သားဖွားခန်းက ရင်ခုန်သံ(သားဖြာ...

By SakuraRain2000

2.4M 188K 27.4K

👨🏻‍⚕️ Main Chapter 10 parts + After Falling In Love 15 parts🌸 More

Chapter-1(Unicode)
Chapter-2(Unicode)
Chapter-3(Unicode)
Chapter-4(Unicode)
Chapter-5(Unicode)
Chapter-6(Unicode)
Chapter-7(Unicode)
Chapter-8(Unicode)
Chapter-9(Unicode)
Chapter-10 (Unicode)
After Falling In Love-1(Unicode)
After Falling In Love-2(Unicode)
After Falling In Love-3(Unicode)
After Falling In Love-5(Unicode)
After Falling In Love-6(Unicode)
After Falling In Love-7(Unicode)
After Falling In Love-8(Unicode)
After Falling In Love-9(Unicode)
After Falling In Love-10(Unicode)
After Falling In Love-11(Unicode)
After Falling In Love-12(Unicode)
After Falling In Love-12-2(Unicode)
After Falling In Love-13(Unicode)
After Falling In Love-14(Unicode)
After Falling In Love-15(Unicode)
Final(Unicode)
After Marriage(Unicode)
After Marriage 2(Unicode)
Chapter-1(Zawgyi)
Chapter-2(Zawgyi)
Chapter-3(Zawgyi)
Chapter-4(Zawgyi)
Chapter-5(Zawgyi)
Chapter-6(Zawgyi)
Chapter-7(Zawgyi)
Chapter-8(Zawgyi)
Chapter-9(Zawgyi)
Chapter-10(Zawgyi)
After Falling In Love-1(Zawgyi)
After Falling In Love-2(Zawgyi)
After Falling In Love-3(Zawgyi)
After Falling In Love-4(Zawgyi)
After Falling In Love-5(Zawgyi)
After Falling In Love-6(Zawgyi)
After Falling In love-7(Zawgyi)
After Falling In Love-8(Zawgyi)
After Falling In Love-9(Zawgyi)
After Falling In Love-10(Zawgyi)
After Falling In Love-11(Zawgyi)
After Falling In Love-12(Zawgyi)
After Falling In Love-12-2(Zawgyi)
After Falling In Love-13(Zawgyi)
After Falling In Love-14(Zawgyi)
After Falling In Love-15(Zawgyi)
Final(Zawgyi)
ကျေးဇူးတင်လွှာ&Book
About Physical Book
Book Cover
🌸Preorder Now🌸
After Marriage(Zawgyi)
Happy Birthday U Phyo
After Marriage 2(Zawgyi)

After Falling In Love-4(Unicode)

76.5K 5.6K 557
By SakuraRain2000

"အဟေး...သည်နေ့ တစ်စုံတစ်ယောက်ကတော့ အတော်လေးတက်ကြွနေပါတယ်နော်"

ဝေနှင်းသွယ်၏မကြားတကြားစနောက်မှုကို အင်ဂျက်ရှင်လိုက်ဖို့အတွက်ပြင်ဆင်ရင်း ‌လေတချွန်ချွန်ဖြင့်မြူးထူးနေသော လင်းထက်တစ်ယောက် သွားတိုက်ဆေးကြော်ငြာသလို အစွမ်းကုန်သွားဖြီးရင်း တုံ့ပြန်လိုက်သည်။ ဖုံးမရဖိမရပျော်ရွှင်နေဟန်တို့က သူ့မျက်နှာတွင် အထင်းသား။ သည်နေ့ ရှားရှားပါးပါး ဟိုလူကြီးနဲ့ ဒိတ်တင်ရှိနေသောကြောင့်။ ကိုယ်စီဆေးရုံထဲခြေတိုအောင်ပြေးလွှားနေရသူအချင်းချင်း မတိုက်ဆိုင်တတ်သောဂျူတီချိန်များအကြား ယခုလိုအတူအပြင်သွားနိုင်ဖို့ဆိုတာ ရတောင့်ရခဲအခွင့်အရေးတစ်ခု။။ ထို့ပြင် ယခင်ရက်ပိုင်းက ထိုလူကြီးက စာမေးပွဲဖြေဖို့ အားလပ်ချိန်တိုင်းစာတွေချည်းကျက်နေရသောကြောင့်လည်း အတူတူအချိန်ဖြုန်းဖို့ မအားလပ်နိုင်ဖြစ်နေခဲ့ရသည်။ ယခုတော့ ပီဂျီဝမ်းအောင်သွားပြီဖြစ်သော ချစ်သူလူကြီးအား လင်းထက်မှာ ဂုဏ်ပြုချင်လွန်း၍ အချိန်မနည်းတောင်းထားရခြင်းဖြစ်သည်။ အမှန်ဆို မနှစ်ကတည်းက ဖြေဖို့ပြင်ဆင်နေခဲ့သည် ဖြစ်သော်လည်း ရုတ်တရတ် ထိုလူကြီး၏မိခင်နေမကောင်းဖြစ်ခဲ့သဖြင့် သည်နှစ်မှ ဝင်ဖြေရရှာတာ။

တကယ်တော့ လူအများကအမြဲဦးတပ်ခေါ်နေခဲ့သော လင်းထက်၏ချစ်သူ ထိုလူကြီးမှာ နှစ်ဆယ့်ခွန်မျှသာရှိပါသေးသည်။ အမြဲတစေတွန့်ချိုးနေတတ်သည့်မျက်ခုံးတွေနှင့် ခပ်တင်းတင်းစေ့ထားတတ်သောနှုတ်ခမ်းတွေက နှစ်ဆယ့်ရှစ် နှစ်ဆယ့်ကိုးလောက်ဟု ပြေးထင်ချင်စရာရှိတာတော့အမှန်။ ယခုတော့ ထိုလူကြီးက မမထက်တောင် လပိုင်းလောက် ငယ်သေးသည်တဲ့။ သို့ပေမဲ့ ကိုယ့်ချစ်သူမို့ ရုပ်ရင့်တယ်ဟုလည်း မဆိုရက်ပါ။ ထိုလူကြီးပြုံးလိုက်လျှင် မည်မျှ နုပျိုသွားလဲ လင်းထက်အသိဆုံးမို့။

သည်ကြားထဲ ကုန်ဆုံးခဲ့သောအချိန်တွေနှင့်လျှော်ညီစွာ တစ်စတစ်စတူးဖော်မိလာတဲ့ ထိုလူကြီး၏ ကြမ်းတမ်းခြင်းအယောင်ဆောင်ဖုံးကွယ်ထားသောနူးညံ့မှုတွေဟာ လင်းထက်အတွက်တော့ ယစ်မူးဖွယ်ပါ။ ပို၍တိုးကပ်လေ ပို၍တွယ်ညှိရပါလေသော ထိုလူကြီးဟာ လင်းထက်အတွက် ဘယ်လောက်ဖတ်ဖတ်မတင်းတိမ်နိုင်ရတဲ့စာအုပ်တစ်အုပ်လို။ ဘယ်တော့မှလည်း တင်းတိမ်မယ်မထင်ပါလေ။

တိုး၍လာသော ရစ်တွယ်မှုသံယောဇဥ်တို့နှင့်အမျှ ချစ်သူတို့အကြားပွင့်လင်းရင်းနှီးမှုတို့ကလည်း တဖြည်းဖြည်းတိုး၍လာခဲ့ရသည်။ တစ်ခုပါပဲ။ တချို့နေရာတွေမှာ ချစ်သူတွေရယ်လို့ ရိုရချိုရမှာကိုနားမလည်သည့် အကျင့်ပါနေသော ဆူပူငေါက်ငမ်းနေတတ်တာလေးတွေကလွဲလို့။ ချစ်၍သာအပြစ်မမြင်ခဲ့ပေမဲ့ တစ်ခါတစ်လေ အမြင်ကတ်လွန်း၍ မှတ်လောက်သားလောက်အောင်စိတ်ကောက်ပစ်ခဲ့တာတွေလည်းအခါခါ။ ထိုအခါ စိတ်ရှည်လက်ရှည်လက်ရှည်ချော့လို့ ပြေခဲ့ရတာတွေလည်းရှိသလို စိတ်ကောက်လို့ကောက်နေမှန်းတောင်မသိလို့ ကိုယ်ဘာကိုယ်ပြန်ပြေခဲ့ရတာတွေကလည်း ဆယ်ကြိမ်မှာ ကိုးကြိမ်။

ဘယ်လိုပဲဖြစ်ဖြစ် သည်ကာလတွေမှာ လင်းထက်အလွန်ပျော်ခဲ့ပါသည်။ အစ်ကိုတစ်ယောက်လိုလုံခြုံမှုအပြည့်ပေးသောနွေးထွေးမှုတို့ကြား၊ ချစ်သူတစ်ယောက်လို တိုးတိတ်ယစ်မူးစေသောအကြင်နာတို့အကြား။

"တီ တီ"

သည်နေ့အတွက်နောက်ဆုံးအလုပ်ဖြစ်သည့် အင်ဂျက်ရှင်လိုက်ပြီးသည်နှင့် လက်မှတ်ပြေးထိုးကာ နားနေခန်းထဲသို့ကသုတ်ကရိုက်ဝင်လာစဥ် အိတ်ထဲရှိဖုန်းမှ မြည်လာသောစာဝင်သံ။ ထိုလူကြီးပဲဟုအတပ်သိနေသည်မို့ ချက်ချင်းထုတ်ကြည့်လိုက်တော့

'အဆောင်ရှေ့မှာ စောင့်နေတယ်'တဲ့။

လင်းထက်နောင်တစ်ယောက် မဖုံးနိုင်မဖိနိုင်ပြုံးဖြီးရင်း အဝတ်ပင်မလဲတော့ဘဲ အိတ်ကိုဆွဲယူကာ အခန်းထဲမှပြေးထွက်‌လေတော့သည်။ အခန်းအပေါက်ဝတွင် ယှဥ်လျက်ဝင်လာသည့် ဝေဝေနှင့်ကောင်းကောင်းအား ဝင်တိုက်မိမလိုဖြစ်ရသေးသည်။

"ဟဲ့ လင်းထက်ရယ်... ဖြည်းဖြည်းလုပ်ပါဟဲ့၊ အဝတ်ရော မလဲတော့ဘူးလား"

"မလဲတော့ဘူး၊ အိမ်ရောက်ရင် ရေချိုးမှာပဲကို"

"အမလေးဟယ်၊ အရင်ကတော့ လမ်းမှာဆေးရုံနံ့နံတယ်လေးဘာလေးနဲ့ ကြီးကျယ်နေပြီး အခုကျတော့လည်း ကိုကို့မျက်နှာတစ်ကမ္ဘာဖြစ်သွားပြီပေါ့"

"အရင်ကတည်းက ကို့ကို့မျက်နှာ တစ်ကမ္ဘာပါဟာ"

ဝေဝေက မနိုင်သလိုသာ မျက်ဖြူလန်ပြတော့သည်။ သူ ရှည်ရှည်ဝေးဝေးစကားများမနေနိုင်ပါ။ အောက်မှာ ဟိုလူကြီးစောင့်နေပြီမို့ နှစ်ယောက်လုံးကိုလက်ပြနှုတ်ဆက်ရင်းသာ ကော်ရစ်ဒါတစ်လျှောက်ပြေးထွက်ခဲ့လေတော့သည်။

"ဟဲ့ လင်းထက် လင်းထက်"

"ဘာလဲဟာ"

ခပ်လှမ်းလှမ်းရောက်နေမှ အာပြဲနှင့်လှမ်းအော်ခေါ်သော ဝေဝေကြောင့် သူစိတ်ညစ်ညူးစွာပြန်လှည့်ကြည့်ရင်း ဆောင့်အောင့်ထူးလိုက်မိသည်။

"အဟဲ သားလေး သည်ည အိမ်တော့ပြန်အိပ်ဦးမှာ မဟုတ်လားဟင်၊ ရုပ်ရှင်ကြည့်ဖို့အပြင် တခြားဘာအစီအစဥ်တွေများရှိသေးလဲလို့"

"ဘာရှိရမှာလဲ"

ဘောက်ဆတ်ဆတ်မေးလိုက်ပြီးမှ ဝေဝေ၏ ပြီပြီတီတီမျက်နှာပေးကို နားလည်လိုက်သည်မို့ လင်းထက်တစ်ယောက် နှုတ်ခမ်းလှုပ်ရုံသာ အသံတိတ်ကျိန်ဆဲခဲ့လိုက်ပြီး အောက်ထပ်သို့ပြေးဆင်းခဲ့လိုက်တော့သည်။

အဆောင်ရှေ့ရောက်တော့ အလွတ်မှတ်မိနေသော ထိုလူကြီး၏ကားအားမြင်သည်နှင့် အနားသို့ အပြေးသွားလိုက်သည့်အခါ တံခါးကိုအဆင်သင့်ဖွင့်ထားပေးသောသူ။

"တစ်နေကုန်လွမ်းနေတာ"

ကားထဲဝင်ထိုင်ပြီးပြီးချင်း ပိုပိုသာသာပြောလိုက်သည့် စကားကြောင့် အမြဲခပ်တန်းတန်းရှိနေတတ်သည့် နှုတ်ခမ်းတွေဟာ သိသာစွာတွန့်ကွေးသွားသည်။ သူလည်းလွမ်းနေပါသည် ဘာညာပြန်မပြောသော်လည်း ယခုလို ပြုံးဖော်ရလာတာကိုပင် ကျေးဇူးတင်ရမည်။

လင်းထက် နေရာ၌ထိုင်ပြီးသည်နှင့် ထိုလူကြီးက ထိုင်ခုံခါးပတ်ကို အသင့်ပတ်ပေးလာသည်။ လုပ်ပေးနေကျဖြစ်သော်လည်း မရိုးနိုင်စွာ ကျေနပ်ပီတိဖြာရင်း မျက်နှာရှေ့ရောက်လာသော ဆံနွယ်စင်းစင်းတို့ထံမှ စန္ဒကူးနံ့သင်းသင်းကိုသာ ထုံးစံအတိုင်း ခိုးယူနမ်းရှိုက်လိုက်သည်။

"သည်နေ့ရော အလုပ်ထဲမှာ အကုန်အဆင်ပြေရဲ့လား၊ ဘာတွေများထွေထွေထူးထူးဖြစ်သေးလဲ"

လာပါပြီ။ ကားလေးစရွေ့လျားချင်းချင်း ပထမဆုံးထွက်လာသည့် စကားသံက ထုံးစံအတိုင်းအလုပ်ကိစ္စ။ လင်းထက်က မြင်မြင်ချင်း သတိရကြောင်း၊ ချစ်ကြောင်းစပြောသည်ဆိုလျှင် ထိုလူကြီးကတော့ အလုပ်အကြောင်း သို့မဟုတ် စာအကြောင်းသာလျှင်စပြောတတ်သည်မှာ အမြဲလိုလို။ သူ့ကွယ်ရာ၌ရှိခဲ့သော လင်းထက်၏တစ်နေ့တာတွင် ထမင်းစားရေသောက်သည်မှအစ အိမ်သာတက်သည်အဆုံး ကိစ္စကြီးငယ်တို့ကို အမြဲပြန်လည် မေးမြန်းတတ်သည်။ သူသဘောမကျတာရှိလျှင် ပြန်လည်ဆူပူဆုံးမတတ်ပြီး လင်းထက် တစ်ခုခုကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ကြောင်းဝမ်းသာအားရပြောပြရင်တော့ ချီးကျူးဖို့လည်းမမေ့တတ်ခဲ့။

"အဆင်ပြေပါတယ် ဘာမှထွေထွေထူးထူးမရှိပါဘူး"

ထိုစကားကို လမ်းဘေးရှိ ဆိုင်များကိုငေးရင်း လင်းထက်ဖြေလိုက်သည်။ ထိုလူကြီးက ခဏတာ တိတ်ဆိတ်နေပြီးမှ

"ဘယ်တုန်းက လိမ်တတ်သွားလဲ လင်းထက်နောင်"

လင်းထက်တစ်ယောက် မသိမသာနှုတ်ခမ်းဆူပုပ်လိုက်ပြီး ထိုလူကြီးထံစွေကြည့်လိုက်တော့ ကားမောင်းရင်းမှစောင်းငဲ့ကြည့်လာသော အကြည့်တို့က အကုန်သတင်းပြန်ကြားပြီးသားဆိုတာ ဗေဒင်မေးစရာမလို။ ယခုလင်းထက်တာဝန်ကျနေသောဌာနမှ ထိုလူကြီး၏သူငယ်ချင်း ကိုဝေလင်းလှမ်းပြောတာပဲဖြစ်ဖြစ်၊ ထိုလူကြီးဖုန်းဆက်မေးတာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်မည်။ လူမရောက်မီကတည်းက ယနေ့ဖြစ်ပျက်သမျှသတင်းတို့ဟာ ထိုလူကြီးထံ ရောက်နေခဲ့ချေပြီ။ မည်သို့ပင်ဆိုစေကာမူ ယနေ့ကြုံခဲ့ရသည့် အဖြစ်အပျက်အား ခရေစေ့တွင်းကျ ပြန်လည်ပြောပြရမှာပဲမို့ လင်းထက် သိသိသာသာနှုတ်ခမ်းကို ဆူပုပ်လိုက်ပြီး မိမိအပြစ်အတတ်နိုင်ဆုံးလျော့နိုင်မည့် စကားလုံးတို့ကိုသာ အသည်းအသန် စဥ်းစားလိုက်မိသည်။ တကယ်တော့ မိမိအပြစ်မပါဟုလည်းထင်သည်။ ဆရာဝန်ဆိုတာ လူနာတွေကောင်းဖို့အတွက် ကုသမှုတွေလုပ်ဖို့ အတတ်နိုင်ဆုံး တိုက်တွန်းနှိုးဆော်ရမှာ တာဝန်ပဲမဟုတ်လား။

"သည်လိုဗျာ အစ်ကိုရာ၊ အဲလူနာက အရင်တစ်ခါလည်း အခုလိုပဲ အစာအိမ်ရောင်လို့ ဆေးရုံတက်ဖူးတယ်၊ အဲဒါကို အစာပုံမှန်မစားဘဲ အရက်ချည်းပဲသောက်နေလို့ အခုနောက်တစ်ခေါက်ထပ်တက်ရတယ်ဗျာ၊ နောက်ပြီး သူက လူနာစောင့်လည်း ရှိတာမဟုတ်ဘူး၊ သူအရက်ချည်းပဲသောက်နေလို့ သူ့မိန်းမနဲ့သမီးကလည်း သူ့ကို စွန့်ပစ်လိုက်ပြီ၊ ဒါကို သူကဆေးရုံရောက်နေတာတောင် ဆရာမတွေတိုက်တဲ့ဆေးတွေကို မသောက်ဘဲ လွှင့်ပစ်တယ်လေ"

"အဲဒါနဲ့ မင်းက မူးနေတဲ့သူကို တစ်ယောက်တည်းသွားပြီးတရားချတယ်ပေါ့"

"ဆရာမလေးက ကျွန်တော့်ကို လာပြောတာကို၊ ကျွန်တော်က သွားမပြောပေးဘဲနေလို့ကောင်းမလား"

"ဟုတ်ပါတယ်၊ သွားပြောရမှာပေါ့၊ ဒါပေမယ့် တစ်ခေါက်နဲ့ပြောတာလက်မခံရင် ထားခဲ့လိုက်လေ၊ အဲလူက အယ်ကိုဟောလ်သောက်ထားတဲ့အတွက်ကြောင့် မင်းဆက်ပြောလည်း အပိုပဲဆိုတာ မသိဘူးလား"

"ကောင်းကောင်းမွန်မွန်ပြောရင်ရမလား တွေးမိလို့ပေါ့"

"မရတဲ့အပြင် ဟိုက ဖန်ခွက်နဲ့ပေါက်တာပါခံလိုက်ရတယ်မဟုတ်လား"

"မထိလိုက်ပါဘူး၊ ကျွန်တော်ရှောင်လိုက်တာပဲကို"

"အေး မထိလို့ပေါ့ကွ၊ မတော်တဆထိသွားခဲ့ရင်ရော၊ အဲဒါ ဖန်ခွက်အမာကွ၊ ခေါင်းတွေဘာတွေထိရင်တစ်ခါတည်းကွဲသွားမှာ၊ မင်းဒါကို နည်းနည်းလေးမှမတွေးမိဘူးလား ဟမ်"

"သူ အဲလောက်ထိ ရန်လိုသွားလိမ့်မယ်လို့မှ မထင်တာ"

ဦးစိတ်တိုပီပီ ထိုလူကြီးဒေါသထွက်နေပြီမို့ လင်းထက်ခေါင်းငုံ့ရင်းသာ ခပ်တိုးတိုးဆိုမိသည်။ ဘာမှဖြစ်မသွားတာတောင် သည်လောက်စိတ်တိုနေရင် တစ်ခုခုများဖြစ်သွားခဲ့လျှင် မည်သို့နေမည်မသိ။ ထိုလူကြီး၏ စိတ်ပူလာလျှင် ဒေါသထွက်လာတတ်သည့်အကျင့်ကို သိနေတာကြောင့် အပြစ်လည်းမမြင်နိုင်။ ယခုလို မိမိအတွက် ပူထူစိတ်တိုနေတာကိုပင် ပီတိဖြာရတာ။

လင်းထက်ခေါင်းငုံ့သွားတာမြင်တော့ ထိုလူကြီးက လေသံကို ချက်ချင်းလျောချလိုက်ပြီး

"မင်းစပြောကတည်းက သူလက်မခံရင် ထားခဲ့လိုက်တော့ပေါ့၊ နောက်ပြီး အယ်ကိုဟောလ်သောက်ထားတဲ့လူတစ်ယောက်ဟာ အဲအချိန်မှာ ဘယ်လိုမှ တရားချလို့ နားဝင်မှာမဟုတ်ဘူးဆိုတာလည်း မင်းမသိတာမဟုတ်ဘူး"

"သူအဲလိုဆက်လုပ်နေရင် သူဒုက္ခရောက်မှာလေ၊ ဒါကြောင့် ကျွန်တော်က စေတနာနဲ့..."

"ဒါပေမဲ့ သူက မင်းစေတနာကို အသိအမှတ်ပြုနိုင်တဲ့အသိစိတ်ရှိမနေဘူးလေကွာ"

လင်းထက် နှုတ်ခမ်းကို ဖိကိုက်လျက် ခဏတိတ်ဆိတ်သွားပြီးမှ

"အဲလိုဆိုရင် ကျွန်တော်က သူ့ကို အဲတိုင်းပစ်ထားလိုက်ရမှာလား"

"ထားသင့်ရင်ထားရမှာပဲပေါ့၊ ဆရာဝန်ဆိုတိုင်း လူတိုင်းကို လိုက်ပြုပြင်ပေးနေနိုင်နေမှာ မဟုတ်ဘူးလေ၊ လူတစ်ယောက်ကို စကားလုံးတွေနဲ့လိမ္မာသွားအောင်ပြုပြင်လိုက်ဖို့ဆိုတာ ဇာတ်လမ်းတွေထဲလောက် အပြင်မှာ လွယ်ကူနေတာ မဟုတ်ဘူး၊ မေတ္တာနဲ့ပြောင်းလဲနိုင်ဖို့ဆိုတာလည်း အဲအတိုင်းပဲ၊ မိဘမေတ္တာနဲ့တောင် မလိမ္မာတဲ့ သားဆိုးသမီးဆိုးတွေမှ အများကြီးမဟုတ်လား၊ သည်တော့ အခုမင်းပြောတဲ့ တစ်ယောက်ဆိုလည်း သူ့မိန်းမနဲ့သမီးတောင်ပြောလို့မရတဲ့လူမို့ မင်းစေတနာထားလည်း အလကားပဲ၊ နောက်ပြီး သူက အယ်ကိုဟောလ်လည်း သောက်ထားတာမို့ အဲအချိန်က သူ့ကို တရားချဖို့မသင့်တော့ဘူး၊ သည်တော့ တစ်ခါတလေ ကိုယ်တို့မတတ်နိုင်တဲ့အရာတွေမှာ ကိုယ့်ထိုက်နဲ့ကိုယ့်ကံဆိုပြီး ကိုယ်တို့ မျက်နှာလွှဲထားရမှာပဲ လင်းထက်နောင်၊ စေတနာနဲ့မထိုက်တန်တဲ့လူတွေကြောင့် မင်းတစ်ခုခုဖြစ်သွားရင် ယူကြုံးမရဖြစ်ရမှာ မင်းကိုချစ်တဲ့သူတွေပဲ"

ကျိုးကြောင်းစီလျော်နေသောစကားတွေကြောင့် လင်းထက်နာခံစွာ ခေါင်းငုံ့ထားမိသည်။ ထိုလူကြီးက ကားမောင်းရင်းမှ လင်းထက်ဘက်စောင်းငဲ့ကြည့်လာပြီး နွေးထွေးသောလက်တစ်ဖက်ဟာ လင်းထက်၏လက်ပေါ် သို့ အုပ်မိုးထွေးဆုပ်လာသည်။

"နောက်တစ်ခါ ကိုယ့်ကိုအန္တရာယ်ဖြစ်စေမဲ့အရာတွေကို ဝေးဝေးရှောင်စမ်းပါ၊ မင်းတစ်ခုခုဖြစ်သွားရင် ကိုယ်ဘာဖြစ်သွားမလဲတောင် ကြိုမတွေးနိုင်ဘူး"

လင်းထက် တခုပ်တရပြုံးလိုက်မိရင်း ထိုလက်တစ်ဖက်အား ပြန်လည်ဆုပ်ကိုင်ကာ ပါး၌အပ်လိုက်ရင်း

"စိတ်ချပါ၊ နောက်တစ်ခါ ကျွန်တော်ချစ်ရတဲ့အစ်ကို့ကို ကျွန်တော့်ကြောင့် စိတ်မပူစေရတော့ပါဘူး"

"ဒါဆိုလည်း မင်းရဲ့အသက်ကို မင်းချစ်တဲ့ကိုယ့်ရဲ့အသက်လို သဘောထားပြီး စောင့်ရှောက်နေစမ်းပါ"

"‌ဟာဗျာ"

လင်းထက်တစ်ယောက် ကားမောင်းနေသည့် လင်းထက်နဲ့မှ ကျွတ်လာသော သားဖွားဆောင်မှလူပျိုကြီးအား အသည်းယားလွန်း၍ မချိပြုံးသာပြုံးလိုက်ရတော့သည်။ သည်လူကြီးကို လင်းထက်ချစ်ရလွန်းလို့ ဘယ်နေရာမှာသွားသိမ်းထားရပါ့မလဲ။ ထိုလူကြီးထံမှရော လင်းထက်ထံမှပါ ထုံသင်းနေသည့် စန္ဒကူးနံ့သင်းသင်းဟာ လင်းထက်၏ရင်ခုန်ပျော်ရွှင်မှုများနှင့်အတူ လိုက်ပါ ကခုန်နေသလိုလို။

ထို့နောက် ကားရှုပ်လာ၍ ထိုလူကြီးက လက်ကိုပြန်ရုတ်တော့ အသာတကြည်လွှတ်ပေးလိုက်ရင်း နောက်ခုံကိုမှီကာ သက်တောင့်သက်သာပြန်ထိုင်နေလိုက်သည်။ နှစ်ယောက်လုံး စကားမပြောတော့သောအခါ တိတ်ဆိတ်သွားသော ကားလေးအတွင်းကြောင့် လင်းထက် ဖုန်းထုတ်ကာ ဘလူးတုချိတ်လိုက်ရင်း သီချင်းတစ်ပုဒ်အားခပ်တိုးတိုးဖွင့်လိုက်သည်။ သံစဥ်ကြားရုံဖြင့် ဘာသီချင်းမှန်းတန်းသိသွားသောထိုလူကြီးက ခုနကစိုးရိတ်စိတ်ဖြင့်မှုန်မှိုင်းနေမှုများပျောက်၍ ခပ်ဖွဖွပြုံးလာသည်။

"ရင်ခုန်သံ မင်းနားကြပ်လေးနဲ့ နားထောင်ပါဦး..."

လင်းထက် ခပ်ဖွဖွလိုက်ဆိုရင်း လက်ကပါ ရင်ဘက်ပေါ်တင်၍ အမူအရာလုပ်ပြလိုက်တော့ မျက်နှာထက်မှ ရွှေလမင်းဟာ သိသိသာသာကို ဝင်းပလာခဲ့သည်။ ထိုအခါမှလင်းထက်လည်း စိတ်သက်ရာရမိရင်း အိမ်ရောက်သည်အထိ ထိုသီချင်းတစ်ပုဒ်တည်းကိုသာ ထပ်ခါထပ်ခါဖွင်းရင်း လိုက်ဆိုလာခဲ့သည်။ ပြီးလျှင်လာမည့်ရှားရှားပါးပါးဒိတ်တင်အား မည်သည့်နည်းနှင့်မှ မကောင်းသည့် ခံစားချက်တို့ကို သယ်ဆောင်မသွားလိုပါလေ။

"ခြောက်နာရီခွဲ ကိုယ်လာပြန်ခေါ်မယ်နော်၊ အဆင်ပြေတယ်မဟုတ်လား"

"ဟုတ် အစ်ကိုပြီးတာနဲ့ မြန်မြန်သာပြန်လာခဲ့၊ ကျွန်တော်က မြန်တယ်"

ကားပေါမှဆင်းပြီး ပြတင်းနားခေါင်းပြူကာ လင်းထက်ဆိုတော့ ထိုလူကြီးက မနိုင်သလိုသာ ခေါင်းခါရင်း လင်းထက်ခေါင်းအား ခပ်ဖွဖွပုတ်ကာ နှုတ်ဆက်ခဲ့ပြီး ကားလေးကို ဆက်မောင်းသွားသည်။ လေထဲမှာ ဝေ့ဝဲကျန်ခဲ့သည့် စန္ဒကူးနံ့သင်းသင်းဟာ မိမိထံမှမှန်းသိတာတောင် ထိုလူကြီး၏အ‌ငွေ့အသက်ဟုမှတ်ယူလိုက်ပြီး အားရပါးရ ရှူရှိုက်လိုက်ပြီးမှ အိမ်ထဲသို့ပြေးဝင်ခဲ့လိုက်သည်။

*******************

"ဟိုအရှေ့ကဆိုင် အစ်ကို၊ ဟိုနားမှာ ရပ်လိုက် ရပ်လိုက်"

လင်းထက်ညွှန်ပြသည့်နေရာတွင် ကားရပ်ပြီးသည်နှင့် လမ်းကြိုလမ်းကြားထဲ ဟိုကွေ့သည်ကွေ့မောင်းဝင်လာရသည်မို့ တွန့်ချိုးချင်နေပြီဖြစ်သော မျက်ခုံးပိုင်ရှင်အား အချိုသာဆုံးပြုံးပြရင်း ထိုမျက်ခုံးတို့ထက် အနမ်းတစ်ပွင့် အရင်ခြွေကာ ပြေစေရသည်။ အတူ ဖြတ်သန်းခဲ့ပြီးသောနေ့ရက်တို့၌ ဦးဒေါသကုမ္မာရက ယခုလိုမျိုး လမ်းရှုပ်ရှုပ်တွေ၌ ကားမောင်းရလျှင် စိတ်ရှုပ်ဒေါသထွက်တတ်မှန်း သိခဲ့ပြီးလေသောကြောင့်။

ယခင် ဒိတ်တင်များတွင်အကြီးဖြစ်သော ထိုလူကြီးက အမြဲဆိုင်ရွေးကာ လိုက်ကျွေးတတ်ခဲ့သော်လည်း ယနေ့တွင်တော့ လင်းထက်မှ ထိုလူကြီးအား ဂုဏ်ပြုချင်သည်ဖြစ်သောကြောင့် ဆိုင်ကိုလည်း လင်းထက်စိတ်ကြိုက်ရွေးကာ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ယခုဆိုင်လေးက ရှမ်းအစားအစာများအဓိကရပြီး လင်းထက်ဆေးကျောင်းသားဘဝကတည်းက ဝေဝေတို့ကောင်းကောင်းတို့နှင့်အတူ ခြေရာထပ်အောင်လာခဲ့သော ဆိုင်လေးဖြစ်သည်။ ထွေထွေထူးထူးပကာသနတွေမရှိသော်လည်း လက်ရာက လင်းထက်အကြိုက်ဖြစ်သောကြောင့်။

"အစ်ကိုကလည်း အခုမှအစရှိသေးတာကို၊ အဲမျက်ခုံးကြီးတွန့်မထားနဲ့လေ"

အနမ်းတစ်ပွင့်နှင့်ငြူစူစူအပြော၏နောက် ချက်ချင်းလိုလိုပြေသွားပါသော်လည်း ဆိုင်ထဲမှ ကြိတ်ကြိတ်တိုးလူများကိုမြင်တော့ တစ်ဖန်ပြန်၍တွန့်ချိုးသွားလေသည်။

"ရှမ်းအစားအစာက အပြင်လမ်းမတန်းတွေမှာလည်း ရှိရက်နဲ့ကို၊ သည်မှာလူအရမ်းမရှုပ်ဘူးလား"

"ကျွန်တော်က သည်ဆိုင်ကလက်ရာပဲ ကြိုက်တာကို"

တစ်ချက်တော့စောင်းငဲ့ကြည့်လာပေမဲ့ ဒိတ်တင်တိုင်းမှာ လိုက်လျောတတ်သူဟာ ဘာမှမပြောတော့ဘဲ လင်းထက်လက်ကိုဆွဲကာ ဆိုင်ထဲဝင်သည်။ ဝိုင်းတိုင်းနီးပါးကပြည့်နေပြီး ဆိုင်အတွင်းထောင့်တစ်နေရာသာအားသည်မို့ ထိုနေရာသို့ ဦးတည်သည်။

ထိုစဥ် ဘေးဝိုင်းတွင် ခွဲစိတ်ဌာနမှအတန်းတူဟောက်ဆာဂျင်များကိုမြင်လိုက်ရသဖြင့် လင်းထက်ခေါင်းတစ်ချက်ဆတ်၍ ပြုံးပြနှုတ်ဆက်လိုက်ရသည်။ မြောက်ဥက္ကလာမှလူစည်ကားသည့်ဆိုင်အတွင်း အသိအကျွမ်းတွေကို ကျိန်းသေတွေ့ရမည်ဆိုတာသိသော်လည်း အထွေအထူးတွေးပူမနေပါ။ တစ်ဆင့်စကား တစ်ဆင့်နားအရ မိမိနှင့်ထိုလူကြီး၏ဆက်ဆံရေးကို တော်တော်များများက တစေ့တစောင်းသိနေခဲ့ကြပြီကို။ အနည်းငယ်စူးစမ်းဟန်အကြည့်များကို ရိပ်မိသော်လည်း ကိုယ်ကိုယ့်ကိုယ် သိမ်ငယ်သည်ဟု စိုးစဥ်းမျှမခံစားရပါ။ ထိုလူကြီးလက်ကိုတွဲလို့ ဒါဟာ ငါ့ချစ်သူလို့ တစ်လောကလုံးကိုတောင် ခေါင်းမော့ပြောရဲပါသည်လေ။

"အစ်ကို ဘာစားမလဲ"

မီနူးကိုကြည့်နေရင်း ထိုလူကြီးက ခေါင်းတစ်ချက်ခါသည်။

"မင်းမှာလိုက်လေ၊ ကိုယ်နဲ့အဆင်ပြေမှာကို"

လင်းထက်ခေါင်းညိတ်လိုက်ပြီး အနားသို့လာရပ်သည့်ကောင်မလေးအား မှီးရှည်နှစ်ပွဲ၊ ရှမ်းခေါက်ဆွဲနှစ်ပွဲနှင့် လင်းထက်အမြဲစားနေကျ ငါးထမင်းနယ်နှစ်ပွဲကို မှာလိုက်သည်။

"ကျွန်တော်က အစ်ကို့လို ဘောစိမဟုတ်တော့ ဆိုင်ကြီးမှာလိုက်မကျွေးနိုင်ဘူးလေ၊ ဒါပေမဲ့ သည်ဆိုင်ကလက်ရာတွေကတော့ တကယ်မိုက်တာပါ"

မနိုင်သလိုကြည့်လာရင်း ခေါင်းထက် ခပ်ဖွဖွထုလိုက်ခြင်းကို အရယ်အမောမပျက်မော့ကြည့်ကာ ချစ်ရသူကိုငေးရသည်။ ထိုလူကြီးကို လင်းထက် သဘောကျရသည့်အထဲမှာ ဒါတွေပါသည်။ လင်းထက်လိုပဲ မည်သူ့ကိုမှ ဂရုမစိုက်တတ်သည်လူမျိုးမို့။ လူကြားထဲ လင်းထက်ခေါင်းလေးကို ပုတ်လိုက်ဖို့၊ လက်ကိုဆွဲခေါ်သွားဖို့၊ အရမ်းအသည်းယားလာရင် ပါးသို့မဟုတ်နှာခေါင်းကိုလိမ်ဆွဲပစ်ဖို၊ နဖူးမှချွေးစတွေကိုသုတ်ပေးဖို့ ထိုလူကြီးဟာ ဘယ်သောအခါမှ တွန့်ဆုတ်မနေတတ်ခဲ့။ တစ်ခါကတော့ မေးဖူးသည်။

"လူတွေအားလုံးကို ကိုယ်တို့အကြောင်းချပြဖို့ သတ္တိရှိလား"တဲ့။

လင်းထက် တရစပ်ခေါင်းညိတ်တော့ ထိုလူကြီးဟာ လူကြားထဲမှာပင် လင်းထက်လက်ကို တမြတ်တနိုးနမ်းရှိုက်ခဲ့ဖူးတာ။ ယုယကြင်နာခဲပေမဲ့ တစ်ခါယုယတိုင်းလည်း လင်းထက်မှာ နှလုံးတွေခွေယိုင်မတက် ပျော်မွေ့ရတာ။

"အာ ဒါနဲ့ အစ်ကို၊ ကျွန်တောနောက်တစ်ပတ်ပြောင်းရမဲ့နေရာက အောသို(အရိုးဌာန) သိလား၊ အစ်ကိုနဲ့ နီးပြီ"

"အင်း ကိုယ်သိပါတယ်"

ထိုလူကြီးက မထူးဆန်းဟန် ဆိုသည်။ လင်းထက် မျက်စောင်းတစ်ချက်ဝင့်လိုက်မိသည်။ လင်းထက်၏အချိန်ဇယားတွေကို ကာယကံရှင်ထက်ကို ထိုလူကြီးကအလွတ်ရနေပြီးသား။

"အဲကျရင် ဂျူတီအချိန်တွေတိုက်ရင်ကောင်းမယ်နော်၊ အစ်ကိုနဲ့အတူသွားအတူပြန်ရအောင်"

"ဦးကြည်တိုးကို တက်ပြောလေ"

"ဟွန့် တော်ပါ၊ ကျားမြီးပဲ ပြေးဆွဲတော့မယ်"

ဦးကြည်တိုးဆိုတာ လင်းထက်တို့၏ဆေးရုံအုပ်။ အရှေ့တွင်ဖြီးပြပြီး နောက်ကွယ်တွင်အတင်းတုပ်ခံရသော ဆေးရုံရဲ့ နံပါတ်တစ်အော်လံကြီး။

"အစ်ကိုကြီးလာရင် ဦးကြည်တိုးလိုဖြစ်မလားမသိဘူးနော်၊ ဟိတ် ဆိုတာနဲ့ တစ်ဆေးရုံလုံး ပြားပြားဝပ်"

"ကိုယ်က အဲလောက်ဆိုးလား"

လင်းထက် ပခုံးတွန့်ပြလိုက်တော့ အံကြိတ်ကြည့်လာသူဟာ မျက်ခုံးတွေကိုလည်း မမေ့မလျော့ တွန့်ချိုးလျက်။

"ဖြိုးစည်လင်းသူ"

မှာထားသည်များရောက်လာ၍ အငယ်ပီပီ ထိုလူကြီးအတွက် အသင့်ပြင်ပေးနေတုန်း တစ်ဖက်ဝိုင်းမှ အမျိုးသမီးတစ်ဦး၏ ခေါ်သံကြောင့် အခေါ်ခံရသူနည်းတူ လင်းထက်၏ခေါင်းကလည်း တစ်ပတ်လည်သွားသည်။

အသံပိုင်ရှင်ကိုတွေ့တော့ မသိမသာမျက်မှောက်ကုတ်မိသည်။ သားဖွားဆောင်၏အောက်ထပ် မီးယပ်ဌာနမှ ထိုလူကြီးတို့နှင့်အတန်းတူအစ်မတစ်ယောက်။ တစ်ခါက ဦးဖြိုးစည်လင်းသူနှင့်ပတ်သတ်ပြီး ဝေဝေသယ်လာခဲ့ဖူးသည့် အတင်းအဖျင်း၏ပိုင်ရှင်ဆိုလည်း ဟုတ်သည်။ ထိုအစ်မက လင်းထက်၏လူကြီးအား ကြိတ်သဘောကျနေခဲ့သည်ဆိုသည့်သတင်း။ ဤအချက်ဖြင့်ပင် လင်းထက်၏မျက်ခုံးများတွန့်ချိုးသွားဖို့ လုံလောက်နေခဲ့ပါပြီ။ ထိုထက်ပိုပြီး စိတ်တိုရမည်ဆိုလျှင်တော့ ထိုအစ်မမှာ ဆံပင်ရှည်တွေပါ ရှိနေခဲ့ခြင်းပင်။

စောနက ဝင်လာတုန်းကမတွေ့မိတာမို့ ယခုမှ ဆိုင်ထဲဝင်လာခြင်းဖြစ်မည်။ လူကြီးကတော့ သူ့နာမည်ကိုပင်ခေါ်ကာ ပြုံးပြနှုတ်ဆက်သူကို လူမှုရေးအရ ခေါင်းညိတ်ပြန်နှုတ်ဆက်ပါသည်။ တည်တင်းနေကျနှုတ်ခမ်းတွေက ပြေလျော့ရုံသာရှိပြီး ​ပီပီပြင်ပြင်တွန့်ကွေးခြင်းမရှိတာကိုတော့ ကလေးဆန်စွာ ကျေနပ်မိသည်။

ထို့နောက် တစ်ဖက်မှ နက်မှောင်မှောင်မျက်ဝန်းလှလှတွေက လင်းထက်ထံဝေ့ဝဲလာချိန်တွင်တော့ ယောင်ကန်းကန်းတစ်ချက်ပြုံးပြလိုက်မိသည်။ အငယ်တစ်ယောက်က အကြီးတစ်ယောက်အား ပြုံးပြသည့်အပြုံးတွေ၌ အနည်းငယ် မကျေနပ်ရိပ်လေးတွေ စွက်နေမှာကိုတော့ ဥပေက္ခာသာပြုထားမိသည်။

လှိုက်လှဲမှုကင်းမဲ့သည့် နှုတ်ဆက်မှုအပြီး သူ့ဝိုင်းနှင့်သူ ကိုယ့်ဝိုင်းနှင့်ကိုယ်ဖြစ်သွားသော်လည်း လင်းထက်၏မကျေနပ်စိတ်သေးသေးလေးကတော့ အဆုံးသတ်မသွားပါ။ ကိုယ့်ချစ်သူကို ကိုယ့်ရှေ့မှာ မျက်ဝန်းလှလှလေးတွေနဲ့ချစ်ရိပ်လွှမ်းစွာအကြည့်ခံရတာက ရင်ထဲ ခံရခက်လှသည်။

"အစ်ကို နယ်ပေး"

အစက စေတနာကြီးစွာ ထိုလူကြီး၏ပန်းကန်ရော မိမိပန်းကန်ပါ နယ်ဖက်ပြင်ဆင်ရန်တွေးမိသော်လည်း ယခုတော့ နှစ်ပန်းကန်လုံးကို ထိုလူကြီးရှေ့ တွန့်ပို့လိုက်တော့ မျက်ခုံးပင့်ကာ အံ့ဩသလိုကြည့်လာပေမဲ့ ဘာမှမပြောဘဲ ယူကာနယ်ပေးသည်။ မျက်ဝန်းထောင့်စွန်းမှမြင်ရသည့် စူးစမ်းဟန်အကြည့်များကိုတော့ လက်ပေါ်မေးတင်ရင်း ဥပေက္ခာပြုထားလိုက်သည်။ ကလေးဆန်သည်ပဲဆိုဆို ဦးဖြိုးစည်လင်းသူဆိုသော ထိုလူကြီးက လင်းထက်နောင်၏အပိုင်ဆိုတာ တစ်လောကလုံးကို သိစေချင်ပါသည်။

ကိုယ်နိုင်သည်က အပ်တစ်ချောင်းမျှသာဆိုရင်တောင် ချစ်ရသူအတွက်ဆို ထိုအပ်လေးနဲ့ပဲ ဒိုင်းသဖွယ် အသက်စွန့်ကာကွယ်ပစ်မှာ။

****************

"အေးလာပြီလား"

ရုပ်ရှင်ရုံအတွင်း ခပ်စိမ့်စိမ့်လွှမ်းခြုံလာသော အဲကွန်းအအေးဓာတ်ကြောင့် ခန္ဓာကိုယ်ကို တစ်ချက်ကျုံ့လိုက်မိစဥ် ဆုပ်ကိုင်ထားသော လက်တစ်ဖက်ကို အနည်းငယ်ဖျစ်ညှစ်လို့ ထိုလူကြီးကမေးလာသည်။

"ဟုတ် နည်းနည်း"

ချက်ချင်းပင် သူ့အိတ်ထဲမှ အနွေးထည်ပါးပါးကို ထုတ်သည်။ အအေးကြောက်ပေမဲ့ အနွေးထည်ဆောင်လေ့မရှိသော လင်းထက်အတွက် ထိုလူကြီးက ကြိုတင်ပြင်ဆင်လာခဲ့ခြင်းဖြစ်မည်။ ထိုလူကြီး၏ ကိုယ်ငွေ့ရောယှက်သော အင်္ကျီကို အပြုံးတို့မထိန်းနိုင်မသိမ်းနိုင် ဆင်မြန်း၍ လက်လျှိုလိုက်ပြီးနောက် ပခုံးထက်မှီရင်းမှ ဘေးစောင်းမြင်နေရသည့် မေးရိုးတို့အား အသည်းယားစွာ မော့ကာ နမ်းရှိုက်လိုက်မိသည်။

ဘိတ်ဆုံးအတွဲခုံတွင်မို့ အမြင်မသင့်တော်မှာတွေလည်း ပူစရာမလိုပါလေ။ တကယ်တော့ ထိုလူကြီး လက်မှတ်သွားဖြတ်တုန်းက တစ်ယောက်ခုံတွေပဲ ဖြတ်လာမည်ဟုထင်ခဲ့တာ။

စုံတွဲခုံလက်မှတ်ကို မျက်နှာလွှဲရင်း ပေးလာတုန်းက လူကြားထဲ ပြေးဖက်လိုက်ချင်သည်အထိ ပျော်ခဲ့ရတာ။

ယခုလည်း ​မှောင်ရိပ်ကို အရဲကိုးလို့ မထိတထိစနောက်နေမိသည်။ ပထမတော့ ထိုလူကြီးဟာ ရုပ်တည်ဖြင့် ရုပ်ရှင်ပိတ်ကားပေါ်ကိုသာ မျက်မှောက်ကုတ်၍ အာရုံစိုက်ထားသည်။ ဒါကို ပို၍ အရဲကိုးမိတော့...

"ရုပ်ရှင်မကြည့်တော့ဘူးလား လင်းထက်နောင်"

ခပ်ကြိတ်ကြိတ်မေးလာသံက ဒေါသမပါ။ လင်းထက် ပြုံးလိုက်သည်။

"ဟင့်အင်း ကျွန်တော် ရုပ်ရှင်ကို အစ်ကို့လောက် စိတ်မဝင်စားဘူး"

စောင်းငဲ့ကြည့်လာသူဟာ လင်းထက်လက်ကို ခပ်တင်းတင်းဖိတ်ဆုပ်လျက်။

"မင်း အဲလိုလုပ်နေရင် ကိုယ်လည်းကြည့်လို့ရမှာမဟုတ်တော့ဘူး"

"အစ်ကိုက သည်ကားကိုကြိုက်လို့လား"

"မင်းကြည့်ချင်တယ်ဆိုတာကို ရွေးထားတာလေ"

"မသိဘူး၊ ကျွန်တော် တွေ့တဲ့ကား ရွေးလိုက်တာ၊ ဘာကားမှန်းတောင်မသိဘူး"

"မင်းကတော့လေ"

လက်ကို ပိုမို၍ခပ်တင်းတင်းဖျစ်ညှစ်လိုက်သူ၏ မျက်ဝန်းတွေမှာ မချင့်မရဲ့ဟန်တွေအပြည့်။

"အစ်ကို"

"အင်း"

"ကျွန်တော့်ကို ချစ်လား"

မချင့်မရဲ့မျက်ဝန်းတွေဟာ နူးညံ့ရိပ်တို့ လွှမ်းခြုံပြန်သည်။

"​မေးပြန်ပြီ၊ ခဏခဏပြောနေရတာ မရိုးဘူးလား၊ ဟင် လင်းထက်နောင်"

"ကျွန်တော့် အစ်ကို့ကိုချစ်တယ်၊ အဲဒါ အစ်ကို့အတွက်ရော ရိုးလား"

အမှောင်ရိပ်ဝယ် သိသိသာသာပြုံးသွားသော နှုတ်ခမ်းတွေ။ ထိုအပြုံးတွေမကြာခဏဖြစ်တည်နေဖို့က လင်းထက်အလိုချင်ဆုံး ဆန္ဒတစ်ခု။

"ပြောလေ၊ အစ်ကို့အတွက်ရော ရိုးလားလို့"

"မင်းကတော့လေ"

ရံဖန်ရံခါ အရှက်သည်းတတ်သော လူပျိုကြီးဟာ လင်းထက်အကြည့်တွေကို ရှောင်လွှဲဖို့ ကြိုးစားလျက်။

"ဖြေလေ အစ်ကို"

အဖြေမရမချင်း လင်းထက်ရစ်တော့မည်ဆိုသည်ကို ကြိုသိလေတော့ ထိုလူကြီးဟာ သက်ပြင်းချလျက် လင်းထက်ဘက်သို့ တိတိပပလှည့်လာသည်။

"ကိုယ်ပြောစရာမလိုအောင် မင်းသိနေပြီပဲကို"

"ဟင့်အင်း ပြောပါ၊ ကြားချင်တယ်"

အကြင်နာမျက်ဝန်းတို့ကို တိတိကျကျအလေးနက်ပြု၍ဆိုတော့ ချစ်ခြင်းမေတ္တာဟာ ထိုမျက်ဝန်းတွေထက် ယစ်မူးဆော့ကစားသည်။

စက္ကန့်အချို့ထိ ဆုံချက်အပြုမှာ ညို့ငင်လာသော ငြိတွယ်မှုတို့အား ရက်ရောစွာခွင့်ပြုမိတော့ သွယ်ယှက်ထားသော လက်ချောင်းတွေက ပို၍သိပ်သည်းသည်။

ဘယ်လိုလေထုမျိုး၏ တွန်းကန်မှုက ချစ်ခြင်းမေတ္တာကို တားဆီးနိုင်ပါ့မလဲ။

နှုတ်ဖျားမှာ လေလှိုင်းသံအဖြစ် ထွက်လာခွင့်မရှိတော့သော စကားလုံးတွေဟာ လင်းထက်နှုတ်ခမ်းတို့ထက် အတိအကျကို ခိုနားသည်။

ထိုလူကြီး လူလည်ကျလေပြီ။

အရှက်သည်းတိုင်း အနမ်းမိုးတို့သည်းလေတာ။

ချစ်တယ်ပြောခိုင်းတိုင်း နမ်းတတ်လေသူဆီ ချစ်တယ်ဟု မကြာခဏပြောခိုင်းနေသူဟာ ဘာကိုများ ပရိယာယ်ဆင်မျှော်လင့်လို့ပါလိမ့်။

ယစ်မူးရသည့် အကြင်နာတို့ဟာ သည်လူကြီးထံမှမို့ တန်ဖိုးရှိလွန်းနေတာ။ သည်လူကြီးထံမှမို့ လောဘတက်နေမိတာ။ သည်လူကြီးထံမှမို့ မြတ်နိုးလွန်းနေရတာ။

ဆလ်တစ်ခုချင်းတို့အား လောင်မြိုက်စေသည့် အဖိအဖွတို့အကြား မောဟိုက်​​နေရင်း ဤငြိတွယ်မှုကို သူ့မှာ မက်မက်မောမောယစ်မူးရသည်။

အနိုင်အရှုံးမသတ်မှတ်သော တိုက်ပွဲတစ်ခုမှာ အငယ်ဖြစ်သည့်ကိုယ်က အမြဲလိုလိုရှုံးနေတတ်ခဲ့သည့်အားလျော်စွာ ယခုလည်း စတင်စေချင်၍ လမ်းဖွင့်သူက မိမိဖြစ်ပါသော်လည်း ပြန်လည်တွန်းကန်ရပ်တန့်စေရသူကလည်း မိမိပဲဖြစ်ရတော့သည်။

တဖြည်းဖြည်းတိုး၍ သိပ်သည်းလာသောအကြင်နာတို့အကြား အနီးကပ်ဆုံးရင်ခွင်အား လက်ဖြင့်မောဟိုက်စွာ တွန်းဖယ်ရတော့သည်။

အသာတကြည်နောက်ဆုတ်ပေးလာသူဟာ အဆုံး၌ နဖူးချင်းတေ့ဆိုင်လျက် နူးညံ့စွာပြုံးသည်။

"မင်းထင်ထားတာထက် ကိုယ်မင်းကိုအများကြီးပိုချစ်တယ်ဆိုတာ အမြဲမှတ်ထားပေး လင်းထက်နောင်"

တခုတ်တရပြုံးမိရင်း ပခုံးတို့ထက်မှေးမှီတော့ ယစ်မူးဖွယ် စန္ဒကူးနံ့တို့က သခင်တို့ကိုယ်စား အချင်းချင်းချော့မြူပါတော့သည်။

*****************************

တော်လှန်ရေးမှာ နိုင်သလောက်ကူကြရင်း အမောအပန်းပြေစေဖို့ပါ။ အစကတော့ စာအုပ်ထဲမှာထည့်ဖို့ရေးထားတာလေးပါ။ အခုတော့ အရမ်းကိုကြိုးစားနေကြတဲ့ စာဖတ်သူတွေကို ဂုဏ်ပြုချင်လို့ တင်လိုက်တာပါ။

အားလုံးကိုကျေးဇူးတင်လျက်
ဆာကူရာရိန်း🌸

Continue Reading

You'll Also Like

263K 9.2K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023
590K 67.9K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
95.5K 13.3K 106
ဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။