" Gold & Pink & Kim " [ Compl...

Da Cynthiataehyung

26.8K 1.7K 151

Jeon Jungkook & Kim Taehyung & Park Jimin Altro

" Gold & Pink & Kim "
( 1 )
( 2 )
( 3 )
( 4 )
( 5 )
( 6 )
( 7 )
( 8 )
(9)
( 10)
( 11 )
( 12 )
( 13)
( 14 )
( 16 )
(17)
( 18 )
( 19 )
( 20 )
( 21)
( 22 ) Final [ Unicode]
Final [ Zawgyi ]
Extra
Extra ( Zawgyi)

( 15 )

650 48 13
Da Cynthiataehyung

Unicode

" Kim ~ မနက်ရိုက်ကူးရေးပြီးထဲက အိပ်ယာထဲလှဲနေတာ နေမကောင်းဘူးလား "

ညလုံးပေါက်မအိပ်ခဲ့ရတဲ့ဒဏ်ရယ် ပြီးတော့ အသွေးအသားချင်းနှီးနှောထားတဲ့ဒဏ်ရယ်ကြောင့် လူကဖျားချင်ချင်ဖြစ်နေသည်. ဒါ့အပြင်ဟိုဗိုလ်ကြီးအိမ်ကနေ ပြန်ရောက်ထဲက မနက်ပိုင်းအချိန်ဇယားက အလုပ်တွေကိုအပြီးသတ်နေတာကြောင့် အခုတော့သူခြေကုန်လက်ပန်းကျသွားလေပြီ..

" ဖျားချင်နေရုံဘဲ Ji ~ ရတယ် "

Ji က နဖူးစမ်းလိုက် လက်ဖဝါးကိုကိုင်ကြည့်လိုက်လုပ်နေသည်. ဒီလိုဆို တော်ရုံနဲ့ Ji က အလုပ်ပြန်လုပ်ဖြစ်မှာမဟုတ်တော့ဘူးမို့ သက်သက်သာသာ သာပြောလိုက်ရသည်

" ဒါဆိုလည်း အိပ်လိုက်အုံး Kim "

Kim ကသာ ဖျားချင်ရုံလို့ပြောပေမဲ့ မြင်နေရတဲ့လူက သူပစ်လဲတော့မယ်ဆိုတာကိုသိသည်.. တစ်ညလုံးပျောက်သွားသည် ..မိုးလင်းတော့ ရိုက်ကူးရေးဆီရောက်နှင့်ပြီးသား.. အဲ့ဒါအဖြေကတစ်ခုဘဲ ရှိတယ်.. Jung ဆီသွားခဲ့တာ.. လည်ပင်းမှာ မသိမသာနီနေတဲ့အရာတွေ

ဟာ့ ငါ့ခေါင်းတောင်ငါရိုက်ခွဲချင်လာပြီး
ငါရူးချင်လာပြီး Kim ရဲ့
ငါက မင်းကိုချစ်လို့ ရူးချင်လာပြီး.. တောက်ခ်

ဒေါက် ဒေါက် 💢
တံခါးခေါက်သံကြောင့် စိတ်တိုတိုနဲ့ တံခါးဖွင့်လိုက်တော့ ..

မန်နေဂျာကြီး ဖြစ်နေသည်.. လာရင်းကိုမေးငေါ့ပြလိုက်တော့

" CEO က Taehyung ကိုခေါ်နေပါတယ် "

" ဘာလို့လဲ? ! "

" ဒီမှာပါ "

မန်နေဂျာကြီးက သူ့ဖုန်းကိုဖွင့်ကာပြလာသော သတင်းတစ်ပုဒ်ကိုကြည့်လိုက်တော့

/ Titan အဖွဲ့ဝင် Kim Taehyung နဲ့ အစိုးရဝန်ထမ်းအမျိုးသားတစ်ဦးရဲ့ စိတ်ဝင်စားစရာ Dating News / ဆိုတဲ့ခေါင်းစဥ်နဲ့ ဓာတ်ပုံတစ်ချို့

ပုံတွေထဲမှာ Kim နဲ့တစ်ခြားယောက်ျားတစ်ယောက်နဲ့ပုံက မသိမသာခပ်ဝါးဝါးလေးဖြစ်သည် .ဒါကမသိတဲ့လူဆိုရင်တော့ မသိသာပေမဲ့ Jung မျက်နှာကြီးမှန်းသိနေတဲ့သူ့အတွက်တော့ အံကိုတင်းတင်းကြိတ်မိသည်
စာသားတွေကလည်း လိုအပ်တာထက်ပိုပြီးချဲ့ထွင်းရေးသားထားသည့်အတွက် ကောလဟာလဆန်ဆန် တကယ်ဆန်ဆန် ဟုတ်နိုးနိုးဖြစ်စေသည် ...ဆိုဂျူဆိုင်အထွက်တုန်းကပုံတွေဖြစ်သည်..

" ကျနော်ဘဲလိုက်ခဲ့မယ်! ! "

ထို့နောက် အဘိုးကြီးဘက်ကလည်း ငြင်းဖို့အစီအစဥ်ရှိနေတာမို့ .Jm ကိုယ်တိုင်ပါဝင်ပြီး လုပ်ကြံဇာတ်ခင်း၍ Rumor ကိုငြင်းခဲ့သည်...

" ဒါဖြင့် ဒီကိစ္စငြိမ်သွားအောင် KimJi Power ကိုထုတ်သုံးရမယ်ထင်တယ်! ! "

ပြောလိုက်တော့ အဘိုးကြီးကမျက်ခုံးတွေပင့်တက်သွားကာ စဥ်းစားပြီးမှ နားလည်သွားသည့်ဟန် အကြည့်တစ်ချက်ပို့သည်..

....

ဒီနေ့ လူကြီးလမ်းကြောင်းရှိသည်မို့ Jungkook တို့လို လက်ရွေးစင်တပ်သားတွေက အစောင့်အရှောက်အဖြစ် ပါဝင်အားဖြည့်ရသည်.. အခုဝန်ကြီးချုပ်က Cultural and artistic award ceremony ( အခမ်းအနား)ကိုတက်ရောက်ခြင်းဖြစ်သည်..

ထိုအခမ်းအနားမှာ Jungkook တို့လိုအရာရှိတွေလည်း Suit အပြည့်ဖြစ်ပါဝင်တာဝန်ထမ်းဆောင်ရသည်.တစ်ချိန်လုံး ရှင်းလင်းရေးလုပ်နေရင်းနဲ့ ချာချာလည်နေတာ တဖြတ်ဖြတ်နဲ့ Camera သံတွေကြားမှ David ကအနားကပ်လာကာ

" Rumor တွေအတိုင်း Kim Taehyung တို့အဖွဲ့ဟုတ်နေတာဘဲ! ! " တဲ့

David ပြောမှ လှည့်ကြည့်မိတော့ Camera မီးတဖြတ်ဖြတ်ကြားမှ ထွက်ပေါ်လာတဲ့မျက်နှာလေးက ကြည်ရှင်းနေခဲ့သည်.. တကယ်ကို Kim Taehyungက ကင်မရာမီးရောင်တွေနဲ့လိုက်ဖက်သည်.. Suit အပြည့်နဲ့ တောက်ပတဲ့အသွင်ဆောင်သည်..

" မျက်နှာအမူအရာလည်းပြင်အုံး! ! vd တွေထဲပါနေအုံးမယ် "

David ပြောမှ မျက်နှာလွှဲမလို့ရှိသေး Titan တစ်ဖွဲ့လုံးက သူ့တို့ရှိရာလမ်းဘက်လျှောက်လာတော့ မထင်မှတ်ဘဲ Kim Taehyung အကြည့်က သူ့ဆီရောက်လာသည် ..ဒါပေမဲ့ တစ်စက္ကန့်စာလောက်တောင်မကြာ.. မသိတဲ့လူလိုအကြည့်လွှဲသွားသည်..

Kim Taehyung အနောက်ကပါလာတဲ့ Park Jimin ကလည်း မကျေမခဲအကြည့်ဖြင့်အကြည့်လွှဲသွားသည်. အခုတလောမှ KimJi mm တွေကအရင်ကထက်ပိုပြီးထင်ထင်ရှင်းရှင်းတွေရှိလာသည်. တခါတလေ နမ်းကြတော့မလိုလို မထိတထိနဲ့ အသဲတယားယားဖြစ်သည့် နှစ်ယောက်ရဲ့နေပုံထိုင်ပုံတွေ ..ဒါက Fan service လား တကယ်လားတောင်မပြောတက်တော့ပေ
Ji က Kim ကိုအချစ်ကြီးတာရိပ်မိပေးမဲ့ Kim ကကော ဘယ်လိုသဘောရှိနေမလဲ..

ထို့နောက် အကြီးအကဲတစ်ချို့နဲ့ မိတ်ဆက်လိုက် နှုတ်ဆက်လိုက်နဲ့ အလုပ်ရှုပ်နေကြသည်
မကြာခင်မှာ အခမ်းအနားစတက်ကာ အသီးသီးမိန့်ခွန်းပြောလိုက် ဆုချီးမြှင့်လိုက်နဲ့ တဖြည်းဖြည်း Titan အဖွဲ့က Rumor အတိုင်း Award of Cultural and artistic ( ဆု) ကိုချီးမြှင့်ခြင်းခံရသည်..

Kim က အောင်မြင်မှုနဲ့ထိုက်တန်သည်.. ဒီထက်ပိုပြီး တောက်တောက်ပပရှင်သန်ကြီးပြင်းသင့်သည်.. ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ဖို့သင့်သည်

ငါ နဲ့ ငါ့ရဲ့မကောင်းတဲ့အမေနဲ့မင်းကမဆုံတွေ့ခဲ့သင့်ဘူး

ဘာကြောင့် ငါ မင်းနဲ့ရေစက်ခဏဘဲဆုံချင်လဲဆိုရင် မင်းကိုငါ့ဒုက္ခတွေနဲ့ရောပြီး ဒုက္ခတွေပေးနေမိမှာစိုးလို့ Kim

ငါမင်းအနားကထွက်ပြေးချင်ခဲ့တယ်.. မင်းကိုပြသာနာတွေရှာတယ် မင်းကိုငါ့အနားကထွက်သွားစေချင်ခဲ့လို့

အခုလိုတောက်တောက်ပပရှင်သန်နေပေးလို့ ငါ့လိုလူဆိုးကောင်က ရူးရူးမိုက်မိုက်ကျေးဇူးတင်ပါတယ် Kim.. ပြီးတော့ သေတဲ့အထိလည်းတောင်းပန်ပါရစေ

" မင်းစိတ်ထဲ ဘာတွေပြောနေမလဲ ငါသိတယ်! ! "

ပုခုံးပုတ်ကာပြောလိုက်တော့ Jung ဆိုတဲ့ကောင်ကသက်ပြင်းသာချသည် ..

" မင်းလည်း ခက်ခက်ခဲခဲရှင်သန်လာခဲ့တာဘဲ! ! အဲ့ဒီအပြစ်တွေကမင်းအမေကြောင့်လို့ဘဲသတ်မှတ်တယ် ငါကတော့ "

Jung နဲ့ ဆုံခဲ့တဲ့သူ 10 နှစ်သားအရွယ်

David ကလေးဘဝ solvakia ကနေ Canada မှာ လောင်းကစားသမားအဖေက မူးယစ်ဆေးဝါးတစ်ချို့ကို အရောင်းအဝယ်လာလုပ်ခြင်း.. ဖြစ်ချင်တော့ ထိုတရားမဝင်လောင်းကစားဝိုင်းမှာဘဲ ကမောက်ကမဖြစ်ပြီး အဖေအသတ်ခံလိုက်ရသည် ..ပြီးတော့ အဖေနဲ့ပါလာတဲ့သူ (David )သည်လည်း လောင်းကစားသမားတို့ရဲ့လက်ချက်ကြောင့် လူကုန်ကူးအဖွဲ့စီသို့ရောင်းစားခံလိုက်ရသည်.. အဲ့ဒီမှာ လူတစ်ယောက်က အိပ်ပျော်နေတာလား မေ့မျောနေတာလားမသဲကွဲတဲ့ကလေးတစ်ယောက်ကို ဤလူကုန်ကူးတဲ့သူတွေဆီ ထားပစ်ခဲ့သည် ။

ပါးစပ်ကိုအဝတ်စနဲ့ပိတ် လက်တွေခြေထောက်တွေကြိုးတုတ်ထားပြီး Delivery Van ထဲထည့်ထားသည် .ထို့နောက်သူတို့အားလုံးလည်းမေ့ဆေးပေးခံလိုက်ရသည် .

Jung နိုးလာတော့ အလုံပိတ်ကားလိုပုံစံထဲမှာ ကြိုးတုတ်လျက်နဲ့
ဘေးမှာလဲ သူ့နည်းတူကြိုးတုတ်လျက်သား
ကလေးတွေ 10 ယောက်နီးပါး... သိပ်မကြာ သူကလှုပ်လှုပ်ယွယွနဲ့ ရှုန်းကန်နေတော့ သူနဲ့အတူကြိုးတုတ်ခံထားရတဲ့ သူ့ဘေးက လူကောင်အနည်းငယ်ကြီးတဲ့ ကောင်လေးလည်းနိုးလာသည်..

Jung ကလည်းသူ့ကိုကြည့်ပြီး ထူးထူးဆန်းဆန်းဖြစ်နေသလို သူကလည်းကြောင်တောင်ဖြစ်နေသည် .နှစ်ယောက်သားဟိုဘက်ဒီဘက်ရှုန်းကန်နေရင်းနဲ့ကားအရှေ့ပိုင်းနားက အောက်စိုက်ကျနေတဲ့ ချိတ်ကောက်တစ်ခုကိုတွေ့သည်..ချက်ချင်းဆိုသလို Jung အကြံတစ်ခုရလိုက်သည်. ထို့နောက် Jung ဖြည်းဖြည်းချင်းဖြစ် ထိုချိတ်နားသို့ရှော့တိုက်သွားသည် အတွဲလိုက်ချီထားသည်မို့ ဘေးကတစ်ယောက်ကသူ့နောက်ပါလာခဲ့သည် ကိုးရိုးကားယားတွေဖြစ်တော့တစ်ဖက်ကတစ်ယောက်က မျက်မှောင်းကြုတ်သည် ..ထိုချိတ်အနားရောက်တော့ ထထိုင်လိုက်ပြီး ပါးစပ်မှာချီထားတဲ့အဝတ်စကိုထိုချိတ်နဲ့ ဆွဲဟကာ အဝတ်စလွတ်သွားအောင်လုပ်သည်.. ထိုအခါ အဝတ်ကလည်တိုင်ကိုလျော့ကျသွားသည် ..ဘေးကတစ်ယောက်ရဲ့မျက်လုံးတွေအရောင်လတ်သွားသည်..

အဲ့ဒီနောက် ပါးစပ်ကအဝတ်စကိုဖယ်ပြီးတော့ ကျောချင်းကပ်ကာ တစ်ယောက်လက်ကကြိုးကို တစ်ယောက်ဖြည်ဖို့ကြိုးစားကြသည်.. ကြိုးစကို လက်ကောက်ကိုသုံးကာ ​သေချာအာရုံစုစည်းကာ ဖြေသည်..တစ်ဖက်ကတစ်ယောက်ကလည်းဉာဏ်ပြေးသည်မို့ဒီလိုအကြံမျိုးကိုလျင်လျင်မြန်မြန်ရခြင်း.. နာရီအတော်ကြာတဲ့အထိ ကြိုးဖြည်ရင်းနဲ့ လက်အန်သေလာသည်
Jung က ကြိုးဖြည်နည်းသိပ်မသိပေမဲ့ တစ်ဖက်တစ်ယောက်ကတော့ပိုမိုကျွမ်းကျင်သည်..
Jung ကလက်ပန်းကျသွားတဲ့အချိန် တစ်ဖက်တစ်ယောက်ကတော့ ကြိုးကိုဆက်ဖြည်နေတုန်းပင်.. အချိန်အနည်းငယ်ကြာတော့ ကားကဆိုက်ရပ်သွားပြီးနောက် လူနှစ်ယောက်က သူတို့ကိုဆွဲထုတ်ကာ လူတွေအသွားအလာမရှိတဲ့လမ်းထဲက ဂိုထောင်လိုအဆောက်အအုံထဲခေါ်သွားသည်
ဒီကြားထဲ သူတို့နှစ်ယောက်ပြေးမလို့ကြံလို့ နရင်းပိတ်ရိုက်တာခံလိုက်ရသေးသည်..

သူတို့ရောက်နေတဲ့နေရာက စမ်းသပ်ခန်းတစ်ခု ဘာစမ်းသပ်ခန်းလဲတော့မသိပေ ..ဒီမှာ တရုတ်လူမျိုးတစ်​ယောက် အမေရိကန်လူမျိုးတစ်ယောက်ကိုတွေ့သည် ..သူတို့က စမ်းသပ်မှုကိုဦးဆောင်တဲ့လူတွေဖြစ်မည်.. ကလေးတွေကို အခန်းထဲ ထည့်ပိတ်ထားပြီး တစ်ယောက်ပြီးတစ်ယောက်ခေါ်ထုတ်ကာ စမ်းသပ်မှုတွေလုပ်သည်..အမေရိကန်လူမျိုးပြောသံအရ H5N1 တုတ်ကွေးရောဂါအတွက် ဆေးဝါးဖော်စပ်ခြင်းဟု မကြာခဏကြားရသည် ..နေ့ရက်များစွာကြာတဲ့ စမ်းသပ်မှုမှာ သူတို့ဖော်စပ်ကာထုတ်လုပ်ထားသော ဆေးဝါးအမျိုးမျိုးကို ဖမ်းလာတဲ့ကလေးတွေရဲ့ခန္ဓာကိုယ်မှာထိုးသွင်းကာ ဓာတ်တည့်မှုရှိမရှိနဲ့အကျိုးအာနိသင်ကိုစောင့်ကြည့်သည် .သို့သော် ထိုသူတို့၏ ဆေးဝါးတွေကဘယ်လိုအကျိုးသက်ရောက်လဲဆိုတာတော့အတွင်းကျကျမသိပေမဲ့ အစမ်းသပ်ခံရသော ကလေးများမှာ စမ်းသပ်မှုအတွင်းသာအသတ်ဆုံးရှုံးခဲ့​ကြတာ အယောက်စိပင် ..သို့သော်ထိုလူတွေကလုံးဝမရပ်ဘဲ ရှေ့ဆက်တိုးသည်..ဒါကြောင့်များလား သိပ္ပံပညာရှင်အတော်များများကိုရူးနေကြသည်ဟုခေါ်တာ..ထိုသူတို့၏လုပ်ရပ်သည် အလွန်အမင်းအောက်တန်းကျလှသော်လည်း သူတို့မှာ ထွက်ပေါက်မဲ့နေရသည် ..အခန်းထဲထည့်ပိတ်ထားရတဲ့ရွယ်တူကလေးတွေလျော့နည်းသွားတိုင်း သူတို့အလှည့်ရောက်လာတော့မည်ဟုတွေးကာ ခြောက်ခြားလှသည် .သူတို့က သေမဲ့ရက်ကိုစောင့်ဆိုင်းနေရသလို ..တွေးတွေးရင်း ထိတ်လန့်နေမိသည်..စိတ်ဓာတ်တွေထိုးကျကာ ရှင်နေရပ်နဲ့ထပ်တလဲလဲသေရသည်..တနေ့တော့ မမျှော်လင့်ဆုံးနေ့ရပ်က Jungkook ဆီရောက်လာခဲ့သည် ..

" ငါ Kim့ကိုငါ့အမေဆီကခေါ်ထုတ်ရအုံးမယ် "ဆိုတဲ့စိတ်က အားနည်းနေတဲ့စိတ်ကို ပြန်တင်းခံဖို့အင်အားဖြစ်သည် ..ခေါ်သွားတဲ့လမ်းတစ်လျှောက် ငြိမ်သက်နေပြီးမှ လူခြေတိတ်တဲ့လမ်းတဝက်စမ်းသပ်ခန်းထဲအဝင်မှာ စသောင်းကျန်းတော့သည်..ဓာတ်ခွဲခုံမှာ တင်ထားတဲ့ ငွေ့ရည်ပုလင်းကိုယူကာ ဘေးကလူကိုပတ်ထည့်လိုက်သည်..မျက်နှာကိုအနည်းငယ်စင်သွား၍ ထိုလူမှာ အသံနက်ကြီးဖြင့်စူးစူးဝါးဝါးအော်သည်.. မဟုတ်မှ အက်ဆစ်တွေများလား
တုန်လှုပ်နေတုန်း သူသတိရကာ အပြင်ဘက်ဓာတ်လှေကားရှိရာအပေါက်သို့ပြန်ပြေးသည်..
ထိုလူ့အော်သံကြောင့် အပြင်ဘက်ကအစောင့်တွေက အထဲသို့ဝင်လာတော့မည်ဆိုတာကိုသူသိလို့ပင်.. တရုတ်လူမျိုးကခုနကသူ့ကြောင့် ငွေ့ရည်ထိသွားတဲ့အမေရိကန်လူမျိုးကို ကူညီပေးရင် ဝိုင်းဖမ်းကြဖို့ အမိန့်ပေးသည် ..ဓာတ်လှေကားထဲရောက်လို့အောက်သာဆင်းနိုင်ရင် သူလွတ်မြောက်ဖို့အနည်းငယ်လွယ်ကူလိမ့်မည်ဟုတွေးသည် ..ဒါပေမဲ့ ဓာတ်လှေကားဆီရောက်ဖို့ခြေတစ်လှမ်းအလိုမှာဘဲ သူအဖမ်းခံရကာပြန်ပါသွားသည်.. တစ်ဖက်က David မှာလည်း အောက်ကအစောင့်တွေနည်းသွားတုန်းမလိမ့်တပတ်လုပ်ကာ သန့်စင်ခန်းအကြောင်းပြကာ အခန်းမှထွက်လို့ရအောင်ကြိုးစားပြီး အရင်တခါ တိုလီမောက်စကောက်ထားဖူးသော မီးခြစ်ဆံတစ်ခုဖြင့်ဂွင်ဖန်တော့သည်..ဒီနေရာကြီးသာမီးလောင်သွားရင် အားလုံးဝရုန်းသုန်းကာဖြစ်ကုန်မည်မဟုတ်လား.. ဒါကသူတို့ပြေးဖို့အခွင့်အရေးပင်ဖြစ်သည်..

သိပ်မကြာလိုက် Jung ဆေးထိုးနေရင်းကြားလိုက်ရတဲ့ မီးလောင်နေတယ်ဆိုတဲ့အသံကြောင့် ဒီအဆောက်အအုံထဲမှာရှိတဲ့လူတွေ ယောက်ယှက်ခက်ကုန်ကြသည် ..တရုတ်လူမျိုးကသူ့ကိုဆေးထိုးရင်းတန်းလန်း အောက်ဘက်သို့အလောတကြီးဆင်းသည်..

အဲ့ဒီနောက် အားလုံးပြေးလွှာနေတဲ့ပုံစံကိုကြည့်ရင်း Jung အိပ်မောကျသွားတော့သည်..

သူပြန်နိုးလာတော့ ကုတင်တစ်ခုပေါ်မှာ မျက်နှာစိမ်းလူကြီးနှစ်ယောက်ကိုတွေ့သည်..

" ကလေး! သတိရလာပြီးလား "

သူတို့ကမေးပေမဲ့ အင်းမလုပ် အဲမလုပ်နဲ့ ပြန်မဖြေမိ.. ပတ်ဝန်းကျင်ကဆေးရုံအငွေ့အသက် ကြားနေရတဲ့စကားတွေက မဟုတ်မှ သူ တရုတ်ပြည်ရောက်နေတာလား.ဒါဆိုသူတို့တရုတ်ပြည်ကိုရောက်နေခဲ့တာပေါ့ ရောက်ထဲအဲ့ဒီအဆောက်အအုံထဲဘဲနေခဲ့ရတာ ဘယ်နိုင်ငံရောက်လို့ ဘယ်အချိန်တွေကိုရောက်နေပြီလဲဆိုတာမသိတော့ပေ

" သက်သာရဲ့လား "

ဒါပေမဲ့ ထိုလူကြီးနှစ်ယောက်ပြောတဲ့စကားတွေကတော့ တခြားဘာသာစကားသံပေါက်နေပြန်တယ်.. ထိုလူဘေးကိုကြည့်တော့ David ဆိုတဲ့Slovakia ကလာသူ သူငယ်ချင်းဖြစ်သည်.

" မင်းဆေးကုန်သမှုခံမှုလိုက်ရတာ တစ်လကြာပြီ.. ဆေးထဲကအဆိပ်ဓာတ်တွေကြောင့် "

အခုမှပထမဆုံးသူတို့စကားပြောဖူးကြခြင်း.. ပြင်သစ်လိုသာပြောသည် .ထို့နောက်အဲ့ဒီ သူ့အိပ်မောကျသွားခဲ့တဲ့နောက်ဆက်တွဲအဖြစ်အပျက်ကို David ကပြောပြသည်.
ခုနကမျက်နှာစိမ်းနှစ်ယောက်မှာ ကိုရီးယားကအရာရှိတွေဖြစ်ပြီး တရုတ်ပြည်ကိုပါသွားတဲ့ ကိုရီးယားကလေးမ​လေးအတွက်အမှုလာလိုက်ရင်း
သူတို့ကိုအချိန်မီကယ်ထုတ်ခဲ့ခြင်းဟုသိရသည်. သို့သော်လည်း စီးပွားရေးအရဆေးဝါးထုတ်လုပ်ဖို့တရားမဝင်နည်းများကိုအသုံးပြုခဲ့တဲ့ တရားခံများမှာ လွှတ်မြှောက်သွားပြီး မနေ့တနေ့ကမှအပြီးအစီးဖမ်းမိသည်ဟုသိရသည်.. အခုအခါတော့ ထိုညီအစ်ကိုနှစ်ယောက်မှာ ကယ်ယူနိုင်ခဲ့သောကလေးများကို နေရပ်အသီးသီးသို့ပြန်ပို့နိုင်ရန်စီစဥ်နေကြလေသည်..

" မင်းက Canada ကမှတ်လား "

" ဘယ်လိုလုပ်သိလဲ "

" ငါက Canada မှာဘဲဖမ်းမိခဲ့တာလေ.. အဲ့ဒီမှာ မင်းကို ငှက်ပုံစံ Tattoo နဲ့လူကထမ်းလာပြီးလာပို့သွားတာ "

ငှက်ပုံစံ Tattoo ရှိတာက သူ့အမေတပည့်ထဲကတစ်ယောက်.. ဒါဖြင့်သူ့အမေကသူ့ကိုဒီလိုဖြစ်စေတာလား.. အေ့လေ ဘာလို့မလုပ်နိုင်ရမှာလဲ
ရက်စက်တက်တဲ့အမျိုးသမီးဘဲကို

" Kim Treasure ကိစ္စကလဲ ရှုပ်လွန်းတယ် "

ဆေးရုံ TV ကနေလာနေသော သတင်းကိုကြည့်ပြီး David ပြောနေတော့ Jung ကနားမလည်စွာမေးမိလိုက်သည်..

" Kim Treasure ကဘာဖြစ်လို့လဲ "

" Kim Treasure က ဟိုကလေးလေးလေ ဆေးရုံမီးလောင်တဲ့ထဲပါပြီး သေသွားပြီးတဲ့ "

လွန်ခဲ့တဲ့ လေးရက်လောက်ထဲကသတင်းတွေထဲကြေညာပြီး အတည်ပြုထားသည်ဟုသိရသည်. သူသတင်းအမှားလို့မျှော်လင့်ထားပေမဲ့ ထိုသတင်းက Kim Treasure အိမ်တော်ရဲ့ရှေ့နေကပါ အတည်ပြုထားသည်မို့ သူလက်ခံလိုက်ရသည်.. အဲ့ဒီလိုနဲ့သူဟာ Canada ကိုမပြန်ရဲတော့ဘဲ ..အရာရှိနှစ်ယောက်ရဲ့ ' မိဘမဲ့ ' လားဆိုပြီးအမေးမှာ ' ဟုကဲ့ ' လိုခေါင်းညိတ်ပြီးမွေးစားခြင်းကိုလက်ခံလိုက်သည်.. David ကလည်းသူ့နည်းအတိုင်းပင် အိမ်ကိုမပြန်တော့ပေ..ဘာလို့ဆို David တို့မိသားစုကလည်းယိုယွင်းနေခြင်းမို့ပင် .တစ်ဖက်ကသူတို့ကိုမွေးစားရခြင်းမှာ
ဗိုလ်ကြီး Jeon နဲ့ ရဲအရာရှိ Min တို့ညီအစ်ကိုနှစ်ယောက်ရဲ့အိမ်ထောင်ကိုယ်စီမှာ ကလေးမရှိတာကြောင့်လည်းဖြစ်သည်.. သူတို့သည်လည်း ထိုမိသားစုမှာပင် မှီခိုနေထိုင်ခဲ့သည်..

အဲ့ဒီအချိန်ကစပြီး Jung နဲ့ David ဆိုတာက ညီအစ်ကိုလိုတစ်မျိုး သူငယ်ချင်းလိုတစ်မျိုး သစ္စာရှိရှိကြီးပြင်းခဲ့ကြသည်..

......

Jungkook သန့်စင်ခန်းထဲမှာ မျက်နှာသစ်ချရင်း သက်ပြင်းအခါခါချရသည် .Kim ကိုမြင်နေရက်နဲ့ဆုံးရှုံးလိုက်ရတာ လက်လွှတ်လိုက်ရတာ, အချစ်ဦးမို့ ဒဏ်ရာကပိုနက်သည်..ဆယ်ကျော်သက်ဘဝမှာ ချစ်မိခဲ့တဲ့အချစ်ဦးမို့ ပြန်ရလိုက်တဲ့အခါ ဖမ်းဆွဲထားချင်ပေမဲ့ နောက်ဆုတ်ရစမြဲဘဲ ..

မှန်နေတာဘဲ Kim ကသူနဲ့မှမထိုက်တန်တာ..သက်ပြင်းအထပ်ထပ်ချရင်း အတွေးထဲကြားထဲရှုန်းထွက်မရနေတုန်း တံခါးဖွင့်သံနဲ့အတူအရှေ့မှန်အရှေ့မြင်လိုက်ရတဲ့သူက သူ့ကိုအစိုးမိုးနိုင်ဆုံးသူ Kim ..

သူ့ကိုမြင်ပေမဲ့ မသိချင်ယောင်ဆောင်သည်..Coat အင်ကျီထဲပါအသင့်ထည့်လာတဲ့ စီးကရက်ပန်းရောင်ကိုထုတ်သောက်သည် ..သို့ပေမဲ့ မီးခြစ်ကိုမလွယ်တကူရှာမရ၍ ဟိုစမ်းဒီစမ်းလုပ်နေသည် .ထို့ကြောင့် သူလည်းအိတ်ကပ်ထဲပါလာတဲ့ မီးခြစ်ကိုထုတ်ပြီး စီးကရက်ထိပ်ကိုမီးညှိပေးလိုက်သည် ..

သူ့ရဲ့အပြုအမူကို တစ်ချက်သာမျက်လုံးလှန်ကြည့်ပေးမဲ့ နောက်ဆက်တွဲကစီးကရက်ကိုသာသောက်သည် .အနီးကပ်ဆုံးယှဥ်ရပ်နေပေမဲ့ သူကလည်း မဖယ်မိ Kim ဆီကရတဲ့ ကိုယ်သင်းရနံ့ပြယ်ပြယ်လေးကြောင့် လက်တစ်ဖက်ကအနီးနားရှိ ခါးသွယ်သွယ်ကိုဆွဲယူမိပြီးသား

" ခဏဘဲ ~ ခဏပါဘဲ "

ဒီကိုယ်ခန္ဓာနွေးနွေးလေးကို ပွေ့ဖက်ချင်ခဲ့တာ ရက်ပေါင်းကြာခဲ့ပြီ.အနီးနားရောက်တော့ နှလုံးသားကဘယ်လိုမှတောင့်မခံနိုင်ဘူးထင်ပါရဲ့. တွန်းဖယ်မလား ထိုးကြိတ်မလား ဘယ်ပြစ်ဒဏ်လာမလဲလို့စောင့်နေပေမဲ့..

Kim ကလေ Kim က အဟွန်းး စီးကရက်အသောက်မပြတ်ခဲ့ဘူး..နှလုံးသားကကျင်တက်သွားတာဘဲ လုံးဝကို လျစ်လျူရှုလိုက်တော့တာ
ထို့နောက် Jungkook အလိုက်သိစွာပင် ဦးစွာထွက်လာခဲ့တော့သည် ..

အထဲမှာကျန်ခဲ့တဲ့ Kim ကတော့ စီးကရက်သောက်ရင်း နာနာကျင်ကျင်လေးပြုံးမိသား
...

" MinJung အခုလိုလုပ်တာ hyung လည်းအရမ်းစိတ်ဆိုးတယ်! "

" တောင်းပန်ပါတယ် hyung "

" ဒီကိစ္စက hyung ကိုတောင်းပန်ရမှာမဟုတ်ဘူး MinJung ..Taehyung ကိုတောင်းပန်ရမှာ မင်းတို့ကြားထဲ ဘာပြသာနာရှိလဲ hyung မသိဘူး. ဒါပေမဲ့ အခုလုပ်ရပ်က အချင်းချင်းကိုပြန်ပြီး ဖော်ကောင်လုပ်လိုက်တာ ဒါကဘယ်သူကြည့်ကြည့်စိတ်ပျက်စရာလုပ်ရပ်ဘဲ "

Jimin တစ်ယောက် Dorm ကိုပြန်ရောက်တော့ MinJung အခန်းရှေ့ကဖြတ်လျှောက်မိတုန်း ကြားလိုက်ရတဲ့စကားတွေက MinJung က Kim ကိုတစ်ခုခုမကောင်းတာလုပ်ထားသလိုပင် .ထို့နောက် ဘာထပ်ပြောကြမလဲ ဆက်နားထောင်ပေးမဲ့ ဘာသံမှထပ်မကြားရတော့ Jimin တံခါးဖွင့်ကာသာ တည့်ရှင်းဖို့ပြင်လိုက်တော့သည်..

" မဟုတ်မှ Dating Rumor ကမင်းလက်ချက်လား MinJung !! "

ရုတ်တရက်ဝင်ချလာကာမေးလိုက်တော့ Jihyun hyung ကော MinJung ကော ထိတ်ထိတ်ပြာပြာဖြစ်သွားသည် ..

" ဒီကိစ္စ hyung ပြောပြမယ်.. "

" hyung မပြောနဲ့ MinJung မင်းပြော! မင်းဘဲပြော "

MinJung တစ်ယောက် ခြေတုန်ချတုန်နဲ့ ဒီအတိုင်းသာ ရပ်နေမိသည်..

" ပြောလို့ ပြောနေတယ်! !! "

Jimin အသံကြီးဟိန်းထွက်သွားမှ MinJung လည်းကြောက်အားလန့်အားဖြင့်

" ငါတောင်းပန်ပါတယ် ငါမရည်ရွယ်ပါဘဲ !! "

" ပြောခိုင်းနေတာ တောင်းပန်ခိုင်းနေတာမဟုတ်ဘူး ခင်ဗျားကို! !"

လည်ပင်းကအင်ကျီစကိုဆွဲပြီး မေးလိုက်တော့မှအကုန်ထွက်လာတော့သည်. ထို့နေ့က MinJung အိမ်ကအပြန် လမ်းခုလတ်ကဆိုဂျူဆိုင်မှာ Kim တို့ကိုတွေ့ချင်းတဲ့.. ဒါကိုဒင်းကဓာတ်ပုံရိုက်ယူခဲ့ပြီး media ဘက်ကလူနဲ့ပေါင်းကာသတင်းကိုဖွခဲ့သည်တဲ့..

Jimin လည်းစိတ်တိုတိုနဲ့ ထိုသူမျက်နှာပေါ်သို့ အားပြင်းပြင်းနဲ့ထိုးချလိုက်သည်..

" Jimin တော်တော့! အဖွဲ့ဝင်အချင်းချင်း လက်မပါနဲ့ "

" မတော်ဘူး hyung! ! ဒါသူများကိစ္စ ဝင်ပါချင်တဲ့လူအတွက်အပြစ်ဘဲ "

" သူများကိစ္စမဟုတ်ဘူး ငါ့ကိစ္စ.. ငါ့ချစ်တဲ့သူက သူ့ဆီမှာမရှိနေချင်တော့တဲ့လူကိုအတင်းဖမ်းဆွဲထားလို့ ငါဘက်ကရတဲ့နည်းနဲ့အသိတရားရအောင်လုပ်ပေးတာ "

ဒီလောက်ထိုးနေတဲ့ကြားက စကားကိုရအောင်ပြောသည်. ထိုစကားကိုကြားတော့ ထိုလူ့အင်ကျီစကိုဆောင့်ချကာ ခန္ဓာကိုယ်ကိုပြန်မတ်လိုက်ပြီး

" အဲ့တာ ခင်ဗျားစောက်ကိစ္စလေ! ! နောက်တစ်ခါဒါမျိုးထပ်ဖြစ်ရင် ကျုပ်အဆိုးမဆိုနဲ့ "

စူးစူးရဲရဲကြည့်ပြီး ထွက်သွားဖို့လုပ်တဲ့ နောက်ကျောကို MinJung မခံမရပ်နိုင်အော်ပြောမိသေးသည်..

" trainee ကာလထဲက ချစ်ခဲ့​တာ ဘယ်အချိန်ဘဲ ဖြစ်ဖြစ် မင်းကငါ့ကိုအကောင်းမမြင်ဘူး. မင်းမျက်လုံးထဲမှာ Taehyung ဘဲရှိခဲ့တယ် ငါ့ကိုနည်းနည်းလေးတောင်မမြင်ပေးခဲ့ဘူး "

တစ်ယောက်လည်းလဲကျနေတဲ့ကြားက ဆက်တိုက်အော်ပြောသည်. နောက်တစ်ယောက်ကလည်း ဘာကြားကြားစောက်ဂရုမစိုက် ခြေတစ်လှမ်းတောင်မပျက်.. ပွဲကြည့်နေရတဲ့ Jihyun ကပင် စိတ်တွေညစ်လှပါပြီ..

အော် ချစ်ဒုက္ခ ချစ်ဒုက္ခ ဒါမျိုးနေမှာ..
...

" အဲ့ဒီတော့ ဒီလက်နက်နဲ့ကျည်ဆန်တွေက Canada ကလို့ Kim Taehyung shii ကဆိုလိုချင်တာပေါ့! "

Taehyung ခေါင်းညိတ်ကာ Chan Woo ရဲ့အမေးကို ဖြေပြီးနောက် အချက်အလက်ဖိုင်တစ်ချို့ကိုလက်ဆင့်ကမ်းပေးလိုက်သည်..

" ဒီဖိုင်ထဲမှာက အဲ့ဒီဘက်က လက်နက်ထုတ်လုပ်မှုစနစ်နဲ့ နည်းပညာအနည်းငယ်ရယ်
ရော်ဘာကျည်တို့ တခြားအသေးစားထုတ်လုပ်မှုကလွဲရင် အဆင့်မြင့်ကျည်ထဲမှာ ခဲနဲ့ ခနောက်စိမ်းအနည်းငယ်ကိုတွဲဖက်အသုံးပြုထားတာတွေ့ရမယ် ..အဲ့ဒီလိုထုတ်လုပ်မှုမျိုးကလဲ တစ်နေရာဘဲရှိတယ် "

Taehyung hyung ရှင်းပြတာကိုလည်းနားထောင်ရင်း ဖိုင်ထဲက အချက်အလက်ကိုလည်းဖတ်ရင်းနဲ့ သူတို့အတွက် အဖြေရှာဖို့နီးလာလေဖြစ်သည် .ဒီအမှုက အဖေ့လက်ထက်ထဲကအမှုမို့ Shin Noh တို့ထက် တရားခံကလက်ယဥ်နေလေပြီ. ပြီးတော့သူတို့လို ရဲပေါက်စလောက်နဲ့
လိုရာကိုရောက်မည်မဟုတ်.. အထက်အရာရှိတွေကဒီအမှုကိုလုပ်တော့လုပ်ပါရဲ့ ဒါပေမဲ့ထိထိရောက်ရောက်မရှိတော့ အခြေအနေကမဟန်..

" Taehyung hyung ကိုကျေးဇူးတင်ပါတယ်.. ကျနော်တို့ကအကူအညီသာတောင်းရတာ Jungkook hyung သာသိရင်ဆူနေမှာ "

Shin Noh ကမျက်နှာငယ်နဲ့ပြောလာသည်. သူတို့နှစ်ယောက်ကိစ္စကို Shin Noh တို့မသိသေးဘူးထင်သည်..

" Jungkook hyung ကအမှုကိစ္စတွေနဲ့ပက်သက်ပြီး Taehyung hyung ကိုအလုပ်ရှုပ်အောင် ဟိုမေးဒီမေးမလုပ်ပါနဲ့တဲ့ ..မှာထားတယ် "

Jungkook အဲ့ဒီနာမည်ကိုဘယ်လောက်မှတ်မှတ် မမှတ်မိဘူးဖြစ်နေတာ..
စတွေ့ထဲကလည်း Jung နဲ့သိပ်တူလို့ Jung ကိုသတိရစေလို့ ပိတ်ပိတ်ထိုးခဲ့တာ.. Jung ဟုတ်နေတာဘဲ

" ဒါဖြင့် ပြန်တော့မယ်.. ရပြီမဟုတ်လား "

ထို့နောက်ဆိုင်အပြင်ပြန်ထွက်လာတော့ Shin Noh ကစခန်းကလူတွေအတွက် ကော်ဖီဝယ်အုံးမယ်ဆိုပြီး ကျန်ခဲ့သည်. သူနဲ့ Chan Woo နဲ့သာအပေါက်ဝအထွက်ချင်းတူတော့ Chan Woo က မေးလာသည်

" Jungkook hyung ဆီမလာတော့ဘူးလား..Rumor ကြောင့်လား.. Kim Taehyung shi ကရက်စက်တယ်လို့မြင်မိတယ် "

" အင်း! ! ဘယ်တော့မှ သူ့ဆီပြန်မလာတော့ဘူး "

Taehyung ရွေ့လျားနေတဲ့ခြေလှမ်းတွေရပ်သွားကာ ဖြေမိပြီးမှ

" Chan Woo... မင်းချစ်နေတယ်မဟုတ်လား ငါ့ဆီမလာနိုင်အောင်ဆွဲထားလိုက် "

ဒီစကားပြောရတာ အသည်းတော့နာပေမဲ့ ဦးနှောက်ကတော့ထောက်ခံသည်

" Kim Taehyung shii ကသူ့ရဲ့အချစ်ဦးတဲ့ "

" အချစ်ဦး " တဲ့ နောက်ထွက်လာမဲ့ ရက်စက်တဲ့စကားတွေကိုမြိုချလိုက်မိသည်. ကိုယ့်နှလုံးသား ကိုယ်ဖိပြီးဘဲသေလိုက်ချင်တော့တယ်..ထို့နောက်ခြေလှမ်းတွေက ကားပါကင်သို့အမြန်သာလျှောက်လာခဲ့တော့သည်..

ကားထဲရောက်တော့ ဖုန်းထဲThomas ရဲ့အကြိမ်များစွာခေါ်ဆိုမှု

" အင်းး Thomas "

....

တောက်ခ် ❕❕

ဘုန်းးးးးး

" ဒီလက်နက်ကိစ္စက ဘယ်ကနေသတင်းထွက်လာတာလဲ! ! အားးး ကိစ္စတွေက တစ်ခုနှစ်ခုမဟုတ်တော့ဘူး ဟိုကလေးကိစ္စလည်း အစဖော်လာပြီး ဟိုမိန်းမသေဆုံးတဲ့ကိစ္စပါ ဘယ်ကပြန်ထွက်လာတာလဲ ရူးချင်တယ် ငါရူးချင်တယ် အားးး "

Kim Treasure အိမ်တော်ရဲ့ဧည့်ခန်းမှာမွစာကြဲအောင်သောင်းကြမ်းနေတဲ့အနက်ရောင်ဝတ်စုံနဲ့ စီးကရက်ခဲတဲ့အမျိုးသမီးကြီး

" မြို့တော်ဝန်စိတ်ထိန်းပါ "

" မထိန်းနိုင်ဘူးး ငါဒီနေရာထိရောက်လာပြီးမှ ဘာအတွက်ကြောင့်နဲ့မှ အဆွဲချမခံနိုင်ဘူး! ! ဟိုကလေးကများအသက်ရှင်နေသေးတာလား ကျစ် အဲ့ဒီဆေးရုံကိုအခုဖုန်းဆက် !!"

အစောင့်တစ်ယောက်ကို ခိုင်းပြန်သည်. ဟိုတစ်ခါ Social Media မှာ Coming Soon ~ Kim Treasure's Heir ဆိုတဲ့သတင်းတက်လာပြီးထဲက သူမအခုလိုကယောင်ခြောက်ခြားဖြစ်နေတာဖြစ်သည်. အဲ့ဒီကလေးက တစ်နေရာရာကနေ သူမကိုစောင့်ကြည့်နေတယ်လို့ခံစားရသည်. သူမရဲ့အနီးနားမှာရှိတယ်လို့ခံစားရသည်.

" အဲ့ဒီကိစ္စတွေကိုသိတဲ့တစ်စုံတစ်ဦးကမြို့တော်ဝန်ကို ခြိမ်းခြောက်နေတာ ဖြစ်မှာပါ .ဆေးရုံကလည်းအတည်ပြုပေးထားတာဘဲ စိတ်ချလို့ရပါတယ် "

" Thomas ငါ့ကိုစိတ်ငြိမ်အောင်သောက်စရာတစ်ခုခုစီစဥ်းပေး ! "

ထို့နောက် Thomas အိမ်တော်စားဖိုခန်းထဲဝင်ကာ ကိုယ်တိုင်ပြင်ဆင်ပေးသည် .လက်လုပ်လိမ္မော်ရည်ကိုပြင်ဆင်ရင်းအထူးစပယ်ရှယ်အနေနဲ့ထည့်နေကျ အဆိပ်အတောက်ဖြစ်စေမဲ့ဆေးရည်တစ်မျိုးကိုတစ်စက်လောက်ထည့်ကာရောဖျော်လိုက်သည်..ပြီးနောက်ထိုမိန်းမကြီးဆီသို့ယူသွားပေးတော့ အရင်လိုဘဲသံသယကင်းကင်းသောက်သည် ..Thomas မသိမသာပြုံးလိုက်မိသည် ..ဒါပေမဲ့အပြုံးကတော့ကြောက်စရာကောင်းနေလိမ့်မည်..
....

Taehyung လည်း ဒီနေ့အလုပ်စောစောဆင်းသည်မို့ စောစောပင်အိမ်ရာသို့ပြန်လာခဲ့လိုက်သည် .အိမ်ရာကိုလာရတာလဲ Ji ကအိမ်ရာမှာဆုံရဆိုလို့ပင် .ထို့နောက်လမ်းသုံးကွ အကွေ့မှာ အရှေ့ကကားတစ်စီးကပိတ်ရက်သည် ..သူလည်း ဘယ်ကောင်ပြသာနာရှာလဲဆိုပြီးဆင်းသွားတာ... အဲ့ဒီနောက် သူ့အနောက်ဘက်ခြေသံကြားလို့လှည့်အကြည့် ပုဝါစနဲ့အုပ်ခံရကာ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့သည်..

ထို့နောက်နာရီအနည်းငယ်အကြာ ပါးပြင်သို့ခပ်ဆက်ဆက်ပုတ်ခတ်ခံရမှုကြောင့်နိုးလာခဲ့သည်.
ထိုင်ခုံတစ်ခုပေါ်မှာဖြစ်ပြီး ကြိုးတုတ်ခံထားရသည် ..

" ကျစ် !! "

" လွှတ်ပေးစမ်း! ! "

" ဟားဟား! ! ဘယ့်နှယ် ဖမ်းလာပါတယ်ဆိုမှ လွှတ်ပေးဆိုဘဲ ဗိုလ်ကြီး Jeon Jungkook ရဲ့ကောင်လေးက "

အရှေ့ကအသက်ကြီးကြီးလူကြီးတစ်ယောက် ..အသက် 60 ကျော် အနည်းငယ်မြင်ဖူးနေတဲ့လူကြီး

" Ko Moon Shin Shii "

ဟုတ်တယ်.. ထိုလူကအငြိမ်စားရဲအုပ်ကြီး Ko Moon Shin ..ဒါဆိုဒီလူက Shin Noh တို့လိုက်နေတဲ့လူလား

" ကျုပ်ကိုဘာလို့ဖမ်းထားတာလဲ! ! "

" ကျွတ်ကျွတ်! ! ဗိုလ်ကြီး Jungkook ရဲ့ အားနည်းချက်လည်း​ဖြစ် ပါရမီဖြည့်ဖက်လည်းဖြစ်လို့လေ "

သူလည်းဟိုတစ်ခါက ထိုအမှုမှာပါဝင်ဖူးတာဘဲ
Rumor ကလည်းလောလောလတ်လတ်ထွက်ထားတော့ ဒီလိုအကြံအဖန်ကိုခင်းလိုက်တာဖြစ်မည် .ဒါ့ကြောင့်ဖြစ်မည် ဟိုဗိုလ်ကြီးက Shin Noh ကိုဆူခဲ့တာဒီကိစ္စတွေနဲ့ပက်သက်ပြီးသူ့ကိုဝင်မပါစေချင်ခဲ့တာနေမည်.
ဒီရက်ပိုင်းတွေမှာလဲ ဒီလူတွေဘက်ကအဓိကလက်နက်သိုလှောင်ကိုအသိမ်းခံလိုက်ရပြီး ထိုလူ Moon Shin ရဲ့လူအတော်များများလဲဖမ်းမိခဲ့ပြီး
တော်တော်များများကို သက်သေတွေရထားတာဖြစ်သည်
ဒါကိုထိုလူဘက်ကဘယ်ကျေနပ်မလဲ

" ကယ်! ! ဗိုလ်ကြီးအလာကိုဘဲစောင့်ပေါ့! ! ! "

" နိုင်ငံရဲ့အဖိုးတန်လေးနဲ့အပေးအယူလုပ်ရတာ စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ! ဟားဟား "

" ဖုန်းဆက်လိုက်တော့ ! ! "

ထိုလူကြီးက သူ့တပည့်တစ်ယောက်ကိုခိုင်းလေသည်.. ထိုလူကဖုန်းဆက်ကာအကြောင်းကြားသည်.

....

Jungkook တို့ဒီညတင် ကျွန်းဆွယ်ဘက်ကိုစစ်ဆင်းရေးဖြင့်သွားရမည်ဖြစ်သည်. မြောက်ပိုင်းဘက်က ပစ်လိုက်သောအမြှောက်ဒဏ်ဟာ တောင်ဘက်ကျွန်းပေါ်သို့လာရောက်ထိခိုက်ကာ အရပ်သားအနည်းငယ်နဲ့ အစောင့်တပ်သား 2 ဦးထိခိုက်မှုကြောင့် နှစ်နိုင်ငံတင်းမာမှုဟာပိုဆိုးတော့သည်..ထို့ကြောင့် မြောက်ပိုင်းဘက်ကရန် စမှုကို တောင်ပိုင်းဘက်ကလည်း တိုက်ခိုက်မှုတိုးမြှင့်ဖို့ရန်ပြင်ဆင်လိုက်တာဖြစ်သည်..

Jungkook တို့အားလုံးရဟက်ယာဥ်ဖြစ်ထွက်ခွာရန်အသင့်ပြင်ထားပြီးဖြစ်ပေမဲ့ အရေးပေါ်အခြေအနေက သူ့ဆီမှာပေါ်လာတော့သည်.. အဲ့ဒါက Kim ကို ဓားစာခံဖမ်းယူထားသည်ဟု တစ်ဖက်မှဆက်သွယ်လာတာကြောင့်ပင်

" ဗိုလ်ကြီး! ! ကျနော်တို့လူစုံပြီး "

ရဟက်ပေါ်ကတပ်သားတွေကအော်ပြောပေးမဲ့ Jungkook ကတစ်ခုခုကိုတွေဝေနေဟန်ရှိတာကြောင့် David ဆင်းလာကာအကျိုးအကြောင်းမေးမိသည်..

" မတက်သေးဘူးလား "

" Kim Taehyung ကို ဟိုလူဖမ်းထားတယ် !! သက်သေတွေနဲ့အလဲအလည်လုပ်ချင်တယ်ပြောတယ် "

David ကြားလိုက်ရတဲ့စကားကြောင့် ဘယ်လောက်ပြသာနာကြီးမှန်းခန့်မှန်းမိလိုက်သည်. Jungkook မျက်လုံးတွေဂဏာမငြိမ်တော့ ပေ.မျက်တောင်တွေတဖြတ်ဖြတ်ခတ်လာပြီး.. လက်တွေတုန်ရင်လာသည်..David သိသည် ဒီကောင်ဘာတွေတွေးကြောက်နေပြီးလဲဆိုတာ..

" ငါ.. ငါ နေခဲ့မယ်! ! ငါ့ကြောင့်သာ ထပ်ပြီးသူထိခိုက်ရင် ငါ့ကိုငါခွင့်လွှတ်မှာမဟုတ်ဘူးး "

" မင်းလည်းမထိခိုက်ရဘူး! ! ဂရုစိုက် "

David ပခုံးကိုပုတ်ကာ ခေါင်းညိတ်ပြလိုက်ပြီးမှ ရဟက်ပေါ်သို့တက်သွားတော့သည်.. တာဝန်ကိုမထမ်းဆောင်လို့ အပြစ်ဒဏ်ပေးတော့လည်း နောက်ကိစ္စမဟုတ်လား.. နောက်အရေးပေါ့

ထို့နောက် Shin Noh တို့ဆီအကြောင်းကြားကာ လူအင်အားကိုပြင်ဆင်ခိုင်းသည် ..' သက်သေနဲ့တကွ တစ်ယောက်ထဲဘဲ ' လာဖို့ပြောထားပေမဲ့.. ဒီလိုလူတွေဟာ ကတိတည်မည်တဲ့လား. ထို့နောက် တစ်ယောက်ထဲအရင်လှုပ်ရှားဖို့သာဆုံးဖြတ်လိုက်သည်.. အချိန်ကြာကြာဆွဲလို့မရပေ..

" အော်... ရောက်လာပြီဘဲ! ! သက်သေတွေအကုန် ငါ့လက်ထဲထည့်ပေး "

Jungkook ဒီထဲဝင်လာထဲက ဝင်ပေါက်တွေ အစောင့်ကျထားပုံတွေကို လျှို့ဝှက်ကင်မရာနဲ့သတင်းပို့ပြီးမှ ထိုလူတို့ကို ကိုယ်ထင်ပြကာထွက်ပြ​ခြင်း​ဖြစ်သည်..အထဲရောက်တော့ ထိုင်ခုံမှာကြိုးချည်လျက်နဲ့ရှိနေသော Kim ကိုတွေ့ရတော့ အံ့ကအလိုလိုကြိတ်မိသား.. ရွှေအိုရောင်အသားအရည်မှာ ကြိုးရာတွေကရဲရဲနီလို့ ..ရောက်ရောက်ချင်းပင် သက်သေတွေတောင်းနေတဲ့ အဘိုးကြီးကို Jungkook ဖိုင်တွဲတစ်ခုထုတ်ပြကာ..

" Kim Taehyung ကိုအရင်လွှတ်ပေး! ! "

ထိုအခါအဖိုးကြီးက မျက်ခုံးတစ်ဖက်ပင့်တက်သွားကာ မပီမပြင်ပြုံးပြီးမှ သူ့တပည့်တစ်ယောက်ကို လက်ပြကာ Kim Taehyung အနောက်သို့ရပ်စေသည်..

" ခင်ဗျားး ကတိတော့တည်ပါစေနော်! "

Jungkook ဖိုင်တွဲကို ကြမ်းပြင်ပေါ်သို့ ပစ်ချမည့်ဆဲဆဲ တစ်ဖက်က အနေအထားကိုကြည့်ကာ
အကဲခတ်သည်.. Taehyung အနောက်မှာ ကြိုးကိုဖြည်နေဟန်ကြောင့် ဖိုင်တွဲကိုသူတို့ကိုပစ်ပေးလိုက်သည်..

အဖိုးကြီးက စစ်ဆေးသည်.. Taehyung ကိုကြိုးဖြည်ပေးနေသည့်လူမှာ ဟန်ပြသာဖြစ်သည်
သို့သော် ဖမ်းမိထဲက ကြိုးကိုချောင်ကျလာအောင် သူ့လက်ကောက်ဝတ်နဲ့လှုပ်ရှားထားမှုကြောင့် အကျိုးသက်ရောက်မှုအနေနဲ့ ဘောင်းဘီအနောက်အိတ်ထဲက ဆောင်ထားနေကျ ဓားကို ယူနိုင်ခဲ့သည် ..ဓားနဲ့ကြိုးကိုမသိမသာ ဖြတ်နေပေမဲ့ လက်ကောက်ဝတ်ကတော်တော်ကို နာကျင်နေပြီးဖြစ်သည်.. ထိုစဥ်မှာပင် ဟိုဗိုလ်ကြီးက အခြေအနေကြည့်ကာ တစ်ဖက်လူတွေကို စတိုက်ခိုက်တော့သည်. တိုက်ခိုက်နေရင်း အပြင်ဘက်ကလူတွေပါဝင်လာတော့ Taehyung လည်း ကြိုးကိုအားနဲ့ဖြတ်ချကာလွတ်မြောက်သည်နှင့် ပါဝင်ကာတိုက်ခိုက်တော့သည်..တစ်ဖက်ကလူတွေကလဲသွားလိုက် အပြင်ဘက်ကထပ်မံဝင်ရောက်တိုက်ခိုက်လိုက်နှင့်မို့ ..သူတို့နှစ်ယောက်လွတ်မြောက်ဖို့လမ်းမမြင်သေးချေ ..တစ်ဖက်ကလူများလာလေ သူတို့အထိနာလေဖြစ်သည်.. ကြားထဲ သူ့အရှေ့က ဟိုဗိုလ်ကြီးကကာစိကာစိနှင့်မို့ တကယ်တမ်းထိရင်ထိုလူက အထိနာမည်ပင် ..

တိုက်ရင်းခိုက်ရင်းနဲ့ အဖိုးကြီးက နေရာကနေပျောက်သွားကာ Jungkook လည်း Kim Taehyung ကိုထွက်ပေါက်တွေကို အလျင်အမြန်ပင်ပြောပြပြီး ထွက်သွားခိုင်းသည်..အန္တရာယ်များလွန်းသည်မဟုတ်လား ..ပြီးနောက် Jungkook ဟိုအဖိုးကြီးနောက်သို့ခြေရာမဖောက်ခင် အသည်းအသန်လိုက်ရသည်.. လမ်းတစ်ဝက်မှာ အစအနပျောက်သွားလို့ လိုက်ရှာနေတုန်းမှာဘဲ ကြားလိုက်ရတဲ့အသံ

" မင်းတို့လို နောက်ပေါက်လေးတွေက ဘယ်သူ့ကိုလာကစားချင်တာလဲ !! ဟားဟား "

ထိုအဖိုးကြီးက ထိုသို့ပြောလာသည်နှင့် သူ့ဘေးပတ်ပတ်လည်မှာ သေနတ်တွေကအရန်သင့်ချိန်ထားကြပြီးသားဖြစ်သည်..
ကိုယ့်ရှိန်သတ်လိုက်ကာ ပင့်သက်ရှိုက်လိုက်မိသည်. ထိုအဘိုးကြီးက ရဲအရာရှိဖြစ်ခဲ့ဖူး၍ ရဲတွေရဲ့ခြေရာကိုသိနှင့်နေပြီးသားမို့ ဖမ်းရခက်သည်
ထို့နောက် ထိုလူတွေရဲ့ခေါ်ဆောင်ရာနောက်လိုက်သွားရတော့သည်..
..

" ​ဓားစာခံ အဖြစ် ဖမ်းထားတယ်! ! "

Jimin မနေ့ထဲကအတော်လေးစိတ်ပူနေတာဖြစ်သည် .အခု ရဲအရာရှိတချို့က Ent သို့ရောက်လာ၍အကျိုးအကြောင်းလာပြောပြမှသာသိရတာဖြစ်သည် .ရဲတွေဘက်ကပြောတာကတော့ သတင်းကိုဖုံးထားပေးပြီး မပေါက်ကြားစေဖို့ဖြစ်သည် .Ent ဘက်ကတော့ ကျန်းမားရေးအခြေအနေကြောင့် Kim ရဲ့လှုပ်ရှားမှုတွေကိုရပ်နားမယ်လို့ထုတ်ပြန်ထားသည်..

Kim သာတစ်ခုခုဖြစ်လို့ကတော့ဆိုတဲ့စိတ်နဲ့ သူရူးတော့မည် .ရဲတွေကတော့ အကောင်းဆုံးကြိုးစားပေးမယ်ဆိုတာပြောပေမဲ့ သူ့မှာ စိတ်မချနိုင်. ဒီအမှုထဲ ဝင်ပါလို့မရပေမဲ့ သူ့မှာ စုံထောက်တချို့နဲ့ အဆက်အသွယ်ရယူကာ နားတစွင့်စွင့်နှင့် အလုပ်မလုပ်နိုင်ဖြစ်ရသည်

" အဲ့ဒီကောင်က မင်းရဲ့ ဝဋ်ကြွေးလား ချစ်ခြင်းလား! ! Kim! ! "
..

" မင်းရထားတဲ့သက်သေတွေ အားလုံးဘယ်မှာသိမ်းထားလဲ! ! ပြောစမ်း မြန်မြန် "

ခေါင်းမာတဲ့ Jungkook ကဘယ်လောက်ရိုက်နှက်ရိုက်နှက် တစွန်းတစမျှမပြောချေ.. ထိုလူ Ko Moon Shin ဆိုသူကတခြားလူတော့မဟုတ်ချေ.. ဦးလေး Min ( Shin Noh အဖေ) ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်သာဖြစ်သည်. ထိုလူက မြောက်ပိုင်းဘက်ကခိုးဝင်ခိုလှုံလာသူဖြစ်ပြီး ဒီဘက်ကအရာရှိတချို့နဲ့အပေးအယူမျှစွာ တောင်ပိုင်းဘက်မှာ လူမျိုးအရင်းအချာလိုနေထိုင်သည်.. စုံစမ်းရသလောက်တော့ ဒီလူကမြောက်ပိုင်းဘက်ကအလိုရှိသည့် တပ်ပြေးလည်းဖြစ်သည်.ထိုလူမှာ လက်နက်ဂိုဏ်း မူးယစ်ဆေးဝါးနဲ့လောင်းကစားရုံများစွာရှိသည်.. ဦးလေး Min ကိုလည်း ထိုလူရဲ့လျှို့ဝှက်ချက်တွေသိသွားခဲ့၍ရှင်းထုတ်လိုက်သည့်သဘောပင်.. သက်သေတွေကသူ့လက်ထဲတွင်ရှိနေခြင်းဖြစ်သည်.. ဘာကြောင့်ဆို အရင်တခါ မြို့နယ်မှူးစျာပနပွဲမှာ ထိုလူရဲ့မြောက်ပိုင်းလေသံနဲ့ အဖြတ်အတောက်နဲ့စကားပြောတက်ပုံကို သူသတိထားမိခဲ့ရာကနေ တိတ်တိတ်လေးနောက်ကြောင်းလိုက်ခဲ့တာဖြစ်သည် .ထိုလူက သူ့ကိုခြိမ်းခြောက်တုန်းက အသံဘယ်လောက်ဘဲဖြတ်ထားခဲ့ဖြတ်ထားခဲ့ အဖြတ်အတောက်နဲ့စကားပြောတက်ပုံကတော့လိမ်လို့မရပေ.. သက်သေတွေသူ့ဆီမှာရှိနေရခြင်းမှာ ထိုလူကရဲအရာရှိဟောင်းဖြစ်သည့်အလျှောက် ဌာနအများစုမှာသူ့လူတွေကိုဖျံ့ကြန့်ထားသည်ဖြစ်ရာ ထိုလူများကြောင့်ပင် ထိုအမှုအတွက်သက်သေတွေဟာ အစအနကမကျန်ပျောက်ခဲ့ရခြင်းကို သိထားခဲ့လို့..ဘယ်အရာရှိလက်ထဲမှ ယုံယုံကြည်ကြည်မတင်ပြထားရဲတာဖြစ်သည်.. Shin Noh ကတော့ ထိုလူရဲ့လုပ်ရပ်တွေကြောင့် ဘယ်လောက်ရင်နာလိုက်မလဲ..ထိုလူ Ko Moon Shin ဆိုတာက Shin Noh အတွက်တော့ ဒုတိယ​ခေါင်းကိုင်အဖေပင်ဖြစ်သည်..Shin Noh ဒီကိစ္စတွေကိုသိသိချင်းကဆို လုံးဝတောင်ယုံခဲ့တာမဟုတ်ပေ.. သက်သေတွေရှိနေ၍သာ လက်ခံခဲ့ခြင်း ..သူတို့ရှာနေတဲ့နောက်ဆုံးသက်သေက ဦးလေး Min အပါအဝင် ရဲအရာရှိတချို့ကိုထိုအမှုကြောင့် ထိုလူသတ်ခဲ့တဲ့သက်သေအထောက်အထားပင် ..ထိုလူကိုဖမ်းဖို့အတွက်သက်သေအသေအမွှားနဲ့တော့မရပေ ..သက်သေတွေအားလုံးလက်ထဲမှာရှိနေမှသာထိုလူမရုန်းနိုင်မှာဖြစ်သည်..

" မင်းကလည်း Min Jae Song( Shin Noh' Father )လို ခေါင်းကြောမာတဲ့ကောင်ဘဲ! ! ဟားဟား အသားမနာဘဲမပြီးဘူးဘဲ "

" ခင်ဗျားလိုလူအတွက်အသားနာရတာမတန်ပေမဲ့ အမှန်တရားအတွက်လုပ်နေတဲ့သူတွေက အသားနာတာလောက်နဲ့လဲမမှုဘူး !အ့ "

" ဒါပေါ့! ! အမှန်တရားကို သိပြီးသွားရင်တော့ ငရဲစီရောက်အောင်ပို့ပေးရတာပေါ့! ! အဲ့လိုဘဲMin Jae Song ( Shin Noh အဖေ ) ဆိုတဲ့ကောင်မှာလည်း ငါ့ကိုဖမ်းထည့်နိုင်တဲ့သက်သေအကုန်ရှိတယ်! ! အဲ့ဒီနောက် သူ့ကိုကော သူ့ဆီကသက်သေတွေကောအကုန်အစဖျောက်ပစ်ခဲ့တယ်. ဒါမဲ့ အရေးကြီးဆုံးသက်သေတစ်ခုကတော့ ဒီနေ့အထိကိုပျောက်နေတုန်းဘဲ! ! Min မျိုးရိုးနဲ့ပက်သက်တဲ့နေရာမှန်သမျှရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘူး! ! နောက်ဆုံး ခြေရာခံမိခဲ့တာက ဘယ်သူမှအရေးကြီးခွင်ကျယ်မလုပ်ထားခဲ့တဲ့ ဒီအမှုကိုအစပြန်ဖော်ခဲ့တဲ့ မင်းဆီကနေဘဲ! ! "

မှန်ပါသည်. ဒီအမှုကိုပြန်စခဲ့​တာက Shin Noh မဟုတ်ဘဲ သူ့ဆီကစတာဖြစ်သည်. အဘယ်ကြောင့်ဆိုသော် Shin Noh ကသူ့အဖေသေဆုံးမှုကို မတော်တဆမှုဘဲဟုပင် အစကထင်ခဲ့တာဖြစ်သည် .ဦးလေး Min မသေဆုံးသည့်ခင်လက်ခံရရှိခဲ့တဲ့ ခြိမ်းခြောက်စာကိုသက်သေအဖြင့်ဖုန်းအစုတ်တစ်ခုထဲကကူးယူထားသည်ကိုသူတွေ့ရှိခဲ့လေသည်.ဦးလေး Min ကထိုအချက်အလက်ကိုဘဲ ထည့်သွင်းထားခြင်းအားဖြင့် ကျန်တဲ့သက်သေတွေကို စခန်းကအထက်အရာရှိကိုသာယုံကြည်စွာအပ်နှံထားသည့်ပုံပင် Ko Moon Shin ကအားလုံးနဲ့ပေါင်းကာ အကုန်လုံးကိုအကွက်ကျကျ လိမ်ညာခဲ့ခြင်းပင်..ဒါပေမဲ့အခုလက်ရှိထိုလူပြောနေသောစကားတွေကိုသူနားမလည်ပါ.. ဘာကြောင့်ဆို သူတို့တောင် အခုဦးလေး Min အတွက်သက်သေရှာနေတာဖြစ်သည် .ထိုလူတောင်းနေသည့်သက်သေဆိုတာကို သူကိုယ်တိုင်တောင်မသိတာအမှန်ပေ.. ဖြစ်နိုင်တာတစ်ခုက ဦးလေး Min ဖွတ်သွားသည့်အရေးကြီးသည့် သက်သေတစ်ခုက သူ့ဆီမှာရှိသည်ဟုထိုလူထင်နေတာပင်..

" သက်သေတွေ ထုတ်ပေးလိုက်ရင်လွယ်လွယ်လေးမဟုတ်လား! ! " ဆိုပြီး တံခါးဝကနေ ဆွဲထုတ်ခေါ်လာတဲ့ Kim Taehyung ကြောင့် သူ့မေးတွေတင်းခနဲ

Jungkook ရုတ်ရုတ်သဲသဲဖြစ်သွားသည်ကိုအဖိုးကြီးက ကျေနပ်ပြုံးပြုံးသည်

" ပြောဘယ်မှာထားထားလဲ! ! "

Taehyung ပြန်ထွက်လာပေမဲ့ လမ်းတစ်ဝက်မှာ ထိုလူတို့က ပြန်ဖမ်းလာခဲ့တာဖြစ်သည်.. ထိုဗိုလ်ကြီးကတုန်လှုပ်နေသည့်အသွင်ကိုမထိန်းချုပ်နိုင်စွာ

" Kim Taehyung ကိုလွှတ်ပေးပြီး! ! ကျုပ်နဲ့ဘဲရှင်း "

" ရတယ်! ! အိုးး လွတ်ပေးစရာမလိုဘူး! ! ငါက ဒီလူနဲ့ကိစ္စလေးရှိတယ် "

" ခင်ဗျားလေး ဒီလူကိုဘာထင်နေလို့လဲ! ! ဒါအရွဲ့တိုက်စရာမဟုတ်ဘူးနော်! ! " "

Taehyung ကိုဘာမှန်းမသိဘဲနဲ့ အသည်းအသန်တားနေတဲ့လူကြောင့် သက်ပြင်းတစ်ချက်ချကာ

" ငါနဲ့ခင်ဗျားက ဘာဆိုင်လို့အရွဲ့တိုက်ရမှာလဲ! ! "

" ကျစ်! ! ! ဟာ့ကွာ! !"

ထိုဗိုလ်ကြီးဆီကမချီတင်ကဲအသံထွက်လာပေမဲ့ Taehyung လျစ်လျူရှုကာ Ko Moon Shin ဆိုတဲ့လူဆီကိုဦးတည်ကာ

" Ko Moon Shin shi! ! Mrs. Rachel နဲ့ ပြန်အဆင်မပြေသေးဘူး ထင်တယ်နော်! ! Mrs. Rachel က ခင်ဗျားကိုချကျွေးတော့မယ်ထင်တယ်! "

" မင်း! ! မင်းကဘယ်သူလဲ ?! "

အဖိုးကြီးကတအံ့တသြမေးတော့ Taehyung က နှုတ်ခမ်းတွန့်ကာပြုံးပြီး

" ဘယ်သူလို့ထင်လဲ! ! Mrs. Rachel ရဲ့အကြွေးရှင်လေ "

ထိုစကားပြောရင်း ဟိုဗိုလ်ကြီးနဲ့ အကြည့်ချင်းစုံသည်.. သူ့ဆီကနာကျည်းမှုတွေကို ထိုလူမြင်မှာပါ .ဟိုတစ်ခါဖမ်းမိတဲ့လက်နက်တွေက Canada ကဖြစ်ကြောင်း Korea Media ကနေ တင်လိုက်ကတည်းက Rachel ဆိုတဲ့မိန်းမကြီးက သူ့ image ထိမည်ဆိုး၍ ကိုယ်လွတ်ရုန်းခဲ့သည်ကို Thomas ဆီကနေသူကြားပြီးသားဖြစ်သည်. ပြီးတော့ Mrs. Rachel ရဲ့စီးပွားဖက်ပါတနာဖြစ်တဲ့ Ko Moon Shin အကြောင်းကိုလည်း သူကဒီမှာနေ၍ လျှို့ဝှက်စုံစမ်းနေခဲ့တာဖြစ်သည် ..ဟိုတခါ ဟိုဗိုလ်ကြီးက မြို့ပြင်ဂိုထောင်ဆီလိုက်ပို့ခိုင်းတုန်းကလည်း သူ စုံစမ်းစရာရှိလို့ ပြန်လွှတ်တာကိုပင် မပြန်ဘဲထိုကိစ္စမှာဝင်ပါခဲ့ခြင်းဖြစ်သည်.. အခုလို အဖိုးကြီးနဲ့ထိပ်တိုက်တွေ့ရတာက တခြားတော့မဟုတ် အဘိုးကြီးကိုစွပြီး Rachel ဆိုတဲ့မိန်းမကြီးရဲ့ လူသိမခံတဲ့ကိစ္စတွေကိုနှိုက်ထုတ်ချင်လို့ပင်..

" စိတ်တော့မကောင်းပေမဲ့ ခင်ဗျားကိုအရင်ဖော်ထုတ်မှရမှာမို့! ! အခုလောက်ဆို ခင်ဗျားနာမည် Trendy ဖြစ်နေပြီးလားတောင်မသိဘူး! ဖုန်းလေးဘာလေးဖွင့်ကြည့်လိုက်ပါအုံး! အဟက် "

အဖိုးကြီးက တောက်တစ်ချက်ခေါက်ကာ ဖုန်းဖွင့်ကြည့်သည်. ပြီးနောက် ဖုန်းကိုနံရံဆီကောက်ပေါက်ပစ်သည် ..Taehyung ပြုံးလိုက်မိသည်.သူ့အသိ မှုခင်းသတင်းသမားနဲ့တိုင်ပင်ကာ ဒီနေ့မှာ အကုန်ဖော်ထုတ်ဖို့အစီအစဥ်ဆွဲထားပြီးသား..အခုလိုတိုက်ဆိုင်စွာ သူ့ကိုပါ ဓားစာခံဖမ်းထားတော့ပိုပြီး အမှုကြီးဖို့သာရှိတော့သည်လေ..

တောက်ခ်

အဖိုးကြီးရဲ့အစီအစဥ်ကတခြားတော့မဟုတ်လှ Shin Noh တို့လက်ထဲမှာရှိတဲ့ သူ့ပြစ်မှုမှတ်တမ်းတွေအားလုံးကို အစဖျောက်ကာ ဒီနိုင်ငံကနေ တိတ်တိတ်လေးထွက်သွားရန်ပေ.. အခုတော့ သူကဝရန်းပြေးပုံစံမျိုးဖြစ်နေပြီမို့ သူ့အမှုကိုဘယ်သူမှမဖုံးပေးနိုင်တော့ပေ ..Taehyung အစီအစဥ်အနောက်မှာ သက်သေအဖြစ်လိုက်ရန် Shin Noh တို့အုပ်စုရှိသည်လေ ..ဒါကိုပင်အဖိုးကြီးကမကျေနပ်လို့ရိုက်နှက်သည် နှိပ်စက်သည်..

" ငါ့ကိုဒုက္ခပေးပြီး မင်းလည်းကောင်းကောင်းရှင်သန်ရမယ်မထင်နဲ့! ! "

" ခင်ဗျားက လမ်းဆုံးနေပြီးမို့ လိုအပ်တဲ့သူကတောင်းနေရင် အကျိုးပြုသင့်တယ်နော်! ! Mrs. Rachel ကော ခင်ဗျားကောသစ္စာရှိတဲ့လူတွေမဟုတ်မှန်းသိထားပြီးသားပါ! ! အဟက် "

" ရားးး Kim Taehyung ကိုမထိနဲ့လို့! ! ခွေး *သားတွေ! ! "

လက်နှစ်ဖက်ကိုကြိုးနဲ့အပေါ်မြှောက်ကာချည်ထားပြီး ရင်ဝကိုစောင့်ကန်လိုက် ဗိုက်သားတွေကို လက်သီးချက်တွေနဲ့အားပြင်းပြင်းထိုးလိုက်နဲ့
အလုပ်ရှုပ်နေတော့တာ.. ကြားထဲက ဟိုဘက်ကအဖမ်းခံထားရတဲ့ဗိုလ်ကြီးက သူ့ထက်ပိုပြီး ရှူရှူရှဲရှဲနဲ့ ဒေါသတကြီး တားသည်.. အဖမ်းခံထားရာကနေ ရုန်းကန်နေတာ မျက်လုံးများကရဲရဲနီလို့ သတ်တော့ဖြတ်တော့မဲ့ ခြင်သေ့တစ်ကောင်နဲ့ပင်တူနေလေသည်..

" ကျုပ်ကိုဘဲ ကြိုက်သလောက်နှိပ်စက်! ! သူ့ကိုလုံးဝမထိနဲ့! ! "

" အားလုံး ကျုပ်ဘဲခံဘဲ! ! ခင်ဗျားတို့ လိုချင်တာ သက်သေလား! ! ကျုပ်အားလုံးထုတ်ပေးမယ်! ! "

ချစ်တဲ့သူ့က သူ့အရှေ့မှာတင်အနှိပ်စက်ခံနေရတာ ဘယ်နှလုံးသားကခံနိုင်မတည့်လဲ ..နှုတ်ခမ်းအဆက်မှာစီးကျ​နေတဲ့သွေးတွေနဲ့ နာကျင်မှုကိုအံတင်းတင်းကြိတ်​ပြီးမျက်နှာလေးရယ် တစ်ခါအရိုက်နှက်ခံရတိုင်း မအော်ဘဲထွက်လာတဲ့နာကျင်တဲ့အသံခပ်ကြိတ်ကြတ်ရယ် သူရင်ဘတ်ထဲကနှလုံးသားကကျင်တက်လာပြီး သွေးဆူစွာစူးစူးနစ်နစ်နာကျင်လာသည်.. အဆိုးကခံပြင်းတာ သူကဒီအတိုင်းကြည့်နေရလို့.. ဘာမှမလုပ်ပေးနိုင်လို့ ပိုပြီးပေါက်ကွဲတာ.. ကိုယ့်ကိုကိုယ်သတ်ပစ်ချင်တာ..

" ဟားဟားးးး! ! ဟားဟားးး! ! ဒီလိုမှပေါ့! "

" ကယ်! ! ပြော... သက်သေတွေဘယ်မှာထားထားလဲ! "

" ရပ်စမ်းး! ! ခင်ဗျား အရူးထမနေနဲ့! ! ခင်ဗျားပြောရင် ခင်ဗျားကို ငါသတ်မှာနော် "

ဖြောင်း 💢
Taehyung ကြားကဖြတ်ပြောတော့ အဖိုးကြီးက ပါးပြင်ပေါ်သို့ရိုက်ချက်ပြင်းပြင်းဖြင့်ရိုက်သည် .Taehyung မျက်နှာလည်ထွက်သွားတော့
Jungkook အလျင်အမြန်ပင်

" ဦးလေး Min ရဲ့ cemetery ashes မှာ! ! "

Jungkook အော်ပြောလိုက်တော့ Ko Moon Shin ဆိုတဲ့လူကသဘောတကျတဟားဟားဖြင့်ရီရင်း ရိုက်နှက်နေတာကိုရပ်ပေးသည်.. Taehyung သည်လည်း ထိုရူးနေသော ဗိုလ်ကြီးကိုစူးစူးနစ်နစ်သာစိုက်ကြည့်နေတော့သည်..
...

တစ်ဖက်က Shin Noh တို့မှာလည်း Ko Moon Shin ဆိုသူက Jungkook hyung ကိုချိန်းဆိုသောနေရာကို အချိန်မီသွားခဲ့ပေမဲ့ Ko Moon Shin ဆိုသူကရဲ့လူတွေကလမ်းတစ်ဝက်မှာတင်ဝင်ရောက်တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်.. ဒါတောင် ထိုလူကြီးအကြောင်းသိလို့ Chan Woo နဲ့သူနဲ့အဖွဲ့နှစ်ဖွဲ့ခွဲကာသွားသေးသည်.. Shin Noh က ထိုလူ​​ကားနဲ့လစ်ထွက်တာကိုအနောက်လိုက်နိုင်ခဲ့​ပြီး ခြေရာခံစက်ဖြင့်ပါ ထိုကားအနောက်ဘက်ခြမ်းအမိအရ ခြေချုပ်နိုင်ခဲ့ပေမဲ့ သူ့ထက်စီနီယာကျလို့လား သေချာပေါက်ကိုမျက်ခြေဖျက်နိုင်ခဲ့သေးသည်.. ခြေရာခံစက်နဲ့ကားကလည်းတကယ်တမ်း ထိပ်တိုက်တွေ့ချိန်မှာ Ko Moon Shin ဆိုတဲ့လူရှိတဲ့တည်နေရာမဟုတ်ချေ..ထိုလူက လုပ်သက်ရနေသည့်လူဆိုတော့ သူတို့ကိုလှည့်စားသွားနိုင်သည်.. သို့သော်ကံကောင်းတာတစ်ခုက Jungkook hyung ဆီမှာရှိတဲ့ အသံဖမ်းစက်က သူတို့နဲ့ဆက်သွယ်၍ရသေးသည်ကိုဘဲ.. ထိုအသံဖမ်းဆက်ကနေ တည်နေရာကိုရနိုင်မလားလို့ Shin တို့အသည်းအသန်ကြိုးစားနေချိန်မှာဘဲ.. ဟိုလူရဲ့ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့် သက်သေတွေဝှက်ထားသောနေရာကို Jungkook hyung က ပြောတော့မည်ကိုခန့်မှန်းမိ၍ Shin Noh အမြန်ပင် အဖေရဲ့ အရိုးပြာသချိုင်းရှိရာသို့လာကာ သက်သေတွေကိုလက်ဦးမှုယူသည်.. ​ပြာအိုးထည့်ထားရာ Box အသေးလေးထဲမှာ ဝှက်ထားခြင်းဖြစ်သည်.. ဘယ်သူမှမထင်ထားသောနေရာမှာထားမှသာ လုံခြုံမည်ဖြစ်သည်.. Shin Noh ကမန်းကတမ်း သက်သေခံပစ္စည်းတွေအားလုံးယူနေတုန်း မတော်တဆထိမိပြီး သူတို့သားအဖနှစ်ယောက်တွဲရိုက်ထားသော ဓာတ်ပုံလေးကအောက်သို့ ဂွမ်းကနဲကျကွဲသည်..

" ဟင် !! "

ထိုဓာတ်ပုံအထဲကနေ ထွက်ချလာတာက ID Card တစ်ခုဖြစ်သည်... ဘာမှမစဥ်းစားဘဲ အမြန်ပင်ကောက်သိမ်းကာ ကားထဲသို့ပြန်ပြေးလာလိုက်သည် ..ဟိုလူတွေမလာခင်အမြန် ထိုနေရာကနေအမြန်ထွက်ရသည်. ပြီးနောက် ကွန်ပြူတာထဲသို့ ထို Card ကိုထည့်ပြီးဖွင့်ကြည့်တော့ အရင်က သေသွားပြီး ဖြစ်တဲ့ ဝန်ကြီးချုပ်နဲ့ Ko Moon Shin ဆိုတဲ့လူတို့ရဲ့ဆက်စပ်မှု.. အစကထိုလက်နက်လုပ်ငန်းက အရင်ဝန်ကြီးချုပ်အပိုင်ဖြစ်ပြီး Ko Moon Shin နဲ့ထိုလူကတောက်ကဆဖြစ်ကာ Ko Moon Shin ကထိုလူကိုလုပ်ကြံသတ်ဖြတ်လိုက်ခြင်း.. သူ့မျက်လုံးတွေပြူးကျယ်သွားသည်.. ဒါကသူ့အဖေနောက်ဆုံးဖွတ်သွားတဲ့ အရေးကြီးတဲ့သက်သေပင်ဖြစ်မည်.. ရပြီ ထိုလူပြေးမလွတ်မဲ့ကြီးမားတဲ့သက်သေ..

ထို့နောက်သူ့ဖုန်းဆီသို့ဆက်သွယ်လာသော သူတို့အဖွဲ့ဝင်ထဲက နည်းပညာကျွမ်းကျင်သောသူက တည်နေရာကိုခြေရာခံမိသွားကြောင်း အကြောင်းကြားသည်..

" Ko Moon Shin shii! ! ခင်ဗျားဒီတစ်ခါတော့သေချာပေါက်မလွတ်တော့ဘူး !! "

...

" တောက်ခ် !! ရာရာစစ ငါ့ကိုလှည့်စားရဲတာပေါ့လေ! ! နှစ်ကောင်လုံးကို သတ်ပစ်မယ် "

Ko Moon Shin ဆိုတဲ့အဖိုးကြီးက သူ့ဘေးနားတပည့်ဆီက သေနတ်ကို ဆွဲယူကာ ပစ်မလို့ရွယ်တုန်းမှာတင်..

" ရပ်စမ်း! ! "

သေနတ်နဲ့ချိန်ထားကာ သတိပေးလာတဲ့ Shin Noh ကြောင့် ထိုအဖိုးကြီးက အံကြိတ်ကာလက်ကိုဘေးဘက်သို့မြှောက်လိုက်သည် ..

" ခင်ဗျား အဆုံးသတ်ပြီး! ! Ko Moon Shin shii ​!"

" ဟားဟား !! ကိုယ့်ခေါင်းကိုင်အဖေကို ဒီလိုကျေးဇူးဆပ်လိုက်တာလား! !"

Shin Noh မဲ့ပြစ်လိုက်သည်.. ငယ်ငယ်ကသူအရမ်းခင်တွယ်ဖူးပါတယ်ဆိုတဲ့ လေးစားရပါတယ်ဆိုတဲ့ စံပြလူတွေထဲကတစ်ယောက်ဟာ လူဆိုးလူယုတ်မာဖြစ်နေမယ်လို့ ယောင်လို့တောင်မတွေးဖူးခဲ့တာအမှန်ပါ..အဖေရဲ့အချစ်ခင်ရဆုံးသူငယ်ချင်း မိသားစုဝင်လိုတောင်ဖြစ်နေတဲ့လူကဘဲ နောက်ဆုံး အဖေ့ကိုသတ်တဲ့လူသတ်သမားဖြစ်နေသည်..

" ခင်ဗျား! ! ခင် ခင်ဗျား သူငယ်ချင်းအတွက် ငရဲကိုဆင်းရတော့မှာ "

" မင်းအဖေတောင် ငါ့ကိုကောင်းစားစေချင်လို့ သေပေးခဲ့တာကို! ! ဟားဟား ဘာငရဲတုန်း "

ဘယ်လောက်မျက်နှာပြောင်သလဲဆိုရင် သူကပင်သတ်ပြီး သူ့ကိုပင်လမ်းခင်းပေးခဲ့သလိုပါးစပ်ကထွက်လာသေးသည်..

" ခင်ဗျား! ! "

Shin Noh စိတ်တိုတိုနဲ့ သေနတ်ကိုအရှေ့ပိုတိုးကာချိန်လိုက်တော့ ထိုလူက သူ့ဘေးနားက Taehyung hyung ရဲ့လည်ပင်းကိုဓားနှုတ်ခမ်းနဲ့တေ့ထားလေသည်..

Taehyung တို့ကိုကြိုးတွေဖြည်ပေးနေတုန်း ဖမ်းဆွဲကာ လည်တိုင်ကို ဓားဖြင့်ထောက်ထားသည်မို့.. လည်တိုင်ကိုပင့်ထားရသည်

" အာ !! ခင်ဗျားကြီး! ! "

" Jungkook hyung! ! "

Jungkook hyung က စိတ်တိုတိုဖြင့် သူ့ဆီကသေနတ်လှမ်းဆွဲကာ ဟိုလူကြီးကိုပစ်မလို့ရွယ်သည်မို့. Shin Noh အမြန်ပင်လှမ်းတားလိုက်သည်..Jungkook hyung ကိုကြည့်ရတာ သားရဲတစ်ကောင်လိုပင် ..ကြောက်စရာကောင်းနေသည်..

" ပစ်လေ! ! ပစ်လေ!! ငါသေရင်သူပါသေမှာ! ! "

" ခင်ဗျား! ! ရပ်သင့်ပြီ ! ဒီထက်ပိုပြီး အပြစ်တွေမကျူးလွန်ပါနဲ့တော့ !! "

ထိုလူကြီးကို စကားပြောရင်းဓားကိုအနည်းငယ်ဆွဲလိုက်သည်မို့ Taehyung လည်ပင်းအနည်းငယ်ရှသွားကာသွေးတွေထွက်လာသည်..

Jungkook အသွေးအသားတွေဆူပွတ်လာသည်.ထိုလူကြီးကိုတစ်စစီလုပ်ကာသတ်ချင်နေပြီဖြစ်သည်..

ထို့နောက်ထို Ko Moon Shin ဆိုတဲ့အဖိုးကြီး​က
ဓားကိုဝေ့ရမ်းကာ ခြိမ်းခြောက်ပြီး Taehyung ကိုပါခေါ်ပြီးအပြင်သို့ထွက်သွားသည်.. ကားပေါ် ဆွဲတင်တော့ Jungkook ပြေးဆွဲတော့ ဓားဖြင့်ရမ်းလိုက်တာ ဗိုက်သားကိုရှထိသည်..

" Jungkook hyung! ! နေခဲ့လိုက်လေ ဒဏ်ရာနဲ့ကို "

ကားနဲ့ထွက်သွားတဲ့လူနောက်ကိုကားဖြင့်မျက်ခြေမပျက်လိုက်ရသည်. ဆိုက်ရပ်သွားတဲ့နေရာက လေဆိပ်တွင်..Taehyung ကိုဓားစာခံလုပ်ကာ လေဆိပ်ထဲခေါ်သွားပြီး ဝန်ထမ်းတွေကိုခြိမ်းခြောက်ကာ လေယာဥ်စီစဥ်ခိုင်းသည်..

ဒိုင်းး 💢

Jungkook အနောက်မှနေ၍ ထိုအဖိုးကြီးလက်မောင်းကိုသေနတ်နဲ့ပစ်လိုက်ခြင်း..ထိုလူက သူ့လက်တစ်ဖက်ကိုထိန်းကိုင်လိုက်သည့်အတွက် Taehyung ကဘေးသို့လွတ်သွားသည်.
Taehyung လွတ်သွားတာနဲ့ Jungkook က ထိုလူကြီးကို အပေါ်စီးမှနေ၍ ထိုးကြိတ်တော့သည်. ပါလာတဲ့ တပ်သားတွေနဲ့ Taehyung ဝိုင်းဆွဲတာတောင် Jungkook ကလုံးဝမရပ် ...

" ခင်ဗျား! ! အသိစိတ်ကပ်စမ်း! ! "

Taehyung ဟိုဗိုလ်ကြီးလည်ပင်းကအင်ကျီစကို
ဆွဲပြီးပြောလိုက်တော့ နှိမ့်ချည်မြင့်ချည်ဖြင့်နေသောရင်ဘတ်ဖြင့် ရုပ်ချည်းငြိမ်သက်သွားသည်.
ထို့နောက် Shin Noh တို့က Ko Moon Shin ဆိုတဲ့လူကိုလက်ထိပ်ခတ်သည်. ထိုအခိုက်

ဒိုင်း 💢

" အ့ ~ "
သေနတ်ရဲ့ပစ်မှတ်က Jungkook hyung ဖြစ်ပေမဲ့ တကယ်တမ်းထိသွားတာက Taehyung hyung ဖြစ်သည် ..

Jungkook အရှေ့မှာလဲကျသွားတဲ့ Taehyung ကပစ်စလက်ခရယ်.. အချိန်မှီလှမ်းပွေ့လိုက်တဲ့အခိုက် ရင်ဘတ်မှစိမ့်ထွက်တဲ့သွေးတွေကို ​မြင်ရတော့အလန့်လန့်အဖြန့်ဖြန့် ..ထိုအချိန်မှာ Shin Noh နဲ့ Chan Woo တို့အဖွဲ့ပေါင်းကာ Ko Moon Shin ကို ဖမ်းဆီးနိုင်ခဲ့သည်..Jungkook ရင်ထဲတလှုပ်လှုပ်နဲ့ စိုးရိမ်လွန်းလို့ အသက်ရှုမဝတော့ဘူးရယ်..ခြေမကိုင်မိလက်မကိုင်မိနဲ့ သူ့ရင်ဘတ်ထဲလည်းသွေးတွေစိမ့်ထွက်နေသလို..ထပ်တူကျတဲ့နာကျင်မှုမျိုး..

" အရေးပေါ်ကားခေါ်ပေး! ! မြန်မြန်! ! "

" နာ.. နာကျင်တယ်မဟုတ်လား ~ "

" ခင်..ခင်ဗျား ကိုပေးတဲ့.. အပြစ်ဒဏ်ဘဲ.. ရူး လောက် အောင် နာကျင်ရလိမ့်မယ် "

ဖြည်းညင်းစွာထွက်လာတဲ့စကားသံနဲ့အတူ ရင်ဘတ်ကနာကျင်မှုကြောင့်ထင်သည် မျက်ရည်တစ်ပေါက်က လစ်ခနဲကျသည်..Jungkook
ထိုစကားကြားလိုက်ရတာနဲ့တင် ကိုယ့်ကိုကိုယ်သတ်ပစ်ချင်သည်.ငါ့ကြောင့် ငါ့အတွက် နဲ့ဆိုတဲ့စိတ်ကြောင့် ပိုပြီးရင်ထဲထိလှိုက်တက်ကာ နာကျင်ရသည် ..Kim ကလေ ရူးမိုက်လွန်းတယ် ပြီးတော့ ဉာဏ်လည်းကောင်းသည်.. သူ့ကိုသူတောင် မငဲ့ဘဲနဲ့ ဒီလိုနည်းကိုသုံးသွားတာ ...အခုဆေးရုံမှာ အရေးပေါ်ခန်းရှေ့မှာ နံရံတွေထိုးနှက်ကာ ကိုယ့်ကိုကိုယ်နှိပ်စက်မိသည်..သိပ်မကြာခင်မှာဘဲ Park Jimin ကရောက်လာပြီး သူ့ကိုထိုးနှပ်တော့သည်. ဒီအချိန်မှာ အသားနာလည်းမမှုဘူး စိတ်ကပိုပြီးနာကျင်နေလို့..

" ဒီမှာ တော်ပါတော့! ! ဒဏ်ရာတွေနဲ့လူကို ဘယ်လိုဖြစ်စေချင်တာလဲ "

Chan Woo ကကြားဖြတ် ပြောမှသာ Park Jimin ကတောက်တခတ်ခတ်နဲ့ တခြားနေရာမှာသွားထိုင်တော့သည်..

ဒီနေ့နဲ့ဆို သုံးရက်မြောက်နေ့.. Kim ကမနိုးလာသေးဘူး.. ချစ်တယ်ဆိုပြီး ဘယ်တုန်းကမှ မင်းကိုကောင်းကျိုးမပေးခဲ့တဲ့ နတ်ဆိုးလိုကောင်ကလေ မင်းအနားမှာကပ်ပြီး ဒုက္ခတွေချည်းဘဲယူလာမိတယ်..အဲ့လိုကောင်အတွက် အသားနာခံပြီး ဆေးရုံကုတင်ပေါ်လှဲနေတာ မင်းကမခံပြင်းပေမဲ့ ကိုယ်ကခံပြင်းလွန်းလို့ရူးတော့မှာဘဲ ..မင်းကကိုယ့်ကြောင့်အကြိမ်ကြိမ်ပျက်စီးရတယ်.. တစ်ခါလည်း မဟုတ်နှစ်ခါလည်းမဟုတ်တာမို့ မင်းလက်နဲ့သတ်လိုက်ရင်တောင်ခံသာအုံးမယ်. ကိုယ်ကတော့လေ မှတ်မိသလောက်မင်းနဲ့ဝေးပြီးထဲက မင်းကနာကျင်ပါစေလို့မရည်ရွယ်ပေမဲ့ ကိုယ့်စိတ်ကိုကိုယ့်ကိုအမြဲသတ်နေခဲ့တာ ..အခုလည်း မင်းကနာကျင်ပါစေဆိုပြန်တော့လဲ အလဲလဲအပြိုပြိုပါဘဲ နှလုံးသားရဲ့အတွင်းပိုင်းမှာထိ နာကျင်နေရတာတစ်လုံးတခဲ.. ဒီကောင့်မှာ နောင်တတွေရှိတယ် အပြစ်တင်စိတ်တွေနဲ့ရှင်သန်နေရတဲ့ငယ်ဘဝရယ် မျှောင့်လင့်ချက်တွေလွင့်ပစ်ရမဲ့ နှလုံးသားတစ်ဆုံလည်းရှိတယ်
သေရင်တောင် နှလုံးသားကဒဏ်ရာဒဏ်ချက်အမာရွက်ပေါင်းများစွာနဲ့ ...Park Jimin လာတိုင်းဆေးရုံအခန်းထဲကနေမောင်းထုတ်ပေမဲ့ပေကပ်ပြီးနေသည် .ဒီအချိန်မှာပါမင်းကိုလျစ်လျူရှု့ခိုင်းရင် ကိုယ့်နှလုံးသားက မင်းနဲ့ထပ်တူကျည်ဆန်ဝင်နေသလို ပိုပြီးစူးစူးနစ်နစ်နာကျင်ရမှာ.. ဒီဒဏ်ရာကြောင့် မင်းမကနိုင်တော့မှာကို ရူးလောက်အောင်စိုးရိမ်တယ်..မင်းအသက်ရှုတိုင်း ဒီဒဏ်ရာကြီးနာနေမှာကို ကြောက်တယ်.. ကိုယ်လည်းမင်းရဲ့ရင်ဘတ်ကဒဏ်ရာကြောင့်အသက်ရှုတိုင်း နာကျင်ရတယ်.. အခုဆို ဆေးရုံကုတင်ပေါ်လှဲနေသူရဲ့လက်ကိုဆုပ်ကိုင်ဖို့လည်းမဝင့်ရဲဘူး အနားမှာရှိနေပေးပေမဲ့ ကိုယ့်အရိပ်တောင်ကိုယ်မုန်းလာတယ်.. ကိုယ်အခု အရမ်းကိုသိမ်ငယ်နေမိတယ် ..ကိုယ့်ကိုကိုယ်မင်းအနားကမောင်းထုတ်နေပေမဲ့ တကယ်တမ်းကိုယ်မထွက်သွားနိုင်လို့ အများကြီးအားနာရပါတယ်

" ခင်ဗျား ~ ဒဏ်ရာတွေ "

" သက်သာရဲ့လား.. နာနေသေးလား.. ကိုယ်ဆရာဝန်ခေါ်ပေးမယ် "

" အဲ့ဒီနေ့ထဲက ဒီအတိုင်းဘဲနေခဲ့တာလား! "

ဟုတ်သားဘဲ ..သူ့ဗိုက်ကဒဏ်ရာလည်းဆေးမပြောနဲ့ ဆေးတောင်မဆေးရသေးဘူး.. ဖူးရောင်နေတဲ့မျက်နှာကော ဒီအတိုင်းဘဲ

" အသက်အန္တရာယ်ရှိတာကိုသိရဲ့သားနဲ့ ..."

" အင်း.. ခင်ဗျားနာကျင်မှုကဘာလဲ သိချင်ခဲ့ပေမဲ့.. အမှတ်မထင်ဘဲ သိလိုက်ရတာက ခင်ဗျားရဲ့နာကျင်မှုက ငါကိုယ်တိုင်ဆိုတာဘဲ... "

" ငါသာ ခင်ဗျားကြောင့် ထိခိုက်သွားရင် ရူးလောက်အောင်နာကျင်နေမှာကိုသိလို့ ! ! "

ဖူးယောင်နေတဲ့မျက်နှာကိုခပ်ဖွဖွကိုင်ကြည့်ကာ ခပ်ဖျော့ဖျော့လေး​ကြည့်မိတော့ ထိုဗိုလ်ကြီးကရှိုက်ကြီးတငင်ငိုချသည်

" ခင်ဗျားနဲ့ငါက ချစ်လို့ရတဲ့ရေစက်တွေမဟုတ်ဘူး ~ "

အဲ့တာ ငါ့ကိုယ်ငါ သတိပေးနေကြ စကားဘဲ Jung..
အချစ်ဆိုတာက သက်မဲ့နာမ်တစ်ခုပါ ငါတို့ကအနိုင်ယူနိုင်ပါတယ်..

#ကယ်တော်တော်လေးကြာသွားပါတယ်
သင်တန်းတွေနဲ့ကိုယ်လည်းမအားလို့ပါ အားနာရပါတယ်
မိုတီလေးပေးသွားနော် စာရေးဖို့အားဆေးလေးတွေ Vote လေးတွေ.. ကော့မန်လေးတွေများများလေး 🤞

Zawgyi

" Kim ~ မနက္ရိုက္ကူးေရးၿပီးထဲက အိပ္ယာထဲလွဲေနတာ ေနမေကာင္းဘူးလား "

ညလုံးေပါက္မအိပ္ခဲ့ရတဲ့ဒဏ္ရယ္ ၿပီးေတာ့ အေသြးအသားခ်င္းႏွီးႏွောထားတဲ့ဒဏ္ရယ္ေၾကာင့္ လူကဖ်ားခ်င္ခ်င္ျဖစ္ေနသည္. ဒါ့အျပင္ဟိုဗိုလ္ႀကီးအိမ္ကေန ျပန္ေရာက္ထဲက မနက္ပိုင္းအခ်ိန္ဇယားက အလုပ္ေတြကိုအၿပီးသတ္ေနတာေၾကာင့္ အခုေတာ့သူေျခကုန္လက္ပန္းက်သြားေလၿပီ..

" ဖ်ားခ်င္ေန႐ုံဘဲ Ji ~ ရတယ္ "

Ji က နဖူးစမ္းလိုက္ လက္ဖဝါးကိုကိုင္ၾကည့္လိုက္လုပ္ေနသည္. ဒီလိုဆို ေတာ္႐ုံနဲ႕ Ji က အလုပ္ျပန္လုပ္ျဖစ္မွာမဟုတ္ေတာ့ဘူးမို႔ သက္သက္သာသာ သာေျပာလိုက္ရသည္

" ဒါဆိုလည္း အိပ္လိုက္အုံး Kim "

Kim ကသာ ဖ်ားခ်င္႐ုံလို႔ေျပာေပမဲ့ ျမင္ေနရတဲ့လူက သူပစ္လဲေတာ့မယ္ဆိုတာကိုသိသည္.. တစ္ညလုံးေပ်ာက္သြားသည္ ..မိုးလင္းေတာ့ ရိုက္ကူးေရးဆီေရာက္ႏွင့္ၿပီးသား.. အဲ့ဒါအေျဖကတစ္ခုဘဲ ရွိတယ္.. Jung ဆီသြားခဲ့တာ.. လည္ပင္းမွာ မသိမသာနီေနတဲ့အရာေတြ

ဟာ့ ငါ့ေခါင္းေတာင္ငါရိုက္ခြဲခ်င္လာၿပီး
ငါ႐ူးခ်င္လာၿပီး Kim ရဲ႕
ငါက မင္းကိုခ်စ္လို႔ ႐ူးခ်င္လာၿပီး.. ေတာက္ခ္

ေဒါက္ ေဒါက္ 💢
တံခါးေခါက္သံေၾကာင့္ စိတ္တိုတိုနဲ႕ တံခါးဖြင့္လိုက္ေတာ့ ..

မန္ေနဂ်ာႀကီး ျဖစ္ေနသည္.. လာရင္းကိုေမးေငါ့ျပလိုက္ေတာ့

" CEO က Taehyung ကိုေခၚေနပါတယ္ "

" ဘာလို႔လဲ? ! "

" ဒီမွာပါ "

မန္ေနဂ်ာႀကီးက သူ႕ဖုန္းကိုဖြင့္ကာျပလာေသာ သတင္းတစ္ပုဒ္ကိုၾကည့္လိုက္ေတာ့

/ Titan အဖြဲ႕ဝင္ Kim Taehyung နဲ႕ အစိုးရဝန္ထမ္းအမ်ိဳးသားတစ္ဦးရဲ႕ စိတ္ဝင္စားစရာ Dating News / ဆိုတဲ့ေခါင္းစဥ္နဲ႕ ဓာတ္ပုံတစ္ခ်ိဳ႕

ပုံေတြထဲမွာ Kim နဲ႕တစ္ျခားေယာက္်ားတစ္ေယာက္နဲ႕ပုံက မသိမသာခပ္ဝါးဝါးေလးျဖစ္သည္ .ဒါကမသိတဲ့လူဆိုရင္ေတာ့ မသိသာေပမဲ့ Jung မ်က္ႏွာႀကီးမွန္းသိေနတဲ့သူ႕အတြက္ေတာ့ အံကိုတင္းတင္းႀကိတ္မိသည္
စာသားေတြကလည္း လိုအပ္တာထက္ပိုၿပီးခ်ဲ့ထြင္းေရးသားထားသည့္အတြက္ ေကာလဟာလဆန္ဆန္ တကယ္ဆန္ဆန္ ဟုတ္နိုးနိုးျဖစ္ေစသည္ ...ဆိုဂ်ဴဆိုင္အထြက္တုန္းကပုံေတြျဖစ္သည္..

" က်ေနာ္ဘဲလိုက္ခဲ့မယ္! ! "

ထို႔ေနာက္ အဘိုးႀကီးဘက္ကလည္း ျငင္းဖို႔အစီအစဥ္ရွိေနတာမို႔ .Jm ကိုယ္တိုင္ပါဝင္ၿပီး လုပ္ႀကံဇာတ္ခင္း၍ Rumor ကိုျငင္းခဲ့သည္...

" ဒါျဖင့္ ဒီကိစၥၿငိမ္သြားေအာင္ KimJi Power ကိုထုတ္သုံးရမယ္ထင္တယ္! ! "

ေျပာလိုက္ေတာ့ အဘိုးႀကီးကမ်က္ခုံးေတြပင့္တက္သြားကာ စဥ္းစားၿပီးမွ နားလည္သြားသည့္ဟန္ အၾကည့္တစ္ခ်က္ပို႔သည္..

....

ဒီေန႕ လူႀကီးလမ္းေၾကာင္းရွိသည္မို႔ Jungkook တို႔လို လက္ေ႐ြးစင္တပ္သားေတြက အေစာင့္အေရွာက္အျဖစ္ ပါဝင္အားျဖည့္ရသည္.. အခုဝန္ႀကီးခ်ဳပ္က Cultural and artistic award ceremony ( အခမ္းအနား)ကိုတက္ေရာက္ျခင္းျဖစ္သည္..

ထိုအခမ္းအနားမွာ Jungkook တို႔လိုအရာရွိေတြလည္း Suit အျပည့္ျဖစ္ပါဝင္တာဝန္ထမ္းေဆာင္ရသည္.တစ္ခ်ိန္လုံး ရွင္းလင္းေရးလုပ္ေနရင္းနဲ႕ ခ်ာခ်ာလည္ေနတာ တျဖတ္ျဖတ္နဲ႕ Camera သံေတြၾကားမွ David ကအနားကပ္လာကာ

" Rumor ေတြအတိုင္း Kim Taehyung တို႔အဖြဲ႕ဟုတ္ေနတာဘဲ! ! " တဲ့

David ေျပာမွ လွည့္ၾကည့္မိေတာ့ Camera မီးတျဖတ္ျဖတ္ၾကားမွ ထြက္ေပၚလာတဲ့မ်က္ႏွာေလးက ၾကည္ရွင္းေနခဲ့သည္.. တကယ္ကို Kim Taehyungက ကင္မရာမီးေရာင္ေတြနဲ႕လိုက္ဖက္သည္.. Suit အျပည့္နဲ႕ ေတာက္ပတဲ့အသြင္ေဆာင္သည္..

" မ်က္ႏွာအမူအရာလည္းျပင္အုံး! ! vd ေတြထဲပါေနအုံးမယ္ "

David ေျပာမွ မ်က္ႏွာလႊဲမလို႔ရွိေသး Titan တစ္ဖြဲ႕လုံးက သူ႕တို႔ရွိရာလမ္းဘက္ေလွ်ာက္လာေတာ့ မထင္မွတ္ဘဲ Kim Taehyung အၾကည့္က သူ႕ဆီေရာက္လာသည္ ..ဒါေပမဲ့ တစ္စကၠန့္စာေလာက္ေတာင္မၾကာ.. မသိတဲ့လူလိုအၾကည့္လႊဲသြားသည္..

Kim Taehyung အေနာက္ကပါလာတဲ့ Park Jimin ကလည္း မေက်မခဲအၾကည့္ျဖင့္အၾကည့္လႊဲသြားသည္. အခုတေလာမွ KimJi mm ေတြကအရင္ကထက္ပိုၿပီးထင္ထင္ရွင္းရွင္းေတြရွိလာသည္. တခါတေလ နမ္းၾကေတာ့မလိုလို မထိတထိနဲ႕ အသဲတယားယားျဖစ္သည့္ ႏွစ္ေယာက္ရဲ႕ေနပုံထိုင္ပုံေတြ ..ဒါက Fan service လား တကယ္လားေတာင္မေျပာတက္ေတာ့ေပ
Ji က Kim ကိုအခ်စ္ႀကီးတာရိပ္မိေပးမဲ့ Kim ကေကာ ဘယ္လိုသေဘာရွိေနမလဲ..

ထို႔ေနာက္ အႀကီးအကဲတစ္ခ်ိဳ႕နဲ႕ မိတ္ဆက္လိုက္ ႏႈတ္ဆက္လိုက္နဲ႕ အလုပ္ရႈပ္ေနၾကသည္
မၾကာခင္မွာ အခမ္းအနားစတက္ကာ အသီးသီးမိန့္ခြန္းေျပာလိုက္ ဆုခ်ီးျမႇင့္လိုက္နဲ႕ တျဖည္းျဖည္း Titan အဖြဲ႕က Rumor အတိုင္း Award of Cultural and artistic ( ဆု) ကိုခ်ီးျမႇင့္ျခင္းခံရသည္..

Kim က ေအာင္ျမင္မႈနဲ႕ထိုက္တန္သည္.. ဒီထက္ပိုၿပီး ေတာက္ေတာက္ပပရွင္သန္ႀကီးျပင္းသင့္သည္.. ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းခဲ့ဖို႔သင့္သည္

ငါ နဲ႕ ငါ့ရဲ႕မေကာင္းတဲ့အေမနဲ႕မင္းကမဆုံေတြ႕ခဲ့သင့္ဘူး

ဘာေၾကာင့္ ငါ မင္းနဲ႕ေရစက္ခဏဘဲဆုံခ်င္လဲဆိုရင္ မင္းကိုငါ့ဒုကၡေတြနဲ႕ေရာၿပီး ဒုကၡေတြေပးေနမိမွာစိုးလို႔ Kim

ငါမင္းအနားကထြက္ေျပးခ်င္ခဲ့တယ္.. မင္းကိုျပသာနာေတြရွာတယ္ မင္းကိုငါ့အနားကထြက္သြားေစခ်င္ခဲ့လို႔

အခုလိုေတာက္ေတာက္ပပရွင္သန္ေနေပးလို႔ ငါ့လိုလူဆိုးေကာင္က ႐ူး႐ူးမိုက္မိုက္ေက်းဇူးတင္ပါတယ္ Kim.. ၿပီးေတာ့ ေသတဲ့အထိလည္းေတာင္းပန္ပါရေစ

" မင္းစိတ္ထဲ ဘာေတြေျပာေနမလဲ ငါသိတယ္! ! "

ပုခုံးပုတ္ကာေျပာလိုက္ေတာ့ Jung ဆိုတဲ့ေကာင္ကသက္ျပင္းသာခ်သည္ ..

" မင္းလည္း ခက္ခက္ခဲခဲရွင္သန္လာခဲ့တာဘဲ! ! အဲ့ဒီအျပစ္ေတြကမင္းအေမေၾကာင့္လို႔ဘဲသတ္မွတ္တယ္ ငါကေတာ့ "

Jung နဲ႕ ဆုံခဲ့တဲ့သူ 10 ႏွစ္သားအ႐ြယ္

David ကေလးဘဝ solvakia ကေန Canada မွာ ေလာင္းကစားသမားအေဖက မူးယစ္ေဆးဝါးတစ္ခ်ိဳ႕ကို အေရာင္းအဝယ္လာလုပ္ျခင္း.. ျဖစ္ခ်င္ေတာ့ ထိုတရားမဝင္ေလာင္းကစားဝိုင္းမွာဘဲ ကေမာက္ကမျဖစ္ၿပီး အေဖအသတ္ခံလိုက္ရသည္ ..ၿပီးေတာ့ အေဖနဲ႕ပါလာတဲ့သူ (David )သည္လည္း ေလာင္းကစားသမားတို႔ရဲ႕လက္ခ်က္ေၾကာင့္ လူကုန္ကူးအဖြဲ႕စီသို႔ေရာင္းစားခံလိုက္ရသည္.. အဲ့ဒီမွာ လူတစ္ေယာက္က အိပ္ေပ်ာ္ေနတာလား ေမ့ေမ်ာေနတာလားမသဲကြဲတဲ့ကေလးတစ္ေယာက္ကို ဤလူကုန္ကူးတဲ့သူေတြဆီ ထားပစ္ခဲ့သည္ ။

ပါးစပ္ကိုအဝတ္စနဲ႕ပိတ္ လက္ေတြေျခေထာက္ေတြႀကိဳးတုတ္ထားၿပီး Delivery Van ထဲထည့္ထားသည္ .ထို႔ေနာက္သူတို႔အားလုံးလည္းေမ့ေဆးေပးခံလိုက္ရသည္ .

Jung နိုးလာေတာ့ အလုံပိတ္ကားလိုပုံစံထဲမွာ ႀကိဳးတုတ္လ်က္နဲ႕
ေဘးမွာလဲ သူ႕နည္းတူႀကိဳးတုတ္လ်က္သား
ကေလးေတြ 10 ေယာက္နီးပါး... သိပ္မၾကာ သူကလႈပ္လႈပ္ယြယြနဲ႕ ရႈန္းကန္ေနေတာ့ သူနဲ႕အတူႀကိဳးတုတ္ခံထားရတဲ့ သူ႕ေဘးက လူေကာင္အနည္းငယ္ႀကီးတဲ့ ေကာင္ေလးလည္းနိုးလာသည္..

Jung ကလည္းသူ႕ကိုၾကည့္ၿပီး ထူးထူးဆန္းဆန္းျဖစ္ေနသလို သူကလည္းေၾကာင္ေတာင္ျဖစ္ေနသည္ .ႏွစ္ေယာက္သားဟိုဘက္ဒီဘက္ရႈန္းကန္ေနရင္းနဲ႕ကားအေရွ႕ပိုင္းနားက ေအာက္စိုက္က်ေနတဲ့ ခ်ိတ္ေကာက္တစ္ခုကိုေတြ႕သည္..ခ်က္ခ်င္းဆိုသလို Jung အႀကံတစ္ခုရလိုက္သည္. ထို႔ေနာက္ Jung ျဖည္းျဖည္းခ်င္းျဖစ္ ထိုခ်ိတ္နားသို႔ေရွာ့တိုက္သြားသည္ အတြဲလိုက္ခ်ီထားသည္မို႔ ေဘးကတစ္ေယာက္ကသူ႕ေနာက္ပါလာခဲ့သည္ ကိုးရိုးကားယားေတြျဖစ္ေတာ့တစ္ဖက္ကတစ္ေယာက္က မ်က္ေမွာင္းၾကဳတ္သည္ ..ထိုခ်ိတ္အနားေရာက္ေတာ့ ထထိုင္လိုက္ၿပီး ပါးစပ္မွာခ်ီထားတဲ့အဝတ္စကိုထိုခ်ိတ္နဲ႕ ဆြဲဟကာ အဝတ္စလြတ္သြားေအာင္လုပ္သည္.. ထိုအခါ အဝတ္ကလည္တိုင္ကိုေလ်ာ့က်သြားသည္ ..ေဘးကတစ္ေယာက္ရဲ႕မ်က္လုံးေတြအေရာင္လတ္သြားသည္..

အဲ့ဒီေနာက္ ပါးစပ္ကအဝတ္စကိုဖယ္ၿပီးေတာ့ ေက်ာခ်င္းကပ္ကာ တစ္ေယာက္လက္ကႀကိဳးကို တစ္ေယာက္ျဖည္ဖို႔ႀကိဳးစားၾကသည္.. ႀကိဳးစကို လက္ေကာက္ကိုသုံးကာ ​ေသခ်ာအာ႐ုံစုစည္းကာ ေျဖသည္..တစ္ဖက္ကတစ္ေယာက္ကလည္းဉာဏ္ေျပးသည္မို႔ဒီလိုအႀကံမ်ိဳးကိုလ်င္လ်င္ျမန္ျမန္ရျခင္း.. နာရီအေတာ္ၾကာတဲ့အထိ ႀကိဳးျဖည္ရင္းနဲ႕ လက္အန္ေသလာသည္
Jung က ႀကိဳးျဖည္နည္းသိပ္မသိေပမဲ့ တစ္ဖက္တစ္ေယာက္ကေတာ့ပိုမိုကြၽမ္းက်င္သည္..
Jung ကလက္ပန္းက်သြားတဲ့အခ်ိန္ တစ္ဖက္တစ္ေယာက္ကေတာ့ ႀကိဳးကိုဆက္ျဖည္ေနတုန္းပင္.. အခ်ိန္အနည္းငယ္ၾကာေတာ့ ကားကဆိုက္ရပ္သြားၿပီးေနာက္ လူႏွစ္ေယာက္က သူတို႔ကိုဆြဲထုတ္ကာ လူေတြအသြားအလာမရွိတဲ့လမ္းထဲက ဂိုေထာင္လိုအေဆာက္အအုံထဲေခၚသြားသည္
ဒီၾကားထဲ သူတို႔ႏွစ္ေယာက္ေျပးမလို႔ႀကံလို႔ နရင္းပိတ္ရိုက္တာခံလိုက္ရေသးသည္..

သူတို႔ေရာက္ေနတဲ့ေနရာက စမ္းသပ္ခန္းတစ္ခု ဘာစမ္းသပ္ခန္းလဲေတာ့မသိေပ ..ဒီမွာ တ႐ုတ္လူမ်ိဳးတစ္​ေယာက္ အေမရိကန္လူမ်ိဳးတစ္ေယာက္ကိုေတြ႕သည္ ..သူတို႔က စမ္းသပ္မႈကိုဦးေဆာင္တဲ့လူေတြျဖစ္မည္.. ကေလးေတြကို အခန္းထဲ ထည့္ပိတ္ထားၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ေခၚထုတ္ကာ စမ္းသပ္မႈေတြလုပ္သည္..အေမရိကန္လူမ်ိဳးေျပာသံအရ H5N1 တုတ္ေကြးေရာဂါအတြက္ ေဆးဝါးေဖာ္စပ္ျခင္းဟု မၾကာခဏၾကားရသည္ ..ေန႕ရက္မ်ားစြာၾကာတဲ့ စမ္းသပ္မႈမွာ သူတို႔ေဖာ္စပ္ကာထုတ္လုပ္ထားေသာ ေဆးဝါးအမ်ိဳးမ်ိဳးကို ဖမ္းလာတဲ့ကေလးေတြရဲ႕ခႏၶာကိုယ္မွာထိုးသြင္းကာ ဓာတ္တည့္မႈရွိမရွိနဲ႕အက်ိဳးအာနိသင္ကိုေစာင့္ၾကည့္သည္ .သို႔ေသာ္ ထိုသူတို႔၏ ေဆးဝါးေတြကဘယ္လိုအက်ိဳးသက္ေရာက္လဲဆိုတာေတာ့အတြင္းက်က်မသိေပမဲ့ အစမ္းသပ္ခံရေသာ ကေလးမ်ားမွာ စမ္းသပ္မႈအတြင္းသာအသတ္ဆုံးရႈံးခဲ့​ၾကတာ အေယာက္စိပင္ ..သို႔ေသာ္ထိုလူေတြကလုံးဝမရပ္ဘဲ ေရွ႕ဆက္တိုးသည္..ဒါေၾကာင့္မ်ားလား သိပၸံပညာရွင္အေတာ္မ်ားမ်ားကို႐ူးေနၾကသည္ဟုေခၚတာ..ထိုသူတို႔၏လုပ္ရပ္သည္ အလြန္အမင္းေအာက္တန္းက်လွေသာ္လည္း သူတို႔မွာ ထြက္ေပါက္မဲ့ေနရသည္ ..အခန္းထဲထည့္ပိတ္ထားရတဲ့႐ြယ္တူကေလးေတြေလ်ာ့နည္းသြားတိုင္း သူတို႔အလွည့္ေရာက္လာေတာ့မည္ဟုေတြးကာ ေျခာက္ျခားလွသည္ .သူတို႔က ေသမဲ့ရက္ကိုေစာင့္ဆိုင္းေနရသလို ..ေတြးေတြးရင္း ထိတ္လန့္ေနမိသည္..စိတ္ဓာတ္ေတြထိုးက်ကာ ရွင္ေနရပ္နဲ႕ထပ္တလဲလဲေသရသည္..တေန႕ေတာ့ မေမွ်ာ္လင့္ဆုံးေန႕ရပ္က Jungkook ဆီေရာက္လာခဲ့သည္ ..

" ငါ Kim့ကိုငါ့အေမဆီကေခၚထုတ္ရအုံးမယ္ "ဆိုတဲ့စိတ္က အားနည္းေနတဲ့စိတ္ကို ျပန္တင္းခံဖို႔အင္အားျဖစ္သည္ ..ေခၚသြားတဲ့လမ္းတစ္ေလွ်ာက္ ၿငိမ္သက္ေနၿပီးမွ လူေျခတိတ္တဲ့လမ္းတဝက္စမ္းသပ္ခန္းထဲအဝင္မွာ စေသာင္းက်န္းေတာ့သည္..ဓာတ္ခြဲခုံမွာ တင္ထားတဲ့ ေငြ႕ရည္ပုလင္းကိုယူကာ ေဘးကလူကိုပတ္ထည့္လိုက္သည္..မ်က္ႏွာကိုအနည္းငယ္စင္သြား၍ ထိုလူမွာ အသံနက္ႀကီးျဖင့္စူးစူးဝါးဝါးေအာ္သည္.. မဟုတ္မွ အက္ဆစ္ေတြမ်ားလား
တုန္လႈပ္ေနတုန္း သူသတိရကာ အျပင္ဘက္ဓာတ္ေလွကားရွိရာအေပါက္သို႔ျပန္ေျပးသည္..
ထိုလူ႕ေအာ္သံေၾကာင့္ အျပင္ဘက္ကအေစာင့္ေတြက အထဲသို႔ဝင္လာေတာ့မည္ဆိုတာကိုသူသိလို႔ပင္.. တ႐ုတ္လူမ်ိဳးကခုနကသူ႕ေၾကာင့္ ေငြ႕ရည္ထိသြားတဲ့အေမရိကန္လူမ်ိဳးကို ကူညီေပးရင္ ဝိုင္းဖမ္းၾကဖို႔ အမိန့္ေပးသည္ ..ဓာတ္ေလွကားထဲေရာက္လို႔ေအာက္သာဆင္းနိုင္ရင္ သူလြတ္ေျမာက္ဖို႔အနည္းငယ္လြယ္ကူလိမ့္မည္ဟုေတြးသည္ ..ဒါေပမဲ့ ဓာတ္ေလွကားဆီေရာက္ဖို႔ေျခတစ္လွမ္းအလိုမွာဘဲ သူအဖမ္းခံရကာျပန္ပါသြားသည္.. တစ္ဖက္က David မွာလည္း ေအာက္ကအေစာင့္ေတြနည္းသြားတုန္းမလိမ့္တပတ္လုပ္ကာ သန့္စင္ခန္းအေၾကာင္းျပကာ အခန္းမွထြက္လို႔ရေအာင္ႀကိဳးစားၿပီး အရင္တခါ တိုလီေမာက္စေကာက္ထားဖူးေသာ မီးျခစ္ဆံတစ္ခုျဖင့္ဂြင္ဖန္ေတာ့သည္..ဒီေနရာႀကီးသာမီးေလာင္သြားရင္ အားလုံးဝ႐ုန္းသုန္းကာျဖစ္ကုန္မည္မဟုတ္လား.. ဒါကသူတို႔ေျပးဖို႔အခြင့္အေရးပင္ျဖစ္သည္..

သိပ္မၾကာလိုက္ Jung ေဆးထိုးေနရင္းၾကားလိုက္ရတဲ့ မီးေလာင္ေနတယ္ဆိုတဲ့အသံေၾကာင့္ ဒီအေဆာက္အအုံထဲမွာရွိတဲ့လူေတြ ေယာက္ယွက္ခက္ကုန္ၾကသည္ ..တ႐ုတ္လူမ်ိဳးကသူ႕ကိုေဆးထိုးရင္းတန္းလန္း ေအာက္ဘက္သို႔အေလာတႀကီးဆင္းသည္..

အဲ့ဒီေနာက္ အားလုံးေျပးလႊာေနတဲ့ပုံစံကိုၾကည့္ရင္း Jung အိပ္ေမာက်သြားေတာ့သည္..

သူျပန္နိုးလာေတာ့ ကုတင္တစ္ခုေပၚမွာ မ်က္ႏွာစိမ္းလူႀကီးႏွစ္ေယာက္ကိုေတြ႕သည္..

" ကေလး! သတိရလာၿပီးလား "

သူတို႔ကေမးေပမဲ့ အင္းမလုပ္ အဲမလုပ္နဲ႕ ျပန္မေျဖမိ.. ပတ္ဝန္းက်င္ကေဆး႐ုံအေငြ႕အသက္ ၾကားေနရတဲ့စကားေတြက မဟုတ္မွ သူ တ႐ုတ္ျပည္ေရာက္ေနတာလား.ဒါဆိုသူတို႔တ႐ုတ္ျပည္ကိုေရာက္ေနခဲ့တာေပါ့ ေရာက္ထဲအဲ့ဒီအေဆာက္အအုံထဲဘဲေနခဲ့ရတာ ဘယ္နိုင္ငံေရာက္လို႔ ဘယ္အခ်ိန္ေတြကိုေရာက္ေနၿပီလဲဆိုတာမသိေတာ့ေပ

" သက္သာရဲ႕လား "

ဒါေပမဲ့ ထိုလူႀကီးႏွစ္ေယာက္ေျပာတဲ့စကားေတြကေတာ့ တျခားဘာသာစကားသံေပါက္ေနျပန္တယ္.. ထိုလူေဘးကိုၾကည့္ေတာ့ David ဆိုတဲ့Slovakia ကလာသူ သူငယ္ခ်င္းျဖစ္သည္.

" မင္းေဆးကုန္သမႈခံမႈလိုက္ရတာ တစ္လၾကာၿပီ.. ေဆးထဲကအဆိပ္ဓာတ္ေတြေၾကာင့္ "

အခုမွပထမဆုံးသူတို႔စကားေျပာဖူးၾကျခင္း.. ျပင္သစ္လိုသာေျပာသည္ .ထို႔ေနာက္အဲ့ဒီ သူ႕အိပ္ေမာက်သြားခဲ့တဲ့ေနာက္ဆက္တြဲအျဖစ္အပ်က္ကို David ကေျပာျပသည္.
ခုနကမ်က္ႏွာစိမ္းႏွစ္ေယာက္မွာ ကိုရီးယားကအရာရွိေတြျဖစ္ၿပီး တ႐ုတ္ျပည္ကိုပါသြားတဲ့ ကိုရီးယားကေလးမ​ေလးအတြက္အမႈလာလိုက္ရင္း
သူတို႔ကိုအခ်ိန္မီကယ္ထုတ္ခဲ့ျခင္းဟုသိရသည္. သို႔ေသာ္လည္း စီးပြားေရးအရေဆးဝါးထုတ္လုပ္ဖို႔တရားမဝင္နည္းမ်ားကိုအသုံးျပဳခဲ့တဲ့ တရားခံမ်ားမွာ လႊတ္ျမႇောက္သြားၿပီး မေန႕တေန႕ကမွအၿပီးအစီးဖမ္းမိသည္ဟုသိရသည္.. အခုအခါေတာ့ ထိုညီအစ္ကိုႏွစ္ေယာက္မွာ ကယ္ယူနိုင္ခဲ့ေသာကေလးမ်ားကို ေနရပ္အသီးသီးသို႔ျပန္ပို႔နိုင္ရန္စီစဥ္ေနၾကေလသည္..

" မင္းက Canada ကမွတ္လား "

" ဘယ္လိုလုပ္သိလဲ "

" ငါက Canada မွာဘဲဖမ္းမိခဲ့တာေလ.. အဲ့ဒီမွာ မင္းကို ငွက္ပုံစံ Tattoo နဲ႕လူကထမ္းလာၿပီးလာပို႔သြားတာ "

ငွက္ပုံစံ Tattoo ရွိတာက သူ႕အေမတပည့္ထဲကတစ္ေယာက္.. ဒါျဖင့္သူ႕အေမကသူ႕ကိုဒီလိုျဖစ္ေစတာလား.. ေအ့ေလ ဘာလို႔မလုပ္နိုင္ရမွာလဲ
ရက္စက္တက္တဲ့အမ်ိဳးသမီးဘဲကို

" Kim Treasure ကိစၥကလဲ ရႈပ္လြန္းတယ္ "

ေဆး႐ုံ TV ကေနလာေနေသာ သတင္းကိုၾကည့္ၿပီး David ေျပာေနေတာ့ Jung ကနားမလည္စြာေမးမိလိုက္သည္..

" Kim Treasure ကဘာျဖစ္လို႔လဲ "

" Kim Treasure က ဟိုကေလးေလးေလ ေဆး႐ုံမီးေလာင္တဲ့ထဲပါၿပီး ေသသြားၿပီးတဲ့ "

လြန္ခဲ့တဲ့ ေလးရက္ေလာက္ထဲကသတင္းေတြထဲေၾကညာၿပီး အတည္ျပဳထားသည္ဟုသိရသည္. သူသတင္းအမွားလို႔ေမွ်ာ္လင့္ထားေပမဲ့ ထိုသတင္းက Kim Treasure အိမ္ေတာ္ရဲ႕ေရွ႕ေနကပါ အတည္ျပဳထားသည္မို႔ သူလက္ခံလိုက္ရသည္.. အဲ့ဒီလိုနဲ႕သူဟာ Canada ကိုမျပန္ရဲေတာ့ဘဲ ..အရာရွိႏွစ္ေယာက္ရဲ႕ ' မိဘမဲ့ ' လားဆိုၿပီးအေမးမွာ ' ဟုကဲ့ ' လိုေခါင္းညိတ္ၿပီးေမြးစားျခင္းကိုလက္ခံလိုက္သည္.. David ကလည္းသူ႕နည္းအတိုင္းပင္ အိမ္ကိုမျပန္ေတာ့ေပ..ဘာလို႔ဆို David တို႔မိသားစုကလည္းယိုယြင္းေနျခင္းမို႔ပင္ .တစ္ဖက္ကသူတို႔ကိုေမြးစားရျခင္းမွာ
ဗိုလ္ႀကီး Jeon နဲ႕ ရဲအရာရွိ Min တို႔ညီအစ္ကိုႏွစ္ေယာက္ရဲ႕အိမ္ေထာင္ကိုယ္စီမွာ ကေလးမရွိတာေၾကာင့္လည္းျဖစ္သည္.. သူတို႔သည္လည္း ထိုမိသားစုမွာပင္ မွီခိုေနထိုင္ခဲ့သည္..

အဲ့ဒီအခ်ိန္ကစၿပီး Jung နဲ႕ David ဆိုတာက ညီအစ္ကိုလိုတစ္မ်ိဳး သူငယ္ခ်င္းလိုတစ္မ်ိဳး သစၥာရွိရွိႀကီးျပင္းခဲ့ၾကသည္..

......

Jungkook သန့္စင္ခန္းထဲမွာ မ်က္ႏွာသစ္ခ်ရင္း သက္ျပင္းအခါခါခ်ရသည္ .Kim ကိုျမင္ေနရက္နဲ႕ဆုံးရႈံးလိုက္ရတာ လက္လႊတ္လိုက္ရတာ, အခ်စ္ဦးမို႔ ဒဏ္ရာကပိုနက္သည္..ဆယ္ေက်ာ္သက္ဘဝမွာ ခ်စ္မိခဲ့တဲ့အခ်စ္ဦးမို႔ ျပန္ရလိုက္တဲ့အခါ ဖမ္းဆြဲထားခ်င္ေပမဲ့ ေနာက္ဆုတ္ရစၿမဲဘဲ ..

မွန္ေနတာဘဲ Kim ကသူနဲ႕မွမထိုက္တန္တာ..သက္ျပင္းအထပ္ထပ္ခ်ရင္း အေတြးထဲၾကားထဲရႈန္းထြက္မရေနတုန္း တံခါးဖြင့္သံနဲ႕အတူအေရွ႕မွန္အေရွ႕ျမင္လိုက္ရတဲ့သူက သူ႕ကိုအစိုးမိုးနိုင္ဆုံးသူ Kim ..

သူ႕ကိုျမင္ေပမဲ့ မသိခ်င္ေယာင္ေဆာင္သည္..Coat အင္က်ီထဲပါအသင့္ထည့္လာတဲ့ စီးကရက္ပန္းေရာင္ကိုထုတ္ေသာက္သည္ ..သို႔ေပမဲ့ မီးျခစ္ကိုမလြယ္တကူရွာမရ၍ ဟိုစမ္းဒီစမ္းလုပ္ေနသည္ .ထို႔ေၾကာင့္ သူလည္းအိတ္ကပ္ထဲပါလာတဲ့ မီးျခစ္ကိုထုတ္ၿပီး စီးကရက္ထိပ္ကိုမီးညွိေပးလိုက္သည္ ..

သူ႕ရဲ႕အျပဳအမူကို တစ္ခ်က္သာမ်က္လုံးလွန္ၾကည့္ေပးမဲ့ ေနာက္ဆက္တြဲကစီးကရက္ကိုသာေသာက္သည္ .အနီးကပ္ဆုံးယွဥ္ရပ္ေနေပမဲ့ သူကလည္း မဖယ္မိ Kim ဆီကရတဲ့ ကိုယ္သင္းရနံ႕ျပယ္ျပယ္ေလးေၾကာင့္ လက္တစ္ဖက္ကအနီးနားရွိ ခါးသြယ္သြယ္ကိုဆြဲယူမိၿပီးသား

" ခဏဘဲ ~ ခဏပါဘဲ "

ဒီကိုယ္ခႏၶာႏြေးႏြေးေလးကို ေပြ႕ဖက္ခ်င္ခဲ့တာ ရက္ေပါင္းၾကာခဲ့ၿပီ.အနီးနားေရာက္ေတာ့ ႏွလုံးသားကဘယ္လိုမွေတာင့္မခံနိုင္ဘူးထင္ပါရဲ႕. တြန္းဖယ္မလား ထိုးႀကိတ္မလား ဘယ္ျပစ္ဒဏ္လာမလဲလို႔ေစာင့္ေနေပမဲ့..

Kim ကေလ Kim က အဟြန္းး စီးကရက္အေသာက္မျပတ္ခဲ့ဘူး..ႏွလုံးသားကက်င္တက္သြားတာဘဲ လုံးဝကို လ်စ္လ်ဴရႈလိုက္ေတာ့တာ
ထို႔ေနာက္ Jungkook အလိုက္သိစြာပင္ ဦးစြာထြက္လာခဲ့ေတာ့သည္ ..

အထဲမွာက်န္ခဲ့တဲ့ Kim ကေတာ့ စီးကရက္ေသာက္ရင္း နာနာက်င္က်င္ေလးၿပဳံးမိသား
...

" MinJung အခုလိုလုပ္တာ hyung လည္းအရမ္းစိတ္ဆိုးတယ္! "

" ေတာင္းပန္ပါတယ္ hyung "

" ဒီကိစၥက hyung ကိုေတာင္းပန္ရမွာမဟုတ္ဘူး MinJung ..Taehyung ကိုေတာင္းပန္ရမွာ မင္းတို႔ၾကားထဲ ဘာျပသာနာရွိလဲ hyung မသိဘူး. ဒါေပမဲ့ အခုလုပ္ရပ္က အခ်င္းခ်င္းကိုျပန္ၿပီး ေဖာ္ေကာင္လုပ္လိုက္တာ ဒါကဘယ္သူၾကည့္ၾကည့္စိတ္ပ်က္စရာလုပ္ရပ္ဘဲ "

Jimin တစ္ေယာက္ Dorm ကိုျပန္ေရာက္ေတာ့ MinJung အခန္းေရွ႕ကျဖတ္ေလွ်ာက္မိတုန္း ၾကားလိုက္ရတဲ့စကားေတြက MinJung က Kim ကိုတစ္ခုခုမေကာင္းတာလုပ္ထားသလိုပင္ .ထို႔ေနာက္ ဘာထပ္ေျပာၾကမလဲ ဆက္နားေထာင္ေပးမဲ့ ဘာသံမွထပ္မၾကားရေတာ့ Jimin တံခါးဖြင့္ကာသာ တည့္ရွင္းဖို႔ျပင္လိုက္ေတာ့သည္..

" မဟုတ္မွ Dating Rumor ကမင္းလက္ခ်က္လား MinJung !! "

႐ုတ္တရက္ဝင္ခ်လာကာေမးလိုက္ေတာ့ Jihyun hyung ေကာ MinJung ေကာ ထိတ္ထိတ္ျပာျပာျဖစ္သြားသည္ ..

" ဒီကိစၥ hyung ေျပာျပမယ္.. "

" hyung မေျပာနဲ႕ MinJung မင္းေျပာ! မင္းဘဲေျပာ "

MinJung တစ္ေယာက္ ေျခတုန္ခ်တဳန္နဲ႕ ဒီအတိုင္းသာ ရပ္ေနမိသည္..

" ေျပာလို႔ ေျပာေနတယ္! !! "

Jimin အသံႀကီးဟိန္းထြက္သြားမွ MinJung လည္းေၾကာက္အားလန့္အားျဖင့္

" ငါေတာင္းပန္ပါတယ္ ငါမရည္႐ြယ္ပါဘဲ !! "

" ေျပာခိုင္းေနတာ ေတာင္းပန္ခိုင္းေနတာမဟုတ္ဘူး ခင္ဗ်ားကို! !"

လည္ပင္းကအင္က်ီစကိုဆြဲၿပီး ေမးလိုက္ေတာ့မွအကုန္ထြက္လာေတာ့သည္. ထို႔ေန႕က MinJung အိမ္ကအျပန္ လမ္းခုလတ္ကဆိုဂ်ဴဆိုင္မွာ Kim တို႔ကိုေတြ႕ခ်င္းတဲ့.. ဒါကိုဒင္းကဓာတ္ပုံရိုက္ယူခဲ့ၿပီး media ဘက္ကလူနဲ႕ေပါင္းကာသတင္းကိုဖြခဲ့သည္တဲ့..

Jimin လည္းစိတ္တိုတိုနဲ႕ ထိုသူမ်က္ႏွာေပၚသို႔ အားျပင္းျပင္းနဲ႕ထိုးခ်လိဳက္သည္..

" Jimin ေတာ္ေတာ့! အဖြဲ႕ဝင္အခ်င္းခ်င္း လက္မပါနဲ႕ "

" မေတာ္ဘူး hyung! ! ဒါသူမ်ားကိစၥ ဝင္ပါခ်င္တဲ့လူအတြက္အျပစ္ဘဲ "

" သူမ်ားကိစၥမဟုတ္ဘူး ငါ့ကိစၥ.. ငါ့ခ်စ္တဲ့သူက သူ႕ဆီမွာမရွိေနခ်င္ေတာ့တဲ့လူကိုအတင္းဖမ္းဆြဲထားလို႔ ငါဘက္ကရတဲ့နည္းနဲ႕အသိတရားရေအာင္လုပ္ေပးတာ "

ဒီေလာက္ထိုးေနတဲ့ၾကားက စကားကိုရေအာင္ေျပာသည္. ထိုစကားကိုၾကားေတာ့ ထိုလူ႕အင္က်ီစကိုေဆာင့္ခ်ကာ ခႏၶာကိုယ္ကိုျပန္မတ္လိုက္ၿပီး

" အဲ့တာ ခင္ဗ်ားေစာက္ကိစၥေလ! ! ေနာက္တစ္ခါဒါမ်ိဳးထပ္ျဖစ္ရင္ က်ဳပ္အဆိုးမဆိုနဲ႕ "

စူးစူးရဲရဲၾကည့္ၿပီး ထြက္သြားဖို႔လုပ္တဲ့ ေနာက္ေက်ာကို MinJung မခံမရပ္နိုင္ေအာ္ေျပာမိေသးသည္..

" trainee ကာလထဲက ခ်စ္ခဲ့​တာ ဘယ္အခ်ိန္ဘဲ ျဖစ္ျဖစ္ မင္းကငါ့ကိုအေကာင္းမျမင္ဘူး. မင္းမ်က္လုံးထဲမွာ Taehyung ဘဲရွိခဲ့တယ္ ငါ့ကိုနည္းနည္းေလးေတာင္မျမင္ေပးခဲ့ဘူး "

တစ္ေယာက္လည္းလဲက်ေနတဲ့ၾကားက ဆက္တိုက္ေအာ္ေျပာသည္. ေနာက္တစ္ေယာက္ကလည္း ဘာၾကားၾကားေစာက္ဂ႐ုမစိုက္ ေျခတစ္လွမ္းေတာင္မပ်က္.. ပြဲၾကည့္ေနရတဲ့ Jihyun ကပင္ စိတ္ေတြညစ္လွပါၿပီ..

ေအာ္ ခ်စ္ဒုကၡ ခ်စ္ဒုကၡ ဒါမ်ိဳးေနမွာ..
...

" အဲ့ဒီေတာ့ ဒီလက္နက္နဲ႕က်ည္ဆန္ေတြက Canada ကလို႔ Kim Taehyung shii ကဆိုလိုခ်င္တာေပါ့! "

Taehyung ေခါင္းညိတ္ကာ Chan Woo ရဲ႕အေမးကို ေျဖၿပီးေနာက္ အခ်က္အလက္ဖိုင္တစ္ခ်ိဳ႕ကိုလက္ဆင့္ကမ္းေပးလိုက္သည္..

" ဒီဖိုင္ထဲမွာက အဲ့ဒီဘက္က လက္နက္ထုတ္လုပ္မႈစနစ္နဲ႕ နည္းပညာအနည္းငယ္ရယ္
ေရာ္ဘာက်ည္တို႔ တျခားအေသးစားထုတ္လုပ္မႈကလြဲရင္ အဆင့္ျမင့္က်ည္ထဲမွာ ခဲနဲ႕ ခေနာက္စိမ္းအနည္းငယ္ကိုတြဲဖက္အသုံးျပဳထားတာေတြ႕ရမယ္ ..အဲ့ဒီလိုထုတ္လုပ္မႈမ်ိဳးကလဲ တစ္ေနရာဘဲရွိတယ္ "

Taehyung hyung ရွင္းျပတာကိုလည္းနားေထာင္ရင္း ဖိုင္ထဲက အခ်က္အလက္ကိုလည္းဖတ္ရင္းနဲ႕ သူတို႔အတြက္ အေျဖရွာဖို႔နီးလာေလျဖစ္သည္ .ဒီအမႈက အေဖ့လက္ထက္ထဲကအမႈမို႔ Shin Noh တို႔ထက္ တရားခံကလက္ယဥ္ေနေလၿပီ. ၿပီးေတာ့သူတို႔လို ရဲေပါက္စေလာက္နဲ႕
လိုရာကိုေရာက္မည္မဟုတ္.. အထက္အရာရွိေတြကဒီအမႈကိုလုပ္ေတာ့လုပ္ပါရဲ႕ ဒါေပမဲ့ထိထိေရာက္ေရာက္မရွိေတာ့ အေျခအေနကမဟန္..

" Taehyung hyung ကိုေက်းဇူးတင္ပါတယ္.. က်ေနာ္တို႔ကအကူအညီသာေတာင္းရတာ Jungkook hyung သာသိရင္ဆူေနမွာ "

Shin Noh ကမ်က္ႏွာငယ္နဲ႕ေျပာလာသည္. သူတို႔ႏွစ္ေယာက္ကိစၥကို Shin Noh တို႔မသိေသးဘူးထင္သည္..

" Jungkook hyung ကအမႈကိစၥေတြနဲ႕ပက္သက္ၿပီး Taehyung hyung ကိုအလုပ္ရႈပ္ေအာင္ ဟိုေမးဒီေမးမလုပ္ပါနဲ႕တဲ့ ..မွာထားတယ္ "

Jungkook အဲ့ဒီနာမည္ကိုဘယ္ေလာက္မွတ္မွတ္ မမွတ္မိဘူးျဖစ္ေနတာ..
စေတြ႕ထဲကလည္း Jung နဲ႕သိပ္တူလို႔ Jung ကိုသတိရေစလို႔ ပိတ္ပိတ္ထိုးခဲ့တာ.. Jung ဟုတ္ေနတာဘဲ

" ဒါျဖင့္ ျပန္ေတာ့မယ္.. ရၿပီမဟုတ္လား "

ထို႔ေနာက္ဆိုင္အျပင္ျပန္ထြက္လာေတာ့ Shin Noh ကစခန္းကလူေတြအတြက္ ေကာ္ဖီဝယ္အုံးမယ္ဆိုၿပီး က်န္ခဲ့သည္. သူနဲ႕ Chan Woo နဲ႕သာအေပါက္ဝအထြက္ခ်င္းတူေတာ့ Chan Woo က ေမးလာသည္

" Jungkook hyung ဆီမလာေတာ့ဘူးလား..Rumor ေၾကာင့္လား.. Kim Taehyung shi ကရက္စက္တယ္လို႔ျမင္မိတယ္ "

" အင္း! ! ဘယ္ေတာ့မွ သူ႕ဆီျပန္မလာေတာ့ဘူး "

Taehyung ေ႐ြ႕လ်ားေနတဲ့ေျခလွမ္းေတြရပ္သြားကာ ေျဖမိၿပီးမွ

" Chan Woo... မင္းခ်စ္ေနတယ္မဟုတ္လား ငါ့ဆီမလာနိုင္ေအာင္ဆြဲထားလိုက္ "

ဒီစကားေျပာရတာ အသည္းေတာ့နာေပမဲ့ ဦးႏွောက္ကေတာ့ေထာက္ခံသည္

" Kim Taehyung shii ကသူ႕ရဲ႕အခ်စ္ဦးတဲ့ "

" အခ်စ္ဦး " တဲ့ ေနာက္ထြက္လာမဲ့ ရက္စက္တဲ့စကားေတြကိုၿမိဳခ်လိဳက္မိသည္. ကိုယ့္ႏွလုံးသား ကိုယ္ဖိၿပီးဘဲေသလိုက္ခ်င္ေတာ့တယ္..ထို႔ေနာက္ေျခလွမ္းေတြက ကားပါကင္သို႔အျမန္သာေလွ်ာက္လာခဲ့ေတာ့သည္..

ကားထဲေရာက္ေတာ့ ဖုန္းထဲThomas ရဲ႕အႀကိမ္မ်ားစြာေခၚဆိုမႈ

" အင္းး Thomas "

....

ေတာက္ခ္ ❕❕

ဘုန္းးးးးး

" ဒီလက္နက္ကိစၥက ဘယ္ကေနသတင္းထြက္လာတာလဲ! ! အားးး ကိစၥေတြက တစ္ခုႏွစ္ခုမဟုတ္ေတာ့ဘူး ဟိုကေလးကိစၥလည္း အစေဖာ္လာၿပီး ဟိုမိန္းမေသဆုံးတဲ့ကိစၥပါ ဘယ္ကျပန္ထြက္လာတာလဲ ႐ူးခ်င္တယ္ ငါ႐ူးခ်င္တယ္ အားးး "

Kim Treasure အိမ္ေတာ္ရဲ႕ဧည့္ခန္းမွာမြစာႀကဲေအာင္ေသာင္းၾကမ္းေနတဲ့အနက္ေရာင္ဝတ္စုံနဲ႕ စီးကရက္ခဲတဲ့အမ်ိဳးသမီးႀကီး

" ၿမိဳ႕ေတာ္ဝန္စိတ္ထိန္းပါ "

" မထိန္းနိုင္ဘူးး ငါဒီေနရာထိေရာက္လာၿပီးမွ ဘာအတြက္ေၾကာင့္နဲ႕မွ အဆြဲခ်မခံနိုင္ဘူး! ! ဟိုကေလးကမ်ားအသက္ရွင္ေနေသးတာလား က်စ္ အဲ့ဒီေဆး႐ုံကိုအခုဖုန္းဆက္ !!"

အေစာင့္တစ္ေယာက္ကို ခိုင္းျပန္သည္. ဟိုတစ္ခါ Social Media မွာ Coming Soon ~ Kim Treasure's Heir ဆိုတဲ့သတင္းတက္လာၿပီးထဲက သူမအခုလိုကေယာင္ေျခာက္ျခားျဖစ္ေနတာျဖစ္သည္. အဲ့ဒီကေလးက တစ္ေနရာရာကေန သူမကိုေစာင့္ၾကည့္ေနတယ္လို႔ခံစားရသည္. သူမရဲ႕အနီးနားမွာရွိတယ္လို႔ခံစားရသည္.

" အဲ့ဒီကိစၥေတြကိုသိတဲ့တစ္စုံတစ္ဦးကၿမိဳ႕ေတာ္ဝန္ကို ၿခိမ္းေျခာက္ေနတာ ျဖစ္မွာပါ .ေဆး႐ုံကလည္းအတည္ျပဳေပးထားတာဘဲ စိတ္ခ်လိဳ႕ရပါတယ္ "

" Thomas ငါ့ကိုစိတ္ၿငိမ္ေအာင္ေသာက္စရာတစ္ခုခုစီစဥ္းေပး ! "

ထို႔ေနာက္ Thomas အိမ္ေတာ္စားဖိုခန္းထဲဝင္ကာ ကိုယ္တိုင္ျပင္ဆင္ေပးသည္ .လက္လုပ္လိေမၼာ္ရည္ကိုျပင္ဆင္ရင္းအထူးစပယ္ရွယ္အေနနဲ႕ထည့္ေနက် အဆိပ္အေတာက္ျဖစ္ေစမဲ့ေဆးရည္တစ္မ်ိဳးကိုတစ္စက္ေလာက္ထည့္ကာေရာေဖ်ာ္လိုက္သည္..ၿပီးေနာက္ထိုမိန္းမႀကီးဆီသို႔ယူသြားေပးေတာ့ အရင္လိုဘဲသံသယကင္းကင္းေသာက္သည္ ..Thomas မသိမသာၿပဳံးလိုက္မိသည္ ..ဒါေပမဲ့အၿပဳံးကေတာ့ေၾကာက္စရာေကာင္းေနလိမ့္မည္..
....

Taehyung လည္း ဒီေန႕အလုပ္ေစာေစာဆင္းသည္မို႔ ေစာေစာပင္အိမ္ရာသို႔ျပန္လာခဲ့လိုက္သည္ .အိမ္ရာကိုလာရတာလဲ Ji ကအိမ္ရာမွာဆုံရဆိုလို႔ပင္ .ထို႔ေနာက္လမ္းသုံးကြ အေကြ႕မွာ အေရွ႕ကကားတစ္စီးကပိတ္ရက္သည္ ..သူလည္း ဘယ္ေကာင္ျပသာနာရွာလဲဆိုၿပီးဆင္းသြားတာ... အဲ့ဒီေနာက္ သူ႕အေနာက္ဘက္ေျခသံၾကားလို႔လွည့္အၾကည့္ ပုဝါစနဲ႕အုပ္ခံရကာ ေလာကႀကီးနဲ႕အဆက္အသြယ္ျပတ္သြားခဲ့သည္..

ထို႔ေနာက္နာရီအနည္းငယ္အၾကာ ပါးျပင္သို႔ခပ္ဆက္ဆက္ပုတ္ခတ္ခံရမႈေၾကာင့္နိုးလာခဲ့သည္.
ထိုင္ခုံတစ္ခုေပၚမွာျဖစ္ၿပီး ႀကိဳးတုတ္ခံထားရသည္ ..

" က်စ္ !! "

" လႊတ္ေပးစမ္း! ! "

" ဟားဟား! ! ဘယ့္ႏွယ္ ဖမ္းလာပါတယ္ဆိုမွ လႊတ္ေပးဆိုဘဲ ဗိုလ္ႀကီး Jeon Jungkook ရဲ႕ေကာင္ေလးက "

အေရွ႕ကအသက္ႀကီးႀကီးလူႀကီးတစ္ေယာက္ ..အသက္ 60 ေက်ာ္ အနည္းငယ္ျမင္ဖူးေနတဲ့လူႀကီး

" Ko Moon Shin Shii "

ဟုတ္တယ္.. ထိုလူကအၿငိမ္စားရဲအုပ္ႀကီး Ko Moon Shin ..ဒါဆိုဒီလူက Shin Noh တို႔လိုက္ေနတဲ့လူလား

" က်ဳပ္ကိုဘာလို႔ဖမ္းထားတာလဲ! ! "

" ကြၽတ္ကြၽတ္! ! ဗိုလ္ႀကီး Jungkook ရဲ႕ အားနည္းခ်က္လည္း​ျဖစ္ ပါရမီျဖည့္ဖက္လည္းျဖစ္လို႔ေလ "

သူလည္းဟိုတစ္ခါက ထိုအမႈမွာပါဝင္ဖူးတာဘဲ
Rumor ကလည္းေလာေလာလတ္လတ္ထြက္ထားေတာ့ ဒီလိုအႀကံအဖန္ကိုခင္းလိုက္တာျဖစ္မည္ .ဒါ့ေၾကာင့္ျဖစ္မည္ ဟိုဗိုလ္ႀကီးက Shin Noh ကိုဆူခဲ့တာဒီကိစၥေတြနဲ႕ပက္သက္ၿပီးသူ႕ကိုဝင္မပါေစခ်င္ခဲ့တာေနမည္.
ဒီရက္ပိုင္းေတြမွာလဲ ဒီလူေတြဘက္ကအဓိကလက္နက္သိုေလွာင္ကိုအသိမ္းခံလိုက္ရၿပီး ထိုလူ Moon Shin ရဲ႕လူအေတာ္မ်ားမ်ားလဲဖမ္းမိခဲ့ၿပီး
ေတာ္ေတာ္မ်ားမ်ားကို သက္ေသေတြရထားတာျဖစ္သည္
ဒါကိုထိုလူဘက္ကဘယ္ေက်နပ္မလဲ

" ကယ္! ! ဗိုလ္ႀကီးအလာကိုဘဲေစာင့္ေပါ့! ! ! "

" နိုင္ငံရဲ႕အဖိုးတန္ေလးနဲ႕အေပးအယူလုပ္ရတာ စိတ္လႈပ္ရွားဖို႔ေကာင္းလိုက္တာ! ဟားဟား "

" ဖုန္းဆက္လိုက္ေတာ့ ! ! "

ထိုလူႀကီးက သူ႕တပည့္တစ္ေယာက္ကိုခိုင္းေလသည္.. ထိုလူကဖုန္းဆက္ကာအေၾကာင္းၾကားသည္.

....

Jungkook တို႔ဒီညတင္ ကြၽန္းဆြယ္ဘက္ကိုစစ္ဆင္းေရးျဖင့္သြားရမည္ျဖစ္သည္. ေျမာက္ပိုင္းဘက္က ပစ္လိုက္ေသာအျမႇောက္ဒဏ္ဟာ ေတာင္ဘက္ကြၽန္းေပၚသို႔လာေရာက္ထိခိုက္ကာ အရပ္သားအနည္းငယ္နဲ႕ အေစာင့္တပ္သား 2 ဦးထိခိုက္မႈေၾကာင့္ ႏွစ္နိုင္ငံတင္းမာမႈဟာပိုဆိုးေတာ့သည္..ထို႔ေၾကာင့္ ေျမာက္ပိုင္းဘက္ကရန္ စမႈကို ေတာင္ပိုင္းဘက္ကလည္း တိုက္ခိုက္မႈတိုးျမႇင့္ဖို႔ရန္ျပင္ဆင္လိုက္တာျဖစ္သည္..

Jungkook တို႔အားလုံးရဟက္ယာဥ္ျဖစ္ထြက္ခြာရန္အသင့္ျပင္ထားၿပီးျဖစ္ေပမဲ့ အေရးေပၚအေျခအေနက သူ႕ဆီမွာေပၚလာေတာ့သည္.. အဲ့ဒါက Kim ကို ဓားစာခံဖမ္းယူထားသည္ဟု တစ္ဖက္မွဆက္သြယ္လာတာေၾကာင့္ပင္

" ဗိုလ္ႀကီး! ! က်ေနာ္တို႔လူစုံၿပီး "

ရဟက္ေပၚကတပ္သားေတြကေအာ္ေျပာေပးမဲ့ Jungkook ကတစ္ခုခုကိုေတြေဝေနဟန္ရွိတာေၾကာင့္ David ဆင္းလာကာအက်ိဳးအေၾကာင္းေမးမိသည္..

" မတက္ေသးဘူးလား "

" Kim Taehyung ကို ဟိုလူဖမ္းထားတယ္ !! သက္ေသေတြနဲ႕အလဲအလည္လုပ္ခ်င္တယ္ေျပာတယ္ "

David ၾကားလိုက္ရတဲ့စကားေၾကာင့္ ဘယ္ေလာက္ျပသာနာႀကီးမွန္းခန့္မွန္းမိလိုက္သည္. Jungkook မ်က္လုံးေတြဂဏာမၿငိမ္ေတာ့ ေပ.မ်က္ေတာင္ေတြတျဖတ္ျဖတ္ခတ္လာၿပီး.. လက္ေတြတုန္ရင္လာသည္..David သိသည္ ဒီေကာင္ဘာေတြေတြးေၾကာက္ေနၿပီးလဲဆိုတာ..

" ငါ.. ငါ ေနခဲ့မယ္! ! ငါ့ေၾကာင့္သာ ထပ္ၿပီးသူထိခိုက္ရင္ ငါ့ကိုငါခြင့္လႊတ္မွာမဟုတ္ဘူးး "

" မင္းလည္းမထိခိုက္ရဘူး! ! ဂ႐ုစိုက္ "

David ပခုံးကိုပုတ္ကာ ေခါင္းညိတ္ျပလိုက္ၿပီးမွ ရဟက္ေပၚသို႔တက္သြားေတာ့သည္.. တာဝန္ကိုမထမ္းေဆာင္လို႔ အျပစ္ဒဏ္ေပးေတာ့လည္း ေနာက္ကိစၥမဟုတ္လား.. ေနာက္အေရးေပါ့

ထို႔ေနာက္ Shin Noh တို႔ဆီအေၾကာင္းၾကားကာ လူအင္အားကိုျပင္ဆင္ခိုင္းသည္ ..' သက္ေသနဲ႕တကြ တစ္ေယာက္ထဲဘဲ ' လာဖို႔ေျပာထားေပမဲ့.. ဒီလိုလူေတြဟာ ကတိတည္မည္တဲ့လား. ထို႔ေနာက္ တစ္ေယာက္ထဲအရင္လႈပ္ရွားဖို႔သာဆုံးျဖတ္လိုက္သည္.. အခ်ိန္ၾကာၾကာဆြဲလို႔မရေပ..

" ေအာ္... ေရာက္လာၿပီဘဲ! ! သက္ေသေတြအကုန္ ငါ့လက္ထဲထည့္ေပး "

Jungkook ဒီထဲဝင္လာထဲက ဝင္ေပါက္ေတြ အေစာင့္က်ထားပုံေတြကို လွ်ို႔ဝွက္ကင္မရာနဲ႕သတင္းပို႔ၿပီးမွ ထိုလူတို႔ကို ကိုယ္ထင္ျပကာထြက္ျပ​ျခင္း​ျဖစ္သည္..အထဲေရာက္ေတာ့ ထိုင္ခုံမွာႀကိဳးခ်ည္လ်က္နဲ႕ရွိေနေသာ Kim ကိုေတြ႕ရေတာ့ အံ့ကအလိုလိုႀကိတ္မိသား.. ေ႐ႊအိုေရာင္အသားအရည္မွာ ႀကိဳးရာေတြကရဲရဲနီလို႔ ..ေရာက္ေရာက္ခ်င္းပင္ သက္ေသေတြေတာင္းေနတဲ့ အဘိုးႀကီးကို Jungkook ဖိုင္တြဲတစ္ခုထုတ္ျပကာ..

" Kim Taehyung ကိုအရင္လႊတ္ေပး! ! "

ထိုအခါအဖိုးႀကီးက မ်က္ခုံးတစ္ဖက္ပင့္တက္သြားကာ မပီမျပင္ၿပဳံးၿပီးမွ သူ႕တပည့္တစ္ေယာက္ကို လက္ျပကာ Kim Taehyung အေနာက္သို႔ရပ္ေစသည္..

" ခင္ဗ်ားး ကတိေတာ့တည္ပါေစေနာ္! "

Jungkook ဖိုင္တြဲကို ၾကမ္းျပင္ေပၚသို႔ ပစ္ခ်မည့္ဆဲဆဲ တစ္ဖက္က အေနအထားကိုၾကည့္ကာ
အကဲခတ္သည္.. Taehyung အေနာက္မွာ ႀကိဳးကိုျဖည္ေနဟန္ေၾကာင့္ ဖိုင္တြဲကိုသူတို႔ကိုပစ္ေပးလိုက္သည္..

အဖိုးႀကီးက စစ္ေဆးသည္.. Taehyung ကိုႀကိဳးျဖည္ေပးေနသည့္လူမွာ ဟန္ျပသာျဖစ္သည္
သို႔ေသာ္ ဖမ္းမိထဲက ႀကိဳးကိုေခ်ာင္က်လာေအာင္ သူ႕လက္ေကာက္ဝတ္နဲ႕လႈပ္ရွားထားမႈေၾကာင့္ အက်ိဳးသက္ေရာက္မႈအေနနဲ႕ ေဘာင္းဘီအေနာက္အိတ္ထဲက ေဆာင္ထားေနက် ဓားကို ယူနိုင္ခဲ့သည္ ..ဓားနဲ႕ႀကိဳးကိုမသိမသာ ျဖတ္ေနေပမဲ့ လက္ေကာက္ဝတ္ကေတာ္ေတာ္ကို နာက်င္ေနၿပီးျဖစ္သည္.. ထိုစဥ္မွာပင္ ဟိုဗိုလ္ႀကီးက အေျခအေနၾကည့္ကာ တစ္ဖက္လူေတြကို စတိုက္ခိုက္ေတာ့သည္. တိုက္ခိုက္ေနရင္း အျပင္ဘက္ကလူေတြပါဝင္လာေတာ့ Taehyung လည္း ႀကိဳးကိုအားနဲ႕ျဖတ္ခ်ကာလြတ္ေျမာက္သည္ႏွင့္ ပါဝင္ကာတိုက္ခိုက္ေတာ့သည္..တစ္ဖက္ကလူေတြကလဲသြားလိုက္ အျပင္ဘက္ကထပ္မံဝင္ေရာက္တိုက္ခိုက္လိုက္ႏွင့္မို႔ ..သူတို႔ႏွစ္ေယာက္လြတ္ေျမာက္ဖို႔လမ္းမျမင္ေသးေခ် ..တစ္ဖက္ကလူမ်ားလာေလ သူတို႔အထိနာေလျဖစ္သည္.. ၾကားထဲ သူ႕အေရွ႕က ဟိုဗိုလ္ႀကီးကကာစိကာစိႏွင့္မို႔ တကယ္တမ္းထိရင္ထိုလူက အထိနာမည္ပင္ ..

တိုက္ရင္းခိုက္ရင္းနဲ႕ အဖိုးႀကီးက ေနရာကေနေပ်ာက္သြားကာ Jungkook လည္း Kim Taehyung ကိုထြက္ေပါက္ေတြကို အလ်င္အျမန္ပင္ေျပာျပၿပီး ထြက္သြားခိုင္းသည္..အႏၱရာယ္မ်ားလြန္းသည္မဟုတ္လား ..ၿပီးေနာက္ Jungkook ဟိုအဖိုးႀကီးေနာက္သို႔ေျခရာမေဖာက္ခင္ အသည္းအသန္လိုက္ရသည္.. လမ္းတစ္ဝက္မွာ အစအနေပ်ာက္သြားလို႔ လိုက္ရွာေနတုန္းမွာဘဲ ၾကားလိုက္ရတဲ့အသံ

" မင္းတို႔လို ေနာက္ေပါက္ေလးေတြက ဘယ္သူ႕ကိုလာကစားခ်င္တာလဲ !! ဟားဟား "

ထိုအဖိုးႀကီးက ထိုသို႔ေျပာလာသည္ႏွင့္ သူ႕ေဘးပတ္ပတ္လည္မွာ ေသနတ္ေတြကအရန္သင့္ခ်ိန္ထားၾကၿပီးသားျဖစ္သည္..
ကိုယ့္ရွိန္သတ္လိုက္ကာ ပင့္သက္ရွိုက္လိုက္မိသည္. ထိုအဘိုးႀကီးက ရဲအရာရွိျဖစ္ခဲ့ဖူး၍ ရဲေတြရဲ႕ေျခရာကိုသိႏွင့္ေနၿပီးသားမို႔ ဖမ္းရခက္သည္
ထို႔ေနာက္ ထိုလူေတြရဲ႕ေခၚေဆာင္ရာေနာက္လိုက္သြားရေတာ့သည္..
..

" ​ဓားစာခံ အျဖစ္ ဖမ္းထားတယ္! ! "

Jimin မေန႕ထဲကအေတာ္ေလးစိတ္ပူေနတာျဖစ္သည္ .အခု ရဲအရာရွိတခ်ိဳ႕က Ent သို႔ေရာက္လာ၍အက်ိဳးအေၾကာင္းလာေျပာျပမွသာသိရတာျဖစ္သည္ .ရဲေတြဘက္ကေျပာတာကေတာ့ သတင္းကိုဖုံးထားေပးၿပီး မေပါက္ၾကားေစဖို႔ျဖစ္သည္ .Ent ဘက္ကေတာ့ က်န္းမားေရးအေျခအေနေၾကာင့္ Kim ရဲ႕လႈပ္ရွားမႈေတြကိုရပ္နားမယ္လို႔ထုတ္ျပန္ထားသည္..

Kim သာတစ္ခုခုျဖစ္လို႔ကေတာ့ဆိုတဲ့စိတ္နဲ႕ သူ႐ူးေတာ့မည္ .ရဲေတြကေတာ့ အေကာင္းဆုံးႀကိဳးစားေပးမယ္ဆိုတာေျပာေပမဲ့ သူ႕မွာ စိတ္မခ်နိဳင္. ဒီအမႈထဲ ဝင္ပါလို႔မရေပမဲ့ သူ႕မွာ စုံေထာက္တခ်ိဳ႕နဲ႕ အဆက္အသြယ္ရယူကာ နားတစြင့္စြင့္ႏွင့္ အလုပ္မလုပ္နိုင္ျဖစ္ရသည္

" အဲ့ဒီေကာင္က မင္းရဲ႕ ဝဋ္ေႂကြးလား ခ်စ္ျခင္းလား! ! Kim! ! "
..

" မင္းရထားတဲ့သက္ေသေတြ အားလုံးဘယ္မွာသိမ္းထားလဲ! ! ေျပာစမ္း ျမန္ျမန္ "

ေခါင္းမာတဲ့ Jungkook ကဘယ္ေလာက္ရိုက္ႏွက္ရိုက္ႏွက္ တစြန္းတစမွ်မေျပာေခ်.. ထိုလူ Ko Moon Shin ဆိုသူကတျခားလူေတာ့မဟုတ္ေခ်.. ဦးေလး Min ( Shin Noh အေဖ) ရဲ႕ သူငယ္ခ်င္းအရင္းေခါက္ေခါက္သာျဖစ္သည္. ထိုလူက ေျမာက္ပိုင္းဘက္ကခိုးဝင္ခိုလႈံလာသူျဖစ္ၿပီး ဒီဘက္ကအရာရွိတခ်ိဳ႕နဲ႕အေပးအယူမွ်စြာ ေတာင္ပိုင္းဘက္မွာ လူမ်ိဳးအရင္းအခ်ာလိုေနထိုင္သည္.. စုံစမ္းရသေလာက္ေတာ့ ဒီလူကေျမာက္ပိုင္းဘက္ကအလိုရွိသည့္ တပ္ေျပးလည္းျဖစ္သည္.ထိုလူမွာ လက္နက္ဂိုဏ္း မူးယစ္ေဆးဝါးနဲ႕ေလာင္းကစား႐ုံမ်ားစြာရွိသည္.. ဦးေလး Min ကိုလည္း ထိုလူရဲ႕လွ်ို႔ဝွက္ခ်က္ေတြသိသြားခဲ့၍ရွင္းထုတ္လိုက္သည့္သေဘာပင္.. သက္ေသေတြကသူ႕လက္ထဲတြင္ရွိေနျခင္းျဖစ္သည္.. ဘာေၾကာင့္ဆို အရင္တခါ ၿမိဳ႕နယ္မႉးစ်ာပနပြဲမွာ ထိုလူရဲ႕ေျမာက္ပိုင္းေလသံနဲ႕ အျဖတ္အေတာက္နဲ႕စကားေျပာတက္ပုံကို သူသတိထားမိခဲ့ရာကေန တိတ္တိတ္ေလးေနာက္ေၾကာင္းလိုက္ခဲ့တာျဖစ္သည္ .ထိုလူက သူ႕ကိုၿခိမ္းေျခာက္တုန္းက အသံဘယ္ေလာက္ဘဲျဖတ္ထားခဲ့ျဖတ္ထားခဲ့ အျဖတ္အေတာက္နဲ႕စကားေျပာတက္ပုံကေတာ့လိမ္လို႔မရေပ.. သက္ေသေတြသူ႕ဆီမွာရွိေနရျခင္းမွာ ထိုလူကရဲအရာရွိေဟာင္းျဖစ္သည့္အေလွ်ာက္ ဌာနအမ်ားစုမွာသူ႕လူေတြကိုဖ်ံ့ၾကန့္ထားသည္ျဖစ္ရာ ထိုလူမ်ားေၾကာင့္ပင္ ထိုအမႈအတြက္သက္ေသေတြဟာ အစအနကမက်န္ေပ်ာက္ခဲ့ရျခင္းကို သိထားခဲ့လို႔..ဘယ္အရာရွိလက္ထဲမွ ယုံယုံၾကည္ၾကည္မတင္ျပထားရဲတာျဖစ္သည္.. Shin Noh ကေတာ့ ထိုလူရဲ႕လုပ္ရပ္ေတြေၾကာင့္ ဘယ္ေလာက္ရင္နာလိုက္မလဲ..ထိုလူ Ko Moon Shin ဆိုတာက Shin Noh အတြက္ေတာ့ ဒုတိယ​ေခါင္းကိုင္အေဖပင္ျဖစ္သည္..Shin Noh ဒီကိစၥေတြကိုသိသိခ်င္းကဆို လုံးဝေတာင္ယုံခဲ့တာမဟုတ္ေပ.. သက္ေသေတြရွိေန၍သာ လက္ခံခဲ့ျခင္း ..သူတို႔ရွာေနတဲ့ေနာက္ဆုံးသက္ေသက ဦးေလး Min အပါအဝင္ ရဲအရာရွိတခ်ိဳ႕ကိုထိုအမႈေၾကာင့္ ထိုလူသတ္ခဲ့တဲ့သက္ေသအေထာက္အထားပင္ ..ထိုလူကိုဖမ္းဖို႔အတြက္သက္ေသအေသအမႊားနဲ႕ေတာ့မရေပ ..သက္ေသေတြအားလုံးလက္ထဲမွာရွိေနမွသာထိုလူမ႐ုန္းနိုင္မွာျဖစ္သည္..

" မင္းကလည္း Min Jae Song( Shin Noh' Father )လို ေခါင္းေၾကာမာတဲ့ေကာင္ဘဲ! ! ဟားဟား အသားမနာဘဲမၿပီးဘူးဘဲ "

" ခင္ဗ်ားလိုလူအတြက္အသားနာရတာမတန္ေပမဲ့ အမွန္တရားအတြက္လုပ္ေနတဲ့သူေတြက အသားနာတာေလာက္နဲ႕လဲမမႈဘူး !အ့ "

" ဒါေပါ့! ! အမွန္တရားကို သိၿပီးသြားရင္ေတာ့ ငရဲစီေရာက္ေအာင္ပို႔ေပးရတာေပါ့! ! အဲ့လိုဘဲMin Jae Song ( Shin Noh အေဖ ) ဆိုတဲ့ေကာင္မွာလည္း ငါ့ကိုဖမ္းထည့္နိုင္တဲ့သက္ေသအကုန္ရွိတယ္! ! အဲ့ဒီေနာက္ သူ႕ကိုေကာ သူ႕ဆီကသက္ေသေတြေကာအကုန္အစေဖ်ာက္ပစ္ခဲ့တယ္. ဒါမဲ့ အေရးႀကီးဆုံးသက္ေသတစ္ခုကေတာ့ ဒီေန႕အထိကိုေပ်ာက္ေနတုန္းဘဲ! ! Min မ်ိဳးရိုးနဲ႕ပက္သက္တဲ့ေနရာမွန္သမွ်ရွာခဲ့ေပမဲ့ မေတြ႕ခဲ့ဘူး! ! ေနာက္ဆုံး ေျခရာခံမိခဲ့တာက ဘယ္သူမွအေရးႀကီးခြင္က်ယ္မလုပ္ထားခဲ့တဲ့ ဒီအမႈကိုအစျပန္ေဖာ္ခဲ့တဲ့ မင္းဆီကေနဘဲ! ! "

မွန္ပါသည္. ဒီအမႈကိုျပန္စခဲ့​တာက Shin Noh မဟုတ္ဘဲ သူ႕ဆီကစတာျဖစ္သည္. အဘယ္ေၾကာင့္ဆိုေသာ္ Shin Noh ကသူ႕အေဖေသဆုံးမႈကို မေတာ္တဆမႈဘဲဟုပင္ အစကထင္ခဲ့တာျဖစ္သည္ .ဦးေလး Min မေသဆုံးသည့္ခင္လက္ခံရရွိခဲ့တဲ့ ၿခိမ္းေျခာက္စာကိုသက္ေသအျဖင့္ဖုန္းအစုတ္တစ္ခုထဲကကူးယူထားသည္ကိုသူေတြ႕ရွိခဲ့ေလသည္.ဦးေလး Min ကထိုအခ်က္အလက္ကိုဘဲ ထည့္သြင္းထားျခင္းအားျဖင့္ က်န္တဲ့သက္ေသေတြကို စခန္းကအထက္အရာရွိကိုသာယုံၾကည္စြာအပ္ႏွံထားသည့္ပုံပင္ Ko Moon Shin ကအားလုံးနဲ႕ေပါင္းကာ အကုန္လုံးကိုအကြက္က်က် လိမ္ညာခဲ့ျခင္းပင္..ဒါေပမဲ့အခုလက္ရွိထိုလူေျပာေနေသာစကားေတြကိုသူနားမလည္ပါ.. ဘာေၾကာင့္ဆို သူတို႔ေတာင္ အခုဦးေလး Min အတြက္သက္ေသရွာေနတာျဖစ္သည္ .ထိုလူေတာင္းေနသည့္သက္ေသဆိုတာကို သူကိုယ္တိုင္ေတာင္မသိတာအမွန္ေပ.. ျဖစ္နိုင္တာတစ္ခုက ဦးေလး Min ဖြတ္သြားသည့္အေရးႀကီးသည့္ သက္ေသတစ္ခုက သူ႕ဆီမွာရွိသည္ဟုထိုလူထင္ေနတာပင္..

" သက္ေသေတြ ထုတ္ေပးလိုက္ရင္လြယ္လြယ္ေလးမဟုတ္လား! ! " ဆိုၿပီး တံခါးဝကေန ဆြဲထုတ္ေခၚလာတဲ့ Kim Taehyung ေၾကာင့္ သူ႕ေမးေတြတင္းခနဲ

Jungkook ႐ုတ္႐ုတ္သဲသဲျဖစ္သြားသည္ကိုအဖိုးႀကီးက ေက်နပ္ၿပဳံးၿပဳံးသည္

" ေျပာဘယ္မွာထားထားလဲ! ! "

Taehyung ျပန္ထြက္လာေပမဲ့ လမ္းတစ္ဝက္မွာ ထိုလူတို႔က ျပန္ဖမ္းလာခဲ့တာျဖစ္သည္.. ထိုဗိုလ္ႀကီးကတုန္လႈပ္ေနသည့္အသြင္ကိုမထိန္းခ်ဳပ္နိုင္စြာ

" Kim Taehyung ကိုလႊတ္ေပးၿပီး! ! က်ဳပ္နဲ႕ဘဲရွင္း "

" ရတယ္! ! အိုးး လြတ္ေပးစရာမလိုဘူး! ! ငါက ဒီလူနဲ႕ကိစၥေလးရွိတယ္ "

" ခင္ဗ်ားေလး ဒီလူကိုဘာထင္ေနလို႔လဲ! ! ဒါအ႐ြဲ႕တိုက္စရာမဟုတ္ဘူးေနာ္! ! " "

Taehyung ကိုဘာမွန္းမသိဘဲနဲ႕ အသည္းအသန္တားေနတဲ့လူေၾကာင့္ သက္ျပင္းတစ္ခ်က္ခ်ကာ

" ငါနဲ႕ခင္ဗ်ားက ဘာဆိုင္လို႔အ႐ြဲ႕တိုက္ရမွာလဲ! ! "

" က်စ္! ! ! ဟာ့ကြာ! !"

ထိုဗိုလ္ႀကီးဆီကမခ်ီတင္ကဲအသံထြက္လာေပမဲ့ Taehyung လ်စ္လ်ဴရႈကာ Ko Moon Shin ဆိုတဲ့လူဆီကိုဦးတည္ကာ

" Ko Moon Shin shi! ! Mrs. Rachel နဲ႕ ျပန္အဆင္မေျပေသးဘူး ထင္တယ္ေနာ္! ! Mrs. Rachel က ခင္ဗ်ားကိုခ်ေကြၽးေတာ့မယ္ထင္တယ္! "

" မင္း! ! မင္းကဘယ္သူလဲ ?! "

အဖိုးႀကီးကတအံ့တၾသေမးေတာ့ Taehyung က ႏႈတ္ခမ္းတြန့္ကာၿပဳံးၿပီး

" ဘယ္သူလို႔ထင္လဲ! ! Mrs. Rachel ရဲ႕အေႂကြးရွင္ေလ "

ထိုစကားေျပာရင္း ဟိုဗိုလ္ႀကီးနဲ႕ အၾကည့္ခ်င္းစုံသည္.. သူ႕ဆီကနာက်ည္းမႈေတြကို ထိုလူျမင္မွာပါ .ဟိုတစ္ခါဖမ္းမိတဲ့လက္နက္ေတြက Canada ကျဖစ္ေၾကာင္း Korea Media ကေန တင္လိုက္ကတည္းက Rachel ဆိုတဲ့မိန္းမႀကီးက သူ႕ image ထိမည္ဆိုး၍ ကိုယ္လြတ္႐ုန္းခဲ့သည္ကို Thomas ဆီကေနသူၾကားၿပီးသားျဖစ္သည္. ၿပီးေတာ့ Mrs. Rachel ရဲ႕စီးပြားဖက္ပါတနာျဖစ္တဲ့ Ko Moon Shin အေၾကာင္းကိုလည္း သူကဒီမွာေန၍ လွ်ို႔ဝွက္စုံစမ္းေနခဲ့တာျဖစ္သည္ ..ဟိုတခါ ဟိုဗိုလ္ႀကီးက ၿမိဳ႕ျပင္ဂိုေထာင္ဆီလိုက္ပို႔ခိုင္းတုန္းကလည္း သူ စုံစမ္းစရာရွိလို႔ ျပန္လႊတ္တာကိုပင္ မျပန္ဘဲထိုကိစၥမွာဝင္ပါခဲ့ျခင္းျဖစ္သည္.. အခုလို အဖိုးႀကီးနဲ႕ထိပ္တိုက္ေတြ႕ရတာက တျခားေတာ့မဟုတ္ အဘိုးႀကီးကိုစြၿပီး Rachel ဆိုတဲ့မိန္းမႀကီးရဲ႕ လူသိမခံတဲ့ကိစၥေတြကိုႏွိုက္ထုတ္ခ်င္လို႔ပင္..

" စိတ္ေတာ့မေကာင္းေပမဲ့ ခင္ဗ်ားကိုအရင္ေဖာ္ထုတ္မွရမွာမို႔! ! အခုေလာက္ဆို ခင္ဗ်ားနာမည္ Trendy ျဖစ္ေနၿပီးလားေတာင္မသိဘူး! ဖုန္းေလးဘာေလးဖြင့္ၾကည့္လိုက္ပါအုံး! အဟက္ "

အဖိုးႀကီးက ေတာက္တစ္ခ်က္ေခါက္ကာ ဖုန္းဖြင့္ၾကည့္သည္. ၿပီးေနာက္ ဖုန္းကိုနံရံဆီေကာက္ေပါက္ပစ္သည္ ..Taehyung ၿပဳံးလိုက္မိသည္.သူ႕အသိ မႈခင္းသတင္းသမားနဲ႕တိုင္ပင္ကာ ဒီေန႕မွာ အကုန္ေဖာ္ထုတ္ဖို႔အစီအစဥ္ဆြဲထားၿပီးသား..အခုလိုတိုက္ဆိုင္စြာ သူ႕ကိုပါ ဓားစာခံဖမ္းထားေတာ့ပိုၿပီး အမႈႀကီးဖို႔သာရွိေတာ့သည္ေလ..

ေတာက္ခ္

အဖိုးႀကီးရဲ႕အစီအစဥ္ကတျခားေတာ့မဟုတ္လွ Shin Noh တို႔လက္ထဲမွာရွိတဲ့ သူ႕ျပစ္မႈမွတ္တမ္းေတြအားလုံးကို အစေဖ်ာက္ကာ ဒီနိုင္ငံကေန တိတ္တိတ္ေလးထြက္သြားရန္ေပ.. အခုေတာ့ သူကဝရန္းေျပးပုံစံမ်ိဳးျဖစ္ေနၿပီမို႔ သူ႕အမႈကိုဘယ္သူမွမဖုံးေပးနိုင္ေတာ့ေပ ..Taehyung အစီအစဥ္အေနာက္မွာ သက္ေသအျဖစ္လိုက္ရန္ Shin Noh တို႔အုပ္စုရွိသည္ေလ ..ဒါကိုပင္အဖိုးႀကီးကမေက်နပ္လို႔ရိုက္ႏွက္သည္ ႏွိပ္စက္သည္..

" ငါ့ကိုဒုကၡေပးၿပီး မင္းလည္းေကာင္းေကာင္းရွင္သန္ရမယ္မထင္နဲ႕! ! "

" ခင္ဗ်ားက လမ္းဆုံးေနၿပီးမို႔ လိုအပ္တဲ့သူကေတာင္းေနရင္ အက်ိဳးျပဳသင့္တယ္ေနာ္! ! Mrs. Rachel ေကာ ခင္ဗ်ားေကာသစၥာရွိတဲ့လူေတြမဟုတ္မွန္းသိထားၿပီးသားပါ! ! အဟက္ "

" ရားးး Kim Taehyung ကိုမထိနဲ႕လို႔! ! ေခြး *သားေတြ! ! "

လက္ႏွစ္ဖက္ကိုႀကိဳးနဲ႕အေပၚျမႇောက္ကာခ်ည္ထားၿပီး ရင္ဝကိုေစာင့္ကန္လိုက္ ဗိုက္သားေတြကို လက္သီးခ်က္ေတြနဲ႕အားျပင္းျပင္းထိုးလိုက္နဲ႕
အလုပ္ရႈပ္ေနေတာ့တာ.. ၾကားထဲက ဟိုဘက္ကအဖမ္းခံထားရတဲ့ဗိုလ္ႀကီးက သူ႕ထက္ပိုၿပီး ရႉရႉရွဲရွဲနဲ႕ ေဒါသတႀကီး တားသည္.. အဖမ္းခံထားရာကေန ႐ုန္းကန္ေနတာ မ်က္လုံးမ်ားကရဲရဲနီလို႔ သတ္ေတာ့ျဖတ္ေတာ့မဲ့ ျခင္ေသ့တစ္ေကာင္နဲ႕ပင္တူေနေလသည္..

" က်ဳပ္ကိုဘဲ ႀကိဳက္သေလာက္ႏွိပ္စက္! ! သူ႕ကိုလုံးဝမထိနဲ႕! ! "

" အားလုံး က်ဳပ္ဘဲခံဘဲ! ! ခင္ဗ်ားတို႔ လိုခ်င္တာ သက္ေသလား! ! က်ဳပ္အားလုံးထုတ္ေပးမယ္! ! "

ခ်စ္တဲ့သူ႕က သူ႕အေရွ႕မွာတင္အႏွိပ္စက္ခံေနရတာ ဘယ္ႏွလုံးသားကခံနိုင္မတည့္လဲ ..ႏႈတ္ခမ္းအဆက္မွာစီးက်​ေနတဲ့ေသြးေတြနဲ႕ နာက်င္မႈကိုအံတင္းတင္းႀကိတ္​ၿပီးမ်က္ႏွာေလးရယ္ တစ္ခါအရိုက္ႏွက္ခံရတိုင္း မေအာ္ဘဲထြက္လာတဲ့နာက်င္တဲ့အသံခပ္ႀကိတ္ၾကတ္ရယ္ သူရင္ဘတ္ထဲကႏွလုံးသားကက်င္တက္လာၿပီး ေသြးဆူစြာစူးစူးနစ္နစ္နာက်င္လာသည္.. အဆိုးကခံျပင္းတာ သူကဒီအတိုင္းၾကည့္ေနရလို႔.. ဘာမွမလုပ္ေပးနိုင္လို႔ ပိုၿပီးေပါက္ကြဲတာ.. ကိုယ့္ကိုကိုယ္သတ္ပစ္ခ်င္တာ..

" ဟားဟားးးး! ! ဟားဟားးး! ! ဒီလိုမွေပါ့! "

" ကယ္! ! ေျပာ... သက္ေသေတြဘယ္မွာထားထားလဲ! "

" ရပ္စမ္းး! ! ခင္ဗ်ား အ႐ူးထမေနနဲ႕! ! ခင္ဗ်ားေျပာရင္ ခင္ဗ်ားကို ငါသတ္မွာေနာ္ "

ေျဖာင္း 💢
Taehyung ၾကားကျဖတ္ေျပာေတာ့ အဖိုးႀကီးက ပါးျပင္ေပၚသို႔ရိုက္ခ်က္ျပင္းျပင္းျဖင့္ရိုက္သည္ .Taehyung မ်က္ႏွာလည္ထြက္သြားေတာ့
Jungkook အလ်င္အျမန္ပင္

" ဦးေလး Min ရဲ႕ cemetery ashes မွာ! ! "

Jungkook ေအာ္ေျပာလိုက္ေတာ့ Ko Moon Shin ဆိုတဲ့လူကသေဘာတက်တဟားဟားျဖင့္ရီရင္း ရိုက္ႏွက္ေနတာကိုရပ္ေပးသည္.. Taehyung သည္လည္း ထို႐ူးေနေသာ ဗိုလ္ႀကီးကိုစူးစူးနစ္နစ္သာစိုက္ၾကည့္ေနေတာ့သည္..
...

တစ္ဖက္က Shin Noh တို႔မွာလည္း Ko Moon Shin ဆိုသူက Jungkook hyung ကိုခ်ိန္းဆိုေသာေနရာကို အခ်ိန္မီသြားခဲ့ေပမဲ့ Ko Moon Shin ဆိုသူကရဲ႕လူေတြကလမ္းတစ္ဝက္မွာတင္ဝင္ေရာက္တိုက္ခိုက္ျခင္းကိုခံခဲ့ရသည္.. ဒါေတာင္ ထိုလူႀကီးအေၾကာင္းသိလို႔ Chan Woo နဲ႕သူနဲ႕အဖြဲ႕ႏွစ္ဖြဲ႕ခြဲကာသြားေသးသည္.. Shin Noh က ထိုလူ​​ကားနဲ႕လစ္ထြက္တာကိုအေနာက္လိုက္နိုင္ခဲ့​ၿပီး ေျခရာခံစက္ျဖင့္ပါ ထိုကားအေနာက္ဘက္ျခမ္းအမိအရ ေျခခ်ဳပ္နိုင္ခဲ့ေပမဲ့ သူ႕ထက္စီနီယာက်လိဳ႕လား ေသခ်ာေပါက္ကိုမ်က္ေျခဖ်က္နိုင္ခဲ့ေသးသည္.. ေျခရာခံစက္နဲ႕ကားကလည္းတကယ္တမ္း ထိပ္တိုက္ေတြ႕ခ်ိန္မွာ Ko Moon Shin ဆိုတဲ့လူရွိတဲ့တည္ေနရာမဟုတ္ေခ်..ထိုလူက လုပ္သက္ရေနသည့္လူဆိုေတာ့ သူတို႔ကိုလွည့္စားသြားနိုင္သည္.. သို႔ေသာ္ကံေကာင္းတာတစ္ခုက Jungkook hyung ဆီမွာရွိတဲ့ အသံဖမ္းစက္က သူတို႔နဲ႕ဆက္သြယ္၍ရေသးသည္ကိုဘဲ.. ထိုအသံဖမ္းဆက္ကေန တည္ေနရာကိုရနိုင္မလားလို႔ Shin တို႔အသည္းအသန္ႀကိဳးစားေနခ်ိန္မွာဘဲ.. ဟိုလူရဲ႕ၿခိမ္းေျခာက္အၾကပ္ကိုင္မႈေၾကာင့္ သက္ေသေတြဝွက္ထားေသာေနရာကို Jungkook hyung က ေျပာေတာ့မည္ကိုခန့္မွန္းမိ၍ Shin Noh အျမန္ပင္ အေဖရဲ႕ အရိုးျပာသခ်ိဳင္းရွိရာသို႔လာကာ သက္ေသေတြကိုလက္ဦးမႈယူသည္.. ​ျပာအိုးထည့္ထားရာ Box အေသးေလးထဲမွာ ဝွက္ထားျခင္းျဖစ္သည္.. ဘယ္သူမွမထင္ထားေသာေနရာမွာထားမွသာ လုံၿခဳံမည္ျဖစ္သည္.. Shin Noh ကမန္းကတမ္း သက္ေသခံပစၥည္းေတြအားလုံးယူေနတုန္း မေတာ္တဆထိမိၿပီး သူတို႔သားအဖႏွစ္ေယာက္တြဲရိုက္ထားေသာ ဓာတ္ပုံေလးကေအာက္သို႔ ဂြမ္းကနဲက်ကြဲသည္..

" ဟင္ !! "

ထိုဓာတ္ပုံအထဲကေန ထြက္ခ်လာတာက ID Card တစ္ခုျဖစ္သည္... ဘာမွမစဥ္းစားဘဲ အျမန္ပင္ေကာက္သိမ္းကာ ကားထဲသို႔ျပန္ေျပးလာလိုက္သည္ ..ဟိုလူေတြမလာခင္အျမန္ ထိုေနရာကေနအျမန္ထြက္ရသည္. ၿပီးေနာက္ ကြန္ျပဴတာထဲသို႔ ထို Card ကိုထည့္ၿပီးဖြင့္ၾကည့္ေတာ့ အရင္က ေသသြားၿပီး ျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္နဲ႕ Ko Moon Shin ဆိုတဲ့လူတို႔ရဲ႕ဆက္စပ္မႈ.. အစကထိုလက္နက္လုပ္ငန္းက အရင္ဝန္ႀကီးခ်ဳပ္အပိုင္ျဖစ္ၿပီး Ko Moon Shin နဲ႕ထိုလူကေတာက္ကဆျဖစ္ကာ Ko Moon Shin ကထိုလူကိုလုပ္ႀကံသတ္ျဖတ္လိုက္ျခင္း.. သူ႕မ်က္လုံးေတြျပဴးက်ယ္သြားသည္.. ဒါကသူ႕အေဖေနာက္ဆုံးဖြတ္သြားတဲ့ အေရးႀကီးတဲ့သက္ေသပင္ျဖစ္မည္.. ရၿပီ ထိုလူေျပးမလြတ္မဲ့ႀကီးမားတဲ့သက္ေသ..

ထို႔ေနာက္သူ႕ဖုန္းဆီသို႔ဆက္သြယ္လာေသာ သူတို႔အဖြဲ႕ဝင္ထဲက နည္းပညာကြၽမ္းက်င္ေသာသူက တည္ေနရာကိုေျခရာခံမိသြားေၾကာင္း အေၾကာင္းၾကားသည္..

" Ko Moon Shin shii! ! ခင္ဗ်ားဒီတစ္ခါေတာ့ေသခ်ာေပါက္မလြတ္ေတာ့ဘူး !! "

...

" ေတာက္ခ္ !! ရာရာစစ ငါ့ကိုလွည့္စားရဲတာေပါ့ေလ! ! ႏွစ္ေကာင္လုံးကို သတ္ပစ္မယ္ "

Ko Moon Shin ဆိုတဲ့အဖိုးႀကီးက သူ႕ေဘးနားတပည့္ဆီက ေသနတ္ကို ဆြဲယူကာ ပစ္မလို႔႐ြယ္တုန္းမွာတင္..

" ရပ္စမ္း! ! "

ေသနတ္နဲ႕ခ်ိန္ထားကာ သတိေပးလာတဲ့ Shin Noh ေၾကာင့္ ထိုအဖိုးႀကီးက အံႀကိတ္ကာလက္ကိုေဘးဘက္သို႔ျမႇောက္လိုက္သည္ ..

" ခင္ဗ်ား အဆုံးသတ္ၿပီး! ! Ko Moon Shin shii ​!"

" ဟားဟား !! ကိုယ့္ေခါင္းကိုင္အေဖကို ဒီလိုေက်းဇူးဆပ္လိုက္တာလား! !"

Shin Noh မဲ့ျပစ္လိုက္သည္.. ငယ္ငယ္ကသူအရမ္းခင္တြယ္ဖူးပါတယ္ဆိုတဲ့ ေလးစားရပါတယ္ဆိုတဲ့ စံျပလူေတြထဲကတစ္ေယာက္ဟာ လူဆိုးလူယုတ္မာျဖစ္ေနမယ္လို႔ ေယာင္လို႔ေတာင္မေတြးဖူးခဲ့တာအမွန္ပါ..အေဖရဲ႕အခ်စ္ခင္ရဆုံးသူငယ္ခ်င္း မိသားစုဝင္လိုေတာင္ျဖစ္ေနတဲ့လူကဘဲ ေနာက္ဆုံး အေဖ့ကိုသတ္တဲ့လူသတ္သမားျဖစ္ေနသည္..

" ခင္ဗ်ား! ! ခင္ ခင္ဗ်ား သူငယ္ခ်င္းအတြက္ ငရဲကိုဆင္းရေတာ့မွာ "

" မင္းအေဖေတာင္ ငါ့ကိုေကာင္းစားေစခ်င္လို႔ ေသေပးခဲ့တာကို! ! ဟားဟား ဘာငရဲတုန္း "

ဘယ္ေလာက္မ်က္ႏွာေျပာင္သလဲဆိုရင္ သူကပင္သတ္ၿပီး သူ႕ကိုပင္လမ္းခင္းေပးခဲ့သလိုပါးစပ္ကထြက္လာေသးသည္..

" ခင္ဗ်ား! ! "

Shin Noh စိတ္တိုတိုနဲ႕ ေသနတ္ကိုအေရွ႕ပိုတိုးကာခ်ိန္လိုက္ေတာ့ ထိုလူက သူ႕ေဘးနားက Taehyung hyung ရဲ႕လည္ပင္းကိုဓားႏႈတ္ခမ္းနဲ႕ေတ့ထားေလသည္..

Taehyung တို႔ကိုႀကိဳးေတြျဖည္ေပးေနတုန္း ဖမ္းဆြဲကာ လည္တိုင္ကို ဓားျဖင့္ေထာက္ထားသည္မို႔.. လည္တိုင္ကိုပင့္ထားရသည္

" အာ !! ခင္ဗ်ားႀကီး! ! "

" Jungkook hyung! ! "

Jungkook hyung က စိတ္တိုတိုျဖင့္ သူ႕ဆီကေသနတ္လွမ္းဆြဲကာ ဟိုလူႀကီးကိုပစ္မလို႔႐ြယ္သည္မို႔. Shin Noh အျမန္ပင္လွမ္းတားလိုက္သည္..Jungkook hyung ကိုၾကည့္ရတာ သားရဲတစ္ေကာင္လိုပင္ ..ေၾကာက္စရာေကာင္းေနသည္..

" ပစ္ေလ! ! ပစ္ေလ!! ငါေသရင္သူပါေသမွာ! ! "

" ခင္ဗ်ား! ! ရပ္သင့္ၿပီ ! ဒီထက္ပိုၿပီး အျပစ္ေတြမက်ဴးလြန္ပါနဲ႕ေတာ့ !! "

ထိုလူႀကီးကို စကားေျပာရင္းဓားကိုအနည္းငယ္ဆြဲလိုက္သည္မို႔ Taehyung လည္ပင္းအနည္းငယ္ရွသြားကာေသြးေတြထြက္လာသည္..

Jungkook အေသြးအသားေတြဆူပြတ္လာသည္.ထိုလူႀကီးကိုတစ္စစီလုပ္ကာသတ္ခ်င္ေနၿပီျဖစ္သည္..

ထို႔ေနာက္ထို Ko Moon Shin ဆိုတဲ့အဖိုးႀကီး​က
ဓားကိုေဝ့ရမ္းကာ ၿခိမ္းေျခာက္ၿပီး Taehyung ကိုပါေခၚၿပီးအျပင္သို႔ထြက္သြားသည္.. ကားေပၚ ဆြဲတင္ေတာ့ Jungkook ေျပးဆြဲေတာ့ ဓားျဖင့္ရမ္းလိုက္တာ ဗိုက္သားကိုရွထိသည္..

" Jungkook hyung! ! ေနခဲ့လိုက္ေလ ဒဏ္ရာနဲ႕ကို "

ကားနဲ႕ထြက္သြားတဲ့လူေနာက္ကိုကားျဖင့္မ်က္ေျခမပ်က္လိုက္ရသည္. ဆိုက္ရပ္သြားတဲ့ေနရာက ေလဆိပ္တြင္..Taehyung ကိုဓားစာခံလုပ္ကာ ေလဆိပ္ထဲေခၚသြားၿပီး ဝန္ထမ္းေတြကိုၿခိမ္းေျခာက္ကာ ေလယာဥ္စီစဥ္ခိုင္းသည္..

ဒိုင္းး 💢

Jungkook အေနာက္မွေန၍ ထိုအဖိုးႀကီးလက္ေမာင္းကိုေသနတ္နဲ႕ပစ္လိုက္ျခင္း..ထိုလူက သူ႕လက္တစ္ဖက္ကိုထိန္းကိုင္လိုက္သည့္အတြက္ Taehyung ကေဘးသို႔လြတ္သြားသည္.
Taehyung လြတ္သြားတာနဲ႕ Jungkook က ထိုလူႀကီးကို အေပၚစီးမွေန၍ ထိုးႀကိတ္ေတာ့သည္. ပါလာတဲ့ တပ္သားေတြနဲ႕ Taehyung ဝိုင္းဆြဲတာေတာင္ Jungkook ကလုံးဝမရပ္ ...

" ခင္ဗ်ား! ! အသိစိတ္ကပ္စမ္း! ! "

Taehyung ဟိုဗိုလ္ႀကီးလည္ပင္းကအင္က်ီစကို
ဆြဲၿပီးေျပာလိုက္ေတာ့ ႏွိမ့္ခ်ည္ျမင့္ခ်ည္ျဖင့္ေနေသာရင္ဘတ္ျဖင့္ ႐ုပ္ခ်ည္းၿငိမ္သက္သြားသည္.
ထို႔ေနာက္ Shin Noh တို႔က Ko Moon Shin ဆိုတဲ့လူကိုလက္ထိပ္ခတ္သည္. ထိုအခိုက္

ဒိုင္း 💢

" အ့ ~ "
ေသနတ္ရဲ႕ပစ္မွတ္က Jungkook hyung ျဖစ္ေပမဲ့ တကယ္တမ္းထိသြားတာက Taehyung hyung ျဖစ္သည္ ..

Jungkook အေရွ႕မွာလဲက်သြားတဲ့ Taehyung ကပစ္စလက္ခရယ္.. အခ်ိန္မွီလွမ္းေပြ႕လိုက္တဲ့အခိုက္ ရင္ဘတ္မွစိမ့္ထြက္တဲ့ေသြးေတြကို ​ျမင္ရေတာ့အလန့္လန့္အျဖန့္ျဖန့္ ..ထိုအခ်ိန္မွာ Shin Noh နဲ႕ Chan Woo တို႔အဖြဲ႕ေပါင္းကာ Ko Moon Shin ကို ဖမ္းဆီးနိုင္ခဲ့သည္..Jungkook ရင္ထဲတလႈပ္လႈပ္နဲ႕ စိုးရိမ္လြန္းလို႔ အသက္ရႈမဝေတာ့ဘူးရယ္..ေျခမကိုင္မိလက္မကိုင္မိနဲ႕ သူ႕ရင္ဘတ္ထဲလည္းေသြးေတြစိမ့္ထြက္ေနသလို..ထပ္တူက်တဲ့နာက်င္မႈမ်ိဳး..

" အေရးေပၚကားေခၚေပး! ! ျမန္ျမန္! ! "

" နာ.. နာက်င္တယ္မဟုတ္လား ~ "

" ခင္..ခင္ဗ်ား ကိုေပးတဲ့.. အျပစ္ဒဏ္ဘဲ.. ႐ူး ေလာက္ ေအာင္ နာက်င္ရလိမ့္မယ္ "

ျဖည္းညင္းစြာထြက္လာတဲ့စကားသံနဲ႕အတူ ရင္ဘတ္ကနာက်င္မႈေၾကာင့္ထင္သည္ မ်က္ရည္တစ္ေပါက္က လစ္ခနဲက်သည္..Jungkook
ထိုစကားၾကားလိုက္ရတာနဲ႕တင္ ကိုယ့္ကိုကိုယ္သတ္ပစ္ခ်င္သည္.ငါ့ေၾကာင့္ ငါ့အတြက္ နဲ႕ဆိုတဲ့စိတ္ေၾကာင့္ ပိုၿပီးရင္ထဲထိလွိုက္တက္ကာ နာက်င္ရသည္ ..Kim ကေလ ႐ူးမိုက္လြန္းတယ္ ၿပီးေတာ့ ဉာဏ္လည္းေကာင္းသည္.. သူ႕ကိုသူေတာင္ မငဲ့ဘဲနဲ႕ ဒီလိုနည္းကိုသုံးသြားတာ ...အခုေဆး႐ုံမွာ အေရးေပၚခန္းေရွ႕မွာ နံရံေတြထိုးႏွက္ကာ ကိုယ့္ကိုကိုယ္ႏွိပ္စက္မိသည္..သိပ္မၾကာခင္မွာဘဲ Park Jimin ကေရာက္လာၿပီး သူ႕ကိုထိုးႏွပ္ေတာ့သည္. ဒီအခ်ိန္မွာ အသားနာလည္းမမႈဘူး စိတ္ကပိုၿပီးနာက်င္ေနလို႔..

" ဒီမွာ ေတာ္ပါေတာ့! ! ဒဏ္ရာေတြနဲ႕လူကို ဘယ္လိုျဖစ္ေစခ်င္တာလဲ "

Chan Woo ကၾကားျဖတ္ ေျပာမွသာ Park Jimin ကေတာက္တခတ္ခတ္နဲ႕ တျခားေနရာမွာသြားထိုင္ေတာ့သည္..

ဒီေန႕နဲ႕ဆို သုံးရက္ေျမာက္ေန႕.. Kim ကမနိုးလာေသးဘူး.. ခ်စ္တယ္ဆိုၿပီး ဘယ္တုန္းကမွ မင္းကိုေကာင္းက်ိဳးမေပးခဲ့တဲ့ နတ္ဆိုးလိုေကာင္ကေလ မင္းအနားမွာကပ္ၿပီး ဒုကၡေတြခ်ည္းဘဲယူလာမိတယ္..အဲ့လိုေကာင္အတြက္ အသားနာခံၿပီး ေဆး႐ုံကုတင္ေပၚလွဲေနတာ မင္းကမခံျပင္းေပမဲ့ ကိုယ္ကခံျပင္းလြန္းလို႔႐ူးေတာ့မွာဘဲ ..မင္းကကိုယ့္ေၾကာင့္အႀကိမ္ႀကိမ္ပ်က္စီးရတယ္.. တစ္ခါလည္း မဟုတ္ႏွစ္ခါလည္းမဟုတ္တာမို႔ မင္းလက္နဲ႕သတ္လိုက္ရင္ေတာင္ခံသာအုံးမယ္. ကိုယ္ကေတာ့ေလ မွတ္မိသေလာက္မင္းနဲ႕ေဝးၿပီးထဲက မင္းကနာက်င္ပါေစလို႔မရည္႐ြယ္ေပမဲ့ ကိုယ့္စိတ္ကိုကိုယ့္ကိုအၿမဲသတ္ေနခဲ့တာ ..အခုလည္း မင္းကနာက်င္ပါေစဆိုျပန္ေတာ့လဲ အလဲလဲအၿပိဳၿပိဳပါဘဲ ႏွလုံးသားရဲ႕အတြင္းပိုင္းမွာထိ နာက်င္ေနရတာတစ္လုံးတခဲ.. ဒီေကာင့္မွာ ေနာင္တေတြရွိတယ္ အျပစ္တင္စိတ္ေတြနဲ႕ရွင္သန္ေနရတဲ့ငယ္ဘဝရယ္ ေမွ်ာင့္လင့္ခ်က္ေတြလြင့္ပစ္ရမဲ့ ႏွလုံးသားတစ္ဆုံလည္းရွိတယ္
ေသရင္ေတာင္ ႏွလုံးသားကဒဏ္ရာဒဏ္ခ်က္အမာ႐ြက္ေပါင္းမ်ားစြာနဲ႕ ...Park Jimin လာတိုင္းေဆး႐ုံအခန္းထဲကေနေမာင္းထုတ္ေပမဲ့ေပကပ္ၿပီးေနသည္ .ဒီအခ်ိန္မွာပါမင္းကိုလ်စ္လ်ဴရႈ႕ခိုင္းရင္ ကိုယ့္ႏွလုံးသားက မင္းနဲ႕ထပ္တူက်ည္ဆန္ဝင္ေနသလို ပိုၿပီးစူးစူးနစ္နစ္နာက်င္ရမွာ.. ဒီဒဏ္ရာေၾကာင့္ မင္းမကနိုင္ေတာ့မွာကို ႐ူးေလာက္ေအာင္စိုးရိမ္တယ္..မင္းအသက္ရႈတိုင္း ဒီဒဏ္ရာႀကီးနာေနမွာကို ေၾကာက္တယ္.. ကိုယ္လည္းမင္းရဲ႕ရင္ဘတ္ကဒဏ္ရာေၾကာင့္အသက္ရႈတိုင္း နာက်င္ရတယ္.. အခုဆို ေဆး႐ုံကုတင္ေပၚလွဲေနသူရဲ႕လက္ကိုဆုပ္ကိုင္ဖို႔လည္းမဝင့္ရဲဘူး အနားမွာရွိေနေပးေပမဲ့ ကိုယ့္အရိပ္ေတာင္ကိုယ္မုန္းလာတယ္.. ကိုယ္အခု အရမ္းကိုသိမ္ငယ္ေနမိတယ္ ..ကိုယ့္ကိုကိုယ္မင္းအနားကေမာင္းထုတ္ေနေပမဲ့ တကယ္တမ္းကိုယ္မထြက္သြားနိုင္လို႔ အမ်ားႀကီးအားနာရပါတယ္

" ခင္ဗ်ား ~ ဒဏ္ရာေတြ "

" သက္သာရဲ႕လား.. နာေနေသးလား.. ကိုယ္ဆရာဝန္ေခၚေပးမယ္ "

" အဲ့ဒီေန႕ထဲက ဒီအတိုင္းဘဲေနခဲ့တာလား! "

ဟုတ္သားဘဲ ..သူ႕ဗိုက္ကဒဏ္ရာလည္းေဆးမေျပာနဲ႕ ေဆးေတာင္မေဆးရေသးဘူး.. ဖူးေရာင္ေနတဲ့မ်က္ႏွာေကာ ဒီအတိုင္းဘဲ

" အသက္အႏၱရာယ္ရွိတာကိုသိရဲ႕သားနဲ႕ ..."

" အင္း.. ခင္ဗ်ားနာက်င္မႈကဘာလဲ သိခ်င္ခဲ့ေပမဲ့.. အမွတ္မထင္ဘဲ သိလိုက္ရတာက ခင္ဗ်ားရဲ႕နာက်င္မႈက ငါကိုယ္တိုင္ဆိုတာဘဲ... "

" ငါသာ ခင္ဗ်ားေၾကာင့္ ထိခိုက္သြားရင္ ႐ူးေလာက္ေအာင္နာက်င္ေနမွာကိုသိလို႔ ! ! "

ဖူးေယာင္ေနတဲ့မ်က္ႏွာကိုခပ္ဖြဖြကိုင္ၾကည့္ကာ ခပ္ေဖ်ာ့ေဖ်ာ့ေလး​ၾကည့္မိေတာ့ ထိုဗိုလ္ႀကီးကရွိုက္ႀကီးတငင္ငိုခ်သည္

" ခင္ဗ်ားနဲ႕ငါက ခ်စ္လို႔ရတဲ့ေရစက္ေတြမဟုတ္ဘူး ~ "

အဲ့တာ ငါ့ကိုယ္ငါ သတိေပးေနၾက စကားဘဲ Jung..
အခ်စ္ဆိုတာက သက္မဲ့နာမ္တစ္ခုပါ ငါတို႔ကအနိုင္ယူနိုင္ပါတယ္..

#ကယ္ေတာ္ေတာ္ေလးၾကာသြားပါတယ္
သင္တန္းေတြနဲ႕ကိုယ္လည္းမအားလို႔ပါ အားနာရပါတယ္
မိုတီေလးေပးသြားေနာ္ စာေရးဖို႔အားေဆးေလးေတြ Vote ေလးေတြ.. ေကာ့မန္ေလးေတြမ်ားမ်ားေလး 🤞

Continua a leggere

Ti piacerร  anche

737K 21.3K 23
Beau HATES Oliver Fowler. But Oliver doesn't hate Beau.. quite the opposite actually. Oliver is the univeristies 'Golden Boy', adored and admired by...
679K 35.9K 20
๐’๐ก๐ข๐ฏ๐š๐ง๐ฒ๐š ๐‘๐š๐ฃ๐ฉ๐ฎ๐ญ ๐ฑ ๐‘๐ฎ๐๐ซ๐š๐ค๐ฌ๐ก ๐‘๐š๐ฃ๐ฉ๐ฎ๐ญ ~By ๐Š๐š๐ฃ๐ฎ๊จ„๏ธŽ...
550K 45.5K 21
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
509K 7.5K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...