( 12 )

698 58 5
                                    

Unicode

Calgary ကိုအရောင်းအဝယ်ကိစ္စကြောင့်ရောက်လာခဲ့သည်.. အိမ်ကိုရောင်းမှာလား မရောင်းဘူးလားဆိုတာထက် စိတ်ဝင်စားစရာကောင်းတဲ့ တစ်ဖက်လူကြောင့်ရောက်လာခဲ့ခြင်း..

ထိုအိမ်ကြီးကို အိမ်စောင့်ဖြစ်သာ ထားနေကြဖြစ်ပြီး ရောင်းရန်လည်းအစီအစဥ်မရှိခဲ့ပါ.. သို့ပေမဲ့ လွန်ခဲ့သော 2 လလောက်က လူငယ်လေးတစ်ယောက်က ဒီအိမ်ကြီးနဲ့ပက်သက်ပြီး မေးမြန်းလာခဲ့သည်ဟု အစောင့်ဦးလေးကြီးကဆိုသည်.' ဤအိမ်ကို ဝယ်ချင်ပါတယ် 'ဆိုပြီးပြောလာသည်တဲ့ ..ဒီအိမ်က ရောင်းမည်ဆိုတဲ့ခေါင်းစဥ်မတက်ထားဘဲနဲ့လေ. ဒါက အထူးအဆန်းကြီးမဟုတ်ပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာက ဘာလဲဆိုရင် လွန်ခဲ့တဲ့ 17 နှစ်က ဒီအိမ်မှာနေခဲ့တဲ့ ကလေးလေး နှစ်ယောက်အကြောင်းကိုမေးသည် တဲ့.
ထိုအစောင့်ဦးလေးကတော့ မသိလို့မဖြေလိုက်ဘူးတဲ့လေ. မသိဘူးဆိုတာကလည်း အခြေမဲ့အိမ်မဲ့တဲ့ အိမ်ခြေယာမဲ့ကလေးတွေကိုဘယ်သူမှ စိတ်မဝင်စားခဲ့ကြခြင်းမို့ပင်. ပြီးတော့ ကိုယ်တွေရဲ့နောက်ကြောင်းတွေကလည်း အကုန်လုံးနီးပါးဖျောက်ထားသည်လေ..

' ကလေးနှစ်ယောက် ' ဆိုတဲ့အသုံးအနှုန်းအရ တခြားသူမဖြစ်နိုင်.. သေချာပေါက် ငါတို့ထဲ ပါဝင်ခဲ့ဖူးတဲ့တစ်ယောက်ဆိုတာ မဖြစ်နိုင်ဘူးလား

Calgary က အိမ်ကြီးကအရင်အတိုင်း ဘာမှထပ်ပြီး မပြုပြင်ထား.. အရင်အတိုင်း အိမ်အဟောင်းအတိုင်းပင်. အတွင်းပိုင်းတွေကိုတောင် သန့်ရှင်းရေးမလုပ်ခိုင်း. အရင်အတိုင်းလေးဘဲ ထားထားမိသည်. Kim ကိုငါ့ဘဝထဲ ဖိတ်ခေါ်ခဲ့တဲ့ အမှတ်တရအနေနဲ့ လက်ရာမပျက်စေချင်ဘူးလေ

လွန်ခဲ့တဲ့ 2 လလောက်ထဲကဆက်သွယ်ခဲ့ပေမဲ့ NewYork Concert အပြီးမှသာဆွေးနွေးရန် ညှိနှိုင်းထားခဲ့သည်..

ဘုန်းး

ခြံတရားနားမှာအလုပ်ရှုပ်နေတဲ့အစောင့်ဦးလေးကြီးက ထိုအနားက စာတိုက်ဗုံးကိုတိုက်မိသွားခြင်း ..

" စာတွေရောက်နေတာလား! ! လွန်ခဲ့တဲ့နှစ်တွေကဟာဘဲ "

ထိုယိုင်နဲ့နဲ့စာတိုက်ဗုံးဟောင်းကနေ လျှောကျလာတဲ့ စာအိတ်တွေကိုပြန်ကောက်လိုက်ကာ ကြည့်ပြီးပြောနေခြင်းပင်..

" Gold & Pink & Kim " [ Completed ] Where stories live. Discover now