အပိုင်း(၂၉) ကျောချမ်းဖွယ်ကောင်းသည့်သစ်ပင်

761 106 0
                                    

unicode

လောင်ယန်က သူကိုင်ထားတဲ့ ဓားရှည်ကို ခုတ်လှဲလိုက်ပြီး သူ့ရဲ့ 20မြောက် Blight ကို သတ်ပစ် လိုက်သည်။ ထို့နောက် သူသည် အဆင့်တက်နေကြောင်း ညွှန်ပြနေသည့် ရင်းနှီးသော ခေါင်းလောင်း သတိပေးချက်ကို သူကြားလိုက်ရသည်။ Blights တွေကို တိုက်ခိုက်နေတဲ့ ဧရိယာကနေ ချက်ချင်း ခုန်တက်သွားသည်။ သူသည် သူ၏သွေး ကိုတိုးရန်အတွက် အနီရောင်ဘယ်ရီသီးများကို စတင်စားသုံးပြီးနောက် သူ၏ အခြေနေပြခလုတ် ကိုဖွင့်ခဲ့သည်။

သူသည် ယခုအခါ အဆင့် 10 ဖြစ်နေပြီဖြစ်သည်။ ဆိုလိုသည်မှာ ၎င်း၏ အခြေခံ အမှတ်များ တွင် ထည့်သွင်းရန် ကိန်းဂဏန်း 4 ခု ရနေပြီ ဖြစ်သည်။ သူသည် STR တွင် အမှတ် 2 မှတ်ထည့်ပြီးနောက် သူ၏ AGI နှင့် DEX သို့ 1 မှတ်စီထည့်ရန် တွန့်ဆုတ်မနေပါ။

သူ့အစွန်မှာ တွားနေတဲ့ စပျစ်နွယ်ပင်တစ်ပင်ကို သူမြင်သည်။ ‌ေလာင်ယန်ချက်​ခချင်းခုန်သွားသည်​။ သူ၏ လျငိမြန်မှုသည် စပျစ်နွယ်ပင်များ တိုက်ခိုက်ခြင်းထက် များစွာ ပိုမြန်သောကြောင့် သူ့ကို သုံးကြိမ်ကွက်နှင့်သတ်နိုင်စေခဲ့သည်။ အဲဒါ 21မြောက် Blight ပါ။ လောင်ယန်က ပြုံးပြီး ပတ်ပတ်လည်ရှိ နွယ်ပင်များကို ကြည့်သည်။

"အခု နောက်ထပ် ၉ ယောက်ကို သတ်လိုက်ကြရအောင်။"

သူသည် လေပွေကဲ့သို့ ရွေ့လျားခြင်း၊ ခုတ်ထစ်ခြင်း၊ ခုန်ခြင်း၊ ရှောင်တိမ်းခြင်းများပြုလုပ်ခဲ့သည်။ တိုက်ခိုက်မှုတိုင်းတွင် ခွန်အားရှိသမျှကို ထားပြီးတိုက်၏။ သူ၏ လှုပ်ရှားမှုတိုင်းသည် တိကျပြီး ဓားနှင့်တူသည်။ ဤကဲ့သို့ တိုက်ခိုက်နိုင်ရန် ဆရာကြီးအချို့က သွန်သင်ခံရသကဲ့သို့ပင်။ ဒါပေမယ့် မဖြစ်နိုင်တာတော့ သေချာပါသည်။

လောင်ယန် သည် မည်သည့်သိုင်းပညာမျှ မလေ့ကျင့်ခဲ့ပေ။ ဒီလိုမျိုး သင်ယူဖို့ သူ့မှာ ပိုက်ဆံမရှိခဲ့ ပေ။ သူ၏ လှုပ်ရှားမှုအားလုံးသည် အကာဒီရာ၏ ကွန်ပြူတာဗားရှင်းကို ကစားနေချိန်တွင် ပြုလုပ်ခဲ့သော သူ၏ဇာတ်ကောင်အပေါ် အခြေခံထားသည်။ သူ့အကြောင်းပဲ တွေးနေတော့ သူ့ခန္ဓာကိုယ်က လိုက်လျောညီထွေ ရွေ့လျားသွားလိုက်သည်။ သူ့မှာ တော်တော်ကောင်းတဲ့ မှတ်ဉာဏ်၊ စိတ်ကူးစိတ်သန်းတွေ အပြည့်နဲ့ ဦးနှောက်ရဲ့ လှုပ်ရှားမှုကို မြန်မြန်ဆန်ဆန် ထည့်နိုင်တာ ကောင်းပါတသည်။ သုံးခုပေါင်းစပ်မှုဖြင့် လွတ်လွတ်လပ်လပ် လှုပ်ရှားတိုက်ခိုက်နိုင်ခဲ့သည်။

နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူWhere stories live. Discover now