Unicode Version
ငေးကြည့်နေတုန်းမှာပဲ ခပ်လှုပ်လှုပ်ဖြစ်လာတဲ့ မျက်ခွံမို့မို့လေး....
တဖြည်းဖြည်းပွင့်လာတဲ့ မျက်ဝန်းလေးတွေက တိုက်ရိုက်ကျရောက်နေတဲ့ နေရောင်ကြောင့် မျက်လုံးလေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးမှ ပြည့်ပြည့်ဝဝပွင့်လာနိုင်လေရဲ့...မျက်မှောင်ကိုတော့ အနည်းငယ်ကြုံ့ထားဆဲ။
KIRAလည်း မြူရှင်းအနားကို လျှောက်လာပြီး ခေါင်းလုံးလုံးလေးကို လက်တစ်ဖက်နဲ့ဖွလိုက်ကာ
"မုန်ညင်းထုပ်လေးလို့မခေါ်ပဲ မြောင်မြူရှင်းလို့ ခေါ်ရတော့မယ်ထင်တယ်နော်"
"ဘာကြီး!!
မြောင်?ကြောင်လား"
"အင်း...ကြောင်လေးတွေလည်း နေပူဆာလှုံရတာကိုကြိုက်တယ်လေ"
"ဖြစ်နိုင်ပါတယ်။ဒါပေမယ့် သေချာတာတစ်ခုကတော့ ငါသာကြောင်ဆိုရင် ကြောင်မျိုးစိတ်ထဲမှာ အချောဆုံးပဲ"
KIRA - ............. (ဆွံ့အ)
ရုတ်တရက်ကြီးပြန်မပြောနိုင်ပဲ တိတ်ဆိတ်သွားတဲ့ Kiraကိုကြည့်ပြီး မြူရှင်းလက်ညှိုးထိုးကာဖြင့် မျက်လုံးလေးတွေမှိတ်ကျတဲ့အထိ ရယ်မောပါတော့၏။
KIRAကိုနောက်ပြောင်လိုက်နိုင်တာကြောင့် တခစ်ခစ်ရယ်မောမိနေတုန်း မျက်ခွံလေးတွေပေါ်ကို လာဖိတဲ့ လက်ချောင်းတွေရဲ့အထိအတွေ့ကြောင့် မြူရှင်းမျက်လုံးဖွင့်ကြည့်မိသည်။
ဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက Kiraရဲ့ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံ။ရှည်လျားတဲ့လက်ချောင်းသွယ်သွယ်က မိမိရဲ့ မျက်လုံးကိုလာထိခဲ့ပုံရသည်။သူ့ရဲ့အကြည့်တွေက မြူရှင်းဆီမှာပဲရှိနေပြီး အကြည့်လွှဲဖို့ရာ စိတ်ကူးမရှိပုံရသည်။
*KIRAက ဘာလို့အဲ့လိုမျိုးငေးကြည့်နေရတာလဲ
"သဘောကျတယ်"
"ဟမ်!"
"ရယ်လိုက်ရင် မျက်လုံးလေးတွေမှိတ်သွားတာကိုသဘောကျတယ်။ဒါပေမယ့် ပိတ်သွားတဲ့ အညိုရောင်မျက်လုံးလေးကို ပိုပြီးသဘောကျတယ်ထင်တယ်။"
ဒီတစ်ကြိမ်ဆွံ့အသွားရတာက မြူရှင်း...
မျက်လုံးတွေပါ ဝိုင်းစက်ပြီး နှုတ်ခမ်းလေးတွေပါ ပွင့်ဟလာရတဲ့အထိကို အံ့အားသင့်သွားပုံလေးကိုလည်း သဘောကျရာတစ်ခုအဖြစ် Kiraသတ်မှတ်တော့မယ်ထင်ရဲ့။
"ကိုယ့်ကိုပြကြည့်"
ပြောရင်းနဲ့ပဲ ကိုယ်ကိုကိုင်းညွှတ်ကာ မျက်နှာနားထိတိုးကပ်လာတဲ့ KIRAကြောင့် မြူရှင်းအသက်ရှူတာကိုတောင် ရပ်တန့်ထားမိလိုက်၏။မိမိရဲ့မျက်လုံးထဲကို သေချာစူးစမ်းကြည့်နေတဲ့ KIRAကိုတွန်းဖယ်တော့
"ကိုယ်သေချာကြည့်ပါရစေဦး"
"ဘာ-ဘာကြီးလဲ။မျက်လုံးထဲမှာ ဘာရှိနေတာမို့လဲ"
ထိုအခါမြုရှင်းရဲ့မျက်ဆံရှိရာကို လက်ညှိုးညွှန်ရင်း
"ဒီမျက်လုံးညိုညိုတွေ.....
ဒါကအစစ်လား"
"ဘာ!
သေချာပေါက်အစစ်ပေါ့ကွ"
"မုန်ညင်းထုပ်လေး....ကိုယ်ပြောပြမယ် သေချာနားထောင်။ဒီလိုမျက်လုံးညိုတွေက မင်းရဲ့မေမေဆီမှာလည်းမရှိသလို မင်းဖေဖေဆီမှာလည်းရှိမနေဘူး။မင်းပဲထူးခြားပြီး လာညိုနေပုံထောက်ရင် ဒါက သေချာပေါက် မင်းကိုမင်းမိဘတွေကောက်ရတာပဲဖြစ်လိမ့်မယ်။မြို့ပြင်ကမြစ်ရေကြီးတုန်းက အိုးလေးနဲ့မျောပါလာတာပဲဖြစ်ဖြစ် အမှိုက်သွားပစ်ရင်း အမှိုက်ပုံပေါ်ကနေကောက်လာ...."
"တော်စမ်း!!!!!!"
မျက်လုံးအစုံကိုမှိတ်ပြီး အံကြိတ်ကာအော်လိုက်တော့ ကိုယ့်အသံကိုယ်တောင် မြူရှင်းပြန်လန့်သွားရသည်။ငယ်ငယ်က မြူရှင်းတစ်ဦးတည်းကွဲထွက်နေတဲ့ မျက်ဆံညိုတွေကိုမြင်တိုင်း လူကြီးတွေက Kiraလိုမျိုး စနောက်ကြတဲ့အခါ ကိုယ့်မှာအတည်ထင်ပြီး အခန်းလေးထဲ မီးမှိတ်ပြီး ကြိတ်ကြိတ်ငိုခဲ့ရသေးတာလေ။
PTSD ရှိနေသလိုမျိုး မွေးစားတယ်ဆိုတဲ့အသံကို မကြားချင်လောက်အောင်ထိကို မြူရှင်းသောက်မြင်ကတ်နေတာဖြစ်သည်။
(PTSD-Posttraumatic Stress Disorder
ကိုယ့်အတွက်စိတ်ထိခိုက်စရာဖြစ်စေတဲ့ အဖြစ်အပျက်တစ်ခုခုကို ပြန်ကြုံရတာပဲဖြစ်ဖြစ်၊ပြန်ကြားရတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အသိစိတ်လွတ်သွားတာတို့၊စိတ်မတည်မငြိမ်ဖြစ်သွားတာမျိုး ဖြစ်တတ်တဲ့ လက္ခဏာမျိုးပါ)
ဒါကို ပြန်အစဖော်တဲ့ ဒီမကောင်းတဲ့ကောင်ကိုလည်း သောက်မြင်ကတ်လွန်းလို့ သေတော့မှာပဲ။
လက်သီးလေးတွေကို တင်းတင်းဆုပ်ရင်း Kiraကို မကြည်ကြည့်ကြည့်ကာ အခန်းပြင်ထွက်ပြီး စာဖတ်ခန်းထဲရောက်သွားတာကြောင့်
"ဟာ...မြောင်မြောင်"
နောက်ကနေအမှီလိုက်၍ လက်တစ်ဖက်ကိုဆွဲကာ သူ့ဘက်ကိုဆွဲလှည့်ပြီး
"ကိုယ်ကစတာကိုကွာ။ကလေးလေးလည်းမဟူတ်ဘူး"
"........"
အခုထိ စကားပြန်မပြောတဲ့ သူကိုကြည့်ပြီး Kiraပူပန်လာရသည်။သူစတာလွန်သွားတာလား။မဖြစ်နိုင်တာ...ဒါကသမာရိုးကျကလေးပေါက်စလေးတွေကို စတဲ့ပုံစံပဲလေ။
"ဟမ် မြူရှင်း။ကိုယ့်ကိုပြော...ကိုယ်ပြောတဲ့ထဲ မှားတာပါသွားလို့လား။ကျစ်!တကယ်လို့ ပါသွားခဲ့ရင်လည်း ကိုယ်ကမရည်ရွယ်တာမို့ စိတ်မဆိုးနဲ့တော့ကွာ ဟုတ်ပြီလား နော်"
ချော့မြူနေတဲ့ ကြည်ကြည်လင်လင်အသံကြောင့် မြူရှင်းစိတ်တို့ပြန်ကြည်လာသော်လည်း Kiraကိုဆက်ပြီး စိတ်ဒုက္ခပေးကာ စနောက်ချင်သေးတာကြောင့် အပြစ်လုပ်ထားတဲ့သူကို မျက်နှာသေနဲ့ကြည့်ကာ ဆွဲထားတဲ့လက်ကိုရုန်းပြီး စာအုပ်တွေစီတန်းတင်ထားတဲ့ဆီကိုသာ ခြေလှမ်းတွေ ဦးတည်လိုက်သည်။
ဘာရယ်မဟုတ်ပဲ စိတ်မပါလက်မပါနဲ့ မျက်လုံးရှေ့က စာအုပ်တွေကို လက်ညှိုးထိပ်ကလေးနဲ့ တောက်လျှောက်ဟိုဆွဲဒီဆွဲလုပ်နေရင်း နောက်ကျောဘက်ဆီကနေ အသံမကြားရတော့တာမို့ ပြန်သွားတာလားဆိုပြီး ခေါင်းကိုအသာလှည့်ကြည့်မိတော့...
ကျောင်းဝတ်စုံက Necktieကိုဖြည်လျှော့ပြီး ကြယ်သီးနှစ်လုံးခန့်ဖြုတ်ထားတာကြောင့် မြင်နေရတဲ့ ရင်ဘတ်ဖြူဖြူ။
လန့်သွားတာကြောင့် အသက်ပင်အောင့်မိသလိုဖြစ်သွားပြီး
"အွတ်"
ရုတ်တရက်ကျို့ထိုးလာ၍ လက်တစ်ဖက်နဲ့ပါးစပ်ကို အမြန်အုပ်လိုက်ပေမယ့်
"အွတ်!
အွတ်!"
တစ်စက္ကန့်ခြားတစ်ခါ ထိုးလာတဲ့ကျို့ကြောင့် ရင်ဘတ်တွေတောင် အောင့်လာသလိုပင်။လက်ကလေးတစ်ဖက်ကိုဆုပ်ပြီး ရင်ဘတ်ကို တဘုတ်ဘုတ်ထုပေမယ့်လည်း မသက်သာတာကြောင့် Gym roomကိုသွားပြီး ရေသွားယူဖို့အတွေးနဲ့ နေရာကနေရွေ့ဖို့လုပ်တော့ ရုတ်ချည်းဆိုသလို လက်နှစ်ဖက်ကို ဆွဲယူပြီး စာအုပ်စင်ပေါ်ကပ်ပြီးနောက် ဖိချုပ်ခံလိုက်ရသည်။
"စိတ်မရှည်တော့ဘူး..."
"အွတ်"
"စိတ်ဆိုးသွားတာကိုသိတယ်။ကိုယ်ကမှားတာမို့ ပြန်တောင်းပန်နေတာကို အဖတ်မလုပ်တာက ဘာသဘောလဲ"
"အွတ်"
"မြူရှင်းကိုကို မင်းငါမေးတာကိုဖြေ!"
"အွတ်"
"ကျို့ပဲထိုးနေတော့မှာလား"
ပြောရင်းနဲ့ပဲ မြူရှင်းရဲ့ နှုတ်ခမ်းရှိရာကို ရောက်လာတဲ့ KIRAရဲ့အကြည့်တွေ...ရုတ်တရက်ကြီး ခေါင်းငုံ့ပြီး မျက်နှာနားကပ်လာတာကြောင့် မြူရှင်းလည်း လန့်ပြီး ကျို့ထိုးနေတာပါ ရပ်သွားသည်။
အနီးကပ်မြင်နေရတဲ့ နှုတ်ခမ်းပါးတစ်စုံက ကွေးညွှတ်နေလျှက်။မျက်ဝန်းတစ်စုံကိုမော့ကြည့်တော့ မိမိကိုငုံ့ကြည့်နေရင်းပင် ပြုံးယောင်သန်းနေ၏။
"ရပ်သွားပြီ"
"အမ်!ဘာ..."
"ကျို့ထိုးနေတာရပ်သွားပြီ။
ကျို့ထိုးတာက လန့်ရင်ရပ်တယ်လို့ ကြားဖူးတာ တကယ်ကြီးမှန်နေတာပဲ။ဘာလဲ အခုလန့်သွားတာလား။ဘာလို့လဲ"
"ဘာ-ဘာပြောတာ။ဘာကိုလန့်ရမှာလဲငါက။
အဟမ်း...နည်း-နည်းနည်းလေးပဲ လန့်တာ
မင်း!!မင်းကရောဘာလို့အဲ့လောက်အနီးကပ်ကြီး မပြောမဆိုနဲ့ကပ်လာရတာလဲ။မင်းဆိုရင်ကော မလန့်ပဲနေမလား ပြော!!"
"လူကလူကိုမြင်လိုက်တာလေ။လန့်စရာလား။ပြီးတော့ ကိုယ်သာ ကိုယ့်လိုချောတဲ့သူရဲ့မျက်နှာကို အနီးကပ်မြင်လိုက်ရမယ်ဆို လန့်ရမယ့်အစား ရင်တွေခုန်သွားမယ်ထင်တယ်"
အခုချိန်မှာ မြူရှင်းခေါင်းထဲရှိနေတဲ့ တစ်ခုတည်းသောအတွေးက
လွန်ခဲ့တဲ့လေးလလောက်ကိုပြန်သွား...Kiraကိုတည်ငြိမ်တယ်လို့တွေးခဲ့တဲ့ မိမိပါးကို နှစ်ဆယ့်ရှစ်ချက်လောက် ပိတ်ပိတ်ရိုက်နေခြင်းပဲ ဖြစ်လေတော့သည်...
///////////////////////////////////////
Miami,United States
တိတ်ဆိတ်နေတဲ့ အခန်းတွင်းမှာ ဖွင့်ထားတဲ့Classic တေးဂီတသံက ငြိမ့်ငြိမ့်ညောင်းညောင်းလွင့်မြောနေ၏။အတော်အတန်ကျယ်ဝန်းသော ဧည့်ခန်းထဲတွင် လှုပ်ရှားမှုအရိပ်အယောင် တစ်စုံတစ်ရာမတွေ့ရ။ထို့အတူ Dinning roomထဲတွင်လည်း ဆိတ်ငြိမ်မှုတို့အတိ။
ဤအခန်းထဲတွင်လှုပ်ရှားမှုတို့ဖန်တီးပေးနိုင်တဲ့ တစ်ဦးတည်းသော အမျိုးသားကတော့ အိပ်ခန်းထဲမှာပဲ တကုပ်ကုပ်အလုပ်ရှုပ်နေလေရဲ့။
အညိုရောင်သားရေဖြင့်ချုပ်လုပ်ထားတဲ့ Luggageကို မွေ့ယာပေါ်တင်ကာဖွင့်လိုက်ပြီး အဝတ်ဗီရိုထဲမှာရှိနေတဲ့ အရာတွေအားလုံးကို Luggageဘေးမှာအရင်ချထားပြီးမှ တစ်ခုချင်းစီကိုသပ်သပ်ရပ်ရပ် ခေါက်ထည့်လိုက်သည်။
ဖိနပ်စင်မှာရှိနေတဲ့ ဖိနပ်အမျိုးအစားပေါင်းစုံကိုတွေ့လိုက်ရတော့ ခေါင်းတွေပါကိုက်သွားရသလိုမျိုးနဲ့ မျက်ခုံးတန်းနှစ်ခုကြားကို လက်ညှိုးနဲ့လက်မသုံးပြီးညှပ်ကာ ကျစ်ခနဲစုတ်သပ်လိုက်မိသည်။
*သတိမထားမိတဲ့အတောအတွင်းမှာ အများကြီးဖြစ်နေပြီပဲ။ဒါတွေကို ဘယ်လိုပြန်ယူရမလဲကွာ
ဖိနပ်အချစ်တော်ကြီးဖြစ်ပုံရသည်။ဖိနပ်စင်ပေါ်မှာရှိနေတဲ့ အရာတွေကို ကိုယ့်သားသမီးတွေလို တမြတ်တနိုးငေးကြည့်ရင်း သံယောဇဥ်မဖြတ်နိုင်ဟန်ဖြင့် နောက်ထပ်Luggageတစ်လုံးထုတ်ကာဖြင့်သာ ထုပ်ပိုးရတော့သည်။
*ဖေနဲ့လိုက်ခဲ့ကြပေါ့။ဟိုကိုရောက်ရင် ဖေကြီးနဲ့အတူ နေရာအနှံ့လျှောက်သွားကြမယ်နော်
ထို့နောက် စိတ်ချသွားဟန်ဖြင့် ဖိနပ်တွေထည့်ထားတဲ့ luggageကို လက်တစ်ဖက်နဲ့ညင်သာစွာပုတ်ရင်း ပြုံးလိုက်တော့ ညာဘက်ပါးပေါ်က ပါးချိုင့်တစ်ဖက်က ထင်းခနဲ။
အခန်းတွင်း ဘာယူစရာကျန်နေခဲ့မလဲဆိုတဲ့အတွေးနဲ့ မျက်လုံးကိုဝေ့ကြည့်တော့ အိပ်ယာဘေးကမီးအိမ်တင်ထားသောစားပွဲပေါ်မှာတည်ရှိနေတဲ့ photo standလေးတစ်ခု...
Photo standထဲမှာထည့်ထားတဲ့ ဓာတ်ပုံလေးထဲမှာတော့ 9နှစ်အရွယ် ကောင်လေးနှစ်ယောက်ကပြုံးရယ်နေ၏။ပိုပြီးဖြူဖွေးတဲ့အသားအရည်ပိုင်ရှင်လေးက ကင်မရာရှိရာကိုကြည့်ပြီး မျက်လုံးလေးတွေမှိတ်အောင် ရယ်နေပေမယ့် ထိုကောင်လေးရဲ့ပုခုံးပေါ် လက်တင်ထားတဲ့ကောင်ငယ်လေးကတော့ သူ့ကိုပဲ ကြည့်နေလေရဲ့။
မြင်နိုင်မယ်ဆိုရင်တော့ ကောင်ငယ်လေးရဲ့ မျက်ဝန်းအိမ်ထဲမှာ နူးညံ့ခြင်းအပြည့်နဲ့ပေါ့....
ဓာတ်ပုံလေးထဲက ပုံရိပ်လေးတွေကို အသာတို့ထိလိုက်ပြီး
"အဆိုးလေး...မျက်လုံးညိုညိုကို ကိုယ်သဘောကျတာသိရက်နဲ့ ကိုယ်မမြင်နိုင်အောင် မှိတ်ထားနေသလိုပဲ...ဒီတစ်ခါတော့ မင်းရဲ့မျက်ဝန်းညိုတွေကို အနီးကပ်ကြည့်ရဖို့ အချိန်တွေက သိပ်မလိုတော့ဘူး နော် ဟုတ်ပြီလား။
စောင့်နေစေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ကိုယ်ကအကြာကြီးပစ်ထားမိပြီး အပြစ်လုပ်ခဲ့တာမို့ အများကြီးပြန်ပြီး ပေးဆပ်ပါ့မယ်"
ထိုစဥ် ဓာတ်ပုံပေါ်က မှန်ချပ်လေးပေါ်ကိုတော့ အကြည်ရောင်ရေစက်လေးတစ်စက် ကျရောက်လာလေရဲ့။တစ်ချိန်တည်းမှာပဲ တိုးငြင်းတဲ့ စကားသံခပ်တိုးတိုး....
"လွမ်းတယ်..."
ဝေဝေဝါးဝါးဖြစ်နေတဲ့မြင်ကွင်းကို ဖယ်ရှားဖို့ မျက်လုံးထဲမှာ ရစ်ဝဲနေတဲ့မျကိရည်တွေကို သုတ်ပစ်ကာ ကုတင်ဘေးမှာထောင်ထားတဲ့ Guitarကိုယူပြီး ရင်မှာနေရာတကျထားကာ သံစဥ်တစ်ခုကို ငြီးဆိုသည်။
ကိုယ်ဟိုးအဝေးမှာနေတဲ့အခါ
မျက်ဝန်းအိမ်ထဲမင်းပဲမြင်...
ပြန်ဆုံနိုင်မယ့်...နေ့ရက်လေးတွေမရောက်သေးခင်...
ဤမှန်ကန်သော ကိုယ့်ရဲ့သစ္စာတွေကြောင့် ဆုတောင်းပြည့်ခဲ့ရင်...
အချစ်ဆုံးသာ ကိုယ့်အနားရှိစေချင်....
Zawgyi vsrsion
ေငးၾကည့္ေနတုန္းမွာပဲ ခပ္လႈပ္လႈပ္ျဖစ္လာတဲ့ မ်က္ခြံမို႔မို႔ေလး....
တျဖည္းျဖည္းပြင့္လာတဲ့ မ်က္ဝန္းေလးေတြက တိုက္ရိုက္က်ေရာက္ေနတဲ့ ေနေရာင္ေၾကာင့္ မ်က္လံုးေလးကို ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီးမွ ျပည့္ျပည့္ဝဝပြင့္လာႏိုင္ေလရဲ့...မ်က္ေမွာင္ကိုေတာ့ အနည္းငယ္ႀကံဳ႔ထားဆဲ။
KIRAလည္း ျမဴရွင္းအနားကို ေလ်ွာက္လာၿပီး ေခါင္းလံုးလံုးေလးကို လက္တစ္ဖက္နဲ႔ဖြလိုက္ကာ
"မုန္ညင္းထုပ္ေလးလို႔မေခၚပဲ ေျမာင္ျမဴရွင္းလို႔ ေခၚရေတာ့မယ္ထင္တယ္ေနာ္"
"ဘာႀကီး!!
ေျမာင္?ေၾကာင္လား"
"အင္း...ေၾကာင္ေလးေတြလည္း ေနပူဆာလႈံရတာကိုႀကိဳက္တယ္ေလ"
"ျဖစ္ႏိုင္ပါတယ္။ဒါေပမယ့္ ေသခ်ာတာတစ္ခုကေတာ့ ငါသာေၾကာင္ဆိုရင္ ေၾကာင္မ်ိဳးစိတ္ထဲမွာ အေခ်ာဆံုးပဲ"
KIRA - ............. (ဆြံ႔အ)
ရုတ္တရက္ႀကီးျပန္မေျပာႏိုင္ပဲ တိတ္ဆိတ္သြားတဲ့ Kiraကိုၾကည့္ၿပီး ျမဴရွင္းလက္ၫွိုးထိုးကာျဖင့္ မ်က္လံုးေလးေတြမိွတ္က်တဲ့အထိ ရယ္ေမာပါေတာ့၏။
KIRAကိုေနာက္ေျပာင္လိုက္ႏိုင္တာေၾကာင့္ တခစ္ခစ္ရယ္ေမာမိေနတုန္း မ်က္ခြံေလးေတြေပၚကို လာဖိတဲ့ လက္ေခ်ာင္းေတြရဲ့အထိအေတြ့ေၾကာင့္ ျမဴရွင္းမ်က္လံုးဖြင့္ၾကည့္မိသည္။
ဖြင့္ဖြင့္ခ်င္းျမင္လိုက္ရတာက Kiraရဲ့ၿပံဳးေနတဲ့ ႏႈတ္ခမ္းတစ္စံု။ရွည္လ်ားတဲ့လက္ေခ်ာင္းသြယ္သြယ္က မိမိရဲ့ မ်က္လံုးကိုလာထိခဲ့ပံုရသည္။သူ႔ရဲ့အၾကည့္ေတြက ျမဴရွင္းဆီမွာပဲရိွေနၿပီး အၾကည့္လႊဲဖို႔ရာ စိတ္ကူးမရိွပံုရသည္။
*KIRAက ဘာလို႔အဲ့လိုမ်ိဳးေငးၾကည့္ေနရတာလဲ
"သေဘာက်တယ္"
"ဟမ္!"
"ရယ္လိုက္ရင္ မ်က္လံုးေလးေတြမိွတ္သြားတာကိုသေဘာက်တယ္။ဒါေပမယ့္ ပိတ္သြားတဲ့ အညိုေရာင္မ်က္လံုးေလးကို ပိုၿပီးသေဘာက်တယ္ထင္တယ္။"
ဒီတစ္ႀကိမ္ဆြံ႔အသြားရတာက ျမဴရွင္း...
မ်က္လံုးေတြပါ ဝိုင္းစက္ၿပီး ႏႈတ္ခမ္းေလးေတြပါ ပြင့္ဟလာရတဲ့အထိကို အံ့အားသင့္သြားပံုေလးကိုလည္း သေဘာက်ရာတစ္ခုအျဖစ္ Kiraသတ္မွတ္ေတာ့မယ္ထင္ရဲ့။
"ကိုယ့္ကိုျပၾကည့္"
ေျပာရင္းနဲ႔ပဲ ကိုယ္ကိုကိုင္းၫႊတ္ကာ မ်က္ႏွာနားထိတိုးကပ္လာတဲ့ KIRAေၾကာင့္ ျမဴရွင္းအသက္ရႉတာကိုေတာင္ ရပ္တန္႔ထားမိလိုက္၏။မိမိရဲ့မ်က္လံုးထဲကို ေသခ်ာစူးစမ္းၾကည့္ေနတဲ့ KIRAကိုတြန္းဖယ္ေတာ့
"ကိုယ္ေသခ်ာၾကည့္ပါရေစၪီး"
"ဘာ-ဘာႀကီးလဲ။မ်က္လံုးထဲမွာ ဘာရိွေနတာမို႔လဲ"
ထိုအခါျမဳရွင္းရဲ့မ်က္ဆံရိွရာကို လက္ၫွိုးၫႊန္ရင္း
"ဒီမ်က္လံုးညိုညိုေတြ.....
ဒါကအစစ္လား"
"ဘာ!
ေသခ်ာေပါက္အစစ္ေပါ့ကြ"
"မုန္ညင္းထုပ္ေလး....ကိုယ္ေျပာျပမယ္ ေသခ်ာနားေထာင္။ဒီလိုမ်က္လံုးညိုေတြက မင္းရဲ့ေမေမဆီမွာလည္းမရိွသလို မင္းေဖေဖဆီမွာလည္းရိွမေနဘူး။မင္းပဲထူးျခားၿပီး လာညိုေနပံုေထာက္ရင္ ဒါက ေသခ်ာေပါက္ မင္းကိုမင္းမိဘေတြေကာက္ရတာပဲျဖစ္လိမ့္မယ္။ၿမိဳ႔ျပင္ကျမစ္ေရႀကီးတုန္းက အိုးေလးနဲ႔ေမ်ာပါလာတာပဲျဖစ္ျဖစ္ အမိႈက္သြားပစ္ရင္း အမိႈက္ပံုေပၚကေနေကာက္လာ...."
"ေတာ္စမ္း!!!!!!"
မ်က္လံုးအစံုကိုမိွတ္ၿပီး အံႀကိတ္ကာေအာ္လိုက္ေတာ့ ကိုယ့္အသံကိုယ္ေတာင္ ျမဴရွင္းျပန္လန္႔သြားရသည္။ငယ္ငယ္က ျမဴရွင္းတစ္ၪီးတည္းကြဲထြက္ေနတဲ့ မ်က္ဆံညိုေတြကိုျမင္တိုင္း လူႀကီးေတြက Kiraလိုမ်ိဳး စေနာက္ၾကတဲ့အခါ ကိုယ့္မွာအတည္ထင္ၿပီး အခန္းေလးထဲ မီးမိွတ္ၿပီး ႀကိတ္ႀကိတ္ငိုခဲ့ရေသးတာေလ။
PTSD ရိွေနသလိုမ်ိဳး ေမြးစားတယ္ဆိုတဲ့အသံကို မၾကားခ်င္ေလာက္ေအာင္ထိကို ျမဴရွင္းေသာက္ျမင္ကတ္ေနတာျဖစ္သည္။
(PTSD-Posttraumatic Stress Disorder
ကိုယ့္အတြက္စိတ္ထိခိုက္စရာျဖစ္ေစတဲ့ အျဖစ္အပ်က္တစ္ခုခုကို ျပန္ႀကံဳရတာပဲျဖစ္ျဖစ္၊ျပန္ၾကားရတဲ့အခါမ်ိဳးမွာပဲျဖစ္ျဖစ္ အသိစိတ္လြတ္သြားတာတို႔၊စိတ္မတည္မၿငိမ္ျဖစ္သြားတာမ်ိဳး ျဖစ္တတ္တဲ့ လကၡဏာမ်ိဳးပါ)
ဒါကို ျပန္အစေဖာ္တဲ့ ဒီမေကာင္းတဲ့ေကာင္ကိုလည္း ေသာက္ျမင္ကတ္လြန္းလို႔ ေသေတာ့မွာပဲ။
လက္သီးေလးေတြကို တင္းတင္းဆုပ္ရင္း Kiraကို မၾကည္ၾကည့္ၾကည့္ကာ အခန္းျပင္ထြက္ၿပီး စာဖတ္ခန္းထဲေရာက္သြားတာေၾကာင့္
"ဟာ...ေျမာင္ေျမာင္"
ေနာက္ကေနအမွီလိုက္၍ လက္တစ္ဖက္ကိုဆြဲကာ သူ႔ဘက္ကိုဆြဲလွည့္ၿပီး
"ကိုယ္ကစတာကိုကြာ။ကေလးေလးလည္းမဟူတ္ဘူး"
"........"
အခုထိ စကားျပန္မေျပာတဲ့ သူကိုၾကည့္ၿပီး Kiraပူပန္လာရသည္။သူစတာလြန္သြားတာလား။မျဖစ္ႏိုင္တာ...ဒါကသမာရိုးက်ကေလးေပါက္စေလးေတြကို စတဲ့ပံုစံပဲေလ။
"ဟမ္ ျမဴရွင္း။ကိုယ့္ကိုေျပာ...ကိုယ္ေျပာတဲ့ထဲ မွားတာပါသြားလို႔လား။က်စ္!တကယ္လို႔ ပါသြားခဲ့ရင္လည္း ကိုယ္ကမရည္ရြယ္တာမို႔ စိတ္မဆိုးနဲ႔ေတာ့ကြာ ဟုတ္ၿပီလား ေနာ္"
ေခ်ာ့ျမဴေနတဲ့ ၾကည္ၾကည္လင္လင္အသံေၾကာင့္ ျမဴရွင္းစိတ္တို႔ျပန္ၾကည္လာေသာ္လည္း Kiraကိုဆက္ၿပီး စိတ္ဒုကၡေပးကာ စေနာက္ခ်င္ေသးတာေၾကာင့္ အျပစ္လုပ္ထားတဲ့သူကို မ်က္ႏွာေသနဲ႔ၾကည့္ကာ ဆြဲထားတဲ့လက္ကိုရုန္းၿပီး စာအုပ္ေတြစီတန္းတင္ထားတဲ့ဆီကိုသာ ေျခလွမ္းေတြ ၪီးတည္လိုက္သည္။
ဘာရယ္မဟုတ္ပဲ စိတ္မပါလက္မပါနဲ႔ မ်က္လံုးေရ႔ွက စာအုပ္ေတြကို လက္ၫွိုးထိပ္ကေလးနဲ႔ ေတာက္ေလ်ွာက္ဟိုဆြဲဒီဆြဲလုပ္ေနရင္း ေနာက္ေက်ာဘက္ဆီကေန အသံမၾကားရေတာ့တာမို႔ ျပန္သြားတာလားဆိုၿပီး ေခါင္းကိုအသာလွည့္ၾကည့္မိေတာ့...
ေက်ာင္းဝတ္စံုက Necktieကိုျဖည္ေလ်ွာ့ၿပီး ၾကယ္သီးႏွစ္လံုးခန္႔ျဖဳတ္ထားတာေၾကာင့္ ျမင္ေနရတဲ့ ရင္ဘတ္ျဖဴျဖဴ။
လန္႔သြားတာေၾကာင့္ အသက္ပင္ေအာင့္မိသလိုျဖစ္သြားၿပီး
"အြတ္"
ရုတ္တရက္က်ိဳ႕ထိုးလာ၍ လက္တစ္ဖက္နဲ႔ပါးစပ္ကို အျမန္အုပ္လိုက္ေပမယ့္
"အြတ္!
အြတ္!"
တစ္စကၠန္႔ျခားတစ္ခါ ထိုးလာတဲ့က်ိဳ႕ေၾကာင့္ ရင္ဘတ္ေတြေတာင္ ေအာင့္လာသလိုပင္။လက္ကေလးတစ္ဖက္ကိုဆုပ္ၿပီး ရင္ဘတ္ကို တဘုတ္ဘုတ္ထုေပမယ့္လည္း မသက္သာတာေၾကာင့္ Gym roomကိုသြားၿပီး ေရသြားယူဖို႔အေတြးနဲ႔ ေနရာကေနေရြ့ဖို႔လုပ္ေတာ့ ရုတ္ခ်ည္းဆိုသလို လက္ႏွစ္ဖက္ကို ဆြဲယူၿပီး စာအုပ္စင္ေပၚကပ္ၿပီးေနာက္ ဖိခ်ဳပ္ခံလိုက္ရသည္။
"စိတ္မရွည္ေတာ့ဘူး..."
"အြတ္"
"စိတ္ဆိုးသြားတာကိုသိတယ္။ကိုယ္ကမွားတာမို႔ ျပန္ေတာင္းပန္ေနတာကို အဖတ္မလုပ္တာက ဘာသေဘာလဲ"
"အြတ္"
"ျမဴရွင္းကိုကို မင္းငါေမးတာကိုေျဖ!"
"အြတ္"
"က်ိဳ႕ပဲထိုးေနေတာ့မွာလား"
ေျပာရင္းနဲ႔ပဲ ျမဴရွင္းရဲ့ ႏႈတ္ခမ္းရိွရာကို ေရာက္လာတဲ့ KIRAရဲ့အၾကည့္ေတြ...ရုတ္တရက္ႀကီး ေခါင္းငံု႔ၿပီး မ်က္ႏွာနားကပ္လာတာေၾကာင့္ ျမဴရွင္းလည္း လန္႔ၿပီး က်ိဳ႕ထိုးေနတာပါ ရပ္သြားသည္။
အနီးကပ္ျမင္ေနရတဲ့ ႏႈတ္ခမ္းပါးတစ္စံုက ေကြးၫႊတ္ေနလ်ွက္။မ်က္ဝန္းတစ္စံုကိုေမာ့ၾကည့္ေတာ့ မိမိကိုငံု႔ၾကည့္ေနရင္းပင္ ၿပံဳးေယာင္သန္းေန၏။
"ရပ္သြားၿပီ"
"အမ္!ဘာ..."
"က်ိဳ႕ထိုးေနတာရပ္သြားၿပီ။
က်ိဳ႕ထိုးတာက လန္႔ရင္ရပ္တယ္လို႔ ၾကားဖူးတာ တကယ္ႀကီးမွန္ေနတာပဲ။ဘာလဲ အခုလန္႔သြားတာလား။ဘာလို႔လဲ"
"ဘာ-ဘာေျပာတာ။ဘာကိုလန္႔ရမွာလဲငါက။
အဟမ္း...နည္း-နည္းနည္းေလးပဲ လန္႔တာ
မင္း!!မင္းကေရာဘာလို႔အဲ့ေလာက္အနီးကပ္ႀကီး မေျပာမဆိုနဲ႔ကပ္လာရတာလဲ။မင္းဆိုရင္ေကာ မလန္႔ပဲေနမလား ေျပာ!!"
"လူကလူကိုျမင္လိုက္တာေလ။လန္႔စရာလား။ၿပီးေတာ့ ကိုယ္သာ ကိုယ့္လိုေခ်ာတဲ့သူရဲ့မ်က္ႏွာကို အနီးကပ္ျမင္လိုက္ရမယ္ဆို လန္႔ရမယ့္အစား ရင္ေတြခုန္သြားမယ္ထင္တယ္"
အခုခ်ိန္မွာ ျမဴရွင္းေခါင္းထဲရိွေနတဲ့ တစ္ခုတည္းေသာအေတြးက
လြန္ခဲ့တဲ့ေလးလေလာက္ကိုျပန္သြား...Kiraကိုတည္ၿငိမ္တယ္လို႔ေတြးခဲ့တဲ့ မိမိပါးကို ႏွစ္ဆယ့္ရွစ္ခ်က္ေလာက္ ပိတ္ပိတ္ရိုက္ေနျခင္းပဲ ျဖစ္ေလေတာ့သည္...
///////////////////////////////////////
Miami,United States
တိတ္ဆိတ္ေနတဲ့ အခန္းတြင္းမွာ ဖြင့္ထားတဲ့Classic ေတးဂီတသံက ၿငိမ့္ၿငိမ့္ေညာင္းေညာင္းလြင့္ေျမာေန၏။အေတာ္အတန္က်ယ္ဝန္းေသာ ဧည့္ခန္းထဲတြင္ လႈပ္ရွားမႈအရိပ္အေယာင္ တစ္စံုတစ္ရာမေတြ့ရ။ထို႔အတူ Dinning roomထဲတြင္လည္း ဆိတ္ၿငိမ္မႈတို႔အတိ။
ဤအခန္းထဲတြင္လႈပ္ရွားမႈတို႔ဖန္တီးေပးႏိုင္တဲ့ တစ္ၪီးတည္းေသာ အမ်ိဳးသားကေတာ့ အိပ္ခန္းထဲမွာပဲ တကုပ္ကုပ္အလုပ္ရႈပ္ေနေလရဲ့။
အညိုေရာင္သားေရျဖင့္ခ်ဳပ္လုပ္ထားတဲ့ Luggageကို ေမြ့ယာေပၚတင္ကာဖြင့္လိုက္ၿပီး အဝတ္ဗီရိုထဲမွာရိွေနတဲ့ အရာေတြအားလံုးကို Luggageေဘးမွာအရင္ခ်ထားၿပီးမွ တစ္ခုခ်င္းစီကိုသပ္သပ္ရပ္ရပ္ ေခါက္ထည့္လိုက္သည္။
ဖိနပ္စင္မွာရိွေနတဲ့ ဖိနပ္အမ်ိဳးအစားေပါင္းစံုကိုေတြ့လိုက္ရေတာ့ ေခါင္းေတြပါကိုက္သြားရသလိုမ်ိဳးနဲ႔ မ်က္ခံုးတန္းႏွစ္ခုၾကားကို လက္ၫွိုးနဲ႔လက္မသံုးၿပီးၫွပ္ကာ က်စ္ခနဲစုတ္သပ္လိုက္မိသည္။
*သတိမထားမိတဲ့အေတာအတြင္းမွာ အမ်ားႀကီးျဖစ္ေနၿပီပဲ။ဒါေတြကို ဘယ္လိုျပန္ယူရမလဲကြာ
ဖိနပ္အခ်စ္ေတာ္ႀကီးျဖစ္ပံုရသည္။ဖိနပ္စင္ေပၚမွာရိွေနတဲ့ အရာေတြကို ကိုယ့္သားသမီးေတြလို တျမတ္တႏိုးေငးၾကည့္ရင္း သံေယာဇဥ္မျဖတ္ႏိုင္ဟန္ျဖင့္ ေနာက္ထပ္Luggageတစ္လံုးထုတ္ကာျဖင့္သာ ထုပ္ပိုးရေတာ့သည္။
*ေဖနဲ႔လိုက္ခဲ့ၾကေပါ့။ဟိုကိုေရာက္ရင္ ေဖႀကီးနဲ႔အတူ ေနရာအႏွံ႔ေလ်ွာက္သြားၾကမယ္ေနာ္
ထို႔ေနာက္ စိတ္ခ်သြားဟန္ျဖင့္ ဖိနပ္ေတြထည့္ထားတဲ့ luggageကို လက္တစ္ဖက္နဲ႔ညင္သာစြာပုတ္ရင္း ၿပံဳးလိုက္ေတာ့ ညာဘက္ပါးေပၚက ပါးခ်ိဳင့္တစ္ဖက္က ထင္းခနဲ။
အခန္းတြင္း ဘာယူစရာက်န္ေနခဲ့မလဲဆိုတဲ့အေတြးနဲ႔ မ်က္လံုးကိုေဝ့ၾကည့္ေတာ့ အိပ္ယာေဘးကမီးအိမ္တင္ထားေသာစားပြဲေပၚမွာတည္ရိွေနတဲ့ photo standေလးတစ္ခု...
Photo standထဲမွာထည့္ထားတဲ့ ဓာတ္ပံုေလးထဲမွာေတာ့ 9ႏွစ္အရြယ္ ေကာင္ေလးႏွစ္ေယာက္ကၿပံဳးရယ္ေန၏။ပိုၿပီးျဖဴေဖြးတဲ့အသားအရည္ပိုင္ရွင္ေလးက ကင္မရာရိွရာကိုၾကည့္ၿပီး မ်က္လံုးေလးေတြမိွတ္ေအာင္ ရယ္ေနေပမယ့္ ထိုေကာင္ေလးရဲ့ပုခံုးေပၚ လက္တင္ထားတဲ့ေကာင္ငယ္ေလးကေတာ့ သူ႔ကိုပဲ ၾကည့္ေနေလရဲ့။
ျမင္ႏိုင္မယ္ဆိုရင္ေတာ့ ေကာင္ငယ္ေလးရဲ့ မ်က္ဝန္းအိမ္ထဲမွာ ႏူးညံ့ျခင္းအျပည့္နဲ႔ေပါ့....
ဓာတ္ပံုေလးထဲက ပံုရိပ္ေလးေတြကို အသာတို႔ထိလိုက္ၿပီး
"အဆိုးေလး...မ်က္လံုးညိုညိုကို ကိုယ္သေဘာက်တာသိရက္နဲ႔ ကိုယ္မျမင္ႏိုင္ေအာင္ မိွတ္ထားေနသလိုပဲ...ဒီတစ္ခါေတာ့ မင္းရဲ့မ်က္ဝန္းညိုေတြကို အနီးကပ္ၾကည့္ရဖို႔ အခ်ိန္ေတြက သိပ္မလိုေတာ့ဘူး ေနာ္ ဟုတ္ၿပီလား။
ေစာင့္ေနေစခဲ့မိတဲ့အတြက္ ေတာင္းပန္ပါတယ္။ကိုယ္ကအၾကာႀကီးပစ္ထားမိၿပီး အျပစ္လုပ္ခဲ့တာမို႔ အမ်ားႀကီးျပန္ၿပီး ေပးဆပ္ပါ့မယ္"
ထိုစဥ္ ဓာတ္ပံုေပၚက မွန္ခ်ပ္ေလးေပၚကိုေတာ့ အၾကည္ေရာင္ေရစက္ေလးတစ္စက္ က်ေရာက္လာေလရဲ့။တစ္ခ်ိန္တည္းမွာပဲ တိုးျငင္းတဲ့ စကားသံခပ္တိုးတိုး....
"လြမ္းတယ္..."
ေဝေဝဝါးဝါးျဖစ္ေနတဲ့ျမင္ကြင္းကို ဖယ္ရွားဖို႔ မ်က္လံုးထဲမွာ ရစ္ဝဲေနတဲ့မ်ကိရည္ေတြကို သုတ္ပစ္ကာ ကုတင္ေဘးမွာေထာင္ထားတဲ့ Guitarကိုယူၿပီး ရင္မွာနေရာတက်ထားကာ သံစဥ္တစ္ခုကို ငျီးဆိုသည္။
ကိုယ္ဟိုးအေဝးမွာေနတဲ့အခါ
မ်က္ဝန္းအိမ္ထဲမင္းပဲျမင္...
ျပန္ဆံုႏိုင္မယ့္ ေန့ရက္ေလးေတြမေရာက္ေသးခင္...
ဤမွန္ကန္ေသာ ကိုယ့္ရဲ့သစၥာေတြေၾကာင့္ ဆုေတာင္းျပၫ့္ခဲ့ရင္...
အခ်စ္ဆံုးသာ ကိုယ့္အနားရိွေစခ်င္........