( 19 )

564 32 0
                                    

Unicode

" ဒီကောင်လေးနှစ်ယောက်လောက်ကိုများ နင်တို့အဲ့ဒီလောက်ကြာရလား! ! နင်တို့လူအင်အားနဲ့ အဲ့ဒီနှစ်ယောက်ကိုတောင် ငါ့ဆီမခေါ်ခဲ့ပေးနိုင်ရင် တစ်ခါတည်း အလုပ်ကနေထွက်သွားလိုက်တော့ "

" ကြားထဲမှာ သူတို့ကို ဝင်ကူညီတဲ့လူတွေရှိနေလို့ပါ Mrs. Rachel! ! ကျွန်တော်တို့ အခု စံအိမ်ကိုပြန်လာနေပါပြီ "

" အဟွတ်.. အဟွတ် အေးဖမ်းမိရင်ပြီးတာဘဲ! ! အဲ့ဒီနှစ်ယောက်ကို တစ်စက္ကန့်ဆိုရင်တောင် တစ်စက္ကန့်စာအတွက် မြန်မြန်လေးရှင်းထုတ်မှကို ဖြစ်မှာ! ! "

" ဟုတ်ကဲ့ Mrs. Rachel "

Rachel ဖုန်းချပြီးတာနဲ့ စီးကရက်သောက်ဖို့ မီးညှိလိုက်ပေမဲ့ လည်ချောင်းအထဲက ဖြစ်ပေါ်လာတဲ့အဆက်မပျက်တဲ့ချောင်းဆိုးခြင်းကြောင့် စီးကရက်ကိုပြန်ချလိုက်လေသည်.. အခုတလော သူမကိုယ်သူမ သတိထားမိပါသည်
ချောင်းဆိုးတာက အရင်လကထက်ပိုပြီးဆိုးလာသည်ဟုခံစားရသည် ..သူမ အခုဟိုအရှုပ်ထုတ်ကလေး ဝင်မွေတဲ့ပြသာနာကိုရှင်းပြီးရင် ဆရာဝန်ပြကြည့်ဖို့ရန်တွေးထားလိုက်သည်.. သူမရဲ့ချောင်းဆိုးခြင်းက စီးကရက်တွေကြောင့်ဟုထင်၍ သိပ်တော့မစိုးရိမ်မိပါ..ထိုသို့သူမစဥ်းစားနေတုန်းရှိသေး ကားစက်သံကြား၍ အောင်နိုင်သူအပြုံးကိုဆင်မြန်းကာ မတ်တပ်ထရပ်သည်.. ဘေးနားစားပွဲပေါ်ကနေ ဝိုင်အနီတစ်ခွက်ကို ငဲ့ကာ သူမရဲ့ ဓာတ်ပုံအကြီးကြီးရဲ့အရှေ့ဝိုင်ခွက်မြှောက်ကာ ဂုဏ်ပြုလိုက်သည်..

ထို့နောက် အနောက်ဘက်ကခြေသံကြားသည်ကြောင့် သူမလှည့်ကြည့်မလို့ရှိသေး လေအလျှင်နဲ့အတူ သူမမျက်နှာနားကနေ ကပ်လျှက်ဖြတ်သွားတဲ့ မြှားအသေးလေးက အရှေ့ကဓာတ်ပုံထဲက သူမရဲ့မျက်လုံးပေါ်သွားရောက် စူးစိုက်နေသည်.. သူမအလန့်တကြားလှည့်ကြည့်မိလိုက်တော့ အဲ့ဒီကလေးဘဲ...

ရွှေရောင်ဆံပင် နဲ့ ပန်းရောင်ဆံပင်တွေက တစ်ဝက်ရှိနေကြပြီး မျက်လုံးညိုတွေက တလတ်လတ်တောက်နေပြီး နက်နဲတဲ့ချောက်နက်ကြီးအသွင်ဆောင်နေသည်.. နှာတံမြင့်မြင့် ချွန်ချွန်ရဲ့အဆုံးသတ်မှာ မှဲ့နက်လေးတစ်လုံးရှိပြီး ထိုအလွန်မှာတော့ အသဲပုံသဏ္ဍာန်နှုတ်ခမ်းထက်မှာတော့ အလွန်တရာမှ ကြောက်ရွံဖို့ကောင်းလှတဲ့ အေးစက်တဲ့မကောင်းဆိုးဝါးအပြုံးရှိနေသည်

" Gold & Pink & Kim " [ Completed ] Where stories live. Discover now