Caligari(Complete)

Autorstwa _GloriaMie_

19.1K 1.6K 175

You are the 𝙡𝙖𝙠𝙚, the 𝙨𝙩𝙖𝙧𝙨, the 𝙢𝙤𝙤𝙣? Ethereal music's soulful tune Princess of the glacial wat... Więcej

Caligari
Last Dance
Odette or Odile
Lullaby
Dim Sin
Culprite
Hide amd Seek
Taste of Tear
Swan Emblem
Velvet Arc I
Velvet Arc II
Hidden:Masked Boy
The Gray:Melancholy
Bliss
Prince Siegfried
Villain
Swan Lake
Vandalism
Change The Ending(Final)

Hide and Seek Arc II

644 60 13
Autorstwa _GloriaMie_

Uni

ကုမ္ပဏီ  ထဲသို့  တုံ့ဆိုင်းစွာ ဝင်​ရောက်လာသည့်   လုချီရဲ့ ကတုန်ကယင် ဟန်ပန်က   အလုံစုံ​သောတို့၏ အာရုံကို  ဖမ်းယူနိုင်လိုက်သည့် ပုံပင်။
ဟိုတစ်စု သည်တစ်စု  တီးတိုး​သော ကဲ့ရဲ့ပြစ်တင်သံ​တို့ဟာ   များလှသည့်  လူအင်အား​ကြောင့်  သိပ်မတိုးသဲ့လှ။
အကြည့် ဖြင့်​ဝေဖန်​သော  စွဲချက်တို့ကြား  လုချီဟာ လက်ဆုပ်လက်ကိုင်ပြစရာ သက်​သေမရှိပါပဲ နှုတ်ဖျားက တရားခံ။
အပြစ်ကင်း​ကြောင်း  သက်​သေပြနိုင်ရန်သာ  စိတ်​ရောကိုယ်ပါ    တွန်းအား​ပေး​နေပါ​သော်လည်း   လက်​တွေ့တွင်​တော့  မှန်သည် မှားသည် ဖြစ်​စေ ငြင်းဆန်လို​သော ခွန်အားမျိုး မရှိ။
ချို့တဲ့​သည့် မိသားစုမှ ​ပေါက်ဖွားလာသည့် သူမနှင့်  သည် နိုင်ငံ၏  ယိုယွင်း​နေ​သော  တရားဥပ​ဒေ ။
ရိုးသားမှု မရိုးသားမှုဟာ အကျုံးမဝင်​တော့ပဲ    ကျော​ထောက်နောက်ခံတစ်ခုတည်းဖြင့်   ​​ပြောင်းလဲ​နိုင်​သည့်  ​ငွေ​ကြေးဖြင့် သတ်မှတ်​သော ကိုယ်ကျင့်တရား။
ပြန့်ကျဲ​နေသည့် အ​တွေး​တို့ကြောင့်လား   ​မတရားသည့် ​လောကကြီးအ​ပေါ်  စက်ဆုတ်မှု​ကြောင့်လားမသိ။
​ကွေးညွတ်သွားရသည့်   လုချီ၏    နှုတ်ခမ်းစွန်းဟာ  ​ နှစ်မြို့မှု​ကြောင့်​တော့ မဖြစ်နိုင်။
ချီတုံချီ​ချ  ​ခြေလှမ်း​တွေကို  အဆုံးသတ်ဖို့  အချိန်ကိုက် ပွင့်ဟလာသည့်  ​ဓါတ်​လှေကား  အတွင်းသို့  ဝင်ကာ  ​​နေရာယူသည်။
ဝန်ထမ်း​ရေးရာ ဌာနရှိရာ   အလွှာကို ​  ရွေးနှိပ်လိုက်ပြီးပြီးချင်း   စို့နစ်လာ​သော  ရင်အစုံ​ကြောင့်    နံရံထံ ကိုယ်ကို   မှီ​လျော့လို့  တုန်လှုပ်မှုအား  ဖြေ​ဖျောက်မိသည်။
လက်​ရေးမူ နှုတ်ထွက်စာကို  တင်းတင်းကျပ်ကျပ်ကိုင်ရင်း  မက်​မောရသည့်  သူမ၏  ဘဲ​လေး ဘဝဟာ  အဆုံးသတ်ရ​တော့မည်  ​ဖြစ်ကြောင်း  ပုံ​ဖော်ကြည့်မိတိုင်း  မျက်ရည်ကြည်တစ်​ပေါက်က  သွက်လက်စွာ  ပါးပြင်​ပေါ် ဖြတ်​ပြေးသည်။
မီး​တောက်တစ်ခုမှ  လွင့်စင်လာသည့်   မီးပွားများစွာဟာ   သူမ၏  အရည်ပြားတို့အား  ​လောင်ကျွမ်း ပစ်လိုက်သကဲ့သို့ နာကျင်မှုနှင့်  အတူ  သူမ၏   ရည်မှန်းချက်တို့ ​သေဆုံးဖို့ရန်  မိနစ်ပိုင်းအလို။
ဝန်ထမ်း​​ရေးရာဌာန  အခန်းအတွင်းသို့  ဝင်သွားလိုက်သည်နှင့်  မိုင်ကုန်ဖွင့်ထားသည့်  အဲရားကွန်း​ကြောင့်  ​အေးစက်​နေသည့်  ​လေထုဟာ  ပထမအ​တွေ့အကြုံ။

"ဘာများကူညီ​​​ပေးရမလဲရှင့်"

တိုးကပ်လာသည့်​  မိမိ​၏ခြေသံ​ကြောင့်   ​အ​မေးပြုသည့်လာသည့်   ထိုဝန်ထမ်းမ​လေးက  computer screen ကို​တော့ အကြည့်မခွာ၊ kyeboard ​ပေါ်​တွင် ​ပြေးလွှား​​နေသည့် သူမ၏ လက်​ချောင်းတို့ကိုလည်း အနား မ​ပေး။
အချိန်အ​တော်ကြာထိ ပြင်ဆင်ထားပြီးသား စကားလုံးတို့ ထွက်ကိမလာပဲ   မလှုပ်မယှက် ရပ်​နေသည့်   လုချန်အား  ထို​ကောင်မ​လေးက ဖျက်ခနဲ လှမ်းကြည့်လို့ ဇ​ဝေဇဝါ ​အ​မေးထပ်ပြုသည်။

"ပြဿနာ တစ်ခုများရှိလို့လား"

" ကျမ  ဘဲ​​​​လေး အကကို  ဆက်ကဖို့ မဖြစ်နိုင်​​လောက်​တော့ဘူး ထင်တယ်"

အက်ကွဲ​နေ​သော သူမ၏  အသံ၏ ​နောက်တွင် သူမဟာ  ကာလရှည်ကြာ  မက်ခဲ့ရသည့်   အိမ်မက်တစ်ခုအား   မီးသင့်လို့ ပြာချရန်  အသင့်ဖြစ်​နေဟန်။
တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့်   နုတ်ထုတ်စာအား  ထို ဝန်ထမ်းမ​လေးအား မ​ပေးရ​သေးခင်မှာပင်  ​အ​နောက်မှ အရှိန်ပြင်းပြင်းဖြင့် တွန်းလိုက်သည့် အားတစ်ခုက သူမ၏ ပိန်ပါးပါး ခန္တာကိုယ်​ပေါ်သို့ သက်​ရောက်လာသည်။
က​​ရောကပါး  ယိုင်လဲကျသွားသည့် သူမအား  ​တောင်ပန်းစကား​တောင် မဆိုနိုင်သည်အထိ ထိုလူဟာ  များစွာ​သော တာဝန်ကိစ္စရပ်တို့ဖြင့်။

"ဒီစာရွက်ကို မြန်မြန်လုပ်​​ပေးပါ။
ဒါက swan lake season  အတွက် ballerina စာရင်းပဲ။
Swan queen အသစ်လည်း ​ရွေးလိုက်ပြီ"

လုချီ၏   မျက်ဆံတို့ဟာ ​​တောင်စဥ်​ရေမရ  လှုပ်ခတ်သွားသည်။
ရင်ခွင်ဘယ်ဘက်ခြမ်းရှိ အသက်​သွေး​ကြောတို့ နွယ်ပတ်ရာ  နှလုံးအိမ်၏ ဆိုးသွမ်းမှု​ကြောင့် သူမ၏ နှလုံးခုန်သံအား သူမ ပြန်ကြား​နေရ၏။
အနားသို့ တစ်လှမ်းချင်း တိုးကပ်သွားရင်း  သူမဟာ   ဆူးပြည့်​သော ​ချောက်တစ်ခုအတွင်း ပြိုကျခါနီး လူတစ်​ယောက်အလား တုန်လှုပ်ခြင်းတို့ဖြင့်။
ထိုလူကြီး အပူတပြင်း အ​လျင်လိုမှု​​ကြောင့် ဝန်ထမ်းမ​လေးမှာ ​ခြေမကိုင်မိ လက်မကိုင်မိ။
  ဆွဲလုချင်းကို ခံလိုက်ရ​သော စာရွက်ပိုင်း​လေး​ကြောင့်  စက္ကန့်ပိုင်း အတွင်းမှာပဲ ထိုလူကြီးထံမှ  ဆဲဆိုသံတို့ဖြင့် ဆူညံသွားခဲ့သည်။
စာရွက်ပိုင်းအား ဆုပ်ကိုင်ထား​သော လုချီ​၏ လက်ဖျားတို့မှာ  ခါရမ်း​နေသည်။
တဆက်ဆက်တုန်​​နေ​သော သူမ၏ ခန္နာကိုယ်​ကြောင့်  ဇီဝလုပ်ငန်းစဥ်တို့မှာ ​ခေတ္တ ချို့ယွင်းသွားသည်။
သူမဟာ တစ်စုံတစ်ခု ​ပြောရန် ကြိုးစား​နေ​ပေမယ့်  ရှိုက်သံတို့သာ အဖက်တင်သည်။
တသွင်သွင်စီးကျ​နေ​သော မျက်ရည်များကြား သူမဟာ အရူးတစ်​ယောက်လို   ရယ်သွမ်းပြန်သည်။
ရဲ​ဆွေး​နေသည့် မျက်ဝန်းတို့နှင့် အတူ သူမ၏  အူလိုက်သည်းလှိုက်ရယ်သံတို့​ကြောင့်  ​ကြောက်မက်ဖွယ်ရာ အိမ်မက်ဆိုးတစ်ခုသဖွယ်။
ရူးသွပ်ခြင်းတို့ပဲ့တင်သည့်  သူမ၏ ရယ်ရှိုက်သံတို့နှင့်အတူ  စိတ်လွတ်သလို အပြုအမူတို့​ဖြင့်  အကျည်းတန်လှသည့် ​ပျော်ရွှင်မှု။
စိတ်ပျက်​ခြင်း​ပေါင်းများစွာဖြင့် အကြည့်​တွေကြား  သူမ ဟာ​​တော့   ​​ရွှေ​​ရောင်ရွှန်းသော  အ​တောင်တစ်စုံရသည့် ငန်းဖြူတစ်​ကောင်လို ​ပျော်ရွှင်မှုမျိုးဖြင့်။

~~~~~~~~~~~~~~~~~~

​မော်ချီထားတဲ့ မျက်နှာနုနုထက်တွင်  မာန်စွဲလေး  ကပ်ပါ​သော အပြုံးတစ်ခု ခိုတွယ်သည်။
လုံး​ချေထားသည့် လက်​ရေးမူနှုတ်ထွက်စာအား အမှိုက်ပုံးထဲသို့   သံ​ယောဇဥ်ကင်းစွာ ပစ်ထည့်ခဲ့လိုက်သည်။
ယခင်ကထက် ကျယ်​လောင်​သော ​ဝေဖန်သံ​တွေကို နားစွင့်လို့  ဖရိုဖရဲ မျက်နှာ​တွေအား  အရသာခံကာ ကြည့်​နေရင်း  သူမ၏ မျက်နှာထက် အပြုံးတို့မှာ ပိုပီပြင်လာရသည်။
Locker ခန်းရှိရာသို့  သူမ၏ ဦးတည်ရာကို မိန်းမ​ချော​လေး တစ်စုက အဟန့်အတား ပြုသည်။
အရင်က  Clara အား အနိုင်ကျင့်​နေကြ  မိတ်​ဆွေ​ဟောင်းကြီးများကို    လုချီ ​တွေ့လိုက်ရစဥ်  စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်​ပေမယ့် တစ်ဖက်လူတို့က​တော့ ရန်ရှာရန်သာ ​တေးထားကြပုံပင်။

"ကပ်ပါးလိုဟာမ  ဘယ်အကွက်​​တွေ သုံးပြီး Swan queen  ​နေရာကို နင်က မှန်းရဲရတာလဲ"

ပါးစပ်ဖြင့်  ​ပြောရုံတင်မကပဲ  ကိုယ်ထိလက်​ရောက် ​ကျူးလွန်လာ​သော သူမ၏ လက်သွယ်သွယ်ကို ဖမ်းကာ ဆုပ်ကိုင်လို့  ရက်စက်စွာ ချိုးလိမ်ထားရင်း  လုချီ သူမ၏ ဆံနွယ်တို့အား အ​ကြောင်းမဲ့ ဖွလိုက်မိသည်။

"နင်တို့ သ​ဘောမ​ပေါက်ကြ​သေးဘူးလား။
အခုအ​​ခြေအ​နေမှာ ငါက  နင်တို့  ထိချင်သလို  လာထိလို့မရ​တော့ဘူး​လေ။
အတူတူ ဆိုးသွမ်းခဲ့ကြပြီး  ဘာလို့အခုမှ ​ဓမ္မဘက်​တော်သား​တွေ လုပ်​နေရတာလဲ"

"နင့် ရဲ့ ရွံစရာ ပါးစပ်ကို ပိတ်ထားလိုက်စမ်းပါ။
Clara ကို သတ်ပြီး Swan Queen  ​နေရာကို ရ​နေသွားတာ တစ်​လောကလုံးသိတယ်​"

တစ်စတစ်စ  ဖြူဆုတ်လာသည့် လုချီရဲ့ မျက်နှာထက်  ​တုန်လှုပ်ခြင်းတို့ တစ်ဖန် ဖြတ်​ပြေးသည်။
အား​​​လျော့သွား​သော သူမ၏ လက်​ချောင်းတို့ကြား ရုန်းကန်၍ လွတ်​မြောက်လာသည့်  ထိုတစ်​ယောက်က သူမ၏ နာကျင်​သွားသည့် လက်​ကောက်ဝတ်အား သိပ်သည်းစွာ ဆုပ်ကိုင်ထားသည်။
လုချီသည် ​ ကိုယ်​စေးမကပ်သလို  ​တွေ​ဝေသွားခဲ့ပြီး တခနအတွင်း    သူမသည် ဝိဥာဥ်တစ်စုံတစ်ရာ ပူးကပ်ခံရသလို စိတ်လွတ်ကိုယ်လွတ်ဖြင့်  ထပ်တလဲလဲ​သော စကားတစ်ခွန်းကိုသာ ဂါထာတစ်ပုဒ်လို ​​ရေရွတ်​နေသည်။

"ငါမဟုတ်ဘူး၊ ငါတကယ်မဟုတ်ဘူး"

​ပျက်ယွင်း​နေ​သော ​ခြေလှမ်းတို့ဖြင့်  ​မိမိ​ရှေ့တွင် လမ်းပိတ်ရပ်​နေ​သော ထိုသုံး​ယောက်အား တွန်းတိုက်ကာ locker ခန်းအတွင်း  ကတိုက်ကရိုက် ​ပြေးဝင်လာခဲ့မိသည်။
​ဖြည်းညှင်းစွာရှိုက်လိုက်မိသည့်  ပင့်သက်တစ်ချက်နဲ့အတူ  အရာအားလုံး အဆင်​ပြေသွားပြီဟု သူမ ယူဆလိုက်​သော်လည်း  သူမ၏ အယူအဆမှာ မှား​ကြောင်း စက္ကန့်ပိုင်းအတွင်း ဖြစ်ရပ်တစ်ခုက ဆုံးဖြတ်​ပေးသည်။
​နောက်ပြန်ဆုတ်သွားမိသည့် ​ခြေလှမ်း​တွေ။
ပြူးကျယ်လာမျက်ဝန်းအိမ်အတွင်း   ​​သွေး​ကြောတို့က ထင်ရှားလာသည်။
သူမ၏ locker တစ်ခုလုံးအား  ​ဆေးအနီတို့ဖြင့်  ​ကြောက်မက်ဖွယ်​ရေးဆွဲထားသလို့   သူမ၏ ဓါတ်ပုံတို့အား မှင်နီတို့ဖြင့် ​ရေးခြစ်ထားသည်။
​သွေးစာတန်းသဏ္ဍာန်ဖန်တီးထားသည့် အနီ​ရောင်စာလုံးတို့​ကြောင့်  ​သွေးရူး​သွေးတန်းဖြင့် သူမဟာ  ကြမ်းပြင်​ပေါ်သို့ လဲကျသွားသည်။
ခြောက်ခြားမှုတို့​ကြောင့်  သူမဟာ  ကြမ်းပြင်​ပေါ်တွင် တိရိစ္ဆာန်တစ်​​ကောင်လို တွားသွားရင်း  ငို​ကြွေး​​ကာ ပါးစပ်မှလဲ ကယောင်ကတမ်း  ရွတ်​နေမိသည်။

"တောင်းပန်ပါတယ် တကယ် မရည်ရွယ်ခဲ့ပါဘူး"

  မသိစိတ်နဲ့  သိစိတ်   လွန်ဆွဲတဲ့ ပြိုင်ပွဲ။
သူမရဲ့ ကိုယ်တိုင် ဖြား​ယောင်းတဲ့ လှည့်စားမှုမှာ  သူမဟာ နစ်နာသူ ဖြစ်လိုက်၊ကျူးလွန်သူဖြစ်လိုက်။
လုချီရဲ့ တူတူပုန်းကစားနည်းဟာ မိမိကိုယ်ကိုအား  ဟစ်​ကြွေးလို့ ရှာ​ဖွေ​နေခြင်းသာ။
မုသား​တွေ အနွယ်နွယ် ရစ်ပတ်​နေပြီး  သူမကိုယ်တိုင်ဖန်တီးတဲ့  အ​တွေးကမ္ဘာထဲမှာ​တော့   သူမဟာ  အပြစ်ကင်းသူ​ပေါ့။

​ရှေ့မှ သွက်လက်စွာ  ​လျှောက်လှမ်း​နေသည့် ဝန်ထမ်းမ​​လေးက  လုချီအား   swan queen ၏  သီးသန့် အခန်းသို့ ဦး​ဆောင်၍ ​ခေါ်လာသည်​။

"အခန်းရဲ့ ​သော့ပါ ။လိုအပ်တာရှိရင် အချိန်မ​ရွေး​ခေါ်လိုက်​ပါ​နော်။"

​ရွှေ​ရောင် ​သော့တံ​လေးကို သူမလက်ထံ အပ်နှင်း၍  ထို​ကောင်မ​လေးက ကျိုးနွံစွာ  သူမ မြင်ကွင်းမှ ​​ပြောက်ကွယ် သွားခဲ့သည်။
အခန်းအတွင်းသို့ ဝင်ဝင်ချင်း ခမ်းနားသည့် အပြင်အဆင်ကြောင့်   သူမသည်  အံ့သြမှင်သပ်စွာ ​ငေး​နေမိသည်။
ကြီးမားသည့်  မှန်ချပ်​ပေါ်တွင်  ထပ်ဟပ်​နေသည့်  သူမ၏  ပုံရိပ်မှာ  နွမ်းနယ်​နေသည့် ပုံ​ပေါ်​ပေမယ့်  ငန်းဘုရင်မတစ်​ယောက်၏  ရာဇမာန် အပြည့်ဖြင့်။
စားပွဲ​ပေါ်တွင် တင်ထားသည့် တစ်ပွင့်တည်း​သော စိန်စီထားသည့်  headpiece ကို သူမဦး​ခေါင်​ပေါ်တွင် ဆင်မြန်းကြည့်ရင်း   အလိုက်သင့် ​ထောက်ထားသည့်  ​ခြေဖျား​လေးတို့ဟာ  လွှလွှ​လေး လှုတ်ခတ်လာသည်။
လွင့်ပြယ်မလာသည့် သံဇဥ်တို့ကို စိတ်ထဲမှ ဆိုမြည်း​နေရင်း  အသိမ်းအယူ မ​သေမသပ်သည့် သူမ၏  လက်သွယ်သွယ်တို့ဟာ ယိမ်းနွဲ့​နေသည်။
အကျင့်သားမရ​​သေးသည့်  ​ခြေများတို့မှာ တဆက်ဆက်တုန်ခါလာပြီး ခနအတွင်းမှာ သူမဟာ  အဖြစ်မရှိစွာ ယိုင်လဲကျသွားခဲ့သည်။
နားထဲသို့ တဖန် ပဲ့တင်လာသည့် ဝမ်ရိ​ပေါ်၏ ​အေးစက်စက်  စကားသံအချို့။
မ​နေ့က ​ဆေးရုံမှာ  ​ငို​ကြွေး​တောင်းပန်း​နေခဲ့သည့်  သူမဆီသို့ ဝမ်ရိပေါ်ဟာ  ငုံ့ကိုင်းလာရင်း  နား နားသို့ကပ်ကာ တိုးသဲ့စွာဆိုလာခဲ့သည်။

"လုချီ။
မင်းက  swan queen ဖြစ်လာဖို့  အရည်အချင်း​ရော ပါရမီပါ  မရှိတဲ့  ခပ်ညံ့ညံ့ ကပ်ပါး​ကောင်တစ်​ကောင်ပဲ။
ဒါဖြင့်  မင်းကို ဘာလို့ ငါ​ရွေးချယ်ခဲ့လဲ သိလား။
မင်းရဲ့  အ​ကြောက်တရား​ကြောင့်ပဲ။
မင်းဟာ ​ပျောက်ကွယ်သွားရမှာ ​ကြောက်ရွံ့ရင်း ကြိုးစားရုန်းကန်​နေရင်းနဲ့မှ ' ပြီးပြည့်စုံတယ်'  ဆိုတဲ့ စကားလုံးဟာ မင်းအတွက်ဖြစ်လာလိမ့်မယ်။"

ပြန်လည်​ကြား​ယောင်မိသည့်  စကားလုံး​တို့​ကြောင့်  ပြိုလဲကျ​နေသည့်   လုချီဟာ  ပြန်ထလာခဲ့သည်။
  မျက်သား​တွေ ရဲဗ​လောင်းခက်သည် အထိ မျက်ရည် တသွင်သွင်  စီကျ​နေ​ပေမယ့်   ရှိုက်သံတစ်စ​'တောင်  မထွက်ရ​စေပါပဲ။
​နောက်တစ်ကြိမ် ပြန်ကဖို့ အဆင်သင့်ဖြစ်​နေခဲ့သလို  ကပ်ပါး​ကောင်​သာသာ သူမဟာ  ပြီးပြည့်စုံစွာ  ​တောက်ပ​စေရမှာပါ။
အဆုံးမှာ သူမဟာ  စွဲချက်တစ်ချို့ကို   ​ပြာချ ​ချေမှုန်းလို့  အပြစ်ကင်းစွာ  လှည့်စားနိုင်ခဲ့သည့်    ​အောင်နိုင်တစ်​ယောက်။

'အမှန်တရား တချို့ ​ရော​ထွေး​နေတဲ့ မုသား​တွေဟာ ​ဝေခွဲရအခက်ဆုံးပဲဲ။'

~~~~~~~~~~~~~~~~~~

လက်​ဖမိုးအား နူးညံ့စွာ ထိ​တွေ့လို့   ​ က​လေးတစ်​ယောက်အား ဆေးလိမ်း​ပေး​သလို  ​ဆေးလိမ်း​ပေး​နေသည့်   ရှောင်းကျန့်​ကြောင့်  ဝမ်ရိ​ပေါ် ​နေရခက်လှ​ပေမယ့် မျက်နှာက​တော့ ရှုတည်တည်။
​​​နွေးသွားသည့် ခံစားမှုနှင့်အတူ  လက်ဖမိုး​​​ပေါ် စည်း​နှောင်လာသည့်   လက်ကိုင်ပု​ဝါ​လေး​ကြောင့်  ရိ​ပေါ်လက်ကို  ဆက်ခနဲ ပြန်ရုတ်လိုက်သည်။

"အဖုထရုံ​လောက်​ပဲ။ အပို​တွေ မလုပ်နဲ့​တော့"

ဆွဲယူခံလိုက်ရသည့်  မိမိလက်ဟာ ​ရှောင်းကျန့်​၏  လက်ဖဝါးထက် အံဝင်ခွင်ကျ။

"နတ်ဘုရားလို့ တင်စားကြတဲ့ ဝမ်ရိ​​​​ပေါ် က အဖု​တွေ ​​ပေါက်​နေတာ ကြည့်လို့မ​ကောင်းဘူး။
မမြင်ရ​အောင် ဖြစ်ဖြစ် ကွယ်ထားလိုက်။"

ရန်​ဆောင်သည့်   ​သ​ဘောမျိုးဖြင့်   မျက်​စောင်းတစ်ချက်ဟာ   ဝမ်ရိ​ပေါ် ​၏ ​စေရာဖြစ်​ပေမယ့် နီမြန်းသွား​သော ပါးနှစ်ဖက်က​​တော့ ဝမ်ရိ​​ပေါ် အလိုတူပုံ မ​ပေါ်။ 
ပထမဆုံးတစ်​ခေါက်​တွေ့တုန်းက ​ခြေ​ဖဝါးအား စည်းနှောင်​ပေးခဲ့သည့်  သဏ္ဍန်တူ ပုဝါ​လေးက ယခု  ရိ​ပေါ်၏  လက်​ပေါ်တွင် ​နေရာယူထားသည်။
အနားသတ်​ထောင့် ​နေရာ​တွင် ​​​​ငွေ​ဘော်​ရောင် ချည်ဖြင့်   ထိုးထားသည့် ငန်းသဏ္ဍန်​လေး ရိ​ပေါ်ကိုယ်တိုင် သတိမထားမိပါပဲ  လက်ဖွထိ​တွေ့​နေမိသည်။
တစ်​နေရာရာမှာ ရင်းနှီး​နေဟန် ရှိ​နေ​ပေမယ့် ဘယ်လိုမှ စဥ်းစားမရသည့်  ဦး​နှောက်​ကြောင့်  ​နောက်ကျိသွားရသည့်  စိတ်အစဥ်နှင့်အတူ  ​ဆေးရုံအခန်း ငယ်အတွင်းသို့ ကြည့်လိုကွမိသည်။
ရဲဝန်ထမ်းအား ​ဖြစ်​ကြောင်းကုန်စဥ်​ပြောပြနေသည့်  Clara  က ဝမ်းနည်းစွာ ငိုရှိုက်​နေပြီး တစ်ခါတစ်ရံ ​ဒေါသတကြီး   ​အော်ဟစ်​နေသည်။
မကြာခင်မှာပင်  Clara အခန်းထဲမှာ ထွက်လာသည့် ရဲဝန်ထမ်းက ရိ​​ပေါ်တို့ နှစ်​ယောက်ဆီသို့ ဦးတည်၍  ​လျှောက်လာခဲ့ပြီး  သူ၏  အုံ့မှိုင်းမှိုင်း အကြည့်တို့က  ​ရိ​ပေါ်၏ ​ခြေမှစလို့ ​ခေါင်းအဆုံး  အစုံအဆန်။

"နစ်နာသူရဲ့ ထွက်ဆိုချက်အရ  အဓိက သံသယရှိ​သူက​တော့  ဝမ်ရိ​ပေါ်ပါပဲ။"

ကာယကံရှင် ဖြစ်သည့် ဝမ်ရိ​ပေါ်က ကြိုတင်​တွေးထားသည့် ကိစ္စတစ်ရပ်လို တည်ငြိမ်​နေသ​လောက်   ​ဘေးတစ်ဖက်​က ​ရှောင်းကျနိ့မှာ​တော့  ဆက်ကနဲ ထရပ်မိသည် အထိ က​ယောက်ကယက်တွေ ဖြစ် သွားရသည်။

"နစ်နာသူရဲ့ စိတ်အ​ခြေအ​နေအရ  မတည်ငြိမ်​သေးတဲ့ အ​နေအထားမလို့  ကျွန်တော်​တို့​​တွေ အခုအချိန်မှာ ဘာမှ ​ကောက်ချက်ချလို့ ရမှာမဟုတ်ပါဘူး။"

​ရှောင်းကျန့်ရဲ့ ​ဖြေရှင်းချက်ကို တစ်ဖက် အမှုစစ်က ​မ​ကျေနပ်​သေးဟန်ဖြင့်   အ​ထောက်အထားဖြင့် ထုတ်ပြလာသည်။

"မ​တော်တဆမှု မဖြစ်ခင်  ​နောက်ဆုံး ဖုန်း​ပြောခဲ့သူက ဝမ်ရိ​ပေါ်ပါဆိုပြီး နစ်နာသူ​ကရော မှတ်တမ်း​တွေကပါ  ​ပြောပြပါတယ်။
ဝမ်ရိ​​ပေါ်က သူမ အက​​လေ့ကျင်း​နေတုန်း ချက်ချင်း ထွက်လာဖို့ အမိန့်​ပေးခဲ့ဆိုတာ မှန်ပါသလား  ဝမ်ရိ​ပေါ်"

တစ်ချက် ​ကြောင်အ သွားသည့်  ​ရှောင်းကျန့်က ရိ​ပေါ်ဆီသို့ ​တွေးဆဆ ကြည့်လာသည်။
​ရေခဲမြစ်တစ်ခုရဲ  မြစ်လက်တက်​တွေလို့   ​အေးခဲ ဖြာယှက်သွားမည့်  ထိုသူရဲ့ အ​တွေး​တွေ၊
ယိမ်းယိုင်သွား​လောက်မယ့်  ​ရှောင်းကျန့်​ပြော​နေကြ   ယုံကြည်မှုဆိုသည့် အရာအား   ရိ​ပေါ် ​​တွေးမိရင်း  ​မနှစ်မြို့စွာ မဲ့​သော အပြုံးအား ပြုံးလိုက်မိသည်။

"အမှန်ပဲ။  ကျွန်​တော်  ဖုန်းဆက်ပြီး အမြန်ထွက်လာခိုင်းခဲ့တာ"

အမှုစစ်ကြီးက  ​သူ၏ ​​မေးခွန်းအ​ပေါ် ဂုဏ်ယူသလို  ​ခေါင်းတငြိမ့်ငြိမ့်ဖြင့်။
​ရှောင်းကျန့် မျက်နှာ​ပေါ်တွင်​တော့ အရိပ်အမျိုးမျိုး ​ဖြတ်ကူး​နေဆဲ။
အချိန်ကိုက်စွာ   ဓါတ်​လှေကားအတွင်းမှာ  အ​လောတကြီး ​​​ပြေးထွက်လာသည့်  ​ကောင်ငယ်​လေး​တစ်​ယောက်က  ​ရှောင်းကျန့်ထံ  စက္ကူအိတ်တစ်ခုအား ကမ်း​ပေးလာသည်။

"စီနီယာ ။
ဒါ စီနီယာ အ​ကူအညီ ​တောင်းထားတဲ့ဟာ။
စီနီယာထင်သလိုပဲ  ကား​ နံပါတ်ပြား​ရော၊ ID card  ​ရောက  အတု​တွေ၊"

စကားအဆုံး  ​ရှောင်းကျန့်က  လျှင်မြန်စွာ  စက္ကူအိတ် အတွင်းမှ  စာရွက် အချို့ကို  ဖွင့်​ဖောက်စစ်​ဆေးသည်။
ကိုယ်တိုင်  စစ်​ဆေးပြီးသည့်နောက်  အမှုစစ်ထံ  ထို အိတ်အား  ​ပေးလိုက်ကာ   အတည်ပြု​​စေသည်။
အကွက်ကျကျ ရိုက်ချနိုင်သလို အပြုံးမျိုးနှင့်  အမှုစစ်ဆိုသည့် လူ၏ ပျက်ယွင်း​နေသည့် မျက်နှာအား စူးစိုက်​ကြည့်​နေသည့်  ​ရှောင်းကျန့်က သိပ်ကို အူမြူး​နေဟန်။။

"အမှုစစ်ကြီး တကယ်ပဲ အဲ့လို ​ဆက်လုပ်​နေရင်  တရားခံ အစစ်ကို  လွတ်သွားလိမ့်မယ်။
ဝမ်ရိ​​​ပေါ် ကိုယ်တိုင် ​ရွေးချယ်ခဲ့တယ့် ဘဲ​လေးအကမယ်ကို  ဝမ်ရိ​​ပေါ် ကိုယ်တိုင် လုပ်ကြံခဲ့ပါတယ်လို့ ​တွေးမိတယ့်  အမှုစစ်ကြီး အ​တွေးအ​​​ခေါ်ကို ကျွန်​တော်တကယ်  "​

​ပြောလက်စကို ဖြတ်၍  တသိမ့်သိမ့်တုန်​အောင်ရယ် ​နေသည့် ​ရှောင်းကျန့်​ကြောင့်  တစ်ဖက် အမှုစစ်က ရှူးရှူးရှားရှား။

"ကျွန်​တော့် အမှုသည်ကို ​နောက်တစ်​ခေါက် လက်လွတ်စပယ် ထပ်လာမထိမိ​ပါ​စေနဲ့ "

အကြည့်စစ်​တိုက်​နေသည့်  ထိုနှစ်​ယောက်ကြား  ဒီတစ်​ခေါက်အားပြိုင်မှုမှာ​တော့ ​ရှောင်းကျန့်က အပြတ်အသတ်နိုင်သည်။
မိမိအား အားပြင်းပြင်းဖြင့်   တွန်းတိုက်ကာ ထွက်သွားသည့်   အမှုစစ်​ကြောင့်  ​ရှောင်းကျန့် ပုခုံးတစ်ဖက် နာကျင်သွားရ​ပေမယ့်
နှစ်မြို့လွန်းလှသည့်ကြောင့်    အပြုံးမပျက်။

ငြိမ်သက်စွာ ထိုင်​နေဆဲ ဖြစ်သည့်  ဝမ်ရိ​ပေါ်​နံ​​ဘေးနား တစ်ဖန် ဝင်ထိုင်မိ​တော့  ​အေးခဲ​သော အကြည့်တို့ကို လက်ခံရရှိသည်။

"အခု အဆင်​ပြေသွားပြီ ။ ကိုယ်ပြောခဲ့တယ် မလား။
ဘယ်လို အ​ခြေအ​နေမျိုး ဖြစ်ဖြစ်  ​ကိုယ်ကတော့  ဝမ်ရိ​ပေါ်ကို  ယုံကြည်တယ်ဆိုတာ"

မျက်ခုံးတစ်ဖက်ပင့်ပြလို့  ပြုံးစိစိ အမူအရာနဲ့  ​​ရှေ့​နေ ​​ရှောင်းက ကိုယ့်ကိုကိုယ် သိက် အထင်ကြီးတတ်ပြီး  တကယ်လည်း ထက်မြက်လွန်းသည့် ​ရှေ့​နေတစ်​​ယောက်။
တိတ်ဆိတ်ခြင်းဖြင့်သာ ရိ​ပေါ်က တုံ့ပြန်သည့်အခါ ​ရှောင်းကျန့်က စကားဆက်သည်။

"ဝမ်ရိ​ပေါ် ​ ကို  ဆွဲချဖို့ အကွက်ချထားတဲ့   ဒီအမှုမှာ တစ်ခုခုနဲ့ပ  ပတ်သတ်ပြီး   ​တွေးမိတဲ့ တစ်​ယောက်​ယောက်များ မရှိဘူးလား"

မပီပြင်ပါပဲ ရိ​ပေါ်က ပြုံးမိပြန်သည်။
ဤ အပြုံးအား ​ရှောင်းကျန့် ​ငေး​နေ​လောက်မည်ဟု ​တွေးမိ​တော့ ရင်ထဲ ​တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။

"ကျွန်တော့်ကို  ထိုးချပြီး  ဒီ ကပွဲကို  အသည်းအသန် တားချင်​နေတဲ့သူက  ဘယ်သူဖြစ်မယ်လို့ ​ရှေ့​နေ​ရှောင်း ထင်လို့လဲ"

မတိုင်ပင်ပါပဲ နှစ်​ယောက်သား၏ အကြည့်​​တွေက အိမ်​တော်ထိန်းမင် ထံသို့ ​​​ရောက်ရှိသွားသည်။
ရိ​ပေါ်တို့  ခပ်လှမ်းလှမ်းမှာ ရပ်​နေပြီး  ရိ​ပေါ်အား  ​​​စောင့်ကြည့်​နေသည့်  ထိုတိမ်စွဲ​သော မျက်ဝန်း​တွေဟာ  ​​​နွေး​ထွေး​နေဆဲ၊
တမ်းတတ ပြုံးတတ်သည့် အပြုံးမှာ နှစ်လိုဖွယ်​ကောင်းဆဲ။

"​ရှေ့​နေ​ရှောင်း  ကျွန်​တော့်​ဘေးနားကို  ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ​ရောက်လာတယ်  မသိ​​ပေမယ့်  အမြန်ဆုံး အဆုံးသတ်​ပေးပြီး  ထွက်သွား​ပေးပါ။
​ကျွန့်​တော့်​ဘေးက လူ​တွေဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ပျက်စီး​ပျောက်ကွယ်သွားတတ်တယ်"

ရိ​ပေါ်က ​ဆွေး​မြေ့စွာ ​ပြော​နေသ​​လောက်  ​​ရှောင်းကျန့်က မနာခံစွာဖြင့် ရယ်သွမ်း​သွေးသည်။
ရိ​ပေါ် ​ပြောသမျှအရာရာဟာ  သူ့အတွက်​တော့   နှစ်မြို့စရာ​ကောင်း​နေသလို။

"ဝမ်ရိ​ပေါ် လိုချင်သမျှ  အရယူ​​ပေးလိုက်ဖို့  ​ကောင်းကင်ဘုံက  ဥာဏ်​ကောင်းလွန်းတဲ့  ​ရှေ့​နေ​ရှောင်းကျန့်  ဆိုပြီး  ဖန်ဆင်း​ပေးလိုက်တာ​လေ။
ဝမ်ရိ​ပေါ် ဆန္ဒ​တွေ မပြည့်ဝရင်  ကျွန်​တော် အပြစ်​ပေးခံရလိမ့်မယ်။
အဲ့တာ​ကြောင့်   ဒီက ဝမ်ရိ​​ပေါ်  ဆန္ဒ​​လေး​တွေ ​ပြောပြပြီး ကူညီပါဦး"

ကိစ္စတိုင်းကို အရွှန်း​ဖောက်​နေသည့်  ​ရှောင်းကျန့်​ကြောင့် ရိ​ပေါ်  
က ထူးဆန်းသလို ကြည့်​​နေသည့်။
ကိုယ့်ကိုကိုယ် အမွှန်းတင်လွန်း​နေတာ​ကြောင့်  အမြင်မကြည်​တော့။
​​တော်တယ်ဆိုတာ လက်ခံ​​​​ပေမယ့် ခနခန ထုတ်​ပြော​နေတာ လူ​တော်​တွေရဲ့ အလုပ်မဟုတ်ဘူး။

"ပြန်​တော့"

မျက်​မှောင်ကုတ်လို့ ဆိုမိ​သည့်တိုင်   ​ရှောင်းကျန့်က ပြုံး​နေဆဲ။
တစ်ဖန်  ပြန်တိတ်ဆိတ်သွားသည့် ​လေထုတွင် နှစ်​ယော​က်သား မလှုပ်မယှက်  ထိုင်​နေကြသည်။
တ​ရွေ့​ရွေ့ ကုန်လွန်သွားသည့်  အချိန်​တွေမှာ  ညဥ့်ဦးယံသို့ ​ရောက်​လာ​လေ​လေ  ​မှေးစင်းလာသည့်  ​မျက်ဝန်း​​တွေ​ကြောင့်  ​ရှောင်ကျန့်က ရိ​ပေါ်အား အရင် ပြန်နှင့်ဖို့ တိုက်တွန်းသည်။
​ရက်ဆက် ​နေပြီ ဖြစ်သည့်  ပင်ပန်းမှု ဒဏ်ကို မခံနိုင်​တော့သည့် ရိ​ပေါ်က  မငြင်းဆန်နိုင်ပဲ  ​ဆေးရုံမှ အရင်ဆင်းလာသည်။
ပုံမှန် အရှိန်ဖြင့် ​မောင်းနှင်​​နေ​သော ​ကား​ပေါ်တွင် အိပ်​ပျော်မသွား​စေရန် ရိ​ပေည် မိမိကိုယ်ကို  အတန်တန် တားမြစ်​နေပါ​သော်လည်း  ​လေးလံလာသည့် မျက်ခွံတို့နှင့်အတူ အချိန်တစ်ခုအကြာတွင်  အိမ်​​မော ကျသွား​တော့သည်။

~~~~~~~~~~~~~~~~~

ဝမ်ရိ​​ပေါ်​တို့ ထွက်သွားပြီ ဖြစ်​ကြောင်း အတည်ပြုပြီးကာမှ   ​ဆေးရုံဝန်းအတွင်းမှ အရှိန်းပြင်းပြင်းဖြင့်  ထွက်လာသည့်  ​ရှောင်းကျန့်၏  ကား​သည်   လူ​ခြေတိတ်ဆိတ်သည့် တိုက်ခန်း တစ်​နေရာသို့  ဦးတည်သည်။
မ​​ရောက်ဖြစ်တာ ကြာပြီ ဖြစ်သည့်  ​လှေကား လက်ကိုင်မှာ  ​ထူထဲ​သော ဖုန်ထု၏ ဖုံးလွှမ်း ခြင်းကို ခံထားရသည်။
လူမ​နေသည်မှာ  ကြာ​နေပြီ မလို့   အခန်းတံခါး အား ဖွင့်ဖွင့်ချင်း ​အောင့်သိုးသိုး အနံကိုရ​ပေမယ့် ​နေရာတကျဆီလို့ထားသည့်  ပစ္စည်တို့က​တော့ ယခင်အတိုင်း သပ်သပ်ရပ်ရပ်။
အလုပ်လုပ်​နေဆဲ ဖြစ်​သည့် နံရံ​ပေါ်က  နာရီထံ ဓါတ်မီးဖြင့် ထိုးကြည့်လိုက်​​တော့ အချိန်ကား ည ၁ နာရီ။

​ရှောင်းကျန့်ဟာ  စမ်းတဝါးဝါးဖြင့်  ရင်နှီး​နေကြ မီးခလုတ်​လေးအား လိုက်စမ်း၍  အခန်းမီးဖွင့်ရန်ကြိုးစားသည်။
မကြာခင်  လုံ​လောက်စွာ လင်းထိန်သွားသည့် အခန်း​ကြောင့်  မျက်လုံးထဲ ပြန်လည် မြင်​ယောင်လာသည့် အဖြစ်အပျက် အချို့မှာ  ​​ရှောင်းကျန့်​ မျက်ဝန်းတို့အား နာနာကျင်ကျင် မှိတ်ချလိုက်သည်။
ဖုန်များ တင်ကျန်​နေသည့်  စားပွဲ​ပေါ်တွင်  ​မှောက်လျှက်တည်ရှိ​​​နေသော   ဓါတ်ပုံ​ဘောင်အား ယူလို့ကြည့်မိချိန်  ထိန်းချုပ်သည့်ကြားမှပင် ရှိုက်ငိုမိသည် အထိ။
ပါးစပ်အား  တင်းကျပ်စွာ ပိတ်ထား​​သော  လက်ဖမိုး​ပေါ်မှ ဖြတ်၍ 
မျက်ရည်စတို့ဟာ  ဓါတ်ပုံ​ဘောင်ထဲရှိ  ခပ်​ချော​ချော ​ကောင်ငယ်​လေး၏ မျက်နှာ​ပေါ်သို့ စိမ့်ဝင်သွားသည်။

"​ယောင်း"

ဆို့နစ်စွာ ​ခေါ်လိုက်မိသည့် နာမ​​လေး။
​ရှောင်းကျန့်အတွက် တစ်သက်တာ  သည်းစိုင်အတွင်း နစ်ဝင်​နေသည့် ဆူး​တစ်​ချောင်းလို  နှလုံး​သွေးလည်ပတ်သမျှ ကာလလုံးမှာ တဆစ်ဆစ်။
ပြန်လည်​တွေးမိတိုင်း   အမာရွတ်တို့​ပေါ် ဓါးရာ​ပေးသလို နာကျင်လှသည်။
ဓါတ်ပုံအား ရင်ခွင်ထဲပိုက်ကာ  အရုပ်ကြိုးပျက် အချိန်အ​တော်ကြာသည် အထိ ထိုင်​နေမိသည်။
စိတ်ပြန်လည်တည်ငြိမ်​စေလို့  လာရင်းရည်ရွယ်ချက်အား  အ​ကောင်အထည်​ဖော်ရန်  ပြန်ထမိချိန် ​ခြေ​ထောက်နှစ်ဖက်လုံးဟာ ​သွေး​ကောင်း​ကောင်း မ​လျှောက်​တော့။
ယိုင်ထိုး​နေ​သော ​ခြေလှမ်းတို့ဖြင့်  တိုက်ခန်းအတွင်းရှိ တစ်ခုတည်း​သော အကြီးမားဆုံး  ဗီရိုတစ်လုံး​ရှေ့    ​တွေ​​ငေးစွာ ယပ်​နေမိသည်။​လေပင်​နေ​သော စိတ်အား သက်သာ​စေဖို့  သက်ပြင်း အခါခါချကာ  ဗီရို တံခါးအား ဆွဲဖွင့်လိုက်​တော့  အခန်းတစ်ခု၏  ဝင်​ပေါက်တစ်ခုနှင့် ချိတ်ဆက်ထားသည်ကို  ​တွေ့လိုက်ရသည်။
ထို အခန်းငယ်အတွင်း  များပြားလှသည့် ဖိုင်တို့နှင့်အတူ  စာအုပွ်ပေါင်းများစွာ၊
  တစ်​ယောက်ထိုင်စားပွဲ​ပေါ်တွင် ​သေသပ်စွာ တင်ထားသည့် laptop  တစ်လုံး။
ဝါကျင်ကျင် မီး​ရောင်​အောက်တွင် ​ရှောင်းကျန့် စီမံရာအတိုင်း အရာအားလုံးဟာ အကျအနရှိသည်။
ဤ အခန်း၏ ထူးခြားချက်ကား  နံရံ အပြည့်ကာထားသည့်  အနီ​​ရောင် ကတ္တီပါ လိုက်ကာစ။
​ရှောင်းကျန့်သည် ထိုအနီ​ရောင် လိုက်ကာစအား ​နောက်ခုံပြုထားသည့်  စားပွဲခုံတစ်လုံးတွင်  ဝင်ထိုင်လိုက်ပြီး သူ၏ အတူပါ​​လာ​​သော stickအား laptop ​တွင်တပ်လို့ screen ထက်တွင် ​​ပေါ်လာမည့် အရာကို  စိတ်လှုပ်ရှားစွာ ​​​စောင့်ဆိုင်း​နေမိသည်။
ပြူးကျယ်​သွား​သော မျက်ဝန်း​​​တွေ။
ပွင့်ဟလာ​သော နှုတ်ခမ်းပါးတို့။
မျက်သားများဟာ  ရဲ​တောက်လာသည်။
နားထင်မှ စီးကျလာသည့်  ​ချွေးစီးတို့ဟာ  ထင်ရှားသည့်  မေးရိုး​​ပေါ်တွင် အဆုံးသတ်သည်။
​​​ရေ​သေလို့ မျက်နှာထက်တွင်  အနိမ့်အမြင့် အမူအရာကို ဖမ်းဆုပ်၍မရ။
​​ပေါ့ပါးစွာ    ရယ်ပြုံး​နေတတ်သည့် ​ရှေ့​နေ​ရှောင်းဟာ   ​ပျောက်ကွယ်သွားခဲ့ပြီး  တ​လောကလုံးအား   မီး​​လောင်းသွင်း​တော့မည့်အလား အမျက်သင့်ကာ  မာ​ကြောခက်ထန်လှသည့်   နတ်ဆိုးတစ်​ကောင်ဟာ  မ​ကောင်းမှုတို့၏   လှုံ့​​ဆော်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

~~~~~~~~~~~~~~

အိပ်ရာထက် လှဲ​လျောင်း​နေသည့်  ရိ​ပေါ်ဟာ  တစ်စုံတစ်ရာထံမှ ​ကြောက်ရွံ့စွာ ထွက်​ပြေး​နေ​ဟန်   လူးလိမ့်​နေခဲ့သည်။
နှဖူးထက် ​ဝေ့သီ​နေ​သော ​​ချွေး​ပေါက်တို့ဟာ သူ၏  ထိုအရာထံမှ လွတ်​မြောက်လို​သော စိတ်အား ထက်သန်မှု။
နှုတ်ဖျားမှ နာနာကျင်ကျင်  ငြီးငြူသံ၊
မှိတ်စင်းထားသည့် ​မျက်​တောင်တို့တွင်  မျက်ရည်စများ ခိုတွယ်​နေသည်။
အိမ်မက်ဆိုး။
ကာလရှည်ကြာစွာ   မလွတ်​မြောက်​နိုင်​သေးသည့်  ထိုအိမ်မက်ဆိုးဟာ ညစဥ်နှိပ်စက်​လေ့ရှိသည်။
သူဟာ ငန်းဖြူ၏ အကကို  က​နေရင်း   ​မှော်ဆရာ Von Rothbart လက်မှ  ဘယ်​တော့မှ မလွတ်​မြောက်နိုင်ခဲ့။
နက်​မှောင်​သော  မျက်နှာဖုံးကို  စွတ်ထားသည့်  Rothbart ဟာ  ရိ​ပေါ်အတွက်  ​​ကြောက်မက်ဖွယ် သားရဲ တစ်​​​ကောင်  ။
ယခုလဲ ရိ​ပေါ်ဟာ  ​​တောနက်အတွင်း ​ပြေးလွှား​နေရသည်   ​နောက်ပါးဆီမှ   ​ခြေ​သံတို့ ​ဝေးသည့် အထိ  ရိ​ပေါ်ဟာ  အားစိုက်​ပြေး​ပေမယ့်   ​​ကျောဘက်စီမှာ  သည်း​ခြေပျက်မတတ်နာကျင်မှာ​ကြောင့် ရ်ိ​ပေါ် ​​ခြေလှမ်းတို့အား ရပ်လိုက်မိသည်။
ဘယ်အချိန်မှီလာခဲ့သည် မသိ​တော့သည့်  Rothbart က ရိ​ပေါ်အား  ​နောက်မှ ​ပွေ့ဖက်လာသည် ။
ရိ​ပေါ်၏  ​ဖြူလွှလွှ  အင်္ကျီ​ကျောဘက်မှာ  ​သွေး​ရောင်တို့ဖြင့် ရဲ​စွေးသွားခဲ့သည်မှာ    ရိုက်ချိုးခံလိုက်ရသည့် ​တောင်ပံတစ်စုံနယ်။
​ပျော့​ခွေသွားသည့် ရိ​ပေါ်၏ ကိုယ်ခန္ဓာနှင့်အတူ လက်​တွေ့တွင်ပါ  ရိ​ပေါ်၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားသည်။
​ဖြေးညှင်းစွာ ဖွင့်လိုက်မိသည့် မျက်ဝန်းအိမ်အတွင်း ​မှောင်မဲ​နေ​သော အခန်းမြင်ကွင်းက ​နေရာယူသည်။
ကား​ပေါ်တွင် အိပ်​ပျော်သွားရမှာ ဘယ်လို ဘယ်ပုံ သူ၏ အိပ်ရာထက် ပြန်​ရောက်လာသည်ကို ​မ​တွေး​ချင်​တော့။
ပြင်ပ​တွင် သည်းထန်စွာ ရွာသွန်း​နေ​သော မိုးသံတို့နှင့်အတူ  ရိ​ပေါ်
အတက်အကျ ပြင်း​သော အသက်ရှူသံတို့ဟာ ​ရော​ထွေး​နေသည်။
​ကွဲအက်​ခြောက်​သွေ့​နေ​သော လည်​ချောင်းတို့​ကြောင့်  ​ရေ​သောက်ရန်  ​အောက်ထပ်သို့ဆင်းလာသည်။
ပါးပါး၏ အရိုးပြာထားရာ အခန်း​ရှေ့အဖြတ်  ရိပ်ခနဲ  ဖြတ်သွား​သော  လူရိပ်တစ်ခု​ကြောင့်  ရိ​ပေါ် အလိုမကျစွာ အခန်းတံခါးနားသို့ တိုးကပ်သွားလိုက်သည်။
ဟ ​နေသည့်  တံခါး​ပေါက်ကြားသို့ မျက်နှာကို တိုးကပ်သွားပြီး  အခန်းအတွင်းသို့ ​​ချောင်းကြည့်လိုက်သည်။
အချိန်ကိုက်စွာ  မိုးတို့ဟာ ပိုသည်းလာသ​ယောင်။
တံခါးကြားထဲမှာ  လှစ်​ပေါ်လာသည့် ရိ​ပေါ်၏   မျက်စံတို့ဟာ လှုပ်ခတ်​နေသည်။
နီးကပ်လာသည့်  ​ခြေသံတို့​ကြောင့်  အသက်ရှူ​အောင့်ထားမိသည် ။
ထင်ရှားပြတ်သားလာသည့်  အသံအချို့  ။
ထိုလူဟာ  တံခါးကြားထဲမှ    ရိ​ပေါ်အား  ​တွေ့သွားပြီး​နောက်  အ​သားကုန်    ​ပြေးလို့လိုက်သည်။
တဒုန်းဒုန်း ​ ​​ပြေးလွှားသံ​ကြောင့်    ​ကြောက်ရွံ့​နေသည့်  ရိ​​ပေါ်က  စိတ်နှင့်ကိုယ်နှင့် မကပ်စွာ ​တောင့်​တောင့်ကြီး ရပ်​နေမိသည်။
တံခါးလက်ကိုင်ဘုဟာ  လှုပ်ရှားလာပြီး
တံခါးချက်ဟာ  ပွင့်ဟလာသည့်  အခိုက်အတန့်။

"အိမ်​တော်ထိန်းမင်"

အိမ်​တော်ထိန်းမင်၏  မျက်ဝန်း​တွေဟာ ငိုထား​သ​ယောင် စိုစွတ်​နေသည်။
မျက်မှန်​အောက်က ပါးပြင်တွန့်တွန့်​ပေါ်တွင် မျက်ရည်​တွေ တင်ကျန်​နေဆဲ။

"ပါးပါး အရိုးပြာ အခန်းထဲမှာ ဘာလုပ်​နေတာလဲ"

ရိ​ပေါ် အ​မေးအဆုံး အိမ်​တော်ထိန်မင် က သူ၏ လက်ထဲရှိ   အရက်ပုလင်းငယ်​​လေးအား ကိုင်​မြှောက်ပြလာသည်။

"ညဘက်​တွေ အိပ်မ​ပျော်​တော့်ဘူး။
သခင်ကြီး တစ်​ယောက်တည်း ဖြစ်​နေမှာကို  ​တွေးမိရင်း  ​အ​ဖော်ပြု​ပေးချင်တာနဲ့"

အိမ်​တော်ထိန်းကြီး၏  စကား​ကြောင့်  ရိ​ပေါ်ဟာ  ထိုတိမ်စွဲ​သော မျက်ဝန်းတို့အား  ​ငေးကြည့်​နေမိသည်။
စဥ်းလဲ​သော အကြံတို့ကို  ဖုံးကွယ်ထားရင်း   ပြုံးသား ပြုံးနေတတ်သည့် ထိုလူဟာ အခုလဲ ​အေးချမ်းစွာ ပြုံး​နေဆဲ။
အိမ်​တော်ထိန်းမင်၏  တူတူပုန်း ကစားနည်းဟာ  အရိုးရှင်းဆုံးနှင့်   အကြင်နာမဲ့ဆုံးဖြစ်သည်​။
မ​ကောင်းမှု ဒုစရိုက်​တွေဆီက​နေ  မလွတ်​မြောက်နိုင်တဲ့ ​နောက် သူဟာ ရိုးသားမှုကို  ​စ​တေးခံ လိုက်ရသည်။

~~~~~~~~~~~~~~~~

"လူကြီးမင်းတို့ စီးနှင်းလိုက်ပါလာသည့် ​လေယာဥ်မှာ  မကြာခင် အချိန်အတွင်း....."

​ champagne တစ်ခွက်ကို  အရသာခံကာ ​သောက်​နေသည့်  ထိုလူက  ​နောက်ဆုံးတစ်ကျိုက်ကို အ​​မော့
နှစ်လိုဖွယ်ရာ စိတ်​ကျေနပ်မှု​ကြောက့် ရဲ​​စွေး​နေ​သော  နှုတ်ခမ်းပါး​လေးမှ  ညွတ်​​ကွေးသွားသည်။
ဖတ်လက်စ magazine ကို စားပွဲအသာတင်လိုက်​တော့   ballerina Wang အ​ကြောင်း ကွန့်မြူး​​ရေးထားသည့်  စာမျက်နှာတို့ က  ​ဖွင့်ထားသည့်  ​လေအေး​​ပေးစက်​ကြောင့် တစ်လွင့်လွင့်။
အနီးကပ်မြင်​နေရသည့် ​​ပေကျင်မြို့ကို ကြည့်ရင်း ​နေကာ မျက်မှန်​အောက်က  မျက်ဝန်းတို့ဟာ အပြုံးပုံ သဏ္ဍန် ဖြစ်သည် အထိ မှိတ်ကျသွားသည်။

"ဧည့်သည်ရှင့် မကြာခင် ​လေယာဥ်ဆင်းသက်​တော့မှာမလို့  ခါးပတ်ပတ်ထား​ပေးပါရှင်"

Cabin crew  မ​လေး၏ ​ပြေ​ပြေလည်လည် အသံ၏ ​နောက်တွင်  လူကြီးတစ်​ယောက်၏  ဆူပူဆဲ​ရေးခြင်းတို့က တစ်ဆက်တည်း။

" မ​ကျေနက်ရင် မင်းကိုယ်တိုင် တပ်​​ပေးလိုက်​လေ"

အကျယ်အကျယ်  ​အော်ဟစ်​သောင်းကျန်းပြီး  ​နောက်ဆုံး တစ်ဖက်လူ၏  တာဝန်ဝတ္တရား  အ​ပေါ် အခွင့်​ကောင်းယူ၍  မိန်းကလေး တစ်​ယောက် အ​ပေါ်လူပါးဝ​နေသည့်  လုပ်ရက်အား  လက်ပိုက် မကြည့်​နေနိုင်သည့်အခါ  ကိုယ်တိုင် ဝင်ပါမိ​တော့သည်။
​လေယာဥ်​မယ်​လေးအား ဆွဲလားရမ်းလား လုပ်​နေ​သော ထိုလူကြီး၏ လက်အား ဆွဲလိမ်ကာ ချိုးလိုက်​​လိုက်​တော့   ဝဖိုင့်ဖိုင့်ထိုလူကြီးက  အသံပြာ​အောင် ​​အော်လာသည်။

"ဦးလေးကြီး
လူအများကြီး​ရှိ​နေတဲ့  ​နေရာ  ဒီလိုလုပ်လို့ မဖြစ်ဘူး​လေ။
တာဝန်ဝတ္တရား ​နှောက်ယှက်မှု၊ တစ်ဖက် မိန်းက​လေးအ​ပေါ် အ​သ​ရေ ဖျက်မှုတို့နဲ့ဆို  ​​ရောက်​ရောက်ချင်း ဦး​လေးကြီး    Hotel check in မဝင်ရပဲ  အချုပ်ထဲမှာ  ​နေသွားရလိမ့်မယ်"

ပြန်​ပြောစရာစကားတို့ထွက်မလားပဲ ထစ်​​ငေါ့​ငေါ့ ဖြစ်​နေသည့် လူကြီးက  တစ်လှည့်စီ ​လေယာဥ်မယ်​လေးအား လက်ညှိုးထိုးလိုက်  ၊သူအား လက်ညှိုးထိုးလိုက်။
ဘယ်ချိန်ကတည်းက ရင်ခွင်ထဲ ​​ရောက်နေနှင့်တယ် မသိ​​သော ​လေယာဥ်မယ်​လေးက သူ၏  နှစ်လုံးဆင့်ဖြုတ်ထားသည့်  ကြယ်သီး​ကြောင့်​ရော  ပွ​ယောင်း​နေသည့်  ရှပ်​ကြောင့်ပါ လှစ်ဟ​နေသည့် ရင်ဘက်​တောင့်​တောင့်အား မခို့တရို့  လှမ်းလှမ်းကြည့်​နေသည်။
မျက်မှန်ကိုင်း​​ပေါ်က တစ်ဆင့် ​ကျော်ကြည့်လို့   သူခိုးလူမိသွားသည့်   ထိုမိန်းမလှ​လေးအား  စွဲမြဲ​နေသည့် အကျင့်အတိုင်း  wink တစ်ချက် လုပ်ပြမိသည့် အခါ  လှပစွာ ရှက်သွယ်​ကြွယ်သွားခဲ့သည်။

​လေယာဥ်ဆိုက်ဆိုက်ချင်း  သွက်လက်​သော ​ခြေလှမ်းတို့ဖြင့်  သူအား​စောင့်​နေ​လောက်မည့်  တစ်ဦးတည်း​သော လူသားအား လိုက်လံရှာ​ဖွေ​​နေမိသည်။
​တွေ့လိုက်ရရချင်း  ယုံချန်သည်      ပြည့်လျှံလာသည့်   ကြည်နူးမှုတို့နှင့်အတူ   ​ပြေးလို့    သိမ်းကြုံးဖက်လိုက်ရန် ရည်ရွယ်ပါ​သော်လည်း   ဦးစွာ  အရိုအ​သေ ​ပေးနှင့်​နေ​သော   ထိုလူ​ကြောင့်  အမြင့်သို့ ​မြှောက်၍ ရိုက်ချခံလိုက်ရ​သော ​​ဘောလုံးတစ်လုံးနယ်   ကြည်းနူးခြင်းတို့မှာ ဖျက်စီး ခံလိုက်ရပြီး  စို့နစ်ခြင်းတို့သာ အစားထိုး လာခဲ့သည်။

"ပြန်​ရောက်လာပါပြီလား  သခင်​လေး"

"ဟုတ်ကဲ့ အိမ်​တော်ထိန်းမင်​ရော  ဒီတ​လော အတွင်းကျန်းမာရဲ့လား"

စိုးရိမ်စိတ်အပြည့်ဖြင့်​ပေး​ပေမယ့်  အိမ်​တော်ထိန်းမင်က အပြုံးဖြင့်သာ တုံ့ပြန်သည်။

"သခင်​လေး ဝမ်ရိ​ပေါ်  အိမ်​တော်မှာ ​စောင့်​နေပါတယ်။
မြန်မြန်သွားကြမလား"

မိမိအား ​ကျောခိုင်းသွားသည့်  ခပ်ကုန်းကုန်း သဏ္ဍန်ဖြင့် ထိုလူအားကြည့်ရင်း  ယုံချန်ဟာ  ရင်ဆိုင်ရမည့်  ရက်စက်မှုတို့အတွက်  တုန်လှုပ်​နေမိသည်။

Hide and seek

​ဝေဒနာ​တွေကို  ထမ်းပိုးရင်း   သူဟာ ကစားပွဲ အလယ်မှာ  စမ်းတဝါးဝါး ​ပြေးလွှား​နေဆဲ။
ဆု​ကြေးအ​နေနဲ့  ​​ထွေး​​​ပွေ့မှုကို ရမှာ ဖြစ်ပြီး   ဒဏ်​ကြေးအ​နေနဲ့ ​မြေလွှာ​တွေရဲ့ ဖုံလွှမ်းခြင်းခံရမယ့်  သူ၏ ကိုယ်ခန္ဓာ ၊
​မေ့​ပျောက်သွားကြမည့် သူ၏ နာမ။
​​တောင်းတသမျှဟာ ရိုးရှင်းတဲ့  ​မေတ္တာတရားရယ်ပါ။
လက်​​လျှော့လို့   ပြန်ရုန်းထွက်ဖို့  သတိရသွားချိန်မှာ  အို  သူဟာ နွံထဲမှာ။

TBC♡

Zawgyi

ကုမၸဏီ  ထဲသို႔  တုံ႕ဆိုင္းစြာ ဝင္​ေရာက္လာသည့္   လုခ်ီရဲ႕ ကတုန္ကယင္ ဟန္ပန္က   အလုံစုံ​ေသာတို႔၏ အာ႐ုံကို  ဖမ္းယူနိုင္လိုက္သည့္ ပုံပင္။
ဟိုတစ္စု သည္တစ္စု  တီးတိုး​ေသာ ကဲ့ရဲ႕ျပစ္တင္သံ​တို႔ဟာ   မ်ားလွသည့္  လူအင္အား​ေၾကာင့္  သိပ္မတိုးသဲ့လွ။
အၾကည့္ ျဖင့္​ေဝဖန္​ေသာ  စြဲခ်က္တို႔ၾကား  လုခ်ီဟာ လက္ဆုပ္လက္ကိုင္ျပစရာ သက္​ေသမရွိပါပဲ ႏႈတ္ဖ်ားက တရားခံ။
အျပစ္ကင္း​ေၾကာင္း  သက္​ေသျပနိုင္ရန္သာ  စိတ္​ေရာကိုယ္ပါ    တြန္းအား​ေပး​ေနပါ​ေသာ္လည္း   လက္​ေတြ႕တြင္​ေတာ့  မွန္သည္ မွားသည္ ျဖစ္​ေစ ျငင္းဆန္လို​ေသာ ခြန္အားမ်ိဳး မရွိ။
ခ်ိဳ႕တဲ့​သည့္ မိသားစုမွ ​ေပါက္ဖြားလာသည့္ သူမႏွင့္  သည္ နိုင္ငံ၏  ယိုယြင္း​ေန​ေသာ  တရားဥပ​ေဒ ။
ရိုးသားမႈ မရိုးသားမႈဟာ အက်ဳံးမဝင္​ေတာ့ပဲ    ေက်ာ​ေထာက္ေနာက္ခံတစ္ခုတည္းျဖင့္   ​​ေျပာင္းလဲ​နိုင္​သည့္  ​ေငြ​ေၾကးျဖင့္ သတ္မွတ္​ေသာ ကိုယ္က်င့္တရား။
ျပန့္က်ဲ​ေနသည့္ အ​ေတြး​တို႔ေၾကာင့္လား   ​မတရားသည့္ ​ေလာကႀကီးအ​ေပၚ  စက္ဆုတ္မႈ​ေၾကာင့္လားမသိ။
​ေကြးၫြတ္သြားရသည့္   လုခ်ီ၏    ႏႈတ္ခမ္းစြန္းဟာ  ​ ႏွစ္ၿမိဳ႕မႈ​ေၾကာင့္​ေတာ့ မျဖစ္နိုင္။
ခ်ီတုံခ်ီ​ခ်  ​ေျခလွမ္း​ေတြကို  အဆုံးသတ္ဖို႔  အခ်ိန္ကိုက္ ပြင့္ဟလာသည့္  ​ဓါတ္​ေလွကား  အတြင္းသို႔  ဝင္ကာ  ​​ေနရာယူသည္။
ဝန္ထမ္း​ေရးရာ ဌာနရွိရာ   အလႊာကို ​  ေ႐ြးႏွိပ္လိုက္ၿပီးၿပီးခ်င္း   စို႔နစ္လာ​ေသာ  ရင္အစုံ​ေၾကာင့္    နံရံထံ ကိုယ္ကို   မွီ​ေလ်ာ့လို႔  တုန္လႈပ္မႈအား  ေျဖ​ေဖ်ာက္မိသည္။
လက္​ေရးမူ ႏႈတ္ထြက္စာကို  တင္းတင္းက်ပ္က်ပ္ကိုင္ရင္း  မက္​ေမာရသည့္  သူမ၏  ဘဲ​ေလး ဘဝဟာ  အဆုံးသတ္ရ​ေတာ့မည္  ​ျဖစ္ေၾကာင္း  ပုံ​ေဖာ္ၾကည့္မိတိုင္း  မ်က္ရည္ၾကည္တစ္​ေပါက္က  သြက္လက္စြာ  ပါးျပင္​ေပၚ ျဖတ္​ေျပးသည္။
မီး​ေတာက္တစ္ခုမွ  လြင့္စင္လာသည့္   မီးပြားမ်ားစြာဟာ   သူမ၏  အရည္ျပားတို႔အား  ​ေလာင္ကြၽမ္း ပစ္လိုက္သကဲ့သို႔ နာက်င္မႈႏွင့္  အတူ  သူမ၏   ရည္မွန္းခ်က္တို႔ ​ေသဆုံးဖို႔ရန္  မိနစ္ပိုင္းအလို။
ဝန္ထမ္း​​ေရးရာဌာန  အခန္းအတြင္းသို႔  ဝင္သြားလိုက္သည္ႏွင့္  မိုင္ကုန္ဖြင့္ထားသည့္  အဲရားကြန္း​ေၾကာင့္  ​ေအးစက္​ေနသည့္  ​ေလထုဟာ  ပထမအ​ေတြ႕အႀကဳံ။

"ဘာမ်ားကူညီ​​​ေပးရမလဲရွင့္"

တိုးကပ္လာသည့္​  မိမိ​၏ေျခသံ​ေၾကာင့္   ​အ​ေမးျပဳသည့္လာသည့္   ထိုဝန္ထမ္းမ​ေလးက  computer screen ကို​ေတာ့ အၾကည့္မခြာ၊ kyeboard ​ေပၚ​တြင္ ​ေျပးလႊား​​ေနသည့္ သူမ၏ လက္​ေခ်ာင္းတို႔ကိုလည္း အနား မ​ေပး။
အခ်ိန္အ​ေတာ္ၾကာထိ ျပင္ဆင္ထားၿပီးသား စကားလုံးတို႔ ထြက္ကိမလာပဲ   မလႈပ္မယွက္ ရပ္​ေနသည့္   လုခ်န္အား  ထို​ေကာင္မ​ေလးက ဖ်က္ခနဲ လွမ္းၾကည့္လို႔ ဇ​ေဝဇဝါ ​အ​ေမးထပ္ျပဳသည္။

"ျပႆနာ တစ္ခုမ်ားရွိလို႔လား"

" က်မ  ဘဲ​​​​ေလး အကကို  ဆက္ကဖို႔ မျဖစ္နိုင္​​ေလာက္​ေတာ့ဘူး ထင္တယ္"

အက္ကြဲ​ေန​ေသာ သူမ၏  အသံ၏ ​ေနာက္တြင္ သူမဟာ  ကာလရွည္ၾကာ  မက္ခဲ့ရသည့္   အိမ္မက္တစ္ခုအား   မီးသင့္လို႔ ျပာခ်ရန္  အသင့္ျဖစ္​ေနဟန္။
တင္းၾကပ္စြာ ဆုပ္ကိုင္ထားသည့္   ႏုတ္ထုတ္စာအား  ထို ဝန္ထမ္းမ​ေလးအား မ​ေပးရ​ေသးခင္မွာပင္  ​အ​ေနာက္မွ အရွိန္ျပင္းျပင္းျဖင့္ တြန္းလိုက္သည့္ အားတစ္ခုက သူမ၏ ပိန္ပါးပါး ခႏၱာကိုယ္​ေပၚသို႔ သက္​ေရာက္လာသည္။
က​​ေရာကပါး  ယိုင္လဲက်သြားသည့္ သူမအား  ​ေတာင္ပန္းစကား​ေတာင္ မဆိုနိုင္သည္အထိ ထိုလူဟာ  မ်ားစြာ​ေသာ တာဝန္ကိစၥရပ္တို႔ျဖင့္။

"ဒီစာ႐ြက္ကို ျမန္ျမန္လုပ္​​ေပးပါ။
ဒါက swan lake season  အတြက္ ballerina စာရင္းပဲ။
Swan queen အသစ္လည္း ​ေ႐ြးလိုက္ၿပီ"

လုခ်ီ၏   မ်က္ဆံတို႔ဟာ ​​ေတာင္စဥ္​ေရမရ  လႈပ္ခတ္သြားသည္။
ရင္ခြင္ဘယ္ဘက္ျခမ္းရွိ အသက္​ေသြး​ေၾကာတို႔ ႏြယ္ပတ္ရာ  ႏွလုံးအိမ္၏ ဆိုးသြမ္းမႈ​ေၾကာင့္ သူမ၏ ႏွလုံးခုန္သံအား သူမ ျပန္ၾကား​ေနရ၏။
အနားသို႔ တစ္လွမ္းခ်င္း တိုးကပ္သြားရင္း  သူမဟာ   ဆူးျပည့္​ေသာ ​ေခ်ာက္တစ္ခုအတြင္း ၿပိဳက်ခါနီး လူတစ္​ေယာက္အလား တုန္လႈပ္ျခင္းတို႔ျဖင့္။
ထိုလူႀကီး အပူတျပင္း အ​လ်င္လိုမႈ​​ေၾကာင့္ ဝန္ထမ္းမ​ေလးမွာ ​ေျခမကိုင္မိ လက္မကိုင္မိ။
  ဆြဲလုခ်င္းကို ခံလိုက္ရ​ေသာ စာ႐ြက္ပိုင္း​ေလး​ေၾကာင့္  စကၠန့္ပိုင္း အတြင္းမွာပဲ ထိုလူႀကီးထံမွ  ဆဲဆိုသံတို႔ျဖင့္ ဆူညံသြားခဲ့သည္။
စာ႐ြက္ပိုင္းအား ဆုပ္ကိုင္ထား​ေသာ လုခ်ီ​၏ လက္ဖ်ားတို႔မွာ  ခါရမ္း​ေနသည္။
တဆက္ဆက္တုန္​​ေန​ေသာ သူမ၏ ခႏၷာကိုယ္​ေၾကာင့္  ဇီဝလုပ္ငန္းစဥ္တို႔မွာ ​ေခတၱ ခ်ိဳ႕ယြင္းသြားသည္။
သူမဟာ တစ္စုံတစ္ခု ​ေျပာရန္ ႀကိဳးစား​ေန​ေပမယ့္  ရွိုက္သံတို႔သာ အဖက္တင္သည္။
တသြင္သြင္စီးက်​ေန​ေသာ မ်က္ရည္မ်ားၾကား သူမဟာ အ႐ူးတစ္​ေယာက္လို   ရယ္သြမ္းျပန္သည္။
ရဲ​ေဆြး​ေနသည့္ မ်က္ဝန္းတို႔ႏွင့္ အတူ သူမ၏  အူလိုက္သည္းလွိုက္ရယ္သံတို႔​ေၾကာင့္  ​ေၾကာက္မက္ဖြယ္ရာ အိမ္မက္ဆိုးတစ္ခုသဖြယ္။
႐ူးသြပ္ျခင္းတို႔ပဲ့တင္သည့္  သူမ၏ ရယ္ရွိုက္သံတို႔ႏွင့္အတူ  စိတ္လြတ္သလို အျပဳအမူတို႔​ျဖင့္  အက်ည္းတန္လွသည့္ ​ေပ်ာ္႐ႊင္မႈ။
စိတ္ပ်က္​ျခင္း​ေပါင္းမ်ားစြာျဖင့္ အၾကည့္​ေတြၾကား  သူမ ဟာ​​ေတာ့   ​​ေ႐ႊ​​ေရာင္႐ႊန္းေသာ  အ​ေတာင္တစ္စုံရသည့္ ငန္းျဖဴတစ္​ေကာင္လို ​ေပ်ာ္႐ႊင္မႈမ်ိဳးျဖင့္။

~~~~~~~~~~~~~~~~~~

​ေမာ္ခ်ီထားတဲ့ မ်က္ႏွာႏုႏုထက္တြင္  မာန္စြဲေလး  ကပ္ပါ​ေသာ အၿပဳံးတစ္ခု ခိုတြယ္သည္။
လုံး​ေခ်ထားသည့္ လက္​ေရးမူႏႈတ္ထြက္စာအား အမွိုက္ပုံးထဲသို႔   သံ​ေယာဇဥ္ကင္းစြာ ပစ္ထည့္ခဲ့လိုက္သည္။
ယခင္ကထက္ က်ယ္​ေလာင္​ေသာ ​ေဝဖန္သံ​ေတြကို နားစြင့္လို႔  ဖရိုဖရဲ မ်က္ႏွာ​ေတြအား  အရသာခံကာ ၾကည့္​ေနရင္း  သူမ၏ မ်က္ႏွာထက္ အၿပဳံးတို႔မွာ ပိုပီျပင္လာရသည္။
Locker ခန္းရွိရာသို႔  သူမ၏ ဦးတည္ရာကို မိန္းမ​ေခ်ာ​ေလး တစ္စုက အဟန့္အတား ျပဳသည္။
အရင္က  Clara အား အနိုင္က်င့္​ေနၾက  မိတ္​ေဆြ​ေဟာင္းႀကီးမ်ားကို    လုခ်ီ ​ေတြ႕လိုက္ရစဥ္  စိတ္အားထက္သန္စြာ ႏႈတ္ဆက္လိုက္​ေပမယ့္ တစ္ဖက္လူတို႔က​ေတာ့ ရန္ရွာရန္သာ ​ေတးထားၾကပုံပင္။

"ကပ္ပါးလိုဟာမ  ဘယ္အကြက္​​ေတြ သုံးၿပီး Swan queen  ​ေနရာကို နင္က မွန္းရဲရတာလဲ"

ပါးစပ္ျဖင့္  ​ေျပာ႐ုံတင္မကပဲ  ကိုယ္ထိလက္​ေရာက္ ​က်ဴးလြန္လာ​ေသာ သူမ၏ လက္သြယ္သြယ္ကို ဖမ္းကာ ဆုပ္ကိုင္လို႔  ရက္စက္စြာ ခ်ိဳးလိမ္ထားရင္း  လုခ်ီ သူမ၏ ဆံႏြယ္တို႔အား အ​ေၾကာင္းမဲ့ ဖြလိုက္မိသည္။

"နင္တို႔ သ​ေဘာမ​ေပါက္ၾက​ေသးဘူးလား။
အခုအ​​ေျခအ​ေနမွာ ငါက  နင္တို႔  ထိခ်င္သလို  လာထိလို႔မရ​ေတာ့ဘူး​ေလ။
အတူတူ ဆိုးသြမ္းခဲ့ၾကၿပီး  ဘာလို႔အခုမွ ​ဓမၼဘက္​ေတာ္သား​ေတြ လုပ္​ေနရတာလဲ"

"နင့္ ရဲ႕ ႐ြံစရာ ပါးစပ္ကို ပိတ္ထားလိုက္စမ္းပါ။
Clara ကို သတ္ၿပီး Swan Queen  ​ေနရာကို ရ​ေနသြားတာ တစ္​ေလာကလုံးသိတယ္​"

တစ္စတစ္စ  ျဖဴဆုတ္လာသည့္ လုခ်ီရဲ႕ မ်က္ႏွာထက္  ​တုန္လႈပ္ျခင္းတို႔ တစ္ဖန္ ျဖတ္​ေျပးသည္။
အား​​​ေလ်ာ့သြား​ေသာ သူမ၏ လက္​ေခ်ာင္းတို႔ၾကား ႐ုန္းကန္၍ လြတ္​ေျမာက္လာသည့္  ထိုတစ္​ေယာက္က သူမ၏ နာက်င္​သြားသည့္ လက္​ေကာက္ဝတ္အား သိပ္သည္းစြာ ဆုပ္ကိုင္ထားသည္။
လုခ်ီသည္ ​ ကိုယ္​ေစးမကပ္သလို  ​ေတြ​ေဝသြားခဲ့ၿပီး တခနအတြင္း    သူမသည္ ဝိဥာဥ္တစ္စုံတစ္ရာ ပူးကပ္ခံရသလို စိတ္လြတ္ကိုယ္လြတ္ျဖင့္  ထပ္တလဲလဲ​ေသာ စကားတစ္ခြန္းကိုသာ ဂါထာတစ္ပုဒ္လို ​​ေရ႐ြတ္​ေနသည္။

"ငါမဟုတ္ဘူး၊ ငါတကယ္မဟုတ္ဘူး"

​ပ်က္ယြင္း​ေန​ေသာ ​ေျခလွမ္းတို႔ျဖင့္  ​မိမိ​ေရွ႕တြင္ လမ္းပိတ္ရပ္​ေန​ေသာ ထိုသုံး​ေယာက္အား တြန္းတိုက္ကာ locker ခန္းအတြင္း  ကတိုက္ကရိုက္ ​ေျပးဝင္လာခဲ့မိသည္။
​ျဖည္းညွင္းစြာရွိုက္လိုက္မိသည့္  ပင့္သက္တစ္ခ်က္နဲ႕အတူ  အရာအားလုံး အဆင္​ေျပသြားၿပီဟု သူမ ယူဆလိုက္​ေသာ္လည္း  သူမ၏ အယူအဆမွာ မွား​ေၾကာင္း စကၠန့္ပိုင္းအတြင္း ျဖစ္ရပ္တစ္ခုက ဆုံးျဖတ္​ေပးသည္။
​ေနာက္ျပန္ဆုတ္သြားမိသည့္ ​ေျခလွမ္း​ေတြ။
ျပဴးက်ယ္လာမ်က္ဝန္းအိမ္အတြင္း   ​​ေသြး​ေၾကာတို႔က ထင္ရွားလာသည္။
သူမ၏ locker တစ္ခုလုံးအား  ​ေဆးအနီတို႔ျဖင့္  ​ေၾကာက္မက္ဖြယ္​ေရးဆြဲထားသလို႔   သူမ၏ ဓါတ္ပုံတို႔အား မွင္နီတို႔ျဖင့္ ​ေရးျခစ္ထားသည္။
​ေသြးစာတန္းသ႑ာန္ဖန္တီးထားသည့္ အနီ​ေရာင္စာလုံးတို႔​ေၾကာင့္  ​ေသြး႐ူး​ေသြးတန္းျဖင့္ သူမဟာ  ၾကမ္းျပင္​ေပၚသို႔ လဲက်သြားသည္။
ေျခာက္ျခားမႈတို႔​ေၾကာင့္  သူမဟာ  ၾကမ္းျပင္​ေပၚတြင္ တိရိစ္ဆာန္တစ္​​ေကာင္လို တြားသြားရင္း  ငို​ေႂကြး​​ကာ ပါးစပ္မွလဲ ကေယာင္ကတမ္း  ႐ြတ္​ေနမိသည္။

"ေတာင္းပန္ပါတယ္ တကယ္ မရည္႐ြယ္ခဲ့ပါဘူး"

  မသိစိတ္နဲ႕  သိစိတ္   လြန္ဆြဲတဲ့ ၿပိဳင္ပြဲ။
သူမရဲ႕ ကိုယ္တိုင္ ျဖား​ေယာင္းတဲ့ လွည့္စားမႈမွာ  သူမဟာ နစ္နာသူ ျဖစ္လိုက္၊က်ဴးလြန္သူျဖစ္လိုက္။
လုခ်ီရဲ႕ တူတူပုန္းကစားနည္းဟာ မိမိကိုယ္ကိုအား  ဟစ္​ေႂကြးလို႔ ရွာ​ေဖြ​ေနျခင္းသာ။
မုသား​ေတြ အႏြယ္ႏြယ္ ရစ္ပတ္​ေနၿပီး  သူမကိုယ္တိုင္ဖန္တီးတဲ့  အ​ေတြးကမၻာထဲမွာ​ေတာ့   သူမဟာ  အျပစ္ကင္းသူ​ေပါ့။

​ေရွ႕မွ သြက္လက္စြာ  ​ေလွ်ာက္လွမ္း​ေနသည့္ ဝန္ထမ္းမ​​ေလးက  လုခ်ီအား   swan queen ၏  သီးသန့္ အခန္းသို႔ ဦး​ေဆာင္၍ ​ေခၚလာသည္​။

"အခန္းရဲ႕ ​ေသာ့ပါ ။လိုအပ္တာရွိရင္ အခ်ိန္မ​ေ႐ြး​ေခၚလိုက္​ပါ​ေနာ္။"

​ေ႐ႊ​ေရာင္ ​ေသာ့တံ​ေလးကို သူမလက္ထံ အပ္ႏွင္း၍  ထို​ေကာင္မ​ေလးက က်ိဳးႏြံစြာ  သူမ ျမင္ကြင္းမွ ​​ေျပာက္ကြယ္ သြားခဲ့သည္။
အခန္းအတြင္းသို႔ ဝင္ဝင္ခ်င္း ခမ္းနားသည့္ အျပင္အဆင္ေၾကာင့္   သူမသည္  အံ့ၾသမွင္သပ္စြာ ​ေငး​ေနမိသည္။
ႀကီးမားသည့္  မွန္ခ်ပ္​ေပၚတြင္  ထပ္ဟပ္​ေနသည့္  သူမ၏  ပုံရိပ္မွာ  ႏြမ္းနယ္​ေနသည့္ ပုံ​ေပၚ​ေပမယ့္  ငန္းဘုရင္မတစ္​ေယာက္၏  ရာဇမာန္ အျပည့္ျဖင့္။
စားပြဲ​ေပၚတြင္ တင္ထားသည့္ တစ္ပြင့္တည္း​ေသာ စိန္စီထားသည့္  headpiece ကို သူမဦး​ေခါင္​ေပၚတြင္ ဆင္ျမန္းၾကည့္ရင္း   အလိုက္သင့္ ​ေထာက္ထားသည့္  ​ေျခဖ်ား​ေလးတို႔ဟာ  လႊလႊ​ေလး လႈတ္ခတ္လာသည္။
လြင့္ျပယ္မလာသည့္ သံဇဥ္တို႔ကို စိတ္ထဲမွ ဆိုျမည္း​ေနရင္း  အသိမ္းအယူ မ​ေသမသပ္သည့္ သူမ၏  လက္သြယ္သြယ္တို႔ဟာ ယိမ္းႏြဲ႕​ေနသည္။
အက်င့္သားမရ​​ေသးသည့္  ​ေျခမ်ားတို႔မွာ တဆက္ဆက္တုန္ခါလာၿပီး ခနအတြင္းမွာ သူမဟာ  အျဖစ္မရွိစြာ ယိုင္လဲက်သြားခဲ့သည္။
နားထဲသို႔ တဖန္ ပဲ့တင္လာသည့္ ဝမ္ရိ​ေပၚ၏ ​ေအးစက္စက္  စကားသံအခ်ိဳ႕။
မ​ေန႕က ​ေဆး႐ုံမွာ  ​ငို​ေႂကြး​ေတာင္းပန္း​ေနခဲ့သည့္  သူမဆီသို႔ ဝမ္ရိေပၚဟာ  ငုံ႕ကိုင္းလာရင္း  နား နားသို႔ကပ္ကာ တိုးသဲ့စြာဆိုလာခဲ့သည္။

"လုခ်ီ။
မင္းက  swan queen ျဖစ္လာဖို႔  အရည္အခ်င္း​ေရာ ပါရမီပါ  မရွိတဲ့  ခပ္ညံ့ညံ့ ကပ္ပါး​ေကာင္တစ္​ေကာင္ပဲ။
ဒါျဖင့္  မင္းကို ဘာလို႔ ငါ​ေ႐ြးခ်ယ္ခဲ့လဲ သိလား။
မင္းရဲ႕  အ​ေၾကာက္တရား​ေၾကာင့္ပဲ။
မင္းဟာ ​ေပ်ာက္ကြယ္သြားရမွာ ​ေၾကာက္႐ြံ႕ရင္း ႀကိဳးစား႐ုန္းကန္​ေနရင္းနဲ႕မွ ' ၿပီးျပည့္စုံတယ္'  ဆိုတဲ့ စကားလုံးဟာ မင္းအတြက္ျဖစ္လာလိမ့္မယ္။"

ျပန္လည္​ၾကား​ေယာင္မိသည့္  စကားလုံး​တို႔​ေၾကာင့္  ၿပိဳလဲက်​ေနသည့္   လုခ်ီဟာ  ျပန္ထလာခဲ့သည္။
  မ်က္သား​ေတြ ရဲဗ​ေလာင္းခက္သည္ အထိ မ်က္ရည္ တသြင္သြင္  စီက်​ေန​ေပမယ့္   ရွိုက္သံတစ္စ​'ေတာင္  မထြက္ရ​ေစပါပဲ။
​ေနာက္တစ္ႀကိမ္ ျပန္ကဖို႔ အဆင္သင့္ျဖစ္​ေနခဲ့သလို  ကပ္ပါး​ေကာင္​သာသာ သူမဟာ  ၿပီးျပည့္စုံစြာ  ​ေတာက္ပ​ေစရမွာပါ။
အဆုံးမွာ သူမဟာ  စြဲခ်က္တစ္ခ်ိဳ႕ကို   ​ျပာခ် ​ေခ်မႈန္းလို႔  အျပစ္ကင္းစြာ  လွည့္စားနိုင္ခဲ့သည့္    ​ေအာင္နိုင္တစ္​ေယာက္။

'အမွန္တရား တခ်ိဳ႕ ​ေရာ​ေထြး​ေနတဲ့ မုသား​ေတြဟာ ​ေဝခြဲရအခက္ဆုံးပဲဲ။'

~~~~~~~~~~~~~~~~~~

လက္​ဖမိုးအား ႏူးညံ့စြာ ထိ​ေတြ႕လို႔   ​ က​ေလးတစ္​ေယာက္အား ေဆးလိမ္း​ေပး​သလို  ​ေဆးလိမ္း​ေပး​ေနသည့္   ေရွာင္းက်န့္​ေၾကာင့္  ဝမ္ရိ​ေပၚ ​ေနရခက္လွ​ေပမယ့္ မ်က္ႏွာက​ေတာ့ ရႈတည္တည္။
​​​ႏြေးသြားသည့္ ခံစားမႈႏွင့္အတူ  လက္ဖမိုး​​​ေပၚ စည္း​ႏွောင္လာသည့္   လက္ကိုင္ပု​ဝါ​ေလး​ေၾကာင့္  ရိ​ေပၚလက္ကို  ဆက္ခနဲ ျပန္႐ုတ္လိုက္သည္။

"အဖုထ႐ုံ​ေလာက္​ပဲ။ အပို​ေတြ မလုပ္နဲ႕​ေတာ့"

ဆြဲယူခံလိုက္ရသည့္  မိမိလက္ဟာ ​ေရွာင္းက်န့္​၏  လက္ဖဝါးထက္ အံဝင္ခြင္က်။

"နတ္ဘုရားလို႔ တင္စားၾကတဲ့ ဝမ္ရိ​​​​ေပၚ က အဖု​ေတြ ​​ေပါက္​ေနတာ ၾကည့္လို႔မ​ေကာင္းဘူး။
မျမင္ရ​ေအာင္ ျဖစ္ျဖစ္ ကြယ္ထားလိုက္။"

ရန္​ေဆာင္သည့္   ​သ​ေဘာမ်ိဳးျဖင့္   မ်က္​ေစာင္းတစ္ခ်က္ဟာ   ဝမ္ရိ​ေပၚ ​၏ ​ေစရာျဖစ္​ေပမယ့္ နီျမန္းသြား​ေသာ ပါးႏွစ္ဖက္က​​ေတာ့ ဝမ္ရိ​​ေပၚ အလိုတူပုံ မ​ေပၚ။ 
ပထမဆုံးတစ္​ေခါက္​ေတြ႕တုန္းက ​ေျခ​ဖဝါးအား စည္းႏွောင္​ေပးခဲ့သည့္  သ႑န္တူ ပုဝါ​ေလးက ယခု  ရိ​ေပၚ၏  လက္​ေပၚတြင္ ​ေနရာယူထားသည္။
အနားသတ္​ေထာင့္ ​ေနရာ​တြင္ ​​​​ေငြ​ေဘာ္​ေရာင္ ခ်ည္ျဖင့္   ထိုးထားသည့္ ငန္းသ႑န္​ေလး ရိ​ေပၚကိုယ္တိုင္ သတိမထားမိပါပဲ  လက္ဖြထိ​ေတြ႕​ေနမိသည္။
တစ္​ေနရာရာမွာ ရင္းႏွီး​ေနဟန္ ရွိ​ေန​ေပမယ့္ ဘယ္လိုမွ စဥ္းစားမရသည့္  ဦး​ႏွောက္​ေၾကာင့္  ​ေနာက္က်ိသြားရသည့္  စိတ္အစဥ္ႏွင့္အတူ  ​ေဆး႐ုံအခန္း ငယ္အတြင္းသို႔ ၾကည့္လိုကြမိသည္။
ရဲဝန္ထမ္းအား ​ျဖစ္​ေၾကာင္းကုန္စဥ္​ေျပာျပေနသည့္  Clara  က ဝမ္းနည္းစြာ ငိုရွိုက္​ေနၿပီး တစ္ခါတစ္ရံ ​ေဒါသတႀကီး   ​ေအာ္ဟစ္​ေနသည္။
မၾကာခင္မွာပင္  Clara အခန္းထဲမွာ ထြက္လာသည့္ ရဲဝန္ထမ္းက ရိ​​ေပၚတို႔ ႏွစ္​ေယာက္ဆီသို႔ ဦးတည္၍  ​ေလွ်ာက္လာခဲ့ၿပီး  သူ၏  အုံ႕မွိုင္းမွိုင္း အၾကည့္တို႔က  ​ရိ​ေပၚ၏ ​ေျခမွစလို႔ ​ေခါင္းအဆုံး  အစုံအဆန္။

"နစ္နာသူရဲ႕ ထြက္ဆိုခ်က္အရ  အဓိက သံသယရွိ​သူက​ေတာ့  ဝမ္ရိ​ေပၚပါပဲ။"

ကာယကံရွင္ ျဖစ္သည့္ ဝမ္ရိ​ေပၚက ႀကိဳတင္​ေတြးထားသည့္ ကိစၥတစ္ရပ္လို တည္ၿငိမ္​ေနသ​ေလာက္   ​ေဘးတစ္ဖက္​က ​ေရွာင္းက်နိ႕မွာ​ေတာ့  ဆက္ကနဲ ထရပ္မိသည္ အထိ က​ေယာက္ကယက္ေတြ ျဖစ္ သြားရသည္။

"နစ္နာသူရဲ႕ စိတ္အ​ေျခအ​ေနအရ  မတည္ၿငိမ္​ေသးတဲ့ အ​ေနအထားမလို႔  ကြၽန္ေတာ္​တို႔​​ေတြ အခုအခ်ိန္မွာ ဘာမွ ​ေကာက္ခ်က္ခ်လိဳ႕ ရမွာမဟုတ္ပါဘူး။"

​ေရွာင္းက်န့္ရဲ႕ ​ေျဖရွင္းခ်က္ကို တစ္ဖက္ အမႈစစ္က ​မ​ေက်နပ္​ေသးဟန္ျဖင့္   အ​ေထာက္အထားျဖင့္ ထုတ္ျပလာသည္။

"မ​ေတာ္တဆမႈ မျဖစ္ခင္  ​ေနာက္ဆုံး ဖုန္း​ေျပာခဲ့သူက ဝမ္ရိ​ေပၚပါဆိုၿပီး နစ္နာသူ​ကေရာ မွတ္တမ္း​ေတြကပါ  ​ေျပာျပပါတယ္။
ဝမ္ရိ​​ေပၚက သူမ အက​​ေလ့က်င္း​ေနတုန္း ခ်က္ခ်င္း ထြက္လာဖို႔ အမိန့္​ေပးခဲ့ဆိုတာ မွန္ပါသလား  ဝမ္ရိ​ေပၚ"

တစ္ခ်က္ ​ေၾကာင္အ သြားသည့္  ​ေရွာင္းက်န့္က ရိ​ေပၚဆီသို႔ ​ေတြးဆဆ ၾကည့္လာသည္။
​ေရခဲျမစ္တစ္ခုရဲ  ျမစ္လက္တက္​ေတြလို႔   ​ေအးခဲ ျဖာယွက္သြားမည့္  ထိုသူရဲ႕ အ​ေတြး​ေတြ၊
ယိမ္းယိုင္သြား​ေလာက္မယ့္  ​ေရွာင္းက်န့္​ေျပာ​ေနၾက   ယုံၾကည္မႈဆိုသည့္ အရာအား   ရိ​ေပၚ ​​ေတြးမိရင္း  ​မႏွစ္ၿမိဳ႕စြာ မဲ့​ေသာ အၿပဳံးအား ၿပဳံးလိုက္မိသည္။

"အမွန္ပဲ။  ကြၽန္​ေတာ္  ဖုန္းဆက္ၿပီး အျမန္ထြက္လာခိုင္းခဲ့တာ"

အမႈစစ္ႀကီးက  ​သူ၏ ​​ေမးခြန္းအ​ေပၚ ဂုဏ္ယူသလို  ​ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္။
​ေရွာင္းက်န့္ မ်က္ႏွာ​ေပၚတြင္​ေတာ့ အရိပ္အမ်ိဳးမ်ိဳး ​ျဖတ္ကူး​ေနဆဲ။
အခ်ိန္ကိုက္စြာ   ဓါတ္​ေလွကားအတြင္းမွာ  အ​ေလာတႀကီး ​​​ေျပးထြက္လာသည့္  ​ေကာင္ငယ္​ေလး​တစ္​ေယာက္က  ​ေရွာင္းက်န့္ထံ  စကၠဴအိတ္တစ္ခုအား ကမ္း​ေပးလာသည္။

"စီနီယာ ။
ဒါ စီနီယာ အ​ကူအညီ ​ေတာင္းထားတဲ့ဟာ။
စီနီယာထင္သလိုပဲ  ကား​ နံပါတ္ျပား​ေရာ၊ ID card  ​ေရာက  အတု​ေတြ၊"

စကားအဆုံး  ​ေရွာင္းက်န့္က  လွ်င္ျမန္စြာ  စကၠဴအိတ္ အတြင္းမွ  စာ႐ြက္ အခ်ိဳ႕ကို  ဖြင့္​ေဖာက္စစ္​ေဆးသည္။
ကိုယ္တိုင္  စစ္​ေဆးၿပီးသည့္ေနာက္  အမႈစစ္ထံ  ထို အိတ္အား  ​ေပးလိုက္ကာ   အတည္ျပဳ​​ေစသည္။
အကြက္က်က် ရိုက္ခ်နိဳင္သလို အၿပဳံးမ်ိဳးႏွင့္  အမႈစစ္ဆိုသည့္ လူ၏ ပ်က္ယြင္း​ေနသည့္ မ်က္ႏွာအား စူးစိုက္​ၾကည့္​ေနသည့္  ​ေရွာင္းက်န့္က သိပ္ကို အူျမဴး​ေနဟန္။။

"အမႈစစ္ႀကီး တကယ္ပဲ အဲ့လို ​ဆက္လုပ္​ေနရင္  တရားခံ အစစ္ကို  လြတ္သြားလိမ့္မယ္။
ဝမ္ရိ​​​ေပၚ ကိုယ္တိုင္ ​ေ႐ြးခ်ယ္ခဲ့တယ့္ ဘဲ​ေလးအကမယ္ကို  ဝမ္ရိ​​ေပၚ ကိုယ္တိုင္ လုပ္ႀကံခဲ့ပါတယ္လို႔ ​ေတြးမိတယ့္  အမႈစစ္ႀကီး အ​ေတြးအ​​​ေခၚကို ကြၽန္​ေတာ္တကယ္  "​

​ေျပာလက္စကို ျဖတ္၍  တသိမ့္သိမ့္တုန္​ေအာင္ရယ္ ​ေနသည့္ ​ေရွာင္းက်န့္​ေၾကာင့္  တစ္ဖက္ အမႈစစ္က ရႉးရႉးရွားရွား။

"ကြၽန္​ေတာ့္ အမႈသည္ကို ​ေနာက္တစ္​ေခါက္ လက္လြတ္စပယ္ ထပ္လာမထိမိ​ပါ​ေစနဲ႕ "

အၾကည့္စစ္​တိုက္​ေနသည့္  ထိုႏွစ္​ေယာက္ၾကား  ဒီတစ္​ေခါက္အားၿပိဳင္မႈမွာ​ေတာ့ ​ေရွာင္းက်န့္က အျပတ္အသတ္နိုင္သည္။
မိမိအား အားျပင္းျပင္းျဖင့္   တြန္းတိုက္ကာ ထြက္သြားသည့္   အမႈစစ္​ေၾကာင့္  ​ေရွာင္းက်န့္ ပုခုံးတစ္ဖက္ နာက်င္သြားရ​ေပမယ့္
ႏွစ္ၿမိဳ႕လြန္းလွသည့္ေၾကာင့္    အၿပဳံးမပ်က္။

ၿငိမ္သက္စြာ ထိုင္​ေနဆဲ ျဖစ္သည့္  ဝမ္ရိ​ေပၚ​နံ​​ေဘးနား တစ္ဖန္ ဝင္ထိုင္မိ​ေတာ့  ​ေအးခဲ​ေသာ အၾကည့္တို႔ကို လက္ခံရရွိသည္။

"အခု အဆင္​ေျပသြားၿပီ ။ ကိုယ္ေျပာခဲ့တယ္ မလား။
ဘယ္လို အ​ေျခအ​ေနမ်ိဳး ျဖစ္ျဖစ္  ​ကိုယ္ကေတာ့  ဝမ္ရိ​ေပၚကို  ယုံၾကည္တယ္ဆိုတာ"

မ်က္ခုံးတစ္ဖက္ပင့္ျပလို႔  ၿပဳံးစိစိ အမူအရာနဲ႕  ​​ေရွ႕​ေန ​​ေရွာင္းက ကိုယ့္ကိုကိုယ္ သိက္ အထင္ႀကီးတတ္ၿပီး  တကယ္လည္း ထက္ျမက္လြန္းသည့္ ​ေရွ႕​ေနတစ္​​ေယာက္။
တိတ္ဆိတ္ျခင္းျဖင့္သာ ရိ​ေပၚက တုံ႕ျပန္သည့္အခါ ​ေရွာင္းက်န့္က စကားဆက္သည္။

"ဝမ္ရိ​ေပၚ ​ ကို  ဆြဲခ်ဖိဳ႕ အကြက္ခ်ထားတဲ့   ဒီအမႈမွာ တစ္ခုခုနဲ႕ပ  ပတ္သတ္ၿပီး   ​ေတြးမိတဲ့ တစ္​ေယာက္​ေယာက္မ်ား မရွိဘူးလား"

မပီျပင္ပါပဲ ရိ​ေပၚက ၿပဳံးမိျပန္သည္။
ဤ အၿပဳံးအား ​ေရွာင္းက်န့္ ​ေငး​ေန​ေလာက္မည္ဟု ​ေတြးမိ​ေတာ့ ရင္ထဲ ​တစ္မ်ိဳးတစ္မည္ ခံစားလိုက္ရသည္။

"ကြၽန္ေတာ့္ကို  ထိုးခ်ၿပီး  ဒီ ကပြဲကို  အသည္းအသန္ တားခ်င္​ေနတဲ့သူက  ဘယ္သူျဖစ္မယ္လို႔ ​ေရွ႕​ေန​ေရွာင္း ထင္လို႔လဲ"

မတိုင္ပင္ပါပဲ ႏွစ္​ေယာက္သား၏ အၾကည့္​​ေတြက အိမ္​ေတာ္ထိန္းမင္ ထံသို႔ ​​​ေရာက္ရွိသြားသည္။
ရိ​ေပၚတို႔  ခပ္လွမ္းလွမ္းမွာ ရပ္​ေနၿပီး  ရိ​ေပၚအား  ​​​ေစာင့္ၾကည့္​ေနသည့္  ထိုတိမ္စြဲ​ေသာ မ်က္ဝန္း​ေတြဟာ  ​​​ႏြေး​ေထြး​ေနဆဲ၊
တမ္းတတ ၿပဳံးတတ္သည့္ အၿပဳံးမွာ ႏွစ္လိုဖြယ္​ေကာင္းဆဲ။

"​ေရွ႕​ေန​ေရွာင္း  ကြၽန္​ေတာ့္​ေဘးနားကို  ဘယ္လိုရည္႐ြယ္ခ်က္မ်ိဳးနဲ႕ ​ေရာက္လာတယ္  မသိ​​ေပမယ့္  အျမန္ဆုံး အဆုံးသတ္​ေပးၿပီး  ထြက္သြား​ေပးပါ။
​ကြၽန့္​ေတာ့္​ေဘးက လူ​ေတြဟာ တစ္နည္းမဟုတ္တစ္နည္းနဲ႕ ပ်က္စီး​ေပ်ာက္ကြယ္သြားတတ္တယ္"

ရိ​ေပၚက ​ေဆြး​ေျမ့စြာ ​ေျပာ​ေနသ​​ေလာက္  ​​ေရွာင္းက်န့္က မနာခံစြာျဖင့္ ရယ္သြမ္း​ေသြးသည္။
ရိ​ေပၚ ​ေျပာသမွ်အရာရာဟာ  သူ႕အတြက္​ေတာ့   ႏွစ္ၿမိဳ႕စရာ​ေကာင္း​ေနသလို။

"ဝမ္ရိ​ေပၚ လိုခ်င္သမွ်  အရယူ​​ေပးလိုက္ဖို႔  ​ေကာင္းကင္ဘုံက  ဥာဏ္​ေကာင္းလြန္းတဲ့  ​ေရွ႕​ေန​ေရွာင္းက်န့္  ဆိုၿပီး  ဖန္ဆင္း​ေပးလိုက္တာ​ေလ။
ဝမ္ရိ​ေပၚ ဆႏၵ​ေတြ မျပည့္ဝရင္  ကြၽန္​ေတာ္ အျပစ္​ေပးခံရလိမ့္မယ္။
အဲ့တာ​ေၾကာင့္   ဒီက ဝမ္ရိ​​ေပၚ  ဆႏၵ​​ေလး​ေတြ ​ေျပာျပၿပီး ကူညီပါဦး"

ကိစၥတိုင္းကို အ႐ႊန္း​ေဖာက္​ေနသည့္  ​ေရွာင္းက်န့္​ေၾကာင့္ ရိ​ေပၚ  
က ထူးဆန္းသလို ၾကည့္​​ေနသည့္။
ကိုယ့္ကိုကိုယ္ အမႊန္းတင္လြန္း​ေနတာ​ေၾကာင့္  အျမင္မၾကည္​ေတာ့။
​​ေတာ္တယ္ဆိုတာ လက္ခံ​​​​ေပမယ့္ ခနခန ထုတ္​ေျပာ​ေနတာ လူ​ေတာ္​ေတြရဲ႕ အလုပ္မဟုတ္ဘူး။

"ျပန္​ေတာ့"

မ်က္​ေမွာင္ကုတ္လို႔ ဆိုမိ​သည့္တိုင္   ​ေရွာင္းက်န့္က ၿပဳံး​ေနဆဲ။
တစ္ဖန္  ျပန္တိတ္ဆိတ္သြားသည့္ ​ေလထုတြင္ ႏွစ္​ေယာ​က္သား မလႈပ္မယွက္  ထိုင္​ေနၾကသည္။
တ​ေ႐ြ႕​ေ႐ြ႕ ကုန္လြန္သြားသည့္  အခ်ိန္​ေတြမွာ  ညဥ့္ဦးယံသို႔ ​ေရာက္​လာ​ေလ​ေလ  ​ေမွးစင္းလာသည့္  ​မ်က္ဝန္း​​ေတြ​ေၾကာင့္  ​ေရွာင္က်န့္က ရိ​ေပၚအား အရင္ ျပန္ႏွင့္ဖို႔ တိုက္တြန္းသည္။
​ရက္ဆက္ ​ေနၿပီ ျဖစ္သည့္  ပင္ပန္းမႈ ဒဏ္ကို မခံနိုင္​ေတာ့သည့္ ရိ​ေပၚက  မျငင္းဆန္နိုင္ပဲ  ​ေဆး႐ုံမွ အရင္ဆင္းလာသည္။
ပုံမွန္ အရွိန္ျဖင့္ ​ေမာင္းႏွင္​​ေန​ေသာ ​ကား​ေပၚတြင္ အိပ္​ေပ်ာ္မသြား​ေစရန္ ရိ​ေပည္ မိမိကိုယ္ကို  အတန္တန္ တားျမစ္​ေနပါ​ေသာ္လည္း  ​ေလးလံလာသည့္ မ်က္ခြံတို႔ႏွင့္အတူ အခ်ိန္တစ္ခုအၾကာတြင္  အိမ္​​ေမာ က်သြား​ေတာ့သည္။

~~~~~~~~~~~~~~~~~

ဝမ္ရိ​​ေပၚ​တို႔ ထြက္သြားၿပီ ျဖစ္​ေၾကာင္း အတည္ျပဳၿပီးကာမွ   ​ေဆး႐ုံဝန္းအတြင္းမွ အရွိန္းျပင္းျပင္းျဖင့္  ထြက္လာသည့္  ​ေရွာင္းက်န့္၏  ကား​သည္   လူ​ေျခတိတ္ဆိတ္သည့္ တိုက္ခန္း တစ္​ေနရာသို႔  ဦးတည္သည္။
မ​​ေရာက္ျဖစ္တာ ၾကာၿပီ ျဖစ္သည့္  ​ေလွကား လက္ကိုင္မွာ  ​ထူထဲ​ေသာ ဖုန္ထု၏ ဖုံးလႊမ္း ျခင္းကို ခံထားရသည္။
လူမ​ေနသည္မွာ  ၾကာ​ေနၿပီ မလို႔   အခန္းတံခါး အား ဖြင့္ဖြင့္ခ်င္း ​ေအာင့္သိုးသိုး အနံကိုရ​ေပမယ့္ ​ေနရာတက်ဆီလို႔ထားသည့္  ပစၥည္တို႔က​ေတာ့ ယခင္အတိုင္း သပ္သပ္ရပ္ရပ္။
အလုပ္လုပ္​ေနဆဲ ျဖစ္​သည့္ နံရံ​ေပၚက  နာရီထံ ဓါတ္မီးျဖင့္ ထိုးၾကည့္လိုက္​​ေတာ့ အခ်ိန္ကား ည ၁ နာရီ။

​ေရွာင္းက်န့္ဟာ  စမ္းတဝါးဝါးျဖင့္  ရင္ႏွီး​ေနၾက မီးခလုတ္​ေလးအား လိုက္စမ္း၍  အခန္းမီးဖြင့္ရန္ႀကိဳးစားသည္။
မၾကာခင္  လုံ​ေလာက္စြာ လင္းထိန္သြားသည့္ အခန္း​ေၾကာင့္  မ်က္လုံးထဲ ျပန္လည္ ျမင္​ေယာင္လာသည့္ အျဖစ္အပ်က္ အခ်ိဳ႕မွာ  ​​ေရွာင္းက်န့္​ မ်က္ဝန္းတို႔အား နာနာက်င္က်င္ မွိတ္ခ်လိဳက္သည္။
ဖုန္မ်ား တင္က်န္​ေနသည့္  စားပြဲ​ေပၚတြင္  ​ေမွာက္လွ်က္တည္ရွိ​​​ေနေသာ   ဓါတ္ပုံ​ေဘာင္အား ယူလို႔ၾကည့္မိခ်ိန္  ထိန္းခ်ဳပ္သည့္ၾကားမွပင္ ရွိုက္ငိုမိသည္ အထိ။
ပါးစပ္အား  တင္းက်ပ္စြာ ပိတ္ထား​​ေသာ  လက္ဖမိုး​ေပၚမွ ျဖတ္၍ 
မ်က္ရည္စတို႔ဟာ  ဓါတ္ပုံ​ေဘာင္ထဲရွိ  ခပ္​ေခ်ာ​ေခ်ာ ​ေကာင္ငယ္​ေလး၏ မ်က္ႏွာ​ေပၚသို႔ စိမ့္ဝင္သြားသည္။

"​ေယာင္း"

ဆို႔နစ္စြာ ​ေခၚလိုက္မိသည့္ နာမ​​ေလး။
​ေရွာင္းက်န့္အတြက္ တစ္သက္တာ  သည္းစိုင္အတြင္း နစ္ဝင္​ေနသည့္ ဆူး​တစ္​ေခ်ာင္းလို  ႏွလုံး​ေသြးလည္ပတ္သမွ် ကာလလုံးမွာ တဆစ္ဆစ္။
ျပန္လည္​ေတြးမိတိုင္း   အမာ႐ြတ္တို႔​ေပၚ ဓါးရာ​ေပးသလို နာက်င္လွသည္။
ဓါတ္ပုံအား ရင္ခြင္ထဲပိုက္ကာ  အ႐ုပ္ႀကိဳးပ်က္ အခ်ိန္အ​ေတာ္ၾကာသည္ အထိ ထိုင္​ေနမိသည္။
စိတ္ျပန္လည္တည္ၿငိမ္​ေစလို႔  လာရင္းရည္႐ြယ္ခ်က္အား  အ​ေကာင္အထည္​ေဖာ္ရန္  ျပန္ထမိခ်ိန္ ​ေျခ​ေထာက္ႏွစ္ဖက္လုံးဟာ ​ေသြး​ေကာင္း​ေကာင္း မ​ေလွ်ာက္​ေတာ့။
ယိုင္ထိုး​ေန​ေသာ ​ေျခလွမ္းတို႔ျဖင့္  တိုက္ခန္းအတြင္းရွိ တစ္ခုတည္း​ေသာ အႀကီးမားဆုံး  ဗီရိုတစ္လုံး​ေရွ႕    ​ေတြ​​ေငးစြာ ယပ္​ေနမိသည္။​ေလပင္​ေန​ေသာ စိတ္အား သက္သာ​ေစဖို႔  သက္ျပင္း အခါခါခ်ကာ  ဗီရို တံခါးအား ဆြဲဖြင့္လိုက္​ေတာ့  အခန္းတစ္ခု၏  ဝင္​ေပါက္တစ္ခုႏွင့္ ခ်ိတ္ဆက္ထားသည္ကို  ​ေတြ႕လိုက္ရသည္။
ထို အခန္းငယ္အတြင္း  မ်ားျပားလွသည့္ ဖိုင္တို႔ႏွင့္အတူ  စာအုပြ္ေပါင္းမ်ားစြာ၊
  တစ္​ေယာက္ထိုင္စားပြဲ​ေပၚတြင္ ​ေသသပ္စြာ တင္ထားသည့္ laptop  တစ္လုံး။
ဝါက်င္က်င္ မီး​ေရာင္​ေအာက္တြင္ ​ေရွာင္းက်န့္ စီမံရာအတိုင္း အရာအားလုံးဟာ အက်အနရွိသည္။
ဤ အခန္း၏ ထူးျခားခ်က္ကား  နံရံ အျပည့္ကာထားသည့္  အနီ​​ေရာင္ ကတၱီပါ လိုက္ကာစ။
​ေရွာင္းက်န့္သည္ ထိုအနီ​ေရာင္ လိုက္ကာစအား ​ေနာက္ခုံျပဳထားသည့္  စားပြဲခုံတစ္လုံးတြင္  ဝင္ထိုင္လိုက္ၿပီး သူ၏ အတူပါ​​လာ​​ေသာ stickအား laptop ​တြင္တပ္လို႔ screen ထက္တြင္ ​​ေပၚလာမည့္ အရာကို  စိတ္လႈပ္ရွားစြာ ​​​ေစာင့္ဆိုင္း​ေနမိသည္။
ျပဴးက်ယ္​သြား​ေသာ မ်က္ဝန္း​​​ေတြ။
ပြင့္ဟလာ​ေသာ ႏႈတ္ခမ္းပါးတို႔။
မ်က္သားမ်ားဟာ  ရဲ​ေတာက္လာသည္။
နားထင္မွ စီးက်လာသည့္  ​ေခြၽးစီးတို႔ဟာ  ထင္ရွားသည့္  ေမးရိုး​​ေပၚတြင္ အဆုံးသတ္သည္။
​​​ေရ​ေသလို႔ မ်က္ႏွာထက္တြင္  အနိမ့္အျမင့္ အမူအရာကို ဖမ္းဆုပ္၍မရ။
​​ေပါ့ပါးစြာ    ရယ္ၿပဳံး​ေနတတ္သည့္ ​ေရွ႕​ေန​ေရွာင္းဟာ   ​ေပ်ာက္ကြယ္သြားခဲ့ၿပီး  တ​ေလာကလုံးအား   မီး​​ေလာင္းသြင္း​ေတာ့မည့္အလား အမ်က္သင့္ကာ  မာ​ေၾကာခက္ထန္လွသည့္   နတ္ဆိုးတစ္​ေကာင္ဟာ  မ​ေကာင္းမႈတို႔၏   လႈံ႕​​ေဆာ္ျခင္း ခံလိုက္ရၿပီ ျဖစ္သည္။

~~~~~~~~~~~~~~

အိပ္ရာထက္ လွဲ​ေလ်ာင္း​ေနသည့္  ရိ​ေပၚဟာ  တစ္စုံတစ္ရာထံမွ ​ေၾကာက္႐ြံ႕စြာ ထြက္​ေျပး​ေန​ဟန္   လူးလိမ့္​ေနခဲ့သည္။
ႏွဖူးထက္ ​ေဝ့သီ​ေန​ေသာ ​​ေခြၽး​ေပါက္တို႔ဟာ သူ၏  ထိုအရာထံမွ လြတ္​ေျမာက္လို​ေသာ စိတ္အား ထက္သန္မႈ။
ႏႈတ္ဖ်ားမွ နာနာက်င္က်င္  ၿငီးျငဴသံ၊
မွိတ္စင္းထားသည့္ ​မ်က္​ေတာင္တို႔တြင္  မ်က္ရည္စမ်ား ခိုတြယ္​ေနသည္။
အိမ္မက္ဆိုး။
ကာလရွည္ၾကာစြာ   မလြတ္​ေျမာက္​နိုင္​ေသးသည့္  ထိုအိမ္မက္ဆိုးဟာ ညစဥ္ႏွိပ္စက္​ေလ့ရွိသည္။
သူဟာ ငန္းျဖဴ၏ အကကို  က​ေနရင္း   ​ေမွာ္ဆရာ Von Rothbart လက္မွ  ဘယ္​ေတာ့မွ မလြတ္​ေျမာက္နိုင္ခဲ့။
နက္​ေမွာင္​ေသာ  မ်က္ႏွာဖုံးကို  စြတ္ထားသည့္  Rothbart ဟာ  ရိ​ေပၚအတြက္  ​​ေၾကာက္မက္ဖြယ္ သားရဲ တစ္​​​ေကာင္  ။
ယခုလဲ ရိ​ေပၚဟာ  ​​ေတာနက္အတြင္း ​ေျပးလႊား​ေနရသည္   ​ေနာက္ပါးဆီမွ   ​ေျခ​သံတို႔ ​ေဝးသည့္ အထိ  ရိ​ေပၚဟာ  အားစိုက္​ေျပး​ေပမယ့္   ​​ေက်ာဘက္စီမွာ  သည္း​ေျခပ်က္မတတ္နာက်င္မွာ​ေၾကာင့္ ရ္ိ​ေပၚ ​​ေျခလွမ္းတို႔အား ရပ္လိုက္မိသည္။
ဘယ္အခ်ိန္မွီလာခဲ့သည္ မသိ​ေတာ့သည့္  Rothbart က ရိ​ေပၚအား  ​ေနာက္မွ ​ေပြ႕ဖက္လာသည္ ။
ရိ​ေပၚ၏  ​ျဖဴလႊလႊ  အကၤ်ီ​ေက်ာဘက္မွာ  ​ေသြး​ေရာင္တို႔ျဖင့္ ရဲ​ေစြးသြားခဲ့သည္မွာ    ရိုက္ခ်ိဳးခံလိုက္ရသည့္ ​ေတာင္ပံတစ္စုံနယ္။
​ေပ်ာ့​ေခြသြားသည့္ ရိ​ေပၚ၏ ကိုယ္ခႏၶာႏွင့္အတူ လက္​ေတြ႕တြင္ပါ  ရိ​ေပၚ၏ လႈပ္ရွားမႈတို႔ ရပ္တန့္သြားသည္။
​ေျဖးညွင္းစြာ ဖြင့္လိုက္မိသည့္ မ်က္ဝန္းအိမ္အတြင္း ​ေမွာင္မဲ​ေန​ေသာ အခန္းျမင္ကြင္းက ​ေနရာယူသည္။
ကား​ေပၚတြင္ အိပ္​ေပ်ာ္သြားရမွာ ဘယ္လို ဘယ္ပုံ သူ၏ အိပ္ရာထက္ ျပန္​ေရာက္လာသည္ကို ​မ​ေတြး​ခ်င္​ေတာ့။
ျပင္ပ​တြင္ သည္းထန္စြာ ႐ြာသြန္း​ေန​ေသာ မိုးသံတို႔ႏွင့္အတူ  ရိ​ေပၚ
အတက္အက် ျပင္း​ေသာ အသက္ရႉသံတို႔ဟာ ​ေရာ​ေထြး​ေနသည္။
​ကြဲအက္​ေျခာက္​ေသြ႕​ေန​ေသာ လည္​ေခ်ာင္းတို႔​ေၾကာင့္  ​ေရ​ေသာက္ရန္  ​ေအာက္ထပ္သို႔ဆင္းလာသည္။
ပါးပါး၏ အရိုးျပာထားရာ အခန္း​ေရွ႕အျဖတ္  ရိပ္ခနဲ  ျဖတ္သြား​ေသာ  လူရိပ္တစ္ခု​ေၾကာင့္  ရိ​ေပၚ အလိုမက်စြာ အခန္းတံခါးနားသို႔ တိုးကပ္သြားလိုက္သည္။
ဟ ​ေနသည့္  တံခါး​ေပါက္ၾကားသို႔ မ်က္ႏွာကို တိုးကပ္သြားၿပီး  အခန္းအတြင္းသို႔ ​​ေခ်ာင္းၾကည့္လိုက္သည္။
အခ်ိန္ကိုက္စြာ  မိုးတို႔ဟာ ပိုသည္းလာသ​ေယာင္။
တံခါးၾကားထဲမွာ  လွစ္​ေပၚလာသည့္ ရိ​ေပၚ၏   မ်က္စံတို႔ဟာ လႈပ္ခတ္​ေနသည္။
နီးကပ္လာသည့္  ​ေျခသံတို႔​ေၾကာင့္  အသက္ရႉ​ေအာင့္ထားမိသည္ ။
ထင္ရွားျပတ္သားလာသည့္  အသံအခ်ိဳ႕  ။
ထိုလူဟာ  တံခါးၾကားထဲမွ    ရိ​ေပၚအား  ​ေတြ႕သြားၿပီး​ေနာက္  အ​သားကုန္    ​ေျပးလို႔လိုက္သည္။
တဒုန္းဒုန္း ​ ​​ေျပးလႊားသံ​ေၾကာင့္    ​ေၾကာက္႐ြံ႕​ေနသည့္  ရိ​​ေပၚက  စိတ္ႏွင့္ကိုယ္ႏွင့္ မကပ္စြာ ​ေတာင့္​ေတာင့္ႀကီး ရပ္​ေနမိသည္။
တံခါးလက္ကိုင္ဘုဟာ  လႈပ္ရွားလာၿပီး
တံခါးခ်က္ဟာ  ပြင့္ဟလာသည့္  အခိုက္အတန့္။

"အိမ္​ေတာ္ထိန္းမင္"

အိမ္​ေတာ္ထိန္းမင္၏  မ်က္ဝန္း​ေတြဟာ ငိုထား​သ​ေယာင္ စိုစြတ္​ေနသည္။
မ်က္မွန္​ေအာက္က ပါးျပင္တြန့္တြန့္​ေပၚတြင္ မ်က္ရည္​ေတြ တင္က်န္​ေနဆဲ။

"ပါးပါး အရိုးျပာ အခန္းထဲမွာ ဘာလုပ္​ေနတာလဲ"

ရိ​ေပၚ အ​ေမးအဆုံး အိမ္​ေတာ္ထိန္မင္ က သူ၏ လက္ထဲရွိ   အရက္ပုလင္းငယ္​​ေလးအား ကိုင္​ျမႇောက္ျပလာသည္။

"ညဘက္​ေတြ အိပ္မ​ေပ်ာ္​ေတာ့္ဘူး။
သခင္ႀကီး တစ္​ေယာက္တည္း ျဖစ္​ေနမွာကို  ​ေတြးမိရင္း  ​အ​ေဖာ္ျပဳ​ေပးခ်င္တာနဲ႕"

အိမ္​ေတာ္ထိန္းႀကီး၏  စကား​ေၾကာင့္  ရိ​ေပၚဟာ  ထိုတိမ္စြဲ​ေသာ မ်က္ဝန္းတို႔အား  ​ေငးၾကည့္​ေနမိသည္။
စဥ္းလဲ​ေသာ အႀကံတို႔ကို  ဖုံးကြယ္ထားရင္း   ၿပဳံးသား ၿပဳံးေနတတ္သည့္ ထိုလူဟာ အခုလဲ ​ေအးခ်မ္းစြာ ၿပဳံး​ေနဆဲ။
အိမ္​ေတာ္ထိန္းမင္၏  တူတူပုန္း ကစားနည္းဟာ  အရိုးရွင္းဆုံးႏွင့္   အၾကင္နာမဲ့ဆုံးျဖစ္သည္​။
မ​ေကာင္းမႈ ဒုစရိုက္​ေတြဆီက​ေန  မလြတ္​ေျမာက္နိုင္တဲ့ ​ေနာက္ သူဟာ ရိုးသားမႈကို  ​စ​ေတးခံ လိုက္ရသည္။

~~~~~~~~~~~~~~~~

"လူႀကီးမင္းတို႔ စီးႏွင္းလိုက္ပါလာသည့္ ​ေလယာဥ္မွာ  မၾကာခင္ အခ်ိန္အတြင္း....."

​ champagne တစ္ခြက္ကို  အရသာခံကာ ​ေသာက္​ေနသည့္  ထိုလူက  ​ေနာက္ဆုံးတစ္က်ိဳက္ကို အ​​ေမာ့
ႏွစ္လိုဖြယ္ရာ စိတ္​ေက်နပ္မႈ​ေၾကာက့္ ရဲ​​ေစြး​ေန​ေသာ  ႏႈတ္ခမ္းပါး​ေလးမွ  ၫြတ္​​ေကြးသြားသည္။
ဖတ္လက္စ magazine ကို စားပြဲအသာတင္လိုက္​ေတာ့   ballerina Wang အ​ေၾကာင္း ကြန့္ျမဴး​​ေရးထားသည့္  စာမ်က္ႏွာတို႔ က  ​ဖြင့္ထားသည့္  ​ေလေအး​​ေပးစက္​ေၾကာင့္ တစ္လြင့္လြင့္။
အနီးကပ္ျမင္​ေနရသည့္ ​​ေပက်င္ၿမိဳ႕ကို ၾကည့္ရင္း ​ေနကာ မ်က္မွန္​ေအာက္က  မ်က္ဝန္းတို႔ဟာ အၿပဳံးပုံ သ႑န္ ျဖစ္သည္ အထိ မွိတ္က်သြားသည္။

"ဧည့္သည္ရွင့္ မၾကာခင္ ​ေလယာဥ္ဆင္းသက္​ေတာ့မွာမလို႔  ခါးပတ္ပတ္ထား​ေပးပါရွင္"

Cabin crew  မ​ေလး၏ ​ေျပ​ေျပလည္လည္ အသံ၏ ​ေနာက္တြင္  လူႀကီးတစ္​ေယာက္၏  ဆူပူဆဲ​ေရးျခင္းတို႔က တစ္ဆက္တည္း။

" မ​ေက်နက္ရင္ မင္းကိုယ္တိုင္ တပ္​​ေပးလိုက္​ေလ"

အက်ယ္အက်ယ္  ​ေအာ္ဟစ္​ေသာင္းက်န္းၿပီး  ​ေနာက္ဆုံး တစ္ဖက္လူ၏  တာဝန္ဝတၱရား  အ​ေပၚ အခြင့္​ေကာင္းယူ၍  မိန္းကေလး တစ္​ေယာက္ အ​ေပၚလူပါးဝ​ေနသည့္  လုပ္ရက္အား  လက္ပိုက္ မၾကည့္​ေနနိုင္သည့္အခါ  ကိုယ္တိုင္ ဝင္ပါမိ​ေတာ့သည္။
​ေလယာဥ္​မယ္​ေလးအား ဆြဲလားရမ္းလား လုပ္​ေန​ေသာ ထိုလူႀကီး၏ လက္အား ဆြဲလိမ္ကာ ခ်ိဳးလိုက္​​လိုက္​ေတာ့   ဝဖိုင့္ဖိုင့္ထိုလူႀကီးက  အသံျပာ​ေအာင္ ​​ေအာ္လာသည္။

"ဦးေလးႀကီး
လူအမ်ားႀကီး​ရွိ​ေနတဲ့  ​ေနရာ  ဒီလိုလုပ္လို႔ မျဖစ္ဘူး​ေလ။
တာဝန္ဝတၱရား ​ႏွောက္ယွက္မႈ၊ တစ္ဖက္ မိန္းက​ေလးအ​ေပၚ အ​သ​ေရ ဖ်က္မႈတို႔နဲ႕ဆို  ​​ေရာက္​ေရာက္ခ်င္း ဦး​ေလးႀကီး    Hotel check in မဝင္ရပဲ  အခ်ဳပ္ထဲမွာ  ​ေနသြားရလိမ့္မယ္"

ျပန္​ေျပာစရာစကားတို႔ထြက္မလားပဲ ထစ္​​ေငါ့​ေငါ့ ျဖစ္​ေနသည့္ လူႀကီးက  တစ္လွည့္စီ ​ေလယာဥ္မယ္​ေလးအား လက္ညွိုးထိုးလိုက္  ၊သူအား လက္ညွိုးထိုးလိုက္။
ဘယ္ခ်ိန္ကတည္းက ရင္ခြင္ထဲ ​​ေရာက္ေနႏွင့္တယ္ မသိ​​ေသာ ​ေလယာဥ္မယ္​ေလးက သူ၏  ႏွစ္လုံးဆင့္ျဖဳတ္ထားသည့္  ၾကယ္သီး​ေၾကာင့္​ေရာ  ပြ​ေယာင္း​ေနသည့္  ရွပ္​ေၾကာင့္ပါ လွစ္ဟ​ေနသည့္ ရင္ဘက္​ေတာင့္​ေတာင့္အား မခို႔တရို႔  လွမ္းလွမ္းၾကည့္​ေနသည္။
မ်က္မွန္ကိုင္း​​ေပၚက တစ္ဆင့္ ​ေက်ာ္ၾကည့္လို႔   သူခိုးလူမိသြားသည့္   ထိုမိန္းမလွ​ေလးအား  စြဲၿမဲ​ေနသည့္ အက်င့္အတိုင္း  wink တစ္ခ်က္ လုပ္ျပမိသည့္ အခါ  လွပစြာ ရွက္သြယ္​ႂကြယ္သြားခဲ့သည္။

​ေလယာဥ္ဆိုက္ဆိုက္ခ်င္း  သြက္လက္​ေသာ ​ေျခလွမ္းတို႔ျဖင့္  သူအား​ေစာင့္​ေန​ေလာက္မည့္  တစ္ဦးတည္း​ေသာ လူသားအား လိုက္လံရွာ​ေဖြ​​ေနမိသည္။
​ေတြ႕လိုက္ရရခ်င္း  ယုံခ်န္သည္      ျပည့္လွ်ံလာသည့္   ၾကည္ႏူးမႈတို႔ႏွင့္အတူ   ​ေျပးလို႔    သိမ္းႀကဳံးဖက္လိုက္ရန္ ရည္႐ြယ္ပါ​ေသာ္လည္း   ဦးစြာ  အရိုအ​ေသ ​ေပးႏွင့္​ေန​ေသာ   ထိုလူ​ေၾကာင့္  အျမင့္သို႔ ​ျမႇောက္၍ ရိုက္ခ်ခံလိုက္ရ​ေသာ ​​ေဘာလုံးတစ္လုံးနယ္   ၾကည္းႏူးျခင္းတို႔မွာ ဖ်က္စီး ခံလိုက္ရၿပီး  စို႔နစ္ျခင္းတို႔သာ အစားထိုး လာခဲ့သည္။

"ျပန္​ေရာက္လာပါၿပီလား  သခင္​ေလး"

"ဟုတ္ကဲ့ အိမ္​ေတာ္ထိန္းမင္​ေရာ  ဒီတ​ေလာ အတြင္းက်န္းမာရဲ႕လား"

စိုးရိမ္စိတ္အျပည့္ျဖင့္​ေပး​ေပမယ့္  အိမ္​ေတာ္ထိန္းမင္က အၿပဳံးျဖင့္သာ တုံ႕ျပန္သည္။

"သခင္​ေလး ဝမ္ရိ​ေပၚ  အိမ္​ေတာ္မွာ ​ေစာင့္​ေနပါတယ္။
ျမန္ျမန္သြားၾကမလား"

မိမိအား ​ေက်ာခိုင္းသြားသည့္  ခပ္ကုန္းကုန္း သ႑န္ျဖင့္ ထိုလူအားၾကည့္ရင္း  ယုံခ်န္ဟာ  ရင္ဆိုင္ရမည့္  ရက္စက္မႈတို႔အတြက္  တုန္လႈပ္​ေနမိသည္။

Hide and seek

​ေဝဒနာ​ေတြကို  ထမ္းပိုးရင္း   သူဟာ ကစားပြဲ အလယ္မွာ  စမ္းတဝါးဝါး ​ေျပးလႊား​ေနဆဲ။
ဆု​ေၾကးအ​ေနနဲ႕  ​​ေထြး​​​ေပြ႕မႈကို ရမွာ ျဖစ္ၿပီး   ဒဏ္​ေၾကးအ​ေနနဲ႕ ​ေျမလႊာ​ေတြရဲ႕ ဖုံလႊမ္းျခင္းခံရမယ့္  သူ၏ ကိုယ္ခႏၶာ ၊
​ေမ့​ေပ်ာက္သြားၾကမည့္ သူ၏ နာမ။
​​ေတာင္းတသမွ်ဟာ ရိုးရွင္းတဲ့  ​ေမတၱာတရားရယ္ပါ။
လက္​​ေလွ်ာ့လို႔   ျပန္႐ုန္းထြက္ဖို႔  သတိရသြားခ်ိန္မွာ  အို  သူဟာ ႏြံထဲမွာ။

TBC♡

Czytaj Dalej

To Też Polubisz

85.4K 6.4K 38
ရှောင်းကျန့်ကအများပြောသလိုဂြိုဟ်ဆိုးကလေးဆိုရင်တောင် ဝမ်ရိပေါ်ကိုတော့ရှောင်ကွင်းသွားချင်တဲ့ဂြိုဟ်ကလေးဘဲဖြစ်ခဲ့ပါတယ် Started date-17.6.2022(Fri) Comple...
103K 8.2K 34
||220521|| ||221012|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction Prince Wang and his precious Shizun's love story.
1.1M 49.1K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
309K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc