CLOVER
By YolandaKim2204
8.3K 669 244
Love between 3 boys (Not 3 some)...... အချစ်လို့မသိသေးတဲ့အချိန်တစ်ခုက အချစ်ရယ်.... အချစ်ဆိုတာသိနားလည်တဲ့အရွယ်... More
Introduction
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-13
Part-14
Part-15
Part-16
Part-17
!!Author Note(U+Z)!!
Part-18
မိန်းမရဲသခင်မတောင်တော် သမိုင်းကြောင်း
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Announcement
Part-12
188 25 11
By YolandaKim2204
      Unicode version
ခမ်းညားပြောခဲ့သလိုပဲ SEC Bရဲ့ Break timeပြီးခါနီး ၁၅မိနစ်အလိုမှာ ကန်တင်းရဲ့နေရာအနှံ့၌ Sec Aကျောင်းသားများကို တွေ့လိုက်ရ၏။
Kiraကိုတွေ့လို့တွေ့ငြား မြူရှင်းမျက်လုံးကစားကြည့်မိတော့ ကျောင်းသားအများကြီးထဲကမှ သိသိသာသာထင်းထွက်နေတဲ့အရပ်နဲ့ ထုံးစံအတိုင်းmullet hairကို တစ်ဝက်စည်းနှောင်ထားတဲ့ သိုင်းဘုန်းရှိန်ခ!
Kiraကရော????
"အခမ်း"
"imm ထိုင်။မှာပေးပြီးပြီ"
"Oh my gosh!!!
သိုင့်ခယူဆိုးမတ်ချ် ကလေးလေး"
"ရှတ်ဒပ် (shut up😆) စားစရာရှိတာ ပါးစပ်ပိတ်စား"
ချစ်စရာကောင်းစွာ ဟောက်တီးကျွေးလိုက်တော့ လက်ညှိုးနဲ့လက်မထိပ်ကိုဖိကပ်ပြီး နှုတ်ခမ်းတစ်လျှောက်ဆွဲကာ ပါးစပ်ပိတ်တဲ့ပုံစံမျိုးလုပ်ပြလေရဲ့။
"အစ်ကိုသိုင်းကောင်!!!"
သိုင်းဘုန်းပါးစပ်ထဲက စားလက်စ ကိတ်မုန့်တောင် အပြင်ပြန်ထွက်တော့မလိုဖြစ်သွားရသည်။
"ငါ့ကို နင် ပြီးသေအောင်သတ်မလို့လား မြူရှင်းကိုကိုရ...မင်းကို Kiraနဲ့ ကြာကြာကပ်ပေးထားလို့ မဖြစ်တော့ဘူး။မကောင်းတဲ့ အတတ်မျိုးစုံတတ်နေတာ..."
မြူရှင်း မသိမသာနှုတ်ခမ်းတစ်ချက်စူလိုက်ပြီး
* Kiraနဲ့ဘာမှလည်းမဆိုင်ပါဘူးနော်...
"ငါ့ကိုပွစိပွစိပြောမနေနဲ့...စောနက ဘာမေးမလို့လဲ​။စာကလွဲရင် ကြိုက်တာမေးလို့ရတယ်"
"အေး....အဲ့တာကြောင့်လည်း တစ်နှစ်ကျထားတာ"
အရှိုက်တည့်တည့်ထိုးလိုက်တဲ့ ခမ်းညားရဲ့စကားကြောင့် ဒီတစ်ခါမှ တကယ်နင်သွားရတော့သည်။အနားမှာရှိတဲ့ ခွက်ထဲကရေကို အမြန်သောက်လိုက်ပြီး
"အဲ့တာက ကိုယ်စာညံ့လို့ကျတာမဟုတ်ပဲ အရေးကြီးကိစ္စလေးတစ်ခုကြောင့်ဆိုတာ ဘယ်နှကြိမ်ဘယ်နှခါပြောပြရမလဲ"
"အရေးကြီးကိစ္စဟူတ်လား...ပြောပါဦး ဆော့နေတဲ့gameတစ်ခု level upဖို့ရယ် rankတက်ဖို့ရယ်...အသစ်ထွက်တဲ့ brandတွေလိုက်ဝယ်ဖို့ရယ်...ရရင်ရသလိုကျောင်းလစ်ပြီး pc gameဆိုင်တွေသွားဖို့ရယ်ကလွဲရင် ဘာတွေကများ သိုင်းဘုန်းရှိန်ခန့်အတွက်အရေးကြီးသေးတာလဲ မသိဘူးခင်ဗျ"
"အဲ....ဟို အဲ့တာကလေ...
ဟို သြော် မြူရှင်း စောနကဘာကြီးမေးလိုက်တာ"
သိသိသာသာရော ထင်ထင်ရှားရှားပါ စကားလမ်းကြောင်းလွှဲပစ်တဲ့ သိုင်းဘုန်းကို ခမ်းညားမျက်စောင်းတစ်ချက်ပစ်ထိုးပစ်လိုက်သည်။ထို့နောက် နှစ်ယောက်လုံး မြူရှင်းကို စိတ်ဝင်တစားကြည့်လိုက်ကြတော့ မြူရှင်းလည်း ချောင်းတစ်ချက်ဟန့်ပြီး
"အမ်း....ဒီနေ့ အစ်ကိုသိုင်းကောင်တစ်ယောက်တည်းလားလို့မေးမလို့"
"အင်းလေ တစ်ယောက်တည်းလာတာမို့ တစ်ယောက်တည်းမြင်နေရတာပေါ့!!မဟူတ်မှလွဲရော မြူရှင်း မင်း!!!!"
မြူရှင်းကို လက်ညှိုးကြီးထိုးပြီး မျက်လုံးပြူးကြီးနဲ့ကြည့်လိုက်တာမို့ နဂိုကမှ မလုံချင်ချင်ဖြစ်နေတဲ့ မြူရှင်းခါးမတ်သွားရသည်။ထို့နောက် အသံတုန်တုန်နဲ့ မေးလိုက်သည်။
"ဘာ ဘာကြီးလဲ?"
သိုင်းဘုန်းလည်း ကုန်းကုန်းကြီးလက်ညှိုးထိုးနေရာမှ ထိုင်ခုံနောက်ကျောကိုမှီကာ ပါးစပ်ကိုလက်တစ်ဖက်ဖြင့် အုပ်လျှက်
"ဒါမျိုးက ငါတို့အုပ်စုကြားမှာ လျှို့ဝှက်ထားရမယ့် ကိစ္စတစ်ခုမဟုတ်ပါဘူးကွာ...အမှန်အတိုင်းပြော။မင်းမှာ နာနာဘာဝတွေဘာတွေမြင်ရတဲ့ သဘာဝလွန်အစွမ်းတွေရှိနေတာမလား။အခုလည်း ငါ့နောက်ကကပ်ပါလာတဲ့သရဲကို မြင်နေရတာမို့ ငါ့ကိုတိုက်ရိုက်ကြီးမပြောပဲ သွယ်ဝိုက်ပြီး တစ်ယောက်တည်းလာတာလားလို့ အသိပေးလိုက်တာမလား။
အဲ့အတွက်တော့ စိတ်ပူစရာမလိုဘူးသိလား။ငါ့ဆီမှာ  ငယ်ငယ်တုန်းကတည်းက ဘကြီးဘုန်းကြီးပေးထားတဲ့ ပရိတ်ကြိုးရှိတယ်။ဟောဒီမှာ"
ဆိုပြီး သူ့ခေါင်းကို နောက်လှည့်ပြလေရဲ့။သေချာကြည့်လိုက်တော့မှ ဆံပင်ကိုတစ်ဝက်စည်းနှောင်ထားတဲ့ကြိုးလေးဟာ ပရိတ်ကြိုးနဲ့ ခပ်ဆင်ဆင်တူနေ၏။
"တွေ့လား သွားလေရာပါတာမို့ သရဲကုတ်မှာ စိတ်ပူစရာမလိုဘူး ဟုတ်ပြီလား"
စကားဆုံးတော့ သိုင်းဘုန်းရဲ့နှဖူးနဲ့ စားပွဲမျက်နှာပြင်တို့ဟာ နှုတ်ဆက်စကားပြောလိုက်ရသည်။
"အား....အခမ်း!!!ကိုကို့ကို ဘာလို့ရိုက်ရတာလဲ"
"ပိန်းလို့လေ ပိန်းလို့ပိန်းလို့!!မြူရှင်းမေးတဲ့မေးခွန်းကို ဘယ်လိုဖြေရမလဲဆိုတာ ငါတောင်သိတာကို ဘယ်လိုတောင် သဘာဝလွန်တွေဖြစ်ကုန်ရတာလဲ သိုင်းနာကောင်ရ။မြူရှင်းက အရင်ကပါလာနေကျ Kiraဘယ်ရောက်နေလဲလို့မေးတာ"
"သြော်......အဲ့တာလား ဟဲဟဲ။အင်း.......Kiraက ကျောင်းသားဥက္ကဋ္ဌလေကွာ။ဒါကြောင့်မို့ မိဘဆရာများအစည်းအဝေးမှာ သူရောက်နေတယ်။Kiraအစား ပျင်းလိုက်တာ အခမ်းရယ်။ ကျောင်းကကိစ္စတိုင်း သူအမြဲပါနေရတယ်။ဟိုကိစ္စရှိလည်း​သွားလိုက်ရ...ဒီကိစ္စရှိလည်း ပြေးလိုက်ရနဲ့။အခုလည်း ပူပူညံညံမိဘတွေကြားမှာ ဘယ်လောက်တောင် ခေါင်းပူနေမလဲ မသိပါဘူး။အရင်တစ်ခါcaseတုန်းက မင်းတို့ကို ရန်လာစတဲ့ ကျောင်းသားလေးယောက် ကျောင်းပြောင်းလိုက်ရတဲ့ ကိစ္စကြောင့် မိဘတွေ မကြည်ကြဘူး။ဒီဟာကြောင့်နဲ့တင် Kira စိတ်နောက်နေမှာသေချာတယ်"
ဒီအသံကြားလိုက်ရတော့လည်း မြူရှင်း စိတ်မကောင်းဖြစ်သွားရပြန်၏။မိမိအခုကြုံတွေ့နေရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စလေးတွေက Kiraရဲ့ ဒုက္ခတွေနဲ့ ယှဥ်ရင် သေးသေးလေးပဲဖြစ်သည်။ပြီးတော့လည်း ပိုပြီးစိတ်ညစ်စေမယ့် တစ်စိတ်တစ်ပိုင်းက မိမိနဲ့သက်ဆိုင်နေတဲ့ကိစ္စမို့......
<><><><><><><><><><><><><><><><><>
အတန်းပြီးသွားသော်လည်း အိမ်မပြန်သေးပဲအစည်းအဝေးဆောင်ကို လှမ်းမြင်နေရတဲ့ သစ်ပင်ရိပ်တစ်ခုအောက်ကနေထိုင်ပြီး Kiraကို မြူရှင်းစောင့်နေမိသည်။လက်ထဲမှာကိုင်ထားတဲ့ အေးစိမ့်စိမ့်ကော်ဖီအေးဘူးလေးဘေးမှာ ကပ်နေတဲ့ ရေစက်ကလေးတွေကို လက်ညှိုးလေးနဲ့ အသာဖယ်နေတုန်း တံခါးဖွင့်သံကြားလိုက်ရပြီး ကျောင်းသားမိဘများအစီစီထွက်လာကြသည်။
ထိုထဲမှ မိမိရဲ့မိခင်ဖြစ်သူက မိမိကိုတွေ့တော့ လက်လှမ်းပြပြီး အနားကိုရောက်လာသည်။
"သားလေး ကျောင်းဆင်းနေပြီကို အိမ်မပြန်သေးဘူးလား။​မဟုတ်မှလွဲ....မေမေ့ကိုစောင့်နေတာလားသားရဲ့။အကြာကြီးစောင့်နေလိုက်ရလား။လာလာ အိမ်ပြန်ကြစို့"
ပြောနေရင်း လက်ကိုဆွဲခေါ်တော့
"ဟိုးဟိုး မေမေ။သား ဟို...ဟိုလေ...သားသူငယ်ချင်းတစ်ယောက်ကိုစောင့်နေတာ။စာမေးချင်လို့"
နောက်ဆုံးတစ်ခွန်းကို မလုံမလဲနဲ့ ခေါင်းငုံ့ပြီး အသံတိုးတိုးလေးနဲ့ပြောလိုက်၏။မြူရှင်းရဲ့စကားဆုံးတော့ ဒေါ်စောနှင်းမြူလည်း ဝမ်းသာအားရနဲ့ပဲ
"ဟူတ်လား သားရဲ့။အင်း အင်း ရှင်းရှင်းလင်းလင်းနားလည်မယ့်အထိ သေချာလေးဂရုစိုက်မေးခဲ့နော် သားလေး။မေမေအိမ်ကနေပဲစောင့်နေမယ် ဟုတ်ပြီလား"
"ဟုတ် မေမေ"
သူငယ်ချင်းက ဘယ်သူလဲ။ဘယ်ကလဲ။ယုတ်စွအဆုံး ယောက်ကျားလေးလား။မိန်းကလေးလားဆိုတာတောင် မမေးတော့။မြူရှင်းအား သူငယ်ချင်းတွေထားပြီး ပျော်ပျော်ရွှင်ရွှင်နေစေချင်သော ဒေါ်စောနှင်းမြူတစ်ယောက် ရွှင်မြူးသော မျက်နှာနှင့် အိမ်ကိုပြန်သွားလေ၏။
မြူရှင်းလည်း အိမ်ပြန်သွားတဲ့ သူ့မိခင်ကိုကြည့်နေရင်း မမြင်ရတော့မှပဲ အစည်းအဝေးဆောင်ရှိရာ ပြန်ကြည့်မိတော့ ကျောင်းသားမိဘတစ်ချို့နှင့် စကား​ပြောနေတဲ့ Kiraကို မြင်လိုက်ရသည်။ပြောနေရင်းနဲ့ တစ်ချက်တစ်ချက် မိမိဆီကိုအကြည့်ရောက်ရောက်လာတာကြောင့် သူ့(Kira)ကို မြူရှင်းမမြင်ခင်ကတည်းက သူက မြူရှင်းကို မြင်ပြီးဖြစ်လိမ့်မည်။
ထို့နောက် ​ပြောလက်စကားကိုဖြတ်ပြီး ခွင့်တောင်းဟန်ဖြင့် သူ့ဘေးမှာရှိတဲ့ မိဘများကို ဦးညွှတ်ပြီးနောက် မိမိဆီသို့ လှမ်းလာသော Kiraကိုတွေ့လိုက်ရသည်။အနားကိုရောက်တော့ မြူရှင်းခေါင်းကို ဖွဖွပုတ်ပြီး တစ်ချက်ပြုံးကာ
"ဘယ်တုန်းကရောက်နေလဲ မုန်ညင်းထုပ်လေး...ကိုကို့ကို စောင့်နေတာလား"
အဲ့လိုစနောက်လိုက်တော့ မြူရှင်းကိုကိုဆီကနေ စကားပြန််မရပဲ Kiraရဲ့ အဆီပိုမရှိတဲ့ တောင့်တောင့်တင်းတင်း ဗိုက်ကလေးက ဖြူဖြူနုနုလက်ချောင်းလေးတွေရဲ့ ဆွဲလိမ်ခြင်းကို ခံလိုက်ရလေရဲ့။နာမသွားပေမယ့် နာကျင်ဟန် နှာခေါင်းရှုံ့ပြီး ဟန်ဆောင်ပြတော့ မြူရှင်းက မျက်စောင်းလှလှတစ်ချက်ထိုးပြီး
"အင့် ဒီမှာ....နည်းနည်းပဲအေးတော့တာ"
ပြောရင်းနဲ့ Kiraရဲ့လက်ထဲထိုးထည့်လာပေးတဲ့ ကော်ဖီဘူးလေး။Kiraနှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွှတ်သွားပြီးနောက် ချက်ချင်းဘူးကိုဖောက်ကာ တစ်ကြိုက်တည်း မော့သောက်လိုက်၏။
"အင်း ချက်ချင်းကို လန်းဆန်းသွားသလိုပဲ။မုန်ညင်းထုပ်လေး လိမ်မာတယ်"
​လေသံအေးအေးလေးနဲ့ ချီးကျူးစကားဆိုလိုက်တော့ မြူရှင်းလည်း သွားဖွေးဖွေးလေးတွေ စီတန်းနေအောင် ရယ်ပြလာတာမို့ မှိတ်ကျသွားတဲ့ မျက်ခွံတွေအောက်က မျက်လုံးညိုညိုလေးတွေကို မြင်ခွင့်မရှိတော့ပေမယ့် အဲ့တိုင်းရယ်နေတာလေးကပဲ ပိုလို့ချစ်စရာကောင်းနေသေးသည်။သူ့ရှေ့မှာ ရှိနေတဲ့ မြင်ကွင်းလေးကြောင့်ပဲ တဒင်္ဂစာမျှ Kiraရဲ့ နှလုံးခုန်သံတွေ ရပ်တန့်သွားလောက်ရဲ့.....အသက်ရှုဖို့ကိုတောင် မေ့နေတဲ့ နှလုံးသားပိုင်ရှင်ကြီးတောင် သတိမထားမိမယ့် တဒင်္ဂလေးပေါ့......
<><><><><><><><><><><><><><><><><>
A/N  -  ဒီရက်ပိုင်း သင်နေတဲ့စာ levelတစ်ခုတက်သွားလို့ အရင်စာတွေ ပြန်နွှေးနေရတာနဲ့ပဲ updateဘက်ကိုမလှည့်နိုင်တဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်ရှင်။
Ongoingလိုက်ပေးတဲ့ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်သလို ဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။
Thanks for reading
Love you all🤎
      Zawgyi version
Kiraကရော????
"အခမ်း"
"imm ထိုင်။မှာပေးပြီးပြီ"
"Oh my gosh!!!
သိုင့်ခယူဆိုးမတ်ခ်ျ ကလေးလေး"
"အစ်ကိုသိုင်းကောင်!!!"
"အရေးကြီးကိစ္စဟူတ်လား...ပြောပါဉီး ဆော့နေတဲ့gameတစ်ခု level upဖို့ရယ် rankတက်ဖို့ရယ်...အသစ်ထွက်တဲ့ brandတွေလိုက်ဝယ်ဖို့ရယ်...ရရင်ရသလိုကျောင်းလစ်ပြီး pc gameဆိုင်တွေသွားဖို့ရယ်ကလွဲရင် ဘာတွေကများ သိုင်းဘုန်းရှိန်ခန့်အတွက်အရေးကြီးသေးတာလဲ မသိဘူးခင်ဗျ"
"အဲ....ဟို အဲ့တာကလေ...
"ဘာ ဘာကြီးလဲ?"
<><><><><><><><><><><><><><><><><>
"ဟုတ် မေမေ"
<><><><><><><><><><><><><><><><><>
Ongoingလိုက်ပေးတဲ့ တစ်ဉီးချင်းစီတိုင်းကို ကျေးဇူးအထူးတင်သလို ဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။
Thanks for reading
Love you all🤎
Continue Reading
You'll Also Like
ELORA By osi yr
Non-Fiction
16.8K 2.8K 47
මගදි වෙදදුරන් මුණ නොගැසුණු ගමනකදි තවත් පලුදු වුණ හදවතක් මට තිබේ ... . . . . "ප්‍රශ්නේ කියන්නෙ මේ පාර අපිට king ලා දෙන්නෙක්ම ඉන්න එක නේ ." "නෑ ප...
2.2K 356 8
සුදුපාටට පිච්චමල් ගොඩක් අහසින් වැටුණා. දළදාව වහගෙන පිච්චමල් වහිනවා... සාධු සාධු සාධු මන් අත් දෙක දොහොත් මුදුන් දීල දළදා වැන්දා... කාලෙකට පස්සෙ දළදා ත...
26.3K 4K 38
අණ වින මායා බන්ධන දවයි ආදරේ ගිනිගෙන
709K 56.7K 107
Original author~薛火火 Sauce _ 白月光回来后替身离开了 I own nothing of this novel #Full credit to original author Mm trans by jjkalix