Burmese Translation of "Doomed to be Cannon Fodder".
Translator - ဂွေ့
(၂၀၀) ပျောက်ကြားစစ်ဆင်ရေး၊ ရန်သူစခန်းအတွင်းပိုင်း
လုံဟန့်တစ်ယောက် အိပ်မပျော်နိုင်လို့ လကိုထွက်ပြီးကြည့်မိတယ်။ သူပိုင်ရှန်းရှို့ကိုနှစ်၀က်အတွင်းပြန်လာခဲ့ပါမယ်လို့ ကတိပေးထားခဲ့ပေမယ့် ပထမဆုံးအဆင့်မှာတင်အတော်လေးပြဿနာကြီးတက်နေပြီ။ သူမြင်းတွဲဗျူဟာကိုဖြုတ်ဖို့အတော်ေလး ဦးနှောက်ခြောက်နေရတာ။ တော်တော်လေးခက်တယ်။ ပိုင်ရှန်းရှို့အရမ်းစိတ်မပူပါစေနဲ့လို့ပဲ ဆုတောင်းရတာပဲ။ ဘာလို့ဆို သူက အခုအရမ်းအန္တရာယ်နဲ့ကြုံနေရတာမျိုးတော့လည်းမဟုတ်သေးဘူး။ ရိက္ခာတွေက မြေအောက်ဥမင်တွေကနေ ပို့နေတာ။ သူလုပ်ရမှာက အဲ့ဒီမြင်းတွဲဗျူဟာကိုဖြုတ်ဖို့ပဲ။ ဒါပေမယ့်လည်း ခက်ခဲလွန်းတယ်။ ရက်အတော်ကြာတဲ့အထိ အသုံး၀င်တဲ့အကြံမျိုးမရသေးဘူး။
အခြေအနေတွေဆိုးနေပေမယ့် ဘာလို့ရယ်မသိ သူ့စိတ်ထဲမှာ ပိုင်ရှန်းရှို့က သူနဲ့တဖြည်းဖြည်းနီးလာတယ်လို့ခံစားနေရတယ်။
"ရှို့အာ....''
သူ ပြုံးရင်းနဲ့ပဲ သူမပေးထားတဲ့နံ့သာအိတ်လေးကို လက်နဲ့ထိလိုက်မိတယ်။ လက်ချုပ်လေးက အကောင်းစားကြီးမဟုတ်ပေမယ့် သူအရမ်းသဘောကျတယ်။ ကိုယ်နဲ့မကွာအောင်အမြဲတမ်းဆောင်ထားတာလေ။
သူနဲ့ဆယ်မိုင်လောက်အကွာက ပိုင်ရှန်းရှို့ကတော့ နင်ကျင်းမြို့ရဲ့ အစပ်ကိုလှမ်းမြင်နေရပြီ။ ရန်သူတပ်က နင်ကျင်းရဲ့ အရှေ့မှာ တပ်ချထားတာ။ တကယ်တော့ ရန်သူတပ်က နင်ကျင်းကို အစက သိမ်းထားပြီးသား။ ဒါပေမယ့် လုံဟန့်ကပြန်တိုက်လို့ရသွားတယ်။ သံမဏိမြင်းတွဲဗျူဟာနဲ့တွေ့တော့မှ လံူဟန့်က မြို့ထဲကနေ ခံချဖို့ပြင်လိုက်တာ။
ပိုင်ရှန်းရှို့နဲ့တခြားလူတွေ တစ်ညတာစခန်းချကြတယ်။ စုန့်ကျောင်းယွဲ့က မြင်းတွဲဗျူဟာအကြောင်းစံူစမ်းဖို့ ရန်သူ့စခန်းထဲခိုး၀င်မယ်လို့ကြံတယ်။
"ကျွန်မလည်းလိုက်မယ်"
အဲ့ဗျူဟာက တီဗီွဇာတ်လမ်းတွဲတွေထဲမှာမြင်ဖူးတဲ့ဟာလားဆိုတာ သေချာသိရမှဖြစ်မယ်။ စုန့်ကျောင်းယွဲ့မှာရွေးစရာမရှိဘူးဆိုတော့ ခေါ်သွားရတာပေါ့။ ယွီခွမ်းလည်းလိုက်လာတယ်။ သုံးယောက်မှာ နှစ်ယောက်က ကျွမ်းကျွမ်းကျင်ကျင်ကိုယ်ဖော့တတ်တယ်လေ။ ပိုင်ရှန်းရှို့ကိုသူတို့ခေါ်ပြီး ရန်သူစခန်းရဲ့အစပ်နားအထိ သွားကြတယ်။ အခက်အခဲလေးနည်းနည်းရှိပေမယ့် လုံလုံခြုံခြုံလေးရောက်သွားပါတယ်။
စုန့်ကျောင်းယွဲ့ကစပြောတယ်။
"ငါတို့ရှေ့ကိုဆက်သွားလို့မရတော့ဘူး။ သူတို့အဆိပ်ငွေ့တွေလွှတ်ထားတယ်။
"စိတ်မပူပါနဲ့။ ငါ့မှာအဆိပ်ဖြေဆေးပါတယ်။ သာမန်လူသိတဲ့အဆိပ်လောက်ကိုတော့ ခံနိုင်တယ်"
ယွီခွမ်းက ဘူးလေးထဲကနေ ဆေးသုံးလုံးကိုထုတ်လိုက်တယ်။ စုန့်ကျောင်းယွဲ့ကိုတော့ အပြင်မှာအစောငိ့ထားခဲ့ပြီး ယွီခွမ်းကတော့ ပိုင်ရှန်းရှို့ကိုခေါ်ပြီးအထဲကို၀င်သွားမယ်ပေါ့။ အကယ်၍ ရန်သူလာရင် အချက်ပြရအောင် စုန့်ကျောင်းယွဲ့ကိုအပြင်မှာထားခဲ့တာ။ အဲ့ဒါမှ အထဲကနှစ်ယောက်က လွတ်အောင်လုပ်ဖို့အချိန်ပိုရမယ်လေ။ ပုံမှန်စစ်သားလောက်ကတော့ စုန့်ကျောင်းယွဲ့ကတောက်ချရုံပဲ။ ဒါပေမယ့် ရန်သူရဲ့ခြေလှမ်းကခန့်မှန်းလို့တော့မရဘူး။သူတို့က အဓိကစခန်းတွေထက် မြင်းဇောင်းတွေမှာ အစောင့်တွေသေချာချထားတာ။
မြင်းဇောင်းကအစောင့်တွေဆိုတာ နည်းတာမဟုတ်ဘူး။ တွက်ကြည့်ဖို့လည်းခက်တော့ အစောင့်နှစ်ယောက်လောက်ကိုအကြောပိတ်ထားခဲ့ပြီး စုန့်ကျောင်းယွဲ့ခိုး၀င်လာခဲ့တယ်။ အနောက်ကနှစ်ယောက်ကိုပြီးမှ လမ်းကြောင်းရှင်းကြောင်းအချက်ပြပြီး ၀င်ခိုင်းတယ်။ သူတို့ သံချပ်ကာ၀တ်စုံတွေနဲ့ လက်နက်တွေကိုအနီးကပ်မြင်ရရင် ဖြေရှင်းဖို့အကြံထွက်နိုင်တာကိုး။
ပိုင်ရှန်းရှို့နဲ့ယွီခွမ်းအထဲကို၀င်သွားတော့ မြင်းတွေကို သံချပ်ကာအပြည့်အစုံ၀တ်ပေးထားတာကို သတိထားမိတယ်။ အကုန်လုံးက သံမဏိနဲ့လုပ်ထားတာဖြစ်ပြီး အတော်လေးမယ့်ပုံပဲ။ ပြီးတော့ သံချပ်ကာတစ်ခုစီရဲ့ကြားမှာ တွဲလောင်းကျနေတဲ့ သံဆူးချွန်ကြိုးကြီးတွေက ပါသေးတယ်။ ဒီဗျူဟာက အရမ်းကို အားကောင်းပြီးဖျက်မရတာ မဆန်းတော့ဘူး။
မြင်းတွေကိုသေချာသံချပ်ကာ၀တ်ပေးထားပြီး အစီတစဥ္တကျသေချာစီပေးထားတာ။ သူတို့ဆီကို၀င်တိုးလာတဲ့သူမှန်သမျှ မရှုမလှနဲ့သေပွဲ၀င်ရမှာပဲ။ အတော်လေးကိုဆိုးရွားလွန်းတဲ့ ဗျူဟာကြီး။ ပိုင်ရှန်းရှို့မျက်မှောင်ကျုံ့ရင်းအတော်စဥ္းစားနေရတယ်။ ဒီပုံစံက သူမသိတဲ့မြင်းတွဲဗျူဟာနဲ့အတော်တူတယ်။ အထူးသဖြင့် မြင်းရဲ့ခြေထောက်ညို့သကျည်းနားကို သံချပ်ကာ၀တ်ထားမပေးဘူး။ အာခိလိစ်ရဲ့ခြေဖနောင့်လိုပဲ။
(အာခိလိစ်ခြေဖနောင့်ဆိုတာ အရာအားလုံးကိုပျက်သုန်းသွားစေနိုင်တဲ့ အားနည်းချက်/ပြစ်ချက်ကိုပြောတာပါ။ mythမှာ အာခိလိက အရမ်းခွန်အားကြီးပြီး သံချပ်ကာအပြည့်၀တ်ထားလို့ ဘယ်သူမှ မနှိမ်နင်းနိုင်ပေမယ့် သူ့ရဲ့သံချပ်ကာနဲ့လွတ်နေတဲ့ ခြေဖနောင့်ကိုမြှားမှန်ပြီးသေသွားတာပါ။ အဲ့ကနေဖြစ်လာတဲ့ စကားပါ)
အဲ့အကြောင်းကိုလည်းတွေးမိရော ပိုင်ရှန်းရှို့တစ်ယောက် ပြုံးလိုက်မိတယ်။ ဒီဗျူဟာကိုလုံဟန့်ဖျက်နိုင်အောင် သေချာပေါက်ကူညီမယ်။
သူမအတွေးထဲမျောနေတုန်းရုတ်တရက်အပြင်ဖက်ကအသံတစ်ခုကိုကြားလိုက်ရတယ်။
အဲ့ထဲက တစ်ယောက်က လှမ်းပြောလေတယ်။
"ဗျူဟာသခင်! ဒီလောက်နောက်ကျနေမှ ဒီကိုဘာလာလုပ်တာတုန်း?"
"ဒီနေရာက အရမ်းအရေးကြီးတယ်။ တခြားလူတွေ၀င်ခွင့်မပေးနဲ့"
ကြည့်ရတာ အသက်ကြီးလောက်ပြီထင်တယ်။ သူက သူ့နောက်လိုက်တွေနဲ့လာပုံပဲ။ ကံကောင်းတာက အကြောပိတ်ခံထားရတဲ့အစောင့်နှစ်ယောက်ကို သူတို့မမြင်ဘူး။
"မကောင်းတော့ဘူး"
စုန့်ကျောင်းယွဲ့ချက်ချင်းပဲ အမှောင်ထဲကနေ အချက်ပြလိုက်တယ်။ ယွီခွမ်းလည်းပိုင်ရှန်းရှို့ကိုဆွဲပြီးချက်ချင်းထောင့်မှာသွားပုန်းလိုက်တာပဲ။ ပြဿနာက တစ်ဖက်ကလူကလည်း သိုင်းအရမ်းကျွမ်းကျင်တဲ့သူဆိုတော့ ယွီခွမ်းကိုသတိမထားမိရင်တောင် ပိုင်ရှန်းရှို့ရှိနေတာကိုတော့ ရှင်းရှင်းလင်းလင်းကြီးသိသွားမှာပဲ။
သူချက်ချင်းပဲ အခန်းထဲကို၀င်လာတယ်။
"ဒီမှာဘယ်သူရှိနေတာလဲ?"
ယွီခွမ်းကခုန်ထွက်ပြီးတိုက်မလို့လုပ်ပေမယ့် ပိုင်ရှန်းရှို့က ပြန်ဆွဲထားတယ်။ ပြီးတာနဲ့ သူမဆံပင်တွေကိုဖြည်ချ အင်္ကျီကိုကပိုကရိုလုပ်ပြီး အပြင်ကိုထွက်သွားတော့တာပဲ။ ပြီးတာနဲ့ မြေကြီးပေါ်ကို ခွေခနဲလဲပြပြီး ဒူးထောက်ထားလိုက်တာပေါ့။
"ကျွန်မရဲ့အသက်ကိုချမ်းသာပေးပါ သခင်ရယ်! ဒီနိမ့်ကျတဲ့မိန်းမက နေရာမှား၀င်မိပါတယ်။ ကျွန်မ အရမ်းဗိုက်ဆာနေလို့ပါ"
သူက ဂန္ဓ၀င်နှာဘူးကောင်ပဲ။ ငါ့ရဲ့သူမတူတဲ့အလှကိုသေချာပေါက်သတိထားမိမှာ။ ၀တ္ထုထဲမှာ ပိုင်ရှန်းရှို့ရဲ့အလှကိုဘယ်သူမှမယှဥ်နိုင်ဘူးတဲ့။ သူမရဲ့လှည့်စားမှုအောက်မှာကျဆုံးမှာအသေအချာပဲ။ ဒါ့အပြင်ကို သူမရဲ့ကပိုကယိုအနေအထားမှာတောင် ချစ်စရာ သနားစရာလေးဖြစ်နေမှာ။
စုန့်ကျောင်းယွဲ့ကတော့ လက်တွေတောင်တုန်တယ်။ သူဘာလုပ်ဖို့ကြိုးစားနေတာလဲ?
မျှော်လင့်ထားသလိုပဲ စစ်ရေးအကြံပေးက မီးရောင်တွေကနေတစ်ဆင့်သူမရဲ့မျက်နှာလှလှလေးကိုသတိထားမိသွားတယ်။ သူမရဲ့ဆံပင်တွေက ရှုပ်ပွပြီး ယောကျာ်းလေးအင်္ကျီတွေ၀တ်ထားတာတောင် အလှတရားက မဖုံးကွယ်နိုင်ဘူး။
မိန်းမလှတွေကိုဆို အဲ့လူက အငမ်းမရပဲ။ အလှလေးအတွက် နောက်ကိုခြေတစ်လှမ်းဆုတ်ပေးလိုက်တယ်။ အခုချိန်မှာ သူ့ခံစားချက်တွေက အလှတရားကိုထောပနာပြုနေတာထက် ရမ္မက်ခိုးေ၀နေတာက ပိုများတယ်။ ချက်ချင်းဒီကောင်မလေးကိုယူပစ်လိုက်ချင်ပေမယ့် ဖိအားပေးလို့မဖြစ်ဘူး။ လိုလိုချင်ချင်ပါလာအောင်ပဲ ကြိုးစားကြည့်ရမယ်။
သူ့ရှေ့က အမျိုးသမီးနဲ့သူ အိပ်နိုင်မယ်ဆို နောင်တမရှိဘဲတောင်သေနိုင်တယ်။
"အော် ဟုတ်လား။ ဗိုက်ဆာတာမကောင်းဘူး။ ဒီကအကိုကြီးက မိန်းကလေးအတွက် စားစရာတွေသွားယူခိုင်းပေးမယ်လေ"
"သခင်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်။ ဟိုလေ ဒီနေရာက ဘယ်နေရာလဲဟင်? အပြင်မှာအရမ်းမှောင်နေတော့ ဘာမှန်းသေချာမသိလိုက်ဘူး"
"ဒါက စစ်စခန်း။ မင်းက ဘယ်ကလာတာလဲ?"
ကျွန်မက ရှူတိုင်းပြည်ကပါ။ စစ်စခန်းတဲ့လား...အို မဟုတ်မှလွဲ.....ဒီနိမ့်ကျတဲ့မိန်းမကပဲ တောင်းပန်ပါတယ်။ ကျွန်မတမင်တကာခိုး၀င်တာ မဟုတ်ရပါဘူး"
ပိုင်ရှန်းရှို့ကဒူးလေးထောက်ရင်းမျက်ရည်တွေဘူးသီးလုံးလောက်ကျပြတော့တာပဲ။ သူမရဲ့သရုပ်ဆောင်ချက်တွေကိုကြည့်ပြီး ယွီခွမ်းရော စုန့်ကျောင်းယွဲ့ပါ မျက်လုံးပြူးယူရတယ်။ မင်းသမီးမဖြစ်တာ နှမျောစရာ။ ဒီလောက်အရည်အချင်းရှိနေတာကို။ ဒါပေမယ့် ဘာလို့သူမဒီလိုမျိုး လုပ်နေရတာလဲ?
အလှလေးကငိုနေတာကို စစ်ရေးအကြံပေးတစ်ကောင်ဘယ်ခံနိုင်ပါ့မလဲ?
သူချက်ချင်းပြန်ပြောတာပေါ့။ "စိတ်မပူပါနဲ့။ ဒီမှာကျူပ်ကလွဲပြီးဘယ်သူမှမရှိဘူး။မင်းရဲ့လုံခြုံရေးကို အာမခံတယ်"
"ဒါပေမယ့် ....သူတို့က...."
သူ့နောက်က အစောင့်နှစ်ယောက်ကို သူမက သနားစဖွယ်လေးကြည့်လိုက်တယ်။
"မင်းတို့နှစ်ယောက်လုံးထွက်သွား။ ဒီမမလေးဖို့ စားစရာတွေယူလာခဲ့။ ဒီအကြောင်းကို ဘယ်သူမှ မသိစေနဲ့"
စစ်စခန်းထဲမှာ မိန်းမတစ်ယောက်ကို၀ှက်ထားဖို့ဆိုတာ ခြေလှမ်းကောင်းတော့မဟုတ်လေဘူး။
စုန့်ကျောင်းယွဲ့ကတော့ပြောစရာစကားတောင်ပျောက်တယ်။ အဲ့ဗျူဟာသခင်ဆိုတာနှပ်ချီးတွဲလောင်းဘ၀တုန်းက နံရံနဲ့ခေါင်းနဲ့ဆောင့်ပြီး ဦးနှောက်ပျက်ထားတာလားမသိဘူး။ သူမဆီက စကားလေးနှစ်ခွန်းနဲ့တင်ကိုပဲ ဒီလောက်သံသယဖြစ်စရာအခြေအနေကြီးမှာအစောင့်တွေကို အေ၀းပို့ပစ်တယ်။ သူမျက်လုံးကိုကျယ်ကျယ်ဖွင့်ထားရတယ်။ ဒါက အသေသတ်ဖို့အခွင့်အရေးပဲလေ။ ပိုင်ရှန်းရှို့ကထင်သလောက်ရိုးရှင်းမနေဘူး။ သူမကသေချာပေါက် လုံဟန့်ရဲ့ အင်အားကြီးလွန်းတဲ့ရနန်သူကို ရှင်းဖို့ကြိုးစားနေတာ။
သူမရဲ့ဂုဏ်သိက္ခာကိုဒီလိုဟာမျိုးအတွက်လဲရမှာ မတန်လိုက်တာ။ ဒါပေမယ့် မိန်းမတိုင်းဒီလိုလုပ်နိုင်တာမှ မဟုတ်တာ။ သူမရဲ့ အပြုအမူက တကယ့်ကို အဖိုးထိုက်ပါပေတယ်။
ယွီခွမ်းကတော့ ၀ူးလင်ကလူဆိုတော့ သူမရဲ့ စတေးမှုကိုကြည့်ပြီး သွေးတွေပွက်ပွက်ဆူလာတော့တာပဲ။ သူ့အမြင်မှာ ပိုင်ရှန်းရှို့က ကိစ္စကြီးကို လုပ်ဖို့ ကိုယ့်ဟာကိုယ်အနစ်နာခံနေတယ်လို့ပဲမြင်တယ်။ သူမကို ယွီရှုကရွေးထားတာဆိုပေမယ့် မခေဘူးပဲ။
အစောင့်တွေထွက်သွားတာနဲ့ ပိုင်ရှန်းရှို့က သူမကိုယ်သူမ ဒူးမခိုင်သယောင်ဟန်ဆောင်လိုက်တယ်။ စစ်ရေးအကြံပေးက သူမကိုလာပြီးကူပေးတာပေါ့။ ယွီခွမ်းနဲ့စုန့်ကျောင်းယွဲ့ကတော့ ပသင့်အနေအထားမှာပဲ။ ဒီအချိန်မှာ ထတိုက်ခိုက်လို့မရသေးဘူးဆိုတာသူတို့သိတယ်။ အဲ့လူက ပိုင်ရှန်းရှို့နဲ့အရမ်းနီးကပ်လွန်းနေတယ်။
ပိုင်ရှန်းရှို့က မတ်တပ်လေးထပြီး သူ့ကိုကျေးဇူးတင်လိုက်တာပေါ့။ သူမကထောင့်းကိုလျောက်သွားပြီးထိုင်လိုက်တယ်။ ပြီးတော့ ကြောက်ရွံ့ဟန်လေးနဲ့။
"ဒီနေရာက ဘာလုပ်တဲ့နေရာလဲဟင်"
"လက်နက်တိုက်ပါ။ စားပြီးရင် အကိုကြီးရဲ့နေရာကိုသွားရအောင်လေ။ဒီလိုနေရာမျိုးက မင်းလိုအလှလေးနဲ့ မသင့်တော်ဘူး"
"သခင့်ရဲ့ချီးမြောက်မှုကိုမခံယူ၀ံ့ပါဘူး။ အာ ဒါကြီးက ဘာကြီးလဲဟင် ပြောင်လက်နေတာပဲ!"
ပိုင်ရှန်းရှို့က သူမလက်တစ်ဖက်ကိုနောက်ပစ်ပြီး အချက်ပြလိုက်တယ်။
______
[Zawgyi]
Burmese Translation of "Doomed to be Cannon Fodder".
Translator - ေဂြ့
(၂၀၀) ေပ်ာက္ၾကားစစ္ဆင္ေရး၊ ရန္သူစခန္းအတြင္းပိုင္း
လံုဟန္႔တစ္ေယာက္ အိပ္မေပ်ာ္ႏိုင္လို႔ လကိုထြက္ၿပီးၾကည့္မိတယ္။ သူပိုင္ရွန္းရိႈ႔ကိုႏွစ္၀က္အတြင္းျပန္လာခဲ့ပါမယ္လို႔ ကတိေပးထားခဲ့ေပမယ့္ ပထမဆံုးအဆင့္မွာတင္အေတာ္ေလးျပႆနာႀကီးတက္ေနၿပီ။ သူျမင္းတြဲဗ်ူဟာကိုျဖဳတ္ဖို႔အေတာ္ေလး ၪီးေနွာက္ေျခာက္ေနရတာ။ ေတာ္ေတာ္ေလးခက္တယ္။ ပိုင္ရွန္းရိႈ႔အရမ္းစိတ္မပူပါေစနဲ႔လို႔ပဲ ဆုေတာင္းရတာပဲ။ ဘာလို႔ဆို သူက အခုအရမ္းအႏၲရာယ္နဲ႔ႀကံဳေနရတာမ်ိဳးေတာ့လည္းမဟုတ္ေသးဘူး။ ရိကၡာေတြက ေျမေအာက္ဥမင္ေတြကေန ပို႔ေနတာ။ သူလုပ္ရမွာက အဲ့ဒီျမင္းတြဲဗ်ူဟာကိုျဖဳတ္ဖို႔ပဲ။ ဒါေပမယ့္လည္း ခက္ခဲလြန္းတယ္။ ရက္အေတာ္ၾကာတဲ့အထိ အသံုး၀င္တဲ့အႀကံမ်ိဳးမရေသးဘူး။
အေျခအေနေတြဆိုးေနေပမယ့္ ဘာလို႔ရယ္မသိ သူ႔စိတ္ထဲမွာ ပိုင္ရွန္းရိႈ႔က သူနဲ႔တျဖည္းျဖည္းနီးလာတယ္လို႔ခံစားေနရတယ္။
"ရိႈ႔အာ....''
သူ ၿပံဳးရင္းနဲ႔ပဲ သူမေပးထားတဲ့နံ႔သာအိတ္ေလးကို လက္နဲ႔ထိလိုက္မိတယ္။ လက္ခ်ဳပ္ေလးက အေကာင္းစားႀကီးမဟုတ္ေပမယ့္ သူအရမ္းသေဘာက်တယ္။ ကိုယ္နဲ႔မကြာေအာင္အၿမဲတမ္းေဆာင္ထားတာေလ။
သူနဲ႔ဆယ္မိုင္ေလာက္အကြာက ပိုင္ရွန္းရိႈ႔ကေတာ့ နင္က်င္းၿမိဳ႔ရဲ့ အစပ္ကိုလွမ္းျမင္ေနရၿပီ။ ရန္သူတပ္က နင္က်င္းရဲ့ အေရ႔ွမွာ တပ္ခ်ထားတာ။ တကယ္ေတာ့ ရန္သူတပ္က နင္က်င္းကို အစက သိမ္းထားၿပီးသား။ ဒါေပမယ့္ လံုဟန္႔ကျပန္တိုက္လို႔ရသြားတယ္။ သံမဏိျမင္းတြဲဗ်ူဟာနဲ႔ေတြ့ေတာ့မွ လံူဟန္႔က ၿမိဳ႔ထဲကေန ခံခ်ဖို႔ျပင္လိုက္တာ။
ပိုင္ရွန္းရိႈ႔နဲ႔တျခားလူေတြ တစ္ညတာစခန္းခ်ၾကတယ္။ စုန္႔ေက်ာင္းယြဲ႔က ျမင္းတြဲဗ်ူဟာအေၾကာင္းစံူစမ္းဖို႔ ရန္သူ႔စခန္းထဲခိုး၀င္မယ္လို႔ႀကံတယ္။
"ကြၽန္မလည္းလိုက္မယ္"
အဲ့ဗ်ူဟာက တီဗြီဇာတ္လမ္းတြဲေတြထဲမွာျမင္ဖူးတဲ့ဟာလားဆိုတာ ေသခ်ာသိရမျွဖစ္မယ္။ စုန္႔ေက်ာင္းယြဲ႔မွာေရြးစရာမရိွဘူးဆိုေတာ့ ေခၚသြားရတာေပါ့။ ယြီခြမ္းလည္းလိုက္လာတယ္။ သံုးေယာက္မွာ ႏွစ္ေယာက္က ကြၽမ္းကြၽမ္းက်င္က်င္ကိုယ္ေဖာ့တတ္တယ္ေလ။ ပိုင္ရွန္းရိႈ႔ကိုသူတို႔ေခၚၿပီး ရန္သူစခန္းရဲ့အစပ္နားအထိ သြားၾကတယ္။ အခက္အခဲေလးနည္းနည္းရိွေပမယ့္ လံုလံုၿခံဳၿခံဳေလးေရာက္သြားပါတယ္။
စုန္႔ေက်ာင္းယြဲ႔ကစေျပာတယ္။
"ငါတို႔ေရ႔ွကိုဆက္သြားလို႔မရေတာ့ဘူး။ သူတို႔အဆိပ္ေငြ့ေတြလႊတ္ထားတယ္။
"စိတ္မပူပါနဲ႔။ ငါ့မွာအဆိပ္ေျဖေဆးပါတယ္။ သာမန္လူသိတဲ့အဆိပ္ေလာက္ကိုေတာ့ ခံႏိုင္တယ္"
ယြီခြမ္းက ဘူးေလးထဲကေန ေဆးသံုးလံုးကိုထုတ္လိုက္တယ္။ စုန္႔ေက်ာင္းယြဲ႔ကိုေတာ့ အျပင္မွာအေစာငိ့ထားခဲ့ၿပီး ယြီခြမ္းကေတာ့ ပိုင္ရွန္းရိႈ႔ကိုေခၚၿပီးအထဲကို၀င္သြားမယ္ေပါ့။ အကယ္၍ ရန္သူလာရင္ အခ်က္ျပရေအာင္ စုန္႔ေက်ာင္းယြဲ႔ကိုအျပင္မွာထားခဲ့တာ။ အဲ့ဒါမွ အထဲကႏွစ္ေယာက္က လြတ္ေအာင္လုပ္ဖို႔အခ်ိန္ပိုရမယ္ေလ။ ပံုမွန္စစ္သားေလာက္ကေတာ့ စုန္႔ေက်ာင္းယြဲ႔ကေတာက္ခ်ရံုပဲ။ ဒါေပမယ့္ ရန္သူရဲ့ေျခလွမ္းကခန္႔မွန္းလို႔ေတာ့မရဘူး။သူတို႔က အဓိကစခန္းေတြထက္ ျမင္းေဇာင္းေတြမွာ အေစာင့္ေတြေသခ်ာခ်ထားတာ။
ျမင္းေဇာင္းကအေစာင့္ေတြဆိုတာ နည္းတာမဟုတ္ဘူး။ တြက္ၾကည့္ဖို႔လည္းခက္ေတာ့ အေစာင့္ႏွစ္ေယာက္ေလာက္ကိုအေၾကာပိတ္ထားခဲ့ၿပီး စုန္႔ေက်ာင္းယြဲ႔ခိုး၀င္လာခဲ့တယ္။ အေနာက္ကႏွစ္ေယာက္ကိုၿပီးမွ လမ္းေၾကာင္းရွင္းေၾကာင္းအခ်က္ျပၿပီး ၀င္ခိုင္းတယ္။ သူတို႔ သံခ်ပ္ကာ၀တ္စံုေတြနဲ႔ လက္နက္ေတြကိုအနီးကပ္ျမင္ရရင္ ေျဖရွင္းဖို႔အႀကံထြက္ႏိုင္တာကိုး။
ပိုင္ရွန္းရိႈ႔နဲ႔ယြီခြမ္းအထဲကို၀င္သြားေတာ့ ျမင္းေတြကို သံခ်ပ္ကာအျပည့္အစံု၀တ္ေပးထားတာကို သတိထားမိတယ္။ အကုန္လံုးက သံမဏိနဲ႔လုပ္ထားတာျဖစ္ၿပီး အေတာ္ေလးမယ့္ပံုပဲ။ ၿပီးေတာ့ သံခ်ပ္ကာတစ္ခုစီရဲ့ၾကားမွာ တြဲေလာင္းက်ေနတဲ့ သံဆူးခြၽန္ႀကိဳးႀကီးေတြက ပါေသးတယ္။ ဒီဗ်ူဟာက အရမ္းကို အားေကာင္းၿပီးဖ်က္မရတာ မဆန္းေတာ့ဘူး။
ျမင္းေတြကိုေသခ်ာသံခ်ပ္ကာ၀တ္ေပးထားၿပီး အစီတစဥၲက်ေသခ်ာစီေပးထားတာ။ သူတို႔ဆီကို၀င္တိုးလာတဲ့သူမွန္သမ်ွ မရႈမလွနဲ႔ေသပြဲ၀င္ရမွာပဲ။ အေတာ္ေလးကိုဆိုးရြားလြန္းတဲ့ ဗ်ူဟာႀကီး။ ပိုင္ရွန္းရိႈ႔မ်က္ေမွာင္က်ံဳ႔ရင္းအေတာ္စဥ္းစားေနရတယ္။ ဒီပံုစံက သူမသိတဲ့ျမင္းတြဲဗ်ူဟာနဲ႔အေတာ္တူတယ္။ အထူးသျဖင့္ ျမင္းရဲ့ေျခေထာက္ညို႔သက်ည္းနားကို သံခ်ပ္ကာ၀တ္ထားမေပးဘူး။ အာခိလိစ္ရဲ့ေျခဖေနာင့္လိုပဲ။
(အာခိလိစ္ေျခဖေနာင့္ဆိုတာ အရာအားလံုးကိုပ်က္သုန္းသြားေစႏိုင္တဲ့ အားနည္းခ်က္/ျပစ္ခ်က္ကိုေျပာတာပါ။ mythမွာ အာခိလိက အရမ္းခြန္အားႀကီးၿပီး သံခ်ပ္ကာအျပည့္၀တ္ထားလို႔ ဘယ္သူမွ မႏိွမ္နင္းႏိုင္ေပမယ့္ သူ႔ရဲ့သံခ်ပ္ကာနဲ႔လြတ္ေနတဲ့ ေျခဖေနာင့္ကိုျမႇားမွန္ၿပီးေသသြားတာပါ။ အဲ့ကေနျဖစ္လာတဲ့ စကားပါ)
အဲ့အေၾကာင္းကိုလည္းေတြးမိေရာ ပိုင္ရွန္းရိႈ႔တစ္ေယာက္ ၿပံဳးလိုက္မိတယ္။ ဒီဗ်ူဟာကိုလံုဟန္႔ဖ်က္ႏိုင္ေအာင္ ေသခ်ာေပါက္ကူညီမယ္။
သူမအေတြးထဲေမ်ာေနတုန္းရုတ္တရက္အျပင္ဖက္ကအသံတစ္ခုကိုၾကားလိုက္ရတယ္။
အဲ့ထဲက တစ္ေယာက္က လွမ္းေျပာေလတယ္။
"ဗ်ူဟာသခင္! ဒီေလာက္ေနာက္က်ေနမွ ဒီကိုဘာလာလုပ္တာတုန္း?"
"ဒီေနရာက အရမ္းအေရးႀကီးတယ္။ တျခားလူေတြ၀င္ခြင့္မေပးနဲ႔"
ၾကည့္ရတာ အသက္ႀကီးေလာက္ၿပီထင္တယ္။ သူက သူ႔ေနာက္လိုက္ေတြနဲ႔လာပံုပဲ။ ကံေကာင္းတာက အေၾကာပိတ္ခံထားရတဲ့အေစာင့္ႏွစ္ေယာက္ကို သူတို႔မျမင္ဘူး။
"မေကာင္းေတာ့ဘူး"
စုန္႔ေက်ာင္းယြဲ႔ခ်က္ခ်င္းပဲ အေမွာင္ထဲကေန အခ်က္ျပလိုက္တယ္။ ယြီခြမ္းလည္းပိုင္ရွန္းရိႈ႔ကိုဆြဲၿပီးခ်က္ခ်င္းေထာင့္မွာသြားပုန္းလိုက္တာပဲ။ ျပႆနာက တစ္ဖက္ကလူကလည္း သိုင္းအရမ္းကြၽမ္းက်င္တဲ့သူဆိုေတာ့ ယြီခြမ္းကိုသတိမထားမိရင္ေတာင္ ပိုင္ရွန္းရိႈ႔ရိွေနတာကိုေတာ့ ရွင္းရွင္းလင္းလင္းႀကီးသိသြားမွာပဲ။
သူခ်က္ခ်င္းပဲ အခန္းထဲကို၀င္လာတယ္။
"ဒီမွာဘယ္သူရိွေနတာလဲ?"
ယြီခြမ္းကခုန္ထြက္ၿပီးတိုက္မလို႔လုပ္ေပမယ့္ ပိုင္ရွန္းရိႈ႔က ျပန္ဆြဲထားတယ္။ ၿပီးတာနဲ႔ သူမဆံပင္ေတြကိုျဖည္ခ် အက်ႌကိုကပိုကရိုလုပ္ၿပီး အျပင္ကိုထြက္သြားေတာ့တာပဲ။ ၿပီးတာနဲ႔ ေျမၾကီးေပၚကို ေခြခနဲလဲျပၿပီး ဒူးေထာက္ထားလိုက္တာေပါ့။
"ကြၽန္မရဲ့အသက္ကိုခ်မ္းသာေပးပါ သခင္ရယ္! ဒီနိမ့္က်တဲ့မိန္းမက ေနရာမွား၀င္မိပါတယ္။ ကြၽန္မ အရမ္းဗိုက္ဆာေနလို႔ပါ"
သူက ဂႏၶ၀င္ႏွာဘူးေကာင္ပဲ။ ငါ့ရဲ့သူမတူတဲ့အလွကိုေသခ်ာေပါက္သတိထားမိမွာ။ ၀တၴုထဲမွာ ပိုင္ရွန္းရိႈ႔ရဲ့အလွကိုဘယ္သူမွမယွဥ္ႏိုင္ဘူးတဲ့။ သူမရဲ့လွည့္စားမႈေအာက္မွာက်ဆံုးမွာအေသအခ်ာပဲ။ ဒါ့အျပင္ကို သူမရဲ့ကပိုကယိုအေနအထားမွာေတာင္ ခ်စ္စရာ သနားစရာေလးျဖစ္ေနမွာ။
စုန္႔ေက်ာင္းယြဲ႔ကေတာ့ လက္ေတြေတာင္တုန္တယ္။ သူဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ?
ေမ်ွာ္လင့္ထားသလိုပဲ စစ္ေရးအႀကံေပးက မီးေရာင္ေတြကေနတစ္ဆင့္သူမရဲ့မ်က္ႏွာလွလွေလးကိုသတိထားမိသြားတယ္။ သူမရဲ့ဆံပင္ေတြက ရႈပ္ပြၿပီး ေယာက်ာ္းေလးအက်ႌေတြ၀တ္ထားတာေတာင္ အလွတရားက မဖံုးကြယ္ႏိုင္ဘူး။
မိန္းမလွေတြကိုဆို အဲ့လူက အငမ္းမရပဲ။ အလွေလးအတြက္ ေနာက္ကိုေျခတစ္လွမ္းဆုတ္ေပးလိုက္တယ္။ အခုခ်ိန္မွာ သူ႔ခံစားခ်က္ေတြက အလွတရားကိုေထာပနာျပဳေနတာထက္ ရမၼက္ခိုးေဝနေတာက ပိုမ်ားတယ္။ ခ်က္ခ်င္းဒီေကာင္မေလးကိုယူပစ္လိုက္ခ်င္ေပမယ့္ ဖိအားေပးလို႔မျဖစ္ဘူး။ လိုလိုခ်င္ခ်င္ပါလာေအာင္ပဲ ႀကိဳးစားၾကည့္ရမယ္။
သူ႔ေရ႔ွက အမ်ိဳးသမီးနဲ႔သူ အိပ္ႏိုင္မယ္ဆို ေနာင္တမရိွဘဲေတာင္ေသႏိုင္တယ္။
"ေအာ္ ဟုတ္လား။ ဗိုက္ဆာတာမေကာင္းဘူး။ ဒီကအကိုႀကီးက မိန္းကေလးအတြက္ စားစရာေတြသြားယူခိုင္းေပးမယ္ေလ"
"သခင္ႀကီးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဟိုေလ ဒီေနရာက ဘယ္ေနရာလဲဟင္? အျပင္မွာအရမ္းေမွာင္ေနေတာ့ ဘာမွန္းေသခ်ာမသိလိုက္ဘူး"
"ဒါက စစ္စခန္း။ မင္းက ဘယ္ကလာတာလဲ?"
ကြၽန္မက ရႉတိုင္းျပည္ကပါ။ စစ္စခန္းတဲ့လား...အို မဟုတ္မွလြဲ.....ဒီနိမ့္က်တဲ့မိန္းမကပဲ ေတာင္းပန္ပါတယ္။ ကြၽန္မတမင္တကာခိုး၀င္တာ မဟုတ္ရပါဘူး"
ပိုင္ရွန္းရိႈ႔ကဒူးေလးေထာက္ရင္းမ်က္ရည္ေတြဘူးသီးလံုးေလာက္က်ျပေတာ့တာပဲ။ သူမရဲ့သရုပ္ေဆာင္ခ်က္ေတြကိုၾကည့္ၿပီး ယြီခြမ္းေရာ စုန္႔ေက်ာင္းယြဲ႔ပါ မ်က္လံုးျပဴးယူရတယ္။ မင္းသမီးမျဖစ္တာ ႏွေမ်ာစရာ။ ဒီေလာက္အရည္အခ်င္းရိွေနတာကို။ ဒါေပမယ့္ ဘာလို႔သူမဒီလိုမ်ိဳး လုပ္ေနရတာလဲ?
အလွေလးကငိုေနတာကို စစ္ေရးအႀကံေပးတစ္ေကာင္ဘယ္ခံႏိုင္ပါ့မလဲ?
သူခ်က္ခ်င္းျပန္ေျပာတာေပါ့။ "စိတ္မပူပါနဲ႔။ ဒီမွာက်ူပ္ကလြဲၿပီးဘယ္သူမွမရိွဘူး။မင္းရဲ့လံုၿခံဳေရးကို အာမခံတယ္"
"ဒါေပမယ့္ ....သူတို႔က...."
သူ႔ေနာက္က အေစာင့္ႏွစ္ေယာက္ကို သူမက သနားစဖြယ္ေလးၾကည့္လိုက္တယ္။
"မင္းတို႔ႏွစ္ေယာက္လံုးထြက္သြား။ ဒီမမေလးဖို႔ စားစရာေတြယူလာခဲ့။ ဒီအေၾကာင္းကို ဘယ္သူမွ မသိေစနဲ႔"
စစ္စခန္းထဲမွာ မိန္းမတစ္ေယာက္ကိုဝွက္ထားဖို႔ဆိုတာ ေျခလွမ္းေကာင္းေတာ့မဟုတ္ေလဘူး။
စုန္႔ေက်ာင္းယြဲ႔ကေတာ့ေျပာစရာစကားေတာင္ေပ်ာက္တယ္။ အဲ့ဗ်ူဟာသခင္ဆိုတာႏွပ္ခ်ီးတြဲေလာင္းဘ၀တုန္းက နံရံနဲ႔ေခါင္းနဲ႔ေဆာင့္ၿပီး ၪီးေနွာက္ပ်က္ထားတာလားမသိဘူး။ သူမဆီက စကားေလးႏွစ္ခြန္းနဲ႔တင္ကိုပဲ ဒီေလာက္သံသယျဖစ္စရာအေျခအေနႀကီးမွာအေစာင့္ေတြကို အေဝးပို႔ပစ္တယ္။ သူမ်က္လံုးကိုက်ယ္က်ယ္ဖြင့္ထားရတယ္။ ဒါက အေသသတ္ဖို႔အခြင့္အေရးပဲေလ။ ပိုင္ရွန္းရိႈ႔ကထင္သေလာက္ရိုးရွင္းမေနဘူး။ သူမကေသခ်ာေပါက္ လံုဟန္႔ရဲ့ အင္အားႀကီးလြန္းတဲ့ရနန္သူကို ရွင္းဖို႔ႀကိဳးစားေနတာ။
သူမရဲ့ဂုဏ္သိကၡာကိုဒီလိုဟာမ်ိဳးအတြက္လဲရမွာ မတန္လိုက္တာ။ ဒါေပမယ့္ မိန္းမတိုင္းဒီလိုလုပ္ႏိုင္တာမွ မဟုတ္တာ။ သူမရဲ့ အျပဳအမူက တကယ့္ကို အဖိုးထိုက္ပါေပတယ္။
ယြီခြမ္းကေတာ့ ဝူးလင္ကလူဆိုေတာ့ သူမရဲ့ စေတးမႈကိုၾကည့္ၿပီး ေသြးေတြပြက္ပြက္ဆူလာေတာ့တာပဲ။ သူ႔အျမင္မွာ ပိုင္ရွန္းရိႈ႔က ကိစၥႀကီးကို လုပ္ဖို႔ ကိုယ့္ဟာကိုယ္အနစ္နာခံေနတယ္လို႔ပဲျမင္တယ္။ သူမကို ယြီရႈကေရြးထားတာဆိုေပမယ့္ မေခဘူးပဲ။
အေစာင့္ေတြထြက္သြားတာနဲ႔ ပိုင္ရွန္းရိႈ႔က သူမကိုယ္သူမ ဒူးမခိုင္သေယာင္ဟန္ေဆာင္လိုက္တယ္။ စစ္ေရးအႀကံေပးက သူမကိုလာၿပီးကူေပးတာေပါ့။ ယြီခြမ္းနဲ႔စုန္႔ေက်ာင္းယြဲ႔ကေတာ့ ပသင့္အေနအထားမွာပဲ။ ဒီအခ်ိန္မွာ ထတိုက္ခိုက္လို႔မရေသးဘူးဆိုတာသူတို႔သိတယ္။ အဲ့လူက ပိုင္ရွန္းရိႈ႔နဲ႔အရမ္းနီးကပ္လြန္းေနတယ္။
ပိုင္ရွန္းရိႈ႔က မတ္တပ္ေလးထၿပီး သူ႔ကိုေက်းဇူးတင္လိုက္တာေပါ့။ သူမကေထာင့္းကိုေလ်ာက္သြားၿပီးထိုင္လိုက္တယ္။ ၿပီးေတာ့ ေၾကာက္ရြံ႔ဟန္ေလးနဲ႔။
"ဒီေနရာက ဘာလုပ္တဲ့ေနရာလဲဟင္"
"လက္နက္တိုက္ပါ။ စားၿပီးရင္ အကိုႀကီးရဲ့ေနရာကိုသြားရေအာင္ေလ။ဒီလိုေနရာမ်ိဳးက မင္းလိုအလွေလးနဲ႔ မသင့္ေတာ္ဘူး"
"သခင့္ရဲ့ခ်ီးေျမာက္မႈကိုမခံယူဝံ့ပါဘူး။ အာ ဒါႀကီးက ဘာႀကီးလဲဟင္ ေျပာင္လက္ေနတာပဲ!"
ပိုင္ရွန္းရိႈ႔က သူမလက္တစ္ဖက္ကိုေနာက္ပစ္ၿပီး အခ်က္ျပလိုက္တယ္။