ရှောင်းသခင်လေး
Por nan_nan_pin_lay_85
678K 38.4K 1K
married life Más
ရှောင်းသခင်လေး Part(2)
ရှောင်းသခင်လေး(Part 3)
ရှောင်းသခင်လေး Part (4)
Yibo's Pov
ရှောင်းသခင်လေး (Part 5)
ရှောင်းသခင်လေး (Part 6)
ရှောင်းသခင်လေး (Part 7)
ရှောင်းသခင်လေး(Part 8)
ရှောင်းသခင်လေး (Part 9)
ရှောင်းသခင်လေး (Part 10)
ရှောင်းသခင်လေး (Part 11)⚠
ရှောင်းသခင်လေး (Part 12)⚠
ရှောင်းသခင်လေး (Part 13)
ရှောင်းသခင်လေး (Part 14)
ရှောင်းသခင်လေး (Part 15)
ရှောင်းသခင်လေး (Part 16)⚠
ရှောင်းသခင်လေး (Part 17)
ရှောင်းသခင်လေး (Part 18)
ရှောင်းသခင်လေး (Part 19)
ရှောင်းသခင်လေး (Part 20)
ရှောင်းသခင်လေး (Part 21)⚠
ရှောင်းသခင်လေး (Part 22)
ရှောင်းသခင်လေး(Part 23)
ရှောင်းသခင်လေး (Part 24)
ရှောင်းသခင်လေး (Part 25)
ရှောင်းသခင်လေး (Part 26)
ရှောင်းသခင်လေး (Part 27)
ရှောင်းသခင်လေး (Part 28)
ရှောင်းသခင်လေး (Part 29)
ရှောင်းသခင်လေး (Part 30)
ရှောင်းသခင်လေး (Part 31)
ရှောင်းသခင်လေး (Part 32)
ရှောင်းသခင်လေး (Part 33)
ရှောင်းသခင်လေး (Part 34 )
ရှောင်းသခင်လေး (Part 35)
ရှောင်းသခင်လေး (Part 36)
ရှောင်းသခင်လေး (Part 37)
ရှောင်းသခင်လေး (Part 38)
ရှောင်းသခင်လေး (Part 39)⚠
ရှောင်းသခင်လေး (Part 40)⚠
ရှောင်းသခင်လေး (Part 41)
ရှောင်းသခင်လေး (Part 42)Final
ရှောင်းသခင်လေး(Part 1)
59.2K 2.1K 84
Por nan_nan_pin_lay_85
Unicode Version
" ဒီကလေးကိုမမွေးနိုင်ဘူး ဝမ်ရိပေါ် ငါဖြတ်ချမှာ"
တိတ်ဆိတ်နေတဲ့အခန်းအတွင်း အော်သံလိုအသံ စူးစူးတစ်ခုက ထွက်ပေါ်လာသည်။
"ဘာ!! ခင်များဘာ​​​စောက်စကားပြောတာလဲဟမ်"
"ကြားတဲ့အတိုင်းဘဲ မင်းလိုအယုတ်မာကောင်ရဲ့ သွေးသားကိုငါမမွေးနိုင်ဘူး"
"အေး အဲ့ဒီလူယုတ်မာကောင်က ခင်များရဲ့လင်လေ
ခင်များလင်ရဲ့သွေးသားမို့ ခင်များမမွေးချင်လဲ မွေးရမယ်"
"မမွေးဘူး ငါလုံးဝမမွေးနိုင်ဘူး"
"ရှောင်းကျန့်!!! ခင်များကျွန်တော့ဒေါသကိုလာမဆွနဲ့နော်"
ရှောင်းကျန့်နဲနဲတော့ငြိမ်သွားသည် သူ့ရှေ့ကဒေါသအချောင်း
လိုက်ထွက်ကာ စူးရဲနေတဲ့မျက်လုံးတွေနဲ့အံကြိတ်ကာ
ပြောနေသည့် ရိပေါ်ကိုသူကြောက်ပါသည်။
သို့ပေမဲ့လည်း ရိပေါ်ရဲ့ဒေါသကိုအရှုံးမပေးချင်တာမို့
လက်သီးခပ်တင်းတင်းဆုပ်လိုက်ပြီး...
"လာမပြောနဲ့ ငါကတော့မမွေးနိုင်ဘူး ဖြတ်ချမှာဘဲ"
"ခင်များ။ တောက်စ်! "
ရိပေါ်ရဲ့တောက်ခေါက်သံအကျယ်ကြီးကြောင့်
ရှောင်းကျန့်ကိုယ်လေးတုန်တက်သွားသည်။
ထို့နောက် ရိပေါ်ကသူကိုစူးရဲနေတဲ့မျက်လုံးတွေနဲ့
စိုက်ကြည့်ရင်း...
"အေး ဖြတ်ချရဲရင်ဖြတ်ချကြည့်လေ
တစ်ယောက်ဖြတ်ချရင် နောက်ဆယ်ယောက်မွေးဖို့
​ပြင်ထားလိုက်"
အံကြိတ်သံနဲ့ပြောစကားအဆုံးရိပေါ်က
တံခါးကို ဒုန်းကနဲစောင့်ပိတ်ကာအခန်းထဲက
ထွက်သွားတော့သည်။ရိပေါ်ထွက်သွားတာနဲ့
ရှောင်းကျန့် ကြမ်းပြင်ပေါ်ခွေကျသွားပြီး မျက်ရည်တွေ
စီးကျလာသည်။
ရှောင်းကျန့်တကယ်တော့ ကလေးဖြတ်ချဖို့ အစီအစဉ်မရှိပါ
ဒါပေမဲ့ ဖြတ်ချမယ်လို့သူပြောလိုက်သည်။အလို​ပြောလိုက်
ရင် ရိပေါ်ကသူ့ကလေးကို မဖြတ်ချဖို့နူးညံ့စွာ ဖြောင်းဖြ
လိမ့်မည်ဟုထင်သည်။ကလေးအတွက်သူ့ဒေါသတွေကို
ချိုးနှိမ်ကာ သူ့ကိုပိုဂရုစိုက်လာလိမ့်ဟုထင်
တာကြောင့် သူပြောလိုက်ခြင်းဖြစ်သည်။
သို့ပေမဲ့ တက်တက်စင်အောင်လွဲလေသည်။
"ကလေးရယ် ပါးပါးကမင်းကိုချစ်ပါတယ် ဒါပေမဲ့
ပါးပါးရဲ့မာနတွေကိုချိုးနှိမ်ချင်တဲ့ ကလေးရဲ့ဒယ်ဒီကို
ပါးပါးအနိုင်လိုချင်တယ်"
လနုသေးလို့မထွက်သေးတဲ့ ဗိုက်ကလေးကိုပွတ်ကာ
ရှောင်းကျန့်ပြောနေခြင်းဖြစ်သည်။
တကယ်တော့ ထိုကောင်လေးဟာ သူ့ယောကျ်ားကို အနိုင်လိုချင်လို့မဟုတ်ဘဲ အချစ်ခံချင်နေတယ်ဆိုတာတော့ ဘယ်သူ့ကိုမှမပြောဘဲတိတ်ိတ်လေးချန်ထားလေသည်။
-----------------------------
ရိပေါ် barတစ်ခုတွင် ဟွိုက်ခွမ်းနဲ့အတူရောက်နေသည်။
စိတ်ညစ်နေတဲ့အတွက် ဒီညအမူးသောက်မည်ဟု
ဆုံးဖြတ်ထားသည်။လက်ထဲက cocktail
ခွက်ကလေးကို တစ်ဂျိုက်ထဲမော့သောက်လိုက်ပြီး
နောက်တစ်ခွက်ထပ်တောင်းလိုက်သည်။
"ဟျောင့်ဝမ်ကြီး သောက်လှချည်လားကွ
အမူးလွန်ပြီး ပလက်တွေကျွတ်ကုန်ဉီးမယ်"
"ကျွတ်ပါစေကွာ...ငါဒီညအမူးသောက်ချင်တယ်"
"ဘာလဲ...ရှောင်းကျန့်နဲ့ရန်ဖြစ်လာပြန်ပြီလား"
သူတို့အိမ်ထောင်ရေးအခြေအနေကိုသိနေတဲ့
ဟွိုက်ခွမ်း ကဆိုလာသည်။ရိပေါ်လက်ထဲက
cocktailခွက်ကိုစားပွဲပေါ်ပြန်ချရင်း...
"အေး အိမ်ကတစ်ယောက်ကိုငါရိုက်သတ်ချင်နေပြီ"
"ဟားဟား ဝမ်ကြီးရာ မင်းလား
ရိုက်သတ်ရက်မှာ အပိုတွေပြောမနေစမ်းပါနဲ့ကွာ"
တဟားဟားအော်ရယ်ရင်း လှောင်နေသည့်ဟွိုက်ခွမ်းအား အိမ်တစ်ယောက်ကိုမရိုက်သတ်ခင် အရင်ရိုက်သတ်ပြစ်ချင်နေပြီဖြစ်သည်။
"ကဲ....ပြောစမ်းပါဉီး ဘာတွေဖြစ်လာတာလဲ"
မျက်စပစ်ကာမေးလာတဲ့ဟွိုက်ခွမ်းက
မသိရင်အိမ်ထောင်ရေးမှာကျွမ်းကျင်နေတဲ့
အိမ်ထောင်သည်ကြီးလို။သူ့ကြည့်တော့
ခုထိရီးစားတောင်မထားဖူးသေးတဲ့ single pro
max plus။
ရိပေါ်cocktailခွက်ကိုထပ်မံမော့ချလိုက်ပြီး
ခွက်ကိုစားပွဲပေါ် 'ဂွတ်' ခနဲမြည်အောင်ပြန်ချရင်း...
"ရှောင်းကျန့်မှာ ကိုယ်ဝန်ရှိနေပြီတဲ့ကွ"
"ဟေ တကယ်ကြီးလား"
"အေး "
"ဟာ ဟျောင့် အဲတာစိတ်ညစ်စရာလားကွ
ဘာလဲမင်းက အဲ့ကလေးကိုမလိုချင်ဘူးလား "
"ဘောလို့မလိုချင်ရမှာလား....ငါ့သွေးသားဘဲ
ငါလိုချင်တာပေါ့ ခက်နေတာက အိမ်ကတစ်ယောက်ကွ"
ရိပေါ်ကသက်ပြင်းတစ်ချက်ချကာပြောလိုက်သည်။
တကယ်တော့ သူဟွိုက်ခွမ်းကိုဒီလိုစကားတွေ
ပြောချင်တာမဟုတ် ငါ့ကလေးလေးမွေးလာရင်
မင်းထိန်းပေးရမယ်လို့ လှောင်သံနဲ့ပြောချင်တာဖြစ်သည်။
"ဘာလဲ ရှောင်းကျန့်ကမယူဘူးတဲ့လား"
"မယူယုံတင်မဟုတ်ဘူး ဖြတ်ချမယ်ပါလုပ်နေတာကွ"
"ဟေ"
ဟွိုက်ခွမ်းတော်တော်ပင်အံသြသွားရသည်။
ရိပေါ်ကိုဘယ်လောက်ဘဲမုန်းဉီးတော့
ကိုယ့်သွေးသားကိုယ်တော့ဒီလောက်ထိ
မရက်စက်သင့်ဘူးမလား။
"အေး အကြောင့်လဲ ငါစိတ်ညစ်နေတာ"
"မင်းရဲ့ရှောင်းကျန့်က ကျောင်းတုန်းကတည်းကမာနက
အတော်ကြီးသား အခုလိုကလေးမွေးဖို့ကျ သူ့မာနကိုထိခိုက်မှာဆိုးလို့ထင်တယ်ကွ"
ရှောင်းကျန့်နဲ့ဟွိုက်ခွမ်းက ငယ်ငယ်တုန်းကကျောင်းမတူဘူး
ဆိုပေမဲ့ ရှောင်းကျန့်အကြောင်းဆို မနားတမ်းပြောတက်တဲ့
ရိပေါ်ကြောင့် သူသိနေတာဖြစ်သည်။ပြီးတော့
ရှောင်းသခင်လေးမာနကြီးတာကို ပေကျင်းတစ်မြို့လုံးလည်း
မသိသူမရှိပေ။
ရိပေါ်ကျစ်တစ်ချက်ဆုတ်လိုက်ပြီး..
"အဲ့စောက်တလွဲမာနတွေ ငါဒီလောက်ချိုးနှိမ်ထားတာ
တောင် ကုန်ကိုမကုန်နိုင်ဘူး"
"ရှောင်းသခင်လေးဘဲကွာ ကုန်စရာလား "
ရယ်သံစွတ်ကာပြောလာတဲ့ဟွိုက်ခွမ်းကို
ရိပေါ်မျက်စောင်းထိုးလိုက်ပြီး...
"တော်စမ်းပါကွာ"
အထင်မကြီးသလိုနှာခေါင်းရှုံ့ပြီးပြောလာတဲ့
ရိပေါ်က ရှောင်းကျန့်မာနတွေကို
အတော်မုန်းနေပုံရသည်။သူတို့နှစ်ယောက်ကြား
ဘာတွေဖြစ်ခဲ့လည်းမသိပေမဲ့ အဆင်ပြေကြပါဖို့
ဟွိုက်ခွမ်းစိတ်ရင်းနဲ့ မျှော်လင့်မိသည်။
"အဲတော့မင်းဘာဆက်လုပ်မှာလဲ သူဖြတ်ချတာကိုလက်ခံ
မှာလား"
"လက်ခံစရာလားကွ ဖြတ်ချရဲရင်ဖြတ်ချကြည့်လိုက်
ငါ့အကြောင်းကောင်းကောင်းသိသွားစေရမယ်"
"ဟျောင့် မင်းလက်လွန်ခြေလွန်တွေ ဖြစ်ကုန်မယ်မယ်နော်"
"ငါကဘာကိုလက်လွန်ခြေလွန်ဖြစ်ရမှာလဲ"
"မင်းဘဲမင်းအကြောင်းကောင်းကောင်းသိသွားစေ
ရမယ်ဆို တကယ်လိုရှောင်းကျန့်က မင်းကလေးကိုတစ်
ခုခုလုပ်လိုက်ရင် မင်းသူ့ကိုနှိက်စက်ပြီး
လက်စားချေတာတွေ ဘာတွေလုပ်မလို့လား"
မျက်လုံးပြူးမျက်စံပြူးနဲ့ စိုးရိမ်တကြီးမေးလာသော
ညာဏ်ကြီးရှင် ဟွိုက်ခွမ်းပင်။
"အေး တကယ်လို့ ငါမသိအောင်ငါ့ကလေးကိုတစ်ခုခု
လုပ်လိုက်ရင် အဲ့တစ်ယောက်နောင်ကျင်သွားအောင်
ကလဲစားပြန်ချေရမယ်။ တစ်ယောက်ဖြတ်ချရင်
နောက်ဆယ်ယောက်ရအောင် ငါလုပ်ပြမယ်ကြည့်နေလိုက်"
မာန်ပါပါနဲ့ကလဲစားချေမဲ့အစီအစဉ်ကြီးပြောပြီးတာနဲ့
ရှေ့ကcocktailခွက်ကိုမော့သောက်လိုက်သည်။
"အော် မေဘေးရယ် မင်းရဲ့ဂလဲစားချေနည်းကြီးကလဲ
ရှောင်းကျန်အစားငါတောင် ဖင်ကြိမ်းတယ်"
"တော်ပြီကွာငါပြန်တော့မယ်"
"မင်းပြန်လို့ဖြစ်ပါ့မလားကွ ရှောင်းကျန့်နဲ့အဆင်မပြေဘူး
မလား"
"အဆင်မပြေလို့ကိုပြန်ရမှာ အိမ်ကတစ်ယောက်ကို
လင်မှန်းသားမှန်းသိအောင် လုပ်ပြရဉီးမယ်"
ပြောပြီးတာနဲ့ ရိပေါ် Barထဲကထွက်လာခဲ့လိုက်သည်
နောက်ကနေ ဟွိုက်ခွမ်းရဲ့ 'ဝမ်ကြီးလက်လွန်ခြေလွန်
မဖြစ်စေနဲ့နော် 'ဆိုတဲ့အော်ပြောသံကိုလည်းကြား
လိုက်ရသည်။
--------------------------
ရှောင်းကျန့်ကုတင်ပေါ်မှာလဲနေရင်း နာရီကိုတစ်ချက်ကြည့်
လိုက်တော့ 12ထိုးခါနီးနေပြီဖြစ်သည်။
ခုချိန်ထိအိမ်ပြန်မလာသေးသည့် တစ်ယောက်သောသူကြောင့် ရှောင်းကျန့်
ဒေါသထွက်လာရသည်။
"အလကားယောကျ်ား စကားကြီးစကားကျယ်တွေပြောပြီး
ခုချိန်ထိတောင် အိမ်ပြန်မလာဘူး ဘယ်ဟာမနဲ့အလေ
လိုက်နေလဲမသိဘူး"
ရှောင်းကျန့်ဒေါသထွက်ကာ ခပ်တိုးတိုးရေရွတ်နေသည်။
ခနကြာတော့ ခြံထဲက ကားသံကြားလိုက်သည်မို့
ရိပေါ်ပြန်လာမှန်း သိလိုက်သည်။ရှောင်းကျန့်
အရေးစိုက်မနေဘဲ အိပ်ချင်ယောင်သာဆောင်နေလိုက်သည်။
"ကျွီ..."
တံခါးဖွင့်သံကြားလိုက်ရသည် အခန်းထဲကို
ဝင်လာပြီထင်တယ်။ရှောင်းကျန့်အိပ်ချင်ယောင်ဆက်ဆောင်
နေတုန်း ကုတင်တစ်ဖက်က အိကနဲဖြစ်သွားသည်။
သူ့ဘေးနားကိုဟိုတစ်ယောက်
ဝင်လှဲနေသည်ကို ရှောင်းကျန့်ခံစားမိလိုက်သည်
တစ်စက်ထဲမှာဘဲ ခပ်စူးစူးအရက်နံ့ကိုပါရလိုက်သည်။
အယုတ်တမာယောကျ်ားကတော့ အရက်တွေသောက်လာ
ပြန်ပြီထင်တယ်။
ရှောင်းကျန့်စိတ်ထဲကနေ ကြိမ်ဆဲနေတုန်းခါးပေါ်ကို ရောက်လာတဲ့လက်တစ်ဖက်ကြောင့်
တွန့်ခနဲဖြစ်သွားသည်။
ခါးကနေတစ်ဆင့် အိင်္ကျီအောက်ကိုလျိုဝင်လာပြီး
မထွက်သေးတဲ့သူ့ဗိုက်ကလေးကို ဖွဖွလေးလာပွတ်
နေတာကြောင့် ရှောင်းကျန့်ယားကျိကျိဖစ်လာသည်။
"မူးနေရင်လဲ အေးဆေးအိပ် ဟိုကိုင်ဒီကိုင်လာလုပ်မနေနဲ့"
နေရခက်လာတာနဲ့ လက်ကိုဖယ်ဖို့ပြောလိုက်တော့
"ဟင်...မအိပ်သေးဘူးလား"
"မင်းအလိုလာကိုင်နေတော့ ငါဘယ်လိုအိပ်ပျော်မှာလဲ "
"Sorry ကျွန်တော့ကြောင့်နိုးသွားပြီ ပြန်အိပ်တော့"
အခြေအနေက ညနေကလောက်မဆိုးတော်သည်မို့
ရိပေါ်စိတ်အေးရသည်။
"ညနေ့က ငါပြောတာကိုမမေ့နဲ့"
ရိပေါ်စိတ်အေးချိန်တောင်မရသေးဘူး ချက်ချင်းစကားစ
လာသည်။
"ခင်များဘယ်လိုဖြစ်နေတာလဲဟမ် ကျွန်တော့်ကိုအလောက်
ဘဲမုန်းနေလား"
ရှောင်းကျန့်အသံတိတ်သွားသည်
ရိပေါ်ကိုသူမုန်းနေတာလားဆိုတော့လည်း မဟုတ်ပါ
ဒါပေမဲ့ သူ့မာနတွေကိုချိုးနှိမ်ချင်တဲ့
ရိပေါ်ရဲ့ ဒေါသကိုတော့အလွန်မုန်းပါသည်။
"ဟုတ်တယ် မုန်းနေတာမို့ ငါ့အသားကိုလာမထိနဲ့"
"ရှောင်းကျန့်!!ခင်များဟာလေ ခုထိစောက်တလွဲမာနတွေ
ထားနေတုန်းပါလား ဟမ်"
"ထားတယ်....ထားတော့ဘာဖြစ်လဲ"
"တောက်စ်!! ခင်များတော်တော့ ဆက်ပြောနေရရင် ကျွန်တော်ခင်များကို ဘာထလုပ်မိမလဲမသိဘူး"
"ဘာလဲ မင်းကငါ့ကိုထိုးချင်လို့လား... ထိုးချင်ထိုးလိုက်လေ"
မျက်နှာကိုမော့ပေးကာအတင်းအထိုးခံချင်နေတဲ့ ရှေ့ကလူကြောင့် ရိပေါ်ညစ်ကျယ်ကျယ်တစ်ချက်ပြုံးလိုက်ပြီး
"ထိုးချင်တယ်...ဒါပေမဲ့ လက်သီးနဲ့တော့မဟုတ်ဘူး"
ထိုစကားကြောင့် ရှောင်းကျန့်မျက်နှာ ဖြတ်ခနဲရဲသွားသည်။
ဒီအယုတ်မာယောကျ်ားဘာကိုဆိုလိုချင်လဲ သူသိတာပေါ့
"မင်းခွေးစကားမပြောနဲ့ "
ရှောင်းကျန့်လည်းအရှက်လွန်ပြီး ပြောမိပြောရာပြောလိုက်
သည်။ဘယ်လောက်ဘဲ လင်မယားချင်းဖြစ်နေပါစေ
အလိုစကားတွေကို သူဘယ်လိုမှနားမယဉ်ပေ။
"အဟက်...ဒါအမှန်တရားလေ မဟုတ်လို့လား။
ကျွန်တော်ထိုးလိုက်လို့ ခင်များခု ဗိုက်တစ်လုံးတောင်ထွက်နေပြီမလား"
ရှေ့ကနေ အရှက်မရှိပြောနေသည့်သူကို ရှောင်းကျန့်
ကုတင်ပေါ်က ကန်ချချင်နေပြီဖြစ်သည်။
"အရိုင်းအစိုင်းကောင်"
အံကြိတ်သံနဲ့ခပ်တိုးတိုးရေရွတ်လိုက်တော
"နေပါဉီး ကျွန်တော်ပြောတဲ့အထဲမှာ ဘာမှားတာပါလို့လဲ။
ဘာလဲ ခင်များက ရှက်နေတာလား "
"ဘယ်...ဘယ်သူကရှက်နေလို့လဲ"
ရှောင်းကျန့်တကယ်တော့ အလွန်ကိုရှက်နေပါသည်။
ရှက်လွန်းလို့ စကားတွေထစ်ကာ
နားရွက်ဖျားတွေပါရဲလာရသည်။
"အင်း...မရှက်နဲ့ ခင်များနဲ့ ကျွန်တော်နဲ့က လင်မယားတွေ
ကျွန်တော်လုပ်လို့ ခင်များဗိုက်တစ်လုံးတောင်ထွက်နေပြီ
ရှက်စရာမလိုဘူး"
အရှက်မရှိပြောနေလိုက်ပုံများ မွေးကတည်း ချက်ကြိုးနဲ့ရှက်ကြို မှားဖြတ်ထားသလားကိုထင်ရသည်။
ဘယ်လောက်ဘဲအိမ်ထောင်သည်ဖြစ်နေပါစေ
ချစ်လို့ကြိုက်လို့လက်ထပ်ထားတာမှမဟုတ်တာ
ပါးစပ်စည်းစောင့်သင့်တယ်မလား။
အရင်တုန်းက သူစကားနားထောင်တဲ့လူဆိုးလေးကို
တော့ချစ်ပါသည်။ခုသူ့ယောကျ်ား လူယုတ်မာကိုတော့
ရှောင်းကျန့်ထပ်မချစ်ချင်တော့ပါ။
ရိပေါ်နဲ့ဆန့်ကျင်ဘက်ကိုတစောင်းလှဲနေရင်းကနေ
နောက်ကိုပြန်လှန်ကြည့်ကာ...
"ဝမ်ရိပေါ် အရှက်မရှိတဲ့ မင်းပါးစပ်ကိုပိတ်ပြီး
ဒီအခန်းထဲက ခုချက်ချင်းထွက်သွား"
"မသွားပါဘူး ဘာလို့သွားရမှာလဲ ကျွန်တော်က
ခင်များယောကျ်ား ခင်များဗိုက်ထဲက ကလေးလေး
ရဲ့ ဒယ်ဒီ ဘယ်မှမသွားနိုင်ဘူး "
ရှောင်းကျန့်ဒေါသတွေကိုလျှော့သလို သက်ပြင်းတစ်ချက်ချလိုက်ပြီး
အရှက်မရှိတဲ့လူနဲ့ ဆက်ပြီးစကားမပြော
ချင်တာမို့ သူ့ကိုကျောပေးကာလှဲအိပ်လိုက်သည်။
တစ်စက်တည်းမှာဘဲ ရိပေါ်ကသူ့နောက်ကနေတစ်ခါ
ထဲဝင်လှဲကာ ခါးကနေအသာဆွဲယူပြီး သူ့ရင်ခွင်ထဲထည့်
ထားလိုက်တဲ့သူကြောင့် ရှောင်းကျန့်နေရခက်သွားသည်။
နောက်ကဖက်ထားတာကြောင့် ရိပေါ်ရဲ့ ဗိုက်ကို တထောင်
နဲ့တစ်ချက် တွတ်လိုက်ပြီးမဖက်ဖို့တားလိုက်သည်။
တားကပိုတိုးလို့ဖက်လာကာ ရုန်းမရအောင်အတင်းဖက်ထား
ပြီး နားနားကိုသြရှရှအသံနဲ့ခပ်တိုးတိုးပြောလာတဲ့
စကားကြောင့် ရှောင်းကျန့် ဒီအယုတ်တမာယောကျ်ားကို ထရိုက်ချင်သွားသည်
"ငြိမ်ငြိမ်နေ...ခင်များကိုဖက်တာမဟုတ်ဘူး
ကျွန်တော့်ကလေးကိုဖက်တာ "တဲ့
ဘယ်လောက်မုန်းဖို့ကောင်းလိုက်သလဲ....
ဆက်ရန်........
နောက်ပိုင်းတွေနောက်ကြောင်းပြန်မယ်နော်
ongoingလေးလိုက်ပေးရင်အရမ်းကောင်းမှာဘဲ😌
#အနု
Zawgyi code Version
"ခင်များ။ တောက်စ်! "
စိုက်ကြည့်ရင်း...
ပြင်ထားလိုက်"
ထွက်သွားတော့သည်။ရိပေါ်ထွက်သွားတာနဲ့
စီးကျလာသည်။
တကယ်တော့ ထိုကောင်လေးဟာ သူ့ယောက်ျားကို အနိုင်လိုချင်လို့မဟုတ်ဘဲ အချစ်ခံချင်နေတယ်ဆိုတာတော့ ဘယ်သူ့ကိုမှမပြောဘဲတိတ်ိတ်လေးချန်ထားလေသည်။
-----------------------------
ဆုံးဖြတ်ထားသည်။လက်ထဲက cocktail
အိမ်ထောင်သည်ကြီးလို။သူ့ကြည့်တော့
max plus။
"ဟေ တကယ်ကြီးလား"
"အေး "
"ဟေ"
မရက်စက်သင့်ဘူးမလား။
မသိသူမရှိပေ။
"တော်စမ်းပါကွာ"
အတော်မုန်းနေပုံရသည်။သူတို့နှစ်ယောက်ကြား
မှာလား"
ကလဲစားပြန်ချေရမယ်။ တစ်ယောက်ဖြတ်ချရင်
မလား"
လိုက်ရသည်။
--------------------------
ဒေါသထွက်လာရသည်။
"အလကားယောက်ျား စကားကြီးစကားကျယ်တွေပြောပြီး
လိုက်နေလဲမသိဘူး"
"ကျွီ..."
အယုတ်တမာယောက်ျားကတော့ အရက်တွေသောက်လာ
ပြန်ပြီထင်တယ်။
တွန့်ခနဲဖြစ်သွားသည်။
"ဟင်...မအိပ်သေးဘူးလား"
ရိပေါ်စိတ်အေးရသည်။
လာသည်။
ဘဲမုန်းနေလား"
ထားနေတုန်းပါလား ဟမ်"
ဒီအယုတ်မာယောက်ျားဘာကိုဆိုလိုချင်လဲ သူသိတာပေါ့
"အရိုင်းအစိုင်းကောင်"
ရှက်စရာမလိုဘူး"
တော့ချစ်ပါသည်။ခုသူ့ယောက်ျား လူယုတ်မာကိုတော့
ခင်များယောက်ျား ခင်များဗိုက်ထဲက ကလေးလေး
စကားကြောင့် ရှောင်းကျန့် ဒီအယုတ်တမာယောက်ျားကို ထရိုက်ချင်သွားသည်
ဆက်ရန်........
#အနု
Seguir leyendo
También te gustarán
5K 468 15
" ကိုကို ကိုကို သားကိုကို့ကိုလပ်ထပ်မယ်သိလား " "ဘာာာ" JeffBarcode 1st creation August 10 - October 10
565K 33K 19
Zhanyi Fic ပါ (Xiao Zhan Seme) ကြိုပြောထားပါတယ်နော်။ ဖြောင့်နေတယ် Straight စစ်စစ် Play boyတစ်ယောက်ကိုကွေးအောင်လုပ်ဖို့ကထင်သလိုမလွယ်ကူပါဘူး။ မကွေးကွေ...
1.4M 58K 69
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
126K 10.7K 15
This is a love story of a liar. Start - Aug 28, 2019