Unicode
Taste of Tear
ဒေါမနသ....
အပူတပြင်း ဝေဒနာတို့က အရင်းခံတယ်။
မည်းမှောင်နေသော တိမ်သားတွေ ၊
ခနအကြာမှာ
ငါ့မျက်နှာပေါ် ရွာသွန်းလိုက်တဲ့ မိုးစက်တွေက မျက်ရည်တွေကို သန့်စင်ပေးဖို့ ကြိုးစားနေပုံပင်။
ရူးသွပ်မှုကို ပြသဖို့ ငါဟာ မိုးရေတွေထဲ ရပ်နေခဲ့တာ နာရီတွေသာ ကုန်ဆုံးခဲ့တယ်။
မိုးခြိမ်းသံတွေကြား ငါ့ရဲ့ သွေးသားဟာ တစ်ယောက်တည်း ကြောက်လန့်နေလေမလား ဆိုတဲ့ အတွေးက ငါ့ကို တစစီ ဆုတ်ဖြဲလို့။
မျက်ရည်၏ အရသာ
နှလုံးသွေးကို စတေးရသော ဝေဒနာနှင့် ညီ၏။
~~~~~~~~~~~~~~~~~~~~
ရိပေါ်၏ အခန်း တံခါးကို စောစောစီးစီး ခေါက်လို့ မနက်စာ အသင့်ဖြစ်ပြီ ဖြစ်ကြောင်း အသိပေးလာသည့် အိမ်တော်ထိန်း မင်၏ မျက်နှာက အရင်နေ့တွေကထက် ပို၍ ပြုံးရွှင်နေပုံပေါ်နေသည်။
ပါးပေါ်ရှိ အရည်အကြောင်းများ တွန့်ခေါက်နေသည်အထိ တပြုံးပြုံး ဖြစ်နေသည့် အိမ်တော်ထိန်းကြီးကြောင့် ရိပေါ်က သင်္ကာမကင်း ကြည့်နေမိသည်။
"ဝမ်းသာစရာ ကိစ္စတစ်ခုခုများ ရှိနေတာလား"
မနေ့ညက အိပ်ရေးပျက်ထားတာကြောင့် မှန်ကုပ်ကုပ်ဖြင့် ကုတင်ပေါ် ထိုင်နေရင်း မေးမိတော့
စိတ်လိုလက်ရ ရိပေါ်ဝတ်မည့် အဝတ်အစားများအား ရွေးချယ်ပေးနေသည့် အိမ်တော်ထိန်းကြီးက ရိပေါ်အနီးသို့ လျှောက်လာသည်။
" ဒီနေ့ ရာသီဥတုလေးက ကောင်းတော့ ဒီအရောင်လေးနဲ့ လိုက်လောက်တယ်။
သခင်လေး အဝတ်လဲပြီး သွားရင် ဆင်းလာခဲ့ပါ ။
မနက်စာ အသင့်ဖြစ်ပါပြီ။"
အရင်နေ့တွေကနဲ့ မတူညီစွာ သာလွန်သော အပြုံးတို့ဖြင့် အခန်းအပြင်ပြန်ထွက်သွားသည့် အိမ်တော်ထိန်းကြီးကြောင့် ရိပေါ် နဝေတိမ်တောင် ကြောင်ငေးနေရာမှ အခန်းပြတင်းတံခါး ထံတွင် ခိုတွဲနေဆဲဖြစ်သည့် မိုးပေါက်များကို တဆက်တည်း
ကြည့်လိုက်ရင်း ဤ မူမမှန်အပေါ် မနှစ်မြို့စွာ။
ပုံမှန်တိတ်ဆိတ်နေကျ ထမင်းစားခန်းထဲမှ လွင်သောရယ်သံတို့ ဖုံးလွှမ်းလာသည့် အခါ အတွေးထဲ ရုတ်တရတ်ပေါ်လာသော မှတ်ဥာဏ်တို့ကြောင့် လှေကားမှ ပြေးဆင်းလာသည့် ရိပေါ်၏ ခြေဖျားတို့မှ ရေပြင်ပေါ်မှ ဖြတ်တိုက်ပြေးသည့် ပွင့်ဖက်လေး သဖွယ်။
ကျယ်လွင်သော ထမင်းဝိုင်းတွင် ထိုင်နေရင်း နှစ်လိုဖွယ်ကောင်းစွာ ရယ်ပြုံးနေသည့် မျှော်လင့်နှင့်သော ထိုအရိပ်အား ဖမ်းဆုပ်မိသည့်အခါ ရိပေါ်ရဲ့ခန္ဓာဟာ' ရွေ့လျားပါ' ဟူသော အမိန့်ကို ဖီဆန်သည်။
မလှုပ်မယှက် ရပ်တန့်နေမိသည့် ရိပေါ်ဆီသို့ ထိုသူဟာ အရှိန်ဖြင့် ပြေးလာရင်း တင်းကျပ်စွာ ပွေ့ဖက်ထားသည်။
တသသပြောနေသည့် မတွေ့ရသည့် သည်ကာလအတွင်း လွမ်းဆွေးကြောင်းတို့က ရိပေါ်နားထဲတွင်တော့ တိုးတလှည့် ကျယ်တလှည့်။
ထိုရင်ခွင်အတွင်းမှ အားဖြင့် ရုန်းကန်မိသည့် အခါ အသာတကြည် နောက်သို့ ဆုတ်လှမ်းသွားသည့် ခြေလှမ်းတွေ။
"အများကြီး သန်မာလာတယ်။
Onsra ရဲ့ ပိုင်ရှင်လို့ကို မပြောရဘူး။"
ဝင်းလတ်သွားသည့် မျက်ဝန်း တောက်တောက်လေးတွေ။
ပြုံးယောင်သမ်းသွားသည် နှုတ်ခမ်းပါးလေးကြောင့် ယုံချန်က မြတ်နိုးစွာ ငေးမိသည်။
စားပွဲထိပ်တွင် ခန့်ညားစွာ ထိုင်ကာ မနက်စာစားနေသည့် ကောင်ငယ်လေးက ကောလဟာလအပြော သတ်သတ်မဟုတ်ပဲ တကယ် နတ်ဘုရား တစ်ပါးလို တင့်တယ်မှုမျိုးဖြင့်။
အေးစက်သည့် အကြည့်တွေဖြင့်သာ အမြဲကြည့်တတ်ပေမယ့် ယုံချန် မျက်လုံးထဲတွင်တော့ en -point ကြောင့် ခြေထိပ်ဖျားလေးတွေ နာတိုင်း ဂျစ်တိုက်တတ်သည့် ကလေးဆိုးလေးသာ။
Calorie ချိန်စားရသည့် နေ့လည်စာတွေတိုင်းအတွက် ယုံချန် မုန့်ထုပ်အချို့ဖြင့် အခန်းအတွင်းသို့ ခိုးပို့ပေးတိုင်း လက်ဖောင်းလေးဖြင့် လက်ခုတ်တီးကာ ပြုံးရွှင်နေတတ်သည့် ကလေးလေးအဖြစ်သာ မပြောင်းမလဲ။
တပြုံးပြုံးဖြင့်ငေးကောင်းနေသော ယုံချန်၏ ပန်ကန်းထဲသို့ ရိပေါ်က ပုဇွန်တစ်ကောင်အား ဝတ်ကျေတန်းကျေ ထည့်ပေးလာသည်။
"စားကောင်းတယ် စားကြည့်"
နာခံပါဟု ဘောင်ကန့်သတ်ထားသည့် စကားမျိုးမဟုတ်ပေမယ့် ရိပေါ်ဆိုသမျှကို လောကကျင့်ထုံးတစ်ခုကို ဖီဆန်မှုနိုင်ခြင်းကင်းစွာ ယုံချန်က အကျိုးဆက်အား နှစ်ခါ မစဥ်းစားပဲ ငွားငွားစွင့်စွင့် ပုဇွန်ကြီးအား အားရပါးရစားလိုက်မိသည်။
ခနအကြာတွင် ထမင်းဝိုင်းမှ အရင်ထကာ အကကျင့်ခန်းထဲ သွားတော့မည် ဖြစ်ကြောင်း အသိပေးလာသည့် ရိပေါ်က ယုံချန်၏ မဲ့တဲ့တဲ့ ဖြစ်နေသော မျက်နှာအား သတိထားမိပုံ မပေါ်။ ထမင်းစားခန်းထဲမှ ထွက်သွားသည့် ရိပေါ်အား အမူအရာမပျက် နှုတ်ဆက်လိုက်ပြီသည့်နောက် အစာအိမ်အတွင်းမှ စူးအောင့်နေသည့် ဝေဒနာကြောင့် ယုံချန်၏ နဖူးတွင် ချွေးစေးတို့ ဆို့လာရသည်။
အသက်ခပ်ပြင်းပြင်းရှူလို့ သက်သာလို သက်သာငြား အိမ်အပြင်ဘက်သို့ ခနထွက်သွာရန် ဟန်ပြင်လိုက်ပါသော်လည်း ရုတ်တရက် လှမ်းဆွဲခံလိုက်သည့် လက်ကောက်ဝတ်။
ရေတစ်ခွက်နှင့်အတူ ဆေးလုံးလေးတစ်လုံးဟာ မျက်စိရှေ့တွင် အဆင်သင့်ရှိနေသည်။
ကမ်းပေးလာသည့် အလက်ဂျစ်ပြောက်ဆေးအား ရေနှင့် မျောချလိုက်ပြီးနောက် ဝေဒနာ သက်သာမည့် အချိန်ကို ခေတ္တ စောင့်ဆိုင်းနေလိုက်သည်။
"ကျေးဇူးပါ အိမ်တော်ထိန်းမင်
တော်သေးတာပေါ့ ကျွန်တော် ပုဇွန်အလက်ဂျစ် ရှိတာကို သတိရပေးနေတဲ့သူ တစ်ယောက်တော့ ရှိနေသေးတာမလို့"
ရယ်ရယ်ပြုံးပြုံးဖြင့် ပြောလိုက်မိပေမယ့် တည်တင်းနေသော မျက်နှာထားဖြင့် ယုံချန်၏ မျက်လုံးတွေအားစိုက်ကြည့်လာသော အိမ်တော်ထိန်းကြီးကြောင့် ယုံချန် မလုံမလဲစွာ မျက်လွှာအား အသာချထားလိုက်မိသည်။
မာကြောလှသည့် မျက်နှာတွင် စိုးရိမ်သည့် အရိပ်မယောင်မျိုး တစ်စွန်းတစ်ဆတောင် စွန်းပေမနေမှန်း သိသိရက်ရက်ဖြင့် မေးမိသည့် မိမိကိုယ်တိုင်၏ အပြစ်သာ။
ရှည်လျားသော သက်ပြင်းချသံတစ်ခုနဲ့အတူ ဝေးကွားသွားသော ကိုယ်သင်းနံ့အရ ယုံချန်ဟာ ကျေခိုင်းခြင်းကို ထပ်မံ ကြုံတွေ့ရပြန်ပြီ ထင်ပါရဲ့။
အခန်းနားသို့ တိုးကပ်သွားလေ အနည်းငယ်လှစ်ဟ ထားသော တံခါးဆီမှာ စည်းချက်ကျကျ တိုင်ပင်ခေါ်သံက ကျယ်လောင်လာလေ ဖြစ်သည်။
နှုတ်ဖျားမှ ကိုယ်တိုင် တိုင်ပင်ခေါ်ရင်း သံစဥ်မဲ့ ကနေသည့် ရိပေါ်၏ သွယ်လျလျ ခန္တာကိုယ်က မိုးမခပင်အလား ပျော့ပျောင်းလှသည်။
ကိုယ်၌ ချွေးများ ရွှဲနစ်ဟာ မောဟိုက်နေပါသော်လည်း မျက်နှာထက် ထင်ဟပ်နေသည့် ဇာတ်ကောင်အပေါ်နစ်ဝင်မှုမှာတော့ ရာနှုန်းပြည့်။
အခန်းထောင့်တွင် အသင့်ရှိနေသော cello အား ယုံချန် ယူ၍ ဖြေးညှင်းစွာ တီးခတ်လိုက်သည့် အခါ ကနေရာမှ ရိပေါ်က ရပ်၍ ကြည့်လာသည်။
ရှည်သွယ်သွယ် လက်ချောင်းတို့ Cello ကြိုးတို့ပေါ်တွင် ပြေးလွှားနေသည်။
Cello bow အား ဆုပ်ကိုင်ထားသော လက်ဖျံတစ်လျှောက်တွင် အကြောစိမ်းများ ယှက်သွယ်နေပြီး တုန်ခါနေသော အဆုံးသတ်တေးသွားအား ဖန်တီးရန် လှုပ်ခါလိုက်သည့် လက်ချောင်းတို့မှာ ပင်လယ် ဇင်ယော်တို့၏ တင့်တယ်လှသော တောင်ပံတို့ ရိုက်ခတ်နေသလို။
မျက်လုံးတို့အား မှိတ်ချကာ သံစဥ်ထဲ နစ်မျောနေပုံက နှစ်လိုဖွယ်ကောင်းလှသည်။
"Swan lake တီးပေးမလား"
သံဇဥ်ကြီးပေါ် ဖိခတ်ထားသည့် ယုံချန်း၏ လက်ချောင်းတို့မှာ ရပ်တန့်သွားရသည် ။
တစ်ဖန်ပြန်ကဖို့ အသင့်ပြင်နေသည့် ရိပေါ်အား အချက်ပြ၍ အလွတ်ရနေပြီသွား swan lake ၏ သံဇဥ်တို့ဟာ ယုံချန်း လက်ဖျားမှ ဖန်တီးသော တေးသွားတစ်ပုဒ် အဖြစ်လွင့်ပြယ်လာတော့သည်။
ယုံချန် တီးခတ်သော တေးသွားနှင့် လိုက်လျောညီထွေစွာ ကခုန်နေသော ရိပေါ်အား တွေ့မြင်ခွင့်ရသည်မှာ အဖိုးမဖြတ်နိုင်သော အနုပညာ တစ်ခု။
သိမ့်မွေ့သော ဝမ်။
စိုနင့်ဖွယ် ဝမ် ။
လှည့်ဖျားတတ်သော ဝမ် အဖြစ် Ballerino wang က ကျွမ်းကျင်ပိုင်နိုင်စွာ ချပြသောအခါ cello တီးခတ်နေသာ ယုံချန်၏ လက်တို့မှာ တုန်ယင်လာပြီး ဂုဏ်ယူဝမ်းမြောက်မှုကြောင့် မျက်ရည်တို့ ဝဲရသည်။
"ကော အရင်ကထက် လက်ရည်တွေ အများကြီး တိုးတတ်လာတယ် ပညာရှင်တစ်ယောက်လိုပဲ"
"ရိပေါ်ကမှ တကယ်အများကြီး တော်တာ။ကိုယ်တိုင် ရေကန်ဆီ ရောက်သွားတယ်လို့တောင် ထင်ရတယ်"
ယုံချန်ရဲ့ ချီးကျူးစကားကို ရိပေါ်က ခေါင်းတဆက်ဆက် ငြိမ့်ပြရုံဖြင့်သာ တုံ့ပြန်သည်။
"သွားရတော့မယ် ။နောက်ကျနေပြီ"
ရိုးရှင်းသော နှုတ်ဆက်သံလေးမှာ ယုံချန်ဟာ လမ်းဖယ်ပေးနှင့်ပြီးသား။
ဦးလေးဝမ် ဆုံးပါးပြီးနောက် အေးစက်သထက်အေးစက်လာ သည့် ရိပေါ်ကြောင့် ယုံချန် စိတ်မကောင်းဖြစ်ရသည်။
အထီးကျန်ဆန်လွန်းလှသည့် ထိုကလေးငယ်အား အရာအားလုံးဆီမှ ဆွဲထုတ်လို့ ပြေးထွက်သွားချင်ပေမယ့် ရိပေါ်ဟာ သူ၏ ကမ်းလက်ကို အသိအမှတ်ပြုလောက်သည်ထိ အရေးမပါမှန်း သူကိုယ်တိုင်သာ သိပါသည်။
ချစ်ရသူကို ကာကွယ်ဖို့ လူတိုင်းဟာ မိုက်ရူးရဲဆန်တတ်ကြပါသည်။ သို့ပေမယ့် ချစ်ရသူ၏ ကမ္ဘာကြီးဟာ တခြားတစ်ယောက် ဖြစ်နေသည့်အခါ လုပ်သမျှ အရာမထင်တော့ပါ။
~~~~~~~~~~~~~~~~~~
တံခါးမခေါက်ဘာမခေါက်ဖြင့် ဆိုင်းမဆင့် ဗုံ မဆင့် ရုံးခန်းထဲသို့ ဝင်လာသည့် ကျန်းချန်ကြောင့် ရှောင်းကျန့် ကြည့်လက်စ ဗီဒီယို ဖိုင်မှ အမြန်ထွက်လို့ အနားတွင် အသင့်ချထားသည့် ဝတ္ထုစာအုပ်အား ကောကိုင်လိုက်သည်။
"ရှောင်းကျန့် မင်းတကယ်ပဲ စာပေစွဲလမ်းသူလား ။
ဒီလို အချိန်မှာ ဘယ်လို လုပ် ဝတ္ထုဖတ်နေနိုင်တာလဲ"
ကျန်ချန်းဟာ ရှေ့နေ့တစ်ယောက် ပီသစွာ စိတ်တိုလွယ်သူ၊ အလွန် ပွစိပွစိ ပြောတတ်သူဖြစ်သည်။
မိဘ လက်ငုပ်လက်ရင်း ရှိသည့် ကျန်းချန်ဟာ ကိုယ်ပိုင် အမှုဆောင်ရုံးဖွင့်ပြီး သူငယ်ချင်း အရင်းကြီးဖြစ်သူ ရှောင်းကျန့်အား နေရာတစ်ခုပေးထားသည်။
သို့ပေမယ့် သမာသမတ် ကျလွန်းသည့် ရှေ့နေရှောင်းသည် အရည်အချင်းရှိလှပေမယ့် လူချမ်းသာတို့၏ အကြိုက်မဟုတ်။
ပြဿနာက ဖြောင့်မတ်လွန်းခြင်းပင် ဖြစ်ပေလိမ့်မည်။
ငွေများများ ဖြင့်ဖုံးမည့် အမှုများအား မလိုက်ရတော့ ရသည့်ငွေဖြင့် မနည်းရပ်တည်နေရသည့် ကျန်းချန်ပ အမြဲလိုလိုညည်းညူနေတော့သည်။
"ရှောင်းကျန့် ငါတို့တွေ ထမင်းစားရအုံးမယ်လေ။ ဒီ ဒီ ပါးစပ်ကြီး ရှိနေတော့ ထမင်းစားရအုံးမယ်လို့"
သူ့ပါးစပ်အား တဖြတ်ဖြတ်ရိုက်ကာ ပြောဆိုနေသည့် ကျန်းချန်ကြောင့် ရှောင်းကျန့်က အားရပါးရရယ်သည်။
"ငါလည်း အလုပ်လုပ်နေပါတယ်ကွ။ စောနက ခနလေးပဲ မင်းနဲ့တည့်တည့်တိုးသွားတာ။"
မယုံသင်္ကာ ကြည့်နေသည့် ကျန်းချန်အား မေးအသာ ဆက်ပြလိုက်တော့ ကျန်းချန်က သူ၏ စကားကို ဆက်သည်။
"မင်းရဲ့ ငန်းပေါက် အမှုအတွက် မနက်ဖြန် court တတ်မယ် ။
စာထွက်လာပြီး
'မင်းရဲ့ ငန်းပေါက်' ဆိုသည့် နာမ်စားကြောင့် ရှောင်းကျန့်၏ လည်ပင်း မီးပွင့်သည့် အထိ ပွတ်လို့ ရှက်ရမ်းရမ်းပြသည်။
နှစ်ရှည် အကြောင်းတွေ သိလာသည့် ကျန်းချန်ဆိုသည့် ကောင်ကတော့ သူ့စကားသူ ဂုဏ်ဆာနေသော ရုပ်ဖြင့်။
"အင်း ငါအမှုအတွက် လိုအပ်တာတွေ ဒီနေ့သွားပေးလိုက်မယ်"
ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထွက်သွားဟန် ပြန်ပြီးကာမှ ပြန်ရောက်လာပြီး ရှောင်းကျန့် လက်ထဲက စာအုပ်ထံ မျက်စိရောက်သွားသည့် ကျန်းချန်က အတွေးပေါက်စွာ
"စကားမစပ် မင်းဝတ္ထုဖတ်တိုင်း ဒီတစ်အုပ်ပဲ အမြဲ ဖတ်နေတော တော်တော်စိတ်ဝင်းစားဖို့ ကောင်းလို့လား ပြကြည့်စမ်း"
လက်ထဲက စာအုပ်အား ဆွဲယူလိုက်သည့် ကျန်းချန်ကြောင့် ထိတ်လန့်စွာ ကျန်းချန်အား တွန်းထုတ်မိသွားသည်။
ကြောင်အသွားသည့် ကျန်းချန်က ရှောင်းကျန့်အား ဘာမှ မပြောနိုင်သေးပဲ ငေးကြည့်နေသည်။
"ဆောရီး ကျန်းချန် ဒါ ယောင်းရဲ့ စာအုပ်မလို့ ငါ ဆက်ဆက်ထိမခံ
နိုင်သလို ဖြစ်သွားတယ်"
ထိုအခါ ကျန်းချန်က စိတ်မကောင်းသွားဟန်ဖြင့် တောင်းပန်စကား သူ့ဘက်ကသာ ဆိုလာခဲ့သည်။
ထို့နောက် ထိုအကြောင်းတို့နှင့် ပတ်သက်၍ အားလုံးနားလည်သဘောပေါက်နှင့်ပြီး ဖြစ်သည့် ကျန်းချန်က ဘာမှ မဖြစ်ကြောင်းပြောကာ နှစ်သိမ့်ပေးခဲ့သည်။
ရှေ့မှ ဝန်ထမ်းမလေး၏ လမ်းပြမှုဖြင့် ရှောင်းကျန့် ရိပေါ် အကလေ့ကျင့်နေသော အခန်းသို့ ရောက်ရှိလာသည်။
ခန်းလုံးကျွတ်မှာ ဘဲလေးဂါဝန်ကို ဝတ်ဆင်ထားကြသော မိန်းမလှလေးများ ဖြစ်ကြသလို ယောက်ျားလေးဆိုလို့ ရိပေါ် တစ်ယောက်တည်းသာ ။
အကတိုက်နေပုံရသည့် ထိုလူစုအတွင်း တစ်ခါတစ်ရံ ရိပေါ်၏ အော်ဟစ်ငေါက်ငမ်း သံတို့ဟာ ဟိန်းထွက်လာသည်။
အကအပေါ်ကိုသာ စိတ်ဝင်စားနေသည့် ထိုကောင်လေးဟာ ရှောင်းကျန့် အခန်းထဲ ရောက်နေသည်ကိုတောင် သတိမထားမိတာမလို့ ရှောင်းကျန့်လဲ အသိမပေးပဲ ပြီးတယ့်အထိ စောင့်နေရန်သာ ဆုံးဖြတ်လိုက်သည်။
"မင်းစိတ်ထဲက evilကို ဆွဲထုတ်လိုက်ပါ ။မင်းက သူရဲ့ ငြို့ငြင်ခြင်းကို ခံလိုက်ရပြီ မင်း အခုချိန်က စပြီး black swan ပဲ"
ဆရာဝမ်ရဲ့ တင်းကျပ်စွာ လမ်းညွှန်ပြမှုတွေမှာ ကောင်မလေးက ငိုမဲ့မဲ့။
"လုချီ တခြားဘယ်သူ့ကိုမှ ဂရုမစိုက်နဲ့ မင်းက တစ်လောကလုံးကို လှည့်စားမယ့် Odile ပဲ"
လေထဲတွင် ချာချာလည်အောင် လှည့်နေသည့် ကောင်မလေးက မကြာခင်တွင် လဲကျတော့မယ် ဖြစ်ကြောင်း သိသာနေသည်။
ဆရာဝမ်၏ မျက်နှာမှာလဲ မဲမှောင်သထက် မှောင်လာရတော့သည်။
"လုချီ မင်းရဲ့ အာရုံတွေကို စူးစိုက်ထားပေးလို့မရဘူးလား။ မင်းကိုယ်မင်း လှည့်စားရမှာ မဟုတ်ဘူး တစ်လောကလုံးကို လှည့်စားရမှာပါ။
Prince Siegfried ကို လှည့်စားရမယ်။
Odette ကို လှည့်စားရမယ် သူနှစ်ယောက်ပေါင်းဖက်လို့ မရတဲ့ အထိ လှည်စားရမှာ"
ရိပေါ်ရဲ့ အဖျားခတ်နေတဲ့ အသံတွေသည်ဟာ ဒေါသကြောင့် တုန်ရီနေသည်လား မောဟိုက်မှုကြောင့် အနိမ့်အမြင့် အမှန်သည်လား မသဲကွဲ။
Swan queen လို့ ထင်ရသည့် ကောင်မလေးဟာ ခေါင်ကို အတွင်တွင် ငုံ့ထားသည်။
ကြမ်းပြင်ထဲ ခေါင်းဝင်မတတ် ငုံ့ထားသည့် ထိုကောင်မလေးအား မေးဖျားကနေပင့်ကိုင်လို့ မျက်နှာနားနီးကပ်သွားသည့် ရိပေါ်ကြောင့် ကောင်မလေး အချို့မှာ အာမေဋိတ်အချို့များ ထွက်ကျလာသလို နံရံကို မှီထားသည့် ရှောင်းကျန့်မှာလည်း ဆန့်ကနဲ့။
မျက်နှာနှစ်ခု နီးကပ်လာလေလေ ပြူးပြူးပြာပြာ ဖြစ်နေသည့် ရှောင်ကျန့်မှာ အိန္ဒြေမဆယ်နိုင်။
"ငါ့မျက်လုံးကို ကြည့်"
နှာတစ်ဖျားစာလောက်အကွာမှာ ရှိနေတဲ့ ရိပေါ်က ထိုကောင်မလေးအား သူ၏ မျက်လုံးတည့်တည့်ကိုကြည့် ခိုင်းသည်။
"သွေးဆောင်လိုက် ဖျားယောင်းလိုက် လှည့်စားလိုက် မင်းက black swan ပဲ prince က မင်းရဲ့ အပိုင်ပဲ ဖြစ်လာစေရမယ်"
ခံစားချက်များ အသက်ဝင်လာသည့် လုချီက အမူအရာက အစပြောင်းလဲ သွားသည်။
စူးရှသော အကြည့်တို့ဖြင့် ရိပေါ်အား စူးစိုက်ကြည့်နေသည်။
သို့သော် မကြာခင်မှာပဲ အရာအားလုံးဟာ သဲထဲရေသွန်ဖြစ်သွားရတော့သည်။
ရှောင်းကျန့် အားပါပါဖြင့် ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သော ဖိုင်ဟာ ကျယ်လောင်သော အသံတစ်ခုပေး၍ အားလုံးအား လန့်သွားစေသည်။
လန့်သွားကာ တကွဲတပြားစီ ဖြစ်သွားကြတော့ ကိုယ်နှစ်ခုကြောင့် ရှောင်းကျန့် ကျေနပ်ပြုံးကြီးကို မဖုံးမဖိနိုင်။
သူ့လက်ချက်မှန်း သိသွားသည့် ရိပေါ်က သူ့အား မျက်မှောင်ကုပ်လို့ ကြည့်လာသည်။
"ဘာလာလုပ်တာလဲ ရှောင်းကျန့်"
ဘောက်ဆက်ဆက် အမေးမှာ ကြမ်းပြင်ပေါ်ရှိ ဖိုင်ကို ကောက်လို့ ရိပေါ်မြင်သာအောင် ထောင်ပြလိုက်သည်။
ရှောင်းကျန့်နားသို့ လျှင်မြန်စွာ ရောက်လာသည့် ရိပေါ်က ဖိုင်ကို ယူလို့ ဖတ်ကြည့်နေသည်။
ရှောင်းကျန့်တို့ နှစ်ယောက်အား အကဲခတ်သလို ကြည့်နေသည့် စောနက ကောင်မလေးအား ရှောင်းကျန့် မျက်စောင်းတွေ ပစ်ထိုးလိုက်ပြီး စိတ်ထဲမှလဲ တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်မိသည်။
'သူကများ ဖြားယောင်မယ်။သွေးဆောင်ဦးမယ်တဲ့။
ဒီငန်းမကတော့'
အလကားနေ မျက်စောင်းထိုးခံလိုက်ရသည့် လုချီမှာ မကနိုင်လို့ စိတ်ဆင်းရဲရသည့် အပြင် နှစ်ဆတိုးသွားရတော့သည်။
ဆွဲချက်တို့အား ဖတ်နေရင်း ရိပေါ်၏ မျက်တောင်တို့မှာ တွန့်ချိုးလာသည်။
များပြားလွန်းလှသည့် ဆွဲချက်တွေကြောင့်ရိပေါ် အပြင်ပိုင်းတွင် မျက်နှာကြောအား တင်းထားပေမယ့် စိတ်ထဲတွင်တော့ နယ်လွန်သော အတွေးတို့ဖြင့် ကြောက်ရွံ့လာမိသည်။
အသက်နှင့်အမျှ မက်မောရသော Onsra အား မပိုင်ဆိုင်ရမည်ကို တွေးရင်း တုန်လှုပ်လာသည်။
"ဘာမှ မဖြစ်ဘူး အဆင်ပြေသွားလိမ့်မယ်"
ဘေးလူတစ်ယောက်ရဲ့ လျှာဖျားလေးလှုပ်ရုံ အားပေးစကားဟာ
ထိရောက်မှု မရှိဘူးဟု ဘဝတစ်လျှောက်လုံး သင်ကြားခဲ့ဖူးပေမယ့် မိမိဘေးရှိထိုလူ၏ ဝါကျစုလေးတွင်တော့ ရိပေါ်ဟာ စိတ်လုံခြုံရာ ရခဲ့သည်။
ထိုလူဟာ မိမိ အတွက် ရင်ဆိုင်တိုက်ခိုက်ပေးလိမ့်မည်ဟူသော အတွေးနဲ့ပင် ကြည်နူးမှု တရိပ်ရိပ်။
"တစ်ခုခုလွဲချော်သွားခဲ့ရင် Onsra ကို ဆုံးရှုံးသွားမယ် ထင်တယ်"
ရိပေါ်ရဲ့ ပေါင်ပေါ်က လက်တစ်ဖက်ကို ရှောင်းကျန့်က အုပ်မိုးလို့ ကိုင်လာပေမယ့် ထူးခြားစွာ ရိပေါ် မရုန်းမိ။
"ကိုယ်ရအောင် ယူပေးပါ့မယ်။ Onsra ဟာ မင်း အပိုင်ဖြစ်စေရပါ့မယ်"
လောဘတွေ အဆုံးသတ်တဲ့ နေ့ရက်တွေ ရောက်လာတဲ့အခါ
ချစ်ခြင်းတရားတွေကို စလို့ ရှာဖွေကြည့်ပါ့မယ်။
မေတ္တာထုံးလွှမ်းမှု မလုံလောက်စွာ ကြီးပြင်းလာခဲ့ရတယ့် ဝမ်ရိပေါ်ဟာ ချစ်တတ်လာဖို့ နည်းလမ်းအား မသင်ကြားခဲ့ဖူးပေ။
သူဟာ အစစ်အမှန် ဆိုသည့် အရာဖြစ်လာဖို့ မူလ ဝမ်ရိပေါ်အား ကြိုးစားဖျက်စီးပစ်ရမည်ဆိုသည့် အသိဖြင့်သာ ဘဝ တစ်လျှောက်လုံး ရှင်သန်ခဲ့ရသည် ။
"ကျွန်တော်ကြောက်တယ်။
အဲ့လိုနဲ့ အားလုံးဆုံးရှုံးသွားရမှာကို ကြောက်တယ်"
ခင်များထိခိုက်သွားမှာ ကြောက်ရသလို
ခင်များဟာ တခြားလူတွေနည်းတူ ကျွန်တော်ပျောက်ကွယ်သွားဖို့ ဆန္ဒရှိသူ ဖြစ်နေမှာလဲ ကြောက်ရပါတယ်။
နီးကပ်ပေးလာသည့် ပုခုံးတစ်ဖက်ပေါ်တွင် ခေါင်းအသာမှီလို့ နူးညံ့စွာ လှဲလျောင်းလိုက်သည်။
ဒါဟာ ဒုတိယ အကြိမ်မြောက် ရှောင်းကျန့်ရှေ့တွင် အကြောက်တရားတို့အား ဖွင့်ဟမိခြင်း ဖြစ်သလို မိမိကိုယ်တိုင် လှစ်ဟ ပြလိုက်မိသော အားနည်းသည့် တစ်ဖက်ခြမ်းအတွက်
မိမိ၏ လျိူ့ဝှက်ချက်တစ်ခု အတွက် ရှောင်းကျောင်း၏ မြတ်နိုးရ္တခုဟူသော အလျော်အစား စည်းမျဥ်းအား မေ့လျော့နေခဲ့သည်။
ကုမ္ပဏီမှ အိမ်ပြန်ခါနီး သည်းထန်စွာ ရွာချသည့် မိုးကြောင့် အိမ်တော်ထိန်းကြီးက ထီးပြေးသွားယူသည်။
အားပြင်းစွာ ရွာသွန်းနေသည့် မိုးစက်တို့အား ကြည့်ရင်း မိုးရည်ထဲတွင် မလှုပ်မယှက် ရပ်နေသော အမျိုးသမီး တစ်ယောက်က သူ၏ အာရုံအား ဖမ်းစားသွားသည်။
ထိုအမျိုးသမီးဟာ လက်ထဲတွင် ဆိုင်းဘုတ်တစ်ခုအား ကျစ်ကျစ်ပါအောင်ကိုင်ထားပြီး အာရုံစိုက်မှု တစ်စုံတစ်ရာအား ရလိုဟန်။
ရိပေါ်တို့ ကုမ္ပဏီထဲတွင် ရပ်နေတာကြောင့် ရိပေါ်တို့ ကုမ္ပဏီနှင့် ဆက်စပ်နေမည့် တစ်ခုခုဟု တွေးမိရင်း မိုးရွားထဲ ပြေးဆင်းသွားလိုက်မိသည်။
သို့ပေမယ့် ထို အမျိုးသမီး မျက်နှာအား မြင်ရခါနီး တစ်ခန။
လက်ထဲက ဆိုင်းဘုတ်အား တွေ့လိုက်ရခါနီး တစ်ခန မျက်လုံးရှေ့လာကွယ်သော ထီးတစ်လက်နှင့်အတူ အထိန်းတော်ကြီး၏ မိုးရေထဲ ပြေးထွက်လို့ မချိတင်ကဲ ရေရွတ်သံတို့နှင့်အတူ ရိပေါ်ဟာ ကားပေါ်သို့ အတင်းအကျပ် ဆွဲခေါ်ခံခဲ့ရသည်။
"လွတ်ပါ ။ ကားခန ရပ်ပေး ခုနက အမျိုးသမီး"
" အလုပ်ထုတ်ခံလိုက်ရလို့ ဆန္ဒပြနေတဲ့ သူပါ။
စိုးရိမ်စရာ မလိုပါဘူး မနက်ဖြန်ဆို သူမ လာမှာ မဟုတ်တော့ပါဘူး"
အိမ်တော်ထိန်းကြီးက လက်ဦးမှု ယူက ရှင်းပြလာသည်မလို့ ရိပေါ်လက်သင့်မခံချင်ပေမယ့် ငြိမ်နေလိုက်သည်။
ကားမှန်မှ တစ်ဆင့် လှမ်းကြည့်လိုက်ပေမယ့် သည်းလှသည့်မိုးကြောင့် သဲကွဲစွာ မမြင်ရပေ။
ခနအကြာတွင် လုံခြုံရေး ဝန်ထမ်းအချိူ့ သူမအား တရွတ်တိုက်ဆွဲခေါ်သွားခဲ့ပြီး သူမဟာ နာမ တစ်ခုကို အတန်တန်အော်ဟစ်လို့ ငိုကြွေးနေခဲ့သည်။
"ယန်း မေ့သမီးလေး ယန်းရေ
ယန်းကို ရှာပေးကြပါ။"
~~~~~~~~~~~~~~~~~~
ရှည်ကြာလွန်းလှသည့် အိမ်မက်ဆိုးတစ်ခု မက်နေသလို သူမဟာ
ဆက်ခနဲ လန့်နိုးလာသည်။
ယန်း သူမဟာ သူမ တစ်ခါမှ မရောက်ဖူးသည်ြ နေရာစိမ်းတစ်ခုမှာ။
သူမ၏ လက်များဟာ နောက်ပြန်ကြိုးတုပ်ခံထားရပြီး ခြေထောက်များဟာ ပူးတွဲချည်နှောင်ထားခံရသည်။
မှောင်မဲသော ဤ အခန်းအတွင်း မြင်ကွင်းတို့ဟာ မရှင်းမလင်းဖြင့်။
ဒီနေ့ဟာ သူမမေ့မျောနေသော ဘယ်နှရက်မြောက်နေ့၊
သူမ ထိုလျို့ဝှက်ခန်းအား တွေ့ရှိပြီးနောက် ပျောက်ဆုံးသွားသည့် ဘယ်နှရက်မြောက်နေ့မှန်း မမှတ်မိတော့ပါ။
အောက်သိုးသိုး အနံ့များဟာ တစ်ခန်းလုံးပြည့်နှက်နေပြီး သူမ သတိမေ့မျောနေစဥ်အတွင်း ဘယ်မျှတောင် ရှူရှိုက်မိသည်မသိ၊
သူမ၏ ဝမ်းဗိုက်တစ်ခုလုံး ထိုအနံ့တို့ဖြင့် ပြည့်နှက်နေသလို ခံစားရသည်။
သူမသည် လက်ကျန် ခွန်အားတို့ဖြင့် အကူအညီအတွက် အော်ဟစ်မိသော အခါ အဆုတ်တို့ဟာ ကိုယ်တွင်း အစိတ်အပိုင်းတို့မှ ကွာကျလာသလို ခံစားရပြီး ပါးစပ်မှ သွေးတို့ ယိုစီးကျလာသည်။
မျော့တော့တော့သာ ကျန်ခဲ့သော သူမသည် နောက်ဆုံးသော လက်ကျန်အားဖြင့် ခုံအားလဲချလိုက်ရာ နာကျင်မှုနဲ့အတူ အသိစ်တ်တို့ဟာ မှောင်မဲခြင်းသို့ တစ်ဖန်။
ယုံချန် ထမင်းစားခန်းထဲမှ အအေးတစ်ခွက်ယူကာ ပြန်ထွက်မည်အလုပ် ပစ္စည်းတစ်ခုခု ပြုတ်ကျသံ ကြားလိုက်ရတာကြောင့် အနားတဝိုက် စူးစမ်းသလို ကြည့်လိုက်မိသည်။
လိုက်လံလို့ စစ်ဆေးကြည့်ပေမယ့် ထွေထွေထူးထူး ဘာမှ မတွေ့ရသည့် အခါ တစ်ဖန်ပြန်လှည့်လို့ ထွက်သွားဖို့ ပြင်လိုက်သည်။
သို့ပေမယ့် သူ၏ အာရုံတို့မှာ ထမင်းစားခန်း အနောက်ဘက်ရှိ အခန်းငယ်တစ်ခု။
ဖြေးညှင်းစွာ အနားသို့တိုးကပ်သွားလေလေ ပိတ်လှောင်ထားသည့် သော့ခလောက်မှာ ထင်ရှားလာလေဖြစ်သည်။
အနည်းငယ် အားထည့်၍ စစ်ဆေးကြည့်ပေမယ့် ကြီးမားသဘ်ြ သော့ခလောက်ကြောင့် အရာမယွင်း။
စူးစမ်းလိုစိတ်မှာ ရေဆူမှတ်သို့ ရောက်သွားခဲ့ပြီမလို့ မီးဖိုချောင်မှ ချွန်မြသော အရာတစ်ခုယူပြီး သော့ဖျက်ရန်ဆုံးဖြတ်လိုက်သည်။
သော့ခလောက် အတွင်း ဓါးချွန်ဖြင့် အကြိမ်ကြိမ်အခါခါ ထိုးကလော်ကြည့်ပေမယ့် အရည်အသွေးကောင်းသည့် သော့ဟာ တော်တော်နှင့်မပျက်။
ချွေးတို့ဟာ နားထင်မှ စိီးကျလာသည်။
စိတ်လှုပ်ရှားမှုကြောင့် သော့ဖျက်နေသည့် လက်တို့ဟာ အေးစက်လာသည်။
နောက်ဆုံး တစ်ခေါက် ဓါးချွန်အား အားထည့်ကာ လှည့်လိုက်ပြီးသည့်နောက်
နောက်ဆုံးတွင် 'ဂျောက်' ဟူသော မြည်သံနှင့်အတူ တံခါးချပ်ငယ်ဟာ ချောက်ချားစရာ ကောင်းစွာ ပွင့်ဟသွားလေတော့သည်။
Taste of Tear
ပါးပြင်ပေါ်ကမျက်ရည်တွေဟာ ငန်ကျိသော မိုးသားတွေပဲ၊
ဒါပေမယ့် လက်စားချေအပြီးမှာ ငါ့မျက်ရည်တွေက ချိုမြိန်တဲ့ ပျားရည်အစွန်းအထင်းတွေ ဖြစ်လာခဲ့တယ်။
TBC♡
ဖတ်ရတာ အဆင်ရောပြေရဲ့လားဟင် ပြောသွားကြပါဦး:((
Zawgyi
Taste of Tear
ေဒါမနသ....
အပူတျပင္း ေဝဒနာတို႔က အရင္းခံတယ္။
မည္းေမွာင္ေနေသာ တိမ္သားေတြ ၊
ခနအၾကာမွာ
ငါ့မ်က္ႏွာေပၚ ႐ြာသြန္းလိုက္တဲ့ မိုးစက္ေတြက မ်က္ရည္ေတြကို သန့္စင္ေပးဖို႔ ႀကိဳးစားေနပုံပင္။
႐ူးသြပ္မႈကို ျပသဖို႔ ငါဟာ မိုးေရေတြထဲ ရပ္ေနခဲ့တာ နာရီေတြသာ ကုန္ဆုံးခဲ့တယ္။
မိုးၿခိမ္းသံေတြၾကား ငါ့ရဲ႕ ေသြးသားဟာ တစ္ေယာက္တည္း ေၾကာက္လန့္ေနေလမလား ဆိုတဲ့ အေတြးက ငါ့ကို တစစီ ဆုတ္ၿဖဲလို႔။
မ်က္ရည္၏ အရသာ
ႏွလုံးေသြးကို စေတးရေသာ ေဝဒနာႏွင့္ ညီ၏။
~~~~~~~~~~~~~~~~~~~~
ရိေပၚ၏ အခန္း တံခါးကို ေစာေစာစီးစီး ေခါက္လို႔ မနက္စာ အသင့္ျဖစ္ၿပီ ျဖစ္ေၾကာင္း အသိေပးလာသည့္ အိမ္ေတာ္ထိန္း မင္၏ မ်က္ႏွာက အရင္ေန႕ေတြကထက္ ပို၍ ၿပဳံး႐ႊင္ေနပုံေပၚေနသည္။
ပါးေပၚရွိ အရည္အေၾကာင္းမ်ား တြန့္ေခါက္ေနသည္အထိ တၿပဳံးၿပဳံး ျဖစ္ေနသည့္ အိမ္ေတာ္ထိန္းႀကီးေၾကာင့္ ရိေပၚက သကၤာမကင္း ၾကည့္ေနမိသည္။
"ဝမ္းသာစရာ ကိစၥတစ္ခုခုမ်ား ရွိေနတာလား"
မေန႕ညက အိပ္ေရးပ်က္ထားတာေၾကာင့္ မွန္ကုပ္ကုပ္ျဖင့္ ကုတင္ေပၚ ထိုင္ေနရင္း ေမးမိေတာ့
စိတ္လိုလက္ရ ရိေပၚဝတ္မည့္ အဝတ္အစားမ်ားအား ေ႐ြးခ်ယ္ေပးေနသည့္ အိမ္ေတာ္ထိန္းႀကီးက ရိေပၚအနီးသို႔ ေလွ်ာက္လာသည္။
" ဒီေန႕ ရာသီဥတုေလးက ေကာင္းေတာ့ ဒီအေရာင္ေလးနဲ႕ လိုက္ေလာက္တယ္။
သခင္ေလး အဝတ္လဲၿပီး သြားရင္ ဆင္းလာခဲ့ပါ ။
မနက္စာ အသင့္ျဖစ္ပါၿပီ။"
အရင္ေန႕ေတြကနဲ႕ မတူညီစြာ သာလြန္ေသာ အၿပဳံးတို႔ျဖင့္ အခန္းအျပင္ျပန္ထြက္သြားသည့္ အိမ္ေတာ္ထိန္းႀကီးေၾကာင့္ ရိေပၚ နေဝတိမ္ေတာင္ ေၾကာင္ေငးေနရာမွ အခန္းျပတင္းတံခါး ထံတြင္ ခိုတြဲေနဆဲျဖစ္သည့္ မိုးေပါက္မ်ားကို တဆက္တည္း
ၾကည့္လိုက္ရင္း ဤ မူမမွန္အေပၚ မႏွစ္ၿမိဳ႕စြာ။
ပုံမွန္တိတ္ဆိတ္ေနက် ထမင္းစားခန္းထဲမွ လြင္ေသာရယ္သံတို႔ ဖုံးလႊမ္းလာသည့္ အခါ အေတြးထဲ ႐ုတ္တရတ္ေပၚလာေသာ မွတ္ဥာဏ္တို႔ေၾကာင့္ ေလွကားမွ ေျပးဆင္းလာသည့္ ရိေပၚ၏ ေျခဖ်ားတို႔မွ ေရျပင္ေပၚမွ ျဖတ္တိုက္ေျပးသည့္ ပြင့္ဖက္ေလး သဖြယ္။
က်ယ္လြင္ေသာ ထမင္းဝိုင္းတြင္ ထိုင္ေနရင္း ႏွစ္လိုဖြယ္ေကာင္းစြာ ရယ္ၿပဳံးေနသည့္ ေမွ်ာ္လင့္ႏွင့္ေသာ ထိုအရိပ္အား ဖမ္းဆုပ္မိသည့္အခါ ရိေပၚရဲ႕ခႏၶာဟာ' ေ႐ြ႕လ်ားပါ' ဟူေသာ အမိန့္ကို ဖီဆန္သည္။
မလႈပ္မယွက္ ရပ္တန့္ေနမိသည့္ ရိေပၚဆီသို႔ ထိုသူဟာ အရွိန္ျဖင့္ ေျပးလာရင္း တင္းက်ပ္စြာ ေပြ႕ဖက္ထားသည္။
တသသေျပာေနသည့္ မေတြ႕ရသည့္ သည္ကာလအတြင္း လြမ္းေဆြးေၾကာင္းတို႔က ရိေပၚနားထဲတြင္ေတာ့ တိုးတလွည့္ က်ယ္တလွည့္။
ထိုရင္ခြင္အတြင္းမွ အားျဖင့္ ႐ုန္းကန္မိသည့္ အခါ အသာတၾကည္ ေနာက္သို႔ ဆုတ္လွမ္းသြားသည့္ ေျခလွမ္းေတြ။
"အမ်ားႀကီး သန္မာလာတယ္။
Onsra ရဲ႕ ပိုင္ရွင္လို႔ကို မေျပာရဘူး။"
ဝင္းလတ္သြားသည့္ မ်က္ဝန္း ေတာက္ေတာက္ေလးေတြ။
ၿပဳံးေယာင္သမ္းသြားသည္ ႏႈတ္ခမ္းပါးေလးေၾကာင့္ ယုံခ်န္က ျမတ္နိုးစြာ ေငးမိသည္။
စားပြဲထိပ္တြင္ ခန့္ညားစြာ ထိုင္ကာ မနက္စာစားေနသည့္ ေကာင္ငယ္ေလးက ေကာလဟာလအေျပာ သတ္သတ္မဟုတ္ပဲ တကယ္ နတ္ဘုရား တစ္ပါးလို တင့္တယ္မႈမ်ိဳးျဖင့္။
ေအးစက္သည့္ အၾကည့္ေတြျဖင့္သာ အၿမဲၾကည့္တတ္ေပမယ့္ ယုံခ်န္ မ်က္လုံးထဲတြင္ေတာ့ en -point ေၾကာင့္ ေျခထိပ္ဖ်ားေလးေတြ နာတိုင္း ဂ်စ္တိုက္တတ္သည့္ ကေလးဆိုးေလးသာ။
Calorie ခ်ိန္စားရသည့္ ေန႕လည္စာေတြတိုင္းအတြက္ ယုံခ်န္ မုန့္ထုပ္အခ်ိဳ႕ျဖင့္ အခန္းအတြင္းသို႔ ခိုးပို႔ေပးတိုင္း လက္ေဖာင္းေလးျဖင့္ လက္ခုတ္တီးကာ ၿပဳံး႐ႊင္ေနတတ္သည့္ ကေလးေလးအျဖစ္သာ မေျပာင္းမလဲ။
တၿပဳံးၿပဳံးျဖင့္ေငးေကာင္းေနေသာ ယုံခ်န္၏ ပန္ကန္းထဲသို႔ ရိေပၚက ပုဇြန္တစ္ေကာင္အား ဝတ္ေက်တန္းေက် ထည့္ေပးလာသည္။
"စားေကာင္းတယ္ စားၾကည့္"
နာခံပါဟု ေဘာင္ကန့္သတ္ထားသည့္ စကားမ်ိဳးမဟုတ္ေပမယ့္ ရိေပၚဆိုသမွ်ကို ေလာကက်င့္ထုံးတစ္ခုကို ဖီဆန္မႈနိုင္ျခင္းကင္းစြာ ယုံခ်န္က အက်ိဳးဆက္အား ႏွစ္ခါ မစဥ္းစားပဲ ငြားငြားစြင့္စြင့္ ပုဇြန္ႀကီးအား အားရပါးရစားလိုက္မိသည္။
ခနအၾကာတြင္ ထမင္းဝိုင္းမွ အရင္ထကာ အကက်င့္ခန္းထဲ သြားေတာ့မည္ ျဖစ္ေၾကာင္း အသိေပးလာသည့္ ရိေပၚက ယုံခ်န္၏ မဲ့တဲ့တဲ့ ျဖစ္ေနေသာ မ်က္ႏွာအား သတိထားမိပုံ မေပၚ။ ထမင္းစားခန္းထဲမွ ထြက္သြားသည့္ ရိေပၚအား အမူအရာမပ်က္ ႏႈတ္ဆက္လိုက္ၿပီသည့္ေနာက္ အစာအိမ္အတြင္းမွ စူးေအာင့္ေနသည့္ ေဝဒနာေၾကာင့္ ယုံခ်န္၏ နဖူးတြင္ ေခြၽးေစးတို႔ ဆို႔လာရသည္။
အသက္ခပ္ျပင္းျပင္းရႉလို႔ သက္သာလို သက္သာျငား အိမ္အျပင္ဘက္သို႔ ခနထြက္သြာရန္ ဟန္ျပင္လိုက္ပါေသာ္လည္း ႐ုတ္တရက္ လွမ္းဆြဲခံလိုက္သည့္ လက္ေကာက္ဝတ္။
ေရတစ္ခြက္ႏွင့္အတူ ေဆးလုံးေလးတစ္လုံးဟာ မ်က္စိေရွ႕တြင္ အဆင္သင့္ရွိေနသည္။
ကမ္းေပးလာသည့္ အလက္ဂ်စ္ေျပာက္ေဆးအား ေရႏွင့္ ေမ်ာခ်လိဳက္ၿပီးေနာက္ ေဝဒနာ သက္သာမည့္ အခ်ိန္ကို ေခတၱ ေစာင့္ဆိုင္းေနလိုက္သည္။
"ေက်းဇူးပါ အိမ္ေတာ္ထိန္းမင္
ေတာ္ေသးတာေပါ့ ကြၽန္ေတာ္ ပုဇြန္အလက္ဂ်စ္ ရွိတာကို သတိရေပးေနတဲ့သူ တစ္ေယာက္ေတာ့ ရွိေနေသးတာမလို႔"
ရယ္ရယ္ၿပဳံးၿပဳံးျဖင့္ ေျပာလိုက္မိေပမယ့္ တည္တင္းေနေသာ မ်က္ႏွာထားျဖင့္ ယုံခ်န္၏ မ်က္လုံးေတြအားစိုက္ၾကည့္လာေသာ အိမ္ေတာ္ထိန္းႀကီးေၾကာင့္ ယုံခ်န္ မလုံမလဲစြာ မ်က္လႊာအား အသာခ်ထားလိုက္မိသည္။
မာေၾကာလွသည့္ မ်က္ႏွာတြင္ စိုးရိမ္သည့္ အရိပ္မေယာင္မ်ိဳး တစ္စြန္းတစ္ဆေတာင္ စြန္းေပမေနမွန္း သိသိရက္ရက္ျဖင့္ ေမးမိသည့္ မိမိကိုယ္တိုင္၏ အျပစ္သာ။
ရွည္လ်ားေသာ သက္ျပင္းခ်သံတစ္ခုနဲ႕အတူ ေဝးကြားသြားေသာ ကိုယ္သင္းနံ႕အရ ယုံခ်န္ဟာ ေက်ခိဳင္းျခင္းကို ထပ္မံ ႀကဳံေတြ႕ရျပန္ၿပီ ထင္ပါရဲ႕။
အခန္းနားသို႔ တိုးကပ္သြားေလ အနည္းငယ္လွစ္ဟ ထားေသာ တံခါးဆီမွာ စည္းခ်က္က်က် တိုင္ပင္ေခၚသံက က်ယ္ေလာင္လာေလ ျဖစ္သည္။
ႏႈတ္ဖ်ားမွ ကိုယ္တိုင္ တိုင္ပင္ေခၚရင္း သံစဥ္မဲ့ ကေနသည့္ ရိေပၚ၏ သြယ္လ်လ် ခႏၱာကိုယ္က မိုးမခပင္အလား ေပ်ာ့ေပ်ာင္းလွသည္။
ကိုယ္၌ ေခြၽးမ်ား ႐ႊဲနစ္ဟာ ေမာဟိုက္ေနပါေသာ္လည္း မ်က္ႏွာထက္ ထင္ဟပ္ေနသည့္ ဇာတ္ေကာင္အေပၚနစ္ဝင္မႈမွာေတာ့ ရာႏႈန္းျပည့္။
အခန္းေထာင့္တြင္ အသင့္ရွိေနေသာ cello အား ယုံခ်န္ ယူ၍ ေျဖးညွင္းစြာ တီးခတ္လိုက္သည့္ အခါ ကေနရာမွ ရိေပၚက ရပ္၍ ၾကည့္လာသည္။
ရွည္သြယ္သြယ္ လက္ေခ်ာင္းတို႔ Cello ႀကိဳးတို႔ေပၚတြင္ ေျပးလႊားေနသည္။
Cello bow အား ဆုပ္ကိုင္ထားေသာ လက္ဖ်ံတစ္ေလွ်ာက္တြင္ အေၾကာစိမ္းမ်ား ယွက္သြယ္ေနၿပီး တုန္ခါေနေသာ အဆုံးသတ္ေတးသြားအား ဖန္တီးရန္ လႈပ္ခါလိုက္သည့္ လက္ေခ်ာင္းတို႔မွာ ပင္လယ္ ဇင္ေယာ္တို႔၏ တင့္တယ္လွေသာ ေတာင္ပံတို႔ ရိုက္ခတ္ေနသလို။
မ်က္လုံးတို႔အား မွိတ္ခ်ကာ သံစဥ္ထဲ နစ္ေမ်ာေနပုံက ႏွစ္လိုဖြယ္ေကာင္းလွသည္။
"Swan lake တီးေပးမလား"
သံဇဥ္ႀကီးေပၚ ဖိခတ္ထားသည့္ ယုံခ်န္း၏ လက္ေခ်ာင္းတို႔မွာ ရပ္တန့္သြားရသည္ ။
တစ္ဖန္ျပန္ကဖို႔ အသင့္ျပင္ေနသည့္ ရိေပၚအား အခ်က္ျပ၍ အလြတ္ရေနၿပီသြား swan lake ၏ သံဇဥ္တို႔ဟာ ယုံခ်န္း လက္ဖ်ားမွ ဖန္တီးေသာ ေတးသြားတစ္ပုဒ္ အျဖစ္လြင့္ျပယ္လာေတာ့သည္။
ယုံခ်န္ တီးခတ္ေသာ ေတးသြားႏွင့္ လိုက္ေလ်ာညီေထြစြာ ကခုန္ေနေသာ ရိေပၚအား ေတြ႕ျမင္ခြင့္ရသည္မွာ အဖိုးမျဖတ္နိုင္ေသာ အႏုပညာ တစ္ခု။
သိမ့္ေမြ႕ေသာ ဝမ္။
စိုနင့္ဖြယ္ ဝမ္ ။
လွည့္ဖ်ားတတ္ေသာ ဝမ္ အျဖစ္ Ballerino wang က ကြၽမ္းက်င္ပိုင္နိုင္စြာ ခ်ျပေသာအခါ cello တီးခတ္ေနသာ ယုံခ်န္၏ လက္တို႔မွာ တုန္ယင္လာၿပီး ဂုဏ္ယူဝမ္းေျမာက္မႈေၾကာင့္ မ်က္ရည္တို႔ ဝဲရသည္။
"ေကာ အရင္ကထက္ လက္ရည္ေတြ အမ်ားႀကီး တိုးတတ္လာတယ္ ပညာရွင္တစ္ေယာက္လိုပဲ"
"ရိေပၚကမွ တကယ္အမ်ားႀကီး ေတာ္တာ။ကိုယ္တိုင္ ေရကန္ဆီ ေရာက္သြားတယ္လို႔ေတာင္ ထင္ရတယ္"
ယုံခ်န္ရဲ႕ ခ်ီးက်ဴးစကားကို ရိေပၚက ေခါင္းတဆက္ဆက္ ၿငိမ့္ျပ႐ုံျဖင့္သာ တုံ႕ျပန္သည္။
"သြားရေတာ့မယ္ ။ေနာက္က်ေနၿပီ"
ရိုးရွင္းေသာ ႏႈတ္ဆက္သံေလးမွာ ယုံခ်န္ဟာ လမ္းဖယ္ေပးႏွင့္ၿပီးသား။
ဦးေလးဝမ္ ဆုံးပါးၿပီးေနာက္ ေအးစက္သထက္ေအးစက္လာ သည့္ ရိေပၚေၾကာင့္ ယုံခ်န္ စိတ္မေကာင္းျဖစ္ရသည္။
အထီးက်န္ဆန္လြန္းလွသည့္ ထိုကေလးငယ္အား အရာအားလုံးဆီမွ ဆြဲထုတ္လို႔ ေျပးထြက္သြားခ်င္ေပမယ့္ ရိေပၚဟာ သူ၏ ကမ္းလက္ကို အသိအမွတ္ျပဳေလာက္သည္ထိ အေရးမပါမွန္း သူကိုယ္တိုင္သာ သိပါသည္။
ခ်စ္ရသူကို ကာကြယ္ဖို႔ လူတိုင္းဟာ မိုက္႐ူးရဲဆန္တတ္ၾကပါသည္။ သို႔ေပမယ့္ ခ်စ္ရသူ၏ ကမၻာႀကီးဟာ တျခားတစ္ေယာက္ ျဖစ္ေနသည့္အခါ လုပ္သမွ် အရာမထင္ေတာ့ပါ။
~~~~~~~~~~~~~~~~~~
တံခါးမေခါက္ဘာမေခါက္ျဖင့္ ဆိုင္းမဆင့္ ဗုံ မဆင့္ ႐ုံးခန္းထဲသို႔ ဝင္လာသည့္ က်န္းခ်န္ေၾကာင့္ ေရွာင္းက်န့္ ၾကည့္လက္စ ဗီဒီယို ဖိုင္မွ အျမန္ထြက္လို႔ အနားတြင္ အသင့္ခ်ထားသည့္ ဝတၳဳစာအုပ္အား ေကာကိုင္လိုက္သည္။
"ေရွာင္းက်န့္ မင္းတကယ္ပဲ စာေပစြဲလမ္းသူလား ။
ဒီလို အခ်ိန္မွာ ဘယ္လို လုပ္ ဝတၳဳဖတ္ေနနိုင္တာလဲ"
က်န္ခ်န္းဟာ ေရွ႕ေန႕တစ္ေယာက္ ပီသစြာ စိတ္တိုလြယ္သူ၊ အလြန္ ပြစိပြစိ ေျပာတတ္သူျဖစ္သည္။
မိဘ လက္ငုပ္လက္ရင္း ရွိသည့္ က်န္းခ်န္ဟာ ကိုယ္ပိုင္ အမႈေဆာင္႐ုံးဖြင့္ၿပီး သူငယ္ခ်င္း အရင္းႀကီးျဖစ္သူ ေရွာင္းက်န့္အား ေနရာတစ္ခုေပးထားသည္။
သို႔ေပမယ့္ သမာသမတ္ က်လြန္းသည့္ ေရွ႕ေနေရွာင္းသည္ အရည္အခ်င္းရွိလွေပမယ့္ လူခ်မ္းသာတို႔၏ အႀကိဳက္မဟုတ္။
ျပႆနာက ေျဖာင့္မတ္လြန္းျခင္းပင္ ျဖစ္ေပလိမ့္မည္။
ေငြမ်ားမ်ား ျဖင့္ဖုံးမည့္ အမႈမ်ားအား မလိုက္ရေတာ့ ရသည့္ေငြျဖင့္ မနည္းရပ္တည္ေနရသည့္ က်န္းခ်န္ပ အၿမဲလိုလိုညည္းၫူေနေတာ့သည္။
"ေရွာင္းက်န့္ ငါတို႔ေတြ ထမင္းစားရအုံးမယ္ေလ။ ဒီ ဒီ ပါးစပ္ႀကီး ရွိေနေတာ့ ထမင္းစားရအုံးမယ္လို႔"
သူ႕ပါးစပ္အား တျဖတ္ျဖတ္ရိုက္ကာ ေျပာဆိုေနသည့္ က်န္းခ်န္ေၾကာင့္ ေရွာင္းက်န့္က အားရပါးရရယ္သည္။
"ငါလည္း အလုပ္လုပ္ေနပါတယ္ကြ။ ေစာနက ခနေလးပဲ မင္းနဲ႕တည့္တည့္တိုးသြားတာ။"
မယုံသကၤာ ၾကည့္ေနသည့္ က်န္းခ်န္အား ေမးအသာ ဆက္ျပလိုက္ေတာ့ က်န္းခ်န္က သူ၏ စကားကို ဆက္သည္။
"မင္းရဲ႕ ငန္းေပါက္ အမႈအတြက္ မနက္ျဖန္ court တတ္မယ္ ။
စာထြက္လာၿပီး
'မင္းရဲ႕ ငန္းေပါက္' ဆိုသည့္ နာမ္စားေၾကာင့္ ေရွာင္းက်န့္၏ လည္ပင္း မီးပြင့္သည့္ အထိ ပြတ္လို႔ ရွက္ရမ္းရမ္းျပသည္။
ႏွစ္ရွည္ အေၾကာင္းေတြ သိလာသည့္ က်န္းခ်န္ဆိုသည့္ ေကာင္ကေတာ့ သူ႕စကားသူ ဂုဏ္ဆာေနေသာ ႐ုပ္ျဖင့္။
"အင္း ငါအမႈအတြက္ လိုအပ္တာေတြ ဒီေန႕သြားေပးလိုက္မယ္"
ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ ထြက္သြားဟန္ ျပန္ၿပီးကာမွ ျပန္ေရာက္လာၿပီး ေရွာင္းက်န့္ လက္ထဲက စာအုပ္ထံ မ်က္စိေရာက္သြားသည့္ က်န္းခ်န္က အေတြးေပါက္စြာ
"စကားမစပ္ မင္းဝတၳဳဖတ္တိုင္း ဒီတစ္အုပ္ပဲ အၿမဲ ဖတ္ေနေတာ ေတာ္ေတာ္စိတ္ဝင္းစားဖို႔ ေကာင္းလို႔လား ျပၾကည့္စမ္း"
လက္ထဲက စာအုပ္အား ဆြဲယူလိုက္သည့္ က်န္းခ်န္ေၾကာင့္ ထိတ္လန့္စြာ က်န္းခ်န္အား တြန္းထုတ္မိသြားသည္။
ေၾကာင္အသြားသည့္ က်န္းခ်န္က ေရွာင္းက်န့္အား ဘာမွ မေျပာနိုင္ေသးပဲ ေငးၾကည့္ေနသည္။
"ေဆာရီး က်န္းခ်န္ ဒါ ေယာင္းရဲ႕ စာအုပ္မလို႔ ငါ ဆက္ဆက္ထိမခံ
နိုင္သလို ျဖစ္သြားတယ္"
ထိုအခါ က်န္းခ်န္က စိတ္မေကာင္းသြားဟန္ျဖင့္ ေတာင္းပန္စကား သူ႕ဘက္ကသာ ဆိုလာခဲ့သည္။
ထို႔ေနာက္ ထိုအေၾကာင္းတို႔ႏွင့္ ပတ္သက္၍ အားလုံးနားလည္သေဘာေပါက္ႏွင့္ၿပီး ျဖစ္သည့္ က်န္းခ်န္က ဘာမွ မျဖစ္ေၾကာင္းေျပာကာ ႏွစ္သိမ့္ေပးခဲ့သည္။
ေရွ႕မွ ဝန္ထမ္းမေလး၏ လမ္းျပမႈျဖင့္ ေရွာင္းက်န့္ ရိေပၚ အကေလ့က်င့္ေနေသာ အခန္းသို႔ ေရာက္ရွိလာသည္။
ခန္းလုံးကြၽတ္မွာ ဘဲေလးဂါဝန္ကို ဝတ္ဆင္ထားၾကေသာ မိန္းမလွေလးမ်ား ျဖစ္ၾကသလို ေယာက္်ားေလးဆိုလို႔ ရိေပၚ တစ္ေယာက္တည္းသာ ။
အကတိုက္ေနပုံရသည့္ ထိုလူစုအတြင္း တစ္ခါတစ္ရံ ရိေပၚ၏ ေအာ္ဟစ္ေငါက္ငမ္း သံတို႔ဟာ ဟိန္းထြက္လာသည္။
အကအေပၚကိုသာ စိတ္ဝင္စားေနသည့္ ထိုေကာင္ေလးဟာ ေရွာင္းက်န့္ အခန္းထဲ ေရာက္ေနသည္ကိုေတာင္ သတိမထားမိတာမလို႔ ေရွာင္းက်န့္လဲ အသိမေပးပဲ ၿပီးတယ့္အထိ ေစာင့္ေနရန္သာ ဆုံးျဖတ္လိုက္သည္။
"မင္းစိတ္ထဲက evilကို ဆြဲထုတ္လိုက္ပါ ။မင္းက သူရဲ႕ ၿငိဳ႕ျငင္ျခင္းကို ခံလိုက္ရၿပီ မင္း အခုခ်ိန္က စၿပီး black swan ပဲ"
ဆရာဝမ္ရဲ႕ တင္းက်ပ္စြာ လမ္းၫႊန္ျပမႈေတြမွာ ေကာင္မေလးက ငိုမဲ့မဲ့။
"လုခ်ီ တျခားဘယ္သူ႕ကိုမွ ဂ႐ုမစိုက္နဲ႕ မင္းက တစ္ေလာကလုံးကို လွည့္စားမယ့္ Odile ပဲ"
ေလထဲတြင္ ခ်ာခ်ာလည္ေအာင္ လွည့္ေနသည့္ ေကာင္မေလးက မၾကာခင္တြင္ လဲက်ေတာ့မယ္ ျဖစ္ေၾကာင္း သိသာေနသည္။
ဆရာဝမ္၏ မ်က္ႏွာမွာလဲ မဲေမွာင္သထက္ ေမွာင္လာရေတာ့သည္။
"လုခ်ီ မင္းရဲ႕ အာ႐ုံေတြကို စူးစိုက္ထားေပးလို႔မရဘူးလား။ မင္းကိုယ္မင္း လွည့္စားရမွာ မဟုတ္ဘူး တစ္ေလာကလုံးကို လွည့္စားရမွာပါ။
Prince Siegfried ကို လွည့္စားရမယ္။
Odette ကို လွည့္စားရမယ္ သူႏွစ္ေယာက္ေပါင္းဖက္လို႔ မရတဲ့ အထိ လွည္စားရမွာ"
ရိေပၚရဲ႕ အဖ်ားခတ္ေနတဲ့ အသံေတြသည္ဟာ ေဒါသေၾကာင့္ တုန္ရီေနသည္လား ေမာဟိုက္မႈေၾကာင့္ အနိမ့္အျမင့္ အမွန္သည္လား မသဲကြဲ။
Swan queen လို႔ ထင္ရသည့္ ေကာင္မေလးဟာ ေခါင္ကို အတြင္တြင္ ငုံ႕ထားသည္။
ၾကမ္းျပင္ထဲ ေခါင္းဝင္မတတ္ ငုံ႕ထားသည့္ ထိုေကာင္မေလးအား ေမးဖ်ားကေနပင့္ကိုင္လို႔ မ်က္ႏွာနားနီးကပ္သြားသည့္ ရိေပၚေၾကာင့္ ေကာင္မေလး အခ်ိဳ႕မွာ အာေမဋိတ္အခ်ိဳ႕မ်ား ထြက္က်လာသလို နံရံကို မွီထားသည့္ ေရွာင္းက်န့္မွာလည္း ဆန့္ကနဲ႕။
မ်က္ႏွာႏွစ္ခု နီးကပ္လာေလေလ ျပဴးျပဴးျပာျပာ ျဖစ္ေနသည့္ ေရွာင္က်န့္မွာ အိႏၵျေမဆယ္နိုင္။
"ငါ့မ်က္လုံးကို ၾကည့္"
ႏွာတစ္ဖ်ားစာေလာက္အကြာမွာ ရွိေနတဲ့ ရိေပၚက ထိုေကာင္မေလးအား သူ၏ မ်က္လုံးတည့္တည့္ကိုၾကည့္ ခိုင္းသည္။
"ေသြးေဆာင္လိုက္ ဖ်ားေယာင္းလိုက္ လွည့္စားလိုက္ မင္းက black swan ပဲ prince က မင္းရဲ႕ အပိုင္ပဲ ျဖစ္လာေစရမယ္"
ခံစားခ်က္မ်ား အသက္ဝင္လာသည့္ လုခ်ီက အမူအရာက အစေျပာင္းလဲ သြားသည္။
စူးရွေသာ အၾကည့္တို႔ျဖင့္ ရိေပၚအား စူးစိုက္ၾကည့္ေနသည္။
သို႔ေသာ္ မၾကာခင္မွာပဲ အရာအားလုံးဟာ သဲထဲေရသြန္ျဖစ္သြားရေတာ့သည္။
ေရွာင္းက်န့္ အားပါပါျဖင့္ ၾကမ္းျပင္ေပၚသို႔ ပစ္ခ်လိဳက္ေသာ ဖိုင္ဟာ က်ယ္ေလာင္ေသာ အသံတစ္ခုေပး၍ အားလုံးအား လန့္သြားေစသည္။
လန့္သြားကာ တကြဲတျပားစီ ျဖစ္သြားၾကေတာ့ ကိုယ္ႏွစ္ခုေၾကာင့္ ေရွာင္းက်န့္ ေက်နပ္ၿပဳံးႀကီးကို မဖုံးမဖိနိုင္။
သူ႕လက္ခ်က္မွန္း သိသြားသည့္ ရိေပၚက သူ႕အား မ်က္ေမွာင္ကုပ္လို႔ ၾကည့္လာသည္။
"ဘာလာလုပ္တာလဲ ေရွာင္းက်န့္"
ေဘာက္ဆက္ဆက္ အေမးမွာ ၾကမ္းျပင္ေပၚရွိ ဖိုင္ကို ေကာက္လို႔ ရိေပၚျမင္သာေအာင္ ေထာင္ျပလိုက္သည္။
ေရွာင္းက်န့္နားသို႔ လွ်င္ျမန္စြာ ေရာက္လာသည့္ ရိေပၚက ဖိုင္ကို ယူလို႔ ဖတ္ၾကည့္ေနသည္။
ေရွာင္းက်န့္တို႔ ႏွစ္ေယာက္အား အကဲခတ္သလို ၾကည့္ေနသည့္ ေစာနက ေကာင္မေလးအား ေရွာင္းက်န့္ မ်က္ေစာင္းေတြ ပစ္ထိုးလိုက္ၿပီး စိတ္ထဲမွလဲ တိုးတိုးတိတ္တိတ္ က်ိန္ဆဲလိုက္မိသည္။
'သူကမ်ား ျဖားေယာင္မယ္။ေသြးေဆာင္ဦးမယ္တဲ့။
ဒီငန္းမကေတာ့'
အလကားေန မ်က္ေစာင္းထိုးခံလိုက္ရသည့္ လုခ်ီမွာ မကနိုင္လို႔ စိတ္ဆင္းရဲရသည့္ အျပင္ ႏွစ္ဆတိုးသြားရေတာ့သည္။
ဆြဲခ်က္တို႔အား ဖတ္ေနရင္း ရိေပၚ၏ မ်က္ေတာင္တို႔မွာ တြန့္ခ်ိဳးလာသည္။
မ်ားျပားလြန္းလွသည့္ ဆြဲခ်က္ေတြေၾကာင့္ရိေပၚ အျပင္ပိုင္းတြင္ မ်က္ႏွာေၾကာအား တင္းထားေပမယ့္ စိတ္ထဲတြင္ေတာ့ နယ္လြန္ေသာ အေတြးတို႔ျဖင့္ ေၾကာက္႐ြံ႕လာမိသည္။
အသက္ႏွင့္အမွ် မက္ေမာရေသာ Onsra အား မပိုင္ဆိုင္ရမည္ကို ေတြးရင္း တုန္လႈပ္လာသည္။
"ဘာမွ မျဖစ္ဘူး အဆင္ေျပသြားလိမ့္မယ္"
ေဘးလူတစ္ေယာက္ရဲ႕ လွ်ာဖ်ားေလးလႈပ္႐ုံ အားေပးစကားဟာ
ထိေရာက္မႈ မရွိဘူးဟု ဘဝတစ္ေလွ်ာက္လုံး သင္ၾကားခဲ့ဖူးေပမယ့္ မိမိေဘးရွိထိုလူ၏ ဝါက်စဳေလးတြင္ေတာ့ ရိေပၚဟာ စိတ္လုံၿခဳံရာ ရခဲ့သည္။
ထိုလူဟာ မိမိ အတြက္ ရင္ဆိုင္တိုက္ခိုက္ေပးလိမ့္မည္ဟူေသာ အေတြးနဲ႕ပင္ ၾကည္ႏူးမႈ တရိပ္ရိပ္။
"တစ္ခုခုလြဲေခ်ာ္သြားခဲ့ရင္ Onsra ကို ဆုံးရႈံးသြားမယ္ ထင္တယ္"
ရိေပၚရဲ႕ ေပါင္ေပၚက လက္တစ္ဖက္ကို ေရွာင္းက်န့္က အုပ္မိုးလို႔ ကိုင္လာေပမယ့္ ထူးျခားစြာ ရိေပၚ မ႐ုန္းမိ။
"ကိုယ္ရေအာင္ ယူေပးပါ့မယ္။ Onsra ဟာ မင္း အပိုင္ျဖစ္ေစရပါ့မယ္"
ေလာဘေတြ အဆုံးသတ္တဲ့ ေန႕ရက္ေတြ ေရာက္လာတဲ့အခါ
ခ်စ္ျခင္းတရားေတြကို စလို႔ ရွာေဖြၾကည့္ပါ့မယ္။
ေမတၱာထုံးလႊမ္းမႈ မလုံေလာက္စြာ ႀကီးျပင္းလာခဲ့ရတယ့္ ဝမ္ရိေပၚဟာ ခ်စ္တတ္လာဖို႔ နည္းလမ္းအား မသင္ၾကားခဲ့ဖူးေပ။
သူဟာ အစစ္အမွန္ ဆိုသည့္ အရာျဖစ္လာဖို႔ မူလ ဝမ္ရိေပၚအား ႀကိဳးစားဖ်က္စီးပစ္ရမည္ဆိုသည့္ အသိျဖင့္သာ ဘဝ တစ္ေလွ်ာက္လုံး ရွင္သန္ခဲ့ရသည္ ။
"ကြၽန္ေတာ္ေၾကာက္တယ္။
အဲ့လိုနဲ႕ အားလုံးဆုံးရႈံးသြားရမွာကို ေၾကာက္တယ္"
ခင္မ်ားထိခိုက္သြားမွာ ေၾကာက္ရသလို
ခင္မ်ားဟာ တျခားလူေတြနည္းတူ ကြၽန္ေတာ္ေပ်ာက္ကြယ္သြားဖို႔ ဆႏၵရွိသူ ျဖစ္ေနမွာလဲ ေၾကာက္ရပါတယ္။
နီးကပ္ေပးလာသည့္ ပုခုံးတစ္ဖက္ေပၚတြင္ ေခါင္းအသာမွီလို႔ ႏူးညံ့စြာ လွဲေလ်ာင္းလိုက္သည္။
ဒါဟာ ဒုတိယ အႀကိမ္ေျမာက္ ေရွာင္းက်န့္ေရွ႕တြင္ အေၾကာက္တရားတို႔အား ဖြင့္ဟမိျခင္း ျဖစ္သလို မိမိကိုယ္တိုင္ လွစ္ဟ ျပလိုက္မိေသာ အားနည္းသည့္ တစ္ဖက္ျခမ္းအတြက္
မိမိ၏ လ်ိဴ႕ဝွက္ခ်က္တစ္ခု အတြက္ ေရွာင္းေက်ာင္း၏ ျမတ္နိုးရၱခုဟူေသာ အေလ်ာ္အစား စည္းမ်ဥ္းအား ေမ့ေလ်ာ့ေနခဲ့သည္။
ကုမၸဏီမွ အိမ္ျပန္ခါနီး သည္းထန္စြာ ႐ြာခ်သည့္ မိုးေၾကာင့္ အိမ္ေတာ္ထိန္းႀကီးက ထီးေျပးသြားယူသည္။
အားျပင္းစြာ ႐ြာသြန္းေနသည့္ မိုးစက္တို႔အား ၾကည့္ရင္း မိုးရည္ထဲတြင္ မလႈပ္မယွက္ ရပ္ေနေသာ အမ်ိဳးသမီး တစ္ေယာက္က သူ၏ အာ႐ုံအား ဖမ္းစားသြားသည္။
ထိုအမ်ိဳးသမီးဟာ လက္ထဲတြင္ ဆိုင္းဘုတ္တစ္ခုအား က်စ္က်စ္ပါေအာင္ကိုင္ထားၿပီး အာ႐ုံစိုက္မႈ တစ္စုံတစ္ရာအား ရလိုဟန္။
ရိေပၚတို႔ ကုမၸဏီထဲတြင္ ရပ္ေနတာေၾကာင့္ ရိေပၚတို႔ ကုမၸဏီႏွင့္ ဆက္စပ္ေနမည့္ တစ္ခုခုဟု ေတြးမိရင္း မိုး႐ြားထဲ ေျပးဆင္းသြားလိုက္မိသည္။
သို႔ေပမယ့္ ထို အမ်ိဳးသမီး မ်က္ႏွာအား ျမင္ရခါနီး တစ္ခန။
လက္ထဲက ဆိုင္းဘုတ္အား ေတြ႕လိုက္ရခါနီး တစ္ခန မ်က္လုံးေရွ႕လာကြယ္ေသာ ထီးတစ္လက္ႏွင့္အတူ အထိန္းေတာ္ႀကီး၏ မိုးေရထဲ ေျပးထြက္လို႔ မခ်ိတင္ကဲ ေရ႐ြတ္သံတို႔ႏွင့္အတူ ရိေပၚဟာ ကားေပၚသို႔ အတင္းအက်ပ္ ဆြဲေခၚခံခဲ့ရသည္။
"လြတ္ပါ ။ ကားခန ရပ္ေပး ခုနက အမ်ိဳးသမီး"
" အလုပ္ထုတ္ခံလိုက္ရလို႔ ဆႏၵျပေနတဲ့ သူပါ။
စိုးရိမ္စရာ မလိုပါဘူး မနက္ျဖန္ဆို သူမ လာမွာ မဟုတ္ေတာ့ပါဘူး"
အိမ္ေတာ္ထိန္းႀကီးက လက္ဦးမႈ ယူက ရွင္းျပလာသည္မလို႔ ရိေပၚလက္သင့္မခံခ်င္ေပမယ့္ ၿငိမ္ေနလိုက္သည္။
ကားမွန္မွ တစ္ဆင့္ လွမ္းၾကည့္လိုက္ေပမယ့္ သည္းလွသည့္မိုးေၾကာင့္ သဲကြဲစြာ မျမင္ရေပ။
ခနအၾကာတြင္ လုံၿခဳံေရး ဝန္ထမ္းအခ်ိဴ႕ သူမအား တ႐ြတ္တိုက္ဆြဲေခၚသြားခဲ့ၿပီး သူမဟာ နာမ တစ္ခုကို အတန္တန္ေအာ္ဟစ္လို႔ ငိုေႂကြးေနခဲ့သည္။
"ယန္း ေမ့သမီးေလး ယန္းေရ
ယန္းကို ရွာေပးၾကပါ။"
~~~~~~~~~~~~~~~~~~
ရွည္ၾကာလြန္းလွသည့္ အိမ္မက္ဆိုးတစ္ခု မက္ေနသလို သူမဟာ
ဆက္ခနဲ လန့္နိုးလာသည္။
ယန္း သူမဟာ သူမ တစ္ခါမွ မေရာက္ဖူးသည္ျ ေနရာစိမ္းတစ္ခုမွာ။
သူမ၏ လက္မ်ားဟာ ေနာက္ျပန္ႀကိဳးတုပ္ခံထားရၿပီး ေျခေထာက္မ်ားဟာ ပူးတြဲခ်ည္ႏွောင္ထားခံရသည္။
ေမွာင္မဲေသာ ဤ အခန္းအတြင္း ျမင္ကြင္းတို႔ဟာ မရွင္းမလင္းျဖင့္။
ဒီေန႕ဟာ သူမေမ့ေမ်ာေနေသာ ဘယ္ႏွရက္ေျမာက္ေန႕၊
သူမ ထိုလ်ိဳ႕ဝွက္ခန္းအား ေတြ႕ရွိၿပီးေနာက္ ေပ်ာက္ဆုံးသြားသည့္ ဘယ္ႏွရက္ေျမာက္ေန႕မွန္း မမွတ္မိေတာ့ပါ။
ေအာက္သိုးသိုး အနံ႕မ်ားဟာ တစ္ခန္းလုံးျပည့္ႏွက္ေနၿပီး သူမ သတိေမ့ေမ်ာေနစဥ္အတြင္း ဘယ္မွ်ေတာင္ ရႉရွိုက္မိသည္မသိ၊
သူမ၏ ဝမ္းဗိုက္တစ္ခုလုံး ထိုအနံ႕တို႔ျဖင့္ ျပည့္ႏွက္ေနသလို ခံစားရသည္။
သူမသည္ လက္က်န္ ခြန္အားတို႔ျဖင့္ အကူအညီအတြက္ ေအာ္ဟစ္မိေသာ အခါ အဆုတ္တို႔ဟာ ကိုယ္တြင္း အစိတ္အပိုင္းတို႔မွ ကြာက်လာသလို ခံစားရၿပီး ပါးစပ္မွ ေသြးတို႔ ယိုစီးက်လာသည္။
ေမ်ာ့ေတာ့ေတာ့သာ က်န္ခဲ့ေသာ သူမသည္ ေနာက္ဆုံးေသာ လက္က်န္အားျဖင့္ ခုံအားလဲခ်လိဳက္ရာ နာက်င္မႈနဲ႕အတူ အသိစ္တ္တို႔ဟာ ေမွာင္မဲျခင္းသို႔ တစ္ဖန္။
ယုံခ်န္ ထမင္းစားခန္းထဲမွ အေအးတစ္ခြက္ယူကာ ျပန္ထြက္မည္အလုပ္ ပစၥည္းတစ္ခုခု ျပဳတ္က်သံ ၾကားလိုက္ရတာေၾကာင့္ အနားတဝိုက္ စူးစမ္းသလို ၾကည့္လိုက္မိသည္။
လိုက္လံလို႔ စစ္ေဆးၾကည့္ေပမယ့္ ေထြေထြထူးထူး ဘာမွ မေတြ႕ရသည့္ အခါ တစ္ဖန္ျပန္လွည့္လို႔ ထြက္သြားဖို႔ ျပင္လိုက္သည္။
သို႔ေပမယ့္ သူ၏ အာ႐ုံတို႔မွာ ထမင္းစားခန္း အေနာက္ဘက္ရွိ အခန္းငယ္တစ္ခု။
ေျဖးညွင္းစြာ အနားသို႔တိုးကပ္သြားေလေလ ပိတ္ေလွာင္ထားသည့္ ေသာ့ခေလာက္မွာ ထင္ရွားလာေလျဖစ္သည္။
အနည္းငယ္ အားထည့္၍ စစ္ေဆးၾကည့္ေပမယ့္ ႀကီးမားသဘ္ျ ေသာ့ခေလာက္ေၾကာင့္ အရာမယြင္း။
စူးစမ္းလိုစိတ္မွာ ေရဆူမွတ္သို႔ ေရာက္သြားခဲ့ၿပီမလို႔ မီးဖိုေခ်ာင္မွ ခြၽန္ျမေသာ အရာတစ္ခုယူၿပီး ေသာ့ဖ်က္ရန္ဆုံးျဖတ္လိုက္သည္။
ေသာ့ခေလာက္ အတြင္း ဓါးခြၽန္ျဖင့္ အႀကိမ္ႀကိမ္အခါခါ ထိုးကေလာ္ၾကည့္ေပမယ့္ အရည္အေသြးေကာင္းသည့္ ေသာ့ဟာ ေတာ္ေတာ္ႏွင့္မပ်က္။
ေခြၽးတို႔ဟာ နားထင္မွ စိီးက်လာသည္။
စိတ္လႈပ္ရွားမႈေၾကာင့္ ေသာ့ဖ်က္ေနသည့္ လက္တို႔ဟာ ေအးစက္လာသည္။
ေနာက္ဆုံး တစ္ေခါက္ ဓါးခြၽန္အား အားထည့္ကာ လွည့္လိုက္ၿပီးသည့္ေနာက္
ေနာက္ဆုံးတြင္ 'ေဂ်ာက္' ဟူေသာ ျမည္သံႏွင့္အတူ တံခါးခ်ပ္ငယ္ဟာ ေခ်ာက္ခ်ားစရာ ေကာင္းစြာ ပြင့္ဟသြားေလေတာ့သည္။
Taste of Tear
ပါးျပင္ေပၚကမ်က္ရည္ေတြဟာ ငန္က်ိေသာ မိုးသားေတြပဲ၊
ဒါေပမယ့္ လက္စားေခ်အၿပီးမွာ ငါ့မ်က္ရည္ေတြက ခ်ိဳၿမိန္တဲ့ ပ်ားရည္အစြန္းအထင္းေတြ ျဖစ္လာခဲ့တယ္။
TBC♡
ဖတ္ရတာ အဆင္ေရာေျပရဲ႕လားဟင္ ေျပာသြားၾကပါဦး:((