ကို​ ​လေး .. [ Complete ]

By DaeminChennie

67K 7.4K 362

ငါ မင်း ကိုမုန်းလိုက်​တာ .. More

I Know Your Secret ..
Are U FUCKING Stupid !!??
I Want to FUCK U !!!
Deep inside My Heart ..
I Show U My Place ..
Only One For Me ..
If We Are Distance ..
Lonely Christmas ..
Finally I Found U ..
Love Meaning is U ..
All My Love is For U ..
Just Stay Beside Me ..
Past ..
I Hate U ..
Please .. Don't Leave Me ..
Love in NightDream ..
I Know Your Secret [U]
Are U FUCKING Stupid !!?? [U]
I Want to FUCK U !!!! [U]
Deep inside My Heart .. [U]
I Show U My Place .. [U]
Only One For Me .. [U]
If We Are Distance .. [U]
Lonely Christmas .. [U]
Finally I Found U .. [U]
Love Meaning is U .. [U]
All My Love is For U [U]..
Past .. [U]
I Hate U [U]..
Please .. Don't Leave Me .. [U]
Love in NightDream .. [U]

Just Stay Beside Me [U]..

113 12 0
By DaeminChennie

မနေ့ကတည်းက မအိပ်ခင် Alarm ပေးထားသဖြင့်
မနက်ငါးနာရီအချိန်လောက်တွင် ဂျုံ အင်မနည်းကို
မျက်လုံးဖွင့်ယူရသည် ။

ရင်ဘက်နှင့် ကပ်လျက်ရှိသော ကျောပြင်ကျယ်က
အိပ်ကောင်းခြင်းပင်လယ်ထဲ နစ်မြု ပ်ဆဲနှင့်တူပါရဲ့ .. ။
ဂျုံ အင်ထပြီးလို့ ရေချိုးခန်းထဲကပြန်ထွက်လာသည်အထိ
ပုံစံမပြတ် အိပ်ကောင်းနေဆဲ .. ။

ခါးလည်ထိလျှောကျနေသည့်စောင်ကို လုံအောင်ပြန်ခြုံ
ပေးပြီး ကုတင်စောင်းတွင်ခဏထိုင်လိုက်သည် ။

တစ်နှစ်တာအချိန်သည် အို ဆယ် ဟွန်း ၏ ရုပ်ပိုင်းဆိုင်ရာ
အားပြောင်းလဲစေသလို ဂျုံ အင်၏ အတွင်းရေးခံစားချက်
များကိုလည်း ပြောင်းလဲစေသည် ။

ဝေးသွားလျှင် အချစ်လျှော့သွားသည်တဲ့ .. ။
ကြားဖူးနေကြထိုစကားတစ်ခွန်းက ဂျုံ အင့်အတွက်တော့
လုံးလုံးလျားလျားမှားယွင်း၏ ။

မျက်နှာလေးတောင်မြင်ခွင့်မရဘဲ ဝေးခဲ့သော်ငြား
ထိုတစ်နှစ်အတွင်း ဆယ် ဟွန်း အပေါ် ဂျုံ အင် အချစ်မပျက်
ထပ်ဆင့်ထပ်ဆင့် ချစ်မြတ်နိုးမှုများဖြင့်သာ ဆွေးဆွေးနစ်နစ်
လွမ်းခဲ့ရသည် ။

မြင်ရပြန်တော့လည်း မတို့ရက်မထိရက်နှင့်
မျက်စိရှေ့တွင်ရှိနေဖို့သာ မျှော်လင့်တကြီး
ဆုတောင်းရသည် ။

" ဆယ် ဟွန်း .. ငါရဲ့ ဆယ် ဟွန်း ။
မင်းကိုချစ်ကြောင်းပြောပြဖို့ ဘယ်လိုစာစီရမလဲ ။
မင်းကို လွမ်းကြောင်းသိစေဖို့ ဘယ်လိုစကားစရမလဲ "

နှဖူးနှင့် မျက်ခုံးအလယ်စပ်ကြားကို စက္ကန့်အတော်ကြာ
အောင်ဖိနမ်းပြီိး သက်ပြင်းတစ်ဝက်နှင့် မကြားမှန်း
သိနေသည်တောင် ထိုစကားကိုပင် အပ်ကြောင်းထပ်
ရေရွတ်မိနေဆဲ ။

" ငါ့အနားမွာနေပေးပါ ဆယ် ဟွန်း ။ မင်းမရှိတဲ့
တစ်နှစ်လေးနဲ့တင် ပင်ပန်းလွန်းလို့ သေတော့မယ် "

ဆယ် ဟွန်း မနိုးခင်ပြန်ဖို့အစီအစဉ်သည်
ဖင်မကြွနိုင်သော စိတ်မချစိတ်နှင့်ပင် တစ်နာရီမက
ကြာချေပြီ ။

" ပြန်တော့ကွာ .. အိပ်နေတဲ့သူနားထိုင်ပြီး
ပွစိပွစိလုပ်မနေနဲ့ ။ နားညည်းတယ် "

" အိပ်ချင်ယောင်ဆောင်ပြန်တာလား ဆယ် ဟွန်း "

" မင်းကသာ ငါ့ကိုနိုးအောင်လုပ်တာ "

" ဆောရီး .. ပြန်အိပ် ။ ငါပြန်တော့မယ် "

နှင်သူက ပြန်စေချင်နေပြီမို့ ဂျုံ အင် ဆက်အချိန်မဖြုန်း
တော့ဘဲ ထိုင်နေရာမှ ထရပ်လိုက်သည် ။

မျက်လုံးလေးတောင်ဖွင့်ကြည့်မလာသည့် အိုဆယ်ဟွန်း
ကို နာကျည်းရင်း ချစ်သမွ်တွေအား အပြစ်ဖို့ချင်လာ၏

" ကို လေး .. ငါ့ကိုစောင့်ပေးလို့ ကျေးဇူးတင်
ပါတယ် "

ကျောခိုင်းပြီးလို့ခြေလှမ်းပြီးမှ စိတ်မပြတ်နိုင်အောင်
စကားစလာသည့် ဆယ်ဟွန်းကြောင့် ဂျုံ အင့်ခြေအစုံ
သည်ဆက်ရွှေ့ရန် တွန်းအားမရှိတော့ချေ ။

" ငါ့ကို ဘာဖြစ်စေချင်နေတာလဲ ။
မချစ်နိုင်ရင်လည်း ပြတ်ပြတ်သားသား ငြင်းစမ်းပါကြာ "

" တောင်းပန်ပါတယ် ကိုလေး ။ ငါ တစ်ကိ်ုယ်ကောင်းဆန်
ချင်တယ် ။ မင်းကိုမချစ်နိုင်သေးသလို လက်လွှတ်ဖို့လည်း
မဖြစ်နိုင်ဘူး "

" မုန်းလိုက်တာ အို ဆယ် ဟွန်း ရာ "

" ဆက်မုန်းပြီး ပိုချစ်ပေးပါ ကိုလေး "

" ..... "

" ဒီတစ်နှစ်အတွင်း ဒုတိယအကြိမ်အိပ်ရေးဝဝ
အိပ်ရခြင်းဘဲ ။ မင်းအနားရောက်ဖို့ ဖြေရှင်းစရာတွေက
မ်ားတာနဲ့ဘဲ ငါ လည်း ပင်ပန်းတယ် ကို လေး ..
လူတွေက အတ္တကြီးတယ်ဆိုရင် ငါကသူတစ်ပါးကိုပါ
မျက်ရည်ကျခိုင်းတဲ့မကောင်းတဲ့သူဘဲ ။ မင်းကိုစောင့်ခိုင်း
ပြီးနာကျင်စေတဲ့ငါ့ကို မမုန်းဘဲမမနေနဲ့ ။ စိတ်ကြိုက်
မုန်းပစ်လိုက် .. ။ ဒါပေမဲ့ လူမဆန်စွာနဲ့ဘဲ ပိုချစ်ပေးပါလို့
တောင်းဆိုပါရစေ ။ "

ငါမင်းကို မချစ်နိုင်ဘူးဟု ငြင်းလျှင်တောင် ဤမွ်လောက်
ရင်ကွဲပက်လက်ဖြစ်လိမ့်မည်မဟုတ် ။

အခုတော့ လေးလေးဖင့်ဖင့် စကားအပြတ်ပြတ်များကြား
စုံးစုံးမြှပ် အချစ်စုံလုံးကန်းရတော့သည် ။

" မာနကြီးလွန်းတဲ့ မင်းကိုချစ်နေရတာက
ငါ့ဝဋ်ဘဲ ။ မင်းရဲ့ပြသာနာတွေကိုကူခွင့်မပေးတာက
ငါ့ကိုပိုရင်နာစေတယ် ဆိုတာ မင်းသိရဲ့လား ??!! "

မျက်နှာချင်းမဆိုင်ချင်သဖြင့် ကျောခိုင်းလျက်သား
စိတ်မောမောနှင့်အော်ဟစ်မိတော့ ခါးပေါ်က
လက်အစုံနှင့်ပခုံးတစ်ဖက်ပေါ်က ဆံသားအချို့ ။

အို ဆယ် ဟွန်း ၏ ပထမဆုံး ဂ်ံ အင့် အပေါ်
မှီခိုခြင်း ရင်ဖွင့်ခြင်း ။

ပိုချစ်ရသူ ...
ပိုချစ်ရသူ ဘဝက သနားစရာကောင်းလိုက်တာ ။

" ငါက မင်းထက် နှစ်ဆ ပိုလွမ်းခဲ့တာကိုရော
မင်းသိမွာလား ကိုလေး ရာ .. "

လည်ပင်းသားပေါ် စိုစွတ်ခြင်း အထိအတွေ့ခံစားရချိန်
အတင်းထိန်းထားသည့်ကြားထဲမှ မချိတင်ကဲထွက်လာ
သော ရှိုက်သံသဲ့သဲ့ .. ။

အို ဆယ် ဟွန်း ရာ .. ငါ့ကို သာ သတ်သြားပါတော့ ။

" ပွင့်ပွင့်လင်းလင်းထုတ်ပြောဖို့ ခက်ခဲနေရင်
နောက်ထပ် မငိုမိစေနဲ့ အို ဆယ် ဟွန်း .. ။
နောက်တစ်ခါ မင်းမျက်ရည်ကျရင် မင်းရဲ့ပြသာနာထုတ်
အကုန်လုံးကို ငါအပြတ်ရှင်းပစ်မွာ .. ။ လူသတ်ချင်အောင်
မလုပ်စမ်းနဲ့ကွာ .. ။ "

ရဲရဲမချစ်နို်င်သေးတော့
ငါဟာ မင်းကို မချစ်နိုင်ဘူး လို့ မျက်နှာလွှဲရတာ
နည်းနည်း ငိုချင်စရာကောင်းတယ် .. ကို လေး ။


.
.
.

အမလေး ဘာကြောင့်ကိုယ်ကရင်နာရတာလဲ
ဘာမှလည်းဒရမ်မာမပါ,ပါဘဲနဲ့
ကိုယ်ပြောရင်ယူတို့ယုံမယ်မထင်ဘူး အပ်ဒိတ်ချင်လွန်းလို့
တစ်နာရီလောက်နဲ့အမြန်ရေးရတာ 😷
သနားရင် တစ်ခုခုတော့ပေးခဲ့ကြပါနော် 😭

Continue Reading

You'll Also Like

3.1K 150 7
On the run in the year 1987, Bumblebee the Autobot seeks refuge in a junkyard in a small California beach town. Charlie and Y/N, on the brink of turn...
33.7K 3.2K 25
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
67.8K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
157K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။