{Zawgyi}
သူ နားကြားမှားတာများလားလို့တောင် လင်ရှန်းထင်သွားတယ်။ ဟယ်လို… ဒါက ပြုခြင်းပြကြိယာလား? ဒါမှမဟုတ် နှုတ်ဆက်စကားလား?
သူမော့ကျူးချန်ကိုကြည့်လိုက်ပြီးနောက် သူ့လက်ထဲက ဂျုံပေါင်မုန့်ကို ငုံ့ကြည့်လိုက်တယ်။ တစ်ခန်းလုံး အရမ်းတိတ်နေတဲ့အတွက် အပ်လေးတစ်ချောင်းကျသွားတဲ့ အသံကအစ ကြားနိုင်လောက်တယ်။ လင်ရှန်း မျက်တောင်လေးပုတ်ခတ်ခတ်နဲ့ မော့ကျူးချန်ကို ကြောင်တောင်ကြည့်ကာ ပြန်ပြောလိုက်တယ် “ဟယ်လို?”
မော့ကျူးချန် ခပ်သာသာလေးနှာမှုတ်လိုက်တယ်။ တကယ်တော့ သူပြောမိတာကို နည်းနည်းနောင်တရမိတယ်။ ခုလေးတင် သူတကယ်စိတ်ဆိုးသွားတာ! သူ့ရဲ့ညီငယ်အုပ်စုက သူ့ကိုကြည့်နေကြတယ်လေ။ ခုလေးတင်တောင် ကိုယ့်ဘာသာမနက်စာမလုပ်တဲ့အကြောင်း ပြောခဲ့သေးတာ။ သူကျတော့ ကောင်မငယ်လေးတစ်ယောက်ကိုတောင် ရှုံးသွားရတယ်။ ကျောင်းရဲ့မြက်ကလေး‘ရေခဲတုံးနတ်ဆိုး’တစ်ယောက် အရှက်မကွဲပေဘူးလား?!
စကားတွေကလည်း ပြောပြီးနေပြီဆိုတော့ မော့ကျူးချန်ရဲ့အဘိဓာန်မှာ နောင်တဆိုတာ မရှိဘူး။ မော့ကျူးချန် အေးဆေးခေါင်းငြိတ်ပြလိုက်တယ်။ သူ့နေရာမှာပဲ ထိုင်နေပြီး ခေါင်းအသာမော့ကာ ဘေးမှာအတောင့်လိုက်ရပ်နေတဲ့ လင်ရှန်းကိုကြည့်ပြီး ခြိမ်းခြောက်လိုက်တယ် “မဟုတ်ရင် မင်းငါ့ကိုပေးထားတဲ့ မေးခွန်းစာရွက်တွေပေါ်မှာ တစ်လုံးမှာမရေးဘူး!”
လင်ရှန်း “…”
ဒီခြိမ်းခြောက်စကားကြီးက ရင်းနှီးနေတယ်။ သူမနေ့ညတုန်းက ထွက်သွားမယ်ဆိုတော့လည်း မော့ကျူးချန် ဒီလိုပဲ ခြောက်ခဲ့တယ်မဟုတ်လား?
မော့ကျူးချန်ရဲ့ညီနောင်တွေအပါအဝင် Fအတန်းထဲက ကျောင်းသားတွေအားလုံး ဗြောင်းဆန်ကုန်တယ်။ သူတို့ မနက်စောစောစီးစီး ဘာတွေကြားနေရတာလဲ?! မော့ကျူးချန်က လင်ရှန်းကို ခြိမ်းခြောက်နေတယ်! အဲ့လိုဆိုရင်တောင် အတန်းထဲက စူပါနောက်ဆုံးပိတ် ဘိတ်ချီးကိုတော့ မေးခွန်းစာရွက်တွေနဲ့ ခြိမ်းခြောက်စရာမလိုဘူးလေ!
YOU ARE READING
ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ ငါလေးက သုံးပိုင်းတည်းပါတာလေ! [ဘာသာပြန်]
RomanceTitle - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter - 89 Chapters Genre - Comedy, Romance, School Life, Yaoi Eng Translator - jamsdothegay & Cooks Myanmar Translator - Kay_Wine 😉