I am not girl(Complete)
By Period-K
420K 24K 923
I am not girl (Own Creation Mm )(Mpreg) Author by Period-K Main Lead Couple Kaungkin Htet Yan + Saint Bhone M... More
Character Fact, memes and Dialogue
That a boy
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50(Final)
Extra 1
Extra-2
Bd Present 💛
ဟိန်းဇက်အတွဲ
Side Story(Moe Htet Yan+Shine Yewai - 1)
Part 2
Part 3
Chapter 19
6.4K 401 15
By Period-K
"မနေ့က ကောင်လေးတစ်ယောက်နဲ့အိမ်ပြန်သွားတယ်ဆို ?"
စာသင်ချိန်တစ်ချိန်ပြီးတော့ စိမ့်အရှေ့တန်းက ကောင်မလေးတစ်ယောက်ကို ဖယ်ခိုင်းပြီးသူကဝင်ထိုင်တယ်။စိမ့်နဲ့ မျက်နှာချင်းဆိုင်အနေအထားနဲ့ စိမ့်စားပွဲပေါ် လက်တင်မေးထောက်ကာ ဆိုလာသည်။ အပေါ်က ကာကီရောင် ကျောင်းယူနီဖောင်းကုတ်ကို ကိုမဝတ်ထားဘဲ Necktie အစင်းကြားလေးနဲ့ အောက်ခံ တီရှပ်ဖြူက ရင်ဘက်မှာ Name plate လေးနဲ့ဖြစ်သည်။လက်ပေါ်က G-Shock GMB2100D ကိုဝတ်ဆင်ထားပြီး ဖြူသွယ်နေတဲ့ လက်ချောင်းဖြူဖြူလေးတွေကို ခုံကိုတစ်ဒေါက်ဒေါက်ခေါက်နေသေးသည်။သွေးကြောမျှင်တွေ စိမ်းစိုနေပြီး လက်တစ်လျှောက် ထူထူထဲထဲ အမွေးအမျှင်တွေက ကြည့်ကောင်းလှသည်။
စိမ့်ကတော့ သူ့ရဲ့ ကြုံ့ထားတဲ့ မျက်ခုံးထင်းထင်းကြီးတွေကိုကြည့်နေမိသည်။သူမနေ့က မနက်ပိုင်းလာကြိုပြီး ကျောင်းကိုပို့ပေးတယ် အပြန်အိမ်လိုက်ပို့ရမှာကို ပျက်ကွက်သလိုမမမြတ်နိုးတို့လာကြိုမည်ကိုလည်း ကန့်ကွက်ထားတယ်မဟုတ်လား။
" ငါက  မင်းကြိုမချင်း ထိုင်‌ေစာင့်ပေးနေရမှာလား?"
ကောင်းကင်အမေးကို သူကလည်း အမေးနဲ့ပိတ်သည်။ ဒီအပြောအဆိုဟာ စိမ့်ငယ်သူ့ကို ဒေါသထွက်နေသည့်အနေအထားဆိုတာ ကောင်းကင်သိတယ်။ဒါကြောင့် သူကပဲတစ်ထစ်လျှော့ရပြန်တယ်
" ကိုယ့်ကို ဖုန်းဆက်လို့ရတယ်လေ ကိုယ်လည်း ရုတ်တရက်အစည်းအဝေးပေါ်လာလို့ မင်းကို မေ့သွားတာ "
မေ့တယ်?
"ဒါဆို ငါ့ကို လာမစိုးမိုးထားနဲ့ မမမြတ်နိုးတို့ကို လာမထိန်းချုပ်နဲ့ စိတ်ရှုပ်တယ် ကောင်းကင်ထက်ယံ"
ထိုအခါမှ ပိုဆိုးသွားတော့သည်။ ကောင်ကင် စိမ့်ငယ်ကို တစ်ခဏမျှ လစ်ဟင်းမသွားအောင် သူ့မျက်နှာလေးကိုကြည့်ပြီးပြောနေခဲ့တာ မေ့သွားတာ ဆိုတာကို ပြောမှ မျက်နှာလေးတည်တင်းသွားတာဖြစ်သည်။ ဒါ့ကြောင့် စိမ့်ငယ်ဟာ သူ့ကိုစိတ်ပိုဆိုးသွားတာဖြစ်သည်။
" ကိုယ်မှားတယ် စိမ့်ငယ်လောက်ဘာကမှအရေးမကြီးတဲ့ကိစ္စကို ကွာ ကိုယ်တကယ်ပဲ အသုံးမကျဘူး ကိုယ်မင်းကို ဘယ်လို စိတ်ဆိုးပြေအောင်လုပ်ပေးရမလဲဟင်"
"တကယ်လား"
" တကယ်ပေါ့ " တစ်ခန်းလုံးဟာ reality show ကိုကြည့်နေရသလို တိတ်တဆိတ်လေးကြည့်နေကြတာဖြစ်သည်။ စိမ့်ငယ်ရဲ့အပြုံးနုနုလေးတွေပေါ်လာမှ ကောင်းကင် ရင်ထဲက မီးကငြိမ်းသည်။မနေ့က စိမ့်ငယ်တခြားသူနဲ့ လိုက်သွားတာကို သူဒေါသထွက်လို့မရ တကယ်တော့ သူ့ရဲ့အမှားပဲ မဟုတ်လား ဒါပေမဲ့ သူ့ရဲ့နှစ်ခုံကျော်ကကောင်ကိုတော့ လုံးဝခွင့်မလွှတ်နိုင်ဘူး။သူဒီကောင့်ကို သေချာ စောင့်ကြည့်နေမှ ရမှာ
.........
"ဟိန်းဇက် မင်း ဝိုင်းလမင်းမောင်ကိုသိလား"
"သိတယ်လေ အဲ့ခွေးကောင်လေးပေါ့ ကားပါကင် မထိုးတတ်တဲ့ အရူးလေး
အယ်နေအုံး မင်းသိလား ကောင်းကင် အဲ့ခွေးသားလေးကလေ တမင် ငါ့ကိုခိုင်းတာတဲ့လေ ငါ့ကိုလည်း ဆဲသေးတယ် ဘယ်လိုအရိုင်းအစိုင်းလေးလဲ ကိုမသိဘူး ရှိသေးတယ် သူကငါ့ကိုပြောသေးတယ် ငါ့ကိုမကြိုက်ဘူးတဲ့ မင်းကြည့် ငါမချောလို့လား  မင်းတို့လို  အရမ်းချမ်းသာတဲ့သူမဟုတ်ပေမဲ့ သခင်လေး ပါပဲကွာ ဆံပင်ဆိုလည်း အလန်းပဲ ကိုကြည့် "
ဟိန်းဇက်ကိုသူပြောဖို့လုပ်နေတာ ဒီကောင်တရစပ်ပြောနေတာကို တော့ လောလောဆယ် ငြိမ်နားထောင်နေရတယ်။
"ငါပြောစရာရှိတယ် မင်းပြောလို့  ပြီးပြီလား "
"အေး ပြောလေ "
ထိုအခါမှ စာရေးသားပွဲပေါ် ခေါင်းမှောက်ချလိုက်ပြီး ငြိမ်သည်။
"သူက ဦးနက္ခတ်ရဲ့သား "
"ဟင် ဦးနက္ခတ် ..? စပ.... "
"...."
အသံကျယ်ကြီးနဲ့ ထဆဲတာကြောင့် အတန်းထဲက အတန်းသားတွေတောင် ဝိုင်းကြည့်ကြကုန်သည်။ အထူးအဆန်းကြီးတော့မဟုတ် ဟိန်းဇက်ဆို တာ ဒီလိုကောင်စားပင်ဖြစ်သည်။
ပြီးကျမှ ကောင်းကင်အနားတိုးကပ်ပြီး တိုးတိုးလေးဆိုလာသည်၊
"V brand နဲ့ အမီလိုက်လာတဲ့ The Moon ကကောင်လား "
"ဟုတ်တယ် "
"ီး တကယ့်အကောင်ကြီးထဲကပဲ မင်းအဖေနဲ့   ဒုဝန်ကြီး ဝင်လုနေတဲ့ လူရဲ့သားပဲ ခရိုနီထဲကပဲကွ "
"အင်း!"
"ငါကတော့  ကုမ္ပဏီသေးသေးလေးကကောင်ထင်လို့ ကွ ငါတော့သေပြီ သူမကျေနပ်လို့ ငါ့အဖေကို လိုက်တိုက်ခိုက်ရင် ဒုက္ခပဲ"
"အဲ့အတွက် မင်းစိတ်ပူစရာမလိုပါဘူး ဒီကောင်လေးကနောက်နှစ်မှ အသက်ပြည့်မှာ  အဲ့ကျမှ သူဦးစီးရမှာ "
"ဒါဆို နောက်နှစ်မှ ငါ့အဖေက ဒေဝါလီခံရမှာပေါ့ ဟာ ဘာနေနေ မကောင်းဘူး"
ရှုံ့တွနေတဲ့ ဟိန်းဇက်ကြောင့် ကောင်းကင် သူ့ဂုတ်ကိုဆွဲကာ အနားတိုးကပ်ပြီး
"မင်းကုမ္ပဏီ ဒေဝါလီမခံ ရခင် သူ့တို့အရင် ဒေဝါလီခံသွားရမယ် ဆိုရင်ရော?"
ထိုစကားကြောင့် ဟိန်းဇက် မျက်နှာ အရောင်ပြန်လဲ့လာသည်။ဒါပေမဲ့ အဲ့လိုလည်း မဖြစ်စေချင်ဘူး ဟိန်းဇက် တို့က Construction အပိုင်းက ဖြစ်ပေမဲ့ ရှယ်ယာ ရှင် အနေအထားနဲ့ ငြိမ်ငြိမ်ကလေးသွားနေတဲ့ ကုမ္ပဏီတစ်ခုပဲ တစ်ခုခုဆို Unique အကူအညီနဲ့ မျက်နှာပွင့်တယ် ဒါကိုလည်း ဟိန်းဇက်အတွက် သိပ် အထူးတလည် မဟုတ်။အခုမေဂျာကလည်း ကောင်းကင်ကြောင့်ပင်။ ဝင်းကို နဲ့ သူတို့အဖွဲ့က ဒီမေဂျာယူပြီး Unique မှာပဲ တတ်ကြမယ် လုပ်ပြီး ရွေးချယ်ပြီးသား ဝင်းကိုကအကြောင်းကိစ္စကြောင့် အစီအစဥ်ပြောင်းသွားပြီး ကွဲကြပေမဲ့ ကောင်းကင်နဲ့ အတူ လိုက်တတ်တာပဲ။သူငယ်ချင်းနဲ့ဆို ဘာလုပ်ရလုပ်ရ အဆင်ပြေသူဖြစ်သည်။
"မင်းဘာလုပ်ချင်တာလဲကောင်းကင်"
"အခုလောလောဆယ်တော့ သူတို့ နှစ်ကောင်ပဲတိုက်ကြပါစေ နိုင်တဲ့ကောင်နဲ့ပဲ ငါကပြန်တိုက်မှာ  နိုင်တဲ့ကောင် အတွက်ကျ မှ မင်းကကူညီပေး"
ဟိန်းဇက်ခေါင်းငြိမ့်ပြလိုက်သည်။ကျလာတဲ့ ဇာတ်ကိုပဲ သူလိုက်ပေးမည်။ ကောင်ကင်ဆိုလိုတာကိုသူနားလည်ပါသည်။ The Moon နဲ့ V brand နှစ်အကုန်ထိ Top 2 ကိုနေရာ လုကြလိမ့်မယ် ။Top 2 ရတဲ့ Company ကိုပဲ ကောင်ကင်က ပြန်ရိုက်ချမှာ ဖြစ်သည်။ အဲ့အကြားမှာ ဟိန်းဇက်ဝင်ပေးရမှာ ဒါပေမဲ့ နှစ်ကုန်မှ ဖြစ်သည်မို့ ဟိန်းဇက်ခေါင်းထဲက ထိုအရာတွေ အကုန်ပြန်ထွက်သွားကြပြီဖြစ်သည်။
ကျောင်းဆင်းတော့ ဟိန်းဇက်လည်သွားပါပြီ Library အပေါက်ဝ သွားထိုင်စောင့်နေလိုက်တယ်။ဒီကောင်လေး Libraryကို မပိတ်ခင်အထိ လာလာ စာဖတ်တတ်တာကို သူသတင်းရပြီးပြီလေ
စာကြည့်တိုက်ရှေ့က ခုံတန်းပြာလေးတွေပေါ် သူထိုင်ပြီး ကျီးကန်းတောင်းမှောက် ကြည့်နေတာ မြင်လိုက်ရတဲ့ အရပ်ကလန့်ကလားကြောင့်ပြုံးလိုက်မိတာတော့အမှန်ပဲ တကယ်ကို သတင်းမှန်တာပဲ။လမင်းနောက် ပါလာသည့်တစ်ယောက်က စိမ့်ဝတီဖြစ်နေတယ်။သူတို့က အဲ့လောက်တောင်ရင်းနှီးနေကြပြီလား
"မင်း ဘယ်လိုသိတာလဲ "
"ဘာလို့လဲ ဒါကပြောပြီးပြီပဲလေ စုံစမ်းထားတာပါလို့"
"မင်းဘာလိုချင်တာလဲ"
"ဟ! ကျွန်တော် လိုချင်တာတွေကတော့ ရှိတယ် အချိန်တော့မတန်သေးဘူး လောလောဆယ် ခင်ဗျားကို သဘောကျတယ် ဒါပဲ"
ဟိန်းဇက် နားနဲ့ဆက်ဆက်ကြားလိုက်ရသည်။ "လောလောဆယ် ခင်ဗျားကို သဘောကျတယ် ဒါပဲ " တဲ့ ထိုင်ခုံပေါ်ကနေဆက်ကနည်း ထလိုက်တော့ အပေါ်က အခန်းဆိုင်းဘုတ် နဲ့ ဒုန်းကနည်းပင် လူကစိတ်ထဲနေမကောင်း ဖြစ်သွားရပါတယ်ဆို ခုံပေါ် မှမတ်တပ်ရပ်မိလေခြင်း ခေါင်းကပူတတ်လာတာကြောင့် ငုတ်တုတ်ကလေးထိုင်းရက်သား
သေပြီ သေပြီ ခွေးသားလေးကြောင့်!
စိမ့်ဝတီကို သဘောကျတယ်ပေါ့ မင်းက ကောင်းကင်သတ်လို့ သေရမဲ့ခွေးသားလေး ငါ ိုးမသားလေးက ငါ့ကိုကျ မကြိုက်ဘူးပြောတယ်
                                 •••
စိမ့် ကျောင်းရှေ့ကိုပြန်ထွက်ခဲ့တော့ စောင့်ကြိုနေတဲ့ကားကြောင့် ကောင်းကင်မှန်းသိလိုက်သည်။ ဟိုလမင်းကြောင့် စိတ်ညစ် နေပေမဲ့ မျက်နှာကို အတတ်နိုင်ဆုံးထိန်းထားလိုက်သည်။
" ကဲ ဘယ်သွားချင်လဲ "
"မသိဘူး အပြင်ထွက်နေကျမဟုတ်တော့"
"ဘားသွားကြမလား စာတွေ လုပ်နေရတော့ မင်းမျက်နှာလေး တောင် နွမ်းနေပြီ"
ထိုသို့ပြောတော့ သူက ကြည့်လာသည်။ဒါ့ကြောင့် ကောင်းကင်လည်း
"ကိုယ်မင်းကို အိမ်ပြန်ပို့ပေးမှာ မင်းဆန္ဒမပါဘဲ လက်ဖျားလေးနဲ့တောင် မထိဘူး စိမ့်ငယ် ကိုယ်ကတိပေးတယ်"
"အင်း !"
ကောင်းကင် က ဘားကို မောင်းလာပြီး ရောက်တော့ ကားတံခါးဖွင့်ပေးသည်။ပြီးတော့ စိမ့်လက်ကိုဆုပ်ကိုင်လာသည်။သူပြောတော့ လက်ဖျားနဲ့တောင် မထိဘူးဆိုပြီး ထိုသို့ကြည့်တော့
"မင်း နဲ့ မရင်းနှီးတဲ့နေရာမှာ ကြောက်နေမှာစိုးလို့တဲ့ " လေ အသားမှမယူရင် ကောင်းကင် မဟုတ်ဘဲ နေမှာပေါ့ ။အမြဲတမ်း အောက်တန်းကျချင်တဲ့စိတ်ကအပြည့်ပဲမဟုတ်လား
@Period-K
သဘောကောင်းနေပါသော 💛
Zawgyi
" ငါက  မင်းကြိုမချင်း ထိုင်‌စောင့်ပေးနေရမှာလား?"
မေ့တယ်?
"တကယ်လား"
.........
"အေး ပြောလေ "
"သူက ဦးနက္ခတ်ရဲ့သား "
"ဟင် ဦးနက္ခတ် ..? စပ.... "
"...."
"ဟုတ်တယ် "
"အင်း!"
"မင်း ဘယ်လိုသိတာလဲ "
"မင်းဘာလိုချင်တာလဲ"
စိမ့်ဝတီကို သဘောကျတယ်ပေါ့ မင်းက ကောင်းကင်သတ်လို့ သေရမဲ့ခွေးသားလေး ငိါုးမသားလေးက ငါ့ကိုကျ မကြိုက်ဘူးပြောတယ်
                                 •••
" ကဲ ဘယ်သွားချင်လဲ "
"အင်း !"
@Period-K
သဘောကောင်းနေပါသော 💛
Continue Reading
You'll Also Like
1.6K 59 3
A short love story about two lovers who are still in love with each other until their ends.
147K 10K 70
Start date - April 13, 2022 End date - May 30 , 2022 ဇာတ်အကျဥ်း___ ၆ နှစ်ကျော်ကြာအောင် တွဲခဲ့တဲ့ ချစ်သူနှစ်ဦး.. လမ်းခွဲဖြစ်ခဲ့ကြချိန်မှာတော့..အကြောင...
445K 25.9K 31
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
173K 8.8K 61