ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(...
By Change_7
739K 64.4K 6.6K
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်... More
Intro
အပိုင်း✨🍁(၁)
အပိုင်း✨🍁(၂)
အပိုင်း✨🍁(၃)
Attention please❤️
အပိုင်း✨🍁(၄)
အပိုင်း✨🍁(၅)
အပိုင်း✨🍁(၆)
အပိုင်း✨🍁(၇)
အပိုင်း✨🍁(၈)
အပိုင်း✨🍁(၉)
အပိုင်း✨🍁(၁၀)
အပိုင်း✨🍁(၁၁)
အပိုင်း✨🍁(၁၂)
အပိုင်း✨🍁(၁၃)
အပိုင်း✨🍁(၁၄)
အပိုင်း✨🍁(၁၅)
အပိုင်း✨🍁(၁၆)
အပိုင်း✨🍁(၁၇)
အပိုင်း✨🍁(၁၈)
အပိုင်း✨🍁(၁၉)
အပိုင်း✨🍁(၂၀)
အပိုင်း✨🍁(၂၁)
အပိုင်း✨🍁(၂၂)
အပိုင်း✨🍁(၂၃)
အပိုင်း✨🍁(၂၄)
အပိုင်း✨🍁(၂၄)( Zawgyi)
အပိုင်း✨🍁(၂၅)
အပိုင်း✨🍁(၂၆)
အပိုင်း✨🍁(၂၇)
အပိုင်း✨🍁(၂၈)
အပိုင်း✨🍁(၂၉)
အပိုင်း✨🍁(၃၀)
အပိုင်း✨🍁(၃၁)
အပိုင်း✨🍁(၃၂)
အပိုင်း✨🍁(၃၃)
အပိုင်း✨🍁(၃၄)
အပိုင်း✨🍁(၃၅)
အပိုင်း✨🍁(၃၆)
အပိုင်း✨🍁(၃၇)
အပိုင်း✨🍁(၃၈)
အပိုင်း✨🍁(၃၉)
အပိုင်း✨🍁(၄၀)
အပိုင်း✨🍁(၄၁)
အပိုင်း✨🍁(၄၂)
အပိုင်း✨🍁(၄၃)
အပိုင်း✨🍁(၄၄)
အပိုင်း✨🍁(၄၅)
အပိုင်း✨🍁(၄၆)
အပိုင်း✨🍁(၄၇)
အပိုင်း✨🍁(၄၈)
အပိုင်း✨🍁(၄၉)
အပိုင်း✨🍁(၅၀)
အပိုင်း✨🍁(၅၁)
အပိုင်း✨🍁(၅၂)-(Final)
Extra✨🍁(1)
Extra✨🍁(2)
Special Extra (4)
Extra✨🍁(3)
10.2K 663 37
By Change_7
Unicode
ပယင်းကြိုးသီချစ်သောမောင့်ဆီ
အချပ်ပို✨🍁(၃)
ကမ္ဘာ အခန်းထဲမှာတစ်ယောက်တည်း ကုတင်ပေါ်မှီရင်းဆေးစာအုပ်တစ်အုပ်ဖတ်နေခိုက် မျက်လုံးထောင့်မှမြင်နေရသော အခန်းထဲသို့ ဝင်မလာဘဲ ချောင်းကြည့်နေသူကြောင့် နှုတ်ခမ်းလေးတွေတွန့်ကွေးသွားရသည်။မာန်ကတော့ တကယ်ကိုအသည်းယားစရာလေးပင်။နေ့ခင်းကတည်းက ကိုထူးခြားအောင်နှင့် တိုးတိုး တိုးတိုး တိုင်ပင်နေသည့် အကြောင်းအရာကို သူအကုန်သိပြီးပြီဖြစ်သောကြောင့် မာန်သူ့ကိုဘယ်လိုလာပြောမလဲဆို‌တာ သိချင်၍ သေချာမသိချင်ယောင်ဆောင်နေခြင်းဖြစ်သည်။
သို့သော်လည်းဘာတွေ‌တွေးပူနေသလဲမသိသည့် လူကြီးလေးက သူ့အနားကိုမယောင်မလည်ရောက်ရောက်လာသော်လည်း ဘာစကားမှမပြောဘဲ ပြန်ပြန်ထွက်သွားသောကြောင့် ကမ္ဘာ ထုတ်မေးဖို့ပြင်လိုက်သည်။မာန်တစ်ယောက်ထဲ အတွေးတွေလွန်ပြီး စိုးရိမ်နေမှာမျိုး သူမလိုချင်ပါ။မာန်ဖြစ်ချင်တာ၊လုပ်ချင်တာမှန်သမျှ မာန့်ကိုမထိခိုက်သ၍ သူပိတ်ပင်တားဆီးလိမ့်မည်မဟုတ်ပါ။
ယခုလည်း ကုတင်ဘေးက အံဇွဲထဲမှ ပစ္စည်းရှာသလိုလိုနှင့် သူ့အားမထိတထိကြည့်နေပြန်သည်။စာအုပ်တွေကလွဲလျှင် တခြားပစ္စည်းမရှိသော အံဇွဲထဲမှာ အပြန်ပြန် အလှန်လှန်ရှာနေသော ‌မာန့်ကိုကြည့်ရင်း ကမ္ဘာ မနေနိုင်တော့ဘဲ အသည်းယားလာသောကြောင့် လှမ်းပြောလိုက်သည်။
“မာန် ဘာရှာနေတာလဲ..ဘာလိုချင်လို့လဲ...မောင်ကူရှာပေးရမလား...”
“အဲ..ဟိုဟာလေ...ဖုန်း ! ဟုတ်တယ် ကျွန်တော့်ဖုန်း ဘယ်နားထားလိုက်မိမှန်းမသိလို့...အဲ့ဒါ...”
ဧကလေး မောင် သူ့အား သတိထားမိနေမှန်းမသိသောကြောင့် လန့်သွားပြီး လက်ညှိုးကိုဟိုဒီထိုးရင်း စကားတွေကအစီအစဉ်မကျထွက်သွားသည်။ထူးခြားအောင်လှောင်လည်းလှောင်ချင်စရာပင်။သူကိုယ်တိုင်က မောင်အခြေအနေကိုကြည့်ကာ မောင်စိတ်အနှောင့်အယှက်ဖြစ်မလားတွေးပူနေပြီး မီးပုံပွဲကိစ္စကိုမပြောရဲသည့် မောင်ဦးထိပ်ထားစံလေးဖြစ်နေသည်။ပါးပါးတို့များသိရင် ပါးပါးသားလေးက ဘယ်တုန်းက ဒီလောက်လိမ်မာသွားတာလဲဟု စနောက်‌ကျလိမ့်မည်မှာ သေချာသည်။သူ့ရဲ့မရင့်ကျက်မှု‌တွေကြောင့် မောင် ငြိုငြင်သွားမည်ကိုမလိုလားပါ။ထို့ကြောင့် ဇွတ်အတင်းမပြောချင်ပါ။မောင်က သူသာပြောရင် ဘာမဆိုဖြည့်ဆည်းပေးမည်ဆိုတာ ဧကလေးကောင်းကောင်းသိပါသည်။
“အဟွန်း!!”
ကမ္ဘာ ဖုန်းကိုခါးကြားထိုးထားပြီး ဖုန်းရှာနေသူလေးအားကြည့်၍ အသံထွက်ကာရယ်လိုက်သည်။
“ဟီး...”
ဧကလေး မောင်ရယ်တော့ ဘုမသိဘမသိလိုက်ရယ်လိုက်သည်။
“ဘာလေးလဲကွာ မောင်အသည်းယားလာပြီ...”
ကမ္ဘာပြောရင်း ကိုယ်လုံးလေးအား ဆွဲယူလိုက်ရာ ကုတင်ပေါ်သို့ ထိုင်လျှက်လေးသူ့ရင်ခွင်ထဲရောက်လာသည်။
“ဟီးဟီး..မောင့်ကောင်လေးလေဗျာ..”
ဧကလေးလည်း အခွင့်အရေးကိုကောင်းကောင်းအသုံးချလိုက်ပြီး မောင့်ရင်ခွင်ထဲကိုပိုတိုးဝင်လိုက်သည်။
“အဟွန်း!!..မောင့်ကောင်လေးက ဖုန်းကိုခါးကြားထိုးပြီး ဖုန်းလိုက်ရှာနေတာလားဗျ..”
“အဲ..ဟီး မောင်ကလည်း...”
ထိုအခါမှ ဧကလေး ခါးကြားက ပြူးပြောင်နေသည့်ဖုန်းကိုသတိရသွားကာ စပ်ဖြဲဖြဲရယ်ပြလိုက်ရင်း..
“ကျွန်တော်ကမေ့သွားလို့ပါနော်...”
“ဟုတ်ပါပြီဗျာ...မာန့်ကို မောင်ပြောစရာရှိတယ်...”
သူ့အရိပ်အခြေကိုကြည့်နေသောကောင်လေးကြောင့် ကမ္ဘာ သူ့ဘက်ကပဲပြောဖို့ ဆုံးဖြတ်လိုက်သည်။
“ဟုတ်ပြောလေ မောင်...”
ဧကလေး မောင်ကပြောစရာရှိသည်ဆိုတော့ ရင်ခွင်ထဲမှ ထွက်ကာ သေချာနားထောင်ဖို့ပြင်လိုက်သော်လည်း အလွတ်မပေးဘဲ ဖတ်ထားသောမောင်ကြောင့် ထိုအတိုင်းလေးငြိမ်နေလိုက်ရသည်။
“ဒီ‌တိုင်းလေးပဲနားထောင် မောင်ဖက်ထားချင်လို့..”
“ဟုတ် မောင်...”
“မောင်တို့ မပြန်ခင်လေး တောင်ပေါ်မှာ မီးပုံပွဲလုပ်ကြမလား...”
“ဟင်...”
မောင်က မီးပုံပွဲလုပ်ဖို့ ပြောလာမယ်မထင်ထားသောကြောင့် ဧကလေးအံ့ဩသွားရသည်။မောင်ကထိုသို့မေးလာတော့ ပြောဖို့ရာခက်ခဲနေသည့် သူ့အတွက်‌ ရေကန်အသင့် ကြာအသင့်ဖြစ်သွားသဖြင့် ဧကလေးအရမ်းပျော်သွားသည်။
“မောင်တို့ နေရာအတော်အများလျှောက်လည်ပတ်ပြီးပြီမဟုတ်လားဗျ...မောင့်မွေးရပ်မြေကို တစ်နှစ်တစ်ခါပြန်လာနိုင်ဖို့ဆိုတာ သိပ်မလွယ်ကူဘူး..နောက်ထပ်လျှောက်လည်ဖြစ်ဖို့ဆိုတာကလည်း အခြေအနေပေါ်မူတည်သွားပြီ... အဲ့ဒါကြောင့် ရောက်တုန်းရောက်ခိုက် မောင်တို့ မီးပုံပွဲလေးလုပ်ပြီးမှ ပြန်ကြမလား...မာန်လည်းမီးပုံပွဲလေးလုပ်ချင်တယ်မလား...”
“ကောင်းတာပေါ့ အရမ်းကောင်းတယ် ....မောင့်အစီအစဥ်ကို101%ထောက်ခံတယ်..ကျွန်တော်တို့
မီးပုံပွဲလုပ်ပြီးမှပြန်ကြမယ်လေ....အဟီး..တကယ်တော့ကျွန်တော်လည်းလုပ်ချင်နေတာ မောင့်ကိုမပြောရ‌သေးတာပဲရှိတယ် ...မောင်ကအလိုက်သိလိုက်တာဗျာ..မောင့်ကိုအရမ်းချစ်..ကျွန်တော့်မောင်ကအကောင်းဆုံးပဲ..ဟီးဟီး...”
*ရွှတ်...
ဧကလေး လုပ်ချင်နေသည့်ဆန္ဒလေးက မတောင်းဆိုဘဲပြည့်လာသောကြောင့် အရမ်းကိုပျော်သွားရပြီး မောင့်ရင်ခွင်ထဲပိုတိုးလို့ဝင်ရင်း မေးဖျားလေးကို မော့နမ်းလိုက်ကာ သဘောတကျရယ်နေမိသည်။သူ၏ဆန္ဒများကို မောင့်ဆီ တောင်းဆိုစရာမလိုဘဲ မောင်ကအလိုက်တသိဖြည့်ဆည်းပေးလာသည်ကိုအရမ်းကျေနပ်မိသည်။မောင်က သူ့အရိပ်အခြေကိုအမြဲအရိပ်တကြည့်ကြည့် ကြည့်နေတတ်သူ‌ဖြစ်သောကြောင့် သူ့လိုအပ်သမျှကိုလည်း ထုတ်ပြောစရာမလိုဘဲ မောင်ကသိနေတတ်သည်။အသေးစိတ်လေးကအစ ဂရုတစိုက်ဖြည့်ဆည်းပေးတတ်သည်က သရေခေတ္တရာမှာကတည်းကပင်ဖြစ်သည်။ထို့ကြောင့် မောင့်ကိုပိုင်ဆိုင်ခွင့်ရခြင်းသည် ဧကလေးအတွက် အကောင်းတကာ့အကောင်းဆုံးသော ကံကောင်းမှုပင်ဖြစ်သည်။
“အဟွန်း!!အသည်းယားစရာလေး..”
ကမ္ဘာ သဘောတကျရယ်ရင်း သူဖြစ်ချင်သည့်ဆန္ဒများဖြစ်ရသောကြောင့် ပျော်နေသည့် ရင်ခွင်ထဲကချွဲနေသောမာန့်၏အညိုရောင်ဆံပင်ကောက်ကောက်လေးများကိုငုံ့နမ်းလိုက်သည်။စိတ်ခံစားမှုမှန်သမျှကိုကလေးငယ်လေးများလို ပွင့်ပွင့်လင်းလင်းချပြပေးသော သူ၏မာန်သည် အဖြူစင်ဆုံးသော ဖြစ်တည်မှုလေးဖြစ်သည်။ဝမ်းနည်းနေရင်ဝမ်းနည်းကြောင်း၊စိတ်ဆိုးနေရင်စိတ်ဆိုးကြောင်း၊ပျော်နေရင်ပျော်နေကြောင်း ထုတ်ပြဖို့ဝန်မလေးတတ်သလို ချစ်တယ်ပြောဖို့လည်းတွန့်ဆုတ်မနေသည့် မာန့်ကို ကမ္ဘာအသက်ထက်ပိုချစ်မြတ်နိုးရသည်။
*********
“ဧက ငါတို့ တောင်ပေါ်အိပ်မှာမလား Tentယူခဲ့မှာလား...တောင်ပေါ်မှာတဲခိုခန်းတွေဘာညာရှိလား...”
ထူးခြား အဝတ်ထူထူတစ်ချို့နှင့်သိုးမွှေးလည်ပတ်ကို ကျောပိုးအိတ်ထဲ ထိုးသိပ်ထည့်ရင်း ဧ‌ကလေးကိုကျောပေးထားကာမေးလိုက်သည်။
“မောင်ပြောတာတော့ အများစုက Tentတွေသုံးကြတယ်တဲ့..တောင်ခြေမှာတော့ တဲခိုခန်းဘာညာရှိချင်ရှိမှာပေါ့ ..မသိဘူး ဦးစောဖလုံက လိုအပ်တာအကုန်စီစဉ်ပေးမယ်ပြောတယ်.. မင်းသာ အဝတ်အစားတွေမမေ့ခဲ့နဲ့ တောင်ပေါ်မှာအရမ်းအေးတယ် တော်ကြာ လေဖြတ်နေလို့ ‌ဗညားကိုကိုလုပ်‌စာထိုင်စားနေရမယ်...”
“ဒီလဒကတော့ မင်း စကားကိုကောင်းကောင်းမွန်မွန်ပြောလို့မရဘူးလား..ဘာလဲ ငါ့အဆဲကိုမှမခံရရင် နေမထိထိုင်မသာဖြစ်နေလို့လား..အဲ့လောက်ထိဖြစ်နေရင်လည်း နေ့တိုင်း အလကားဆဲပေးမယ်... အပင်ပန်းခံပြီး အဆဲတောင်းမနေနဲ့...”
ထူးခြားလည်း မျက်နှာတည်ဖြင့် ဧကကို စနောက်ပြီး ပြန်ပြောလိုက်သည်။သို့သော် သူ့စကားကို အထင်လွဲပြီး ဧက‌စိတ်ကောက်သွားမည်လို့တော့ထင်မထားခဲ့။သူလည်းနည်းနည်းလွန်သွား၏။
“သေလေ..စေတနာနဲ့လည်း ငါကပြောရသေးတယ်..မင်းဘာသာလေဖြတ်ရုံမကလို့ အကျောပဲသေသေ မပြောတော့ဘူး..အလကား စေတနာနဲ့မတန်တဲ့ကောင်...ဘောပဲ..”
ဧကလေး ပြောချင်ရာပြောပြီး ထူးခြားနေတဲ့အခန်းမှထွက်လာလိုက်သည်။စခင်ပြီဆိုကတည်းက ဒီလိုပဲပြောဆိုနေတာကို အခုမှဘာတွေနာနေမှန်းမသိသည့် ထူးခြားအောင်ကို ဧကလေး စိတ်ဆိုးပါသည်။ကိုယ်က သူလေဖြတ်မည်စိုးလို့စေတနာနှင့်သတိပေးသည်ကို အခုလိုအပြောခံရသဖြင့် ဧကလေး ထူးခြားအောင်ကို စိတ်မကြည်တော့ ။ထို့ကြောင့် သူတို့အတွက်ပြင်ဆင်နေသည့် ဦးစောဖလုံရှိရာဆီပဲသွားလိုက်သည်။
“ဟာ ဟေ့ကောင် ငါကစတာလေ...ဧက ဟျောင့် ‌ဧက...”
ထူးခြား အတည်ကြီးစိတ်ဆိုးသွားပုံရသော ဧကကြောင့် လုပ်လက်စတွေအမြန်လက်စသတ်ကာ နောက်မှလိုက်ရတော့သည်။မင်းမြတ်ဧကဦးမာန်တို့ တကယ်စိတ်ဆိုးရင် ကြောက်ဖို့ကောင်းသည်ဖြစ်၍ စိုးရိမ်ရေမှတ်မရောက်ခင် ပြန်ချော့ရမည်။
*******
“ကမ္ဘာ မင်း မင်းမြတ်တို့ကို တောင်ပေါ်တကယ်လိုက်ပို့မှာလား...တောင်ပေါ်မှာလူရှုပ်တယ်နော်..အခုလိုချိန်စည်းလွတ်ဝါးလွတ်ပျော်ကြမယ့်သူတွေများတယ်...ရန်ပွဲတွေဘာတွေဖြစ်လာရင်မကောင်းဘူး..အကိုလည်းဟိုမှာနေတာကြာပြီဆိုတော့ အခုလိုပွဲတွေနဲ့ဝေးနေတာကြာပြီ..”
ဗညား ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသည့်အကြောင်းအရာများကိုတွေးတောရင်း ညီဖြစ်သူကို ပြောလိုက်သည်။
ထိုအချိန်တွင်ပဲ Tentတွေပြင်ဆင်ပြီးပြီဟု ဦးစောဖလုံကပြောသောကြောင့် မောင် ဘာလုပ်နေလဲသိချင်၍ မောင်ရှိရာလာခိုက် ကြားလိုက်ရသည့် ဗညားကိုကိုစကားသံကြောင့် ဧကလေး အကွယ်မှအသာခိုးနားထောင်လိုက်သည်။
*အင်း သေချာခိုးနားထောင်တာမျိုးမဟုတ်ပေမယ့် ဘာပြောမလဲသိချင်တာကြောင့် နားထောင်ကြည့်တာမလို့ ခိုးနားထောင်တယ်လို့ မသတ်မှတ်လဲရတယ်မလား..*
“ဟုတ်ကဲ့ ကျွန်တော်‌သိပါတယ်..ဒါပေမဲ့ မာန်က မီးပုံပွဲကျင်းပချင်နေတယ်လေ ..သူ့ဆန္ဒမှန်သမျှကို ကျွန်တော်ဖြည့်ဆည်းပေးချင်တယ်..ဘာထိခိုက်မှုမှမရှိရအောင် ကျွန်တော်သေချာဂရုစိုက်မှာပါ..ကျွန်တော်မာန့်ဘေးရှိနေသ၍ ပစ္စုပ္ပန်ရော အနာဂတ်မှာပါ မာန့်အပေါ်ဘယ်လိုအန္တရာယ်မှမကျရောက်စေရဘူးဆိုတာ ကျွန်တော့်အသက်နဲ့ထပ်တူအာမခံပါတယ်...”
မောင့်ရဲ့အဖြေစကားကိုကြားတော့ ဧကလေး တံခါးရွက်ဘေးမှအသာပြုံးလိုက်မိသည်။
*ကျွန်တော်ကလည်း ကျွန်တော်ကြောင့်မောင့်ကိုထိခိုက်အောင် ဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော့်အသက်နဲ့ထပ်တူအာမခံပါတယ်...မောင်ချစ်တာထက်ကျွန်တော်ကမောင့်ကိုပိုချစ်တယ်...*
ဧကလေး စိတ်ထဲမှ‌တီးတိုးပြောရင်း နောက်မှ ပုခုံးကိုလာကိုင်သူကြောင့် လှည့်ကြည့်လိုက်ရင်း ထူးခြားဖြစ်နေသောကြောင့် အော်ဖို့ရာပြင်နေသည့် သူ့ပါးစပ်ကိုအမြန်ပိတ်လိုက်ရသည်။
ထူးခြားမှာလည်း စိတ်ဆိုးသွားသူအားချော့ဖို့အလိုက် တံခါးအကွယ်ကနေချောင်းနေသော မောင်ကောက်ချိတ်ကိုတွေ့လိုက်ရာ ဘာများစိတ်ဝင်တစားချောင်းနေလဲ မေးဖို့ရာအတွက် ပုခုံးပေါ်ကိုလက်တင်လိုက်ပြီး ပါးစပ်ဟလိုက်သည့်အခိုက် လက်ဖြင့်အတင်းပိတ်လာကာ မျက်ရိပ်ပြလာသောကြောင့် ဝူးဝူးဝါးဝါးဖြစ်ရင်း ဧကလေးနည်းတူငြိမ်လိုက်ရသည်။ထိုအချိန်တွင်ပဲ ဗညားကိုကိုရဲ့အသံထွက်လာသည်။
“အချစ်ရဲ့စွမ်းအားတွေပေါ့...အကိုတကယ် မင်းကိုအဲ့လောက်ထိချစ်တတ်လိမ့်မယ် မထင်ထားခဲ့ဘူး..အရင်တုန်းက ကိုယ်သိတဲ့ စဝ်မင်းကမ္ဘာဦးခိုက်က လူစားထိုးခံလိုက်ရသလိုပဲ... အင်း ပြောလို့သာပြောတာပါ အကိုလည်း ထူးထူးလေးဆန္ဒကိုမလွန်ဆန်နိုင်ဘူး..သူကလည်း မင်းမြတ်ဆန္ဒကသူ့ဆန္ဒလားအောက်မေ့ရအောင်အထိ နှစ်ယောက်သားညီကြတယ်...အခုလည်း သူငယ်ချင်းနှစ်ယောက် တက်ညီလက်ညီပြင်ဆင်နေကြတယ်ထင်တယ် အရိပ်ကိုမမြင်ရဘူး...ချစ်တော့လည်း သူတို့ဆန္ဒမှန်သမျှကို သူတို့ကိုမထိခိုက်သ၍ ပျော်ပျော်ကြီးဖြည့်ဆည်းပေးရတာပေါ့ကွာ...ဟက်..”
အကိုတော်ရဲ့စကားကြောင့် ကမ္ဘာ ပြုံးလိုက်မိသည်။ချစ်ရသူ၏ဆန္ဒကိုဘာမဆိုဖြည့်ဆည်းပေးချင်သည်ကလူသားတိုင်းပင်မဟုတ်ပါလား။
အကွယ်မှခိုးနားထောင်နေသည့် ဧကလေးနှင့်ထူးခြားမှာလည်း ချစ်ရသူတို့၏စကားများကြောင့် မျက်နှာကြီးမှာ မှိုရသည်ထက်သာနေသည်။ထို့နောက် မောင်တို့ရိပ်မိသွားမှာစိုးသဖြင့် ဧကလေး ပြုံးဖြီးနေသည့်ထူးခြားလက်ကိုဆွဲ၍ ထိုနေရာမှ အမြန်လစ်လာလိုက်သည်။
“ဖြည်းဖြည်းဆွဲပါကွ ...”
ထူးခြား ဧကခေါ်ရာနောက်ကို ပါသွားရင်း ပြောလိုက်သည်။
“မဆွဲနိုင်ဘူး မောင်တို့သိသွားရင် ဘယ်လိုလုပ်မလဲ...”
“သိလည်းဘာဖြစ်လဲ...သေချာနားထောင်တာမဟုတ်ပါဘူး မတော်တဆကြားတာလို့ ပြောလိုက်ရုံပေါ့..”
“ဪ အပူးလိုက်ကြီး အပေါက်နားကွယ်ရပ်နေတာက မတော်တဆကြားတာလို့ ယုံပါ့မလားဟ စဉ်းစဉ်းစားစားပြော...”
“ချစ်ရင်ပြောသမျှယုံရမှာပဲလေ..”
ထူးခြား ခပ်တည်တည်မျက်နှာဘေးဖြင့် စောနက ဗညား‌ ပြောသည့်အတိုင်း တစ်လေသံတည်းပြောလိုက်သည်။
“....”
ဧကမှာတော့ မျက်ဖြူတောင်လန်ချင်သွားရသည်။(🙄)
“ဘာနေနေကွာ မင်း ခုနက ငါ့ကိုစိတ်ဆိုးသွားတာလား မဆိုးပါနဲ့ ငါကစတာပါ...”
“မင်းပုံစံကစတာနဲ့မတူပါဘူး...”
ဧကလေး ထူးခြားကိုမျက်မှောင်ကြုံ့ကြည့်ရင်းပြောလိုက်သည်။
“မင်းကလဲ ငါအတည်စလိုက်တာပါ...ဧကလေးကလည်း စိတ်မဆိုးနဲ့တော့နော် ဧကလေးစိတ်ဆိုးတော့ ထူးထူးလေးက ဘယ်ပျော်ပါ့မလဲလို့ ရှိတာမှ ဒီသူငယ်ချင်းလေးနှစ်ယောက်ရှိတာကို မျက်နှာလွှဲပြီး ခဲနဲ့ပစ်တော့မလို့လား...”
“ရွံစရာကောင်းအောင်တွေပြောမနေနဲ့...ခဲနဲ့ပစ်မှတော့ မျက်နှာလွှဲပြီး ပစ်မနေဘူး တည့်တည့်ကြည့်ပြီး ပစ်မှာ..”
ဧကလေး ဒရမ်မာတွေခင်းပြနေသော ထူးခြားအောင်ကို အမြင်ကပ်ကပ်နှင့် ပိတ်ပြောလိုက်သည်။
“ပစ်ရက်မှတော့ ခံရတော့မှာပေါ့.. ဟင့် ထူးထူးလေးကို အခုတော့လည်း ဒီစကားတွေပြောပြီပေါ့...အရင်တုန်းကတော့ ချစ်လှပါချည်ရဲ့ဆို...အသည်းနှလုံးမရှိတဲ့ လူဇိုး...”
ထူးခြား လုပ်သံကြီးဖြင့် ဒရမ်မာခင်းလိုက်ရာ ...
“အား ကြက်သီးတွေတောင်ထလာပြီ လဒရေ...ဘယ်လိုတွေပြောနေတာတုန်း ရုပ်ကြမ်းကြီးနဲ့...စိတ်မဆိုးဘူး.. ဟုတ်ပြီလား.. ငါ့ကို အစားအသောက်ပျက်အောင် မလုပ်စမ်းပါနဲ့ကွာ...ရုပ်နဲ့နှိပ်စက် အသံနဲ့နှိပ်စက်နဲ့...”
ဧက လက်မောင်းနှစ်ဖက်ကို  ကြက်သီးထသလိုပွတ်ရင်း ပြောလိုက်သည်။
“ဒီ...”
*အဟမ်း သည်းခံ ထူးခြား သည်းခံ...*
ထူးခြား ကိုယ့်စိတ်ကိုယ်ဆုံးမ၍...
“မဆိုးရင်ပြီးတာပဲ ငါ့ကိုကိုဆီသွားကူလိုက်ဦးမယ်...အမောပြေအောင် မျက်နှာလေးသွားပြပြီ တာ့တာ...ခွီး ဟားဟား...”
ထူးခြား ကိုယ်ဟာကိုယ်ပြောပြီး ကိုယ့်ဘာသာရယ်မိနေသည်ကမရပ်တော့။
“အဟားး ဟားး တတ်လည်းတတ်နိုင်တဲ့အကောင်...”
ဧကလေးလည်း လုပ်ပြသွားသည့်ထူးခြားအမူအရာကြောင့် ရယ်ရင်း မျက်ရည်တွေ တောင်ထွက်လာသည်။
**********
ကမ္ဘာတို့တောင်ပေါ်ကိုရောက်တော့ ညနေစောင်းနေပြီဖြစ်၍ တဲများကိုအမြန်ထိုးလိုက်သည်။တခြားခရီးသွားများ၏တဲများကိုလည်း မနီးမဝေးတွင် တွေ့ရသည်။
ကမ္ဘာတို့တဲတိုးနေတုန်း ဧကလေးနှင့်ဗညားက ဦးစောဖလုံသေချာပြင်ဆင်ပေးလိုက်သည့် စားစရာပစ္စည်းများကိုထုတ်လိုက်သည်။ဦးစောဖလုံထည့်ပေးလိုက်သည့် လူယုံတစ်ဦးမှ ခေါင်ရည်နှစ်ပုလင်းလာပေး၍ ထိုနှစ်ပုလင်းကိုပါ သေချာနေရာချထားပြီးနောက် အရန်သင့်ကောက်ပေးထားသည့် ထင်းများဖြင့် မီးပုံလုပ်ရန် ပြင်ဆင်လိုက်သည်။
“ဟျောင့် နှစ်ပုလင်းထဲလား...”
ထူးခြား ဘေးဘီကြည့်၍ ဘယ်သူမှမကြားအောင် ဧကအနားကပ်ကာမေးလိုက်သည်။သူထင်ထားတာက ဒီညတော့ ခေါင်ရည်မူးအောင် အဝသောက်ရပြီ ဟူ၍ဖြစ်သောကြောင့် နှစ်ပုလင်းထဲသော ခေါင်ရည်ပုလင်း‌လေးက သူ့အားလျှာထုတ်ပြောင်ပြနေသည်။ထို့အပြင် လူလေးယောက်ကို‌တွေးမိပြီး အာတောင်စွတ်ပါ့မလားဟုစဉ်းစားမိလိုက်သည်။
“အေး အဲ့ဒီနှစ်ပုလင်းမြင်ရ‌တာတောင်း ကံကောင်းတယ်မှတ်ဦး...ဟော်နန်းမှာဆိုရင် အရက်သေစာသောက်စားခွင့်ပါပိတ်ထားတာ... ဒါတောင် ဦးစောဖလုံက ငါပြောလို့စီစဥ်‌ပေးတာ...စိတ်ချ မောင်ကတော့ သောက်မှာမဟုတ်ဘူး ဗညားကိုကိုတော့ ငါလည်းမသိဘူး...အဲ့ဒါကြောင့် ဝေစုနဲ့တွက်ရင်တောင် ငါက တစ်ပုလင်းပဲ ဘာလို့ဆို မောင့်ဖို့ရော ငါသောက်မှာမို့...”
“မင်း အဲ့လိုကျ မတရားဘူးလေ..”
“ဘာမတရားလို့လဲ...”
“မင်းကျတစ်ပုလင်းသောက်ရပြီး ငါနဲ့ဗညားနဲ့ကျ နှစ်‌ယောက်ပေါင်းမှ တစ်ပုလင်းတဲ့လား ...သုံးယောက်ဆိုရင်တောင် အတူတူမျှသောက်သင့်တာမဟုတ်ဘူးလား ..မင်း ဘယ်နိုင်ငံမှာနေနေတာလဲ.. နိုင်ငံကြီးသားပီသစမ်းပါ...”
“နိုင်ငံကြီးသားမပီသရင်နေပါစေ ငါက အချစ်ကိုဝေမပေးနိုင်သလို ခေါင်‌ရည်လည်းမျှမသောက်နိုင်ဘူး...မင်းတို့အချစ်ငှက်နှစ်ကောင် နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်တဲ့စွယ်တော်ရွက်လေးလို နှစ်ယောက်ပေါင်းမှတစ်ပုလင်း ကြည့်စမ်း ဘယ်လောက်Romanticဖြစ်သလဲ ငါကစေတနာနဲ့ပါ...”
ဧကလေး မျက်စပစ်ပြရင်း သူပြောတာဘယ်နှယ်လဲဆိုသည့်သဘောဖြင့် ခပ်‌ပြုံးပြုံးကြီးကြည့်ပေးလိုက်သည်။
“ဘာRomanticလဲ ဘာစွယ်တော်ရွက်လဲ မလိုဘူး...ဘယ်လိုနေနေ မျှသောက်ရမှာပဲ...”
ထူးခြား လူလည်လုပ်ချင်နေသည့်ကောင်ကို ဂျိုကြည့်ကြည့်ရင်းပြောလိုက်သည်။
“မသောက်နိုင်ဘူး...”
“မင်းနော်...”
“လစ် လစ် လစ်...အာရုံလာမစားနဲ့.. မင်းမြတ်ဧကဦးမာန်တို့က ပြောပြီးစကားမပြင်တတ်ဘူး...”
“ချီးပဲ...”
“အဲ့ချီးမင်းစား...”
ခပ်လှမ်းလှမ်းမှ တဲတိုးပြီးပါသော ကမ္ဘာနှင့်ဗညားမှာလည်း ခေါင်ရည်နှစ်ပုလင်းအားအဝေမတည့်စွာဖြင့် စကားနိုင်လုနေပါသော သူငယ်ချင်းနှစ်ယောက်အားကြည့်ပြီး ပြုံးလိုက်မိရင်း အနားသို့သွားလိုက်သည်။
ဗညား သူ၏ဂျစ်တူးလေးရဲ့ မကျေမနပ်ဖြစ်နေသောမျက်နှာကြီးကိုကြည့်ရင်း...
“ကဲပါဗျာ ကိုယ်မသောက်ပါဘူး ထူးထူးလေးပဲသောက်လိုက်နော် ...”
“ဟုတ်...”
ထိုအခါမှ ထူးခြားလည်း ဧကအားကြည့်၍ မြင်လားဆိုသည့်ပုံစံဖြင့် လူယုတ်မာပုံစံပြုံးလိုက်သည်။
ဧကလေးမှာတော့ ထူးခြားမျက်နှာကြီးအားကြည့်ရင်း ရယ်ချင်စိတ်ကိုထိန်းထားလိုက်ရသည်။
*********
ညပိုင်းရောက်တော့ ခပ်လှမ်းလှမ်းမှ မီးပုံပွဲများစွာနှင့်အတူ သောက်စားပျော်ပါးနေသော အသံများကိုကြားနေရသဖြင့် ဧကလေးစိတ်ထဲမှာလဲ တက်ကြွပျော်ရွှင်နေသည်။ဂတ်စ်မီးဖိုပေါ်မှ ဗညားဒိုင်ခံကင်ပေးနေပါသော အကင်များကို ဧကလေးနှင့်ထူးခြားက အားကျမခံအပြိုင်အဆိုင်စားသောက်နေလေ၏။မောင်ကတော့ သူစားသမျှကို ထပ်ဖြည့်ပေးကာ ဘေးမှာခေါင်ရည်ဘူးလေးလည်း အသင့်ဖွင့်ပေးထားသည်။
“မာန် အများကြီးမစားနဲ့နော်..ဗိုက်ထဲမအီမလည်ဖြစ်လိမ့်မယ်...”
“ဟုတ် မောင် ဟီး အများကြီးမစားပါဘူး နည်းနည်းလေးရှိပါသေးတယ် မောင်ရဲ့..”
ဘေးမှာအပုံလိုက်ဖြစ်နေသည့် တုတ်ချောင်းများကိုကြည့်ရင်း နည်းနည်းလေးရှိသေးတာပါလို့ မျက်နှာချိုသွေးရင်း ပြုံးပြကာပြောလာ‌ပါသော မာန့်အားကြည့်ရင်း ပယင်းရောင်မျက်ဝန်း‌လေးများက သဘောတကျပြုံးလိုက်မိသည်။
“မောင်ရောမစားတော့ဘူးလား...”
“အွန်း အကင်တွေမောင်မစားတတ်လို့.. အကင်‌ တွေကကျန်းမာရေးနဲ့မညီညွတ်ဘူး..အဲ့ဒါကြောင့် ဒီထဲကဟာကုန်ရင် မာန်မစားနဲ့တော့နော်...”
ဧကလေး စိတ်ပူစွာချော့ပြောလာပါသောမောင့်ကြောင့် ခေါင်းကိုတစ်ဆတ်ဆတ်ညိတ်ပြလိုက်ရင်း...
“ဆရာဝန်‌လေးကပြောတော့လည်း နားထောင်ရမှာပေါ့ဗျာ.. ဒီပန်းကန်ထဲကဟာကုန်ရင်တော်ပြီနော်...ဟီး တစ်ချို့သူတွေကတော့ စိတ်ပူမယ့်သူမရှိတော့ သနားပါတယ်...”
တစ်ယောက်ထဲအကင်တွေ တစ်ခုပြီးတစ်ခုသွပ်နေပါသော ထူးခြားမှာ ဧက၏စောင်းပြောလိုက်သည့်စကားကြောင့် ပါးစပ်ထဲထည့်မည့်အကင်လေးတောင် တန့်သွားကာ မျက်စောင်းထိုးရင်းကြည့်လိုက်သည်။
“နေရင်းထိုင်ရင်းငါ့လာခွပ်ပြန်ပြီ...”
“အဟား...နာမည်ပါလား.. ငါပြောတဲ့အထဲမင်းနာမည်ပါလို့လား...”
“ကဲပါ မင်းမြတ်ရာ ထူးထူးလေးကိုစ‌မနေပါနဲ့တော့ ဟိုက ကုလားမနိုင် ရခိုင်မဲလွန်းလို့...”
ဗညား ထူးထူးလေးပန်းကန်ထဲ အကင်တွေထည့်ပေးရင်း ဘေးမှာဝင်ထိုင်ကာပြောလိုက်သည်။
“ဘာပြောတယ် ခင်ဗျားနော်...”
ထူးခြား သူ့ဘက်ကနေမရှိဘဲ ဧကဘက်တော်သားဖြစ်နေသည့် ဗညားအား မကျေမနပ်ကြည့်ရင်း..
“အကုန်လုံးက ငါ့ပဲဝိုင်းအနိုင်ကျင့်နေကြတာပဲ...ငါလေး ဘာလုပ်မိလို့လဲ...ကိုဗညားကိုကို ခင်ဗျား ကျွန်တော်နဲ့လာမအိပ်နဲ့ သပ်သပ်သွားအိပ် ...”
“ဟာ ထူးထူးလေးကလည်း ကိုယ်ကဘယ်သွားအိပ်ရမှာလဲလို့...”
“မသိဘူး ခင်ဗျားကိုစိတ်ဆိုး‌တယ်...ခင်‌ဗျားဘာသာ တဲအပြင်အိပ်အိပ်...”
“ဟားးဟားး...”
ဧကလေး အားရပါးရရယ်ရင်း..
“မောင်ရေ..ကျွန်တော်တို့ကြာရင် ရန်ပွဲထဲညပ်တော့မှာပဲ...”
“အဟွန်း!!”
“အဲ့ဒါမင်းကြောင့်လေ...အေး လုပ်ထား...မင်း တွေ့မယ်...ကမ္ဘာ အဲ့ကောင်ဧကလေ ငယ်ငယ်တုန်းက ဆုသီချင်းကို မပီကလာပီကလာနဲ့ဆို‌တာတဲ့ ပါးပါးကပြောပြတာ အဲ့တုန်းက အသံဆိုးကြီးနဲ့ဆိုပဲ...”
ထူးခြား မကျေမနပ်ဖြင့် အောက်ဖဲလှန်ပစ်လိုက်သည်။
“အဟွန်း!ဟုတ်လားဗျ..”
စကားနိုင်လုကာ အချင်းချင်းအောက်ဖဲလှန်ဖို့ကြိုးစားနေသော သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး ကမ္ဘာနှင့်ဗညားတို့ သဘောတကျရယ်မိသည်ကလည်းအခါခါပင်။
“ဟေ့ကောင် အောက်ဖဲတွေလာမလှန်နဲ့နော်...ဘယ်မှအသံမဆိုးဘူး...”
“မယုံပါဘူး...ပြီးတော့ ကောင်မလေးတွေကိုလည်း ချစ်ချစ်လို့လိုက်ခေါ်တာဆို...”
“အဲ့ဒါကကွာ ဦးလင်းမိုမြှောက်ပေးလို့ ကလေးဆိုတော့ဘာသိမှာလဲ..ပြီးတော့ ငါ့အသံကချိုသာလိုက်တာမှ မင်းမယုံရင် အခုဆိုပြရမလားပြော...”
ဧကလေး သူ့အားအသံဆိုးဟုပြောသော ထူးခြားကြောင့် စိတ်တိုရသလို မောင့်ရှေ့မို့ အသံမဆိုးဘူးဆိုတာ ပြချင်၍ ပြောလိုက်ရာ ထူးခြားထောင်ထားသည့် ထောင်ခြောက်ထဲတန်းဝင်သွားတော့သည်။
ထူးခြားလည်းအကွက်ဝင်လာပြီဖြစ်သောကြောင့်..
“အေး ဆိုပြ ကိုဗညား ဟိုဘက်ဝိုင်းက ဂစ်တာငှားပေး...”
“အမိန့်တော်အတိုင်းပါဗျ...”
ဗညား မလှမ်းမကမ်းကဝိုင်းဆီသွားကာ ဂစ်တာလေး ငှားလိုက်သည်။
ကမ္ဘာမှာတော့ ပြုံးရင်း ဆံပင်လေးတွေကိုသေချာသပ်ပေးလိုက်ကာ အေးလာသောကြောင့် ချစ်ရသူအား မာဖလာလေးနှင့်သေချာပတ်ပေးလိုက်သည်။ညဉ့်နက်လာလေ အအေးဒဏ်ကပိုစိမ့်လာလေဖြစ်ပြီး မီးပုံဘေးနားမို့သိပ်တော့မသိသာ။
ဂစ်တာငှားလာပြီးနောက် ထူးခြားပေါင်ပေါ်သေချာနေရာချလိုက်ကာ..
“ကဲ စပြီနော်..”
“အေး....”
ခပ်ဖြည်းဖြည်းထွက်လာသောဂစ်တာသံနှင့်အတူ ခပ်အေးအေးအသံချိုချိုလေးကလည်းထွက်ပေါ်လာသည်။
🎶စိတ်မဆိုးနဲ့နော်...ခွင့်လွှတ်ပါကွယ်...
ကိုယ်ရိုင်းနေရင်...ကိုယ့်စိတ်ကအရင်ဒီလို..
မဟုတ်ဘူးကွဲ့မင်းနဲ့မှ.. ပြောင်းလဲကုန်ပြီ...
အားလုံးလည်းငါမယုံနိုင်..မင်းလေးကို ဘယ်သူ့မှမပေး မပေး မပေးနိုင်ဘူး...
မင်းငါ့အသည်း ငါ့အချစ်ပဲ...
မင်းလေးဟာ ငါ့အတွက်ပဲ...
လွန်တယ်လို့မင်းထင်လား...
အဘိဓမ္မာတရားမှာ..အချစ်မှာနှေးကန်ရင်
ခံသွားနိုင်တယ်...
တစ်ယောက်ယောက်ကဝင်လာပြီး...
လုယူသွားမှာလဲ ဒီကောင်လေးကြောက်နေတယ်...
ချစ်တဲ့သူမင်းဟာလေ ဘုရားပေးတဲ့ဆုပါပဲ...အိုး မရှိမဖြစ်ဘူး...
မင်းလေးဟာ ငါ့အချစ်ပဲ
မင်းလေးဟာ ငါ့အတွက်ပဲ...
လွန်တယ်လို့မင်းမထင်နဲ့....
မင်းနဲ့ကျမှပဲ သိပ်ချစ်သွားပြီကွယ် ဘယ်လိုဖြစ်တာလဲ...
မင်းကထူးလို့လား...ကိုယ်ကရူးလို့လား..
ဒါကိုတော့မပြောတတ်ဘူး...
မင်းလေးနဲ့‌‌တွေ့ရတာဟာ ငါ့အတွက်အားလုံးမေးဖို့ အပြစ်များဖြစ်‌နေပြီလား...
မင်းငါ့အသည်းငါ့အချစ်ပဲ...
မင်းလေးက ငါ့အတွက်ပဲ လွန်တယ်လို့မင်းမထင်နဲ့...🎶
အကုန်လုံးမှာ ဧကလေး၏အသံချိုချိုလေးကြားထဲတွင် နစ်ဝင်သွားရင်း ဂစ်တာသံလေးဆုံးမှ သတိထားမိကြသည်။
ဧကလေး သီချင်းသံဆုံးသည်နှင့် ပြုံးလိုက်ကာ ဘယ်နှယ့်ရှိစဆိုသော သဘောမျိုးဖြင့် ထူးခြားအား မျက်ခုံးပင့်ပြလိုက်ရာ ဂစ်တာကြီးဖက်ပြီး ရယ်လေတော့သည်။
ကမ္ဘာမှာတော့ သီချင်းစဆိုပြီဆိုကတည်းက မျက်တောင်မခတ်ကြည့်နေမိသည်က သီချင်းဆုံးသည်အထိ မလွှဲမိသေး။ချစ်ရည်ရွှန်းလက်နေပါသော ပယင်းရောင်မျက်ဝန်းများ မေးချိုင့်‌လေးပေါ်သည်အထိ ကွေးတက်နေသောနှုတ်ခမ်းထောင့်စွန်းများက ဘယ်အတိုင်းအတာထိ ချစ်ခြင်းမေတ္တာမှာပျော်ဝင်နေသလဲဆိုတာ သိသာစေသည်။
ကမ္ဘာ မိမိဘက်ကြည့်လာပါသော မျက်ဝန်းပြာလေးအားတည့်တည့်ကြည့်လိုက်ပြီး...
“ချစ်တယ် မာန်...”
“ကျွန်တော်လည်း ချစ်တယ် မောင်...”
ဧကလေးသည်လည်း မောင့်အားပြန်ပြုံးပြလိုက်ကာ ပြောလိုက်သည်။
“အား...အတူတူချင်းကို ခွေးစာစားနေရပါလားဟေ့...ကိုဗညားရေ ကျွန်တော်တို့ ဒီနေရာကအမြန်လစ်ကြစို့.. ”
ထူးခြားပြောရင်း ဗညားကိုကိုကိုခေါ်ကာ  ဂစ်တာပေးရင်း တဲဆီသို့သွားလိုက်ကြသည်။
“ဟဟ...”
“အဟွန်း!!လာပါဦးမောင့်ဆီ...”
ကမ္ဘာ သဘောတကျရယ်နေသော မာန့်အားခေါ်လိုက်ရာ ရင်ခွင်ထဲသို့တန်းနေအောင်ဝင်ချလာသည်။
“ဒီနေ့တစ်နေ့လုံး မောင့်အချစ်အနွေးတုံးလေးကို သေချာမဖက်ရသေးဘူး...”
“ဟီး မောင်ကလည်းဗျာ မနက်ကဖက်သေးတယ်လေ...”
“အဲ့ဒါခဏလေးလေ...”
“ဟုတ်ပါပြီဗျာ အခုဖက် တစ်ညလုံးဖက်ထားလဲရတယ်...အားမနာနဲ့သိလား စိတ်မဆိုးတတ်ဘူး...”
“အဟွန်း!!လာ အဲ့ဒါဆို တဲထဲသွားကြစို့အပြင်မှာအရမ်းအေးလာပြီ...”
“ဟုတ် မောင်...”
ထို့နောက်တွင်တော့ နီးကပ်စွာဆောက်ထားပါသော တဲလေးနှစ်တဲထဲတွင် လူလေးယောက်နှင့် နှလုံးသားလေးခုတို့သည် ချစ်ခြင်းမေတ္တာ၏လွှမ်းခြုံမှုအောက်တွင် နွေးထွေးစွာဖြင့် တောင်ပေါ်မီးပုံ‌ပွဲနေ့လေးကိုကုန်ဆုံးခဲ့ကြသည်။
August 2,10:09PM
CHANGE 🍁
အား အရှည်ကြီးပဲ...
ဒီတစ်ခေါက်အလှူခံရရှိတဲ့certifiတွေပါ❤️
Season(3) လကုန်ရင် စတင်ပါပြီ
လာဖတ်ကြပါဦးဗျ
Zawgyi
အချပ်ပို✨🍁(၃)
“အဟွန်း!!”
“ဟီး...”
“အဲ..ဟီး မောင်ကလည်း...”
“ဟုတ်ပြောလေ မောင်...”
“ဟုတ် မောင်...”
“ဟင်...”
*ရွှတ်...
*********
*******
“ဖြည်းဖြည်းဆွဲပါကွ ...”
“....”
“ဒီ...”
**********
“ဘာမတရားလို့လဲ...”
“မသောက်နိုင်ဘူး...”
“မင်းနော်...”
“ချီးပဲ...”
“အဲ့ချီးမင်းစား...”
“ဟုတ်...”
*********
“ဟားးဟားး...”
“အဟွန်း!!”
“အဟွန်း!ဟုတ်လားဗျ..”
“ကဲ စပြီနော်..”
“အေး....”
မင်းလေးဟာ ငါ့အတွက်ပဲ...
ခံသွားနိုင်တယ်...
မင်းလေးဟာ ငါ့အချစ်ပဲ
မင်းလေးဟာ ငါ့အတွက်ပဲ...
“ချစ်တယ် မာန်...”
“ဟဟ...”
“အဲ့ဒါခဏလေးလေ...”
“ဟုတ် မောင်...”
August 2,10:09PM
CHANGE 🍁
အား အရှည်ကြီးပဲ...
လာဖတ်ကြပါဦးဗျ
Continue Reading
You'll Also Like
1.5M 191K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
131K 11.1K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
4.4M 500K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
54.4K 5.3K 51
ဘာသာပြန်သူ စွဲညို့အသင်း