ကို​ ​လေး .. [ Complete ]

By DaeminChennie

67K 7.4K 362

ငါ မင်း ကိုမုန်းလိုက်​တာ .. More

I Know Your Secret ..
Are U FUCKING Stupid !!??
I Want to FUCK U !!!
Deep inside My Heart ..
I Show U My Place ..
Only One For Me ..
If We Are Distance ..
Lonely Christmas ..
Finally I Found U ..
Love Meaning is U ..
All My Love is For U ..
Just Stay Beside Me ..
Past ..
I Hate U ..
Please .. Don't Leave Me ..
Love in NightDream ..
I Know Your Secret [U]
Are U FUCKING Stupid !!?? [U]
I Want to FUCK U !!!! [U]
Deep inside My Heart .. [U]
I Show U My Place .. [U]
Only One For Me .. [U]
If We Are Distance .. [U]
Lonely Christmas .. [U]
Finally I Found U .. [U]
Love Meaning is U .. [U]
All My Love is For U [U]..
Just Stay Beside Me [U]..
I Hate U [U]..
Please .. Don't Leave Me .. [U]
Love in NightDream .. [U]

Past .. [U]

109 10 0
By DaeminChennie

" ကလေး ကို မိဘမဲ့ဂေဟာပို့လိုက် .. "

အိမ်ပေါ်ခြေချချချင်း ကြားနေကြစကားများဖြစ်သော
မိမိအားမကျွေးမွေးရရေးအက် ဆွေးနွေးခန်းသည်
ယနေ့တွင်လည်း မပြီးပြတ်သေး .. ။

" က်တော် ပြန်ရောက်ပြီ .. "

" မင်း အဖေကတော့ ကိုယ်လွတ်ရုန်းသြားလေရဲ့ "

အမေသည် ကိုယ့်အားမုန်းနေသည်ဟုတွေးမိလျှင်
အမေ့အား ဂရုမစိုက်သော အဖေ့ကို သူ မုန်း၏ ။

" က်တော် အဖေ့ကို လိုက်ရှာပေးပါ့မယ် "

" လိုက်ရှာပေးမယ် .. ဟုတ်လား
မင်းအဖေရဲ့ လောင်းကစားအကြွေးဘယ်လောက်ကျန်ခဲ့
တယ် နင် သိလို့လား "

တစ်ဆယ့််သုံးနှစ်သာသာအရွယ်ဖြစ်သော်ငြား
အျမဲတစေမိဘနှစ်ပါး၏ အချင်းများခြင်းကို ဖန်တစ်ရာထပ်
နားယဉ်နေသဖြင့် ပေတိပေကန် ပြန်မပြော
နားမထောင်ပုံစံက အမေ့အား ပိုစိတ်တိုစေသည်ထင် ။

လောင်းကစားကြွေးများကိုသာ အမွေထားခဲ့ပြီး
အစအနဖျောက်သွားသည့်ယောကျာ်းဖြစ်သူအပေါ်
ပြသာနာရှာမရလေတော့ သားဖြစ်သော မိမိကိုသာ
ဒေါသပုံချ၏ ။

" အမေ .. က်တော် .. "

" တိတ်စမ်း .. မနက်ဖြန် နင့်ကို မိဘမဲ့ကျောင်းပို့မယ်
ငါ နောက်အိမ်ထောင်ပြုရင် နင်က ငါ့အတွက်
အရှုပ်ထုတ်ဘဲ .. "

" အမေ ကိုယ့်စကားကို မှတ်ထားပါ .. "

မိမိအား မလိုချင်သောမိသားစုကို အတင်းတွယ်ကပ်ပြီး
သံယောဇဉ်တွယ်နေရအောင် ဆယ်နှစ်အောက်
ကလေးအရွယ်လည်းမဟုတ်သဖြင့် မည်သည့် အပို
စကားမှထပ်မပြောတော့ဘဲ ကိုယ့်အခန်းထဲသာ
ဝင်သွားလိုက်သည် ။

ဤသည်ကား အို ဆယ် ဟွန်း ၏ မျက်ရည်ချူ ချင်
စရာကောင်းသော ငယ်ဘဝအစပင် .. ။

.
.

" အို ဆယ် ဟွန်း .. မင်းကို ငါတို့ မွေးစားလိုက်ပြီ "

မိဘမဲ့ကျောင်းတွင် တစ်နှစ်ကျော်လောက်
ဒုက္ခခံရခြင်းသည် ဤ အို ဆယ် ဟွန်း ၏ အကြီးမားဆုံး
ကံဆိုးခြင်းဟု ဆိုရလျှင် မွေးစားမိဘနှင့်အတူ
မိမိအား သုံးလလောက်ငယ်သည်ကိုအကြောင်းပြ၍
အနိုင်ကျင့်ဗိုလ်ကျပြီး တစ်ဖက်လှည့်နဲ့ သည်းသည်းလှုပ်
ဂရုစိုက်တက္သည့် ဂင် ဂျုံ အင် ဆိုသူ၏
အချစ်ခံရခြင်းသည်လည်း တစ်ဘဝလုံးတွင်နောက်ထပ်
မရနိုင်တော့သော အကြီးမားဆုံးကံကောင်းခြင်းပင် ။

" အို ဆယ် ဟွန်း က အို ဆယ် ဟွန်း ဘဲ
ဖြစ်ရမယ် ။ က်တော်တို့မျိုးရိုးထဲ လုံးဝမသွင်းရဘူး "

အနှီးဂင်ဂျုံ အင် ကိုယ်တိုင် သူ့မိဘ တစ်နည်း
ဆယ် ဟွန်း၏ မွေးစားမိဘများအား ဆယ်ဟွန်း
ကွယ်ရာတွင် ထုတ်ပြောခြင်းကို နားနှင့်ဆက်ဆက်
ကြားလိုက်ရသည့်အချိန်မွစ၍ မိဘရင်းအား
ပြန်ရှာရန် ကြိုးစားခဲ့သည် ။

ထိုကာလအတွင်းမှာပင် အဖေ့ကားဒရိုင်ဘာဦးလေးနှင့်
အဆက်အသွယ်ပြန်ရပြီး ကလပ်အများအပြားပိုင်နေပြီ
ဖြစ်သောဖခင်ရင်းအား ရှာတွေ့ခဲ့သည် ။
ထိုနှစ်အတွင်း၌ပင် နောက်တစ်အိမ်ထောင်နှင့်
စည်းစိမ်အပြည့် သခင်မကြီးအသွင် ကြော့မော့နေသော
မိခင်ရင်းအားလည်း အဆက်အသွယ်လုပ်နိုင်ခဲ့သည် ။

သို့သော်ငြား အတွေ့ပင်မခံသောအဖေဖြစ်သူက
ဆယ်ဟွန်း ကို အမည်နာမလေးတောင် မှတ်မိဟန်မတူပါ ။

အစပိုင်းတွင်တော့ မိဘရင်းများအားပြန်တွေ့ရသဖြင့်
အတူမနေနိုင်လျှင်တောင် ကျေနပ်မိပါသေး၏ ။

အချိန်ကြာလေ သူတို့ဆီမှ မိမိကိုလက်ခံမပေးနိုင်ကြောင်း
အရိပ်အယောင်ပေါင်းများစွာမြင်လာရသည့်အခါ
ဆယ် ဟွန်း နာကျည်းလာသည် ။

မွေးစားမိဘများတောင် အလွန်အမင်းကောင်းရဲ့သားနှင့်
သူတို့က သွေးရင်းများဖြစ်ပြီး အဘယ့်ကြောင့်မ်ား
ဆယ် ဟွန်း အား လျစ်လျူ ပြုနိုင်ရက်အံ့နည်း ။

အဖေတို့ အမေတို့ စွန့်ပစ်သွားလည်း
ဒီ အို ဆယ် ဟွန်း က သာသာယာယာနေရသည်ဟု
ပြောချင်လွန်း၍ အဖေပိုင်ရာ ကလပ်တစ်ခုတွင်
မရ,ရအောင် အလုပ်ဝင်ခဲ့သည် ။

နောက်ဆုံး အံ့ျသစရာကောင်းစြာ အဖေ့အကြောင်း
သိခဲ့ရသည်က မကောင်းမှုအတော်များများနှင့်
လက်ယဉ်နေပြီဖြစ်၏ ။

တစ်နှစ်နီးပါးလောက် အဖေပိုင်ရာကလပ်တော်တော်
များများတွင် ဂျုံ အင် နှင့် မွေးစားမိဘနှစ်ပါးမသိအောင်
အလုပ်ခိုးလုပ်ပြီး လူချင်းတွေ့နိုင်အောင်ကြိုးစားခဲ့သည် ။

စိတ်မကောင်းစရာကောင်းစြာ လူလုံးထွက်မပြတက်သော
ဖခင်ကြောင့် ဆယ် ဟွန်း မွာ မိန်းကလေးလို
ဝတ်၍ ဟန်ဆောင် ရတော့သည် ။

ဂျုံ အင် , ဆယ် ဟွန်း ၏ မိန်းကလေးအဝတ်အစား
မ်ားအား ရှာတွေ့သည့်ထိုနေ့က ဖခင်စတည်းခ်
တက်သည့် နာမည်ကြီးဟိုတယ်တစ်ခု၏ လျှို့ဝှက်ဘားခန်းမ
တွင် အထူးဧည့်သည်တော်မ်ားအား အရက်ငှဲ့ပေးရုံ မွ်သာ
တာဝန်ယူရသည့် မိန်းကလေးတစ်ဦးအဖြစ်
အလုပ်လုပ်ရသော သုံးရက်မြောက်နေ့ပင် .. ။

ကံကောင်းခြင်းသော်လား ကံဆိုးခြင်းသော်လား
မသိပေမဲ့ ယောကျာ်းတစ်ဦးအနေနှင့် ကြည့်ကောင်းသလို
မိန်းကလေးပုံနှင့်လည်း သယံယဖြစ်ဖွယ်မရှိခဲ့ ။

ဂျုံ အင် ဘက်က လျှို့ဝှက်ပေးမည်ဟု အပြန်အလှန်
သဘောတူညီမှုယူပြီးကတည်းက သိသိသာသာ
ထုတ်ပြလာသော ဂျုံ အင့် အချစ်အပေါ် ယိမ်းယိုင်စ
ပြုလာသည်ကိုတော့ဝန်ခံရမည် ။

ခြေလက်မ်ားသော မွေးစားအဖေထံတွင်
ဆယ်ဟွန်း ထိုအလုပ်လုပ်နေသည်ကို ကွက်တိမိသွားပြီး
ဂျုံ အင်၏ ပြောင်းလဲမှုကိုလည်း ရိပ်မိသွားသည် ။

ကံကောင်းခြင်းမ်ားက မဆုံးသေးသည့်အတိုင်း
ဆယ်ဟွန်းကို အတော်လေးချစ်သောမွေးစားအဖေက
ဖခင်ရင်းနှင့်တွေ့နိုင်ရန်ကူညီပေးသလို
ကိုယ့်ခြေထောက်ပေါ်ရပ်တည်ချင်သည့် ဆယ် ဟွန်း
စိတ်ကိုလည်း နားလည်ပေး၏ ။

ဆယ်ဟွန်းထွက်သွားလျှင် ဂျုံ အင် စိတ်ဆိုးမည်ကို
သိနေသောဒယ်ဒီက သုံးနှစ်အတွင်း သာ
အဆက်အသွယ်မလုပ်ခိုင်းပြီး အကယ်၍ဂျုံ အင့် ၏
စိတ်မပြောင်းလျှင် သမက်အနေနှင်လက်ခံပေးမည်ဟု
ကတိပေးသည် ။

ကြားထဲ အိမ်ထောင်ဖက်တွေ့ပေးပြီး မိန်းမပေးစားရန်
ကြိုးပမ်းသည်ကတစ်ပိုင်းပေါ့ ။

" ငါ့ကို ဘာလို့ ဒီအကြောင်းတွေမပြောခဲ့ရတာလဲ
ဆယ် ဟွန်းရာ .. မင်း တစ်ယောက်တည်း
ဒီကိစ္စတွေအားလုံးကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာ
တွေးမိတာနဲ့တင် ငါ့ကိုယ်ငါ ဒေါသထွက်တယ် "

" အားနာလို့ .. ပြီးတော့ မင်းကို ဒုက္ခမပေးချင်လို့ "

" တကယ်လို့များဒယ်ဒီက နားလည်မပေးဘဲ
မင်းကို .. အား !!! အို ဆယ် ဟွန်း မင်း ကြာ
အတွေးနဲ့တင် ငါသေလိမ့်မယ် "

" ငါ့ကို အဲ့လောက်ထိ မချစ်ပေးပါနဲ့လား ။
ဟက် .. ငါလည်းနော်စိတ်ထဲကမပါတာ ပြောမိပြန်ပြီ "

" တစ်ခုဘဲဖြေ မင်း ငါ့ကို ချစ်လား .. "

" ငါ မင်း ကို မုန်းတာ သိလား .. ကိုလေး "

" ချစ်တယ်လို့ဘဲ ဖြေစမ်းပါ ။ "

" တောင်း ပန် ပါတယ် ကိုလေး .. "

" မင်း ငါ့ အနား မွာ ရှိနေဖို့ ငါ ဘာလုပ်ပေးရမလဲ ?? "

" ကို လေး .. ငါ .. "

ဂင် ဂျုံ အင် သည် အို ဆယ် ဟွန်း ၏
တစ်ချို့စကားများအား ဖြေရှင်းခွင့်မပေးသလို
ထုတ်ပြောဖို့လည်း လုံးဝ ခွင့်မပြုချေ ။

ဆယ် ဟွန်း ၏ ခါးကို တင်းကျပ်နေအောင် ဖက်ပြီး
မိမိကို ကလန်ကဆန်လုပ်မည့် နှုတ်ခမ်းလွှာအား
ဆွဲငုံကာ အချိန်အတော်ကြာအထိ လွှတ်မပေး ။

" ငါ ဘာလို့များ မင်း ကို အဲ့လောက်ထိ
ချစ်နေရသလဲ မသိဘူးကြာ .. "

" ဒီစကားမျိုးကြားရတော့ ငါပျော်တယ်ပြောရင်
မင်းငါ့ကိုမမုန်းလောက်ပါဘူးနော် .. "

ထိုစကားအဆုံး ဆယ် ဟွန်း ၏ ဖြူ ဝင်းဝင်းလည်ပင်း
ညှပ်ရိုးကို ဂျုံအင် သွေးထွက်အောင်အထိကိုက်ပစ်
လိုက်သည် ။

သို့သော်ငြား ..
တစ်ဆက်တည်း နားစည်ထဲ တိုးဝင်လာသည့်
ရယ်သံလွင်လွင်က အနှီးအိုဆယ်ဟွန်း ကိုသာ
ပိုတိုးချစ်ရန် ကျိန်စာတိုက်လေသတဲ့ .. ။


.
.
.

နှစ်ပိုင်းဘဲကျန်တော့တယ်
SE or HE ???
ဒီလူကတော့ ကိုယ့်အသဲတို့ကို လွမ်းနေတာ
ယူတို့ကရော ... ???








Continue Reading

You'll Also Like

66.6K 9.1K 35
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
95.6K 12.7K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
681K 50.9K 46
wang yibo💚 ခင်​ဗျားတို့ သိကြလားကျွန်​​တော်​ကအတ္တကြီးပြီး အချစ်​နဲ့အမုန်းကိုမခွဲခြားတတ်​တဲ့ အချစ်​ရှုံးသမားဆိုတာ..... ခင်ဗျားတို့သိကြလားကျွန်တော်ကအတ္တ...
116K 10.9K 29
သူကငါ့အပိုင်ဆိုတာ မင်းတို့လက်မခံချင်လည်းလက်ခံရမှာပဲ !