Unicode
Swan Emblem
'လှည့်ဖျားမှုကျော့ကွင်းရဲ့ အမှတ်အသား
အမှန်တရား အတွက် သဲလွန်စ၊
ဒီရေနဲ့အတူ အထွတ်အထိပ်ရောက်လာတဲ့ လောဘစိတ္တ။
ဒုစရိုက် သရဖူကို ဆောင်းထားရင်း
သစ္စာတရား အပျက်အစီးတွေဟာ ခြေနင်း ကတ္တီပါ။'
~~~~~~~~~~~~~~~~~
တံခါးလက်ကိုင်ဘုကို ဆွဲလှည့်လို့ တံခါးချပ်အား တွန်းဖွင့်လိုက်သည်နှင့် အမှောင်ထုအား မျက်နှာချင်းဆိုင်မိ၏။
ဖုန်နံ့တို့ ကြီးစိုးသည့် အခန်းတွင်းလေထုကြောင့် နှာခေါင်းအား အလိုအလျောက် ပိတ်ထားလိုက်မိသည်။
မဲမှောင်နေသည့် ဝန်ကျင်းအား အနီး၌ ရှိသော မီးခလုတ်ကို ဖွင့်လိုက်ပြီး မှောင်မဲနေသော ဝန်ကျင်းအား ပျောက်ကွယ်စေလိုက်သည်။
မီးရောင်အောက်တွင် ထင်ရှားစွာ ပေါ်လွင်လာသည့် အရှုပ်အပွများ။
ပျက်စီးဟောင်းနွမ်း ပစ္စည်းများကို တစ်နေရာထဲ စုပြုံ၍ ပစ်ထားသလို ဖရိုဖရဲ ဖြစ်နေသည့် အခန်းကျဥ်းလေးမှာ ခြေချစရာ နေရာလွတ်များများစားစား မရှိ။
ပြန့်ကျဲ့နေသည့် အပိုင်းအစများကို ဖယ်ရှားနေရင်း အိမ်တော်ရှိ များပြားသည့် အိမ်အကူများက ဤ အခန်းအား အဘယ်ကြောင့် များ သန့်ရှင်း မလုပ်ရသည်ကို ယုံချန် တွေးနေမိသည်။
များပြားလှသည့် ပစ္စည်းတို့အား မိမိတစ်ယောက်တည်းအားဖြင့် ရှင်းလင်းနေလျှင် အချိန်များစွာ ကုန်သွားမည်မှာ ကျိန်းသေပေါက်မလို့ အကူအညီ သွားတောင်းရန် အပြင်သို့ ပြန်အထွက် ခပ်မာမာ ဝတ္ထုလေးတစ်ခုသည် သူ၏ခြေထောက်အောက်တွင် နေရာယူထားသည်။
စူးစမ်းလို စိတ်အပြည့်ဖြင့် ကောက်ကိုင်လိုက်သော စာအုပ်သဏ္ဍန် လေးထောင့် အရာလေးဟာ အတော့်ကိုမှ ဟောင်းနွမ်းနေသည်။
ကာလကြာစွာ ပစ်ထားသည်မလို့ ဖုံမှုန့်အချို့ဟာ ဖုံးလွှမ်းသော စာအုပ်အဖုံးအား ဖွင့်လိုက်သည်ဆိုရုံဖြင့် ယုံချန် လက်ထဲက အရာသည် စာအုပ်တစ်အုပ်မဟုတ်မှန်း သဘောပေါက်သွားခဲ့သည်။
ဓါတ်ပုံအချို့အား သိမ်းဆည်းထားသော ဓါတ်ပုံ အယ်ဘမ်လေး တစ်ခု။
ဝါကျင် ဟောင်းနွမ်းသည့် ဓါတ်ပုံ အများစုဟာ ရှုခင်းပုံနှင့် ဥက္ကဠဝမ်ငယ်စဥ်က ရိုက်ထားသည့် စုပေါင်း ဓါတ်ပုံများသာ။
တစ်ပုံချင်း လိုက်လံကြည့်ရှုနေရင်း တစ်နေရာ အရောက်တွင် ယုံချန်၏ လှုပ်ရှားမှုတို့ဟာ ရပ်တန့်သွားပြီး တောက်ပြောင်နေသော မျက်လုံးတို့မှုတစ်ဆင့် ဇဝေဇဝါ ဖြစ်ခြင်းတို့ ပြည့်လျှံလာရသည်။
ဒီဓါတ်ပုံထဲတွင် လူရွယ်နှစ်ယောက်နှင့်အတူ တစ်နှစ်သား အရွယ် ကလေးတစ်ယောက်အား ချီပိုးထားသော အမျိုးသမီးတစ်ယောက်။
သုံးယောက်လုံးဟာ အလွန်မှ ပျော်နေဟန်ရှိသည်။
ဓါတ်ပုံထဲမှ လူနှစ်ယောက်ဟာ ဥက္ကဠ ဝမ်နှင့် အိမ်တော်ထိန်းမင် ဖြစ်ကြောင်း သူ သိပေမယ့် ထို အမျိုးသမီးအား သူ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
ကလေးငယ်အား တင်းကျပ်စွာ ထွေးပွေ့ထားရင်း နမ်းရှိုက်နေသည့် ထိုအမျိုးသမီးဟာ ဘဲလေးဂါဝန်တစ်စုံကိုလည်း လှပစွာ ဝတ်ဆင်ထားသေးသည်။
သူမ၏ မိတ်ကပ်နှင့် ဆံပင် အပြင်အဆင်မှာ ကပွဲကသည့် အပြင်အဆင်အတိုင်းဖြစ်နေသည်မလို့ ကပွဲတစ်ခု အပြီးတွင် အမှတ်တရရိုက်ထားသော ပုံတစ်ပုံဖြစ်နိုင်သည်။
ယုံချန် ဓါတ်ပုံအား အတန်ကြာသည် အထိ စိုက်ကြည့်နေရင်း ဓါတ်ပုံ၏ အနောက်အား စစ်ဆေးကြည့်သောအခါ ဓါတ်ပုံ၏ နောက်ဘက်တွင် ရက်စွဲတစ်ခုနဲ့အတူ ငန်းပုံသဏ္ဍန် အမှတ်အသားတစ်ခုက နေရာယူထားသည်။
ထင်ရှားနေသည့် ယင်း ငန်းပုံစံ အမှတ်အသားအား လက်ဖျားဖြင့် ခပ်ဖွဖွ ပွတ်ဆွဲကြည့်နေရင်း ယုံချန်စိတ်ထဲ အလိုမကျ။
ယခင်က ဓါတ်ပုံထဲမှ အမျိုးသမီး အကြောင်းအား သူတစ်ခုမှ မကြားဖူးသည်မလို့ ဇနိုးဇနောက်ဖြစ်သွားသော အာရုံခံစားမှုနဲ့အတူ တစ်စုံတစ်ရာအား နက်နက်နဲနဲတွေးနေပေမယ့် ဗလာကျင်းနေသည့် ဦးနှောက်က မျက်နှာသာမပေးပေ။
စဥ်းစားနေရင် အရှေ့ဘက်မှ ဝိုင်းဒိုင်းကျဲနေသော အသံတို့ကြောင့် ထိုဓါတ်ပုံအား အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ရင်း ရှေ့သို့ အမြန်ထွက်လာခဲ့သည်။
အရှေ့သို့ ရောက်ရောက်ချင်း အိမ်ပြန်ရောက်နှင့် နေပြီ ဖြစ်သည့် ရိပေါ်၏ မျက်လုံးများမှာ ဒေါသကြောင့် နီမြန်းနေခဲ့သည်။
"ဘာတွေ ဖြစ်ခဲ့လို့လဲရိပေါ်"
ပစ္စည်းများအား ရိုက်ခွဲကာ သောင်းကျန်းထားသည့် ရိပေါ်အား ကျိုးပဲ့နေသော အပိုင်းအစတွေကြားမှ ဂရုတစိုက်ဆွဲခေါ်လို့
ငြှင်သာစွာ မေးကြည့်ပေမယ့် ရိပေါ်ကတော့ တောက်လောင်နေသော အကြည့်တို့ဖြင့်သာ အိမ်တံခါးဖွင့်၍ ဝင်လာသော အိမ်တော်ထိန်းကြီးအား စိုက်လို့ကြည့်နေသည်။
အိမ်တော်ထိန်းကြီးမှာလည်း အကြောတင်းစွာ အပြုံးမပျက်ပဲ ခပ်ယို့ယို့ ကိုယ်ဟန်ဖြင့် မျက်လွှာချထားသည်
မျက်နှာပေါ်တွင် ဘာအရိပ်မှ မဖမ်းမိသည့် အိမ်တော်ထိန်းကြီးနှင့် မီးပွင့် မတတ်စိုက်ကြည့်နေသည့် ရိပေါ်တို့ကြား ဘာတွေ ဖြစ်ခဲ့ကြမှန်း ယုံချန် လိုက်မမှီတော့။
"ဘာကြောင့် တားရတာလဲ။
တကယ်ပဲ ဘာတွေများရှိနေသေးတာလဲ။
ဖုံးကွယ်ထားတွေ ဘယ်လောက်ထိတောင် ရှိနေသေးတာလဲ!!"
ဝမ်ရိပေါ်ဟာ မျက်ရည်တွေကြားမှ လည်ပင်းကြောတို့ ထောင်သည်အထိ အော်ဟစ်နေမိသည်။
ယုံချန်မှာတော့ အိမ်တော်ထိန်းမင်နှင့် ရိပေါ်ကို တလှည့်စီကြည့်ရင်း လက်ရှိ အခြေအနေအားသဘောပေါက်အောင် မနည်း ကြိုးစားနေရရှာသည်။
တည်ငြိမ်သော မျက်နှာထားဖြင့် ငြိမ်သက်စွာရပ်နေသည့် အိမ်တော်ထိန်းကြီးကတော့ ထုံးစံအတိုင်း မုသားခြုံသည့် အကြောင်းပြချက်တွေဖြင့်။
"သခင်လေး မိုးမိပြီး နေမကောင်းမှ စိုးလို့ပါ"
ရာနှုန်းပြည့် မိမိအား လိမ်ညာနေမှန်း ရိပေါ်သိသည်။
တစ်ဆစ်ဆစ်နာကျင်စွာ ခံပြင်းမိပေမယ့် လက်ဆုပ်လက်ကိုင်ပြစရာ ရေရေရောရာမရှိ။
ဥာဏ်များလွန်းသည့် သည်လူကြီးအား လျှားစောင်းထက်စွာ ပြန်ခံပြောနိုင်ခြင်းလဲ မရှိ။
သည်းမခံနိုင်သည့် အဆုံး ဖွင့်ဟမိတိုင်းမှာ ရိပေါ်သည်သာ စွတ်စွဲသူ ၊
သူဟာ နစ်နာသူ ၊စေတနာ ကြီးသူ အဖြစ် ပြောင်းပြန်လှန်နိုင်သည်အထိ ကောက်ကျစ်လွန်းလှသူဖြစ်သည်။
ဤသို့ ကောက်ကျစ်သူအား သံယောဇဥ်တွယ်မိသူမှာလည်း ရိပေါ်ပင်။
ဒေါသတကြီး အခန်းထဲ ဝင်သွားပြီးနောက် မိမိနောက်မှ တစ်စုံတစ်ယောက် ပြေးလိုက်လာသည်ကို ခံစားမိသည်။
အိမ်တော်ထိန်းကြီး၏ မျက်နှာဖုံးအား ခွာချမည်လုပ်တိုင်း ပေါ့ညံ့စွာ အမြဲရှုံးနေရသည့် မိမိကိုယ်ကို မကျေနပ်သောကြောင့် အနာတရာ တစ်ခုခု ဖြစ်အောင် လုပ်ပစ်ချင်သည်။
ရိပေါ်ဟာ နောက်ပိုင်းကာလတို့တွင် စိတ်ပိုင်းဆိုင်ရာ အရ အဖြစ်မရှိသူ တစ်ယောက်လို ခံစားလာရသည်။
အနားရှိသူတိုင်း အလွယွတကူ သစ္စာဖောက်နိုင်သည့် အသုံးမကျသည့် လူတစ်ယောက်လို။
အများအမြင်တွင် ထက်မြတ်ပြီး ပြိုင်ဘက်ကင်းသည့် ဘဲလေးအကသမားတစ်ယောက်၊
Onsra ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူတစ်ယောက် အနေဖြင့် ပြီးပြည့်စုံသည့် ဝမ်ရိပေါ်ဟာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။
အမှောင်ထုထဲတွင် ပြိုလဲပျက်စီးနေသည့် ဝမ်ရိပေါ်အစစ်၏ အရိပ်ယောင်အား တန်ဆာဆင်ထားသည့် အတုအယောင်သာ ။
အတွေးနဲ့အတူ မျက်စိရှေ့က မှန်ချက်အား ထိုးခွဲပစ်လိုက်ရန် အားပြင်းပြင်းဖြင့် ဆန့်တန်းလိုက်သည့် မိမိလက်အား အနောက်ဘက်က တစ်စုံတစ်ယောက်က ဖမ်းဆုပ်လို့ကိုင်လာသည်။
"ရိပေါ်"
စိုးရိမ်သံစွက်သော ထိုအသံမှာ သနားကရုဏာတို့ ကပ်ပါလာသည်မလို့ ရိပေါ်မျက်နှာမှာ ပို၍ ခက်ထန်လာသည်။
"လွတ်!!!"
အသာတကြည့် လွှတ်မြောက်ပေးလိုက်တဲ့ လက်တွေနဲ့ ဝေးရာကို ရိပေါ် ဆုတ်တိုးသွားမိသည်။
အေးစက်သည့် မျက်လုံးတို့ဖြင့် ယုံချန်အား ခြုံငုံကြည့်ပြီး
ဒေါသကြောင့် နားထင်မှ သွေးကြောတို့မှာ ထောင်နေကာ ရင်အစုံမှာ နိမ့်ချည်မြင့်ချည်။
စိုးရမ်ကြီးစွာ မိမိအားကြည့်နေသော ယုံချန်ကြောင့်
"နားချင်နေပြီ ထွက်သွားတော့"
ယုံချန်ဟာ ထွက်သွားပေးမည် ဖြစ်ကြောင်း ခေါင်းငြိမ့် သဘောတူမိပေမယ့် နှုတ်ဖျားမှတော့ ကရားရေလွှတ် ဆက်ပြောနေမိသည်။
"ကိုယ့်ကိုယ်ကို နာကျင်အောင် မလုပ်ပါနဲ့ ကျေးဇူးပြုပြီး။
ဝမ်ရိပေါ်က အရမ်း သန်မာတာလေ။
ကိုယ့်ကို ကြည့်ဦး"
သန်မာရတာ ပင်ပန်းလှပါပြီ ဆိုကာမှ သန်မာကြောင်းတွေပဲ ထပ်ထပ်ပြောသောအခါ မျက်နှာလွှဲမိသည် ရိပေါ်ကို ယုံချန်းအား သူ့မျက်လုံးတွေအား ကြည့်စေသည်။
"အကကျင့်ရင်း ခြေထောက်တွေကျိုးသလို နာနေပေမယ့် တစ်ချက် မငိုသလို၊
ခြေမတွေ သွေးစို့နေပေမယ့် ညည်းသံ တစ်ချက် မထွကွသလို၊
ကိုယ်သိတဲ့ ဝမ်ရိပေါ်က အရမ်း သန်မာခဲ့တာလေ"
ယုံချန်၏ စကားသံတွေတွေကြောင့် ရိပေါ် မျက်နှာဟာ ကျောက်သားလို မာကြောနေပေမယ့် မျက်ရည်တို့ဟာ တသွင်သွင် စီးကျနေသည်။
ယုံချန်ဟာလည်း အများနည်းတူစွာ ရိပေါ်၏ သန်မာသည့် တစ်ဖက်ခြမ်းကို သာမြင်နိုင်ခဲ့ပြီး အနက်ရှိုင်းဆုံးက ပြိုလဲခြင်းတို့အား ရှာဖွေ မကြည့်ခဲ့ဖူးပေ။
ကျိုးကြေမတတ်နာကျင်နေတဲ့ ခြေထောက်တွေကြောင့် အော်ဟစ် ငိုယို ချင်ခဲ့တယ့် ကလေးအရွယ် ဝမ်ရိပေါ်။
သွေးထွက်လွန်နေသည့် ခြေသည်းကြောင့် ကြောက်ရွံ့တုန်လှုပ်နေခဲ့သည့် ကလေးအရွယ် ဝမ်ရိပေါ်အား ယုံချန် သာမကပဲ တစ်လောကလုံးဟာ မမြင်နိုင်ခဲ့သည်မှာ ဟန်ဆောင်ကောင်းသည့် ဝမ်ရိပေါ်ကြောင့်မဟုတ်။
လူတို့ဟာ ဝမ်ရိပေါ်၏ စွမ်းရည်အပေါ်သာ အာရုံစိုက်ကြ၍ ဝမ်ရိပေါ်၏ ခံစားချက်တို့အား အရေးမပေးသောကြောင့်ပင်။
ယုံချန်ဟာ ရိပေါ် ပင်ပန်းတိုင်းမှာ သန်မာစေရန် တိုက်တွန်းတတ်သူဖြစ်ပြီး
ရှောင်းကျန့်ဆိုသူမှာတော့ မိမိ ပြိုလဲတိုင်း ဖမ်းဆုပ်ပေးလောက်မည်ဟူသော ယုံကြည်မှု ပေးစွမ်းနိုင်သူ ဖြစ်သည်။
ရိပေါ်မသိလိုက်ခင်မှာပင် ရှောင်းကျန့်ဟာ ရိပေါ်၏ စိတ်နှလုံးအား သိမ်းပိုက်နိုင်သော အောင်နိုင်သူ။
~~~~~~~~~~~~~~~~
ကျယ်လောင်သော ခြေသံတို့ကြောင့် ယန်း ၊ သူမ၏ မျက်လုံးများဟာ လေးပင်စွာ ပွင့်လာရသည်။
သူမသည် မမေ့မျောသွားခင် မှတ်ဥာဏ်အတိုင်း အေးစက်၍ အနံ့အသက် မကောင်းသည့် ကြမ်းပြင်ပေါ်တွင် ခုံဖြင့် ပူးတွဲချည်နှောင်းလျက် လှဲလျှောင်းနေသည်။
အားအင်တို့ဟာ ဆုတ်ယူခံထားရသလို လက်ချောင်းလေး တစ်ချောင်းတောင် လှုပ်၍မရ။
ယုတ်စွ အဆုံး ကွဲအက်နေသည့် လည်ချောင်းကြောင့် အသံတောင် မထွက်နိုင်။
နောက်ပါးဆီမှ ခြေသံတရှပ်ရှပ်ဟာ သူမထံ ဦးတည်နေမှန်း သိပေမယ့် သူမသည် ခုခံနိုင်စွမ်းမရှိ။
မျက်လုံးတွေအား မှိတ်ချလိုက်ပြီး သူမဟာ သေမင်းတမန်အား ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
အတိုင်းအဆမဲ့သော နှလုံးခုန်သံတို့ဖြင့် သူမဟာ လက်ရှိနှင့် တမလွန် အကြား ကြိုးတန်းတစ်ခုပေါ်က ဆက်ကတ်သမား တစ်ယောက်နှယ်။
ခုံနှင့်တပါးတည်း သူမကိုယ်အား ဆွဲမတ်လိုက်သည့်အခါ မ'မတ်နိုင်တော့သည့် သူမ၏ ဦးခေါင်မှာ နောက်သို့ လန်ချသည်။
သူမ၏ မျက်လုံးအား အမဲရောင် ပိတ်စတစ်ခု ဖြင့် ချည်နှောင်လာပြီး တော်တော်ကြာသည် အထိ ထိုလူဟာ အသံလုံးဝ မထွက် ။
တစ်စတစ်စ ပို၍ ကြောက်ရွံ့လာသည့် အခါ ယန်းဟာ ငို၍ အသနာခံ မိတော့သည်။
"ချမ်း သာ ပေး ပါ"
ရယ်မောလိုက်သော အသံကို သူမကြားလိုက်ရသည်။
တင်းကျပ်စွာ စည်းနှောင်ထားသည့် ပုဝါကြောင့် သူမ ဘာဆိုဘာမှ မမြင်ရ။
"ငါ မင်းကို မသတ်ဘူး"
စက်ကိရိယာတစ်ခုခုမှာ ထွက်လာသည့် အသံလို သာမန် အသံမျိူး မဟုတ်တာကြောင့် ယန်းတိတ်ဆိတ်စွာ နားစွံ့နေမိသည်။
"မင်းက အလိုအလျောက် သေသွားမှာပဲ။
လက်မှာ သွေးစွန်းခံစရာ မလိုပဲ မင်းအသက်ရှူနေတိုင်း အသက်ရှင်ဖို့ အခွင့်အရေး နည်းလာမှာပဲ"
ယန်း ထိုလူ၏ ဝါကျမှ ဘာကို ဆိုလိုမှန်း သဘောမပေါက်သေးခင်မှာပင် ရင်ခေါင်းထဲမှ လှိုက်တက်လာသော ညှီစို့စို အနံ့နဲ့အတူ သွေးတစ်ပွက် အန်ထွက်လာသည်။
သူမ၏ အူကလီစာတွေဟာ အပိုင်းပိုင်း ဖြတ်တောက် ခံနေရသလို ခံစားရပြီး ခန္ဓာဟာ အခွံသက်သက်သာ။
နောက်ဆုံးတစ်နေ့တွင် သူမဟာ သည် ဝေဒနားအား မခံစားနိုင်တော့၍ အဆုံးသတ်ပေးရန် တောင်းဆိုရမည်ကို သဘောပေါက်သွားခဲ့သည်။
"ဘာလို့လဲ"
မေးခွန်းတွေ အများကြီး ရှိပေမယ့် ဆုံးအောင် မပြောနိုင်ခဲ့။
ဘာလို့ သူမကို ဖမ်းချုပ်ထားရတာလဲ။
ဘာလို့ သည်ရက်စက်တဲ့ နည်းလမ်းကို သုံးနိုင်ရတာလဲ။
သည်လူ ဘာလို့ သည်လိုတွေ လုပ်ရတာလဲ။
ဖြစ်နိုင်ချေတွေ အများကြီးမှာမှ ထိုလူက ရိုးရှင်စွာ ဖြေသည်။
"ငါ ရှင်သန်ဖို့"
ကပ်ပါးကောင်လို ငါဟာ သူတစ်ပါးကို ဖျက်စီးပစ်မှ ရပ်တည်နိုင်မယ်။
အစေခံတစ်ယောက်လို ငါ့အတွက် တစ်ခုတည်းသော နည်းလမ်းက အကုန်ရှင်းထုတ်ပစ်ဖို့ပဲ။
စစ်မြေပြင် တစ်ခုမှာ ရှင်သန်နိုင်သူသာ အောင်နိုင်သူပဲ။
~~~~~~~~~~~~~~~~~~
ရေအောက်မျက်နှာပြင်တွင် အကြာကြီး မိမိကိုယ်ကို နစ်မြှပ်ထားစေရင်း အသက်ရှု လမ်းကြောင်းတွင် ပိတ်ဆို့လာသည့် ရေတို့ကြောင့် မွန်းကြပ်လာရသည်။
ပျံ့နှံ့နေသည့် အတွေးတို့ဟာ ရှောင်းကျန့်အား ရေပြင်မှ ပြန်တက်လာဖို့ မေ့လျော့စေသည်။
နားထဲတွင် ကြားလိုက်ရသည့် ငိုညည်းသံတွေ၊
အမြင်အာရုံတို့မှာ သွေးရောင်တို့ဖြင့် ဖုံးလွှမ်းသွားသည်။
မျက်မြင်ထင်ဝါး ဖြစ်ခဲ့သည့် ဖြစ်ရပ်ဆိုးတို့အား ပြန်လည်မြင်ယောင်လာရင်း ရှောင်းကျန့်ဟာ ရေကန်ထဲမှ ထွက်လာဖို့ ရုန်းကန်နေပေမယ့် အရာမထင်။
"ကော..."
နားစည်အတွင်း တိုးသဲ့စွာ စိမ့်ဝင်လာသည့် အသံလေးဟာ မိမိစိတ်ကူးဖြင့် ဖန်တီးလိုက်ပေမယ့် လူအား အရူးတစ်ယောက်ကဲ့သို့ အသိစိတ်ကင်းမဲ့စေသည်။
ကူကယ်ရာမဲ့စွာ အရှိန်ပြင်းပြင်းဖြင့် ကန်အတွင်းမှ ရုန်းထွက်လာသည့် ရှောင်းကျန့်ကြောင့် ကန်ရေပြင် အတွင်း ရိုက်ခတ်သွားသော လှိုင်းတံပိုးတို့မှာ ရေအချို့အား အပြင်သို့ ဖိတ်စင်သွားစေရန် ဆောင်ကျဥ်သွားသည်။
ပြတင်းအဖြစ် မှန်အပြည့်ကာထားသည့် မှန်ချပ်ပေါ်တွင် လမ်းမတစ်လျှောက် ပြေးလွှားနေသည့် ကားမီးရောင်အချို့က ထင်ဟပ်နေသည် ။
ရေပန်းမှ ရေစက်အချို့နှင့် တင်ယှက်သွားသော အခါ မှန်အထက်တွင် အရောင်စုံသော ကြယ်ပျောက်ကလေးများကဲ့သို့ ။
ရေပန်းမှ ရေကျသံတို့က စည်းချက်မှန်စွာ ထွက်ပေါ်နေသည်။
တိုကပ်နေသော ဆံသား များကို ဖြတ်သန်းလို့ မေးရိုး တစ်လျှောက်စီးကျနေသည့် ရေစက်များ။
ကျစ်လစ်သော ကြွက်သားများကြား ရေစက်တို့မှာ တွဲလွဲခို နေသည်။
တောင့်တင်းသည့် ပခုံးသားပေါ်တွင် နေရာယူထားသည့် ငန်း တစ်ကောင်ပုံ တတ်တူး။
ကျယ်ပြန့်သည့် ကျောပြင်မှ တစ်ဆင့် နိမ့်ဆင့်လာရင်း တဖြည်းဖြည်း သိမ်ဝင်သွားသည့် ခါး။
ကျောရိုး အမြှောင်းတစ်လျှောက် စီးဆင်းနေသည့် ရေတို့မှ စမ်းချောင်းတစ်ခု သဖွယ်။
ဆံသားတို့ကြားမှ ရေစက်တို့ဟာ တတောက်တောက်ကျနေသည်။
အခိုးရိုက်နေသော ကြည့်မှန်အား လက်ဝါးဖြင့် ပွတ်တိုက်လိုက်သည့်အခါ သူ၏ မျက်နှာအား ထင်ရှားစွာတွေ့ရသည်။
မှန်ရှေ့တွေ ပေါ်နေသည့် မိမိကိုယ်ကိုကြည့်ရင်း ရှောင်းကျန့်ဟာ ရေရာသော အကြောင်းမရှိပဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သွားတို့ ပေါ်လွင်သည်အထိ ပြုံးရယ်လိုက်မိရင်း တဆက်တည်းမှာပင် မျက်လုံးတို့ဟာ ရဲတွတ်ကာ မျက်ရည်များဝဲလာသည်။
လူအများရှေ့တွင် ချပြလေ့ရှိသည့် ဖြောင့်မတ်တည်ကြည်၍ သိမ်မွေ့သော ရှေ့နေရှောင်းကျန့် မျက်နှာဖုံကို ချွတ်၍ ဆန့်ကျင်စွာ ခံစားချက်ကင်းမဲ့သော မျက်လုံးတွေနဲ့အတူ သွေးအေးရက်စက်တတ်သော အမူအရာဖြင့် နတ်ဆိုးရှောင်းအား မှန်ထဲတွင် ကျောချမ်းဖွယ်ရာ ပေါ်ပေါက်လာတော့သည်။
မီးမဖွင့်ပဲ ထားသည့် အခန်းထဲ တွင် မည်သည့် အရာမှ သဲကွဲစွာ မမြင်ရ။
အမှောင်ထုကြောင့် စိတ်မသက်မသာ ပိုဖြစ်စေပေမယ့် အလင်းအားလည်း အံတုနိုင်စွမ်းမရှိ။
ရေချိုးခန်းထဲမှာ ထွက်လာသည့် လမ်းတစ်လျှောက်တွင် မခြောက်သွေ့သေးသော ဆံသားတို့ကြောင့် ရေများ တစ်စက်စက်။
တွေ့ရာဆွဲဝတ်လိုက်သည့် တီရှပ်မှာ စိုစွတ်နေသော ခန္တာကိုယ်ကြောင့် အကွက်များ ပေါ်လာသည်။
အခန်းကျဥ်းလေး၏ ထောင့်တွင်နေရာယူထားသော ဗီရိုငယ်လေး တစ်လုံးရှေ့တွင် ရှောင်းကျန့် ငူငူငိုင်ငိုင် ရပ်နေမိသည်။
ဗီရိုတံခါးအား အသာဆွဲဖွင့်လိုက်သောအခါ ဟောင်းနွမ်းနေသည့် ဗီရိုက ဆူညံသံ ပြုသည်။
အထဲရှိ တစ်ထည်တည်းသော ထိုဝတ်စုံအား ဆွဲထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ဖြန့်ခင်းလိုက်သည်။
ပြန့်ကျဲနေသည့် ပန်းနုရောင် ဘဲလေး ဂါဝန်နှင့် ထိပ်ပွန်းပဲ့နေသော en-point ။
အကျည်းတန်လှသည်က ဂါဝန်၏ ဝမ်းဗိုက်နေရာတွင် ကြီးမား လှသော သွေးကွက်တစ်ခု နေရာ ယူထားသည်။
ဒူးထောက်ကျသွားသည့် ရှောင်းကျန့်က ထို ဂါဝန်အား သိမ်ပွေ့လိုက်ကာ နမ်းရှိုက်နေရင်း နာကျင်စွာ ငိုကြွေးနေမိသည်။
သောကတို့ကြောင့် သူဟာ ဟစ်ကြွေးမိသည်။
ဝေဒနာကြောင့် သူဟာ ရှိုက်ငင်မိသည်။
စုတ်ပြတ်သတ်နေသည့် သူ့၏ ပုံရိပ်ဟာ မကောင်းမှုတွေ များစွာ ကျူးလွန်ခဲ့လင့်ကစား ကရုဏာသက်ဖွယ်ကောင်းလှသည်။
သို့ရာတွင် တခနချင်းမှာပင် ရှိုက်ကြီးတငင် ငိုကြွေးနေရာမှ ချက်ချင်းဆိုသလို ရပ်တန့်သွားသည့်ရှောင်းကျန့်။
တစ်စုံတစ်ယောက်များ ချောင်းကြည့်နေပါက ကြောင်အ သွားနိုင်သည် ။
ရှောင်းကျန့်ဟာ ပါးပြင်ပေါ်မှ မျက်ရည်တို့အား ဖြေးညှင်းစွာ သုတ်လိုက်ပြီး မျက်နှာထက်တွင် ဝမ်းနည်းမှုတို့ အစား နာကျည်း မုန်းတီးမှုတို့နှင့် ရက်စက်မှုတို့အား အစားထိုးလိုက်သည်။
အသက်မဲ့သော အပြုံးနဲ့အတူ ရှောင်းကျန့် စိတ်အခြေအနေဟာ မှန်းမရ။
'လှည့်ကွက်များကြား နစ်မွန်းလာလိမ့်မည်။
မိမိထောင်သော ညွတ်ကွင်းတွင်ကိုယ်တိုင် အဆုံးသတ်ကို သွေးရူးသွေးတန်း ရွေးချယ် သွားကြလိမ့်မည်။
ဒါဟာ နတ်ဆိုးကိုယ်တိုင် စတင်တဲ့ ကစားပွဲ'
~~~~~~~~~~~~~~~~
ညနက်လာသည်နှင့်အမျှ တတိတိ ပြန်သွားကြသော လူတို့ကြောင့် ကခန်းထဲတွင် တစ်ယောက်စ နှစ်ယောက်စသာ ကျန်ခဲ့တော့သည်။
နောက်ဆုံး ကျန်ခဲ့သည့် ကောင်မလေး နှစ်ယောက်က အကကျင့်နေဆဲ ဖြစ်သည့် လုချီအားကြည့်ရင်း ပြောသင့် မပြောသင့် တွေဝေနေသယောင်။
လုချီကနေရာမှ ရပ်ပြီး ထိုနှစ်ယောက်အား ကြည့်လိုက်သောအခါ လန့်သွားဟန်ဖြင့် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြသည်။
"ကျွန်မတို့ ပြန်တော့မယ် လုချီကျဲရော အတူပြန်မလား"
ထိုနှစ်ယောက်အနက် ကောင်မလေး တစ်ယောက်က အထစ်ထစ်အငေါ့ငေါ့ ဖြစ် ထိုသို့ ဆိုသည်။
"ငါနည်းနည်း ဆက်လေ့ကျင့်လိုက်ဦးမယ် မင်းတို့ ပြန်နှင့်ပါ"
အဖြေရသည်နှင့် တစ်ချိုးတည်းပြေးကြသော ထိုနှစ်ယောက်သည် လုချီအား စိတ်ရင်းဖြင့် အဖော်ပြုပေးလို၍ မေးလာသည် မဟုတ်ပဲ ဝတ်ကျေတန်းကျေရုံမျှသာ မေးမှန်း သိသာလှသည်။
သူမဘာလို က'က ဘယ်လိုမှ က၍ မရနိုင်သော White Swan မှ Black Swan အဖြစ်သို့ ပြောင်းယူသော ကကွက်။
ထပ်ခါတလဲလဲ ကရင်း လဲကျရင်း ဖြင့် စိတ်ရောကိုယ်ပါ ပင်ပန်းလာရသည်။
နောက်တစ်ကြိမ် တစ်ဖန်ပြင်ကနေရင်း မှိတ်ကျသွားသော မီးကြောင့် မီးများပျက်သွားလေသလားဟု စစ်ဆေးဖို့အတွက် အပြင်သို့ ထွက်ကြည့်ရန် ပြင်လိုက်သော်လည်း အလွန်အမင်း နောက်ကျနေသော အချိန်ကြောင့် ညစောင့်ဦးလေးကြီး မီးမှိတ်လိုက်သည်ဟူ၍ပဲ အလွယ်တကူ ကောက်ချက်ချလိုက်မိတော့သည်။
သူမသည် ဖုန်းမီးအား ထွန်း၍ အကဆက်လေ့ကျင့်နေတုန်း သူမ၏ ကိုယ်အား လေစိမ်းအချိူ့ ဖြတ်တိုက်သွားသလို စိမ့်အေး သွားရသည်။
ပြတင်းပေါက် များအား ကြည့်လိုက်သော်လည်း ဖွင့်လှစ်ထားခြင်းမရှိ။
အခန်းထဲရှိ လေအေးပေးစက်မှာလည်း ငြိမ်သက်လို့နေသည်။
သူမသည် အချိန်အတော်ကြာသည် အထိ ဆက်မကဖြစ်ပဲ အသံတစ်စုံတစ်ရာကို နားစွင့်ရင်း ရပ်တန့်နေမိသည်။
ပင်ပန်းနေသည့်စိတ်ကြောင့် ထင်ယောင်မြင်မှား ဖြစ်သည်နေသည်ဟုပဲ ယူဆလိုက် နောက်တစ်ဖန် ကကွက်တို့အား အသက်သွင်းသည်။
ယခု အခါတွင်တော့ သူမ၏ နောက်မှ နေ၍ တစ်စုံတစ်ယောက်သည် ထပ်ကြပ်မကွာ လိုက်၍ ကနေသလို ခံစားရပြီး သူမ၏ နားသလယ်စပ်မှ ပူနွေးသော လေအချို့၏ အထိပအတွေ့ကို ခံစားမိသည်။
ရုတ်တရက် အနောက်သို့ လှည့်ကြည့်လိုက်ပေမယ့် တစ်စုံတစ်ယောက်မှ မတွေ့။
လုချီသည် လွန်စွာမှ ကြောက်ရွံနေပေမယ့် သူမ၏ မျက်လုံးတွေအား ဟိုဟိုဒီဒီ ကစားနေမိသည်။
သူမ၏ ဘေးနားမှ ဖြတ်သွားသော အရိပ်တစ်ခု၊
အမှောင်ထဲတွင် ဖြစ်ပေမယ့် အဖြူရောင် ဘဲလေးဂါဝန် တစ်စွန်းတစ်စအား မြင်လိုက်ရသည်။
တံခါးကို ဖြတ်သန်း၍ အပြင်ဘက်သို့ ပြေးထွက်သွားသည့် ထိုအရိပ်ကြောင့် လုချီ လျှင်မြန်စွာ လိုက်မိသည် ။
စောနကအထိ အခန်းအတွင်း သူမတစ်ယောက်တည်း အကလေ့ကျင့်နေသည်မလို့ ထ်ို တစ်စုံတစ်ယောက်မှာ ဘယ်သူဘယ်ဝါမှန်း သူမ မသိ။
လုချီ ထိုသူ၏ နောက်သို့ ချက်ချင်း လျှင်မြန်စွာ လိုက်သည် မှန်ပေမယ့် အခန်းပြင်ပ လျှောက်လမ်းပေါ်တွင် မည်သူမှ မရှိတော့။
ထို့အပြင် သူမ အကလေ့ကျင့်သည့် အခန်းတစ်ခုတည်းအား အမှောင်ကျနေခြင်း ဖြစ်ပြီး လျှောက်လုံး တစ်လျှောက်လုံးမှာ ထိန်လင်းနေသည်။
လုချီသည် ရှည်လျားသည့် လျှောက်လမ်းအား တစ်ဆုံးငေးကြည့်နေရင်း အတွေးများ ပြန့်ကျဲသွားရသည်။
မူမမှန်တော့ အနေအထားမှု ထိတ်လန့်တုန်လှုပ်လာသည့် သူမသည် သူမ၏ ပစ္စည်းများအား သိမ်း၍ အိမွသို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။
အခန်းရှိရာသို့ ပြန်လျှောက်လာရင်း အခန်းရှေ့မှ မြိုင်ဆိုင်နေသည့် သံဇဥ်အချို့အား ကြားလိုက်ရသည်။
သူမသည် ကယောင်ကတမ်း အခန်းနံပါတ်အား မော့ကြည့်လိုက်ပေမယ့် သူမ အခန်းမှားခြင်း မဟုတ်ပဲ စောနကအထိ အကလေ့ကျင့်သည့် အခန်းသာ ။
လှစ်ဟနေသည့် တံခါးကြားမှ အခန်းအတွင်း ချောင်းကြည့်လိုက်တော့ လုချီမှာ အံ့သြ ထိတ်လန့်မှုကြောင့်မျက်လုံးများ ပြူးကျယ်လာပြီး အော်ဟစ်မိမသွားအောင် သူမ၏ ပါးစပ်အား လက်ဖြင့် ဖိပိတ်ထားရသည်။
မျက်စိရှေ့တွင် မြင်လိုက်ရသည်က သန့်စင်သော အလှတရားဖြင့် ကျော့ရှင်းစွာ ကနေသည့် Clara ။
သူမ၏ ခြေထောက်များသည် အကောင်းပကတိအတိုင်းရှိနေသည်။
ပြတ်တောက်နေသည့် မီးရောင်တို့ဟာ ယခုတွင်တော့ မျက်စိကျိန်းလောက်သည်အထိ ထိန်လင်းလျှက်။
Clara ဟာ Swan queen ဂါဝန်အား ကျော့ရှင်းစွာ ဝတ်ဆင်ထားပြီး တင့်တယ်စွာ ဆန်မြန်းထားသည့် ငန်းအတောင်ပံ သရဖူ။
သူမသည် လုချီ အစတောင် မချီနိုင်သည့် ကကွက်တွေကို သေသပ်ပိုင်နိုင်စွာ အဆုံးသတ်သည်။
ကကွက်တိုင်းဟာ နှစ်လိုဖွယ်ကောင်းလှပေမယ့် လုချီကတော့ ထိုမြင်ကွင်းကို ကြည့်ရင်း တစ်စတစ်စ ပူလောင်လာရင်း ဒေါသမီးများ လောင်ကျွမ်းနေသည်။
အဆုံးတိုင်သွားသည့် ကခုန်ခြင်း။
သူမသည် လုချီရှိရာဘက်သို့ လှည့်ကြည့်လာရင်း ပြုံးရယ်နေသည်။
"Clara နင့် ခြေထောက်တွေ"
လုချီက သူမ၏ ခြေထောက်များကိုသာ စိုက်ငေးရင်း သောကကြောင့် မျက်ရည်ပူများ တသွင်သွင်။
"နင်က အစားထိုးခံပဲ ။
ငါပြန်ရောက်လာရင် နင်က စွန့်ပစ်ခံရမယ့် အစားထိုခံပဲ"
နင့်သည်းသော စကားတွေနှင့် နှိပ်စက်သည့် Clara အား တစ်ကိုယ်လုံးတုန်ယင်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့် လုချီအား လှောင်ပြုံးတစ်ခုဖြင့် ဂုဏ်ပြုသည်။
သူမအား ကျောခိုင်းသွားသည့် Clara ၏ ကျော့ပြင်ကို ကြည့်ရင်း မျက်ဝန်းထဲတွင် ဗလာကျင်းသွားရတဲ့ လုချီ။
"နင် သေသွားမှရမှာ!!"
တိုးသဲ့စွာ ကျိန်းဆဲလိုက်သည့် လုချီ၏ အသံကြောင့် ရှေ့သို့ ပြန်လှည့်ရန် ပြင်နေသည့် Clara လည်ပင်းအား ချွန်ထက်သော အရာ တစ်ခုဖြင့် အားပြင်းပြင်းဖြင့် ထိုးစိုက်လိုက်သည်။
ပန်းထွက်လာသည့် သွေးတွေဟာ မျက်နှာထက် နွေးသွားစေပြီး
ဝတ်ဆင်ထားသည့် ဂါဝန် အဖြူဟာ သွေးချင်းချင်းရဲ သွားတော့သည်။
နှစ်ပိုင်းချိုးထားသည်မလို့ ချွန်ထက်နေသည့် Hair pin အား ကြမ်းပေါ်သို့ ပစ်ချလိုက်သည်။
ရုတ်တရတ်ဆန်သည့် အဖြစ်မလို့ ကြမ်းပြင်ပေါ် လဲကျနေသည့် Clara ၏ မျက်လုံးများမှာ ပြူးကျယ်နေသည်။
အသက်ရှူသံ မျှင်းမျှင်းသာ ကျန်တော့သည့် Claraအား ကြည့်ရင်း သူမသည် မီးလောင်တိုက်သွင်းခံရသူ တစ်ဦးနှယ် သူလောင်လာရသည်။
အိုင်ထွန်းနေသည့် သွေးကွက်မှာ လုချီ အတုန်တုန် အယင်ယင် ရပ်နေသော နေရာသို့ ဦးတည် စီးဆင်းနေတာမလို့ တုန်လှုပ်ခြောက်ခြားမှု များစွာဖြင့် အော်ဟစ်ကာ ငိုကြွေးမိသည်။
ကတုန်ကယင် ဆောက်တည်ရာမရနေသည့် လုချီ၏ အမူအရာမှာ အသည်းခြေပျက်သူတစ်ယောက်နှယ်။
မျက်နှာပေါ်က သွေးစတို့ကို လက်ဖြင့် ပွတ်တိုက်ပစ်တော့ သူမ၏ မျက်နှာတစ်ခုလုံး သွေးရောင်တို့ လွှမ်းသွားတော့သည်။
အရူးတစ်ယောက်လို ပါးစပ်မှ တောင်စဥ်ရေမရ ရွတ်နေရင်း အားပျက်နေသော ခြေထောက်တို့ကြောင့် အခါအခါလဲကျနေပေမယ့် သူမဟာ ခြေထောက်တို့အား တရွတ်ဆွဲသည်အထိ ဝေးရာ လမ်းမထက်သို့ ပြေးထွက်လေတော့သည်။
မျက်နှာနှင့် ဂါဝန် တစ်ခုလုံး နီးစွေးနေပြီး ငိုယိုအော်ဟစ်ကာ ပြေးလွှားနေသည့် သူမအား လမ်းသွားလမ်းလာတို့က ကြည့်နေကြသည်။
မောဟိုက်နေအောင် ပြေးလွှားပြီးနောက် အမှောင်ထုကြီးစိုးသည့် လမ်းကြားတစ်ခုကြားတွင် လုချီ မည်သူမျှ မမြင်နိုင်အောင် ပုန်းအောင်းနေမိသည်။
မျက်လုံးတို့မှာ မလုံမလဲဖြင့် ဟိုကြည့်သည်ကြည့်။
တုန်ခါနေသည့် လက်တို့အား အချင်းချင်းဆုပ်ကိုင်ထားသည်။
ဒူးနှစ်ဖက်အား လက်ဖြင့် ပွေ့ပိုက်ပြီး ကျုံ့ကျုံ့လေး ငိုနေမိသည့် လုချီက ခနအကြာတွင်း အတွေးတစ်ခုရသွားဟန်ဖြင့် ဆက်ခနဲ့ မတ်တတ်ထရပ်သည်။
တစ်ညအတွင်း ဟောက်ပက်ဖြစ်သွားသည့် မျက်တွင်းတွေနဲ့ သူမဟာ စိတ်ဝေဒနာသည်နှင့် တူသည်။
ကသောကပါးဖြင့် အမောဖောက်မတတ် ထပ်ပြေးနေပြန်သည့် လုချီ၏ ဦးတည်ရာက တစ်ဖန် အကခန်းသို့။
မှိတ်ချထားသည့် မျက်ဝန်းများ။
သူမသည် တံခါးအား ဆွဲဖွင့်လိုက်ရန် ချီတုံချီချ။
အားတင်းကာ တံခါးကား ဆွဲဖွင့်လိုက်ပြီးနောက် Clara အား မတွေ့လိုက်ရသည့် အခါ သူမ၏ ကမ္ဘာမှာ ခြာခြာလည်သွားသည်။
စောနကအထိ လှဲလျှောင်းနေသော Clara ရော၊ ကြီးမားသည့် သွေးအိုင်ကြီးရော အစအနတောင် ရှာမတွေ့တော့သည့် အခါ တစ်စုံတစ်ယောက်များ မြင်သွားလေသော အတွေးတို့က လုချီအား သတ်သည်။
အမှတ်မထင် သူမ၏ ပုံရိပ်အား မှန်ထဲမှ တွေ့လိုက်ရသည့် အခါ လုချီ ထိုင်ရက်သား လဲကျသွားရတော့သည်။.သူမှ မျက်နှာပေါ်တွင် မည်သည့် သွေးစမှ မရှိ ၊
ဝတ်ဆင်ထားသည့် ဂါဝန်မှာလည်း ပကတိ သန့်စင်နေသည်။
သူမ၏ ခေါင်းပေါ်တွင် သူမကိုယ်တိုင် ရိုက်ချိုးခဲ့သည့် hair pinမှာ အကောင်းအတိုင်း။
ဘာတွေဖြစ်ကုန်မှန်း မသိသည့် အခြေအနေတွေတွင် သူမ၏ နောက်တစ်ဖန် ကြောက်မက်ဖွယ်ရာတို့နှင် မရင်ဆိုင်ရခင် အမြန်ဆုံး ပြန်ဖို့ ဆုံးဖြတ်မိသည်။
မီးပွင့်နေသည့် သူမ၏ ဖုန်းအား ပိတ်လို့ အိတ်ထဲ ထည့်ရန် ပြင်လိုက်စဥ် သူမ၏ လွယ်အိတ်ထဲတွင် စာအိတ်တစ်စောင် နေရာယူထားသည်ကို တွေ့လိုက်ရသည်။
စာအိတ်အား ဖွင့်ဖောက်ကြည့်လိုက်စဥ်စာအိတ်ထဲရှိ ဓါတ်ပုံများကြောင့် လုချီ သွေးပျက်မှုတို့ဖြင့်တစ်ဖန်။
ဓါတ်ပုံများမှာ Clara မတော်တဆမှု ဖြစ်သည့်နေ့ အခင်းနေရာမှ စီစီတီဗီ မှတ်တမ်းဖြစ်ပြီး တစ်ပုံစီတိုင်းတွင် လုချီသည် လှုပ်ရှားမှု မျိုးစုံဖြင့် ပါဝင်နေသည်။
ဓါတ်ပုံ တစ်ပုံချင်းစီကို လုချီ တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေခဲ့ပြီးနောက် နောက်ဆုံး တစ်ပုံ အရောက်ကို အလိုမကျစွာ မျက်ခုံးထို့ တွန့်ချိုးသွားမိသည်။
ထိုအရာမှာ ဓါတ်ပုံတစ်ခု မဟုတ်ပဲ ငန်းပုံတစ်ပုံအား ထွင်းထားသည့် စက္ကူ အထူ တစ်ရွက် ဖြစ်နေ၍သာ။
Swan Emblem
ငန်း အမှတ်အသား......
နတ်ဆိုးကို ကိုယ်စားပြုသလား
သူတော်စင်ကို ကိုယ်စားပြုသလား
TBC♡
ငန်း အမှတ်အသားက ရှောင်းကျန့်များလား အိမ်တော်ထိန်းများလား🤔
ဆက်တိုက် up နေတာ Character Development ကို ပြချင်လို့ပါ။
ဖတ်ရတာရော အဆင်ပြေရဲ့လာဟင် သိပ်မကြိုက်ကြသလိုပဲ🥹
Zawgyi
Swan Emblem
'လွည့္ဖ်ားမႈေက်ာ့ကြင္းရဲ႕ အမွတ္အသား
အမွန္တရား အတြက္ သဲလြန္စ၊
ဒီေရနဲ႕အတူ အထြတ္အထိပ္ေရာက္လာတဲ့ ေလာဘစိတၱ။
ဒုစရိုက္ သရဖူကို ေဆာင္းထားရင္း
သစၥာတရား အပ်က္အစီးေတြဟာ ေျခနင္း ကတၱီပါ။'
~~~~~~~~~~~~~~~~~
တံခါးလက္ကိုင္ဘုကို ဆြဲလွည့္လို႔ တံခါးခ်ပ္အား တြန္းဖြင့္လိုက္သည္ႏွင့္ အေမွာင္ထုအား မ်က္ႏွာခ်င္းဆိုင္မိ၏။
ဖုန္နံ႕တို႔ ႀကီးစိုးသည့္ အခန္းတြင္းေလထုေၾကာင့္ ႏွာေခါင္းအား အလိုအေလ်ာက္ ပိတ္ထားလိုက္မိသည္။
မဲေမွာင္ေနသည့္ ဝန္က်င္းအား အနီး၌ ရွိေသာ မီးခလုတ္ကို ဖြင့္လိုက္ၿပီး ေမွာင္မဲေနေသာ ဝန္က်င္းအား ေပ်ာက္ကြယ္ေစလိုက္သည္။
မီးေရာင္ေအာက္တြင္ ထင္ရွားစြာ ေပၚလြင္လာသည့္ အရႈပ္အပြမ်ား။
ပ်က္စီးေဟာင္းႏြမ္း ပစၥည္းမ်ားကို တစ္ေနရာထဲ စုၿပဳံ၍ ပစ္ထားသလို ဖရိုဖရဲ ျဖစ္ေနသည့္ အခန္းက်ဥ္းေလးမွာ ေျခခ်စရာ ေနရာလြတ္မ်ားမ်ားစားစား မရွိ။
ျပန့္က်ဲ့ေနသည့္ အပိုင္းအစမ်ားကို ဖယ္ရွားေနရင္း အိမ္ေတာ္ရွိ မ်ားျပားသည့္ အိမ္အကူမ်ားက ဤ အခန္းအား အဘယ္ေၾကာင့္ မ်ား သန့္ရွင္း မလုပ္ရသည္ကို ယုံခ်န္ ေတြးေနမိသည္။
မ်ားျပားလွသည့္ ပစၥည္းတို႔အား မိမိတစ္ေယာက္တည္းအားျဖင့္ ရွင္းလင္းေနလွ်င္ အခ်ိန္မ်ားစြာ ကုန္သြားမည္မွာ က်ိန္းေသေပါက္မလို႔ အကူအညီ သြားေတာင္းရန္ အျပင္သို႔ ျပန္အထြက္ ခပ္မာမာ ဝတၳဳေလးတစ္ခုသည္ သူ၏ေျခေထာက္ေအာက္တြင္ ေနရာယူထားသည္။
စူးစမ္းလို စိတ္အျပည့္ျဖင့္ ေကာက္ကိုင္လိုက္ေသာ စာအုပ္သ႑န္ ေလးေထာင့္ အရာေလးဟာ အေတာ့္ကိုမွ ေဟာင္းႏြမ္းေနသည္။
ကာလၾကာစြာ ပစ္ထားသည္မလို႔ ဖုံမႈန့္အခ်ိဳ႕ဟာ ဖုံးလႊမ္းေသာ စာအုပ္အဖုံးအား ဖြင့္လိုက္သည္ဆို႐ုံျဖင့္ ယုံခ်န္ လက္ထဲက အရာသည္ စာအုပ္တစ္အုပ္မဟုတ္မွန္း သေဘာေပါက္သြားခဲ့သည္။
ဓါတ္ပုံအခ်ိဳ႕အား သိမ္းဆည္းထားေသာ ဓါတ္ပုံ အယ္ဘမ္ေလး တစ္ခု။
ဝါက်င္ ေဟာင္းႏြမ္းသည့္ ဓါတ္ပုံ အမ်ားစုဟာ ရႈခင္းပုံႏွင့္ ဥကၠဠဝမ္ငယ္စဥ္က ရိုက္ထားသည့္ စုေပါင္း ဓါတ္ပုံမ်ားသာ။
တစ္ပုံခ်င္း လိုက္လံၾကည့္ရႈေနရင္း တစ္ေနရာ အေရာက္တြင္ ယုံခ်န္၏ လႈပ္ရွားမႈတို႔ဟာ ရပ္တန့္သြားၿပီး ေတာက္ေျပာင္ေနေသာ မ်က္လုံးတို႔မႈတစ္ဆင့္ ဇေဝဇဝါ ျဖစ္ျခင္းတို႔ ျပည့္လွ်ံလာရသည္။
ဒီဓါတ္ပုံထဲတြင္ လူ႐ြယ္ႏွစ္ေယာက္ႏွင့္အတူ တစ္ႏွစ္သား အ႐ြယ္ ကေလးတစ္ေယာက္အား ခ်ီပိုးထားေသာ အမ်ိဳးသမီးတစ္ေယာက္။
သုံးေယာက္လုံးဟာ အလြန္မွ ေပ်ာ္ေနဟန္ရွိသည္။
ဓါတ္ပုံထဲမွ လူႏွစ္ေယာက္ဟာ ဥကၠဠ ဝမ္ႏွင့္ အိမ္ေတာ္ထိန္းမင္ ျဖစ္ေၾကာင္း သူ သိေပမယ့္ ထို အမ်ိဳးသမီးအား သူ ပထမဆုံး ျမင္ဖူးျခင္း ျဖစ္သည္။
ကေလးငယ္အား တင္းက်ပ္စြာ ေထြးေပြ႕ထားရင္း နမ္းရွိုက္ေနသည့္ ထိုအမ်ိဳးသမီးဟာ ဘဲေလးဂါဝန္တစ္စုံကိုလည္း လွပစြာ ဝတ္ဆင္ထားေသးသည္။
သူမ၏ မိတ္ကပ္ႏွင့္ ဆံပင္ အျပင္အဆင္မွာ ကပြဲကသည့္ အျပင္အဆင္အတိုင္းျဖစ္ေနသည္မလို႔ ကပြဲတစ္ခု အၿပီးတြင္ အမွတ္တရရိုက္ထားေသာ ပုံတစ္ပုံျဖစ္နိုင္သည္။
ယုံခ်န္ ဓါတ္ပုံအား အတန္ၾကာသည္ အထိ စိုက္ၾကည့္ေနရင္း ဓါတ္ပုံ၏ အေနာက္အား စစ္ေဆးၾကည့္ေသာအခါ ဓါတ္ပုံ၏ ေနာက္ဘက္တြင္ ရက္စြဲတစ္ခုနဲ႕အတူ ငန္းပုံသ႑န္ အမွတ္အသားတစ္ခုက ေနရာယူထားသည္။
ထင္ရွားေနသည့္ ယင္း ငန္းပုံစံ အမွတ္အသားအား လက္ဖ်ားျဖင့္ ခပ္ဖြဖြ ပြတ္ဆြဲၾကည့္ေနရင္း ယုံခ်န္စိတ္ထဲ အလိုမက်။
ယခင္က ဓါတ္ပုံထဲမွ အမ်ိဳးသမီး အေၾကာင္းအား သူတစ္ခုမွ မၾကားဖူးသည္မလို႔ ဇနိုးဇေနာက္ျဖစ္သြားေသာ အာ႐ုံခံစားမႈနဲ႕အတူ တစ္စုံတစ္ရာအား နက္နက္နဲနဲေတြးေနေပမယ့္ ဗလာက်င္းေနသည့္ ဦးႏွောက္က မ်က္ႏွာသာမေပးေပ။
စဥ္းစားေနရင္ အေရွ႕ဘက္မွ ဝိုင္းဒိုင္းက်ဲေနေသာ အသံတို႔ေၾကာင့္ ထိုဓါတ္ပုံအား အိတ္ကပ္ထဲသို႔ ထိုးထည့္လိုက္ရင္း ေရွ႕သို႔ အျမန္ထြက္လာခဲ့သည္။
အေရွ႕သို႔ ေရာက္ေရာက္ခ်င္း အိမ္ျပန္ေရာက္ႏွင့္ ေနၿပီ ျဖစ္သည့္ ရိေပၚ၏ မ်က္လုံးမ်ားမွာ ေဒါသေၾကာင့္ နီျမန္းေနခဲ့သည္။
"ဘာေတြ ျဖစ္ခဲ့လို႔လဲရိေပၚ"
ပစၥည္းမ်ားအား ရိုက္ခြဲကာ ေသာင္းက်န္းထားသည့္ ရိေပၚအား က်ိဳးပဲ့ေနေသာ အပိုင္းအစေတြၾကားမွ ဂ႐ုတစိုက္ဆြဲေခၚလို႔
ျငႇင္သာစြာ ေမးၾကည့္ေပမယ့္ ရိေပၚကေတာ့ ေတာက္ေလာင္ေနေသာ အၾကည့္တို႔ျဖင့္သာ အိမ္တံခါးဖြင့္၍ ဝင္လာေသာ အိမ္ေတာ္ထိန္းႀကီးအား စိုက္လို႔ၾကည့္ေနသည္။
အိမ္ေတာ္ထိန္းႀကီးမွာလည္း အေၾကာတင္းစြာ အၿပဳံးမပ်က္ပဲ ခပ္ယို႔ယို႔ ကိုယ္ဟန္ျဖင့္ မ်က္လႊာခ်ထားသည္
မ်က္ႏွာေပၚတြင္ ဘာအရိပ္မွ မဖမ္းမိသည့္ အိမ္ေတာ္ထိန္းႀကီးႏွင့္ မီးပြင့္ မတတ္စိုက္ၾကည့္ေနသည့္ ရိေပၚတို႔ၾကား ဘာေတြ ျဖစ္ခဲ့ၾကမွန္း ယုံခ်န္ လိုက္မမွီေတာ့။
"ဘာေၾကာင့္ တားရတာလဲ။
တကယ္ပဲ ဘာေတြမ်ားရွိေနေသးတာလဲ။
ဖုံးကြယ္ထားေတြ ဘယ္ေလာက္ထိေတာင္ ရွိေနေသးတာလဲ!!"
ဝမ္ရိေပၚဟာ မ်က္ရည္ေတြၾကားမွ လည္ပင္းေၾကာတို႔ ေထာင္သည္အထိ ေအာ္ဟစ္ေနမိသည္။
ယုံခ်န္မွာေတာ့ အိမ္ေတာ္ထိန္းမင္ႏွင့္ ရိေပၚကို တလွည့္စီၾကည့္ရင္း လက္ရွိ အေျခအေနအားသေဘာေပါက္ေအာင္ မနည္း ႀကိဳးစားေနရရွာသည္။
တည္ၿငိမ္ေသာ မ်က္ႏွာထားျဖင့္ ၿငိမ္သက္စြာရပ္ေနသည့္ အိမ္ေတာ္ထိန္းႀကီးကေတာ့ ထုံးစံအတိုင္း မုသားၿခဳံသည့္ အေၾကာင္းျပခ်က္ေတြျဖင့္။
"သခင္ေလး မိုးမိၿပီး ေနမေကာင္းမွ စိုးလို႔ပါ"
ရာႏႈန္းျပည့္ မိမိအား လိမ္ညာေနမွန္း ရိေပၚသိသည္။
တစ္ဆစ္ဆစ္နာက်င္စြာ ခံျပင္းမိေပမယ့္ လက္ဆုပ္လက္ကိုင္ျပစရာ ေရေရေရာရာမရွိ။
ဥာဏ္မ်ားလြန္းသည့္ သည္လူႀကီးအား လွ်ားေစာင္းထက္စြာ ျပန္ခံေျပာနိုင္ျခင္းလဲ မရွိ။
သည္းမခံနိုင္သည့္ အဆုံး ဖြင့္ဟမိတိုင္းမွာ ရိေပၚသည္သာ စြတ္စြဲသူ ၊
သူဟာ နစ္နာသူ ၊ေစတနာ ႀကီးသူ အျဖစ္ ေျပာင္းျပန္လွန္နိုင္သည္အထိ ေကာက္က်စ္လြန္းလွသူျဖစ္သည္။
ဤသို႔ ေကာက္က်စ္သူအား သံေယာဇဥ္တြယ္မိသူမွာလည္း ရိေပၚပင္။
ေဒါသတႀကီး အခန္းထဲ ဝင္သြားၿပီးေနာက္ မိမိေနာက္မွ တစ္စုံတစ္ေယာက္ ေျပးလိုက္လာသည္ကို ခံစားမိသည္။
အိမ္ေတာ္ထိန္းႀကီး၏ မ်က္ႏွာဖုံးအား ခြာခ်မည္လုပ္တိုင္း ေပါ့ညံ့စြာ အၿမဲရႈံးေနရသည့္ မိမိကိုယ္ကို မေက်နပ္ေသာေၾကာင့္ အနာတရာ တစ္ခုခု ျဖစ္ေအာင္ လုပ္ပစ္ခ်င္သည္။
ရိေပၚဟာ ေနာက္ပိုင္းကာလတို႔တြင္ စိတ္ပိုင္းဆိုင္ရာ အရ အျဖစ္မရွိသူ တစ္ေယာက္လို ခံစားလာရသည္။
အနားရွိသူတိုင္း အလြယြတကူ သစၥာေဖာက္နိုင္သည့္ အသုံးမက်သည့္ လူတစ္ေယာက္လို။
အမ်ားအျမင္တြင္ ထက္ျမတ္ၿပီး ၿပိဳင္ဘက္ကင္းသည့္ ဘဲေလးအကသမားတစ္ေယာက္၊
Onsra ရဲ႕ တစ္ဦးတည္းေသာ အေမြဆက္ခံသူတစ္ေယာက္ အေနျဖင့္ ၿပီးျပည့္စုံသည့္ ဝမ္ရိေပၚဟာ ပုံရိပ္ေယာင္တစ္ခုသာ ျဖစ္သည္။
အေမွာင္ထုထဲတြင္ ၿပိဳလဲပ်က္စီးေနသည့္ ဝမ္ရိေပၚအစစ္၏ အရိပ္ေယာင္အား တန္ဆာဆင္ထားသည့္ အတုအေယာင္သာ ။
အေတြးနဲ႕အတူ မ်က္စိေရွ႕က မွန္ခ်က္အား ထိုးခြဲပစ္လိုက္ရန္ အားျပင္းျပင္းျဖင့္ ဆန့္တန္းလိုက္သည့္ မိမိလက္အား အေနာက္ဘက္က တစ္စုံတစ္ေယာက္က ဖမ္းဆုပ္လို႔ကိုင္လာသည္။
"ရိေပၚ"
စိုးရိမ္သံစြက္ေသာ ထိုအသံမွာ သနားက႐ုဏာတို႔ ကပ္ပါလာသည္မလို႔ ရိေပၚမ်က္ႏွာမွာ ပို၍ ခက္ထန္လာသည္။
"လြတ္!!!"
အသာတၾကည့္ လႊတ္ေျမာက္ေပးလိုက္တဲ့ လက္ေတြနဲ႕ ေဝးရာကို ရိေပၚ ဆုတ္တိုးသြားမိသည္။
ေအးစက္သည့္ မ်က္လုံးတို႔ျဖင့္ ယုံခ်န္အား ၿခဳံငုံၾကည့္ၿပီး
ေဒါသေၾကာင့္ နားထင္မွ ေသြးေၾကာတို႔မွာ ေထာင္ေနကာ ရင္အစုံမွာ နိမ့္ခ်ည္ျမင့္ခ်ည္။
စိုးရမ္ႀကီးစြာ မိမိအားၾကည့္ေနေသာ ယုံခ်န္ေၾကာင့္
"နားခ်င္ေနၿပီ ထြက္သြားေတာ့"
ယုံခ်န္ဟာ ထြက္သြားေပးမည္ ျဖစ္ေၾကာင္း ေခါင္းၿငိမ့္ သေဘာတူမိေပမယ့္ ႏႈတ္ဖ်ားမွေတာ့ ကရားေရလႊတ္ ဆက္ေျပာေနမိသည္။
"ကိုယ့္ကိုယ္ကို နာက်င္ေအာင္ မလုပ္ပါနဲ႕ ေက်းဇူးျပဳၿပီး။
ဝမ္ရိေပၚက အရမ္း သန္မာတာေလ။
ကိုယ့္ကို ၾကည့္ဦး"
သန္မာရတာ ပင္ပန္းလွပါၿပီ ဆိုကာမွ သန္မာေၾကာင္းေတြပဲ ထပ္ထပ္ေျပာေသာအခါ မ်က္ႏွာလႊဲမိသည္ ရိေပၚကို ယုံခ်န္းအား သူ႕မ်က္လုံးေတြအား ၾကည့္ေစသည္။
"အကက်င့္ရင္း ေျခေထာက္ေတြက်ိဳးသလို နာေနေပမယ့္ တစ္ခ်က္ မငိုသလို၊
ေျခမေတြ ေသြးစို႔ေနေပမယ့္ ညည္းသံ တစ္ခ်က္ မထြကြသလို၊
ကိုယ္သိတဲ့ ဝမ္ရိေပၚက အရမ္း သန္မာခဲ့တာေလ"
ယုံခ်န္၏ စကားသံေတြေတြေၾကာင့္ ရိေပၚ မ်က္ႏွာဟာ ေက်ာက္သားလို မာေၾကာေနေပမယ့္ မ်က္ရည္တို႔ဟာ တသြင္သြင္ စီးက်ေနသည္။
ယုံခ်န္ဟာလည္း အမ်ားနည္းတူစြာ ရိေပၚ၏ သန္မာသည့္ တစ္ဖက္ျခမ္းကို သာျမင္နိုင္ခဲ့ၿပီး အနက္ရွိုင္းဆုံးက ၿပိဳလဲျခင္းတို႔အား ရွာေဖြ မၾကည့္ခဲ့ဖူးေပ။
က်ိဳးေၾကမတတ္နာက်င္ေနတဲ့ ေျခေထာက္ေတြေၾကာင့္ ေအာ္ဟစ္ ငိုယို ခ်င္ခဲ့တယ့္ ကေလးအ႐ြယ္ ဝမ္ရိေပၚ။
ေသြးထြက္လြန္ေနသည့္ ေျခသည္းေၾကာင့္ ေၾကာက္႐ြံ႕တုန္လႈပ္ေနခဲ့သည့္ ကေလးအ႐ြယ္ ဝမ္ရိေပၚအား ယုံခ်န္ သာမကပဲ တစ္ေလာကလုံးဟာ မျမင္နိုင္ခဲ့သည္မွာ ဟန္ေဆာင္ေကာင္းသည့္ ဝမ္ရိေပၚေၾကာင့္မဟုတ္။
လူတို႔ဟာ ဝမ္ရိေပၚ၏ စြမ္းရည္အေပၚသာ အာ႐ုံစိုက္ၾက၍ ဝမ္ရိေပၚ၏ ခံစားခ်က္တို႔အား အေရးမေပးေသာေၾကာင့္ပင္။
ယုံခ်န္ဟာ ရိေပၚ ပင္ပန္းတိုင္းမွာ သန္မာေစရန္ တိုက္တြန္းတတ္သူျဖစ္ၿပီး
ေရွာင္းက်န့္ဆိုသူမွာေတာ့ မိမိ ၿပိဳလဲတိုင္း ဖမ္းဆုပ္ေပးေလာက္မည္ဟူေသာ ယုံၾကည္မႈ ေပးစြမ္းနိုင္သူ ျဖစ္သည္။
ရိေပၚမသိလိုက္ခင္မွာပင္ ေရွာင္းက်န့္ဟာ ရိေပၚ၏ စိတ္ႏွလုံးအား သိမ္းပိုက္နိုင္ေသာ ေအာင္နိုင္သူ။
~~~~~~~~~~~~~~~~
က်ယ္ေလာင္ေသာ ေျခသံတို႔ေၾကာင့္ ယန္း ၊ သူမ၏ မ်က္လုံးမ်ားဟာ ေလးပင္စြာ ပြင့္လာရသည္။
သူမသည္ မေမ့ေမ်ာသြားခင္ မွတ္ဥာဏ္အတိုင္း ေအးစက္၍ အနံ႕အသက္ မေကာင္းသည့္ ၾကမ္းျပင္ေပၚတြင္ ခုံျဖင့္ ပူးတြဲခ်ည္ႏွောင္းလ်က္ လွဲေလွ်ာင္းေနသည္။
အားအင္တို႔ဟာ ဆုတ္ယူခံထားရသလို လက္ေခ်ာင္းေလး တစ္ေခ်ာင္းေတာင္ လႈပ္၍မရ။
ယုတ္စြ အဆုံး ကြဲအက္ေနသည့္ လည္ေခ်ာင္းေၾကာင့္ အသံေတာင္ မထြက္နိုင္။
ေနာက္ပါးဆီမွ ေျခသံတရွပ္ရွပ္ဟာ သူမထံ ဦးတည္ေနမွန္း သိေပမယ့္ သူမသည္ ခုခံနိုင္စြမ္းမရွိ။
မ်က္လုံးေတြအား မွိတ္ခ်လိဳက္ၿပီး သူမဟာ ေသမင္းတမန္အား ရင္ဆိုင္ရန္ ဆုံးျဖတ္လိုက္သည္။
အတိုင္းအဆမဲ့ေသာ ႏွလုံးခုန္သံတို႔ျဖင့္ သူမဟာ လက္ရွိႏွင့္ တမလြန္ အၾကား ႀကိဳးတန္းတစ္ခုေပၚက ဆက္ကတ္သမား တစ္ေယာက္ႏွယ္။
ခုံႏွင့္တပါးတည္း သူမကိုယ္အား ဆြဲမတ္လိုက္သည့္အခါ မ'မတ္နိုင္ေတာ့သည့္ သူမ၏ ဦးေခါင္မွာ ေနာက္သို႔ လန္ခ်သည္။
သူမ၏ မ်က္လုံးအား အမဲေရာင္ ပိတ္စတစ္ခု ျဖင့္ ခ်ည္ႏွောင္လာၿပီး ေတာ္ေတာ္ၾကာသည္ အထိ ထိုလူဟာ အသံလုံးဝ မထြက္ ။
တစ္စတစ္စ ပို၍ ေၾကာက္႐ြံ႕လာသည့္ အခါ ယန္းဟာ ငို၍ အသနာခံ မိေတာ့သည္။
"ခ်မ္း သာ ေပး ပါ"
ရယ္ေမာလိုက္ေသာ အသံကို သူမၾကားလိုက္ရသည္။
တင္းက်ပ္စြာ စည္းႏွောင္ထားသည့္ ပုဝါေၾကာင့္ သူမ ဘာဆိုဘာမွ မျမင္ရ။
"ငါ မင္းကို မသတ္ဘူး"
စက္ကိရိယာတစ္ခုခုမွာ ထြက္လာသည့္ အသံလို သာမန္ အသံမ်ိဴး မဟုတ္တာေၾကာင့္ ယန္းတိတ္ဆိတ္စြာ နားစြံ႕ေနမိသည္။
"မင္းက အလိုအေလ်ာက္ ေသသြားမွာပဲ။
လက္မွာ ေသြးစြန္းခံစရာ မလိုပဲ မင္းအသက္ရႉေနတိုင္း အသက္ရွင္ဖို႔ အခြင့္အေရး နည္းလာမွာပဲ"
ယန္း ထိုလူ၏ ဝါက်မွ ဘာကို ဆိုလိုမွန္း သေဘာမေပါက္ေသးခင္မွာပင္ ရင္ေခါင္းထဲမွ လွိုက္တက္လာေသာ ညွီစို႔စို အနံ႕နဲ႕အတူ ေသြးတစ္ပြက္ အန္ထြက္လာသည္။
သူမ၏ အူကလီစာေတြဟာ အပိုင္းပိုင္း ျဖတ္ေတာက္ ခံေနရသလို ခံစားရၿပီး ခႏၶာဟာ အခြံသက္သက္သာ။
ေနာက္ဆုံးတစ္ေန႕တြင္ သူမဟာ သည္ ေဝဒနားအား မခံစားနိုင္ေတာ့၍ အဆုံးသတ္ေပးရန္ ေတာင္းဆိုရမည္ကို သေဘာေပါက္သြားခဲ့သည္။
"ဘာလို႔လဲ"
ေမးခြန္းေတြ အမ်ားႀကီး ရွိေပမယ့္ ဆုံးေအာင္ မေျပာနိုင္ခဲ့။
ဘာလို႔ သူမကို ဖမ္းခ်ဳပ္ထားရတာလဲ။
ဘာလို႔ သည္ရက္စက္တဲ့ နည္းလမ္းကို သုံးနိုင္ရတာလဲ။
သည္လူ ဘာလို႔ သည္လိုေတြ လုပ္ရတာလဲ။
ျဖစ္နိုင္ေခ်ေတြ အမ်ားႀကီးမွာမွ ထိုလူက ရိုးရွင္စြာ ေျဖသည္။
"ငါ ရွင္သန္ဖို႔"
ကပ္ပါးေကာင္လို ငါဟာ သူတစ္ပါးကို ဖ်က္စီးပစ္မွ ရပ္တည္နိုင္မယ္။
အေစခံတစ္ေယာက္လို ငါ့အတြက္ တစ္ခုတည္းေသာ နည္းလမ္းက အကုန္ရွင္းထုတ္ပစ္ဖို႔ပဲ။
စစ္ေျမျပင္ တစ္ခုမွာ ရွင္သန္နိုင္သူသာ ေအာင္နိုင္သူပဲ။
~~~~~~~~~~~~~~~~~~
ေရေအာက္မ်က္ႏွာျပင္တြင္ အၾကာႀကီး မိမိကိုယ္ကို နစ္ျမႇပ္ထားေစရင္း အသက္ရႈ လမ္းေၾကာင္းတြင္ ပိတ္ဆို႔လာသည့္ ေရတို႔ေၾကာင့္ မြန္းၾကပ္လာရသည္။
ပ်ံ့ႏွံ႕ေနသည့္ အေတြးတို႔ဟာ ေရွာင္းက်န့္အား ေရျပင္မွ ျပန္တက္လာဖို႔ ေမ့ေလ်ာ့ေစသည္။
နားထဲတြင္ ၾကားလိုက္ရသည့္ ငိုညည္းသံေတြ၊
အျမင္အာ႐ုံတို႔မွာ ေသြးေရာင္တို႔ျဖင့္ ဖုံးလႊမ္းသြားသည္။
မ်က္ျမင္ထင္ဝါး ျဖစ္ခဲ့သည့္ ျဖစ္ရပ္ဆိုးတို႔အား ျပန္လည္ျမင္ေယာင္လာရင္း ေရွာင္းက်န့္ဟာ ေရကန္ထဲမွ ထြက္လာဖို႔ ႐ုန္းကန္ေနေပမယ့္ အရာမထင္။
"ေကာ..."
နားစည္အတြင္း တိုးသဲ့စြာ စိမ့္ဝင္လာသည့္ အသံေလးဟာ မိမိစိတ္ကူးျဖင့္ ဖန္တီးလိုက္ေပမယ့္ လူအား အ႐ူးတစ္ေယာက္ကဲ့သို႔ အသိစိတ္ကင္းမဲ့ေစသည္။
ကူကယ္ရာမဲ့စြာ အရွိန္ျပင္းျပင္းျဖင့္ ကန္အတြင္းမွ ႐ုန္းထြက္လာသည့္ ေရွာင္းက်န့္ေၾကာင့္ ကန္ေရျပင္ အတြင္း ရိုက္ခတ္သြားေသာ လွိုင္းတံပိုးတို႔မွာ ေရအခ်ိဳ႕အား အျပင္သို႔ ဖိတ္စင္သြားေစရန္ ေဆာင္က်ဥ္သြားသည္။
ျပတင္းအျဖစ္ မွန္အျပည့္ကာထားသည့္ မွန္ခ်ပ္ေပၚတြင္ လမ္းမတစ္ေလွ်ာက္ ေျပးလႊားေနသည့္ ကားမီးေရာင္အခ်ိဳ႕က ထင္ဟပ္ေနသည္ ။
ေရပန္းမွ ေရစက္အခ်ိဳ႕ႏွင့္ တင္ယွက္သြားေသာ အခါ မွန္အထက္တြင္ အေရာင္စုံေသာ ၾကယ္ေပ်ာက္ကေလးမ်ားကဲ့သို႔ ။
ေရပန္းမွ ေရက်သံတို႔က စည္းခ်က္မွန္စြာ ထြက္ေပၚေနသည္။
တိုကပ္ေနေသာ ဆံသား မ်ားကို ျဖတ္သန္းလို႔ ေမးရိုး တစ္ေလွ်ာက္စီးက်ေနသည့္ ေရစက္မ်ား။
က်စ္လစ္ေသာ ႂကြက္သားမ်ားၾကား ေရစက္တို႔မွာ တြဲလြဲခို ေနသည္။
ေတာင့္တင္းသည့္ ပခုံးသားေပၚတြင္ ေနရာယူထားသည့္ ငန္း တစ္ေကာင္ပုံ တတ္တူး။
က်ယ္ျပန့္သည့္ ေက်ာျပင္မွ တစ္ဆင့္ နိမ့္ဆင့္လာရင္း တျဖည္းျဖည္း သိမ္ဝင္သြားသည့္ ခါး။
ေက်ာရိုး အျမႇောင္းတစ္ေလွ်ာက္ စီးဆင္းေနသည့္ ေရတို႔မွ စမ္းေခ်ာင္းတစ္ခု သဖြယ္။
ဆံသားတို႔ၾကားမွ ေရစက္တို႔ဟာ တေတာက္ေတာက္က်ေနသည္။
အခိုးရိုက္ေနေသာ ၾကည့္မွန္အား လက္ဝါးျဖင့္ ပြတ္တိုက္လိုက္သည့္အခါ သူ၏ မ်က္ႏွာအား ထင္ရွားစြာေတြ႕ရသည္။
မွန္ေရွ႕ေတြ ေပၚေနသည့္ မိမိကိုယ္ကိုၾကည့္ရင္း ေရွာင္းက်န့္ဟာ ေရရာေသာ အေၾကာင္းမရွိပဲ ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ သြားတို႔ ေပၚလြင္သည္အထိ ၿပဳံးရယ္လိုက္မိရင္း တဆက္တည္းမွာပင္ မ်က္လုံးတို႔ဟာ ရဲတြတ္ကာ မ်က္ရည္မ်ားဝဲလာသည္။
လူအမ်ားေရွ႕တြင္ ခ်ျပေလ့ရွိသည့္ ေျဖာင့္မတ္တည္ၾကည္၍ သိမ္ေမြ႕ေသာ ေရွ႕ေနေရွာင္းက်န့္ မ်က္ႏွာဖုံကို ခြၽတ္၍ ဆန့္က်င္စြာ ခံစားခ်က္ကင္းမဲ့ေသာ မ်က္လုံးေတြနဲ႕အတူ ေသြးေအးရက္စက္တတ္ေသာ အမူအရာျဖင့္ နတ္ဆိုးေရွာင္းအား မွန္ထဲတြင္ ေက်ာခ်မ္းဖြယ္ရာ ေပၚေပါက္လာေတာ့သည္။
မီးမဖြင့္ပဲ ထားသည့္ အခန္းထဲ တြင္ မည္သည့္ အရာမွ သဲကြဲစြာ မျမင္ရ။
အေမွာင္ထုေၾကာင့္ စိတ္မသက္မသာ ပိုျဖစ္ေစေပမယ့္ အလင္းအားလည္း အံတုနိုင္စြမ္းမရွိ။
ေရခ်ိဳးခန္းထဲမွာ ထြက္လာသည့္ လမ္းတစ္ေလွ်ာက္တြင္ မေျခာက္ေသြ႕ေသးေသာ ဆံသားတို႔ေၾကာင့္ ေရမ်ား တစ္စက္စက္။
ေတြ႕ရာဆြဲဝတ္လိုက္သည့္ တီရွပ္မွာ စိုစြတ္ေနေသာ ခႏၱာကိုယ္ေၾကာင့္ အကြက္မ်ား ေပၚလာသည္။
အခန္းက်ဥ္းေလး၏ ေထာင့္တြင္ေနရာယူထားေသာ ဗီရိုငယ္ေလး တစ္လုံးေရွ႕တြင္ ေရွာင္းက်န့္ ငူငူငိုင္ငိုင္ ရပ္ေနမိသည္။
ဗီရိုတံခါးအား အသာဆြဲဖြင့္လိုက္ေသာအခါ ေဟာင္းႏြမ္းေနသည့္ ဗီရိုက ဆူညံသံ ျပဳသည္။
အထဲရွိ တစ္ထည္တည္းေသာ ထိုဝတ္စုံအား ဆြဲထုတ္လိုက္ၿပီး ၾကမ္းျပင္ေပၚတြင္ ျဖန့္ခင္းလိုက္သည္။
ျပန့္က်ဲေနသည့္ ပန္းႏုေရာင္ ဘဲေလး ဂါဝန္ႏွင့္ ထိပ္ပြန္းပဲ့ေနေသာ en-point ။
အက်ည္းတန္လွသည္က ဂါဝန္၏ ဝမ္းဗိုက္ေနရာတြင္ ႀကီးမား လွေသာ ေသြးကြက္တစ္ခု ေနရာ ယူထားသည္။
ဒူးေထာက္က်သြားသည့္ ေရွာင္းက်န့္က ထို ဂါဝန္အား သိမ္ေပြ႕လိုက္ကာ နမ္းရွိုက္ေနရင္း နာက်င္စြာ ငိုေႂကြးေနမိသည္။
ေသာကတို႔ေၾကာင့္ သူဟာ ဟစ္ေႂကြးမိသည္။
ေဝဒနာေၾကာင့္ သူဟာ ရွိုက္ငင္မိသည္။
စုတ္ျပတ္သတ္ေနသည့္ သူ႕၏ ပုံရိပ္ဟာ မေကာင္းမႈေတြ မ်ားစြာ က်ဴးလြန္ခဲ့လင့္ကစား က႐ုဏာသက္ဖြယ္ေကာင္းလွသည္။
သို႔ရာတြင္ တခနခ်င္းမွာပင္ ရွိုက္ႀကီးတငင္ ငိုေႂကြးေနရာမွ ခ်က္ခ်င္းဆိုသလို ရပ္တန့္သြားသည့္ေရွာင္းက်န့္။
တစ္စုံတစ္ေယာက္မ်ား ေခ်ာင္းၾကည့္ေနပါက ေၾကာင္အ သြားနိုင္သည္ ။
ေရွာင္းက်န့္ဟာ ပါးျပင္ေပၚမွ မ်က္ရည္တို႔အား ေျဖးညွင္းစြာ သုတ္လိုက္ၿပီး မ်က္ႏွာထက္တြင္ ဝမ္းနည္းမႈတို႔ အစား နာက်ည္း မုန္းတီးမႈတို႔ႏွင့္ ရက္စက္မႈတို႔အား အစားထိုးလိုက္သည္။
အသက္မဲ့ေသာ အၿပဳံးနဲ႕အတူ ေရွာင္းက်န့္ စိတ္အေျခအေနဟာ မွန္းမရ။
'လွည့္ကြက္မ်ားၾကား နစ္မြန္းလာလိမ့္မည္။
မိမိေထာင္ေသာ ၫြတ္ကြင္းတြင္ကိုယ္တိုင္ အဆုံးသတ္ကို ေသြး႐ူးေသြးတန္း ေ႐ြးခ်ယ္ သြားၾကလိမ့္မည္။
ဒါဟာ နတ္ဆိုးကိုယ္တိုင္ စတင္တဲ့ ကစားပြဲ'
~~~~~~~~~~~~~~~~
ညနက္လာသည္ႏွင့္အမွ် တတိတိ ျပန္သြားၾကေသာ လူတို႔ေၾကာင့္ ကခန္းထဲတြင္ တစ္ေယာက္စ ႏွစ္ေယာက္စသာ က်န္ခဲ့ေတာ့သည္။
ေနာက္ဆုံး က်န္ခဲ့သည့္ ေကာင္မေလး ႏွစ္ေယာက္က အကက်င့္ေနဆဲ ျဖစ္သည့္ လုခ်ီအားၾကည့္ရင္း ေျပာသင့္ မေျပာသင့္ ေတြေဝေနသေယာင္။
လုခ်ီကေနရာမွ ရပ္ၿပီး ထိုႏွစ္ေယာက္အား ၾကည့္လိုက္ေသာအခါ လန့္သြားဟန္ျဖင့္ တြန့္ဆုတ္တြန့္ဆုတ္ ျဖစ္ေနၾကသည္။
"ကြၽန္မတို႔ ျပန္ေတာ့မယ္ လုခ်ီက်ဲေရာ အတူျပန္မလား"
ထိုႏွစ္ေယာက္အနက္ ေကာင္မေလး တစ္ေယာက္က အထစ္ထစ္အေငါ့ေငါ့ ျဖစ္ ထိုသို႔ ဆိုသည္။
"ငါနည္းနည္း ဆက္ေလ့က်င့္လိုက္ဦးမယ္ မင္းတို႔ ျပန္ႏွင့္ပါ"
အေျဖရသည္ႏွင့္ တစ္ခ်ိဳးတည္းေျပးၾကေသာ ထိုႏွစ္ေယာက္သည္ လုခ်ီအား စိတ္ရင္းျဖင့္ အေဖာ္ျပဳေပးလို၍ ေမးလာသည္ မဟုတ္ပဲ ဝတ္ေက်တန္းေက်႐ုံမွ်သာ ေမးမွန္း သိသာလွသည္။
သူမဘာလို က'က ဘယ္လိုမွ က၍ မရနိုင္ေသာ White Swan မွ Black Swan အျဖစ္သို႔ ေျပာင္းယူေသာ ကကြက္။
ထပ္ခါတလဲလဲ ကရင္း လဲက်ရင္း ျဖင့္ စိတ္ေရာကိုယ္ပါ ပင္ပန္းလာရသည္။
ေနာက္တစ္ႀကိမ္ တစ္ဖန္ျပင္ကေနရင္း မွိတ္က်သြားေသာ မီးေၾကာင့္ မီးမ်ားပ်က္သြားေလသလားဟု စစ္ေဆးဖို႔အတြက္ အျပင္သို႔ ထြက္ၾကည့္ရန္ ျပင္လိုက္ေသာ္လည္း အလြန္အမင္း ေနာက္က်ေနေသာ အခ်ိန္ေၾကာင့္ ညေစာင့္ဦးေလးႀကီး မီးမွိတ္လိုက္သည္ဟူ၍ပဲ အလြယ္တကူ ေကာက္ခ်က္ခ်လိဳက္မိေတာ့သည္။
သူမသည္ ဖုန္းမီးအား ထြန္း၍ အကဆက္ေလ့က်င့္ေနတုန္း သူမ၏ ကိုယ္အား ေလစိမ္းအခ်ိဴ႕ ျဖတ္တိုက္သြားသလို စိမ့္ေအး သြားရသည္။
ျပတင္းေပါက္ မ်ားအား ၾကည့္လိုက္ေသာ္လည္း ဖြင့္လွစ္ထားျခင္းမရွိ။
အခန္းထဲရွိ ေလေအးေပးစက္မွာလည္း ၿငိမ္သက္လို႔ေနသည္။
သူမသည္ အခ်ိန္အေတာ္ၾကာသည္ အထိ ဆက္မကျဖစ္ပဲ အသံတစ္စုံတစ္ရာကို နားစြင့္ရင္း ရပ္တန့္ေနမိသည္။
ပင္ပန္းေနသည့္စိတ္ေၾကာင့္ ထင္ေယာင္ျမင္မွား ျဖစ္သည္ေနသည္ဟုပဲ ယူဆလိုက္ ေနာက္တစ္ဖန္ ကကြက္တို႔အား အသက္သြင္းသည္။
ယခု အခါတြင္ေတာ့ သူမ၏ ေနာက္မွ ေန၍ တစ္စုံတစ္ေယာက္သည္ ထပ္ၾကပ္မကြာ လိုက္၍ ကေနသလို ခံစားရၿပီး သူမ၏ နားသလယ္စပ္မွ ပူႏြေးေသာ ေလအခ်ိဳ႕၏ အထိပအေတြ႕ကို ခံစားမိသည္။
႐ုတ္တရက္ အေနာက္သို႔ လွည့္ၾကည့္လိုက္ေပမယ့္ တစ္စုံတစ္ေယာက္မွ မေတြ႕။
လုခ်ီသည္ လြန္စြာမွ ေၾကာက္႐ြံေနေပမယ့္ သူမ၏ မ်က္လုံးေတြအား ဟိုဟိုဒီဒီ ကစားေနမိသည္။
သူမ၏ ေဘးနားမွ ျဖတ္သြားေသာ အရိပ္တစ္ခု၊
အေမွာင္ထဲတြင္ ျဖစ္ေပမယ့္ အျဖဴေရာင္ ဘဲေလးဂါဝန္ တစ္စြန္းတစ္စအား ျမင္လိုက္ရသည္။
တံခါးကို ျဖတ္သန္း၍ အျပင္ဘက္သို႔ ေျပးထြက္သြားသည့္ ထိုအရိပ္ေၾကာင့္ လုခ်ီ လွ်င္ျမန္စြာ လိုက္မိသည္ ။
ေစာနကအထိ အခန္းအတြင္း သူမတစ္ေယာက္တည္း အကေလ့က်င့္ေနသည္မလို႔ ထ္ို တစ္စုံတစ္ေယာက္မွာ ဘယ္သူဘယ္ဝါမွန္း သူမ မသိ။
လုခ်ီ ထိုသူ၏ ေနာက္သို႔ ခ်က္ခ်င္း လွ်င္ျမန္စြာ လိုက္သည္ မွန္ေပမယ့္ အခန္းျပင္ပ ေလွ်ာက္လမ္းေပၚတြင္ မည္သူမွ မရွိေတာ့။
ထို႔အျပင္ သူမ အကေလ့က်င့္သည့္ အခန္းတစ္ခုတည္းအား အေမွာင္က်ေနျခင္း ျဖစ္ၿပီး ေလွ်ာက္လုံး တစ္ေလွ်ာက္လုံးမွာ ထိန္လင္းေနသည္။
လုခ်ီသည္ ရွည္လ်ားသည့္ ေလွ်ာက္လမ္းအား တစ္ဆုံးေငးၾကည့္ေနရင္း အေတြးမ်ား ျပန့္က်ဲသြားရသည္။
မူမမွန္ေတာ့ အေနအထားမႈ ထိတ္လန့္တုန္လႈပ္လာသည့္ သူမသည္ သူမ၏ ပစၥည္းမ်ားအား သိမ္း၍ အိမြသို႔ ျပန္ရန္ ဆုံးျဖတ္လိုက္သည္။
အခန္းရွိရာသို႔ ျပန္ေလွ်ာက္လာရင္း အခန္းေရွ႕မွ ၿမိဳင္ဆိုင္ေနသည့္ သံဇဥ္အခ်ိဳ႕အား ၾကားလိုက္ရသည္။
သူမသည္ ကေယာင္ကတမ္း အခန္းနံပါတ္အား ေမာ့ၾကည့္လိုက္ေပမယ့္ သူမ အခန္းမွားျခင္း မဟုတ္ပဲ ေစာနကအထိ အကေလ့က်င့္သည့္ အခန္းသာ ။
လွစ္ဟေနသည့္ တံခါးၾကားမွ အခန္းအတြင္း ေခ်ာင္းၾကည့္လိုက္ေတာ့ လုခ်ီမွာ အံ့ၾသ ထိတ္လန့္မႈေၾကာင့္မ်က္လုံးမ်ား ျပဴးက်ယ္လာၿပီး ေအာ္ဟစ္မိမသြားေအာင္ သူမ၏ ပါးစပ္အား လက္ျဖင့္ ဖိပိတ္ထားရသည္။
မ်က္စိေရွ႕တြင္ ျမင္လိုက္ရသည္က သန့္စင္ေသာ အလွတရားျဖင့္ ေက်ာ့ရွင္းစြာ ကေနသည့္ Clara ။
သူမ၏ ေျခေထာက္မ်ားသည္ အေကာင္းပကတိအတိုင္းရွိေနသည္။
ျပတ္ေတာက္ေနသည့္ မီးေရာင္တို႔ဟာ ယခုတြင္ေတာ့ မ်က္စိက်ိန္းေလာက္သည္အထိ ထိန္လင္းလွ်က္။
Clara ဟာ Swan queen ဂါဝန္အား ေက်ာ့ရွင္းစြာ ဝတ္ဆင္ထားၿပီး တင့္တယ္စြာ ဆန္ျမန္းထားသည့္ ငန္းအေတာင္ပံ သရဖူ။
သူမသည္ လုခ်ီ အစေတာင္ မခ်ီနိုင္သည့္ ကကြက္ေတြကို ေသသပ္ပိုင္နိုင္စြာ အဆုံးသတ္သည္။
ကကြက္တိုင္းဟာ ႏွစ္လိုဖြယ္ေကာင္းလွေပမယ့္ လုခ်ီကေတာ့ ထိုျမင္ကြင္းကို ၾကည့္ရင္း တစ္စတစ္စ ပူေလာင္လာရင္း ေဒါသမီးမ်ား ေလာင္ကြၽမ္းေနသည္။
အဆုံးတိုင္သြားသည့္ ကခုန္ျခင္း။
သူမသည္ လုခ်ီရွိရာဘက္သို႔ လွည့္ၾကည့္လာရင္း ၿပဳံးရယ္ေနသည္။
"Clara နင့္ ေျခေထာက္ေတြ"
လုခ်ီက သူမ၏ ေျခေထာက္မ်ားကိုသာ စိုက္ေငးရင္း ေသာကေၾကာင့္ မ်က္ရည္ပူမ်ား တသြင္သြင္။
"နင္က အစားထိုးခံပဲ ။
ငါျပန္ေရာက္လာရင္ နင္က စြန့္ပစ္ခံရမယ့္ အစားထိုခံပဲ"
နင့္သည္းေသာ စကားေတြႏွင့္ ႏွိပ္စက္သည့္ Clara အား တစ္ကိုယ္လုံးတုန္ယင္ကာ ၾကမ္းျပင္ေပၚသို႔ လဲက်သြားသည့္ လုခ်ီအား ေလွာင္ၿပဳံးတစ္ခုျဖင့္ ဂုဏ္ျပဳသည္။
သူမအား ေက်ာခိုင္းသြားသည့္ Clara ၏ ေက်ာ့ျပင္ကို ၾကည့္ရင္း မ်က္ဝန္းထဲတြင္ ဗလာက်င္းသြားရတဲ့ လုခ်ီ။
"နင္ ေသသြားမွရမွာ!!"
တိုးသဲ့စြာ က်ိန္းဆဲလိုက္သည့္ လုခ်ီ၏ အသံေၾကာင့္ ေရွ႕သို႔ ျပန္လွည့္ရန္ ျပင္ေနသည့္ Clara လည္ပင္းအား ခြၽန္ထက္ေသာ အရာ တစ္ခုျဖင့္ အားျပင္းျပင္းျဖင့္ ထိုးစိုက္လိုက္သည္။
ပန္းထြက္လာသည့္ ေသြးေတြဟာ မ်က္ႏွာထက္ ႏြေးသြားေစၿပီး
ဝတ္ဆင္ထားသည့္ ဂါဝန္ အျဖဴဟာ ေသြးခ်င္းခ်င္းရဲ သြားေတာ့သည္။
ႏွစ္ပိုင္းခ်ိဳးထားသည္မလို႔ ခြၽန္ထက္ေနသည့္ Hair pin အား ၾကမ္းေပၚသို႔ ပစ္ခ်လိဳက္သည္။
႐ုတ္တရတ္ဆန္သည့္ အျဖစ္မလို႔ ၾကမ္းျပင္ေပၚ လဲက်ေနသည့္ Clara ၏ မ်က္လုံးမ်ားမွာ ျပဴးက်ယ္ေနသည္။
အသက္ရႉသံ မွ်င္းမွ်င္းသာ က်န္ေတာ့သည့္ Claraအား ၾကည့္ရင္း သူမသည္ မီးေလာင္တိုက္သြင္းခံရသူ တစ္ဦးႏွယ္ သူေလာင္လာရသည္။
အိုင္ထြန္းေနသည့္ ေသြးကြက္မွာ လုခ်ီ အတုန္တုန္ အယင္ယင္ ရပ္ေနေသာ ေနရာသို႔ ဦးတည္ စီးဆင္းေနတာမလို႔ တုန္လႈပ္ေျခာက္ျခားမႈ မ်ားစြာျဖင့္ ေအာ္ဟစ္ကာ ငိုေႂကြးမိသည္။
ကတုန္ကယင္ ေဆာက္တည္ရာမရေနသည့္ လုခ်ီ၏ အမူအရာမွာ အသည္းေျခပ်က္သူတစ္ေယာက္ႏွယ္။
မ်က္ႏွာေပၚက ေသြးစတို႔ကို လက္ျဖင့္ ပြတ္တိုက္ပစ္ေတာ့ သူမ၏ မ်က္ႏွာတစ္ခုလုံး ေသြးေရာင္တို႔ လႊမ္းသြားေတာ့သည္။
အ႐ူးတစ္ေယာက္လို ပါးစပ္မွ ေတာင္စဥ္ေရမရ ႐ြတ္ေနရင္း အားပ်က္ေနေသာ ေျခေထာက္တို႔ေၾကာင့္ အခါအခါလဲက်ေနေပမယ့္ သူမဟာ ေျခေထာက္တို႔အား တ႐ြတ္ဆြဲသည္အထိ ေဝးရာ လမ္းမထက္သို႔ ေျပးထြက္ေလေတာ့သည္။
မ်က္ႏွာႏွင့္ ဂါဝန္ တစ္ခုလုံး နီးေစြးေနၿပီး ငိုယိုေအာ္ဟစ္ကာ ေျပးလႊားေနသည့္ သူမအား လမ္းသြားလမ္းလာတို႔က ၾကည့္ေနၾကသည္။
ေမာဟိုက္ေနေအာင္ ေျပးလႊားၿပီးေနာက္ အေမွာင္ထုႀကီးစိုးသည့္ လမ္းၾကားတစ္ခုၾကားတြင္ လုခ်ီ မည္သူမွ် မျမင္နိုင္ေအာင္ ပုန္းေအာင္းေနမိသည္။
မ်က္လုံးတို႔မွာ မလုံမလဲျဖင့္ ဟိုၾကည့္သည္ၾကည့္။
တုန္ခါေနသည့္ လက္တို႔အား အခ်င္းခ်င္းဆုပ္ကိုင္ထားသည္။
ဒူးႏွစ္ဖက္အား လက္ျဖင့္ ေပြ႕ပိုက္ၿပီး က်ဳံ႕က်ဳံ႕ေလး ငိုေနမိသည့္ လုခ်ီက ခနအၾကာတြင္း အေတြးတစ္ခုရသြားဟန္ျဖင့္ ဆက္ခနဲ႕ မတ္တတ္ထရပ္သည္။
တစ္ညအတြင္း ေဟာက္ပက္ျဖစ္သြားသည့္ မ်က္တြင္းေတြနဲ႕ သူမဟာ စိတ္ေဝဒနာသည္ႏွင့္ တူသည္။
ကေသာကပါးျဖင့္ အေမာေဖာက္မတတ္ ထပ္ေျပးေနျပန္သည့္ လုခ်ီ၏ ဦးတည္ရာက တစ္ဖန္ အကခန္းသို႔။
မွိတ္ခ်ထားသည့္ မ်က္ဝန္းမ်ား။
သူမသည္ တံခါးအား ဆြဲဖြင့္လိုက္ရန္ ခ်ီတုံခ်ီခ်။
အားတင္းကာ တံခါးကား ဆြဲဖြင့္လိုက္ၿပီးေနာက္ Clara အား မေတြ႕လိုက္ရသည့္ အခါ သူမ၏ ကမၻာမွာ ျခာျခာလည္သြားသည္။
ေစာနကအထိ လွဲေလွ်ာင္းေနေသာ Clara ေရာ၊ ႀကီးမားသည့္ ေသြးအိုင္ႀကီးေရာ အစအနေတာင္ ရွာမေတြ႕ေတာ့သည့္ အခါ တစ္စုံတစ္ေယာက္မ်ား ျမင္သြားေလေသာ အေတြးတို႔က လုခ်ီအား သတ္သည္။
အမွတ္မထင္ သူမ၏ ပုံရိပ္အား မွန္ထဲမွ ေတြ႕လိုက္ရသည့္ အခါ လုခ်ီ ထိုင္ရက္သား လဲက်သြားရေတာ့သည္။.သူမွ မ်က္ႏွာေပၚတြင္ မည္သည့္ ေသြးစမွ မရွိ ၊
ဝတ္ဆင္ထားသည့္ ဂါဝန္မွာလည္း ပကတိ သန့္စင္ေနသည္။
သူမ၏ ေခါင္းေပၚတြင္ သူမကိုယ္တိုင္ ရိုက္ခ်ိဳးခဲ့သည့္ hair pinမွာ အေကာင္းအတိုင္း။
ဘာေတြျဖစ္ကုန္မွန္း မသိသည့္ အေျခအေနေတြတြင္ သူမ၏ ေနာက္တစ္ဖန္ ေၾကာက္မက္ဖြယ္ရာတို႔ႏွင္ မရင္ဆိုင္ရခင္ အျမန္ဆုံး ျပန္ဖို႔ ဆုံးျဖတ္မိသည္။
မီးပြင့္ေနသည့္ သူမ၏ ဖုန္းအား ပိတ္လို႔ အိတ္ထဲ ထည့္ရန္ ျပင္လိုက္စဥ္ သူမ၏ လြယ္အိတ္ထဲတြင္ စာအိတ္တစ္ေစာင္ ေနရာယူထားသည္ကို ေတြ႕လိုက္ရသည္။
စာအိတ္အား ဖြင့္ေဖာက္ၾကည့္လိုက္စဥ္စာအိတ္ထဲရွိ ဓါတ္ပုံမ်ားေၾကာင့္ လုခ်ီ ေသြးပ်က္မႈတို႔ျဖင့္တစ္ဖန္။
ဓါတ္ပုံမ်ားမွာ Clara မေတာ္တဆမႈ ျဖစ္သည့္ေန႕ အခင္းေနရာမွ စီစီတီဗီ မွတ္တမ္းျဖစ္ၿပီး တစ္ပုံစီတိုင္းတြင္ လုခ်ီသည္ လႈပ္ရွားမႈ မ်ိဳးစုံျဖင့္ ပါဝင္ေနသည္။
ဓါတ္ပုံ တစ္ပုံခ်င္းစီကို လုခ်ီ တုန္လႈပ္ေျခာက္ျခားစြာ ၾကည့္ေနခဲ့ၿပီးေနာက္ ေနာက္ဆုံး တစ္ပုံ အေရာက္ကို အလိုမက်စြာ မ်က္ခုံးထို႔ တြန့္ခ်ိဳးသြားမိသည္။
ထိုအရာမွာ ဓါတ္ပုံတစ္ခု မဟုတ္ပဲ ငန္းပုံတစ္ပုံအား ထြင္းထားသည့္ စကၠဴ အထူ တစ္႐ြက္ ျဖစ္ေန၍သာ။
Swan Emblem
ငန္း အမွတ္အသား......
နတ္ဆိုးကို ကိုယ္စားျပဳသလား
သူေတာ္စင္ကို ကိုယ္စားျပဳသလား
TBC♡
ငန္း အမွတ္အသားက ေရွာင္းက်န့္မ်ားလား အိမ္ေတာ္ထိန္းမ်ားလား🤔
ဆက္တိုက္ up ေနတာ Character Development ကို ျပခ်င္လို႔ပါ။
ဖတ္ရတာေရာ အဆင္ေျပရဲ႕လာဟင္ သိပ္မႀကိဳက္ၾကသလိုပဲ🥹