[Zawgyi]
Forevermore(ထာဝရထက္ပို၍)
အပိုင္း-၃၁
ဝမ္ေယာလ္ ဂြၽန္ေျမာင္ ကိုေခၚၿပီး မိစာၦတိုင္းျပည္ကို စုံစမ္းရန္ လႊတ္ေနသည္။
'ျဖစ္ပါ့မလား ။ သုံးေလာကတံခါးက အျပင္လူဝင္လို႔ရလို႔လား'
'ရတယ္။ ဒါေပမဲ့ တစ္ခုခုကိုစုံစမ္းဖို႔အတြက္ပဲဝင္ခြင့္ရွိတာ။ ဒါေပမဲ့ သြားတဲ့သူအတြက္ အသက္ရွင္မရွင္ကေတာ့ အာမမခံႏိုင္ဘူး'
ဝမ္ေယာလ္ စကားကို ဂြၽန္ေျမာင္ နားေထာင္ေနရင္းမွ
'ငါ့ကို မေက်နပ္တာတစ္ခုခုမ်ားရွိေနလား'
'ဘာလို႔လဲ။ မရွိပါဘူး'
'ျပန္လမ္းမရွိတဲ့ေနရာကို ပို႔ေနသလိုခံစားေနရလို႔ေလ'
'အစက အာ့ရွန္း ကိုလႊတ္မလို႔ပဲ။ ဒါေပမဲ့ မင္းကစြမ္းအားပိုႀကီးတဲ့အျပင္ အျဖဴေရာင္နတ္သားေလ။ ဘယ္သူမွမသိေအာင္ ပိုၿပီးပုန္းႏိုင္မယ္ထင္လို႔'
'အရင္ကေကာ သြားဖူးတဲ့သူရွိလား'
'ေသခ်ာမသိဘူး။ ခမည္းေတာ္က လွ်ိဳ႕ဝွက္ေစလႊတ္ရင္ေတာ့မသိဘူး'
'သြားတဲ့သူေတြထဲမွာေကာ ျပန္ေရာက္လာတဲ့သူရွိလား'
ဂြၽန္ေျမာင့္ ေမးခြန္းေတြကို ဝမ္ေယာလ္ စိတ္မရွည္ျဖစ္လာၿပီး
'ဘယ္လိုျဖစ္ၿပီး ဒီေလာက္ေတာင္အေမးအျမန္းထူေနရတာလဲ။ မင္းစြမ္းအားကို မင္းယုံသင့္တယ္။ အမွန္တရားနတ္မင္းၿပီးရင္ မင္က သူ႔ရဲ႕ စြမ္းအားအႀကီးဆုံးတပည့္ေလ။ ဘာလို႔ေၾကာက္ေနတာလဲ'
'ေၾကာက္ရတာေပါ့။ အဲ့ေနရာက မိစာၦနယ္ေျမေလ။ အတိအလင္း သံတမန္ဆက္ဆံေရးနဲ႔ေတာင္ ဘယ္သူမွမသြားဖူးတာကို အထဲမွာဘာေတြရွိေနလဲ ဘယ္သူကသိမွာလဲ'
'မင္းရဲ႕ အသာက္ဝိဉာဥ္ကိုယ္ပြားကို ငါယူထားလိုက္မယ္။ တစ္ခုခုအႏၲရာယ္ႀကဳံတာနဲ႔ ဘတ္ဟြၽန္း ကို လႊတ္လိုက္မယ္။ ဒီေလာက္ဆို အဆင္ေျပၿပီလား'
ဂြၽန္ေျမာင္ ဘာမွမေျပာဘဲ ေရေႏြးအိုးထဲက ေရေႏြးၾကမ္းကို အညိဳေရာင္ေျမခြက္ဆီသို႔ေလာင္းထည့္လိုက္ၿပီး
'ဘာကိစၥကိုစုံစမ္းမွာမို႔လို႔ ဒီေလာက္အထိ အလ်င္လိုေနတာလဲ'
ဂြၽန္ေျမာင္ ရဲ႕ ေမးခြန္းအတြက္ ဝမ္ေယာလ္ တြင္ အေျဖမရွိေပ။ သက္ျပင္းေမာတစ္ခ်က္ခ်လိုက္ၿပီး
'မရွိဘူး'
'မရွိဘူး? ဒါဆို ငါက ဘာကိုသြားစုံစမ္းရမွာလဲ။ ငါ့အသက္ကိုေတာင္ ရင္းရမဲ့ကိစၥက မေသခ်ာလို႔ေတာ့မရဘူး'
ဝမ္ေယာလ္ လက္ဖဝါးျဖန႔္လိုက္ေတာ့ စြမ္းအားအေငြ႕ေလးေတြထြက္လာကာ အျပာေရာင္မီးလွ်ံအမွတ္အသားကို ဖန္တီးလိုက္သည္။
'အဲ့ဒီအမွတ္အသားကို စုံစမ္းရမွာ။ ငါသိသေလာက္ ဒီအမွတ္အသားနဲ႔ ဆင္တူအမွတ္အသားရွိတယ္။ ဒါေပမဲ့ အေရာင္ေတာ့ကြဲတယ္။ အနီေရာင္မီးလွ်ံအမွတ္အသား......အဲ့ဒါက မိစာၦဘုရင္ ခ်န္းေယာလ္ ရဲ႕ ကိုယ္ပိုင္အမွတ္အသားတဲ့။ အဲ့အမွတ္အသားႏွစ္ခုရဲ႕ ဆက္စပ္မႈ
ကိုသိခ်င္တာ'
'ဘာလို႔လဲ။ မင္းမွာအေၾကာင္းအရင္းေတာ့ရွိရမွာေပါ့'
'ဘတ္ဟြၽန္း နဲ႔ ပက္သက္ေနတယ္'
'မင္းက ဘယ္တုန္းက ဘယ္ဟြၽန္း အေၾကာင္း သိခ်င္သြားတာလဲ'
'ငါ့အတြက္အက်ိဳးမရွိဘဲနဲ႔ေတာ့ သိခ်င္ပါ့မလား'
'ဒါဆို......'
'အျပာေရာင္အမွတ္အသားက ကံၾကမၼာနတ္မင္းရဲ႕ အမွတ္အသား'
ဝမ္ေယာလ္ စကားေၾကာင့္ ဂြၽန္ေျမာင္ အံ့ၾသသြားၿပီး
'ဒါဆို ဘတ္ဟြၽန္း က....'
ဝမ္ေယာလ္ က မ်က္စိမွိတ္ျပလိုက္ၿပီး စိတ္ေအးေအးထားေစခ်င္ေနသည္။
'ေလာေလာဆယ္က ခန႔္မွန္း႐ုံပဲရွိေသးတယ္'
'ဘယ္လိုလုပ္ၿပီးျဖစ္ႏိုင္မွာလဲ။ တူညီတဲ့အမွတ္အသားႏွစ္ခုမွာ တစ္ခုက ေလာကကိုစိုးမိုးတဲ့ ကံၾကမၼာနတ္မင္း။ ေနာက္တစ္ခုက မိစာၦဘုရင္........မင္းေတာ့ ကံဆိုးတာလား ကံေကာင္းတာလားပဲ'
'အဲ့ဒါေၾကာင့္ ဇြတ္အသုံးမခ်ခ်င္လို႔ ေသခ်ာေအာင္စုံစမ္းေစခ်င္တာ'
ဂြၽန္ေျမာင္ ေခါင္းၿငိမ့္ၿပီး မိစာၦတိုင္းျပည္သို႔ သြားမည့္ကိစၥကို သေဘာတူလိုက္သည္။ သူလည္း အမွန္စိတ္ဝင္စားသည္။
'ကိုယ္ပိုင္အမွတ္အသားကိုေတာင္ဖန္တီးႏိုင္တာ ေတာ္႐ုံစြမ္းအားနဲ႔ေတာ့မရဘူး။ ၿပီးေတာ့ တူညီတဲ့အမွတ္အသားတစ္ခုကို ႏွစ္ေယာက္ကပိုင္ေနရင္ တစ္ခုက ပိုင္ရွင္အစစ္ျဖစ္ၿပီး ေနာက္တစ္ခုက သူ႔ရဲ႕ပိုင္ဆိုင္မႈ
ကို တံဆိပ္ခတ္ထားတဲ့သေဘာပဲ။ ဒါေပမဲ့ အေျခအေနက မိုးနဲ႔ေျမလိုကြာေနေတာ့ ခန႔္မွန္းရခက္ေနတယ္'
'ငါထင္ေနတာ......ကံၾကမၼာနတ္မင္းက မိစာၦဘုရင္ရဲ႕ ၾကင္ယာေတာ္ပဲ'
'မိစာၦဘုရင္အေၾကာင္းက လြန္ခဲ့တဲ့ ႏွစ္ကိုးေသာင္းေက်ာ္ နတ္နဲ႔မိစာၦတိုက္ပြဲျဖစ္ၿပီး ကံၾကမၼာနတ္မင္းက မိစာၦတိုင္းျပည္ကိုခ်ိတ္ပိတ္လိုက္ကတည္းက သူ႔အေၾကာင္းပါ အစေဖ်ာက္ခံလိုက္ရတာ။ ငါတို႔မွတ္တမ္းေတြမွာေတာင္မရွိေတာ့ဘူး။ မင္းေတြးတာမွန္တယ္။ မိစာၦဘုရင္အေၾကာင္းသိခ်င္ရင္ သူ႔တိုင္းျပည္ကိုပဲသြားရမွာ'
'ဒါေပမဲ့ ကံၾကမၼာနတ္မင္းက မိစာၦဘုရင္ရဲ႕ၾကင္ယာေတာ္ဆိုရင္ နတ္မျဖစ္ႏိုင္ေတာ့ဘူးေလ။ ဘာလို႔ သူက ေအးေအးေဆးေဆးအုပ္ခ်ဳပ္ေနႏိုင္တာလဲ'
'တစ္ေယာက္ေယာက္က သူ႔ရဲ႕ ဇာတိအမွန္ကိုေျပာင္းလဲခဲ့လို႔ျဖစ္ႏိုင္တယ္။ ဘယ္သူလဲေသခ်ာမသိေပမဲ့ နတ္နဲ႔မိစာၦစြမ္းအားကို ပိုင္တဲ့သူရွိတယ္ဆိုၿပီး မွတ္တမ္းေတာ့ေရးထားတယ္'
'မင္းျပန္လာရင္ ငါ့အတြက္ အဲ့စာအုပ္ယူေပးႏိုင္မလား'
'ရတယ္ေလ။ အေရးႀကီးတဲ့အထဲမပါ ပါဘူး'
'ေက်းဇူး'
'ဒါၿပီးရင္ မင္းဘာဆက္လုပ္မလဲမသိေပမဲ့ ကိစၥကစိတ္ဝင္စားစရာေကာင္းလို႔ ငါကူညီေပးတာ။ က်န္တဲ့ကိစၥက ငါနဲ႔မဆိုင္ဘူး'
ဂြၽန္ေျမာင္ က ဝမ္ေယာလ္ ဘတ္ဟြၽန္း ရဲ႕အစြမ္းေတြ ကို ဘယ္လိုအသုံးခ်မလဲေပၚမူတည္ၿပီးေျပာေနသည္။
'အင္း'
ဂြၽန္ေျမာင္ အျဖဴေရာင္ဖေယာင္းတိုင္တစ္ခုအားဖန္ဆင္းလိုက္ၿပီး
'ငါ့အသက္ကိုယ္ပြား'
'သတိထားသြား'
'ဘတ္ဟြၽန္း ေရာက္စရာမလိုေအာင္ အဆင္ေျပပါေစပဲ ဆုေတာင္းေနစမ္းပါ'
ဂြၽန္ေျမာင္ ၏ စေနာက္ေနသည့္စကားကို ဝမ္ေယာလ္ ရယ္လိုက္ၿပီး သူ၏ အိမ္ေရွ႕စံတံဆိပ္ျပားကိုထုတ္ေပးလိုက္သည္။
'ဒါရွိရင္ တံခါးပြင့္သြားလိမ့္မယ္'
'အင္း'
ဝမ္ေယာလ္ မ်က္စိေရွ႕ကေန ဂြၽန္ေျမာင္ ေပ်ာက္ကြယ္သြားသည္။
~~~~~~~~~~~
မိစာၦတိုင္းျပည္
မိစာၦငယ္ေလးေတြက ရွာ႐ြန္ အတြက္ စားစရာတစ္ခ်ိဳ႕ႏွင့္ အားေဆးရည္ကို စားပြဲေပၚ တင္ေပးေနသည္။ ရွာ႐ြန္ ထိုင္ခုံေပၚထိုင္လိုက္ၿပီး
'အိမ္ေရွ႕စံေကာ'
'အိမ္ေရွ႕စံ မင္းႀကီးရဲ႕ လက္နက္ထားတဲ့ေနရာကိုသြားေနပါတယ္'
ရွာ႐ြန္ ေပါင္မုန႔္ကိုဖဲ့ေနရာကေနရပ္လိုက္ၿပီး
'ဘာလို႔လဲ'
'လက္နက္ရဲ႕စြမ္းအားက ပိုျမင့္လာလို႔ မင္းႀကီးအတြက္အေထာက္အကူရေအာင္ ထိန္းခ်ဳပ္ထားရာကေန ဖြင့္ေပးမလို႔ပါ'
ရွာ႐ြန္ ထိုကိစၥအားအေလးအနက္စဥ္းစားေနသည္။
''မိစာၦဘုရင္က တစ္ကယ္ပဲျပန္လာၿပီလား။ ဘတ္ဟြၽန္း က အခုမွ ျပန္ဝင္စားတုန္းရွိေသးတာ။ မဟုတ္မွ ခ်န္းေယာလ္ ျပန္ဝင္စားလို႔ရမဲ့ခႏၶာကိုယ္ကို ဘတ္ဟြၽန္း က ဖန္တီးေပးလိုက္တာလား''
'ၾကင္ယာေတာ္....ၾကင္ယာေတာ္'
မိစာၦမေလးေခၚေတာ့မွ ရွာ႐ြန္ အေတြးေတြရပ္သြားၿပီး
'ဘာလို႔လဲ'
'ခဏေလးပဲသည္းခံလိုက္ပါ။ အိမ္ေရွ႕စံက မနက္ကတည္းက ၾကင္ယာေတာ္ကိုလႊတ္ဖို႔ေျပာေနတာ။ ႐ုတ္တရက္ လက္နက္က စြမ္းအားႀကီးလာတာနဲ႔ အမိန႔္မခ်လိုက္ေသးတာ'
'ရပါတယ္။ကိစၥမရွိဘူး'
'တစ္ခုေတာ့ ျပင္ထားရလိမ့္မယ္။ လက္နက္က မိစာၦေတြရဲ႕စြမ္းအားကိုေထာက္ပံ့ေပးေနတဲ့ အဓိကပစၥည္းဆိုေတာ့ သူစြမ္းအားျမင္လာတာနဲ႔ ပထမဆုံး႐ိုက္ခတ္မွာက အိမ္ေရွ႕စံကိုပါ'
'သိတယ္'
'ၾကင္ယာေတာ္မွာကိုယ္ဝန္ရွိေနေတာ့ ဒီအခန္းထဲေရာက္လာရင္အဆင္မေျပျဖစ္မွာစိုးလို႔ အတိုင္ပင္ခံေတြကို ကြၽန္မေျပာၾကည့္ေပးပါမယ္'
'သေဘာပဲ'
မိစာၦမေလးနာမည္က နာရာ ျဖစ္ၿပီး ရွာ႐ြန္ အတြက္ ခ်န္းလ်ဲ႕ ခန႔္ထားေသာ အထိန္းေတာ္ျဖစ္သည္။ ထို႔ေၾကာင့္ ရွာ႐ြန္ နဲ႔ပက္သက္သမွ်အားလုံးကို နာရာ က တာဝန္ယူေဆာင္႐ြက္ေပးရၿပီး ရွာ႐ြန္ အရႈပ္ေတြမွန္သမွ်လည္း လိုက္ရွင္းေပးရေသးသည္။ အမ်ားစုကေတာ့ ရွာ႐ြန္ ထြက္ေျပးသည့္ကိစၥမ်ားျဖစ္သည္။
'အားေဆးလည္းေသာက္လိုက္ပါဦး'
'မေသာက္ခ်င္ဘူး'
'အိမ္ေရွ႕စံက ၾကင္ယာေတာ္အတြက္ ေသခ်ာက်ိဳေပးထားတာပါ'
'သူ႔ကေလးအတြက္ပါ။ မိစာၦစြမ္းအားပိုတိုးေအာင္တိုက္တဲ့ေဆးေလ။ ကေလးကိုလည္းစြမ္းအားေပးရင္း ငါ့ကိုပါ မိစာၦပုံစံေျပာင္းသြားေအာင္ လုပ္ေနတာ'
နာရာ ဘာမွျပန္မေျပာေပ။ ရွာ႐ြန္ ႏွင့္ ခ်န္းလ်ဲ႕ က မေတြ႕မေနႏိုင္ မျမင္ေခ်ာင္းၾကည့္အတြဲျဖစ္သည္။ ေတြ႕လိုက္တိုင္းရန္ျဖစ္ေပမဲ့ တစ္ေယာက္ကိုတစ္ေယာက္လည္းခ်စ္သည္။ ဒါေပမဲ့ မာန္မာနနဲ႔ တာဝန္ေတြက ထပ္ၿပီးေဝးကြာေစျပန္သည္။
ရွာ႐ြန္ က ကံၾကမၼာနတ္နန္းေဆာင္ကိုျပန္ခ်င္ၿပီး ခ်န္းလ်ဲ႕ ကေတာ့ အစ္ကိုခ်စ္ညီေလးပီပီ တာဝန္ေတြကို ခဏထမ္းေဆာင္ေနဆဲပင္။
'သြားေတာ့။ ေအးေဆးစားဦးမယ္'
'လိုအပ္တာရွိရင္ ထပ္ေျပာပါ ၾကင္ယာေတာ္'
'ရတယ္'
ထို႔ေနာက္ နာရာ အျပင္သို႔ထြက္သြားသည္။ နာရာ ထြက္သြားမွာ အခန္းပုဏၰရိပ္တြင္ ပုန္းေနေသာ ဝူေဆာ့ ထြက္လာၿပီး ေပါင္မုန႔္တစ္လုံးႏွင့္ ပန္းသီးတစ္လုံးကို တစ္ဖက္စီကကိုင္ကာ စားေနသည္။
'ျဖည္းျဖည္းစား'
'မိစာၦတိုင္းျပည္မွာ နတ္အစားအစာေတြရမယ္လို႔မထင္ထားဘူး'
'ဒါက ငါ့အတြက္သီးသန႔္လုပ္ေပးတာ'
'ဒီအခန္းက ေကာင္းကြက္ေတာ့ရွိသားပဲ။ ကြၽန္ေတာ္ရွိေနမွန္း ဘယ္သူမွမရိပ္မိဘူး'
'အျပင္ထြက္ဖို႔နည္းလမ္းရၿပီလား'
'မရဘူး။ တစ္ကယ္အဆင္မေျပဘူး'
'ငါနဲ႔ပဲအတူသြားတာေပါ့'
'ဒါနဲ႔ ဒီကေနျပန္ထြက္လို႔ရရင္ ကြၽန္ေတာ္နဲ႔လိုက္ခဲ့ေလ။ အခုအခ်ိန္ ကံၾကမၼာနတ္နန္းေဆာင္မွာ ဘယ္သူမွမရွိဘူး'
'ဘယ္ေရာက္ကုန္တာလဲ'
'အကုန္လုံး ျပန္ဝင္စားေနၾကတယ္'
'ထူးဆန္းတယ္။ ကံၾကမၼာနတ္နန္းေဆာင္ကို အလြတ္ထားတယ္လား'
'ဟုတ္ကဲ့'
'ငါလိုက္ခ်င္ရင္ေတာင္ ကူးစစ္ မပါဘဲ လိုက္လို႔မရဘူး'
'ကူးစစ္ ကဘယ္သူလဲ'
'ငါ့သား'
'အို....တစ္ေယာက္ရွိေသးတာလား'
'အင္း။ ဒါေပမဲ့ သူ႔စြမ္းအားက မွ်တတဲ့အေျခအေနမွာေပၚလာမွာေလ။ အခုက မိစာၦတိုင္းျပည္မွာပဲဆိုေတာ့ မႀကီးထြားဘဲ ရပ္ေနတာ'
'ဘယ္လိုႀကီးလဲ'
'ဒီလိုပဲရွိတယ္'
'အဲ့ဒါဆို သူ႔ပါေခၚလိုက္ေလ။ တစ္ခါတည္း အတူျပန္ရေအာင္'
ဝူေဆာ့ ၏ စကားကို ရွာ႐ြန္ သေဘာက်စြာ ၿပဳံးလိုက္သည္။
≥≥≥≥≥≥≥≥≥≥≥≥FOREVERMORE≤≤≤≤≤≤≤≤≤≤≤≤
က်န္တဲ့တစ္ဝက္ကို မနက္ျဖန္မဟုတ္ရင္ သန္ဘက္ခါမွာ up ေပးပါမယ္။ ဒီတစ္ပတ္လုံးဝမနားရေသးေတာ့ အခ်ိန္မရဘူးျဖစ္ေနတာ။ ဒါမဲ့ sunday တိုင္း up မယ္လည္းေျပာထားေတာ့ ကတိမဖ်က္ခ်င္လို႔။ ေနာက္၁ရက္ ၂ရက္ေနရင္ အပိုင္းအျပည့္ ထပ္upေပးပါမယ္။
[Unicode]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၃၁
ဝမ်ယောလ် ဂျွန်မြောင် ကိုခေါ်ပြီး မိစ္ဆာတိုင်းပြည်ကို စုံစမ်းရန် လွှတ်နေသည်။
'ဖြစ်ပါ့မလား ။ သုံးလောကတံခါးက အပြင်လူဝင်လို့ရလို့လား'
'ရတယ်။ ဒါပေမဲ့ တစ်ခုခုကိုစုံစမ်းဖို့အတွက်ပဲဝင်ခွင့်ရှိတာ။ ဒါပေမဲ့ သွားတဲ့သူအတွက် အသက်ရှင်မရှင်ကတော့ အာမမခံနိုင်ဘူး'
ဝမ်ယောလ် စကားကို ဂျွန်မြောင် နားထောင်နေရင်းမှ
'ငါ့ကို မကျေနပ်တာတစ်ခုခုများရှိနေလား'
'ဘာလို့လဲ။ မရှိပါဘူး'
'ပြန်လမ်းမရှိတဲ့နေရာကို ပို့နေသလိုခံစားနေရလို့လေ'
'အစက အာ့ရှန်း ကိုလွှတ်မလို့ပဲ။ ဒါပေမဲ့ မင်းကစွမ်းအားပိုကြီးတဲ့အပြင် အဖြူရောင်နတ်သားလေ။ ဘယ်သူမှမသိအောင် ပိုပြီးပုန်းနိုင်မယ်ထင်လို့'
'အရင်ကကော သွားဖူးတဲ့သူရှိလား'
'သေချာမသိဘူး။ ခမည်းတော်က လျှို့ဝှက်စေလွှတ်ရင်တော့မသိဘူး'
'သွားတဲ့သူတွေထဲမှာကော ပြန်ရောက်လာတဲ့သူရှိလား'
ဂျွန်မြောင့် မေးခွန်းတွေကို ဝမ်ယောလ် စိတ်မရှည်ဖြစ်လာပြီး
'ဘယ်လိုဖြစ်ပြီး ဒီလောက်တောင်အမေးအမြန်းထူနေရတာလဲ။ မင်းစွမ်းအားကို မင်းယုံသင့်တယ်။ အမှန်တရားနတ်မင်းပြီးရင် မင်က သူ့ရဲ့ စွမ်းအားအကြီးဆုံးတပည့်လေ။ ဘာလို့ကြောက်နေတာလဲ'
'ကြောက်ရတာပေါ့။ အဲ့နေရာက မိစ္ဆာနယ်မြေလေ။ အတိအလင်း သံတမန်ဆက်ဆံရေးနဲ့တောင် ဘယ်သူမှမသွားဖူးတာကို အထဲမှာဘာတွေရှိနေလဲ ဘယ်သူကသိမှာလဲ'
'မင်းရဲ့ အသာက်ဝိဉာဉ်ကိုယ်ပွားကို ငါယူထားလိုက်မယ်။ တစ်ခုခုအန္တရာယ်ကြုံတာနဲ့ ဘတ်ဟျွန်း ကို လွှတ်လိုက်မယ်။ ဒီလောက်ဆို အဆင်ပြေပြီလား'
ဂျွန်မြောင် ဘာမှမပြောဘဲ ရေနွေးအိုးထဲက ရေနွေးကြမ်းကို အညိုရောင်မြေခွက်ဆီသို့လောင်းထည့်လိုက်ပြီး
'ဘာကိစ္စကိုစုံစမ်းမှာမို့လို့ ဒီလောက်အထိ အလျင်လိုနေတာလဲ'
ဂျွန်မြောင် ရဲ့ မေးခွန်းအတွက် ဝမ်ယောလ် တွင် အဖြေမရှိပေ။ သက်ပြင်းမောတစ်ချက်ချလိုက်ပြီး
'မရှိဘူး'
'မရှိဘူး? ဒါဆို ငါက ဘာကိုသွားစုံစမ်းရမှာလဲ။ ငါ့အသက်ကိုတောင် ရင်းရမဲ့ကိစ္စက မသေချာလို့တော့မရဘူး'
ဝမ်ယောလ် လက်ဖဝါးဖြန့်လိုက်တော့ စွမ်းအားအငွေ့လေးတွေထွက်လာကာ အပြာရောင်မီးလျှံအမှတ်အသားကို ဖန်တီးလိုက်သည်။
'အဲ့ဒီအမှတ်အသားကို စုံစမ်းရမှာ။ ငါသိသလောက် ဒီအမှတ်အသားနဲ့ ဆင်တူအမှတ်အသားရှိတယ်။ ဒါပေမဲ့ အရောင်တော့ကွဲတယ်။ အနီရောင်မီးလျှံအမှတ်အသား......အဲ့ဒါက မိစ္ဆာဘုရင် ချန်းယောလ် ရဲ့ ကိုယ်ပိုင်အမှတ်အသားတဲ့။ အဲ့အမှတ်အသားနှစ်ခုရဲ့ ဆက်စပ်မှု
ကိုသိချင်တာ'
'ဘာလို့လဲ။ မင်းမှာအကြောင်းအရင်းတော့ရှိရမှာပေါ့'
'ဘတ်ဟျွန်း နဲ့ ပက်သက်နေတယ်'
'မင်းက ဘယ်တုန်းက ဘယ်ဟျွန်း အကြောင်း သိချင်သွားတာလဲ'
'ငါ့အတွက်အကျိုးမရှိဘဲနဲ့တော့ သိချင်ပါ့မလား'
'ဒါဆို......'
'အပြာရောင်အမှတ်အသားက ကံကြမ္မာနတ်မင်းရဲ့ အမှတ်အသား'
ဝမ်ယောလ် စကားကြောင့် ဂျွန်မြောင် အံ့သြသွားပြီး
'ဒါဆို ဘတ်ဟျွန်း က....'
ဝမ်ယောလ် က မျက်စိမှိတ်ပြလိုက်ပြီး စိတ်အေးအေးထားစေချင်နေသည်။
'လောလောဆယ်က ခန့်မှန်းရုံပဲရှိသေးတယ်'
'ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ တူညီတဲ့အမှတ်အသားနှစ်ခုမှာ တစ်ခုက လောကကိုစိုးမိုးတဲ့ ကံကြမ္မာနတ်မင်း။ နောက်တစ်ခုက မိစ္ဆာဘုရင်........မင်းတော့ ကံဆိုးတာလား ကံကောင်းတာလားပဲ'
'အဲ့ဒါကြောင့် ဇွတ်အသုံးမချချင်လို့ သေချာအောင်စုံစမ်းစေချင်တာ'
ဂျွန်မြောင် ခေါင်းငြိမ့်ပြီး မိစ္ဆာတိုင်းပြည်သို့ သွားမည့်ကိစ္စကို သဘောတူလိုက်သည်။ သူလည်း အမှန်စိတ်ဝင်စားသည်။
'ကိုယ်ပိုင်အမှတ်အသားကိုတောင်ဖန်တီးနိုင်တာ တော်ရုံစွမ်းအားနဲ့တော့မရဘူး။ ပြီးတော့ တူညီတဲ့အမှတ်အသားတစ်ခုကို နှစ်ယောက်ကပိုင်နေရင် တစ်ခုက ပိုင်ရှင်အစစ်ဖြစ်ပြီး နောက်တစ်ခုက သူ့ရဲ့ပိုင်ဆိုင်မှု
ကို တံဆိပ်ခတ်ထားတဲ့သဘောပဲ။ ဒါပေမဲ့ အခြေအနေက မိုးနဲ့မြေလိုကွာနေတော့ ခန့်မှန်းရခက်နေတယ်'
'ငါထင်နေတာ......ကံကြမ္မာနတ်မင်းက မိစ္ဆာဘုရင်ရဲ့ ကြင်ယာတော်ပဲ'
'မိစ္ဆာဘုရင်အကြောင်းက လွန်ခဲ့တဲ့ နှစ်ကိုးသောင်းကျော် နတ်နဲ့မိစ္ဆာတိုက်ပွဲဖြစ်ပြီး ကံကြမ္မာနတ်မင်းက မိစ္ဆာတိုင်းပြည်ကိုချိတ်ပိတ်လိုက်ကတည်းက သူ့အကြောင်းပါ အစဖျောက်ခံလိုက်ရတာ။ ငါတို့မှတ်တမ်းတွေမှာတောင်မရှိတော့ဘူး။ မင်းတွေးတာမှန်တယ်။ မိစ္ဆာဘုရင်အကြောင်းသိချင်ရင် သူ့တိုင်းပြည်ကိုပဲသွားရမှာ'
'ဒါပေမဲ့ ကံကြမ္မာနတ်မင်းက မိစ္ဆာဘုရင်ရဲ့ကြင်ယာတော်ဆိုရင် နတ်မဖြစ်နိုင်တော့ဘူးလေ။ ဘာလို့ သူက အေးအေးဆေးဆေးအုပ်ချုပ်နေနိုင်တာလဲ'
'တစ်ယောက်ယောက်က သူ့ရဲ့ ဇာတိအမှန်ကိုပြောင်းလဲခဲ့လို့ဖြစ်နိုင်တယ်။ ဘယ်သူလဲသေချာမသိပေမဲ့ နတ်နဲ့မိစ္ဆာစွမ်းအားကို ပိုင်တဲ့သူရှိတယ်ဆိုပြီး မှတ်တမ်းတော့ရေးထားတယ်'
'မင်းပြန်လာရင် ငါ့အတွက် အဲ့စာအုပ်ယူပေးနိုင်မလား'
'ရတယ်လေ။ အရေးကြီးတဲ့အထဲမပါ ပါဘူး'
'ကျေးဇူး'
'ဒါပြီးရင် မင်းဘာဆက်လုပ်မလဲမသိပေမဲ့ ကိစ္စကစိတ်ဝင်စားစရာကောင်းလို့ ငါကူညီပေးတာ။ ကျန်တဲ့ကိစ္စက ငါနဲ့မဆိုင်ဘူး'
ဂျွန်မြောင် က ဝမ်ယောလ် ဘတ်ဟျွန်း ရဲ့အစွမ်းတွေ ကို ဘယ်လိုအသုံးချမလဲပေါ်မူတည်ပြီးပြောနေသည်။
'အင်း'
ဂျွန်မြောင် အဖြူရောင်ဖယောင်းတိုင်တစ်ခုအားဖန်ဆင်းလိုက်ပြီး
'ငါ့အသက်ကိုယ်ပွား'
'သတိထားသွား'
'ဘတ်ဟျွန်း ရောက်စရာမလိုအောင် အဆင်ပြေပါစေပဲ ဆုတောင်းနေစမ်းပါ'
ဂျွန်မြောင် ၏ စနောက်နေသည့်စကားကို ဝမ်ယောလ် ရယ်လိုက်ပြီး သူ၏ အိမ်ရှေ့စံတံဆိပ်ပြားကိုထုတ်ပေးလိုက်သည်။
'ဒါရှိရင် တံခါးပွင့်သွားလိမ့်မယ်'
'အင်း'
ဝမ်ယောလ် မျက်စိရှေ့ကနေ ဂျွန်မြောင် ပျောက်ကွယ်သွားသည်။
~~~~~~~~~~~
မိစ္ဆာတိုင်းပြည်
မိစ္ဆာငယ်လေးတွေက ရှာရွန် အတွက် စားစရာတစ်ချို့နှင့် အားဆေးရည်ကို စားပွဲပေါ် တင်ပေးနေသည်။ ရှာရွန် ထိုင်ခုံပေါ်ထိုင်လိုက်ပြီး
'အိမ်ရှေ့စံကော'
'အိမ်ရှေ့စံ မင်းကြီးရဲ့ လက်နက်ထားတဲ့နေရာကိုသွားနေပါတယ်'
ရှာရွန် ပေါင်မုန့်ကိုဖဲ့နေရာကနေရပ်လိုက်ပြီး
'ဘာလို့လဲ'
'လက်နက်ရဲ့စွမ်းအားက ပိုမြင့်လာလို့ မင်းကြီးအတွက်အထောက်အကူရအောင် ထိန်းချုပ်ထားရာကနေ ဖွင့်ပေးမလို့ပါ'
ရှာရွန် ထိုကိစ္စအားအလေးအနက်စဉ်းစားနေသည်။
''မိစ္ဆာဘုရင်က တစ်ကယ်ပဲပြန်လာပြီလား။ ဘတ်ဟျွန်း က အခုမှ ပြန်ဝင်စားတုန်းရှိသေးတာ။ မဟုတ်မှ ချန်းယောလ် ပြန်ဝင်စားလို့ရမဲ့ခန္ဓာကိုယ်ကို ဘတ်ဟျွန်း က ဖန်တီးပေးလိုက်တာလား''
'ကြင်ယာတော်....ကြင်ယာတော်'
မိစ္ဆာမလေးခေါ်တော့မှ ရှာရွန် အတွေးတွေရပ်သွားပြီး
'ဘာလို့လဲ'
'ခဏလေးပဲသည်းခံလိုက်ပါ။ အိမ်ရှေ့စံက မနက်ကတည်းက ကြင်ယာတော်ကိုလွှတ်ဖို့ပြောနေတာ။ ရုတ်တရက် လက်နက်က စွမ်းအားကြီးလာတာနဲ့ အမိန့်မချလိုက်သေးတာ'
'ရပါတယ်။ကိစ္စမရှိဘူး'
'တစ်ခုတော့ ပြင်ထားရလိမ့်မယ်။ လက်နက်က မိစ္ဆာတွေရဲ့စွမ်းအားကိုထောက်ပံ့ပေးနေတဲ့ အဓိကပစ္စည်းဆိုတော့ သူစွမ်းအားမြင်လာတာနဲ့ ပထမဆုံးရိုက်ခတ်မှာက အိမ်ရှေ့စံကိုပါ'
'သိတယ်'
'ကြင်ယာတော်မှာကိုယ်ဝန်ရှိနေတော့ ဒီအခန်းထဲရောက်လာရင်အဆင်မပြေဖြစ်မှာစိုးလို့ အတိုင်ပင်ခံတွေကို ကျွန်မပြောကြည့်ပေးပါမယ်'
'သဘောပဲ'
မိစ္ဆာမလေးနာမည်က နာရာ ဖြစ်ပြီး ရှာရွန် အတွက် ချန်းလျဲ့ ခန့်ထားသော အထိန်းတော်ဖြစ်သည်။ ထို့ကြောင့် ရှာရွန် နဲ့ပက်သက်သမျှအားလုံးကို နာရာ က တာဝန်ယူဆောင်ရွက်ပေးရပြီး ရှာရွန် အရှုပ်တွေမှန်သမျှလည်း လိုက်ရှင်းပေးရသေးသည်။ အများစုကတော့ ရှာရွန် ထွက်ပြေးသည့်ကိစ္စများဖြစ်သည်။
'အားဆေးလည်းသောက်လိုက်ပါဦး'
'မသောက်ချင်ဘူး'
'အိမ်ရှေ့စံက ကြင်ယာတော်အတွက် သေချာကျိုပေးထားတာပါ'
'သူ့ကလေးအတွက်ပါ။ မိစ္ဆာစွမ်းအားပိုတိုးအောင်တိုက်တဲ့ဆေးလေ။ ကလေးကိုလည်းစွမ်းအားပေးရင်း ငါ့ကိုပါ မိစ္ဆာပုံစံပြောင်းသွားအောင် လုပ်နေတာ'
နာရာ ဘာမှပြန်မပြောပေ။ ရှာရွန် နှင့် ချန်းလျဲ့ က မတွေ့မနေနိုင် မမြင်ချောင်းကြည့်အတွဲဖြစ်သည်။ တွေ့လိုက်တိုင်းရန်ဖြစ်ပေမဲ့ တစ်ယောက်ကိုတစ်ယောက်လည်းချစ်သည်။ ဒါပေမဲ့ မာန်မာနနဲ့ တာဝန်တွေက ထပ်ပြီးဝေးကွာစေပြန်သည်။
ရှာရွန် က ကံကြမ္မာနတ်နန်းဆောင်ကိုပြန်ချင်ပြီး ချန်းလျဲ့ ကတော့ အစ်ကိုချစ်ညီလေးပီပီ တာဝန်တွေကို ခဏထမ်းဆောင်နေဆဲပင်။
'သွားတော့။ အေးဆေးစားဦးမယ်'
'လိုအပ်တာရှိရင် ထပ်ပြောပါ ကြင်ယာတော်'
'ရတယ်'
ထို့နောက် နာရာ အပြင်သို့ထွက်သွားသည်။ နာရာ ထွက်သွားမှာ အခန်းပုဏ္ဏရိပ်တွင် ပုန်းနေသော ဝူဆော့ ထွက်လာပြီး ပေါင်မုန့်တစ်လုံးနှင့် ပန်းသီးတစ်လုံးကို တစ်ဖက်စီကကိုင်ကာ စားနေသည်။
'ဖြည်းဖြည်းစား'
'မိစ္ဆာတိုင်းပြည်မှာ နတ်အစားအစာတွေရမယ်လို့မထင်ထားဘူး'
'ဒါက ငါ့အတွက်သီးသန့်လုပ်ပေးတာ'
'ဒီအခန်းက ကောင်းကွက်တော့ရှိသားပဲ။ ကျွန်တော်ရှိနေမှန်း ဘယ်သူမှမရိပ်မိဘူး'
'အပြင်ထွက်ဖို့နည်းလမ်းရပြီလား'
'မရဘူး။ တစ်ကယ်အဆင်မပြေဘူး'
'ငါနဲ့ပဲအတူသွားတာပေါ့'
'ဒါနဲ့ ဒီကနေပြန်ထွက်လို့ရရင် ကျွန်တော်နဲ့လိုက်ခဲ့လေ။ အခုအချိန် ကံကြမ္မာနတ်နန်းဆောင်မှာ ဘယ်သူမှမရှိဘူး'
'ဘယ်ရောက်ကုန်တာလဲ'
'အကုန်လုံး ပြန်ဝင်စားနေကြတယ်'
'ထူးဆန်းတယ်။ ကံကြမ္မာနတ်နန်းဆောင်ကို အလွတ်ထားတယ်လား'
'ဟုတ်ကဲ့'
'ငါလိုက်ချင်ရင်တောင် ကူးစစ် မပါဘဲ လိုက်လို့မရဘူး'
'ကူးစစ် ကဘယ်သူလဲ'
'ငါ့သား'
'အို....တစ်ယောက်ရှိသေးတာလား'
'အင်း။ ဒါပေမဲ့ သူ့စွမ်းအားက မျှတတဲ့အခြေအနေမှာပေါ်လာမှာလေ။ အခုက မိစ္ဆာတိုင်းပြည်မှာပဲဆိုတော့ မကြီးထွားဘဲ ရပ်နေတာ'
'ဘယ်လိုကြီးလဲ'
'ဒီလိုပဲရှိတယ်'
'အဲ့ဒါဆို သူ့ပါခေါ်လိုက်လေ။ တစ်ခါတည်း အတူပြန်ရအောင်'
ဝူဆော့ ၏ စကားကို ရှာရွန် သဘောကျစွာ ပြုံးလိုက်သည်။
≥≥≥≥≥≥≥≥≥≥≥≥FOREVERMORE≤≤≤≤≤≤≤≤≤≤≤≤
ကျန်တဲ့တစ်ဝက်ကို မနက်ဖြန်မဟုတ်ရင် သန်ဘက်ခါမှာ up ပေးပါမယ်။ ဒီတစ်ပတ်လုံးဝမနားရသေးတော့ အချိန်မရဘူးဖြစ်နေတာ။ ဒါမဲ့ sunday တိုင်း up မယ်လည်းပြောထားတော့ ကတိမဖျက်ချင်လို့။ နောက်၁ရက် ၂ရက်နေရင် အပိုင်းအပြည့် ထပ်upပေးပါမယ်။