"ဆရာလေး
နွေဦးခေါ်သံကြားလို့ ကြည့်လိုက်တော့ ဖိုးသား လက်လေးနှစ်ဘက်နောက်ပစ်ပြီးတော့ နွေဦးကို ကြည့်နေရှာသည် ။ ဘာပြောချင်လို့ပါလိမ့်
"သားဘာပြောမလို့လဲ ပြောလေ
"ပေးစရာရှိလို့
" ပေးလေ
ဖိုးသားပေးတာဟာလေးကိုကြည့်လိုက်တော့ စာရွက်လေး ဘာတွေများရေးထားပါလိမ့် ဆိုပြီး နွေဦးဖွင့်ဖတ်ကြည့်လိုက်တယ်
^ခင်ဗျားရဲ့ နှလုံးသားမြို့တော်ကို သိမ်းပိုက်ဖို့
ကျုပ်ရဲ့ စစ်သည်တော် သုံးယောက်ချီတက်လာပြီ
စစ်ခရာမမူတ်ဘဲနဲ့
အချစ်ကဗျာတစ်ပုဒ်နဲ့ တင်
ခင်ဗျားကိုသိမ်းပိုက်မယ် ^
ပုံ/အရမ်းချောမောခန့်ညားတဲ့ကောင်လေး
•••••ကြောင်တောင်တောင်နဲ့ ဘာတွေလဲ ရေးထားတဲ့လက်ရေးကလဲ တီကောင်ဆားနဲ့ပတ်ထားပြီး ပဲပင်ပေါက်ကားကြိတ်ထားတဲ့အတိုင်း
နွေဦးတွေးမိသည် ဒီစာကိုရေးတဲ့သူက ကျုပ်တော့မပြည့်လောက်ဘူးဆိုတာကို ဒါနဲ့ဒီစာကိုဘယ်သူပေးတာပါလိမ့်
"သားသား ဒီစာကိုဘယ်သူကဆရာလေးကိုပေးခိုင်းလိုက်တာလဲ ဆရာကိုပြောပြနော်
"ဦးဦးခွပ်ဒေါင်းက သူပေးတယ်ဆိုတာကို ဆရာလေးကိုပြန်မပြောနဲ့ဆိုပြီး မှာလိုက်တယ် ဆရာလေးရဲ့
နွေဦးမှာဖိုးသားလေးအဖြေကိုကြားပြီးရီရခက်ငိုရခက် ဟိုတစ်ယောက်ကဘာမဟုတ်တာတွေ လုပ်ဖို့များစဉ်းစားနေတာပါလိမ့် သူနွေဦးကိုပြသာနာမရှာရရင်မနေနိုင်ဘူးထင်ပ
"သားကိုယ်နေရာကိုယ်သွားထိုင်တော့နော်
"ဟုတ်
နွေဦးစာရွက်ကလေးကိုစာအုပ်ကြားထဲညှပ်လိုက်ပြီစာသင်ဖို့ပြင်လိုက်တော့တယ်
__&&___&&___&&
" ဒေါ်အာကျယ် ခင်ဗျား ဘယ်ချိန်မှ ကျုပ်အဖေ အကြွေးကိုဆပ်မှာလဲ
"ဟဲ့ ငါမှာပေးစရာပိုက်ဆံမရှိလို့ မဆပ်တာပေါ့ ရှိရင် ဆပ်မှာပေါ့အေ
"ဟ ခင်ဗျားသူများပိုက်ဆံယူထားပြီး အဲ့လိုပြောလို့ရမလားဗျာ ခင်ဗျားအိမ်မှာရှိတဲ့ တန်၊ဖိုးရှိတဲ့ ပစ္စည်းတစ်ခုခု ကျုပ်ယူသွားရလိမ့်မယ်
"ငါအိမ်မှာတန်ဖိုးရှိတဲ့ ပစ္စည်းဆိုလို့ ငါဘဲရှိတယ် ငါသာယူသွားလိုက်
"ခင်ဗျားတော့မယူနိုင်ပါဘူး
"ငမဲတူးနဲ့ကျော်ကြီးသူ အိမ်မှာတန်ဖိုးရှိတဲ့ပစ္စည်းကိုရှာယူခဲ့
"ဟုတ်ကဲ့အာစိ
" မင်းတို့တွေ့ရင်ကြိုက်တာသာယူ ယူပြီးရင်တော့ ငါကတော့အကြွေးထက်မဆပ်တော့ဘူးနော်
အဖေကရွာထဲကိုအကြွေးတွေလိုက်တောင်းခိုင်းလိုက်တာမလို့ ခွပ်ဒေါင်းအကြွေးလိုက်တောင်းနေရချင်းဖြစ်တယ်
တခြားအိမ်တွေစီက ကောင်းကောင်းမွန်မွန် တောင်းရခဲ့ပေမဲ့ ဒေါ်အာကျယ်နဲ့တွေ့မှအခုလိုဖြစ်နေရတာ
"အာစိသူတို့အိမ်မှာ အဖိုးတန်တာဆိုလို့ဘာမရှိဘူး အိမ်နောက်ဖေးက စံပယ်ပန်ကြီး တစ်ခုတော့ရှိတယ်
'''စံပယ်ပင် ••••••
"စံပယ်ပင်ကအိုးနဲ့လားမြေကြီးပေါ်စိုက်ထားတာလား
"အိုးနဲ့စိုက်ထားတာအာစိ
"ယူခဲ့လိုက်အဲ့အပင်ကို
" ဟဲ့အဲ့စံပယ်ပန်ကိုယူပြီးမင်းတို့ကဘာလုပ်မှာလဲ
"ဘာလုပ်လုပ်ပေါ့ဗျာ ခင်ဗျား ကျုပ်အဖေ အကြွေးတွေဆပ်နိုင်တဲ့နေ့ပြန်လာယူလိုက်
"ဟိုကောင်တွေယူခဲ့သွားမယ်
°°°° ဒီအပင်ကိုသာဟိုလူပုစိတ်တိုကိုပေးလိုက်ရင် ပျော်သွားလိုက်တယ်ပြီးတော့ ကျုပ်ကိုလဲ အမြင်ကြည်လာလောက်တယ် ပြီးတော့ ပြန်ကြိုက်ရင်တောင်ကြိုက်နိုင်တယ် ဟဲဟဲ
"အာစိဒီစံပယ်ပန်ကြီး ကိုဘာလုပ်ဖို့လဲ
"ဟိုလူပုစိတ်တိုက စံပယ်ပန်းကြိုက်တယ်ကွ
"အဲ့တာနဲ့ဘာဆိုင်လို့လဲ
"မင်းတို့က တုံးတယ်ပြောရင်လဲမကြိုက်ဘူး
သူကြိုက်တာပေးမှာတော့ ပျော်သွားပြီးငါကိုပြန်ကြိုက်မှာပေါ့ကွာ
"အာ ဟုတ်သားဘဲ
"ဟုတ်သားဘဲလုပ်မနေနဲ့ သေချာသယ်ခဲ့
"ဟုတ်ဟုတ်
___&&___&&___&&___&&
"မောင်နွေဦးရေ ••• မောင်နွေဦး
ခေါ်သံကြားလို့ ထွက်ကြည့်တော့ဟိုဘက်အိမ်က ကျောက်ခဲအမေ
"ဒေါ်လေးကြည်လာလေ
" လာတာ လာရတယ်ငါတူကြီးရှိပမလားလို့ကွယ်
" ထမင်းအိုလေးချနေလို့ ဒေါ်လေးခေါ်တာကြားတယ်
"အဲ့တာဆိုအတော်ဘဲ ငါတူအတွက်ဆိတ်သားခြောက်လေးတွေနဲ့ပဲဆီလေးတစ်ဘူး လာပေးတာ
"အားနာစရာကြီးဒေါ်လေးရယ် ခဏခဏပေးနေတာ ဒေါ်လေးတို့ဘဲစားပါ ကျွန်တော်ကတစ်ယောက်ထဲသမားမလို့ ဘာနဲ့နေနေစားနိုင်ပါတယ်
"ဘယ်ဟုတ်မလဲငါတူမယ် မင်းတောင်ဟိုးမြို့ကနေ ဒီထိ တစ်ကူးတက အခကျွေးငွေမယူဘဲလာသင်ပေးတာဘဲ ဒေါ်လေးတို့ကလဲ တက်နိုင်တာလဲပြန်ကူညီရတာပေါ့
"ကျွန်တော်တက်တဲ့ပညာလေးနဲ့ကုသိုလ်လုပ်တယ်ဘဲသဘောထားပါတယ် ဒေါ်လေးရယ်ဒီလိုအရာတွေလိုချင်လို့မှမဟုတ်တာ
"ငါတူကြီးစေတနာကိုသိပါတယ် ဒေါ်လေးတို့စေတနာကိုလဲ ငါတို့ဆီသိရင်တော်ပြီး
နွေဦးမှဘာဆက်ပြောရမှန်းမသိတော့ပါ တစ်နေ့တစ်နေ့ ဟိုအိမ်ကဘာလေးရှိလို့လာပေးလိုက် ဒီအိမ်ဘာလေးရှိလို့လာပေးလိုက်နဲ့ နွေဦး ဟင်းချက်စရာဝယ်စရာတောင်မလိုတဲ့အပြင် ပိုလိုတော့သိမ်းထားပြီးတချို့မရှိတဲ့သူတွေပြန်ပေးနေရတယ်
"ဒါနဲ့ဒေါ်လေး ပဲကပေါ်ပြီလာ
"အရင်စိုက်ထားတဲ့ဟာလေးတွေကတော့ ပေါ်ပြီ ရောင်းဖို့ထိတော့မရဘူး အဲ့တာကြောင့်ဆီကြိတ်လိုက်တာ ဝယ်ဆီတွေက ကောင်းတာမဟုတ်တော့ ကိုယ်ပဲလေးကိုယ်အိမ်စားဖို့ကြိတ်လိုက်ရတယ် ငါတူရယ်
"အဲတာကြောင့်မွှေးနေတာ
" ပဲဆီစစ်တာကို ဝယ်ဆီဆိုဒီလိုမွှေးဘူလေကွယ်
ဒေါ်လေးပြောတာမှန်သည် နွေဦးတို့မြို့မှနေတုံးက ဝယ်သုံးတဲ့ဆီတွေဆိုဘာအနံ့မှမရပါ စားရတာလဲအရသာမရှိသလို ဒီရွာဆီတွေကတော့ အဲ့လိုမဟုတ် အဖုံးဖွင့်လိုက်တာနဲ့ ပဲဆီနံ့လေးကသင်းလို့ ဟင်းမပါဘဲ ဆီဆမ်းပြီးပဲပြုတ်လေးနဲ့စားရင်တောင် အရသာတော်တော်ရှိသည်။
" ဒေါ်လေး နောက်ပဲခင်းပေါ်လို့ ကျွန်တော် ကျောင်းပိတ်ရက်နဲ့ ဆုံရင် ကျွန်တော်လဲ ယာထဲ ပဲဆွတ်လိုက်မယ်နော်
"အေးအေးလိုက်ခဲ့ ဒေါ်လေးပဲဖော်တဲ့နေ့ပြောမယ်နော်
"ဟုတ်ဟုတ်
"အဲ့တာဆိုဒေါ်လေးပြန်အုံးမယ် နွားတွေအခုချိန်ဆို အစာမရှိလို့ မော့နေလောက်ပြီး
"ဖြည်းဖြည်းသွားနော် ဒေါ်လေး လဲအုံးမယ်
"အေးအေး
ကျောက်ခဲအမေဒေါ်လေးအေးကြည်က ဝဝတုတ်တုတ် အသားဖြူဖြူဖြစ်သည်။သဘောကလဲရှယ်ကောင်းသည် နွေဦးကိုဆိုသားတစ်ယောက်လို အမြဲပြောဆိုဆုံးမတက်သေးသည်။
နွေဦးအိမ်ထဲဝင်ပြီး ဒေါ်လေးပေးတာလေးတွေကိုသေချာသိမ်းထားလိုက်သည် ။
" ဆရာလေး ! ဆရာလေး
နွေဦးအသံကြားမှ ထွက်ကြည့်လိုက်တော့ စံပယ်ပန်းအိုးကြီးကို မထားတဲ့ ကောင်လေးနှစ်ယောက် သူတို့ရဲ့ဘေးမှတော့ လက်ကြီးပိုက်ပြီးတော့ ရပ်ကြည့်နေတဲ့ ဟိုပြသာနာကောင် ဘာတွေများ ပြသာနာရှာအုံးမယ်မသိ စိတ်ညစ်ပါတယ်လေ
"ဒီပန်းအိုးကြီးဘယ်နားချရမလဲ ဟင် အရမ်းလေးနေပြီမလို့
"အဆင်ပြေတဲ့နေရာ ချလိုက်နော်
"ဟုတ်ဟုတ်
ပန်းအိုးကြီးကိုအိမ်အနောက်သယ်သွားတဲ့သူတွေကြောင့် နွေဦးမှာဘာလုပ်ဖို့လဲဆိုတာသိချင်သွားတာကြောင့် လက်ပိုက်ပြီးရပ်ကြည့်နေတဲ့သူကိုမေးလိုက်ရတယ်
" အဲ့ပန်းအိုးက ဘာလုပ်ဖို့လဲ ဘယ်ကယူလာတာလဲ
"ခင်ဗျားအတွက်
"ဟင်
" ကျုပ်အဖေဆီက ယူထားတဲ့ အကြွေးမပေးနိင်လို့ အဲ့ ပန်းအိုးသိမ်းလာခဲ့တာ
"ဟင်
နွေဦးအံ့ဩမိပါတယ် တခြားအရာမယူဘဲပန်းအိုးယူလာရတယ် ဒီလူကိုသာသူအဖေအမြဲ အကြွေးတောင်းခိုင်းရင် ရှိသမျှစည်းစိမ်အကုန်ပြုတ်လောက်တယ်
" ခင်ဗျားမကြိုက်ဘူးလား
"ဘာကိုလဲ
"ပန်းပင်ကိုလေ
"ကြိုက်တယ်လေ
"ခင်ဗျားကြိုက်ရင်ကိုကျေနပ်တယ်
"ဘာပြောလိုက်တာလဲ
"ဘာမပြောပါဘူး ပန်းပင်ကို စောင့်ရှောက်ပေးအုံးလို့
"အဲ့တာကပြောစရာမလိုပါဘူး မင်းမစောင့်ရှောက်ခိုင်းတောင် ငါကသေရှာ စောင့်ရှောက်မှ
ခွပ်ဒေါင်းရှေ့ကလူကိုကြည့်နေရင်းစာအကြောင်းခေါင်းထဲရောက်လာတာမလို့ မသိမသာမေးဖို့ ပြင်လိုက်တယ်
"ဒါနဲ့ ခင်ဗျား မနက်ကစာမရဘူးလား
နွေဦးသိရဲ့သားနဲ့ မသိချင်ယောင်ဆောင်ပြီးမေးလိုက်တယ်
"ဘာစာလဲ
"ဖိုးသားကမပေးဘူးလား
"ပေးတယ်လေ
" ဖတ်မကြည့်ဘူးလား
"ဖတ်မကြည့်ပါဘူး မုန့်စားနေရင်းလာပေးတာဆိုတော့ လက်သုတ်ဖို့ထင်ပြီး လက်သုတ်ပြီးတော့ လွင့်ပစ်လိုက်တယ်
" ဘာ !!! ခင်ဗျား ခင်ဗျား နည်းနည်းတော့များသွားပြီ နော်
"ဘာကိုလဲ
မျက်နှာကြီးဆူပုတ်ပမျက်မှောင်ကြုတ်ပြီး ဒေါသထွက်နေတဲ့သူကိုကြည့်ပြီး နွေဦးရီချင် စိတ်ကိုမနည်းထိန်းထားရတယ်
" ဟိုကောင်တွေ ပြီးရင်သွားမယ်
ဆောင့်ဆောင့်အောင့်အောင့်နဲ့ထွက်သွားတဲ့သူကိုကြည့်ပြီး နွေဦးအသံထွက်အောင်ရီမိသည် ။ တကယ်လူကောင်ကြီး ကြီးသလောက်စိတ်က ကလေးစိတ်
Zaw
"ဆရာလေး
"ပေးစရာရှိလို့
" ပေးလေ
စစ်ခရာမမူတ်ဘဲနဲ့
"ဟုတ်
__&&___&&___&&
"ဟုတ်ကဲ့အာစိ
'''စံပယ်ပင် ••••••
"အာ ဟုတ်သားဘဲ
"ဟုတ်ဟုတ်
___&&___&&___&&___&&
"ဒေါ်လေးကြည်လာလေ
"ဟုတ်ဟုတ်
"အေးအေး
" ဆရာလေး ! ဆရာလေး
"ဟုတ်ဟုတ်
"ခင်ဗျားအတွက်
"ဟင်
"ဟင်
"ဘာကိုလဲ
"ပန်းပင်ကိုလေ
"ကြိုက်တယ်လေ
"ဘာပြောလိုက်တာလဲ
"ဘာစာလဲ
"ဖိုးသားကမပေးဘူးလား
"ပေးတယ်လေ
" ဖတ်မကြည့်ဘူးလား
"ဘာကိုလဲ