နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူ

Od whiteLotus2k22

70.8K 10.5K 67

အပြင်ဘက်တွင် အေးစက်နေပြီး အတွင်းဘက်တွင် သစ်ကြံပိုးခေါက်လိပ်လိုအကြံကြီးတဲ့ အထက်ပုဂ္ဂိုလ်ကြီးနှင့် အလွန်လှပပြီ... Více

Description
အပိုင်း (၁) ပန်းအိုးကြောင့် သေဆုံးသွားရခြင်း
အပိုင်း (၂) ဒီနတ်သားက ဘယ်သူလဲ။
အပိုင်း (၃) လောင်ယန်အသစ်
အပိုင်း (၄) လောင်မိသားစု
အပိုင်း (၅)သူ၏မိသားစုအသစ်နှင့်တွေ့ဆုံခြင်း။
အပိုင်း (၆) ပထမဆုံးမိသားစုအပြန်အလှန်ဆက်ဆံမှု
အပိုင်း (၇) ငါလေးကအမုန်းခံနေရတာလား။
အပိုင်း (၈) ငါ့ညီကတကယ်ပဲ.....
အပိုင်း (၁၀) အိမ်မှကြိုဆိုပါတယ်။
အပိုင်း (၁၁) လျော်ကြေးပေးခြင်းကိုလက်ခံသည်။
အပိုင်း (၁၂) သူ့IQကိုတိုက်ခိုက်ခံနေရတယ်။
အပိုင်း (၁၃) သူတို့ရဲ့ပထမဆုံးအကြိမ်တွေ့ဆုံမှု
အပိုင်း (၁၄) ချစ်စရာ ယုန်ကလေး
အပိုင်း (၁၅) ရေခဲတောင်အလှတရား
အပိုင်း (၁၆)သူတို့တွေ့ဆုံမှုရဲ့အဆုံး(ဖြစ်နိုင်သည်။)
အပိုင်း (၁၇)ကစားရန်ခွင့်ပြုချက်
အပိုင်း (၁၈)အကာဒီရာ မှပြန်လည်ကြိုဆိုပါတယ်
အပိုင်း (၁၉)သူ့ပြိုင်ပွဲက...?
အပိုင်း (၂၀)Status window
အပိုင်း(၂၁)မူလရွာ
အပိုင်း(၂၂) ကံကောင်းတဲ့လောင်ယန်
အပိုင်း(၂၃) ပထမဆုံးမကောင်းဆိုးဝါးသတ်ဖြတ်မှု
အပိုင်း(၂၄) စွမ်းရည် အမှတ်များ
အပိုင်း(၂၅) လောင်ဂျင်ကိုဦးနှောက်ဆေးခြင်း
အပိုင်း(၂၆) လောင်ဂျင်ရဲ့ဇာတ်ကောင်က...
အပိုင်း(၂၇) ညီအငယ်ကိုစနောက်ခြင်း
အပိုင်း(၂၈) တောင်ထိပ်မှာရှိသည့်ရဲတိုက်
အပိုင်း(၂၉) ကျောချမ်းဖွယ်ကောင်းသည့်သစ်ပင်
အပိုင်း(၃၀) ရုပ်ဆိုးတဲ့သစ်ပင်ထံမှခုခံခြင်း
အပိုင်း(၃၁) နွေးထွေးသည့်နေ့လည်စာ
အပိုင်း(၃၂) အကြီးကဲဆီမှဆုလာဘ်
အပိုင်း(၃၃) ဖီလီဘယ်မှာလဲ။
အပိုင်း(၃၄) ဖီလီဘယ်မှာလဲ (၂)
အပိုင်း(၃၅) တိတ်ဆိတ်နေသည့်ရွံတော၏သတင်းအချက်အလက်
အပိုင်း(၃၆) ဂိမ်းအာဏာရှင်
အပိုင်း(၃၇) ပြင်ဆင်ခြင်း
အပိုင်း(၃၈) တိတ်ဆိတ်သည့်ရွံတော
အပိုင်း(၃၉) ငွေရောင်ကြာပန်း၏အကြောင်း
အပိုင်း(၄၀) လျှိ့ဝှက်တာ၀န်ကိုအပြီးသတ်ခြင်း
အပိုင်း(၄၁) ပြိုင်ပွဲထိန်းသိမ်းသူ၏ဆုလာဘ်
အပိုင်း (၄၂) ဥတလုံး
အပိုင်း(၄၃) အရွယ်ရောက်ခြင်းပွဲရောက်လာခြင်း
အပိုင်း(၄၄) စတင်သူတို့၏မြို့ကိုရောက်ရှိခြင်း
အပိုင်း(၄၅) မင်းလှလာဖို့လိုတယ်
အပိုင်း(၄၆) ၀တ်စုံများ၀ယ်ခြင်း
အပိုင်း(၄၇) စိန်ခေါ်မှုတခုအကြောင်း
အပိုင်း(၄၈) ငါ့မှာနှစ်ခု ဒါပေမဲ့ မင်းမှာတခုပဲရှိတယ်။
အပိုင်း(၄၉) ပြိုင်ကွင်း တိုက်ခိုက်မှု
အပိုင်း(၅၀) ပိုစ့်တခု
အပိုင်း(၅၁) အတန်းရွေးချယ်ခြင်း။
အပိုင်း(၅၂) မိုက်မဲသည့်ယုန်ကလေးကိုမိပြီ
အပိုင်း(၅၃) ကျန်တော်ပါ
အပိုင်း(၅၄) မသိသောအရာတခု
အပိုင်း(၅၅) လုပ်ကြံသူအတန်းအတွက်တာ၀န်
အပိုင်း(၅၆) အိုင်ဗီအုပ်စု အိမ်ရာ(၁)
အပိုင်း(၅၇) အိုင်ဗီအုပ်စုအိမ်ရာ(၂)
အပိုင်း(၅၈) အိုင်ဗီအုပ်စုအိမ်ရာ (၃)
အပိုင်း(၅၉) အတန်းတာ၀န်အတွက်ပြိုင်ဆိုင်ခြင်း
အပိုင်း(၆၀) အတန်းတာ၀န်အတွက်ပြိုင်ဆိုင်ခြင်း(၂)
အပိုင်း(၆၁) မာစတာလုပ်ကြံသူ၏မေးခွန်း
အပိုင်း(၆၂) သူတို့၏ပထမဆုံးVR ထမင်းဝိုင်း
အပိုင်း(၆၃) သူတို့၏ပထမဆုံးVR ထမင်းဝိုင်း(၂)

အပိုင်း (၉) ရုတ်တရက် ဧည့်သည်

1.6K 302 0
Od whiteLotus2k22

unicode

ဒီနေ့ဟာ ရှောင်ယန် ရဲ့ ပထမဆုံး ကာယကုထုံးနေ့ ဖြစ်ပါတယ်။ လောင်ဝေတန်က ဆေးရုံကို တန်းတန်းမတ်မတ် သွားချင်ပေမယ့် အရေးကြီးတဲ့ စာရွက်စာတန်းတွေ ပြီးအောင်လုပ်ဖို့ သူ့ရုံးခန်းမှာ ရှိနေရသည်။ သူ့လက်ထောက်က တံခါးခေါက်ပြီး ဝင်လာတဲ့အခါ သူက နောက်ဆုံးစာရွက်ရဲ့ နောက်ဆုံးစာမျက်နှာမှာ ရှိနေပြီဖြစ်သည်။

"ဘာလဲ" သူဖတ်နေတဲ့ စာရွက်ပေါ်ကနေ သူ့အကြည့်တွေကို မဖယ်ပဲနဲ့‌မေးလိုက်သည်။

" ဥက္ကဌ လောင်၊ ဥက္ကဌ ဘိုင်လာပါပြီ" ဟု လက်ထောက် ၀မ် က ပြောသည်။

လောင်ဝေတန် သည် သူ၏ လှုပ်ရှားမှုများကို ရပ်လိုက်ပြီး ခေါင်းကို အနည်းငယ် မော့ကာ အံ့သြသွားသည်။ "ဘိုင်ချန်း"

" ဟုတ်ပါတယ် ဥက္ကဌ "

"သူဝင်လာပါစေ"

လက်ထောက် ၀မ် ရုံးခန်းထဲက ထွက်လာတော့ လောင်ဝေတန်မတ်တပ်ထရပ်ပြီး ပြတင်းပေါက်သို့ လမ်းလျှောက်သွားလိုက်သည်။ ဘိုင်ချန်းရုတ်တရက် လာရောက်ရတဲ့ အကြောင်းရင်းကို သူသိပြီးသားပါ။

ခဏအကြာတွင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး အခန်းထဲကို ဝင်လာခဲ့သည်။ လောင်ဝေတန် ကဲ့သို့ပင် ထိုလူသည်လည်း ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် ပုံစံရှိသည်။ သူ့မှာ ဆံပင်ဖြူတွေ ပိုများနေပေမယ့် သူ့မျက်လုံးဘေးက အရည်းကြောင်းတွေက ပိုထင်ရှားနေသည်။ သူ့မျက်နှာက ကြည်လင်ပြီး ရိုးသားတဲ့ပုံစံ။ ဒါပေမယ့် သူနဲ့ ဆက်ဆံတဲ့ လူတွေကပဲ အထူးသဖြင့် လုပ်ငန်းတစ်ခုတည်းကပဲ သူဘယ်လိုလူလည်းဆိုတာ သိကြသည်။

ဘိုင်ချန်းကတော့ လက်ရှိ ဘိုင်မိသားစု ရဲ့ အကြီးအကဲဖြစ်ပြီး လောင်ဝေတန် မိန်းမရဲ့ အကိုဖြစ်သူလည်း ဖြစ်ပါသည်။

"မင်းထင်ထားတာထက် အများကြီး မြန်‌မြန်ရောက်လာခဲ့တယ်"လို့ပြောလိုက်သည်။ လောင်ဝေတန်က စည်းမျဥ်းစည်းကမ်းတွေမှာ အနှောက်အယှက်မဖြစ်စေဘဲ ညီအကိုတွေမဖြစ်ခင်ကတည်းက သူတို့နှစ်ယောက်က ခင်မင်ရင်းနှီးခဲ့ကြတာမို့လို့ နှစ်ယောက်သားကြားထဲမှာ ဒီလိုပြောစရာမလိုပါဘူး။

ဘိုင်ချန်း သည် မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်သည်။ လောင်ဝေတန်သည် အခုထိ တည့်တိုး ပြောတတ်သည့် လူအမျိုးအစားပင်။ ထိုအခါ ရုံးခန်းထဲရှိ ဆိုဖာတစ်ခုပေါ်တွင် သက်တောင့်သက်သာ ထိုင်လိုက်ပြီးပြောလိုက်သည်။

"ငါ့ရဲ့အချိန်ဇယားက အရမ်းမရှုပ်ဘူးဆိုရင်တော့ဒီထက် မြန်မြန်လာခဲ့နိုင်မှာ" လို့ ဘိုင်ချန်းက ဆိုလာခဲ့သည်။ သူ့ရဲ့ဒုတိယတူလေး မေ့မြောသွားပြီးနောက် နိုးလာတဲ့သတင်းကို သူရလိုက်တဲ့အခါ ချက်ချင်းသွားရောက်လည်ပတ်ချင်ခဲ့ပေမယ့်သူက အရေးကြီးတဲ့ကိစ္စတစ်ခုကိုလက်စသတ်နေလို့ B City က ထွက်သွားချင်ရင်တောင်မှလာမရခဲ့ပေ။

" ရှောင်ယန်နေကောင်းလား။ မေ့မြောခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလား။"

"ကံကောင်းတာက တစ်ခုမှ မရှိဘူး။ သူ့ဦးနှောက်က ကောင်းကောင်းအလုပ်လုပ်တယ်၊ သူ့အင်္ဂါတွေက လည်း ကောင်းကောင်းအလုပ်လုပ်တယ်။ မှန်ကန်တဲ့ ကာယကုထုံးကို ခံယူထားသရွေ့ လမ်းပြန် လျှောက်တာတောင် ပြဿနာမရှိဘူး။ အခုလောလောဆယ် သတိမေ့နေရောဂါကိုခံစားနေရ‌ရုံပဲ။ ဆရာဝန်က ပြောပါတယ်....အဲဒါကို သူခံစားခဲ့ရတာနဲ့ဆိုအခုအခြေအနေက အံ့ဩစရာကြီး ဖြစ်နေပါပြီ။" လောင်ဝေတန် သည် အလဟဿ မဖြုန်းတီးမဲ့ အံ့ဖွယ်အမှုတစ်ခုဖြစ်သည်ဟု လက်ခံထားသည်။

ဘိုင်ချန်း ဒါကိုကြားတော့ အနည်းငယ် အံ့သြသွားခဲ့သည်။ ဒါပေမယ့် ဟုတ်မှန်နေသည်လေ... ဆရာဝန်ပြောတာ မှန်တယ်။ သတိမေ့ခြင်းသည် ထာဝရ လေဖြတ်ခြင်းထက် ပိုကောင်းသည်မှာ သေချာပါသည်။ အနည်းဆုံး ဤနည်းဖြင့် သူသည် သာမန်ဘဝမျိုး ရှိနေနိုင်သည်ပင်။

"ယောက္ခထီး နေကောင်းရဲ့လား" လောင်ဝေတန်က မေးလိုက်သည်။

ခဏတာမျှသာဖြစ်သော်လည်း ထိုမေးခွန်းကိုကြားသောအခါ ဘိုင်ချန်း ၏မျက်လုံးထဲတွင် ဝမ်းနည်းမှု ပေါ်လာသည်။ "အတူတူပဲ၊ သူ့စိတ်တွေ ကြည်လင်နေမယ့်ရက်တွေ ရှိတယ်၊ ဒါပေမယ့် အဲဒါတွေက ဝေးကွာလွန်းခဲ့ပါပြီ။"

ဘိုင် မိသားစု၏ ဘိုးဘေး သည် ယခုအခါတွင် နှစ်ပေါင်းများစွာ စိတ်ကျရောဂါ ခံစားနေရသည်။ သူ့မိန်းမ ဆုံးရှုံးပြီးနောက် သမီးလေး ဆုံးရှုံးရတာကလည်း အ‌ကြောင်းအရင်းတခု ဖြစ်‌ပေသည်။ သန်မာသောလူအိုကြီးသည် ခြောက်သွေ့သောအပင်ကဲ့သို့ ညှိုးနွမ်းနေ၏။ ဘိုင်ချန်း ဟာ ဘိုင်အဖွဲ့စည်းရဲ့ ဥက္ကဌအဖြစ် သူ့ကိုယ်သူ မသတ်မှတ်ရသေးဘူးဆိုရင် လူတော်တော်များများက အခြေအနေကို အခွင့်ကောင်းယူကြမှာ သေချာသလောက်ပင်။

"ဆောင်းဦးရာသီမှာ ငါတို့သွားလည်ကြမယ်" ဟု လေညင်ဝေတန် ရိုးရှင်းစွာပြောလာသည်။

"ဒါဆို ကောင်းလိမ့်မယ်။ ငါ့သားတွေက သူတို့ဝမ်းကွဲကို မတွေ့တာကြာပြီ။ သူတို့ လာလည်တာ ဝမ်းသာကြမှာ သေချာပါတယ်။"

"ဒီမှာ အချိန်မဖြုန်းနဲ့ ဆေးရုံကို တိုက်ရိုက်သွားကြရအောင်။"

ဘိုင်ချန်း က သဘောတူသလို ခေါင်းညိတ်လိုက်တယ်။ သူ ဆေးရုံကို တန်းတန်းမတ်မတ် သွားချင်ပေမယ့် သူ့ကို မမှတ်မိနိုင်တဲ့အတွက် ရှောင်ယန်ကို ကြောက်ရွံ့နေမှာကို စိုးရိမ်မိသည်။ ဒါပေမယ့် သူ့မှာ သတိမေ့ရောဂါရှိမှန်းသိပြီးနောက်မှာတော့ ဘိုင်ချန်း က အဲဒီနေရာကို တိုက်ရိုက်မသွားလို့ ဝမ်းသာသွားမိပြန်သည်။

သူ မတ်တတ်ရပ်လိုက်ပြီး "သွားကြရအောင်။"

လောင်ယန် သည် သူ၏ ပထမဆုံး ကာယကုထုံးသင်တန်းကို ပြီးမြောက်ခဲ့သည်။ သူ၏ ကုထုံးဆရာမှာ အသက်၃၀နှောင်းပိုင်း အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ၏မျက်နှာသည် ရိုးစင်းသည်ဟု ယူဆ နိုင်သော်လည်း သူမ၏မျက်နှာပေါ်ရှိ ကြင်နာသောအပြုံးကြောင့် သူမကို သဘောကျစေခဲ့သည်။ သူမနာမည်က ဆရာ၀န်ကန် လို့ခေါ်ကြသည်။ သူသည် ဆရာဝန်၏ အမူအရာနှင့် အပြုအမူကို သတိပြုမိပြီး သူမ သူ့ကို အမှန်တကယ် ကူညီချင်ကြောင်း ပြောပြနိုင်သည်။

အများကြီးမလုပ်ခဲ့ကြပါဘူး။ သူမက မေးခွန်းတွေပဲ မေးတယ်။ ရွေ့လျားခြင်း၊ လက်လှမ်းမှီခြင်း၊ ကိုင်းညွတ်ခြင်း သို့မဟုတ် ဆုပ်ကိုင်ခြင်းတို့ကို မည်မျှကောင်းစွာ လုပ်ဆောင်နိုင်လား။ နှလုံးခုန်နှုန်း၊ ကိုယ်ဟန်အနေအထားနှင့် ဟန်ချက်ကိုလည်း စစ်ဆေးခဲ့သည်။ ထို့နောက် ခြေလက်များကို နှိပ်နယ်ပေးသေးသည်။ အရာအားလုံးသည် တစ်နာရီခန့်သာကြာခဲ့သည်။ အဲဒီနောက်မှာတော့ ဆရာ၀န်ကန်က သူ့အတွက် အကောင်းဆုံး ကုသမှု အစီအစဉ်ကို ချမှတ်ပြီး အချိန်တိုအတွင်း လမ်းလျှောက်နိုင်စေမယ်လို့ ပြောခဲ့ပါသည်။

ထိုအခြေအနေကို လောင်ယန်သည် ကျေနပ်နေပါသည်။

ဒေါက်တာ ကန် ထွက်သွားပြီးနောက် သူတစ်ယောက်တည်းပဲ။ သူ သိပ်အသားမကျတော့ပေ။ သူနိုးလာကတည်းက သူ့အဖေ ဒါမှမဟုတ် ညီအကိုတွေက သူနဲ့အတူရှိနေတာကြောင့်ဖြစ်မည်။ ဒါပေမယ့် သူတို့ဟာ သူနဲ့အတူ အမြဲရှိမနေနိုင်ဘူးဆိုတာ သူသိနားလည်သည်။ သူ့အဖေက အလုပ်ရှိတယ်၊ သူ့အစ်ကိုက ဘွဲ့နှင်းသဘင် ပရောဂျက်နဲ့ အလုပ်ရှုပ်နေတဲ့အပြင် သူ့ညီက အထက်တန်းကျောင်းတက်တုန်းပဲ။ လောင်ယန်သက်ပြင်းချလိုက်မိသည်။ ဒီနွေးထွေးတဲ့ ပတ်ဝန်းကျင်ကို သူတကယ်အသားကျသွားပုံပါပဲ။ အခုတော့သူမညဥ်းညူ‌တော့ပါဘူး။ အမှန်အတိုင်းပြောရရင် သူအလွန်ပင် ပျော်‌နေသည်။

ထိုစဉ် ဆေးရုံခန်းတံခါ' ရုတ်တရက် ပွင့်လာပြီး သူ့အဖေ ဝင်လာခဲ့သည်။

....အဖေ....

လောင်ဝေတန် သည် သားဖြစ်သူ၏ ဆေးရုံကုတင်ဆီသို့ လျှောက်သွားရင်းမေးလိုက်သည်။ "ရှောင်ယန်ရဲ့ ပထမဆုံး ကုထုံးက ဘယ်လိုလဲ။"

"အဆင်ပြေပါတယ်။ ကျွန်တော် ဆရာ၀န်ကန် ကို အရမ်းကြိုက်တယ်။" နောက်တော့ သူ့အဖေ နောက်က လိုက်လာတဲ့သူကို သတိထားမိလိုက်ပြီး ထိုလူကို စပ်စုစွာကြည့်လိုက်သည်။ "ဖေဖေ၊ သူက ဘယ်သူလဲဟင်"

"ဒါက မင်းရဲ့ ဦးလေး ချန်း၊ မင်းအမေရဲ့အစ်ကို" ဟု သူ့အဖေက မိတ်ဆက်ပေးလာသည်။

သူ့အမေရဲ့ အကိုကြီးလား။ လှပသော အမျိုးသမီး၏ ပုံရိပ်သည် သူ့စိတ်ထဲတွင် ချက်ချင်း လင်းလက်သွားခဲ့သည်။

ဘိုင်ချန်း သည် အသက်၁၃သို့မဟုတ် ၁၄ နှစ်သာရှိသေးသော ပိန်လှီသော ဆယ်ကျော်သက်ကို စိုက်ကြည့်နေသည်။ ဒီတူလေးဆီက မေ့မြောသွားရတဲ့ ဒဏ်ရာကို သူတကယ်မြင်နေရသည်။ လောင်ယန် ၏ မျက်နှာနှင့် ခန္ဓာကိုယ်သည် ပိန်လှီနေသော်လည်း ဘိုင်ချန်း သည် သူ့ညီမငယ်ကို အချိန်မီ စိုက်ကြည့်နေသလို ခံစားရသည်။ သူ ငုံ့ကြည့်လိုက်ပြီး သူ့စိတ်ခံစားချက်တွေကို စုစည်းမိတော့ သူဒီမှာ ကျယ်လောင်စွာ ငိုချင်နေမိသည်။

သူက ခေါင်းမော့ပြီး လောင်ယန် ကို ပြုံးပြလာသည်။ "ရှောင်ယန်."

လောင်ယန်သည် သူ့ရှေ့ကလူ၏ စေတနာကို ချက်ချင်းခံစားလိုက်ရသည်။ သူ ရှက်ရွံ့မနေတော့ဘဲ ဘိုင်ချန်းကို တောက်ပစွာ ပြုံးပြလိုက်ပြီးချက်ချင်းပဲ "ဦးလေး ချန်း" လို့ခေါ်လိုက်သည်။

ထိုကဲ့သို့ပင်၊ အခြားမိသားစုဝင်တစ်ဦးကို သူ၏အသိုင်းအဝိုင်းတွင် ထည့်သွင်းခဲ့လေသည်။

zawgyi

ဒီေန႔ဟာ ေ႐ွာင္ယန္ ရဲ႕ ပထမဆုံး ကာယကုထုံးေန႔ ျဖစ္ပါတယ္။ ေလာင္ေဝတန္က ေဆး႐ုံကို တန္းတန္းမတ္မတ္ သြားခ်င္ေပမယ့္ အေရးႀကီးတဲ့ စာ႐ြက္စာတန္းေတြ ၿပီးေအာင္လုပ္ဖို႔ သူ႕႐ုံးခန္းမွာ ႐ွိေနရသည္။ သူ႕လက္ေထာက္က တံခါးေခါက္ၿပီး ဝင္လာတဲ့အခါ သူက ေနာက္ဆုံးစာ႐ြက္ရဲ႕ ေနာက္ဆုံးစာမ်က္ႏွာမွာ ႐ွိေနၿပီျဖစ္သည္။

"ဘာလဲ" သူဖတ္ေနတဲ့ စာ႐ြက္ေပၚကေန သူ႕အၾကည့္ေတြကို မဖယ္ပဲနဲ႔‌ေမးလိုက္သည္။

" ဥကၠဌ ေလာင္၊ ဥကၠဌ ဘိုင္လာပါၿပီ" ဟု လက္ေထာက္ ၀မ္ က ေျပာသည္။

ေလာင္ေဝတန္ သည္ သူ၏ လႈပ္႐ွားမႈမ်ားကို ရပ္လိုက္ၿပီး ေခါင္းကို အနည္းငယ္ ေမာ့ကာ အံ့ၾသသြားသည္။ "ဘိုင္ခ်န္း"

" ဟုတ္ပါတယ္ ဥကၠဌ "

"သူဝင္လာပါေစ"

လက္ေထာက္ ၀မ္ ႐ုံးခန္းထဲက ထြက္လာေတာ့ ေလာင္ေဝတန္မတ္တပ္ထရပ္ၿပီး ျပတင္းေပါက္သို႔ လမ္းေလွ်ာက္သြားလိုက္သည္။ ဘိုင္ခ်န္း႐ုတ္တရက္ လာေရာက္ရတဲ့ အေၾကာင္းရင္းကို သူသိၿပီးသားပါ။

ခဏအၾကာတြင္ အသက္ ၅၀ အ႐ြယ္ အမ်ိဳးသားတစ္ဦး အခန္းထဲကို ဝင္လာခဲ့သည္။ ေလာင္ေဝတန္ ကဲ့သို႔ပင္ ထိုလူသည္လည္း ေကာင္းမြန္စြာ ထိန္းသိမ္းထားသည့္ ပုံစံ႐ွိသည္။ သူ႕မွာ ဆံပင္ျဖဴေတြ ပိုမ်ားေနေပမယ့္ သူ႕မ်က္လုံးေဘးက အရည္းေၾကာင္းေတြက ပိုထင္႐ွားေနသည္။ သူ႕မ်က္ႏွာက ၾကည္လင္ၿပီး ႐ိုးသားတဲ့ပုံစံ။ ဒါေပမယ့္ သူနဲ႔ ဆက္ဆံတဲ့ လူေတြကပဲ အထူးသျဖင့္ လုပ္ငန္းတစ္ခုတည္းကပဲ သူဘယ္လိုလူလည္းဆိုတာ သိၾကသည္။

ဘိုင္ခ်န္းကေတာ့ လက္႐ွိ ဘိုင္မိသားစု ရဲ႕ အႀကီးအကဲျဖစ္ၿပီး ေလာင္ေဝတန္ မိန္းမရဲ႕ အကိုျဖစ္သူလည္း ျဖစ္ပါသည္။

"မင္းထင္ထားတာထက္ အမ်ားႀကီး ျမန္‌ျမန္ေရာက္လာခဲ့တယ္"လို႔ေျပာလိုက္သည္။ ေလာင္ေဝတန္က စည္းမ်ဥ္းစည္းကမ္းေတြမွာ အေႏွာက္အယွက္မျဖစ္ေစဘဲ ညီအကိုေတြမျဖစ္ခင္ကတည္းက သူတို႔ႏွစ္ေယာက္က ခင္မင္ရင္းႏွီးခဲ့ၾကတာမို႔လို႔ ႏွစ္ေယာက္သားၾကားထဲမွာ ဒီလိုေျပာစရာမလိုပါဘူး။

ဘိုင္ခ်န္း သည္ မ်က္ခုံးတစ္ဖက္ကို ပင့္တင္လိုက္သည္။ ေလာင္ေဝတန္သည္ အခုထိ တည့္တိုး ေျပာတတ္သည့္ လူအမ်ိဳးအစားပင္။ ထိုအခါ ႐ုံးခန္းထဲ႐ွိ ဆိုဖာတစ္ခုေပၚတြင္ သက္ေတာင့္သက္သာ ထိုင္လိုက္ၿပီးေျပာလိုက္သည္။

"ငါ့ရဲ႕အခ်ိန္ဇယားက အရမ္းမ႐ႈပ္ဘူးဆိုရင္ေတာ့ဒီထက္ ျမန္ျမန္လာခဲ့ႏိုင္မွာ" လို႔ ဘိုင္ခ်န္းက ဆိုလာခဲ့သည္။ သူ႕ရဲ႕ဒုတိယတူေလး ေမ့ေျမာသြားၿပီးေနာက္ ႏိုးလာတဲ့သတင္းကို သူရလိုက္တဲ့အခါ ခ်က္ခ်င္းသြားေရာက္လည္ပတ္ခ်င္ခဲ့ေပမယ့္သူက အေရးႀကီးတဲ့ကိစၥတစ္ခုကိုလက္စသတ္ေနလို႔ B City က ထြက္သြားခ်င္ရင္ေတာင္မွလာမရခဲ့ေပ။

" ေ႐ွာင္ယန္ေနေကာင္းလား။ ေမ့ေျမာျခင္းရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ႐ွိလား။"

"ကံေကာင္းတာက တစ္ခုမွ မ႐ွိဘူး။ သူ႕ဦးေႏွာက္က ေကာင္းေကာင္းအလုပ္လုပ္တယ္၊ သူ႕အဂၤါေတြက လည္း ေကာင္းေကာင္းအလုပ္လုပ္တယ္။ မွန္ကန္တဲ့ ကာယကုထုံးကို ခံယူထားသေ႐ြ႕ လမ္းျပန္ ေလွ်ာက္တာေတာင္ ျပႆနာမ႐ွိဘူး။ အခုေလာေလာဆယ္ သတိေမ့ေနေရာဂါကိုခံစားေနရ‌႐ုံပဲ။ ဆရာဝန္က ေျပာပါတယ္....အဲဒါကို သူခံစားခဲ့ရတာနဲ႔ဆိုအခုအေျခအေနက အံ့ဩစရာႀကီး ျဖစ္ေနပါၿပီ။" ေလာင္ေဝတန္ သည္ အလဟႆ မျဖဳန္းတီးမဲ့ အံ့ဖြယ္အမႈတစ္ခုျဖစ္သည္ဟု လက္ခံထားသည္။

ဘိုင္ခ်န္း ဒါကိုၾကားေတာ့ အနည္းငယ္ အံ့ၾသသြားခဲ့သည္။ ဒါေပမယ့္ ဟုတ္မွန္ေနသည္ေလ... ဆရာဝန္ေျပာတာ မွန္တယ္။ သတိေမ့ျခင္းသည္ ထာဝရ ေလျဖတ္ျခင္းထက္ ပိုေကာင္းသည္မွာ ေသခ်ာပါသည္။ အနည္းဆုံး ဤနည္းျဖင့္ သူသည္ သာမန္ဘဝမ်ိဳး ႐ွိေနႏိုင္သည္ပင္။

"ေယာကၡထီး ေနေကာင္းရဲ႕လား" ေလာင္ေဝတန္က ေမးလိုက္သည္။

ခဏတာမွ်သာျဖစ္ေသာ္လည္း ထိုေမးခြန္းကိုၾကားေသာအခါ ဘိုင္ခ်န္း ၏မ်က္လုံးထဲတြင္ ဝမ္းနည္းမႈ ေပၚလာသည္။ "အတူတူပဲ၊ သူ႕စိတ္ေတြ ၾကည္လင္ေနမယ့္ရက္ေတြ ႐ွိတယ္၊ ဒါေပမယ့္ အဲဒါေတြက ေဝးကြာလြန္းခဲ့ပါၿပီ။"

ဘိုင္ မိသားစု၏ ဘိုးေဘး သည္ ယခုအခါတြင္ ႏွစ္ေပါင္းမ်ားစြာ စိတ္က်ေရာဂါ ခံစားေနရသည္။ သူ႕မိန္းမ ဆုံး႐ႈံးၿပီးေနာက္ သမီးေလး ဆုံး႐ႈံးရတာကလည္း အ‌ေၾကာင္းအရင္းတခု ျဖစ္‌ေပသည္။ သန္မာေသာလူအိုႀကီးသည္ ေျခာက္ေသြ႕ေသာအပင္ကဲ့သို႔ ညိႇဳးႏြမ္းေန၏။ ဘိုင္ခ်န္း ဟာ ဘိုင္အဖြဲ႕စည္းရဲ႕ ဥကၠဌအျဖစ္ သူ႕ကိုယ္သူ မသတ္မွတ္ရေသးဘူးဆိုရင္ လူေတာ္ေတာ္မ်ားမ်ားက အေျခအေနကို အခြင့္ေကာင္းယူၾကမွာ ေသခ်ာသေလာက္ပင္။

"ေဆာင္းဦးရာသီမွာ ငါတို႔သြားလည္ၾကမယ္" ဟု ေလညင္ေဝတန္ ႐ိုး႐ွင္းစြာေျပာလာသည္။

"ဒါဆို ေကာင္းလိမ့္မယ္။ ငါ့သားေတြက သူတို႔ဝမ္းကြဲကို မေတြ႕တာၾကာၿပီ။ သူတို႔ လာလည္တာ ဝမ္းသာၾကမွာ ေသခ်ာပါတယ္။"

"ဒီမွာ အခ်ိန္မျဖဳန္းနဲ႔ ေဆး႐ုံကို တိုက္႐ိုက္သြားၾကရေအာင္။"

ဘိုင္ခ်န္း က သေဘာတူသလို ေခါင္းညိတ္လိုက္တယ္။ သူ ေဆး႐ုံကို တန္းတန္းမတ္မတ္ သြားခ်င္ေပမယ့္ သူ႕ကို မမွတ္မိႏိုင္တဲ့အတြက္ ေ႐ွာင္ယန္ကို ေၾကာက္႐ြံ႕ေနမွာကို စိုးရိမ္မိသည္။ ဒါေပမယ့္ သူ႕မွာ သတိေမ့ေရာဂါ႐ွိမွန္းသိၿပီးေနာက္မွာေတာ့ ဘိုင္ခ်န္း က အဲဒီေနရာကို တိုက္႐ိုက္မသြားလို႔ ဝမ္းသာသြားမိျပန္သည္။

သူ မတ္တတ္ရပ္လိုက္ၿပီး "သြားၾကရေအာင္။"

ေလာင္ယန္ သည္ သူ၏ ပထမဆုံး ကာယကုထုံးသင္တန္းကို ၿပီးေျမာက္ခဲ့သည္။ သူ၏ ကုထုံးဆရာမွာ အသက္၃၀ေႏွာင္းပိုင္း အမ်ိဳးသမီးတစ္ဦးျဖစ္သည္။ သူမ၏မ်က္ႏွာသည္ ႐ိုးစင္းသည္ဟု ယူဆ ႏိုင္ေသာ္လည္း သူမ၏မ်က္ႏွာေပၚ႐ွိ ၾကင္နာေသာအျပဳံးေၾကာင့္ သူမကို သေဘာက်ေစခဲ့သည္။ သူမနာမည္က ဆရာ၀န္ကန္ လို႔ေခၚၾကသည္။ သူသည္ ဆရာဝန္၏ အမူအရာႏွင့္ အျပဳအမူကို သတိျပဳမိၿပီး သူမ သူ႕ကို အမွန္တကယ္ ကူညီခ်င္ေၾကာင္း ေျပာျပႏိုင္သည္။

အမ်ားႀကီးမလုပ္ခဲ့ၾကပါဘူး။ သူမက ေမးခြန္းေတြပဲ ေမးတယ္။ ေ႐ြ႕လ်ားျခင္း၊ လက္လွမ္းမွီျခင္း၊ ကိုင္းၫြတ္ျခင္း သို႔မဟုတ္ ဆုပ္ကိုင္ျခင္းတို႔ကို မည္မွ်ေကာင္းစြာ လုပ္ေဆာင္ႏိုင္လား။ ႏွလုံးခုန္ႏႈန္း၊ ကိုယ္ဟန္အေနအထားႏွင့္ ဟန္ခ်က္ကိုလည္း စစ္ေဆးခဲ့သည္။ ထို႔ေနာက္ ေျခလက္မ်ားကို ႏွိပ္နယ္ေပးေသးသည္။ အရာအားလုံးသည္ တစ္နာရီခန္႔သာၾကာခဲ့သည္။ အဲဒီေနာက္မွာေတာ့ ဆရာ၀န္ကန္က သူ႕အတြက္ အေကာင္းဆုံး ကုသမႈ အစီအစဥ္ကို ခ်မွတ္ၿပီး အခ်ိန္တိုအတြင္း လမ္းေလွ်ာက္ႏိုင္ေစမယ္လို႔ ေျပာခဲ့ပါသည္။

ထိုအေျခအေနကို ေလာင္ယန္သည္ ေက်နပ္ေနပါသည္။

ေဒါက္တာ ကန္ ထြက္သြားၿပီးေနာက္ သူတစ္ေယာက္တည္းပဲ။ သူ သိပ္အသားမက်ေတာ့ေပ။ သူႏိုးလာကတည္းက သူ႕အေဖ ဒါမွမဟုတ္ ညီအကိုေတြက သူနဲ႔အတူ႐ွိေနတာေၾကာင့္ျဖစ္မည္။ ဒါေပမယ့္ သူတို႔ဟာ သူနဲ႔အတူ အၿမဲ႐ွိမေနႏိုင္ဘူးဆိုတာ သူသိနားလည္သည္။ သူ႕အေဖက အလုပ္႐ွိတယ္၊ သူ႕အစ္ကိုက ဘြဲ႕ႏွင္းသဘင္ ပေရာဂ်က္နဲ႔ အလုပ္႐ႈပ္ေနတဲ့အျပင္ သူ႕ညီက အထက္တန္းေက်ာင္းတက္တုန္းပဲ။ ေလာင္ယန္သက္ျပင္းခ်လိုက္မိသည္။ ဒီေႏြးေထြးတဲ့ ပတ္ဝန္းက်င္ကို သူတကယ္အသားက်သြားပုံပါပဲ။ အခုေတာ့သူမညဥ္းညဴ‌ေတာ့ပါဘူး။ အမွန္အတိုင္းေျပာရရင္ သူအလြန္ပင္ ေပ်ာ္‌ေနသည္။

ထိုစဥ္ ေဆး႐ုံခန္းတံခါ' ႐ုတ္တရက္ ပြင့္လာၿပီး သူ႕အေဖ ဝင္လာခဲ့သည္။

....အေဖ....

ေလာင္ေဝတန္ သည္ သားျဖစ္သူ၏ ေဆး႐ုံကုတင္ဆီသို႔ ေလွ်ာက္သြားရင္းေမးလိုက္သည္။ "ေ႐ွာင္ယန္ရဲ႕ ပထမဆုံး ကုထုံးက ဘယ္လိုလဲ။"

"အဆင္ေျပပါတယ္။ ကြၽန္ေတာ္ ဆရာ၀န္ကန္ ကို အရမ္းႀကိဳက္တယ္။" ေနာက္ေတာ့ သူ႕အေဖ ေနာက္က လိုက္လာတဲ့သူကို သတိထားမိလိုက္ၿပီး ထိုလူကို စပ္စုစြာၾကည့္လိုက္သည္။ "ေဖေဖ၊ သူက ဘယ္သူလဲဟင္"

"ဒါက မင္းရဲ႕ ဦးေလး ခ်န္း၊ မင္းအေမရဲ႕အစ္ကို" ဟု သူ႕အေဖက မိတ္ဆက္ေပးလာသည္။

သူ႕အေမရဲ႕ အကိုႀကီးလား။ လွပေသာ အမ်ိဳးသမီး၏ ပုံရိပ္သည္ သူ႕စိတ္ထဲတြင္ ခ်က္ခ်င္း လင္းလက္သြားခဲ့သည္။

ဘိုင္ခ်န္း သည္ အသက္၁၃သို႔မဟုတ္ ၁၄ ႏွစ္သာ႐ွိေသးေသာ ပိန္လွီေသာ ဆယ္ေက်ာ္သက္ကို စိုက္ၾကည့္ေနသည္။ ဒီတူေလးဆီက ေမ့ေျမာသြားရတဲ့ ဒဏ္ရာကို သူတကယ္ျမင္ေနရသည္။ ေလာင္ယန္ ၏ မ်က္ႏွာႏွင့္ ခႏၶာကိုယ္သည္ ပိန္လွီေနေသာ္လည္း ဘိုင္ခ်န္း သည္ သူ႕ညီမငယ္ကို အခ်ိန္မီ စိုက္ၾကည့္ေနသလို ခံစားရသည္။ သူ ငုံ႔ၾကည့္လိုက္ၿပီး သူ႕စိတ္ခံစားခ်က္ေတြကို စုစည္းမိေတာ့ သူဒီမွာ က်ယ္ေလာင္စြာ ငိုခ်င္ေနမိသည္။

သူက ေခါင္းေမာ့ၿပီး ေလာင္ယန္ ကို ျပဳံးျပလာသည္။ "ေ႐ွာင္ယန္."

ေလာင္ယန္သည္ သူ႕ေ႐ွ႕ကလူ၏ ေစတနာကို ခ်က္ခ်င္းခံစားလိုက္ရသည္။ သူ ႐ွက္႐ြံ႕မေနေတာ့ဘဲ ဘိုင္ခ်န္းကို ေတာက္ပစြာ ျပဳံးျပလိုက္ၿပီးခ်က္ခ်င္းပဲ "ဦးေလး ခ်န္း" လို႔ေခၚလိုက္သည္။

ထိုကဲ့သို႔ပင္၊ အျခားမိသားစုဝင္တစ္ဦးကို သူ၏အသိုင္းအဝိုင္းတြင္ ထည့္သြင္းခဲ့ေလသည္။

Pokračovat ve čtení

Mohlo by se ti líbit

441K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1.3M 44.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
326K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...