ဒေါင်း
By LaiYeephyo
195K 15.3K 1.3K
ရီသောသူသည်အသက်ရှည် ၏ More
Ongoingအပိုင်း(1) Un Zaw
အပိုင်း(2)Un Zaw
အပိုင်း(3)Un Zaw
အပိုင်း(4) Un Zaw
အပိုင်း(5) Un Zaw
အပိုင်း(6) Un Zaw
အပိုင်း(7) Un Zaw
အပိုင်း(8)Un Zaw
အပိုင်း(9) Un Zaw
အပိုင်း( 10)
Hello
အပိုင်း(11)
အပိုင်း(12)
အပိုင်း(13)Un Zaw
အပိုင်း(14)
အပိုင်း(15)Un Zaw
အပိုင်း(16)Un Zaw
အပိုင်း(17)Un
အပိုင်း(17)Zaw
အပိုင်း(19)Un Zaw
အပိုင်း(20)Un Zaw
အပိုင်း(21)Un Zaw
အပိုင်း(22)Un
အပိုင်း(22)Zaw
အပိုင်း(23)
အပိုင်း(24)Un Zaw
အပိုင်း(25)Un Zaw
အပိုင်း(26)
အပိုင်း(27)Un Zaw
အပိုင်း (28)Un Zaw
အပိုင်း(29 )Un Zaw
အပိုင်း(30)Un Zaw
အပိုင်း(31) Un Zaw
အပိုင်း (32)Un Zaw
အပိုင်း (33) Un Zaw
အပိုင်း( 34) Un Zaw
အပိုင်း( 35)Un Zaw
အပိုင်း(36)Un Zaw
အပိုင်း (37)Un Zaw
အပိုင်း(38)Un Zaw
အပိုင်း( 39)Un zaw
အပိုင်း(40)Un Zaw
အပိုင်း (41)Un Zaw
အပိုင်း( 42)UnZaw
bl
အပိုင်း(18)
3.3K 343 8
By LaiYeephyo
ဗျာ !!!
"မဗျာနဲ့ မင်းနံ့သာကိုယူရမယ် နံ့သာလို  လိမ္မာယဉ်းကျေးပြီး  ပညာတက် ရုပ်ချောတဲ့သူကို မင်းငြင်းစရာ အကြောင်းမရှိဘူး ပြီးတော့ သူက မင်းအပေါ်လဲ အရမ်းကောင်းရှာတယ်
"အဲ့တာနဲ့ဘဲ ကျုပ်ကသူကိုယူရမှာလား အဖေရာ
ခွပ်ဒေါင်း ကွပ်ပျစ်ပေါ် စိတ်ပြတ်လက်ပြတ်လဲရင်း ညည်းတွားမိတယ် နံ့သာကို ဘယ်လိုနည်းနဲ့မှမယူနိုင်ပါ နံ့သာနဲ့ ကျုပ်ကဟိုး ငယ်ငယ်လေးကတည်းက မောင်နှမလို သူငယ်ချင်းလို နေလာတဲ့သူတွေ ပြီးတော့ နံ့သာပေါ် သူငယ်ချင်းတစ်ယောက်ထက်မပိုပါ
" ဟုတ်တယ် မင်းနံ့သာကိုယူကိုယူရမယ်
"ကျုပ်မှာမိန်းမ မယူချင်တာ
" ဘာလဲ ? ••• မင်းအောက်ကဟာက ပန်းသေနေလို့ မိန်းမမယူချင်တာလား
" ဟာအဖေရာ မဟုတ်တာတွေ ကျုပ်က ဒီတိုင်း မိန်းမ မယူချင်လို့ပါ
"ငါကတော့ မင်းကို မိန်းမမြန်မြန်ပေးစားပြီး မင်းမိန်းမလက်ထဲကို မင်းကိုအပ်ပစ်ချင်နေပြီ
" ရှေးလူကြီးတွေ ပြောသလိုဘဲ
"ဘာလဲ
" မကောင်း ကျောင်းပို့တဲ့
"အဲ့တာနဲ့ ဘာဆိုင်လို့လဲ
"ဆိုင်တာပေါ့ အခု အဖေက ကျုပ်ကိုမနိုင်တာနဲ့ဘဲ အတင်းမိန်းမပေးစားနေတာလေ မဟုတ်လို့လား
ခွပ်ဒေါင်းပြောပြီး ကွပ်ပျစ်ပေါ်ကနေ ခုန်ဆင်းပြီး အိမ်ကနေ အပြေးထွက်ခဲ့တော့သည်။ မဟုတ်ရင် အဖေရဲ့ အထုအနှက်ကိုရော တရားရောပါနာနေရမည်။
စိတ်ညစ်ညစ်နဲ့ ကိုကောင်တွေရှိမဲ့ ထန်းတောကိုသာထွက်ခဲ့လိုက်တော့တယ်
ထန်းတောရောက်တော့ ဟိုကောင်တွေက ချတောင်ချနေကြပြီး
"ဟာ အာစိ လာ
ကျော်ကြီးပြတဲ့နေရာဝင်ထိုင်လိုက်ပြီး ကျော်ကြီး ထည့်ထားတဲ့ ထန်းရည်ခွက်ထဲက ထန်းရည်ကို တစ်ခါထဲ မော့ပစ်လိုက်တော့ ဘာအရသာရှိမှန်းကို မသိတော့ဘူး
ကျော်ကြီးနဲ့ငမဲတူး‌ကတော့ သူတို့အာစိကိုကြည့်ပြီး ဘာပြောရမှန်းမသိ အာစိကြည့်ရတာ တစ်ခုခုကို အလိုမကျသလို မျက်နှာကြီးကဆူပုတ်ပြီး ဒေါသထွက်နေတာသိသာတယ် အခုချိန်မျိုးမှာ စကားမှားလို့ကတော့ သေပြီဆရာဘဲ
" အာစိဘာဖြစ်တာလဲ ဘယ်ကောင်ကအာစိကို ဘာလုပ်လိုက်လို့လဲ
ကျော်ကြီးပြောတာကို ဘာမှပြန်မဖြေဘဲ ထန်းရည်တွေကြည့်ဇွတ်သောက်နေတာကြောင့် ပိုပြီးတော့သိချင်သွားသည်။
" အဖေကငါကို မိန်းမပေးစားမလို့တဲ့
" အဲ့တာကောင်းတာပေါ့ အာစိရာ
"လီးကို ကောင်းရမှာလားကွ ငါအခုမှ ကလေးရှိသေးတာ မိန်းမယူစရာလား
ပါးစပ်ကသာ ကလေးရှိ သေးတယ်လို့ ပြောတာ အောက်ကဟာကဖြင့် အမြှောက်လောက်ရှိနေပြီ
" ဒါနဲ့ အာစိအဖေက ဘယ်သူနဲ့ပေးစားတာလဲ
ကျော်ကြီးအမေးကို စိတ်ပြတ်ဆိုနဲ့ ပြန်ဖြေလိုက်တော့ နှစ်ကောင်သား ပါးစပ်အဟောင်းသား
"ဟင်
"ဟုတ်တယ် ငါကိုနံ့သာနဲ့ ပေးစားနေတာ ငါမှနံ့သာကိုမကြိုက်တာကွာ
"ဒါဆို အာစိကဘယ်သူကိုကြိုက်တာလဲ
ငမဲတူးအမေးကိုခွပ်ဒေါင်းပြန်မဖြေနိုင်ပါ ဒါပေမဲ့ နံ့သာကိုတော့ မကြိုက်ဘူး နံ့သာဆီမှာ ကျုပ်အရမ်းသဘောကျရတဲ့ အစွယ်တွေမရှိဘူး နံ့သာကိုသူများတွေလှတယ်လို့ ပြောပေမဲ့ ကျုပ်မျက်လုံးထဲတော့ လှတယ်လို့လဲ  မမြင်ပါ
ကျုပ်စိတ်ထဲမှလှတယ် လို့တွေးမိတဲ့သူ ဟိုလူပုစိတ်တိုဘဲရှိတယ် သူမှ ကျုပ်လိုချင်တဲ့ အစွယ်တွေရှိတယ် တခြားသူမှ အဲ့လိုအစွယ်တွေရှိရင်တောင် ကျုပ် အဲ့လောက်သဘောကျမယ်မထင် ဒီလူကိုကျမှ အရမ်းသဘောကျမိတာ ခက်တာကအဲ့လူက မိန်းကလေးမဟုတ်
မိန်းကလေးသာဆိုရင် ကျုပ်နှစ်ခါတောင်မစဉ်းစားဘဲ သွားတောင်းပစ်မှာ အိမ်ကလူတွေကမပေးစားဘူးဆိုရင်လဲ ခိုးပြေးပစ်ဖို့တွေးပြီးသား
"အာစိမှာကြိုက်တဲ့သူမရှိရင် နံ့သာကို ယူလိုက်ပေါ့ အာစိရာ နံ့သာက အာစိပေါ် ဟိုးအရင်ကတည်းကကောင်းရှာပါတယ်
"ငါမှသူကိုမကြိုက်တာ
"အဲ့တာဆို အာစိစိတ်ထဲမှ  အခုရှိနေတဲ့သူရှိလား
"အင်းရှိတယ်
"ဘယ်သူလဲ
"ဘယ်သူလဲ
နှစ်ကောင်သားသိပ်စိတ်မဝင်စားရှာဘူး ခွပ်ဒေါင်းဘေး တန်းရောက်ချလာတယ်
" ငါပြောရင် မင်းတို့လန့်မသွားဘူးလို့ ကတိ‌ပေး‌ရင်ပြောပြမယ်
နှစ်ကောင်သားခေါင်းတွေပြုတ်ကြမတက်ညိမ့်ပြနေတဲ့နှစ်ကောင်ကိုကြည့်ပြီးရီချင်မိတယ်
ငယ်ငယ်လေးကတည်းကပေါင်းလာတဲ့ တွေဆိုတော့ ဘယ်အရေးနေ သိချင်ကြတာမဆန်းတော့ပါ
" ငါ ! ငါ ဟိုလူပုစိတ်တိုလေးကို နည်းနည်းစိတ်ဝင်စားတယ်
" ဟင် ဘယ်လူပုစိတ်တိုလဲ
"မင်းတို့ ငါတပည့်ဖြစ်ပြီး တုံးလိုက်တာကွာ
"အာစိနာမည်ပြောမှသိမှာပေါ့
"နွေဦးကာရန်တဲ့
"နွေဦးကာရန် ?
"နွေဦးကာရန်?
"ကျော်ကြီး မင်းအဲ့နာမည်ကြားလား
"မကြားဘူး ဘူး မင်းရော
"ငါလဲမကြားဘူးသေးဘူး တခြားရွာကလားမသိဘူး
ခွပ်ဒေါင်းသေသာသေလိုက်ချင်တယ် ကိုယ်မှာတော့ သူတို့သိတယ်ဆိုပြီးအားတက်သရောပြောလိုက်ရတာ ဒင်းတို့နှစ်ကောင်ကတော့ ခေါင်းကုတ်ပြီးစဉ်းစားနေလေလျက်
" မင်းတို့နှစ်ကောင်းငါတပည့်လို့မပြောစမ်းပါနဲ့ ငါရှက်လွန်းလို့ပါကွာ
"ဟာဘာဖြစ်လို့လဲအာစိရ ကျုပ်တို့မှအာစိပြောတဲ့နာမည်မသိတာ
" မြို့ကနေ စာလာသင်ပေးတဲ့သူကိုတောင်မင်းတို့မသိဘူးလား
"အော် !
"ဟမ်း ဟမ်း ??
"အာစိ တကယ်ကြီးပြောနေတာလား
ကျော်ကြီးနဲ့ငမဲတူး နှစ်ကောင်သား စွအ လျက် ဘယ်လိုဖြစ်ပြီး အာစိက ဆရာလေးကို ကြိုက်သွားရတာလဲ  အာစိကဆရာလေးဆို ဘယ်‌ တော့မှအကောင်းပြောဘူးတာမဟုတ်
ပြီးတော့ အာစိလိုလူက ယောင်္ကျားလေးတစ်ယောက်ကိုကြိုက်တယ် အာစိပြောလို့သာယုံရတာ မဟုတ်ရင်သကြားမင်းဆင်းပြောတောင်မယုံနိုင်ပါ
ကျုပ်တို့က ယောင်္ကျားလေးအချင်းချင်းကြိုက်တာကို အရမ်းကြီးထူးဆန်းမနေပါ ရွာဦးဆရာတော်ရဲ့တူတော်မောင်တောင် ယောင်္ကျားလေးအချင်းချင်းယူထားကြတာလေ အစကတော့ သူတို့နှစ်ယောက်ကို အပျော်စမ်းကြည့်တယ်ဘဲ ထင်ခဲ့ကြတာ  အခုတော့ သူတို့အတူတူပေါင်းသင်းလာတာ 7နှစ်လောက်ရှိနေပြီ  ယောင်္ကျားနဲ့ မိန်းမယူတဲ့သူတောင်ကွဲပြဲ ရန်ဖြစ်စကားများကြပေမဲ့ သူတို့နှစ်ယောက်ကတော့ စကားများရန်ဖြစ်တာမကြာဘူသေး တစ်နှစ်တစ်ခါရွာပြန်လာပြီးလဲ နှစ်ယောက်အတူတူ ကုသိုလ်ကောင်းမူတွေလုပ်ကြသည်။
"ဖြန်း ! ဖြန်း!
" မင်းတို့နှစ်ကောင် နောက်ဘဝများရောက်သွားတာလား
ခွပ်ဒေါင်းလက်မောင်းတွေ ပိတ်ရိုက်လိုက်မှာနှစ်ကောင်သားသတိလည်လာတယ်ထင်ပ
"မဟုတ်ပါဘူးဗျာ ကျုပ်ကစဉ်းစားနေတာပါ
"မင်းကဘာစဉ်းစားတာလဲ
"အာစိက ဆရာလေးကိုစိတ်ဝင်စားတယ်ဘဲထဲ အာစိကဆရာလေးကိုပြန်စိတ်ဝင်စားကမလား
"ငါကဘာဖြစ်နေလို့ သူကစိတ်မဝင်စားမှာလဲ
ငါလို ချောမောခန့်ကြားတဲ့ သူဌေးသားအလိမ္မာအိမ်ပါလေးကိုမှမကြိုက်ရင် သူဘယ်သူကြိုက်မှာလဲ
"တခြားသူတွေဆိုရင်တော့ဟုတ်ရင်ဟုတ်မှာ ဒါပေမဲ့ ဆရာလေးကတော့ မရလောက်ဘူးထင်တယ်
ခွပ်ဒေါင်းကျော်ကြီးပြောတာကိုတွေးနေမိတယ် ဟိုလူပုစိတ်တိုက  ကျုပ်ကိုလွယ်လွယ်နဲ့ ပြန်ကြိုက်မှ‌တော့ မဟုတ်လောက်ဘူး ဘာလို့ဆို သူကိုကျုပ်ခဏခဏပြသာနာရှာတာတွေ ကျေနပ်မှာမဟုတ်
"အဲ့တာဆိုငါဘာလုပ်ရမလာ မင်းတို့စဉ်းစားထားတာရှိလား
"ကျုပ်မှာရှိတယ်အာစိ
"မဟုတ်တာပြောရင်တော့ အသေဘဲနော်
"ကျုပ်ကိုယုံစမ်းပါအာစိရာ
"မင်းအစီအစဉ်ကဘယ်လိုလဲပြောပါအုံး
"ဒီလိုအာစိရဲ့
(😗❤️  ကလစ် Ssလေးတွေလဲ လာပြကြပါနော် Ssပြတာ လူမပြည့်ရင် Upပေးလို့မရလို့ပါ စာဖတ်သူတွေနားလည်ပေးပါနော် )
Zaw
ဗ်ာ !!!
"ဘာလဲ
"ဟာ အာစိ လာ
"ဟင်
"ငါမှသူကိုမကြိုက်တာ
"အင်းရှိတယ်
"ဘယ်သူလဲ
"ဘယ်သူလဲ
" ဟင် ဘယ်လူပုစိတ်တိုလဲ
"နွေဦးကာရန်တဲ့
"နွေဦးကာရန် ?
"နွေဦးကာရန်?
"မကြားဘူး ဘူး မင်းရော
"အော် !
"ဟမ်း ဟမ်း ??
"ဖြန်း ! ဖြန်း!
"မင်းကဘာစဉ်းစားတာလဲ
"ကျုပ်မှာရှိတယ်အာစိ
"ဒီလိုအာစိရဲ့
Continue Reading
You'll Also Like
60.4K 4.9K 35
မကျွံခဲ့မိရင်အကောင်းသား ဆိုတဲ့နောင်တစိတ်သေးသေးကလေးပင် မရခဲ့မိတဲ့ ကျွန်မ ။နွံ...ထိုနွံပေါ့ ။ အချိုကြွယ်သည်။ နွံ+သံလွင်ဦး(ဒေါက်တာ+ကျောင်းဆရာမလေး) U+Z ...
280K 38K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...
121K 5.6K 173
Bota e Mafies është një botë e errët ku jo të gjithë zgjedhin të jenë pjesë e saj. Ajo nuk kishte zgjedhur të ishte pjesë e asaj bote...ishte fati q...
1.5M 87.6K 48