စားစော်
Por kywephayaung
93.8K 2.7K 72
ယောကျ်ားတွေသာ အများဆုံးလုပ်ရဲသည့် လုပ်ငန်းတွေကိုလုပ်ကိုင်နေသည့် မိန်းမတစ်ယောက်ရဲ့ဘဝ။ 2D 3Dဒိုင်ချုပ်၊ အနှိပ်ခ... Mais
part 1
part 2
part 3
part 1 (zawgyi)
part 2(zawgyi)
part 3(zawgyi)
part 4(uni)
part 4(zgi)
part 5(uni)
part 5(zgyi)
part 6(uni)
part 6(zgyi)
part 7(uni)
part 7(zgyi)
part 8(uni)
part 8(zgyi)
part 9(uni)
part 9(zgyi)
part 10(uni)
part 10(zgyi)
part 11(uni)
part 11(zgyi)
part 12(uni)
part 12(zgyi)
part 13(uni)
part 13(zgyi)
part 14(uni)
part 14(zgyi)
part 15(uni)
part 15(zgyi)
part 16(uni)
part 6(zgyi)
part 17(uni)
part 17(zgyi)
part 18(uni)
part 18(zgyi)
part 19(uni)
part 19(zgyi)
part 20(uni)
part 20(zgyi)
part 21(uni)
part 21(zgyi)
part 22(uni)
part 22(zgyi)
part 23(uni)
part 24(uni)
part 24(zgyi)
part 25(uni)
part 25(zgyi)
part 26(uni)
part 26(zgyi)
part 27(uni)
part 27(zgyi)
part 28(uni)
part 28(zgyi)
part 29(uni)
part 29(zgyi)
part 30(uni)
part 30(zgyi)
part 31(uni)
part 31(zgyi)
part 32(uni)
part 32(zgyi)
part 33(uni)
part 33(zgyi)
part 34(uni)
part 34(zgyi)
part 35(uni)
part 35(zgyi)
part 36(uni)
part 36(zgyi)
Final part (uni)
Final part (xgyi)
ကျေးဇူးတင်လွှာ
part 23(zgyi)
580 10 1
Por kywephayaung
စားစော် (အပိုင်း ၂၃)
တိတ်ဆိတ်သည့် ပတ်ဝန်းကျင်၊ မထိန်မလင်း မီးရောင်နှင့် နှစ်ကိုယ်တည်းရှိနေသည် ဆိုသည့်အတွေးတို့ကြောင့် မပူအိုက်ပါဘဲ ချွေးစို့နေလေသည်။ ဃနာမငြိမ်သည့် သူ့ရင်ဘက်ကို မသိမသာလက်နှင့် တစ်ချက်ဖိလို့ ငြိမ်ဆေးကျွေးနေမိသည်။ ဘာကြောင့်များ မြန်မြန်ပြန်ပါတော့ဟု မပြောမိပါဘဲ မအေးတိုက်သည့် နွားနို့ကို စိမ်ပြေနပြေသောက်နေမိမှန်း သူ့ကိုယ်သူနားမလည်နိုင်တော့ပေ။
"နွားနို့မကြိုက်ဘူးလား"
ခပ်တိုးတိုးနှင့် ညှင်ညှင်သာသာမေးလာသည့် မအေး၏အသံက ပကတိတည်ငြိမ်နေ၏။ နွားနို့ခွက်ကိုကိုင်ထားသည့်သူ့မှာသာ လူမသိသူမသိ ရင်တွေလှုပ်ခါယိမ်းထိုးနေလေသည်။ ဟန်ဖို့ကိုတည်ကာ သောက်လက်စခွက်ကို အကုန်မော့လျှက် မအေးဆီပြန်ပေးလိုက်ရသည်။ ထို့နောက် နူတ်ကနေလွှတ်ခနဲထွက်သွားသည်မှာ မအေးကို ပြန်ခိုင်းမိချင်းပင်။ ထမင်းစားပြီး ချက်ချင်းနွားနို့သောက်မိ၍လားမသိ၊ သူ့မှာအိပ်ချင်သလိုလိုပင်ရှိလို့နေလေသည်။
"ပြန်ပါ"
မအေးက ခေါင်းသာတစ်ချက်ညိတ်ပြ၏။ သူသောက်ပြီးသားခွက်ကိုယူလျှက် အနောက်ထဲကိုတစ်ခါ ထပြန်သွားကာ ဆေးကြောပြန်လေသည်။ သူ့ရင်ထဲကနေ တီးတိုးမေးလိုက်မိသည်မှာ မအေးဒီညပြန်ဖြစ်ဦးမှာလားလို့ပင်။
"ချိုင့်ထဲက ဟင်းတွေလှယ်ပေးထားခဲ့တယ်၊ နွားနို့ကျန်တာလေးလည်း ခွက်နဲ့သေချာထည့်ပေးထားတယ်။ မနက်ကြရင် သေချာစားလိုက်ပါ။ "
"ဒီနေ့တော့ ရှိစေတော့ နောက်နေ့ဒီလိုမျိုးတွေ လာမလုပ်ပေးပါနဲ့။ ကျွန်တော်မကြိုက်ဘူး။ ပတ်ဝန်းကျင်မှာလည်း အမြင်မသင့်တော်ဘူး။ အခုလိုမိုးချုပ်တော့ ပိုဆိုးတယ်"
"ပတ်ဝန်းကျင်ဆိုတာက တစ်စိတ်ဆို တစ်အိတ်လောက်ပြောကြတာ သဘာဝပါပဲ။ ပြောပါစေလေ"
"အဲ့လိုပြောလို့ဖြစ်မလား...ကျွန်တော်က ပတ်ဝန်းကျင်မှာဂုဏ်သိက္ခာရှိရှိနေနေတာ၊ ဘာအကြောင်းနဲ့မှ သိက္ခာအကျမခံနိုင်ဘူး"
တိတ်ဆိတ်နေသည့်အိမ်ကလေးထဲမှာ ခဏတာငုတ်လျှိုးနေသည့် ဒေါသစိတ်ကလေးက လှစ်ခနဲပြန်ထွက်ပေါ်လာသည်နှင့် စကားများသံတွေ အစီအရီထွက်ပေါ်လာလေသည်။ သူ့စကားကြောင့် မအေးသည်လည်းခဏမျှငြိမ်သွားကာ ပြီးလျှင် လှယ်ပြီးသားချိုင့်ကို ကိုင်ထားရာကနေပြန်ချရင်း သူ့ဘေးမှာကျုံ့ကျုံ့ကလေးလာထိုင်လေသည်။
အမြန်ပြန်စေချင်သည့်မအေးကို အနားမှာပြန်ထိုင်ခိုင်းသလိုဖြစ်သွား၍ သူ့ကိုယ်သူလည်း ကျိန်ဆဲလိုက်မိသည်။ ဘာမဆို မလုပ်ရဲ၊ မပြောရဲတာ မရှိသည့်မအေးကို သူလန့်သွားမိသည်။
"ဘာလို့ပြန်ထိုင်တာလဲ"
သူအလောတကြီးမေးလိုက်လျှင် မအေးက နူတ်ခမ်းဖူးဖူးလေးကိုတစ်ချက်ကွေးအောင်ပြုံးလိုက်၏။ ပြီးမှ အပြုံးတွေပျောက်ကွယ်သွားပြီး သူ့မျက်လုံးတစ်စုံကို စူးစိုက်ကြည့်ကာ....
"မိုးတအားချုပ်နေလို့ မနက်မှပြန်ရင်ကောင်းမလား"
မအေးစကားကြောင့် သူ့မှာငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ချခံရသလို နားထင်ကြောများပင်ထောင်တက်သွားလေသည်။ ဘာမဆိုလုပ်ရဲသည့်မအေးသည် ကျိန်းသေပေါက် သူ့ကိုပတ်ဝန်းကျင်ရဲ့ တံတွေးခွက်မှာ ရောစုန်မြောအောင်လုပ်တော့မည်ဖြစ်သည်။ သူလန့်ထိတ်ကာ ကပြာကယာပင် အသည်းအသန်ပြန်ခိုင်းရသည်။
"မဖြစ်ဘူး....မဖြစ်ဘူး၊ ခင်ဗျားပြန်ပါ။ အခုမှဆယ်နာရီလောက်ပဲ ရှိဦးမှာ"
"မပြန်ရဲဘူး"
လှောင်ပြောင်ချင်းမပါဘဲ ပကတိငြိမ်သတ်နေသည့် မအေး၏စကားတွေက ကျီစယ်တာမဟုတ်မှန်း သိရသည်နှင့်အမျှ သူ့တစ်ကိုယ်လုံးထူပူသွားလေသည်။ သူ့ကိုမျက်လုံးချင်းဆုံကာ ကျုံ့ကျုံ့လေးထိုင်ကြည့်နေသည့် မအေးကို ပြန်ခိုင်းဖို့သာ တာဆူနေမိသည်။
"မပြန်ရဲစရာအကြောင်းမရှိဘူး။ ခင်ဗျားအရင်ကလည်း ဆိုင်တွေသွားရင် မိုးချုမှပြန်တာမဟုတ်ဘူးလား။ ဘာလို့အခုမှမပြန်ရဲတာလည်း။ ခင်ဗျားကျုပ်ကို အဲ့လိုလာမနောက်နဲ့ ပြန်ပါ"
"မနောက်ဘူး...ကျွန်မအတည်ပြောနေတာ၊ တကယ်မပြန်ရဲဘူး။ အရင်က ဆိုင်ကနေပြန်တယ်ဆိုတာ ချမ်းသာကအကြိုအပို့လုပ်ပေးတယ်လေ။ နောက်ပြီး ပုတုတို့ပုံ့ပုံ့တို့က စောင့်နေပေးတယ်"
"အခုလည်း ချမ်းသာကိုလာကြိုခိုင်းလိုက်ပါလား"
"ကျွန်မမှာဖုန်းမပါဘူး"
"ဟာ..."
အိပ်ရာထဲမှာ လဲနေသည့်ဆာဟိဘန်မှာ သေချင်စိတ်ပေါက်သလို သက်ပြင်းချရင်း ညည်းညူလိုက်မိသည်။ အမြဲလိုလိုမာဆက်ဆက်နှင့် အကြောတင်းသည့်မအေးသည် ယနေ့ညမှ သာမန်နှင့်မတူ ပျော့ပြောင်းလွန်းရုံသာမက ကြောက်ရွံ့သလိုလို မဝံ့မရဲသလိုလို လုပ်ပြနေသည်မှာ ဘာမှန်းမသိ။ သူ့မှာသာ ခေါင်းမီးတောက်နေရလေသည်။ မနက်မှသူ့အိမ်ထဲကနေ မအေးပြန်ထွက်သွားသည်ကို တစ်စုံတစ်ယောက်ယောက်မြင်သွားလျှင် သူ့ဘဝသွားမည်။
ဘယ်သူမှမတွေ့လျှင်တောင် သူ့အိမ်မှာမအေး ညအိပ်သွားသည်ဆိုသည့်အဖြစ်သည် သူ့ကိုကျောချမ်းစေနေမည်။ သူအဖြစ်မခံနိုင်ပေ။ ပူလောင်သောကရောက်နေသည့်သူ့ကို မအေးက မျက်တောင်မခက်သလို စူးစူးစိုက်စိုက်ငေးကြည့်နေရင်း တစ်ခုခုပြောဖို့ပြင်နေလေသည်။ သူက သေချာပြန်ကြည့်တော့မှ မျက်တောင်တစ်ချက်ခက်၍ အိမ်ထရံကို အသက်မပါသလိုငေးကြည့်နေရင်း ခပ်တိုးတိုးဆိုလေသည်။
"မနက်ဖြန်ကြရင် ဒေါ်မဲ ချုပ်ရက်ဆယ့်လေးရက်ပြည့်ပြီ၊အမှုစစ်ပြီး အမိန့်ချလိမ့်မယ်။ ရှင်စိတ်ဆင်းရဲမှာစိုးလို့ ကြိုပြောပြထားတာပါ။ လောင်းကစားမှူက နှစ်နှစ်လောက်တော့ ထောင်ကျလိမ့်မယ်။ "
အမေ့အကြောင်းပါလာသည့်အခါ ဆာဟိဘန်သည် ငြိမ်ကျသွား၏။ ရလဒ်ကိုကြိုသိနေသည့်အခါ မအေးဆီကို ဒေါသမျက်လုံးတွေဖြင့် ကြည့်လာလေသည်။ အံကိုကြိတ်လျှက် လက်နှစ်ဖက်ကိုဆုပ်ထားမိသည်။
"ခင်ဗျားအခု စိတ်ချမ်းသာသွားပြီမလား။ "
မအေး ပြန်မဖြေမိပေ။ ထရံကိုသာ တွေတွေလေးငေးကြည့်ရင်း သက်ပြင်းချလေသည်။
"ပြောပါဦး ဒေါ်နေရိပ်အေးရဲ့၊ ကျုပ်အမေကို ထောင်ထဲထည့်ထားရတာ စိတ်ချမ်းသာရဲ့လား။ ကျုပ်ကိုမကျေနပ်ရင် ကျုပ်ကိုပဲ ထောင်ထဲထည့်လိုက်လေ။ အခုတော့ ခင်ဗျားအပေါ်မှာဒီလောက်ကောင်းတဲ့ ကျုပ်အမေကိုမှ ခင်ဗျားမို့လို့လုပ်ရက်တယ်။ လုပ်ရက်တယ်....ဒေါ်နေရိပ်အေး"
သူပေါက်ကွဲသည့်အခါ မအေးမှာ လွှတ်ခနဲဆိုသလို သူ့မျက်နှာကိုလှည့်ကြည့်လာလေသည်။ အရင်ကဆို စကားတွေခက်ထန်ပြီး သူတစ်ခွန်းပြောလျှင် တစ်ခွန်းဆိုသလို ချက်ချင်းတုံ့ပြန်သည့်မအေးက ဘာမှမပြောဘဲ ကြည့်လို့သာနေလေသည်။
"ခင်ဗျားသိလား...ကျုပ်တို့သားအမိမှာ ပြေးကြည့်လို့မှ အမေရယ်သားရယ်နှစ်ယောက်ပဲ ရှိတာ။ ကျုပ်အမေက ကျုပ်ရဲ့ဘဝပဲ။ ခင်ဗျားလိုမချမ်းသာပေမဲ့ စိတ်တော့ချမ်းသာတယ်။ ဒါပေမဲ့အခု ခင်ဗျားကြောင့် ကျုပ်တို့သားအမိ ဝေးနေရပြီ။ အဲ့ဒါခင်ဗျားကြောင့်...ခင်ဗျားကျုပ်ကိုမကျေနပ်ဘူးမဟုတ်လား။ ကျုပ်ကိုထောင်ထဲထည့်လိုက်... ဒါမှမဟုတ်ခင်ဗျားသတ်ချင်လည်း သတ်....သတ်လေ၊ ခင်ဗျားကငွေရှိနေတာပဲ ဘာလုပ်လုပ်ခင်ဗျားဖုံးနိုင်တယ်မလား....လုပ်လိုက်လေ"
ဒေါသတွေပေါက်ကွဲနေသည့် ဆာဟိမျက်နှာတစ်ခုလုံးနီရဲကာ အော်ဟစ်သောင်းကျန်းနေပုံကို စိတ်လွှတ်နေသည့်လူတစ်ယောက်လိုပင်။ မအေးကို မကျေနပ်ချက်တွေနှင့် ပြောဆိုပေါက်ကွဲနေလေသည်။ သို့သော် ရုတ်တရက်ပြုမူလာသည့် မအေး၏အပြုအမူကြောင့် ဆာဟိဘန်မှာ ရုတ်တရက်ငြိမ်သက်သွားကာ အကြောတွေတစ်ကိုယ်လုံးသေသွားသကဲ့လို့ တောင့်တင်းသွားရလေသည်။
မအေးက အော်ဟစ်နေသည့်သူ့ကို ရုတ်တရက်ဆိုသလို ကြည့်နေရာကနေ လည်တိုင်ကိုသိုင်းဖက်လျှက် သူ့ပါးပြင်ကို သူမ၏ ပါးပြင်နှင့်ထိကပ်ထားလေသည်။ သူ့ရဲ့အော်ဟစ်နေသည့်အသံတွေရပ်တန့်သွားသလို မအေးဆီမှလည်း ဘာအသံတစ်ခုမှထွက်မလာခဲ့ပေ။ စက္ကန့်ပေါင်းများစွာငြိမ်သက်နေခဲ့ရာ သတိဝင်သည့်အချိန်၌ မအေးကို ကပြာကယာဆွဲဖယ်သော်လည်း မအေးမှာ တင်းကြပ်စွာဖက်ထားရင်း ခပ်တိုးတိုးဆိုလေသည်။
"ကျွန်မကို သိပ်မုန်းနေသလား"
"မုန်းတယ်"
သူအဖြေဟာ တုံ့ဆိုင်းချင်းမရှိ ထွက်သွားလျှင် မအေးမှာ လည်တိုင်ကိုဖက်ထားရာမှ မျက်နှာချင်းဆိုင် ကြည့်ရင်းအေးစက်သည့်မျက်လုံးများက ဘာကိုမှဂရုမစိုက်သည့်အသွင်ကိုဆောင်နေလေသည်။ ဆာဟိဘန်က ရွံရှာသလိုကြည့်လျှင် သူမကပို၍ အေးစက်စွာကြည့်လာ၏။
"ရှင်မုန်းလည်း ပြဿနာမရှိပါဘူး။ ချစ်ချင်းမုန်းချင်းဆိုတာ အချိန်နဲ့တပြေးညီပြောင်းလဲနေတတ်တာပဲ။ အဓိက ကကိုယ်ဖြစ်ချင်တဲ့အရာတွေ ဖြစ်ရဖို့ပဲမဟုတ်ဘူးလား။ ကျွန်မကို စော်ကားတဲ့စကားလုံးတွေနဲ့ ရှင်ပြောခဲ့လို့ ကျွန်မရှင့်မကျေနပ်ခဲ့ဘူး။ အဲ့လိုပဲ ရှင့်အမေကိုဒုက္ခတွင်းထဲတွန်းပို့ခဲ့တဲ့ကျွန်မကို ရှင်လည်းမကျေနပ်ဘူးမလား။ ရှင်ကျေနပ်အောင် လုပ်ပေးတာမဟုတ်ပေမဲ့ ရှင့်အမေထောင်ကျခဲ့ရင်တောင် ထောင်ထဲမှာအသက်သာဆုံးဖြစ်အောင် ကျွန်မလုပ်ပေးမယ်"
"ဘယ်သူက အကူညီတောင်းနေလို့လဲခင်ဗျားကို"
"ကျွန်မဆန္ဒနဲ့ကျွန်မပါ"
"မလိုဘူး၊ ဒုက္ခရောက်အောင်လုပ်ပြီးမှ ပြန်ကူညီတာကို ကျေးဇူးလည်းအတင်မခံနိုင်သလို ဘာတစ်ခုမှလည်းခင်ဗျားဆီကမယူချင်ဘူး"
"ကျွန်မလည်း အလကားမကူညီပါဘူး။ စိတ်ချပါ"
"ကျုပ်အမေအကြွေးတွေတောင် ပြန်မဆပ်နိုင်သေးတာ၊ နောက်အကြွေးဆို ပိုလို့ဆိုးမယ်။ အခုလိုမျိုး ကျုပ်ကိုပွတ်သီးပွတ်သပ်လည်း လာမလုပ်နဲ့ခင်ဗျားပြန်၊ ကြာရင် ကျုပ်တစ်ခုခုလုပ်မိလိမ့်မယ်။ ခင်ဗျားမရှက်ပေမဲ့ ကျုပ်မှာအရှက်ရော သိက္ခာပါရှိတယ်။ "
"နူတ်ကြောင့်သေ လက်ကြောင့်ကျေဆိုတာ ကြားဖူးလားဆာဟိဘန်။ "
"ကြားကြား မကြားကြား ခင်ဗျားအခုပြန်တော့"
သူ့စကားကြောင့် မအေးက ခေါင်းကိုတစ်ချက်ညိတ်လျှက် ဘာမှမပြောတော့ဘဲ အခန်းထဲကနေထွက်လာခဲ့လိုက်သည်။ ထပြန်သွားသည့်မအေး၏ နောက်ကျောကို ကြည့်လျှက်သူမျက်လုံးတစ်စုံကိုမှိတ်ချလိုက်သည်။ စောစောကပင် မှေးဆင်းနေသည့်သူ့မျက်လုံးကြောင့် စိတ်ညစ်စရာအရာများကိုပင် များများမတွေးလိုက်ရပေမဲ့ သူ့ဦးနောက်ကိုအနားပေးလျှက် အိပ်ပျော်ခဲ့လေသည်။
လူခြေတိတ်သည့်ညမှာ သစ်သားအိမ်၏ အပေါက်ဝ၌ ငုတ်တုတ်ထိုင်နေသည့် မအေးကို ပြန်သွားပြီဟုသာထင်လျှက် ဆာဟိဘန် စိတ်ချလက်ချအိပ်ပျော်ခဲ့သော်လည်း မအေးမှာ အိမ်ပေါ်ကနေပင်ခြေတလှမ်း မဆင်းခဲ့ပေ။ အိမ်၏မျက်နှာစာအပေါက်ဝ၏ ခပ်တွေတွေထိုင်နေခဲ့ရင်း လမ်းမဘက်ကို အချိန်များစွာငေးကြည့်နေခဲ့လေသည်။
သန်းခေါင်ချိန်ထိဖြတ်သွားဖြတ်လာ တစ်ယောက်စနှစ်ယောက်စမှာ အိမ်ပေါက်ဝက မအေးကိုတစ်ချက်တစ်လေကြည့်သွားကြသလို ညငါးဈေးဆင်းကြသည့် ဈေးသည်တစ်ချို့ဖြတ်သွားသည့်အခါ၌လည်း ကြည့်သွားကြသည်ကို မအေးမျက်ဝန်းအိမ်၌ မြင်တွေ့နေရသည်။ အားလုံးငြိမ်သက်သွားသည့်အချိန်မှာတော့ အိပ်မောကျနေသည့် ဆာဟိဘန်၏အခန်းထဲသို့ ညှင်သာသည့်ခြေလှမ်းတို့ဖြင့် ဝင်လာခဲ့လေသည်။
အေးစက်သည့်မျက်ဝန်းတစ်စုံသည် ဆာဟိဘန်၏ မျက်နှာကိုစူးစိုက်ကြည့်လို့နေလေသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေသော်လည်း မအေး၏နားထဲမှာတော့ ဆာဟိဘန်၏ အသံတစ်ချို့ဟာ ကျယ်ကျယ်လောင်လောင်ကြားနေရစဲဖြစ်သည်။
"ခင်ဗျားလို မိန်းမမျိုး"
"ခင်ဗျားလိုမိန်းမက "
စသည့်စကားလုံးတွေနှင့် အစချီခဲ့သည့်ဆာဟိဘန်၏ စကားသံတွေသည် နားထဲမှာ မောင်းထုပြီးပြောသလိုပင်။ ထိုအသံတွေလွင့်ထွက်သွားအောင် ခေါင်းလေးတစ်ချက်ရမ်းထုတ်ပြီးနောက် မခိုင်သည့်အခန်းတံခါးကို စေ့ရုံကလေးပြန်ပိတ်လို့ သူမ၏လက်တစ်စုံသည် သူမ၏ခါးတိုလက်ပြတ်ရင်စေ့အင်္ကျီလေးဆီက နှိပ်ကြယ်သီးတို့ဆီ ရောက်ရှိလို့သွားလေသည်။ ခပ်မှိန်မှိန်မီးရောင်သည်လည်း အမှောင်အတိ ဖြစ်သွားလေသည်။
မအေးအတွက် လက်တွေ့ကိုသိရှိနေသော်လည်း ဆာဟိဘန်အတွက်မှာတော့ လက်တလောဖြစ်တည်နေမှုတို့သည် အိပ်မက်သာဖြစ်နေတော့သည်။ သူ့ကိုယ်ပေါ်၌ ရှိနေသည့်မအေး၏အရိပ်သည် အိမ်မက်ထဲမှာဖြစ်လျှက် မဖြစ်နိုင်ဘူးဟုတွေးမိသည့်အခါ မအေးအိမ်ပြန်သွားသည်ဟုသာ နှလုံးသွင်းလျှက် လက်ရှိကိုသာ အိမ်မက်ဟုသာခံယူလိုက်တော့သည်။ သူ့ခံစားချက် သူ့ဖြစ်မှု သူ့အခြေအနေတို့သည် အိမ်မက်ပင်။ သူ့သာယာမှုသည်လည်း အိမ်မက်ပင်ဖြစ်သည်။
"ဆာဟိရေ....ဆာဟိ...."
"ဟေ့ယောင်...အိပ်ရာမထသေးဘူးလား။ "
"ဟ....ဟေ့ကောင်... ဘယ်လိုဖြစ်တာလဲ"
ငါးတောင်းထမ်းပြီး အလုပ်ပြီးလို့ပြန်လာကြသည့် ဝေယံနှင့်ကောင်းဆက်ကြောင့် အိပ်ရာထဲမှာ အိပ်ပျော်နေသည့် ဆာဟိဘန်နိုးလာလေသည်။ သူ မနိုးခင် ကောင်းဆက်က စောင်ကိုဆွဲလှန်၍ နိုးလိုက်တာကြောင့် မျက်ခုံးပင့်ပြီး သူ့ကိုထူးဆန်းစွာကြည့်နေလေသည်။ ဒီတော့မှ ဆာဟိဘန်သည်လည်း ဗလာနတ္ထိဖြစ်နေသည့် သူ့ခန္ဓာကိုယ်ကို သူပြန်ငုံ့ကြည့်လျှက် အံ့သြခြင်းနှင့်အပြိုင် ဦးနှောက်သည် ညကအိမ်မက်ကို ချက်ချင်းသတိရသွားနှင့် စောင်ကိုကပြာကယာပြန်ဆွဲဖုံးထားလိုက်ရသည်။
"ဘယ်လိုဖြစ်တာလဲဆာဟိရဲ့ညက သိပ်လည်းမအိုက်ပါဘူး။ ဘယ်နှယ့်အဝတ်တောင်မကပ်နိုင်ဖြစ်ရတာလဲ။ နည်းနည်းပါးပါးတော့ ဝတ်ထားစမ်းပါကွာ။ ယောက်ျားချင်းပေမဲ့ ငါတို့ကရှက်တယ်ကွ.... ဟဲ...ဟဲ"
ဝေယံက ပြောင်စပ်စပ်ဖြင့်နောက်နေ၍ သူ့မှာမျက်နှာပူရင်း ကောင်းဆက်ကိုသာဗီရိုက ပုဆိုးတစ်ထည်ထုတ်ခိုင်းလိုက်ရသည်။ သို့သော်ပြောင်းလဲနေသည့် သူ့ခန္ဓာကိုယ်အနေအထားတို့ကြောင့် သူ့မှာ မအေးကိုသာမြင်ယောင်လျှက် ညကအိမ်မက်တို့သည် အိမ်မက်ဟုတ်ရဲ့လားဟု သံသယတို့ဝင်လာလေသည်။
တစ်ယောက်ထဲအတွေးများစွာဖြင့် တွေးလျှက် မအေးကိုအရိပ်တစ်ခုလို မြင်တွေ့ခဲ့ရသည်များကိုပြန်စဉ်းစားမိသည်အခါ သူသည် ဘဝ၌တစ်ခါမျှ မဖြစ်ဘူးလေသော ရှက်ရွံ့ခြင်းတို့ ကြီးစိုးလာလေသည်။
"ဟေ့ယောင်....ဒါကဘာလဲ၊ ဆံညှပ်ကြီးမလား။ မင်းအခန်းထဲ ဘာယူလုပ်တာလဲ။ ချိုင့်တွေလဲ အခန်းထဲမှာပဲ"
ဝေယံက စပ်စပ်စုစုနှင့် ဆံညှပ်ကို ဆော့ရင်းမေးလျှင် ညကမအေး၏ ပုံစံကရိပ်ခနဲပြန်မြင်ရလေသည်။ တစ်ခါမှဝတ်တာမမြင်ဖူးသည့် မြန်မာဝတ်စုံကိုဝတ်ထားရုံသာမက အမြဲလိုလိုခွေခွေလေးတွေချထားသည့်ဆံနွယ်တို့ကိုပါ ဆံညှပ်နှင့် ညှပ်ထားပြီးဆံထုံးပုံစံကလေးနှင့် ယဉ်ယဉ်လေးလှနေသည်ကို အလွတ်ရနေခဲ့သည်။ သို့သော် ဝေယံလက်ထဲက ဆံညှပ်ကလေးကြောင့် သူ့မှာနားထင်ကြောများထောင်တက်သွားသည်ထိ အသက်ရှူတောင် ခက်သွားရလေသည်။
"စားစရာသောက်စရာတွေနဲ့ မီးဖိုချောင်ထဲမှာရော ဘာတွေရှိသေးလဲ။ "
ဝေယံဘာမေးမေး သူ့မှာဘာမှပင်မဖြေနိုင်သေးပေ။
"ဟေ့ယောင်....နွားနို့တွေက ခိသာဝါလာပို့သွားတာလား။ မင်းသောက်ပြီးပြီလား။ အေးတောင်အေးနေပြီ။ ငါသောက်လိုက်တော့မယ်"
ဆာဟိဘန်ဆီကနေ ခွင့်ပြုချက်ပင်မစောင့်တော့ဘဲ ဝေယံက တစ်ကျိုက်ထဲမော့သောက်လေသည်။ ကျန်သေးသည့်နည်းနည်းကို ကောင်းတက်ကိုပင်သောက်မလားဟုမေးနေသေး၏။ သို့သော် ကောင်းဆက်ကမသောက်၍ သူပဲကုန်စင်အောင် သောက်လိုက်လေသည်။
"ကောင်းဆက်....ဒီကောင်ဘာဖြစ်နေတာလဲ"
ငြိမ်သက်သွားသည့် ဆာဟိဘန်ကို မေးလေးဆက်ပြီး ဝေယံကမေးလိုက်လျှင် ကောင်းဆက်မှာခေါင်းလေးသာရမ်းပြလေသည်။ အိပ်ရာထဲကနေ ထထိုင်ရင်းအဝတ်စားလဲနေသည့် ဆာဟိကိုကြည့်၍ ကောင်းဆက်တို့နှစ်ယောက်မှာ အံ့သြရပြန်လေသည်။
"ဟေ့ယောင်...မင်းခါးက သက်သာသွားပြီလား"
အရှင်းပျောက်တာမဟုတ်သော်လည်း နာကျင်နေသေးသည့်ဒဏ်ရာသေးသေးကလေးကို ကြိတ်မှိတ်ခံရင်း မအေး၏အိမ်ကိုသွားဖို့သာ တာဆူနေမိသည်။ သို့သော် အိမ်ကနေထွက်ခါနီးမှ တပွားပွားသမ်းနေသည့် ဝေယံကြောင့် သူမျက်မှောင်ကျုံ့သွားရလေသည်။
"မင်းရဲ့နွားနို့ကလည်း အိပ်ဆေးများထည့်ထားသလားမှတ်တယ်။ သောက်ပြီးထဲက အိပ်ချင်သလိုလို အိပ်ရေးမဝသလိုလိုနဲ့"
သူလည်း ညကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားရသည့် အကြောင်းပြန်တွေးမိသည့်အခါ နောက်ဆုံး၌ မအေး၏လက်ချက်မှန်းသိလိုက်ရတော့သည်။
Continuar a ler
Também vai Gostar
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
45.4K 1.1K 32
မင်းက ကိုယ့်အတွက် အားနည်းချက်ဖြစ်တဲ့အတွက် ကိုယ်မင်းကိုအလိုအပ်ဆုံးဆိုပေမဲ့.. ကိုယ်က မင်းကို ဘယ်တော့မှ ရွေးချယ်မှာမဟုတ်ဘူး။မင်းပြောနေတဲ့စကားသံတွေကို ကိ...
1.1M 59.2K 49
294K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...