{Zawgyi}
သူ လုပ္ေပးႏိုင္တာမ်ိဳးဆို လုပ္ခ်လိုက္ဖို႔ပါ ေမာ့က်ဴးခ်န္က ထပ္ေပါင္းေျပာခဲ့ေသးတယ္။
စကၠန႔္ပိုင္းစာေလာက္ လင္ရွန္း ေၾကာင္အေနၿပီးမွ ႐ုတ္တရက္ တုံ႔ျပန္ႏိုင္လာတယ္။
ဒီစကားကို အက်ယ္ခ်ဲ႕လိုက္မယ္ဆိုရင္ ဒီစကားရဲ႕အဓိပၸါယ္က : တကယ္လို႔ ေနာက္ဆက္တြဲကို သူတစ္ေယာက္တည္း သည္းမခံႏိုင္ဘူးဆိုရင္ ေမာ့က်ဴးခ်န္ကလည္း သူ႔ကို တစ္ဝက္မွ်ေဝခံစားေပးမယ္။
ဒါက... သိပ္ကို လက္ဖ်ားခါစရာေကာင္းတယ္!
ေမာ့က်ဴးခ်န္ရဲ႕မ်က္လုံးေတြကလည္း လင္ရွန္းမ်က္လုံးေတြကို ေတာက္ပနက္ရႈိင္းစြာ စိုက္ၾကည့္ေနတယ္။
လင္ရွန္း ခပ္ျမန္ျမန္အၾကည့္လႊဲလိုက္ၿပီး သူ႔ကို ဆက္မၾကည့္ရဲေတာ့ဘူး။
စိတ္ႀကီးဝင္တတ္တဲ့ေက်ာင္းျမက္ႀကီးက ႐ုပ္ရည္ေခ်ာေမာၿပီး သူ႔ကိုေက်ာ္လႊားႏိုင္ျခင္းမရွိတဲ့အျပင္ လုံးဝကို ႂကြားခ်င္စရာ အမိုက္စားျဖစ္တယ္။
အခုခ်ိန္မွာ သူ႔ႏွလုံးခုန္သံက မတရားျမန္ေနတယ္ဆိုတာကို မစမ္းၾကည့္ဘဲနဲ႔ေတာင္ သိႏိုင္တယ္! အေပၚထပ္ ေျပးတက္သြားတဲ့ လင္ရွန္းရဲ႕ ေျခသံျပင္းျပင္းေတြနဲ႔ေတာင္မွ တဒုန္းဒုန္းနဲ႔ ခုန္ေပါက္ေနတယ္!
ဒါကသာ သူ႔ရဲ႕ဖုံးကြယ္လို႔မရတဲ့ ရင္ခုန္သံေတြကို ဝွက္ထားႏိုင္ပုံရတယ္။
အသက္တစ္ရႈိက္အတြင္းမွာ လင္ရွန္းလည္း လင္ယြမ္ရဲ႕အိပ္ခန္းတံခါးဆီ ေျပးသြားလိုက္တယ္။
သူ အသက္ကို ျပင္းျပင္းတစ္ခ်က္ရႈသြင္းၿပီး လက္ကိုေျမႇာက္ကာ တံခါးလက္ကိုင္ကို ဖိခ်လိုက္တယ္။
သူ႔အစ္ကိုရဲ႕ ေနာက္ကြယ္မွာ တစ္စုံတစ္ေယာက္ရဲ႕အခန္းထဲ သူ႔ကို ေထာက္လွမ္းဖို႔အတြက္ ခိုးဝင္တာကေတာ့ တကယ့္ကို မေကာင္းတဲ့အရာျဖစ္တယ္။
သို႔ေပမယ့္ ဒီကိစၥကို မေဖာ္ထုတ္ႏိုင္ဘူးဆိုရင္ အဲ့တာက သူ႔ႏွလုံးသားထဲမွာ တစ္ခုခုတစ္ဆို႔ေနသလို အၿမဲတမ္းျဖစ္ေနမွာျဖစ္ၿပီး သူ႔ကို ေကာင္းေကာင္းေနလို႔မရ ျဖစ္ေစႏိုင္တယ္။
ေတာင္းပန္ပါတယ္...
လင္ရွန္း မ်က္လုံးေတြကို တင္းေနေအာင္ မွိတ္ကာ လက္ေတြကလည္း ျပတ္သားစြာ တံခါးကို တြန္းဖြင့္လိုက္ေတာ့တယ္။
လင္ယြမ္ရဲ႕အခန္းထဲမွာ တစ္ေယာက္မွ ရွိမေနဘူး။
နက္ျပာေရာင္ေစာင္ကိုလည္း ေသသပ္စြာ ျဖန႔္ခင္းထားတယ္။
လိုက္ကာေတြက ဖြင့္ထားၿပီးသားျဖစ္ကာ ၾကည္လင္ေနတဲ့ မွန္ျပတင္းေပါက္ေတြဆီက ေနေရာင္က ေတာက္ပစြာ ျဖာက်ေနၿပီး အခန္းထဲကို ႏွစ္လိုဖြယ္အလင္းေရာင္ေလးနဲ႔ လႊမ္းၿခဳံထားတယ္။
မေန႔ညက သူေတြ႕ခဲ့ရတဲ့ စာအုပ္ကလည္း ကုတင္ေဘးမွာ ရွိေနတုန္းပဲ။
လက္ေရးနဲ႔ေရးထားတဲ့ bookmarkကလည္း စာအုပ္ထဲမွာ ညႇပ္ထားတုန္းျဖစ္ၿပီး ေထာင့္စြန္းေလးထြက္ေနတယ္။
လင္ရွန္း ထိုေနရာကို ခပ္သြက္သြက္ေလွ်ာက္သြားလိုက္တယ္။
သူက ကိစၥေတြကို ေတြးေတာၾကည့္ရတာသေဘာက်ၿပီး မၾကာခဏဆိုသလို တြန႔္ဆုတ္ေနတတ္သူျဖစ္တယ္။
သို႔ေပမယ့္ စိတ္ကို ျပင္ဆင္ၿပီးၿပီဆိုရင္ေတာ့ လုပ္တာကိုင္တာက အေတာ္ေလး ခိုင္မာလွတယ္။
လင္ရွန္း စာအုပ္ကို ေကာက္ကိုင္ၿပီး မ်က္လုံးေတြကို မွိတ္ထားလိုက္ျပန္တယ္။
အဲ့ေနာက္ သက္ျပင္းတစ္ခ်က္ခ်ကာ စာအုပ္ကို လွ်င္ျမန္စြာ ဖြင့္လိုက္တယ္...
အမ္?
လင္ရွန္း အကုန္လုံးကို ျမန္ဆန္စြာ အၿပီးဖတ္လိုက္ၿပီးတဲ့ေနာက္မွာေတာ့...
သူ မတတ္သာစြာ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ လုပ္ေနမိတယ္။
ေျပာရရင္ ဒီစာအုပ္က အတိအက်ေတာ့ မဟုတ္ဘူး။
ေျပာရရင္ ဒီ 'စာအုပ္'က ကိုယ္တိုင္ပုံႏွိပ္၊ စာစီၿပီး volume တစ္ခုအေနနဲ႔ ေပါင္းထားတဲ့သေဘာမ်ိဳးျဖစ္ေနတယ္။
ဒီစာအုပ္က ေမာ့က်ဴးခ်န္အေၾကာင္းကိုေတာ့ ထည့္ေျပာထားတယ္။
ဒီစာလုံးသုံးလုံးပါတဲ့ အႀကိမ္အေရအတြက္က မနည္းလွတာေၾကာင့္ မေန႔ညတုန္းက သူမွားသြားခဲ့တာမဟုတ္ဘူး။
သို႔ေပမယ့္...
သူ႔ကို ဘယ္သူမ်ား ေျပာျပေပးႏိုင္မလဲ?!
သူ႔အစ္ကိုႀကီး!
နည္းပညာမွာ ထင္ရွားေက်ာ္ၾကားတယ္လို႔ ေျပာတဲ့ ဒီလိုမ်ိဳး အရည္အခ်င္းရွိတဲ့ လူငယ္ေလးကေလ!
ပညာအရည္အခ်င္းက ျမင့္မားလြန္းၿပီး လုပ္ငန္းပိုင္းအေတြ႕အႀကဳံကလည္း ေနာေက်ေနတဲ့သူ!
ဘာလို႔လဲ?!
ဘာလို႔သူ႔အိပ္ရာေဘးမွာ ဖတ္ေနတာက...
မယုံႏိုင္စရာပဲ!
လင္ရွန္း စာအုပ္ရဲ႕စာမ်က္ႏွာေတြကို အားနဲ႔လွန္ေနေတာ့တယ္။
ေမာ့က်ဴးခ်န္တင္မကဘူး၊ သူ႔နာမည္လည္း ပါတယ္။
သူတို႔နာမည္ေတြက အေတာ္ေလး ပါေနတာျဖစ္ၿပီး စာမ်က္ႏွာတိုင္းအလိုလိုပဲလို႔ ေျပာရမွာကေတာ့ ႐ူးခ်င္စရာေကာင္းလွတယ္!
မေန႔တုန္းက အဲ့တာ(သူ႔နာမည္)ကိုေတာင္ မျမင္လိုက္သလို သူကလည္း မူးေနတာျဖစ္တယ္။
ေနာက္ၿပီး ဒီထဲမွာ ဘာေတြေရးထားတာလဲ?!
လင္ရွန္းမ်က္ႏွာက ရဲတက္သြားတယ္။
သူ စာအုပ္ထဲက စကားလုံးတိုင္းကိုေတာ့ သိေပမယ့္ ဘယ္လိုမွ နားမလည္ႏိုင္ဘူး။
နားကိုမလည္တာ!
ဒါက လုံးဝကို လက္မခံႏိုင္စရာလို႔ေတာင္ ေျပာသင့္တယ္!
စာသားအျပင္ကိုမွ စာမ်က္ႏွာ ႏွစ္မ်က္ႏွာ ဒါမွမဟုတ္ သုံးမ်က္ႏွာေလာက္ ၿပီးသြားတိုင္းမွာ ပုံေလးတစ္ပုံစီ ပါလာတတ္တယ္။
အဲ့တာက အျဖဴအမည္းဆိုေပမယ့္ ပန္းခ်ီဆရာက တအားကိုဂ႐ုတစိုက္နဲ႔ ဆြဲထားတာေၾကာင့္ ျမင္သာထင္သာရွိေနတယ္။
ၾကည့္လိုက္႐ုံနဲ႔တင္ သူနဲ႔ ေမာ့က်ဴးခ်န္မွန္း သတိျပဳမိႏိုင္တယ္။
သူတို႔ေတြက ရွင္းဆန္းေက်ာင္းယူနီေဖာင္းကို ဝတ္ဆင္ထားၾကတာျဖစ္ၿပီး ရင္ဘတ္ေပၚမွာ 'ရွင္းဆန္း'ဆိုတဲ့ တံဆိပ္ကို အတိအက် ေရးဆြဲထားတယ္။
ဒီပုံေတြကို ဆြဲထားတာက လူတစ္ေယာက္တည္းပဲျဖစ္ေလာက္မယ္ဆိုတာကို တစ္ဖက္လူက ပုံဆြဲရာမွာ တစ္ခုတည္းေသာ ေနာက္ခံကိုသာ ဆြဲထားတာကေန ျမင္ႏိုင္တယ္။
ဇာတ္ေကာင္ေတြ၊ အျဖစ္အပ်က္ေတြနဲ႔ အျပဳအမူေတြအားလုံးက ထင္ရွားေနၿပီး တစ္ခုခ်င္းစီက ႏွစ္လိုဖြယ္ေကာင္းကာ ဆြဲေဆာင္မႈရွိလွတယ္။
လင္ရွန္း ရွက္စိတ္ေၾကာင့္ မ်က္ႏွာနီသထက္ နီလာတယ္!
ဒီကမာၻမွာ ဒီလိုကိစၥမ်ိဳးေတြ ရွိႏိုင္တယ္ဆိုတာ သူ ဘယ္တုန္းကမွ မသိခဲ့ဘူး။
_ သူအရင္က ဖိုရမ္ေပၚမွာ ျမင္ခဲ့ရတဲ့ 'ဗိုလ္က်လြန္းတဲ့ေက်ာင္းျမက္ႀကီးနဲ႔ သူ႔ခ်စ္သူေလး'ဆိုတာထက္ေတာင္ ပိုၿပီး သူ႔ကိုအဆင္မေျပျဖစ္ေစတယ္။
ဒါက တအား...
*ေဒါက္ ေဒါက္*
လင္ရွန္း ရွက္ေသြးျဖာေနၿပီး ရင္တုန္ပန္းတုန္ျဖစ္ေနတုန္းမွာပဲ သူ႔အေနာက္ဘက္က အိပ္ခန္းတံခါးဆီကေန စီးခ်က္က်က် တံခါးေခါက္သံ ထြက္ေပၚလာတယ္။
"အား!" သူ အာေမဋိတ္သံထြက္သြားၿပီး သူခိုးတစ္ေယာက္လို စာအုပ္ကို ပိတ္ခ်လိုက္တယ္။
"ငါပါကြ" ေမာ့က်ဴးခ်န္က ေလွ်ာက္ဝင္လာၿပီး ရွက္႐ြံ႕ေနကာ လန႔္ျဖန႔္သြားတဲ့ လင္ရွန္းကို ၾကည့္လိုက္တယ္။
"မင္းက ဘာလို႔..." သူ လင္ရွန္းကို အထက္ေအာက္ စုန္ဆန္ၾကည့္လိုက္တယ္ "မင္းၾကည့္ရတာ ေတာ္ေတာ္ေလး အျပစ္မကင္းျဖစ္ေနသလိုပဲ?"
"ဟုတ္လား အဲ့လိုလား? ဟားဟား..." လင္ရွန္း ကို႔ယို႔ကားယား ၿပဳံးျပလိုက္တယ္ "မဟုတ္ပါဘူး"
ေမာ့က်ဴးခ်န္ရဲ႕မ်က္လုံးေတြက လင္ရွန္းရဲ႕လက္ေတြဆီ လ်င္ျမန္စြာ က်ေရာက္သြားတယ္ "ဒါက ဘာလဲ?"
"ဘာ ဘာမွမဟုတ္ဘူး!" လင္ရွန္း အထစ္ထစ္ အေငါ့ေငါ့နဲ႔ ျပန္ေျပာလာတယ္။
အဲ့ေနာက္ လက္ကိုေနာက္ပစ္ကာ စာအုပ္ကို သူ႔အေနာက္ဘက္မွာ ဖြက္ထားလိုက္တယ္။
သူက ေမာ့က်ဴးခ်န္ရဲ႕မ်က္လုံးေတြကို စိုက္ၾကည့္ရင္း မ်က္ေတာင္ေတြက အနည္းငယ္တုန္ေနတယ္ "ဒါက..."
လင္ရွန္း ခက္ခက္ခဲခဲနဲ႔ တံေတြးကို ၿမိဳခ်လိုက္တယ္။
ေမာ့က်ဴးခ်န္က သူ႔စကားေတြကို ေသခ်ာေပါက္ ယုံၾကည္မွာမဟုတ္မွန္း သိေနတာေၾကာင့္ ျမန္ျမန္ေျပာလိုက္တယ္ "ဒါက ငါ့အစ္ကိုရဲ႕ပစၥည္း၊ နေမာ္နမဲ့ ေလွ်ာက္မထိဘဲေနၾကစို႔"
သူက ေျပာေနရင္းနဲ႔ အေနာက္ဘက္ကို ႏွစ္လွမ္းေလာက္ အသာေလးဆုတ္လိုက္ၿပီး စာအုပ္ကို ကုတင္ေဘးက စားပြဲေပၚ ျပန္တင္ထားလိုက္တယ္။
"ငါ့အစ္ကိုက အိမ္မွာ ရွိေနတာမဟုတ္ဘူး၊ ငါလည္း သူ႔အခန္းထဲမွာ ဆက္မေနခ်င္ေတာ့ဘူး ဒါက မေကာင္းဘူးေလ" လင္ရွန္း ေမာ့က်ဴးခ်န္ကို တြန္းလိုက္တယ္ "ထြက္မယ္"
"ဘာမွမဟုတ္ဘူးလား?" ေမာ့က်ဴးခ်န္က မ်က္ခုံးေတြကို ပင့္လိုက္တယ္။
သူက ရပ္ၿမဲတိုင္းရပ္ေနတာေၾကာင့္ လင္ရွန္းသူ႔ကို ေ႐ြ႕သြားေအာင္ လုပ္လို႔မရျဖစ္ေနတယ္။
သူ႔အၾကည့္က လင္ရွန္းပုခုံးေတြကို ျဖတ္ေက်ာ္ကာ အေနာက္ဘက္ကိုေရာက္သြားတယ္ "အဲ့တာက မေန႔ညတုန္းက မင္းကို ေကာင္းေကာင္းအိပ္လို႔မရေအာင္ အေႏွာင့္အယွက္ေပးေနတဲ့ဟာေလ ၿပီးေတာ့ ဒီမနက္လည္း ဘယ္ေလာက္ေတာင္ တြန႔္ဆုတ္ၿပီး ႐ုန္းကန္လိုက္ရလဲ?"
ေမာ့က်ဴးခ်န္ ေရွ႕တစ္လွမ္းတိုးလိုက္တယ္ "ငါ့ကို ျပၾကည့္!"
"ဘာမွ ၾကည့္စရာမရွိဘူး" လင္ရွန္းက သူ႔လက္ေတြကို လွ်င္ျမန္စြာ ဆန႔္ထုတ္လိုက္တယ္ "ဒါက ငါ့အစ္ကိုရဲ႕ပစၥည္း၊ မဖြင့္ၾကည့္ဘဲ ထားလိုက္ေတာ့!"
သူ ေမာ့က်ဴးခ်န္ကို တားခ်င္ေနတယ္ "ျမန္ျမန္ထြက္၊ မေန႔ညတုန္းက... မေန႔ညတုန္းက ဒီတိုင္း နားလည္မႈလြဲသြားတာ ဟားဟား ဟားဟားဟား"
"မင္း ဒီလိုမ်ိဳး ရယ္ေနတာႀကီးက..." ေမာ့က်ဴးခ်န္က စာအုပ္ကို အတင္းလိုက္မယူေတာ့ဘူး။
သူက လင္ရွန္းကို ေတြးဆဆနဲ႔ ၾကည့္လိုက္တယ္ "မင္းမ်က္ႏွာေပၚမွာ 'ငါလိမ္ေနပါတယ္'ဆိုတဲ့ စာလုံးႀကီး ေပၚေနတယ္"
လင္ရွန္း "..."
ေကာင္းၿပီေလ!
သူ လိမ္တယ္ဆိုလည္း လိမ္တယ္ေပါ့။
ဘယ္လိုေနေန ေမာ့က်ဴးခ်န္ကိုေတာ့ အဲ့တာ ေပးမျမင္ႏိုင္ဘူး။
သူတို႔ႏွစ္ေယာက္ အခ်င္းခ်င္းစိုက္ၾကည့္ေနၾကၿပီး ေလထုက အလြန္တရာကသိကေအာက္ျဖစ္လာခ်ိန္မွာပဲ လင္ရွန္းရဲ႕ဖုန္းက ႐ုတ္တရက္ ထျမည္လာတယ္။
"ရွန္းရွန္း" ဖုန္းထဲက လင္ယြမ္ရဲ႕အသံ ထြက္ေပၚလာတယ္ "အိပ္ရာႏိုးၿပီလား?"
လင္ရွန္းက ေမာ့က်ဴးခ်န္ကို တိတ္တိတ္ေနဖို႔ အမူအယာျပလိုက္တယ္ "ဟုတ္ မနက္စာလည္း စားၿပီးပါၿပီ"
သူက ေလသံကို ႏွိမ့္လိုက္ၿပီး အျပစ္မကင္းတဲ့စိတ္နဲ႔ ေျပာလိုက္တယ္ "ေက်းဇူးတင္ပါတယ္ ေကာ၊ ေကာက အခ်ိန္ပိုေတြလုပ္ၿပီး အလုပ္လည္းႀကိဳးစားရေသးတယ္၊ ကြၽန္ေတာ္တို႔အတြက္လည္း မနက္စာကို အထူးတလည္ျပင္သြားေပးေသးတယ္"
"မင္း အိမ္မွာပဲ ရွိေသးတာလား?" လင္ယြမ္က ခပ္ဟဟတစ္ခ်က္ရယ္ၿပီး ထပ္ေမးလာတယ္။
"ဟုတ္" လင္ရွန္း ေျပာလိုက္တယ္ "ဘာျဖစ္လို႔လဲ?"
"ခဏေလး" လင္ယြမ္က တစ္ျခားသူကို စကားလွမ္းေျပာေနသလိုမ်ိဳး ဖုန္းရဲ႕စကားေျပာခြက္ကို လက္နဲ႔လွမ္းအုပ္လိုက္တယ္။
ဖုန္းတစ္ဖက္က လင္ရွန္းက ေသခ်ာမၾကားရဘူး။
'ကိုယ့္ညီ' ဆိုတာနဲ႔ 'သူ လုပ္ႏိုင္'ဆိုတဲ့ စကားလုံးေတြကိုသာ မသဲမကြဲၾကားလိုက္ရတယ္။
သိပ္မၾကာလိုက္ဘဲ လင္ယြမ္က သူ႔လက္ကိုဖယ္ကာ ေျပာလာတယ္ "ရွန္းရွန္း အခုေတာ့ ေကာ ထြက္လာလို႔မရဘူး၊ တကယ္လို႔ အခုမင္း အဆင္ေျပတယ္ဆိုရင္ ကုမၸဏီကို ပစၥည္းေလးတစ္ခု လာပို႔ေပးလို႔ရမလား?"
"ရတာေပါ့" လင္ရွန္း ခပ္သြက္သြက္ ေျပာလိုက္တယ္ "ဘာပို႔ေပးရမွာလဲ? ဘယ္နားမွာ ထား,ထားတာလဲ? အလ်င္လိုေနတာလား?'
"ေကာရဲ႕ အိပ္ခန္းထဲမွာ" လင္ယြမ္က အၿပဳံးတစ္ပြင့္နဲ႔ ေျပာလာတယ္ "အိပ္ရာေဘးက စားပြဲခုံေပၚမွာ စာအုပ္တစ္အုပ္ရွိတယ္"
သူက "မင္း ဝင္သြားလိုက္ရင္ ေတြ႕လိမ့္မယ္၊ ဘာနာမည္မွ မေရးထားဘူး၊ ဒီတိုင္းစာအုပ္ေလးပဲ၊ ေကာရဲ႕ကုမၸဏီကို ပို႔ေပးပါလား၊ ေကာ မင္းရဲ႕ဖုန္းထဲကို ကုမၸဏီရဲ႕လိပ္စာ ပို႔ေပးလိုက္မယ္"
လင္ရွန္း "..."
လင္ရွန္း "!!!"
သူ ေခါင္းလွည့္ကာ စိတ္ရႈပ္ေထြးေနတဲ့အမူအယာေတြနဲ႔ စာအုပ္ကိုၾကည့္လိုက္တယ္။
သူ႔အစ္ကိုႀကီးကေတာ့ ပ်က္စီးရာပ်က္စီးေၾကာင္းျဖစ္ေတာ့မယ္လို႔ ခံစားေနရတယ္။
ဒီလိုဟာမ်ိဳးကို အိပ္ရာဝင္ခ်ိန္မွာ ဖတ္တာတင္မကဘူး အခုဆို ကုမၸဏီထဲမွာေတာင္ ဖတ္ဖို႔ လုပ္ေနေသးတယ္?
လင္ရွန္းရဲ႕မ်က္လုံးေတြ တဖ်ပ္ဖ်ပ္ခတ္မိသြားၿပီး အခ်ိန္တစ္ခု ၾကာတဲ့အထိ အသံတစ္ခ်က္ေတာင္ မထြက္ႏိုင္ခဲ့ဘူး။
"ရွန္းရွန္း?" လင္ယြမ္ ေမးလာတယ္ "ဘာျဖစ္လို႔လဲ? အဆင္မေျပလို႔လား?"
"... အဆင္ေျပပါတယ္" လင္ရွန္း အသက္ကိုေျဖးေျဖးခ်င္း ရႈသြင္းၿပီး သူ႔အသံကို နည္းနည္းေလာက္ျဖစ္ျဖစ္ ပုံမွန္ျဖစ္ေနေအာင္ ႀကိဳးစားလိုက္တယ္ "ကြၽန္ေတာ္ ပို႔ေပးပါ့မယ္"
"ရွန္းရွန္းကို ဒုကၡေပးမိၿပီ" လင္ယြမ္ အၿပဳံးတစ္ပြင့္နဲ႔ ဖုန္းခ်ဖို႔လုပ္လိုက္တယ္ "ေနာက္မွ ေတြ႕မယ္"
လင္ရွန္း ဖုန္းခ်လိုက္တယ္။
သူ ေမာ့က်ဴးခ်န္ကို ေမာ့ၾကည့္ၿပီး ေနာက္လွည့္ကာ စာအုပ္ကို ယူလိုက္တယ္။
"ငါ ငါ့ေကာရဲ႕ကုမၸဏီကို သြားမလို႔" လင္ယြမ္ ပို႔ေပးလိုက္တဲ့ ကုမၸဏီလိပ္စာက ဖုန္းထဲ ေရာက္ေနၿပီျဖစ္တယ္။
"မင္း..."
"ငါ မင္းကို ပို႔ေပးမယ္" ေမာ့က်ဴးခ်န္ ပုခုံးတြန႔္လိုက္တယ္ "ဘာပဲျဖစ္ျဖစ္ အဆင္ေျပေနတာပဲေလ"
သူ႔ကားက လင္ဗီလာရဲ႕ဂိတ္ေပါက္ဝမွာ ပါကင္ထိုးထားတာေၾကာင့္ ဒီ့ထက္ပိုၿပီးေတာင္ အဆင္ေျပတာ မရွိေတာ့ဘူး။
ေမာ့က်ဴးခ်န္က ကားေမာင္းသမား ထိုင္ခုံမွာထိုင္လိုက္ၿပီး လင္ရွန္းက စာအုပ္ေလးကို အိတ္ႏွစ္လုံးထဲ ထည့္ေနတာကို ၾကည့္ေနလိုက္တယ္။
အဲ့ေနာက္ ဂ႐ုတစိုက္နဲ႔ စကၠဴအိတ္တစ္လုံးထဲ ထည့္လိုက္ျပန္တယ္။
အဲ့တာတင္မကဘူး လင္ရွန္း ကားထဲေရာက္လာတယ္ဆိုတာနဲ႔ သူက စကၠဴအိတ္ကို လက္ကမ္းစာေစာင္နဲ႔အတူ သူ႔လက္ေမာင္းေတြၾကားမွာ ပိုက္ထားတယ္။
ေမာ့က်ဴးခ်န္ လင္ယြမ္ရဲ႕ကုမၸဏီဆီကို ေမာင္းလိုက္တယ္ဆိုတာနဲ႔ သူက မသက္မသာျဖစ္လာေတာ့တယ္။
သူ႔စိတ္ထဲမွာျဖစ္ေပၚေနတဲ့ 'အျပစ္မကင္း'ဆိုတဲ့ စကားလုံးေလးလုံးကလည္း မ်က္ႏွာေပၚမွာ စာနဲ႔ေရးထားသလိုမ်ိဳး ဖုံးဖိထားလို႔ေတာင္ မရဘူး။
လင္ယြမ္ရဲ႕ကုမၸဏီက ေျမေအာက္ကားပါကင္မွာ ကားကို ပါကင္ထိုးေနတာကို ေစာင့္လိုက္တယ္။
လင္ယြမ္ စကၠဴအိတ္ကို ကိုင္ထားၿပီး ကားထဲကေန သတိအေနအထားနဲ႔ ဆင္းလိုက္တယ္။
တစ္ခ်က္တစ္ခ်က္လည္း ေမာ့က်ဴးခ်န္ရဲ႕အၾကည့္နဲ႔ တိုးသြားၿပီး ေရွာင္လိုက္ သတိထားလိုက္ျဖစ္ေနတယ္။
ရွက္ေနတဲ့အရိပ္အေယာင္ကလည္း သိပ္မသိသာရွာပါဘူး။
"ငါ ဒါကို ငါ့ရဲ႕ေကာဆီ သြားပို႔လိုက္ေတာ့မယ္" လင္ရွန္းေျပာလိုက္တယ္ "ငါ့ကို ဒီမွာ ေစာင့္ေနေပးလို႔ ေက်းဇူးပဲ"
တကယ္ေတာ့ သူ ေတာ္ေတာ္ေလးရွက္ေနတာျဖစ္တယ္။
ေမာ့က်ဴးခ်န္က သူ႔ကို ကိုယ္တိုင္ကိုယ္က် ဒီအထိလဲ ေမာင္းပို႔ေပးရေသးတယ္၊ ဒီလိုမ်ိဳး လူသူမရွိတဲ့ ေျမေအာက္ကားပါကင္ထဲမွာလည္း ေစာင့္ေနေပးဖို႔ ေတာင္းဆိုခံရေသးတယ္။
မ်က္လုံးျဖဴေျမေခြးနဲ႔ အေတာ္ေလး တူေနတာပဲ။ [ T/N : ေက်းဇူးမသိတတ္တဲ့သူ ]
"ငါ မင္းနဲ႔ လိုက္ခဲ့မယ္ေလ"
"မလိုဘူး!" လင္ရွန္း အေနာက္ကို ေျခလွမ္းက်ယ္ႀကီးတစ္လွမ္းစာေလာက္ ခုန္ဆုတ္မိသြားတယ္ "ငါ့ဖာသာ သြားလိုက္မယ္"
သူ ေျပာလို႔ၿပီးတာနဲ႔ ေမာ့က်ဴးခ်န္ကို မၾကည့္ရဲေတာ့ဘဲ စကၠဴအိတ္ကိုကိုင္ကာ ဓာတ္ေလွကားဆီ တန္းေျပးေတာ့တယ္။
ေမာ့က်ဴးခ်န္ ကားထဲက ထြက္လာလိုက္တယ္။
သူက အေလာတႀကီးေျပးထြက္သြားတဲ့ လင္ရွန္းေနာက္ေက်ာကို ေတြးဆဆနဲ႔ ၾကည့္ေနမိတယ္။
ထို႔ေနာက္ ကားပါကင္ဘက္ကို ျပန္ၾကည့္ကာ သူ႔ဖုန္းကို ထုတ္လိုက္တယ္။
သူ႔ဖုန္းက မေန႔ညတည္းက အသံပိတ္ထားတာျဖစ္ၿပီး နံပါတ္တစ္ခုတည္းဆီက ဝင္ေနတဲ့ missed callေတြ ခုနစ္ခု ရွစ္ခုေလာက္ျပေနတယ္။
ေမာ့က်ဴးခ်န္က အလ်ဥ္းသင့္သလို ဖုန္းျပန္ေခၚလိုက္တယ္ "ငါပဲ"
သူ႔အမူအယာက တျဖည္းျဖည္းနဲ႔ တည္ၿငိမ္လာၿပီး ဖုန္းတစ္ဖက္က ယဥ္ယဥ္ေက်းေက်းနဲ႔ ေျပာေနတဲ့ သူစိမ္းအသံကို နားေထာင္ေနတယ္။
တစ္ဖက္လူက ေျပာလို႔ၿပီးသြားတဲ့အခါ သူက ခံစားခ်က္မပါစြာ "သိၿပီ"လို႔ေျပာၿပီး တစ္ဖက္ကို စကားအနည္းငယ္ ထပ္ေျပာလိုက္တယ္။
ထို႔ေနာက္ 'အင္း'လို႔ ေျပာၿပီးတာနဲ႔ ဖုန္းခ်လိုက္ေတာ့တယ္။
မွိန္မသြားေသးတဲ့ ဖုန္းမ်က္ႏွာျပင္ကို ငုံ႔ၾကည့္ၿပီး သူ႔ရဲ႕ႏႈတ္ခမ္းေထာင့္စြန္းေတြက ေကာ့တက္သြားတယ္။
သူ႔မ်က္လုံးေတြထဲမွာ leng rui(?)အရိပ္အေယာင္တစ္ခ်က္ ေပၚထြက္လာတယ္။
ထို႔ေနာက္ ဖုန္းကို ျပန္ထည့္ၿပီး ကားထဲမွာပဲ ျပန္သြားထိုင္ေနလိုက္တယ္။
သူ႔ရဲ႕ေက်ာပိုးအိတ္က ကားေနာက္ခန္းကထိုင္ခုံေပၚမွာ ရွိေနတုန္းပဲ။
ေမာ့က်ဴးခ်န္က ခဏေလာက္ တိတ္တိတ္ဆိတ္ဆိတ္ထိုင္ေနၿပီးမွ ေနာက္လွည့္ကာ ေက်ာပိုးအိတ္ကိုယူၿပီး အထဲက စာအုပ္တစ္အုပ္ထုတ္ကာ ေလးေလးနက္နက္ စတင္ဖတ္ေတာ့တယ္။ အခ်ိန္အၾကာႀကီး ဆြဲၿပီးေတာ့လည္း မဖတ္ဘူး။
မိနစ္ပိုင္းအၾကာမွာ ေမာ့က်ဴးခ်န္က ေနာက္ထပ္ေဘာပင္တစ္ေခ်ာင္းထုတ္ကာ စာအုပ္ေပၚမွာ စတင္ေရးမွတ္ေတာ့တယ္။
ထိုစာမ်က္ႏွာေပၚက ေမးခြန္းတစ္ခုခ်င္းစီရဲ႕ေဘးမွာ သက္ဆိုင္ရာပုံေသနည္းကို ေရးခ်လိုက္တယ္။
စာမ်က္ႏွာတစ္ခုလုံး ပုံေသနည္းေတြ ေရးလို႔အၿပီးမွာ ေမာ့က်ဴးခ်န္က ေခါင္းေမာ့ၿပီး ေရွ႕ဘက္ကို လွမ္းၾကည့္လိုက္တယ္။
ဓာတ္ေလွကားက တိတ္ဆိတ္ေနတုန္းပဲ။
ဒီေန႔က စေနေန႔ျဖစ္တဲ့အျပင္ ပိတ္ရက္လည္းျဖစ္တာေၾကာင့္ ဒီကိုလာတဲ့လူက အနည္းငယ္ေလာက္သာရွိတယ္။
လင္ရွန္း တက္သြားၿပီးတဲ့ေနာက္မွာ ဓာတ္ေလွကားက ျပန္ပြင့္မလာခဲ့ဘူး။ သူ ဘယ္ကိုတက္သြားမွန္းလည္း မသိရဘူး။
ေမာ့က်ဴးခ်န္လည္း လက္တစ္ဖက္ေထာက္ကာ မ်က္ႏွာကို ေမွးတင္ထားၿပီး အေတြးနယ္ခ်ဲ႕ေနေတာ့တယ္။
သူ႔အစ္ကိုႀကီးရဲ႕ကုမၸဏီရွိတဲ့ အထပ္ကို လင္ရွန္း ေရာက္သြားခ်ိန္မွာ လင္ယြမ္က အတိုခ်ဳပ္အစည္းအေဝးတစ္ခု လုပ္ေနတုန္းပဲရွိေသးတယ္။
ငယ္႐ြယ္ၿပီး လုပ္ရည္ကိုင္ရည္ရွိတဲ့ အတြင္းေရးမႉးက သူ႔ကို တစ္ဖက္လူရဲ႕႐ုံးခန္းဆီ ဦးေဆာင္ၿပီး ေခၚသြားေပးကာ သစ္သီးေဖ်ာ္ရည္နဲ႔ သေရစာမုန႔္ကေလးေတြ ယူလာေပးၿပီး ခဏေလာက္ေစာင့္ေပးဖို႔ ယဥ္ေက်းစြာ ေျပာလာခဲ့တယ္။
လင္ရွန္းလည္း သူ႔ကို ေက်းဇူးတင္ေၾကာင္းေျပာၿပီး ႐ုံးခန္းကို စူးစူးစမ္းစမ္း လိုက္ၾကည့္ေနလိုက္တယ္။
လင္ယြမ္ရဲ႕ကုမၸဏီက Sၿမိဳ႕ေတာ္ရဲ႕ ပ်ားပန္းခတ္သြားလာေနၾကတဲ့ နယ္ေျမထဲက ဒီအေဆာက္အအုံရဲ႕ အျမင့္ဆုံးငါးလႊာမွာ တည္ရွိတာျဖစ္တယ္။
အနားတဝိုက္မွာ သြားေရးလာေရးေရာ ေနထိုင္ဖို႔အတြက္ပါ အဆင္ေျပလွတယ္။
အေဆာက္အအုံရဲ႕ေဘးမွာ ၿမိဳ႕ျပဥယ်ာဥ္တစ္ခုရွိတယ္။
လင္ယြမ္ရဲ႕႐ုံးခန္းက အေဆာက္အအုံရဲ႕ ထိပ္ဆုံးအလႊာမွာျဖစ္တယ္။
ၾကမ္းျပင္ကေန မ်က္ႏွာက်က္အထိရွိတဲ့ မွန္ျပဴတင္းနားမွာ ရပ္ၿပီး ၿမိဳ႕ေတာ္ရဲ႕ျမင္ကြင္းကို အေပၚစီးကေန ထင္ထင္ရွားရွား ၾကည့္ရႈေနႏိုင္တယ္။
သူ႔႐ုံးခန္းကိုလည္း ႐ိုး႐ိုးရွင္းရွင္းေလးပဲ အလွဆင္ထားတယ္။
အထက္တန္းက်တဲ့အမ်ိဳးသားေတြအတိုင္းပဲ နက္ျပာေရာင္နဲ႔ အျဖဴေရာင္ကို အဓိကထားၿပီး ျပင္ဆင္ထားတာျဖစ္ႏိုင္တယ္။
နံရံတစ္ခုလုံးကို စာအုပ္စင္ႀကီးတစ္ခုအျဖစ္ ျပဳလုပ္ထားတယ္။
မ်ိဳးစုံေသာ အဂၤလိပ္၊ တ႐ုတ္စာအုပ္ေတြအျပင္ ဂ်ာမန္စာအုပ္တစ္ခ်ိဳ႕ေတာင္ ရွိေနေသးတယ္။
မ်က္ႏွာၾကက္ထိေတာင္ေရာက္တဲ့ ႀကီးမားတဲ့စာအုပ္စင္ႀကီးကို လင္ရွန္း စူးစမ္းေနတုန္းမွာ ႐ုံးခန္းတံခါး ပြင့္လာေတာ့တယ္။
"ေက်းဇူးျပဳၿပီး ဒီဘက္ကို ႂကြပါ" လင္ယြမ္ရဲ႕အသံကပါ ကပ္ပါလာတယ္။ သူ႔အသံက ခ်ိဳၿမိန္ေနတုန္းပဲ။
သို႔ေပမယ့္ အိမ္မွာမဟုတ္တာေၾကာင့္ျဖစ္ႏိုင္တယ္ အသံက ပိုၿပီးတည္ၾကည္ေနတယ္။ လင္ရွန္းနဲ႔ လင္ခ်ီတို႔ကို စကားေျပာေနခ်ိန္ဆိုရင္ေတာ့ ႏူးညံ့တဲ့အၿပဳံးေလးက ရွိေနတတ္တယ္။
လင္ရွန္း ေခါင္းလွည့္ၾကည့္လိုက္ေတာ့ သူ႔အစ္ကိုႀကီးက သမာ႐ိုးက်ဆန္တဲ့ အေနာက္တိုင္းဝတ္စုံ အနက္ေရာင္ကို ဝတ္ထားတယ္။
သူက ဖြင့္ထားတဲ့ တံခါးနားမွာရပ္ေနၿပီး လူႀကီးလူေကာင္းပီသစြာ ပိုနီေတးႏွစ္ထပ္စည္းထားတဲ့ ေကာင္မေလးကို အထဲဝင္ဖို႔ ဖိတ္ေခၚလိုက္တယ္။
ဒီတစ္ႀကိမ္မွာေတာ့ လင္ရွန္းမ်က္လုံးေတြ ျပဴးက်ယ္သြားရတယ္။
"စုတ်န္းတ်န္း?!" သူ တအံ့တဩ ထုတ္ေျပာမိလိုက္တယ္။
ပိုနီေတးစည္းထားတဲ့ ေကာင္မေလးက လုံးဝန္းတဲ့မ်က္လုံးႀကီးေတြရွိတယ္။ ႏွစ္လိုဖြယ္ေကာင္းတဲ့ မ်က္ႏွာေသးေသးေလးမွာ လွပတဲ့ႏွာတံေလးလည္းရွိတယ္။ လူတစ္ကိုယ္လုံးက ခ်စ္စဖြယ္ေကာင္းၿပီး အားအင္အျပည့္နဲ႔ ျဖစ္တယ္။
ဒါက သူ႔ရဲ႕အတန္းေဖာ္ စုတ်န္းတ်န္းမဟုတ္လား!
"လင္ရွန္း?!" စုတ်န္းတ်န္းလည္း မ်က္လုံးျပဴးသြားတယ္ "နင္... နင္လည္း ဒီေရာက္ေနတာလား?"
သူက တစ္စုံတစ္ရာကို ႐ုတ္တရက္ ေတြးမိသြားပုံေပၚၿပီး မ်က္ႏွာေလး ရဲတက္သြားတယ္။
စုတ်န္းတ်န္းတစ္ေယာက္ လင္ရွန္းရဲ႕အၾကည့္ကို မၾကည့္ရဲေတာ့သလိုမ်ိဳး သူ႔အၾကည့္ကို လႊဲပစ္လိုက္တယ္။
သူ႔ကို ဒီေန႔ ပူးေပါင္းေဆာင္႐ြက္မႈအေၾကာင္းေျပာဖို႔ ဖိတ္ထားတာျဖစ္တယ္။
တကယ္ေတာ့ သူနဲ႔ အဆက္အသြယ္ရွိခဲ့တဲ့လူက လင္ယြမ္ကုမၸဏီက လက္ေအာက္ငယ္သားတစ္ေယာက္သာျဖစ္တယ္။
တစ္ဖက္လူက ခုတေလာ ေကာင္းေကာင္းအလုပ္ျဖစ္ေနတဲ့ ျပည္တြင္း comic ေဆာ့ဖ္ဝဲလ္တစ္ခုရဲ႕ အယ္ဒီတာခ်ဳပ္ျဖစ္တယ္။ အင္တာနက္ေပၚမွာ သူ ထုတ္ျပလိုက္တဲ့ comicေတြေၾကာင့္ သေဘာက်ခံရၿပီး သူ႔ရဲ႕တိုးတက္မႈ လုပ္ေဆာင္ႏိုင္စြမ္းအေပၚ ယုံၾကည္မႈတစ္ခုရလာခဲ့တယ္။
သူတို႔ကုမၸဏီနဲ႔ ေရရွည္လက္တြဲႏိုင္ေစဖို႔ စာခ်ဳပ္ခ်ဳပ္ေပးရန္အတြက္ အေလးထားဖိတ္ေခၚခံခဲ့ရၿပီး သူ႔ရဲ႕အလုပ္အတြက္ အေထာက္အကူေပးဖို႔ ျပင္ဆင္ေပးၾကတယ္။
စုတ်န္းတ်န္းက ပုံဆြဲရတာကို အၿမဲတမ္း သေဘာက်ခဲ့တဲ့သူျဖစ္တယ္။
သူ႔ရဲ႕အိမ္မက္ကလည္း ကာတြန္းေရးဆြဲတဲ့သူတစ္ေယာက္ ျဖစ္လာဖို႔ျဖစ္တယ္။
ေသခ်ာေပါက္ အသိအမွတ္အျပဳခံရတာေၾကာင့္ သူလည္း တအားေပ်ာ္သြားခဲ့ၿပီး ျမန္ျမန္ဆန္ဆန္ပဲ အတည္ျပဳေပးခဲ့မိတယ္။
သူက စီနီယာအထက္တန္းေက်ာင္းသားတစ္ေယာက္ပဲ ရွိေသးတယ္ဆိုတာကို တစ္ဖက္လူကလည္း သိၿပီးသားျဖစ္တာေၾကာင့္ အထူးတလည္အေနနဲ႔ လက္မွတ္ေရးထိုးတာအတြက္ ကုမၸဏီကို ပိတ္ရက္မွာ ဖိတ္ေခၚခဲ့တယ္။
စုတ်န္းတ်န္း ပိုလို႔ေတာင္ အံ့ဩရတယ္။
ဒီေန႔ စုတ်န္းတ်န္း ဒီကို ေရာက္လာတဲ့အခါ တစ္ဖက္လူေျပာလာတာက သူ႔ရဲ႕အရည္အခ်င္းကို ရွာေတြ႕ခ်ိန္တုန္းက သူ႔အေပၚ တကယ္ယုံၾကည္ေပးခဲ့တာက သူ မဟုတ္ဘူးလို႔ ေျပာလာခဲ့တယ္။ အဲ့တာက သူတို႔ရဲ႕သူေဌးသာျဖစ္တယ္!
ေနာက္ၿပီး သူတို႔ရဲ႕သူေဌးကလည္း ကုမၸဏီမွာ ရွိေနၿပီး သူနဲ႔လူကိုယ္တိုင္ စကားေျပာခ်င္ေၾကာင္း ေျပာလာတယ္။
ဒီစကားကို အယ္ဒီတာခ်ဳပ္ဆီက စုတ်န္းတ်န္း ၾကားလိုက္ရတဲ့အခ်ိန္မွာ သူ အေတာ္ေလးစိတ္လႈပ္ရွားသြားရတယ္။ ဘာျဖစ္လို႔ ဒီစကားလုံးေတြက အရမ္းထိခိုက္ေတာ့မလိုျဖစ္ေနရတာလဲ?!
ဒါက လွ်ိဳ႕ဝွက္ကုန္ကူးတာလိုမ်ိဳးရဲ႕ အစပ်ိဳးမႈနဲ႔ေတာင္ တူေနတယ္...
သူလည္း ေျမထဲပင္လယ္ထဲက ဘီယာဗိုက္နဲ႔ အသက္ေလးဆယ္ ငါးဆယ္ဝန္းက်င္ သက္လတ္ပိုင္း ဦးေလးႀကီးတစ္ေယာက္ပုံစံကိုေတာင္ စတင္ စိတ္ကူးယဥ္ၾကည့္မိလာေတာ့တယ္။
အဲ့ေနာက္ သူ႔ကို လြန္ကဲတဲ့ ေတာင္းဆိုမႈေတြ လုပ္လာေတာ့မယ္။
__ သူ႔ခမ်ာ WeChat ကေန ရႈခ်န္းဆီကိုေတာင္ တိတ္တိတ္ေလး စာပို႔ၿပီး သူ႔ကို လာေခၚေပးဖို႔ ေတာင္းဆိုလိုက္ရတယ္။
မထင္မွတ္ထားစြာ သူေဌးႀကီးေပၚလာတဲ့အခ်ိန္မွာေတာ့ စုတ်န္းတ်န္း မွင္သက္သြားေတာ့တယ္။
လင္ယြမ္!
လင္ယြမ္က သူ႔ရဲ႕အတန္းေဖာ္ လင္ရွန္းရဲ႕အစ္ကိုႀကီးျဖစ္တယ္ဆိုတာကို သိထား႐ုံမကဘူး တစ္ခ်ိန္တစ္ခါက ရွင္းဆန္းေက်ာင္းမွာ အရွိန္အဝါႀကီးမားခဲ့တဲ့ ပုဂၢိဳလ္တစ္ေယာက္ျဖစ္တယ္ဆိုတာကိုလည္း သိထားတယ္။
ေက်ာင္းဖိုရမ္ေပၚမွာ သူ႔အေၾကာင္း ဒ႑ာရီေတြအမ်ားႀကီး က်န္ရွိေနတုန္းပဲ။
စုတ်န္းတ်န္းတစ္ေယာက္ ေနရာမွာတင္ ရွက္ေသြးျဖာသြားေတာ့တယ္!
မထင္မွတ္ထားေလာက္ေအာင္ ကိစၥေတြက သူထင္ထားတာထက္ေတာင္ ပိုၿပီး ထိခိုက္စရာေတြျဖစ္ေနတာပဲ!
အဲ့တာက အရမ္းျဖဴစင္တယ္ဆိုေပမယ့္ သူ(စုတ်န္းတ်န္း)က သူ႔(လင္ယြမ္)ရဲ႕ညီငယ္ေလးအေၾကာင္းကို ပုံဆြဲခဲ့မိတယ္။
ဒါေပမယ့္ အဲ့ထဲမွာလည္း နည္းနည္းေလာက္ မဆိုစေလာက္ေလး အရမ္း... Uhhhhhh...
သူ႔ manga ဇာတ္လိုက္ရဲ႕အစ္ကိုႀကီးနဲ႔ စာခ်ဳပ္မွာ လက္မွတ္ထိုးဖို႔ သူ႔ကိုယ္သူ တကယ္ႀကီး က်င္းတူးေပးမိခဲ့တာပဲ...
ဘယ္လိုပဲ နားေထာင္ၾကည့္ၾကည့္ ဒါႀကီးက မျဖစ္ႏိုင္ဘူး!
အစည္းအေဝးအတြင္းမွာ စုတ်န္းတ်န္း လင္ယြမ္ကို တိတ္တိတ္ေလး ေစာင့္ၾကည့္ေနမိတယ္။
ခန႔္ညားတဲ့လူငယ္ေလးက အၿမဲတမ္းဆိုသလို သူ႔မ်က္ႏွာေပၚမွာ ပ်ဴငွာၿပီး လူႀကီးလူေကာင္းဆန္တဲ့အၿပဳံးေလးတစ္ပြင့္ကို တင္ထားတတ္တယ္။
အစကေန အဆုံးအထိ သူ လင္ရွန္းကို သူ႔ရဲ႕ညီေလးျဖစ္ေၾကာင္း ထုတ္မေျပာခဲ့ဘူး။
အဲ့ေနာက္မွာေတာ့...
စုတ်န္းတ်န္းခမ်ာ လင္ရွန္းကို လင္ယြမ္ရဲ႕႐ုံးခန္းထဲမွာ ေတြ႕လိုက္ရတယ္။
သူ တအားရွက္သြားၿပီး ေဘးဘီကိုၾကည့္ကာ လင္ရွန္းရွိရာဆီကို ေျခလွမ္းအနည္းငယ္လွမ္းကာ ေလွ်ာက္သြားလိုက္တယ္။
အဲ့ေနာက္ စုတ်န္းတ်န္းက အထစ္ထစ္အေငါ့ေငါ့နဲ႔ အသံကိုတိုးၿပီး ေမးလာတယ္ "ေမာ့ ေမာ့က်ဴးခ်န္... သူ ဒါကို သိသြားလား?"
[ Kay : update အတြက္ကို News ထဲမွာ ေနာက္ဆုံးေျပာျပေပးခဲ့သလိုမ်ိဳး ssေလးေတြ လာျပၿပီး ေတာင္းဆိုလို႔ရပါတယ္ေနာ္။ ]
_____
{Unicode}
သူ လုပ်ပေးနိုင်တာမျိုးဆို လုပ်ချလိုက်ဖို့ပါ မော့ကျူးချန်က ထပ်ပေါင်းပြောခဲ့သေးတယ်။
စက္ကန့်ပိုင်းစာလောက် လင်ရှန်း ကြောင်အနေပြီးမှ ရုတ်တရက် တုံ့ပြန်နိုင်လာတယ်။
ဒီစကားကို အကျယ်ချဲ့လိုက်မယ်ဆိုရင် ဒီစကားရဲ့အဓိပ္ပါယ်က : တကယ်လို့ နောက်ဆက်တွဲကို သူတစ်ယောက်တည်း သည်းမခံနိုင်ဘူးဆိုရင် မော့ကျူးချန်ကလည်း သူ့ကို တစ်ဝက်မျှဝေခံစားပေးမယ်။
ဒါက... သိပ်ကို လက်ဖျားခါစရာကောင်းတယ်!
မော့ကျူးချန်ရဲ့မျက်လုံးတွေကလည်း လင်ရှန်းမျက်လုံးတွေကို တောက်ပနက်ရှိုင်းစွာ စိုက်ကြည့်နေတယ်။
လင်ရှန်း ခပ်မြန်မြန်အကြည့်လွှဲလိုက်ပြီး သူ့ကို ဆက်မကြည့်ရဲတော့ဘူး။
စိတ်ကြီးဝင်တတ်တဲ့ကျောင်းမြက်ကြီးက ရုပ်ရည်ချောမောပြီး သူ့ကိုကျော်လွှားနိုင်ခြင်းမရှိတဲ့အပြင် လုံးဝကို ကြွားချင်စရာ အမိုက်စားဖြစ်တယ်။
အခုချိန်မှာ သူ့နှလုံးခုန်သံက မတရားမြန်နေတယ်ဆိုတာကို မစမ်းကြည့်ဘဲနဲ့တောင် သိနိုင်တယ်! အပေါ်ထပ် ပြေးတက်သွားတဲ့ လင်ရှန်းရဲ့ ခြေသံပြင်းပြင်းတွေနဲ့တောင်မှ တဒုန်းဒုန်းနဲ့ ခုန်ပေါက်နေတယ်!
ဒါကသာ သူ့ရဲ့ဖုံးကွယ်လို့မရတဲ့ ရင်ခုန်သံတွေကို ဝှက်ထားနိုင်ပုံရတယ်။
အသက်တစ်ရှိုက်အတွင်းမှာ လင်ရှန်းလည်း လင်ယွမ်ရဲ့အိပ်ခန်းတံခါးဆီ ပြေးသွားလိုက်တယ်။
သူ အသက်ကို ပြင်းပြင်းတစ်ချက်ရှုသွင်းပြီး လက်ကိုမြှောက်ကာ တံခါးလက်ကိုင်ကို ဖိချလိုက်တယ်။
သူ့အစ်ကိုရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်ရဲ့အခန်းထဲ သူ့ကို ထောက်လှမ်းဖို့အတွက် ခိုးဝင်တာကတော့ တကယ့်ကို မကောင်းတဲ့အရာဖြစ်တယ်။
သို့ပေမယ့် ဒီကိစ္စကို မဖော်ထုတ်နိုင်ဘူးဆိုရင် အဲ့တာက သူ့နှလုံးသားထဲမှာ တစ်ခုခုတစ်ဆို့နေသလို အမြဲတမ်းဖြစ်နေမှာဖြစ်ပြီး သူ့ကို ကောင်းကောင်းနေလို့မရ ဖြစ်စေနိုင်တယ်။
တောင်းပန်ပါတယ်...
လင်ရှန်း မျက်လုံးတွေကို တင်းနေအောင် မှိတ်ကာ လက်တွေကလည်း ပြတ်သားစွာ တံခါးကို တွန်းဖွင့်လိုက်တော့တယ်။
လင်ယွမ်ရဲ့အခန်းထဲမှာ တစ်ယောက်မှ ရှိမနေဘူး။
နက်ပြာရောင်စောင်ကိုလည်း သေသပ်စွာ ဖြန့်ခင်းထားတယ်။
လိုက်ကာတွေက ဖွင့်ထားပြီးသားဖြစ်ကာ ကြည်လင်နေတဲ့ မှန်ပြတင်းပေါက်တွေဆီက နေရောင်က တောက်ပစွာ ဖြာကျနေပြီး အခန်းထဲကို နှစ်လိုဖွယ်အလင်းရောင်လေးနဲ့ လွှမ်းခြုံထားတယ်။
မနေ့ညက သူတွေ့ခဲ့ရတဲ့ စာအုပ်ကလည်း ကုတင်ဘေးမှာ ရှိနေတုန်းပဲ။
လက်ရေးနဲ့ရေးထားတဲ့ bookmarkကလည်း စာအုပ်ထဲမှာ ညှပ်ထားတုန်းဖြစ်ပြီး ထောင့်စွန်းလေးထွက်နေတယ်။
လင်ရှန်း ထိုနေရာကို ခပ်သွက်သွက်လျှောက်သွားလိုက်တယ်။
သူက ကိစ္စတွေကို တွေးတောကြည့်ရတာသဘောကျပြီး မကြာခဏဆိုသလို တွန့်ဆုတ်နေတတ်သူဖြစ်တယ်။
သို့ပေမယ့် စိတ်ကို ပြင်ဆင်ပြီးပြီဆိုရင်တော့ လုပ်တာကိုင်တာက အတော်လေး ခိုင်မာလှတယ်။
လင်ရှန်း စာအုပ်ကို ကောက်ကိုင်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်ပြန်တယ်။
အဲ့နောက် သက်ပြင်းတစ်ချက်ချကာ စာအုပ်ကို လျှင်မြန်စွာ ဖွင့်လိုက်တယ်...
အမ်?
လင်ရှန်း အကုန်လုံးကို မြန်ဆန်စွာ အပြီးဖတ်လိုက်ပြီးတဲ့နောက်မှာတော့...
သူ မတတ်သာစွာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေမိတယ်။
ပြောရရင် ဒီစာအုပ်က အတိအကျတော့ မဟုတ်ဘူး။
ပြောရရင် ဒီ 'စာအုပ်'က ကိုယ်တိုင်ပုံနှိပ်၊ စာစီပြီး volume တစ်ခုအနေနဲ့ ပေါင်းထားတဲ့သဘောမျိုးဖြစ်နေတယ်။
ဒီစာအုပ်က မော့ကျူးချန်အကြောင်းကိုတော့ ထည့်ပြောထားတယ်။
ဒီစာလုံးသုံးလုံးပါတဲ့ အကြိမ်အရေအတွက်က မနည်းလှတာကြောင့် မနေ့ညတုန်းက သူမှားသွားခဲ့တာမဟုတ်ဘူး။
သို့ပေမယ့်...
သူ့ကို ဘယ်သူများ ပြောပြပေးနိုင်မလဲ?!
သူ့အစ်ကိုကြီး!
နည်းပညာမှာ ထင်ရှားကျော်ကြားတယ်လို့ ပြောတဲ့ ဒီလိုမျိုး အရည်အချင်းရှိတဲ့ လူငယ်လေးကလေ!
ပညာအရည်အချင်းက မြင့်မားလွန်းပြီး လုပ်ငန်းပိုင်းအတွေ့အကြုံကလည်း နောကျေနေတဲ့သူ!
ဘာလို့လဲ?!
ဘာလို့သူ့အိပ်ရာဘေးမှာ ဖတ်နေတာက...
မယုံနိုင်စရာပဲ!
လင်ရှန်း စာအုပ်ရဲ့စာမျက်နှာတွေကို အားနဲ့လှန်နေတော့တယ်။
မော့ကျူးချန်တင်မကဘူး၊ သူ့နာမည်လည်း ပါတယ်။
သူတို့နာမည်တွေက အတော်လေး ပါနေတာဖြစ်ပြီး စာမျက်နှာတိုင်းအလိုလိုပဲလို့ ပြောရမှာကတော့ ရူးချင်စရာကောင်းလှတယ်!
မနေ့တုန်းက အဲ့တာ(သူ့နာမည်)ကိုတောင် မမြင်လိုက်သလို သူကလည်း မူးနေတာဖြစ်တယ်။
နောက်ပြီး ဒီထဲမှာ ဘာတွေရေးထားတာလဲ?!
လင်ရှန်းမျက်နှာက ရဲတက်သွားတယ်။
သူ စာအုပ်ထဲက စကားလုံးတိုင်းကိုတော့ သိပေမယ့် ဘယ်လိုမှ နားမလည်နိုင်ဘူး။
နားကိုမလည်တာ!
ဒါက လုံးဝကို လက်မခံနိုင်စရာလို့တောင် ပြောသင့်တယ်!
စာသားအပြင်ကိုမှ စာမျက်နှာ နှစ်မျက်နှာ ဒါမှမဟုတ် သုံးမျက်နှာလောက် ပြီးသွားတိုင်းမှာ ပုံလေးတစ်ပုံစီ ပါလာတတ်တယ်။
အဲ့တာက အဖြူအမည်းဆိုပေမယ့် ပန်းချီဆရာက တအားကိုဂရုတစိုက်နဲ့ ဆွဲထားတာကြောင့် မြင်သာထင်သာရှိနေတယ်။
ကြည့်လိုက်ရုံနဲ့တင် သူနဲ့ မော့ကျူးချန်မှန်း သတိပြုမိနိုင်တယ်။
သူတို့တွေက ရှင်းဆန်းကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားကြတာဖြစ်ပြီး ရင်ဘတ်ပေါ်မှာ 'ရှင်းဆန်း'ဆိုတဲ့ တံဆိပ်ကို အတိအကျ ရေးဆွဲထားတယ်။
ဒီပုံတွေကို ဆွဲထားတာက လူတစ်ယောက်တည်းပဲဖြစ်လောက်မယ်ဆိုတာကို တစ်ဖက်လူက ပုံဆွဲရာမှာ တစ်ခုတည်းသော နောက်ခံကိုသာ ဆွဲထားတာကနေ မြင်နိုင်တယ်။
ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေနဲ့ အပြုအမူတွေအားလုံးက ထင်ရှားနေပြီး တစ်ခုချင်းစီက နှစ်လိုဖွယ်ကောင်းကာ ဆွဲဆောင်မှုရှိလှတယ်။
လင်ရှန်း ရှက်စိတ်ကြောင့် မျက်နှာနီသထက် နီလာတယ်!
ဒီကမ္ဘာမှာ ဒီလိုကိစ္စမျိုးတွေ ရှိနိုင်တယ်ဆိုတာ သူ ဘယ်တုန်းကမှ မသိခဲ့ဘူး။
_ သူအရင်က ဖိုရမ်ပေါ်မှာ မြင်ခဲ့ရတဲ့ 'ဗိုလ်ကျလွန်းတဲ့ကျောင်းမြက်ကြီးနဲ့ သူ့ချစ်သူလေး'ဆိုတာထက်တောင် ပိုပြီး သူ့ကိုအဆင်မပြေဖြစ်စေတယ်။
ဒါက တအား...
*ဒေါက် ဒေါက်*
လင်ရှန်း ရှက်သွေးဖြာနေပြီး ရင်တုန်ပန်းတုန်ဖြစ်နေတုန်းမှာပဲ သူ့အနောက်ဘက်က အိပ်ခန်းတံခါးဆီကနေ စီးချက်ကျကျ တံခါးခေါက်သံ ထွက်ပေါ်လာတယ်။
"အား!" သူ အာမေဋိတ်သံထွက်သွားပြီး သူခိုးတစ်ယောက်လို စာအုပ်ကို ပိတ်ချလိုက်တယ်။
"ငါပါကွ" မော့ကျူးချန်က လျှောက်ဝင်လာပြီး ရှက်ရွံ့နေကာ လန့်ဖြန့်သွားတဲ့ လင်ရှန်းကို ကြည့်လိုက်တယ်။
"မင်းက ဘာလို့..." သူ လင်ရှန်းကို အထက်အောက် စုန်ဆန်ကြည့်လိုက်တယ် "မင်းကြည့်ရတာ တော်တော်လေး အပြစ်မကင်းဖြစ်နေသလိုပဲ?"
"ဟုတ်လား အဲ့လိုလား? ဟားဟား..." လင်ရှန်း ကို့ယို့ကားယား ပြုံးပြလိုက်တယ် "မဟုတ်ပါဘူး"
မော့ကျူးချန်ရဲ့မျက်လုံးတွေက လင်ရှန်းရဲ့လက်တွေဆီ လျင်မြန်စွာ ကျရောက်သွားတယ် "ဒါက ဘာလဲ?"
"ဘာ ဘာမှမဟုတ်ဘူး!" လင်ရှန်း အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ပြောလာတယ်။
အဲ့နောက် လက်ကိုနောက်ပစ်ကာ စာအုပ်ကို သူ့အနောက်ဘက်မှာ ဖွက်ထားလိုက်တယ်။
သူက မော့ကျူးချန်ရဲ့မျက်လုံးတွေကို စိုက်ကြည့်ရင်း မျက်တောင်တွေက အနည်းငယ်တုန်နေတယ် "ဒါက..."
လင်ရှန်း ခက်ခက်ခဲခဲနဲ့ တံတွေးကို မြိုချလိုက်တယ်။
မော့ကျူးချန်က သူ့စကားတွေကို သေချာပေါက် ယုံကြည်မှာမဟုတ်မှန်း သိနေတာကြောင့် မြန်မြန်ပြောလိုက်တယ် "ဒါက ငါ့အစ်ကိုရဲ့ပစ္စည်း၊ နမော်နမဲ့ လျှောက်မထိဘဲနေကြစို့"
သူက ပြောနေရင်းနဲ့ အနောက်ဘက်ကို နှစ်လှမ်းလောက် အသာလေးဆုတ်လိုက်ပြီး စာအုပ်ကို ကုတင်ဘေးက စားပွဲပေါ် ပြန်တင်ထားလိုက်တယ်။
"ငါ့အစ်ကိုက အိမ်မှာ ရှိနေတာမဟုတ်ဘူး၊ ငါလည်း သူ့အခန်းထဲမှာ ဆက်မနေချင်တော့ဘူး ဒါက မကောင်းဘူးလေ" လင်ရှန်း မော့ကျူးချန်ကို တွန်းလိုက်တယ် "ထွက်မယ်"
"ဘာမှမဟုတ်ဘူးလား?" မော့ကျူးချန်က မျက်ခုံးတွေကို ပင့်လိုက်တယ်။
သူက ရပ်မြဲတိုင်းရပ်နေတာကြောင့် လင်ရှန်းသူ့ကို ရွေ့သွားအောင် လုပ်လို့မရဖြစ်နေတယ်။
သူ့အကြည့်က လင်ရှန်းပုခုံးတွေကို ဖြတ်ကျော်ကာ အနောက်ဘက်ကိုရောက်သွားတယ် "အဲ့တာက မနေ့ညတုန်းက မင်းကို ကောင်းကောင်းအိပ်လို့မရအောင် အနှောင့်အယှက်ပေးနေတဲ့ဟာလေ ပြီးတော့ ဒီမနက်လည်း ဘယ်လောက်တောင် တွန့်ဆုတ်ပြီး ရုန်းကန်လိုက်ရလဲ?"
မော့ကျူးချန် ရှေ့တစ်လှမ်းတိုးလိုက်တယ် "ငါ့ကို ပြကြည့်!"
"ဘာမှ ကြည့်စရာမရှိဘူး" လင်ရှန်းက သူ့လက်တွေကို လျှင်မြန်စွာ ဆန့်ထုတ်လိုက်တယ် "ဒါက ငါ့အစ်ကိုရဲ့ပစ္စည်း၊ မဖွင့်ကြည့်ဘဲ ထားလိုက်တော့!"
သူ မော့ကျူးချန်ကို တားချင်နေတယ် "မြန်မြန်ထွက်၊ မနေ့ညတုန်းက... မနေ့ညတုန်းက ဒီတိုင်း နားလည်မှုလွဲသွားတာ ဟားဟား ဟားဟားဟား"
"မင်း ဒီလိုမျိုး ရယ်နေတာကြီးက..." မော့ကျူးချန်က စာအုပ်ကို အတင်းလိုက်မယူတော့ဘူး။
သူက လင်ရှန်းကို တွေးဆဆနဲ့ ကြည့်လိုက်တယ် "မင်းမျက်နှာပေါ်မှာ 'ငါလိမ်နေပါတယ်'ဆိုတဲ့ စာလုံးကြီး ပေါ်နေတယ်"
လင်ရှန်း "..."
ကောင်းပြီလေ!
သူ လိမ်တယ်ဆိုလည်း လိမ်တယ်ပေါ့။
ဘယ်လိုနေနေ မော့ကျူးချန်ကိုတော့ အဲ့တာ ပေးမမြင်နိုင်ဘူး။
သူတို့နှစ်ယောက် အချင်းချင်းစိုက်ကြည့်နေကြပြီး လေထုက အလွန်တရာကသိကအောက်ဖြစ်လာချိန်မှာပဲ လင်ရှန်းရဲ့ဖုန်းက ရုတ်တရက် ထမြည်လာတယ်။
"ရှန်းရှန်း" ဖုန်းထဲက လင်ယွမ်ရဲ့အသံ ထွက်ပေါ်လာတယ် "အိပ်ရာနိုးပြီလား?"
လင်ရှန်းက မော့ကျူးချန်ကို တိတ်တိတ်နေဖို့ အမူအယာပြလိုက်တယ် "ဟုတ် မနက်စာလည်း စားပြီးပါပြီ"
သူက လေသံကို နှိမ့်လိုက်ပြီး အပြစ်မကင်းတဲ့စိတ်နဲ့ ပြောလိုက်တယ် "ကျေးဇူးတင်ပါတယ် ကော၊ ကောက အချိန်ပိုတွေလုပ်ပြီး အလုပ်လည်းကြိုးစားရသေးတယ်၊ ကျွန်တော်တို့အတွက်လည်း မနက်စာကို အထူးတလည်ပြင်သွားပေးသေးတယ်"
"မင်း အိမ်မှာပဲ ရှိသေးတာလား?" လင်ယွမ်က ခပ်ဟဟတစ်ချက်ရယ်ပြီး ထပ်မေးလာတယ်။
"ဟုတ်" လင်ရှန်း ပြောလိုက်တယ် "ဘာဖြစ်လို့လဲ?"
"ခဏလေး" လင်ယွမ်က တစ်ခြားသူကို စကားလှမ်းပြောနေသလိုမျိုး ဖုန်းရဲ့စကားပြောခွက်ကို လက်နဲ့လှမ်းအုပ်လိုက်တယ်။
ဖုန်းတစ်ဖက်က လင်ရှန်းက သေချာမကြားရဘူး။
'ကိုယ့်ညီ' ဆိုတာနဲ့ 'သူ လုပ်နိုင်'ဆိုတဲ့ စကားလုံးတွေကိုသာ မသဲမကွဲကြားလိုက်ရတယ်။
သိပ်မကြာလိုက်ဘဲ လင်ယွမ်က သူ့လက်ကိုဖယ်ကာ ပြောလာတယ် "ရှန်းရှန်း အခုတော့ ကော ထွက်လာလို့မရဘူး၊ တကယ်လို့ အခုမင်း အဆင်ပြေတယ်ဆိုရင် ကုမ္ပဏီကို ပစ္စည်းလေးတစ်ခု လာပို့ပေးလို့ရမလား?"
"ရတာပေါ့" လင်ရှန်း ခပ်သွက်သွက် ပြောလိုက်တယ် "ဘာပို့ပေးရမှာလဲ? ဘယ်နားမှာ ထား,ထားတာလဲ? အလျင်လိုနေတာလား?'
"ကောရဲ့ အိပ်ခန်းထဲမှာ" လင်ယွမ်က အပြုံးတစ်ပွင့်နဲ့ ပြောလာတယ် "အိပ်ရာဘေးက စားပွဲခုံပေါ်မှာ စာအုပ်တစ်အုပ်ရှိတယ်"
သူက "မင်း ဝင်သွားလိုက်ရင် တွေ့လိမ့်မယ်၊ ဘာနာမည်မှ မရေးထားဘူး၊ ဒီတိုင်းစာအုပ်လေးပဲ၊ ကောရဲ့ကုမ္ပဏီကို ပို့ပေးပါလား၊ ကော မင်းရဲ့ဖုန်းထဲကို ကုမ္ပဏီရဲ့လိပ်စာ ပို့ပေးလိုက်မယ်"
လင်ရှန်း "..."
လင်ရှန်း "!!!"
သူ ခေါင်းလှည့်ကာ စိတ်ရှုပ်ထွေးနေတဲ့အမူအယာတွေနဲ့ စာအုပ်ကိုကြည့်လိုက်တယ်။
သူ့အစ်ကိုကြီးကတော့ ပျက်စီးရာပျက်စီးကြောင်းဖြစ်တော့မယ်လို့ ခံစားနေရတယ်။
ဒီလိုဟာမျိုးကို အိပ်ရာဝင်ချိန်မှာ ဖတ်တာတင်မကဘူး အခုဆို ကုမ္ပဏီထဲမှာတောင် ဖတ်ဖို့ လုပ်နေသေးတယ်?
လင်ရှန်းရဲ့မျက်လုံးတွေ တဖျပ်ဖျပ်ခတ်မိသွားပြီး အချိန်တစ်ခု ကြာတဲ့အထိ အသံတစ်ချက်တောင် မထွက်နိုင်ခဲ့ဘူး။
"ရှန်းရှန်း?" လင်ယွမ် မေးလာတယ် "ဘာဖြစ်လို့လဲ? အဆင်မပြေလို့လား?"
"... အဆင်ပြေပါတယ်" လင်ရှန်း အသက်ကိုဖြေးဖြေးချင်း ရှုသွင်းပြီး သူ့အသံကို နည်းနည်းလောက်ဖြစ်ဖြစ် ပုံမှန်ဖြစ်နေအောင် ကြိုးစားလိုက်တယ် "ကျွန်တော် ပို့ပေးပါ့မယ်"
"ရှန်းရှန်းကို ဒုက္ခပေးမိပြီ" လင်ယွမ် အပြုံးတစ်ပွင့်နဲ့ ဖုန်းချဖို့လုပ်လိုက်တယ် "နောက်မှ တွေ့မယ်"
လင်ရှန်း ဖုန်းချလိုက်တယ်။
သူ မော့ကျူးချန်ကို မော့ကြည့်ပြီး နောက်လှည့်ကာ စာအုပ်ကို ယူလိုက်တယ်။
"ငါ ငါ့ကောရဲ့ကုမ္ပဏီကို သွားမလို့" လင်ယွမ် ပို့ပေးလိုက်တဲ့ ကုမ္ပဏီလိပ်စာက ဖုန်းထဲ ရောက်နေပြီဖြစ်တယ်။
"မင်း..."
"ငါ မင်းကို ပို့ပေးမယ်" မော့ကျူးချန် ပုခုံးတွန့်လိုက်တယ် "ဘာပဲဖြစ်ဖြစ် အဆင်ပြေနေတာပဲလေ"
သူ့ကားက လင်ဗီလာရဲ့ဂိတ်ပေါက်ဝမှာ ပါကင်ထိုးထားတာကြောင့် ဒီ့ထက်ပိုပြီးတောင် အဆင်ပြေတာ မရှိတော့ဘူး။
မော့ကျူးချန်က ကားမောင်းသမား ထိုင်ခုံမှာထိုင်လိုက်ပြီး လင်ရှန်းက စာအုပ်လေးကို အိတ်နှစ်လုံးထဲ ထည့်နေတာကို ကြည့်နေလိုက်တယ်။
အဲ့နောက် ဂရုတစိုက်နဲ့ စက္ကူအိတ်တစ်လုံးထဲ ထည့်လိုက်ပြန်တယ်။
အဲ့တာတင်မကဘူး လင်ရှန်း ကားထဲရောက်လာတယ်ဆိုတာနဲ့ သူက စက္ကူအိတ်ကို လက်ကမ်းစာစောင်နဲ့အတူ သူ့လက်မောင်းတွေကြားမှာ ပိုက်ထားတယ်။
မော့ကျူးချန် လင်ယွမ်ရဲ့ကုမ္ပဏီဆီကို မောင်းလိုက်တယ်ဆိုတာနဲ့ သူက မသက်မသာဖြစ်လာတော့တယ်။
သူ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ 'အပြစ်မကင်း'ဆိုတဲ့ စကားလုံးလေးလုံးကလည်း မျက်နှာပေါ်မှာ စာနဲ့ရေးထားသလိုမျိုး ဖုံးဖိထားလို့တောင် မရဘူး။
လင်ယွမ်ရဲ့ကုမ္ပဏီက မြေအောက်ကားပါကင်မှာ ကားကို ပါကင်ထိုးနေတာကို စောင့်လိုက်တယ်။
လင်ယွမ် စက္ကူအိတ်ကို ကိုင်ထားပြီး ကားထဲကနေ သတိအနေအထားနဲ့ ဆင်းလိုက်တယ်။
တစ်ချက်တစ်ချက်လည်း မော့ကျူးချန်ရဲ့အကြည့်နဲ့ တိုးသွားပြီး ရှောင်လိုက် သတိထားလိုက်ဖြစ်နေတယ်။
ရှက်နေတဲ့အရိပ်အယောင်ကလည်း သိပ်မသိသာရှာပါဘူး။
"ငါ ဒါကို ငါ့ရဲ့ကောဆီ သွားပို့လိုက်တော့မယ်" လင်ရှန်းပြောလိုက်တယ် "ငါ့ကို ဒီမှာ စောင့်နေပေးလို့ ကျေးဇူးပဲ"
တကယ်တော့ သူ တော်တော်လေးရှက်နေတာဖြစ်တယ်။
မော့ကျူးချန်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဒီအထိလဲ မောင်းပို့ပေးရသေးတယ်၊ ဒီလိုမျိုး လူသူမရှိတဲ့ မြေအောက်ကားပါကင်ထဲမှာလည်း စောင့်နေပေးဖို့ တောင်းဆိုခံရသေးတယ်။
မျက်လုံးဖြူမြေခွေးနဲ့ အတော်လေး တူနေတာပဲ။ [ T/N : ကျေးဇူးမသိတတ်တဲ့သူ ]
"ငါ မင်းနဲ့ လိုက်ခဲ့မယ်လေ"
"မလိုဘူး!" လင်ရှန်း အနောက်ကို ခြေလှမ်းကျယ်ကြီးတစ်လှမ်းစာလောက် ခုန်ဆုတ်မိသွားတယ် "ငါ့ဖာသာ သွားလိုက်မယ်"
သူ ပြောလို့ပြီးတာနဲ့ မော့ကျူးချန်ကို မကြည့်ရဲတော့ဘဲ စက္ကူအိတ်ကိုကိုင်ကာ ဓာတ်လှေကားဆီ တန်းပြေးတော့တယ်။
မော့ကျူးချန် ကားထဲက ထွက်လာလိုက်တယ်။
သူက အလောတကြီးပြေးထွက်သွားတဲ့ လင်ရှန်းနောက်ကျောကို တွေးဆဆနဲ့ ကြည့်နေမိတယ်။
ထို့နောက် ကားပါကင်ဘက်ကို ပြန်ကြည့်ကာ သူ့ဖုန်းကို ထုတ်လိုက်တယ်။
သူ့ဖုန်းက မနေ့ညတည်းက အသံပိတ်ထားတာဖြစ်ပြီး နံပါတ်တစ်ခုတည်းဆီက ဝင်နေတဲ့ missed callတွေ ခုနစ်ခု ရှစ်ခုလောက်ပြနေတယ်။
မော့ကျူးချန်က အလျဉ်းသင့်သလို ဖုန်းပြန်ခေါ်လိုက်တယ် "ငါပဲ"
သူ့အမူအယာက တဖြည်းဖြည်းနဲ့ တည်ငြိမ်လာပြီး ဖုန်းတစ်ဖက်က ယဉ်ယဉ်ကျေးကျေးနဲ့ ပြောနေတဲ့ သူစိမ်းအသံကို နားထောင်နေတယ်။
တစ်ဖက်လူက ပြောလို့ပြီးသွားတဲ့အခါ သူက ခံစားချက်မပါစွာ "သိပြီ"လို့ပြောပြီး တစ်ဖက်ကို စကားအနည်းငယ် ထပ်ပြောလိုက်တယ်။
ထို့နောက် 'အင်း'လို့ ပြောပြီးတာနဲ့ ဖုန်းချလိုက်တော့တယ်။
မှိန်မသွားသေးတဲ့ ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်ပြီး သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းတွေက ကော့တက်သွားတယ်။
သူ့မျက်လုံးတွေထဲမှာ leng rui(?)အရိပ်အယောင်တစ်ချက် ပေါ်ထွက်လာတယ်။
ထို့နောက် ဖုန်းကို ပြန်ထည့်ပြီး ကားထဲမှာပဲ ပြန်သွားထိုင်နေလိုက်တယ်။
သူ့ရဲ့ကျောပိုးအိတ်က ကားနောက်ခန်းကထိုင်ခုံပေါ်မှာ ရှိနေတုန်းပဲ။
မော့ကျူးချန်က ခဏလောက် တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေပြီးမှ နောက်လှည့်ကာ ကျောပိုးအိတ်ကိုယူပြီး အထဲက စာအုပ်တစ်အုပ်ထုတ်ကာ လေးလေးနက်နက် စတင်ဖတ်တော့တယ်။ အချိန်အကြာကြီး ဆွဲပြီးတော့လည်း မဖတ်ဘူး။
မိနစ်ပိုင်းအကြာမှာ မော့ကျူးချန်က နောက်ထပ်ဘောပင်တစ်ချောင်းထုတ်ကာ စာအုပ်ပေါ်မှာ စတင်ရေးမှတ်တော့တယ်။
ထိုစာမျက်နှာပေါ်က မေးခွန်းတစ်ခုချင်းစီရဲ့ဘေးမှာ သက်ဆိုင်ရာပုံသေနည်းကို ရေးချလိုက်တယ်။
စာမျက်နှာတစ်ခုလုံး ပုံသေနည်းတွေ ရေးလို့အပြီးမှာ မော့ကျူးချန်က ခေါင်းမော့ပြီး ရှေ့ဘက်ကို လှမ်းကြည့်လိုက်တယ်။
ဓာတ်လှေကားက တိတ်ဆိတ်နေတုန်းပဲ။
ဒီနေ့က စနေနေ့ဖြစ်တဲ့အပြင် ပိတ်ရက်လည်းဖြစ်တာကြောင့် ဒီကိုလာတဲ့လူက အနည်းငယ်လောက်သာရှိတယ်။
လင်ရှန်း တက်သွားပြီးတဲ့နောက်မှာ ဓာတ်လှေကားက ပြန်ပွင့်မလာခဲ့ဘူး။ သူ ဘယ်ကိုတက်သွားမှန်းလည်း မသိရဘူး။
မော့ကျူးချန်လည်း လက်တစ်ဖက်ထောက်ကာ မျက်နှာကို မှေးတင်ထားပြီး အတွေးနယ်ချဲ့နေတော့တယ်။
သူ့အစ်ကိုကြီးရဲ့ကုမ္ပဏီရှိတဲ့ အထပ်ကို လင်ရှန်း ရောက်သွားချိန်မှာ လင်ယွမ်က အတိုချုပ်အစည်းအဝေးတစ်ခု လုပ်နေတုန်းပဲရှိသေးတယ်။
ငယ်ရွယ်ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ အတွင်းရေးမှူးက သူ့ကို တစ်ဖက်လူရဲ့ရုံးခန်းဆီ ဦးဆောင်ပြီး ခေါ်သွားပေးကာ သစ်သီးဖျော်ရည်နဲ့ သရေစာမုန့်ကလေးတွေ ယူလာပေးပြီး ခဏလောက်စောင့်ပေးဖို့ ယဉ်ကျေးစွာ ပြောလာခဲ့တယ်။
လင်ရှန်းလည်း သူ့ကို ကျေးဇူးတင်ကြောင်းပြောပြီး ရုံးခန်းကို စူးစူးစမ်းစမ်း လိုက်ကြည့်နေလိုက်တယ်။
လင်ယွမ်ရဲ့ကုမ္ပဏီက Sမြို့တော်ရဲ့ ပျားပန်းခတ်သွားလာနေကြတဲ့ နယ်မြေထဲက ဒီအဆောက်အအုံရဲ့ အမြင့်ဆုံးငါးလွှာမှာ တည်ရှိတာဖြစ်တယ်။
အနားတဝိုက်မှာ သွားရေးလာရေးရော နေထိုင်ဖို့အတွက်ပါ အဆင်ပြေလှတယ်။
အဆောက်အအုံရဲ့ဘေးမှာ မြို့ပြဥယျာဉ်တစ်ခုရှိတယ်။
လင်ယွမ်ရဲ့ရုံးခန်းက အဆောက်အအုံရဲ့ ထိပ်ဆုံးအလွှာမှာဖြစ်တယ်။
ကြမ်းပြင်ကနေ မျက်နှာကျက်အထိရှိတဲ့ မှန်ပြူတင်းနားမှာ ရပ်ပြီး မြို့တော်ရဲ့မြင်ကွင်းကို အပေါ်စီးကနေ ထင်ထင်ရှားရှား ကြည့်ရှုနေနိုင်တယ်။
သူ့ရုံးခန်းကိုလည်း ရိုးရိုးရှင်းရှင်းလေးပဲ အလှဆင်ထားတယ်။
အထက်တန်းကျတဲ့အမျိုးသားတွေအတိုင်းပဲ နက်ပြာရောင်နဲ့ အဖြူရောင်ကို အဓိကထားပြီး ပြင်ဆင်ထားတာဖြစ်နိုင်တယ်။
နံရံတစ်ခုလုံးကို စာအုပ်စင်ကြီးတစ်ခုအဖြစ် ပြုလုပ်ထားတယ်။
မျိုးစုံသော အင်္ဂလိပ်၊ တရုတ်စာအုပ်တွေအပြင် ဂျာမန်စာအုပ်တစ်ချို့တောင် ရှိနေသေးတယ်။
မျက်နှာကြက်ထိတောင်ရောက်တဲ့ ကြီးမားတဲ့စာအုပ်စင်ကြီးကို လင်ရှန်း စူးစမ်းနေတုန်းမှာ ရုံးခန်းတံခါး ပွင့်လာတော့တယ်။
"ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ" လင်ယွမ်ရဲ့အသံကပါ ကပ်ပါလာတယ်။ သူ့အသံက ချိုမြိန်နေတုန်းပဲ။
သို့ပေမယ့် အိမ်မှာမဟုတ်တာကြောင့်ဖြစ်နိုင်တယ် အသံက ပိုပြီးတည်ကြည်နေတယ်။ လင်ရှန်းနဲ့ လင်ချီတို့ကို စကားပြောနေချိန်ဆိုရင်တော့ နူးညံ့တဲ့အပြုံးလေးက ရှိနေတတ်တယ်။
လင်ရှန်း ခေါင်းလှည့်ကြည့်လိုက်တော့ သူ့အစ်ကိုကြီးက သမာရိုးကျဆန်တဲ့ အနောက်တိုင်းဝတ်စုံ အနက်ရောင်ကို ဝတ်ထားတယ်။
သူက ဖွင့်ထားတဲ့ တံခါးနားမှာရပ်နေပြီး လူကြီးလူကောင်းပီသစွာ ပိုနီတေးနှစ်ထပ်စည်းထားတဲ့ ကောင်မလေးကို အထဲဝင်ဖို့ ဖိတ်ခေါ်လိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ လင်ရှန်းမျက်လုံးတွေ ပြူးကျယ်သွားရတယ်။
"စုတျန်းတျန်း?!" သူ တအံ့တဩ ထုတ်ပြောမိလိုက်တယ်။
ပိုနီတေးစည်းထားတဲ့ ကောင်မလေးက လုံးဝန်းတဲ့မျက်လုံးကြီးတွေရှိတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာသေးသေးလေးမှာ လှပတဲ့နှာတံလေးလည်းရှိတယ်။ လူတစ်ကိုယ်လုံးက ချစ်စဖွယ်ကောင်းပြီး အားအင်အပြည့်နဲ့ ဖြစ်တယ်။
ဒါက သူ့ရဲ့အတန်းဖော် စုတျန်းတျန်းမဟုတ်လား!
"လင်ရှန်း?!" စုတျန်းတျန်းလည်း မျက်လုံးပြူးသွားတယ် "နင်... နင်လည်း ဒီရောက်နေတာလား?"
သူက တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိသွားပုံပေါ်ပြီး မျက်နှာလေး ရဲတက်သွားတယ်။
စုတျန်းတျန်းတစ်ယောက် လင်ရှန်းရဲ့အကြည့်ကို မကြည့်ရဲတော့သလိုမျိုး သူ့အကြည့်ကို လွှဲပစ်လိုက်တယ်။
သူ့ကို ဒီနေ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်းပြောဖို့ ဖိတ်ထားတာဖြစ်တယ်။
တကယ်တော့ သူနဲ့ အဆက်အသွယ်ရှိခဲ့တဲ့လူက လင်ယွမ်ကုမ္ပဏီက လက်အောက်ငယ်သားတစ်ယောက်သာဖြစ်တယ်။
တစ်ဖက်လူက ခုတလော ကောင်းကောင်းအလုပ်ဖြစ်နေတဲ့ ပြည်တွင်း comic ဆော့ဖ်ဝဲလ်တစ်ခုရဲ့ အယ်ဒီတာချုပ်ဖြစ်တယ်။ အင်တာနက်ပေါ်မှာ သူ ထုတ်ပြလိုက်တဲ့ comicတွေကြောင့် သဘောကျခံရပြီး သူ့ရဲ့တိုးတက်မှု လုပ်ဆောင်နိုင်စွမ်းအပေါ် ယုံကြည်မှုတစ်ခုရလာခဲ့တယ်။
သူတို့ကုမ္ပဏီနဲ့ ရေရှည်လက်တွဲနိုင်စေဖို့ စာချုပ်ချုပ်ပေးရန်အတွက် အလေးထားဖိတ်ခေါ်ခံခဲ့ရပြီး သူ့ရဲ့အလုပ်အတွက် အထောက်အကူပေးဖို့ ပြင်ဆင်ပေးကြတယ်။
စုတျန်းတျန်းက ပုံဆွဲရတာကို အမြဲတမ်း သဘောကျခဲ့တဲ့သူဖြစ်တယ်။
သူ့ရဲ့အိမ်မက်ကလည်း ကာတွန်းရေးဆွဲတဲ့သူတစ်ယောက် ဖြစ်လာဖို့ဖြစ်တယ်။
သေချာပေါက် အသိအမှတ်အပြုခံရတာကြောင့် သူလည်း တအားပျော်သွားခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ အတည်ပြုပေးခဲ့မိတယ်။
သူက စီနီယာအထက်တန်းကျောင်းသားတစ်ယောက်ပဲ ရှိသေးတယ်ဆိုတာကို တစ်ဖက်လူကလည်း သိပြီးသားဖြစ်တာကြောင့် အထူးတလည်အနေနဲ့ လက်မှတ်ရေးထိုးတာအတွက် ကုမ္ပဏီကို ပိတ်ရက်မှာ ဖိတ်ခေါ်ခဲ့တယ်။
စုတျန်းတျန်း ပိုလို့တောင် အံ့ဩရတယ်။
ဒီနေ့ စုတျန်းတျန်း ဒီကို ရောက်လာတဲ့အခါ တစ်ဖက်လူပြောလာတာက သူ့ရဲ့အရည်အချင်းကို ရှာတွေ့ချိန်တုန်းက သူ့အပေါ် တကယ်ယုံကြည်ပေးခဲ့တာက သူ မဟုတ်ဘူးလို့ ပြောလာခဲ့တယ်။ အဲ့တာက သူတို့ရဲ့သူဌေးသာဖြစ်တယ်!
နောက်ပြီး သူတို့ရဲ့သူဌေးကလည်း ကုမ္ပဏီမှာ ရှိနေပြီး သူနဲ့လူကိုယ်တိုင် စကားပြောချင်ကြောင်း ပြောလာတယ်။
ဒီစကားကို အယ်ဒီတာချုပ်ဆီက စုတျန်းတျန်း ကြားလိုက်ရတဲ့အချိန်မှာ သူ အတော်လေးစိတ်လှုပ်ရှားသွားရတယ်။ ဘာဖြစ်လို့ ဒီစကားလုံးတွေက အရမ်းထိခိုက်တော့မလိုဖြစ်နေရတာလဲ?!
ဒါက လျှို့ဝှက်ကုန်ကူးတာလိုမျိုးရဲ့ အစပျိုးမှုနဲ့တောင် တူနေတယ်...
သူလည်း မြေထဲပင်လယ်ထဲက ဘီယာဗိုက်နဲ့ အသက်လေးဆယ် ငါးဆယ်ဝန်းကျင် သက်လတ်ပိုင်း ဦးလေးကြီးတစ်ယောက်ပုံစံကိုတောင် စတင် စိတ်ကူးယဉ်ကြည့်မိလာတော့တယ်။
အဲ့နောက် သူ့ကို လွန်ကဲတဲ့ တောင်းဆိုမှုတွေ လုပ်လာတော့မယ်။
__ သူ့ခမျာ WeChat ကနေ ရှုချန်းဆီကိုတောင် တိတ်တိတ်လေး စာပို့ပြီး သူ့ကို လာခေါ်ပေးဖို့ တောင်းဆိုလိုက်ရတယ်။
မထင်မှတ်ထားစွာ သူဌေးကြီးပေါ်လာတဲ့အချိန်မှာတော့ စုတျန်းတျန်း မှင်သက်သွားတော့တယ်။
လင်ယွမ်!
လင်ယွမ်က သူ့ရဲ့အတန်းဖော် လင်ရှန်းရဲ့အစ်ကိုကြီးဖြစ်တယ်ဆိုတာကို သိထားရုံမကဘူး တစ်ချိန်တစ်ခါက ရှင်းဆန်းကျောင်းမှာ အရှိန်အဝါကြီးမားခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း သိထားတယ်။
ကျောင်းဖိုရမ်ပေါ်မှာ သူ့အကြောင်း ဒဏ္ဍာရီတွေအများကြီး ကျန်ရှိနေတုန်းပဲ။
စုတျန်းတျန်းတစ်ယောက် နေရာမှာတင် ရှက်သွေးဖြာသွားတော့တယ်!
မထင်မှတ်ထားလောက်အောင် ကိစ္စတွေက သူထင်ထားတာထက်တောင် ပိုပြီး ထိခိုက်စရာတွေဖြစ်နေတာပဲ!
အဲ့တာက အရမ်းဖြူစင်တယ်ဆိုပေမယ့် သူ(စုတျန်းတျန်း)က သူ့(လင်ယွမ်)ရဲ့ညီငယ်လေးအကြောင်းကို ပုံဆွဲခဲ့မိတယ်။
ဒါပေမယ့် အဲ့ထဲမှာလည်း နည်းနည်းလောက် မဆိုစလောက်လေး အရမ်း... Uhhhhhh...
သူ့ manga ဇာတ်လိုက်ရဲ့အစ်ကိုကြီးနဲ့ စာချုပ်မှာ လက်မှတ်ထိုးဖို့ သူ့ကိုယ်သူ တကယ်ကြီး ကျင်းတူးပေးမိခဲ့တာပဲ...
ဘယ်လိုပဲ နားထောင်ကြည့်ကြည့် ဒါကြီးက မဖြစ်နိုင်ဘူး!
အစည်းအဝေးအတွင်းမှာ စုတျန်းတျန်း လင်ယွမ်ကို တိတ်တိတ်လေး စောင့်ကြည့်နေမိတယ်။
ခန့်ညားတဲ့လူငယ်လေးက အမြဲတမ်းဆိုသလို သူ့မျက်နှာပေါ်မှာ ပျူငှာပြီး လူကြီးလူကောင်းဆန်တဲ့အပြုံးလေးတစ်ပွင့်ကို တင်ထားတတ်တယ်။
အစကနေ အဆုံးအထိ သူ လင်ရှန်းကို သူ့ရဲ့ညီလေးဖြစ်ကြောင်း ထုတ်မပြောခဲ့ဘူး။
အဲ့နောက်မှာတော့...
စုတျန်းတျန်းခမျာ လင်ရှန်းကို လင်ယွမ်ရဲ့ရုံးခန်းထဲမှာ တွေ့လိုက်ရတယ်။
သူ တအားရှက်သွားပြီး ဘေးဘီကိုကြည့်ကာ လင်ရှန်းရှိရာဆီကို ခြေလှမ်းအနည်းငယ်လှမ်းကာ လျှောက်သွားလိုက်တယ်။
အဲ့နောက် စုတျန်းတျန်းက အထစ်ထစ်အငေါ့ငေါ့နဲ့ အသံကိုတိုးပြီး မေးလာတယ် "မော့ မော့ကျူးချန်... သူ ဒါကို သိသွားလား?"
[ Kay : update အတွက်ကို News ထဲမှာ နောက်ဆုံးပြောပြပေးခဲ့သလိုမျိုး ssလေးတွေ လာပြပြီး တောင်းဆိုလို့ရပါတယ်နော်။ ]
_____
Thanks 🌹