ဩစတျေးလျကိုအလုပ်ကိစ္စတစ်ခုကြောင့် သွားရန်ရှင်းခန့်လေယာဉ်ပေါ်ရောက်နေသည်။ထိုစဉ်မှာပဲ လရိပ်ဆီမှဖုန်းဝင်လာတာ မှတ်ဉာဏ်ပြန်ရပြီတဲ့ ရှင်းခန့်ပူထူသွားတယ်။လရိပ် ထိခိုက်လို့မဖြစ်ဘူး။စိတ်အခြေနေကပုံမှန်မဟုတ်တော့ လုပ်မိလုပ်ရာတွေလုပ်မှာစိုးတာကြောင့် သူ့ကိုကွာရှင်းမယ်ဆိုလဲ လက်ခံတယ်။အဓိက အစ်ကိုအန္တာရာယ်မဖြစ်ဖို့ပဲ။
လေယာဉ်ထွက်ခါနီးတစ်မိနစ်အလိုမှာလိုအပ်တဲ့ မှတ်ပုံတင်နှင့်ပိုက်ဆံအိတ်ကိုယူပြီးဆင်းလာခဲ့သည်။ပြီးနောက် မော်လမြိုင်သို့ ရရာကားဖြင့်ချက်ချင်းလာခဲ့သည်။အဓိကတရားခံကသူရ။သူတို့တူရီးကိုစာရင်းရှင်းရန်ျမာ်လမြိုင်သို့လိုက်လာခဲ့သည်။ထိုကိစ္စအတွက်ခန့်မှန်းခြေက တစ်ရက်လောက်ပဲကြာမည်ပေါ့။သို့ပေမယ့်မော်လမြိုင်ရောက်တော့အခြေနေကပြောင်းသွားခဲ့သည်။လေးလေးမိုးလးဆိုသူကငိုယိုပြီး ...
“ငါတောင်းပန်ပါတယ်။သူ့အမှားတွေအတွက်လေးလေးဖြေရှင်းပေးပါ့မယ်။အခုသူမြဝတီမြို့မှာဒုက္ခရောက်နေတယ်။အဖွဲ့စည်းတစ်ခုကသူ့ကိုဖမ်းထားတယ်။သိန်းတစ်ရာနဲ့လာရွေးရမယ်တဲ့”
“အဲ့လိုကလိမ်ကကျစ်မျိုးကဘယ်နေရာရောက်ရောက် သေမှာပဲ။အခုကျုပ် အစ်ကိုက ပါပါးကိုအထင်လွဲနေတယ်။ဟိုတစ်ခါလည်းအဲ့ဒီကိစ္စကြောင့် ကိုယ့်ကိုကိုယ်ထိခိုက်ပြီးပြီ။ထပ်အဖြစ်မခံတော့ဘူး။ခင်ဗျားလိုက်ပြီးဖြေရှင်း။”
“ငါဖြေရှင်းပေးပါ့မယ်။ငါ့တူလေးကအရမ်းဒုက္ခရောက်နေပြီ။သူပြန်မလာရင် ငါ့ကိုယ်ငါသက်သေတော့မှာ”
“တစ်ကယ်ခက်တဲ့လူတွေပါလား။သူတို့ကိစ္စတွေချည်းပဲ။ကျစ် ဖုန်းကလဲကျန်ခဲ့တယ်”
ဖုန်းလဲဆက်မနေတော့ပါဘူး။သူ့ကိုဩစတျေးလျသွားတယ်လို့ သိထားပြီးပဲ။
“ကောင်းပြီ ကျွန်တော်လိုက်ခဲ့မယ်”
မြဝတီမြို့ကိုရောက်တော့ ကားပွဲစားတန်းကိုသွားစုံစမ်းရာ ပွဲစားရဲရင့်ဆိုတာတော့ မသိသူမရှိ။ကလိမ်ကကျစ်ကျတဲ့နေရာမှာလဲနာမည်ကြီး။
“အစ်ကိုတို့က သူ့ဆွေမျိုးလား”
“ဟုတ်ပါတယ်”
“ဒီကောင်မလွယ်တော့ဘူးဗျ။မလှည့်စားသင့်တာကိုသွားလှည့်စားတယ်ဗျာ”
“သူအခုဘယ်မှာရှိလဲ”
“ကျွန်တော်လိုက်ပြပါ့မယ်။အဖွဲ့စည်းပိုင်တဲ့လမ်းကြောင်းကနေ ကားတွေကိုကဲ့ထုတ်ပြီး လမ်းကြေးမပေးပဲ ပတ်ရှောင်ပြီး မလှိမ့်တပတ်လုပ်တယ်။ပြီးတော့တခြားကုန်သည်တွေ ကားသမားတွေဆီကလဲမလိမ့်တပတ်လုပ်လို့ သူ့ကိုတိုင်လိုက်လိုက်တာလာဖမ်းသွားတယ်။ဘယ်လိုညှိညှိ ညှိမရဘူး။ နောက်တစ်ခါ ပွဲစားတန်းကိုခြေမချဖို့နဲ့ငွေသိန်းတစ်ရာ ပေးနိုင်ရင်တော့လွှတ်ပေးမယ်တဲ့”
“ရဲတိုင်ရင်ရော”
လေးလေးမိုးလေးက ဝင်မေးသည်။
“သူတို့ပိုင်နက်မှမဟုတ်ပဲဦးလေးရာ။ပိုင်နက်ဆိုရင်တောင် ဘယ်သူမှတကူးတက စွတ်ဖက်ရဲမှာမဟုတ်ဘူး”
ရှင်းခန့်လဲရောက်တော့မှ မထူးတော့တာမို့ တောထဲကိုလိုက်သွားခဲ့သည်။အဖွဲ့စည်းတွေနဲ့ညှိပြီးနောက်ရှင်းခန့်ကပဲငွေစိုက်ကာရွေးပေးခဲ့သည်။ သူတို့ပြန်တော့မည်အချိန်မှာအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူကအသံဝဲဝဲဖြင့်..
“အခုလိုလာရွေးလို့ကျေးဇူးတင်တယ်။ငါတို့ကိုလှိမ့်ပတ်နေတာလဲ ကြာပြီ။တိုင်တဲ့လူများလို့ငါတို့ဖမ်းထားရတာ။လူတိုင်းကိုဒုက္ခပေးတဲ့မင်းရဲ့တူကိုနောက်တစ်ခါ ဒီနားမှာမတွေ့စေနဲ့။”
“ကျေးကျေးဇူးတင်ပါတယ်ဆရာကြီးရာယ်”
ဦးလေးဖြစ်သူကကျေးဇူးတင်စကားဆိုပြီး သူတို့ပြန်လာခဲ့သည်။တစ်လမ်းလုံးတော့သူရခေါင်းပင်မဖေါ်ရဲ။ရှင်းခန့်ရဲ့အကြည့်ကြောင့်သူသေသွားလိမ့်မည်။လမ်းကြမ်းတဲ့တောလမ်းခရီးနဲ့ သူတို့သွားလာနေတာပေါင်းလိုက်ရင် ၃ရက်လောက်ရှိတော့မည်။ဒါပေမယ့်ကိစ္စမရှိပါဘူးဩစီသွားရင်တစ်ပတ်ကြာမှာမို့လို့ ပါပါးစိတ်မပူလောက်ဘူး။သူ့ကိုဩစီမှာပဲထင်နေလိမ့်မည်။ လေဆိပ်က ခရီးဆောင်အိတ်ကိုတော့အစ်ကိုနေဝန်းကို သွားယူပြီးသိမ်းထားပေးဖို့အစောကြီးကတည်းကအကူညီတောင်းထားခဲ့သည်။
သူတို့တူအရီးကိုခေါ်ပြီးရန်ကုန်ပြန်လာချိန်တွင် ပါပါးဆေးရုံတင်ရတယ်ဆိုသဖြင့်သူပူထူသွားရပြန်သည်။ ဒီမှာဘာတွေဖြစ်နေတာလဲ။
ပါပါးရဲ့အစ်မဖြစ်သူကဆေးရုံမှာရောက်နေပြီး သူ့ကိုမြင်တော့ ဖက်ထားတာငိုယိုနေသည်။
“အန်တီကြီး ဘာဖြစ်တာလဲ”
“သားကိုဆုံးရှုံးရပြီထင်နေတာ”
ရှင်းခန့်သူ့အဒေါ်ပြောသည့် အကြောင်းတွေကိုနားထောင်ရင်း မယုံကြည်နိုင်အောင်ဖြစ်ခဲ့ရသည်။အချိန်၃ရက်လေးကအဲ့လောက်တောင် ဂယက်ထခဲ့တာလား။ ပါပါးကသူ့အသံကြားတော့ ကမန်းကတန်းထလာသဖြင့် ပွေ့ပိုက်ပြီး..
“တောင်းပန်ပါတယ်ပါပါး။စိတ်ပူစေမိလို့တောင်းပန်ပါတယ်။စကားအရမ်းမပြောနဲ့နောက်မှသားရှင်းပြမယ်”
ထိုစဉ်မှာပဲပါပါးဖုန်းဝင်လာသဖြင့်ရှင်းခန့်ကိုင်လိုက်ရာ..
“လရိပ်နွေးရဲ့မိသားစုဝင်လား”
“ဟုတ်ကဲ့ သူ့အမျိုးသားပါ”
“လူနာက ကိုယ့်ကိုကိုယ်သက်သေဖို့ကြိုးစားခဲ့တယ်။ကျွန်တော်တို့ဆေးရုံမှာ အသက်ကယ်ထားတယ်”
“ဗျာ! ကျွန် ကျွန်တော်အခုပဲလာခဲ့မယ်။ငွေဘယ်လောက်ကုန်ကုန် သူ့အသက်ကိုရအောင်ကယ်ပေးပါ”
သူဒီအကြောင်းကို ပါပါးကိုမပြောတော့ပဲအန်တီကြီးသာအပ်ခဲ့သည်။
*ဒီလူ ရူးပြန်ပြီ အတန်တန်တားတဲ့ကြားကကို ကွာ။*
လရိပ်ရောက်နေသည့်နေရာကတော်တော်ဝေးသည်။ထိုနေရာနှင့်အနီးဆုံးလေဆိပ်ကို ရောက်တာတောင်ပြီးကားဖြင့်ထပ်စီးရသည်။ ပါပါးနှင့်လရိပ်ဘာတွေလုပ်နေကြလဲဆိုတာတော့သူအသေးစိတ်မသိ။ မနေ့မနက်ကဆက်သွယ်လာသည့်နေရာကို ရှင်းခန့် နောက်နေ့မနက်တွက်ရောက်လာခဲ့သည်။
“လူနာလရိပ်နွေးနဲ့တွေ့ချင်လို့ပါ”
“ဟုတ်ကဲ့ ဒုတိယထပ်က အခန်းနံပါတ် ၁၆မှာပါ”
ရှင်းခန့် ခြေလှမ်းကြီးကြီးများဖြင့်ပြေးလွှားပြီး ဒုတိယထပ်သို့တက်သွားလေသည်။သူအခန်းရှေ့ကိုရောက်တော့ လုံခြုံရေးတွေက ဝင်ခွင့်မပေးသေးပဲတားထားသည်။
“ကျွန်တော်တို့စစ်ဆေးစရာရှိလို့ ကျေးဇူးပြုပြီးငြိမ်ငြိမ်လေးနေပေးပါ”
လုံခြုံရေးတစ်ယောက်ကထိုသို့ပြောပြီး တံခါးကိုဖွင့်လိုက်တော့ ကုတင်ပေါ်မှာထိုင်နေသည့် သူ့အမျိုးသားလေးကိုတွေ့လိုက်ရသည်။မျက်နှာကလုံးဝကိုချောင်ကျနေပြီးသူ့အား မျက်လုံးအဝိုင်းသားဖြင့်ကြည့်နေတာကြောင့်..
“သူစိတ်ပိုင်းဆိုင်ရာ အခြေနေကောင်းရဲ့လား”
“အကုန်ကောင်းတယ်။အကုန်လဲမှတ်မိတယ်”
အဲ့ဒီအချိန်မှာ ဆရာဝန်ကြီးကလရိပ်ကိုကြည့်ပြီး..
“ဒါလူနာရဲ့အမျိုးသားမှန်ပါသလား”
ထိုအခါလရိပ်က ကုတင်ပေါ်မှဆင်းလာပြီး ရှင်းခန့်၏ ကြယ်သီး၃လုံးဖြုတ်ထားသည့်ရင်ဘက်ကိုထုပစ်လိုက်ပြီး..
“မင်းဘယ်သူလဲ။”
“အစ်ကို ကျွန်တော်အတန်တန်မပြောထားဘူးလား။ကိုယ့်ကိုကိုယ်ထိခိုက်အောင်လုပ်စရာမလိုဘူး။အစ်ကိုနေချင်တဲ့ပုံစံအတိုင်း လွှတ်ပေးမယ်လို့ပြောတယ်လေ။အစ်ကို့ကိုချုပ်မထားတော့ဘူးလို့ပြောထားတယ်လေ”
“ငါ့ယောက်ျားကသေသွား ပြီလေငါအသက်ရှင်ပြီဘာလုပ်ရမှာလဲ”
“အစ်ကို!”
“မင်းကဘယ်သူလဲ။ငါ့ယောက်ျားပုံစံ ဟန်ဆောင်ရဲတယ် မင်းကဘယ်သူလဲ”
လရိပ်ကငိုယိုပြီး သူ့လက်တွေဖြင့်ရှင်းခန့်ရင်ဘက်ကိုတဘုန်းဘုန်းထုနေသည်။ဆရာဝန်နှင့်လုံခြုံရေးတွေကလဲ အခြေနေကိုနားလည်နိုင်အောင်ကြိုးစားနေ၏။
“မောင်က လေယာဉ်ပေါ်ပါမသွားဘူး။စိတ်ပူစေမိလို့တောင်းပန်ပါတယ်”
အဆက်ပြတ်ထူရိုက်နေသူကို တင်းစွာပွေ့ဖက်ကာ နှစ်သိမ့်နေတော့ မကြာခင်ရင်ခွင်ထဲမှာငြိမ်ကျသွားသည်။ထိုအခါမှ ဆရာဝန်နှင့်လုံခြုံရေးတွေက အခြေနေကိုသဘောပေါက်သွားကြလေသည်။
ဆရာဝန်တွေထွက်သွားတော့ လရိပ်ကရင်ခွင်ထဲမှထွက်လာပြီး..
“တစ်ကိုယ်လုံးနံစော်နေတာပဲ”
“ မောင်ရေမချိုးတာ ၃ရက်ရှိပြီ”
“ဘယ်ကောင်မနဲ့ အလေလိုက်နေတာလဲ!”
“မောင့် အချစ်ကလေးကအထင်လွဲနေတာကို ဘယ်လိုလုပ်ဒီအတိုင်းငြိမ်နေနိုင်မှာလဲ”
“အရူး! ငတုံး”
“ဟင်! ရုးတာတော့ဟုတ်ပါပြီ။မောင်ဝန်ခံတယ်။အစ်ကိုနဲ့ပတ်သတ်ရင် အရူးလိုပဲ။တုံးတာကဘာကိုပြောတာလဲ”
“ငါပဲခူးမှာကတည်းက ပြန်မှတ်မိနေတာ”
“အ အစ်ကို!”
ဒါဆိုအဲ့မှာတုန်းက သူ့စိတ်တွေကိုမကြွကြွအောင်စနေခဲ့တာလားအစ်ကိုက။သတိရရဲ့သားနဲ့ လူကိုတစ်ချိန်လုံးပြုစားနေခဲ့တာပဲ။ဒီလူကိုမှတ်လောက်အောင်တော့အပြစ်ပေးရတော့မှာ။
“အစ်ကို!”
“ဟင်!”
ရှင်းခန့်က ရုတ်တရက်လရိပ်၏တင်ပါးမှမြှောက်ချီလျှက်ပြတင်းပေါက်ဘောင်ပေါ်သို့တင်ကာ နှုတ်ခမ်းလေးအားဖိကပ်နမ်းလိုက်သည်။
“အွန်း ပြုတ်ကျမယ်။အောက်ကလူတွေလဲမြင်လိမ့်မယ်”
“မြင်ပါစေ။ အပြစ်ပေးတာ။”
“ရှင်းခန့် မင်း...အွန့် .”
Zawgyi
ဩစေတ်းလ်ကိဳအလုပ္ကိစၥတစ္ခုေၾကာင့္ သြားရန္ရွင္းခန႔္ေလယာဥ္ေပၚေရာက္ေနသည္။ထိုစဥ္မွာပဲ လရိပ္ဆီမွဖုန္းဝင္လာတာ မွတ္ဉာဏ္ျပန္ရၿပီတဲ့ ရွင္းခန႔္ပူထူသြားတယ္။လရိပ္ ထိခိုက္လို႔မျဖစ္ဘူး။စိတ္အေျခေနကပုံမွန္မဟုတ္ေတာ့ လုပ္မိလုပ္ရာေတြလုပ္မွာစိုးတာေၾကာင့္ သူ႕ကိုကြာရွင္းမယ္ဆိုလဲ လက္ခံတယ္။အဓိက အစ္ကိုအႏၲာရာယ္မျဖစ္ဖို႔ပဲ။
ေလယာဥ္ထြက္ခါနီးတစ္မိနစ္အလိုမွာလိုအပ္တဲ့ မွတ္ပုံတင္ႏွင့္ပိုက္ဆံအိတ္ကိုယူၿပီးဆင္းလာခဲ့သည္။ၿပီးေနာက္ ေမာ္လၿမိဳင္သို႔ ရရာကားျဖင့္ခ်က္ခ်င္းလာခဲ့သည္။အဓိကတရားခံကသူရ။သူတို႔တူရီးကိုစာရင္းရွင္းရန္်မာ္လၿမိဳင္သို႔လိုက္လာခဲ့သည္။ထိုကိစၥအတြက္ခန႔္မွန္းေျခက တစ္ရက္ေလာက္ပဲၾကာမည္ေပါ့။သို႔ေပမယ့္ေမာ္လၿမိဳင္ေရာက္ေတာ့အေျခေနကေျပာင္းသြားခဲ့သည္။ေလးေလးမိုးလးဆိုသူကငိုယိုၿပီး ...
“ငါေတာင္းပန္ပါတယ္။သူ႕အမွားေတြအတြက္ေလးေလးေျဖရွင္းေပးပါ့မယ္။အခုသူျမဝတီၿမိဳ႕မွာဒုကၡေရာက္ေနတယ္။အဖြဲ႕စည္းတစ္ခုကသူ႕ကိုဖမ္းထားတယ္။သိန္းတစ္ရာနဲ႕လာေ႐ြးရမယ္တဲ့”
“အဲ့လိုကလိမ္ကက်စ္မ်ိဳးကဘယ္ေနရာေရာက္ေရာက္ ေသမွာပဲ။အခုက်ဳပ္ အစ္ကိုက ပါပါးကိုအထင္လြဲေနတယ္။ဟိုတစ္ခါလည္းအဲ့ဒီကိစၥေၾကာင့္ ကိုယ့္ကိုကိုယ္ထိခိုက္ၿပီးၿပီ။ထပ္အျဖစ္မခံေတာ့ဘူး။ခင္ဗ်ားလိုက္ၿပီးေျဖရွင္း။”
“ငါေျဖရွင္းေပးပါ့မယ္။ငါ့တူေလးကအရမ္းဒုကၡေရာက္ေနၿပီ။သူျပန္မလာရင္ ငါ့ကိုယ္ငါသက္ေသေတာ့မွာ”
“တစ္ကယ္ခက္တဲ့လူေတြပါလား။သူတို႔ကိစၥေတြခ်ည္းပဲ။က်စ္ ဖုန္းကလဲက်န္ခဲ့တယ္”
ဖုန္းလဲဆက္မေနေတာ့ပါဘူး။သူ႕ကိုဩစေတ်းလ်သြားတယ္လို႔ သိထားၿပီးပဲ။
“ေကာင္းၿပီ ကြၽန္ေတာ္လိုက္ခဲ့မယ္”
ျမဝတီၿမိဳ႕ကိုေရာက္ေတာ့ ကားပြဲစားတန္းကိုသြားစုံစမ္းရာ ပြဲစားရဲရင့္ဆိုတာေတာ့ မသိသူမရွိ။ကလိမ္ကက်စ္က်တဲ့ေနရာမွာလဲနာမည္ႀကီး။
“အစ္ကိုတို႔က သူ႕ေဆြမ်ိဳးလား”
“ဟုတ္ပါတယ္”
“ဒီေကာင္မလြယ္ေတာ့ဘူးဗ်။မလွည့္စားသင့္တာကိုသြားလွည့္စားတယ္ဗ်ာ”
“သူအခုဘယ္မွာရွိလဲ”
“ကြၽန္ေတာ္လိုက္ျပပါ့မယ္။အဖြဲ႕စည္းပိုင္တဲ့လမ္းေၾကာင္းကေန ကားေတြကိုကဲ့ထုတ္ၿပီး လမ္းေၾကးမေပးပဲ ပတ္ေရွာင္ၿပီး မလွိမ့္တပတ္လုပ္တယ္။ၿပီးေတာ့တျခားကုန္သည္ေတြ ကားသမားေတြဆီကလဲမလိမ့္တပတ္လုပ္လို႔ သူ႕ကိုတိုင္လိုက္လိုက္တာလာဖမ္းသြားတယ္။ဘယ္လိုညွိညွိ ညွိမရဘူး။ ေနာက္တစ္ခါ ပြဲစားတန္းကိုေျခမခ်ဖိဳ႕နဲ႕ေငြသိန္းတစ္ရာ ေပးနိုင္ရင္ေတာ့လႊတ္ေပးမယ္တဲ့”
“ရဲတိုင္ရင္ေရာ”
ေလးေလးမိုးေလးက ဝင္ေမးသည္။
“သူတို႔ပိုင္နက္မွမဟုတ္ပဲဦးေလးရာ။ပိုင္နက္ဆိုရင္ေတာင္ ဘယ္သူမွတကူးတက စြတ္ဖက္ရဲမွာမဟုတ္ဘူး”
ရွင္းခန႔္လဲေရာက္ေတာ့မွ မထူးေတာ့တာမို႔ ေတာထဲကိုလိုက္သြားခဲ့သည္။အဖြဲ႕စည္းေတြနဲ႕ညွိၿပီးေနာက္ရွင္းခန႔္ကပဲေငြစိုက္ကာေ႐ြးေပးခဲ့သည္။ သူတို႔ျပန္ေတာ့မည္အခ်ိန္မွာအဖြဲ႕ရဲ႕ေခါင္းေဆာင္ျဖစ္သူကအသံဝဲဝဲျဖင့္..
“အခုလိုလာေ႐ြးလို႔ေက်းဇူးတင္တယ္။ငါတို႔ကိုလွိမ့္ပတ္ေနတာလဲ ၾကာၿပီ။တိုင္တဲ့လူမ်ားလို႔ငါတို႔ဖမ္းထားရတာ။လူတိုင္းကိုဒုကၡေပးတဲ့မင္းရဲ႕တူကိုေနာက္တစ္ခါ ဒီနားမွာမေတြ႕ေစနဲ႕။”
“ေက်းေက်းဇူးတင္ပါတယ္ဆရာႀကီးရာယ္”
ဦးေလးျဖစ္သူကေက်းဇူးတင္စကားဆိုၿပီး သူတို႔ျပန္လာခဲ့သည္။တစ္လမ္းလုံးေတာ့သူရေခါင္းပင္မေဖၚရဲ။ရွင္းခန႔္ရဲ႕အၾကည့္ေၾကာင့္သူေသသြားလိမ့္မည္။လမ္းၾကမ္းတဲ့ေတာလမ္းခရီးနဲ႕ သူတို႔သြားလာေနတာေပါင္းလိုက္ရင္ ၃ရက္ေလာက္ရွိေတာ့မည္။ဒါေပမယ့္ကိစၥမရွိပါဘူးဩစီသြားရင္တစ္ပတ္ၾကာမွာမို႔လို႔ ပါပါးစိတ္မပူေလာက္ဘူး။သူ႕ကိုဩစီမွာပဲထင္ေနလိမ့္မည္။ ေလဆိပ္က ခရီးေဆာင္အိတ္ကိုေတာ့အစ္ကိုေနဝန္းကို သြားယူၿပီးသိမ္းထားေပးဖို႔အေစာႀကီးကတည္းကအကူညီေတာင္းထားခဲ့သည္။
သူတို႔တူအရီးကိုေခၚၿပီးရန္ကုန္ျပန္လာခ်ိန္တြင္ ပါပါးေဆး႐ုံတင္ရတယ္ဆိုသျဖင့္သူပူထူသြားရျပန္သည္။ ဒီမွာဘာေတြျဖစ္ေနတာလဲ။
ပါပါးရဲ႕အစ္မျဖစ္သူကေဆး႐ုံမွာေရာက္ေနၿပီး သူ႕ကိုျမင္ေတာ့ ဖက္ထားတာငိုယိုေနသည္။
“အန္တီႀကီး ဘာျဖစ္တာလဲ”
“သားကိုဆုံးရႈံးရၿပီထင္ေနတာ”
ရွင္းခန႔္သူ႕အေဒၚေျပာသည့္ အေၾကာင္းေတြကိုနားေထာင္ရင္း မယုံၾကည္နိုင္ေအာင္ျဖစ္ခဲ့ရသည္။အခ်ိန္၃ရက္ေလးကအဲ့ေလာက္ေတာင္ ဂယက္ထခဲ့တာလား။ ပါပါးကသူ႕အသံၾကားေတာ့ ကမန္းကတန္းထလာသျဖင့္ ေပြ႕ပိုက္ၿပီး..
“ေတာင္းပန္ပါတယ္ပါပါး။စိတ္ပူေစမိလို႔ေတာင္းပန္ပါတယ္။စကားအရမ္းမေျပာနဲ႕ေနာက္မွသားရွင္းျပမယ္”
ထိုစဥ္မွာပဲပါပါးဖုန္းဝင္လာသျဖင့္ရွင္းခန႔္ကိုင္လိုက္ရာ..
“လရိပ္ေႏြးရဲ႕မိသားစုဝင္လား”
“ဟုတ္ကဲ့ သူ႕အမ်ိဳးသားပါ”
“လူနာက ကိုယ့္ကိုကိုယ္သက္ေသဖို႔ႀကိဳးစားခဲ့တယ္။ကြၽန္ေတာ္တို႔ေဆး႐ုံမွာ အသက္ကယ္ထားတယ္”
“ဗ်ာ! ကြၽန္ ကြၽန္ေတာ္အခုပဲလာခဲ့မယ္။ေငြဘယ္ေလာက္ကုန္ကုန္ သူ႕အသက္ကိုရေအာင္ကယ္ေပးပါ”
သူဒီအေၾကာင္းကို ပါပါးကိုမေျပာေတာ့ပဲအန္တီႀကီးသာအပ္ခဲ့သည္။
*ဒီလူ ႐ူးျပန္ၿပီ အတန္တန္တားတဲ့ၾကားကကို ကြာ။*
လရိပ္ေရာက္ေနသည့္ေနရာကေတာ္ေတာ္ေဝးသည္။ထိုေနရာႏွင့္အနီးဆုံးေလဆိပ္ကို ေရာက္တာေတာင္ၿပီးကားျဖင့္ထပ္စီးရသည္။ ပါပါးႏွင့္လရိပ္ဘာေတြလုပ္ေနၾကလဲဆိုတာေတာ့သူအေသးစိတ္မသိ။ မေန႕မနက္ကဆက္သြယ္လာသည့္ေနရာကို ရွင္းခန႔္ ေနာက္ေန႕မနက္တြက္ေရာက္လာခဲ့သည္။
“လူနာလရိပ္ေႏြးနဲ႕ေတြ႕ခ်င္လို႔ပါ”
“ဟုတ္ကဲ့ ဒုတိယထပ္က အခန္းနံပါတ္ ၁၆မွာပါ”
ရွင္းခန႔္ ေျခလွမ္းႀကီးႀကီးမ်ားျဖင့္ေျပးလႊားၿပီး ဒုတိယထပ္သို႔တက္သြားေလသည္။သူအခန္းေရွ႕ကိုေရာက္ေတာ့ လုံၿခဳံေရးေတြက ဝင္ခြင့္မေပးေသးပဲတားထားသည္။
“ကြၽန္ေတာ္တို႔စစ္ေဆးစရာရွိလို႔ ေက်းဇူးျပဳၿပီးၿငိမ္ၿငိမ္ေလးေနေပးပါ”
လုံၿခဳံေရးတစ္ေယာက္ကထိုသို႔ေျပာၿပီး တံခါးကိုဖြင့္လိုက္ေတာ့ ကုတင္ေပၚမွာထိုင္ေနသည့္ သူ႕အမ်ိဳးသားေလးကိုေတြ႕လိုက္ရသည္။မ်က္ႏွာကလုံးဝကိုေခ်ာင္က်ေနၿပီးသူ႕အား မ်က္လုံးအဝိုင္းသားျဖင့္ၾကည့္ေနတာေၾကာင့္..
“သူစိတ္ပိုင္းဆိုင္ရာ အေျခေနေကာင္းရဲ႕လား”
“အကုန္ေကာင္းတယ္။အကုန္လဲမွတ္မိတယ္”
အဲ့ဒီအခ်ိန္မွာ ဆရာဝန္ႀကီးကလရိပ္ကိုၾကည့္ၿပီး..
“ဒါလူနာရဲ႕အမ်ိဳးသားမွန္ပါသလား”
ထိုအခါလရိပ္က ကုတင္ေပၚမွဆင္းလာၿပီး ရွင္းခန႔္၏ ၾကယ္သီး၃လုံးျဖဳတ္ထားသည့္ရင္ဘက္ကိုထုပစ္လိုက္ၿပီး..
“မင္းဘယ္သူလဲ။”
“အစ္ကို ကြၽန္ေတာ္အတန္တန္မေျပာထားဘူးလား။ကိုယ့္ကိုကိုယ္ထိခိုက္ေအာင္လုပ္စရာမလိုဘူး။အစ္ကိုေနခ်င္တဲ့ပုံစံအတိုင္း လႊတ္ေပးမယ္လို႔ေျပာတယ္ေလ။အစ္ကို႔ကိုခ်ဳပ္မထားေတာ့ဘူးလို႔ေျပာထားတယ္ေလ”
“ငါ့ေယာက္်ားကေသသြား ၿပီေလငါအသက္ရွင္ၿပီဘာလုပ္ရမွာလဲ”
“အစ္ကို!”
“မင္းကဘယ္သူလဲ။ငါ့ေယာက္်ားပုံစံ ဟန္ေဆာင္ရဲတယ္ မင္းကဘယ္သူလဲ”
လရိပ္ကငိုယိုၿပီး သူ႕လက္ေတြျဖင့္ရွင္းခန႔္ရင္ဘက္ကိုတဘုန္းဘုန္းထုေနသည္။ဆရာဝန္ႏွင့္လုံၿခဳံေရးေတြကလဲ အေျခေနကိုနားလည္နိုင္ေအာင္ႀကိဳးစားေန၏။
“ေမာင္က ေလယာဥ္ေပၚပါမသြားဘူး။စိတ္ပူေစမိလို႔ေတာင္းပန္ပါတယ္”
အဆက္ျပတ္ထူရိုက္ေနသူကို တင္းစြာေပြ႕ဖက္ကာ ႏွစ္သိမ့္ေနေတာ့ မၾကာခင္ရင္ခြင္ထဲမွာၿငိမ္က်သြားသည္။ထိုအခါမွ ဆရာဝန္ႏွင့္လုံၿခဳံေရးေတြက အေျခေနကိုသေဘာေပါက္သြားၾကေလသည္။
ဆရာဝန္ေတြထြက္သြားေတာ့ လရိပ္ကရင္ခြင္ထဲမွထြက္လာၿပီး..
“တစ္ကိုယ္လုံးနံေစာ္ေနတာပဲ”
“ ေမာင္ေရမခ်ိဳးတာ ၃ရက္ရွိၿပီ”
“ဘယ္ေကာင္မနဲ႕ အေလလိုက္ေနတာလဲ!”
“ေမာင့္ အခ်စ္ကေလးကအထင္လြဲေနတာကို ဘယ္လိုလုပ္ဒီအတိုင္းၿငိမ္ေနနိုင္မွာလဲ”
“အ႐ူး! ငတုံး”
“ဟင္! ႐ုးတာေတာ့ဟုတ္ပါၿပီ။ေမာင္ဝန္ခံတယ္။အစ္ကိုနဲ႕ပတ္သတ္ရင္ အ႐ူးလိုပဲ။တုံးတာကဘာကိုေျပာတာလဲ”
“ငါပဲခူးမွာကတည္းက ျပန္မွတ္မိေနတာ”
“အ အစ္ကို!”
ဒါဆိုအဲ့မွာတုန္းက သူ႕စိတ္ေတြကိုမႂကြႂကြေအာင္စေနခဲ့တာလားအစ္ကိုက။သတိရရဲ႕သားနဲ႕ လူကိုတစ္ခ်ိန္လုံးျပဳစားေနခဲ့တာပဲ။ဒီလူကိုမွတ္ေလာက္ေအာင္ေတာ့အျပစ္ေပးရေတာ့မွာ။
“အစ္ကို!”
“ဟင္!”
ရွင္းခန႔္က ႐ုတ္တရက္လရိပ္၏တင္ပါးမွျမႇောက္ခ်ီလွ်က္ျပတင္းေပါက္ေဘာင္ေပၚသို႔တင္ကာ ႏႈတ္ခမ္းေလးအားဖိကပ္နမ္းလိုက္သည္။
“အြန္း ျပဳတ္က်မယ္။ေအာက္ကလူေတြလဲျမင္လိမ့္မယ္”
“ျမင္ပါေစ။ အျပစ္ေပးတာ။”
“ရွင္းခန႔္ မင္း...အြန့္ .”