Arborvitae (Kaisoo ver)

By jay_m_01

620 94 19

ခင်မင်မှုရဲ့ အနှစ်သာရက တဖြည်းဖြည်းပေါ်လွင်လာသောအခါ~~ More

အပိုင်း-၁
အပိုင်း_၃

အပိုင်း-၂

111 27 9
By jay_m_01

(Unicode)

မိုးတအုံအုံနဲ့ ကောင်းကင်တစ်ခွင်လုံး မဲမှောင်နေတဲ့ လု့ရစ်မြို့ရဲ့ ရာသီဥတုအခြေအနေက စိတ်ပျက်စရာကောင်းလှသည်။

"Kyungsoo  တကယ်ကြီး ထွက်သွားတော့မှာလား"

ပြတင်းပေါက်ကနေ အပြင်ဘက်ကို တွေးတွေးလေးငေးနေတဲ့ Kyungsoo ဆိုတဲ့ကောင်ငယ်လေးကို သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်က မေးမြန်းလေသည်။

အညိုရောင်မျက်လုံး နှာတံစင်းစင်း နှုတ်ခမ်းထူထူလေး မျက်နှာအချိုးအစားကြောင့် မြင်လိုက်တာနဲ့ အချိုးအဆညီမျှစွာ ချောမောလွန်းနေတဲ့ကောင်လေးတစ်ယောက် ဘာဂျယ်လ်မှ မလိမ်းခြယ်ထားဘဲ နဖူးပေါ်ခပ်ဝဲဝဲကျနေတဲ့ ခဲနုရောင် ဆံသားအိအိလေးတွေက လေတိုက်လိုက်တာနဲ့ ဟိုတစ်စ ဒီတစ်စ နဖူးပေါ်ဝဲကျလို့နေသည်။

ပါဝါမပါတဲ့ မျက်မှန်အဝိုင်းလေးကိုတပ်ဆင်ထားတတ်တဲ့ Kyungsoo ဆိုတဲ့ကောင်လေးရဲ့ မျက်ဝန်းတို့သည် ညိုးငယ်လို့နေသည်။

"သူမနဲ့အတူတူကုန်ဆုံးခဲ့တဲ့နေရာမှာ နေရတာ မပျော်ရွှင်နိုင်ဘူး အန်တီ"

"အန်တီ့ကို တစ်ယောက်တည်း ထားခဲ့တော့မှာလား!! "

"ပြန်လာခဲ့မှာပါ တစ်နေ့နေ့တော့ အန်တီရှိတဲ့နေရာကို ပြန်လာခဲ့ပါ့မယ်"

ပွေ့ဖက်နှုတ်ဆက်ပြီးတာနဲ့ ထွက်ခွာသွားတဲ့ Kyungsooရဲ့ နောက်ကျောပြင်လေးသည် အရမ်းကို အထီးကျန်ဆန်လွန်းနေသည်။

ထိုကောင်လေးရဲ့ တစ်ဦးတည်းသော ချစ်ရတဲ့မိန်းကလေးသည် လွန်ခဲ့တဲ့ တစ်လက သူ့ရဲ့ ဘဝထဲကနေ အပြီးပိုင်ထွက်သွားခဲ့သည်။ မွေးရာပါ နှလုံးရောဂါအခံ​လည်းရှိတာမို့ လီလီ ဆိုတဲ့ Kyungsooရဲ့ ကောင်မလေးသည် Heart Attackဖြစ်ကာ ရုတ်တရက် သေဆုံးသွားခဲ့ရသည်။

၅နှစ်ကျော် ၆နှစ်နီးပါး အတူတူလက်တွဲခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးသည် သေကွဲ ကွဲခဲ့ကြရသည်။ ကျန်ရစ်သူမှာလည်း သေသူနဲ့မခြား အမြဲတမ်း တမှိုင်တထွေထွေနဲ့ ဘဝကြီးကိုဖြတ်သန်းနေခဲ့သည်။ အခုလို ထွက်သွားဖို့ တစ်ပတ်မလိုခင်က Kyungsoo  တစ်ယောက် ထူးထူးဆန်းဆန်း ပြောလာခဲ့သည်။

"အရာအားလုံးကို မေ့ပစ်ဖို့ အစကနေပြန်စရမယ်"

ထိုမျှသာပြောပြီး လု့ရစ် မြို့လေးကနေ ကွိုင်ရန်မြို့လေးသို့ ပြောင်းရွေ့ရန် အကြောင်းဖန်လာတော့သည်။

မိုးမခ သစ်ပင်ကြီးနားက အပြာနုရောင် အုတ်ဂူလေးနားထိုင်ပြီး စကားတွေပြောနေသော ကောင်လေးတစ်ယောက်ရှိခဲ့သည်။

"ကိုယ် လီလီ့ကို ပေးထားတဲ့ကတိအတိုင်း ပျော်ပျော်နေပြီး ကိုယ့်ကိုချစ်ပေးမယ့်သူတွေဆီ သွားနေတော့မယ် အဲ့တာကြောင့် လီလီ့ကို လာပြီးနှုတ်ဆက်တာ"

အုတ်ဂူဘေးက သစ်ရွက်ခြောက်လေးတွေ ဖယ်ရှားပေးရင်း Kyungsoo ဆက်ပြောနေမိပြန်သည်။

"ဒါပေမဲ့ ကိုယ် ဒီမြို့လေးမှာ လီလီမရှိဘဲ မနေနိုင်ဘူး ဒါကြောင့် တခြားမြို့လေးမှာ ပြောင်းနေတော့မလို့!! "

"လီလီသိပါတယ် ကိုယ့်ရဲ့မွေးစားမေမေ နေတဲ့မြို့လေ ကွိုင်ရန်ဆိုတဲ့မြို့လေးမှာ ကိုယ်သဘောကျတဲ့ ပန်းဆိုင်လေးဖွင့်ဖို့ စီစဥ်ထားတယ် အားတဲ့အချိန်တွေကြ ကိုယ်လီလီ့ဆီလာလည်ပါ့မယ် နှုတ်ဆက်ပါတယ် ကိုယ့်ရဲ့ချစ်ရသူလေး လီလီ"

လီလီက အမြဲတမ်း သူ့ကိုမှာနေကြ စကားတစ်ခွန်းရှိတယ်...

"လီလီမရှိတော့တဲ့တစ်နေ့ လီလီ့ကို မေ့ပြီး တခြားသူတွေနဲ့ပျော်ရွှင်အောင်နေပါတဲ့ တစ်ယောက်တည်းပူဆွေးပြီး ဝမ်းနည်းနေတဲ့ သူ့ကို မမြင်ချင်ဘူးတဲ့လေ"

"ကိုယ် မင်းကို ပေးထားတဲ့ ကတိတည်အောင် ကြိုးစားပါ့မယ် လီလီ"

လု့ရစ်မြို့ကနေ ၄၅မိနစ်လောက်ကြာအောင် မောင်းလာပြီးနောက် ကွိုင်ရန်မြို့ထဲသို့ ရောက်လာခဲ့သည်။

အရင်ရက်တွေက မိုးဆက်တိုက်ရွာနေတယ်လို့ သိရပေမဲ့လည်း ဒီနေ့မှာတော့ နေရောင်အနည်းငယ် ထွန်းလင်းတောက်ပနေတဲ့ ကွိုင်ရန်မြို့နယ်လေးရဲ့ အလှသည် ရင်ထဲကိုနွေးထွေးသွားစေသည်။

လက်ပတ်နာရီလေးကို ကြည့်မိတော့ ၈နာရီ ၅၀မိနစ်တောင်ရှိနေပြီမို့ မနက်စာစားဖို့အတွက်  ဆိုင်တစ်ဆိုင်ကို ရှာရတော့သည်။

"KiD" cafeဆိုတဲ့ ကျွန်းသားနဲ့ပြုလုပ်ထားတဲ့ ဆိုင်းဘုဏ်းအညိုရောင်လေး​ကို တွေ့လိုက်တာမို့ သူလည်း နှစ်ခါမစဥ်းစားနေတော့ဘဲ ဆိုင်ထဲသို့ ဝင်လိုက်သည်။

မနက်ခင်းအစောပိုင်းလည်း ဖြစ်တာကြောင့် ဆိုင်ထဲ၌ ပိုင်ရှင်လို့ထင်ရလောက်တဲ့ ကောင်လေးတစ်ယောက်ရယ် Kyungsoo  နဲ့ဆို တစ်ဆိုင်လုံးမှာ လူနှစ်ယောက်သာရှိသည်။

အညိုရင်ရင့်ရောင် Mullet hairကိုမှ ဆံပင်တစ်ဝက်စည်းထားတာ​တဲ့အပြင် မေးရိုးကလည်း ဖြောင့်စင်းနေတာကြောင့် တစ်မျိုးလေး ကြည့်လို့ကောင်းသည်။ သူလည်း အခွင့်ရေးရခဲ့လျှင် တစ်ကြိမ်တစ်ခါလောက် ဆံပင်ရှည်လေး ထားချင်ပါဘိ!!!

"ဘလက်ခ်ကော်ဖီ တစ်ခွက်ပေးပါ "

တစ်ခါပြောပြီးတာတောင် မကြားသေးတာကြောင့် အသံနည်းနည်းမြှင့်ကာ နောက်တစ်ကြိမ်ထပ်အော်လိုက်သည်။

"ဟေ့!! ဒီမှာ ဘလက်ခ်ကော်ဖီတစ်ခွက်လို့!!"

နှစ်ခါလောက် အော်လိုက်တဲ့အချိန်မှ အတွေးထဲမျောနေတဲ့ ကောင်လေးလည်း သတိပြန်ဝင်လာတော့တယ်..

"အာ~~တောင်းပန်ပါတယ်...သတိမထားမိလိုက်လို့!! "

ဆိုင်ရှင်ကောင်လေးရဲ့ နူးညံတယ်လို့ထင်ရပေမဲ့ နောက်ဆုံးနားကြ ခပ်သြောသြော အသံလေးက တစ်မျိုးလေး သူ့အတွက်တော့ ထူးဆန်းလို့နေသည်။

"ရပါတယ်...ဘလက်လ်​ကော်ဖီတစ်ခွက်ပဲပေးပါ"

ထိုမျှသာပြောပြီ ဆိုင်ရဲ့ အလင်းရောင်နည်းနည်းပဲရှိတဲ့ ထောင့်ကျကျနေရာလေးမှာပဲ သူ ဝင်ထိုင်လိုက်တော့သည်။

"ဘလက်ခ် ကော်ဖီ ရပါပြီ ခင်ဗျာ"

"ဟုတ်ကဲ့!! "

ရိုးရိုးရှင်းရှင်းတွေကို ကြိုက်နှစ်သက်တတ်တာမို့ သူ့အနေနဲ့  ကော်ဖီသောက်ရင် သကြား၊ နွားနို့၊ ခရင်မ် စတာတွေ မပါပဲ ရေနွေးနဲ့ ကော်ဖီ ရောစပ်ထားတဲ့ ဘလက်ခ်ကော်ဖီဟာ သူ့အတွက်တော့ အသင့်တော်ဆုံး ကော်ဖီတစ်ခွက်ဖြစ်သည်။

"အရင်ရက်တွေက ဒီကို တစ်ခါမှမလာဘူးပါဘူးနော် ပြီးတော့ ဒီမြို့ကလည်း မဟုတ်ဘူးထင်တယ်"

ကော်ဖီဗန်းလေးကိုင်ပြီး သူ့ဘေးနားမှာ ရပ်နေတဲ့ ကောင်လေးကြောင့် Kyungsoo ကော်ဖီသောက်ရင်း မော့ကြည့်လိုက်မိသည်။

"မလာဘူးပါဘူး ပြီးတော့ ဒီနေ့မှ ပြောင်းလာတာ"

ပျော်သွားဟန်ရှိတဲ့ ကောင်လေးကြောင့် Kyungsooခဗျာ အူလည်လည်လေးဖြစ်ချင်သွားသည်။

"တစ်မျိုးမထင်ပါနဲ့...ကျွန်တော်တို့မြို့လေးကို ပြောင်းလာတဲ့ ဘယ်သူ့ကိုမဆို ကြိုဆိုတတ်တဲ့ အကျင့်လေးရှိလို့ပါ ကွိုင်ရန်မြို့ ဘယ်လောက်သာယာလဲဆိုတာ ဒီကအကိုက သိပြီးလောက်မှာပါ"

အရွှန်းဖောက်ကာ ပြောတတ်တဲ့ Jonginသည် အခုမှ တွေ့ဖူးတဲ့ Kyungsooကို စကားတွေ မရပ်မနားပြောနေမိခဲ့သည်။

"ဟိုရှေ့က ဆိုင်လေးကို တွေ့လား"

သူ့ဆိုင်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ပြင်ဆင်ပြီး အဆင့်သင့်ဖြစ်နေတဲ့ ဆိုင်ခန်းအလွတ်လေးကို လက်ညှိုးထိုးပြတာကြောင့် Jongin ခေါင်းငြိမ့်ပြလိုက်သည်။

"ကျွန်တော်က အဲ့မှာ ပန်းဆိုင်လေးဖွင့်မလို့"

"ပန်းဆိုင်!! ကောင်းတာပေါ့ ကျွန်တော်တို့မြို့မှာ ပန်းဆိုင်တွေရှိပေမဲ့ တကုတက သွားဝယ်ရတာမို့ သိပ်မဝယ်ဖြစ်ကြဘူး"

မတ်တပ်ရပ်ပြီး စကားပြောနေတဲ့ Jonginသည် နောက်ဆုံးတော့ ​ညောင်းသွားလို့ ထင်တယ်..Kyungsoo ရဲ့ မျက်နှာချင်းဆိုင် ခုံတွင် ဝင်ထိုင်လိုက်တော့သည်။

"စကားတွေအများကြီးသာပြောနေတာ နာမည်တောင်မိတ်မဆက်ရသေးဘူးပဲ...တွေ့ရတာဝမ်းသာပါတယ်..ကျွန်တော့်နာမည်က Jonginပါ"

"Kyungsoo !! ဒါနဲ့ ခင်ဗျား ပန်းအကြောင်း စိတ်ဝင်စားလား"

အဆက်စပ်မရှိ ထမေးတဲ့ ထိုကောင်လေးရဲ့စကားကြောင့် သူ့မှာ ဘာဖြေလို့ဖြေရမလဲမသိ!!

"တစ်မျိုးမထင်ပါနဲ့ ခင်ဗျားဆိုင်က ကြည့်ရတာလှပေမဲ့ တစ်ခုခုလိုနေလို့ပါ ပန်းတွေဘာတွေ အလှဆင်ကြည့်ပါလား!!"

Kyungsooရဲ့စကားကြောင့် သူသည် ဆိုင်တစ်ဆိုင်လုံးကို လှည့်ပတ်ကြည့်တော့သည်။

"ဒါဆို ဘာပန်းအလှဆင်သင့်လဲ!! "

"ခင်ဗျားကြိုက်တဲ့ ပန်းမရှိဘူးလား ရှိရင် ပြောကြည့်ပါလား"

"ပန်း!!!အာ... နေကြာပန်း"

နေကြာပန်းဆိုတဲ့စကားကြောင့် Kyungsoo  သဘောတကျပြုံးနေတာကို Jongin တွေ့လိုက်ရသည်။

"ဘာလို့လဲ!! နေကြာပန်းက ယောက်ျားလေး ကြိုက်လို့မရလို့လား"

"မဟုတ်ရပါဘူး...ခင်ဗျားက လူနဲ့လိုက်အောင် ရွေးချယ်တတ်လို့"

"လူနဲ့လိုက်အောင်...ဘာကိုပြောချင်တာလဲ"

နေကြာပန်းရဲ့ အဓိပ္ပာယ်က သစ္စာရှိခြင်း နှင့် ကြင်နာမြတ်နိုးမှုတို့ရဲ့
သင်္ကေတလို့လည်း ခေါ်ကြတယ်...ပြီးတော့ ပျော်ရွှင်မှုလို့လည်း အဓိပ္ပါယ်
ရတာကြောင့် "ကိုယ့်ကိုပျော်ရွှင်စေတဲ့သူတွေကို
အပေးသင့်ဆုံးလက်ဆောင်"လည်းဖြစ်တယ်လေ"

နောက်ပြီးတော့နေကြာပန်းက  "နေ"ကိုလည်း ကိုယ်စားပြုတယ်..."ပျော်ရွှင်မှုတွေ သယ်ဆောင်လာပေးမယ်"ဆိုတဲ့အဓိပ္ပါယ်နဲ့လည်း လက်ဆောင်ပေးလေ့ရှ်ိကြတယ်။

Kyungsooရဲ့ နေကြာပန်းအကြောင်းကို ရှင်းပြလိုက်မှပဲ "လူနဲ့လိုက်အောင်" ဆိုတဲ့စကားကို နားလည်သွားတော့သည်။

"ခင်ဗျားက နေကြာပန်းနဲ့တူတယ် မသိတဲ့သူတစ်ယောက်ကိုတောင် ခဏလေးနဲ့ ပြုံးသွားနိုင်အောင် လုပ်နိုင်တယ်လေ..အဲ့တာကြောင့် ခင်ဗျားနဲ့တူတယ်လို့ ပြောတာ"

"တကယ်တော့ ကျွန်တော်က နေကြာပန်းကိုသာ ကြိုက်တာ အဓိပ္ပာယ်ကို အခု ခင်ဗျားပြောမှပဲ သိတော့တာ ကျေးဇူး"

"အာ~~ရပါတယ် ကျွန်တော် ပန်းဆိုင်ဖွင့်တဲ့နေ့ကြ ခင်ဗျားကိုနေကြာပန်းလက်ဆောင်ပေးပါ့မယ် "

"မျှော်နေမယ်နော်  "

သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက ရိုးရိုးရှင်းရှင်းလေး ဒါပေမဲ့ ချစ်စရာကောင်းလွန်းသည်။

T~B~C....

ဒီဇာတ်လမ်းလေးကို လုံးဝကြိုက်နေတာမို့ အပ်ပုဒိတ်က လုံးဝမှန်နေမှာပါ!!!

တစ်ပတ်ကို နှစ်ပိုင်းက အပ်ပုဒိတ် ပေးပါ့မယ်...
ကြိုက်ကြရဲ့လား🥺 ဖြေပေးကြဦး ပေါင်ပေ့တို့

(Zawgyi)

မိုးတအုံအုံနဲ႕ ေကာင္းကင္တစ္ခြင္လုံး မဲေမွာင္ေနတဲ့ လု႔ရစ္ၿမိဳ႕ရဲ႕ ရာသီဥတုအေျခအေနက စိတ္ပ်က္စရာေကာင္းလွသည္။

"Kyungsoo  တကယ္ႀကီး ထြက္သြားေတာ့မွာလား"

ျပတင္းေပါက္ကေန အျပင္ဘက္ကို ေတြးေတြးေလးေငးေနတဲ့ Kyungsoo ဆိုတဲ့ေကာင္ငယ္ေလးကို သက္လတ္ပိုင္းအမ်ိဳးသမီးတစ္ေယာက္က ေမးျမန္းေလသည္။

အညိုေရာင္မ်က္လုံး ႏွာတံစင္းစင္း ႏႈတ္ခမ္းထူထူေလး မ်က္ႏွာအခ်ိဳးအစားေၾကာင့္ ျမင္လိုက္တာနဲ႕ အခ်ိဳးအဆညီမွ်စြာ ေခ်ာေမာလြန္းေနတဲ့ေကာင္ေလးတစ္ေယာက္ ဘာဂ်ယ္လ္မွ မလိမ္းျခယ္ထားဘဲ နဖူးေပၚခပ္ဝဲဝဲက်ေနတဲ့ ခဲႏုေရာင္ ဆံသားအိအိေလးေတြက ေလတိုက္လိုက္တာနဲ႕ ဟိုတစ္စ ဒီတစ္စ နဖူးေပၚဝဲက်လိဳ႕ေနသည္။

ပါဝါမပါတဲ့ မ်က္မွန္အဝိုင္းေလးကိုတပ္ဆင္ထားတတ္တဲ့ Kyungsoo ဆိုတဲ့ေကာင္ေလးရဲ႕ မ်က္ဝန္းတို႔သည္ ညိုးငယ္လို႔ေနသည္။

"သူမနဲ႕အတူတူကုန္ဆုံးခဲ့တဲ့ေနရာမွာ ေနရတာ မေပ်ာ္႐ႊင္နိုင္ဘူး အန္တီ"

"အန္တီ့ကို တစ္ေယာက္တည္း ထားခဲ့ေတာ့မွာလား!! "

"ျပန္လာခဲ့မွာပါ တစ္ေန႕ေန႕ေတာ့ အန္တီရွိတဲ့ေနရာကို ျပန္လာခဲ့ပါ့မယ္"

ေပြ႕ဖက္ႏႈတ္ဆက္ၿပီးတာနဲ႕ ထြက္ခြာသြားတဲ့ Kyungsooရဲ႕ ေနာက္ေက်ာျပင္ေလးသည္ အရမ္းကို အထီးက်န္ဆန္လြန္းေနသည္။

ထိုေကာင္ေလးရဲ႕ တစ္ဦးတည္းေသာ ခ်စ္ရတဲ့မိန္းကေလးသည္ လြန္ခဲ့တဲ့ တစ္လက သူ႕ရဲ႕ ဘဝထဲကေန အၿပီးပိုင္ထြက္သြားခဲ့သည္။ ေမြးရာပါ ႏွလုံးေရာဂါအခံလည္းရွိတာမို႔ လီလီ ဆိုတဲ့ Kyungsooရဲ႕ ေကာင္မေလးသည္ Heart Attackျဖစ္ကာ ႐ုတ္တရက္ ေသဆုံးသြားခဲ့ရသည္။

၅ႏွစ္ေက်ာ္ ၆ႏွစ္နီးပါး အတူတူလက္တြဲခဲ့ၾကတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးသည္ ေသကြဲ ကြဲခဲ့ၾကရသည္။ က်န္ရစ္သူမွာလည္း ေသသူနဲ႕မျခား အၿမဲတမ္း တမွိုင္တေထြေထြနဲ႕ ဘဝႀကီးကိုျဖတ္သန္းေနခဲ့သည္။ အခုလို ထြက္သြားဖို႔ တစ္ပတ္မလိုခင္က Kyungsoo  တစ္ေယာက္ ထူးထူးဆန္းဆန္း ေျပာလာခဲ့သည္။

"အရာအားလုံးကို ေမ့ပစ္ဖို႔ အစကေနျပန္စရမယ္"

ထိုမွ်သာေျပာၿပီး လု႔ရစ္ ၿမိဳ႕ေလးကေန ကြိုင္ရန္ၿမိဳ႕ေလးသို႔ ေျပာင္းေ႐ြ႕ရန္ အေၾကာင္းဖန္လာေတာ့သည္။

မိုးမခ သစ္ပင္ႀကီးနားက အျပာႏုေရာင္ အုတ္ဂူေလးနားထိုင္ၿပီး စကားေတြေျပာေနေသာ ေကာင္ေလးတစ္ေယာက္ရွိခဲ့သည္။

"ကိုယ္ လီလီ့ကို ေပးထားတဲ့ကတိအတိုင္း ေပ်ာ္ေပ်ာ္ေနၿပီး ကိုယ့္ကိုခ်စ္ေပးမယ့္သူေတြဆီ သြားေနေတာ့မယ္ အဲ့တာေၾကာင့္ လီလီ့ကို လာၿပီးႏႈတ္ဆက္တာ"

အုတ္ဂူေဘးက သစ္႐ြက္ေျခာက္ေလးေတြ ဖယ္ရွားေပးရင္း Kyungsoo ဆက္ေျပာေနမိျပန္သည္။

"ဒါေပမဲ့ ကိုယ္ ဒီၿမိဳ႕ေလးမွာ လီလီမရွိဘဲ မေနနိုင္ဘူး ဒါေၾကာင့္ တျခားၿမိဳ႕ေလးမွာ ေျပာင္းေနေတာ့မလို႔!! "

"လီလီသိပါတယ္ ကိုယ့္ရဲ႕ေမြးစားေမေမ ေနတဲ့ၿမိဳ႕ေလ ကြိုင္ရန္ဆိုတဲ့ၿမိဳ႕ေလးမွာ ကိုယ္သေဘာက်တဲ့ ပန္းဆိုင္ေလးဖြင့္ဖို႔ စီစဥ္ထားတယ္ အားတဲ့အခ်ိန္ေတြၾက ကိုယ္လီလီ့ဆီလာလည္ပါ့မယ္ ႏႈတ္ဆက္ပါတယ္ ကိုယ့္ရဲ႕ခ်စ္ရသူေလး လီလီ"

လီလီက အၿမဲတမ္း သူ႕ကိုမွာေနၾက စကားတစ္ခြန္းရွိတယ္...

"လီလီမရွိေတာ့တဲ့တစ္ေန႕ လီလီ့ကို ေမ့ၿပီး တျခားသူေတြနဲ႕ေပ်ာ္႐ႊင္ေအာင္ေနပါတဲ့ တစ္ေယာက္တည္းပူေဆြးၿပီး ဝမ္းနည္းေနတဲ့ သူ႕ကို မျမင္ခ်င္ဘူးတဲ့ေလ"

"ကိုယ္ မင္းကို ေပးထားတဲ့ ကတိတည္ေအာင္ ႀကိဳးစားပါ့မယ္ လီလီ"

လု႔ရစ္ၿမိဳ႕ကေန ၄၅မိနစ္ေလာက္ၾကာေအာင္ ေမာင္းလာၿပီးေနာက္ ကြိုင္ရန္ၿမိဳ႕ထဲသို႔ ေရာက္လာခဲ့သည္။

အရင္ရက္ေတြက မိုးဆက္တိုက္႐ြာေနတယ္လို႔ သိရေပမဲ့လည္း ဒီေန႕မွာေတာ့ ေနေရာင္အနည္းငယ္ ထြန္းလင္းေတာက္ပေနတဲ့ ကြိုင္ရန္ၿမိဳ႕နယ္ေလးရဲ႕ အလွသည္ ရင္ထဲကိုႏြေးေထြးသြားေစသည္။

လက္ပတ္နာရီေလးကို ၾကည့္မိေတာ့ ၈နာရီ ၅၀မိနစ္ေတာင္ရွိေနၿပီမို႔ မနက္စာစားဖို႔အတြက္  ဆိုင္တစ္ဆိုင္ကို ရွာရေတာ့သည္။

"KiD" cafeဆိုတဲ့ ကြၽန္းသားနဲ႕ျပဳလုပ္ထားတဲ့ ဆိုင္းဘုဏ္းအညိုေရာင္ေလးကို ေတြ႕လိုက္တာမို႔ သူလည္း ႏွစ္ခါမစဥ္းစားေနေတာ့ဘဲ ဆိုင္ထဲသို႔ ဝင္လိုက္သည္။

မနက္ခင္းအေစာပိုင္းလည္း ျဖစ္တာေၾကာင့္ ဆိုင္ထဲ၌ ပိုင္ရွင္လို႔ထင္ရေလာက္တဲ့ ေကာင္ေလးတစ္ေယာက္ရယ္ Kyungsoo  နဲ႕ဆို တစ္ဆိုင္လုံးမွာ လူႏွစ္ေယာက္သာရွိသည္။

အညိုရင္ရင့္ေရာင္ Mullet hairကိုမွ ဆံပင္တစ္ဝက္စည္းထားတာတဲ့အျပင္ ေမးရိုးကလည္း ေျဖာင့္စင္းေနတာေၾကာင့္ တစ္မ်ိဳးေလး ၾကည့္လို႔ေကာင္းသည္။ သူလည္း အခြင့္ေရးရခဲ့လွ်င္ တစ္ႀကိမ္တစ္ခါေလာက္ ဆံပင္ရွည္ေလး ထားခ်င္ပါဘိ!!!

"ဘလက္ခ္ေကာ္ဖီ တစ္ခြက္ေပးပါ "

တစ္ခါေျပာၿပီးတာေတာင္ မၾကားေသးတာေၾကာင့္ အသံနည္းနည္းျမႇင့္ကာ ေနာက္တစ္ႀကိမ္ထပ္ေအာ္လိုက္သည္။

"ေဟ့!! ဒီမွာ ဘလက္ခ္ေကာ္ဖီတစ္ခြက္လို႔!!"

ႏွစ္ခါေလာက္ ေအာ္လိုက္တဲ့အခ်ိန္မွ အေတြးထဲေမ်ာေနတဲ့ ေကာင္ေလးလည္း သတိျပန္ဝင္လာေတာ့တယ္..

"အာ~~ေတာင္းပန္ပါတယ္...သတိမထားမိလိုက္လို႔!! "

ဆိုင္ရွင္ေကာင္ေလးရဲ႕ ႏူးညံတယ္လို႔ထင္ရေပမဲ့ ေနာက္ဆုံးနားၾက ခပ္ေၾသာေၾသာ အသံေလးက တစ္မ်ိဳးေလး သူ႕အတြက္ေတာ့ ထူးဆန္းလို႔ေနသည္။

"ရပါတယ္...ဘလက္လ္ေကာ္ဖီတစ္ခြက္ပဲေပးပါ"

ထိုမွ်သာေျပာၿပီ ဆိုင္ရဲ႕ အလင္းေရာင္နည္းနည္းပဲရွိတဲ့ ေထာင့္က်က်ေနရာေလးမွာပဲ သူ ဝင္ထိုင္လိုက္ေတာ့သည္။

"ဘလက္ခ္ ေကာ္ဖီ ရပါၿပီ ခင္ဗ်ာ"

"ဟုတ္ကဲ့!! "

ရိုးရိုးရွင္းရွင္းေတြကို ႀကိဳက္ႏွစ္သက္တတ္တာမို႔ သူ႕အေနနဲ႕  ေကာ္ဖီေသာက္ရင္ သၾကား၊ ႏြားနို႔၊ ခရင္မ္ စတာေတြ မပါပဲ ေရႏြေးနဲ႕ ေကာ္ဖီ ေရာစပ္ထားတဲ့ ဘလက္ခ္ေကာ္ဖီဟာ သူ႕အတြက္ေတာ့ အသင့္ေတာ္ဆုံး ေကာ္ဖီတစ္ခြက္ျဖစ္သည္။

"အရင္ရက္ေတြက ဒီကို တစ္ခါမွမလာဘူးပါဘူးေနာ္ ၿပီးေတာ့ ဒီၿမိဳ႕ကလည္း မဟုတ္ဘူးထင္တယ္"

ေကာ္ဖီဗန္းေလးကိုင္ၿပီး သူ႕ေဘးနားမွာ ရပ္ေနတဲ့ ေကာင္ေလးေၾကာင့္ Kyungsoo ေကာ္ဖီေသာက္ရင္း ေမာ့ၾကည့္လိုက္မိသည္။

"မလာဘူးပါဘူး ၿပီးေတာ့ ဒီေန႕မွ ေျပာင္းလာတာ"

ေပ်ာ္သြားဟန္ရွိတဲ့ ေကာင္ေလးေၾကာင့္ Kyungsooခဗ်ာ အူလည္လည္ေလးျဖစ္ခ်င္သြားသည္။

"တစ္မ်ိဳးမထင္ပါနဲ႕...ကြၽန္ေတာ္တို႔ၿမိဳ႕ေလးကို ေျပာင္းလာတဲ့ ဘယ္သူ႕ကိုမဆို ႀကိဳဆိုတတ္တဲ့ အက်င့္ေလးရွိလို႔ပါ ကြိုင္ရန္ၿမိဳ႕ ဘယ္ေလာက္သာယာလဲဆိုတာ ဒီကအကိုက သိၿပီးေလာက္မွာပါ"

အ႐ႊန္းေဖာက္ကာ ေျပာတတ္တဲ့ Jonginသည္ အခုမွ ေတြ႕ဖူးတဲ့ Kyungsooကို စကားေတြ မရပ္မနားေျပာေနမိခဲ့သည္။

"ဟိုေရွ႕က ဆိုင္ေလးကို ေတြ႕လား"

သူ႕ဆိုင္ရဲ႕ မ်က္ႏွာခ်င္းဆိုင္မွာရွိတဲ့ ျပင္ဆင္ၿပီး အဆင့္သင့္ျဖစ္ေနတဲ့ ဆိုင္ခန္းအလြတ္ေလးကို လက္ညွိုးထိုးျပတာေၾကာင့္ Jongin ေခါင္းၿငိမ့္ျပလိုက္သည္။

"ကြၽန္ေတာ္က အဲ့မွာ ပန္းဆိုင္ေလးဖြင့္မလို႔"

"ပန္းဆိုင္!! ေကာင္းတာေပါ့ ကြၽန္ေတာ္တို႔ၿမိဳ႕မွာ ပန္းဆိုင္ေတြရွိေပမဲ့ တကုတက သြားဝယ္ရတာမို႔ သိပ္မဝယ္ျဖစ္ၾကဘူး"

မတ္တပ္ရပ္ၿပီး စကားေျပာေနတဲ့ Jonginသည္ ေနာက္ဆုံးေတာ့ ေညာင္းသြားလို႔ ထင္တယ္..Kyungsoo ရဲ႕ မ်က္ႏွာခ်င္းဆိုင္ ခုံတြင္ ဝင္ထိုင္လိုက္ေတာ့သည္။

"စကားေတြအမ်ားႀကီးသာေျပာေနတာ နာမည္ေတာင္မိတ္မဆက္ရေသးဘူးပဲ...ေတြ႕ရတာဝမ္းသာပါတယ္..ကြၽန္ေတာ့္နာမည္က Jonginပါ"

"Kyungsoo !! ဒါနဲ႕ ခင္ဗ်ား ပန္းအေၾကာင္း စိတ္ဝင္စားလား"

အဆက္စပ္မရွိ ထေမးတဲ့ ထိုေကာင္ေလးရဲ႕စကားေၾကာင့္ သူ႕မွာ ဘာေျဖလို႔ေျဖရမလဲမသိ!!

"တစ္မ်ိဳးမထင္ပါနဲ႕ ခင္ဗ်ားဆိုင္က ၾကည့္ရတာလွေပမဲ့ တစ္ခုခုလိုေနလို႔ပါ ပန္းေတြဘာေတြ အလွဆင္ၾကည့္ပါလား!!"

Kyungsooရဲ႕စကားေၾကာင့္ သူသည္ ဆိုင္တစ္ဆိုင္လုံးကို လွည့္ပတ္ၾကည့္ေတာ့သည္။

"ဒါဆို ဘာပန္းအလွဆင္သင့္လဲ!! "

"ခင္ဗ်ားႀကိဳက္တဲ့ ပန္းမရွိဘူးလား ရွိရင္ ေျပာၾကည့္ပါလား"

"ပန္း!!!အာ... ေနၾကာပန္း"

ေနၾကာပန္းဆိုတဲ့စကားေၾကာင့္ Kyungsoo  သေဘာတက်ၿပဳံးေနတာကို Jongin ေတြ႕လိုက္ရသည္။

"ဘာလို႔လဲ!! ေနၾကာပန္းက ေယာက္်ားေလး ႀကိဳက္လို႔မရလို႔လား"

"မဟုတ္ရပါဘူး...ခင္ဗ်ားက လူနဲ႕လိုက္ေအာင္ ေ႐ြးခ်ယ္တတ္လို႔"

"လူနဲ႕လိုက္ေအာင္...ဘာကိုေျပာခ်င္တာလဲ"

ေနၾကာပန္းရဲ႕ အဓိပၸာယ္က သစၥာရွိျခင္း ႏွင့္ ၾကင္နာျမတ္နိုးမႈတို႔ရဲ႕
သေကၤတလို႔လည္း ေခၚၾကတယ္...ၿပီးေတာ့ ေပ်ာ္႐ႊင္မႈလို႔လည္း အဓိပ္ပါယ်
ရတာေၾကာင့္ "ကိုယ့္ကိုေပ်ာ္႐ႊင္ေစတဲ့သူေတြကို
အေပးသင့္ဆုံးလက္ေဆာင္"လည္းျဖစ္တယ္ေလ"

ေနာက္ၿပီးေတာ့ေနၾကာပန္းက "ေန"ကိုလည္း ကိုယ္စားျပဳတယ္..."ေပ်ာ္႐ႊင္မႈေတြ သယ္ေဆာင္လာေပးမယ္"ဆိုတဲ့အဓိပ္ပါယ်နဲ႕လည်း လက်ေဆာင်ေပးေလ့ရွ်ိကြတယ်။

Kyungsooရဲ႕ ေနၾကာပန္းအေၾကာင္းကို ရွင္းျပလိုက္မွပဲ "လူနဲ႕လိုက္ေအာင္" ဆိုတဲ့စကားကို နားလည္သြားေတာ့သည္။

"ခင္ဗ်ားက ေနၾကာပန္းနဲ႕တူတယ္ မသိတဲ့သူတစ္ေယာက္ကိုေတာင္ ခဏေလးနဲ႕ ၿပဳံးသြားနိုင္ေအာင္ လုပ္နိုင္တယ္ေလ..အဲ့တာေၾကာင့္ ခင္ဗ်ားနဲ႕တူတယ္လို႔ ေျပာတာ"

"တကယ္ေတာ့ ကြၽန္ေတာ္က ေနၾကာပန္းကိုသာ ႀကိဳက္တာ အဓိပၸာယ္ကို အခု ခင္ဗ်ားေျပာမွပဲ သိေတာ့တာ ေက်းဇူး"

"အာ~~ရပါတယ္ ကြၽန္ေတာ္ ပန္းဆိုင္ဖြင့္တဲ့ေန႕ၾက ခင္ဗ်ားကိုေနၾကာပန္းလက္ေဆာင္ေပးပါ့မယ္ "

"ေမွ်ာ္ေနမယ္ေနာ္  "

သူတို႔ႏွစ္ေယာက္ရဲ႕ ေတြ႕ဆုံမႈက ရိုးရိုးရွင္းရွင္းေလး ဒါေပမဲ့ ခ်စ္စရာေကာင္းလြန္းသည္။

T~B~C....

ဒီဇာတ္လမ္းေလးကို လုံးဝႀကိဳက္ေနတာမို႔ အပ္ပုဒိတ္က လုံးဝမွန္ေနမွာပါ!!!

တစ္ပတ္ကို ႏွစ္ပိုင္းက အပ္ပုဒိတ္ ေပးပါ့မယ္...
ႀကိဳက္ၾကရဲ႕လား ေျဖေပးၾကဦး ေပါင္ေပ့တို႔

Continue Reading

You'll Also Like

2.8M 26K 9
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
359K 27.5K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
736K 42.7K 36
|ROSES AND CIGARETTES Book-I| She was someone who likes to be in her shell and He was someone who likes to break all the shells. "Junoon ban chuki ho...
2M 122K 43
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...