unicode
လောင်ယန် က သူ့ဆေးရုံကုတင်ဘေးမှာ ရပ်နေတဲ့ အရပ်မြင့်မြင့် လူသုံးယောက်ကို စိုက်ကြည့်နေလိုက်သည်။ သူတို့သုံးယောက်က သူ့မိသားစုအသစ်လို့တွေးပြီးနောက် မက်မွန်ပွင့် ပုံသဏ္ဍာန် မျက်လုံးတွေဟာ တောက်ပလာတော့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဆက်စပ်နေပါက ဤခန္ဓာကိုယ်သည် လူပုလေးအဖြစ် ရှိနေမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤခန္ဓာကိုယ်သည် သူ့အသက်အရွယ်အရ အလွန်သေးငယ်နေခြင်းသည် အချိန်အကြာကြီး မေ့မြောနေခြင်းကြောင့်သာ ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ကုထုံးတွေ ပြီးတာနဲ့ ကျန်းမာရေး အပြည့်အဝ ပြန်ရလာတဲ့အခါ ကြီးထွားမှု အားကောင်းလာမှာ သေချာပါသည်။ ထို့နောက် သူသည် နှာဘူးအတွက် လွယ်ကူသော ပစ်မှတ်တစ်ခုလို ဖြစ်နေသည့် လှပသော ကောင်လေးနဲ့တူမည်မဟုတ်ပေ။
လောင်ဝေတန်သည် သူ၏ ဒုတိယသားကို စိုက်ကြည့်နေလိုက်သည်။ ရှောင်ယန် ၏ မျက်နှာသည် ပါးလွှာပြီး သူ့ပါးပြင်များ ချောင်ကျသွားသည်။ ခုနစ်နှစ်ကြာ သတိမေ့မြောခြင်း၏ အကျိုးသက်ရောက် မှုများကို လူတစ်ဦးမှ အမှန်တကယ် မြင်နိုင်သည်။ သို့သော် သူ့မျက်လုံးများသည် ထိုနေ့ကဲ့သို့ပင် တောက်ပနေသေးသည်။ သူ့နှလုံးသားရဲ့ တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးလိုက်ရတဲ့နေ့(သူ့မိန်းမ)။ ယခုတော့ သူ့မိန်းမနှင့်တူသော သူ့၏သားကိုကြည့်ရင်း သူ့နှလုံးသားကို တစ်စုံတစ်ခုက ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။
"ရှောင်ယန် ပြန်လာတာကို ကြိုဆိုပါတယ်နော်" လို့ သူ့အကြည့်တွေက ပျော့ပျောင်းပြီး ခံစားချက်အပြည့်နဲ့ ပြောလိုက်၏။
လောင်ယန်သည် ထိုလူကြီးဘက်သို့ လှည့်လိုက်သည်။ သူ့ကို လှမ်းကြည့်တဲ့ ပုံစံကို မြင်တော့ မူလပိုင်ရှင်မှာ ရှိခဲ့တဲ့ အမှတ်ရစရာ အတိုအထွာလေးကို ရုတ်တရက် သတိရမိသွားသည်။ အေးစက်သောအမူအရာဖြင့် ထိုလူက သူ့ကို ငုံ့ကြည့်နေသည်လေ။ လောင်ယန် အံ့အားသင့်သွား သောအခါတွင် သူရုတ်တရက် စိတ်ခံစားချက်များ ပေါက်ကြားလာပြီး နှလုံးသားထဲတွင် ငိုချင်သလို ဖြစ်လာသည်။ ထိုလူကို လှမ်းအော်လိုက်ချင်သော အသံတစ်ခု သူ့အတွင်း၌ ရှိနေခဲ့သည်။
အဖေ...
လောင်ယန် မျက်တောင်ခတ်ပြီးနောက် ခေါင်းကိုလှည့်လိုက်သည်။ သူ့အကြည့်တွေက တခြားလူငယ်နှစ်ယောက်နဲ့လည်း ပါဝင်နေသည်။ ထို့နောက် သူ့ခေါင်းထဲတွင် မှတ်ဥာဏ်တစ်ခု ပေါ်လာပြန်သည်။ ဆယ်ကျော်သက်ကလေးတစ်ယောက်က သူ့ကို ပြုံးပြပြီး ကောင်လေးက သူ့ကို ဖက်ထားသည်။ လောင်ယန် သည် အလားတူ ခံစားချက်မျိုး ထပ်မံခံစားခဲ့ရပြန်သည်။
အစ်ကိုကြီး ရမ်... အားဂျင်..
သူ ချက်ချင်း ငုံ့ကြည့်လိုက်သည်။ ဟဲ့....အခုဒါက ဘာဖြစ်သွားတာလဲ။ ဒါက မူရင်းပိုင်ရှင်ရဲ့ ကျန်နေတဲ့ ခံစားချက်တွေလား။
"တစ်ခုခုမှားသွားပြီလား ယံယံ" လို့ သူ့မှာဖြစ်နေတာကိုခန့်မှန့်နိုင်တဲ့သူ့အစ်ကိုကြီး စိတ်ပူစွာ မေးလိုက်သည်။ ထိုအခါ လောင်ဝေတန် သည် ဆရာဝန်ဘက်သို့ လှည့်ပြီးမေးလိုက်လိုက်သည်။ "ဆရာ၊ ငါ့သားရဲ့ အခြေအနေက ဘယ်လိုလဲ။"
"ဥက္ကဌလောင်၊ ငါ့ရုံးခန်းမှာ ဒီဆွေးနွေးမှုလုပ်ရတာ ပိုသင့်လျော်မယ်ထင်တယ်။ မင်းငါ့နဲ့လိုက်ခဲ့ပေးပါ၊ ကျေးဇူးပြုပြီး" ဟု ဒေါက်တာဟန်က ပြောလာခဲ့သည်။ အမြဲတမ်း အေးစက်နေတဲ့ ဥက္ကဌ ကို ဒီလို စိတ်ခံစားမှုမျိုးနဲ့ သူ ပထမဆုံးအကြိမ် မြင်ဖူးတာ ဒါပါပဲ။ ဒါပေမယ့် ဒီတုံ့ပြန်မှုက သဘာဝကျတယ်လို့ သူထင်ခဲ့မိသည်။ ဒုတိယသခင် လောင်နိုးလာဖို့ အချိန်အတော်ကြာအောင် စောင့်နေကြရသည်လေ။
လောင်ဝေတန်က ဆရာဝန်နောက်မလိုက်မီခေါင်းညိတ်ပြလိုက်ပြီး ရှောင်ယန် ဘက်လှည့်ကာ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။ "ပြန်လာခဲ့မယ်နော် ရှောင်ယန်။"
ထို့နောက် ဆေးရုံခန်းမှ ဆရာဝန်နောက်ကို လိုက်သွားခဲ့သည်။
"ယံယံ၊ မင်းရေလိုချင်လား.....ဘာမဆို အစ်ကိုလုပ်ပေးမယ်" ဟု 'လောင်ရမ်' ဟုခေါ်သော သူ့အကို ဖြစ်သူက ပြောလာသည်။ သူက ပြုံးဖို့ကြိုးစားပေမယ့် သဘာဝမကျတဲ့လက္ခဏာဖြစ်သွားလိမ့်မည်။ သူပြုံးပြဖို့အဆင်သင့်မဖြစ်သေးပေ။
လောင်ယန် ခေါင်းခါလိုက်သည်။
"ငါတို့ကို ဒီလိုမျိုးမြင်ရတာ မင်းအတွက် ထူးဆန်းနေလိမ့်မယ်။ အထူးသဖြင့် ရှောင်ဂျင်။ မင်း သူ့ကိုတောင် မမှတ်မိလောက်ဘူး" လောင်ရမ် က မျက်မှောင်ကြုတ်ပြီး သူ ဒီမှာမနေချင်သလို ဖြစ်နေတဲ့ သူ့ညီအငယ်ဆုံးဘက်ကို လှည့်ကြည့်ပြီးပြောလိုက်လေသည်။ "ရှောင်ဂျင် ယံယံနဲ့ စကားပြော လိုက်ဦး။"
လောင်ဂျင်က သရော်သလိုလုပ်ပြလိုက်သည်။
"ငါ... ငါ-- ဘာမှ မမှတ်မိဘူး" လောင်ယန် က ဖြည်းညှင်းစွာပဲပြောလိုက်သည်။
"ဘာကိုဆိုလိုတာလဲ မင်းမမှတ်မိဘူးဆိုတာ" လောင်ဂျင် က ညဉ်းတွားပြီးပြောလိုက်သည်။
လောင်ဂျင် ၊ ရပ်လိုက်။" လောင်ရမ် သည် လောင်ယန် ၏ကုတင်ဘေးတွင်ထိုင်နေသည်။ "မင်း ငါတို့ကို မမှတ်မိဘူးလား" လို့ သူ့မျက်လုံးထဲမှာ ဝမ်းနည်းတဲ့အရိပ်အယောင်နဲ့ မေးလာခဲ့သည်။
ထိုအခါ လောင်ယန် ခေါင်းခါပြလိုက်သည်။
သို့သော် လောင်ဂျင်က ကျိန်ဆဲပြီး ထိုနေရာမှ ထွက်သွားသည် ။
----------
ဒေါက်တာဟန်၏ရုံးခန်းတွင်...
"ဒုတိယသခင် လောင်ဟာ လက်ရှိမှာ သတိမေ့ရောဂါရှိနေတယ်။ အမြဲတမ်း ဒါမှမဟုတ် ယာယီသာ ဖြစ်နိုင်ပါတယ်.... အချိန်ကသာ ပြောပြနိုင်ပါတယ်။ ဒါပေမယ့် သတင်းကောင်းကတော့ သူ့ရဲ့ ဦးနှောက်လုပ်ဆောင်ချက်က ပုံမှန်ပါပဲ။ ခုနစ်နှစ်လောက် သတိမေ့မြောနေတာကြောင့် ပုံမှန်ဦးနှောက်လှုပ်ရှားမှုရှိနေတာပါပဲအံ့ဖွယ်ကောင်းနေပြီ၊။ သတိမေ့ခြင်းသည် စကားမပြောနိုင်တာ သို့မဟုတ် အာရုံကြောပြဿ နာရှိခြင်းထက် ပိုကောင်းသည်။ သို့မဟုတ် ပိုဆိုးသည်မှာ လေဖြတ်ခြင်း ဖြစ်နိုင်သည်" ဟု ဒေါက်တာဟန်က ဆိုလာခဲ့သည်။
ရှောင်ယန် သတိမေ့ရောဂါရှိကြောင်း လောင်ဝေတန်ကြားသောအခါတွင် သူ့အတွင်းပိုင်းကို ထိုးလိုက်သလို ခံစားရသည်။ စောစောက သူတို့ကို ကြည့်ပြီး သူတို့ထဲက တစ်ယောက်ယောက်ကို မမှတ်မိသလို အံ့သြစရာ မရှိပါဘူး။ ဒါပေမယ့် ဒေါက်တာဟန်ပြောတာ မှန်ပါတယ်။ သတိမေ့ခြင်းထက် ပိုဆိုးတဲ့အရာတွေ ရှိလေသည်။
"သခင်လေး လောင်ဟာ ရုပ်ပိုင်းဆိုင်ရာ ကုထုံးကို ခံယူဖို့ လိုအပ်တယ်။ သူလည်း ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ စနစ်တကျ အစားစားဖို့ လိုအပ်တယ်။ ဒါ့အပြင် သူ့ရဲ့ ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေ အားလုံး ပုံမှန်အတိုင်း အလုပ်လုပ်ပုံပေါ်ပါတယ်။ လွန်ခဲ့တဲ့ ခုနစ် နှစ်အတွင်းမှာ သူ ကောင်းကောင်း ဂရုစိုက်ခံရတယ်ဆိုတဲ့ လက္ခဏာပါပဲ။ " ဟု ဆရာဝန်က ဆက်ပြောလာသည်။
"နားလည်ပါတယ်။ ကျေးဇူးတင်ပါတယ်၊ ဒေါက်တာ" လောင်ဝေတန် က ပြောသည်။ သူ့သားအတွက် အကောင်းဆုံး ကုထုံးပညာရှင်နှင့် အာဟာရပညာရှင်ကို ရှာဖွေရန် သူ တွေးနေပြီဖြစ်သည်။
ထို့နောက် သူ မတ်တတ်ရပ်လိုက်သည်။ လောင်ယန် ဘာမှမမှတ်မိဘူးဆိုရင်တောင် အဆင်ပြေပါတယ်။ အရေးကြီးတာက သူနိုးလာပြီး ပုံမှန်ဘဝနဲ့ ပြန်နေနိုင်တာပါပဲ။ လောင်ဝေတန်က ဒီလိုဖြစ်ဖို့အတွက် ဘာမဆိုလုပ်မှာပဲ။ ဘာလို့လဲ ဆိုတော့ သူက သူ့သားတင် မဟုတ်ဘူး ။ သူသည် သူ့ဇနီးကသူ့အတွက် ထားရစ်ခဲ့သော အံ့သြဖွယ်ကောင်းသည့် ရတနာသုံးခုထဲမှ တစ်ခုလည်းဖြစ်သောကြောင့်ပင်ဖြစ်သည်။
Zawgyi
ေလာင္ယန္ က သူ႕ေဆး႐ုံကုတင္ေဘးမွာ ရပ္ေနတဲ့ အရပ္ျမင့္ျမင့္ လူသုံးေယာက္ကို စိုက္ၾကည့္ေနလိုက္သည္။ သူတို႔သုံးေယာက္က သူ႕မိသားစုအသစ္လို႔ေတြးၿပီးေနာက္ မက္မြန္ပြင့္ ပုံသ႑ာန္ မ်က္လုံးေတြဟာ ေတာက္ပလာေတာ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ၎တို႔သည္ ဆက္စပ္ေနပါက ဤခႏၶာကိုယ္သည္ လူပုေလးအျဖစ္ ႐ွိေနမည္မဟုတ္ဟု ဆိုလိုျခင္းျဖစ္သည္။ ဤခႏၶာကိုယ္သည္ သူ႕အသက္အ႐ြယ္အရ အလြန္ေသးငယ္ေနျခင္းသည္ အခ်ိန္အၾကာႀကီး ေမ့ေျမာေနျခင္းေၾကာင့္သာ ျဖစ္သည္။ ႐ုပ္ပိုင္းဆိုင္ရာ ကုထုံးေတြ ၿပီးတာနဲ႔ က်န္းမာေရး အျပည့္အဝ ျပန္ရလာတဲ့အခါ ႀကီးထြားမႈ အားေကာင္းလာမွာ ေသခ်ာပါသည္။ ထို႔ေနာက္ သူသည္ ႏွာဘူးအတြက္ လြယ္ကူေသာ ပစ္မွတ္တစ္ခုလို ျဖစ္ေနသည့္ လွပေသာ ေကာင္ေလးနဲ႔တူမည္မဟုတ္ေပ။
ေလာင္ေဝတန္သည္ သူ၏ ဒုတိယသားကို စိုက္ၾကည့္ေနလိုက္သည္။ ေ႐ွာင္ယန္ ၏ မ်က္ႏွာသည္ ပါးလႊာၿပီး သူ႕ပါးျပင္မ်ား ေခ်ာင္က်သြားသည္။ ခုနစ္ႏွစ္ၾကာ သတိေမ့ေျမာျခင္း၏ အက်ိဳးသက္ေရာက္ မႈမ်ားကို လူတစ္ဦးမွ အမွန္တကယ္ ျမင္ႏိုင္သည္။ သို႔ေသာ္ သူ႕မ်က္လုံးမ်ားသည္ ထိုေန႔ကဲ့သို႔ပင္ ေတာက္ပေနေသးသည္။ သူ႕ႏွလုံးသားရဲ႕ တစ္စိတ္တစ္ပိုင္းကို ဆုံး႐ႈံးလိုက္ရတဲ့ေန႔(သူ႕မိန္းမ)။ ယခုေတာ့ သူ႕မိန္းမႏွင့္တူေသာ သူ႕၏သားကိုၾကည့္ရင္း သူ႕ႏွလုံးသားကို တစ္စုံတစ္ခုက ဆုပ္ကိုင္ထားသလို ခံစားလိုက္ရသည္။
"ေ႐ွာင္ယန္ ျပန္လာတာကို ႀကိဳဆိုပါတယ္ေနာ္" လို႔ သူ႕အၾကည့္ေတြက ေပ်ာ့ေပ်ာင္းၿပီး ခံစားခ်က္အျပည့္နဲ႔ ေျပာလိုက္၏။
ေလာင္ယန္သည္ ထိုလူႀကီးဘက္သို႔ လွည့္လိုက္သည္။ သူ႕ကို လွမ္းၾကည့္တဲ့ ပုံစံကို ျမင္ေတာ့ မူလပိုင္႐ွင္မွာ ႐ွိခဲ့တဲ့ အမွတ္ရစရာ အတိုအထြာေလးကို ႐ုတ္တရက္ သတိရမိသြားသည္။ ေအးစက္ေသာအမူအရာျဖင့္ ထိုလူက သူ႕ကို ငုံ႔ၾကည့္ေနသည္ေလ။ ေလာင္ယန္ အံ့အားသင့္သြား ေသာအခါတြင္ သူ႐ုတ္တရက္ စိတ္ခံစားခ်က္မ်ား ေပါက္ၾကားလာၿပီး ႏွလုံးသားထဲတြင္ ငိုခ်င္သလို ျဖစ္လာသည္။ ထိုလူကို လွမ္းေအာ္လိုက္ခ်င္ေသာ အသံတစ္ခု သူ႕အတြင္း၌ ႐ွိေနခဲ့သည္။
အေဖ...
ေလာင္ယန္ မ်က္ေတာင္ခတ္ၿပီးေနာက္ ေခါင္းကိုလွည့္လိုက္သည္။ သူ႕အၾကည့္ေတြက တျခားလူငယ္ႏွစ္ေယာက္နဲ႔လည္း ပါဝင္ေနသည္။ ထို႔ေနာက္ သူ႕ေခါင္းထဲတြင္ မွတ္ဥာဏ္တစ္ခု ေပၚလာျပန္သည္။ ဆယ္ေက်ာ္သက္ကေလးတစ္ေယာက္က သူ႕ကို ျပဳံးျပၿပီး ေကာင္ေလးက သူ႕ကို ဖက္ထားသည္။ ေလာင္ယန္ သည္ အလားတူ ခံစားခ်က္မ်ိဳး ထပ္မံခံစားခဲ့ရျပန္သည္။
အစ္ကိုႀကီး ရမ္... အားဂ်င္..
သူ ခ်က္ခ်င္း ငုံ႔ၾကည့္လိုက္သည္။ ဟဲ့....အခုဒါက ဘာျဖစ္သြားတာလဲ။ ဒါက မူရင္းပိုင္႐ွင္ရဲ႕ က်န္ေနတဲ့ ခံစားခ်က္ေတြလား။
"တစ္ခုခုမွားသြားၿပီလား ယံယံ" လို႔ သူ႕မွာျဖစ္ေနတာကိုခန္႔မွန္႔ႏိုင္တဲ့သူ႕အစ္ကိုႀကီး စိတ္ပူစြာ ေမးလိုက္သည္။ ထိုအခါ ေလာင္ေဝတန္ သည္ ဆရာဝန္ဘက္သို႔ လွည့္ၿပီးေမးလိုက္လိုက္သည္။ "ဆရာ၊ ငါ့သားရဲ႕ အေျခအေနက ဘယ္လိုလဲ။"
"ဥကၠဌေလာင္၊ ငါ့႐ုံးခန္းမွာ ဒီေဆြးေႏြးမႈလုပ္ရတာ ပိုသင့္ေလ်ာ္မယ္ထင္တယ္။ မင္းငါ့နဲ႔လိုက္ခဲ့ေပးပါ၊ ေက်းဇူးျပဳၿပီး" ဟု ေဒါက္တာဟန္က ေျပာလာခဲ့သည္။ အၿမဲတမ္း ေအးစက္ေနတဲ့ ဥကၠဌ ကို ဒီလို စိတ္ခံစားမႈမ်ိဳးနဲ႔ သူ ပထမဆုံးအႀကိမ္ ျမင္ဖူးတာ ဒါပါပဲ။ ဒါေပမယ့္ ဒီတုံ႔ျပန္မႈက သဘာဝက်တယ္လို႔ သူထင္ခဲ့မိသည္။ ဒုတိယသခင္ ေလာင္ႏိုးလာဖို႔ အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ေနၾကရသည္ေလ။
ေလာင္ေဝတန္က ဆရာဝန္ေနာက္မလိုက္မီေခါင္းညိတ္ျပလိုက္ၿပီး ေ႐ွာင္ယန္ ဘက္လွည့္ကာ ေခါင္းကို ညင္သာစြာ ပုတ္လိုက္သည္။ "ျပန္လာခဲ့မယ္ေနာ္ ေ႐ွာင္ယန္။"
ထို႔ေနာက္ ေဆး႐ုံခန္းမွ ဆရာဝန္ေနာက္ကို လိုက္သြားခဲ့သည္။
"ယံယံ၊ မင္းေရလိုခ်င္လား.....ဘာမဆို အစ္ကိုလုပ္ေပးမယ္" ဟု 'ေလာင္ရမ္' ဟုေခၚေသာ သူ႕အကို ျဖစ္သူက ေျပာလာသည္။ သူက ျပဳံးဖို႔ႀကိဳးစားေပမယ့္ သဘာဝမက်တဲ့လကၡဏာျဖစ္သြားလိမ့္မည္။ သူျပဳံးျပဖို႔အဆင္သင့္မျဖစ္ေသးေပ။
ေလာင္ယန္ ေခါင္းခါလိုက္သည္။
"ငါတို႔ကို ဒီလိုမ်ိဳးျမင္ရတာ မင္းအတြက္ ထူးဆန္းေနလိမ့္မယ္။ အထူးသျဖင့္ ေ႐ွာင္ဂ်င္။ မင္း သူ႕ကိုေတာင္ မမွတ္မိေလာက္ဘူး" ေလာင္ရမ္ က မ်က္ေမွာင္ၾကဳတ္ၿပီး သူ ဒီမွာမေနခ်င္သလို ျဖစ္ေနတဲ့ သူ႕ညီအငယ္ဆုံးဘက္ကို လွည့္ၾကည့္ၿပီးေျပာလိုက္ေလသည္။ "ေ႐ွာင္ဂ်င္ ယံယံနဲ႔ စကားေျပာ လိုက္ဦး။"
ေလာင္ဂ်င္က သေရာ္သလိုလုပ္ျပလိုက္သည္။
"ငါ... ငါ-- ဘာမွ မမွတ္မိဘူး" ေလာင္ယန္ က ျဖည္းညႇင္းစြာပဲေျပာလိုက္သည္။
"ဘာကိုဆိုလိုတာလဲ မင္းမမွတ္မိဘူးဆိုတာ" ေလာင္ဂ်င္ က ညဥ္းတြားၿပီးေျပာလိုက္သည္။
ေလာင္ဂ်င္ ၊ ရပ္လိုက္။" ေလာင္ရမ္ သည္ ေလာင္ယန္ ၏ကုတင္ေဘးတြင္ထိုင္ေနသည္။ "မင္း ငါတို႔ကို မမွတ္မိဘူးလား" လို႔ သူ႕မ်က္လုံးထဲမွာ ဝမ္းနည္းတဲ့အရိပ္အေယာင္နဲ႔ ေမးလာခဲ့သည္။
ထိုအခါ ေလာင္ယန္ ေခါင္းခါျပလိုက္သည္။
သို႔ေသာ္ ေလာင္ဂ်င္က က်ိန္ဆဲၿပီး ထိုေနရာမွ ထြက္သြားသည္ ။
----------
ေဒါက္တာဟန္၏႐ုံးခန္းတြင္...
"ဒုတိယသခင္ ေလာင္ဟာ လက္႐ွိမွာ သတိေမ့ေရာဂါ႐ွိေနတယ္။ အၿမဲတမ္း ဒါမွမဟုတ္ ယာယီသာ ျဖစ္ႏိုင္ပါတယ္.... အခ်ိန္ကသာ ေျပာျပႏိုင္ပါတယ္။ ဒါေပမယ့္ သတင္းေကာင္းကေတာ့ သူ႕ရဲ႕ ဦးေႏွာက္လုပ္ေဆာင္ခ်က္က ပုံမွန္ပါပဲ။ ခုနစ္ႏွစ္ေလာက္ သတိေမ့ေျမာေနတာေၾကာင့္ ပုံမွန္ဦးေႏွာက္လႈပ္႐ွားမႈ႐ွိေနတာပါပဲအံ့ဖြယ္ေကာင္းေနၿပီ၊။ သတိေမ့ျခင္းသည္ စကားမေျပာႏိုင္တာ သို႔မဟုတ္ အာ႐ုံေၾကာျပႆ နာ႐ွိျခင္းထက္ ပိုေကာင္းသည္။ သို႔မဟုတ္ ပိုဆိုးသည္မွာ ေလျဖတ္ျခင္း ျဖစ္ႏိုင္သည္" ဟု ေဒါက္တာဟန္က ဆိုလာခဲ့သည္။
ေ႐ွာင္ယန္ သတိေမ့ေရာဂါ႐ွိေၾကာင္း ေလာင္ေဝတန္ၾကားေသာအခါတြင္ သူ႕အတြင္းပိုင္းကို ထိုးလိုက္သလို ခံစားရသည္။ ေစာေစာက သူတို႔ကို ၾကည့္ၿပီး သူတို႔ထဲက တစ္ေယာက္ေယာက္ကို မမွတ္မိသလို အံ့ၾသစရာ မ႐ွိပါဘူး။ ဒါေပမယ့္ ေဒါက္တာဟန္ေျပာတာ မွန္ပါတယ္။ သတိေမ့ျခင္းထက္ ပိုဆိုးတဲ့အရာေတြ ႐ွိေလသည္။
"သခင္ေလး ေလာင္ဟာ ႐ုပ္ပိုင္းဆိုင္ရာ ကုထုံးကို ခံယူဖို႔ လိုအပ္တယ္။ သူလည္း က်န္းမာသန္စြမ္းတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ႏိုင္ဖို႔ စနစ္တက် အစားစားဖို႔ လိုအပ္တယ္။ ဒါ့အျပင္ သူ႕ရဲ႕ ခႏၶာကိုယ္ လုပ္ေဆာင္ခ်က္ေတြ အားလုံး ပုံမွန္အတိုင္း အလုပ္လုပ္ပုံေပၚပါတယ္။ လြန္ခဲ့တဲ့ ခုနစ္ ႏွစ္အတြင္းမွာ သူ ေကာင္းေကာင္း ဂ႐ုစိုက္ခံရတယ္ဆိုတဲ့ လကၡဏာပါပဲ။ " ဟု ဆရာဝန္က ဆက္ေျပာလာသည္။
"နားလည္ပါတယ္။ ေက်းဇူးတင္ပါတယ္၊ ေဒါက္တာ" ေလာင္ေဝတန္ က ေျပာသည္။ သူ႕သားအတြက္ အေကာင္းဆုံး ကုထုံးပညာ႐ွင္ႏွင့္ အာဟာရပညာ႐ွင္ကို ႐ွာေဖြရန္ သူ ေတြးေနၿပီျဖစ္သည္။
ထို႔ေနာက္ သူ မတ္တတ္ရပ္လိုက္သည္။ ေလာင္ယန္ ဘာမွမမွတ္မိဘူးဆိုရင္ေတာင္ အဆင္ေျပပါတယ္။ အေရးႀကီးတာက သူႏိုးလာၿပီး ပုံမွန္ဘဝနဲ႔ ျပန္ေနႏိုင္တာပါပဲ။ ေလာင္ေဝတန္က ဒီလိုျဖစ္ဖို႔အတြက္ ဘာမဆိုလုပ္မွာပဲ။ ဘာလို႔လဲ ဆိုေတာ့ သူက သူ႕သားတင္ မဟုတ္ဘူး ။ သူသည္ သူ႕ဇနီးကသူ႕အတြက္ ထားရစ္ခဲ့ေသာ အံ့ၾသဖြယ္ေကာင္းသည့္ ရတနာသုံးခုထဲမွ တစ္ခုလည္းျဖစ္ေသာေၾကာင့္ပင္ျဖစ္သည္။