နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူ

By whiteLotus2k22

70.7K 10.5K 67

အပြင်ဘက်တွင် အေးစက်နေပြီး အတွင်းဘက်တွင် သစ်ကြံပိုးခေါက်လိပ်လိုအကြံကြီးတဲ့ အထက်ပုဂ္ဂိုလ်ကြီးနှင့် အလွန်လှပပြီ... More

Description
အပိုင်း (၁) ပန်းအိုးကြောင့် သေဆုံးသွားရခြင်း
အပိုင်း (၂) ဒီနတ်သားက ဘယ်သူလဲ။
အပိုင်း (၄) လောင်မိသားစု
အပိုင်း (၅)သူ၏မိသားစုအသစ်နှင့်တွေ့ဆုံခြင်း။
အပိုင်း (၆) ပထမဆုံးမိသားစုအပြန်အလှန်ဆက်ဆံမှု
အပိုင်း (၇) ငါလေးကအမုန်းခံနေရတာလား။
အပိုင်း (၈) ငါ့ညီကတကယ်ပဲ.....
အပိုင်း (၉) ရုတ်တရက် ဧည့်သည်
အပိုင်း (၁၀) အိမ်မှကြိုဆိုပါတယ်။
အပိုင်း (၁၁) လျော်ကြေးပေးခြင်းကိုလက်ခံသည်။
အပိုင်း (၁၂) သူ့IQကိုတိုက်ခိုက်ခံနေရတယ်။
အပိုင်း (၁၃) သူတို့ရဲ့ပထမဆုံးအကြိမ်တွေ့ဆုံမှု
အပိုင်း (၁၄) ချစ်စရာ ယုန်ကလေး
အပိုင်း (၁၅) ရေခဲတောင်အလှတရား
အပိုင်း (၁၆)သူတို့တွေ့ဆုံမှုရဲ့အဆုံး(ဖြစ်နိုင်သည်။)
အပိုင်း (၁၇)ကစားရန်ခွင့်ပြုချက်
အပိုင်း (၁၈)အကာဒီရာ မှပြန်လည်ကြိုဆိုပါတယ်
အပိုင်း (၁၉)သူ့ပြိုင်ပွဲက...?
အပိုင်း (၂၀)Status window
အပိုင်း(၂၁)မူလရွာ
အပိုင်း(၂၂) ကံကောင်းတဲ့လောင်ယန်
အပိုင်း(၂၃) ပထမဆုံးမကောင်းဆိုးဝါးသတ်ဖြတ်မှု
အပိုင်း(၂၄) စွမ်းရည် အမှတ်များ
အပိုင်း(၂၅) လောင်ဂျင်ကိုဦးနှောက်ဆေးခြင်း
အပိုင်း(၂၆) လောင်ဂျင်ရဲ့ဇာတ်ကောင်က...
အပိုင်း(၂၇) ညီအငယ်ကိုစနောက်ခြင်း
အပိုင်း(၂၈) တောင်ထိပ်မှာရှိသည့်ရဲတိုက်
အပိုင်း(၂၉) ကျောချမ်းဖွယ်ကောင်းသည့်သစ်ပင်
အပိုင်း(၃၀) ရုပ်ဆိုးတဲ့သစ်ပင်ထံမှခုခံခြင်း
အပိုင်း(၃၁) နွေးထွေးသည့်နေ့လည်စာ
အပိုင်း(၃၂) အကြီးကဲဆီမှဆုလာဘ်
အပိုင်း(၃၃) ဖီလီဘယ်မှာလဲ။
အပိုင်း(၃၄) ဖီလီဘယ်မှာလဲ (၂)
အပိုင်း(၃၅) တိတ်ဆိတ်နေသည့်ရွံတော၏သတင်းအချက်အလက်
အပိုင်း(၃၆) ဂိမ်းအာဏာရှင်
အပိုင်း(၃၇) ပြင်ဆင်ခြင်း
အပိုင်း(၃၈) တိတ်ဆိတ်သည့်ရွံတော
အပိုင်း(၃၉) ငွေရောင်ကြာပန်း၏အကြောင်း
အပိုင်း(၄၀) လျှိ့ဝှက်တာ၀န်ကိုအပြီးသတ်ခြင်း
အပိုင်း(၄၁) ပြိုင်ပွဲထိန်းသိမ်းသူ၏ဆုလာဘ်
အပိုင်း (၄၂) ဥတလုံး
အပိုင်း(၄၃) အရွယ်ရောက်ခြင်းပွဲရောက်လာခြင်း
အပိုင်း(၄၄) စတင်သူတို့၏မြို့ကိုရောက်ရှိခြင်း
အပိုင်း(၄၅) မင်းလှလာဖို့လိုတယ်
အပိုင်း(၄၆) ၀တ်စုံများ၀ယ်ခြင်း
အပိုင်း(၄၇) စိန်ခေါ်မှုတခုအကြောင်း
အပိုင်း(၄၈) ငါ့မှာနှစ်ခု ဒါပေမဲ့ မင်းမှာတခုပဲရှိတယ်။
အပိုင်း(၄၉) ပြိုင်ကွင်း တိုက်ခိုက်မှု
အပိုင်း(၅၀) ပိုစ့်တခု
အပိုင်း(၅၁) အတန်းရွေးချယ်ခြင်း။
အပိုင်း(၅၂) မိုက်မဲသည့်ယုန်ကလေးကိုမိပြီ
အပိုင်း(၅၃) ကျန်တော်ပါ
အပိုင်း(၅၄) မသိသောအရာတခု
အပိုင်း(၅၅) လုပ်ကြံသူအတန်းအတွက်တာ၀န်
အပိုင်း(၅၆) အိုင်ဗီအုပ်စု အိမ်ရာ(၁)
အပိုင်း(၅၇) အိုင်ဗီအုပ်စုအိမ်ရာ(၂)
အပိုင်း(၅၈) အိုင်ဗီအုပ်စုအိမ်ရာ (၃)
အပိုင်း(၅၉) အတန်းတာ၀န်အတွက်ပြိုင်ဆိုင်ခြင်း
အပိုင်း(၆၀) အတန်းတာ၀န်အတွက်ပြိုင်ဆိုင်ခြင်း(၂)
အပိုင်း(၆၁) မာစတာလုပ်ကြံသူ၏မေးခွန်း
အပိုင်း(၆၂) သူတို့၏ပထမဆုံးVR ထမင်းဝိုင်း
အပိုင်း(၆၃) သူတို့၏ပထမဆုံးVR ထမင်းဝိုင်း(၂)

အပိုင်း (၃) လောင်ယန်အသစ်

1.9K 306 1
By whiteLotus2k22

unicode

လောင်ယန်တစ်ယောက် မှင်တက်တွေဝေနေတာကြောင့် ‌ဆရာဝန် ဝင်လာချိန်မှာတောင် သတိမထား မိခဲ့ပေ။ ဒါဟာသူ တုန်လှုပ်နေဆဲ ဖြစ်တဲ့ လက္ခဏာကြီးတစ်ခုပါပဲ။ သူသည် ကျော်ကြား သော 'ပြန်လည်မွေးဖွားခြင်း' ကို ခံစားရမည့်အချိန်တစ်ခု သူ့ဘ၀တွင် ရောက်လာ လိမ့်မည်ဟု သူ မယုံနိုင် လောက်အောင်ပင်ဖြစ်‌နေသည်။ စိတ်ကူးယဉ်ဝတ္ထုများတွင်သာ ဖြစ်မည်ဟု သူထင်ခဲ့သည်။ နေဦး- သူတကယ်မွေးတာမဟုတ်ပေမယ့် စိတ်ကူးယဉ်ဝတ္ထု တစ်ချို့ထဲရောက်နေတာဆိုရင်ကော။ ယခု သူသည် ထို စိတ်ကူးယဉ်ဝတ္ထုတွင် ဇာတ်ကောင်အချို့ ဖြစ်လာခဲ့သည်လား။ သူသည် ဇာတ်လိုက်အတွက်သေပေးရမည့် ဇာတ်ကောင်သေးသေးလေးတောင် ဖြစ်နိုင်သည်။

'မဟုတ်ဘူး၊ ဖြတ်ကူးရတာ သူ့အတွက်နည်းနည်း ပိုလွန်းတယ်။ ထိုအစား ပြန်လည်မွေးဖွားခြင်းကိုသာ ဖြစ်ချင်သည်။ အနည်းဆုံးတော့ သူ ဒီကမ္ဘာထဲမှာပဲ ရှိနေတာ သူသိနိုင်သည်လေ။ ဒါပေမယ့် သူတကယ်ပဲ ကမ္ဘာပေါ်မှာ ရှိနေတာလားဆိုတာ သူဘယ်လိုသိနိုင်မလဲ။ အော်၊ ဟုတ်သားပဲ... ထိုဝတ္ထုများတွင် ပြန်လည်မွေးဖွားခြင်းခံခဲ့ရသောသူများသည် ၎င်းတို့၏မှတ်ညဏ်များကို မူလခန္ဓာကိုယ် ပိုင်ရှင်၏ မှတ်ညဏ်များနှင့် ပေါင်းစည်းရန် အမြဲကြိုးစားခဲ့ကြသည်မဟုတ်လော။'

ထို့ကြောင့် သူသည် မူလပိုင်ရှင်၏ မှတ်ညဏ်အမှတ်ရစရာများကို တွေးတောရန် လိုအပ်ပြီး အဲ့တာဆိုရင်တော့ သူသည် ကမ္ဘာတစ်ခုတည်းတွင် ရှိနေသလား သေချာပေါက် သိနိုင်ပေသည်။

လောင်ယန်သည် မျက်လုံးများကိုမှိတ်ထားပြီး မူရင်းမှတ်ညဏ်ကို တွေးတောရန် ကြိုးစားလိုက်သည်။ မိနစ်တွေကြာပြီး သူရလာတဲ့ မြင်ကွင်းတွေက အပိုင်းပိုင်းကွဲသွားခဲ့ပြီး လှပသော ဥယျာဉ်ကြီးတစ်ခုရှိ အိမ်ကြီးတစ်အိမ်တွင် ကောင်လေးနှစ်ယောက်က သူ့ကို ဆော့ကစားရန် ဆွဲခေါ်လာတော့သည်။ မျက်နှာပေါ်တွင် အေးစက်သောအမူအရာဖြင့်ချောမောတဲ့လူတယောက် ဒါမဲ့ သူ့အားကြည့်သည့် အခါတိုင်း ထိုအမူအရာက ချက်ချင်းပျော့ပြောင်းသွားခဲ့၏။ ထို့အပြင် ချောမောလှပသော မိန်းမကြီးသည် သူ့အား ဖြည်းညှင်းစွာ ပြုံးပြနေသေးသည်။ ပြီးတော့ သူ့စိတ်ထဲမှာ စွဲထင်နေတဲ့ နောက်ဆုံးမြင်ကွင်းကတော့ လှပတဲ့ မိန်းမတစ်ယောက်နဲ့ တခြားကလေးတစ်ယောက်ကို တစ်စုံတစ်ခုမှ ကာကွယ်ဖို့ ကြိုးစားနေသလိုမျိုး တင်းကျပ်စွာ ပွေ့ဖက်ထားပုံပါပဲ။

ဒါပါပဲ။ ဘာမှထပ်မရှိတော့ပေ။

ထိုအမျိုးသမီးကို ရုတ်တရက် သတိရလိုက်ခြင်းက သူ့နှလုံးသားကို အကြောင်းပြချက်မဲ့ ညှစ်ထားသလို ခံစားလိုက်ရသည်။

"မင်းရဲ့ အရေးကြီးတဲ့ လက္ခဏာတွေ အားလုံး ကောင်းနေပုံရတယ် သခင်လေး" ဟု ဆရာဝန်က လောင်ယန်၏ ဖြူဖျော့ဖျော့နှင့် ပါးလွှာသော ရင်ဘတ်မှ သူ၏ နားကြပ်ကို ထုတ်ကာ ဆရာဝန်က ပြောသည်။ "ဒါပေမယ့် သေချာအောင်တော့ ဆေးစစ်မှု အပြည့်အစုံလုပ်ဖို့ လိုပါသေးတယ်။"

လောင်ယန်သည် ကြင်နာတတ်သော ဆရာဝန်ကြီးအား မှင်တက်စွာ မော့ကြည့်လိုက်မိသည်။ ဒေါက်တာဟန်သည် လှပသော ဆယ်ကျော်သက်၏ စိတ်ရှုပ်ထွေးနေသော အကြည့်ကို မြင်သောအခါ သက်ပြင်းချလိုက်မိသည်။ ဒီကလေးနိုးလာဖို့ ဘယ်သူမှ မမျှော်လင့်ထားပါဘူး။ ပြန်နိုးထဖို့ မဖြစ်နိုင်ဘူးလို့တောင် သူထင်ခဲ့ဖူးသည်။ ဆယ်ကျော်သက်‌လေးရဲ့ ဦးနှောက်ပျက်စီးမှုက တော်တော်လေး ကြီးလွန်းသည်။ ဆယ်ကျော်သက်လေး အသက်ရှင်နေသေးရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းကတော့ သူ့မိသားစုက သူ့အသက်ကို အထောက်အကူပြုတဲ့ စက်ကိုပလပ်ဖြုတ်ဖို့ ငြင်းဆိုထားတာကြောင့်ပင်။ ယခုမူ ၎င်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ပုံရသည်။

"စိတ်မပူပါနဲ့။ မင်းနေကောင်းနေပါလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာ ကုထုံးနဲ့ မှန်ကန်တဲ့ အစားအသောက်တွေ ကျွေးပြီးရင် မင်းဟာ တခြား အသက်၁၇နှစ်အရွယ် ဆယ်ကျော်သက်တွေလိုပဲ ဖြစ်လိမ့်မယ်" ဟု ဆရာဝန်က ကြင်နာသော အပြုံးဖြင့် ပြောကြားခဲ့သည်။

လောင်ယန် သည် အပေါ်ပိုင်းပုံသဏ္ဍာန်နှင့် ဤပိန်ဖျော့ဖျော့ဖျော့နှင့် ပိန်လှီသော ခန္ဓာကိုယ်ကို ပြောင်းလဲရန်အတွက် လအတန်ကြာအောင် အချိန်ယူရပေမည်။ နေပါဦး - ဒီခန္ဓာကိုယ်က ၁၇....

၁၄ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်လို့လုံးဝထင်ခဲ့ခြင်းပင်။ ဒါမဲ့လည်း၊ အခု သူစဉ်းစားလိုက်တာက အဲဒီသူနာပြုရဲ့ အဆိုအရ၊ သူ သတိမေ့မြောနေတာ ခုနစ်နှစ်ရှိသွားပြီ။ သူ့ရဲ့ ကြီးထွားမှု နှောင့်နှေးဖို့က ပုံမှန်ပါပဲ။

ဒါပေမယ့် လောင်ယန်သေချာဖို့ လိုအပ်တာတစ်ခုရှိပါသေးသည်။

"မင်းအဖေကို ငါဆက်သွယ်လိုက်မယ်။ မင်း နိုးလာတာသိတာနဲ့ သူ ဝမ်းသာသွားမှာ သေချာတယ်"

"ဒေါက်... တာ..." လောင်ယန် က မေးလိုက်သည်။ "လွန်ခဲ့တဲ့ ခု......ခုနှစ်နှစ်တုန်းက သမ္မတ... ဘယ်သူလဲဟင်"

"လွန်ခဲ့တဲ့ ခုနှစ်နှစ်က သမ္မတက ဘယ်သူလဲလို့ မေးနေတာလား။" ဒေါက်တာဟန်က ကလေး၏ မေးခွန်းရဲ့‌မေးခွန်းကို သေချာ‌အောင်ထပ်‌မေးလိုက်သည်။ ထိုအခါ လောင်ယန် ခေါင်းညိတ်ပြ လိုက်သည်။ ဆယ်ကျော်သက်လေးရဲ့ မေးခွန်းကြောင့် စိတ်ရှုပ်နေပေမယ့် ဆရာဝန်က သူ့ကို ဖြေပေးလိုက်ပါသေးသည်။

လောင်ယန်သည် သမ္မတ၏အမည်ကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ ဘာကြောင့်လဲ ဆိုတော့သူခေါင်းပေါ်ကို အိုးမပြုတ်ကျခင်ကသမ္မတရဲ့နာမည်ဖြစ်တာကြောင့်ပါ ။ ဆိုလိုတာက သူ တခြားကမ္ဘာကို ဖြတ်မကူးဘူးလို့ ဆိုလိုခြင်းပင်။ ဤသည်မှာ သူသိသောကမ္ဘာဖြစ်နေဆဲပင်။ သူသေသွားတာ ခုနစ်နှစ်ရှိပြီ။ သူ့မူလခန္ဓာကိုယ်က ဘာဖြစ်သွားလဲလို့ တွေးနေမိသည်။ တစ်ယောက်ယောက်က သူ့ကို မီးသဂြိုလ်ပြီး သင်္ချိုင်းမှာမြုပ်ဖို့တောင် လုပ်ပေးခဲ့ရဲ့လား။

ထို့နောက် လောင်ယန် ခေါင်းယမ်းလိုက်မိသည်။ မဟုတ်ဘူး၊ သူ အဲဒါကို မစဉ်းစားသင့်တော့ဘူး။ သူ့ဘဝက ပြီးသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ အခုသေချာသွားပြီ။ ဘုရားသခင်က သူ့ကိုနောက်ထပ် ဘ၀အသစ်တခုပေးလိုက်ပြီ။ လှပသော မျက်နှာနှင့် ခန္ဓာကိုယ်ရှိသော အသက်၁၇ နှစ်အရွယ် သခင်ငယ်လေးအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။

သူ ဂျီးများလိုက်သေးသည်။ အကယ်၍ သူသည် ပြန်လည်မွေးဖွားတော့မည်ဆိုလျှင်၊ သခင်ဘုရားသည် ယောက်ျားပီသသော အရွယ်ရောက်ပြီးသူအား အဘယ်ကြောင့် မရွေးချယ်နိုင်သနည်း။ အခုတော့ သူ ဒီခန္ဓာကိုယ်နဲ့ တွဲနေရပြီ။

ထိုအခါ လောင်ယန်သက်ပြင်းချလိုက်သည်။ သူဂျီးမများနေသင့်ဘူး။ သူ ရှင်သန်ခဲ့ပြီ။ ခါတိုင်းလိုပါပဲ။ သူက ဒီ လောင်ယန်အသစ်ဖြစ်လာပြီ။ သူ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပြီးနောက် သူ့ရဲ့မက်မွန်ပွင့်မျက်လုံးတွေကို ဖွင့်လိုက်ပါတော့သည်။

Zawgyi

ေလာင္ယန္တစ္ေယာက္ မွင္တက္ေတြေဝေနတာေၾကာင့္ ‌ဆရာဝန္ ဝင္လာခ်ိန္မွာေတာင္ သတိမထား မိခဲ့ေပ။ ဒါဟာသူ တုန္လႈပ္ေနဆဲ ျဖစ္တဲ့ လကၡဏာႀကီးတစ္ခုပါပဲ။ သူသည္ ေက်ာ္ၾကား ေသာ 'ျပန္လည္ေမြးဖြားျခင္း' ကို ခံစားရမည့္အခ်ိန္တစ္ခု သူ႕ဘ၀တြင္ ေရာက္လာ လိမ့္မည္ဟု သူ မယုံႏိုင္ ေလာက္ေအာင္ပင္ျဖစ္‌ေနသည္။ စိတ္ကူးယဥ္ဝတၳဳမ်ားတြင္သာ ျဖစ္မည္ဟု သူထင္ခဲ့သည္။ ေနဦး- သူတကယ္ေမြးတာမဟုတ္ေပမယ့္ စိတ္ကူးယဥ္ဝတၳဳ တစ္ခ်ိဳ႕ထဲေရာက္ေနတာဆိုရင္ေကာ။ ယခု သူသည္ ထို စိတ္ကူးယဥ္ဝတၳဳတြင္ ဇာတ္ေကာင္အခ်ိဳ႕ ျဖစ္လာခဲ့သည္လား။ သူသည္ ဇာတ္လိုက္အတြက္ေသေပးရမည့္ ဇာတ္ေကာင္ေသးေသးေလးေတာင္ ျဖစ္ႏိုင္သည္။

'မဟုတ္ဘူး၊ ျဖတ္ကူးရတာ သူ႕အတြက္နည္းနည္း ပိုလြန္းတယ္။ ထိုအစား ျပန္လည္ေမြးဖြားျခင္းကိုသာ ျဖစ္ခ်င္သည္။ အနည္းဆုံးေတာ့ သူ ဒီကမ႓ာထဲမွာပဲ ႐ွိေနတာ သူသိႏိုင္သည္ေလ။ ဒါေပမယ့္ သူတကယ္ပဲ ကမ႓ာေပၚမွာ ႐ွိေနတာလားဆိုတာ သူဘယ္လိုသိႏိုင္မလဲ။ ေအာ္၊ ဟုတ္သားပဲ... ထိုဝတၳဳမ်ားတြင္ ျပန္လည္ေမြးဖြားျခင္းခံခဲ့ရေသာသူမ်ားသည္ ၎တို႔၏မွတ္ညဏ္မ်ားကို မူလခႏၶာကိုယ္ ပိုင္႐ွင္၏ မွတ္ညဏ္မ်ားႏွင့္ ေပါင္းစည္းရန္ အၿမဲႀကိဳးစားခဲ့ၾကသည္မဟုတ္ေလာ။'

ထို႔ေၾကာင့္ သူသည္ မူလပိုင္႐ွင္၏ မွတ္ညဏ္အမွတ္ရစရာမ်ားကို ေတြးေတာရန္ လိုအပ္ၿပီး အဲ့တာဆိုရင္ေတာ့ သူသည္ ကမ႓ာတစ္ခုတည္းတြင္ ႐ွိေနသလား ေသခ်ာေပါက္ သိႏိုင္ေပသည္။

ေလာင္ယန္သည္ မ်က္လုံးမ်ားကိုမွိတ္ထားၿပီး မူရင္းမွတ္ညဏ္ကို ေတြးေတာရန္ ႀကိဳးစားလိုက္သည္။ မိနစ္ေတြၾကာၿပီး သူရလာတဲ့ ျမင္ကြင္းေတြက အပိုင္းပိုင္းကြဲသြားခဲ့ၿပီး လွပေသာ ဥယ်ာဥ္ႀကီးတစ္ခု႐ွိ အိမ္ႀကီးတစ္အိမ္တြင္ ေကာင္ေလးႏွစ္ေယာက္က သူ႕ကို ေဆာ့ကစားရန္ ဆြဲေခၚလာေတာ့သည္။ မ်က္ႏွာေပၚတြင္ ေအးစက္ေသာအမူအရာျဖင့္ေခ်ာေမာတဲ့လူတေယာက္ ဒါမဲ့ သူ႕အားၾကည့္သည့္ အခါတိုင္း ထိုအမူအရာက ခ်က္ခ်င္းေပ်ာ့ေျပာင္းသြားခဲ့၏။ ထို႔အျပင္ ေခ်ာေမာလွပေသာ မိန္းမႀကီးသည္ သူ႕အား ျဖည္းညႇင္းစြာ ျပဳံးျပေနေသးသည္။ ၿပီးေတာ့ သူ႕စိတ္ထဲမွာ စြဲထင္ေနတဲ့ ေနာက္ဆုံးျမင္ကြင္းကေတာ့ လွပတဲ့ မိန္းမတစ္ေယာက္နဲ႔ တျခားကေလးတစ္ေယာက္ကို တစ္စုံတစ္ခုမွ ကာကြယ္ဖို႔ ႀကိဳးစားေနသလိုမ်ိဳး တင္းက်ပ္စြာ ေပြ႕ဖက္ထားပုံပါပဲ။

ဒါပါပဲ။ ဘာမွထပ္မ႐ွိေတာ့ေပ။

ထိုအမ်ိဳးသမီးကို ႐ုတ္တရက္ သတိရလိုက္ျခင္းက သူ႕ႏွလုံးသားကို အေၾကာင္းျပခ်က္မဲ့ ညႇစ္ထားသလို ခံစားလိုက္ရသည္။

"မင္းရဲ႕ အေရးႀကီးတဲ့ လကၡဏာေတြ အားလုံး ေကာင္းေနပုံရတယ္ သခင္ေလး" ဟု ဆရာဝန္က ေလာင္ယန္၏ ျဖဴေဖ်ာ့ေဖ်ာ့ႏွင့္ ပါးလႊာေသာ ရင္ဘတ္မွ သူ၏ နားၾကပ္ကို ထုတ္ကာ ဆရာဝန္က ေျပာသည္။ "ဒါေပမယ့္ ေသခ်ာေအာင္ေတာ့ ေဆးစစ္မႈ အျပည့္အစုံလုပ္ဖို႔ လိုပါေသးတယ္။"

ေလာင္ယန္သည္ ၾကင္နာတတ္ေသာ ဆရာဝန္ႀကီးအား မွင္တက္စြာ ေမာ့ၾကည့္လိုက္မိသည္။ ေဒါက္တာဟန္သည္ လွပေသာ ဆယ္ေက်ာ္သက္၏ စိတ္႐ႈပ္ေထြးေနေသာ အၾကည့္ကို ျမင္ေသာအခါ သက္ျပင္းခ်လိုက္မိသည္။ ဒီကေလးႏိုးလာဖို႔ ဘယ္သူမွ မေမွ်ာ္လင့္ထားပါဘူး။ ျပန္ႏိုးထဖို႔ မျဖစ္ႏိုင္ဘူးလို႔ေတာင္ သူထင္ခဲ့ဖူးသည္။ ဆယ္ေက်ာ္သက္‌ေလးရဲ႕ ဦးေႏွာက္ပ်က္စီးမႈက ေတာ္ေတာ္ေလး ႀကီးလြန္းသည္။ ဆယ္ေက်ာ္သက္ေလး အသက္႐ွင္ေနေသးရတဲ့ တစ္ခုတည္းေသာ အေၾကာင္းအရင္းကေတာ့ သူ႕မိသားစုက သူ႕အသက္ကို အေထာက္အကူျပဳတဲ့ စက္ကိုပလပ္ျဖဳတ္ဖို႔ ျငင္းဆိုထားတာေၾကာင့္ပင္။ ယခုမူ ၎သည္ မွန္ကန္ေသာ ဆုံးျဖတ္ခ်က္ျဖစ္ပုံရသည္။

"စိတ္မပူပါနဲ႔။ မင္းေနေကာင္းေနပါလိမ့္မယ္။ ႐ုပ္ပိုင္းဆိုင္ရာ ကုထုံးနဲ႔ မွန္ကန္တဲ့ အစားအေသာက္ေတြ ေကြၽးၿပီးရင္ မင္းဟာ တျခား အသက္၁၇ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္ေတြလိုပဲ ျဖစ္လိမ့္မယ္" ဟု ဆရာဝန္က ၾကင္နာေသာ အျပဳံးျဖင့္ ေျပာၾကားခဲ့သည္။

ေလာင္ယန္ သည္ အေပၚပိုင္းပုံသ႑ာန္ႏွင့္ ဤပိန္ေဖ်ာ့ေဖ်ာ့ေဖ်ာ့ႏွင့္ ပိန္လွီေသာ ခႏၶာကိုယ္ကို ေျပာင္းလဲရန္အတြက္ လအတန္ၾကာေအာင္ အခ်ိန္ယူရေပမည္။ ေနပါဦး - ဒီခႏၶာကိုယ္က ၁၇....

၁၄ ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ရဲ႕ခႏၶာကိုယ္လို႔လုံးဝထင္ခဲ့ျခင္းပင္။ ဒါမဲ့လည္း၊ အခု သူစဥ္းစားလိုက္တာက အဲဒီသူနာျပဳရဲ႕ အဆိုအရ၊ သူ သတိေမ့ေျမာေနတာ ခုနစ္ႏွစ္႐ွိသြားၿပီ။ သူ႕ရဲ႕ ႀကီးထြားမႈ ေႏွာင့္ေႏွးဖို႔က ပုံမွန္ပါပဲ။

ဒါေပမယ့္ ေလာင္ယန္ေသခ်ာဖို႔ လိုအပ္တာတစ္ခု႐ွိပါေသးသည္။

"မင္းအေဖကို ငါဆက္သြယ္လိုက္မယ္။ မင္း ႏိုးလာတာသိတာနဲ႔ သူ ဝမ္းသာသြားမွာ ေသခ်ာတယ္"

"ေဒါက္... တာ..." ေလာင္ယန္ က ေမးလိုက္သည္။ "လြန္ခဲ့တဲ့ ခု......ခုႏွစ္ႏွစ္တုန္းက သမၼတ... ဘယ္သူလဲဟင္"

"လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္က သမၼတက ဘယ္သူလဲလို႔ ေမးေနတာလား။" ေဒါက္တာဟန္က ကေလး၏ ေမးခြန္းရဲ႕‌ေမးခြန္းကို ေသခ်ာ‌ေအာင္ထပ္‌ေမးလိုက္သည္။ ထိုအခါ ေလာင္ယန္ ေခါင္းညိတ္ျပ လိုက္သည္။ ဆယ္ေက်ာ္သက္ေလးရဲ႕ ေမးခြန္းေၾကာင့္ စိတ္႐ႈပ္ေနေပမယ့္ ဆရာဝန္က သူ႕ကို ေျဖေပးလိုက္ပါေသးသည္။

ေလာင္ယန္သည္ သမၼတ၏အမည္ကိုၾကားေသာအခါ သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။ ဘာေၾကာင့္လဲ ဆိုေတာ့သူေခါင္းေပၚကို အိုးမျပဳတ္က်ခင္ကသမၼတရဲ႕နာမည္ျဖစ္တာေၾကာင့္ပါ ။ ဆိုလိုတာက သူ တျခားကမ႓ာကို ျဖတ္မကူးဘူးလို႔ ဆိုလိုျခင္းပင္။ ဤသည္မွာ သူသိေသာကမ႓ာျဖစ္ေနဆဲပင္။ သူေသသြားတာ ခုနစ္ႏွစ္႐ွိၿပီ။ သူ႕မူလခႏၶာကိုယ္က ဘာျဖစ္သြားလဲလို႔ ေတြးေနမိသည္။ တစ္ေယာက္ေယာက္က သူ႕ကို မီးသၿဂိဳလ္ၿပီး သခ်ႋဳင္းမွာျမဳပ္ဖို႔ေတာင္ လုပ္ေပးခဲ့ရဲ႕လား။

ထို႔ေနာက္ ေလာင္ယန္ ေခါင္းယမ္းလိုက္မိသည္။ မဟုတ္ဘူး၊ သူ အဲဒါကို မစဥ္းစားသင့္ေတာ့ဘူး။ သူ႕ဘဝက ၿပီးသြားၿပီ။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုေသခ်ာသြားၿပီ။ ဘုရားသခင္က သူ႕ကိုေနာက္ထပ္ ဘ၀အသစ္တခုေပးလိုက္ၿပီ။ လွပေသာ မ်က္ႏွာႏွင့္ ခႏၶာကိုယ္႐ွိေသာ အသက္၁၇ ႏွစ္အ႐ြယ္ သခင္ငယ္ေလးအျဖစ္ ျပန္လည္ေမြးဖြားလာခဲ့သည္။

သူ ဂ်ီးမ်ားလိုက္ေသးသည္။ အကယ္၍ သူသည္ ျပန္လည္ေမြးဖြားေတာ့မည္ဆိုလွ်င္၊ သခင္ဘုရားသည္ ေယာက်္ားပီသေသာ အ႐ြယ္ေရာက္ၿပီးသူအား အဘယ္ေၾကာင့္ မေ႐ြးခ်ယ္ႏိုင္သနည္း။ အခုေတာ့ သူ ဒီခႏၶာကိုယ္နဲ႔ တြဲေနရၿပီ။

ထိုအခါ ေလာင္ယန္သက္ျပင္းခ်လိုက္သည္။ သူဂ်ီးမမ်ားေနသင့္ဘူး။ သူ ႐ွင္သန္ခဲ့ၿပီ။ ခါတိုင္းလိုပါပဲ။ သူက ဒီ ေလာင္ယန္အသစ္ျဖစ္လာၿပီ။ သူ ျပတ္ျပတ္သားသား ဆုံးျဖတ္လိုက္ၿပီးေနာက္ သူ႕ရဲ႕မက္မြန္ပြင့္မ်က္လုံးေတြကို ဖြင့္လိုက္ပါေတာ့သည္။

Continue Reading

You'll Also Like

254K 6.7K 68
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
913K 10.1K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.4M 59.2K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...