👑မောင့်အရှင်
#အပိုင်း(၁၅)
“ ဟိုတစ်ယောက် နေဖင်ထိုးနေပြီသိလား..အခုချက်ချင်း ထမလား မထဘူးလား..ငါဝင်လာရင် နင် မလွယ်ဘူးနော် စစ်လွန်း.
.ဒါလား မိန်းကလေးတဲ့ ညလုံးပေါက် ဂိမ်းကြီးထိုင်ဆော့နေပြီး မနက်ကျတော့ လူသေလိုအိပ် နင့်ကို ရွာကို ပြန်ခေါ်သွားမှ ဖြစ်မယ်..မြန်မြန်ထတော့..ဒီနေ့ နင့်ကြီးတော်အိမ် သွားမယ်ဆိုတာ သိတယ်နော် ”
မယ့် အသံက စူးရှပြီး အတော်လေးကျယ်တာမို့ မောင်မောင်ထပ်ပြီးလည်း မအိပ်နိုင်တော့ပေ။ ခေါင်းကုတ် မထချင် ထချင်နဲ့ လူးလိမ့်ထရပြန်သည်။
#ဘယ်က ကြီးတော်လဲ ကျစ် မနက်စောစောစီးစီး ဆူညံနေတာဘဲ..ရွာမှာ အေးဆေးနေတာမဟုတ်ဘူး ရန်ကုန်ထိ လိုက်ပြီး ဒုက္ခပေးနေတာ ။
“……..”
အသံထွက်ပြီးလည်း မပြောရဲ..ဒီလိုမျိူးသာ ပြောမိလို့ကတော့ ခေါင်းပေါ်မှာ လက်သီးဆုတ်က ရောက်နေပြီးသားဘဲ။
မနေ့ည သုံးချက်တီးအချိန်မှ အိပ်တာမို့ ခေါင်းက မူးနောက်နောက်..အိပ်ရေးပျက်ခံပြီး ဂိမ်းထိုင်ဆော့ပေမဲ့ ရှုံးသွားတာမို့ စိတ်ကလည်း တိုလိုက်ရသေးသည်။
အိပ်ယာမသိမ်းရင်လည်း ပြန်ပြီး ဝင်ကောမှာ သေချာတာမို့ မြန်မြန်ဆန်ဆန် လုံးထွေးပြီး သွတ်ထားပစ် လိုက်သည်။
“ ခုထိ ထွက်မလာသေးဘူးလား စစ်လွန်း အဲမှာ ကြာမနေနဲ့..ခုတောင် ကိုးနာရီထိုးနေပြီကို မြန်မြန် ရေမိုးချိူး ပြီး ထွက်လာ..ဒီကမအေက မနက်စာ စားဖို့ စောင့်နေတာကို..”
“ ဟုတ်!!..”
ဒီနေ့မှ စိတ်မရှည်ဖြစ်နေသည့် မယ့်ကို သူလည်း စိတ်မရှည်သည့် လေသံဖြင့် ဖြေပစ်ပြီး ရေချိူးခန်းထဲ ဝင်ကာ တစ်ကိုယ်လုံးကို ရေချိူးပစ်လိုက်တော့မှ အတေ်ာလေး လန်းဆန်းသွားသည်။
ရောက်လာတုန်းက ဝယ်လာပေးတဲ့ ခဲရောင်တီရှပ်ကို ဘောင်းဘီတိုပွပွဖြင့် အမြန်အဆန်စွပ်ပြီးတာနဲ့ မှန်ထဲမှာ ကေကိုလည်း သရသေးသည်။
“ စစ်လွန်းဦး..”
“ လာပြီ မယ်ရာ..ခဏ်လေး..”
မယ့်ရဲ့ စိတ်မရှည်သံကြောင့် မျက်နှာခရင်တောင် မလိမ်းနိုင်တော့ဘဲ ဆံပင်ကို ဂျယ်တစ်ခုဘဲလိမ်းကာ ထွက်လာမယ် ရှိသေး နံရံပေါ်က ပြက္ခဒိန်ကြောင့် မျက်ခုံးနှစ်ဖက်က ဂျူံဝင်သွားသည်။
“ ၂၈ ရက်..ဒီလ ဘာဖြစ်တာလဲ..နည်းနည်း ထူးဆန်းမနေဘူးလား..”
“ စစ်လွန်းရေ..”
“ ဟား..လာပါပြီဆို မယ်ကလည်း..ဒီမှာ ရောက်ပြီ..”
“ အမြန်ထိုင်တော့..နင့်ကြီးတော်ဆီ သတင်းသွားမေးရအုံးမှာပါဆို..မြန်မြန်စား..”
“ မြန်မြန်စားတော့ နင်နေမှာပေါ့ မယ်ရာ..ကျွန်တေ့်ာကို ပညာပေးဖို့ ဖေဖေက ရန်ကုန်လွတ်လိုက်တာလား ရောက်
ကတည်းက စိတ်ရှည်တယ်လို့ကို မရှိဘူး..”
“ မအေကို လာသေးတယ်..နင့်အစ်ကိုကြီးကြောင့်လေ..”
“ ဘာဖြစ်လို့လဲ..ကိုကြီးက..”
“ ကြည့်ကြည့်..အစ်ကိုဖြစ်သူကို ဘယ်လောက်တောင် ချစ်လဲဆိုတာ..အဲတစ်ယောက်ကို အိမ်ထောင်ပြုပေးဖို့ ကို ငြင်းနေလို့..တကယ်တော့ မန္တလေးသွားတာ ငြင်းလွတ်လိုက်တယ် မိဘတွေ အားလုံး စီစဉ်ပြီးသားကို..
ဟူး ကိုယ်တွေအလှည့်များ အိမ်က မိဘက ဒါဆို ဒါ တုတ်တုတ် မလှုပ်ဘဲ ခေါင်းငြိမ့်ခံခဲ့တာ ခုခေတ်ကလေးတွေများ မိဘက တစ်ခွန်းဆို အခွန်းတရာလောက်ပြန်ပြောမှ ကျေနပ်တာ..
ဒါကိုဘဲ ပြန်ခံပြောတာ မဟုတ်ဘူး ရှင်းပြ တာပါတဲ့ ..ဘယ်လိုမျိူး ရှေ့ဆက်ကြမလဲနော် ရင်လေးတယ်..”
“ ရင်လေးရင် ကူလီခေါ်လေ ဝိုင်းထမ်းကူလိမ့်မယ် မယ့်ကို”
ပြုံးတုံးတုံးနဲ့ မအေကို နောက်နေတဲ့ သမီးဖြစ်သူကို မျက်စောင်းလေးရွယ်ရုံမှ အပ ဒေါ်နန်းစံ အပြစ်မဆိုရက်ရှာ။
ဒီသမီးလေးတစ်ယောက်တည်းကို အဝေးမှာ ပို့ထားရတာ ဘယ်လောက်တောင် စိတ်မချဖြစ်ရလဲ..အမြဲတမ်း အမျိူးတွေကို သတင်းမေးလိုက်ရနဲ့..စိုးရိမ်စိတ်ဖြင့် သူ့မှာ အိပ်မရတဲ့ညတွေက များသား..။
“ များများစားလေ..”
“တော်ပြီ မယ်..”
“ဘာလို့လဲ နေမကောင်းဘူးလား မုန့်ဟင်းခါးကြိုက်တဲ့သူက ..ဟိုမှာ တဝက်တောင်မကုန်ဘူး ကော သမီး ခုတလော နင် အစားအစာတွေ ပုံမှန်တောင် စားလား မနေ့ညကလည်း ဗိုက်မဆာဘူးဆိုပြီး အိပ်ယာဝင်သွားတယ် ”
“ အီနေလို့..ကျွန်တော် ဒီထပ်ပိုပြီး မစားနိုင်တော့ဘူး..ထပ်စားရင် အန်မိလိမ့်မယ်..”
“ မှန်းစမ်း..နေမကောင်းဘူးလား..ဒါမှမဟုတ် အစာမကြေတာလား..”
မယ်က အမြဲတမ်း သူ့ကိုဆို အရိပ်တကြည့်ကြည့်သူတစ်ယောက်မို့ ခုလည်း အစားပျက်တာနဲ့ စိုးရိမ်နေတော့တာ။
““နင် ငယ်ငယ်က ဆေးရုံဘယ်နှကြိမ်တက်ရလဲဆိုတာ သိလား..အရိုးဘဲ ရှိတယ်သိလား ကိုယ့်ကို ဖြစ်သလို မနေနဲ့ မယ်နဲ့ ပါးပါးက နင့်အသက်ကို ဖက်နဲ့ထုတ်ပြီး ကယ်ခဲ့တာ သိလား ””
စသည်ဖြင့် ပြောဆိုတတ်၍ အဲဒီအချိန်ဆို ကိုယ့်ကို အားနည်းသူတစ်ယောက်ခံစားရလို့ ဒီလိုစကားကို မပြောပေး ဖို့ မယ်ကို တောင်းဆိုဖူးသည်။
“ မနေ့ညစာကလည်း ရိုးရိုးလေးပါ..”
“ တော်ပြီ မယ်ရာ..တခါတစ်လေ ဖြစ်တတ်တာကို..ကျွန်တော် ဘာမဖြစ်ဘူး ဒီမှာ ကြည့်..အကောင်းကြီး”
“ သမီး နင် အားဆေးသောက်တာ မဖြတ်ထားဘူးမဟုတ်လား..”
“ ……”
အဖြေမလာဘဲ အပြစ်သားလို သူ့ကို ကြည့်နေသည့် သမီးဖြစ်သူ လက်ကို ဖြတ်ခနဲ့ရိုက်ပစ်ပြီး..
“ သေတော့မယ်…သမီးရယ် နင်လေ သွားခုလည်း သွားသောက်..အဲကြောင့်လေ ဘာမစားချင် ဖြစ်နေတာလေ နင့်ကို မယ်ပြောဖူးတယ်နော်..နင့်ကို ဘယ်လိုမွေးထားလဲဆိုတာ..”
“ ဟူး.. မုန့်ညင်းခါးလေး မစားတာနဲ့ ပွမ်နေတော့ဘဲ..ပြီးပြီ သွားမယ် ကြီးတောဆီ သွားရမှာဆို..”
“ ဆေးအရင်သွားသောက်စမ်းပါ..ကဲကဲသွား..”
ကျောကနေ တွန်းထုတ်နေ၍ မောင် စိတ်ပျက်လက်ပျက် နဲ့ အားဆေးဆိုတာကြီးကို သောက်ဖို့ လုပ်ရတော့သည်။
အရင်က မသောက်ပေမဲ့ ဟိုတစ်ခေါက် သော်တာအိမ်မှာ လှဲကျကတည်းက ဆရာဝန်ပေးသွားတဲ့ ဆေးတွေဖြစ်သည်။
“ ဆေးက ဒါဘဲ ကျန်တော့တာလား..”
“ပြောသားဘဲ အဲဒါကြောင့် မသောက်ဖြစ်တာကို..”
“ ပြန်ဝယ်ရမှာပေါ့..”
“ မယ် ဝယ်ပေးသွားလိုက် ကျွန်တော့်စီမှာ ဘိုင်ပျက်နေလို့..”
ဟုတ်ကဲ့ပါရှင့်..ဆိုပြီး ရေခွက်ကအစ လှမ်းပေနေသည့် မယ်ဖြစ်သူကြောင့် မသောက်ချင်ဘဲလျက် ထိုဆေးကို အတင်း မြိုချရပြန်သည်။
>
မယ့် အစ်မကြီးက ရန်ကုန်မှာ အိမ်ထောင်ကျထားသည်မို့ လေသံကအစ မြို့သူလေသံ ဝတ်တာ စားတာကအစ အကောင်းကြိုက်သူ..။
မောင်နှမတွေ တော်တယ်ဆိုပြီး မယ် မိတ်ဆက်ပေးမှ တွေ့ရတဲ့ ဝမ်းကွဲတွေကိုလည်း တာဝန်အရ မိတ်ဆက်ရပြန်သည်။
“ နင်တို့တွေ မောင်နှမတော်တယ်နော်..အမျိူးတွေ..သွေးသားဆိုတာ ဘယ်ချိန်ဖြစ်ဖြစ် အမြဲ ရှိနေပေးတဲ့ သူတွေ စိတ်ဝမ်းမကွဲကြနဲ့..ညည်းတို့က ပိုပြီး စည်းလုံးရမယ်..ကြားလား အခမ်းတို့ မောင်နှမ..”
“ ဟုတ်ကဲ့ပါ..”
“ စစ်လွန်းဦးကော..ကြီးတော် ပြောတာနာ မှတ်ထား.”
သူ့သားသမီးကို ဆုံးမလို့ မဝလို့များ လို့ စိတ်ထဲငြိုရင်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ လူကြီးမေးရင် ပါးစပ်နဲ့ ဖြေရတယ်လေ..ပြီးတော့ ညည်း ပုံစံကိုလည်း ပြန်ကြည့်ပါအုံး ဘယ်လိုတွေတုန်း
နန်းစံ မွေးထားတာ သမီးမိန်းကလေးပါ..ခု ညည်းက ယောကျ်ားလုံးလုံးဖြစ်နေပြီ..အိမ်ထောင်မပြုတော့ဘူး လား..စစ်လွန်း..ဟမ်း”
နေမကောင်းဖြစ်တာတောင် ဆူနိုင် ပြောနိုင်လွန်းလို့ မောင်မောင် ထိုနေရာက ပြေးထွက်သွားချင်စိတ်က တားဆီးမရ။
မယ့်ကိုကြည့်တော့လည်း မချိူမချဉ်အပြုံးနဲ့ ကျေနပ်နေလေရဲ့..။
ဘေးနားက ဆွေမျိူးအချိူ့နဲ့ ကြီးတော် သားနဲ့သာမီးကလည်း ပြုံးတုံးတုံး..။ ငယ်ငယ်တုန်းက ရင်းနှီးပေမဲ့ ခုသူစိမ်းလို ဖြစ်နေလို့ နင်တို့ နှစ်ကောင် လွတ်သွားတယ်မှတ်ပါ..။
“ ကြီးကြီးရယ် ကျွန်တော်က မိန်းမယူမှာ.. နန်းသက်ကိုဘဲ အရင်ဆုံး အိမ်ထောင်ချပေးလိုက်ပါ..သီးချိန် လွန်နေပြီ..”
“ ဟဲ့..ကောင်ဆုတ်..နင်..”
ပြန်ဖဲ့လိုက်ပြီးမှ စပျစ်သီးကို ယူစားဖို့ လက်လှမ်းချိန် ဗိုက်ထဲက ပျိူ့တက်လာပြီး ခေါင်းတစ်ခုလုံးမူး နောက်သွားကာ ဇောချွေးတွေပင် ထွက်လာသည်မို့..ကိုယ်ကို မနည်းထိန်းကာ ..
“ ကြီးကြီးပြောလို့..ကြီးကြီး ကျွန်တော် အပေါ့ခဏသွားလိုက်အုံးမယ်..”
အဲလိုပါ မောင်မောင်ဆိုတာ သူ့ကို နည်းနည်းထိတာနဲ့ အငြိမ်မခံတဲ့ ကောင်..။ သူများကို စိတ်တိုအောင် လုပ်ထားပြီး ဘာမဟုတ်သလို ထိုနေရာက လှစ်ထွက်သွားပြီ..။
“ သမီး..စစ်လွန်း..”
ဒေါ်နန်းစံတစ်ယောက်တော့ အားလုံးကို တောင်းပန်အကြည့်လေးဖြင့် ယောင်ရှာရှာ ကျန်ခဲ့သည်။
.
“ အအော့..အဟွတ်..ဟွတ်းးအော့ဝေါ့့..”
ကြီးတော်အခန်းထဲကို ဝင်ကတည်းက ပိုးသတ်ဆေးအနံ့နဲ့ သူ အတော်လေး အကျပ်ရိုက်နေခဲ့တာ..။
ခုတော့ စားချင်တဲ့ စပျစ်သီးတောင် မစားလိုက်ရဘဲ အန်ဖို့
အိမ်သာအထိ ပြေးလာခဲ့ရသည့် အဖြစ်..။
“ ဝေါ့့့…အဟွတ်ဟွတ်..”
စိတ်ရှိသ၍ အကုန်အန်ထုတ်ပြီးမှ အသက်ကို မနည်း ရှုရသည်။ အန်ထုတ်တဲ့အရာတွေကလည်း အရည်တွေကြီးမို့ သူဗိုက်ဆာလာသလို ရှိလာသည်။
“ အားနည်းနေလို့လား..ဟူး…ဝေါ့့့..”
မပြီးနိုင်တဲ့ အန်ခြင်း..ခဏလေးနားတာတောင်..တကယ်ပါဘဲ..ဆေးပြန်ဝယ်သောက်ရတော့မယ်။
“ ဒုံးးး စစ်လွန်း..နင် အန်နေတာလား..ဘာဖြစ်တာလဲ ဟဲ့”
“ ကျစ်..”
မကြားအောင်လို့ ရေဖွင့်ထားတာကို ဒီ နန်းသက်က ဘယ်လို ကြားသွားမှန်းမသိဘူး..။
အကုန်လုံးမရှင်းသော်လည်း အဆုံးသတ်ပြီး လက်ဆေးကာ ပြန်ထွက်လာတော့ သူ့ကို လူထူးဆန်းလို စိုက်ကြည့် နေသည့် နန်းသက် ပခုံးကို တိုက်ထုတ်ပြီး ဘာလဲကြည့်တာလဲ လို့ မေးတော့..
“ နင် အန်တာလဲ ကြည့်အန်အုံး..မိန်းကလေးဆိုတာ နေမကောင်းရင်တောင် မအန်ကောင်းဘူး အခြားလူတွေ တမျိူးထင်သွားလိမ့်မယ် သိလား..”
“ ဗိုက်မကောင်းလို့ အန်တာကို ဘာကို တမျိူးထင်မှာလဲ..နင်ကလည်း..”
“ အေးငါပြောနေတာကလဲ..အဲဒီဗိုက်ကြီးတာကို ပြောတာ..”
“ ဆုတောင်းလေ…”
ဦးနှောက်နဲ့ နှလုံးထဲ ဒုန့်ခနဲ့ရောက်လာသည့် စိုးရိမ်မှုနဲ့ ကြောက်ရွံ့မှုကြောင့် အော်ပြောပစ်တော့ နန်းသက် တစ်ယောက် မျက်စိတောင် စုံ့မိတ်သွား၏။
“ အဖြည်းဖြည်းပါဟဲ့ ..ငါက သတိထားဖိုပြောတာကို..”
“အဲကြောင့်ပြောတာလေ ဆုတောင်းလို့..ဖယ်..”
ပေါက်ကရပြောတဲ့ သူမကို တိုက်ထုတ်ပြီး ဒေါသထွက်ထွက်ဖြင့် ခြံထဲ ဆင်းလာခဲ့လိုက်သည်။
“ အရေးမပါတာ..တီး တီး..”
ချက်ချင်းဆိုသလို ဖုန်းထုတ်ပြီး သော်တာ စီကို ဆက်သည်။ သူဖုန်းနံပတ်မှန်း သော်တာ သိမည်မဟုတ်။
သော်တာဖုန်းနံပတ်ကလည်း သူစီရောက်တာ မကြာသေး..။ ဟိုတစ်နေ့က ဘန်းနိုင်နဲ့ဖုန်းပြောဖြစ်တုန်း လိုရမယ်ရဆိုပြီး အဲကောင်စီက တောင်းထားလို့ ရှိတာ..။
ဘန်းနိုင်က သော်တာကို ပိုးပန်းခဲ့ဖူးသူမို့ သော်တာနဲ့ ပတ်သက်တာ အားလုံး သူစီမှာ ရှိသည်။
“ ဟယ်လို..”
တဖက်က အသံ မချိူမမာ လေးကြောင့် သော်တာ ဆိုတာ တန်းမှတ်မိသည်။
“ ငါ ..မောင်မောင်..”
“ မောင်…မောင်းးး”
“ ဘာဖြစ်တာလဲ..သူရဲသဘက် တွေ့သလို ငါ့နာမည်ကို ခေါ်နေတာ..”
“ နင်..ဘာ..ဘာကိစ္စရှိလို့လဲ ..ပြော ပြောလေ..ငါမအားဘူး ”
တစ်ခုခုကို ကြောက်လန့်နေပြီး စကားလုံးတွေ ထစ်နေ၍ မောင်မောင် မျက်မှောက်ကြုံ့ကာ အတွေးရပြန်သည်။
“ ငါ..ခုတလော နေမကောင်းလို့..အဲ..”
“ နေမကောင်းဘူး..ဘယ် ဘယ်လို နေမကောင်းဖြစ်တာလဲ..”
“ သော်တာ နင်ဘာဖြစ်နေတာလဲ..ဟို မြွေပွေးကိုက် ငါနဲ့မတွဲဖို့ ဆူထားလို့လား..စကားကို ဖြောင့်အောင် ပြောစမ်းပါ..”
“ ဘာမြွေပွေးကိုက်လဲ သူများအစ်ကို ကို..”
“ ထားလိုက်တော့..ငါ အားမရှိလို့ ခုနလေးတင် အန်ထားတာ..”
“ ဘာ..!!!”
“ …….”
“ပြောလေ..အန်..အန်ထားတယ်ဆို နင် ဆေးရုံသွားသေးလား..ဘာတဲ့လဲ..”
“ ဘယ်ဆေးရုံမှ သွားစရာမလိုဘူး..အားမရှိလို့..ဟိုအဲတာ ငါအကူအညီတောင်းမလို့ ဟိုတစ်ခေါက် ငါနေမကောင်းဖြစ်တုန်းက ကုပေးတဲ့ ဆရာဝန်လေ..သူ့ဖုန်းနံပတ်တစ်ချက်ပေးပါလား..အားဆေးတွေ ပြန်လိုချင်လို့..ဖြစ်လား..”
“ ရ..ရတာပေါ့..နင် ဖုန်းဆက်စရာမလိုဘူး ငါကိုယ်တိုင် သွားယူပြီး နင့်ဆီကို ယူလာပေးမယ်..”
“ အဲလို ဖြစ်လား..”
“ ဒါပေါ့..ဒါဆို ငါဖုန်းချလိုက်တော့မယ် အပြင်ရောက်နေလို့..”
“ တီး..”
ဘာမှတောင် မပြောလိုက်ရသေးခင် ချသွားသည့် သော်တာက သူ့အတွက် အလွန်ကို ထူးဆန်းနေပါသည်။ ထိုချိန်မှာပင် သော်တာထံက မက်စေ့ရောက်လာသည်။
“ ဗုဒ္ဓဟူးနေ့ ည ၄နာရီ ၊ (------) ကိုလာခဲ့ ငါစောင့်နေမယ်..” တဲ့..။
“ ဖုန်းနဲ့ ပြောလိုက်ရင် ပြီးနေတာကို..လူကိုလာပြီးတော့..”
မကျေနပ်ချင်ပေမဲ့ ကိုယ့်ကို ကူညီမည့်သူမဟုတ်လား ..သည်းခံရမှာပေါ့..။
“ အော် မောင်မောင် နင်က ဒီမှာ ရောက်နေတာကိုး ကြီးငယ်က ပြန်ဝင်လာပါတဲ့.. စပျစ်သီးတွေ
အများကြီးဘဲ နင့်အတွက် ချန်ထားတယ် အခုန မစားလိုက်ရဘူးမလား..”
စပျစ်သီးစားဖို့ လာခေါ်နေသည့် နန်းသက်ကို အသီးမျက်နှာနဲ့ ပြန်လိုက်ခဲ့လိုက်သည်။
သူ တစ်ခုခု စားဖို့လိုပြီလေ..။
>
“ ကိုကို!!..”
“ ပြောလေကွာ..ဘာလို့ အသံကုန်ဟစ်နေတာလဲ..”
“ ကိုကို အရက်နဲ့ မျက်နှာသစ်နေတယ်ဆို..”
“ မဟုတ်ပါဘူးကွာ..နည်းနည်းပါ ညီမလေးရယ်..ကိုကို ဘယ်လောက် နာကျင်နေရလဲဆိုတာ သိလား..ညီမလေး မသိပါဘူးကွာ..”
“ ကိုကို အသိတရားလေး ဘာလေး ထားအုံး..နိုင်ငံခြားထိရောက်သွားတာတောင် အဲဒီမိန်းမအကြောင်း မမေ့နိုင်သေးဘူးလား.. ကိုကိုဆုတ်ရဲ့..အဲမှာ ကိုကိုဘဲ ကြေကွဲနေ ဟိုမှာက ကလေးတောင် ရတော့မယ်..
မူးရှုးတာ ရပ်လိုက်ပါတော့ တကယ်ဘဲ..ဖုန်းပြောရတာ စိတ်ပျက်တယ် ”
မင်္ဂလာပွဲကို တခမ်းတနားနဲ့ ကျင်းပပြီး ကိုကို ကျောလိုက်တဲ့ မမမြတ်တို့ကို ကိုကို့ညီမတစ်ယောက် အနေနဲ့ နည်းနည်းမှ မကျေနပ်..။
တွဲလာတဲ့ သက်တမ်းက မနည်းဘူး..ဘာမဟုတ်တဲ့ အပြစ်တစ်ခုနဲ့ ကိုကို့ကို ဖြတ်ချသွားတာ ဖြစ်သင့်လား။
“ ဟက်..ပြောရက်လိုက်တာ..ပြောရက်လိုက်တာ..ဟင့် ငါ့ညီမလေးတောင် ကိုကို့ဖက် မပါနိုင်တော့ဘူး..
ဟုတ်တယ် ကိုကိုမှားတာ..ကိုကိုလေ..ကိုကို အရင်သစ္စာဖောက်မိတာ..အဲတာ ဟို ကာလနဂါးကြောင့်..”
မူးရှုးနေတာ ဖြစ်မှာပေါ့ ခုလည်း အာလေးလျှာလေးနဲ့ စကားပြောနေတာ ကြားရလိုက် မကြား ရလိုက်နဲ့..။
“တေ်ာပြီ အဲတစ်ယောက်အကြောင်း မပြောနဲ့..ခုတောင် သူ့ကိစ္စနဲ့ ခေါင်းကိုက်နေပါတယ်ဆို..”
“ပြောရမှာပေါ့လို့ မြတ်အကြောင်းမပြောရင် ဘယ်သူ့အကြောင်း..”
သူ့ကို မမမြတ်အကြောင်းမပြောဖို့ တားတယ်ထင်နေတဲ့ ကိုကို့ကိုလည်း အပြစ်မဆိုရက်..။
#သော်သော်ရဲ့ တစ်ဦးတည်းသော အစ်ကိုတစ်ယောက်တည်းသူမို့ ကိုကိုအနာဂတ်အတွက် သော်သော် အကုန်လုပ်နိုင်တယ်နော်..ကိုကို ။
“ ကိုကို!! အဲမှာ ဘယ်ချိန်အထိ နေမှာလဲ..”
အလုပ်ကိစ္စအရေးတကြီး ကိစ္စနဲ့ ထွက်သွားသည့် ကိုကိုက စင်ကာပူမှာ ခုနဲ့ဆို တစ်လကျော်နေပြီ..။
“ ဟင်း..အသဲကွဲတာတွေ ကျက်သွားတဲ့အထိ..ဟင်း..ဘာလဲ ကိုကို့ကို လွမ်းနေပြီလား..”
“ မဟုတ်ဘူး..နေချင်သလောက် နေလို့ ပြောမလို့..ဒီက ကိစ္စတွေအတွက် စိတ်မပူနဲ့ သော်သော် အားလုံး ကြည့်ရှင်းထားမှာမို့..”
စားလုံးအဆုံးဘက်က ရှူးသွားတာမို့..ခေတ်လူ အသံကို ကောင်းစွာ မကြားရပါ..
“ ဘာကိစ္စကိုလဲ..ဟားဟား..ပြန်မှ လုယူလို့မှမရတာ..ဘာမလုပ်နဲ့တော့..အေ့..ဟူး..”
“ အရက်သမားက တမှောက်..ဒါဘဲ..”
ကိုကို့ကို စိတ်တိုလို့ ဖုန်းကို ချပစ်လိုက်ပေမဲ့ ရင်ထဲမှာက အခဲမကျေနိုင်သေး။
ငူငူငိုင်ငိုင်နဲ့ မှန်တင်ခုံရှေ့မှာ ဝင်ထိုင်ပြီး တွေဝေနေမိပြန်သည်။ သက်ပြင်းတွေကလည်း အကြိမ်ကြိမ် ချနေမိတာ အားလုံးစုထားရင် စူနာမီ မုန်တိုင်းတစ်ခုလောက် ဖန်တီးယူနိုင်မလားဘဲ..။
နောက်ဆုံး၌ ဆုံးဖြတ်ချက်တစ်ခုနဲ့အတူ အချိန်ကြာကြာ တွေတွေကြီးစိုက်ကြည့်နေ ဖုန်းကို ကောက်ကိုင်လိုက်ပြီး
လူပုဂ္ဂိုလ်တစ်ဦးထံ ဖုန်းခေါ်လိုက်သည်။
“ ဟယ်လို..ဆရာ ညီမ သော်တာပါ..”
>>>
ခုထိ ရွာပြန်လွတ်လည်း မပြန်သေးတဲ့ မယ်က..ခုလည်း တကြောင်ကြောင်ဘဲ..။
“စစ်လွန်းရေ.. ဒီနေ့ မိုးအေးချင်တယ်နော် နွေးနွေးထွေးထွေး ဝတ်သွားလိုက် သိလား..”
“ အနွေးထွေတွေက သယ်မလာဘူးလေ..အပါးတွေဘဲရှိတယ်..”
“ ဘာလို့ သယ်မလာတာလဲ..နင့်အဝတ်အစားတွေ တောင်လိုပုံနေတဲ့ဟာကို ”
“ မယ်တော့ လုပ်ပြီ ကျွန်တော် ရန်ကုန်ကို လာတာ အဝတ်နှစ်စုံနဲ့ ရောက်လာတာ မသိဘူးလား.. ကိုယ့်သမီးကို ဂရုစိုက်လိုက်ပုံများ..”
“ ကဲပါ စကားမများနဲ့တော့..လာထိုင်တော့..”
မယ် စိတ်ချမ်းသာအောင် သူ အင်္ကျီအပါးလက်ရှည်ကို ကောက်စွတ်ပြီး ထမင်းစာပွဲဝင်ထိုင်လိုက်သည်။
“ စစ်လွန်း..သမီးလေး..”
ပျားရည်လို ချိူမြိန်နေတဲ့ မယ့်ခေါ်သံကြောင့် စစ်လွန်း ဝါးလက်စ ထမင်းကိုတောင် ပြန်ထွေးထုတ်ရမလို...။
အဲဒါ တစ်ခုခုလိုချင်လို့ ခေါ်တဲ့ အသံအနေအထားလေ..။
“ …..”
“ အင်း..”
စကားပုလ္လင်ခံနေတဲ့ မယ့်ကို ဘုကြည့်ကြည့်ပြီး
“ မဖြစ်နိုင်တာ လာမခိုင်းနဲ့နော်. ဒီတသက် အိမ်မပြန်ဘူးပြောထားပြီးသား..”
“ မဟုတ်ဘူး..သမီး အခုအလုပ်လုပ်နေတဲ့ အလုပ်ကနေ ထွက်လိုက်ပါလား..မယ်ကြားတာ အဲဒီကသူဌေးကတော် ငါ့သမီးကို ရန်လိုနေတာဆို..မယ် စိတ်ပူလို့ပါ.”
“ ဟား..ဘယ်က အရင်းမရှိ အဖျားမရှိ သတင်းလဲ မယ့်ရာ..ဘယ်သူ ပြောတာလဲ ..ဒီလောက် လခကောင်းတဲ့ ကုမ္မဏီမှာ ကျွန်တော်ထွက် ပြီး ခွက်ဆွဲရမှာလား..ဘယ်တော့မှ မထွက်ဘူး မယ့်သာ အရှုံးပေးပြီ ရွာပြန်ပါ..ဒါမဟုတ်ရင် ပါးပါးကို ခေါ်ခိုင်းလိုက်ရမလား..”
“ နင့်အဖေကို ကြောက်စရာလား..ထားပါ။ ဘာဖြစ်ဖြစ် ခုတောင် ပညာစုံနေပြီဘဲကို ရွာမှာဘဲ လုပ်ပါတော့လား မယ်နဲ့ပါးပါး ဖွင့်ပေးပါ့မယ်..အားလုံး နော်..”
ယောကျာ်းစိတ်ပေါက်နေတဲ့ ကလေးမို့ အတော်လေး ဖြောင်းဖျဖို့ ခက်ပါရဲ့လေ..။
အပြုအမူ အနေအထိုင်ကအစ..အားလုံး ယောကျ်ားပုံစံ..။ အသားအရည်က ဖြူဖတ်ဖတ်နဲ့ မဝိုင်းမချွန်မျက်နှာပေါက်ရယ်၊ နှာတံ ချွန်ချွန်နဲ့ မျက်ခုံးမျက်ဖန် နက်နက်ကြောင့် နူးညံသလို ဖြစ်ပေမဲ့ ယောကျ်ားလေးနှင့် ပိုတူသွားသည်။
ဟူး..ခုတလောဆို ပိုပြီးတောင် ပိန်လာသေး တယ်။
“ တကယ်ဆိုရင်တော့ စဉ်းစားအုံးမယ်..သွားပြီ”
“ ဆေးကော..”
“ ကုန်နေလို့..”
“ မဝယ်ရသေးဘူးလား..”
“ ဒီနေ့ ရမှာ..”
“အော်..ဂရုစိုက် မယ်ပြောတာ မမေ့နဲ့နော်..ကြာကြာ မစဉ်းစားနဲ့ မိုးဝင်နေပြီ”
“ဖြေးဖြေးပေါ့”
တဲ့..။
ခက်တယ် သမီးရယ်..ဘဝပြောင်းချင်တဲ့ သူကို မိန်းကလေးပုံစံ ပြောင်းပေးဖို့ဆိုတာ နည်းနည်းမှ မဖြစ်နိုင်တဲ့ ကိစ္စ.. အဖဘုရားသခင် ကိုယ်တော်ဘဲ ကူညီပေးပါတော့ ကျွန်တော်မျိူးမတော့ မတတ်နိုင်တော့ပါဘူး..။
/././
အလုပ်ဆင်းခါနီး သော်တာစီက ဖုန်းဝင်ပြီး သူနဲ့ ချိန်းထားတဲ့နေရာကို လာဖို့ အသိပေးလာသည်။
ဒါ့ကြောင့် မာန်နေဂျာကို ခွင့်ယူပြီး ချိန်းထားတဲ့နေရာကို ဝယ်စရာလေး ရှိသေးလို့ စောစော ထွက်လာခဲ့လိုက်သည်။
“ ဝါး မင်း ဒီဇိုင်းတွေတော့ မဆိုးဘူးဘဲနော်..မောင်မောင်..ဒါပေမဲ့ မင်းစိတ်မဝင်စားတာ စိတ်မကောင်းစရာဘဲ..”
“ ဗျာ..ဂျာကြီးက ဘယ်လိုသိတာလဲ..ကျွန်တော် စိတ်မဝင်စားမှန်း ”
မပြန်ခင် အစီရင်ခံစာ တင်ရင်း ဂျာကြီးစကားကြောင့် သူအံ့ဩခဲ့ရသေးသည်။
“ တစ်ခုပြီးဖို့ကို မင်းအများကြီး စိတ်နှစ်နေတာ တွေ့လို့ပါ..”
“ ဟုတ်တယ်ဗျ..သူဌေးကိုလည်း စိတ်မပျက်စေချင်လို့ပါ..”
သူဌေးဆိုလို့..ဟန်းနီးမွန်းထွက်သွားသည့် သူဌေးရုပ် ဖြီးဖြီးကို သွားသတိရမိလိုက်သေးသည်။
လူဘဝမှာ ပိုက်ဆံက အရေးကြီးတယ်ဆိုတဲ့ အမှန်တရားကို သူဌေးတို့အတွဲကို ကြည့်ပြီး မောင်မောင် သံဝေရ ရပြန်သည်။
“ ပြန်တော့မယ်မဟုတ်လား သွားတော့လေ..ငါစစ်ပြီးတာနဲ့ အကြောင်းပြန်လိုက်မယ်..”
“ ဟုတ်ကဲ့..”
ကိုယ့်နေရာကို ပြန်လာပြီး ပစ္စည်းတွေ ချွတ်ထိုးသိပ်ပြီး မြန်မြန်သွားရမှာမို့ ဘတ်စကား မစီးတော့ဘဲ တက်စီသာ ငှါးစီးရပြန်သည်။
မယ်မှာလိုက်တဲ့ဟာတွေကို ကုန်တိုက်ထဲ ဝင်ဝယ်နဲ့ ချိန်းထားတဲ့ နေရာရောက်တော့ သူ့ကို အထုတ်တစ်ထုတ်နဲ့ ကြိုရောက်နေသည့် သော်တာကို တွေ့လိုက်ရသည်။
“ ရောက်တာ ကြာပြီလား..ဆော်ရီး ငါ လမ်းမှာ ဒါတွေ ပြေးဝယ်နေရသေးလို့..ဟူး မောလိုက်တာ”
“ ရပါတယ်..ရော့ ဒါ နင်မှာတဲ့ဆေး..”
အမောတောင် မဖြေရသေးခင် စာပွဲပေါ် တင်ထားတဲ့ ဆေးအိတ်ကို တွန်းပေးနေ၍ ကြောင်တင်တင်လေး ဆွဲယူကြည့် လိုက်သည်။ ဆေးဗူး ဖြူဖြူလေးတွေ နှစ်ဗူး။
“ဆရာ ဆရာဝန်က တစ်နေ့ တစ်လုံးဘဲ သောက်တော့ပါတဲ့..”
“ ဟုတ်လား..အရင်က နှစ်လုံးဆီ သောက်ရတာမဟုတ်လား..”
“ အင်း ခုက ခုက ဆေးနည်းနည်းပြင်းလို့တဲ့ တစ်လုံးဆို လုံလောက်ပြီတဲ့လေ..”
“ အော်..အဲလိုလား ..”
“ ပြီးရင် မှာ မှာ မှာလိုက်သေးတယ်..ဟို တကယ်လို့ တစ်ခုခုဆို ဆေးရုံအမြန်သွားပြပါတဲ့..”
“ ဒီဆေးသောက်လို့လား..”
“ မ မဟုတ်ပါဘူး နင်က မကျန်းမာသေးလို့ စိတ် စိတ်ပူလို့ ပြောတာလေ..”
“ ဟား..ဟား..ကောင်းပါတယ်ကွ..ခု ဆေးလည်း ရှိပြီဆိုတော့ အဆင်ပြေပြီ..”
ဆေးအိတ်ကို ဘေးကခုံပေါ် ယူတင်ထားလိုက်ပြီး သော်တာမျက်နှာကို အကြည့်ရောက်တော့ ဇောချွေးတွေ နဲ့အတူ ကိုယ့်ကို ကြည့်နေသည့် အကြည့်ဖြင့် ဆုံသွားသည်။
ပြီးတော့ သော်တာက လက်တစ်ဖက်နဲ့တစ်ဖက်ကို ဆုတ်ကိုင်ကာ စားပွဲပေါ်တင်ထား၏။
“ နင် ဘာဖြစ်လို့လဲ နေမကောင်းဘူးလား..”
“ ဘာ ဘာဖြစ်နေလို့လဲ..ဘာမဖြစ်ပါဘူး..ဒါဆို ပေးပြီးပြီဆို ငါပြန်တော့မယ် နင်သိတယ်မလား ငါအတန်းချိန် ရှိသေးလို့..”
“ ဘာမှ မစားသွားတော့ဘူးလား..စားသွားပါအုံး ငါကျွေးပါ့မယ်”
“ရ ရတယ်..ငါ မဆာလို့.. နင် နင်ဆေးသောက်ဖို့ မမေ့နဲ့နော်..”
“ ကလေးမှ မဟုတ်တာ ..ဟ..ပြေးလိုက်တာ တန်းနေတာဘဲ..”
သူမကို အပြုံးနဲ့ပြန်ဖြေရှာသည့် မောင်မောင်ကြောင့် သော်တာတစ်ယောက် မျက်လုံး စုံမှိတ်ပြီး ထိုနေရာက အမြန်ထွက်လာခဲ့သည်။
သော်တာ ထွက်သွားတာနဲ့ ..။
“ အင့်..”
အထဲက ပျိူ့တက်လာသည့် အန်ချင်စိတ်ကြောင့် ရင်ဘက်ကို အသာပြန်ထုရင်း သံပျာရည် ချဉ်ချဉ်လေး မှာလိုက်ရသေးသည်။
>.<
“ ဟင်း..စစ်လွန်း !! နင် နင်..အစုံလုပ်တတ်နေပြီပေါ့..ဟုတ်လား အမိုက်မ..အဲဒီ ဆေးလိပ် အောက်ချစမ်း ပစ်လိုက်စမ်း.”
သွားပြီ..မယ်နဲ့တော့ သူ ဒီညတော့ ကောင်းကောင်းအိပ်နိုင်မယ်မထင်..။ ခိုးသောက်ကာမှ ကျစ်..။
“ မကြားဘူးလား..ရုံးက ပြန်လာကတည်းက အိမ်သာထဲဘဲ ဝင်နေလို့ ငါ့မှာ နေမကောင်းဘူးထ င်ပြီး စိုးရီမ်နေလိုက်ရတာ ..ညည်းက ဒီမှာ ဇိမ်ရှိရှိနဲ့ ဆေးလိပ်ထိုင်သောက်နေတယ် ကြည့်စမ်း..ကြည့်စမ်း
အဲတာ ပစ်လိုက်လို့ ပြောတာ မကြားဘူးလား..ဘယ်မှာ ရှိသေးလဲ ကျန်တာတွေကော ဘယ်မှာလဲ ဘယ်မှာလဲလို့.. ”
“ ……..”
မယ်ပြောတာ မှန်သည်။ ရုံးမှာကတည်းက တစ်နေ့လုံး တဆစ်ဆစ်နာနေသည့် ဗိုက်ကြောင့် အတော်လေး ဒုက္ခရောက်နေရသည်။
အိမ်သာတက်ချင်တာလည်းမဟုတ်ဘဲ စီးခုံနားမှာ ရစ်ပြီးနာကာ အားအင်တွေ ကုန်ခန်းကုန်၍ အိပ်ခန်းနဲ့ အိမ်သာထဲတောင် အသွားအပြန် မလုပ်နိုင်လို့ အိမ်သာမှာကြီးနေရင်း နာကျင်မှုကို အာရုံလွဲစေဖို့ လက်ကျန်ဆေးလိပါကို ခိုးသောက်နေ ခြင်းဖြစ်သည်။
“ မယ့်ရာ..ကျွန်တော် ဆေးလိမ်သောက်တာ အခုမှ သိတာလား..ဆယ်စုနှစ်တောင် ရှိတော့မှာကို ”
“ ဟုတ်တယ်..ဟုတ်တယ်..ငါ့မှာ ညည်းအဖေပြောတုန်းက
မယုံဘဲ အခုမှ နွားမကြီးဖြစ်နေလို့ ကျေနပ်ပြီလား ဟမ်း..ထုတ်စမ်း..ကျန်တာ ငါအကုန် မီးရှို့ပစ်မယ်..ညည်းမလုပ်တာ ဘာကျန်သေးလဲ အမိုက်မရဲ့.. ဟမ်း.. မိန်းကလေးဆိုတာ နင်မေ့နေလား စစ်လွန်းဦးရဲ့..”
“ အကုန်လုပ်တယ် ဘဲ သိထားလိုက်ပါ..ဘာလို့လဲဆို ကျွန်တော်က မိန်းမမဟုတ်ဘူး ယောကျ်ားဗျ
ယောကျ်ားဆိုရင် အကုန်လုပ်ရတယ် မဟုတ်လား..
ဒါကြောင့် ကျွန်တော်လည်း အကုန်လုပ်မှာ..
ကျွန်တော် ဖြစ်တည်မှုကို မိန်းကလေး ယောကျာ်းလေး
လာမခွဲပါနဲ့..ကျွန်တော် ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူး ”
“ ပြောင်းမယ်..ငါ ညည်းအမေ ညည်းကို မိန်းကလေးလို့ မပြောင်းနိုင်ရင် ငါ့ကိုယ်ငါ အဆုံးစီရင်ပစ်မယ် ပေး..လက်ထဲက..”
ဂျစ်ကန်ကန်နဲ့ သူ့ကို စိုက်ကြည်ပြီး အပြင်ထွက်မယ်လုပ်နေတဲ့ သမီးဖြစ်သူ မျက်နှာတစ်ခုလုံး ချွေးတွေ ပြန်နေကာ ဖြူဖတ်ဖြူရောဖြစ်နေသည်ကို သတိထားမိပေမဲ့ ထို စိတ်ကို ဂရုဏာ ဒေါသစိတ်က အနိုင်ယူ သွားသည်။
“ ဟား..မယ်ကတော့..”
သူ့လက်ထဲက စီးကရစ်ကို လုယူချိူးပစ်ပြီး ကျန်တဖက်က ဗူးကိုပါ လုယူနေ၍ မောင်မောင် အကြပ်ရိုက်ကာ ရှောင်နေရသည်။
လူကလည်း နည်းနည်းလှုပ်ရှားတာနဲ့ ခေါင်းတွေ မူးနောက်ပြီး မြင်ကွင်းကိုပင် ဝေဝါးကာ မယ့်ကို ရှောင်ရင်း မယ်က မောင်မောင့်ကို တွန်းမိသလို ဖြစ်သွားကာ နံရံဖြင့် ကျောနောက်ကနေ ရိုက်စောင့် မိသွားသည်။
“ အ…”
ဒီနာကျင်မှုက ဘာနဲ့မှ လှဲလို့ရမယ်မထင်..။
ဗိုက်ရဲ့ တဆစ်ဆစ် နာကျင်မှုဟာလည်း ပိုတိုးလာကာ ခန္ဓာအောက်ပိုင်းကနေ ပူပူနွေးနွေး တစ်ခုခုက စီးထွက်နေသလို ခံစားရလို့ မျက်လုံးဖွင့်ကြည့်ချင်ပေမဲ့ ထိုမျက်လုံးကိုပင် ဖွင့်နိုင်ဖို့ အားမရှိခဲ့..။
“ ဟူး..အင့်..မယ့်..ကျွန်တော်ဗိုက်..”
“ သမီး..သမီး..ဟင်း..ညည်းး သွေးတွေ ..သွေးတွေ..လုပ်ကြပါအုံး..ဟီးး ..သွေးတေွ..”
မယ့် ထံက အထိတ်တလန့် အော်ဟစ်သံငိုယိုသံကို အတိုင်းသား ကြားနေရသော်လည်း ထိုနာကျင်မှု ကြိတ်မိတ်ကာ ခံယူရင်း ထိုခန္ဓာသည် အသိစိတ်နှင့် ကင်းကွာပြီး တဖြည်းဖြည်း လေဟာနယ်ထဲ လွင့်မျော်လျက်..။
----
ဆက်ရန် အပိုင်း( ၁၆)
#နန်းနွယ်တာ