သားဖွားခန်းက ရင်ခုန်သံ(သားဖြာ...

By SakuraRain2000

2.4M 189K 27.4K

👨🏻‍⚕️ Main Chapter 10 parts + After Falling In Love 15 parts🌸 More

Chapter-1(Unicode)
Chapter-2(Unicode)
Chapter-3(Unicode)
Chapter-4(Unicode)
Chapter-5(Unicode)
Chapter-6(Unicode)
Chapter-7(Unicode)
Chapter-8(Unicode)
Chapter-9(Unicode)
Chapter-10 (Unicode)
After Falling In Love-1(Unicode)
After Falling In Love-2(Unicode)
After Falling In Love-3(Unicode)
After Falling In Love-4(Unicode)
After Falling In Love-5(Unicode)
After Falling In Love-6(Unicode)
After Falling In Love-7(Unicode)
After Falling In Love-8(Unicode)
After Falling In Love-9(Unicode)
After Falling In Love-10(Unicode)
After Falling In Love-11(Unicode)
After Falling In Love-12(Unicode)
After Falling In Love-12-2(Unicode)
After Falling In Love-13(Unicode)
After Falling In Love-14(Unicode)
After Falling In Love-15(Unicode)
Final(Unicode)
After Marriage(Unicode)
After Marriage 2(Unicode)
Chapter-1(Zawgyi)
Chapter-2(Zawgyi)
Chapter-3(Zawgyi)
Chapter-4(Zawgyi)
Chapter-5(Zawgyi)
Chapter-6(Zawgyi)
Chapter-7(Zawgyi)
Chapter-8(Zawgyi)
Chapter-9(Zawgyi)
Chapter-10(Zawgyi)
After Falling In Love-1(Zawgyi)
After Falling In Love-2(Zawgyi)
After Falling In Love-3(Zawgyi)
After Falling In Love-4(Zawgyi)
After Falling In Love-6(Zawgyi)
After Falling In love-7(Zawgyi)
After Falling In Love-8(Zawgyi)
After Falling In Love-9(Zawgyi)
After Falling In Love-10(Zawgyi)
After Falling In Love-11(Zawgyi)
After Falling In Love-12(Zawgyi)
After Falling In Love-12-2(Zawgyi)
After Falling In Love-13(Zawgyi)
After Falling In Love-14(Zawgyi)
After Falling In Love-15(Zawgyi)
Final(Zawgyi)
ကျေးဇူးတင်လွှာ&Book
About Physical Book
Book Cover
🌸Preorder Now🌸
After Marriage(Zawgyi)
Happy Birthday U Phyo
After Marriage 2(Zawgyi)

After Falling In Love-5(Zawgyi)

5.2K 491 19
By SakuraRain2000


အရိုးဆောင်၏နားနေခန်းအပေါက်ဝတွင်ရပ်ရင်း တစ်ဖက်အဆောင်အပေါ်ထပ်ရှိ သားဖွားဆောင်ပေါ်သို့ လင်းထက်နောင်၏အကြည့်တို့ စူးစူးစိုက်စိုက်ရောက်ရှိနေရသည်။ ဟိုလူကြီးတစ်ယောက်အား ယခုထက်ထိ အရိပ်အယောင်မျှမမြင်ရသေးသောကြောင့်။

ခြေထောက်ကို လှုပ်ခါလှုပ်ခါဆော့ရင်း အရိုးဆောင်အနောက် ကော်ရစ်ဒါတစ်လျှောက် ယောင်လည်လည်ဖြစ်နေသည်မှာ အခန်းထဲလူနာခုတင်နေရာမလောက်၍ အနောက်ကော်ရစ်ဒါတွင် နေရာချထားရသော လူနာများကတောင် လင်းထက်ကို သိသိသာသာအကဲခတ်နေကြပြီ။

ဒါလည်း ဂရုမစိုက်နိုင်ပါ။ ပထမဆုံး အရိုးဆောင်တွင် အလုပ်စဆင်းသည့်နေ့ဖြစ်သော်လည်း ဌာနထဲ လိုက်မကြည့်နိုင်သေးဘဲ ဟိုလူကြီးကို အရင်နှုတ်ဆက်နိုင်ဖို့သာ စိတ်ဆန္ဒပြင်းပြနေမိတာ။ လက်ကလေးပြနှုတ်ဆက်ရရင်ပဲ တော်ပါပြီ။

ကောင်းကောင်းနဲ့ဝေဝေတို့နှစ်ကောင်ကတော့ ရောက်ကတည်းက ကေ့စ်တွေလိုက်ကြည့်နေကြပြီ။ အရိုးဌာနက နာမည်အတိုင်း အရိုးနှင့်ပတ်သတ်သည့်ကေ့စ်တွေကအစုံမို့ လေ့လာစရာတွေလည်း စုံလှသည်။ ယခုလို လင်းထက် လိုက်မကြည့်ဘဲ ယောင်လည်ယောင်လည်လုပ်နေခြင်းကို ထိုလူကြီးမြင်ရင်တော့ မရိုးနိုင်စွာ ဆူပူမှာကျိန်းသေသည်။

အနည်းငယ်မျှဆူပုပ်ပုပ်ဖြင့် သားဖွားဆောင်သို့ ဇက်ခိုင်မတက်မော့ကြည့်နေမိစဉ် တရှပ်ရှပ် ဝင်လာသော ခြေသံကြောင့် အကြီးအစ်ကိုတွေလားဟု အလန့်တကြားလှည့်ကြည့်မိတော့ ရှုံ့မဲ့မဲ့နှင့်ဝင်လာသော ကောင်းကင်ယံ။ သူ့နောက်တွင်တော့ ဝေဝေက ပြုံးစပ်စပ်။

"ဘာဖြစ်လို့လဲ ကောင်းကောင်း"

လင်းထက် မေးလိုက်တော့ နှုတ်လေးသော ကောင်းကောင်းက ဖြေရန်ပါးစပ်ဟနေစဉ် နှုတ်သွက်သော ဝေဝေက အရင်စဖြေပြီးဖြစ်သည်။

"ကာဘော်လိုက်(carbolize)တိုက်ထားတဲ့အပေါ် ဖြတ်နင်းမိလို့ ဒေါ်သောင်အော်လိုက်တာလေ"

"အာ"

လင်းထက် နားလည်သွားသည်။

ဒေါ်သောင်က အရိုးဆောင်၏သူနာပြုစစ်စတာကြီး။

အဆူအပူကြမ်းချက်က ဟိုလူကြီးထက်တောင် သာသည်ဟုဆိုရမည်။ လင်းထက်တို့ သည်နေ့မှ စရောက်သည်ဆိုသော်လည်း ဒေါ်သောင်နှင့် လူနာစောင့်တို့၏တိုက်ပွဲ၊ ဒေါ်သောင်နှင့် သန့်ရှင်းရေးဝန်ထမ်းတို့၏တိုက်ပွဲ၊ ဒေါ်သောင်နှင့်သူ့တပည့်ဆရာမတို့၏တိုက်ပွဲတို့ကို ရောက်ရောက်ချင်း ကြုံပြီးသွားခဲ့ပြီ။

ပီဂျီအစ်မနှင်းယုကတော့ ထိုအဖြစ်မျိုးဟာ နေ့တိုင်းပဲဟုဆိုပါသည်။ ဆေးရုံအုပ်ကြီးဦးကြည်တိုးနှင့်ကျောင်းနေဘက်ငယ်သူငယ်ချင်းဖြစ်သည့်အားလျော်စွာ တစ်ခုခုဆို ဆေးရုံအုပ်နှင့်တက်တိုင်တာမို့ ဆရာဝန်တွေတောင် သူ့ကို လန့်ရသည်ဟုဆိုသည်။ ဌာနထဲ စည်းကမ်းကြီးချက်ကလည်း လက်လန်သည်တဲ့။ တစ်ခါတလေတော့လည်း အစွန်းရောက်လွန်းသည်ဟု အစ်မနှင်းယုက အတင်းတုပ်သွားခဲ့သေးသည်။ လင်းထက်တို့ကိုလည်း ကင်းကင်းလွတ်လွတ်နေဖို့ ရောက်ကတည်းက မှာထားသည်။

ယခုတော့ ကောင်းကောင်းတစ်ယောက် ရောက်ရောက်ချင်း ဈေးဦးဖောက်သွားချေပြီ။ 

ဌာနတိုင်းတွင် မနက်ခင်းတိုင်း သန့်ရှင်းရေးဝန်ထမ်းက ဝက်ဒ်ထဲတစ်ခုလုံး ကာဘော်လိုက်တိုက် သန့်ရှင်းလုပ်တတ်သည်မှာ ထုံးစံ။ ကြမ်းပြင်ကို ဖီနောကဲ့သို့သောအရည်တစ်မျိုးဖြင့် ကြမ်းတိုက်သန့်ရှင်းရေးလုပ်ရတာမျိုး။ ထိုသို့ သန့်ရှင်းရေးမလုပ်မှီ လှုပ်ရှားသွားလာမှုမပြုနိုင်သည့် လူနာများနှင့် သတိမလည်သေးသည့်လူနာများ၏လူနာစောင့်များမှအပ ကျန်လူနာစောင့်များကို အပြင်ထွက်ခိုင်းထားတတ်သည်။ မနက်ခင်းဆရာဝန်များ ရောင်းလှည့်ဖို့အတွက်ရော သန့်ရှင်းရေးလုပ်ဖို့အတွက်ပါ တစ်ခါတည်းပေါင်းပြီး ထွက်ခိုင်းထားခြင်းဖြစ်သည်။

ထို့နောက် အရည်မခြောက်မချင်း ထိုအပေါ်သို့ မည်သူမျှ ဖြတ်မသွားခိုင်းချေ။ မဖြစ်မနေသွားကြလျှင်တောင် ဘေးမှ ကပ်ပြီးဖြတ်လျှောက်သွားတာမျိုးလုပ်တတ်ကြသည်။ ထိုမှသာလည်း သန့်ရှင်းရေးလုပ်ထားသည်က အရာထင်မည်မဟုတ်ပါလား။

ယခုကောင်းကောင်းက ထိုအပေါ်ကိုဖြတ်လျှောက်လာသောကြောင့် ဒေါ်သောင်က အော်လိုက်တာပဲဖြစ်မည်။

"ငါတောင် ဘေးကကပ်လျှောက်တယ်၊ နင့်ကောင်းကောင်းကတော့ ဘာတွေတွေးနေလို့လဲမသိဘူး၊ ခေါင်းကြီးငုံ့ပြီး ကာဘော်လိုက်လုပ်ထားတာမမြင်ဘဲ ဖြတ်လျှောက်တော့ ဒေါ်သောင်က ဝက်ဒ်ထဲကနေပြီးတော့...ဟေ့ ဟိုဟောက်ဆာဂျင် ဘယ်လိုဖြစ်လို့ ကာဘော်လိုက် လုပ်ထားတာပေါ် ဖြတ်လျှောက်နေတာလဲဆိုပြီး သူ့အသံကြီးနဲ့ အော်တာ၊ ကောင်းကောင်းတစ်ယောက် အသံတောင် မထွက်ရဲဘူး၊ ဘေးကပ်ပြီး သုတ်တာ သုတ်တာဆိုတာ"

ဝေဝေကပြောရင်း အားရပါးရ ရယ်သည်။ လင်းထက်လည်း ရယ်ရင်း တစ်ဖက်ရှိသားဖွားဆောင်သို့ အခြေအနေမျက်စပစ်ရသည်။

"ဦးဖြိုးစည်သူလင်းက မလာသေးလို့လား"

လင်းထက်၏အဖြစ်ကို ရိပ်မိဟန်ရှိသော ေကာင်းကောင်းက မေးသည်။ သို့သော် ကောင်းကောင်း ခေါ်လိုက်သော နာမည်ကြောင့် လင်းထက် မျက်နှာရှုံ့မဲ့သွားရသည်။

"ဦးဖြိုးစည်သူလင်း မဟုတ်ပါဘူး၊ ဖြိုးစည်လင်းသူပါဟ၊ ငါ့လူကြီးနာမည်ကို မဖျက်ကြပါနဲ့"

ကောင်းကောင်းက ရယ်ကျဲကျဲဖြင့် အူလည်လည် ခေါင်းကုတ်သည်။ ကိုယ့်သူငယ်ချင်းရည်းစားနာမည်တောင် မှန်အောင်မမှတ်နိုင်ကြဘူး။ တကယ့်ကောင်တွေ။

သူတို့သုံးယောက် အရိုးဆောင်အနောက်ကော်ရစ်ဒါတွင် ရပ်ရင်း ဟိုဟိုသည်သည် တွတ်ထိုးနေကြစဉ် ပရော်ဖက်ဆာနှင့်အခြားအကြီးအစ်ကိုအစ်မတွေ အုပ်စုလိုက် ဆရာဆရာမနားနေခန်းထဲသို့ ဝင်လာကြသည်။ ပုံစံကြည့်ရတာ ပရော်ဖက်ဆာကြီးကိုယ်တိုင် သည်နေ့ရောင်းလှည့်စတော့မည်ထင်သည်။ လင်းထက်လည်း ဟိုလူကြီး၏ အရိပ်အယောင်လုံးဝမမြင်ရသေးသော သားဖွားဆောင်ကို သံယောဇဉ်မပြတ်စွာ နောက်ဆုံးကြည့်ရင်း အစ်ကိုတွေနောက် သွားရပ်ရသည်။ ပထမဆုံးနေ့မို့ ရောင်းလှည့်တာတော့ လိုက်ရမည်ဖြစ်သည်။

အရိုးဆောင်က လူနာများသည်။ အတော်လေးများလွန်း၍ ဟောခန်းထဲတွင်ပင် မလောက်၍ အချို့ကို ကော်ရစ်ဒါများတွင်ပင် ထားရသည်။ လင်းထက် တာဝန်ကျဖူးသမျှထဲ အရိုးဆောင်နှင့်သားဖွားဆောင်က ထိုကဲ့သို့ ခုတင်မလောက်၍ အပြင်၌အထားရဆုံး ဌာနနှစ်ခုဖြစ်သည်။

အရိုးဆောင်၏ ရောင်းလှည့်ခြင်းက တခြားဌာနများနှင့်မတူ။ နေ့တိုင်း သုံးကြိမ် ရောင်းလှည့်ရသည်။ လူနာဖိုင်တွဲများကို ကျား၊မနှင့် လက်အရိုးရောဂါအတွက်ဟူ၍ သုံးမျိုးခွဲထားသည်။ ပန်းရောင်က အမျိုးသမီးလူနာများ၊ လိမ္မော်ရောင် လက်အရိုးရောဂါလူနာများ၊ အပြာရောင်က အမျိုးသားလူနားများအတွက်ဟူ၍။ လှည့်သည့်အခါတွင်လည်း သက်ဆိုင်ရာဆရာဝန်ကြီးတွေက ကိုယ်ယူထားသည့်အမျိုးအစားအလိုက် ဖိုင်အရောင်များကိုရွေးပြီး ကြည့်သွားတတ်ကြသည်။

သည်နေ့ ပထမဆုံးလှည့်မည်က အမျိုးသားဆောင်အတွက်။ ဒါကလည်း လင်းထက်အတွက် ကံကောင်းသွားသည့်အရာဟုဆိုရမည်။

အရိုးဆောင်က အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်ဟူ၍ နှစ်ဆောင်ရှိသည်။ အမျိုးသားဆောင်၏ အနောက်ကော်ရစ်ဒါတွင် ထွက်ကြည့်မှသာ သားဖွားဆောင်ကိုလှမ်းမြင်နိုင်သည်။ အမျိုးသမီးအဆောင်ဘက်ကဆို အမျိုးသားအဆောင်ခံနေ၍ မမြင်ရ။ ယခု အမျိုးသားဆောင်ကို အရင်လှည့်မည်မို့ ဟိုလူကြီးအရိပ်အယောင် ချောင်းလို့ရသေးပေဦးမည်။

တစ်ခုတင်ပြီး တစ်ခုတင် ရောင်းလှည့်လိုက်ရင်း ယခုမှ လိုက်ကြည့်သော လင်းထက်အဖို့ ကေ့စ်တွေက စိတ်ဝင်စားစရာများချည်းသာ။ ပခုံးထဲ အပ်စိုက်ဝင်လို့ ခွဲထုတ်ဖို့စောင့်နေရသော လူငယ်ကတစ်ဦး။ ငါးထပ်တိုက်ပေါ်က ပြုတ်ကျပြီး တစ်ကိုယ်လုံးနီးပါး အရိုးများကျိုးနေသော ဆယ်နှစ်အရွယ်ကလေးကတစ်ဦး။ အခြား ဆိုင်ကယ်မှောက်တာ၊ ချောလဲတာ၊ ဆီးချိုရောဂါအခံဖြင့် အနာရှိရာမှ အနာကျက်အားမရှိတော့ဘဲ အရိုးထိတာ အစရှိသဖြင့်ကလည်း အမျိုးမျိုး။

အချို့လူနာများသည် နှစ်ချီဆေးရုံတက်နေရသည်များတောင်ရှိသည်။ အနောက်ကော်ရစ်ဒါအပေါက်ဝမှ ဦးလေးတစ်ဦးဆိုလျှင် ဆေးရုံတက်ရတာ တစ်နှစ်ကျော်ပြီဟုဆိုသည်။ ဆီးချိုအခံရှိနေသည်မို့ အနာကျက်နှုန်းက လုံးဝမရှိတော့သလိုဖြစ်ပြီး ခြေသလုံးသားတစ်ခုလုံး အရိုးပေါ်သည်အထိ လှိုက်စားနေသည်။

အနာအား ပတ်တီးဖြေလိုက်ချိန်တွင် ဝေဝေက အလန့်တကြား လင်းထက်လက်ကို လာကိုင်သည်။ အရိုးပါမြင်ရသည်အထိ အသားဟောင်းလောင်းပေါက် လှိုက်စားနေသည်က တော်ရုံလူမကြည့်ရဲစရာ။ နေ့စဉ် ဆေးထည့်သော်ငြား အနံ့(foul smelling)ကတော့ လှိုင်နေပြီဖြစ်သည်။ ပရော်ဖက်ဆာကြီးက စစ်ဆေးပြီး လိုအပ်သည်များကို ညွှန်တော့ အစ်ကို အစ်မတွေက လူနာဖိုင်ထဲတွင် လိုက်မှတ်သည်။ ထိုဦးလေး၏ လူနာနေ့စဉ်မှတ်တမ်းသည်လည်း အလွန်ထူနေပြီဖြစ်၍ လေးကြိမ်လောက်တောင် ခွဲထုတ်ထားနေရချေပြီ။

ထိုဦးလေးကြီးကိုကျော်၍ အနောက်ကော်ရစ်ဒါသို့ လုံးလုံးရောက်သောအခါ တစ်ဖက်အပေါ်ထပ်ရှိ သားဖွားဆောင်တွင်လည်း ဆရာဝန်အကြီးများဦးဆောင်သည့်အဖွဲ့တစ်ဖွဲ့ထွက်လာသည်မို့ လင်းထက်ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။

ထိုအုပ်စုထဲ ကျောက်စိမ်းရောင်ရှပ်ဖြင့် လူတစ်ယောက်ဟာ အလိုလိုထင်းလင်းစွာ လင်းထက်၏အမြင်အာရုံ၌ ငြိတွယ်သည်။ တကယ်ကို မနာလိုစရာကောင်းအောင် အားလုံးထဲမှာ  ထင်ပေါ်လွန်းနေသောလူကြီး။ ထိုလူကြီးက လင်းထက်ချစ်သူတဲ့လေ။

နေ့စဉ်တွေ့မြင်နေကျ ဆက်ဆံရေးဖြစ်ပါသော်ငြား အရိပ်ကလေးမြင်ရုံမျှဖြင့် ရင်ခုန်သံတို့ သစ်လွင်နေအောင် ထိုလူကြီးက ပြုစားပါသည်။

ပိုပိုလိုလို အိတ်ထဲတွင် ထည့်ထားသည့်မျက်မှန်အား ကောက်တပ်လိုက်သည့်အချိန်တွင် လင်းထက်တို့ရှိရာ အရိုးဆောင်ဘက်သို့ လှမ်းကြည့်လာသော ထိုလူကြီးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါသည်။

ဝမ်းသာအားရ လက်လှမ်းပြလိုက်ရင်း မမြင်နိုင်မှန်းသိပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်လည်း ရယ်ပြမိသေးသည်။ လက်ပြန်မပြလာသော်လည်း ဘေးရှိလူတွေနှင့်မို့ မရိုးနိုင်သည့် မျက်ခုံးကြီးက တွန့်နေဦးမှာတော့ မြင်ယောင်ပါသည်။ ဆိုတော့ အနားမှာရှိလျှင် ထိုမျက်ခုံးတန်းတွေ ပြေလျော့သည်အထိ အနမ်းတို့ စွန့်ကြဲမိမည်မှာ အသေအချာ။

မြင်နေရက်နှင့်လွမ်းရလောက်အောင် ချစ်ခြင်းမေတ္တာကြိုးတို့က တရစ်ရစ်တိုးလို့ နှောင်ငင်နေတော့တာ။

ကံကောင်းစွာ လင်းထက်တို့ အနောက်ကော်ရစ်ဒါကို ရောင်းလှည့်သည့်အချိန်တွင် ထိုလူကြီးတို့ကလည်း သားဖွားဌာန၏အရှေ့ကော်ရစ်ဒါကို ရောင်းလှည့်နေကြသည်။ အခန်းတွင်းသို့ဝင်သွားလျှင်တော့ မြင်နိုင်တော့မည်မဟုတ်။

မအားလပ်သည့်ကြားမှ လင်းထက်ရှိရာသို့ မကြာခဏလှည့်ကြည့်ပေးရှာသော လူကြီးနှင့်အပြိုင် ကေ့စ်လိုက်မကြည့်ဘဲ အားယားနေသောလင်းထက်ကတော့ အချိန်ပြည့် မျက်ဝန်းဒီဂရီစောင်းနေတော့သည်။

"အယ် လင်းထက် လင်းထက်"

တစ်ဖက်သို့ အကြည်ဓာတ်ယူနေချိန် ရုတ်တရတ် ဝေဝေက လက်မောင်းကို လှုပ်ခါလိုက်သဖြင့် အလန့်တကြားလှည့်ကြည့်ရသည်။ ထိုအခါ ဝေဝေက အရှေ့ရှိ ဆရာတွေ ကြည့်နေသောလူနာကို မေးငေါ့ပြသည်။

ရုတ်တရတ် လင်းထက်တောင် ယောင်ယမ်း၍ မျက်လုံးမှိတ်မိသည်။ ဘေးရှိ တော်ရုံအနာကြည့်ရဲသော ကောင်းကောင်းတောင် မျက်နှာလွှဲရှာသည်။

"Bed sore(အိပ်ယာနာ)ရတာတဲ့"

ဝေဝေက ခပ်တိုးတိုးကပ်ပြောသည်။

"အင်း တော်တော်ဆိုးတာပဲ"

လူနာက သက်လတ်ပိုင်းအရွယ် လူတစ်ဦးဖြစ်သည်။ ဟိုဦးလေးကြီးလိုမျိုး ဆေးရုံတက်ရတာ နှစ်ချီနေဟန်ရှိသည်။ ကျောပြင်တွင် ပန်းကန်ပြားတစ်ချက်စာမျှ အိပ်ရာနာပင်ရနေသည်။ အနာက အတွင်းသို့ နှစ်လက်မနီးပါးလောက် ကလိုင်ပေါက်ဖြစ်နေသည်။ အရင်ဖျားနာဆောင်တို့တုန်းက အိပ်ယာနာကို လင်းထက်တို့ မြင်ဖူးခဲ့ပါသော်လည်း ယခုလောက် မဆိုးလှပါ။

တကယ်တော့ အိပ်ရာနာသည့် ရောဂါတစ်ခုမဟုတ်ချေ။ လူနာသည် အချိန်ကြာရှည်စွာ ခန္ဓာကိုယ်တစ်နေရာတည်းရှိအရေပြားကိုဖိ၍ လဲလျောင်းနေရသည့်အခါတွင်ဖြစ်စေ၊ ထိုင်နေရသည့်အခါတွင်ဖြစ်စေ ထိုအရေပြားသည့် အဖိခံရပါများလာပြီး ပွန်းပဲ့သလိုအနာလေးတွေအဖြစ်မှစသည်။ ထိုမှတဆင့် သတိမမူမိရင်မမူမိသလို အနာအကြီးအဖြစ်ပို၍ ဆိုးရွားလာတတ်သည်။

အထူးသဖြင့် ဆီးချိုရှိသူများနှင့် ဆေးလိပ်သောက်သုံးသူများဆိုလျှင် အနာကျက်နှုန်းမကောင်းတော့သဖြင့် ထိုကဲ့သို့ အိပ်ရာနာဖြစ်ပြီဆိုလျှင် အနာကျက်အောင်ကုသဖို့ ခက်ခဲသွားပေတော့မည်ဖြစ်သည်။

ယခုလူနာသည်လည်း ဆီးချိုရှိသူမို့ အနာသည်နေ့စဉ်ဆေးထည့်နေသော်ငြား ပို၍ပို၍သာ ဆိုးလာခဲ့ဟန်ရှိသည်။

လင်းထက် သက်ပြင်းချမိသည်။ အတော်ကို ဆင်းရဲလှသည့် ဝဍ်ကြွေးများပင်မဟုတ်ပါလား။

လူနာဆီကို စိတ်ရောက်သွားသဖြင့် ဟိုလူကြီးကို ခဏမေ့သွားရသည်။ သတိရ၍ လှည့်ကြည့်တော့ သားဖွားဆောင် လူနာဟောခန်းမထဲသို့ ဝင်သွားကြပြီဖြစ်သော လူများ၏နောက်ကျောများကိုသာတွေ့လိုက်ရသည်။ ထိုအထဲ နောက်ဆုံးမှမြင်နေရသော ကျောက်စိမ်းရောင်ကျောပြင်တစ်ခုကိုတော့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း ငေးမောမိပါသည်။

အမြဲတမ်း ရောင်းလှည့်တိုင်း ရှေ့ဆုံးနီးပါးမှ သွားတတ်သူဟာ ယနေ့တော့ နောက်ဆုံးမှ အခန်းထဲလိုက်ဝင်သွားပါရောလား။

*******************

"တကယ်ကြီး မသိတာလား"

ဝေနှင်းသွယ်က မယုံတစ်ဝက် ယုံတစ်ဝက်မျက်နှာအမူအရာဖြင့် မေးသည်။ အလားတူ လင်းထက်နှင့်ကောင်းကင်ယံမှာလည်း ဇဝေဇဝါ။

ယခု လင်းထက်တို့ ရောင်းလှည့်ပြီး၍ ဝက်ဒ်ထဲ ကေ့စ်တွေလိုက်ကြည့်ရင်း ပခုံးထဲ အပ်စိုက်ဝင်နေသော လူငယ်အား မေးမြန်းနေကြခြင်းဖြစ်သည်။

ထိုလူငယ်က သူ့ပခုံးထဲ အပ်ဘယ်လိုစိုက်ဝင်သွားသလဲဆိုတာကို မသိဘူးတဲ့။ ပခုံးက နာလို့ ပြင်ပလူနာဌာနသို့လာပြရင်း ဓာတ်မှန်ရိုက်ကြည့်ခိုင်းတော့မှ သိရတာတဲ့။

ဓာတ်မှန်ထဲ၌ ကြည့်ကြည့်တော့လည်း အပ်က သေးသေးလေးမဟုတ်။ အရှည်က လက်သန်းတစ်ချောင်းစာလောက်တောင်ရှိသည်။ ဒါကြီး ဘယ်လိုစိုက်မိသလဲ လူငယ်မသိဘူးဆိုသည်က အနည်းငယ်စဉ်းစားစရာ။

ကံကောင်းသည်က အေရးကြီးသည့်သွေးကြောများကို မထိခိုက်မိခဲ့ခြင်းပင်။

လင်းထက်တို့သုံးယောက် ခေါင်းကုတ်ခြေကုတ်ဖြင့် နောက်ထပ်လူနာတစ်ဦးထံ ဆက်ကြည့်လိုက်ရသည်။ မသိပါဘူးဆိုမှ ဆက်မေးနေ၍လညျး မသင့်တော်တော့ပါလေ။

နောက်ထပ်လူနာကတော့ ငါးထပ်တိုက်ပေါ်မှ ပြုတ်ကျသည်ဆိုသော ကလေးလေးဖြစ်သည်။ တစ်ကိုယ်လုံးနီးပါးထိခိုက်သွား၍ အိုင်စီယူထဲတွင် ခြောက်လကျော်လောက် နေခဲ့ရပြီး ယခုရက်ပိုင်းမှ အရိုးဌာနသို့ ပြန်လွှဲထားခြင်းဖြစ်သည်။

ပုံမှန်ဆို ကလေးဆောင်သို့ လွှဲရမည်ဖြစ်သော်လည်း အရိုးနှင့်ပတ်သတ်၍ ပိုမိုစောင့်ကြည့်ရန်လိုအပ်သဖြင့် အရိုးဆောင်သို့လွှဲထားခြင်းဖြစ်မည်။ ကလေးဆောင်မှဆရာဝန်များလည်း လာကြည့်တတ်ပုံရသည်။ လူနာမှတ်တမ်းထဲ ကလေးဆောင်မှ ဆရာဝန်များ၏ဆေးစာများကိုပါ တွေ့ရသောကြောင့်။

"ဒါနဲ့ ကလေးက ဘယ်လိုဖြစ်လို့ ငါးထပ်တိုက်ပေါ်က ပြုတ်ကျရတာလဲဟင်"

လင်းထက်နှင့်ကောင်းကင်ယံက လူနာဖိုင်တွဲအား အရင်လှန်လှန်လှောလှောကြည့်နေစဉ် ဝေဝကေ လူနာစောင့်ကို တန်း၍မေးမြန်းစပ်စုလေသည်။ လင်းထက်လည်း သိချင်တာမို့ ဘေးရှိကလေးအဖဖြစ်ဟန်တူသူထံ လှမ်းကြည့်မိသည်။ လူနာရှင်ကလေးလေးကတော့ အိပ်နေရှာသည်။

ငါးထပ်တိုက်ဆိုသည့်အမြင့်ဟာ နည်းနောသည့်အမြင့်မှ မဟုတ်တာ။ သည်လိုတိုက်ပေါ်မှ ကလေးဟာ ဘာကြောင့်ပြုတ်ကျရသလဲ။

"အင်း ကျွန်တော်ပြောရင် ဆရာလေးတို့ဆရာမလေးတို့ ယုံပါ့မလားတော့မသိဘူး၊ ကျွန်တော်လည်း သားပြောလို့သာပါ၊ ယုံရခက်ခက် မယုံရခက်ခက်ပါပဲ"

"ဟုတ် ရပါတယ် ပြောပါ၊ ဦးလေး အဲလိုပြောမှ ကျွန်မတို့က ပိုပြီးသိချင်ပါတယ်"

ဝေဝေက တက်တက်ကြွကြွဆိုသည်။ သဘောကောင်းပုံဟန်ရှိသော ကလေးအဖေကလည်း ပြောပြလိုဟန်ဆန္ဒရှိပုံရပါသည်။

"သားပြောတာတော့ သူတွန်းချခံရတာတဲ့"

"အို..."

ဝေဝေက တအံ့တဩ ရင်ဘက်ဖိရင်းရေရွတ်သလို လင်းထက်နှင့်ကောင်းကောင်းမှာလည်း လက်ထဲမှ ဖိုင်တွဲကိုတော့ ယောင်ယမ်းချမိရသည်။ ဘယ်လိုလူကများ လုပ်ရက်ရသလဲ။

"သည်လောက်အမြင့်ပေါ်ကနေ ကလေးတစ်ယောက်ကို ဘယ်သူကများတွန်းချရက်ရတာလဲဟင်၊ အဲလူကိုရော ဦးလေးတို့ ဘာမှမလုပ်ဘူးလား"

"လုပ်လို့ရတဲ့လူမဟုတ်လို့ ခက်နေတာပေါ့ ဆရာမလေးရယ်"

"ရှင်"

"သားပြောတာတော့ အရိပ်သုံးရိပ်တဲ့"

"ဗျာ"

လင်းထက်တို့သုံးယောက်လုံး ခဏတော့ကြောင်အမ်းသွားရသည်။

"အရိပ်မည်းသုံးရိပ်၊ ဆံပင်ဖားလျားနဲ့အမျိုးသမီးတစ်ယောက်ရယ်၊ ခန္ဓာကိုယ်ကြီးကြီးနဲ့ အမျိုးသားနှစ်ယောက်ရယ် သားနောက်ကိုလိုက်လို သားကထွက်ပြေးရင်း ဝရံတာကိုရောက်တဲ့အချိန်မှာ အနောက်ကတွန်းချလိုက်တာပါတဲ့"

ဝေဝေက လင်းထက်လက်အား အလန့်တကြားဆုပ်ကိုင်လိုက်သည်။ လင်းထက်မှာလည်း တစ်ကိုယ်လုံး ရှိုန်းခနဲ ကြက်သီးမွေးညှင်းများထသွားရသလို ရင်ထဲ၌လည်း ကတုန်ကယင်ဖြစ်သွားသည်။ ကောင်းကောင်းကလည်း လင်းထက်အနီးသို့ ပို၍တိုးကပ်လာကာ လက်မောင်းကို ဆုပ်ကိုင်လာသည်။

"ဟုတ် ဟုတ်ရဲ့လား ဦးလေးရယ်"

"ကျွန်တော်တို့လည်း သားပြောလို့ သိရတာပါ ဆရာမလေးရယ်၊ သရဲဘာညာလည်း ကျွန်တော်တို့က ကြားဖူးရုံပါ၊ အဲတိုက်မှာလည်း ဘာဘာညာညာအသံကြားပေမဲ့ ကျွန်တော်တို့ကိုယ်တိုင်တော့ တစ်ခါမှမကြုံဖူးလို့ မယုံခဲ့ဖူးပေါ့၊ ကျွန်တော့်သားကျမှပဲ ကံနိမ့်ရှာတယ်"

"က...ကလေး အဲလိုထွက်ပြေးတဲ့အချိန်မှာ ဦးလေးတို့မရှိဘူးလား"

"ညဘက်ကြီး ဆရာမလေးရဲ့၊ ၁၂ နာရီလောက်ရှိမယ်၊ ကျွန်တော်တို့အကုန် အိပ်နေကြပြီ၊ မြေညီထပ်ကလူတွေက အဲအချိန်ထိမအိပ်တတ်ကြတော့ အပြင်က တစ်ခုခုပြုတ်ကျသံကြားလို့ဆိုပြီးထွက်ကြည့်မှ သားကိုတွေ့တာ၊ အဲကျမှ သူတို့အော်နှိုးလို့ ကျွန်တော်တို့သိရတာ"

"ကလေးက ဦးလေးတို့နဲ့အတူတူအိပ်တာမဟုတ်ဘူးလား"

"ဟုတ်ကဲ့၊ ကျွန်တော်နဲ့အတူတူအိပ်တာပါ၊ သားပြောတာတော့ သူသေးထပေါက်တာတဲ့၊ အိမ်သာထဲကနေ အဲအရိပ်သုံးရိပ်က သားနောက်လိုက်လာတာတဲ့လေ"

"အို...အဲတာ ကလေးက အိပ်ခန်းထဲကို မပြေးဘဲ ဝရံတာကို ပြေးတာလား"

"ဟုတ်တယ်၊ သားပြောတာတော့ သူ့ကို ဝရန်တာကိုပြေးမိအောင် တစ်ခုခုက ဆွဲဆောင်သွားသလိုပဲတဲ့၊ ကျွန်တော့်စိတ်ထင်တော့ သားက သူ့ခြေဦးတည်ရာတည့်တည့်ကိုပဲ ပြေးခဲ့ပုံရပါတယ်၊ အိမ်သာကနေ တည့်တည့်သွားတဲ့လမ်းက ဝရန်တာမှာဆုံးတာလေ၊ အိပ်ခန်းဘက်ကိုပြန်လာဖို့ဆို လမ်းမှာကွေ့ဝင်ရတာကို၊ အဲအချိန်မှာ သားကကြောက်စိတ်နဲ့ ကွေ့ဝင်ဖို့တောင် သတိမရနိုင်ဘဲ ဝရန်တာဆီတည့်တည့်ပြေးသွားခဲ့ပုံရပါတယ်လေ"

လင်းထက်တို့သုံးယောက်လုံး သက်ပြင်းမောသာအသာအယာချမိရသည်။ ဘယ်လိုအငြိုးတွေများရှိခဲ့လို့ပါလိမ့်။

ထို့နောက်တွင်တော့ ထိုဦးလေးကြီးကို နှုတ်ဆက်ပြီး သုံးယောက်သား နားနေခန်းသို့ပြေးရတော့သည်။

"ငါ ငါလေ၊ ကြက်သီးတွေထတာဆိုတာ ရင်ထဲရှိုန်းခနဲ ရှိုန်းခနဲပဲ"

အခန်းထဲရောက်ရောက်ချင်း ဝေဝေက အမောတကောဆိုသည်။ လင်းထက်ရော ဘာထူးလို့လဲ။ လူတွေအများကြီးကြားထဲ တစ်ယောက်ယောက်ပဲအနားရောက်လာသလိုလို ကြက်သီးတွေဖြာသွားရတာ။ ကောင်းကောင်းကလည်း ထူးမခြားနားပါ။ လင်းထက်လက်မောင်းကိုဖိဆုပ်ထားခဲ့တာများ တင်းတင်းကြပ်ကြပ်နှင့် သွေးတောင်မလျှောက်နိုင်တော့လောက်အောင်။

တကယ်တမ်းတော့ သူတို့သုံးယောက်ဟာ အပေါက်ဆိုးသည့်အကြီးတွေကိုသာ ကြောက်တတ်ကြသည်မဟုတ်။ မမြင်ရသည့် သရဲကိုပါ အလွန်ကြောက်တတ်ကြသည်ချင်းတူသည့် အကြောက်လွန်စကွက် ဖြစ်လေသောကြောင့်။

****************************

"တကယ် ကြက်သီးထစရာကြီးအစ်ကိုရာ၊ သရဲက တွန်းချတယ်ဆိုတာကလေ၊ အခုပြန်ပြောရင်းတောင် ကျွန်တော် ကြက်သီးထတယ်"

လက်မောင်းနှစ်ဖက်ကိုပွတ်ရင်း လင်းထက်ဆိုနေလေတော့ ကားမောင်းနေသောလူကြီးဟာ မျက်မှောက်ကုတ်ရင်း လှည့်ကြည့်ပါသည်။ ကံကောင်းစွာ ဂျူတီချင်းတူနေသည်မို့ အပြန်ကို ထိုလူကြီးကားနဲ့လိုက်လာခဲ့တာ။ ပုံမှန်ဆို လင်းထက်က ကောင်းကင်ယံ၏ကားနှင့်လိုက်သည်။ ကောင်းကောင်းနှင့်လင်းထက်၏အိမ်က မဝေးလှသည်မို့ အမြဲကောင်းကောင်းက ဝင်ခေါ်ပေးတာ။ ထို့ကြောင့် လင်းထက်ဟောက်စဆင်းချိန်က အဖေ ဝယ်ပေးထားသောကားလေးသည် မစီးဖြစ်တာပင်များနေသည်။ ရံဖန်ရံခါ အကြောင်းအမျိုးမျိုးကြောင့် ကောင်းကောင်းနှင့်မလိုက်ဖြစ်မှသာ စီးတော့တာ။

"ကျွန်တော် ညကျရင် အိပ်ပျော်ပါ့မလားမသိဘူး၊ တစ်နေကုန်အဲတာကြီး စိတ်ထဲစွဲနေတယ်"

ခေါင်းကိုငုံ့ပြီး ခပ်ညည်းညည်းဆိုတော့ ကာမောင်းနေသူဟာ လမ်းရှင်းနေလျက် အရှိုန်ကိုလျှော့ပါသည်။

"ကိုယ်က အဲလိုကြောက်တတ်မှန်းသိနေတာကို ဘာလို့သွားမေးခဲ့သေးလဲ ဟင် လင်းထက်နောင်"

"မသိလို့ပေါ့ အစ်ကိုရ၊ အဲလိုကြီးဖြစ်လိမ့်မယ်လို့ မသိလို့ပေါ့"

"အခုတော့ လျှာရှည်ခြင်းအကျိုးဆက်တွေရပြီမဟုတ်လား"

လင်းထက်မျက်နှာ ဆူပုပ်သွားပါသည်။ အနည်းငယ်မျှနှစ်သိမ့်ရန်တောင် မတွေးလေသူ။

ဘာမှမပြောတော့ဘဲ လက်ကိုတင်းတင်းပိုက်၍ တစ်ဖက်သို့သာ လှည့်နေလိုက်တော့ မသိမသာစောင်းငဲ့ကြည့်လာသူသည် လင်းထက်၏ မျက်နှာအရိပ်အကဲကို ဖမ်းမိမှာ ကျိန်းသေပါသည်။

ထို့နောက် သက်ပြင်းကို အသာအယာချသူဟာ စိတ်လျှော့လေဟန် လေပြည်ကိုအစပျိုးပါသည်။

"အရမ်းကြီးခေါင်းထဲထည့်မနေနဲ့၊ အဲလိုမျိုးတွေက တကယ်မရှိဘူး၊ နာနာဘာဝဆိုတာ ရှိစေဦးတော့ လူကိုထိခိုက်အောင်ထိတော့ သူတို့မလုပ်နိုင်ပါဘူး"

"ဒါဆို ကလေးလေးက ကိုယ့်ဘာကိုယ်တော့ ခုန်ချမလား အစ်ကိုရ"

ကြောက်တတ်သူတွေဟာ ထိုအရာမျိုးကိုယုံကြည်တတ်သူတွေလားမသိပေမဲ့ ထိုကလေးစကားကို လင်းထက်ကတော့ ယုံနေမိတာ။

"အဲကလေး ကယောင်ချောက်ချားဖြစ်တာနေမှာပါ၊ မင်းလည်း စိတ်ပညာနဲ့ပတ်သတ်ပြီး ကျောင်းတုန်းက တစ်စိတ်တစ်ပိုင်းတော့ သင်ခဲ့ရတာပဲမဟုတ်လား၊ လူတွေဟာ သူတို့စိတ်ထဲမှာတွေးနေတဲ့အရာကို တကယ်ထင်သွားခဲ့တာမျိုး၊ ဥပမာ အိမ်သာသွားတဲ့အချိန် ငါ့အနောက်မှာ တစ်ခုခုများရပ်နေမလားလို့တွေးမိတဲ့အခါ သိစိတ်နဲ့ကြောက်စိတ်ဟာ လွန်ဆွဲတယ်၊ အဲမှာ သိစိတ်ကနိုင်ရင် မဟုတ်ဘူးဆိုတာ လက်ခံပေမဲ့ ကြောက်စိတ်က သိစိတ်ကိုဖုံးလောက်အောင် လွန်ကဲသွားရင်တော့ ထင်ယောင်ထင်မှားဆိုတာတွေက လူကို ခြောက်လှန့်တော့တာပဲ၊ အဲမှာ တကယ်မရှိတာကိုအရှိထင်ပြီး ပြေးမယ်လွှားမယ်၊ တိုက်ခိုက်မယ်၊ ရန်ပြုမယ်၊ အဓိကတရားခံက စိတ်တစ်ခုတည်းပဲ၊ မကောင်းဆိုးဝါးဆိုတာလည်း စိတ်ကဖန်တီးလိုက်တဲ့အရာပဲ၊ သည်တော့ စိတ်ကိုမနိုင်တဲ့အခါ လူတွေဟာ ဒုက္ခရောက်ရတာပဲ"

လင်းထက် တွေးဆဆဖြင့် သက်ပြင်းရှိုက်ရသည်။ ထိုလူကြီးပြောသည်မှာလည်း မှန်၏။ ဖြစ်နိုင်ချေရှိသည်ဟု လက်ခံနိုင်သည်။ သို့သော် လံုးဝဥဿုံလက်ခံသည်တော့မဟုတ်။ လင်းထက်စိတ်ထဲ တနုံ့နုံ့ဖြစ်နေရသည့်အရာကရှိသေးသည်။

"အစ်ကိုပြောတာကို ကျွန်တော်လက်ခံပါတယ်၊ ဒါပေမဲ့ ကလေးက သူ့ဘာသူခုန်ချခဲ့တာတော့ မဟုတ်ဘူး"

"ဘာလို့လဲ"

"အစ်ကို ဆရာမဂျူးရဲ့ ကြေမွသွားသောတိမ်တိုက်များအကြောင်း ဖတ်ဖူးလား"

"အင်း"

"အဲထဲမှာ မြနှင်းဆီဟာ ကိုယ်တိုင်ခုန်ချခဲ့တဲ့အတွက်ကြောင့် သူဘယ်နေရာတွေထိခိုက်သွားလဲ အစ်ကိုမှတ်မိလား"

"အင်း သူ့ခြေဖနောင့်ရိုး ကြေသွားတယ်လေ၊ ခြေထောက်နှစ်ဖက်လုံးကျိုးသွားတယ်၊ နောက် လဲတဲ့အချိန်မှာ ခေါင်းနဲ့အောက်ကအုတ်နဲ့စောင့်လို့ ဦးခွံရိုးအက်သွားတယ်လေ၊ ကျန်တာတော့ မမှတ်မိတော့ဘူး"

"ဟုတ်တယ် အဈကို၊ ဒါပေမဲ့ အခု ကလေးလေးက ခြေဖနောင့်မှာ အဲလိုထိခိုက်တာမျိုးမရှိဘူး၊ သူက ခုန်ချသလို ခြေထောက်နဲ့ကျတာမျိုးလည်းမဟုတ်သလို ဖင်ထိုင်ကျတာမျိုးလည်း မဟုတ်ဘူး၊ သူက ဘေးစောင်းကျတာ"

ထိုလူကြီးက တစ်ချက်တွေကာ မျက်မှောက်ကုတ်ပါသည်။

"ဘာလို့လဲဆိုတော့ သူထိခိုက်သွားတဲ့နေရာတွေက ညာဘက်ခြမ်းတွေမှာအဓိကများလို့်ပဲ၊ ညာပခုံးရိုးသွင်သွင်ကျိုးထားတယ်၊ ညာပေါင်ရိုးသွင်သွင်ကျိုးတယ်၊ ညာဘက်ဦးခေါင်းခွံရိုးကွဲအက်တယ်၊ ညာနံရိုးကျိုးတယ်"

"မင်း လူနာချက်ထဲက ဖတ်ခဲ့တာလား"

"ဟုတ်တယ်၊ အစ်ကိုတွေးသလိုမဟုတ်ပေမဲ့ သူများကိုယ့်ဘာကိုယ်ခုန်ချသလားလို့ တွေးမိလို့ သေချာသွားကြည့်ခဲ့တာ"

ထိုလူကြီးက အတန်ကြာထိ တိတ်ဆိတ်သွားသည်။ ပြီးမှ

"ကလေးက ဝရန်တာက ကျတာနော်"

"ဟုတ်"

"ငါးထပ်တိုက်ရဲ့ဝရန်တာဆိုတော့ ဟင်းလင်းပြင်တော့မဖြစ်နိုင်ဘူး၊ အနည်းဆုံး လူကြီးခါးလောက်တော့ အုတ်တိုင်လိုလက်ရန်းအကာရှိမှာပဲ"

လင်းထက် ခေါင်းညိတ်ထောက်ခံလိုက်သည်။ မေးဖို့မေ့ခဲ့ပေမဲ့ ကျိန်းသေပေါက် ရှိမှာပါ။

"ဒါဆို ကလေးက အဲလက်ရန်းပေါ် အရင်တက်ပြီးမှ ဟန်ချက်ပျက်လိမ့်ကျတာဆိုရင်ရော"

သည်တစ်ခါ တွေဝေသွားရသည်က လင်းထက်နောင်။ ကလေးက သူ့ဘာသူအကြောက်လွန်ပြီး လက်ရန်းပေါ်တက် ဟန်ချက်ပျက်ပြီး ပြုတ်ကျတာဟာ တွန်းချခံရတာနှင့် ဘာမျှခြားနားမည်မဟုတ်။

စိတ်ရှုပ်ထွေးစွာ ခေါင်းကို ဗျင်းဗျင်းကုတ်တော့ ထိုလူကြီးက လက်ကိုဆွဲယူလို့ တားပါသည်။

"တော်ပြီ ထားလိုက်တော့၊ အိမ်လည်းရောက်ပြီ၊ ဆက်တွေးမနေနဲ့တော့"

ငြိမ့်ခနဲရပ်သွားသောကားလေးနဲ့အတူ ပတ်ဝန်းကျင်ကိုသတိထားမိတော့မှ ခြံရှေ့သို့ပင်ရောက်နေပြီးဖြစ်ကြောင်း သိလိုက်ရသည်။ တစ်လမ်းလုံး ထိုကိစ္စကို လင်းထက်တို့အကြိတ်အနယ်ဆွေးနွေးလာခဲ့ရတာ။ တိတိကျကျအဖြေထွက်သလားဆိုတော့လည်းမထွက်။ သို့သော် ကာယကံရှင်တောင် မသဲကွဲနိုင်တော့သည့်ကိစ္စမှာ အဖြစ်မှန်ကလည်း ဘုရားသာလျှင် သိနိုင်တော့မည့်အရာ။

"ကဲ့ ဘာမှမတွေးနဲ့တော့၊ ကိုယ်တို့မသိနိုင်တဲ့နောက်ကွယ်တွေမှာ ဖြစ်နိုင်ချေဆိုတာ ယုတ္တိရှိတာရော၊ ယုတ္တိမရှိတာရောနဲ့ဆို တစ်ခုမကပါပဲ၊ လိုက်စဉ်းစားနေရင် ပင်ပန်းရုံပဲရှိမယ်၊ မတွေးနဲ့တော့၊ ကိုယ်ပြောတာကြားလား"

"ဟုတ်"

ခေါင်းညိတ်လိုက်ပေမဲ့ စဉ်းစားနေဟန် မျက်မှောက်ကုတ်ကတော့ မပြေချင်မိသေးပါ။ ဒါကိုလည်း ထိုလူကြီးကသိပါသည်။ နွေးထွေးစွာ အုပ်မိုးလာသော လက်တစ်ဖက်နှင့်အတူ ဘေးနှစ်ဖက်ရှိမှန်များကို ပိတ်ကာတင်လိုက်သောသူကြောင့် နှုတ်ခမ်းပါးတို့က အလိုက်သင့်ပြုံးရသည်။

အလိုက်သိသူဟာ နှုတ်ဆက်အနမ်းကို သည်နေ့မှ တစ်ခမ်းတနား ပြင်ဆင်နေတော့တာ။

ထို့နောက်တွင်တော့ နဖူးထက် ထိကပ်လာသော အကြင်နာနွေးနွေးကို ခေါင်းမော့ခံယူရင်း မေးဖျားတို့ထံ ငေးရှိုက်တွယ်ငြိရသည်။ အချိန်အတော်ကြာဖိကပ်ခိုနားနေမှုမှာ ထိုနှုတ်ခမ်းပါးတို့၏အနွေးဓာတ်သည် ခန္ဓာကိုယ်တစ်ခုလုံးရှိ ဆံချည်မျှင်သွေးကြောတစ်ခုချင်းစီထံသို့ နွေးထွေးမှုတို့ကို လှိုက်ဖို ဝေငှသည်။

မေတ္တာထွေးလို့ နွေးရပါသည်။
ဂရုဏာခြုံလို့ လုံရပါသည်။
သစ္စာခင်လို့ ကြင်ရပါသည်။

ဤဘဝအတွက် လုံလောက်စေပြီဖြစ်သော ဤမေတ္တာ၊ ဤဂရုဏာ၊ ဤသစ္စာတို့သည် ဤလူသားတစ်ဦးထံမှ အားလုံးရရှိခဲ့ပြီးပြီမို့ လုံခြုံနွေးထွေးမှုဆိုတာ ယခုအချိန်မှာ ခံစားမိသည့် တစ်ခုတည်းသောအရာဖြစ်သည်။

"ကျွန်တော် သည်အနမ်းကို ညအိပ်ရာဝင်တဲ့အချိန်ထိ သယ်သွားလို့ရရင် ကောင်းမယ်၊ ဒါဆို ကျွန်တော် သည်ကိစ္စကြောင့် အိပ်မက်ဆိုးတွေမက်မှာမဟုတ်တော့ဘူး"

ဆန္ဒတစ်စုံတရာကိုဖွင့်ဟတော့ နွေးထွေးနှစ်သိမ့်သောအပြုံးတစ်ခုဟာ တည်တင်းနေကျ နှုတ်ခမ်းလွှာတို့တွင် ခိုနားပါသည်။

"ညအိပ်တော့မယ်ဆို ဖုန်းဆက်လိုက်၊ အိပ်ပျော်တဲ့အထိ ကိုယ်ရှိနေပေးမယ်"တဲ့။

သည်လိုနည်းနဲ့ ထိုအပြုံးတို့ဟာ သူ့၏နှုတ်ခမ်းပါးတို့ထံသို့ပါ ကူးစက်လာစေခဲ့တော့သည်။

***************

(AN)

ဒီအပိုင်းကို ညဘက်မှတင်တာ အကြံနဲ့ပါ😂။ Tag မှာ horror လို့ပါ သွားထည့်ရတော့မလားပဲနော်။ ဘာပဲဖြစ်ဖြစ် ဒါလေးတွေက ဆေးရုံအတွင်း နေဓူတဝ ကြားနေ တွေ့နေရမှာတွေပါပဲ။

ဒါနဲ့ အားလုံးကို တစ်ခါတည်းအသိပေးစရာလေးရှိပါတယ်။ အဲဒါကတော့ သားဖွားခန်းက ရင်ခုန်သံလေးရဲ့ Physical Book ဟာ 10 လပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းခဲ့ရပြီးနောက် အခု 11 လပိုင်းကို ရွေ့သွားခဲ့ပါတယ်။ ဒါကြောင့် မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း လက်တို့ပေးကြပါဦးနော်။ 11 လပိုင်းကျမှ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

စာအုပ်လေးထဲမှာ အခုရေးနေတဲ့ After falling in love လေးတွေလည်း ပါလာမှာဖြစ်ပါတယ်။ နောက်ထပ်လည်း ကွီးဖြိုးနဲ့လွဲထက်နောင်လေးတို့ရဲ့ After falling in love တွေက လာဦးမှာမို့ Library ထဲက ထုတ်ထားသူများရှိရင် update လေးတွေသိရအောင် ပြန်ထည့်ထားကြပါဦးနော်။

အာလုံးကို ကျေးဇူးတင်လျက်
ဆာကူရာရိန်း🌸

Continue Reading

You'll Also Like

784K 142K 67
This is not my own story. It is my second translation work. All Credits to original author. Associated name-你想摸一下我的魚尾巴嗎 Type-Web novel Author-系辭上 Sta...
766K 33.4K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
71.8K 11.3K 50
၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိ...
42.3K 3.4K 43
အဖေနဲ့ မတည့်တဲ့ သားငယ်ဖြစ်သူဟာ accidentဖြစ်ပြီး အဖေဖြစ်သူ၏ ငယ်ရွယ်စဉ် အချိန်ဖြစ်တဲ့ ၁၉၉၀ဆီသို့ ရောက်သွားသောအခါ။ ဘယ်လို အခက်အခဲတွေ ကြုံ‌တွေ့ရမလဲဆိုတာ...