ကုတင်ပေါ်မှာဘေးတစ်စောင်းလေးအိပ်နေသူက ပြန်အိပ်မပျော်တော့ဘူးဆိုတာရှင်းခန့်သိသည်။ဒါကြောင့်ခန္တာကိုယ်ကိုဆွဲကာ သူ့ရင်ဘက်ကြီးထဲဆွဲသွင်းလိုက်တဲ့အခါမှာတော့ မြန်ဆန်စွာပင်ရုန်းထွက်သည်။
“ခင်ဗျားအသဲယားစရာကောင်းအောင်လုပ်မနေနဲ့။အဲ့လိုလုပ်နေရင် ပိုပြီးဆိုးမယ်ဆိုတာမသိဘူးလား”
“အပိုမပြောပါနဲ့ ငြိမ်နေရင်ပိုတောင်အန္တာရာယ်ရှိသေးတယ်”
“အဲ့တာဆိုလဲရုန်းကွာ!”
သူ့ခြေထောက်နှစ်ဖက်နှင့်ချုပ်ထားတာနဲ့ပင် လရိပ်လှုပ်ရှားလို့ရတော့ပေ။ပြီးတာနှင့်မျက်နှာပေါ်အနမ်းကြမ်းတွေကျရောက်လာသည့်အခါမှာတော့..
“ဆေးလိပ်စော်တွေနံတယ်။”
လရိပ်ဘယ်လိုအော်အော်ရှင်းခန့်ကမလွှတ်ပေး၊သူ့နှုတ်ခမ်းတွေက လည်တိုင်ပေါ်ကိုပွတ်သပ်နေပြီးလက်တွေက ကြယ်သီးတွေကိုဖြုတ်နေသည်။လရိပ်လဲရုန်းရတာပင်ပန်းလာတာကြောင့် ငြိမ်နေလိုက်ပြီး ခံရခက်တဲ့ခံစားချက်ကြီးကိုခံစားရင်း ရှင်းခန့်ဆံပင်တွေကိုဆွဲဆုပ်ထား၏။သူ့ရင်ဘက်က အသီးလေးတွေကိုလျှာကြမ်းကြီးနဲ့ပွတ်စွဲပြီး တထိထိကိုက်ကိုက်နေရာ မအော်မိအောင်လက်တစ်ဖက်ကပါးစပ်ကိုပိတ်ထားပေမယ့် ရှင်းခန့်က သူ့လက်တွေကိုချုပ်ထားသည်။
“အင့်...ဟင့် တော် တော်ပြီ ငါမနေတတ်တော့ဘူး”
ရှင်းခန့်မျက်လုံးတွေက မှတ်ထားရာမှ ဖြည်းဖြည်းပွင့်လာပြီး နှစ်ယောက်လုံးကိုယ်ပေါ်ကအဝတ်တွေကိုချွတ်လိုက်သည်။ရှင်းခန့်၏ လုပ်ဆောင်မှုတိုင်းကိုတော့လက်သေးသေးလေးတွေက အလိုအကျသဖွယ်တားနေပေမယ့် အချည်းနှီးသာ။ ရှင်းခန့်က သူ့မျက်နှာကိုရီဝေဝေစိုက်ကြည့်လာတော့ လရိပ်ဘယ်နေရာထွက်ပြေးရမှန်းမသိယောက်ယက်ခက်သွားရပြန်သည်။ ခပ်စူးစူးအကြည့်တွေကိုမရဲတရဲပြန်ကြည့်နေစဉ်မှာပဲ အောက်ပိုင်းကတိုးဝင်လာတာမို့ သူ့မျက်နှာလေးရှုံ့မဲ့သွားရသည်။ရှင်းခန့်ကတော့သူ့၏မျက်နှာလေးကိုအရသာခံကြည့်ကာ သွေးတွေထဲကပါစိတ်လှုပ်ရှားမှုတွေ ဆူပွက်လာလေ၏။
“အ့ shit!”
လရိပ် သူ၏လက်မောင်းတွေကိုသာဆွဲကုတ်ထားပြီး မျက်လုံးတွေကိုမှတ်ထားပစ်လိုက်သည်။သူ့အပေါ်ကလှုပ်ရှားမှုနှင့်ညည်းညူသံတွေကရှက်စဖွယ်အတိုင်းသားကြားနေရ၏။ အပေါ်ကလူကသူ့အားပိုမိုတိုးကပ်ကာ ဖက်တွယ်ပြီးနှုတ်ခမ်းတွေကိုချိတ်ဆက်ရင်းအောက်ပိုင်းကိုလှုပ်ရှားသည်။ လရိပ်ကိုယ့်ကိုကိုယ် မုန်းမိသည်။ခန္တာကိုယ်ကသူ့အပြုမူတွေကို လက်ခံကာ အသားကျနေပြီး သူ့ကျောပြင်ကိုသာအံကြိတ်ရင်ဖက်တွယ်ထားမိနေ၏။ကိုယ့်ခါးကပင် တစ်ခါတလေ မသိလိုက်စဉ်မှာပဲ သူအဆင်ပြေစေရန်အလိုက်သင့်လေးကော့ပေးနေမိသည်။ထိုတစ်ညလုံးက သူရှင်းခန့်၏ အပြုမူအောက်မှာလုံးပါးပါးခဲ့ရပြီး။လိုချင်သလိုလို၊မလိုချင်သလို ရှက်သလိုလို ရွံသလိုလိုလုပ်နေသည့် သူ့ကိုရှင်းခန့်ကအသံတယားယားဖြင့်အားရပါးရ စားသောက်ခဲ့မိလေ၏။
----
“ခွေးကောင် မင်းကြောင့်အလုပ်နောက်ကျပြီ”
“အလုပ်ထွက်လိုက်တော့ကျုပ်ရှာကျွေးနိုင်တယ်”
“တော်ပါ။တစ်ခုခု လေးရဖို့အတွက် ဟိုဟာလုပ်ပေး ဟိုလိုခုန်ပေး။ဘယ်လောက်အောက်ကျလဲ ငါလဲယောက်ျားတစ်ယောက်ပဲ”
“လင်မယားကြားမှာ အောက်ကျတယ်ဆိုတာရှိလား”
“ဘာ လင်မယားလဲ!ဒါဆို ပြောပါဦး။မင်းကရောငါ့ကိုတလေးတစားခေါ်နိုင်လို့လား”
“........”
“မခေါ်နိုင်ဘူးမဟုတ်လား အောက်ကျတယ်ထင်နေတယ်မလား”
“ကျစ် အရမ်းနားညည်းတယ်။ဘယ်လိုခေါ်ရမလဲစဉ်းစားနေတာ ။ငယ်ငယ်တည်းက ခင်ဗျားလို့ပဲခေါ်လာတာ နှုတ်ကျိူးနေပြီ”
“မလေးမစားလုပ်လာတာ နှစ်ပေါက်နေပြီဆိုတော့ ဘယ်လိုလေးစားရကောင်းမှန်းမသိတော့ဘူးပဲ”
“ခင်ဗျားဗျာ စကားတွေများလိုက်တာ။ခေါ်စေချင်တဲ့နာမည်ရှိရင်ပြောလိုက်ပါလား။အဲ့လောက်ရစ်နေရတာ မိန်းကလေးလား”
“မင်းတွဲခဲ့တဲ့ဟာတွေနဲ့ လာမနှိုင်းနဲ့”
“အာ့။မနှိုင်းပါဘူးဗျား။ အစ်ကို အရမ်းရစ်တာပဲ”
*သူငါ့ကိုအစ်ကိုလို့ခေါ်လိုက်တာလား*
လရိပ်မသိမသာကျေနပ်ပြုံးလေး ပြုံးလိုက်သည်။ထိုနောက် အလုပ်သွားရန်ပြင်ဆင်လေ၏။
“အစ်ကို”
“ဘာလဲ!”
“အစ်ကိုညက ပေးတာအရမ်းကောင်းတယ်”
“ရှင်းခန့်တည်!”
လရိပ်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ရှင်းခန့်ရှိမနေတောခြေ။ရှက်ရလွန်းလို့တစ်ကိုယ်လုံးလဲ နီရဲတွတ်နေပြီးအဝတ်စားမြန်မြန်ဝတ်ကာမနက်စာပင်မစားပဲ အလုပ်သို့ထွက်သွားလေသည်။ပါပါးကတော့ လရိပ်၏ပုံစံကိုကြည့်လိုက်ခြင်းဖြင့် ရှင်းခန့်တစ်ခုခုမခံမရပ်နိုင်အောင် စနောက်ထားပြီဆိုတာသိတာကြောင့် ဘာမှ မေးမနေတော့ပဲနေသာသလိုလွှတ်ထားလိုက်သည်။
“ရှင်းခန့်”
“အွန်း!”
“မင်း အစ်ကို့ကိုဘယ်လိုတွေလုပ်လို့ သူဒီလောက်နေရခက်နေတာလဲ”
“အာရုံမစိုက်ပါနဲ့။သူကမိန်းကလေးလဲမဟြတ်ပဲလိုတာထက်ပိုပြီးအရှက်သည်းနေတာ”
“ယောက်ျားလေးလဲရှက်တတ်တာပဲ”
“သူရှက်ရင် ကျွန်တော်အသဲယားတယ်။ထပ်ပြီးစချင်တယ်”
“ပါပါးစိုးရိမ်တာက ဒါကသူမကြိုက်တဲ့အချက်ဆို သားနဲ့ရေရှည် အဆင်မပြေမှာစိုးလို့ပါ။”
ပါပါးအစိုးရိမ်လွန်နေပြန်ပါပြီ။ရှင်းခန့်သိတာပေါ့ သူ့အပြောတွေလုပ်ဆောင်မှုတွေအောက်မှာ လရိပ်ကမသိမသာလေးကျေနပ်နေတယ်ဆိုတာ။
----------
ဆေးရုံကအပြန် လရိပ် ကားမောင်းသင်တန်းသို့ဝင်အလာ..
“ဟေ့ မင်းကလရိပ်နွေးလား”
အသားညိုညိုထောင်ထောင်မောင်းမောင်းနှင့်လူက ဘယ်သူလဲဆိုတာလရိပ်မိနစ်အနည်းငယ်ကြာသည်အထိမျက်မှောင်ကျုံ့ကာကြည့်နေမိသည်။
“မင်းငါ့ကို မမှတ်မိဘူးလား သူရလေ”
“သူရ!”
လရိပ်မယုံနိုင်စွာပင်အံ့ဩသွားခဲ့ရသည်။သူရဆိုတာ လေးလေးမိုးလေး၏တူဖြစ်ပြီး သူနှင့်ကျောင်းနေဖက်ဖြစ်သည်။ငယ်ငယ်တည်းကအတူကြီးပြင်းလာတဲ့သူရကိုသူလုံးဝမမှတ်မိတာကြောင့်အားနာသွားခဲ့ရသည်။
“မင်းအရမ်းပြောင်းလဲသွားတယ်သူရ။ငါလုံးဝမမှတ်မိဘူး”
“မင်းကတော့ဒီပုံအတိုင်းပဲ။အကောင်းစားအသုံးဆောင်တွေဘယ်လောက်ဖုံးဖုံး ငါမင်းကိုမှတ်မိပါတယ်”
“အာ..!”
သူရ၏အပြောကိုသူတစ်မျိုးခံစားလိုက်ရပေမယ့် သူရကဘာမှ မဖြစ်သလိုရယ်ရယ်ပြုံးပြုံးဖြင့်..
“ငါတို့တွေ့တုန်းလေး လက်ဖက်ရည်သောက်ရအောင်။မင်းကသူဌေးဖြစ်နေပြီဆိုတော့မင်းတိုက်ပေါ့”
“ရ ရပါတယ်”
သူရနှင့်သူကအရမ်းခင်ခဲ့သည်။ရှိတူမရှိတူ ဝေမျှခဲ့သည်။သူများခြံထဲကခိုးခူးလာသည့် မလကာသီးလေးကိုသူရက သူ့ဆီဝမ်းသာအားရယူလာပြီး မျှကျွေးခဲ့သည်။ဘယ်သူမှအနိုင်မကျင့်ရဲအောင်လဲ သူရကကာကွယ်ပေးသည်။ထိုအကြောင်းတွေးမိရင်လရိပ် မျက်ရည်ပင်လည်လာမိသည်။ယခုသူရက သူခင်ခဲ့ဖူးတဲ့သူရနဲ့မတူပဲ သူ့အပေါ်တစ်ခုခုအစာမကျေသလိုရှိနေ၏။
“ဒီအတောတွင်း မင်းဘာတွေလုပ်နေလဲသူရ”
“အေးကွာ မင်းကတော့မြေတောင်မြှောက်ပေးတဲ့လူနဲ့တွေ့တော့ ဘဝကဖြောင့်ဖြူးနေမှာပဲ။ငါကတော့ဟိုပြေးဒီပြေးနဲ့ ကားပွဲစားဖြစ်နေတယ်”
“မင်းထင်သလို ဖြောင့်ဖြူးမနေပါဘူး”
“ဘာလဲ မင်းမွေးစားအဖေကမင်းကို ကောင်းကောင်းမဆက်ဆံဘူးလား”
“အဲ့ အဲ့လိုလဲမဟုတ်ပါဘူး”
“ဘာဖြစ်ဖြစ် မင်းကြည့်ရတာတစ်ခုခုတော့အဆင်မပြေရှိတဲ့ပုံပဲ။မင်းအမေကိုသေအောင်ကားနဲ့တိုက်သတ်ပြီးမင်းကိုလဲစိတ်ဆင်းရဲအောင်လုပ်နေတာတော့မဟုတ်သေးဘူးငြိမ်မခံနဲ့”
“ဘာ...ဘာရာယ် ငါ့အမေကို”
“မင်းကိုသူတို့မပြောဘူးလား။အဟက်!အန်တီ့ကိုကားနဲ့တိုက်သတ်ပြီး လိပ်ပြာမလုံလို့မင်းကိုမွေးစားခဲ့တာလေ”
“သူ သူရ!”
“အော် ငါချိနထားတာရှိလို့သွားဦးမယ်ကွာ..နော်။ မင်းအဲ့မိသားစုကိုဘာမှကျေးဇူးတင်နေစရာမလိုဘူး။စိတ်ညစ်ရင် ထွက်သာထွက်လာခဲ့လိုက်။”
လရိပ် သူရပြောသွားသည့်စကားများကြောင့်စိတ်နဲ့လူနဲ့ပင်မကပ်ချင်တော့ပေ။ကားမောင်းဖို့လဲစိတ်မပါတာကြောင့် အိမ်ကိုသာTaxi ငှားပြန်ခဲ့လေသည်။
အိမ်ရောက်တော့ ရှင်းခန့်နှင့်ပါပ့ါးကဧည့်ခန်းမှာထိုင်နေတာဖြစ်ပြီး သူ့ကိုတွေ့တော့ ရှင်းခန့်က..
“အစ်ကို ဒီနေ့သင်တန်းရှိတယ်မဟုတ်လား။မတတ်ရင်လည်းဖုန်းဆက်လိုက်ရောပေါ့။လာကြိုမှာပေါ့”
လရိပ်ကခေါင်းမော့လာပြီး ရှင်းခန့်အားကျော်ကာ ပါပါးဆီသို့ကြည့်လျှက်..
“ကျွန်တော့်အမေကို ကားနဲ့တိုက်သတ်ခဲ့တာလား”
ပါပါးမျက်ဝန်းထဲကထိန့်လန့်မှုတွေကိုမြင်လိုက်ပြီး ရှင်းခန့်ကတော့နားမလည်နိုင်စွာ တစ်ယောက်စီကိုကြည့်နေလေ၏။
“ဒါနဲ့များ ဘာလို့ကျေးဇူးရှင်ကြီးလိုပုံစံလုပ်နေရတာလဲ”
“သား စိတ်အေးအေးထား ပါပါးရှင်းပြမယ်။”
“အဲ့ကျေးဇူးတွေကိုသာထောက်မနေရင် ဒီလိုယုတ္တိမရှိတဲ့ မင်္ဂလာပွဲကိုကျွန်တော်လက်ခံမှာမဟုတ်သလို။ပါပါးသားရဲ့ အမျိုးမျိုးစော်ကားမှုတွေကိုလည်းအခုလိုသည်းခံနေမှာမဟုတ်ဘူး”
“ခင်ဗျားဘာစကားပြောတာလဲ”
“ကြားတဲ့အတိုင်းပဲ”
“ခင်ဗျားကတော့..”
ရှင်းခန့် မျက်လုံးတွေဟာဒေါသကြောင့်ရဲတတ်လာပြီး လရိပ်အားရန်မူမည့်အနေထားသို့ရောက်သောအခါ ပါပါးတားလိုက်လေ၏။
“ငါငြိမ်ခံနေမယ်ထင်လား ငါသွားချင်တဲ့နေရာသွားမယ်။ငါလုပ်ချင်တာလုပ်မယ်။ငါယူချင်တဲ့မိန်းမကိုယူမယ် မင်းစွတ်ဖက်စရာမလိုဘူး”
လရိပ်ကထိုသို့ပြောပြီး ခြံထဲပြေးဆင်းကာ လက်တလော ခြံထဲဝင်ရပ်လိုက်သည့်ကားပေါ်တတ်ပြီးမောင်းထွက်သွားလေ၏။
“ဒီလူ သေချင်နေတာလား”
ရှင်းခန့်လည်း သူ့ကားအနက်ရောင်ကြီးကိုမောင်းပြီးအနောက်မှ ကပ်လိုက်သွားရာ ရှင်းခန့်လိုက်လာမှန်းသိလို့ အရှိန်ကိုပိုမြင့်လေ၏။ရှင်းခန့်လဲဆက်လိုက်သင့်မလိုက်သင့်တွေဝေနေစဉ်မှာလဲ လရိပ်၏ကားလေးက ယိမ်းထိုးကာလမ်းဘေးမှသစ်ပင်အားအရှိန်ပြင်းစွာဝင်တိုက်မိလေ၏။
“လရိပ်!!!!”
ရှင်းခန့်ကားပေါ်ကဆင်းပြေးပြီး အရေးပေါ်ကားဆီသို့ဖုန်းဆက်လိုက်သည်။ပြီးနောက် ကားတံခါးဖွင့်ကာအထဲမှငြိမ်သက်နေသည့်ခန္တာကိုယ်လေးအား ဖွဖွလှုပ်ပေမယ့် ခန္တာကိုယ်ကနဲနဲမှမလှုပ်လာ။ခါးပတ်မပတ်ထားတာကြောင့် ခေါင်းကိုထိခိုက်ပြီး သွေးများစီးကျနေတာကြောင့် အပေါ်အင်္ကျီကိုသာချွတ်ပြီး သွေးတွေထပ်မကျစေရန်ဖိရင်း ဆေးရုံကားကိုသာပူလောက်စွာစောင့်နေရ၏။ဒီလိုအချိန်ဆို လူနာကိုမထိ မကိုင်ရန် ရှေးဦးသူနာပြုနည်းလမ်းတွေမှာ ရေးသားထားတာသူမှတ်သားဖူးခဲ့သည်။ကိုယ်ကမဆင်မခြင် ဆွဲမလိုက်တော့မှ လူနာသေသွားတာမျိုးဖြစ်တတ်တာကြောင့် သူဆေးရုံကားကိုသာစောင့်နေမိ၏။ မကြာခင်ဆေးရုံကားရောက်လာပြီး လရိပ်၏ခန္တာကိုယ်လေးအား ဆွဲထုတ်သွားလေသည်။ သူလည်းအနောက်မှလိုက်ကာ ကားပေါ်ဝင်ထိုင်လိုက်ပြီး အဆင် ပြေပါစေဟုတဖွဖွဆုတောင်းရင်း သူမသိလိုက်ခင်မှာပဲ မျက်လုံးကမျက်ရည်ကြည်တွေကျဆင်းလာသည်။
*ခင်ဗျားအရမ်းဆိုးတယ်။ ကျုပ်ထွက်သွားဆိုထွက်သွားပေးပါ့မယ် ကျေးဇူးပြုပြီး အသက်ရှင်ပေးပါ*
Zawgyi
“အဲ့တာဆိုလဲရုန်းကွာ!”
“ဆေးလိပ်စော်တွေနံတယ်။”
“အ့ shit!”
----
“........”
“အာ့။မနှိုင်းပါဘူးဗျား။ အစ်ကို အရမ်းရစ်တာပဲ”
“အစ်ကို”
“ဘာလဲ!”
“ရှင်းခန့်တည်!”
“ရှင်းခန့်”
“အွန်း!”
----------
“သူရ!”
“အာ..!”
“ရ ရပါတယ်”
“ဘာ...ဘာရာယ် ငါ့အမေကို”
“သူ သူရ!”
“ကြားတဲ့အတိုင်းပဲ”
“ခင်ဗျားကတော့..”
“ဒီလူ သေချင်နေတာလား”
“လရိပ်!!!!”