part 24(uni)

1.4K 56 0
                                    

စားစော် (အပိုင်း ၂၄)

ဒေါသစိတ်၊ မခံချင်စိတ်နှင့် ရှက်ရွံ့မုန်းတီးမှုတို့ကြောင့် သူ့ခန္ဓာကိုယ်ကိုပင် မသတီသလို စိတ်အစဥ်မကျလျှက် သူခြေလှမ်းတွေ ခပ်သွက်သွက်လျှောက်နေမိသည်။ မျက်နှာပင်မသစ်ထားသည့် သူ့ပုံစံမှာ ပကတိမှုန်ကုတ်ကုတ်နှင့် ညှင်းသိုးသိုးဖြစ်လို့နေလေသည်။ ချောမွေ့သည့်မျက်နှာတစ်ခုထဲကြောင့်သာ သူ့မှာ အခြေမဲ့အနေမဲ့လူတန်းစားနှင့် မတူရုံကလေးသာ ရှိလေသည်။ သို့သော် သူ့၏မကြည်လင်သည့် ပုံစံကတော့ ပျောက်မသွားပေ။

စိတ်အလိုကိုလိုက်၍ ဒေါနှင့်မောနှင့် လျှောက်လာခြင်းကြောင့် သက်သာစဖြစ်သည့် ခါးက မသိမသာနာချင်သလိုလို ရှိနေသော်လည်း သူဂရုမစိုက်နိုင်တော့ပေ။ ယခုအချိန်၌ သူ့အသိ သူ့အာရုံတို့တွင် မအေးနှင့် ထိပ်တိုက်တွေ့၍ နလန်မထူနိုင်သည်ထိ ပြောဆိုရန်သာ တွေးနေမိသည်။

သို့သော် မအေး၏အိမ်သို့ရောက်သည့်အခါ မှန်းချက်နှင့် နှမ်းထွက်လွဲလေသည်။ မအေးက အိမ်မှာမရှိပေ။ ထမင်းချက်သည့် အဒေါ်ကြီးတစ်ယောက်သာရှိလေသည်။ ကျန်သည့် ပုံ့ပုံ့နှင့် ပုတုဆိုသည့်နှစ်ယောက်ကိုလည်း အရိပ်အယောင်ပင် မတွေ့ရပေ။ ထမင်းချက်သည့်အဒေါ်ကြီးက သူပြန်ခါနီးအချိန်တွင် တားလျှက် ခဏစောင့်ခိုင်းလေသည်။ ပြီးမှ အိမ်ထဲကနေ ပြန်ထွက်လာကာ သူ့လက်ထဲကို အထုပ်တစ်ထုပ်ထည့်ပေးလေသည်။

"ဒါကဘာကြီးလဲ"

လက်ထဲကအထုပ်ကို ဖြည်မကြည့်ခင် သူကအဒေါ်ကြီးကိုမေးလိုက်ပေမဲ့ အဒေါ်ကြီးက ခေါင်းသာခါလေသည်။

"သမီးမအေးက ပေးခိုင်းခဲ့တာပဲ အဒေါ်လည်းမသိပါဘူးကွယ်"

သူဘာမှမမေးတော့ဘဲ အိတ်ကိုဖြည့်လျှင် သူ့မှာအံ့သြခြင်းနှင့်အတူ ဒေါသတို့သည်ထောင်းခနဲထွက်လာ၏။ လူဆင်းရဲသော်လည်းဂုဏ်သိက္ခာမဆင်းရဲသည့် သူ့အတွက်မအေးပေးသည့်အရာသည် သူ့ကိုစော်ကားရုံသာမက သိက္ခာမရှိသည့်ယောက်ျားတစ်ယောက်အဖြစ်ကိုပါ တွန်းပို့လိုက်လေသည်။

"တောက်....မအေး....မအေး....ခင်ဗျားဗျာ"

သူ့မှာ ဒေါသတွေအလိပ်လိပ်သာ ထွက်လျှက် အိတ်နှင့်ထုပ်ထားသည့် မအေးပေးသော ငွေများကို အဒေါ်ကြီးဆီပြန်ပေးပြစ်လိုက်သည်။ အခုချိန်၌ မအေးကိုသာတွေ့ချင်သည်။ မျက်နှာချင်းဆိုင် တွေ့ပြီး သူ့ကိုသုံးစားမရသည့်ယောကျ်ားတစ်ယောက်အဖြစ်ကို တွန်းပို့ခဲ့ခြင်းကို ပျော်ရဲ့လားဟုမေးချင်လေသည်။

စားစော်Opowieści tętniące życiem. Odkryj je teraz