သူတို့ကားလေးဟာ ည7မှ ပဲခူးသို့ထွက်လာခဲ့လေ၏။ရှင်းခန့်ဟာကားကိုအာရုံစိုက်မောင်းပြီးအလုပ်ကိစ္စအတွက်မကျေမနပ်ဖြစ်ကာ ပွဲစားဆီသို့တစ်လမ်းလုံးနီးပါးအော်ငေါက်နေသည်။
“မင်းဘယ်လိုတာဝန်ယူမှာလဲ”
“ကျွန်တော် အဲ့ကောင်ကိုဆက်သွယ်လို့မရဘူးဆရာရာယ်။ကျွန်တော့်အမှားပါ”
“မင်းအမှားဆိုတာနဲ့ပြီးသွားရောလား။အပန်းဖြေစခန်းကပြီးလုနီးပါးဖြစ်နေပြီ သိန်းထောင်ချီအကုန်ခံပြီးဆောက်ထားရတာ”
“ကျွန်တော် အဲ့ကောင်ကိုလိုက်ရှာပါ့မယ်”
“အဲ့ကောင်ကိုတွေ့တော့ရောအဲ့ကောင်က ဘာလုပ်ပေးနိုင်မှာလဲ။သူ့ကိုထောင်ထဲထည့်ရုံနဲ့တော့မကျေနပ်နိုင်ဘူး”
“တောင်းပန်ပါတယ်ဆရာရာယ် ကျွန်တော့်အမှားပါ”
အမြဲခြံရှာ အိမ်ရှာဒီကောင်လေးနဲ့ပဲမို့မျက်စိမှိတ်ပြီးလွှတ်ထားရာမှ ပြသနာအကြီးကြီးတတ်တော့သည်။ဒီဆုံးရှုံးမှုကိုကောင်လေးကဘာတတ်နိုင်မှာလဲ။သူ့အတွက်ဒါက တစ်စိတ်တစ်ဒေသဆုံးရှုံးမှုဖြစ်ပေမယ့်ထိုကောင်လေးကိုအလျှော်တောင်းရင် ထိုကောင်လေးတစ်ဘဝလုံးတောင်ပျက်သွားလိမ့်မည်။ရှင်းခန့်စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချကာ..
“ထားလိုက် မင်းအဲ့ဒီလူလိမ်ကိုသာရှာ။ငါပိုင်ရှင်နဲ့ညှိကြည့်မယ်”
“ဆ ဆရာ ပိုင်ရှင်ကခေါင်းမာနေတယ်။ဘိုးဘွားပိုင်မြေမို့လို့မရောင်းနိုင်ဘူးတဲ့။ဆောက်လက်စတွေဖျက်ပေးဖို့ကိုပဲတောင်းဆိုနေတယ်”
“ဟာ ချီးပဲ။တောထဲကမြေကွက်ကိုကွာ။ ရောင်းရင်တောင် ရောင်းမထွက်မယ့်ဟာကို”
ရှင်းခန့်ကိုကြည့်ပြီးလရိပ်မနေနိုင်မထိုင်နိုင်ဖြစ်ကာ မေးခွန်းထုတ်မိလေသည်။
“အဲ့တောထဲမှာ အပန်းဖြေစခန်းဆောက်တော့ရော ဘယ်သူလာမှာမို့လို့လဲ”
“သုံးမကုန်ဖြုန်းမကုန်ငွေပိုနေတဲ့လူတွေကဘယ်နေရာမှာ ဘာပျော်စရာရှိလဲဆိုတာပဲအမြဲရှာနေတာ”
လရိပ်နှုတ်ခမ်းတစ်ချက်မဲ့ကာ တွန့်လိုက်ပြီးနောက်..
“လောကကြီးကလဲ မတရားလိုက်တာ မရှိတဲ့လူတွေကြတော့လဲ ကုန်းကောက်စရာကိုမရှိတဲ့ဘဝ”
သူ့အပြောကိုရှင်းခန့်ကစိတ်ဝင်စားတာလား မဝင်စားတာလားမသိ ခပ်ယဲ့ယဲ့ပြုံးနေတာကြောင့်..
“ငါပြောတဲ့ထဲ ရယ်စရာပါလား”
“ခင်ဗျားပြောတာကိုရယ်တာမဟုတ်ဘူး။ကျုပ်သာဆိုလဲ ဒီလိုလူတွေနဲ့ဝေးတဲ့အပန်းဖြေစခန်းလေးကို honeymoon ခရီးအဖြစ်ရွေးချင်တယ်”
*နှာဘူး...ဒါပဲတွေးတယ်။လူတိုင်းကိုသူ့လိုများမှတ်နေလား*
လရိပ်မျက်စောင်းထိုးကာတစ်ဖက်သို့လှည့်သွားလေသည်။
“တိတ်ဆိတ်ပြီးသာယာ အေးချမ်းတဲ့ နေရာလေးမှာခင်ဗျားရဲ့အော်သံလေးက တော်တော်နားထောင်ကောင်းမှာ”
လရိပ်မျက်လုံးတွေပြူးကျယ်သွားခဲ့ပြီး သူ့လက်မောင်းကြီးအား ခပ်ပြင်းပြင်းထုချလိုက်ပေမယ့် သူကနာဟန်မပြပဲ လူယုတ်မာပြုံးပြုံးလျှက် ရှေ့ကိုကြည့်ပြီးတော့သာကာမောင်းနေသည်။
“တစ်ချိန်လုံး အဲ့တာပဲတွေးနေတယ်....အ့”
ရုတ်တရက်ကားက ထိုးရပ်သွားတာကြောင့်လရိပ်ကိုယ်လေးအရှေ့သို့ငိုက်ကျသွားသည်။ခါးပတ်ပတ်ထားတာကြောင့် သူ့ခေါင်းတော့ dashboard နဲ့မစောင့်မိ။
ကားရှေ့တွင်လာပိတ်ရပ်နေသည့် လူလတ်ပိုင်းတစ်ဦးကြောင့် ရှင်းခန့်ကားကိုရပ်လိုက်တာဖြစ်ပြီး ကားပေါ်မှဆင်းမည်လုပ်တော့..
“နေဦးလေ သူခိုးဓားမြတွေဖြစ်နေဦးမယ်။စွတ်မဆင်းနဲ့”
“ယောက်ျားကိုစိတ်ပူနေတာလား”
ဒီလိုအချိန်တောင် ခနော်ခနဲ့ပြောနေတဲ့လူကိုလရိပ်တော်တော်လေးတော့အမြင်ကတ်နေပြီဖြစ်သည်။ ရှင်းခန့်ကားပေါ်ကဆင်းလိုက်သည်နှင့်..
“ဆရာတို့ ကူညီပါဦး ကျွန်တော့်မိန်းမ မီးမဖွားနိုင်လို့ဆေးရုံသွားမလို့ ကားကစက်ရပ်သွားလို့ ကူညီပါဦး”
ဆေးရုံ! ရှင်းခန့်အကျပ်ရိုက်သွားသည် ဒီ Hight way လမ်းမပေါ်ကနေဆေးရုံဆိုတာအလွန်ဆုံး တစ်နာရီနီးပါးမောင်းရမည်။ကားပေါ်ကအမျိုးသမီးကတော်တော်မခံမရပ်နိုင်အောင်ဖြစ်ပြီးအော်ဟစ်နေရသည်။
ထိုအခါ လရိပ်ကကားပေါ်ကဆင်းလာပြီးအမျိုးသမီးအားတစ်ချက်ကြည့်လိုက်ရာ..
“အစ်ကို့အမျိုးသမီးဒီအတိုင်းဆိုအန္တာရာယ်ရှိတယ်။ခုနေဆေးရုံသွားရင်မှီမှာမဟုတ်ဘူး။”
“မဖြစ်ဘူး။သူတစ်ခုခုဖြစ်လို့မရဘူး”
ယောက်ျားကြီးတန်မဲ့မရှက်နိုင်ပဲငိုနေသည့်အပူမီးကိုသူတို့မျှဝေခံစားမိပါသည်။ထိုအခါလရိပ်ကအချိန်ဆွဲမနေပဲကားထဲကသူ့ဆေးသေတ္တာကိုဆွဲထုတ်လာသည်။နေရာတကာ ယူလာတဲ့ဆေးသေတ္တာကြောင့် ရှင်းခန့်သူ့ကိုအမြဲပြောခဲ့ရာအခုတော့အဆင်သင့်ဖြစ်သွားသည်။သူ့ဆေးသေတ္တာက မီးဖွားသည့်အခါမှာသုံးသည့်ပစ္စည်းတွေကြောင့်ဘယ်နေရာမှာသုံးဖို့အလေးခံသယ်လာသလဲရှင်းခန့်အမြဲမေးနေရတာဖြစ်ပြီး ဒီတစ်ခါတော့အသုံးဝင်သွားခဲ့ပြီ။
လရိပ်ကသူတို့၏ probox ကားနောက်ဖုံးကိုဖွင့်ချလိုက်ပြီးအမျိုးသမီးကိုလိုအပ်သည့်ဆေးပုလင်းများချိတ်ပေးလိုက်သည်။သူလည်းရာဘာလက်အိပ်ကိုစွပ်ပြီး အမျိုးသမီး၏ဗိုက်ကို ကလေးအနေထားမှန်အောင် တည့်မက်ပေးနေ၏။အမျိုးသမီးကတော့ နာကျင်လွန်းလို့အော်ဟစ်ငိုယိုနေပြီး တိတ်ဆိတ်သည့်ကားလမ်းလေးက သူမအအော်သံနှင့်ဖုံးလွှမ်းလျှက်ရှိသည်။
“ဆရာ ကျွန်မ မခံနိုင်တော့ဘူးထင်တယ်။ကျွန်မ အသက်ရှုလို့မရတော့ဘူး”
“ခဏလေး သည်းခံပေးပါနော် ကျွန်တော် ကလေးကိုမွေးလမ်းကြောင်းဆီတည့်အောင် လုပ်ပေးမယ်။ကလေးကမွေးလမ်းကြောင်းနဲ့မတည့်ဘူး။ကန့်လန့်မဟုတ်လို့တော့တော်သေးတယ် ကျွန်တော် ကြိုးစားပေးမယ်”
အော်ဟစ်နေသည့်အမျိုးသမီးနှင့် ချွေးတွေရွှဲကာ ပြာယာခတ်နေသည့် လရိပ်ကိုကြည့်ပြီးရှင်းခန့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပေ။ထို့အထူ အမျိုးသမီး၏ယောက်ျားမှာလဲသူထက်ပင်ပိုပြီး ပူဆွေးနေတာကြောင့်..
“ခင်ဗျားစိတ်အရမ်းမပူပါနဲ့။သူကသားဖွားဆရာဝန်ပါ။အဆင်ပြေသွားပါလိမ့်မယ်”
“ဘုရားမလို့သာပဲညီ လေးတို့နဲ့တွေ့ရတာ။ကလေးမွေးရက်ကနောက်တစ်ပတ်မှ ဗျ။သူကရုတ်တရက်ကြီးဗိုက်နာလာလို့”
သူ့အမျိုးသမီး၏အော်ငိုသံကပိုမိုကျယ်လောင်လာပြီး သူ့ဒူးတွေပါယိုင်ကာလဲမလိုဖြစ်လို့ရှင်းခန့်ထိန်းပေးထားရသည်။တစ်နာရီနီးပါးကြာတဲ့အခါမှာတော့ကလေးငိုသံထွက်ပေါ်လာသဖြင့်သူတို့အပြေးလေးကားနားကိုလာခဲ့ကြရာ ဖြူဖွေးနေသည့်ကလေးလေးကိုလရိပ်က ကမ်းပေးပြီးမိခင်ကိုလိုအပ်တဲ့ဆေးကုသမှုတွေဆက်လုပ်၏။
“မိခင်ရောကလေးရောကျန်းမာတယ်၊ေယာကျ်ား လေး။”
လရိပ်က မိခင်အားသန့်ရှင်းရေးလုပ်နေရင်းလှမ်းပြောလိုက်တော့ သူမအမျိုးသားမှာအတိုင်းမသိပျော်ရွှင်သွားပြီး သူ့ကလေးလေးကိုကိုတယုတယပိုက်ကာကျေးဇူးတင်ကြောင်းတဖွဖွပြောနေ၏။ ရှင်းခန့်ကတော့အခု ချိန်ထိအလုပ်ရှုပ်နေသည့်လရိပ်ကိုငေးကြည့်နေသည်။အင်္ကျီအဖြူလေးတစ်ခုလုံးသွေးတွေစွန်းနေပြီး နှဖူးမှလည်းချွေးတွေပေါက်ပေါက်ကျနေ၏။ အမျိုးသမီးအဆင်ပြေသွားသည့်အခါမှာတော့ လရိပ်လည်း သက်ပြင်းချလျှက် ကားဆီသို့ပြန်လာပြီးထိုင်ချလိုက်သောအခါ ရှင်းခန့်က သူ့နှဖူးကချွေးလေးတွေကိုသုတ်ပေးလာသည်။
သူရှင်းခန့်ကိုတစ်ချက်ပင်ကြည့်ပြီးမျက်လုံးလေးမှိတ်ကာ အမောဖြေနေ၏။မကြာခင်မှာပဲ ထိုလူ၏မိသားစုဝင်များ အသီးသီး ကားဖြင့်ရောက်လာကြရာ သူတို့လည်းနောက်ကျနေပြီဖြစ်သောကြောင့်နှုတ်မဆက်ပဲထွက်လာခဲ့သည်။
ရှင်းခန့်တို့ရောက်သည့်အခါတွင် အလုပ်သမားများကသူတို့အားစောင့်ကြိုနေ၏။ကားလမ်းမကြီးမှ အထဲသို့နာရီဝက်လောက်ဝင်လာခဲ့ပြီးအပန်းဖြေစခန်းသို့ရောက်သောအခါ လရိပ်ရင်ထဲတစ်မျိုးကြီးဖြစ်သွားရသည်။လွမ်းသလိုလိုဆွေးသလိုလိုခံစားချက်ကြီးက ရင်ထဲသို့ချက်ချင်းနေရာယူလာ၏။ မှောင်မဲတိတ်ဆိတ်ခြောက်ကပ်နေသည့်တောထဲမှာယာယီ မီးသီးလေးတွေကို battery ဖြင့်ထွန်းထားပြီး မီးသီးအလင်းရောင်ပေါ်မှာ ဖြုတ်လေးတွေဝဲနေသည်။ဆောက်လက်စဘန်ဂလိုလေးတွေက အမိုးလေးတွေမိုးဖို့ကျန်နေ၏။အနီးနားပတ်ဝန်းကျင်မှာလဲပုဇင်းရင်ကွဲတွေတကျီကျီအော်နေကြပြီး လမင်းကြီးမှာလဲထိန်ထိန်သာလျှက်ရှိ၏။
သူ့ငယ်ဘဝလေးကိုလုံးဝအမှတ်ရသွားရပြန်ပြီး အတွေးတို့မဆုံးခင်မှာပဲ..
“ဆရာ ဘယ်လိုမှ ညှိလို့မရဘူး”
“ပိုင်ရှင်ကအခုဘယ်မှာလဲ”
“ပိုင်ရှင်က ကိစ္စရှိလို့မလာဘူး သူ့လူတွေပဲလွှတ်လိုက်တယ်”
“ပိုင်ရှင်နဲ့တွေ့မယ်လို့ပြောလိုက်”
“ဆရာ ဒီကလူတွေကအုပ်စုဖွဲ့ပြီးနေတာ။အတင်းကျပ်လုပ်ရင်အန္တာရာယ်များတယ်”
“ဒါဆို မင်းတို့ လျှော်မလား။အမိုးတွေပဲမိုးဖို့ကျန်တော့တာလေ အကုန်ပြီးနေပြီ။ငါဘယ်လောက်ထိကုန်ထားလဲ မင်းတို့မသိလို့လား”
အလုပ်သမားတွေလဲငြိမ်ကျသွားပြီးနောက်..
“ပိုင်ရှင်ကိုကိုယ်တိုင်တွေ့မယ်လို့ပြောလိုက်ပါမယ်ဆရာ”
ရှင်းခန့်ထိုနေရာမှ ထွက်သွားပြီး အနားယူရန်လုပ်ထားသည့် သရက်ပင်ပုလေးအောက်ကထိုင်ခုံလေးမှာထိုင်လိုက်သည်။ဘယ်အရာကြောင့်မှ မျက်နှာတစ်ချက်ယိုယွင်းသွားခြင်းမရှိဖူးတဲ့ ရှင်းခန့်၏ပူပန်နေသည့်မျက်နှာကိုလရိပ်အခုမှမြင်ဖူးတာဖြစ်သည်။ ရှင်းခန့်ကအသင့်ပါလာသည့်စီးကရက်ကို မီးညှိကာမျက်စိစုံမှိတ်လျှက် မိုးပေါ်သို့မှုတ်ထုတ်ပစ်၏။
“မင်းအဲ့လောက်စိတ်မညစ်ပါနဲ့ အဆင်ပြေသွားမှာပါ”
လရိပ်၏တစ်ခါမှ မလုပ်ဖူးတဲ့နှစ်သိမ့်မှုကြောင့်ရှင်းခန့်မျက်လုံးလေးတွေဖြေးဖြေးပွင့်ကာစွေကြည့်လိုက်သည်။
“ပိုက်ဆံတွေကုန်လို့စိတ်ညစ်နေတယ်ထင်နေတာလား”
“ဒါဆိုဘာလို့လဲ”
“ဒီနေရာကိုလိုချင်တာ။ခင်ဗျားကိုအမြဲခေါ်လာပြီး...”
“နှာဘူးကောင်။အဲ့တာကြောင့်အဲ့လိုဖြစ်တာ”
“ဟ့ စကားဆုံးအောင်နားထောင်ပါဦး။ခင်ဗျားကဆေးရုံမှာအရမ်းပင်ပန်းတယ်မဟုတ်လား။ကျုပ်အဲ့လိုတွေးမိပြီး ဒီလိုတိတ်ဆိတ်တဲ့နေရာလေးဖန်တီးပေးချင်တာ။”
လရိပ်လည်း ရှက်ရှက်နှင့် သူ့ကိုပင်မကြည့်ပဲ မျက်နှာလွှဲကာအဝေးကလမင်းကြီးကိုသာကြည့်နေ၏။
“အခုကျုပ်ကဒီနေရာကိုပိုလို့တောင်လိုချင်သွားပြီ။ခင်ဗျားအလုပ်က ထင်တာထက်ပိုပင်ပန်းတာပဲ”
“အဲ့လောက်မဟုတ်ပါဘူး ပစ္စည်းအစုံလင်မရှိတာကြောင့်ပါ..အ့”
ရှင်းခန့်က လရိပ်အားပေါင်ပေါ်သို့ဆွဲချလိုက်တာဖြစ်ပြီး။ခါးမှဖက်ထားလေ၏။
“ခက်ခက်ခဲခဲကြိုးစားခဲ့ရမှာပဲ။ဘာမှ မသိပဲတစ်ချိန်လုံးနှောက်ယှက်နေခဲ့မိလို့တောင်းပန်တယ်။စိတ်ရင်းနဲ့ပြောတာ”
လရိပ်ကအစတည်းက နှလုံးသားမရှိတဲ့လူမှမဟုတ်ပဲ။တစ်ဖက်သားကခုလိုတောင်းပန်လာတော့ သူဘယ်လိုမှ လျစ်လျူမရှုနိုင်။
“ရပါတယ် မင်းဆီမှာ အဲ့လိုကိုယ်ချင်းစာစိတ်ရှိနေတယ်ဆိုပဲငါကျေနပ်ပြီ”
လရိပ်၏နူးညံ့သည့်နှလုံးသားလေးကိုအခွင့်ကောင်းယူကာ ရှင်းခန့်ကအဆင့်တတ်လာပြီး ခါးသေးသေးလေးကိုသူ့လက်ဖျံကြီးတွေနှင့်ပိုက်လျှက် နှုတ်ခမ်းလေးအားဖွဖွနမ်းလိုက်၏။ တိတ်ဆိတ်ပြီးအေးစက်သည့်အမှောင်ထုကြောင့်လား။ လရောင်အောက်မှာရှင်းခန့်၏မေးရိုးတွေကပဲယောက်ျားပီသပြီးဆွဲဆောင်နိုင်နေလို့များလား လရိပ်ရုန်းချင်စိတ်မရှိပဲ ဆေးလိပ်နံ့စွဲနေသည့်နှုတ်ခမ်းညိုညိုကြီးကို မထိတထိတုန့်ပြန်မိနေသည်။
တုန့်ပြန်မှုမရှိတာကြောင့်စွဲလမ်းနေတဲ့ရှင်းခန့်အတွက်ကတော့ ထိုတုန့်ပြန်မှုပိစိလေးက ရင်ခုန်သံတွေပေါက်ထွက်မတတ်စိတ်လှုပ်ရှားနေ၏။ ထိုနောက်ရှင်းခန့်၏လက်တွေကအငြိမ်မနေပဲပွတ်သပ်လာတဲ့အခါမှာတော့ လရိပ်ရုန်းထွက်လိုက်လေသည် ။
“ဘယ်လိုဖြစ်နေတာလဲ ”
“အာ...ကျုပ်စိတ်လွတ်သွားတယ်”
“တစ်ချိန်လုံးလွတ်နေလိုက်”
“ခင်ဗျားအရမ်းမဆွဲဆောင်နဲ့လေ”
“ငါဘယ်မှာဆွဲဆောင်လို့လဲ”
“ခင်ဗျားဘာလုပ်လုပ် ဆွဲဆောင်နေတယ်လို့ပဲမြင်တယ်”
“အဲ့တာတော့ငါဘယ်တတ်နိုင်မှာလဲ”
“ကဲတော်ပါပြီ။ဒီလိုအေးချမ်းတဲ့ညလေးမှာခင်ဗျားနဲ့စကားမများချင်ဘူး။သီချင်းနားထောင်”
သူကိုရှင်းခန့်ကဘေးမှာထိုင်စေပြီး နားကြပ်တစ်ဖက်ကိုတပ်ပေးလိုက်လေသည်။
🎼တိမ်တွေနေတဲ့အရပ်ဆီကို နင်နဲ့ငါလေတွေတိုက်တုန်းသွားမယ်ကွာဖက်ထားပါ..တုန်ရီနေတဲ့ငါ့လက်ကလေး နင်ကိုင်ထားပါ..ငါရင်တွေခုန်လွန်းလို့ပါ🎼
“အာ.သီချင်းအဟောင်းကြီး။”
“ငြိမ်ငြိမ်နေပြီး နားထောင်ပါ။ကိုယ်ကြိုက်ရင် ဘယ်လောက်ဟောင်းဟောင်းအသစ်ပဲ။အဲ့တိမ်တွေကြားထဲမှာ အတူတူရယ်မောနေတဲ့ပုံရိပ်ကိုတွေးမိတိုင်း ဘယ်လိုကြည်နူးမှန်းမသိဘူး”
သူတို့နှစ်ဦးခဏတာ သံစဉ်တွေနှင့်အတူအကြည့်ချင်းဆုံသွားပြီး။ရှင်းခန့်၏မျက်လုံးမှေးမှေးလေးကခပ်စူးစူးအကြည့်တွေနှင့် ညိုနေသည့်နှုတ်ခမ်းထက်ကအပြုံးရေးရေးတွေက လရိပ်ရင်ထဲကိုအရှက်သည်းကာလှိုက်ဖိုစေလာတာကြောင့် မျက်နှာလွှဲကာ လမင်းကြီးကိုသာမော့ကြည့်နေလိုက်သည်။ ရှင်းခန့်လဲသဘောကျစွာပြုံးလျှက်သူ့လက်တစ်ဖက်က လရိပ်ပုခုံးပေါ်အသာတင်ပြီး လမင်းကြီးကိုအတူငေးကြည့်နေလိုက်၏။
Zawgyi
သူတို႔ကားေလးဟာ ည7မွ ပဲခူးသို႔ထြက္လာခဲ့ေလ၏။ရွင္းခန႔္ဟာကားကိုအာ႐ုံစိုက္ေမာင္းၿပီးအလုပ္ကိစၥအတြက္မေက်မနပ္ျဖစ္ကာ ပြဲစားဆီသို႔တစ္လမ္းလုံးနီးပါးေအာ္ေငါက္ေနသည္။
“မင္းဘယ္လိုတာဝန္ယူမွာလဲ”
“ကြၽန္ေတာ္ အဲ့ေကာင္ကိုဆက္သြယ္လို႔မရဘူးဆရာရာယ္။ကြၽန္ေတာ့္အမွားပါ”
“မင္းအမွားဆိုတာနဲ႕ၿပီးသြားေရာလား။အပန္းေျဖစခန္းကၿပီးလုနီးပါးျဖစ္ေနၿပီ သိန္းေထာင္ခ်ီအကုန္ခံၿပီးေဆာက္ထားရတာ”
“ကြၽန္ေတာ္ အဲ့ေကာင္ကိုလိုက္ရွာပါ့မယ္”
“အဲ့ေကာင္ကိုေတြ႕ေတာ့ေရာအဲ့ေကာင္က ဘာလုပ္ေပးနိုင္မွာလဲ။သူ႕ကိုေထာင္ထဲထည့္႐ုံနဲ႕ေတာ့မေက်နပ္နိုင္ဘူး”
“ေတာင္းပန္ပါတယ္ဆရာရာယ္ ကြၽန္ေတာ့္အမွားပါ”
အၿမဲၿခံရွာ အိမ္ရွာဒီေကာင္ေလးနဲ႕ပဲမို႔မ်က္စိမွိတ္ၿပီးလႊတ္ထားရာမွ ျပသနာအႀကီးႀကီးတတ္ေတာ့သည္။ဒီဆုံးရႈံးမႈကိုေကာင္ေလးကဘာတတ္နိုင္မွာလဲ။သူ႕အတြက္ဒါက တစ္စိတ္တစ္ေဒသဆုံးရႈံးမႈျဖစ္ေပမယ့္ထိုေကာင္ေလးကိုအေလွ်ာ္ေတာင္းရင္ ထိုေကာင္ေလးတစ္ဘဝလုံးေတာင္ပ်က္သြားလိမ့္မည္။ရွင္းခန႔္စိတ္ကိုအတတ္နိုင္ဆုံးေလွ်ာ့ခ်ကာ..
“ထားလိုက္ မင္းအဲ့ဒီလူလိမ္ကိုသာရွာ။ငါပိုင္ရွင္နဲ႕ညွိၾကည့္မယ္”
“ဆ ဆရာ ပိုင္ရွင္ကေခါင္းမာေနတယ္။ဘိုးဘြားပိုင္ေျမမို႔လို႔မေရာင္းနိုင္ဘူးတဲ့။ေဆာက္လက္စေတြဖ်က္ေပးဖို႔ကိုပဲေတာင္းဆိုေနတယ္”
“ဟာ ခ်ီးပဲ။ေတာထဲကေျမကြက္ကိုကြာ။ ေရာင္းရင္ေတာင္ ေရာင္းမထြက္မယ့္ဟာကို”
ရွင္းခန႔္ကိုၾကည့္ၿပီးလရိပ္မေနနိုင္မထိုင္နိုင္ျဖစ္ကာ ေမးခြန္းထုတ္မိေလသည္။
“အဲ့ေတာထဲမွာ အပန္းေျဖစခန္းေဆာက္ေတာ့ေရာ ဘယ္သူလာမွာမို႔လို႔လဲ”
“သုံးမကုန္ျဖဳန္းမကုန္ေငြပိုေနတဲ့လူေတြကဘယ္ေနရာမွာ ဘာေပ်ာ္စရာရွိလဲဆိုတာပဲအၿမဲရွာေနတာ”
လရိပ္ႏႈတ္ခမ္းတစ္ခ်က္မဲ့ကာ တြန႔္လိုက္ၿပီးေနာက္..
“ေလာကႀကီးကလဲ မတရားလိုက္တာ မရွိတဲ့လူေတြၾကေတာ့လဲ ကုန္းေကာက္စရာကိုမရွိတဲ့ဘဝ”
သူ႕အေျပာကိုရွင္းခန့္ကစိတ္ဝင္စားတာလား မဝင္စားတာလားမသိ ခပ္ယဲ့ယဲ့ၿပဳံးေနတာေၾကာင့္..
“ငါေျပာတဲ့ထဲ ရယ္စရာပါလား”
“ခင္ဗ်ားေျပာတာကိုရယ္တာမဟုတ္ဘူး။က်ဳပ္သာဆိုလဲ ဒီလိုလူေတြနဲ႕ေဝးတဲ့အပန္းေျဖစခန္းေလးကို honeymoon ခရီးအျဖစ္ေ႐ြးခ်င္တယ္”
*ႏွာဘူး...ဒါပဲေတြးတယ္။လူတိုင္းကိုသူ႕လိုမ်ားမွတ္ေနလား*
လရိပ္မ်က္ေစာင္းထိုးကာတစ္ဖက္သို႔လွည့္သြားေလသည္။
“တိတ္ဆိတ္ၿပီးသာယာ ေအးခ်မ္းတဲ့ ေနရာေလးမွာခင္ဗ်ားရဲ႕ေအာ္သံေလးက ေတာ္ေတာ္နားေထာင္ေကာင္းမွာ”
လရိပ္မ်က္လုံးေတြျပဴးက်ယ္သြားခဲ့ၿပီး သူ႕လက္ေမာင္းႀကီးအား ခပ္ျပင္းျပင္းထုခ်လိဳက္ေပမယ့္ သူကနာဟန္မျပပဲ လူယုတ္မာၿပဳံးၿပဳံးလွ်က္ ေရွ႕ကိုၾကည့္ၿပီးေတာ့သာကာေမာင္းေနသည္။
“တစ္ခ်ိန္လုံး အဲ့တာပဲေတြးေနတယ္....အ့”
႐ုတ္တရက္ကားက ထိုးရပ္သြားတာေၾကာင့္လရိပ္ကိုယ္ေလးအေရွ႕သို႔ငိုက္က်သြားသည္။ခါးပတ္ပတ္ထားတာေၾကာင့္ သူ႕ေခါင္းေတာ့ dashboard နဲ႕မေစာင့္မိ။
ကားေရွ႕တြင္လာပိတ္ရပ္ေနသည့္ လူလတ္ပိုင္းတစ္ဦးေၾကာင့္ ရွင္းခန႔္ကားကိုရပ္လိုက္တာျဖစ္ၿပီး ကားေပၚမွဆင္းမည္လုပ္ေတာ့..
“ေနဦးေလ သူခိုးဓားျမေတြျဖစ္ေနဦးမယ္။စြတ္မဆင္းနဲ႕”
“ေယာက္်ားကိုစိတ္ပူေနတာလား”
ဒီလိုအခ်ိန္ေတာင္ ခေနာ္ခနဲ႕ေျပာေနတဲ့လူကိုလရိပ္ေတာ္ေတာ္ေလးေတာ့အျမင္ကတ္ေနၿပီျဖစ္သည္။ ရွင္းခန႔္ကားေပၚကဆင္းလိုက္သည္ႏွင့္..
“ဆရာတို႔ ကူညီပါဦး ကြၽန္ေတာ့္မိန္းမ မီးမဖြားနိုင္လို႔ေဆး႐ုံသြားမလို႔ ကားကစက္ရပ္သြားလို႔ ကူညီပါဦး”
ေဆး႐ုံ! ရွင္းခန႔္အက်ပ္ရိုက္သြားသည္ ဒီ Hight way လမ္းမေပၚကေနေဆး႐ုံဆိုတာအလြန္ဆုံး တစ္နာရီနီးပါးေမာင္းရမည္။ကားေပၚကအမ်ိဳးသမီးကေတာ္ေတာ္မခံမရပ္နိုင္ေအာင္ျဖစ္ၿပီးေအာ္ဟစ္ေနရသည္။
ထိုအခါ လရိပ္ကကားေပၚကဆင္းလာၿပီးအမ်ိဳးသမီးအားတစ္ခ်က္ၾကည့္လိုက္ရာ..
“အစ္ကို႔အမ်ိဳးသမီးဒီအတိုင္းဆိုအႏၲာရာယ္ရွိတယ္။ခုေနေဆး႐ုံသြားရင္မွီမွာမဟုတ္ဘူး။”
“မျဖစ္ဘူး။သူတစ္ခုခုျဖစ္လို႔မရဘူး”
ေယာက္်ားႀကီးတန္မဲ့မရွက္နိုင္ပဲငိုေနသည့္အပူမီးကိုသူတို႔မွ်ေဝခံစားမိပါသည္။ထိုအခါလရိပ္ကအခ်ိန္ဆြဲမေနပဲကားထဲကသူ႕ေဆးေသတၱာကိုဆြဲထုတ္လာသည္။ေနရာတကာ ယူလာတဲ့ေဆးေသတၱာေၾကာင့္ ရွင္းခန႔္သူ႕ကိုအၿမဲေျပာခဲ့ရာအခုေတာ့အဆင္သင့္ျဖစ္သြားသည္။သူ႕ေဆးေသတၱာက မီးဖြားသည့္အခါမွာသုံးသည့္ပစၥည္းေတြေၾကာင့္ဘယ္ေနရာမွာသုံးဖို႔အေလးခံသယ္လာသလဲရွင္းခန့္အၿမဲေမးေနရတာျဖစ္ၿပီး ဒီတစ္ခါေတာ့အသုံးဝင္သြားခဲ့ၿပီ။
လရိပ္ကသူတို႔၏ probox ကားေနာက္ဖုံးကိုဖြင့္ခ်လိဳက္ၿပီးအမ်ိဳးသမီးကိုလိုအပ္သည့္ေဆးပုလင္းမ်ားခ်ိတ္ေပးလိုက္သည္။သူလည္းရာဘာလက္အိပ္ကိုစြပ္ၿပီး အမ်ိဳးသမီး၏ဗိုက္ကို ကေလးအေနထားမွန္ေအာင္ တည့္မက္ေပးေန၏။အမ်ိဳးသမီးကေတာ့ နာက်င္လြန္းလို႔ေအာ္ဟစ္ငိုယိုေနၿပီး တိတ္ဆိတ္သည့္ကားလမ္းေလးက သူမအေအာ္သံႏွင့္ဖုံးလႊမ္းလွ်က္ရွိသည္။
“ဆရာ ကြၽန္မ မခံနိုင္ေတာ့ဘူးထင္တယ္။ကြၽန္မ အသက္ရႈလို႔မရေတာ့ဘူး”
“ခဏေလး သည္းခံေပးပါေနာ္ ကြၽန္ေတာ္ ကေလးကိုေမြးလမ္းေၾကာင္းဆီတည့္ေအာင္ လုပ္ေပးမယ္။ကေလးကေမြးလမ္းေၾကာင္းနဲ႕မတည့္ဘူး။ကန႔္လန႔္မဟုတ္လို႔ေတာ့ေတာ္ေသးတယ္ ကြၽန္ေတာ္ ႀကိဳးစားေပးမယ္”
ေအာ္ဟစ္ေနသည့္အမ်ိဳးသမီးႏွင့္ ေခြၽးေတြ႐ႊဲကာ ျပာယာခတ္ေနသည့္ လရိပ္ကိုၾကည့္ၿပီးရွင္းခန႔္ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေပ။ထို႔အထူ အမ်ိဳးသမီး၏ေယာက္်ားမွာလဲသူထက္ပင္ပိုၿပီး ပူေဆြးေနတာေၾကာင့္..
“ခင္ဗ်ားစိတ္အရမ္းမပူပါနဲ႕။သူကသားဖြားဆရာဝန္ပါ။အဆင္ေျပသြားပါလိမ့္မယ္”
“ဘုရားမလို႔သာပဲညီ ေလးတို႔နဲ႕ေတြ႕ရတာ။ကေလးေမြးရက္ကေနာက္တစ္ပတ္မွ ဗ်။သူက႐ုတ္တရက္ႀကီးဗိုက္နာလာလို႔”
သူ႕အမ်ိဳးသမီး၏ေအာ္ငိုသံကပိုမိုက်ယ္ေလာင္လာၿပီး သူ႕ဒူးေတြပါယိုင္ကာလဲမလိုျဖစ္လို႔ရွင္းခန႔္ထိန္းေပးထားရသည္။တစ္နာရီနီးပါးၾကာတဲ့အခါမွာေတာ့ကေလးငိုသံထြက္ေပၚလာသျဖင့္သူတို႔အေျပးေလးကားနားကိုလာခဲ့ၾကရာ ျဖဴေဖြးေနသည့္ကေလးေလးကိုလရိပ္က ကမ္းေပးၿပီးမိခင္ကိုလိုအပ္တဲ့ေဆးကုသမႈေတြဆက္လုပ္၏။
“မိခင္ေရာကေလးေရာက်န္းမာတယ္၊ေယာက်္ား ေလး။”
လရိပ္က မိခင္အားသန႔္ရွင္းေရးလုပ္ေနရင္းလွမ္းေျပာလိုက္ေတာ့ သူမအမ်ိဳးသားမွာအတိုင္းမသိေပ်ာ္႐ႊင္သြားၿပီး သူ႕ကေလးေလးကိုကိုတယုတယပိုက္ကာေက်းဇူးတင္ေၾကာင္းတဖြဖြေျပာေန၏။ ရွင္းခန႔္ကေတာ့အခု ခ်ိန္ထိအလုပ္ရႈပ္ေနသည့္လရိပ္ကိုေငးၾကည့္ေနသည္။အကၤ်ီအျဖဴေလးတစ္ခုလုံးေသြးေတြစြန္းေနၿပီး ႏွဖူးမွလည္းေခြၽးေတြေပါက္ေပါက္က်ေန၏။ အမ်ိဳးသမီးအဆင္ေျပသြားသည့္အခါမွာေတာ့ လရိပ္လည္း သက္ျပင္းခ်လွ်က္ ကားဆီသို႔ျပန္လာၿပီးထိုင္ခ်လိဳက္ေသာအခါ ရွင္းခန႔္က သူ႕ႏွဖူးကေခြၽးေလးေတြကိုသုတ္ေပးလာသည္။
သူရွင္းခန႔္ကိုတစ္ခ်က္ပင္ၾကည့္ၿပီးမ်က္လုံးေလးမွိတ္ကာ အေမာေျဖေန၏။မၾကာခင္မွာပဲ ထိုလူ၏မိသားစုဝင္မ်ား အသီးသီး ကားျဖင့္ေရာက္လာၾကရာ သူတို႔လည္းေနာက္က်ေနၿပီျဖစ္ေသာေၾကာင့္ႏႈတ္မဆက္ပဲထြက္လာခဲ့သည္။
ရွင္းခန႔္တို႔ေရာက္သည့္အခါတြင္ အလုပ္သမားမ်ားကသူတို႔အားေစာင့္ႀကိဳေန၏။ကားလမ္းမႀကီးမွ အထဲသို႔နာရီဝက္ေလာက္ဝင္လာခဲ့ၿပီးအပန္းေျဖစခန္းသို႔ေရာက္ေသာအခါ လရိပ္ရင္ထဲတစ္မ်ိဳးႀကီးျဖစ္သြားရသည္။လြမ္းသလိုလိုေဆြးသလိုလိုခံစားခ်က္ႀကီးက ရင္ထဲသို႔ခ်က္ခ်င္းေနရာယူလာ၏။ ေမွာင္မဲတိတ္ဆိတ္ေျခာက္ကပ္ေနသည့္ေတာထဲမွာယာယီ မီးသီးေလးေတြကို battery ျဖင့္ထြန္းထားၿပီး မီးသီးအလင္းေရာင္ေပၚမွာ ျဖဳတ္ေလးေတြဝဲေနသည္။ေဆာက္လက္စဘန္ဂလိုေလးေတြက အမိုးေလးေတြမိုးဖို႔က်န္ေန၏။အနီးနားပတ္ဝန္းက်င္မွာလဲပုဇင္းရင္ကြဲေတြတက်ီက်ီေအာ္ေနၾကၿပီး လမင္းႀကီးမွာလဲထိန္ထိန္သာလွ်က္ရွိ၏။
သူ႕ငယ္ဘဝေလးကိုလုံးဝအမွတ္ရသြားရျပန္ၿပီး အေတြးတို႔မဆုံးခင္မွာပဲ..
“ဆရာ ဘယ္လိုမွ ညွိလို႔မရဘူး”
“ပိုင္ရွင္ကအခုဘယ္မွာလဲ”
“ပိုင္ရွင္က ကိစၥရွိလို႔မလာဘူး သူ႕လူေတြပဲလႊတ္လိုက္တယ္”
“ပိုင္ရွင္နဲ႕ေတြ႕မယ္လို႔ေျပာလိုက္”
“ဆရာ ဒီကလူေတြကအုပ္စုဖြဲ႕ၿပီးေနတာ။အတင္းက်ပ္လုပ္ရင္အႏၲာရာယ္မ်ားတယ္”
“ဒါဆို မင္းတို႔ ေလွ်ာ္မလား။အမိုးေတြပဲမိုးဖို႔က်န္ေတာ့တာေလ အကုန္ၿပီးေနၿပီ။ငါဘယ္ေလာက္ထိကုန္ထားလဲ မင္းတို႔မသိလို႔လား”
အလုပ္သမားေတြလဲၿငိမ္က်သြားၿပီးေနာက္..
“ပိုင္ရွင္ကိုကိုယ္တိုင္ေတြ႕မယ္လို႔ေျပာလိုက္ပါမယ္ဆရာ”
ရွင္းခန႔္ထိုေနရာမွ ထြက္သြားၿပီး အနားယူရန္လုပ္ထားသည့္ သရက္ပင္ပုေလးေအာက္ကထိုင္ခုံေလးမွာထိုင္လိုက္သည္။ဘယ္အရာေၾကာင့္မွ မ်က္ႏွာတစ္ခ်က္ယိုယြင္းသြားျခင္းမရွိဖူးတဲ့ ရွင္းခန႔္၏ပူပန္ေနသည့္မ်က္ႏွာကိုလရိပ္အခုမွျမင္ဖူးတာျဖစ္သည္။ ရွင္းခန႔္ကအသင့္ပါလာသည့္စီးကရက္ကို မီးညွိကာမ်က္စိစုံမွိတ္လွ်က္ မိုးေပၚသို႔မႈတ္ထုတ္ပစ္၏။
“မင္းအဲ့ေလာက္စိတ္မညစ္ပါနဲ႕ အဆင္ေျပသြားမွာပါ”
လရိပ္၏တစ္ခါမွ မလုပ္ဖူးတဲ့ႏွစ္သိမ့္မႈေၾကာင့္ရွင္းခန႔္မ်က္လုံးေလးေတြေျဖးေျဖးပြင့္ကာေစြၾကည့္လိုက္သည္။
“ပိုက္ဆံေတြကုန္လို႔စိတ္ညစ္ေနတယ္ထင္ေနတာလား”
“ဒါဆိုဘာလို႔လဲ”
“ဒီေနရာကိုလိုခ်င္တာ။ခင္ဗ်ားကိုအၿမဲေခၚလာၿပီး...”
“ႏွာဘူးေကာင္။အဲ့တာေၾကာင့္အဲ့လိုျဖစ္တာ”
“ဟ့ စကားဆုံးေအာင္နားေထာင္ပါဦး။ခင္ဗ်ားကေဆး႐ုံမွာအရမ္းပင္ပန္းတယ္မဟုတ္လား။က်ဳပ္အဲ့လိုေတြးမိၿပီး ဒီလိုတိတ္ဆိတ္တဲ့ေနရာေလးဖန္တီးေပးခ်င္တာ။”
လရိပ္လည္း ရွက္ရွက္ႏွင့္ သူ႕ကိုပင္မၾကည့္ပဲ မ်က္ႏွာလႊဲကာအေဝးကလမင္းႀကီးကိုသာၾကည့္ေန၏။
“အခုက်ဳပ္ကဒီေနရာကိုပိုလို႔ေတာင္လိုခ်င္သြားၿပီ။ခင္ဗ်ားအလုပ္က ထင္တာထက္ပိုပင္ပန္းတာပဲ”
“အဲ့ေလာက္မဟုတ္ပါဘူး ပစၥည္းအစုံလင္မရွိတာေၾကာင့္ပါ..အ့”
ရွင္းခန႔္က လရိပ္အားေပါင္ေပၚသို႔ဆြဲခ်လိဳက္တာျဖစ္ၿပီး။ခါးမွဖက္ထားေလ၏။
“ခက္ခက္ခဲခဲႀကိဳးစားခဲ့ရမွာပဲ။ဘာမွ မသိပဲတစ္ခ်ိန္လုံးေႏွာက္ယွက္ေနခဲ့မိလို႔ေတာင္းပန္တယ္။စိတ္ရင္းနဲ႕ေျပာတာ”
လရိပ္ကအစတည္းက ႏွလုံးသားမရွိတဲ့လူမွမဟုတ္ပဲ။တစ္ဖက္သားကခုလိုေတာင္းပန္လာေတာ့ သူဘယ္လိုမွ လ်စ္လ်ဴမရႈနိုင္။
“ရပါတယ္ မင္းဆီမွာ အဲ့လိုကိုယ္ခ်င္းစာစိတ္ရွိေနတယ္ဆိုပဲငါေက်နပ္ၿပီ”
လရိပ္၏ႏူးညံ့သည့္ႏွလုံးသားေလးကိုအခြင့္ေကာင္းယူကာ ရွင္းခန႔္ကအဆင့္တတ္လာၿပီး ခါးေသးေသးေလးကိုသူ႕လက္ဖ်ံႀကီးေတြႏွင့္ပိုက္လွ်က္ ႏႈတ္ခမ္းေလးအားဖြဖြနမ္းလိုက္၏။ တိတ္ဆိတ္ၿပီးေအးစက္သည့္အေမွာင္ထုေၾကာင့္လား။ လေရာင္ေအာက္မွာရွင္းခန႔္၏ေမးရိုးေတြကပဲေယာက္်ားပီသၿပီးဆြဲေဆာင္နိုင္ေနလို႔မ်ားလား လရိပ္႐ုန္းခ်င္စိတ္မရွိပဲ ေဆးလိပ္နံ႕စြဲေနသည့္ႏႈတ္ခမ္းညိုညိုႀကီးကို မထိတထိတုန႔္ျပန္မိေနသည္။
တုန႔္ျပန္မႈမရွိတာေၾကာင့္စြဲလမ္းေနတဲ့ရွင္းခန႔္အတြက္ကေတာ့ ထိုတုန႔္ျပန္မႈပိစိေလးက ရင္ခုန္သံေတြေပါက္ထြက္မတတ္စိတ္လႈပ္ရွားေန၏။ ထိုေနာက္ရွင္းခန႔္၏လက္ေတြကအၿငိမ္မေနပဲပြတ္သပ္လာတဲ့အခါမွာေတာ့ လရိပ္႐ုန္းထြက္လိုက္ေလသည္ ။
“ဘယ္လိုျဖစ္ေနတာလဲ ”
“အာ...က်ဳပ္စိတ္လြတ္သြားတယ္”
“တစ္ခ်ိန္လုံးလြတ္ေနလိုက္”
“ခင္ဗ်ားအရမ္းမဆြဲေဆာင္နဲ႕ေလ”
“ငါဘယ္မွာဆြဲေဆာင္လို႔လဲ”
“ခင္ဗ်ားဘာလုပ္လုပ္ ဆြဲေဆာင္ေနတယ္လို႔ပဲျမင္တယ္”
“အဲ့တာေတာ့ငါဘယ္တတ္နိုင္မွာလဲ”
“ကဲေတာ္ပါၿပီ။ဒီလိုေအးခ်မ္းတဲ့ညေလးမွာခင္ဗ်ားနဲ႕စကားမမ်ားခ်င္ဘူး။သီခ်င္းနားေထာင္”
သူကိုရွင္းခန႔္ကေဘးမွာထိုင္ေစၿပီး နားၾကပ္တစ္ဖက္ကိုတပ္ေပးလိုက္ေလသည္။
🎼တိမ္ေတြေနတဲ့အရပ္ဆီကို နင္နဲ႕ငါေလေတြတိုက္တုန္းသြားမယ္ကြာဖက္ထားပါ..တုန္ရီေနတဲ့ငါ့လက္ကေလး နင္ကိုင္ထားပါ..ငါရင္ေတြခုန္လြန္းလို႔ပါ🎼
“အာ.သီခ်င္းအေဟာင္းႀကီး။”
“ၿငိမ္ၿငိမ္ေနၿပီး နားေထာင္ပါ။ကိုယ္ႀကိဳက္ရင္ ဘယ္ေလာက္ေဟာင္းေဟာင္းအသစ္ပဲ။အဲ့တိမ္ေတြၾကားထဲမွာ အတူတူရယ္ေမာေနတဲ့ပုံရိပ္ကိုေတြးမိတိုင္း ဘယ္လိုၾကည္ႏူးမွန္းမသိဘူး”
သူတို႔ႏွစ္ဦးခဏတာ သံစဥ္ေတြႏွင့္အတူအၾကည့္ခ်င္းဆုံသြားၿပီး။ရွင္းခန႔္၏မ်က္လုံးေမွးေမွးေလးကခပ္စူးစူးအၾကည့္ေတြႏွင့္ ညိုေနသည့္ႏႈတ္ခမ္းထက္ကအၿပဳံးေရးေရးေတြက လရိပ္ရင္ထဲကိုအရွက္သည္းကာလွိုက္ဖိုေစလာတာေၾကာင့္ မ်က္ႏွာလႊဲကာ လမင္းႀကီးကိုသာေမာ့ၾကည့္ေနလိုက္သည္။ ရွင္းခန႔္လဲသေဘာက်စြာၿပဳံးလွ်က္သူ႕လက္တစ္ဖက္က လရိပ္ပုခုံးေပၚအသာတင္ၿပီး လမင္းႀကီးကိုအတူေငးၾကည့္ေနလိုက္၏။