႏွာက သူ႕အာ႐ုံထဲ အႀကိမ္ႀကိမ္ေပၚထြက္လာ၏။
@Period-K