သည်မောင် လက်ခုပ် တီးပါ့မယ် (...

By moe_for_more

144K 11.5K 3.1K

အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... More

Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
မောင့်ဒိုင်ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details

၉(Z)

626 38 0
By moe_for_more

Zawgyi

မနက်ခင်း သဘင်အိမ်ခြံ၏ခေါင်းရင်း စံပယ်ရုံရှိ သီချင်းသံအေးအေးကို ကြားသည်နှင့် ထွင်းအက္ခရာတစ်ယောက် အိပ်ယာထတတ်လေပြီ။ ထိုသီချင်းညည်းသံအေးအေးကို ပြတင်းပေါက် ခေါင်းပြူကာ တိတ်တဆိတ်နားထောင်ရင်း တစ်နေ့တာကို အစပျိုးတတ်လေပြီ။ တစ်ခါတစ်ရံ သူတွေးမိသည်။ သည်လောက် သီချင်းဆိုရသည်ကို နှစ်သက်သူက အဘယ်ကြောင့်များ လူပြက်ဖြစ်နေရသနည်း။

သူ့အတွေးနှင့်သူမို့ ထွင်းအက္ခရာပြုံးလိုက်မိသည်။ ထိုအချိန်တွင် တစ်ခေတ်မောင်က သူ့ပြတင်းပေါက်နေရာအား လှည့်ကြည့်လာသည်မို့ သူ့မယ်အလျင်အမြန်ပုန်းရှောင်လိုက်ရသေးသည်။ သို့နှင့် အိပ်ယာဘေးရှိ ဖဲကြိုးကလေးအား ကောက်ယူလျက် ဆံနွယ်နက်များအား ဖြစ်သလိုစည်းနှောင်လိုက်ရင်း မျက်နှာသစ်သန့်စင်ဖို့ရာ အောက်ထပ်ဆင်းလာလိုက်သည်။

ရေအပြည့်ဖြစ်နေသော အုတ်ကန်ကြီးနှင့် စံပယ်ရုံမှာ ကပ်လျက်မို့ ထွင်းအက္ခရာ အုတ်ကန်ဆီရောက်ချိန် တစ်ခေတ်မောင်၏ သီချင်းဆိုသံက တိကနဲ ရပ်တန့်သွား၏။ ထွင်းအက္ခရာ အုတ်ကန်ထဲမှ ရေအချို့ကို စတီးရေခွက်ကလေးဖြင့် ခပ်ယူလိုက်ရင်း။

"ဘာလို့ ရပ်လိုက်ရသလဲ တစ်ခေတ်မောင်....သိပ်နားထောင်လို့ ကောင်းနေသည်ကို...."

"သိပ်ကောင်းလှတာ မဟုတ်ပါဘူးဗျာ....."

ထွင်းအက္ခရာ၏ စကားတို့အား တစ်ခေတ်မောင်က ဂုတ်ပိုးကို ပွတ်ကာ ရှက်ရွံ့ရွံ့ဖြေ၏။ ထွင်းအက္ခရာ လက်ထဲရှိ ဆားခဲများဖြင့် သွားတိုက်သန့်စင်လိုက်ပြီးနောက် မျက်နှာသေချာသစ်နေလေ၏။ ဒါကိုလည်း တစ်ခေတ်မောင်တစ်ယောက် မျက်တောင်မခတ်တမ်းကြည့်နေမိသည်။

"မင်းက လက်ဆိတ်ရှိတဲ့သူဆိုတော့ နှင်းဆီလေးလည်း စိုက်သင့်တယ်မဟုတ်လား....အငြိမ့်သမတွေ အငြိမ့်ကတဲ့အခါ ပန်ဖို့ တကူးတက ဝယ်စရာမလိုတော့ဘူးလေ...."

ထွင်းအက္ခရာက သူ့မေးတွင် တင်ကျန်နေသော ရေစက်များကို လက်သွယ်သွယ်များဖြင့် သပ်ချလိုက်ရင်း ပြောလေသည်။ တစ်ဆက်တည်း တစ်ခေတ်မောင်၏ သက်ပြင်းချသံကို ကြားလိုက်ရလေ၏။

"ကျုပ်စိုက်ပေးချင်ပါတယ် အခြားသော အငြိမ့်သမတွေ အတွက်လေ....သို့ပေမဲ့...."

"သို့ပေမဲ့???"

ပုခုံးပေါ်မှ ပုဝါဖြင့် မျက်နှာအား ခပ်ဖွဖွသုတ်လိုက်ပြီး တစ်ခေတ်မောင်၏ စကားအဆုံးအား သံယောင်လိုက်ကာ အမေးပြုလိုက်သည်။

"သို့ပေမဲ့ ခင်ဗျားကိုတော့ နှင်းဆီထက် စံပယ်ကုံးတွေပဲ ပန်စေချင်တယ်...."

"ဟင်...."

ထွင်းအက္ခရာ၏ အမူအရာမှန်သမျှ ရပ်တန့်သွားလျက် တစ်ခေတ်မောင်၏ တည့်တည့်စိုက်ကြည့်ကာ တောင်းဆိုသကဲ့သို့ ဆိုလာသော စကားကြောင့် အမျိုးအမည်မသိ စိတ်ခံစားချက်တစ်ခုသည် ဘယ်ဘက်ရင်အုံ၌ သန္ဓေတည်ပါ၏။ အကြည့်မလွှဲသေးသော တစ်ခေတ်မောင်၏ ခပ်စူးစူးအကြည့်တို့ကို ထွင်းအက္ခရာကပဲ အကြည့်လွှဲလိုက်ရလေ၏။ မခံစားစဖူး သူ့ပါးနှစ်ဖက်တို့ ပူလောင်လောင် ခံစားရကာ နားရွက်ဖျားတို့သည်ပင် ရှိန်းခနဲ။

"နှင်းဆီလည်း လှတာပါပဲလေ...."

ထွင်းအက္ခရာ အထွန့်တက်လိုက်၏။

"စံပယ်တွေကတော့ ရင်အေးစေတာပေါ့ဗျာ...."

ထွင်းအက္ခရာ လက်ထဲမှ ကိုင်ထားလျက်သော ပုဝါစအား လက်ဖြင့် ဆုပ်ချေနေမိသည်။

"အစ်ကိုလို့ ခေါ်မယ်လို့ ပြောခဲ့သလားလို့...."

တုန်ယင်နေသော အသံဖြင့်သာ ပြောလိုက်မိသည်။ စကားလမ်းကြောင်း လွှဲလိုက်သည်ဆိုလျှင် ပို၍မှန်ပါ၏။

"ဟုတ်သား...ကျုပ်လည်း မေ့တတ်ပါ့လေ...အစ်ကိုကပဲ ခွင့်လွှတ်ပေးပါလေ...."

သဘင်အိမ်သို့ စစရောက်ချင်း တစ်ခေတ်မောင်မှာ ထိုသို့မဟုတ်ပါချေ။ ထွင်းအက္ခရာကိုဆိုလျှင် မျက်မှောင်ကြီးကြုံ့လျက် ကြည့်နေတတ်ခဲ့သည်။ သူများ အမှတ်မမှားဘူးဆိုပါလျှင် တစ်ခေတ်​မောင်ထံမှ ရွံရှာသော အကြည့်တို့ကိုပင် ခံယူဖူးပါ၏။ အခြားသူတွေနှင့်ဆိုလျှင် အဆင်ချောသလောက် ထွင်းအက္ခရာနှင့် စကားဆိုလျှင် အမြဲဘုနဲ့ဘောက် ပြောတတ်သူမဟုတ်ပေလား။ အဘယ်​သို့များ ထိုမျှလောက်ထိ ပြောင်းလဲသွားရသနည်း။

"အစ်ကိုထွင်း သနပ်ခါးလိမ်းတော့မယ်မလား....ကျုပ် စံပယ်တွေ သီပြီးရင် ဆံပင်စည်းဖို့ရန် လိုက်လာခဲ့ပါ့မယ်....."

"​ဒါဆိုလည်း သီပါလေ...."

ထိုမျှပြောလျက် အပေါ်ထပ်သို့ မပြေးရုံတမယ် ပြေးတက်မိသည်။ ရိသဲ့သဲ့လည်းမဟုတ်ပါသော ထိုစကားကြောင့် အဘယ်ကြောင့်များ ရှက်ရွံ့သလို ခံစားနေရပါသနည်း။

*အေးစိမ့်စိမ့်ရာသီဥတုကြောင့် အအေးမိချင်တာ နေမှာပါလေ.....*

######

စံပယ်ပန်းများ သီကုံးလို့အပြီးတွင် ထုံးစံအတိုင်း အစ်ကိုထွင်း၏ အခန်းဆီ သူဦးတည်မိသည်။ အစ်ကိုထွင်း။ ဟုတ်ပါ၏။ ထိုနာမ်စားကို သူသုံးနှုန်းနေမိပါ၏။ ယခုရက်များအတွင်း အစ်ကိုထွင်းနှင့် ပိုမိုရင်းနှီးလာသည်ကြောင့် ယခင်ကလို အစ်ကိုထွင်းအပေါ် ရိုင်းရိုင်းပြပြမဆက်ဆံဖြစ်တော့ပေ။ မနက်ဆိုလျှင် စံပယ်ပန်းကုံးကလေးများသီလျက် အစ်ကိုထွင်းအား စိတ်ရှည်လက်ရှည် ဆံပင်စည်းပေးရပြီး ဒေါ်ပုမကြီးဆီမှ ဆီထမင်းကိုလည်း စက်ဘီးတစ်စီးနှင့် နှစ်ဦးသားအတူတူ မနက်တိုင်းသွားဝယ်နေကြမို့ ပို၍ပို၍ တရင်းတနှီးရှိလာသည်လေ။

အပေါ်ထပ်သို့ တက်သွားပြီးလျှင် သနပ်ခါးလိမ်းပြီး မှန်ရှေ့အသင့် ထိုင်စောင့်နေသူ၏ အနောက်တွင် နေရာယူကာ ထိုင်လိုက်တော့သည်။ တစ်ခေတ်မောင်မှာ ဒူးထောင်ပေါင်ကား နေတတ်သူဖြစ်သည်ကြောင့် ဒူးနှစ်ချောင်းကိုထောင်ကားကာ ထိုင်နေခြင်းကြောင့် ထွင်းအက္ခရာမှာ တစ်ခေတ်မောင်ရင်ခွင်ထဲ နစ်မြုပ်ပျောက်ကွယ်တော့မယောင်။ နေ့တိုင်းလည်း သည်လိုထိုင်နေကျဖြစ်သော်လည်း ယနေ့မှ အစ်ကိုထွင်း၏ ပုခုံးစွန်းများမှာ အနည်းငယ် တုန်ယင်နေသလိုပင်။ မှန်မှ တစ်ဆင့် မြင်နေရသော အစ်ကိုထွင်း၏ မျက်လုံးများသည် တစ်ခေတ်မောင်၏ အကြည့်တို့ကို တမင် လွှဲဖယ်နေသယောင်။

ထိုကဲ့သို့သော အစ်ကိုထွင်း၏ ပုံစံသည် သူ့နှလုံးသားအပေါ် ခါချဉ်ကောင်ကလေးများ တက်ပြေးနေသကဲ့သို့ ခံစားရစေ၏။ ကိုယ့်ထက် နှစ်များစွာ ကြီးသူသည် အဘယ်ကြောင့်များ ထိုမျှ ချစ်ဖွယ်ကောင်းနေရပါသနည်း။

"အဟွတ်...ဟို...ဟိုးမှန်နောက်က ဘိလပ်စာတွေနဲ့ ဘူးကလေးက ဘာလေးများလဲ...."

တစ်ခေတ်မောင် စကားလမ်းကြောင်းလွှဲကာ မြင်ကွင်းထဲ မြင်လာသည့် ဘူးကလေး အကြောင်း ကောက်ခါငင်ခါ မေးလိုက်ရတော့သည်။ အစ်ကိုထွင်းက မှန်နောက်မှ ထိုဘူးကလေးကို အသာယူပြီး တစ်ချက်ကြည့်၏။

"အော်...ဒါကလေးက သံလွင်ဆီလေ....မနှစ်က ထူးမော်ရဲ့ ဘိလပ်ပြန်လက်ဆောင်ပေါ့လေ...."

ထိုစကားကြားတော့ တစ်ခေတ်မောင် မျက်နှာကို ရှုံ့မဲ့ပစ်၏။ သည်လိုမဲ့ပစ်တာမြင်တော့ ထွင်းအက္ခရာတစ်ယောက် ယောင်နနကလေးဖြစ်နေမိသည်။ တစ်ခေတ်မောင်ဟာ အဘယ်ကြောင့်များ ထူးမော်ကို ကြည့်မရဖြစ်နေရသလဲလေ။

"သံလွင်ဆီမလိမ်းလည်းပဲ အစ်ကိုထွင်းရဲ့ ဆံနွယ်တွေက နက်မှောင်နေတုန်းပဲ....လိုမှ မလိုတာ...."

စူအောင့်အောင့်ပြောလျက် သံလွင်ဆီဘူးအား ထွင်းအက္ခရာလက်ထဲမှယူကာ သူ့နေရာသူ ပြန်ထားလိုက်တော့သည်။ ပြီးနောက် ထွင်းအက္ခရာ၏ ဆံနွယ်များအား စိတ်ရှည်လက်ရှည်ဖြင့် စည်းနှောင်ပေးပါတော့သည်။ တစ်ခေတ်မောင်မှာ ဆံနွယ်များကို တယုတယကိုင်တွယ်နေတာမို့ နာကျင်ခြင်းမျိုးမရှိပါလေ။ သည်နေရာတွင်တော့ တစ်ခေတ်မောင်ဟာ လွန်စွာ စိတ်ရှည်ပါ၏။ စည်းနှောင်မှုအပြီးတွင် စံပယ်ကုံးကလေးအား ဆင်မြန်းပေးပြန်ပါသည်။ ပြီးနောက် မှန်ထဲမှ ထွင်းအက္ခရာအား နစ်နဲစွာ ကြည့်လာလေ၏။

"စံပယ်တွေနဲ့ သိပ်လှတာပဲ...."

သိပ်လှသည်ဟူသော စကားကို တစ်ကြိမ်ထပ်မနည်း ကြားနာဖူးပါ၏။ ထိုသို့ ကြားရတိုင်းလည်း ခပ်အေးအေးကလေးသာ ပြုံးပြတတ်ပြီး တစ်ခွန်းတည်းသော စကားကိုသာ တုံ့ပြန်တတ်သည်။ ယခု တစ်ခေါက်တွင်လည်း ခပ်အေးအေး ပြုံးလိုက်လျက် ထပ်တလဲလဲသော စကားကိုဆိုပြန်သည်။

"ဆုတောင်းမှားတစ်ခုပေါ့လေ...."

"ဘာရယ်...."

တစ်ခေတ်မောင် တအံ့တသြမေးသည်ကို သူလျစ်လျူရှုလိုက်ရင်း လိပ်ခုံးဘီးအား ထန်းခေါက်ဖာထဲသို့ ပြန်ထည့်နေလိုက်သည်။

"မမြင်ရတဲ့ အရင်ဘဝတစ်ခုကအကြောင်းအရာကို အမှီပြုပြီးတော့ မစွပ်စွဲပါနဲ့....သဘာဝအလှမှာ ဘာအပြစ်မှ မရှိဘူးလေ....ခင်ဗျားအလှကို တန်ဖိုးထား ချီးကျူးသင့်တယ်...."

ဘောက်ဆတ်ဆတ်ပြောပြီး တစ်ခေတ်မောင်တစ်ယောက် ထွက်သွားတော့သည်။ ဘယ်အရာကို တစ်ခေတ်မောင် ဒေါသထွက်သွားသည်လဲ သူ မပြောတတ်ပါ။ သည်လိုပုံနှင့်ဆိုလျှင်တော့ ယနေ့ တစ်ခေတ်မောင် ဘုရားရှိခိုးတော့မည်မဟုတ်။

#####

မျက်စိရှေ့မှ အချိုးအချိတ်ကျကျ ကနေသူလေးအား တစ်ခေတ်အောင် မျက်တောင်မခတ်တမ်း ငေးနေမိသည်။ ဇာတ်ဆရာ ဆရာရသသည်လည်း စန္ဒယားအတီးပိုင်နိုင်တာမို့ စန္ဒယားသံချိုချိုနှင့် အစ်ကိုထွင်း၏ အကအလှသည် လိုက်ဖက်ခါသာ နေတော့၏။ အစ်ကိုထွင်းသည် လှ၏။ တော်၏။ အငြိမ့်ကရာတွင်လည်း အမျိုးသမီးတစ်ဦးနှယ် ပျော့ပျော့ပျောင်းပျောင်းနွဲ့နွဲ့နှောင်းနှောင်းရှိသည်။ ထို့ကြောင့် အစ်ကိုထွင်းအား စတင်တွေ့ရှိခဲ့သည့်အချိန်တွင် အမျိုးသမီးတစ်ဦးအဖြစ် အထင်မှားခဲ့သည်မှာ မထူးဆန်းတော့ချေ။

ပြုံးနေပါ၏။ ကနေလျက်နှင့် အစ်ကိုထွင်း၏ မျက်နှာထက်တွင် အပြုံးနုနုကလေးတည်နေပါတော့၏။ ထိုအပြုံးမှာ အနွေးဓာတ်ရှိ၏။ သို့ကြောင့်မို့ ထင်သည် ပွဲလာသူပရိသတ်မှန်သမျှ၏ အသည်းနှလုံးအား ဆွဲဆောင်ညှို့ယူနိုင်ခဲ့သည်လေ။ အဆုံးသတ်၌ အချိုးအချိတ်လှပစွာဖြင့် အဆုံးသတ်သွားလေရာ တစ်ခေတ်မောင်တစ်ယောက် လက်ခုပ်တီးရန်ပင် မေ့လျော့နေခဲ့သည်လေ။

"ဖြောင်း~~ဖြောင်း~~ဖြောင်း~~အက္ခရာကတော့လေ တစ်နေ့သထက် တစ်နေ့ တော်တော်လာသကိုး...ဒါကြောင့်လည်း ထွင်းအက္ခရာ အငြိမ့်အဖွဲ့ရယ်လို့ နာမည်ကြီးနေတာမဟုတ်လား...."

ကိုကြီး ငမှေးက လက်ခုပ်ကျယ်ကျယ်တီးကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောနေလေသည်။ တစ်ခေတ်မောင်ကတော့ နောက်ကျကာမှ လက်ခုပ်တီးရန် သတိရလေ၏။

မည်သို့ပင်ဆိုစေကာမူ ကိုယ့်အလှနှင့် ကိုယ့်အရည်အချင်းကို ဆုတောင်းမှားတစ်ခုအဖြစ် သတ်မှတ်ထားသည်ကိုတော့ သဘောမတွေ့လှပေ။ ယောက်ျားတစ်ဦးဖြစ်လျက်နှင့် ဤမျှ လှပနေသည်ကို တစ်ခေတ်မောင် ကိုယ်တိုင်လည်း တစ်ချိန်က တွေးမရဖြစ်ခဲ့ဖူးသည်။ ယခုမူတော့ ထိုကဲ့သို့ လှပနေရခြင်းသည်လည်း ကံကောင်းမှုတစ်ခုပဲမဟုတ်လားဟု တွေးမိသည်။ တစ်ခေတ်မောင် အစ်ကိုထွင်းအား တစ်ချက်မျှကြည့်ကာ အကြည့်လွှဲမိသည်။

*ဆုတောင်းမှားတစ်ခုမဟုတ်ကြောင်း လက်ခံစေချင်တယ် အစ်ကိုထွင်းရယ်....*

ထွင်းအက္ခရာတစ်ယောက် အကကျင့်ပြီးချိန်တွင် တစ်ခေတ်မောင်အား ခိုး၍ကြည့်မိသည်။ တစ်ခေတ်မောင်မှာ သိသိသာသာ သူ့အား အကြည့်လွှဲထားသည် ဖြစ်လေ၏။ ထိုကဲ့သို့သော အပြုအမူကြောင့် ထွင်းအက္ခရာရင်ထဲ ကျလိကျလိဖြစ်လာလေ၏။ တစ်ခါတစ်ရံ တစ်ခေတ်မောင်မှာ သူ၏ ခန္ဓာကိုယ်ကြီးမှ အားမနာ သိပ်လည်း စိတ်ကောက်တတ်ပါတယ်။ တစ်ခေတ်မောင်တစ်ယောက် စိတ်ကောက်ပြီဆိုလျှင် ထိုသူနဲ့ အကြည့်ရှောင်နေတတ်တယ်။ တစ်ခေတ်မောင်ကို သည်သဘင်အိမ် စစရောက်ချင်းတုန်းက သိပ်ရိုင်းတဲ့ကလေးလို့ တွေးဖူးပါတယ်။

"အမိ"လို့ မှားမှားခေါ်တုန်းကလည်း သိပ်ဒေါသထွက်ခဲ့တာ။ သို့ပေမဲ့လည်း ဒါဟာ ကိုယ့်စိတ်ပါပဲလေ။ ကိုယ်ကိုယ်တိုင်က မိန်းကလေးတစ်ဦးကဲ့သို့ ပုံပန်းရှိနေခြင်းကို မနှစ်မြို့နေခြင်းကြောင့် တစ်ဦးဥိးကများ မိန်းမပျိုတစ်ဦးကဲ့သို့ သူ့အား ဆက်ဆံလာလျှင် သိပ်စိတ်ဆတ်တတ်သည်လေ။ တစ်ခေတ်မောင်ဟာ တကယ်တော့ ခင်တွယ်စရာကောင်းတဲ့ လူတစ်ဦးပါလေ။ နေရာစိမ်းတစ်ခုမှာ အသိမိတ်ဆွေမရှိပါပဲ လာနေရလေတော့ အစကနဦးပိုင်းမှာ တစ်ခေတ်မောင်သိပ်ပြီး အသားမကျဖြစ်ပြီး စိတ်အားငယ်နေသည်ကို သူရိပ်စားမိခဲ့သည်။ ဘာနေနေ သူဟာ တစ်ခေတ်မောင်ထက် အသက်ဝါကြီးသူမို့ အငယ်ဖြစ်သူအား နှိမ့်သိမ့်ကူညီပေးရမည်မဟုတ်လား။ သို့ကြောင့်ပဲ တစ်ခေတ်မောင်ကို သူဖေးဖေးမမဆက်ဆံခဲ့၏။ တရိပ်ရိပ်သိလာခဲ့ရသည်က တစ်ခေတ်မောင်မှာ မည်သူမျှ ခိုင်းစရာမလိုဘဲ ကိုယ့်အသိစိတ်ဓာတ်ဖြင့် ကူညီလုပ်ကိုင်ပေးတတ်သည့် အလိုက်သိသူတစ်ဦး၊ ရိုင်းသည်ဟု အပြင်ပန်းအရထင်ရသော်လည်း အကြီးကို အကြီးမှန်းသိကာ တရိုတသေဆက်ဆံတတ်သူ၊ ကြိုးစားတတ်သူ၊ တစ်ခါတစ်ရံ ကလေးတစ်ဦးလို စိတ်ကောက်စိတ်ဆိုးတတ်သူလည်း ဖြစ်သေးသည်။ ထိုအချက်တွေကြောင့် မကြာသော အချိန်ကလေးအတွင်းမှာတင် ကိုကြီး ငွေခဲတို့၊ ကိုကြီးငမှေးတို့၊ ကိုကြီးသာကူတို့၊ ကိုကြီး ရှမ်းလေးတို့မှာ တစ်ခေတ်တည်းမောင်သွားသည် မဟုတ်ပါလား။ ယခုလည်း ထွင်းအက္ခရာအား အကြည့်လွှဲနေသော တစ်ခေတ်မောင်အား နောင်မှ အကြောင်းအရင်းမေး၍ ချော့ရတော့မည်ဟု တွေးနေမိသည်။

*တစ်ခေတ်မောင်က ထွင်းအက္ခရာအတွက်တော့ အဟုတ်ပင် ညီငယ်ကလေးတစ်ဦးလိုပင်....*

#####

ညစာစားပြီးချိန်တွင်တော့ တစ်ခေတ်မောင်မှာ တောင်တွေးမြောက်တွေးနှင့် ကွပ်ပျစ်ပေါ်တွင် ထိုင်လျက် တယောကလေးတီးကာ ခြံတံခါးကြီးအား ငေးမောနေမိသည်။ မိုးကုန်ခါနီးဖြစ်၍လားမသိ ယခုရက်များအတွင် မိုးကောင်းလှသည်။ ယခုလည်း စိမ့်နေအောင် ရွာနေသော မိုးသံနှင့် တယောသံဆွေးဆွေးလေးမှာ လိုက်ဖက်နေလေရာ ကြားရသူအပေါင်းအား အတွေးများစေလိမ့်မည်လေ။

"ရွာကို လွမ်းနေသလား တစ်ခေတ်မောင်....."

"ခင်ဗျာ!!!!"

ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် တစ်ခေတ်မောင် တယောတီးခတ်မှုအား တိခနဲ ရပ်တန့်ပစ်လိုက်သည်။ အစ်ကိုထွင်းမှာ မူပိုင်အပြုံးနုနုကလေးဖြင့် တစ်ခေတ်မောင် ဘေးတွင် ဝင်ထိုင်လေ၏။

"အနှောင့်အယှက်ဖြစ်သွားလား...ငါလည်းပဲ အိပ်မပျော်နိုင်တာကြောင့် ဆင်းလာတာလေ...."

"အနှောင့်အယှက်မဖြစ်ပါဘူး...."

"ရွာမှာ ချစ်ရသူတွေ ကျန်ရစ်ခဲ့တော့ လွမ်းနေမပေါ့နော်...."

"မဟုတ်ကဟုတ်ကဗျာ...."

တစ်ခေတ်မောင် ခပ်တိုးတိုးရေရွတ်လိုက်ပြီး ဟက်ခနဲရယ်မိသည်။ ခင်တွယ်စရာ ဆွေမျိုးရယ်လို့ မရှိသည်ကို တွေးမိသွားခြင်းကြောင့် ဖြစ်လောက်ပေမည်။

"ကျုပ်မယ် ဆရာကြည်နဲ့ ထမင်းဟင်းချက်ကျွေးနေကျ ဒေါ်ငွေခင်ကြီးကလွဲလို့ လွမ်းရမဲ့သူရယ်လို့ မရှိပါဘူးလေ.....ရွာဘုန်းကြီးကိုလည်း လွမ်းတော့ လွမ်းသပေါ့....သို့ပေမဲ့လည်း ကျုပ်က ဘဘဘုန်းကြီးရဲ့ ကြိမ်လုံးကို ကြောက်သဗျ....မလွမ်းရဲပါဘူးဗျာ....ဟားဟားဟား...."

တစ်ခေတ်မောင်ကတော့ ခပ်မြူးမြူးရယ်ကာ ပြောနေပေမဲ့ အစ်ကိုထွင်း၏ မျက်နှာနုနုကလေးမှာ နွမ်းလျသွားလေတော့၏။

"ငါနဲ့ သိပ်တူတာပဲ တစ်ခေတ်မောင်.....သို့ပေမဲ့ ငါ့မယ် သည်သဘင်မိသားစုကြီးတော့ ရှိနေသေးတယ်....လွမ်းစရာမောစရာရယ်လို့ပေါ့...အခုဆိုရင် မင်းကလည်း သည်သဘင်မိသားစုကြီးရဲ့ မိသားစုဝင်ဖြစ်လာပြီ....နောင်ဆိုရင် မင်းမှာ စည်းလုံးပြီး နွေးထွေးလွန်းတဲ့ သည်မိသားစုကြီးက မင်းသတိရရင် လွမ်းစရာအဖြစ် ရပ်တည်နေမှာ...."

ထိုစကားကြောင့် တစ်ခေတ်မောင်ရင်ထဲ နွေးခနဲရယ်ပါ။ ဒါပေါ့ ဟုတ်တာပေါ့။ နောက်ဆုံးတော့ သူမျှော်လင့်ခဲ့တဲ့ မိသားစုကြီးတစ်ခု သူပိုင်ဆိုင်ခဲ့ရပြီ။ အင်မတန်နွေးထွေးလွန်းတဲ့ ရပ်ဝန်းကြီးပေါ့။ အစ်ကိုထွင်းဟာ ယောက်ျားတစ်ဦးဆိုသော အဖြစ်မှန်ကိုပင် စည်းစည်းလုံးလုံးဖြင့် မပေါက်ကြားစေရန် ထိန်းသိမ်းထားနိုင်ခဲ့သည့် မိသားစုကြီးမဟုတ်ပေလား။ သည်မိသားစုကြီး၏ မိသားစုဝင်တစ်ဦးဖြစ်ရသည်မှာ လွန်စွာ ကံကောင်းလွန်းလှသည်မဟုတ်လား။

"မိုးတောင်ကုန်တော့မယ်နော် တစ်ခေတ်မောင်....မင်းကိုယ်တိုင် သဘင်ပွဲ စင်ပေါ်တက်ဖို့ အဆင်သင့်ဖြစ်နေပြီလား...."

တစ်ခေတ်မောင် တပြုံးပြုံးလုပ်ရင်း နောက်ပိုးကို ပွတ်နေမိသည်။

"မသိတော့ပါဘူးဗျာ...."

"မင်းက တော်ပါတယ် တစ်ခေတ်မောင်....ဆရာကြည့်ရဲ့ တပည့်မို့လားတော့ မပြောတတ်...မင်းက အတော်တော်ပါတယ်...."

ချစ်ရသူထံမှ ချီးကျူးစကားကြားရခြင်းကြောင့်လားမသိ တစ်ခေတ်မောင်၏ ဘယ်ဘက်ရင်အုံမှာ အဆမတန်ခုန်လှုပ်လာတော့သည်။ အစ်ကိုထွင်းဟာ မိုးရေစက်များကြားက တိုးဝှေ့ဝင်လာသော လေအသော့တွင် လွင့်သွားလေသော ဆံစများကို ခပ်ဖြေးဖြေးသပ်တင်နေ၏။ အမူအရာတို့မှာ အမျိုးသမီးတစ်ဦးကဲ့သို့ နွဲ့ပျောင်းမနေသော်ငြား တစ်ခေတ်မောင် မြင်ကွင်းထဲ လှနေပေတော့သည်။

"ဆုတောင်းမှားဆိုတာကလေ...."

အစ်ကိုထွင်းမှာ တစ်ခေတ်မောင်အား ငဲ့ကြည့်မနေပါပဲ စကားချီလေ၏။

"ငါ့အထင်ပေါ့လေ....ငါ့အတွက်တော့ သည်အလှနဲ့ သည်အရည်အသွေးတွေက ဆုတောင်းမှားတစ်ခုပဲ တစ်ခေတ်မောင်ရယ်...."

တစ်ခေတ်မောင်ရင်ထဲ ခဲဆွဲထားသကဲ့သို့ လေးလံလာလေတော့သည်။ အဘယ်ကြောင့်များ အစ်ကိုထွင်း၏ နှုတ်ထွက်စကားများမှာ ဆွေးမြေ့နေရသနည်း။

"ညနက်လာပြီ အိပ်ချည်တော့နော် တစ်ခေတ်မောင်...."

ထိုသို့ ပြောလျက် အပေါ်ထပ်သို့ လေးပင်သော ခြေလှမ်းတို့ဖြင့် တက်သွားလေသော အစ်ကိုထွင်း၏ ကျော်ပြင်အား သူငေးနေမိသည်။ ဘယ်အရာတွေကများ အစ်ကိုထွင်းကို လေးလံပင်ပန်းစေရသနည်း။ သူတွေးမရအောင် ရှိတော့သည်။ အမြဲတမ်းလိုလို ခပ်အေးအေးပြုံးနေတတ်သူမှာ အပြင်သူမမြင်နိုင်သော စိတ်အလေးပင်ကြီးအား ထိန်းထားသူတစ်ဦး ဖြစ်မှန်းမသိ ဖြစ်နေမှန်း သူရိပ်စားမိလာတော့၏။

####

ထမင်းဟင်းချက်ဖို့ရာ တစ်ခေတ်မောင် ထင်းခွဲနေ၏။ ပြောရလျှင် သူတစ်နေ့လုံး မနားရသေးပါ။ နောက်တစ်ပတ်ဆိုလျှင် ပွင့်လင်းရာသီပြန်ရောက်တော့မည်ဖြစ်ပြီး သဘင်ပွဲတို့ ပြန်စတော့မည်ဖြစ်ရာ ဇာတ်စင်နောက်မှ ပံ့ပိုးမည့်သူများကော ဇာတ်စင်ပေါ် ကပြရမည့် သူများပါ အလုပ်များလျက်ရှိ၏။ ဆိုင်းဝိုင်းအဖွဲ့နှင့်လည်း လေ့ကျင့်မှုများ အဆက်မပြတ်အောင် လုပ်နေရလေသည်။ မနက်ခင်းတွင် မင်းသမီးအဖိတ်နှင့် ပြက်လုံး၊ သံချပ်တို့ကိုပါ ဆိုင်းဝိုင်းနှင့်အတူ လေ့ကျင့်ထားခြင်းကြောင့် ပင်ပန်းနေသော်ငြား သူ မနားနိုင်သေးပါချေ။

"ကျွတ်...ကျွတ်ကျွတ်...."

ညည်းညူသံ ခပ်တိုးတိုးကို ကြားလိုက်ရာ အသံလာရာသို့ လှမ်းအကြည့်ပို့မိသည်။ စန္ဒယားကြီးဘေးတွင် ဒူးထောင်လျက်ထိုင်ကာ ညည်းညူနေသော အစ်ကိုထွင်း။ လက်သွယ်သွယ်ကလေးများဖြင့် ခြေသလုံးတစ်လျှောက်လည်း နှိပ်နယ်နေသေးသည်။

ဟုတ်မပေါ့။ အစ်ကိုထွင်းတစ်ယောက် ညောင်းရောပေါ့။ သဘင်ပွဲကဖို့ရန် ရက်နီးလာလေလေ စိတ်ဆတ်လာလေဖြစ်လာသော ဆရာရသ သဘောမတွေ့မချင်း ကပြနေရသည်လေ။ ဆိုလည်းဆို ကလည်းကမို့ အစ်ကိုထွင်း မောနေရှာမပေါ့။ ယောက်ျားတစ်ဦးဖြစ်လျက် ခေါင်း၊ခါး၊ခြေ၊ လက် အချိုးအချိတ်ကျကျ က​ပြရသည်ကြောင့် တစ်ကိုယ်လုံး ညောင်းကိုက်နေလောက်မည်ကို သူသဘောပေါက်၏။ အစ်ကိုထွင်းမှာ သူဝတ်ထားသည့် ခြေအိတ်အဖြူကလေးအား ဆွဲချွတ်နေလေ၏။ ထိုမြင်ကွင်းကြောင့် တစ်ခေတ်မောင်မှာ စိတ်အစိုးမရစွာ လက်ဇလုပ်ကလေး အထက်အောက် ရွေ့လျားသွားတော့သည်။ မျက်နှာတစ်ပြင်လုံးပင် ရှိန်းတက်လာခြင်းကြောင့် ထင်းပေါက်ပုဆိန်ကြီး ကိုင်လျက်နှင့် မျက်နှာလွှဲထားမိသည်။ ပြီးကာမှ သူပဲ မနေနိုင်မထိုင်နိုင် ခိုးငေးမိပြန်သည်။

ဒဏ်ကြေလိမ်းဆေးအရည်ကြည်တစ်ချို့အား လက်ခုပ်ထဲထည့်ကာ ခြေခုံနှင့် ခြေဆစ်နေရာအား လိမ်ကြံနေသည်ကို တွေ့ကာမှ စိုးရိမ်စိတ်တို့ ယှက်ပြေးသွားသည်။ သည်မိုးတစ်တွင်းလုံး ကြိုတင်လေ့ကျင့်ကခုန်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ အစ်ကိုထွင်းသည် ထိုကဲ့သို့ တစ်ခါမျှ လိမ်းဆေးလိမ်းရသည်အထိ မပြုမူဖူးခဲ့သည်ကြောင့် သူ့ရင်တို့ တုန်လာသည်။ မည်မျှပင် အမျိုးသားတစ်ဦးဟု ဆိုဆို အစ်ကိုထွင်းမှာ သူချစ်ရသူဖြစ်တာကြောင့် ထိုသူပင်ပန်းမည်ကို သူစိတ်ပူပါ၏။ သို့ကြောင့် ပေါက်ဆိန်အား မြေသို့ ချကာ အစ်ကိုထွင်းထံ လိမ်းဆေးလိမ်းရင်း နှိပ်နယ်ပေးမည်ဟူသော အတွေးဖြင့် အပြေးသွားရန် ပြင်တော့သည်။

"ဝေ့ ...တစ်ခေတ်မောင်...."

ခပ်သြသြ တစ်ပြိုင်တည်း ခေါ်သံကြောင့် တစ်ခေတ်မောင် ခြေလှမ်းတို့ တန့်သွားပါ၏။ နောက်လှည့်ကြည့်လိုက်ရာ လူရွှင်တော် အစ်ကိုကြီးတို့အား လူစုံတက်စုံတွေ့ရလေသည်။

"ဟုတ်ကဲ့ခင်ဗျ..."

"ငါတို့ မင်းကို ပြောစရာရှိတယ်ကွ...သည်ကိုလာအုန်း..."

ကိုကြီးငမှေးမှ ဦးဆောင်ကာ တစ်ခေတ်မောင်အား လက်ယက်ခေါ်လေသည်။ တစ်ခေတ်မောင်လည်း ယောင်နနဖြင့် အနားသို့ တိုးကပ်သွားလိုက်သည်။

"သည်လိုကွ...ငါတို့တွေ မနေ့က သဘင်အတွက် လိုတာတွေ သွားဝယ်ရင်း ဆူးလေ ဟိုးတောင်ဘက်စွန်းမှာ အသစ်ဖွင့်တဲ့ ထန်းရည်ဆိုင်တွေ့ခဲ့တယ်ကွ....."

ကိုကြီး ငွေခဲက လျှာတသပ်သပ်ဖြင့် ပြော၏။ ကိုကြီး သာကူတို့သည်လည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် အသိအမှတ်ပြုနေကြသည်။ တစ်ခေတ်မောင်မှာတော့ ကြောင်တောင်တောင်ရယ်ပါ။ ထန်းရည်ဆိုင် တွေ့သည်ကို သူ့အား တကူးတက ခေါ်ပြောစရာလိုပါရဲ့လား။

"ရန်ကုန်မြို့ကြီးမှာ ထန်းရည်ဆိုင် ရှားသကွ....သည်လိုဆိုင်မျိုး တွေ့တာ ကံကောင်းတာပဲဟေ့...မဟုတ်ဘူးလား တစ်ခေတ်မောင်ရ...."

ကိုကြီးသာကူမှာ တက်ကြွကြွဖြင့် ပြောနေလေသည်။

"ဟုတ်တယ်လား...."

တစ်ခေတ်မောင်ကတော့ ကြောင်အမ်းအမ်းဖြင့် သံယောင်လိုက်၏။

"တစ်ခေတ်မောင်ရာ မင်းဟာကလည်း သိပ်တုံးသကိုး....သည်လိုဆိုင်မျိုးကို လက်လွှတ်ခံလို့ရမလားကွ....သည်ညနေ ထန်းရည်သွားသောက်ကြရအောင်ကွာ...."

"ဗျာ!!!!!"

"တိုးတိုးသက်သာလုပ်စမ်းပါ တစ်ခေတ်မောင်ရာ...ဆရာရသကြားသွားမှဖြင့်...."

ကိုကြီးငမှေးမှာ အိမ်ပေါ်သို့ ခိုးကြည့်ပြီး ပြောလေသည်။ တစ်ခေတ်မောင်ကလည်းအသံခပ်အုပ်အုပ်ဖြင့်။

"ဆရာရသက သဘင်အိမ်မှာ အရက်သေစာသောက်စားခွင့်ပြုမထားဘူးလေဗျာ...."

"ဟုတ်တယ်လေ...ဒါကြောင့် ဆိုင်သွားသောက်မလို့ပေါ့ကွ...မင်းပါ လိုက်ခဲ့ချည်..."

"ခင်ဗျာ!!!!"

တစ်ခေတ်မောင်ဆိုသည်မှာ ဘုန်းကြီးကျောင်းသားဖြစ်တာကြောင့်တစ်ကြောင်း၊ မိမိကိုယ်တိုင်ကလည်း ထိန်းထိန်းသိမ်းသိမ်းရှိသည်ကတစ်ကြောင်း ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲခဲ့သူရယ်ပါ။ အရက်သေစာဆို လှည့်ပင်ကြည့်ခဲ့သူမဟုတ်။ ရွာ၌ အလွန့်ကို အရသာကောင်းသော ထန်းတောထဲသို့လည်း သူတစ်ခါမျှ ခြေမချဖူးပါချေ။ ဘယ့်နှယ် လူကြားလို့ပင်မကောင်း ရန်ကုန်မြို့ကြီးပေါ် ရောက်ကာမှ ထန်းရည်သောက်ရင်း ငါးပါးသီလကျိုးမည့် အဖြစ်သို့ သူ မရောက်နိုင်ပေ။

"ဟာဗျာ...ကျုပ်ဖြင့် မသောက်တတ်ပါဘူးဗျာ...ကိုကြီးတို့ သွားရင်သွားကြ...ကျုပ်တော့ မလိုက်ဘူး...."

"ဟိတ်ကောင်....လိုက်ဆို လိုက်ခဲ့ပေါ့ကွ....ကိုယ့်အစ်ကိုကြီးတွေက ခေါ်နေတာကို ငြင်းစရာလား...."

"ဟို ကျုပ်....အော်...ကျုပ် အစ်ကိုထွင်းခိုင်းထားတာ သွားလုပ်ရအုန်းမယ်...သွားအုန်းမယ် နော့..."

ဟုတ်သည်လေ။ အစကတည်းက ချစ်ရသူဆီ သွားရန် ဦးတည်ထားသည်ကို တစ်သက်တာ တစ်ကိုယ်တည်း အရိုးထုတ်ကြမည့် အရက်ဂျိုးများက ဖျက်လိုဖျက်ဆီးလာလုပ်နေကြသည်မဟုတ်ပါလား။ တစ်ခေတ်မောင်လည်း သွားရန် ပြင်လိုက်သည်။

"လာစမ်းပါကွာ...အက္ခရာကို ငါတို့ ပြောလိုက်မယ် ဟုတ်ပလား...."

ကိုကြီး ငွေခဲက တစ်ခေတ်မောင်အား ဂုတ်ကဆွဲကာ ခေါ်သွားလေတော့သည်။ သို့နှင့် ငါးပါးသီလ မြဲလေသော လူရိုးကလေး တစ်ခေတ်မောင်မှာ အရက်ဂျိုး လေးဦးကြောင့် ရန်ကုန်မြို့ ထန်းရည်ဆိုင်အား ယောင်လည်လည်ဖြင့် ရောက်ရှိသွားတော့သည်။

======================

27.7.2022🖤ဆွေး🖤

crushထံမှ ရည်းစားရှိမရှိ စကားနှိုက်နည်း...

"ရွာမှာ ချစ်ရသူတွေ ကျန်ရစ်ခဲ့တော့ လွမ်းနေမပေါ့နော်...."

credit to Htwin Akkayar🖤

ဆွေးတစ်ခုလောက် တောင်းဆိုပါရစေနော်....ခု ongoing ficလေးတွေကို ouo linkလေးတွေနဲ့လည်း တင်ပေးဖို့ အစီအစဉ်ရှိပါတယ်....wattpadမှာကတော့ တိုးလို့တန်းလန်းကြီးဖြစ်သွားမှာစိုးလို့ ပုံမှန်အတိုင်း တင်သွားပေးမယ် ဆိုပေမဲ့လည်း ouo linkလေး တင်ပေးရင်လည်း ဝင်ဖတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်နော်....တစ်ဖက်တစ်လှည့် ကူညီတဲ့သဘောမို့ ouo linkလေး ရလို့ conversationမှာ တင်ရင်လည်း တစ်ချက်လောက် ဖြစ်ဖြစ် ဝင်ဖတ်ပေးကြပါနော်....


Continue Reading

You'll Also Like

234K 22.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
376K 37.2K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...