CLOVER

De YolandaKim2204

8.3K 669 244

Love between 3 boys (Not 3 some)...... အချစ်လို့မသိသေးတဲ့အချိန်တစ်ခုက အချစ်ရယ်.... အချစ်ဆိုတာသိနားလည်တဲ့အရွယ်... Mais

Introduction
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-14
Part-15
Part-16
Part-17
!!Author Note(U+Z)!!
Part-18
မိန်းမရဲသခင်မတောင်တော် သမိုင်းကြောင်း
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Announcement

Part-13

179 24 5
De YolandaKim2204


     Unicode version

A/N - ဒီအပိုင်းမှာ နန်းမူရာမြိုင်ဆိုတဲ့နာမည်နဲ့ characterတစ်ယောက်ပါလာပါမယ်။အသစ်ပါလာတဲ့characterတော့မဟုတ်ပါဘူး။Part-1မှာတုန်းက မြူရှင်းရဲ့ စက်ဘီးနဲ့ချိတ်မိမလိုဖြစ်ခဲ့တဲ့ ကားထဲက အမျိုးသမီးပါ။တစ်နည်းပြောရမယ်ဆိုရင် Kiraရဲ့ မေမေပေါ့....

<><><><><><><><><><><><><><>

ONE private school၏ မိဘဆရာစုဝေးပွဲ...

စုဝေးပွဲကျင်းပရာ ခန်းမအတွင်းစီတန်းတည်ရှိနေတဲ့ ထိုင်ခုံတွေရဲ့ ပထမတန်းမှာရှိနေတဲ့ အမျိုးသမီးတစ်ဥိး။တစ်ချက်ကြည့်လိုက်မိရုံနဲ့တင် ထူးထူးခြားခြားဖြစ်ပေါ်နေတဲ့ သူမရဲ့အရှိန်အဝါတွေကြောင့် သူမအားသတိမထားမိသူကား ခန်းမအတွင်းမရှိသလောက်နီးပါး။

ခပ်ပြုံးပြုံးစေ့ထားသော နှုတ်ခမ်းတစ်စုံနှင့် သွယ်လျစွာ ယှက်နွယ်ထားသော လက်တစ်စုံက ပန်းနွယ်ခက်များနှင့် အနားကွပ်ထားတဲ့ ချိတ်ထဘီပေါ်မှာ နေရာတကျ....

ကာခြယ်ဖျော့ဖျော့ ခြယ်သထားပြီး ထူထဲလှစွာသော မျက်တောင်မွှေးတို့နဲ့ဝန်းရံတည်ရှိနေတဲ့ စူးရှတဲ့မျက်ဝန်းတစ်စုံကတော့ စင်ပေါ်မှာ တည်တည်ငြိမ်ငြိမ်စကားပြောနေတဲ့ ကျောင်းသားဥက္ကဋ္ဌKIRA သို့မဟုတ် သူမ၏တစ်ဦးတည်းသော ရင်သွေးဖြစ်သူဆီသို့သာ ရှေးရှုလျှက် စူးစိုက်ထားလေ၏။

သူမသည်ကား.....

နန်းမူရာမြိုင်

KIRA emperor၏ လက်ရှိအုပ်ချုပ်သူတစ်ဦးဖြစ်ပြီး နိုင်ငံ၏ သြဇာအရှိဆုံး ထိပ်တန်းအမျိုးသမီးတစ်ဦးဖြစ်သည်။အာဏာရှိသော အမျိုးသားများနှင့် တန်းတူ သြဇာညောင်းသူဖြစ်ပြီး သူမ၏အောင်မြင်မှုများသည် ကြောက်ခမန်းလိလိပင်ဖြစ်၏။

တော်ဝင်ဆန်သောအလှနှင့် ကျက်သရေရှိသောသူမသည် ဂုဏ်သရေနှင့် တင့်တယ်ပြီး လူအများအပေါ် လွှမ်းမိုးအုပ်စိုးနိုင်သည့် အာဏာသည်လည်း သူမလက်ဝယ်တွင်အပြည့်ရှိသည်။

ဒါ့အပြင်

နန်းမူရာမြိုင်ဆိုသည့် အမျိုးသမီးသည် Kiraဟူသော နတ်ဘုရား၏ ပဲ့ကိုင်ရှင်!!!!!

<><><><><><><><><><><><><>

ဒီနေ့လည်း မိဘဆရာစုဝေးပွဲမှာ သူမ ရှိနေခြင်းဖြစ်သည်။ပုံမှန်ထက် အလုပ်များသည့် သူမအတွက် အားလပ်တဲ့အချိန်ဆိုတာ မရှိသလောက်ပဲမို့ အရေးမကြီးသည့် နေရာဆို ရောက်လာလေ့မရှိတဲ့သူက ဒီနေ့မှာတော့ ONEမှာရှိနေဖို့ သူမရဲ့ အလုပ်အတွက်အချိန်တွေအားလုံးကို တစ်ရက်တာဖယ်ရှားပြီးဖြစ်သည်။

မိမိသားဖြစ်သူရဲ့ ဂုဏ်သတင်းကြောင့် ကျောင်းသားမိဘတွေကြားမှာ သူမခေါင်းမော့ပြီးနေရတာကို သဘောကျသည်။မိဘများက သားဖြစ်သူကို အမွှမ်းတင်ပြီးပြောနေကြသံတွေကို နားစွင့်ရတာကို သူမနှစ်သက်မိသည်။ပြစ်မျိုးမှဲ့မထင်တဲ့ သားဖြစ်သူရဲ့ မိခင်တစ်ဦးဖြစ်နေရခြင်းအတွက် သူမလွန်စွာ ဂုဏ်ယူ၍မဆုံးပေ။

အခုလည်း စုဝေးပွဲပြီးသွားပေမယ့် ခန်းမဆောင်ရဲ့ အပြင်ဘက်၌ ထိပ်တန်းကျောင်းသားတွေရဲ့ မိဘဖြစ်သူတို့နဲ့ ဝိုင်းဖွဲ့ပြီးစကားပြောနေပြန်သည်။စကားဝိုင်းအတွင်းသို့ သားဖြစ်သူKIRAကိုပါ ဆွဲခေါ်ထားမိသည်။

ပြုံးရွှင်စွာနဲ့ စကားဝိုင်းကို ဦးဆောင်နေတဲ့ သားဖြစ်သူကို ကြည့်ပြီး ဒေါ်နန်းမူရာမြိုင်ပြုံးလိုက်၏။

Kiraက ဒီလိုမျိုးစကားတွေပြောပြီး လူကြီးတွေနဲ့ ရောနှောရတာကိုမကြိုက်မှန်း ဒေါ်နန်းမူရာမြိုင် သိထားပေမယ့် အနေရခက်နေတဲ့ အရိပ်အယောင်တစ်ချက်မပြပဲ စကားတွေ ဖောဖောသီသီပြောနေတာကို မြင်ရတော့လည်း ကျေနပ်ရပြန်သည်။

Kiraက emperorနဲ့ လုံးဝထိုက်တန်သော ဆက်ခံသူတစ်ယောက်ဖြစ်လာမယ်လို့ သူမအပြည့်အဝယုံကြည်သည်။

အချိန်ခဏလောက်ကြာတော့ Kira အာရုံတွေပြန့်လာပုံရသည်။စကားပြောရင်း မေးတာဖြေရင်းနဲ့ပဲ သူ့ရဲ့မျက်လုံးတွေက စကားဝိုင်းကိုကျော်ကျော်ပြီး တစ်နေရာကို ရောက်ရောက်သွားတာကို သူမသတိထားမိသည်။

Kiraလှမ်းကြည့်လိုက်တဲ့နေရာ၏ အနီးစပ်ဆုံးဖြစ်မယ်ထင်ရာကို ဒေါ်နန်းမူရာမြိုင် အကြည့်လွှဲမိတော့...

ခန်းမဆောင်နဲ့ မလှမ်းမကမ်းရှိ သစ်ပင်အရိပ်တစ်ခုအောက်မှာ ရပ်ပြီးစကားပြောနေတဲ့ ကျောင်းသားတစ်ယောက်နဲ့ သူ့ရဲ့အုပ်ထိန်းသူဖြစ်ပုံရတဲ့အမျိုးသမီးတစ်ယောက်။ဒီမြင်ကွင်းက ဘာများ စိတ်ဝင်စားစရာကောင်းနေလို့ပါလိမ့်?

အုပ်ထိန်းသူအမျိုးသမီးက ကျောင်းဝန်းအပြင်ဘက်ရောက်သွားသည်အထိ ဒေါ်နန်းမူရာမြိုင် လိုက်ကြည့်နေမိသည်။ ထိုအချိန်တွင် ရုတ်တရက်ဆိုသလို စကားဝိုင်းကို ဖြတ်ပြီး တစ်နေရာကိုသွားခွင့်ပြုရန် ခွင့်တောင်းလာတဲ့KIRAရဲ့အသံကိုကြားလိုက်ရ၏။သူ့ဆီအကြည့်ပြန်လွှဲလာတဲ့ မိမိကိုတစ်ချက်ကြည့်လာပြီး ပြုံးပြကာ ဦးညွှတ်ထွက်ခွာသွားလေ၏။

သားဖြစ်သူရဲ့ ဦးတည်ရာကိုကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်း ထိုကျောင်းသားလေးဆီကိုပဲဖြစ်သည်။

*ဒီကောင်လေးကဘယ်သူလဲ။သားအသိလား?

*သားမှာသိုင်းဘူန်းရှိန်ခန့်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ပဲရှိတယ်လို့သိထားတာ

*အပေါင်းအသင်းအသစ်ရသွားတာကို မသိလိုက်ရပါလား

တွေးနေတုန်းမှာပဲ သားဖြစ်သူရဲ့ ရှည်လျားတဲ့ လက်ချောင်းတွေက ထိုကောင်လေး၏ ဆံပင်တို့ကို ထိုးဖွလိုက်တော့ ဒေါ်နန်းမူရာမြိုင်၏ မျက်ဝန်းတစ်စုံတို့ ပြူးကျယ်သွားရသည်။

တစ်စုံတစ်ယောက်ကို အခုလိုမျိုး တရင်းတနှီးဆက်ဆံတတ်တဲ့သားရဲ့ ပုံစံကိုမြင်ဖူးတာ အခုက ပထမဆုံးအကြိမ်ပဲဖြစ်လောက်မည်။သားက အခုလိုမျိုး သိမ်သိမ်မွေ့မွေ့ပြုမူတတ်မှန်း သူမ မသိရခဲ့။

ဟာသတို့ကိုတောင် ပြုံးရုံလေးတုန့်ပြန်တတ်တဲ့ Kiraက အခုတော့ ခါးလေးကိုင်းသည်ထိကို ရယ်မောနေခဲ့တာဖြစ်သည်။Kiraနဲ့ အကွာအဝေးတစ်ခုမှာရှိနေတ​နေတဲ့ ဒေါ်နန်းမူရာမြိုင်ဆီသို့တိုင်အောင် သြရှရှ ရယ်သံချိုချိုလေး လွင့်ပျံလာသည်အထိကို သားကဟက်ဟက်ပက်ပက်ရယ်မောနေခဲ့တာ...

သားကိုရယ်မောစေတဲ့ အကြောင်းက ကောင်လေးက သားရဲ့ဗိုက်ကို ခပ်ဖွဖွလိမ်ဆွဲလိုက်လို့တဲ့လား....

ထို့နောက် Kiraရဲ့လက်ထဲကို ကောင်လေးက တစ်စုံတစ်ခုထည့်ပေးလိုက်၏။ဘာကိုထည့်ပေးလိုက်တာလဲဆိုတာသိရဖို့ စူးစိုက်ကြည့်တော့ Nescafé သံဗူးရှည်ရှည်လေးဖြစ်နေသည်။

ဒေါနန်းမူရာမြိုင် တစ်ချက်ပြုံးလိုက်ပြီး

*အဟင်း ဒါဆိုရင်တော့ သားနဲ့သိပ်ပြီးရင်းနှီးတဲ့သူ ဟုတ်ပုံမပေါ်ပါဘူး

တွေးနေတုန်းအချိန်လေးမှာပဲ ရှေ့ဆက်တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် သူမရဲ့ မျက်ဝန်းတစ်စုံ ဝိုင်းစက်သွားရတော့သည်။

*ဒါကဘယ်လိုဖြစ်နိုင်မှာလဲ

သားရဲ့လက်ထဲကိုရောက်လာတဲ့ ကော်ဖီဘူးကို တစ်ချက်ကြည့်ပြီး ချက်ချင်းဖောက်ကာ မော့သောက်လိုက်တဲ့Kira....တုန့်ဆိုင်းခြင်းမရှိပါပဲ ဆက်တိုက်ဆိုသလို မော့သောက်နေလိုက်တာ ကုန်သွားဟန်ရှိမှပဲ ဘူးကိုအောက်ချတော့သည်။

ထို့နောက် ခေါင်းကိုငုံ့ကာ မျက်မှောက်တစ်ချက်ကြုံ့လိုက်တဲ့ Kiraကိုမြင်တော့ ဒေါ်နန်းမူရာမြိုင် မဲ့ပြုံးပြုံးမိသည်။

Kira ငယ်ငယ်ကတည်းက မိမိနဲ့မကွာ ထွေးပွေ့စောင့်ရှောက်လာတဲ့သူမို့ Kira၏ ​ကောင်းခြင်းဆိုးခြင်း၊နှစ်သက်ခြင်းမနှစ်သက်ခြင်း မှန်သမျှကို သူမ သိသည်။

ပို၍ထင်ထင်ရှားရှား သတိထားမိထားတဲ့တစ်ချက်က Kiraသည် ကော်ဖီကို လုံးဝမကြိုက်။ကော်ဖီအား အရောင်ကမှအစ သဘောမကျသူဖြစ်ပြီး ကော်ဖီနံ့ကိုတော့ အမုန်းဆုံးဖြစ်သည်။ဒါကိုတောင်........

*ဟင်း...အဖေတူသားဖြစ်မနေဖို့ ဆုတောင်းရမှာပဲ

သူမ၏အတွေးထဲ ထိုဆုတောင်းသံတို့ကသာ ကြီးစိုးလျှက်.....

<><><><><><><><><><><><><><><><><>

ONEကနေပြန်လာပြီးတော့ Companyကိုမသွားတော့ပဲ အိမ်ကိုသာ နန်းမူရာမြိုင်ပြန်ဖြစ်ခဲ့သည်။ခြံတံခါးလာဖွင့်ပေးတဲ့ မယ်ခိုင့်ကို သံပုရာရည်တစ်ခွက်ဖျော်လာခဲ့ပေးဖို့မှာပြီးနောက် ဧည့်ခန်းထဲက sofaပေါ်ကိုသာ ဖြည်းညှင်းစွာ ထိုင်လိုက်၏။

သူမရဲ့ အိပ်ခန်းဆီသို့တောင် မသွားနိုင်လောက်အောင်အထိ သူမပင်ပန်းနေခြင်းဖြစ်သည်။များပြားလှပါသော ခေါင်းခြောက်စရာ companyလုပ်ငန်းတွေကို နေ့ညမပြတ်လုပ်ခဲ့ရစဥ်ကတောင်မှ တစ်ချက်မငြီးငြူခဲ့တဲ့ နန်းမူရာမြိုင်အတွက် ဒီနေ့က ပင်ပန်းနွမ်းနယ်စရာ တစ်နေ့တာပင်ဖြစ်သည်။

စုဝေးပွဲတွင် သူမအား မည်သူမှန်းသတိထားမိကြသော ကျောင်းသားမိဘတွေက အမျိုးမျိုးသောအကြောင်းပြချက်တွေနဲ့ စကားလာရောက်ပြောဆိုကြတာကို သူမပြန်၍တုန့်ပြန်စကားဆိုရသည်။သို့သော် ဆက်တိုက်နီးပါးပြောဆိုနေကြသော စကားသံတွေကြား သူမစိတ်တို့ ညစ်ညူးလာရ၏။

မည်သို့သောပုံစံမျိုးဖြင့် သူမအနားကိုရောက်လာပါစေ...အားလုံးသောသူတွေရဲ့ စကားလှလှတို့ အဆုံးသတ်ရာက သူမပိုင်ဆိုင်ထားသော Kira companyနှင့် အကျိုးတူပူးပေါင်းလိုချင်သူတွေ။ဒါမဟူတ်လည်း နေရာတစ်နေရာ ရမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ဖြစ်သည်။

မုန်းပါသည်။သူမရဲ့ ပြီးပြည့်စုံနေတဲ့ဘဝ​ကို အခုလိုအချိန်မျိုးမှာ သူမမုန်းမိပါသည်။သူမဆီကိုရောက်လာသူတိုင်းက သူမဆီက အကျိုးအမြတ်ကိုသာမျှော်ကိုးပြီး ချည်းကပ်လာကြသူများပင်ဖြစ်သည်။မိတ်ဆွေစစ်ဆိုတာကို သူမစာတွေ့သာကြုံဖူးသည်။ကိုယ်တွေ့မကြုံခဲ့ရ။

အခက်အခဲတို့ရှိလာတိုင်း သူမတစ်ယောက်တည်း အားတင်းပြီး ရင်နာနာနဲ့ ကျော်ဖြတ်ခဲ့ရ၏။ထိုသို့သောအချိန်မျိုးတွင်တော့ အရင်က ဘေးနားရှိနေခဲ့တဲ့ မိတ်ဆွေဆိုတဲ့ အရာတွေက ဘယ်ဆီလွင့်လို့ ဘယ်ဆီပါသွားမှန်းမသိရတော့။

ထို့ကြောင့် ဒီလိုလူတွေကို တွေ့ရတိုင်း ဒေါနန်းမူရာမြိုင်သည် ခါးသီးစွာဖြင့် မုန်းမိ၏။

သို့ရာတွင် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော သူမက ဟန်ဆောင်ခြင်းအမှူကို ကျွမ်းကျင်စွာလုပ်ဆောင်နိုင်သည်။မနှစ်သက်သည့်အမူအရာ အနည်းကျဥ်းမျှ မပေါ်လွင်စေပါပဲ အပြုံးချိုချိုတစ်ခုကို သူမ၏မျက်နှာတွင် တွင်တွင်ကြီးဆင်မြန်းထားခဲ့၏။

ထို့အတွက်ကြောင့် အိမ်ကိုရောက်သည့်အချိန်တွင် သူမအလွန်ပင်ပန်းလှလေပြီ။သူမတောင် ပင်ပန်းလွန်းနေတာ။သားဖြစ်သူKIRAက ပိုပြီးဆိုးပေမည်။

သားရဲ့အကြောင်းကို တွေးမိမှ နေ့လည်က အကြောင်းတို့က မှတ်ဉာဏ်ထဲပြန်ပေါ်လာသောကြောင့် နားထင်ကို လက်တစ်ဖက်နှင့်ထောက်ကာ ထိုင်နေရင်းမှ လက်ပြန်ချပြီး ခါးမတ်ထိုင်မိလိုက်သည်။

သားနှင့်ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ဒီကောင်လေးက ဘယ်သူလဲ။သူ့အုပ်ထိန်းသးတွေကဘယ်လိုလူမျိုးတွေလဲ....ဒါ့ထက် သားလိုလူက အရေးပေးဆက်ဆံရလောက်တဲ့အထိ သူ့မှာဘာထူးခြားချက်တွေရှိနေလို့လဲ???

မေးခွန်းပေါင်းမြောက်မြားစွာ ခေါင်းထဲရောက်လာတာကြောင့် သူမရဲ့စိတ်အခြေအနေမှာ ပိုပြီး ညစ်ညူးသွားရသဖြင့်  မျက်မှောင်ကြုံ့ကာခေါင်းကိုသာတွင်တွင်ရမ်းပြီး မယ်ခိုင့်ကို မြန်မြန်လာခဲ့ဖို့ခေါ်လိုက်ရသည်။

ထို့နောက် မယ်ခိုင်ယူလာတဲ့ သံပုရာရည်အေးအေးကို သောက်လိုက်ပေမယ့်လည်း သူမရဲ့စိတ်ထဲမှာတော့ မအေးချမ်းနိုင်သေး။

သားသမီးက အပေါင်းအသင်းအသစ်ရခြင်းသည် သာမန်မိဘများအတွက် မထူးဆန်းသော ကိစ္စရပ်တစ်ခုဖြစ်နေပေမယ့် Kiraလိုသားမျိုးကို ပိုင်ဆိုင်ထားရတဲ့ သူမအတွက်တော့ ထိုအရာအတွက် အလွန်စိုးရိမ်ရသည်။

သိုင်းဘုန်းရှိန်ခန့်လို ဆွေကြီးမျိုးကြီးမှ မွေးဖွားလာတဲ့ကလေးနဲ့ အတူရှိနေတာက Kiraအတွက် ပြဿနာမရှိပေမယ့် ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ ဒီကလေးနဲ့ ရင်းနှီးနေတာကို သူမကဒီတိုင်းလွှတ်ထားဖို့ သင့်ပါရဲ့လား??

Kira companyလို emperorကြီးတစ်ခုကို အုပ်ချုပ်
ဖို့အတွက် Kiraလျှောက်ရမည့်လမ်းသည် ကြမ်းတမ်းနေပါစေမူ ဆူးညှောင့်ခလုတ်တို့ကို သူမကိုယ်တိုင် ဖယ်ရှားပစ်မည်။အနှောင့်အယှက်မှန်သမျှက Kiraကိုထိပါးဖို့မပြောနှင့်။Kiraကိုမြင်တောင်မမြင်လိုက်စေရ။

သွေးကြီးပြီး ရဲရင့်တဲ့သူမကိုယ်တိုင်သည် ထက်မြတ်တဲ့အမျိုးသမီးတစ်ဦးဖြစ်နေခြင်းကိုက ရန်သူပေါင်းများစွာကို မရင်ဆိုင်ခင်ကတည်းက အောင်နိုင်ပြီးဖြစ်နေ၏။

ပြောခဲ့တဲ့အတိုင်း......

ထက်မြတ်သည့် နန်းမူရာမြိုင်သည် ကြီးမြတ်သည့် KIRA၏ ပဲ့ကိုင်ရှင်!!!!!!

<><><><><><><><><><><><><><><><>

A/N - နန်းမူရာမြိုင်လို မိခင်မျိုး ပိုင်ဆိုင်ထားတဲ့Kiraကို အားကျပေမယ့်လည်း မွန်းကြပ်လိုက်တာနော်...



      Zawgyi version

A/N - ဒီအပိုင္းမွာ နန္းမူရာၿမိဳင္ဆိုတဲ့နာမည္နဲ႔ characterတစ္ေယာက္ပါလာပါမယ္။အသစ္ပါလာတဲ့characterေတာ့မဟုတ္ပါဘူး။Part-1မွာတုန္းက ျမဴရွင္းရဲ့ စက္ဘီးနဲ႔ခ်ိတ္မိမလိုျဖစ္ခဲ့တဲ့ ကားထဲက အမ်ိဳးသမီးပါ။တစ္နည္းေျပာရမယ္ဆိုရင္ Kiraရဲ့ ေမေမေပါ့....

<><><><><><><><><><><><><><>

ONE private school၏ မိဘဆရာစုေဝးပြဲ...

စုေဝးပြဲက်င္းပရာ ခန္းမအတြင္းစီတန္းတည္ရိွေနတဲ့ ထိုင္ခံုေတြရဲ့ ပထမတန္းမွာရိွေနတဲ့ အမ်ိဳးသမီးတစ္ၪိး။တစ္ခ်က္ၾကည့္လိုက္မိရံုနဲ႔တင္ ထူးထူးျခားျခားျဖစ္ေပၚေနတဲ့ သူမရဲ့အရိွန္အဝါေတြေၾကာင့္ သူမအားသတိမထားမိသူကား ခန္းမအတြင္းမရိွသေလာက္နီးပါး။

ခပ္ၿပံဳးၿပံဳးေစ့ထားေသာ ႏႈတ္ခမ္းတစ္စံုႏွင့္ သြယ္လ်စြာ ယွက္ႏြယ္ထားေသာ လက္တစ္စံုက ပန္းႏြယ္ခက္မ်ားႏွင့္ အနားကြပ္ထားတဲ့ ခ်ိတ္ထဘီေပၚမွာ ေနရာတက်....

ကာျခယ္ေဖ်ာ့ေဖ်ာ့ ျခယ္သထားၿပီး ထူထဲလွစြာေသာ မ်က္ေတာင္ေမႊးတို႔နဲ႔ဝန္းရံတည္ရိွေနတဲ့ စူးရွတဲ့မ်က္ဝန္းတစ္စံုကေတာ့ စင္ေပၚမွာ တည္တည္ၿငိမ္ၿငိမ္စကားေျပာေနတဲ့ ေက်ာင္းသားဥကၠ႒KIRA သို႔မဟုတ္ သူမ၏တစ္ၪီးတည္းေသာ ရင္ေသြးျဖစ္သူဆီသို႔သာ ေရွးရႈလ်ွက္ စူးစိုက္ထားေလ၏။

သူမသည္ကား.....

နန္းမူရာၿမိဳင္

KIRA emperor၏ လက္ရိွအုပ္ခ်ဳပ္သူတစ္ၪီးျဖစ္ၿပီး ႏိုင္ငံ၏ ၾသဇာအရိွဆံုး ထိပ္တန္းအမ်ိဳးသမီးတစ္ၪီးျဖစ္သည္။အာဏာရိွေသာ အမ်ိဳးသားမ်ားႏွင့္ တန္းတူ ၾသဇာေညာင္းသူျဖစ္ၿပီး သူမ၏ေအာင္ျမင္မႈမ်ားသည္ ေၾကာက္ခမန္းလိလိပင္ျဖစ္၏။

ေတာ္ဝင္ဆန္ေသာအလွႏွင့္ က်က္သေရရိွေသာသူမသည္ ဂုဏ္သေရႏွင့္ တင့္တယ္ၿပီး လူအမ်ားအေပၚ လႊမ္းမိုးအုပ္စိုးႏိုင္သည့္ အာဏာသည္လည္း သူမလက္ဝယ္တြင္အျပည့္ရိွသည္။

ဒါ့အျပင္

နန္းမူရာၿမိဳင္ဆိုသည့္ အမ်ိဳးသမီးသည္ Kiraဟူေသာ နတ္ဘုရား၏ ပဲ့ကိုင္ရွင္!!!!!

<><><><><><><><><><><><><>

ဒီေန့လည္း မိဘဆရာစုေဝးပြဲမွာ သူမ ရိွေနျခင္းျဖစ္သည္။ပံုမွန္ထက္ အလုပ္မ်ားသည့္ သူမအတြက္ အားလပ္တဲ့အခ်ိန္ဆိုတာ မရိွသေလာက္ပဲမို႔ အေရးမႀကီးသည့္ ေနရာဆို ေရာက္လာေလ့မရိွတဲ့သူက ဒီေန့မွာေတာ့ ONEမွာရိွေနဖို႔ သူမရဲ့ အလုပ္အတြက္အခ်ိန္ေတြအားလံုးကို တစ္ရက္တာဖယ္ရွားၿပီးျဖစ္သည္။

မိမိသားျဖစ္သူရဲ့ ဂုဏ္သတင္းေၾကာင့္ ေက်ာင္းသားမိဘေတြၾကားမွာ သူမေခါင္းေမာ့ၿပီးေနရတာကို သေဘာက်သည္။မိဘမ်ားက သားျဖစ္သူကို အမႊမ္းတင္ၿပီးေျပာေနၾကသံေတြကို နားစြင့္ရတာကို သူမႏွစ္သက္မိသည္။ျပစ္မ်ိဳးမွဲ႔မထင္တဲ့ သားျဖစ္သူရဲ့ မိခင္တစ္ၪီးျဖစ္ေနရျခင္းအတြက္ သူမလြန္စြာ ဂုဏ္ယူ၍မဆံုးေပ။

အခုလည္း စုေဝးပြဲၿပီးသြားေပမယ့္ ခန္းမေဆာင္ရဲ့ အျပင္ဘက္၌ ထိပ္တန္းေက်ာင္းသားေတြရဲ့ မိဘျဖစ္သူတို႔နဲ႔ ဝိုင္းဖြဲ႔ၿပီးစကားေျပာေနျပန္သည္။စကားဝိုင္းအတြင္းသို႔ သားျဖစ္သူKIRAကိုပါ ဆြဲေခၚထားမိသည္။

ၿပံဳးရႊင္စြာနဲ႔ စကားဝိုင္းကို ၪီးေဆာင္ေနတဲ့ သားျဖစ္သူကို ၾကည့္ၿပီး ေဒၚနန္းမူရာၿမိဳင္ၿပံဳးလိုက္၏။

Kiraက ဒီလိုမ်ိဳးစကားေတြေျပာၿပီး လူႀကီးေတြနဲ႔ ေရာေနွာရတာကိုမႀကိဳက္မွန္း ေဒၚနန္းမူရာၿမိဳင္ သိထားေပမယ့္ အေနရခက္ေနတဲ့ အရိပ္အေယာင္တစ္ခ်က္မျပပဲ စကားေတြ ေဖာေဖာသီသီေျပာေနတာကို ျမင္ရေတာ့လည္း ေက်နပ္ရျပန္သည္။

Kiraက emperorနဲ႔ လံုးဝထိုက္တန္ေသာ ဆက္ခံသူတစ္ေယာက္ျဖစ္လာမယ္လို႔ သူမအျပည့္အဝယံုၾကည္သည္။

အခ်ိန္ခဏေလာက္ၾကာေတာ့ Kira အာရံုေတျြပန္႔လာပံုရသည္။စကားေျပာရင္း ေမးတာေျဖရင္းနဲ႔ပဲ သူ႔ရဲ့မ်က္လံုးေတြက စကားဝိုင္းကိုေက်ာ္ေက်ာ္ၿပီး တစ္ေနရာကို ေရာက္ေရာက္သြားတာကို သူမသတိထားမိသည္။

Kiraလွမ္းၾကည့္လိုက္တဲ့ေနရာ၏ အနီးစပ္ဆံုးျဖစ္မယ္ထင္ရာကို ေဒၚနန္းမူရာၿမိဳင္ အၾကည့္လႊဲမိေတာ့...

ခန္းမေဆာင္နဲ႔ မလွမ္းမကမ္းရိွ သစ္ပင္အရိပ္တစ္ခုေအာက္မွာ ရပ္ၿပီးစကားေျပာေနတဲ့ ေက်ာင္းသားတစ္ေယာက္နဲ႔ သူ႔ရဲ့အုပ္ထိန္းသူျဖစ္ပံုရတဲ့အမ်ိဳးသမီးတစ္ေယာက္။ဒီျမင္ကြင္းက ဘာမ်ား စိတ္ဝင္စားစရာေကာင္းေနလို႔ပါလိမ့္?

အုပ္ထိန္းသူအမ်ိဳးသမီးက ေက်ာင္းဝန္းအျပင္ဘက္ေရာက္သြားသည္အထိ ေဒၚနန္းမူရာၿမိဳင္ လိုက္ၾကည့္ေနမိသည္။ ထိုအခ်ိန္တြင္ ရုတ္တရက္ဆိုသလို စကားဝိုင္းကို ျဖတ္ၿပီး တစ္ေနရာကိုသြားခြင့္ျပဳရန္ ခြင့္ေတာင္းလာတဲ့KIRAရဲ့အသံကိုၾကားလိုက္ရ၏။သူ႔ဆီအၾကည့္ျပန္လႊဲလာတဲ့ မိမိကိုတစ္ခ်က္ၾကည့္လာၿပီး ၿပံဳးျပကာ ၪီးၫႊတ္ထြက္ခြာသြားေလ၏။

သားျဖစ္သူရဲ့ ၪီးတည္ရာကိုၾကည့္လိုက္ေတာ့ ထင္ထားတဲ့အတိုင္း ထိုေက်ာင္းသားေလးဆီကိုပဲျဖစ္သည္။

*ဒီေကာင္ေလးကဘယ္သူလဲ။သားအသိလား?

*သားမွာသိုင္းဘူန္းရိွန္ခန္႔ဆိုတဲ့ သူငယ္ခ်င္းတစ္ေယာက္ပဲရိွတယ္လို႔သိထားတာ

*အေပါင္းအသင္းအသစ္ရသြားတာကို မသိလိုက္ရပါလား

ေတြးေနတုန္းမွာပဲ သားျဖစ္သူရဲ့ ရွည္လ်ားတဲ့ လက္ေခ်ာင္းေတြက ထိုေကာင္ေလး၏ ဆံပင္တို႔ကို ထိုးဖြလိုက္ေတာ့ ေဒၚနန္းမူရာၿမိဳင္၏ မ်က္ဝန္းတစ္စံုတို႔ ျပဴးက်ယ္သြားရသည္။

တစ္စံုတစ္ေယာက္ကို အခုလိုမ်ိဳး တရင္းတႏွီးဆက္ဆံတတ္တဲ့သားရဲ့ ပံုစံကိုျမင္ဖူးတာ အခုက ပထမဆံုးအႀကိမ္ပဲျဖစ္ေလာက္မည္။သားက အခုလိုမ်ိဳး သိမ္သိမ္ေမြ့ေမြ့ျပဳမူတတ္မွန္း သူမ မသိရခဲ့။

ဟာသတို႔ကိုေတာင္ ၿပံဳးရံုေလးတုန္႔ျပန္တတ္တဲ့ Kiraက အခုေတာ့ ခါးေလးကိုင္းသည္ထိကို ရယ္ေမာေနခဲ့တာျဖစ္သည္။Kiraနဲ႔ အကြာအေဝးတစ္ခုမွာရိွေနတ​ေနတဲ့ ေဒၚနန္းမူရာၿမိဳင္ဆီသို႔တိုင္ေအာင္ ၾသရွရွ ရယ္သံခ်ိဳခ်ိဳေလး လြင့္ပ်ံလာသည္အထိကို သားကဟက္ဟက္ပက္ပက္ရယ္ေမာေနခဲ့တာ...

သားကိုရယ္ေမာေစတဲ့ အေၾကာင္းက ေကာင္ေလးက သားရဲ့ဗိုက္ကို ခပ္ဖြဖြလိမ္ဆြဲလိုက္လို႔တဲ့လား....

ထို႔ေနာက္ Kiraရဲ့လက္ထဲကို ေကာင္ေလးက တစ္စံုတစ္ခုထည့္ေပးလိုက္၏။ဘာကိုထည့္ေပးလိုက္တာလဲဆိုတာသိရဖို႔ စူးစိုက္ၾကည့္ေတာ့ Nescafé သံဗူးရွည္ရွည္ေလးျဖစ္ေနသည္။

ေဒါနန္းမူရာၿမိဳင္ တစ္ခ်က္ၿပံဳးလိုက္ၿပီး

*အဟင္း ဒါဆိုရင္ေတာ့ သားနဲ႔သိပ္ၿပီးရင္းႏွီးတဲ့သူ ဟုတ္ပံုမေပၚပါဘူး

ေတြးေနတုန္းအခ်ိန္ေလးမွာပဲ ေရ႔ွဆက္ေတြ့လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ သူမရဲ့ မ်က္ဝန္းတစ္စံု ဝိုင္းစက္သြားရေတာ့သည္။

*ဒါကဘယ္လိုျဖစ္ႏိုင္မွာလဲ

သားရဲ့လက္ထဲကိုေရာက္လာတဲ့ ေကာ္ဖီဘူးကို တစ္ခ်က္ၾကည့္ၿပီး ခ်က္ခ်င္းေဖာက္ကာ ေမာ့ေသာက္လိုက္တဲ့Kira....တုန္႔ဆိုင္းျခင္းမရိွပါပဲ ဆက္တိုက္ဆိုသလို ေမာ့ေသာက္ေနလိုက္တာ ကုန္သြားဟန္ရိွမွပဲ ဘူးကိုေအာက္ခ်ေတာ့သည္။

ထို႔ေနာက္ ေခါင္းကိုငံု႔ကာ မ်က္ေမွာက္တစ္ခ်က္ႀကံဳ႔လိုက္တဲ့ Kiraကိုျမင္ေတာ့ ေဒၚနန္းမူရာၿမိဳင္ မဲ့ၿပံဳးၿပံဳးမိသည္။

Kira ငယ္ငယ္ကတည္းက မိမိနဲ႔မကြာ ေထြးေပြ့ေစာင့္ေရွာက္လာတဲ့သူမို႔ Kira၏ ​ေကာင္းျခင္းဆိုးျခင္း၊ႏွစ္သက္ျခင္းမႏွစ္သက္ျခင္း မွန္သမ်ွကို သူမ သိသည္။

ပို၍ထင္ထင္ရွားရွား သတိထားမိထားတဲ့တစ္ခ်က္က Kiraသည္ ေကာ္ဖီကို လံုးဝမႀကိဳက္။ေကာ္ဖီအား အေရာင္ကမွအစ သေဘာမက်သူျဖစ္ၿပီး ေကာ္ဖီနံ႔ကိုေတာ့ အမုန္းဆံုးျဖစ္သည္။ဒါကိုေတာင္........

*ဟင္း...အေဖတူသားျဖစ္မေနဖို႔ ဆုေတာင္းရမွာပဲ

သူမ၏အေတြးထဲ ထိုဆုေတာင္းသံတို႔ကသာ ႀကီးစိုးလ်ွက္.....

<><><><><><><><><><><><><><><><><>

ONEကေနျပန္လာၿပီးေတာ့ Companyကိုမသြားေတာ့ပဲ အိမ္ကိုသာ နန္းမူရာၿမိဳင္ျပန္ျဖစ္ခဲ့သည္။ၿခံတံခါးလာဖြင့္ေပးတဲ့ မယ္ခိုင့္ကို သံပုရာရည္တစ္ခြက္ေဖ်ာ္လာခဲ့ေပးဖို႔မွာၿပီးေနာက္ ဧည့္ခန္းထဲက sofaေပၚကိုသာ ျဖည္းၫွင္းစြာ ထိုင္လိုက္၏။

သူမရဲ့ အိပ္ခန္းဆီသို႔ေတာင္ မသြားႏိုင္ေလာက္ေအာင္အထိ သူမပင္ပန္းေနျခင္းျဖစ္သည္။မ်ားျပားလွပါေသာ ေခါင္းေျခာက္စရာ companyလုပ္ငန္းေတြကို ေန့ညမျပတ္လုပ္ခဲ့ရစဥ္ကေတာင္မွ တစ္ခ်က္မၿငီးျငဴခဲ့တဲ့ နန္းမူရာၿမိဳင္အတြက္ ဒီေန့က ပင္ပန္းႏြမ္းနယ္စရာ တစ္ေန့တာပင္ျဖစ္သည္။

စုေဝးပြဲတြင္ သူမအား မည္သူမွန္းသတိထားမိၾကေသာ ေက်ာင္းသားမိဘေတြက အမ်ိဳးမ်ိဳးေသာအေၾကာင္းျပခ်က္ေတြနဲ႔ စကားလာေရာက္ေျပာဆိုၾကတာကို သူမျပန္၍တုန္႔ျပန္စကားဆိုရသည္။သို႔ေသာ္ ဆက္တိုက္နီးပါးေျပာဆိုေနၾကေသာ စကားသံေတြၾကား သူမစိတ္တို႔ ညစ္ၫူးလာရ၏။

မည္သို႔ေသာပံုစံမ်ိဳးျဖင့္ သူမအနားကိုေရာက္လာပါေစ...အားလံုးေသာသူေတြရဲ့ စကားလွလွတို႔ အဆံုးသတ္ရာက သူမပိုင္ဆိုင္ထားေသာ Kira companyႏွင့္ အက်ိဳးတူပူးေပါင္းလိုခ်င္သူေတြ။ဒါမဟူတ္လည္း ေနရာတစ္ေနရာ ရမလားဆိုတဲ့ ေမ်ွာ္လင့္ခ်က္ေတြနဲ႔ျဖစ္သည္။

မုန္းပါသည္။သူမရဲ့ ၿပီးျပည့္စံုေနတဲ့ဘဝ​ကို အခုလိုအခ်ိန္မ်ိဳးမွာ သူမမုန္းမိပါသည္။သူမဆီကိုေရာက္လာသူတိုင္းက သူမဆီက အက်ိဳးအျမတ္ကိုသာေမ်ွာ္ကိုးၿပီး ခ်ည္းကပ္လာၾကသူမ်ားပင္ျဖစ္သည္။မိတ္ေဆြစစ္ဆိုတာကို သူမစာေတြ့သာႀကံဳဖူးသည္။ကိုယ္ေတြ့မႀကံဳခဲ့ရ။

အခက္အခဲတို႔ရိွလာတိုင္း သူမတစ္ေယာက္တည္း အားတင္းၿပီး ရင္နာနာနဲ႔ ေက်ာ္ျဖတ္ခဲ့ရ၏။ထိုသို႔ေသာအခ်ိန္မ်ိဳးတြင္ေတာ့ အရင္က ေဘးနားရိွေနခဲ့တဲ့ မိတ္ေဆြဆိုတဲ့ အရာေတြက ဘယ္ဆီလြင့္လို႔ ဘယ္ဆီပါသြားမွန္းမသိရေတာ့။

ထို႔ေၾကာင့္ ဒီလိုလူေတြကို ေတြ့ရတိုင္း ေဒါနန္းမူရာၿမိဳင္သည္ ခါးသီးစြာျဖင့္ မုန္းမိ၏။

သို႔ရာတြင္ ေအာင္ျမင္ေသာ စီးပြားေရးလုပ္ငန္းရွင္တစ္ၪီးျဖစ္ေသာ သူမက ဟန္ေဆာင္ျခင္းအမွဴကို ကြၽမ္းက်င္စြာလုပ္ေဆာင္ႏိုင္သည္။မႏွစ္သက္သည့္အမူအရာ အနည္းက်ဥ္းမ်ွ မေပၚလြင္ေစပါပဲ အၿပံဳးခ်ိဳခ်ိဳတစ္ခုကို သူမ၏မ်က္ႏွာတြင္ တြင္တြင္ႀကီးဆင္ျမန္းထားခဲ့၏။

ထို႔အတြက္ေၾကာင့္ အိမ္ကိုေရာက္သည့္အခ်ိန္တြင္ သူမအလြန္ပင္ပန္းလွေလၿပီ။သူမေတာင္ ပင္ပန္းလြန္းေနတာ။သားျဖစ္သူKIRAက ပိုၿပီးဆိုးေပမည္။

သားရဲ့အေၾကာင္းကို ေတြးမိမွ ေန့လည္က အေၾကာင္းတို႔က မွတ္ဉာဏ္ထဲျပန္ေပၚလာေသာေၾကာင့္ နားထင္ကို လက္တစ္ဖက္ႏွင့္ေထာက္ကာ ထိုင္ေနရင္းမွ လက္ျပန္ခ်ၿပီး ခါးမတ္ထိုင္မိလိုက္သည္။

သားႏွင့္ရင္းႏွီးတဲ့ဆက္ဆံေရးရိွတဲ့ ဒီေကာင္ေလးက ဘယ္သူလဲ။သူ႔အုပ္ထိန္းသးေတြကဘယ္လိုလူမ်ိဳးေတြလဲ....ဒါ့ထက္ သားလိုလူက အေရးေပးဆက္ဆံရေလာက္တဲ့အထိ သူ႔မွာဘာထူးျခားခ်က္ေတြရိွေနလို႔လဲ???

ေမးခြန္းေပါင္းေျမာက္ျမားစြာ ေခါင္းထဲေရာက္လာတာေၾကာင့္ သူမရဲ့စိတ္အေျခအေနမွာ ပိုၿပီး ညစ္ၫူးသြားရသျဖင့္  မ်က္ေမွာင္ႀကံဳ႔ကာေခါင္းကိုသာတြင္တြင္ရမ္းၿပီး မယ္ခိုင့္ကို ျမန္ျမန္လာခဲ့ဖို႔ေခၚလိုက္ရသည္။

ထို႔ေနာက္ မယ္ခိုင္ယူလာတဲ့ သံပုရာရည္ေအးေအးကို ေသာက္လိုက္ေပမယ့္လည္း သူမရဲ့စိတ္ထဲမွာေတာ့ မေအးခ်မ္းႏိုင္ေသး။

သားသမီးက အေပါင္းအသင္းအသစ္ရျခင္းသည္ သာမန္မိဘမ်ားအတြက္ မထူးဆန္းေသာ ကိစၥရပ္တစ္ခုျဖစ္ေနေပမယ့္ Kiraလိုသားမ်ိဳးကို ပိုင္ဆိုင္ထားရတဲ့ သူမအတြက္ေတာ့ ထိုအရာအတြက္ အလြန္စိုးရိမ္ရသည္။

သိုင္းဘုန္းရိွန္ခန္႔လို ေဆြႀကီးမ်ိဳးႀကီးမွ ေမြးဖြားလာတဲ့ကေလးနဲ႔ အတူရိွေနတာက Kiraအတြက္ ျပႆနာမရိွေပမယ့္ ဘယ္သူဘယ္ဝါမွန္းမသိရတဲ့ ဒီကေလးနဲ႔ ရင္းႏွီးေနတာကို သူမကဒီတိုင္းလႊတ္ထားဖို႔ သင့္ပါရဲ့လား??

Kira companyလို emperorႀကီးတစ္ခုကို အုပ္ခ်ဳပ္
ဖို႔အတြက္ Kiraေလ်ွာက္ရမည့္လမ္းသည္ ၾကမ္းတမ္းေနပါေစမူ ဆူးေၫွာင့္ခလုတ္တို႔ကို သူမကိုယ္တိုင္ ဖယ္ရွားပစ္မည္။အေနွာင့္အယွက္မွန္သမ်ွက Kiraကိုထိပါးဖို႔မေျပာႏွင့္။Kiraကိုျမင္ေတာင္မျမင္လိုက္ေစရ။

ေသြးႀကီးၿပီး ရဲရင့္တဲ့သူမကိုယ္တိုင္သည္ ထက္ျမတ္တဲ့အမ်ိဳးသမီးတစ္ၪီးျဖစ္ေနျခင္းကိုက ရန္သူေပါင္းမ်ားစြာကို မရင္ဆိုင္ခင္ကတည္းက ေအာင္ႏိုင္ၿပီးျဖစ္ေန၏။

ေျပာခဲ့တဲ့အတိုင္း......

ထက္ျမတ္သည့္ နန္းမူရာၿမိဳင္သည္ ႀကီးျမတ္သည့္ KIRA၏ ပဲ့ကိုင္ရွင္!!!!!!

<><><><><><><><><><><><><><><><>

A/N - နန္းမူရာၿမိဳင္လို မိခင္မ်ိဳး ပိုင္ဆိုင္ထားတဲ့Kiraကို အားက်ေပမယ့္လည္း မြန္းၾကပ္လိုက္တာေနာ္...



























Continue lendo

Você também vai gostar

5.1K 335 11
💗နှလုံးသားနဲ့ရင်း၍💗 "ငါကနင့်ရဲ့ဘာလဲ သိမ့် ဘယ်လိုနေရာမှာနင့်အတွက်ငါဆိုတဲ့ကောင်ကအသုံး၀င်လဲ!" "ငါသ၀န်တိုတယ် သူရိန် နင်နဲ့မြတ်လေးက ဘာတွေလဲ!" "အင်း သူကင...
229K 30.9K 71
21+ අසබ්‍ය වචන හා mature content අඩංගුය.
32.8K 4.4K 70
කිරුළ නොපලන් රජෙකුගෙ කතාව
704K 115K 99
Non fiction BL මට පෙන්නන්න බැරි දේවල් තමයි වැඩියෙන්ම ඕනේ.