ဒေါင်း
By LaiYeephyo
195K 15.3K 1.3K
ရီသောသူသည်အသက်ရှည် ၏ More
Ongoingအပိုင်း(1) Un Zaw
အပိုင်း(2)Un Zaw
အပိုင်း(3)Un Zaw
အပိုင်း(4) Un Zaw
အပိုင်း(5) Un Zaw
အပိုင်း(6) Un Zaw
အပိုင်း(7) Un Zaw
အပိုင်း(8)Un Zaw
အပိုင်း(9) Un Zaw
အပိုင်း( 10)
Hello
အပိုင်း(11)
အပိုင်း(12)
အပိုင်း(13)Un Zaw
အပိုင်း(14)
အပိုင်း(15)Un Zaw
အပိုင်း(16)Un Zaw
အပိုင်း(17)Un
အပိုင်း(17)Zaw
အပိုင်း(18)
အပိုင်း(19)Un Zaw
အပိုင်း(20)Un Zaw
အပိုင်း(21)Un Zaw
အပိုင်း(22)Un
အပိုင်း(22)Zaw
အပိုင်း(23)
အပိုင်း(24)Un Zaw
အပိုင်း(25)Un Zaw
အပိုင်း(26)
အပိုင်း(27)Un Zaw
အပိုင်း (28)Un Zaw
အပိုင်း(29 )Un Zaw
အပိုင်း(31) Un Zaw
အပိုင်း (32)Un Zaw
အပိုင်း (33) Un Zaw
အပိုင်း( 34) Un Zaw
အပိုင်း( 35)Un Zaw
အပိုင်း(36)Un Zaw
အပိုင်း (37)Un Zaw
အပိုင်း(38)Un Zaw
အပိုင်း( 39)Un zaw
အပိုင်း(40)Un Zaw
အပိုင်း (41)Un Zaw
အပိုင်း( 42)UnZaw
bl
အပိုင်း(30)Un Zaw
2.9K 282 24
By LaiYeephyo
"ငါက ညည်းတို့မောင်နှမ နှစ်ယောက် စလေမှာဘဲ ညအိပ်တော့မယ်ထင်လို့ အဝတ်အစားတွေတောင်ဟိုနှစ်ယောက်နဲ့ ပို့ခိုင်းမလို့
မနက်7နာရီလောက်ကတည်းက စလေကိုသွားဈေးဝယ်တဲ့ မောင်နှမ နှစ်ယောက်ဘာတွေများ ဘယ်လောက်ဝယ်နေလို့လဲတော့မပြောတက် 3နာရီထိုးမှအိမ်ပြန်ရောက်တယ်
ရောက်ရောက်ချင်းစကားတောင်မပြောနိုင်ကြဘူး နောက်ဖေးမီးဖိုချောင်ကိုတန်းနေအောင်ဝင်သွားကြတယ် စားသောက်ပြီးလို့ပြန်ထွက်လာတော့လဲ မောလို့
နားပါအုံးမယ်ဆိုပြီး နားနေတာအခု4နာရီလောက်မှ ဘာဖြစ်လာတယ်ဆိုတာမေးရတော့သည်။
အဖေကတော့ စပြီးတော့ မေးခွန်းထုတ်ပါပြီ နှင်းသွေးကတော့ ပင်းပန်းလွန်းလို့ ဘာမှတောင်ပြန်မပြောချင်ပါ နှင်းသွေးမပြောသလို ခွပ်ဒေါင်းကလဲ ဖျာပေါ်မှာလှဲအိပ်နေသည်။
အဖေဖြစ်သူမေးနေတာကို တစ်ယောက်မှအဖက်လုပ်ပြီးမပြောတာမလို့ ဘေးနားက တုတ်ကို ယူပြီး ဖျားပေါ်ကိုရိုက်ချလိုက်မှ နှစ်ကောင်သား ထလာပြီး
"ဘာ ဘာ ဘာဖြစ်တာလဲအဖေ
"ဘာဖြစ်လို့လဲဟင်
"မင်းတို့ငါမေးနေတာနားမပါဘူးလား မင်းတို့ဘာလို့ စလေလေးသွားဈေးဝယ်တာကိုဘာလို့အဲ့လောက်ကြာနေရတာလဲ
"အဖေ့သားပေါ့ ချောက်ထိသွားပြီးဈေးဝယ်နေတာ ဘာတွေဝယ်မှန်းမသိဘူး အကြာကြီးဘဲ။ ပြီးတော့ သမီးအိမ်အတွက်လိုအပ်တဲ့ဟာတွေဝယ်ပြီး ပြန်လာတာ မြင်တာတောင်ကူမသယ်ပေးဘူး
အဖေ့ကိုပြန်တိုင်နေတဲ့ အမကို ခွပ်ဒေါင်းမျက်စောင်းသာထိုးလိုက်တယ်
"ခွပ်ဒေါင်းမာန် မင်းကဘာတွေဝယ်လာတာလဲ ငါကိုပြောစမ်း
"ဘုရားပွဲကျဝတ်ဖို့အဝတ်စား‌ဝယ်နေတာပေါ့
"မဟုတ်ဘူးအဖေ သူဝတ်ဖို့ရောသူငယ်ချင်းတွေ အတွက်ရောသမီးဝယ်ပေးတာရတာရယ်
"အမ !!!
ခွပ်‌ဒေါင်းအော်လိုက်တာတော့ အမက ငါအမှန်ပြောတာဆိုပြီး ‌ခွပ်ဒေါင်းကိုလှောင်သည်
" မင်းမပြောဘူးလား
အဖေကတုတ်ကြီးကိုင်ပြီးတော့ မေးနေတာကြောင့် ခွပ်ဒေါင်းဖြေလိုက်ရသည်။ မဖြေလို့လဲမရဘူးလေ မဖြေရင်ခေါင်းကွဲမှာ
"ပြောမယ်
"ပြော
"ဟိုကျောင်းဆရာအတွက် အဝတ်အစားနဲ့တခြားလိုအပ်တာ‌ တွေပတ်ဝယ်နလို့
ခွပ်ဒေါင်းပြောတော့ အဖေနဲ့အမက ပါးစပ်အဟောင်းသားနဲ့အံဩနေကြသည်။ ခွပ်ဒေါင်းမှတော့ရှက်လို့ ဟိုလူအတွက်ဝယ်ထားတဲ့ဟာတွေကိုယူပြီး အိမ်ကနေထွက်လာခဲ့လိုက်တယ်
နှင်းသွေးနဲ့အဖေမှတော့သူထွက်သွားတာကိုမြင်ရသားနဲ့ မသွားနဲ့ဆိုပြီးမတားလိုက်နိုင်ဘဲအံဩနေကြသည်။ ငယ်ငယ်လေးတကည်းကသူများအတွက်မပြောနဲ့ ကိုယ်အတွက်ကိုယ်‌ေတာင်အကျီအဝတ်အစားဝယ်မဝတ်တဲ့ စောက်ပျင်းကြီးတဲ့သူက အခု ‌ဆရာ‌လေးဝတ်ဖို့အတွက်အဝတ်ကို တကူးတက ဈေးတစ်ပတ် ပတ်ပြီးဝယ်ပေးတာက နှင်းသွေးတို့မအံ့ဩဘဲ‌မနေနိုင်
"အဖေ ခွပ်ဒေါင်းက ဆရာလေးကိုများ ကြိုက်နေလားမသိဘူးနော်
နှင်းသွေးဘာရယ်မဟုတ်ပြောလိုက်ပေမဲ့အဖေအဖြေကြောင့်မျက်လုံးပါပြူးသွားသည်။
"ညည်းမောင်ကြိုက်ရင်လဲ ကြိုက်ချင်စရာ ဟိုက မိန်းကလေးတွေထက်တောင်လှတာကို
"အဲ့တာဆိုအဖေက မောင်လေးအဲ့ဆရာနဲ့ကြိုက်လဲ ဘာမဖြစ်ဘူးပေါ့ အဲ့လိုလားဟင်
နှင်းသွေးမေးတော့အဖေက ရေနွေးသောက်မဲ့ခွက်ကိုပြန်ချပြီး
"အေးပေါ့ ငါတောင်ငါကြိုက်တဲ့မိန်းမ ညည်းတို့အမေကိုယူခဲ့သေးတာဘဲ သူလဲသူကြိုက်တဲ့သူကိုယူတာအဆန်းမှမဟုတ်တာ
အဖေစကားကိုကြားပြီးနှင်းသွေးပြုံးလိုက်ပြီ အဖေကို နှင်းသွေးဆက်ပြောလိုက်တယ်
"အဲ့တာဆို သမီးလဲ မိန်းမယူရတယ်ပေါ့
နှင်းသွေးပြောတော့ အဖေက မျက်ခုံးပင့်ကြည့်ပြီး
"ညည်းကြိုက်မဲ့သူရှိရင် ယူ
ပြောပြီး ကွပ်ပျစ်ပေါ်ကနေထသွားတော့‌သည်။ နှင်းသွေးလဲ ပါလာတဲ့ပစ္စည်းတွေကိုသေချာသိမ်းရင်အိမ်ထဲဝင်လာခဲ့လိုက်တယ်
ဘယ်မိဘကများကိုယ်သာသမီးကို ယောင်္ကျားလေးအချင်းချင်း မိန်းကလေးအချင်းချင်းကြိုက်တာကိုသဘောကျမလဲ မိဘဖြစ်နေတော့လဲ သားသမီးတွေစိတ်ချမ်းသာအောင် လက်ခံပေးရမှာဘဲ လူဘဝကတိုတောင်းလွန်းတယ် အသက်ရှင်နေစဉ်ခဏအတွင်းကိုယ်သားသမီးတွေကိုတော့ သူတို့ချစ်ရတဲ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိ နေစေချင်တာမိဘတိုင်းရဲ့ ဆန္ဒပါ
_&&&___&&___&&&___&&&
"ဆရာလေး ဘယ်လိုနေသေးလဲသက်သာလားဟင်
"အကိုသက်သာပါတယ်ဆို ဘာမဟုတ်ဘဲနဲ့ ဆန်ပြုတ်တွေလုပ်လာတယ် အလုပ်ပိုစေမိပြီ
"အဲ့လိုလဲဘယ်ဟုတ်ပမလဲဆရာလေးရယ် အမေက လူကြီး‌ဆိုတော့စိတ်ပူတာပေါ့
ကျောက်ခဲတို့မိသားစုကတော့ နွေဦးအပေါ်တကယ်ကောင်းရှာသည်။နေ့လည်ကကိုဟန်ဆီကပြန်လာတော့ လမ်းမှာအန်တီနဲ့တွေ့ပြီး စကားပြောမိရာကတော့ ဗိုက်အောင့်တာသိသွားတော့ အခု ကျောက်ခဲကိုလာပြီးတော့ဆန်ပြုတ်ပို့ခိုင်းလိုက်တယ်တဲ့
နွေဦးဗိုက်ကလဲ နေ့လည်လောက်ကတည်းက ဆေးသောက်ပြီးအိပ်ထားတော့တော်တော်သက်သာနေပြီး  ထမင်းအမာသာစားမရသေးတာပါ
"အကိုကကျေးဇူးတယ်လို့ပြောလိုက်ပါအုံးနော်
"ရပါတယ်အဲ့တာတွေပြောစရာမှမလိုတာ  ဆရာလေးကို ကျွန်တော်မေးစရာရှိလို့
"မေးလေ အကိုသိတာဆိုဖြေမှပေါ့
"ဟိုဆရာဝန်နဲ့ဆရာလေးက အမျိုးတွေလားဟင်
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ ကိုဟန်က
ပါးတွေဆွဲဖဲ့လိုက်လို့လား
နွေဦးပြောတာမှန်တယ်ထင်ပ ကျောက်ခဲက ‌ပါးစပ်အဟောင်းသားနဲ့
"ဆရာလေးဘယ်လိုသိတာလဲ
"ကိုဟန်ကအဲ့လိုဘဲ  ပုပုလုံးလုံးနဲ့ ချစ်စရာကောင်းတဲ့ သူတွေဆို ပါးတွေဆွဲဖဲ့ပြီး မငို ငိုအောင်ကိုလုပ်တာ
"ကျွန်တော်ကချစ်စရာလဲမကောင်းဘဲနဲ့ ကျွန်တော့ပါးကို ဆွဲဖဲ့တယ်
ကျောက်ခဲပြောတာကိုနွေဦးနားထောင်ပြီး ပြုံးနေမိသည်။ ကိုဟန်သူအူယားတဲ့သူတွေဆိုအမြဲအဲ့လိုလုပ်နေကြ နွေဦးတောင်အခုမှ အဲ့လိုတွေမလုပ်တော့တာ အရင်ကဆို ပါးဖဲ့ယုံတင်မကဘူး ကိုက်ပါကိုက်သေးသည်။
"အဟမ်း အဟမ်း !!
ကျောက်ခဲနဲ့နွေဦး စကားကောင်းနေတုံး နောက်ကနေ ချောင်းဟမ့်သံကြားလို့လှည့်ကြည့်လိုက်တော့ ခွပ်ဒေါင်းမာန်
"ကိုကြီးခွပ်ဒေါင်းဘယ်ကိုလာတာလဲ
" ဒီအိမ်ထဲရောက်နေပြီး ငါဘယ်လာတာလဲမသိဘူးလား !!
ဒါလေးမေးတာကို ဒေါသသံနဲ့ပြန်ပြောတာမလို့ ကျောက်ခဲတောင်လန့်သွားသည်။ ဘာအမှားမှလဲမဟုတ်ထားဘဲနဲ့ကို
" မင်းမပြန်သေးဘူး ပြန်တော့ ! !
ထိုအခါကျောက်ခဲလဲ ဖိနပ်မြန်မြန်စီးပြီး ကိုယ်အိမ်ဘက်ကို အမြန်သုတ်ချေတင်ခဲ့တော့သည်။ မဟုတ်ရင်  ကိုကြီးခွပ်ဒေါင်းရဲ့ လက်စာမိမှာ
မျက်နှာကြီးတည်တင်းပြီး ဒေါသထွက်နေတဲ့သူကိုဘာပြောရမှန်းမသိ ဘာကိုမကျေမနပ်ဖြစ်ပြီး ဒေါသထွက်လာတာလဲမပြောတက်
လက်ထဲမှာလဲအထုပ်တွေနဲ့
"ခင်ဗျား ဘာလို့ ကျောက်ခဲနဲ့အတူတူရှိနေရတာလဲ
ခွပ်ဒေါင်းထိုလူရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီးမေးလိုက်တော့ ‌ဟိုဘက်ကိုတိုးသွားသည်။ ဒီလူဘာဖြစ်တာလဲ ကျောက်ခဲနဲ့ကျအတူတူပူးကပ်ထိုင်နေပြီးတော့
"မေးနေတယ်လေ
"ကျောက်ခဲက ဆန်ပြုတ်လာပို့တာ
"ဟင်နေမကောင်းဘူးလား
ပြောပြောဆိုဆိုနဲ့နဖူးပေါ်ရောက်လာတဲ့လက်တစ်ဖက်
"နေမကောင်းတာမဟုတ်ပါဘူး မနက်ကဗိုက်အောင့်လို့
"အခုရောသက်သာလား ဆေးခန်းသွားပြမယ်လေ မသက်သာရင်  အစားမှားတာလား မတည့်တာတွေ အရမ်းစားတာကိုဖြစ်မှပေါ့
ကိုယ်ကိုဘာမှပြန်ဖြေချိန်မရ သူကြည့်ဘဲဇွတ်မေးနေတာမလို့ နွေဦးသူကိုမျက်စောင်းရွယ်လိုက်တယ်
" ပြန်မဖြေဘဲ ဘာလို့လူကိုအဲ့လိုလာကြည့်တာလဲ
"မင်းကြည့်မေးနေတော့ငါဘယ်လိုပြန်ဖြေရမလဲ
"ဟုတ်ပြီး ကျုပ်မပြောတော့ဘူး ခင်ဗျားဖြေတော့
"ဗိုက်ကရိုးရိုးနာတာ မနက်က ကိုယ်ဟန်စီမှာလဲဆေးတစ်လုံး ထိုးခဲ့သေးတယ် နေလည်ကလဲ ဆေးသောက်ပြီးအိပ်ထားတာမလို့ အခုသက်သာနေပြီ ဘာမဖြစ်တော့ဘူးး
"ဆေးထိုးတုံးက ခင်ဗျားဖင်ကို ဟိုလူမြင်သွားသေးတယ်ပေါ့
"ဟမ်
"ကျုပ်မေးသာဖြေစမ်းပါ
"မမြင်ပါဘူး တင်ပါးအပေါ်ပိုင်းလေးတင်ထိုးတာလေ
"တော်ပါသေးတယ်
ဘာလဲသူကအခုနွေဦးကို ကိုဟန်နဲ့ သဝန်တိုနေတာလား
"ညနေက ကျုပ်ကြက်သားဆန်ပြုတ်လေးလာပို့မယ်  နောက်ဆိုအမာတွေအစပ်တွေမစားနဲ့
"အင်းပါသိပါတယ် ဆန်ပြုတ်တော့လာမပို့ပါနဲ့တော့ ကျောက်ခဲလာပေးတဲ့ဟာတွေတောင်မစားရသေးဘူး
ဘေးကဆန်ပြုတ်ပန်ကန်ကို မေးငေါ့်ပြီးပြလိုက်တော့
"အဲ့တာဆိုမနက်စာကိုကျုပ်လာပို့မယ် မနက်ကျ ဘာမှထချက်မနေနဲ့
"ဗိုက်ကသက်သာနေပြီလို့ ကိုယ်ဘာသာချက်စားလိုက်ပါမယ်
"ဘာလဲခင်ဗျားက ကျုပ်ဟာမလို့မစားချင်တာလား
"မဟုတ်ပါဘူး အဲ့လိုမဟုတ်ပါဘူး နော်
အားနာလို့မလုပ်ခိုင်းတာကိုသူဟာမလို့မစားချင်ဘူးထင်သွားတဲ့သူကိုနွေဦးအမြန် ပြန်ရှင်းပြလိုက်ရတယ်
"အဲ့တာဆိုလဲမရှည်နဲ့ ကျုပ်မနက်လာပို့မယ်
"အင်းအင်း
နောက်ဆုံးကိုယ်ဘဲ အရူံးပေးလိုက်ရတော့တယ်
"ဒါနဲ့ အိတ်ထဲကဘာတွေလဲ
"အော် ခင်ဗျားအတွက် ဝယ်လာတာကြည့်ကြည့်လိုက်အုံး။
(စာလုံးပေါင်းမစစ်ရသေးလို့အမှားပါရင်ပြင်ဖတ်ပေးပါနော် ဖြိုးမနက်ကျရင်တော့ပြန်စစ်ပြီး ပြင်ပေးပါမယ်)
Zaw
ရောက်ရောက်ချင်းစကားတောင်မပြောနိုင်ကြဘူး နောက်ဖေးမီးဖိုချောင်ကိုတန်းနေအောင်ဝင်သွားကြတယ် စားသောက်ပြီးလို့ပြန်ထွက်လာတော့လဲ မောလို့အားပါအုံးမယ်ဆိုပြီး နားနေတာအခု4နာရီလောက်မှ ဘာဖြစ်လာတယ်ဆိုတာမေးရတော့သည်။
"ဘာ ဘာ ဘာဖြစ်တာလဲအဖေ
"ဘာဖြစ်လို့လဲဟင်
"မင်းတို့ငါမေးနေတာနားမပါဘူးလား မင်းတို့ဘာလို့ စလေလေးသွားဈေးဝယ်တာကိုအဲ့လောက်ကြာနေရတာလဲ
"ဘုရားပွဲအတွက်ဝတ်ဖို့အဝတ်စား‌ဝယ်နေတာပေါ့
"အမ !!!
" မင်းမပြောဘူးလား
"ပြောမယ်
"ပြော
"ဟိုကျောင်းဆရာအတွက် အဝတ်အစားနဲ့တခြားလိုအပ်တာ‌ တွေပတ်ရှာနေတာလို့
နှင်းသွေးဘာရယ်မဟုတ်ပြောလိုက်ပေမဲ့အဖေအဖြေကြောင့်မျက်လုံးပါပြုံးသွားသည်။
_&&&___&&___&&&___&&&
"ဆရာလေးဘယ်လိုသိတာလဲ
အဟမ်း အဟမ်း !!
"မေးနေတယ်လေ
"ဟင်နေမကောင်းဘူးလား
"ဟမ်
"ကျုပ်မေးသာဖြေစမ်းပါ
"တော်ပါသေးတယ်
"အင်းအင်း
"ဒါနဲ့ အိတ်ထဲကဘာတွေလဲ
Continue Reading
You'll Also Like
453K 56.1K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
224K 15.3K 55
Jk : យើងស្រលាញ់ប៉ាឯងណាស់អាល្អិត Jeon Jungkook x Kim Taehyung x Kim TaeJung
700K 40.4K 26
Jk - Possessive type #Warning Cv_ Pinterest
707K 28.3K 38
🚫⛔ရိုင်းစိုင်းသောအသုံးနှုန်းများပါလာနိုင်ပါသဖြင့် (သတိပေးအပ်ပါသည်)⛔⛔ ကိုယ်ရံတော်နဲ့အမှတ်မထင် အလုပ်စဝင်တဲ့နေ့တွင် မိမိနှင့် အခတ်မသင့် sexa ဆက်စံမိသွ...