ကို​ ​လေး .. [ Complete ]

By DaeminChennie

67K 7.4K 362

ငါ မင်း ကိုမုန်းလိုက်​တာ .. More

I Know Your Secret ..
Are U FUCKING Stupid !!??
I Want to FUCK U !!!
Deep inside My Heart ..
I Show U My Place ..
Only One For Me ..
If We Are Distance ..
Lonely Christmas ..
Finally I Found U ..
Love Meaning is U ..
All My Love is For U ..
Just Stay Beside Me ..
Past ..
I Hate U ..
Please .. Don't Leave Me ..
Love in NightDream ..
I Know Your Secret [U]
Are U FUCKING Stupid !!?? [U]
I Want to FUCK U !!!! [U]
Deep inside My Heart .. [U]
I Show U My Place .. [U]
Only One For Me .. [U]
If We Are Distance .. [U]
Lonely Christmas .. [U]
Love Meaning is U .. [U]
All My Love is For U [U]..
Just Stay Beside Me [U]..
Past .. [U]
I Hate U [U]..
Please .. Don't Leave Me .. [U]
Love in NightDream .. [U]

Finally I Found U .. [U]

119 12 0
By DaeminChennie

တစ်နှစ် ..
ကုန်သွားတဲ့အချိန်တွေအား မနှမြောမိသလို
နောက်ထပ်သောနှစ်,နှစ်တာကိုလည်း အမြန်ဆုံး
ပြီးသွားစေချင်သည် ။

ဂျုံ အင် .. ဆယ် ဟွန်း အား လွမ်းလှပါပြီ ။

" ဒယ် ဒီ .. ဆယ် ဟွန်း ဘယ်မှာရှိလဲ "

မမေးဘူးဟု ဆုံးဖြတ်ထားပေမဲ့ နောက်ဆုံး
မနေနိုင်သူ ဂျုံ အင် ကဘဲ ဒယ် ဒီ့ ထံ အသနားခံရတာပါဘဲ

" တစ်ခုလိုချင်ရင် တစ်ခုပေးရမှာပေါ့ .. ဒယ် ဒီ့ ခိုင်းတာ
နာခံရင် ဆယ်ဟွန်းနီး ရဲ့လိပ်စာပေးမယ် "

" ရတယ် ။ က်တော်လက်ခံတယ် "

" မနက်ဖြန်အချိန်အားအောင်လုပ်ပြီး အိမ်ထောင်ဖက်
သြားတွေ့ချည် "

" ဒယ် ဒီ .. ကတိတည်ပါစေ "

ထင်ထားသည့်အတိုင်း အပေးအယူပါမှ စကားပြောချင်
သည့််ဒယ်ဒီ့စိတ်တိုင်းက် အိမ်ထောင်ဖက်တွေ့ပြီးမှ
ဆယ်ဟွန်း လိပ်စာရမည် ။

အိမ်ထောင်ဖက်တွေ့ရမည့်ကိစ္စလောက်က ခေါင်းထဲ
ထည့်စရာမလိုသဖြင့် ထိုနောက်က ဆယ် ဟွန်း နှင့်
ရင်ဆိုင်ရမည့်အရေးကို ကြိုတွေးပြီး ရင်တုန်စိတ်လှုပ်ရှား
နေချေပြီ ။

အရမ်းလွမ်းနေကြောင်း စပြောရမလား ။
ဒါမှမဟုတ် မလွှတ်တမ်း ဖက်ထားရမလား ။
ချစ်ကြောင်း နားပူမတက် ညည်းပြရမလား ။
နောက်ထပ်နှစ်,နှစ်ကို စိတ်မရှည်တော့ကြောင်း
ခြိမ်းခြောက်ရမလား ။
လက်ထက်ကြရအောင်လို့ ပရိုပို့လုပ်ရမလား ။
တွေ့တွေ့ချင်းဘဲ ကုတင်ပေါ်ဆွဲသွင်းရမလား ။

အတွေးဗလပြ စဉ်းစားစရာ ခပ်များများနှင့်
ညတာရှည်ခဲ့သည် ။

ဂင် ဂျုံ အင် သည် အို ဆယ် ဟွန်း အား မည်မွ်တောင်
ချစ်ခဲ့လို့ နှစ်တွေကြာသွားသော်လည်း အချစ်မလျှော့ဘဲ
တိုးသထက်တိုးလာရသည်မသိ ။

.
.
.

" ဂင် ဂျုံ အင် ရှိ .. "

အသံသာသာနှင့်အတူ ရှေ့ခုံတွင် ဝင်ထိုင်သော
သိမ်သိမ်မွေ့မွေ့ မိန်းမပျို .. ။

အို ဆယ် ဟွန်း အား ချစ်တဲ့စိတ်သာမရှိလျှင်
ဤသို့သော မိန်းကလေးမျိုးသည် ဂျုံ အင့် အကြိုက်ပင် ။

ဝမ်းပန်းတသာ လက်ခံနိုင်သော အတိုင်းအတာရှိ
သော်လည်း ဘယ်လိုမွသောက်ကျင့်မကောင်းသည့်တိုင်
တုန်နေအောင်ချစ်ရသော အို ဆယ် ဟွန်း လေး ကလြဲ
အခြားသူလက်မခံနိုင်ဖြစ်နေသည့် ကိုယ့်စိတ်ကိုသာ
ကျိန်ဆဲချင်သည် ။

စာနာစိတ်မရှိဘဲ ပစ်သွားရက်သည့် အိုဆယ်ဟွန်းကို
မေ့ပစ်ပြီး မိန်းကလေးချောချောလေးများနှင့် ထည်လဲ
တွဲရမည့်အရွယ်ကောင်းလေးကို သောက်လဒကောင်
ကြောင့် အလွမ်းနာက်နေရတယ်လို့ ။

အို ဆယ် ဟွန်း .. ငုံးကောင် မုန်းတယ်
ငါ မင်း ကို စောက်ရမ်း မုန်းတယ် ။

မုန်းချင်တာကလည်းလွန်ပါရော ..
ခက်သည်က အို ဆယ် ဟွန်း ဆိုတဲ့နာမည်နဲ့တင်
အပြုံးမပျက်မိတာကတော့ မတက်နိုင်ချေ ။

" လီ ဆောင်း ယွန်း နော် .. ထိုင်ပါ က်တော်က
ဂင် ဂျုံ အင် ပါ "

စကားပြောကြည့်လေ အတော်လေးကို
အဆင်ပြေသည့်မိန်းမကောင်းလေးပါ ။

ဂျုံ အင့် လို သူစိမ်းယောကျာ်းလေးတစ်ယောက်နှင့်
အလာဘသလာဘစကားပြောအချိန်ဖြုန်းရသည့်တိုင်
ရှိန်မသြား အပိုအလိုမရှိဘဲ ပေါ့ပေါ့ပါးပါးပင်
အကြောင်းအရာမျိုးစုံကို ဆွေးနွေးနိုင်သည် ။

အို ဆယ် ဟွန်း လေးကို ပလစ်ပြီး ဒီမိန်းကလေးနှင့်ဘဲ
အတည်တွဲလိုက်ရလေမလား ။

အဲ့ဒါမွ သဝန်တိုပြီး ဒီလူ ဂင် ဂျုံ အင့် ဆီ ပြန် ရောက်လာ
လေမလား ။

မျက်စိရှေ့တွင် မိန်းမပျိုချောချောလေးကို ထားပြီး
အိုဆယ်ဟွန်း အကြောင်းချည်းထိုင်တွေးနေသည့်
ဂျုံ အင် ဟာ ဦးနှောက်ဘဲပျက်နေပြီထင်ပါရဲ့ ။

" ဂျုံ အင် ရှိ .. ဘာတွေ စဉ်းစားပြီး အဲ့လောက်ထိ
ပြုံးနေတာလဲ "

" အာ .. ဆောရီးပါ ဆောင်း ယွန်း ရှိ ..
လူတစ်ယောက်အကြောင်း တွေးမိနေလို့ "

" ဘယ်လိုလူမျိုးလဲ မေးလို့ရမလား ။ ကိုယ်ရေးကိုယ်တာ
စွက်ဖက်တဲ့မေးခွန်းမျိုးဖြစ်သွားရင် တောင်းပန်ပါတယ် "

" မဟုတ်ပါဘူး ။ က်တော့်ကို အဲ့လူအကြောင်း
တစ်စုံတစ်ယောက်ကမေးရင် ဝမ်းသာအားရ ဖြေချင်
နေတာ "

တွေးရင်း ပြုံးသည် ။
တျခားသူကို အို ဆယ် ဟွန်း အကြောင်း ပြောရလျှင်လည်း
ကြည်နူးသည် ။

ကာယကံရှင်မသိသည့်တိုင် ကိုယ်ဘယ်လောက်
ချစ်ကြောင်း လူသိ၍ ကျေနပ်သည်ဟုဆိုရမလား ။

အချစ်ရူး ဂင် ဂျုံ အင် ပါလေ ။

" ပြောနေရင်း ပြုံးနေပြန်ပြီ ။ ချစ်သူ လား "

ခေတ်လူငယ်ချင်းဖြစ်နေ၍လား မသိ ။
တန်းရိပ်မိလေသည် ။

" ချစ်သူတော့မဟုတ်သေးပေမဲ့ က်တော်ချစ်ရတဲ့
လူတစ်ယောက်အကြောင်းပါ ။ ဆောင်း ယွန်းလို
မိန်းကလေးမျိုးကိုတောင် လက်မခံနိုင်အောင် က်တော်
သူ့အပေါ်ချစ်တဲ့ အချစ်တွေကို အံ့သြမိလို့ "

" ဂျုံ အင် ရှိ က တစ်ဖက်လှည့်နဲ့ က်မ ကို
ငြင်းလိုက်တယ်ပေါ့ "

" အာ အဲ့လိုမဟုတ်ပါဘူး ။ ဆောင်းယွန်း ရှိ မေးတာ
က်တော်ဖြေ ရုံတင်ပါ "

ဂျုံ အင့် စကားက အတိုင်းအတာတစ်ခုအထိ
ရောက်သွားမှန်းသိပေမဲ့ တစ်ခါတည်း ငြင်းပြီးသလို
ဖြစ်သွားသဖြင့် ကိုယ့်စကားကို ကြိတ်ချီးကျူ းမိ၏ ။

အရင်ကလို ဝုန်းဒိုင်းကြဲဖြေရှင်းတာမျိုးမလုပ်တော့ဘဲ
စိတ်အေးအေး စကားတစ်ခွန်း နှင့်တင် ကိစ္စပြတ်သြား
သည်မျိုးကို ပိုသဘောကျလာသည် ။

ကိုယ့် ကို ကိုယ် ရင့်ကျက်လာသဖြင့် ကျေနပ်သည်
ဆိုရမလားဘဲ ။

ထိုသို့နှင့် နှစ်ဦးသဘောတူ ပထမဦးဆုံးတွေ့ဆုံမှုနှင့်တင်
အဆင်မပြေကြောင်းသက်ဆိုင်ရာမိဘမ်ားဆီ အကြောင်း
ကြားကြပြီိး လမ်းခွဲလိုက်ကြသည် ။

ဒယ် ဒီ က ဂျုံ အင် အိမ်ထောက်ဖက် တွေ့ဖြစ်သည်
ဆိုကတည်းက ဆယ် ဟွန်း အိမ်လိပ်စာ ကို ပို့ပေးပြီးသား ။

တစ်နေကုန် တွေ့ချင်စိတ်မ်ားကို ထိန်းထားပြီး
ညအိပ်ချိန် ဆယ့်နှစ်နာရီလောက်တွင် ဒယ် ဒီ ပေးသည့်
လိပ်စာသို့ အချိန်မတော်ကြီး ရောက်သွားသည် ။

တမင်ကို ထိုအချိန်ရောက်မှသွားခြင်းသည်
လျှို့ဝှက်ဂဏန်း ကိုယ်တိုင်နှိပ်ပြီး ဆယ် ဟွန်း မသိခင်
ပြန်ထွက်လာဖို့ရန် ။

ဒယ်ဒီ့ဆီက လျှို့ဝှက်နံပါတ်အထိမရပေမဲ့ ဆယ် ဟွန်း ၏
ခပ်ပျင်းပျင်းအကျင့်အရ လျှို့ဝှက်နံပါတ်ထားရမည့်နေရာ
တိုင်းကို တစ်ခုတည်းထားနေကြ ။ ထိုဂဏန်းလေးလုံးက
လြဲ၍ အခြားဟာမထားတက် ။

ထို့ကြောင့် ဂျုံ အင် အလွယ်လေးဝင်ရန် အသင့်ဖြစ်သြား
ခြင်းပင် ။

ကွန် ဒို တိုက်ခန်းဖြစ်သောကြောင့် ဂျုံ အင် ရောက်ချိန်တွင်
လူသူရှင်းပြီး တိတ်ဆိတ်နေ၏ ။

* 1994 *
ဂဏန်းလေးလုံးနှိပ်ပြီးသည်နောက် တန်းပွင့်သြားသော
တံခါး ။ တကယ်ငပျင်းကောင် အို ဆယ် ဟွန်း ပါဘဲ ။

အခန်းအတွင်း ဝင်သြားတော့ ငယ်ငယ်က
အတူရှိခဲ့သည့်အချိန်တုန်းကလို အမှတ်ရစရာ
အငွေ့အသက်နှင့် ရင်းနှီးနေဆဲ ခံစားချက်မ်ား ။

တိတ်ဆိတ်လွန်းသော ငြိမ်သက်ခြင်းကြောင့်
ဖြစ်ပေါ်လာသော မရိုးမရွမှုများအား မြိုချပြီး
အသံမထွက်စေရန် ခြေသံဖွဖွနင်းကာ အိပ်ခန်းထဲ
ဝင်လိုက်သည် ။

လင်းထိန်နေသောမီးရောင်ကြောင့် တံခါးဖွင့်ပြီးမှ
မအိပ်သေးဘူးလားဟူသော စိုးရိမ်စိတ်နှင့် ကုတင်ပေါ်
ချက်ချင်းအကြည့်ရောက်တော့ လက်တော့ဖွင့်ရက်သား
မှောက်ခုံအိပ်ပျော်နေသော အို ဆယ် ဟွန်း ။

ပေါင်လယ်လောက်အထိလိပ်တက်နေသည့်ဘောင်းဘီ
အနက်ရောင် လက်ပြတ်အကျႌနှင့် ပွစိခက်ပြန့်ကြဲလျက်
ရှိသောစာရွက်စာတမ်းမ်ား ။

တစ်နှစ်နီးပါးလွမ်းခဲ့ရသည့်အလွမ်းများသည်
လူကိုတွေ့ရချိန် အရင်ကတွေးခဲ့သမျှအတွေးညစ်ညစ်နှင့်
အကျင့်ယုတ်ချင်စိတ်များမရှိတော့ ။

မျက်နှာအနီးကပ်မြင်ရအောင် ကုတင်ပေါ်တစ်ခြမ်းစောင်း
ဝင်ထိုင်ပြီး နှဖူးပေါ်အုပ်က်နေသည့်ဆံသားမ်ားကို
အသာသပ်တင်ပေးကာ တစ်ချက်ငုံ့နမ်းလိုက်သည် ။

လွမ်းလိုက်ရတာ .. ဆယ် ဟွန်း ရာ ။

မိနစ်အတော်ကြာအောင် မျက်နှာကိုငေးကြည့်ပြီးနောက်
မှောက်ရက်ဖြစ်နေသောကိုယ်လုံးကို ပက်လက်လှန်ပေး
ကာ လက်တော့ကိုပါ ထိုပွင့်ရက်သားအတိုင်း အနားက
စားပြဲပေါ် တင်ထားပေးလိုက်၏ ။

အခုမွ အိပ်ရအဆင်ပြေသွားပုံနှင့် ပိုလို့ပင် အိပ်မော
က်သြားသော ဆယ်ဟွန်း ကိုစောင်ခြုံပေးရန်
ကုတင်ခြေရင်းရောက်မွ သတိရမိလိုက်သည့်မှတ်ဉာဏ်
ကြောင့် ညာခြေချင်းဝတ်ဆီ အကြည့်ရောက်သြား
သည် ။

ဂျုံ အင် နှင့်အတူ
ထိုးခဲ့သည့် တက်တူးက နာမည်တစ်လုံးတည်းပါ ။

အခုတော့မထင်မှတ်စရာကောင်းစြာ ခြေချင်းဝတ်
တစ်ပတ်လုံး ဂျုံ အင့်နာမည်များကိုတန်းကာ
ခြေချင်းသဖွယ် ဆက်ထိုးထားသည် ။

" မင်း ငါ့ ကို သတိရသေးသားဘဲ ။
ခြေထောက်မွာဆိုပေမဲ့လည်း မင်းကိုယ်တိုင်
ထိုးချင်စိတ်နဲ့ထိုးတာမို့ ငါ ပျော်ရမွာပေါ့ ။
လဒကောင် အို ဆယ် ဟွန်း ။ စိတ်ဆိုးဆိုးနဲ့ အိပ်ပျော်
နေတုန်း တက် Rape လုပ်လိုက်ရ "

ပြောချင်ရာပြောပြီး တကယ်တမ်းလုပ်မိတာက
ထိုတက်တူးနေရာကို အမြတ်တနိုး နှုတ်ခမ်းနှင့်
နမ်းမိခြင်းသာ ။

" ငါ မင်း ကို တကယ်ချစ်တာ ဆယ် ဟွန်း "

အိပ်ပျော်နေသည်ဟု ထင်ရသော တစ်စုံတစ်ယောက်
သည် နှုတ်ခမ်းလွှာများ လှုပ်ရှားသည်အထိ ပြုံးယောင်
သန်းလာသည် ။

အိပ်မက်လွလွ မက်နေသည်ဘဲ ထားပါတော့လေ ။


.
.
.

စာလုံးရေ သုံးထောင်နီးပါးဘဲ 😅
အရှည်ကြီးဘဲနော်
ဂျုံ အင့် အချစ်တွေကကြီးတော့ အိုဆယ်ဟွန်းလေး
ပြန်ချစ်မလား ဘယ်သိနိုင်မလဲ 😂
ဒါလားမုန်တိုင်း 😒 တစ်ပိုင်းလောက်လေးဘဲ
ခွဲလိုက်ရတယ် 😑😷

Continue Reading

You'll Also Like

45.6K 6.6K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
33.7K 3.2K 25
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
157K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
3.1K 150 7
On the run in the year 1987, Bumblebee the Autobot seeks refuge in a junkyard in a small California beach town. Charlie and Y/N, on the brink of turn...