π•Έπ–”π–“π–†π–—π–ˆπ–

By sunflower06h

37.1K 3.9K 1.9K

π‘Œπ‘’π‘  π‘€π‘Žπ‘—π‘’π‘ π‘‘π‘¦, π‘¦π‘œπ‘’'π‘Ÿπ‘’ π‘‘β„Žπ‘’ π‘‘π‘Ÿπ‘’π‘’ π‘šπ‘œπ‘›π‘Žπ‘Ÿπ‘β„Ž β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’... More

Prologue
Episode: 1
Episode: 2
Episode: 3
Episode: 4
Episode: 5
Episode: 6
Episode: 7
Episode: 8
Episode: 10
Episode: 11
Episode:12
Episode: 13
Episode:14
Episode: 15 ⚠
Episode: 16
Episode:17
Episode:18
Episode:19
Episode: 20
Episode:21
Episode:22
Episode 23
Episode:24

Episode: 9

1.2K 181 74
By sunflower06h

အမျက်ဒေါသတို့ကို တတ်နိုင်သမျှ ချုပ်ထိန်းကာ နန်းဆောင်ဆီသို့ ပြန်လာခဲ့တော့သည်။ အတွေးအခေါ်ကျဥ်းမြောင်းရုံသာမက နှုတ်စည်းကမ်းမရှိသော အရာထမ်းဆိုသူတို့ကြောင့် ဒေါသဖြစ်ရပုံမှာ သွေးနားထင်ပင် ဆောင့်မတတ်။ အခွင့်အခါသင့်လျှင်တော့ မှတ်သားလောက်အောင် ​ပညာပေးရပါဦးမည်။

ဒေါသစိတ်ဖြင့် တံခါးချပ်ကို 'ဝုန်း'ခနဲမြည်အောင် ဆွဲဖွင့်လိုက်သည်အခါ အနည်းငယ်လန့်သွားဟန်ပေါ်သည့် လူကို သတိထားမိသွားသည်ကြောင့် မျက်စောင်းခဲကာ ဆူဟောက်လိုက်တော့သည်။ ဘယ်ချိန်ကတည်းက သူ့နောက်ကလိုက်လာတာများလဲ။

"ဘာလိုက်လုပ်တာလဲ!"

ထိုအခါမှ တပါတည်း လိုက်ပါလာသူ ထိုalphaက မလုံမလဲ မျက်နှာပေးဖြင့်

"မင်းအရမ်း ဒေါသဖြစ်နေတာဆိုတော့ စိတ်မချလို့လိုက်လာတာပါ။ ဒေါသထွက်ရင် အမှားပါတတ်တယ်လေ"

"ကျစ်။ ကျုပ်ဘယ်သူ့ကိုမှ ခြေလွန်လက်လွန်ဖြစ်အောင် မလုပ်ဘူး။ ခင်ဗျားလည်း မဆိုင်တဲ့ကိစ္စကို ဝင်မပါနဲ့။ ပြန်တော့"

စိတ်ရှိအတိုင်း ဝင်မည်ပြုသော်လည်း တုပ်တုပ်မလှုပ်သည့် ထိုalphaကြောင့် စိတ်အနှောင့်အယှက်ဖြစ်စွာ သက်ပြင်းချလိုက်ကာ

"ခင်ဗျား ဘာလိုချင်သေးလို့လဲ။ သွားလို့ရပြီလို့ပြောတယ်မဟုတ်လား"

"တောင်းပန်မလို့"

"ဘာရယ်"

"အစောက ကိစ္စ... မင်းခွင့်ပြုချက်မပါပဲ အတင်းနမ်းမိတဲ့ ကိစ္စလေ.. အဲဒီအတွက် ကျုပ်တောင်းပန်တယ် လာဗင်ဒါ။ "

"တော်တော့ ပြန်မပြောနဲ့တော့"

နှုတ်ခမ်းသွေးစို့လောက်တဲ့အထိ ဖြစ်စေပြီးမှ လာတောင်းပန်နေသည်က ရိုက်ပစ်ချင်စရာ သိပ်ကောင်းသည်။ သို့သော်လည်း ပြဿနာတို့အလွန်အလွန် မဖြစ်ရလေအောင် တားဆီးပေးခဲ့သည်မို့ ကျေအေး၍သာ ပေးလိုက်ပါသည်။ ထိုalphaသာ ဝင်မတားခဲ့ပါလျှင် ခုချိန် ထို အမှုထမ်းဆိုသူတို့နှင့် ပြဿနာပို၍ကြီးမားရုံသာ ရှိမည်လေ။

"ကျုပ်က စိတ်လိုက်မာန်ပါလုပ်လိုက်မိတာပေမယ့် မင်းရဲ့ မာနနဲ့သိက္ခာကို ထိခိုက်သလိုဖြစ်သွားခဲ့တာ... တကယ်ပဲ မင်းကို စော်ကားဖို့ အကြံအစည်တော့ မရှိခဲ့ပါဘူး။"

အမှန်တကယ်လည်း မာနခဲလေးအား အနည်းငယ် ပညာပြလိုသည်ကလွဲ၍ ဂုဏ်သိက္ခာကို စော်ကားရန် အစီအစဥ်မရှိခဲ့ပါ။
နီစွေးစွေး နှုတ်ခမ်းဖူးလေးကြောင့် မထိန်းနိုင်ပဲ ကျူးလွန်ခဲ့မိခြင်းသာ ​ဖြစ်ပါသည်။ သို့သော်လည်း ထိုအကြောင်းအရာကိုတော့ လာဗင်ဒါလေး၏ ဒေါသက သူ့အပေါ်ပုံကျမည်စိုး၍ ထည့်မပြောမိတော့ပါ။

"တော်ပါတော့ဆို။ အဲအကြောင်းကလွဲရင် ပြောစရာမရှိဘူးမလား။ ခုနက ကျုပ်ကို ကူညီခဲ့တာမို့ ကြေသွားပြီလို့ပဲ မှတ်လိုက်တော့။ ဒါဆိုရပြီမဟုတ်လား။"

"အင်း။ မင်းက ထင်ထားတာထက်တော့ သဘောထားကြီးသားပဲ"

"ကိုယ်တော်က အစထဲက သဘောထားကြီးပါတယ်။ အဲ့ဒါကိုတောင် အမျှော်အမြင်ရှိစွာ အုပ်ချုပ်ပါဆိုပြီး ပညာရှိစကားတွေ ပြောသွားတာတော့ ဘယ်သူလဲ မသိဘူး"

မသိမသာ ရွဲ့စောင်းကာ ခပ်ဆတ်ဆတ်ဖြင့် နန်းဆောင်ထဲ ဝင်သွားသော လာဗင်ဒါလေးအား ကြည့်ရင်း ခိုးရယ်မိတော့သည်။ မာန်မဲသည့် ပုံစံထက် အလိုမကျ၍ ရန်တွေ့နေသော ကလေးငယ်နှင့် ဆင်တူနေသောကြောင့်ပင် ဖြစ်သည်။ Eldora၏ အုပ်ချုပ်သူ အရှင်မှာ သည်လို ချစ်စရာကောင်းသည့် တစ်ဖက်ခြမ်းလည်း ရှိသေးသည်ကို မမြင်နိုင်ကြသော တဖက်ပိတ် အမှုအရာထမ်းတို့ကတော့ လူဖြစ်ရှုံးပါသည်လေ။

"ခင်ဗျား လိုချင်တာလည်း ရ၊ လုပ်ချင်တာလည်း လုပ်ပြီးပြီပဲ။ ပြန်တော့လေ နန်းတော်ကနေ။"

"မဟုတ်ဘူး။ ကျုပ်ရည်ရွယ်ချက်က ပြောင်းသွားပြီ"

နန်းဆောင်ထဲ ​ဝင်၍ တံခါးပိတ်မည် အပြု ရှိရင်းစွဲနေရာမှာပင် တုပ်တုပ်မလှုပ်ပဲ ရှိနေသေးသော ထိုalphaအား အ​သော့ကလေး နှင်မိ​​သော်လည်း ပြန်ရလိုက်သည့် အဖြေစကားကြောင့် အနည်းငယ်ပင် ကြောင်အန်းအန်း ဖြစ်သွားရသည်။ ဘာကို အလိုရှိသေးလို့များ ခုလိုခေါင်းမာမာဖြင့် ရှိနေသေးသည်လဲ။

"ဟင်း.. ဘာလုပ်ချင်သေးလို့လဲ ခင်ဗျားရယ်။ ကျုပ်စိတ်ရှုပ်နေပါတယ်ဆို"

"ကျုပ် မင်းရဲ့ ကိုယ်ရံတော်ဖြစ်ပါရစေ လာဗင်ဒါ"

"ဟင်"

ဝတ်ရုံကို ပြန်ယူရန်ဆိုသည့် ရည်ရွယ်ချက်တစ်ခုဖြင့်သာ ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့သည်ဆိုသူက နေ့မကူးသေးခင်မှာပင် ကိုယ်ရံတော်ဖြစ်ရန် ဆန္ဒရှိလာသည်တဲ့လား။ ဘယ်အကြောင်းကြောင့်များ စိတ်ပြောင်းသွားရသည်လဲ။

မဟုတ်မှ လွဲရော။ အမှုထမ်းတို့၏ အတင်းစကားကို ကြား၍ သူ့အား ကရုဏာသက်သွားသည်လား? သည်လိုတော့ သူအဖြစ်မခံနိုင်ပါ။ သူ့အား သနားစဖွယ် အားနည်းသူတစ်ဦးအဖြစ် ထင်မြင်ခံရမည်ကို သိပ်မုန်းသည်လေ။

"ကိုယ်​တော့်ကို ကာကွယ်ပေးဖို့လူ မလိုအပ်ဘူးလို့ ပြောထားတယ် မဟုတ်လား။ omegaတစ်ယောက်မို့ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ဘူးလို့ ထင်နေတာလား?"

"မဟုတ်တာ လာဗင်ဒါရယ်။ မင်းအထင်မှားနေပါပြီ"

"တာဝန်ခံအချို့ရဲ့ စကားတွေကြားပြီး မင်းဘာကြောင့် သရုပ်မှန်ကို ဝှက်သိမ်းထားတယ်ဆိုတာ နားလည်လာတယ်။ ဒီလို ဥာဏ်တိမ်တဲ့ လူတစ်စုကို အုပ်ချုပ်ရတာ ဘယ်လောက် စိတ်ကျဥ်းကျပ်စရာ ကောင်းလိုက်မလဲလို့လည်း တွေးမိတယ်။ နောက်ပြီး alpha, beta, omegaဆိုတဲ့ ဖြစ်တည်မှုတွေအပေါ် ထားတဲ့ မင်းရဲ့ ခံယူချက်ကို ကျုပ်သိပ်သဘောကျတယ် လာဗင်ဒါ။ ဒီလို အတွေးအခေါ် ပွင့်လင်းတဲ့သူတစ်​ယောက်က သတ်မှတ်ချက်တွေကို ရုန်းမထွက်နိုင်တဲ့ လူစုကို အုပ်ချုပ်ရတာ ဘယ်လောက်ထိ စိတ်ဒုက္ခရောက်မလဲဆိုတာကိုလည်း ခံစားမိတယ်။"

"ဒါကြောင့် မင်းရဲ့ အာဏာစက်တည်မြဲအောင် ကျုပ်ကူညီပေးချင်မိတယ်။ မင်းက မလုပ်နိုင်ဘူးလို့ ခံယူတာကြောင့် မဟုတ်ပဲ ဒီ့ထက်ပိုပြီး လွယ်လွယ်ကူကူ ရှေ့ဆက်အုပ်ချုပ်နိုင်အောင် တဖက်တလမ်းက အကူအညီပြုချင်တာမို့ မင်းရဲ့ အပါးမှာ ခစားပြီး တာဝန်ထမ်းဆောင်ခွင့်ပြုပါ လာဗင်ဒါ"

စောင့်ရှောက်ကာကွယ်ပေးချင်သည်ဆိုသည့် စကားအစား အကူအညီပြုချင်သည်ဟူသည့် စကားကို အသုံးပြုခဲ့သော ထိုalphaသည် သူ့စိတ်ကို သိနေသည့်အလားပါပင်။ တင်းထားသမျှ မာန်တို့ လျော့ကျကာ ပြန်သုံးသပ်မိစေသည်ထိစကားအရာတွင် အင်မတန်ကျွမ်းကျင်လှသော မျက်ဝန်းစိမ်းပိုင်ရှင်ပါတည်း။ အပြောနှင့်ပင် ချက်ချင်းခန့်အပ်ပစ်ချင်စရာပင် ဖြစ်သည်။ သို့သော်လည်း လွယ်လွယ်နှင့်တော့ လျှော့မပေးနိုင်ပါ။ သူစမ်းသပ်ကြည့်ချင်ပါသေးသည်လေ။

"ဒါဖြင့်ရင် ခင်ဗျားဝတ်ရုံထားခဲ့။ ကိုယ်တော် စဥ်းစားကြည့်ပေးမယ်"

"ဟင်..ဒါတော့ မဖြစ်---"

"ဘာမဖြစ်စရာ အကြောင်းရှိလို့လဲ။ ခင်​​ဗျားပဲ ကိုယ်ရံတော်လုပ်ချင်တယ်ဆို။ ကိုယ်ရံတော်ဆိုတာ ဘုရင်သေဆိုသေ ရှင်ဆိုရှင် ဘုရင့်အမိန့်အတိုင်းနေရတာ။ ဒါလေးတောင် မစွန့်လွှတ်နိုင်ဘူးဆိုရင်တော့ ခင်ဗျားကို ဘယ်လိုယုံပြီး ကိုယ်ရံတော် ခန့်ရမလဲ"

"တခြားဟာမရဘူးလား လာဗင်ဒါ။ ကျုပ်အတွက်တော့ အဖိုးထိုက်တန်တဲ့ ဝတ်ရုံမို့ပါ"

"ကျစ်! ခင်ဗျား ဝတ်ရုံကို ကျုပ်က ဖျက်ဆီးပစ်မှာမို့လား အဲ့လောက်ဖြစ်နေရအောင်။ ဘာမှ မဖြစ်စေရဘူး။ ခင်ဗျားစကားအတွက် အာမခံချက်အနေနဲ့ ခဏယူထားရုံပဲ။ စစ်ဆေးမှုတွေ ပြီးသွားရင် ခင်ဗျားလက်ထဲကို မထိမခိုက် ပြန်ပေးမယ် ရပြီလား?"

"စစ်ဆေးမှု?"

"ခင်ဗျားပဲ ကိုယ်ရံတော် ဖြစ်ချင်တယ်ဆို? ဒီတိုင်းပြောရုံနဲ့ ခန့်လိမ့်မယ်လို့ ထင်လို့လား? နောက်ထပ် စစ်ဆေးမှုတွေမှာ ယှဥ်ပြိုင်ရဦးမှာ"

"ဒါကြောင့် ခုကတည်းက နားဖို့ပေးထားတဲ့ အဆောင်ကို ပြန်ပြီး အနားယူရင်း ပြင်ဆင်နေလိုက်တာ ပိုကောင်းမယ်ထင်တယ်။ အခြားစစ်ဆေးမှုတွေ အောင်ရင်တောင် ကိုယ်တော့် ကိုယ်ရံတော်ဖြစ်ဖို့ စစ်ဆေးမှုကိုတော့ ခုထိ ဘယ်သူမှ မအောင်မြင်ဖူးသေးလို့လေ"

ထိုစကားသည်တော့ ခြောက်လှန့်ပြောဆိုခြင်းမဟုတ်သော အမှန်တရားပင် ဖြစ်သည်။ ကိုယ်ရံတော့ရွေးပွဲအထပ်ထပ် ပြုလုပ်ဖူးသည့်တိုင် အနီးကပ် ကိုယ်ရံတော်ဟူ၍ တဦးတယောက်မျှ မရှိရ​ခြင်းမှာ အရှင့်၏ ပရိယာယ်ကြွယ်သော စမ်းသပ်မှုတို့ကြောင့် ဖြစ်သည်ဆိုသည်မှာ ငြင်း၍ မရသော အချက်ပါလေ။

မျက်ဝန်းစိမ်းတို့ပိုင်ရှင် ထိုalphaသည်ကော အရှင့်စမ်းသပ်ချက်တို့ကို အောင်မြင်ကာ အရှင့်အလိုကိုပြည့်နိုင်စေမည်လား။ အင်း.. စဥ်းစားစရာပါပင်။
•••••

"ဘယ်လို စမ်းသပ်မှုမျိုးတွေ လာဦးမလဲ မသိဘူးနော်"

"တကယ်ဆို သုံးယောက်လုံး ပြိုင်ပွဲမှာနိုင်ခဲ့တာပဲ။ သုံးယောက်လုံးကို ခန့်လိုက်ရောပေါ့။ တော်တော်ဂျီးများတဲ့ အရှင်ပဲ"

"တိုးတိုးပြောစမ်းပါ။ နန်းတော်ထဲမှာကို။ ကြားသွားဦးမယ်"

တီးတိုးပြောဆိုနေကြသော Betaနှစ်ဦးသည် ကိုယ်ရံတော်ရွေးချယ်ပွဲတွင် အနိုင်ရရှိသူများ ဖြစ်ကြပြီး ကိုယ်ရံတော်ဖြစ်ဖို့အရေး ထပ်၍ယှဥ်ပြိုင်ရဦးမည့် အနေအထားကြောင့် မကျေမချမ်းဖြစ်နေဟန်ပေါ်လေသည်။

"ဒါနဲ့ ဟိုလူက ဘာလို့ အပြင်ကိုပဲ ကြည့်နေတာလဲ"

"မသိပါဘူး။ ရောက်ကတည်းက စကားလည်းမပြော။ ထမင်းလည်း လာမစား။ တစ်ယောက်တည်းနေရတာကြိုက်တယ်ထင်ပါရဲ့။ ဒါမှမဟုတ် ငါတို့က Betaတွေဖြစ်ပြီး သူကalphaမလို့ မတူမတန်သလို ခံစားရလို့လားတော့ မပြောတတ်ဘူး"

"တကယ်ဆို သူကမှ သင်းကွဲကိုနော် အဲ့လိုကြီးကျယ်နေတာတော့ သိပ်မဟုတ်ဘူး ထင်တယ်"

"မင်းက သူသင်းကွဲမှန်း ဘယ်လိုသိတုန်း"

"ဟ။ Eldoraက Alphaတွေထဲ အဲ့လိုမျက်လုံးအရောင်နဲ့လူ မြင်ဖူးလို့လား။ အများစုက မီးခိုးရောင်၊ သစ်ချသီးရောင်၊ အနက်ရောင်ပဲ မဟုတ်လား။ အရှင်အပါအဝင်ပေါ့။ ဒီလူက မျက်လုံးအရောင်ကအစ ထူးဆန်းနေတာကို။ ကျိန်းသေပေါက် ဒီကလူမဟုတ်တာ အသေအချာပဲ"

"ဒါဖြင့်ရင် လက်တောင် မခံသင့်တာကို။ ဘာလို့ပြိုင်ပွဲမှာ လက်ခံလိုက်တယ် မသိဘူးနော်"

"ဒါလည်း ငါတို့အလုပ်မဟုတ်ပါဘူးကွာ။ တော်ကြာ လျှာရှည်လို့ဆိုပြီး နန်းတော်အပေါက်စောင့် ဖြစ်နေဦးမယ်"

တကယ်တမ်း ထိုBetaနှစ်ယောက်၏ ပြောစကားတို့အား ထယ်ဟျောင်း အလုံးစုံ ကြားပါသည်။ သို့ပေတည့် သူ၏ အာရုံမှာ ပြတင်းတံခါးမှ လှမ်း၍မြင်ရသော လရောင်ဆမ်းသည့် ဝရန်တာအောက်မှ ဖြူလွှလွှ အရိပ်ငယ်ဆီသို့သာ ကျရောက်ကာနေသည်မို့ပင်။

အနည်းငယ်လှမ်းသည်ကြောင့် သဲကွဲပြတ်သားစွာ မြင်ရခဲယဥ်းသော်လည်း ဝတ်ရုံကို ခြုံကာ ကိုယ့်ကိုယ်ကို ထွေးပိုက်ထားသည့်သဏ္ဍာန်ရှိသော ထိုအရိပ်ငယ်သည် ထယ်ဟျောင်းအမြင်တွင်တော့ ဝမ်းနည်းအားငယ်နေဟန်ပေါ်ပါသည်။ ဘယ်သူကများ မိမိ၏ ဖြစ်တည်မှုအမှန်ကို ချိုးနှိမ်စော်ကားခံရသည့်အခါ ဘာမှမဖြစ်သလို မေ့ဖျောက်ကျော်လွှားနိုင်မည်တဲ့လဲ။ မိမိနှင့် အနီးကပ်သူတို့က ချိုးနှိမ်သည်မို့ ပို၍ဆိုးသည်လေ။

ခိုင်ခန့်သော ကျောက်တောင်သည်ပင် ရေတိုက်စားလွန်းလျှင် တိမ်ကောတတ်သကဲ့သို့ ဘယ်လောက်ပင် သန်မာသူဖြစ်လင့်ကစား စကားလုံးတို့က နက်ရှိုင်းသော နှလုံးသားနေရာထိ ထိုးနှက်တတ်ပါသည်။ အဆိပ်ထက်ပင် ခါးသီးသော စကားတို့သည် လူသတ်လက်နက်အနေဖြင့်ပင် အသုံးဝင်ကြောင်းကို ကိုယ်တိုင်လည်း မျက်ဝါးထင်ထင် ကြုံဖူးခဲ့သည်ကြောင့် ထယ်ဟျောင်း ကောင်းကောင်းသိပါသည်။ စံနှုန်းတို့ကို ချိုးဖောက်ကာ အတွေးအခေါ် ပွင့်လင်းသည့် လာဗင်ဒါလေးကိုတော့ ဘယ်လို အဖြစ်ဆိုးမျိုးကိုမှ မကြုံစေချင်ပါလေ။

"သန်မာတယ်ဆိုတာကို အသိအမှတ်ပြုပေမယ့် မင်းကို စကားနဲ့တောင် ရန်မပြုနိုင်အောင် ကာကွယ်ပေးချင်လိုက်တာ လာဗင်ဒါ"

•••••

သည်လိုနှင့် တစ်ရက်ကျော်မျှ အနားယူပြီးချိန်တွင်တော့ နောက်ဆုံးရွေးချယ်ပွဲသို့ ရောက်လာခဲ့တော့သည်။ တစ်နည်း အရှင်ကိုယ်တိုင် ရွေးချယ်မည့်ပွဲပေါ့။ တရားဝင် ကိုယ်ရံတော်ရွေးပွဲမှ အနိုင်ရသူတိုင်းမှာ အရှင့်စစ်ဆေးမှုကိုတော့ မကျော်ဖြတ်နိုင်သည်မို့ အရှင့်အနီးတွင် ကိုယ်ရံတော် တစ်ဦးတစ်ယောက်မျှ မရှိရချင်းပင်။

"ဓားရေးပြိုင်ရမှာမို့ အဲ့အတွက် ရွေးချယ်ရမယ်။ မင်းတို့ကို ရွေးစရာသုံးမျိုး​ပေးထားမယ်။ အနိုင်ရအောင် ယှဥ်နိုင်ရင်ရပြီ။ ပြိုင်ဘက်ရဲ့ ဓား မြေပေါ်ကျသွားရင် ပွဲပြီးပြီ"

ပြိုင်ပွဲတာဝန်ခံ၏ စကားတို့ကို အရေးတစိုက်နားထောင်နေသည့် တောက်လျှောက် အဓိပ္ပါယ်ဖော်ရခက်သည့် အပြုံးတစ်ခုဖြင့် ကြည့်၍နေသော အရှင့်ကိုတော့ သတိမထားမိကြပေ။ အရှင်ကလေးဟာ ဘာတွေများ ကြံစည်ထားပြန်ပါလိမ့်။

"ပထမ ရွေးချယ်စရာကတော့ Beta အမှုထမ်းဟောင်းကြီး၊ နောက်တစ်ယောက်ကတော့ Beta အမျိုးသမီး စစ်သည်"

ရွေးချယ်စရာတို့က သက်သက် အနိုင်ယူရလွယ်ကူစေရန် ပေးထားသကဲ့သို့ ဖြစ်နေသည်ကြောင့် တစ်ခုခုတော့ မူမမှန်ကြောင်း ထယ်ဟျောင်းသတိပြုလိုက်မိသည်။ ထို့ကြောင့် ကိုယ်တိုင်ကိုယ်ကျ ထပ်၍ မေးခွန်းထုတ်လိုက်လေတော့ ပြန်ရလာသည့် အဖြေက အံ့အားသင့်လောက်စရာပင် ဖြစ်သည်။

"နောက်ဆုံးတစ်ယောက်ကရော"

"ကိုယ်တော်ပဲ"

"ဟ-ဟင်"

စီစဥ်ပေးထားသည့် နေရာတွင် ထိုင်နေရာမှ အနီးသို့ရောက်လာသော အရှင်လာဗင်ဒါလေး။ အံ့အားသင့်နေသူတို့နှင့် ခြားနားစွာ တည်တည်ငြိမ်ငြိမ်ပင် ဖြစ်သည်။ ပြိုင်ပွဲဝင် သုံးဦးအနီးသို့ ရောက်သည့်အခါမှ

"ဘာလို့ အဲ့လောက် အံ့ဩသွား​ကြတာတုန်း။ ကိုယ်ရံတော်ဖြစ်မယ့်လူက ကာကွယ်ရမယ့်လူထက်တော့ အရည်အချင်းရှိနေမှ ရမှာပေါ့။ ဘုရင်ဆိုတာကို ခေါင်းထဲမထည့်ပဲ ရန်သူလိုသဘောထားပြီး တိုက်ခိုက်နိုင်တယ်"

"စိုးရွံ့မိပါတယ် အရှင်။ ကျနော်တို့ မလုပ်နိုင်ပါဘူး"

Betaတစ်ဦးထံမှ ထွက်ပေါ်လာသော စကားသံ။ ကျိန်သေပေါက် ငြင်းဆန်ကြလိမ့်မည်ဟူသည်ကို သူတွက်ဆပြီးဖြစ်ပါသည်။ ထိုအချက်နှင့်ပင် ကိုယ်ရံတော်နေရာမှ ဖယ်ထုတ်ရန် လုံလောက်နှင့်ပြီလေ။

"ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာလား မောင်မင်းတို့က"

"မဟုတ်ပါဘူး။ အရှင်က အုပ်ချုပ်သူမို့် မှည့်တစ်ပေါက်စွန်းလို့ မဖြစ်ဘူးလေ။ ဒီနှစ်ယောက်ထဲက တစ်ယောက်ကို ရွေးချယ်ခိုင်းမယ်ဆိုရင်တော့ အနိုင်ရမယ်လို့ ယုံကြည်ချက်ရှိပါတယ် အရှင်"

လျှောက်တင်လိုက်သော စကား၏အဆုံး အရှင့်မျက်နှာတွင် အဓိပ္ပါယ်ဖော်ရခက်သော အပြုံးတစ်ခုဖြစ်တည်သွားသည်ကြောင့် မိမိမှာ အရှင့်ထံ အမှတ်ပိုရနေလောက်ပြီဖြစ်ကြောင်း ကောက်ချက်ချလိုက်မိသော ထို beta။ သို့သော်လည်း အရှင့်ရည်ရွယ်ချက်အမှန်ကိုတော့ အရှင်မှလွဲ၍ မသိနိုင်ပါလေ။

"ကောင်းပြီ မောင်မင်းသဘောအတိုင်းပဲ။ ကျန်တဲ့ ပြိုင်ပွဲဝင်နှစ်ယောက်ကရော တူတူပဲလား"

ကျန်Betaက စိတ်အားထက်သန်စွာ ခေါင်းငြိမ့်သော်လည်း တုံ့ပြန်မှုအလျင်းမရှိပဲ တွေဝေနေဟန်ရှိသော မျက်ဝန်းစိမ်းတို့ ပိုင်ရှင်ကြောင့်

"ကင်မ်ထယ်ဟျောင်း? ဟုတ်တယ်မလား? မောင်မင်းရဲ့ ဆုံးဖြတ်ချက်ကရော ဘာများလဲ။ အချိန်တွေ လင့်အောင် မလုပ်ရင်ကောင်းမယ်ထင်တယ်"

"ကျုပ် မင်းကို--အဲ့ အရှင့်ကို စိန်ခေါ်မယ်"

ပြတ်သားစွာထွက်လာသော Alpha၏ စကားသံနောက် စောင့်ကြည့်နေသော အမှုထမ်းများကော ပြိုင်ပွဲဝင်များကြားပါ အာမေဋိတ်သံအချို့နှင့် ရုတ်ရုတ်သဲသဲဖြစ်လာတော့သည်။ ယခုချိန်ထိ ကျင်းပခဲ့သော ကိုယ်ရံတော်ရွေးချယ်ပွဲများ တောက်လျှောက် အရှင်နှင့် လက်ရုံးရည် ယှဥ်ဝံ့သူ မရှိသေးသည်လေ။

"အို သတ္တိကောင်းလှချည်လား။ ကောင်းပြီ စိန်ခေါ်မှုကို လက်ခံတယ်"

အနိုင်ရမည် သေချာသော ပြိုင်ပွဲကို ယှဥ်ပြိုင်ခြင်းမဟုတ်ပဲ အရှင်နှင့်မှ ဓားရေးယှဥ်ရန် ရွေးချယ်သည့် ထိုalphaကို အမှတ်အနည်းငယ် ပိုပေးမိသော်လည်း တဆက်တည်းမှာပင် မိမိ၏ လျို့ဝှက်ချက်လေးအား သိနေသူဖြစ်သည်ကြောင့် အထင်ကြီးမိသည်တို့ပင် ကြက်ပျောက်ငှက်ပျောက်။

သူက omegaဖြစ်လို့ လွယ်လွယ်အနိုင်ရမယ် ထင်ပြီးရွေးချယ်ခဲ့တာများလား... ဒါဖြင့်ရင်တော့ ထိုalphaအမှားကြီး မှားပါလေပြီ။

သည်လိုနှင့် ပြိုင်ပွဲစတင်လေရာ Betaနှစ်ဦး၏ ပြိုင်ပွဲတို့သည်တော့ ထွေထွေထူးထူးပြဿနာ မရှိပဲ ပြီးဆုံးခဲ့လေသည်။ အင်အားချင်းမှ မမျှလေပဲ။ အနိုင်ယူရန်မှာ အလျင်းမခက်ခဲပါလေ။

ထို့နောက်တွင်တော့ Alphaနှင့် Eldoraအရှင်၏ ဓားရေးယှဥ်ပွဲ အချိန်ကျလေသည်။ လူအများ အမြင်တွင်တော့ Alphaနှစ်ယောက်၏ ဓားရေးယှဥ်ပွဲပေမို့ အလိုလိုပင် ပြိုင်ပွဲနေရာမှ ခပ်လှမ်းလှမ်းသို့ ခွာသွားကာ အကဲခတ်၍ နေကြလေသည်။ Alphaဟူသည့် ဂုဏ်ပုဒ်သည် ယခုထိတိုင် လူအများအား စိုးထိတ်အောင် လွှမ်းမိုးနိုင်စွမ်း ရှိနေသည်ပဲ။

"ဘာလဲ ကိုယ်​တော်က omegaဆိုပြီး အထင်သေးပြီး ရွေးလိုက်တာလား ကင်မ်ထယ်ဟျောင်း။ အဲ့လိုဆိုရင်တော့ မင်းမှားသွားပြီထင်တယ်"

ပြိုင်ပွဲမစခင် အချင်းချင်း လေးစားသမှုဖြင့် အနီးကပ်မိတ်ဆက်ရချိန်မှာပင် ခပ်တိုးတိုး ရန်စကားဆိုလာသော လာဗင်ဒါလေးကြောင့် မျက်ဝန်းစိမ်းပိုင်ရှင် alphaမှာ သက်ပြင်းချမိတော့သည်။ သည်လောက်ထိ ယုံကြည်အောင် မိမိရည်ရွယ်ချက်အမှန်တို့အထိ အသိပေးပြီးသော်လည်း လာဗင်ဒါလေးသည် သံသယများနေဆဲပါပင်။ 

"မဟုတ်ဘူး။ မဆိုင်တဲ့သူကို သက်သက်ရန်မပြုချင်လို့။ အသက်အရွယ်ကြီးရင့်ပြီ ဖြစ်တဲ့အဘိုးအိုနဲ့ ဒီရွေးချယ်ပွဲနဲ့ မသက်ဆိုင်တဲ့ အမျိုးသမီးတစ်ယောက်ကို အနိုင်ရလိုစိတ်နဲ့ အသားလွတ် မတိုက်ခိုက်နိုင်ဘူး။"

အကြောင်းအရင်းအမှန်ကို သိရသည့်အခါ အနည်းငယ်တော့ ပြုံးမိသွားသည့် အရှင်လာဗင်ဒါ။ သည်alphaသည် သမရိုးကျ လူများနှင့်မတူ ကွဲထွက်၍တော့ နေသားပင်။ အဆုံးအမကောင်းကောင်းနှင့် ကြီးပြင်းခဲ့ပုံပါပဲ။

"အဟက်။ အပြောကတော့ ကောင်းသားပဲ"

"မင်းကိုလည်း မတိုက်ခိုက်ချင်ပါဘူး လာဗင်ဒါ။ ထိခိုက်မိရင် ဘယ်သူ့အတွက်မှ မကောင်းဘူး။"

"ဆင်ခြေမပေးနဲ့။ ဘာအကြောင်းကြောင့်နဲ့မှ မညှာပဲ တိုက်ခိုက်ရမယ်။ ကိုယ်တော့်ကို ညှာတာက ကိုယ်တော့်ကို အထင်သေးတဲ့သဘောမို့ စော်ကားတာနဲ့ တူတူပဲ။ ဒါကြောင့် ခင်ဗျား ကျွမ်းကျင်သလိုသာ တိုက်ခိုက်ပါ ကင်မ်ထယ်ဟျောင်း"

အဝေးမှ ကြည့်နေသော အမှုထမ်းနှင့် ပြိုင်ပွဲဝင်တို့အတွက်တော့ alphaနှစ်ဦး မာန်ပြိုင်ကာ စကားစစ်ခင်းနေသည်နှင့် ပို၍ ဆင်တူပါလိမ့်မည်။ ပွဲကြည့်သူတို့မှာ ထိလွယ်ရှလွယ်သော ရွေးချယ်မှုကို ပြုခဲ့သည့် မျက်ဝန်းစိမ်းပိုင်ရှင်ကို မချီးကျူးပဲ မနေနိုင်ကြ။ အရှင်နှင့် ယှဥ်ပြိုင်ရခြင်းသည် ဘယ်လောက်တောင် အန္တရာယ် များလိုက်သလဲ။ အနိုင်ရလျှင်လည်း အရှင့်မာနထိခိုက်ကာ အမျက်ရှခံရကောင်း ခံရနိုင်သည်။ ရှုံးနိမ့်ပြန်လျှင်လည်း အရည်အချင်း မပြည့်မှီဟုဆိုကာ အလိုအလျောက် ပယ်စာရင်းထဲ ရောက်သွားနိုင်သည်လေ။

*ချွင်*

အနှစ်နှစ်အလလ လေ့ကျင့်မှုတို့၏ ရလဒ်သည် ပေါ့သေးသေးမဟုတ်သည်ကြောင့် ဓားရေးကျွမ်းကျင်သော အရှင့်နှင့် ယှဥ်ပြိုင်တိုက်ခိုက်ရသည်မှာ alphaဖြစ်သော ထယ်ဟျောင်းအတွက်ပင် မလွယ်ကူလှပါ။ omegaဟူ၍ ထင်ရက်စရာပင် မရှိလောက်အောင် လက်ရုံးရည် ပြည့်ဝလွန်းပါသည်။

*ရွပ်*

"အရှင်!"

သူမသာ ကိုယ်မသာ အနေအထားနှင့် တိုက်ခိုက်နေစဥ်မှာပင် ဓားဦးချွန်က မျက်နှာဖြူနုနုအား ထိခိုက်မိသွားသည်ကို ခံစားမိသည်နှင့် တပြိုင်နက် လက်ထဲမှ ခပ်တင်းတင်းဆုပ်ကိုင်ထားသော ဓားရှည်အား မြေပြင်ပေါ်သို့ ပစ်ချလိုက်မိတော့သည်။ အနည်းဆုံးတော့ တဖက်သား ထိခိုက်မှုမရှိစေရန် သတိထား တိုက်ခိုက်ခဲ့ပါသော်လည်း မျက်နှာနုနုတွင် အနာတရဖြစ်သွားစေခဲ့လေပြီကိုး။

သို့ပေတည့် အရှင်လာဗင်ဒါလေးသည်တော့ မျက်မှောင်တစ်ချက်ပင် မကျုံ့ပဲ ခပ်ထေ့ထေ့ အပြုံးတစ်ခုဖြင့် alpha၏ လည်တိုင်သို့ ဓားဖြင့် ရွယ်နိုင်သွားသည်အထိ အခွင့်သာသွားခဲ့လေသည်။ ဓားဦးချွန်ဖြင့် ခြစ်မိသည့် ဒဏ်ရာသည်တော့ ပါးမို့မို့ထက်တွင် သွေးစို့လျက်ပင် ဖြစ်သည်။

"ဒီလောက်ဆို အနိုင်အရှုံး သတ်မှတ်လို့ ရပြီထင်တယ်"

"အရှင်!မျက်နှာမှာ ခိုက်မိသွားပြီ ဘယ်လိုလုပ်မလဲ"

alphaလည်ပင်းအား ဓားဖြင့်ချိန်ရွယ်နိုင်လိုက်သည်နှင့် တပြိုင်နက် အနီးသို့ ပြာပြာသလဲဖြင့် အလီလီရောက်လာကြသော အမှုထမ်းများ။ သို့သော် အရှင့်မျက်ဝန်းတို့သ​ည်တော့ စိမ်းဖန့်ဖန့် မျက်ဝန်းတို့ဆီမှ အကြည့်မလွှဲခဲ့ပေ။

"အတင့်ရဲလိုက်တာ။ အရှင့် မျက်နှာကိုတောင် ထိခိုက်အောင် လုပ်ရဲတယ်။"

ခမ်းခမ်းနားနား ဝတ်စားထားသည့် လူလတ်ပိုင်းအရွယ် အမှုထမ်းတစ်ဦးက ထိခိုက်မိသူ​ အရှင့်ထက်ပင် ဒေါသကြီးစွာ တုံ့ပြန်နေသေးသည်။ အရှင့်အပေါ် အမှန်ပင် စိုးရိမ်ခြင်းပေလား သို့မဟုတ် မျက်နှာကောင်းရရန်ပြုခြင်းပေလားတော့ မပြောတတ်။

"ထားလိုက် အကြံပေးကြီး။ ဒါက သာမန် ခြစ်ရာလေးပါပဲ။ ကိုယ်တော်ကိုယ်တိုင် မညှာပဲ တိုက်ခိုက်ဖို့ပြောခဲ့တာ"

"ဒါပေမယ့် အရှင့်မျက်နှာ--"

"ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတာမျိုးမှ မဟုတ်တာ။ တော်ရုံပဲလုပ်စမ်းပါ အကြံပေးကြီး။"

"စိုးရွံ့မိပါတယ် အရှင်"

ထို့နောက် အရှင်လာဗင်ဒါလေးသည် မြေပြင်၌ ကျနေသော alpha၏ ဓားရှည်အား ကောက်ယူ၍ ကမ်းပေးလိုက်ကာ

"ခင်ဗျား တော်ပါတယ် ကင်မ်ထယ်ဟျောင်း။ ကောင်းမွန်တဲ့ ကစားပွဲတစ်ခုဖြစ်ခဲ့တယ်။ ကျန်တဲ့သူတွေကိုလည်း အရည်အချင်းကို အသိအမှတ်ပြုပါတယ်။ ညနေလောက်ကျရင် တာဝန်ခံတွေက ရလဒ်ကို ကြေညာပေးလိမ့်မယ်။ ခုတော့ အဆောင်ပြန် နားလို့ရပြီ"

အရှင်နှင့် အမှုထမ်းအား ထိုနေရာက ထွက်ခွာသွားသည်အထိ  ထို alphaသည် တုပ်တုပ်မလှုပ်သလို စကားတစ်ခွန်းမျှမဆိုခဲ့။ သို့သော် မျက်ဝန်းစိမ်းတို့ကတော့ ဆွေးဆွေးမြေ့မြေ့ဖြင့် ပါးပြင်နုနုပေါ်မှ ဒဏ်ရာကို ခိုးငေးလျက်ပင် ဖြစ်သည်။

ဘေးမှ တီးတိုးစကားများကိုလည်း ကြားပါသည်။ တိုင်းပြည်အရှင်ကို ထိခိုက်အောင်လုပ်သည့်အပြင် ရှုံးနိမ့်ခဲ့သည်ကြောင့် ကိုယ်ရံတော် ရာထူးနှင့် ဝေးပြီဖြစ်ကြောင်း။ အရှင်သည် အမျက်ထွက်သွားဟန်ပေါ်ကြောင်း စသည်ဖြင့် စသည််ဖြင့်ပင်။

သို့ပေတည့် ကိုယ်ရံတော်မဖြစ်တော့မည့် အရေးအား ပါးမို့ဖြူဖြူထက်မှ ဒဏ်ရာလောက် စိတ်မဝင်စားခဲ့ပါ။ ကာကွယ်ပေးချင်သည်ဟု ဆုံးဖြတ်ခဲ့သော သူဟာ သူ့လက်ဖြင့်ပင် လာဗင်ဒါလေးကို ထိခိုက်အောင် လုပ်မိသည်မို့ အပြစ်မကင်းသလို ခံစားရပါသည်လေ။

•••••

ညနေခင်း နေကျချိန်ဖြစ်သည်။ သွားသင့် မသွားသင့် ခံစားချက်တို့ လွန်ဆွဲနေရာမှ ဦးနှောက်၏ ဆုံးဖြတ်ချက်အား လျစ်လျှူရှုကာ အရှင်လာဗင်ဒါလေး၏ နန်းဆောင်ဆီသို့ ခြေဦးတည်ခဲ့ပါသည်။

နန်းတွင်းတွင် ထွေထွေထူးထူး ကိစ္စရပ်မရှိသည်မို့ လာဗင်ဒါလေး နန်းဆောင်ကို ကာရံသော ကျွန်းတံခါးလှလှကြီး ရှေ့တွင် အစောင့်တချို့ စောင့်ကြပ်ကာနေသည်။ ထိုအချင်းအရာကြောင့် အစောင့်များ မမြင်နိုင်လောက်မည့် အကွယ်နေရာလောက်မှ ခိုး၍ ကြည့်နေမိရင်း အချိန်ကောင်းကို စောင့်ကာနေမိတော့သည်။ စောင့်နေသည့် တောက်လျှောက်လည်း မိမိကိုယ်ကို ရယ်ချင်မိသည်။ ဘုရင့်ကိုယ်ရံတော်ဖြစ်ရန် မှန်းဆထားခဲ့သူက ခိုးကြောင်ခိုးဝှက်နှင့် နန်းဆောင်ထဲ ဝင်ခွင့်ရရန် ချောင်းလိုက်၊ ဘုရင့်မျက်နှာကို ထိခိုက်အောင်လုပ်မိလိုက်ဖြင့် အတော်လေးပင် အူကြောင်ကြောင် နိုင်လှသည် မဟုတ်လား။

ထို့နောက် ဆန့်ကျင်ဘက်အရပ်မှ ခြေသံကြားရသည်ကြောင့် ပုန်းရင်းနှင့်ပင် ကြည့်မိလေတော့ ခရမ်းဆွဲရောင် ကျောက်တို့ တဖိတ်ဖိတ်တောက်ပနေသည့် သရဖူကို ကျနစွာဆောင်းထားသော အရှင်လာဗင်ဒါလေး။ ယိမ်းယိုင်ခြင်းမရှိသော ခြေလှမ်းတို့ဖြင့် အဆောင်ရှိရာသို့ ခပ်မှန်မှန် လျှောက်လာလေသည်။

"လာဗင်ဒါ"

"ဟင် ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ။ အစောင့်တွေ မြင်ရင်ဖမ်းခံရဦးမယ်"

တီးတိုးစကားဆိုရင်း လက်မှလည်း အကွယ်တစ်နေရာသို့ ဆွဲခေါ်လာပြန်သည်။ ကိုယ်တိုင် ဖမ်းချုပ်စေရန်ထိ စေခိုင်းခဲ့သူက ယခုကျ ဖမ်းချုပ်ခံရမည်ကို စိုးရိမ်နေပြန်သည်။ အရှင် လာဗင်ဒါလေးသည် နားလည်ရ​တော့ ခက်သား။

"မျက်နှာက ဒဏ်ရာ... အဆင်ပြေရဲ့လား..."

"ခြစ်မိရုံလေးပါ။ မသက်သာတော့လည်း အမာရွတ်ကျန်ရုံပေါ့"

"ဟင်း.. ငြိမ်ငြိမ်လေး ခဏနေပြီး မျက်လုံး မှိတ်ထား လာဗင်ဒါ"

"ဘ-ဘာလုပ်မလို့လဲ"

"ဆေးလိမ်းပေးမလို့။ တောထဲမှာ နေတဲ့တောက်လျှောက်လည်း ဒဏ်ရာမှန်သမျှ ဒီဆေးနဲ့ပဲ သက်သာခဲ့တာ"

အင်္ကျီအိတ်အတွင်းမှ အဝိုင်းသဏ္ဍာန်ရှိသော ဆေးဘူးငယ်ကို ထုတ်ရင်းပြောလေတော့ အရှင်က နှာခေါင်းရှုံ့ကာ

"ခင်ဗျား ဆေးက ဘာတွေနဲ့ဖော်ထားမှန်းမသိ။ တော်ပါပြီ"

"ကျစ် လာဗင်ဒါရယ် ပြောရခက်လိုက်တာ။ ထွက်မသွားခင် ဒါလေးတော့ လုပ်ပေးခဲ့ပါရစေလား။ မဟုတ်ရင် အပြစ်မကင်းသလို ခံစားရတာမို့"

ထွက်သွားမည်တဲ့လား။ ရှေ့ရက်ကပင် ကိုယ်ရံတော်ဖြစ်ချင်ပါသည်။ သူ့အား အကူအညီပြုချင်ပါသည်နှင့် လေကြီးမိုးကြီးပြောခဲ့သူကလည်း သည်alphaပင် မဟုတ်လား။ အပြောင်းအလဲ မြန်လိုက်ပါဘိ။

စကားရှည်ရှည်မ​ပြောတော့ပဲ မျက်ဝန်းလှလှတို့ မှိတ်သွန်ပေးလိုက်တော့ မျက်ဝန်းစိမ်းတို့က မှင်သက်စွာ ပြန်၍ကြည့်နေမိတော့သည်။ မျက်တောင်နက်နက်တို့က ထူထူစိတ်စိတ်ကလေးဖြင့် ဖြူဝင်းသော အသားအရည်ပေါ်တွင် ထင်းကာနေသည့်အပြင် ညနေစောင်း၏ နေရောင်ခြည်ပျပျ ကျရောက်သော အသားအရည်သည် ဖြူဝင်းရုံမက နုညက်ကာ ကြည်လည်း ကြည်လင်ပါသေးသည်။

"လုပ်လေ။ ခင်ဗျားပဲ ဆေးလိမ်းပေးမလို့ဆို"

"ဟင်။ အင်း.. ခုလုပ်လိုက်မယ်နော် လာဗင်ဒါ"

ထို့နောက် လက်ချောင်းရှည်ရှည်တို့က ဆေးဘူးတွင်းမှ ဆေးအချို့ကို ယူကာ ပါးမို့ပေါ်ရှိ အနာရွတ်အား သက်သာလိုသက်သာငြား ခပ်ဖွဖွလိမ်းပေးသည်။ ​alphaဟူသည် ကြမ်းတမ်းသော သဘာဝရှိသည်ဟူသော သတ်မှတ်ချက်အား မေးခွန်းပြန်ထုတ်ချင်လောက်အောင်ပင် ညင်သာစွာ ထိတွေ့ပေးသော ထိုalphaက တကယ့်ကို ထူးဆန်းပါသည်။ တွေ့ဆုံမှုတိုင်းတွင် ကြမ်းတမ်းလိုက် နူးညံ့လိုက်ဖြစ်ရသော သူတို့ အဖြစ်အပျက်ကတော့ ပို၍ထူးဆန်းပါသည်လေ။

"အတတ်နိုင်ဆုံး မင်းကို မခိုက်မိအောင် ကြိုးစားခဲ့ပေမယ့် မမျှော်လင့်ပဲ ဒီလိုထိခိုက်စေခဲ့တယ်။ အားနာပါတယ် လာဗင်ဒါ"

"မဟုတ်တာ။ ကိုယ်တော်ကိုယ်တိုင် အလျှော့မပေးဖို့ အမိန့်ပေးခဲ့ပြီးသားပဲ။ ခင်ဗျားမှာ အမှားမရှိပါဘူး"

သို့သော်လည်း ထိုalphaသည် ယခုထိတိုင် မျက်နှာငယ်ငယ်နှင့်မို့ အရှင်လာဗင်ဒါလေးပင် စိတ်ထဲတမျိုးဖြစ်လာရတော့သည်။ ဖြစ်သည့်သူထက်ပင် လုပ်သည့်သူက ပို၍ ခံစားချက်ပြင်းနေပါရောလား။

မဟုတ်မှ.. ကိုယ်ရံတော် ရာထူးဆုံးရှုံးရပြီဟူသည့် စိတ်ကြောင့်များ သည်လိုဖြစ်နေသည်လား။ သို့ပေမယ့်လည်း အနိုင်ယူရန် အခွင့်အရေးရှိလျက်နှင့် ဓားကိုအရင်ပစ်ချခဲ့သူက ထိုalphaပင်မဟုတ်လား။ 

"ဒါနဲ့ သိချင်တာရှိတယ်"

"ပြောပါ လာဗင်ဒါ"

"ဘာလို့ ဓားကို ပစ်ချခဲ့တာလဲ။ တကယ်တမ်း ခင်ဗျားနိုင်ဖို့က ပိုသေချာနေတာကို"

"မေးနေတယ်လေ ကင်မ်ထယ်ဟျောင်း"

"မင်း ထိခိုက်သွားလို့ လာဗင်ဒါ"

ဘာကြောင့်ရယ် မသိ alpha၏ ထိုစကားက အရှင့်အား စိတ်လှုပ်ရှားစေသည်။ တိုင်းပြည်အရှင်မို့ အနည်းငယ်ထိခိုက်လျှင်တောင် အမှုအရာထမ်းတို့က ကဲကဲလှုပ်တတ်သော်လည်း အပိုအလုပ်ဟုသာ တွေးတောခဲ့ဖူးသည်။ သို့သော်လည်း သည်alphaအလှည့်မှ ဘယ်နှယ်လုပ် အိဒ္ဓြေမရဖြစ်နေသည်တဲ့တုန်း။ inner wolf၏ ဆွဲငင်မှုကြောင့် ဖြစ်ပါလိမ့်မည်လေ။

"ဒါက ခြစ်ရာသေးသေးလေး တစ်ခုပဲကို။ ဒီလို လုပ်လိုက်တော့ ခင်ဗျား ရှုံးတာပေါ့။ alphaဖြစ်ပြီး omegaတစ်ယောက်ကို ရှုံးရတာ ခင်ဗျားအတွက် မာနမထိခိုက်ဘူးလား"

"မင်းထိခိုက်တာထက်စာရင်တော့ တော်ပါသေးတယ်။"

"ဟ။ တကယ် ခန့်မှန်းရခက်တဲ့သူပဲ။ ဒါဖြင့်ရင် ပြိုင်ပွဲမှာရှုံးလို့ဆိုပြီး ခင်ဗျား ကိုယ်ရံတော်မဖြစ်နိုင်တော့ဘူးဆိုရင်ကော"

"ကိုယ်ရံတော်လုပ်ဖို့ဆိုတာလည်း မင်းကို အမှီပြုပြီးဖြစ်တည်လာတာမို့ မင်းကို ထိခိုက်အောင် လုပ်မိတဲ့သူက ကိုယ်ရံတော်ရာထူးနဲ့ မထိုက်တန်ပါဘူး"

မျက်ဝန်းစိမ်းတို့နှင့် ဆုံဆည်းစေရင်း အတည်ပေါက်ကြီး ပြောလာသော ထိုalphaက တင်းထားသမျှ မာန်တို့ လျော့ကျချင်လောက်အောင်ပင် ဖြစ်သည်။ သည်alphaကတော့ အပြောနှင့်တမျိုး အလုပ်နှင့်တမျိုး inner wolfအား သိမ်းသွင်းနေသည်ပဲ။ ခက်ချေပါပြီ။

"တော်ပါတော့ အဲ့လို မျက်နှာကြီး ငယ်မနေနဲ့။ ခင်ဗျားကို ဘယ်သူက ကိုယ်ရံတော် မလုပ်ရဘူး ပြောနေလို့လဲ။"

"မပြောရင်တောင် ရလဒ်က သိသာနေပြီးသားကို"

"ကျစ်! ခက်လိုက်တာ ဒီလူနှယ့်လည်း။ အဲ့ဒါဆိုလည်း သွားတော့။ အဆောင်ကနေသာ ရလဒ်ကို ထိုင်စောင့်နေ။"

သွား​တော့ဆိုပြန်တော့လည်း ခေါင်းငြိမ့်ကာ အတောင့်လိုက်ကြီး ထွက်သွားရန်ပြုသည့် ထိုalpha​ကြောင့် အရှင့်မှာ ခေါင်းယမ်းမိတော့သည်။ ဘယ်နှယ်လုပ် သည်လောက်ထိ ဒုံးဝေးရသည်လည်း သည်လောက်ဆို စကားအသွားအလာနှင့်ပင် အကင်းပါးသင့်ပြီ မဟုတ်လား။ ထက်ချင် လျင်ချင်လျှင်လည်း သူ့အပြင်မရှိသလို တုံးပြန်လျှင်လည်း ယခုလို အရိပ်ပြလျှင်တောင် အကောင်မမြင်ပါလေ။

"အာ.. နောက်ပြီး အခေါ်အဝေါ် ပြောင်းဖို့ပါ ကျင့်ခဲ့ဦး"

"ဟင်"

"ကိုယ်တော့်ရဲ့ ကိုယ်ရံတော်လုပ်မယ်ဆို လူကြားထဲမှာကော ကိုယ်တော့်ကို မင်းတွေ ကျုပ်တွေနဲ့ ပြောမလို့လား?"

"မင်း ပြောချင်တာက"

သူ့စကားကြောင့် အပြေးတပိုင်းဖြင့် အနားကိုပြန်ရောက်လာသော ထိုalpha၏ ပုံစံမှာ အတော်လေးပင် ရယ်ဖွယ်ဖြစ်သော်လည်း ရာဇအိဒ္ဓြေရှိသည်ကြောင့် ချုပ်တည်းလိုက်ရသည်။

"ခင်ဗျားကို ကိုယ်တော့် ကိုယ်ရံတော်အနေနဲ့ ရွေးလိုက်ပြီလို့ ငတုံးရဲ့။ တကယ်ပဲ ဒုံးဝေးလိုက်တာ"

အရှင့်၏ စကားကြောင့် alphaတစ်ယောက် နှစ်ကာစွာ ပြုံးလိုက်ကာ မုဆိုးဒူးထောက်ထိုင်ချလိုက်ပြီး

"ကောင်းပါပြီ အရှင်လာဗင်ဒါ။ ကျနော် ကင်မ်ထယ်ဟျောင်း အရှင် ပေးသမျှ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းရွက်ပါ့မယ်။"

"အပြောနဲ့ အလုပ်တည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ကိုယ်ရံတော်ကင်မ်"

#Tbc

A/N: အတော်လေးကြာသွားတယ်နော် 🤧 တကယ့်ကို အားနာပါတယ်ရှင် TT အဆက်အစပ်ကော ရှိသေးရဲ့လား မသိပါဘူး :'D နှစ်တစ်သောင်း updateတွေကိုပဲ သည်းခံပြီး ဖတ်ပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်လို့ ><

ကိုယ်ရံတော်ကြီးနဲ့ အရှင်တို့ ရှေ့ဆက် ဘယ်လို နှစ်ပါးသွားကြမယ်ဆိုတာကိုတော့ နောက်အပိုင်းတွေမှာ စောင့်မျှော် ဖတ်ရှုပေးပါဦးရှင်~♥

See you in next episode~

- 해바라기

ZG

အမ်က္ေဒါသတို႔ကို တတ္နိုင္သမွ် ခ်ဳပ္ထိန္းကာ နန္းေဆာင္ဆီသို႔ ျပန္လာခဲ့ေတာ့သည္။ အေတြးအေခၚက်ဥ္းေျမာင္း႐ုံသာမက ႏႈတ္စည္းကမ္းမရွိေသာ အရာထမ္းဆိုသူတို႔ေၾကာင့္ ေဒါသျဖစ္ရပုံမွာ ေသြးနားထင္ပင္ ေဆာင့္မတတ္။ အခြင့္အခါသင့္လွ်င္ေတာ့ မွတ္သားေလာက္ေအာင္ ပညာေပးရပါဦးမည္။

ေဒါသစိတ္ျဖင့္ တံခါးခ်ပ္ကို 'ဝုန္း'ခနဲျမည္ေအာင္ ဆြဲဖြင့္လိုက္သည္အခါ အနည္းငယ္လန့္သြားဟန္ေပၚသည့္ လူကို သတိထားမိသြားသည္ေၾကာင့္ မ်က္ေစာင္းခဲကာ ဆူေဟာက္လိုက္ေတာ့သည္။ ဘယ္ခ်ိန္ကတည္းက သူ႕ေနာက္ကလိုက္လာတာမ်ားလဲ။

"ဘာလိုက္လုပ္တာလဲ!"

ထိုအခါမွ တပါတည္း လိုက္ပါလာသူ ထိုalphaက မလုံမလဲ မ်က္ႏွာေပးျဖင့္

"မင္းအရမ္း ေဒါသျဖစ္ေနတာဆိုေတာ့ စိတ္မခ်လိဳ႕လိုက္လာတာပါ။ ေဒါသထြက္ရင္ အမွားပါတတ္တယ္ေလ"

"က်စ္။ က်ဳပ္ဘယ္သူ႕ကိုမွ ေျခလြန္လက္လြန္ျဖစ္ေအာင္ မလုပ္ဘူး။ ခင္ဗ်ားလည္း မဆိုင္တဲ့ကိစၥကို ဝင္မပါနဲ႕။ ျပန္ေတာ့"

စိတ္ရွိအတိုင္း ဝင္မည္ျပဳေသာ္လည္း တုပ္တုပ္မလႈပ္သည့္ ထိုalphaေၾကာင့္ စိတ္အႏွောင့္အယွက္ျဖစ္စြာ သက္ျပင္းခ်လိဳက္ကာ

"ခင္ဗ်ား ဘာလိုခ်င္ေသးလို႔လဲ။ သြားလို႔ရၿပီလို႔ေျပာတယ္မဟုတ္လား"

"ေတာင္းပန္မလို႔"

"ဘာရယ္"

"အေစာက ကိစၥ... မင္းခြင့္ျပဳခ်က္မပါပဲ အတင္းနမ္းမိတဲ့ ကိစၥေလ.. အဲဒီအတြက္ က်ဳပ္ေတာင္းပန္တယ္ လာဗင္ဒါ။ "

"ေတာ္ေတာ့ ျပန္မေျပာနဲ႕ေတာ့"

ႏႈတ္ခမ္းေသြးစို႔ေလာက္တဲ့အထိ ျဖစ္ေစၿပီးမွ လာေတာင္းပန္ေနသည္က ရိုက္ပစ္ခ်င္စရာ သိပ္ေကာင္းသည္။ သို႔ေသာ္လည္း ျပႆနာတို႔အလြန္အလြန္ မျဖစ္ရေလေအာင္ တားဆီးေပးခဲ့သည္မို႔ ေက်ေအး၍သာ ေပးလိုက္ပါသည္။ ထိုalphaသာ ဝင္မတားခဲ့ပါလွ်င္ ခုခ်ိန္ ထို အမႈထမ္းဆိုသူတို႔ႏွင့္ ျပႆနာပို၍ႀကီးမား႐ုံသာ ရွိမည္ေလ။

"က်ဳပ္က စိတ္လိုက္မာန္ပါလုပ္လိုက္မိတာေပမယ့္ မင္းရဲ႕ မာနနဲ႕သိကၡာကို ထိခိုက္သလိုျဖစ္သြားခဲ့တာ... တကယ္ပဲ မင္းကို ေစာ္ကားဖို႔ အႀကံအစည္ေတာ့ မရွိခဲ့ပါဘူး။"

အမွန္တကယ္လည္း မာနခဲေလးအား အနည္းငယ္ ပညာျပလိုသည္ကလြဲ၍ ဂုဏ္သိကၡာကို ေစာ္ကားရန္ အစီအစဥ္မရွိခဲ့ပါ။
နီေစြးေစြး ႏႈတ္ခမ္းဖူးေလးေၾကာင့္ မထိန္းနိုင္ပဲ က်ဴးလြန္ခဲ့မိျခင္းသာ ျဖစ္ပါသည္။ သို႔ေသာ္လည္း ထိုအေၾကာင္းအရာကိုေတာ့ လာဗင္ဒါေလး၏ ေဒါသက သူ႕အေပၚပုံက်မည္စိုး၍ ထည့္မေျပာမိေတာ့ပါ။

"ေတာ္ပါေတာ့ဆို။ အဲအေၾကာင္းကလြဲရင္ ေျပာစရာမရွိဘူးမလား။ ခုနက က်ဳပ္ကို ကူညီခဲ့တာမို႔ ေၾကသြားၿပီလို႔ပဲ မွတ္လိုက္ေတာ့။ ဒါဆိုရၿပီမဟုတ္လား။"

"အင္း။ မင္းက ထင္ထားတာထက္ေတာ့ သေဘာထားႀကီးသားပဲ"

"ကိုယ္ေတာ္က အစထဲက သေဘာထားႀကီးပါတယ္။ အဲ့ဒါကိုေတာင္ အေမွ်ာ္အျမင္ရွိစြာ အုပ္ခ်ဳပ္ပါဆိုၿပီး ပညာရွိစကားေတြ ေျပာသြားတာေတာ့ ဘယ္သူလဲ မသိဘူး"

မသိမသာ ႐ြဲ႕ေစာင္းကာ ခပ္ဆတ္ဆတ္ျဖင့္ နန္းေဆာင္ထဲ ဝင္သြားေသာ လာဗင္ဒါေလးအား ၾကည့္ရင္း ခိုးရယ္မိေတာ့သည္။ မာန္မဲသည့္ ပုံစံထက္ အလိုမက်၍ ရန္ေတြ႕ေနေသာ ကေလးငယ္ႏွင့္ ဆင္တူေနေသာေၾကာင့္ပင္ ျဖစ္သည္။ Eldora၏ အုပ္ခ်ဳပ္သူ အရွင္မွာ သည္လို ခ်စ္စရာေကာင္းသည့္ တစ္ဖက္ျခမ္းလည္း ရွိေသးသည္ကို မျမင္နိုင္ၾကေသာ တဖက္ပိတ္ အမႈအရာထမ္းတို႔ကေတာ့ လူျဖစ္ရႈံးပါသည္ေလ။

"ခင္ဗ်ား လိုခ်င္တာလည္း ရ၊ လုပ္ခ်င္တာလည္း လုပ္ၿပီးၿပီပဲ။ ျပန္ေတာ့ေလ နန္းေတာ္ကေန။"

"မဟုတ္ဘူး။ က်ဳပ္ရည္႐ြယ္ခ်က္က ေျပာင္းသြားၿပီ"

နန္းေဆာင္ထဲ ဝင္၍ တံခါးပိတ္မည္ အျပဳ ရွိရင္းစြဲေနရာမွာပင္ တုပ္တုပ္မလႈပ္ပဲ ရွိေနေသးေသာ ထိုalphaအား အေသာ့ကေလး ႏွင္မိေသာ္လည္း ျပန္ရလိုက္သည့္ အေျဖစကားေၾကာင့္ အနည္းငယ္ပင္ ေၾကာင္အန္းအန္း ျဖစ္သြားရသည္။ ဘာကို အလိုရွိေသးလို႔မ်ား ခုလိုေခါင္းမာမာျဖင့္ ရွိေနေသးသည္လဲ။

"ဟင္း.. ဘာလုပ္ခ်င္ေသးလို႔လဲ ခင္ဗ်ားရယ္။ က်ဳပ္စိတ္ရႈပ္ေနပါတယ္ဆို"

"က်ဳပ္ မင္းရဲ႕ ကိုယ္ရံေတာ္ျဖစ္ပါရေစ လာဗင္ဒါ"

"ဟင္"

ဝတ္႐ုံကို ျပန္ယူရန္ဆိုသည့္ ရည္႐ြယ္ခ်က္တစ္ခုျဖင့္သာ ၿပိဳင္ပြဲကို ဝင္ၿပိဳင္ခဲ့သည္ဆိုသူက ေန႕မကူးေသးခင္မွာပင္ ကိုယ္ရံေတာ္ျဖစ္ရန္ ဆႏၵရွိလာသည္တဲ့လား။ ဘယ္အေၾကာင္းေၾကာင့္မ်ား စိတ္ေျပာင္းသြားရသည္လဲ။

မဟုတ္မွ လြဲေရာ။ အမႈထမ္းတို႔၏ အတင္းစကားကို ၾကား၍ သူ႕အား က႐ုဏာသက္သြားသည္လား? သည္လိုေတာ့ သူအျဖစ္မခံနိုင္ပါ။ သူ႕အား သနားစဖြယ္ အားနည္းသူတစ္ဦးအျဖစ္ ထင္ျမင္ခံရမည္ကို သိပ္မုန္းသည္ေလ။

"ကိုယ္ေတာ့္ကို ကာကြယ္ေပးဖို႔လူ မလိုအပ္ဘူးလို႔ ေျပာထားတယ္ မဟုတ္လား။ omegaတစ္ေယာက္မို႔ ကိုယ့္ကိုယ္ကို မကာကြယ္နိုင္ဘူးလို႔ ထင္ေနတာလား?"

"မဟုတ္တာ လာဗင္ဒါရယ္။ မင္းအထင္မွားေနပါၿပီ"

"တာဝန္ခံအခ်ိဳ႕ရဲ႕ စကားေတြၾကားၿပီး မင္းဘာေၾကာင့္ သ႐ုပ္မွန္ကို ဝွက္သိမ္းထားတယ္ဆိုတာ နားလည္လာတယ္။ ဒီလို ဥာဏ္တိမ္တဲ့ လူတစ္စုကို အုပ္ခ်ဳပ္ရတာ ဘယ္ေလာက္ စိတ္က်ဥ္းက်ပ္စရာ ေကာင္းလိုက္မလဲလို႔လည္း ေတြးမိတယ္။ ေနာက္ၿပီး alpha, beta, omegaဆိုတဲ့ ျဖစ္တည္မႈေတြအေပၚ ထားတဲ့ မင္းရဲ႕ ခံယူခ်က္ကို က်ဳပ္သိပ္သေဘာက်တယ္ လာဗင္ဒါ။ ဒီလို အေတြးအေခၚ ပြင့္လင္းတဲ့သူတစ္ေယာက္က သတ္မွတ္ခ်က္ေတြကို ႐ုန္းမထြက္နိုင္တဲ့ လူစုကို အုပ္ခ်ဳပ္ရတာ ဘယ္ေလာက္ထိ စိတ္ဒုကၡေရာက္မလဲဆိုတာကိုလည္း ခံစားမိတယ္။"

"ဒါေၾကာင့္ မင္းရဲ႕ အာဏာစက္တည္ၿမဲေအာင္ က်ဳပ္ကူညီေပးခ်င္မိတယ္။ မင္းက မလုပ္နိုင္ဘူးလို႔ ခံယူတာေၾကာင့္ မဟုတ္ပဲ ဒီ့ထက္ပိုၿပီး လြယ္လြယ္ကူကူ ေရွ႕ဆက္အုပ္ခ်ဳပ္နိုင္ေအာင္ တဖက္တလမ္းက အကူအညီျပဳခ်င္တာမို႔ မင္းရဲ႕ အပါးမွာ ခစားၿပီး တာဝန္ထမ္းေဆာင္ခြင့္ျပဳပါ လာဗင္ဒါ"

ေစာင့္ေရွာက္ကာကြယ္ေပးခ်င္သည္ဆိုသည့္ စကားအစား အကူအညီျပဳခ်င္သည္ဟူသည့္ စကားကို အသုံးျပဳခဲ့ေသာ ထိုalphaသည္ သူ႕စိတ္ကို သိေနသည့္အလားပါပင္။ တင္းထားသမွ် မာန္တို႔ ေလ်ာ့က်ကာ ျပန္သုံးသပ္မိေစသည္ထိစကားအရာတြင္ အင္မတန္ကြၽမ္းက်င္လွေသာ မ်က္ဝန္းစိမ္းပိုင္ရွင္ပါတည္း။ အေျပာႏွင့္ပင္ ခ်က္ခ်င္းခန့္အပ္ပစ္ခ်င္စရာပင္ ျဖစ္သည္။ သို႔ေသာ္လည္း လြယ္လြယ္ႏွင့္ေတာ့ ေလွ်ာ့မေပးနိုင္ပါ။ သူစမ္းသပ္ၾကည့္ခ်င္ပါေသးသည္ေလ။

"ဒါျဖင့္ရင္ ခင္ဗ်ားဝတ္႐ုံထားခဲ့။ ကိုယ္ေတာ္ စဥ္းစားၾကည့္ေပးမယ္"

"ဟင္..ဒါေတာ့ မျဖစ္---"

"ဘာမျဖစ္စရာ အေၾကာင္းရွိလို႔လဲ။ ခင္ဗ်ားပဲ ကိုယ္ရံေတာ္လုပ္ခ်င္တယ္ဆို။ ကိုယ္ရံေတာ္ဆိုတာ ဘုရင္ေသဆိုေသ ရွင္ဆိုရွင္ ဘုရင့္အမိန့္အတိုင္းေနရတာ။ ဒါေလးေတာင္ မစြန့္လႊတ္နိုင္ဘူးဆိုရင္ေတာ့ ခင္ဗ်ားကို ဘယ္လိုယုံၿပီး ကိုယ္ရံေတာ္ ခန့္ရမလဲ"

"တျခားဟာမရဘူးလား လာဗင္ဒါ။ က်ဳပ္အတြက္ေတာ့ အဖိုးထိုက္တန္တဲ့ ဝတ္႐ုံမို႔ပါ"

"က်စ္! ခင္ဗ်ား ဝတ္႐ုံကို က်ဳပ္က ဖ်က္ဆီးပစ္မွာမို႔လား အဲ့ေလာက္ျဖစ္ေနရေအာင္။ ဘာမွ မျဖစ္ေစရဘူး။ ခင္ဗ်ားစကားအတြက္ အာမခံခ်က္အေနနဲ႕ ခဏယူထား႐ုံပဲ။ စစ္ေဆးမႈေတြ ၿပီးသြားရင္ ခင္ဗ်ားလက္ထဲကို မထိမခိုက္ ျပန္ေပးမယ္ ရၿပီလား?"

"စစ္ေဆးမႈ?"

"ခင္ဗ်ားပဲ ကိုယ္ရံေတာ္ ျဖစ္ခ်င္တယ္ဆို? ဒီတိုင္းေျပာ႐ုံနဲ႕ ခန့္လိမ့္မယ္လို႔ ထင္လို႔လား? ေနာက္ထပ္ စစ္ေဆးမႈေတြမွာ ယွဥ္ၿပိဳင္ရဦးမွာ"

"ဒါေၾကာင့္ ခုကတည္းက နားဖို႔ေပးထားတဲ့ အေဆာင္ကို ျပန္ၿပီး အနားယူရင္း ျပင္ဆင္ေနလိုက္တာ ပိုေကာင္းမယ္ထင္တယ္။ အျခားစစ္ေဆးမႈေတြ ေအာင္ရင္ေတာင္ ကိုယ္ေတာ့္ ကိုယ္ရံေတာ္ျဖစ္ဖို႔ စစ္ေဆးမႈကိုေတာ့ ခုထိ ဘယ္သူမွ မေအာင္ျမင္ဖူးေသးလို႔ေလ"

ထိုစကားသည္ေတာ့ ေျခာက္လွန့္ေျပာဆိုျခင္းမဟုတ္ေသာ အမွန္တရားပင္ ျဖစ္သည္။ ကိုယ္ရံေတာ့ေ႐ြးပြဲအထပ္ထပ္ ျပဳလုပ္ဖူးသည့္တိုင္ အနီးကပ္ ကိုယ္ရံေတာ္ဟူ၍ တဦးတေယာက္မွ် မရွိရျခင္းမွာ အရွင့္၏ ပရိယာယ္ႂကြယ္ေသာ စမ္းသပ္မႈတို႔ေၾကာင့္ ျဖစ္သည္ဆိုသည္မွာ ျငင္း၍ မရေသာ အခ်က္ပါေလ။

မ်က္ဝန္းစိမ္းတို႔ပိုင္ရွင္ ထိုalphaသည္ေကာ အရွင့္စမ္းသပ္ခ်က္တို႔ကို ေအာင္ျမင္ကာ အရွင့္အလိုကိုျပည့္နိုင္ေစမည္လား။ အင္း.. စဥ္းစားစရာပါပင္။

"ဘယ္လို စမ္းသပ္မႈမ်ိဳးေတြ လာဦးမလဲ မသိဘူးေနာ္"

"တကယ္ဆို သုံးေယာက္လုံး ၿပိဳင္ပြဲမွာနိုင္ခဲ့တာပဲ။ သုံးေယာက္လုံးကို ခန့္လိုက္ေရာေပါ့။ ေတာ္ေတာ္ဂ်ီးမ်ားတဲ့ အရွင္ပဲ"

"တိုးတိုးေျပာစမ္းပါ။ နန္းေတာ္ထဲမွာကို။ ၾကားသြားဦးမယ္"

တီးတိုးေျပာဆိုေနၾကေသာ Betaႏွစ္ဦးသည္ ကိုယ္ရံေတာ္ေ႐ြးခ်ယ္ပြဲတြင္ အနိုင္ရရွိသူမ်ား ျဖစ္ၾကၿပီး ကိုယ္ရံေတာ္ျဖစ္ဖို႔အေရး ထပ္၍ယွဥ္ၿပိဳင္ရဦးမည့္ အေနအထားေၾကာင့္ မေက်မခ်မ္းျဖစ္ေနဟန္ေပၚေလသည္။

"ဒါနဲ႕ ဟိုလူက ဘာလို႔ အျပင္ကိုပဲ ၾကည့္ေနတာလဲ"

"မသိပါဘူး။ ေရာက္ကတည္းက စကားလည္းမေျပာ။ ထမင္းလည္း လာမစား။ တစ္ေယာက္တည္းေနရတာႀကိဳက္တယ္ထင္ပါရဲ႕။ ဒါမွမဟုတ္ ငါတို႔က Betaေတြျဖစ္ၿပီး သူကalphaမလို႔ မတူမတန္သလို ခံစားရလို႔လားေတာ့ မေျပာတတ္ဘူး"

"တကယ္ဆို သူကမွ သင္းကြဲကိုေနာ္ အဲ့လိုႀကီးက်ယ္ေနတာေတာ့ သိပ္မဟုတ္ဘူး ထင္တယ္"

"မင္းက သူသင္းကြဲမွန္း ဘယ္လိုသိတုန္း"

"ဟ။ Eldoraက Alphaေတြထဲ အဲ့လိုမ်က္လုံးအေရာင္နဲ႕လူ ျမင္ဖူးလို႔လား။ အမ်ားစုက မီးခိုးေရာင္၊ သစ္ခ်သီးေရာင္၊ အနက္ေရာင္ပဲ မဟုတ္လား။ အရွင္အပါအဝင္ေပါ့။ ဒီလူက မ်က္လုံးအေရာင္ကအစ ထူးဆန္းေနတာကို။ က်ိန္းေသေပါက္ ဒီကလူမဟုတ္တာ အေသအခ်ာပဲ"

"ဒါျဖင့္ရင္ လက္ေတာင္ မခံသင့္တာကို။ ဘာလို႔ၿပိဳင္ပြဲမွာ လက္ခံလိုက္တယ္ မသိဘူးေနာ္"

"ဒါလည္း ငါတို႔အလုပ္မဟုတ္ပါဘူးကြာ။ ေတာ္ၾကာ လွ်ာရွည္လို႔ဆိုၿပီး နန္းေတာ္အေပါက္ေစာင့္ ျဖစ္ေနဦးမယ္"

တကယ္တမ္း ထိုBetaႏွစ္ေယာက္၏ ေျပာစကားတို႔အား ထယ္ေဟ်ာင္း အလုံးစုံ ၾကားပါသည္။ သို႔ေပတည့္ သူ၏ အာ႐ုံမွာ ျပတင္းတံခါးမွ လွမ္း၍ျမင္ရေသာ လေရာင္ဆမ္းသည့္ ဝရန္တာေအာက္မွ ျဖဴလႊလႊ အရိပ္ငယ္ဆီသို႔သာ က်ေရာက္ကာေနသည္မို႔ပင္။

အနည္းငယ္လွမ္းသည္ေၾကာင့္ သဲကြဲျပတ္သားစြာ ျမင္ရခဲယဥ္းေသာ္လည္း ဝတ္႐ုံကို ၿခဳံကာ ကိုယ့္ကိုယ္ကို ေထြးပိုက္ထားသည့္သ႑ာန္ရွိေသာ ထိုအရိပ္ငယ္သည္ ထယ္ေဟ်ာင္းအျမင္တြင္ေတာ့ ဝမ္းနည္းအားငယ္ေနဟန္ေပၚပါသည္။ ဘယ္သူကမ်ား မိမိ၏ ျဖစ္တည္မႈအမွန္ကို ခ်ိဳးႏွိမ္ေစာ္ကားခံရသည့္အခါ ဘာမွမျဖစ္သလို ေမ့ေဖ်ာက္ေက်ာ္လႊားနိုင္မည္တဲ့လဲ။ မိမိႏွင့္ အနီးကပ္သူတို႔က ခ်ိဳးႏွိမ္သည္မို႔ ပို၍ဆိုးသည္ေလ။

ခိုင္ခန့္ေသာ ေက်ာက္ေတာင္သည္ပင္ ေရတိုက္စားလြန္းလွ်င္ တိမ္ေကာတတ္သကဲ့သို႔ ဘယ္ေလာက္ပင္ သန္မာသူျဖစ္လင့္ကစား စကားလုံးတို႔က နက္ရွိုင္းေသာ ႏွလုံးသားေနရာထိ ထိုးႏွက္တတ္ပါသည္။ အဆိပ္ထက္ပင္ ခါးသီးေသာ စကားတို႔သည္ လူသတ္လက္နက္အေနျဖင့္ပင္ အသုံးဝင္ေၾကာင္းကို ကိုယ္တိုင္လည္း မ်က္ဝါးထင္ထင္ ႀကဳံဖူးခဲ့သည္ေၾကာင့္ ထယ္ေဟ်ာင္း ေကာင္းေကာင္းသိပါသည္။ စံႏႈန္းတို႔ကို ခ်ိဳးေဖာက္ကာ အေတြးအေခၚ ပြင့္လင္းသည့္ လာဗင္ဒါေလးကိုေတာ့ ဘယ္လို အျဖစ္ဆိုးမ်ိဳးကိုမွ မႀကဳံေစခ်င္ပါေလ။

"သန္မာတယ္ဆိုတာကို အသိအမွတ္ျပဳေပမယ့္ မင္းကို စကားနဲ႕ေတာင္ ရန္မျပဳနိုင္ေအာင္ ကာကြယ္ေပးခ်င္လိုက္တာ လာဗင္ဒါ"

•••••

သည္လိုႏွင့္ တစ္ရက္ေက်ာ္မွ် အနားယူၿပီးခ်ိန္တြင္ေတာ့ ေနာက္ဆုံးေ႐ြးခ်ယ္ပြဲသို႔ ေရာက္လာခဲ့ေတာ့သည္။ တစ္နည္း အရွင္ကိုယ္တိုင္ ေ႐ြးခ်ယ္မည့္ပြဲေပါ့။ တရားဝင္ ကိုယ္ရံေတာ္ေ႐ြးပြဲမွ အနိုင္ရသူတိုင္းမွာ အရွင့္စစ္ေဆးမႈကိုေတာ့ မေက်ာ္ျဖတ္နိုင္သည္မို႔ အရွင့္အနီးတြင္ ကိုယ္ရံေတာ္ တစ္ဦးတစ္ေယာက္မွ် မရွိရခ်င္းပင္။

"ဓားေရးၿပိဳင္ရမွာမို႔ အဲ့အတြက္ ေ႐ြးခ်ယ္ရမယ္။ မင္းတို႔ကို ေ႐ြးစရာသုံးမ်ိဳးေပးထားမယ္။ အနိုင္ရေအာင္ ယွဥ္နိုင္ရင္ရၿပီ။ ၿပိဳင္ဘက္ရဲ႕ ဓား ေျမေပၚက်သြားရင္ ပြဲၿပီးၿပီ"

ၿပိဳင္ပြဲတာဝန္ခံ၏ စကားတို႔ကို အေရးတစိုက္နားေထာင္ေနသည့္ ေတာက္ေလွ်ာက္ အဓိပျပါယေဖြာ႐ြခကသြၫြ႕ အၿပဳံးတစ္ခုျဖင့္ ၾကည့္၍ေနေသာ အရွင့္ကိုေတာ့ သတိမထားမိၾကေပ။ အရွင္ကေလးဟာ ဘာေတြမ်ား ႀကံစည္ထားျပန္ပါလိမ့္။

"ပထမ ေ႐ြးခ်ယ္စရာကေတာ့ Beta အမႈထမ္းေဟာင္းႀကီး၊ ေနာက္တစ္ေယာက္ကေတာ့ Beta အမ်ိဳးသမီး စစ္သည္"

ေ႐ြးခ်ယ္စရာတို႔က သက္သက္ အနိုင္ယူရလြယ္ကူေစရန္ ေပးထားသကဲ့သို႔ ျဖစ္ေနသည္ေၾကာင့္ တစ္ခုခုေတာ့ မူမမွန္ေၾကာင္း ထယ္ေဟ်ာင္းသတိျပဳလိုက္မိသည္။ ထို႔ေၾကာင့္ ကိုယ္တိုင္ကိုယ္က် ထပ္၍ ေမးခြန္းထုတ္လိုက္ေလေတာ့ ျပန္ရလာသည့္ အေျဖက အံ့အားသင့္ေလာက္စရာပင္ ျဖစ္သည္။

"ေနာက္ဆုံးတစ္ေယာက္ကေရာ"

"ကိုယ္ေတာ္ပဲ"

"ဟ-ဟင္"

စီစဥ္ေပးထားသည့္ ေနရာတြင္ ထိုင္ေနရာမွ အနီးသို႔ေရာက္လာေသာ အရွင္လာဗင္ဒါေလး။ အံ့အားသင့္ေနသူတို႔ႏွင့္ ျခားနားစြာ တည္တည္ၿငိမ္ၿငိမ္ပင္ ျဖစ္သည္။ ၿပိဳင္ပြဲဝင္ သုံးဦးအနီးသို႔ ေရာက္သည့္အခါမွ

"ဘာလို႔ အဲ့ေလာက္ အံ့ဩသြားၾကတာတုန္း။ ကိုယ္ရံေတာ္ျဖစ္မယ့္လူက ကာကြယ္ရမယ့္လူထက္ေတာ့ အရည္အခ်င္းရွိေနမွ ရမွာေပါ့။ ဘုရင္ဆိုတာကို ေခါင္းထဲမထည့္ပဲ ရန္သူလိုသေဘာထားၿပီး တိုက္ခိုက္နိုင္တယ္"

"စိုး႐ြံ႕မိပါတယ္ အရွင္။ က်ေနာ္တို႔ မလုပ္နိုင္ပါဘူး"

Betaတစ္ဦးထံမွ ထြက္ေပၚလာေသာ စကားသံ။ က်ိန္ေသေပါက္ ျငင္းဆန္ၾကလိမ့္မည္ဟူသည္ကို သူတြက္ဆၿပီးျဖစ္ပါသည္။ ထိုအခ်က္ႏွင့္ပင္ ကိုယ္ရံေတာ္ေနရာမွ ဖယ္ထုတ္ရန္ လုံေလာက္ႏွင့္ၿပီေလ။

"ကိုယ့္ကိုယ္ကို ယုံၾကည္မႈမရွိတာလား ေမာင္မင္းတို႔က"

"မဟုတ္ပါဘူး။ အရွင္က အုပ္ခ်ဳပ္သူမို႔္ မွည့္တစ္ေပါက္စြန္းလို႔ မျဖစ္ဘူးေလ။ ဒီႏွစ္ေယာက္ထဲက တစ္ေယာက္ကို ေ႐ြးခ်ယ္ခိုင္းမယ္ဆိုရင္ေတာ့ အနိုင္ရမယ္လို႔ ယုံၾကည္ခ်က္ရွိပါတယ္ အရွင္"

ေလွ်ာက္တင္လိုက္ေသာ စကား၏အဆုံး အရွင့္မ်က္ႏွာတြင္ အဓိပျပါယေဖြာ႐ြခကေသြာ အၿပဳံးတစ္ခုျဖစ္တည္သြားသည္ေၾကာင့္ မိမိမွာ အရွင့္ထံ အမွတ္ပိုရေနေလာက္ၿပီျဖစ္ေၾကာင္း ေကာက္ခ်က္ခ်လိဳက္မိေသာ ထို beta။ သို႔ေသာ္လည္း အရွင့္ရည္႐ြယ္ခ်က္အမွန္ကိုေတာ့ အရွင္မွလြဲ၍ မသိနိုင္ပါေလ။

"ေကာင္းၿပီ ေမာင္မင္းသေဘာအတိုင္းပဲ။ က်န္တဲ့ ၿပိဳင္ပြဲဝင္ႏွစ္ေယာက္ကေရာ တူတူပဲလား"

က်န္Betaက စိတ္အားထက္သန္စြာ ေခါင္းၿငိမ့္ေသာ္လည္း တုံ႕ျပန္မႈအလ်င္းမရွိပဲ ေတြေဝေနဟန္ရွိေသာ မ်က္ဝန္းစိမ္းတို႔ ပိုင္ရွင္ေၾကာင့္

"ကင္မ္ထယ္ေဟ်ာင္း? ဟုတ္တယ္မလား? ေမာင္မင္းရဲ႕ ဆုံးျဖတ္ခ်က္ကေရာ ဘာမ်ားလဲ။ အခ်ိန္ေတြ လင့္ေအာင္ မလုပ္ရင္ေကာင္းမယ္ထင္တယ္"

"က်ဳပ္ မင္းကို--အဲ့ အရွင့္ကို စိန္ေခၚမယ္"

ျပတ္သားစြာထြက္လာေသာ Alpha၏ စကားသံေနာက္ ေစာင့္ၾကည့္ေနေသာ အမႈထမ္းမ်ားေကာ ၿပိဳင္ပြဲဝင္မ်ားၾကားပါ အာေမဋိတ္သံအခ်ိဳ႕ႏွင့္ ႐ုတ္႐ုတ္သဲသဲျဖစ္လာေတာ့သည္။ ယခုခ်ိန္ထိ က်င္းပခဲ့ေသာ ကိုယ္ရံေတာ္ေ႐ြးခ်ယ္ပြဲမ်ား ေတာက္ေလွ်ာက္ အရွင္ႏွင့္ လက္႐ုံးရည္ ယွဥ္ဝံ့သူ မရွိေသးသည္ေလ။

"အို သတၱိေကာင္းလွခ်ည္လား။ ေကာင္းၿပီ စိန္ေခၚမႈကို လက္ခံတယ္"

အနိုင္ရမည္ ေသခ်ာေသာ ၿပိဳင္ပြဲကို ယွဥ္ၿပိဳင္ျခင္းမဟုတ္ပဲ အရွင္ႏွင့္မွ ဓားေရးယွဥ္ရန္ ေ႐ြးခ်ယ္သည့္ ထိုalphaကို အမွတ္အနည္းငယ္ ပိုေပးမိေသာ္လည္း တဆက္တည္းမွာပင္ မိမိ၏ လ်ိဳ႕ဝွက္ခ်က္ေလးအား သိေနသူျဖစ္သည္ေၾကာင့္ အထင္ႀကီးမိသည္တို႔ပင္ ၾကက္ေပ်ာက္ငွက္ေပ်ာက္။

သူက omegaျဖစ္လို႔ လြယ္လြယ္အနိုင္ရမယ္ ထင္ၿပီးေ႐ြးခ်ယ္ခဲ့တာမ်ားလား... ဒါျဖင့္ရင္ေတာ့ ထိုalphaအမွားႀကီး မွားပါေလၿပီ။

သည္လိုႏွင့္ ၿပိဳင္ပြဲစတင္ေလရာ Betaႏွစ္ဦး၏ ၿပိဳင္ပြဲတို႔သည္ေတာ့ ေထြေထြထူးထူးျပႆနာ မရွိပဲ ၿပီးဆုံးခဲ့ေလသည္။ အင္အားခ်င္းမွ မမွ်ေလပဲ။ အနိုင္ယူရန္မွာ အလ်င္းမခက္ခဲပါေလ။

ထို႔ေနာက္တြင္ေတာ့ Alphaႏွင့္ Eldoraအရွင္၏ ဓားေရးယွဥ္ပြဲ အခ်ိန္က်ေလသည္။ လူအမ်ား အျမင္တြင္ေတာ့ Alphaႏွစ္ေယာက္၏ ဓားေရးယွဥ္ပြဲေပမို႔ အလိုလိုပင္ ၿပိဳင္ပြဲေနရာမွ ခပ္လွမ္းလွမ္းသို႔ ခြာသြားကာ အကဲခတ္၍ ေနၾကေလသည္။ Alphaဟူသည့္ ဂုဏ္ပုဒ္သည္ ယခုထိတိုင္ လူအမ်ားအား စိုးထိတ္ေအာင္ လႊမ္းမိုးနိုင္စြမ္း ရွိေနသည္ပဲ။

"ဘာလဲ ကိုယ္ေတာ္က omegaဆိုၿပီး အထင္ေသးၿပီး ေ႐ြးလိုက္တာလား ကင္မ္ထယ္ေဟ်ာင္း။ အဲ့လိုဆိုရင္ေတာ့ မင္းမွားသြားၿပီထင္တယ္"

ၿပိဳင္ပြဲမစခင္ အခ်င္းခ်င္း ေလးစားသမႈျဖင့္ အနီးကပ္မိတ္ဆက္ရခ်ိန္မွာပင္ ခပ္တိုးတိုး ရန္စကားဆိုလာေသာ လာဗင္ဒါေလးေၾကာင့္ မ်က္ဝန္းစိမ္းပိုင္ရွင္ alphaမွာ သက္ျပင္းခ်မိေတာ့သည္။ သည္ေလာက္ထိ ယုံၾကည္ေအာင္ မိမိရည္႐ြယ္ခ်က္အမွန္တို႔အထိ အသိေပးၿပီးေသာ္လည္း လာဗင္ဒါေလးသည္ သံသယမ်ားေနဆဲပါပင္။

"မဟုတ္ဘူး။ မဆိုင္တဲ့သူကို သက္သက္ရန္မျပဳခ်င္လို႔။ အသက္အ႐ြယ္ႀကီးရင့္ၿပီ ျဖစ္တဲ့အဘိုးအိုနဲ႕ ဒီေ႐ြးခ်ယ္ပြဲနဲ႕ မသက္ဆိုင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ကို အနိုင္ရလိုစိတ္နဲ႕ အသားလြတ္ မတိုက္ခိုက္နိုင္ဘူး။"

အေၾကာင္းအရင္းအမွန္ကို သိရသည့္အခါ အနည္းငယ္ေတာ့ ၿပဳံးမိသြားသည့္ အရွင္လာဗင္ဒါ။ သည္alphaသည္ သမရိုးက် လူမ်ားႏွင့္မတူ ကြဲထြက္၍ေတာ့ ေနသားပင္။ အဆုံးအမေကာင္းေကာင္းႏွင့္ ႀကီးျပင္းခဲ့ပုံပါပဲ။

"အဟက္။ အေျပာကေတာ့ ေကာင္းသားပဲ"

"မင္းကိုလည္း မတိုက္ခိုက္ခ်င္ပါဘူး လာဗင္ဒါ။ ထိခိုက္မိရင္ ဘယ္သူ႕အတြက္မွ မေကာင္းဘူး။"

"ဆင္ေျခမေပးနဲ႕။ ဘာအေၾကာင္းေၾကာင့္နဲ႕မွ မညွာပဲ တိုက္ခိုက္ရမယ္။ ကိုယ္ေတာ့္ကို ညွာတာက ကိုယ္ေတာ့္ကို အထင္ေသးတဲ့သေဘာမို႔ ေစာ္ကားတာနဲ႕ တူတူပဲ။ ဒါေၾကာင့္ ခင္ဗ်ား ကြၽမ္းက်င္သလိုသာ တိုက္ခိုက္ပါ ကင္မ္ထယ္ေဟ်ာင္း"

အေဝးမွ ၾကည့္ေနေသာ အမႈထမ္းႏွင့္ ၿပိဳင္ပြဲဝင္တို႔အတြက္ေတာ့ alphaႏွစ္ဦး မာန္ၿပိဳင္ကာ စကားစစ္ခင္းေနသည္ႏွင့္ ပို၍ ဆင္တူပါလိမ့္မည္။ ပြဲၾကည့္သူတို႔မွာ ထိလြယ္ရွလြယ္ေသာ ေ႐ြးခ်ယ္မႈကို ျပဳခဲ့သည့္ မ်က္ဝန္းစိမ္းပိုင္ရွင္ကို မခ်ီးက်ဴးပဲ မေနနိုင္ၾက။ အရွင္ႏွင့္ ယွဥ္ၿပိဳင္ရျခင္းသည္ ဘယ္ေလာက္ေတာင္ အႏၱရာယ္ မ်ားလိုက္သလဲ။ အနိုင္ရလွ်င္လည္း အရွင့္မာနထိခိုက္ကာ အမ်က္ရွခံရေကာင္း ခံရနိုင္သည္။ ရႈံးနိမ့္ျပန္လွ်င္လည္း အရည္အခ်င္း မျပည့္မွီဟုဆိုကာ အလိုအေလ်ာက္ ပယ္စာရင္းထဲ ေရာက္သြားနိုင္သည္ေလ။

*ခြၽင္*

အႏွစ္ႏွစ္အလလ ေလ့က်င့္မႈတို႔၏ ရလဒ္သည္ ေပါ့ေသးေသးမဟုတ္သည္ေၾကာင့္ ဓားေရးကြၽမ္းက်င္ေသာ အရွင့္ႏွင့္ ယွဥ္ၿပိဳင္တိုက္ခိုက္ရသည္မွာ alphaျဖစ္ေသာ ထယ္ေဟ်ာင္းအတြက္ပင္မလြယ္ကူလွပါ။ omegaဟူ၍ ထင္ရက္စရာပင္ မရွိေလာက္ေအာင္ လက္႐ုံးရည္ ျပည့္ဝလြန္းပါသည္။

*႐ြပ္*

"အရွင္!"

သူမသာ ကိုယ္မသာ အေနအထားႏွင့္ တိုက္ခိုက္ေနစဥ္မွာပင္ ဓားဦးခြၽန္က မ်က္ႏွာျဖဴႏုႏုအား ထိခိုက္မိသြားသည္ကို ခံစားမိသည္ႏွင့္ တၿပိဳင္နက္ လက္ထဲမွ ခပ္တင္းတင္းဆုပ္ကိုင္ထားေသာ ဓားရွည္အား ေျမျပင္ေပၚသို႔ ပစ္ခ်လိဳက္မိေတာ့သည္။ အနည္းဆုံးေတာ့ တဖက္သား ထိခိုက္မႈမရွိေစရန္ သတိထား တိုက္ခိုက္ခဲ့ပါေသာ္လည္း မ်က္ႏွာႏုႏုတြင္ အနာတရျဖစ္သြားေစခဲ့ေလၿပီကိုး။

သို႔ေပတည့္ အရွင္လာဗင္ဒါေလးသည္ေတာ့ မ်က္ေမွာင္တစ္ခ်က္ပင္ မက်ဳံ႕ပဲ ခပ္ေထ့ေထ့ အၿပဳံးတစ္ခုျဖင့္ alpha၏ လည္တိုင္သို႔ ဓားျဖင့္ ႐ြယ္နိုင္သြားသည္အထိ အခြင့္သာသြားခဲ့ေလသည္။ ဓားဦးခြၽန္ျဖင့္ ျခစ္မိသည့္ ဒဏ္ရာသည္ေတာ့ ပါးမို႔မို႔ထက္တြင္ ေသြးစို႔လ်က္ပင္ ျဖစ္သည္။

"ဒီေလာက္ဆို အနိုင္အရႈံး သတ္မွတ္လို႔ ရၿပီထင္တယ္"

"အရွင္!မ်က္ႏွာမွာ ခိုက္မိသြားၿပီ ဘယ္လိုလုပ္မလဲ"

alphaလည္ပင္းအား ဓားျဖင့္ခ်ိန္႐ြယ္နိုင္လိုက္သည္ႏွင့္ တၿပိဳင္နက္ အနီးသို႔ ျပာျပာသလဲျဖင့္ အလီလီေရာက္လာၾကေသာ အမႈထမ္းမ်ား။ သို႔ေသာ္ အရွင့္မ်က္ဝန္းတို႔သည္ေတာ့ စိမ္းဖန့္ဖန့္ မ်က္ဝန္းတို႔ဆီမွ အၾကည့္မလႊဲခဲ့ေပ။

"အတင့္ရဲလိုက္တာ။ အရွင့္ မ်က္ႏွာကိုေတာင္ ထိခိုက္ေအာင္ လုပ္ရဲတယ္။"

ခမ္းခမ္းနားနား ဝတ္စားထားသည့္ လူလတ္ပိုင္းအ႐ြယ္ အမႈထမ္းတစ္ဦးက ထိခိုက္မိသူ အရွင့္ထက္ပင္ ေဒါသႀကီးစြာ တုံ႕ျပန္ေနေသးသည္။ အရွင့္အေပၚ အမွန္ပင္ စိုးရိမ္ျခင္းေပလား သို႔မဟုတ္ မ်က္ႏွာေကာင္းရရန္ျပဳျခင္းေပလားေတာ့ မေျပာတတ္။

"ထားလိုက္ အႀကံေပးႀကီး။ ဒါက သာမန္ ျခစ္ရာေလးပါပဲ။ ကိုယ္ေတာ္ကိုယ္တိုင္ မညွာပဲ တိုက္ခိုက္ဖို႔ေျပာခဲ့တာ"

"ဒါေပမယ့္ အရွင့္မ်က္ႏွာ--"

"႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္သြားတာမ်ိဳးမွ မဟုတ္တာ။ ေတာ္႐ုံပဲလုပ္စမ္းပါ အႀကံေပးႀကီး။"

"စိုး႐ြံ႕မိပါတယ္ အရွင္"

ထို႔ေနာက္ အရွင္လာဗင္ဒါေလးသည္ ေျမျပင္၌ က်ေနေသာ alpha၏ ဓားရွည္အား ေကာက္ယူ၍ ကမ္းေပးလိုက္ကာ

"ခင္ဗ်ား ေတာ္ပါတယ္ ကင္မ္ထယ္ေဟ်ာင္း။ ေကာင္းမြန္တဲ့ ကစားပြဲတစ္ခုျဖစ္ခဲ့တယ္။ က်န္တဲ့သူေတြကိုလည္း အရည္အခ်င္းကို အသိအမွတ္ျပဳပါတယ္။ ညေနေလာက္က်ရင္ တာဝန္ခံေတြက ရလဒ္ကို ေၾကညာေပးလိမ့္မယ္။ ခုေတာ့ အေဆာင္ျပန္ နားလို႔ရၿပီ"

အရွင္ႏွင့္ အမႈထမ္းအား ထိုေနရာက ထြက္ခြာသြားသည္အထိ ထို alphaသည္ တုပ္တုပ္မလႈပ္သလို စကားတစ္ခြန္းမွ်မဆိုခဲ့။ သို႔ေသာ္ မ်က္ဝန္းစိမ္းတို႔ကေတာ့ ေဆြးေဆြးေျမ့ေျမ့ျဖင့္ ပါးျပင္ႏုႏုေပၚမွ ဒဏ္ရာကို ခိုးေငးလ်က္ပင္ ျဖစ္သည္။

ေဘးမွ တီးတိုးစကားမ်ားကိုလည္း ၾကားပါသည္။ တိုင္းျပည္အရွင္ကို ထိခိုက္ေအာင္လုပ္သည့္အျပင္ ရႈံးနိမ့္ခဲ့သည္ေၾကာင့္ ကိုယ္ရံေတာ္ ရာထူးႏွင့္ ေဝးၿပီျဖစ္ေၾကာင္း။ အရွင္သည္ အမ်က္ထြက္သြားဟန္ေပၚေၾကာင္း စသည္ျဖင့္ စသည္္ျဖင့္ပင္။

သို႔ေပတည့္ ကိုယ္ရံေတာ္မျဖစ္ေတာ့မည့္ အေရးအား ပါးမို႔ျဖဴျဖဴထက္မွ ဒဏ္ရာေလာက္ စိတ္မဝင္စားခဲ့ပါ။ ကာကြယ္ေပးခ်င္သည္ဟု ဆုံးျဖတ္ခဲ့ေသာ သူဟာ သူ႕လက္ျဖင့္ပင္ လာဗင္ဒါေလးကို ထိခိုက္ေအာင္ လုပ္မိသည္မို႔ အျပစ္မကင္းသလို ခံစားရပါသည္ေလ။

•••••

ညေနခင္း ေနက်ခ်ိန္ျဖစ္သည္။ သြားသင့္ မသြားသင့္ ခံစားခ်က္တို႔ လြန္ဆြဲေနရာမွ ဦးႏွောက္၏ ဆုံးျဖတ္ခ်က္အား လ်စ္လ်ႉရႈကာ အရွင္လာဗင္ဒါေလး၏ နန္းေဆာင္ဆီသို႔ ေျခဦးတည္ခဲ့ပါသည္။

နန္းတြင္းတြင္ ေထြေထြထူးထူး ကိစၥရပ္မရွိသည္မို႔ လာဗင္ဒါေလး နန္းေဆာင္ကို ကာရံေသာ ကြၽန္းတံခါးလွလွႀကီး ေရွ႕တြင္ အေစာင့္တခ်ိဳ႕ ေစာင့္ၾကပ္ကာေနသည္။ ထိုအခ်င္းအရာေၾကာင့္ အေစာင့္မ်ား မျမင္နိုင္ေလာက္မည့္ အကြယ္ေနရာေလာက္မွ ခိုး၍ ၾကည့္ေနမိရင္း အခ်ိန္ေကာင္းကို ေစာင့္ကာေနမိေတာ့သည္။ ေစာင့္ေနသည့္ ေတာက္ေလွ်ာက္လည္း မိမိကိုယ္ကို ရယ္ခ်င္မိသည္။ ဘုရင့္ကိုယ္ရံေတာ္ျဖစ္ရန္ မွန္းဆထားခဲ့သူက ခိုးေၾကာင္ခိုးဝွက္ႏွင့္ နန္းေဆာင္ထဲ ဝင္ခြင့္ရရန္ ေခ်ာင္းလိုက္၊ ဘုရင့္မ်က္ႏွာကို ထိခိုက္ေအာင္လုပ္မိလိုက္ျဖင့္ အေတာ္ေလးပင္ အူေၾကာင္ေၾကာင္ နိုင္လွသည္ မဟုတ္လား။

ထို႔ေနာက္ ဆန့္က်င္ဘက္အရပ္မွ ေျခသံၾကားရသည္ေၾကာင့္ ပုန္းရင္းႏွင့္ပင္ ၾကည့္မိေလေတာ့ ခရမ္းဆြဲေရာင္ ေက်ာက္တို႔ တဖိတ္ဖိတ္ေတာက္ပေနသည့္ သရဖူကို က်နစြာေဆာင္းထားေသာ အရွင္လာဗင္ဒါေလး။ ယိမ္းယိုင္ျခင္းမရွိေသာ ေျခလွမ္းတို႔ျဖင့္ အေဆာင္ရွိရာသို႔ ခပ္မွန္မွန္ ေလွ်ာက္လာေလသည္။

"လာဗင္ဒါ"

"ဟင္ ခင္ဗ်ား ဒီမွာဘာလုပ္ေနတာလဲ။ အေစာင့္ေတြ ျမင္ရင္ဖမ္းခံရဦးမယ္"

တီးတိုးစကားဆိုရင္း လက္မွလည္း အကြယ္တစ္ေနရာသို႔ ဆြဲေခၚလာျပန္သည္။ ကိုယ္တိုင္ ဖမ္းခ်ဳပ္ေစရန္ထိ ေစခိုင္းခဲ့သူက ယခုက် ဖမ္းခ်ဳပ္ခံရမည္ကို စိုးရိမ္ေနျပန္သည္။ အရွင္ လာဗင္ဒါေလးသည္ နားလည္ရေတာ့ ခက္သား။

"မ်က္ႏွာက ဒဏ္ရာ... အဆင္ေျပရဲ႕လား..."

"ျခစ္မိ႐ုံေလးပါ။ မသက္သာေတာ့လည္း အမာ႐ြတ္က်န္႐ုံေပါ့"

"ဟင္း.. ၿငိမ္ၿငိမ္ေလး ခဏေနၿပီး မ်က္လုံး မွိတ္ထား လာဗင္ဒါ"

"ဘ-ဘာလုပ္မလို႔လဲ"

"ေဆးလိမ္းေပးမလို႔။ ေတာထဲမွာ ေနတဲ့ေတာက္ေလွ်ာက္လည္း ဒဏ္ရာမွန္သမွ် ဒီေဆးနဲ႕ပဲ သက္သာခဲ့တာ"

အကၤ်ီအိတ္အတြင္းမွ အဝိုင္းသ႑ာန္ရွိေသာ ေဆးဘူးငယ္ကို ထုတ္ရင္းေျပာေလေတာ့ အရွင္က ႏွာေခါင္းရႈံ႕ကာ

"ခင္ဗ်ား ေဆးက ဘာေတြနဲ႕ေဖာ္ထားမွန္းမသိ။ ေတာ္ပါၿပီ"

"က်စ္ လာဗင္ဒါရယ္ ေျပာရခက္လိုက္တာ။ ထြက္မသြားခင္ ဒါေလးေတာ့ လုပ္ေပးခဲ့ပါရေစလား။ မဟုတ္ရင္ အျပစ္မကင္းသလို ခံစားရတာမို႔"

ထြက္သြားမည္တဲ့လား။ ေရွ႕ရက္ကပင္ ကိုယ္ရံေတာ္ျဖစ္ခ်င္ပါသည္။ သူ႕အား အကူအညီျပဳခ်င္ပါသည္ႏွင့္ ေလႀကီးမိုးႀကီးေျပာခဲ့သူကလည္း သည္alphaပင္ မဟုတ္လား။ အေျပာင္းအလဲ ျမန္လိုက္ပါဘိ။

စကားရွည္ရွည္မေျပာေတာ့ပဲ မ်က္ဝန္းလွလွတို႔ မွိတ္သြန္ေပးလိုက္ေတာ့ မ်က္ဝန္းစိမ္းတို႔က မွင္သက္စြာ ျပန္၍ၾကည့္ေနမိေတာ့သည္။ မ်က္ေတာင္နက္နက္တို႔က ထူထူစိတ္စိတ္ကေလးျဖင့္ ျဖဴဝင္းေသာ အသားအရည္ေပၚတြင္ ထင္းကာေနသည့္အျပင္ ညေနေစာင္း၏ ေနေရာင္ျခည္ပ်ပ် က်ေရာက္ေသာ အသားအရည္သည္ ျဖဴဝင္း႐ုံမက ႏုညက္ကာ ၾကည္လည္း ၾကည္လင္ပါေသးသည္။

"လုပ္ေလ။ ခင္ဗ်ားပဲ ေဆးလိမ္းေပးမလို႔ဆို"

"ဟင္။ အင္း.. ခုလုပ္လိုက္မယ္ေနာ္ လာဗင္ဒါ"

ထို႔ေနာက္ လက္ေခ်ာင္းရွည္ရွည္တို႔က ေဆးဘူးတြင္းမွ ေဆးအခ်ိဳ႕ကို ယူကာ ပါးမို႔ေပၚရွိ အနာ႐ြတ္အား သက္သာလိုသက္သာျငား ခပ္ဖြဖြလိမ္းေပးသည္။ alphaဟူသည္ ၾကမ္းတမ္းေသာ သဘာဝရွိသည္ဟူေသာ သတ္မွတ္ခ်က္အား ေမးခြန္းျပန္ထုတ္ခ်င္ေလာက္ေအာင္ပင္ ညင္သာစြာ ထိေတြ႕ေပးေသာ ထိုalphaက တကယ့္ကို ထူးဆန္းပါသည္။ ေတြ႕ဆုံမႈတိုင္းတြင္ ၾကမ္းတမ္းလိုက္ ႏူးညံ့လိုက္ျဖစ္ရေသာ သူတို႔ အျဖစ္အပ်က္ကေတာ့ ပို၍ထူးဆန္းပါသည္ေလ။

"အတတ္နိုင္ဆုံး မင္းကို မခိုက္မိေအာင္ ႀကိဳးစားခဲ့ေပမယ့္ မေမွ်ာ္လင့္ပဲ ဒီလိုထိခိုက္ေစခဲ့တယ္။ အားနာပါတယ္ လာဗင္ဒါ"

"မဟုတ္တာ။ ကိုယ္ေတာ္ကိုယ္တိုင္ အေလွ်ာ့မေပးဖို႔ အမိန့္ေပးခဲ့ၿပီးသားပဲ။ ခင္ဗ်ားမွာ အမွားမရွိပါဘူး"

သို႔ေသာ္လည္း ထိုalphaသည္ ယခုထိတိုင္ မ်က္ႏွာငယ္ငယ္ႏွင့္မို႔ အရွင္လာဗင္ဒါေလးပင္ စိတ္ထဲတမ်ိဳးျဖစ္လာရေတာ့သည္။ ျဖစ္သည့္သူထက္ပင္ လုပ္သည့္သူက ပို၍ ခံစားခ်က္ျပင္းေနပါေရာလား။

မဟုတ္မွ.. ကိုယ္ရံေတာ္ ရာထူးဆုံးရႈံးရၿပီဟူသည့္ စိတ္ေၾကာင့္မ်ား သည္လိုျဖစ္ေနသည္လား။ သို႔ေပမယ့္လည္း အနိုင္ယူရန္ အခြင့္အေရးရွိလ်က္ႏွင့္ ဓားကိုအရင္ပစ္ခ်ခဲ့သူက ထိုalphaပင္မဟုတ္လား။

"ဒါနဲ႕ သိခ်င္တာရွိတယ္"

"ေျပာပါ လာဗင္ဒါ"

"ဘာလို႔ ဓားကို ပစ္ခ်ခဲ့တာလဲ။ တကယ္တမ္း ခင္ဗ်ားနိုင္ဖို႔က ပိုေသခ်ာေနတာကို"

"ေမးေနတယ္ေလ ကင္မ္ထယ္ေဟ်ာင္း"

"မင္း ထိခိုက္သြားလို႔ လာဗင္ဒါ"

ဘာေၾကာင့္ရယ္ မသိ alpha၏ ထိုစကားက အရွင့္အား စိတ္လႈပ္ရွားေစသည္။ တိုင္းျပည္အရွင္မို႔ အနည္းငယ္ထိခိုက္လွ်င္ေတာင္ အမႈအရာထမ္းတို႔က ကဲကဲလႈပ္တတ္ေသာ္လည္း အပိုအလုပ္ဟုသာ ေတြးေတာခဲ့ဖူးသည္။ သို႔ေသာ္လည္း သည္alphaအလွည့္မွ ဘယ္ႏွယ္လုပ္ အိေျဒၶမရျဖစ္ေနသည္တဲ့တုန္း။ inner wolf၏ ဆြဲငင္မႈေၾကာင့္ ျဖစ္ပါလိမ့္မည္ေလ။

"ဒါက ျခစ္ရာေသးေသးေလး တစ္ခုပဲကို။ ဒီလို လုပ္လိုက္ေတာ့ ခင္ဗ်ား ရႈံးတာေပါ့။ alphaျဖစ္ၿပီး omegaတစ္ေယာက္ကို ရႈံးရတာ ခင္ဗ်ားအတြက္ မာနမထိခိုက္ဘူးလား"

"မင္းထိခိုက္တာထက္စာရင္ေတာ့ ေတာ္ပါေသးတယ္။"

"ဟ။ တကယ္ ခန့္မွန္းရခက္တဲ့သူပဲ။ ဒါျဖင့္ရင္ ၿပိဳင္ပြဲမွာရႈံးလို႔ဆိုၿပီး ခင္ဗ်ား ကိုယ္ရံေတာ္မျဖစ္နိုင္ေတာ့ဘူးဆိုရင္ေကာ"

"ကိုယ္ရံေတာ္လုပ္ဖို႔ဆိုတာလည္း မင္းကို အမွီျပဳၿပီးျဖစ္တည္လာတာမို႔ မင္းကို ထိခိုက္ေအာင္ လုပ္မိတဲ့သူက ကိုယ္ရံေတာ္ရာထူးနဲ႕ မထိုက္တန္ပါဘူး"

မ်က္ဝန္းစိမ္းတို႔ႏွင့္ ဆုံဆည္းေစရင္း အတည္ေပါက္ႀကီး ေျပာလာေသာ ထိုalphaက တင္းထားသမွ် မာန္တို႔ ေလ်ာ့က်ခ်င္ေလာက္ေအာင္ပင္ ျဖစ္သည္။ သည္alphaကေတာ့ အေျပာႏွင့္တမ်ိဳး အလုပ္ႏွင့္တမ်ိဳး inner wolfအား သိမ္းသြင္းေနသည္ပဲ။ ခက္ေခ်ပါၿပီ။

"ေတာ္ပါေတာ့ အဲ့လို မ်က္ႏွာႀကီး ငယ္မေနနဲ႕။ ခင္ဗ်ားကို ဘယ္သူက ကိုယ္ရံေတာ္ မလုပ္ရဘူး ေျပာေနလို႔လဲ။"

"မေျပာရင္ေတာင္ ရလဒ္က သိသာေနၿပီးသားကို"

"က်စ္! ခက္လိုက္တာ ဒီလူႏွယ့္လည္း။ အဲ့ဒါဆိုလည္း သြားေတာ့။ အေဆာင္ကေနသာ ရလဒ္ကို ထိုင္ေစာင့္ေန။"

သြားေတာ့ဆိုျပန္ေတာ့လည္း ေခါင္းၿငိမ့္ကာ အေတာင့္လိုက္ႀကီး ထြက္သြားရန္ျပဳသည့္ ထိုalphaေၾကာင့္ အရွင့္မွာ ေခါင္းယမ္းမိေတာ့သည္။ ဘယ္ႏွယ္လုပ္ သည္ေလာက္ထိ ဒုံးေဝးရသည္လည္း သည္ေလာက္ဆို စကားအသြားအလာႏွင့္ပင္ အကင္းပါးသင့္ၿပီ မဟုတ္လား။ ထက္ခ်င္ လ်င္ခ်င္လွ်င္လည္း သူ႕အျပင္မရွိသလို တုံးျပန္လွ်င္လည္း ယခုလို အရိပ္ျပလွ်င္ေတာင္ အေကာင္မျမင္ပါေလ။

"အာ.. ေနာက္ၿပီး အေခၚအေဝၚ ေျပာင္းဖို႔ပါ က်င့္ခဲ့ဦး"

"ဟင္"

"ကိုယ္ေတာ့္ရဲ႕ ကိုယ္ရံေတာ္လုပ္မယ္ဆို လူၾကားထဲမွာေကာ ကိုယ္ေတာ့္ကို မင္းေတြ က်ဳပ္ေတြနဲ႕ ေျပာမလို႔လား?"

"မင္း ေျပာခ်င္တာက"

သူ႕စကားေၾကာင့္ အေျပးတပိုင္းျဖင့္ အနားကိုျပန္ေရာက္လာေသာ ထိုalpha၏ ပုံစံမွာ အေတာ္ေလးပင္ ရယ္ဖြယ္ျဖစ္ေသာ္လည္း ရာဇအိေျဒၶရွိသည္ေၾကာင့္ ခ်ဳပ္တည္းလိုက္ရသည္။

"ခင္ဗ်ားကို ကိုယ္ေတာ့္ ကိုယ္ရံေတာ္အေနနဲ႕ ေ႐ြးလိုက္ၿပီလို႔ ငတုံးရဲ႕။ တကယ္ပဲ ဒုံးေဝးလိုက္တာ"

အရွင့္၏ စကားေၾကာင့္ alphaတစ္ေယာက္ ႏွစ္ကာစြာ ၿပဳံးလိုက္ကာ မုဆိုးဒူးေထာက္ထိုင္ခ်လိဳက္ၿပီး

"ေကာင္းပါၿပီ အရွင္လာဗင္ဒါ။ က်ေနာ္ ကင္မ္ထယ္ေဟ်ာင္း အရွင္ ေပးသမွ် တာဝန္ကို ေက်ေက်ပြန္ပြန္ ထမ္း႐ြက္ပါ့မယ္။"

"အေျပာနဲ႕ အလုပ္တည္နိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ကိုယ္ရံေတာ္ကင္မ္"

#Tbc

A/N: အေတာ္ေလးၾကာသြားတယ္ေနာ္ 🤧 တကယ့္ကို အားနာပါတယ္ရွင္ TT အဆက္အစပ္ေကာ ရွိေသးရဲ႕လား မသိပါဘူး :'D ႏွစ္တစ္ေသာင္း updateေတြကိုပဲ သည္းခံၿပီး ဖတ္ေပးတဲ့အတြက္ တကယ့္ကို ေက်းဇူးတင္ပါတယ္လို႔ ><

ကိုယ္ရံေတာ္ႀကီးနဲ႕ အရွင္တို႔ ေရွ႕ဆက္ ဘယ္လို ႏွစ္ပါးသြားၾကမယ္ဆိုတာကိုေတာ့ ေနာက္အပိုင္းေတြမွာ ေစာင့္ေမွ်ာ္ ဖတ္ရႈေပးပါဦးရွင္~ ♥

See you in next episode~

- 해바라기

Continue Reading

You'll Also Like

50.7K 4K 33
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK α€€α€­α€―α€€α€­α€― α€€α€±α€œα€Έα€€α€­α€―α€™α€α€Ία€…α€Ήα€›α€„α€Ή α€€α€±α€œα€Έα€€α€α€…α€Ήα€»α€α€¬α€Έα€±α€šα€¬α€€α€Ία€¬α€Ήα€Έ α€α€…α€Ήα€±α€šα€¬α€€α€Ήα€€α€­α€― α€»α€•α€”α€Ήα€α€Ία€…α€Ήα€œα€­α€―α€€α€Ήα€±α€α€¬α€·α€™α€½α€¬! α€€α€­α€―α€€α€­α€― α€€α€œα€±α€Έα€€α€­α€―α€™α€α€»α€…α€Ία€›α€„α€Ί...
2.6K 209 10
Min Yoongi & Kim Taehyung Top-Yoongi Bottom-Taehyung မင်းကို စောင့်မျှော်နေရတဲ့ α€‘α€α€»α€­α€”α€Ία€€α€¬α€œα€α€½α€±α€€ α€„α€«α€·α€›α€²α€·α€˜α€α€€α€­α€― α€‘α€“α€­α€•α€Ήα€•α€«α€šα€Ία€™α€²α€·α€…α€±α€α€šα€Ία‹ Start date. 12.5.2023 En...
59.7K 526 19
( Editing right now) Synopsis When Malenia, a betrayed middle-aged woman, is transported to a magical world, she becomes the Dungeon Mistress of a pe...