Raising You This Small Stuff
Unicode
အခန်း ၆၆: တွင်းနက်ထဲသို့ ပျောက်ကွယ်သွားသော ဒူဒူ!
မဟုတ်ဘူး!
ဒူဒူ ကစားသမားတွေကို မပြောင်းချင်ဘူး။
"ကျွန်တော်ငြင်းတယ်!"
ယွမ်းစွော်ရဲ့ အသံက အရင်ကလို ပျော့ပျောင်းမနေဘဲ ခိုင်ခံ့မြဲမြံနေကာ သူ့မျက်လုံးတွေက တောက်ပမှုမရှိတဲ့ တိုက်ခန်းထဲတွင် ခေါင်းမာမှုတွေဖြင့် ပြည့်နေခဲ့သည်။
စနစ်မှသတိပေးချက်: Elf သည် ကနဦးအဆင့်သို့ ဝင်ရောက်တော့မည်...
"ကျွန်တော်ငြင်းတယ်!"
စနစ်၏စက်ပိုင်းဆိုင်ရာ အသံ: အကြောင်းပြချက်အား ရှင်းပြရန် elfကို တောင်းဆိုခြင်း။
ယွမ်းစွော်ရဲ့အကြည့်က မီးရှူးတိုင်တစ်ခုလို ဖြစ်နေပြီး လည်ချောင်းထဲရှိ ခါးသီးမှုကို သည်းမခံနိုင်တော့ပေ။
"ဒီဂိမ်းက elvesတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ဝိညာဉ်တွေကိုတောင် ထိန်းချုပ်နိုင်ပေမယ့် ကျွန်တော်တို့ရဲ့စိတ်တွေကိုတော့ မရနိုင်ဘူး။ ကျွန်တော့်မှာ ကိုယ်ပိုင်အသိစိတ်ရှိပြီး အဲဒါက ဂိမ်းထဲမှာ မကလို့ ကစားသမား ဒါမှမဟုတ် တခြားဆုံးဖြတ်ရမယ့်အရာဖြစ်နေရင်တောင် မရဘူး။ ကျွန်တော့်ရဲ့ကစားသမားက မိုရိချန်ပဲ ဖြစ်လို့ရမယ်"
ခေတ္တရပ်သွားပြီးနောက် စနစ်ရဲ့အသံက ပြောင်းလဲသွားပြီး စက်ပိုင်းဆိုင်ရာအသံက နူးညံ့လာခဲ့သည်။
"ဒါပေမယ့် မင်းရဲ့စိတ်ဝိညာဉ်က စနစ်နဲ့တွဲနေတယ်လေ။ စနစ်ဆီမှာ မင်းအသက်အတွက် ပိုပြီးတောင် အကြွေးတင်နေသေးတာကို အခု မင်းက ဂိမ်းရဲ့ထိန်းချုပ်ခံ မဖြစ်ချင်ဘူးလို့ ပြောနေတာလား"
ယွမ်းစွော်က လက်သီးလေးကို ဆုပ်လိုက်သည်။ သူ့နဖူးပေါ်က ဆံပင်တွေက အေးစက်တဲ့ ချွေးတွေနဲ့ စိုစွတ်နေပေမယ့် သူ့အသံက ထူးခြားစွာ ခိုင်မာနေခဲ့ပြီး
"ကျွန်တော့်ဝိညာဉ်ကို ဖြိုခွဲနိုင်ပေမယ့် ဘယ်မှာ အဆုံးသတ်မယ်ဆိုတာ ဘယ်သူမှ မဆုံးဖြတ်နိုင်ပါဘူး"
စနစ်က အကြာကြီး တိတ်ဆိတ်သွားကာ ထိုတိတ်ဆိတ်မှုတွင် သူ့ပတ်ဝန်းကျင်လေထုက ပျော့သွားသလို ခံစားလိုက်ရသည်။
ထို့နောက် စနစ်က ကျယ်လောင်တဲ့ ဆူညံသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ယွမ်းစွော်က အထိန်းအကွပ်မရှိ တုန်လှုပ်သွားသော်လည်း အသံမထွက်မိစေရန် နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ မကြောက်နဲ့! ဒူဒူ မကြောက်ပါနဲ့! ဒူဒူက မိုရိချန်ရဲ့elfပဲ! ဒူဒူက သူ့ကို အရှက်ရစေလို့မဖြစ်ဘူး!
—
ဆေးရုံအတွင်းတွင်။
ခန့်မင်နှင့် ဖိုဖေးတို့က စကားပြောရင်း အပေါ်ထပ်ကို တက်သွားတော့ စင်္ကြံက တိတ်ဆိတ်နေခဲ့သည်။
စင်္ကြံရဲ့အဆုံးတွင် သစ်သားတံခါးနှစ်ထပ်ရှိတဲ့ လူနာအခန်းတစ်ခုရှိသည်။ ခန့်မင်က ညင်သာစွာ တံခါးခေါက်လိုက်ပြီး တစ်ယောက်ယောက်က ချက်ချင်းထွက်လာခဲ့သည်။
"တတိယသခင်လေး"
မိုရိရှု ရှိနေတာကို မြင်တော့ သူက အနည်းငယ် အံ့သြသွားခဲ့သည်။
မိုရိရှုက ထွက်လာပြီး တံခါးကို ညင်သာစွာ ပိတ်လိုက်ကာ
"အစ်ကိုခန့်မင် ကျွန်တော့်ကို ရိရှုလို့ပဲခေါ်ပါ။ တတိယသခင်လေးလို့ ခေါ်တာက ကိုးယိုးကားယားနိုင်လွန်းတယ်"
ခန့်မင်က ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။
"ဒုတိယသခင်လေး ဘယ်လိုနေသေးလဲ"
မိုရိရှုက သက်ပြင်းချရင်း "ခုဏကပဲဇာတ်ညွှန်းဖတ်ပြီးတော့ အိပ်ပျော်သွားတယ်။ ဒါပေမယ့် ဒီနေ့တော့ ပိုကောင်းပါတယ်။ ဆေးရုံက ဆင်းချင်နေပေမယ့် မေမေက အရမ်းငိုနေလို့ သူဆက်နေနေတာ"
ခန့်မင်ရဲ့မျက်ခုံးတွေက တွန့်သွားကာ သူ့ကိုယ်သူ အပြစ်တင်စိတ်က ပိုကြီးလာခဲ့သည်။ မိုရိချန်က အစကနေ အဆုံးထိ သူ့ကို ဘာမှ အပြစ်မတင်ခဲ့ပေမယ့် ဒီကိစ္စရဲ့ အရင်းအမြစ်က သူ့ရဲ့လွဲမှားစွာကိုင်တွယ်ခဲ့မှုကြောင့်ဆိုတာ သူသိသည်။ သူက ဖိုဖေးနှင့် ပတ်သက်သည့် ကိစ္စကို အစကတည်းက ကိုင်တွယ်ခဲ့ပြီး ဒီနေ့လို အကျိုးဆက်များကို ထည့်သွင်းမစဉ်းစားဘဲ စိတ်အားထက်သန်စွာ ဆုံးဖြတ်ချက်ချခဲ့သူ ဖြစ်သည်။
"တတိယ...ရိရှု မင်းဒီမှာရှိနေတာ ဘယ်လောက်ကြာပြီလဲ"
"အင်း ကျွန်တော် မနက်ကမှ လာခဲ့တာ။ အစ်ကိုခန့်မင် ဘာဖြစ်လို့လဲ"
အခု ည၈နာရီ ထိုးခါနီးပြီ။
ခန့်မင်က ပြောလိုက်သည်။ "ငါ ဒီမှာ စောင့်လိုက်ရင်ရော ဘယ်လိုလဲ။ မင်းပြန်သွားပြီး အနားယူလိုက်ပါ"
မိုရိရှုက ခေါင်းယမ်းလိုက်သည်။ ငယ်ငယ်လေးကတည်းက အခုလိုဖြစ်နေတဲ့ ဒုတိယအစ်ကိုကို တစ်ခါမှ မတွေ့ဖူးပေ။ အစပိုင်းမှာတော့ ရက်အတော်ကြာအောင် မစားမသောက်ဘဲနေပြီး နောက်ပိုင်းတွင် အရူးလို အလုပ်လုပ်နေတော့သည်။ အရင်က ကုမ္ပဏီအရေးကိစ္စများတွင် အများကြီးမပါဝင်ခဲ့ပေမယ့် ယခုအခါတွင် သူ့ဘဝရဲ့စက္ကန့်တိုင်းကို မြန်မြန်ကုန်သွားဖို့ စိတ်အားထက်သန်နေသလို အရာအားလုံးကို သူကိုယ်တိုင် လုပ်နေခဲ့သည်။
"အစ်ကိုခန့်မင် ကျွန်တော် တစ်ခုလောက် မေးကြည့်ချင်တယ်"
မိုရိရှုက ပြောလိုက်သည်။
ခန့်မင်က ပြောလိုက်သည်။
"ဘာများလဲ"
"ကျွန်တော် ဒီမေးခွန်းကို အစ်ကိုချန်ကျောင်နဲ့ အစ်ကိုချန်စန်းတို့ကိုလည်း မေးဖူးပါတယ်။ ဒါပေမယ့် သူတို့...နှစ်ယောက်လုံးက လျှို့ဝှက်ထားကြတယ်။ အစ်ကိုကတော့ တိကျတဲ့ အဖြေတစ်ခု ပေးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်"
C Cityမှာ သူ့ဒုတိယအစ်ကို မတော်တဆမှုဖြစ်ကတည်းက ဒီမေးခွန်းက သူ့စိတ်ထဲမှာ ရှိနေခဲ့တာဖြစ်သည်။
ခန့်မင်က မေးခွန်းကို ယောင်ဝါးဝါး မှန်းဆလိုက်မိသည်။
"ဒါက ဒုတိယသခင်လေးနဲ့... သက်ဆိုင်နေတာလား"
မိုရိရှုက ပြောလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုနဲ့ သက်ဆိုင်ပြီး ဒူဒူနဲ့လည်း သက်ဆိုင်နေတယ်"
ထိုသို့ပြောပြီး ခဏလောက်ရပ်ကာ ခန့်မင်ရဲ့အမူအရာကို သတိပြုမိပြီး တခြားသူတွေလိုပင် လျစ်လျူရှုဖို့ခက်တဲ့ တူညီတဲ့ အရိပ်အယောင်တွေ သူ့မျက်လုံးထဲမှာ ရှိနေခဲ့သည်။
"ဖန်းကွေ့က C City မှာ သေဆုံးသွားပြီးနောက် အားလုံးပြန်လာခဲ့ကြပေမယ့် ဒူဒူ့ကို ထပ်မတွေ့မိတော့ဘဲ ဒုတိယအစ်ကိုကလည်း ဒီလိုဖြစ်သွားတယ်။ အစ်ကိုခန့်မင် ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ကျွန်တော့်ကို အမှန်အတိုင်းပြောပြပေးနိုင်မလား။ ဒူဒူ ဘယ်ရောက်သွားတာလဲ။ သူနဲ့ ကျွန်တော့်အစ်ကိုကြားက ဘာတွေဖြစ်သွားတာလဲ။ ဖြစ်နိုင်ရင် သူ့ကို သွားရှာချင်တယ်။ အစ်ကိုဒီလိုဖြစ်နေတာကို ဆက်ပြီး မကြည့်နိုင်တော့ဘူး"
ခန့်မင်က ပါးစပ်ကိုဖွင့်လိုက်ပေမယ့် သူ့လည်ချောင်းက ပိတ်ဆို့နေပြီး
"ရိရှု ဒူဒူ... မင်းသူ့ကို ရှာမတွေ့နိုင်တော့ဘူး"
သူ့ကို ဘယ်သူကမှ ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး။
သူ C Cityမှ ပြန်ရောက်လာတဲ့အခါ မိုရိချန်က သူ့ဖုန်းကို ပြုပြင်ခြင်းထဲမှာ သူ့ခွန်အားအားလုံးကို လောင်းထည့်ခဲ့ပေမယ့် ချပ်စ်ပြားရဲ့အမြင့်ဆုံးထိန်းသိမ်းထားမှုဖြင့် ပြုပြင်ထားတဲ့ ဖုန်းက ပြန်ဖွင့်လိုက်တဲ့အခါ မူလအစအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ elfကို ပြုစုပျိုးထောင်ခြင်းဂိမ်းက ဘယ်တုန်းကမှ မရှိခဲ့သလိုပင်။
လုံပေါ်နှင့် ဖိုဖေးတို့က ဂိမ်းကို ထိုးဖောက်ကျော်လွှားမှုအတွက် ရှာဖွေခဲ့ကြပေမယ့် ပြန်ရလာတဲ့အဖြေမှာ ပို၍ပင် အသည်းကွဲစရာကောင်းနေခဲ့သည်: elfသည် ဤနေရာမှ ထွက်သွားခဲ့ပြီး မည်သည့်နေရာမှာမှ ရှာမတွေ့ခဲ့ပေ။ ဆိုလိုတာကတော့ အသေးလေးနှင့် ထပ်ပြီးကိုက်ညီနေရင်တောင် အချိန်ကာလ သို့မဟုတ် အာကာသကို ဖြတ်ကာ အခြားနေရာသို့ တာဝန်ပေးခံလိုက်ရပြီး ထိုအရာနှစ်ခုစလုံးက သေခြင်းနှင့်ရှင်ခြင်းတို့ပင် ဖြတ်ကျော်ရခက်တဲ့ အကျပ်အတည်းများ ဖြစ်ကြသည်။
"ခန့်မင်လား"
နှစ်ယောက်သား တိတ်ဆိတ်နေချိန်တွင် မိုရိချန်ရဲ့အသံက လူနာခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
"အထဲဝင်ခဲ့လေ"
မိုရိချန်က ဒီရက်ပိုင်း ကောင်းကောင်းအိပ်မပျော်ပေ။ တကယ်တော့ သူ အိပ်ပျော်သွားတဲ့အခါ သူ့အိပ်မက်ထဲမှာ ယွမ်းစွော်က သူ့ရဲ့အဝေးကို လျှောက်လှမ်းသွားတဲ့ ပုံတွေ အမြဲလိုလို ရှိနေတတ်ပြီး သူ့ကို တွေ့အောင်ရှာပါ့မယ်လို့ ကတိပေးခဲ့ပေမယ့် အခုချိန်မှာ အဲဒါနဲ့ပတ်သက်ပြီး သူဘာမှမလုပ်နိုင်တာကြောင့် စိတ်ပျက်အားငယ်မှုတွေ ရှိနေတာမို့ နိုးနေတာက သူ့အတွက် ပိုကောင်းသည်။
ခန့်မင်က မိုရိရှုကို ကျော်ကာ အခန်းထဲဝင်ဖို့ တံခါးကို တွန်းဖွင့်လိုက်သည်။
မိုရိရှုက သူ့နောက်ကို လိုက်ချင်ပေမယ့် မိုရိချန်က သူ ခန့်မင်တစ်ယောက်တည်းနဲ့ပဲ စကားပြောချင်တယ်လို့ ပြောခဲ့သည်။
"ဒုတိယသခင်လေး..."
မိုရိချန်က သူပြောမယ့်စကားကို ဝင်တားလိုက်ပြီး
"တောင်းပန်တဲ့စကား ပြောဖို့မလိုပါဘူး။ ဒါ မင်းအပြစ် မဟုတ်ဘူးလေ။ ငါလည်း မှားယွင်းကိုင်တွယ်မိတဲ့ အရာတွေ ရှိခဲ့ပြီး ဖြစ်ပြီးသွားပြီလေ...."
မိုရိချန်က ဆေးရုံကုတင်ပေါ်တွင် ထိုင်နေပြီး သူ့မျက်နှာကောက်ကြောင်းတွေက အရင်ကထက် သိသိသာသာ ပါးလျပ်နေပြီး ပိုမိုပြတ်သားကာ အေးစက်နေခဲ့သည်။
"ငါတို့ အခုလုပ်နိုင်တာက ဂိမ်းရဲ့ စုံစမ်းစစ်ဆေးမှုကို ဆက်လုပ်ဖို့ပဲ။ ဒါက ရှိနေပြီးသားဆိုတော့ စည်းမျဥ်းလည်းရှိပြီး ချိုးဖောက်ဝင်ရောက်နိုင်မှုဆိုတာလည်း ရှိမှာပဲ"
သေချာတာပေါ့ ဒီ'ချိုးဖောက်ဝင်ရောက်နိုင်မှု'လို့ ခေါ်တဲ့အရာက တစ်သက်လုံး ဘယ်တော့မှ မတွေ့နိုင်တော့တာလည်း ဖြစ်နိုင်ပေမယ့် လုပ်ကြည့်ရမှာပင်။
—
နှစ်သစ်ကူးအကြိုနေ့။
မိုမိသားစု။
ပြတင်းပေါက်အပြင်ဘက်မှ မီးရှူးမီးပန်းသံများ အဆက်မပြတ်ကြားနေရပြီး ပြတင်းပေါက်မှ တောက်ပတဲ့အရောင်တွေ ထွက်ပေါ်နေခဲ့သည်။ တံခါးခေါက်သံက နှောက်ယှက်လာတဲ့အခါ မိုရိချန်က သူလုပ်နေတဲ့အလုပ်ကို ရပ်လိုက်သည်။
"အားလုံးက အောက်မှာရောက်နေကြပြီး မင်းကို အရမ်းစိတ်ပူနေကြတယ်"
သူတို့နဲ့ ယှဉ်ရင် မိုရိယန်က သူ့ညီရဲ့ခံစားချက်တွေကို နားလည်မှု အရှိဆုံးဖြစ်သည်။
မိုရိချန်က သူ့laptopကို လက်ညှိုးထိုးပြလိုက်ပြီး "အလုပ်နည်းနည်းကျန်နေသေးလို့ပါ။ မကြာခင် ဆင်းလာခဲ့ပါ့မယ်။ ချန်ကျောင်ရော လာတယ်လား" ချန်ကျောင်ရဲ့မိဘတွေက စောစောစီးစီး ကွယ်လွန်သွားကြပြီး သူ့မှာ ဆွေမျိုးအရင်းအချာမရှိတာကြောင့် နှစ်သစ်ကူးကို တစ်ယောက်တည်း အချိန်များစွာ ကုန်ဆုံးခဲ့ရသည်။
မိုရိယန်ရဲ့ မျက်နှာတွင် စိတ်ပျက်သွားသည့် ပုံစံ ဖြစ်သွားပြီး
"မလာဘူး။ မိသားစု ညစာစားပြီးသွားမှ သူ့နေရာကို သွားလိုက်မယ်"
"အဆင်မပြေဘူးလား"
ဒီကာလအတွင်း မိုရိချန်က အခြားသူတွေရဲ့အရေးကိစ္စများကို မေးမြန်းဖို့ ခွန်အားတောင်မရှိခဲ့ပေ။ သူ့အစ်ကိုကြီးက သူနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ မိုရိရှု ပြောတာကို ယောင်ဝါးဝါး ကြားလိုက်မိသည်။ နှစ်ပေါင်းများစွာ အလုပ်ကို ရူးသွပ်ခဲ့တဲ့သူတစ်ဦးက သူ့ဇနီးကို လိုက်ဖမ်းဖို့ ရူးသွပ်စွာ သွေးရူးသွေးတန်းဖြင့် သူ့ဇနီးကို လိုက်ဖမ်းခြင်းမှာ ထိုးဆင်းနေကာ အလုပ်ကို ပစ်ချထားခဲ့သည်။
"သူ့မှာ အတိတ်က အမှတ်ရစရာတွေ မရှိတာကြောင့် ငါ့ခံစားချက်တွေကို နားလည်ဖို့ သူ့အတွက် ခက်ခဲနိုင်ပြီး တစ်ဆင့်ချင်း ချဉ်းကပ်ဖို့ကလည်း ငါ့အတွက် အရမ်းခက်ခဲနေတယ်။ နားလည်မှုလွဲမှားတာတွေ ဖြစ်လာဖို့ မလွဲမသွေပါပဲ"
မိုရိယန်က မထိန်းနိုင်တော့ဘဲ စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိပြီး နှစ်ဖွာလောက် ဖွာလိုက်ပြီးနောက် တောက်ထုတ်လိုက်သည်။
ညီအစ်ကိုနှစ်ယောက်လုံး စကားမပြောကြဘဲ တစ်ယောက်ချင်းစီက သူတို့ရဲ့စိတ်ထဲတွင် တစ်ခုခု ရှိနေကြသည်။
ဘန်းးး! နောက်ထပ်မီးရှူးမီးပန်းအတွဲလိုက်က ကောင်းကင်မှာ ပေါက်ကွဲသွားခဲ့သည်။ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ဖြစ်သင့်သည်...
မိုရိယန်က လှည့်ထွက်သွားခဲ့သည်။
မိုရိချန်က mouseကိုရွှေ့ကာ သူ့ရဲ့အလုပ်စာမျက်နှာကိုပိတ်လိုက်ပြီး Weiboကိုဖွင့်လိုက်သည်။
သူက အလိုအလျောက် loginဝင်လိုက်သည်။ အထူးfollowerများထဲသို့ ကလစ်နှိပ်လိုက်ကာ ထိုနေရာတွင် ဒူဒူရဲ့နာမည်တစ်ခုတည်းသာ ရှိနေခဲ့သည်။ သူက အဲဒါကို နှိပ်လိုက်သည်။
နောက်ဆုံးupdateက လွန်ခဲ့တဲ့ လဝက်ကျော်တွင် ရပ်တန့်သွားခဲ့သည်။ ရုပ်ပြကာတွန်းဇာတ်ကွက်က စနစ်ချို့ယွင်းမှုကြောင့် elfက မှောင်မည်းပြီး ကြောက်စရာကောင်းတဲ့ဓာတ်လှေကားအတွင်း ပိတ်မိနေသည့်နေရာကို ရောက်နေခဲ့သည်။ အောက်မှမှတ်ချက်တွေက ပေါက်ကွဲနေခဲ့ပြီး updateလုပ်ရန် တောင်းဆိုမှုမျိုးစုံ ရှိနေကာ ဆဲရေးတိုင်းထွာမှုတွေ မရှိဘဲ ဒါဇင်အနည်းငယ်လောက် မြှောက်ထားတဲ့ ဓားပုံemojiတွေကို ပေးပို့သူများလည်း ရှိနေပေမယ့် သူတို့အားလုံးက မိုရိချန်လိုပင်။ updateအတွက် ဘယ်လောက်ပင် နှိပ်နှိပ် သို့မဟုတ် ဘယ်လိုပဲအော်အော် တုံ့ပြန်မှုတစ်ခုမှ မရရှိခဲ့ပေ။
သူက ကီးဘုတ်ပေါ်မှ လက်ချောင်းရှည်များကို နှိပ်လိုက်ပြီး ထိုလူကို သူပြောချင်တဲ့ နှစ်သစ်ဆုတောင်းတွေကို ရိုက်ထည့်လိုက်သည်။
မိုရိချန် : ဒူဒူ ပျော်ရွှင်စရာ နှစ်သစ်ပါ။ မင်းပြန်လာတာကို ကိုယ်စောင့်နေတယ်။
မကြာခင်မှာပဲ မိုရိချန်ရဲ့ပြန်ဖြေတဲ့စာအောက်တွင် ပို့စ်တွေ နောက်ကတက်လာခဲ့ပြီး အံ့အားသင့်တာတွေ၊ စုံစမ်းမေးမြန်းတာတွေ ပါ၀င်ပါသည်။
[ဒါ အတုမဟုတ်ဘူး!!! အဖွဲ့ဓာတ်ပုံတစ်ပုံ ပျော်ရွှင်စရာနှစ်သစ်မင်္ဂလာပါ ဧကရာဇ်မို!]
[အားးးး ဒီလူနှစ်ယောက်က ငါ့တစ်သက်တာမှာ တစ်ယောက်နဲ့တစ်ယောက် ထပ်အဆက်အသွယ် မရှိတော့ဘူးလို့ ငါထင်နေခဲ့ရတာ]
[ကျေးဇူးပြုပြီး မေးချင်တာက ငါတို့ဒူဒူ ဘာဖြစ်သွားတာလဲ။ သူ ပေါ်မလာလို့ ငါ စိတ်ပူနေတယ်!]
[ရုပ်ရှင်ဧကရာဇ်မို ဒူဒူ့အိမ်ကို သွားပြီး updateလုပ်ဖို့ ပြောပေးပါ!]
[ငါ့ကိုကြည့်ပါ ငါ့ကိုကြည့် [ရှိုက်ကြီးတငင်ငိုလျက်] ဒူဒူ ပြန်လာနေပြီလား]
မိုရိချန်က သူ့laptopကို ပိတ်လိုက်ပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲသို့ဝင်ကာ အင်္ကျီလဲပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
နှစ်သစ်ကူးညစာစားပွဲကို အောက်ထပ်မှာ ပြင်ထားပြီးသားဖြစ်သည်။ အားလုံးက စားပွဲဝိုင်းမှာထိုင်ကြပြီး ထမင်းစားပြီးနောက် ပတ်ဝန်းကျင်လေထုက သာယာနေပြီး အဓိကကတော့ မိုရိရှုကြောင့်ပင်။
စားပြီးတာနဲ့ မိုရိယန် ထွက်သွားခဲ့သည်။
"ချန်ကျောင်ဆီကိုသွားမလို့လား" မေမေမိုက ချန်ကျောင်အပေါ်မှာ အလွန်ကောင်းတဲ့အမြင် ရှိသည်။ အရင်က မိုရိယန်နားက သူတွေနဲ့ နှိုင်းယှဥ်ကြည့်ရင် မျက်စိအေးကာ နှစ်လိုဖွယ်ကောင်းသူလို့ ပြောလို့ရသည်။
မိုရိယန်က ခေါင်းညိတ်လိုက်ပြီး
"နှစ်သစ်ကူး အကြိုဂုဏ်ပြုဖို့ ရှောင်ရှုကို အဖော်ပြုခိုင်းလိုက်ပါ။ နောက်နှစ်ကျမှ နှစ်သစ်ကူးပွဲအတူတူကျင်းပဖို့ ပြန်ခေါ်လာခဲ့ပါ့မယ်"
သူမက ပြုံးလိုက်ပြီး လက်ကိုဝှေ့ယမ်းကာ "သွား သွား!"
မိုရိရှုက သူမကို ဖက်ကာ အပြုံးဖြင့် ပြောလိုက်သည်။
"အစ်ကိုကြီး မင်းလုပ်နိုင်ပါတယ် ဟားဟား နောက်နှစ်မှာ ကျွန်တော်တို့မိသားစုထဲကို လူထပ်ထည့်နိုင်အောင် ကြိုးစားပါ"
သူထွက်သွားချိန်မှာတော့ မိုရိရှုက ခေါင်းကို လှည့်ကြည့်လိုက်တော့ ဆိုဖာပေါ်မှာ အသိုက်ဆောက်နေတဲ့ မိုရိချန်ကို မြင်တော့ သူ့မျက်နှာက ကြည့်မကောင်းပေ။ "ဒုတိယအစ်ကို ပင်ပန်းရင် အပေါ်ထပ်တက်ပြီး အနားယူတော့လေ"
မိုရိချန်က ထိုင်မနေနိုင်တော့ဘဲ စားပွဲပေါ်မှ ဖုန်းကိုယူကာ သူ့အမေကို တောင်းပန်ပြီး အပေါ်ထပ်သို့ လှည့်ထွက်သွားခဲ့သည်။
နှစ်သစ်ကူးအကြိုနေ့။
နှစ်သစ်ကို ကြိုဆိုဖို့ ညက ကုန်ဆုံးနေခဲ့သည်။
ဒါက စတင်မှုအသစ်ဖြစ်သည်။ မိနစ်အနည်းငယ်ကြာတဲ့အခါ အသေးလေးက စိတ်ကူးယဉ်အသက်တစ်နှစ်ထက် ပိုကြီးလာလိမ့်မည်။
(T/N: ပြောချင်တာက တရုတ်အယူအဆအရ နှစ်သစ်ကူးပြီးရင် အသက်တစ်နှစ်ပိုကြီးသွားပြီလို့ ဆိုလိုချင်တာဖြစ်မယ်)
သူ့နားထဲတွင် တိုင်ကပ်နာရီသံက မှော်ပညာတစ်ခုလိုပင်။
ရုတ်တရက်ထိတ်လန့်မှုတစ်ခုက သူ့စိတ်ထဲကို လွှမ်းခြုံသွားတာကို ခံစားလိုက်ရသည်။
စာတိုတစ်စောင်ဝင်လာသည်။ ဖုန်းကို ကောက်ကိုင်လိုက်ပြီး နှိပ်လိုက်သည်။ ချန်စန်းဆီမှ နှစ်သစ်ကူးဆုတောင်း စာတစ်စောင်ဖြစ်ပြီး မနက်ဖြန် လူတွေစုဖို့ အချိန်ရှိမရှိကို မေးမြန်းခဲ့တာဖြစ်သည်။
မိုရိချန်က စာမပြန်ပေ။ သူက ဖန်သားပြင်ကို ပိတ်လိုက်ပြီး ဖုန်းကို ဘေးဘက်သို့ ပစ်ချတော့မယ့်အချိန်တွင် ဖုန်းက ရုတ်တရက် တုန်ခါသွားသည်။
ဘာဖြစ်တာလဲ။ သူက ဘေးက ခလုတ်ကို နှိပ်လိုက်ပြီး ဖန်သားပြင်က လင်းလာကာ နောက်တစ်ကြိမ် ထပ်နှိပ်တော့ မှောင်သွားပြန်သည်။ ဘာမှမမှားပါဘူး... သူနိဂုံးမချုပ်ခင်မှာပဲ ဖုန်းမျက်နှာပြင်က အကြိမ်အနည်းငယ်ခန့် အရှိန်ပြင်းစွာ တုန်ခါလာခဲ့သည်။
သူ့စိတ်ထဲတွင် ဝိုးတဝါး ခံစားချက်တစ်ခုဖြင့် ဖုန်းမျက်နှာပြင်ကို ဖွင့်လိုက်ပြီး သေချာပေါက်ပင် စာတစ်စောင်က ချက်ချက်ပေါ်လာခဲ့ပြီး မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ ဖြစ်စဉ်ကလည်း ပျောက်ကွယ်သွားသည်။
"Elf Rebirth Project ဂိမ်းမှ ထပ်မံကြိုဆိုလိုက်ပါသည်။ elf ကစားသမားတစ်ဦး ဖြစ်လာခြင်းအတွက် ဂုဏ်ပြုပါသည်။ ယခုအချိန်မှစ၍ သင့်မှာ elf တစ်ယောက် ရှိလာလိမ့်မည်"
သူ့လက်က တုန်နေခဲ့သည်။
Scanဖတ်ခြင်း....
ခန့်မှန်းခြင်း....
ကိုက်ညီသည်....
ဖန်သားပြင်ပေါ်တွင် ရင်းနှီးပြီးသားဖြစ်တဲ့ ပလတ်စတစ်မှော်တုတ်တံကို ကိုင်ထားကာ ပျော်ရွှင်စွာ ဝှေ့ယမ်းနေတဲ့ လူလေးတစ်ယောက် ပေါ်လာခဲ့သည်။
"ဂုဏ်ယူပါတယ် ကစားသမား။ မင်းက အံ့သြစရာအကောင်းဆုံးelfနဲ့ ကိုက်ညီပြီး အခု မင်းရဲ့ကိုယ်ပိုင်ဂိမ်းဘားမှာ တာဝန်ပေးထားပါတယ်။ မင်းရဲ့ဂိမ်းကို ပျော်ရွှင်စွာ ကစားလိုက်ပါ"
သူ့ပါးစပ်က စကားလုံးတွေ ထွက်လာပြီးတာနဲ့ နောက်ပြန်လှည့်ကာ သူ့တင်ပါးနောက်က မီးခိုးဖြူတစ်တန်းထွက်လာပြီး ပျောက်ကွယ်သွားခဲ့သည်။
"ဒူဒူ..."
ဖုန်းသေးသေးလေးက ပေါင်တစ်ထောင်အလေးချိန်ရှိပုံရပြီး မိုရိချန် ဒါကို ကိုင်ထားဖို့ မလွယ်ကူတော့ပေ။
သူက အခန်းကျဉ်းလေးကို မြင်လိုက်ရသည်။
သို့သော် ဒီအခန်းက လက်ရှိအချိန်နှင့် နေရာတို့ဖြင့် မသက်ဆိုင်ပုံရသည်။ ဒါက သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားနှင့် ပိုတူသော်လည်း အပြင်အဆင်က အရင်က ဒူဒူနေခဲ့တဲ့အခန်းနှင့် သိပ်မကွာပေ။ ထောင့်တွင် ခွဲခြားလို့မရနိုင်တဲ့ပစ္စည်းများဖြင့် ပြုလုပ်ထားတဲ့ အဖြူရောင် ကုတင်တစ်လုံးရှိပြီး အခန်းရဲ့အလယ်တွင် မဖတ်နိုင်လောက်တဲ့ နံပါတ်များဖြင့် ထူထပ်နေတဲ့မျက်နှာပြင်ရှိတဲ့ အီလက်ထရွန်းနစ် ဆုံလည်ကုလားထိုင်တစ်လုံး ရှိနေသည်။ စက်ဝိုင်းခြမ်းပုံစံ ပြတင်းပေါက်လေးက တစ်ဝက်ပွင့်နေပြီး နေရောင်က အတွင်းဘက်တွင်တောက်ပနေခဲ့သည်...
ရုတ်တရက် ကောင်မလေးတစ်ယောက်က တံခါးကို တွန်းဖွင့်လိုက်သည်။
လေထဲမှာ ချိတ်ဆွဲခံထားရတဲ့ မိုရိချန်ရဲ့ နှလုံးသားက ချောက်ထဲကို ထိုးကျသွားခဲ့သည်!
အထဲကelfက ဒူဒူမဟုတ်ဘူး။
တံခါးကိုတွန်းဖွင့်ပြီးနောက် ဂိမ်းအတွင်းမှ ရုပ်ပုံသေးသေးလေးက အထဲကို ချောင်းကြည့်နေခဲ့သည်။ အရပ်ခပ်ပုပု၊ လုံးဝိုင်းတဲ့ဝက်မြီးပုံဆံပင်နှစ်စု၊ အနီရောင်စကတ်နှင့် အလွန်လှုပ်ရှားသက်ဝင်နေတဲ့ အနက်ရောင်မျက်လုံးတွေရှိတဲ့ Q-skinnedရှိသည့် elfတစ်ယောက်ဖြစ်သည်။
မိုရိချန်က ရေခဲလှိုဏ်ဂူထဲသို့ ကျသွားသလိုပင်။ သူက elfရဲ့အချက်အလက်ကိုပြသနေတဲ့ ပေါလောပေါ်နေသည့် မျက်နှာပြင်ကိုပင် သတိမထားမိပေ။
"ရားးးး! မင်း ဘယ်သူလဲ"
ကောင်မလေးက အော်လိုက်သည်! ဝါးနံရံပေါ်တွင် ရုတ်တရက်ပေါ်လာတဲ့မိုရိချန်ကို တွေ့လိုက်ရခြင်းကြောင့် ဖြစ်လိမ့်မည်။
မိုရိချန်ရဲ့ မျက်နှာပေါ်ရှိ သွေးတွေက နံရံပေါ်ရှိနာရီမှ နှစ်ဟောင်းကို ဖြတ်ကျော်ကာ နှစ်သစ်ကူး ခေါင်းလောင်းသံ ထွက်ပေါ်လာသည့်အခိုက်တွင် မှိန်ဖျော့သွားခဲ့သည်။
"မင်းက ဘယ်သူလဲ။ ဘာလို့ဒီမှာရှိနေတာလဲ။ မင်းက Akkadian Starက သူလျှိုလား!"
သူမရဲ့မျက်နှာတွင် သတိထားတဲ့အကြည့် ရှိနေကာ ကလေးမလေးက ထူးဆန်းတဲ့သေနတ်တစ်လက်ကို သူမရဲ့နောက်ကျောမှဆွဲထုတ်ကာ မိုရိချန်ကို ချိန်လိုက်သည်။
"မင်း ဘာမှမပြောရင် မင်းကိုပစ်သတ်ပစ်မယ်!"
ထိုအချိန်တွင် ကလေးမလေးရဲ့နောက်မှ အလွန်ရင်းနှီးနေတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"သီယာ ဘာတွေဖြစ်နေတာလဲ"
မိုရိချန်က တုန်လှုပ်သွားပြီး အသက်ရှုကြပ်လာခဲ့သည်။
ကလေးမလေးက လက်နှစ်ဖက်ကို ဖြန့်ကာ သူမရဲ့နောက်က လူကို ကာဆီးဖို့ ကြိုးစားလိုက်သည်။
"ဒေါက်တာမို မကြောက်ပါနဲ့ ဒီလူဆိုးကို သမီးဖြေရှင်းလိုက်မယ်!"
သို့သော် သူမက ပုလွန်းတာကြောင့် သူမနောက်ကွယ်မှ သွယ်လျပြီး အရပ်ရှည်တဲ့ လူငယ်ကို ကာဆီးထားဖို့ နည်းလမ်းမရှိပေ။
ဆယ်ကျော်သက်လေးရဲ့နောက်ကျောက ယခုအခါ နေရောင်ကို ကျောပေးထားပြီး အညိုဖျော့ဖျော့ဆံပင်များက အရင်ကထက် အနည်းငယ်ပိုရှည်လာကာ ပိန်ပါးပြီး နုနယ်တဲ့ မျက်နှာကောက်ကြောင်းတွေက ရင့်ကျက်လာကာ အဖြူရောင် ဓာတ်ခွဲခန်းအင်္ကျီကို ၀တ်ဆင်ထားပြီး လက်နှစ်ဖက်ကို အိပ်ကပ်ထဲ ထည့်ထားရင်း သူ့မျက်နှာတွင် ထိတ်လန့်မှုဖြင့် နံရံကို ကြည့်နေခဲ့သည်။
"မို..."
ဆယ်ကျော်သက်လေးက ပါးစပ်ကိုဖွင့်လိုက်ပေမယ့် အသံမထွက်နိုင်လောက်အောင် တုန်ယင်နေတာကို တွေ့လိုက်ရသည်။
"ဒူဒူ!"
မိုရိချန်က သူ့မျက်လုံးတွေကို မယုံနိုင်ဘဲ ဒီရက်တွေမှာ သူ့အိပ်မက်ထဲတွင် အကြိမ်များစွာ ကြုံခဲ့ရသလို ဆယ်ကျော်သက်လေးက နောက်လှည့်ကာ လမ်းလျှောက်သွားပြီး လိုက်မမှီနိုင်တော့အောင် သူ့ကို ကျောခိုင်း ထားရစ်ခဲ့သလိုမျိုး...နောက်တစ်စက္ကန့်တွင် အရာအားလုံး ပြိုကွဲသွားမည်ကို စိုးရိမ်နေခဲ့သည်။
"ဟေး ဒေါက်တာမို ဒီလူဆိုးက မင်းကိုသိတယ်ပဲ!"
ကလေးမလေးက ပြောလိုက်ပေမယ့် ခေါင်းကို လှည့်ကြည့်လိုက်တော့ သူမရဲ့နောက်ရှိ ဒေါက်တာမိုက မျက်ရည်ကျနေပြီဆိုတာကို မြင်လိုက်ရသည်။
"မိုရိချန် ဒူဒူ နောက်ဆုံးတော့ မင်းကိုတွေ့ပြီ"
မိုရိချန်က ဒူဒူ့ရဲ့မျက်နှာပေါ်ရှိ မျက်ရည်များကို ကြည့်ပြီး သူ့မျက်ရည်တွေကို မထိန်းနိုင်တော့ပေ။ ချက်ချင်းဆိုသလိုပင် သူ့စိတ်ထဲသို့ သတင်းအချက်အလက်များစွာ စိမ့်ဝင်လာခဲ့သည်...
စနစ်သတိပေးချက်: Elf ဒူဒူက ဒုတိယအဆင့်စမ်းသပ်မှုကမ္ဘာတွင် အမှတ်၁၀၀၀ရရှိထားပြီး ယခုမူရင်းအာကာသဂိမ်းနှင့် ချိတ်ဆက်မိသွားကာ သူ့ရဲ့မူရင်းကစားသမားနှင့် ကိုက်ညီသွားပါပြီ။ ဂုဏ်ပြုပါတယ်elfလေး
စနစ်သတိပေးချက်: ယခု elfဒူဒူနှင့် ကိုက်ညီပြီး ကစားသမားက ဒါကို လက်ခံမည်လား၊ လက်မခံဘူးလား: YES or NO
Elfအချက်အလက်
အမည်: မိုဒူဒူ
ကျား-မ: ကျား
အသက် : ၂၂နှစ်
မူရင်းဇာတိ: ကြယ်တာရာဒေသ ၏နဝမမြောက်ခရိုင်
ကိုယ်ရည်ကိုယ်သွေး: ရိုးရှင်း၊ ဇွဲရှိ၊ သတ္တိကောင်း
အဆင့်: ၇၅
အရေပြားမုဒ်: အဆင့်မြင့်မုဒ်
မှတ်ချက်: ဒုတိယအဆင့်စမ်းသပ်မှုကမ္ဘာ အထောက်အထား စစ်ဘက်ဆိုင်ရာဆဲလ် ပြန်လည်ဖွဲ့စည်းမှုဆရာဝန်
Zawgyi
အခန္း ၆၆: တြင္းနက္ထဲသို႔ ေပ်ာက္ကြယ္သြားေသာ ဒူဒူ!
မဟုတ္ဘူး!
ဒူဒူ ကစားသမားေတြကို မေျပာင္းခ်င္ဘူး။
"ကြၽန္ေတာ္ျငင္းတယ္!"
ယြမ္းေစြာ္ရဲ႕ အသံက အရင္ကလို ေပ်ာ့ေပ်ာင္းမေနဘဲ ခိုင္ခံ့ၿမဲျမံေနကာ သူ႕မ်က္လုံးေတြက ေတာက္ပမႈမ႐ွိတဲ့ တိုက္ခန္းထဲတြင္ ေခါင္းမာမႈေတြျဖင့္ ျပည့္ေနခဲ့သည္။
စနစ္မွသတိေပးခ်က္: Elf သည္ ကနဦးအဆင့္သို႔ ဝင္ေရာက္ေတာ့မည္...
"ကြၽန္ေတာ္ျငင္းတယ္!"
စနစ္၏စက္ပိုင္းဆိုင္ရာ အသံ: အေၾကာင္းျပခ်က္အား ႐ွင္းျပရန္ elfကို ေတာင္းဆိုျခင္း။
ယြမ္းေစြာ္ရဲ႕အၾကည့္က မီး႐ွဴးတိုင္တစ္ခုလို ျဖစ္ေနၿပီး လည္ေခ်ာင္းထဲ႐ွိ ခါးသီးမႈကို သည္းမခံႏိုင္ေတာ့ေပ။
"ဒီဂိမ္းက elvesေတြနဲ႔ ပတ္သက္ၿပီး သူတို႔ရဲ႕ဝိညာဥ္ေတြကိုေတာင္ ထိန္းခ်ဳပ္ႏိုင္ေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕စိတ္ေတြကိုေတာ့ မရႏိုင္ဘူး။ ကြၽန္ေတာ္႕မွာ ကိုယ္ပိုင္အသိစိတ္႐ွိၿပီး အဲဒါက ဂိမ္းထဲမွာ မကလို႔ ကစားသမား ဒါမွမဟုတ္ တျခားဆုံးျဖတ္ရမယ့္အရာျဖစ္ေနရင္ေတာင္ မရဘူး။ ကြၽန္ေတာ့္ရဲ႕ကစားသမားက မိုရိခ်န္ပဲ ျဖစ္လို႔ရမယ္"
ေခတၱရပ္သြားၿပီးေနာက္ စနစ္ရဲ႕အသံက ေျပာင္းလဲသြားၿပီး စက္ပိုင္းဆိုင္ရာအသံက ႏူးညံ့လာခဲ့သည္။
"ဒါေပမယ့္ မင္းရဲ႕စိတ္ဝိညာဥ္က စနစ္နဲ႔တြဲေနတယ္ေလ။ စနစ္ဆီမွာ မင္းအသက္အတြက္ ပိုၿပီးေတာင္ အေႂကြးတင္ေနေသးတာကို အခု မင္းက ဂိမ္းရဲ႕ထိန္းခ်ဳပ္ခံ မျဖစ္ခ်င္ဘူးလို႔ ေျပာေနတာလား"
ယြမ္းေစြာ္က လက္သီးေလးကို ဆုပ္လိုက္သည္။ သူ႕နဖူးေပၚက ဆံပင္ေတြက ေအးစက္တဲ့ ေခြၽးေတြနဲ႔ စိုစြတ္ေနေပမယ့္ သူ႕အသံက ထူးျခားစြာ ခိုင္မာေနခဲ့ၿပီး
"ကြၽန္ေတာ္႕ဝိညာဥ္ကို ၿဖိဳခြဲႏိုင္ေပမယ့္ ဘယ္မွာ အဆုံးသတ္မယ္ဆိုတာ ဘယ္သူမွ မဆုံးျဖတ္ႏိုင္ပါဘူး"
စနစ္က အၾကာႀကီး တိတ္ဆိတ္သြားကာ ထိုတိတ္ဆိတ္မႈတြင္ သူ႕ပတ္ဝန္းက်င္ေလထုက ေပ်ာ့သြားသလို ခံစားလိုက္ရသည္။
ထို႔ေနာက္ စနစ္က က်ယ္ေလာင္တဲ့ ဆူညံသံမ်ား ဆက္တိုက္ထြက္ေပၚလာၿပီး ယြမ္းေစြာ္က အထိန္းအကြပ္မ႐ွိ တုန္လႈပ္သြားေသာ္လည္း အသံမထြက္မိေစရန္ ႏႈတ္ခမ္းကို ကိုက္ထားလိုက္သည္။ မေၾကာက္နဲ႔! ဒူဒူ မေၾကာက္ပါနဲ႔! ဒူဒူက မိုရိခ်န္ရဲ႕elfပဲ! ဒူဒူက သူ႕ကို အ႐ွက္ရေစလို႔မျဖစ္ဘူး!
—
ေဆး႐ုံအတြင္းတြင္။
ခန္႔မင္ႏွင့္ ဖိုေဖးတို႔က စကားေျပာရင္း အေပၚထပ္ကို တက္သြားေတာ့ စႀကႍက တိတ္ဆိတ္ေနခဲ့သည္။
စႀကႍရဲ႕အဆုံးတြင္ သစ္သားတံခါးႏွစ္ထပ္႐ွိတဲ့ လူနာအခန္းတစ္ခု႐ွိသည္။ ခန္႔မင္က ညင္သာစြာ တံခါးေခါက္လိုက္ၿပီး တစ္ေယာက္ေယာက္က ခ်က္ခ်င္းထြက္လာခဲ့သည္။
"တတိယသခင္ေလး"
မိုရိ႐ႈ ႐ွိေနတာကို ျမင္ေတာ့ သူက အနည္းငယ္ အံ့ၾသသြားခဲ့သည္။
မိုရိ႐ႈက ထြက္လာၿပီး တံခါးကို ညင္သာစြာ ပိတ္လိုက္ကာ
"အစ္ကိုခန္႔မင္ ကြၽန္ေတာ္႕ကို ရိ႐ႈလို႔ပဲေခၚပါ။ တတိယသခင္ေလးလို႔ ေခၚတာက ကိုးယိုးကားယားႏိုင္လြန္းတယ္"
ခန္႔မင္က ေခါင္းညိတ္လိုက္ၿပီး ေမးလိုက္သည္။
"ဒုတိယသခင္ေလး ဘယ္လိုေနေသးလဲ"
မိုရိ႐ႈက သက္ျပင္းခ်ရင္း "ခုဏကပဲဇာတ္ၫႊန္းဖတ္ၿပီးေတာ့ အိပ္ေပ်ာ္သြားတယ္။ ဒါေပမယ့္ ဒီေန႔ေတာ့ ပိုေကာင္းပါတယ္။ ေဆး႐ုံက ဆင္းခ်င္ေနေပမယ့္ ေမေမက အရမ္းငိုေနလို႔ သူဆက္ေနေနတာ"
ခန္႔မင္ရဲ႕မ်က္ခုံးေတြက တြန္႔သြားကာ သူ႕ကိုယ္သူ အျပစ္တင္စိတ္က ပိုႀကီးလာခဲ့သည္။ မိုရိခ်န္က အစကေန အဆုံးထိ သူ႕ကို ဘာမွ အျပစ္မတင္ခဲ့ေပမယ့္ ဒီကိစၥရဲ႕ အရင္းအျမစ္က သူ႕ရဲ႕လြဲမွားစြာကိုင္တြယ္ခဲ့မႈေၾကာင့္ဆိုတာ သူသိသည္။ သူက ဖိုေဖးႏွင့္ ပတ္သက္သည့္ ကိစၥကို အစကတည္းက ကိုင္တြယ္ခဲ့ၿပီး ဒီေန႔လို အက်ိဳးဆက္မ်ားကို ထည့္သြင္းမစဥ္းစားဘဲ စိတ္အားထက္သန္စြာ ဆုံးျဖတ္ခ်က္ခ်ခဲ့သူ ျဖစ္သည္။
"တတိယ...ရိ႐ႈ မင္းဒီမွာ႐ွိေနတာ ဘယ္ေလာက္ၾကာၿပီလဲ"
"အင္း ကြၽန္ေတာ္ မနက္ကမွ လာခဲ့တာ။ အစ္ကိုခန္႔မင္ ဘာျဖစ္လို႔လဲ"
အခု ည၈နာရီ ထိုးခါနီးၿပီ။
ခန္႔မင္က ေျပာလိုက္သည္။ "ငါ ဒီမွာ ေစာင့္လိုက္ရင္ေရာ ဘယ္လိုလဲ။ မင္းျပန္သြားၿပီး အနားယူလိုက္ပါ"
မိုရိ႐ႈက ေခါင္းယမ္းလိုက္သည္။ ငယ္ငယ္ေလးကတည္းက အခုလိုျဖစ္ေနတဲ့ ဒုတိယအစ္ကိုကို တစ္ခါမွ မေတြ႕ဖူးေပ။ အစပိုင္းမွာေတာ့ ရက္အေတာ္ၾကာေအာင္ မစားမေသာက္ဘဲေနၿပီး ေနာက္ပိုင္းတြင္ အ႐ူးလို အလုပ္လုပ္ေနေတာ့သည္။ အရင္က ကုမၸဏီအေရးကိစၥမ်ားတြင္ အမ်ားႀကီးမပါဝင္ခဲ့ေပမယ့္ ယခုအခါတြင္ သူ႕ဘဝရဲ႕စကၠန္႔တိုင္းကို ျမန္ျမန္ကုန္သြားဖို႔ စိတ္အားထက္သန္ေနသလို အရာအားလုံးကို သူကိုယ္တိုင္ လုပ္ေနခဲ့သည္။
"အစ္ကိုခန္႔မင္ ကြၽန္ေတာ္ တစ္ခုေလာက္ ေမးၾကည့္ခ်င္တယ္"
မိုရိ႐ႈက ေျပာလိုက္သည္။
ခန္႔မင္က ေျပာလိုက္သည္။
"ဘာမ်ားလဲ"
"ကြၽန္ေတာ္ ဒီေမးခြန္းကို အစ္ကိုခ်န္ေက်ာင္နဲ႔ အစ္ကိုခ်န္စန္းတို႔ကိုလည္း ေမးဖူးပါတယ္။ ဒါေပမယ့္ သူတို႔...ႏွစ္ေယာက္လုံးက လွ်ိဳ႕ဝွက္ထားၾကတယ္။ အစ္ကိုကေတာ့ တိက်တဲ့ အေျဖတစ္ခု ေပးႏိုင္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္"
C Cityမွာ သူ႕ဒုတိယအစ္ကို မေတာ္တဆမႈျဖစ္ကတည္းက ဒီေမးခြန္းက သူ႕စိတ္ထဲမွာ ႐ွိေနခဲ့တာျဖစ္သည္။
ခန္႔မင္က ေမးခြန္းကို ေယာင္ဝါးဝါး မွန္းဆလိုက္မိသည္။
"ဒါက ဒုတိယသခင္ေလးနဲ႔... သက္ဆိုင္ေနတာလား"
မိုရိ႐ႈက ေျပာလိုက္သည္။
"ဒါက ကြၽန္ေတာ္႕ရဲ႕ ဒုတိယအစ္ကိုနဲ႔ သက္ဆိုင္ၿပီး ဒူဒူနဲ႔လည္း သက္ဆိုင္ေနတယ္"
ထိုသို႔ေျပာၿပီး ခဏေလာက္ရပ္ကာ ခန္႔မင္ရဲ႕အမူအရာကို သတိျပဳမိၿပီး တျခားသူေတြလိုပင္ လ်စ္လ်ဴ႐ႈဖို႔ခက္တဲ့ တူညီတဲ့ အရိပ္အေယာင္ေတြ သူ႕မ်က္လုံးထဲမွာ ႐ွိေနခဲ့သည္။
"ဖန္းေကြ႕က C City မွာ ေသဆုံးသြားၿပီးေနာက္ အားလုံးျပန္လာခဲ့ၾကေပမယ့္ ဒူဒူ႕ကို ထပ္မေတြ႕မိေတာ့ဘဲ ဒုတိယအစ္ကိုကလည္း ဒီလိုျဖစ္သြားတယ္။ အစ္ကိုခန္႔မင္ ဘာေတြျဖစ္ခဲ့တာလဲဆိုတာကို ကြၽန္ေတာ္႕ကို အမွန္အတိုင္းေျပာျပေပးႏိုင္မလား။ ဒူဒူ ဘယ္ေရာက္သြားတာလဲ။ သူနဲ႔ ကြၽန္ေတာ္႕အစ္ကိုၾကားက ဘာေတြျဖစ္သြားတာလဲ။ ျဖစ္ႏိုင္ရင္ သူ႕ကို သြား႐ွာခ်င္တယ္။ အစ္ကိုဒီလိုျဖစ္ေနတာကို ဆက္ၿပီး မၾကည့္ႏိုင္ေတာ့ဘူး"
ခန္႔မင္က ပါးစပ္ကိုဖြင့္လိုက္ေပမယ့္ သူ႕လည္ေခ်ာင္းက ပိတ္ဆို႔ေနၿပီး
"ရိ႐ႈ ဒူဒူ... မင္းသူ႕ကို ႐ွာမေတြ႕ႏိုင္ေတာ့ဘူး"
သူ႕ကို ဘယ္သူကမွ ႐ွာေတြ႕ႏိုင္မွာ မဟုတ္ေတာ့ဘူး။
သူ C Cityမွ ျပန္ေရာက္လာတဲ့အခါ မိုရိခ်န္က သူ႕ဖုန္းကို ျပဳျပင္ျခင္းထဲမွာ သူ႕ခြန္အားအားလုံးကို ေလာင္းထည့္ခဲ့ေပမယ့္ ခ်ပ္စ္ျပားရဲ႕အျမင့္ဆုံးထိန္းသိမ္းထားမႈျဖင့္ ျပဳျပင္ထားတဲ့ ဖုန္းက ျပန္ဖြင့္လိုက္တဲ့အခါ မူလအစအေျခအေနသို႔ ျပန္ေရာက္သြားခဲ့သည္။ elfကို ျပဳစုပ်ိဳးေထာင္ျခင္းဂိမ္းက ဘယ္တုန္းကမွ မ႐ွိခဲ့သလိုပင္။
လုံေပၚႏွင့္ ဖိုေဖးတို႔က ဂိမ္းကို ထိုးေဖာက္ေက်ာ္လႊားမႈအတြက္ ႐ွာေဖြခဲ့ၾကေပမယ့္ ျပန္ရလာတဲ့အေျဖမွာ ပို၍ပင္ အသည္းကြဲစရာေကာင္းေနခဲ့သည္: elfသည္ ဤေနရာမွ ထြက္သြားခဲ့ၿပီး မည္သည့္ေနရာမွာမွ ႐ွာမေတြ႕ခဲ့ေပ။ ဆိုလိုတာကေတာ့ အေသးေလးႏွင့္ ထပ္ၿပီးကိုက္ညီေနရင္ေတာင္ အခ်ိန္ကာလ သို႔မဟုတ္ အာကာသကို ျဖတ္ကာ အျခားေနရာသို႔ တာဝန္ေပးခံလိုက္ရၿပီး ထိုအရာႏွစ္ခုစလုံးက ေသျခင္းႏွင့္႐ွင္ျခင္းတို႔ပင္ ျဖတ္ေက်ာ္ရခက္တဲ့ အက်ပ္အတည္းမ်ား ျဖစ္ၾကသည္။
"ခန္႔မင္လား"
ႏွစ္ေယာက္သား တိတ္ဆိတ္ေနခ်ိန္တြင္ မိုရိခ်န္ရဲ႕အသံက လူနာခန္းအတြင္းမွ ထြက္ေပၚလာခဲ့သည္။
"အထဲဝင္ခဲ့ေလ"
မိုရိခ်န္က ဒီရက္ပိုင္း ေကာင္းေကာင္းအိပ္မေပ်ာ္ေပ။ တကယ္ေတာ့ သူ အိပ္ေပ်ာ္သြားတဲ့အခါ သူ႕အိပ္မက္ထဲမွာ ယြမ္းေစြာ္က သူ႕ရဲ႕အေဝးကို ေလွ်ာက္လွမ္းသြားတဲ့ ပုံေတြ အၿမဲလိုလို ႐ွိေနတတ္ၿပီး သူ႕ကို ေတြ႕ေအာင္႐ွာပါ့မယ္လို႔ ကတိေပးခဲ့ေပမယ့္ အခုခ်ိန္မွာ အဲဒါနဲ႔ပတ္သက္ၿပီး သူဘာမွမလုပ္ႏိုင္တာေၾကာင့္ စိတ္ပ်က္အားငယ္မႈေတြ ႐ွိေနတာမို႔ ႏိုးေနတာက သူ႕အတြက္ ပိုေကာင္းသည္။
ခန္႔မင္က မိုရိ႐ႈကို ေက်ာ္ကာ အခန္းထဲဝင္ဖို႔ တံခါးကို တြန္းဖြင့္လိုက္သည္။
မိုရိ႐ႈက သူ႕ေနာက္ကို လိုက္ခ်င္ေပမယ့္ မိုရိခ်န္က သူ ခန္႔မင္တစ္ေယာက္တည္းနဲ႔ပဲ စကားေျပာခ်င္တယ္လို႔ ေျပာခဲ့သည္။
"ဒုတိယသခင္ေလး..."
မိုရိခ်န္က သူေျပာမယ့္စကားကို ဝင္တားလိုက္ၿပီး
"ေတာင္းပန္တဲ့စကား ေျပာဖို႔မလိုပါဘူး။ ဒါ မင္းအျပစ္ မဟုတ္ဘူးေလ။ ငါလည္း မွားယြင္းကိုင္တြယ္မိတဲ့ အရာေတြ ႐ွိခဲ့ၿပီး ျဖစ္ၿပီးသြားၿပီေလ...."
မိုရိခ်န္က ေဆး႐ုံကုတင္ေပၚတြင္ ထိုင္ေနၿပီး သူ႕မ်က္ႏွာေကာက္ေၾကာင္းေတြက အရင္ကထက္ သိသိသာသာ ပါးလ်ပ္ေနၿပီး ပိုမိုျပတ္သားကာ ေအးစက္ေနခဲ့သည္။
"ငါတို႔ အခုလုပ္ႏိုင္တာက ဂိမ္းရဲ႕ စုံစမ္းစစ္ေဆးမႈကို ဆက္လုပ္ဖို႔ပဲ။ ဒါက ႐ွိေနၿပီးသားဆိုေတာ့ စည္းမ်ဥ္းလည္း႐ွိၿပီး ခ်ိဳးေဖာက္ဝင္ေရာက္ႏိုင္မႈဆိုတာလည္း ႐ွိမွာပဲ"
ေသခ်ာတာေပါ့ ဒီ'ခ်ိဳးေဖာက္ဝင္ေရာက္ႏိုင္မႈ'လို႔ ေခၚတဲ့အရာက တစ္သက္လုံး ဘယ္ေတာ့မွ မေတြ႕ႏိုင္ေတာ့တာလည္း ျဖစ္ႏိုင္ေပမယ့္ လုပ္ၾကည့္ရမွာပင္။
—
ႏွစ္သစ္ကူးအႀကိဳေန႔။
မိုမိသားစု။
ျပတင္းေပါက္အျပင္ဘက္မွ မီး႐ွဴးမီးပန္းသံမ်ား အဆက္မျပတ္ၾကားေနရၿပီး ျပတင္းေပါက္မွ ေတာက္ပတဲ့အေရာင္ေတြ ထြက္ေပၚေနခဲ့သည္။ တံခါးေခါက္သံက ေႏွာက္ယွက္လာတဲ့အခါ မိုရိခ်န္က သူလုပ္ေနတဲ့အလုပ္ကို ရပ္လိုက္သည္။
"အားလုံးက ေအာက္မွာေရာက္ေနၾကၿပီး မင္းကို အရမ္းစိတ္ပူေနၾကတယ္"
သူတို႔နဲ႔ ယွဥ္ရင္ မိုရိယန္က သူ႕ညီရဲ႕ခံစားခ်က္ေတြကို နားလည္မႈ အ႐ွိဆုံးျဖစ္သည္။
မိုရိခ်န္က သူ႕laptopကို လက္ညိႇဳးထိုးျပလိုက္ၿပီး "အလုပ္နည္းနည္းက်န္ေနေသးလို႔ပါ။ မၾကာခင္ ဆင္းလာခဲ့ပါ့မယ္။ ခ်န္ေက်ာင္ေရာ လာတယ္လား" ခ်န္ေက်ာင္ရဲ႕မိဘေတြက ေစာေစာစီးစီး ကြယ္လြန္သြားၾကၿပီး သူ႕မွာ ေဆြမ်ိဳးအရင္းအခ်ာမ႐ွိတာေၾကာင့္ ႏွစ္သစ္ကူးကို တစ္ေယာက္တည္း အခ်ိန္မ်ားစြာ ကုန္ဆုံးခဲ့ရသည္။
မိုရိယန္ရဲ႕ မ်က္ႏွာတြင္ စိတ္ပ်က္သြားသည့္ ပုံစံ ျဖစ္သြားၿပီး
"မလာဘူး။ မိသားစု ညစာစားၿပီးသြားမွ သူ႕ေနရာကို သြားလိုက္မယ္"
"အဆင္မေျပဘူးလား"
ဒီကာလအတြင္း မိုရိခ်န္က အျခားသူေတြရဲ႕အေရးကိစၥမ်ားကို ေမးျမန္းဖို႔ ခြန္အားေတာင္မ႐ွိခဲ့ေပ။ သူ႕အစ္ကိုႀကီးက သူနဲ႔ ဆန္႔က်င္ဘက္ ျဖစ္ေနတယ္လို႔ မိုရိ႐ႈ ေျပာတာကို ေယာင္ဝါးဝါး ၾကားလိုက္မိသည္။ ႏွစ္ေပါင္းမ်ားစြာ အလုပ္ကို ႐ူးသြပ္ခဲ့တဲ့သူတစ္ဦးက သူ႕ဇနီးကို လိုက္ဖမ္းဖို႔ ႐ူးသြပ္စြာ ေသြး႐ူးေသြးတန္းျဖင့္ သူ႕ဇနီးကို လိုက္ဖမ္းျခင္းမွာ ထိုးဆင္းေနကာ အလုပ္ကို ပစ္ခ်ထားခဲ့သည္။
"သူ႕မွာ အတိတ္က အမွတ္ရစရာေတြ မ႐ွိတာေၾကာင့္ ငါ့ခံစားခ်က္ေတြကို နားလည္ဖို႔ သူ႕အတြက္ ခက္ခဲႏိုင္ၿပီး တစ္ဆင့္ခ်င္း ခ်ဥ္းကပ္ဖို႔ကလည္း ငါ့အတြက္ အရမ္းခက္ခဲေနတယ္။ နားလည္မႈလြဲမွားတာေတြ ျဖစ္လာဖို႔ မလြဲမေသြပါပဲ"
မိုရိယန္က မထိန္းႏိုင္ေတာ့ဘဲ စီးကရက္တစ္လိပ္ကို ထုတ္ကာ မီးညႇိၿပီး ႏွစ္ဖြာေလာက္ ဖြာလိုက္ၿပီးေနာက္ ေတာက္ထုတ္လိုက္သည္။
ညီအစ္ကိုႏွစ္ေယာက္လုံး စကားမေျပာၾကဘဲ တစ္ေယာက္ခ်င္းစီက သူတို႔ရဲ႕စိတ္ထဲတြင္ တစ္ခုခု ႐ွိေနၾကသည္။
ဘန္းးး! ေနာက္ထပ္မီး႐ွဴးမီးပန္းအတြဲလိုက္က ေကာင္းကင္မွာ ေပါက္ကြဲသြားခဲ့သည္။ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ႏွစ္သစ္ျဖစ္သင့္သည္...
မိုရိယန္က လွည့္ထြက္သြားခဲ့သည္။
မိုရိခ်န္က mouseကိုေ႐ႊ႕ကာ သူ႕ရဲ႕အလုပ္စာမ်က္ႏွာကိုပိတ္လိုက္ၿပီး Weiboကိုဖြင့္လိုက္သည္။
သူက အလိုအေလ်ာက္ loginဝင္လိုက္သည္။ အထူးfollowerမ်ားထဲသို႔ ကလစ္ႏွိပ္လိုက္ကာ ထိုေနရာတြင္ ဒူဒူရဲ႕နာမည္တစ္ခုတည္းသာ ႐ွိေနခဲ့သည္။ သူက အဲဒါကို ႏွိပ္လိုက္သည္။
ေနာက္ဆုံးupdateက လြန္ခဲ့တဲ့ လဝက္ေက်ာ္တြင္ ရပ္တန္႔သြားခဲ့သည္။ ႐ုပ္ျပကာတြန္းဇာတ္ကြက္က စနစ္ခ်ိဳ႕ယြင္းမႈေၾကာင့္ elfက ေမွာင္မည္းၿပီး ေၾကာက္စရာေကာင္းတဲ့ဓာတ္ေလွကားအတြင္း ပိတ္မိေနသည့္ေနရာကို ေရာက္ေနခဲ့သည္။ ေအာက္မွမွတ္ခ်က္ေတြက ေပါက္ကြဲေနခဲ့ၿပီး updateလုပ္ရန္ ေတာင္းဆိုမႈမ်ိဳးစုံ ႐ွိေနကာ ဆဲေရးတိုင္းထြာမႈေတြ မ႐ွိဘဲ ဒါဇင္အနည္းငယ္ေလာက္ ေျမႇာက္ထားတဲ့ ဓားပုံemojiေတြကို ေပးပို႔သူမ်ားလည္း ႐ွိေနေပမယ့္ သူတို႔အားလုံးက မိုရိခ်န္လိုပင္။ updateအတြက္ ဘယ္ေလာက္ပင္ ႏွိပ္ႏွိပ္ သို႔မဟုတ္ ဘယ္လိုပဲေအာ္ေအာ္ တုံ႔ျပန္မႈတစ္ခုမွ မရ႐ွိခဲ့ေပ။
သူက ကီးဘုတ္ေပၚမွ လက္ေခ်ာင္း႐ွည္မ်ားကို ႏွိပ္လိုက္ၿပီး ထိုလူကို သူေျပာခ်င္တဲ့ ႏွစ္သစ္ဆုေတာင္းေတြကို ႐ိုက္ထည့္လိုက္သည္။
မိုရိခ်န္ : ဒူဒူ ေပ်ာ္႐ႊင္စရာ ႏွစ္သစ္ပါ။ မင္းျပန္လာတာကို ကိုယ္ေစာင့္ေနတယ္။
မၾကာခင္မွာပဲ မိုရိခ်န္ရဲ႕ျပန္ေျဖတဲ့စာေအာက္တြင္ ပို႔စ္ေတြ ေနာက္ကတက္လာခဲ့ၿပီး အံ့အားသင့္တာေတြ၊ စုံစမ္းေမးျမန္းတာေတြ ပါ၀င္ပါသည္။
[ဒါ အတုမဟုတ္ဘူး!!! အဖြဲ႕ဓာတ္ပုံတစ္ပုံ ေပ်ာ္႐ႊင္စရာႏွစ္သစ္မဂၤလာပါ ဧကရာဇ္မို!]
[အားးးး ဒီလူႏွစ္ေယာက္က ငါ့တစ္သက္တာမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ထပ္အဆက္အသြယ္ မ႐ွိေတာ့ဘူးလို႔ ငါထင္ေနခဲ့ရတာ]
[ေက်းဇူးျပဳၿပီး ေမးခ်င္တာက ငါတို႔ဒူဒူ ဘာျဖစ္သြားတာလဲ။ သူ ေပၚမလာလို႔ ငါ စိတ္ပူေနတယ္!]
[႐ုပ္႐ွင္ဧကရာဇ္မို ဒူဒူ႕အိမ္ကို သြားၿပီး updateလုပ္ဖို႔ ေျပာေပးပါ!]
[ငါ့ကိုၾကည့္ပါ ငါ့ကိုၾကည့္ [႐ိႈက္ႀကီးတငင္ငိုလ်က္] ဒူဒူ ျပန္လာေနၿပီလား]
မိုရိခ်န္က သူ႕laptopကို ပိတ္လိုက္ၿပီး မ်က္ႏွာသစ္ဖို႔ ေရခ်ိဳးခန္းထဲသို႔ဝင္ကာ အက်ႌလဲၿပီး ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။
ႏွစ္သစ္ကူးညစာစားပြဲကို ေအာက္ထပ္မွာ ျပင္ထားၿပီးသားျဖစ္သည္။ အားလုံးက စားပြဲဝိုင္းမွာထိုင္ၾကၿပီး ထမင္းစားၿပီးေနာက္ ပတ္ဝန္းက်င္ေလထုက သာယာေနၿပီး အဓိကကေတာ့ မိုရိ႐ႈေၾကာင့္ပင္။
စားၿပီးတာနဲ႔ မိုရိယန္ ထြက္သြားခဲ့သည္။
"ခ်န္ေက်ာင္ဆီကိုသြားမလို႔လား" ေမေမမိုက ခ်န္ေက်ာင္အေပၚမွာ အလြန္ေကာင္းတဲ့အျမင္ ႐ွိသည္။ အရင္က မိုရိယန္နားက သူေတြနဲ႔ ႏိႈင္းယွဥ္ၾကည့္ရင္ မ်က္စိေအးကာ ႏွစ္လိုဖြယ္ေကာင္းသူလို႔ ေျပာလို႔ရသည္။
မိုရိယန္က ေခါင္းညိတ္လိုက္ၿပီး
"ႏွစ္သစ္ကူး အႀကိဳဂုဏ္ျပဳဖို႔ ေ႐ွာင္႐ႈကို အေဖာ္ျပဳခိုင္းလိုက္ပါ။ ေနာက္ႏွစ္က်မွ ႏွစ္သစ္ကူးပြဲအတူတူက်င္းပဖို႔ ျပန္ေခၚလာခဲ့ပါ့မယ္"
သူမက ျပဳံးလိုက္ၿပီး လက္ကိုေဝွ႔ယမ္းကာ "သြား သြား!"
မိုရိ႐ႈက သူမကို ဖက္ကာ အျပဳံးျဖင့္ ေျပာလိုက္သည္။
"အစ္ကိုႀကီး မင္းလုပ္ႏိုင္ပါတယ္ ဟားဟား ေနာက္ႏွစ္မွာ ကြၽန္ေတာ္တို႔မိသားစုထဲကို လူထပ္ထည့္ႏိုင္ေအာင္ ႀကိဳးစားပါ"
သူထြက္သြားခ်ိန္မွာေတာ့ မိုရိ႐ႈက ေခါင္းကို လွည့္ၾကည့္လိုက္ေတာ့ ဆိုဖာေပၚမွာ အသိုက္ေဆာက္ေနတဲ့ မိုရိခ်န္ကို ျမင္ေတာ့ သူ႕မ်က္ႏွာက ၾကည့္မေကာင္းေပ။ "ဒုတိယအစ္ကို ပင္ပန္းရင္ အေပၚထပ္တက္ၿပီး အနားယူေတာ့ေလ"
မိုရိခ်န္က ထိုင္မေနႏိုင္ေတာ့ဘဲ စားပြဲေပၚမွ ဖုန္းကိုယူကာ သူ႕အေမကို ေတာင္းပန္ၿပီး အေပၚထပ္သို႔ လွည့္ထြက္သြားခဲ့သည္။
ႏွစ္သစ္ကူးအႀကိဳေန႔။
ႏွစ္သစ္ကို ႀကိဳဆိုဖို႔ ညက ကုန္ဆုံးေနခဲ့သည္။
ဒါက စတင္မႈအသစ္ျဖစ္သည္။ မိနစ္အနည္းငယ္ၾကာတဲ့အခါ အေသးေလးက စိတ္ကူးယဥ္အသက္တစ္ႏွစ္ထက္ ပိုႀကီးလာလိမ့္မည္။
(T/N: ေျပာခ်င္တာက တ႐ုတ္အယူအဆအရ ႏွစ္သစ္ကူးၿပီးရင္ အသက္တစ္ႏွစ္ပိုႀကီးသြားၿပီလို႔ ဆိုလိုခ်င္တာျဖစ္မယ္)
သူ႕နားထဲတြင္ တိုင္ကပ္နာရီသံက ေမွာ္ပညာတစ္ခုလိုပင္။
႐ုတ္တရက္ထိတ္လန္႔မႈတစ္ခုက သူ႕စိတ္ထဲကို လႊမ္းျခဳံသြားတာကို ခံစားလိုက္ရသည္။
စာတိုတစ္ေစာင္ဝင္လာသည္။ ဖုန္းကို ေကာက္ကိုင္လိုက္ၿပီး ႏွိပ္လိုက္သည္။ ခ်န္စန္းဆီမွ ႏွစ္သစ္ကူးဆုေတာင္း စာတစ္ေစာင္ျဖစ္ၿပီး မနက္ျဖန္ လူေတြစုဖို႔ အခ်ိန္႐ွိမ႐ွိကို ေမးျမန္းခဲ့တာျဖစ္သည္။
မိုရိခ်န္က စာမျပန္ေပ။ သူက ဖန္သားျပင္ကို ပိတ္လိုက္ၿပီး ဖုန္းကို ေဘးဘက္သို႔ ပစ္ခ်ေတာ့မယ့္အခ်ိန္တြင္ ဖုန္းက ႐ုတ္တရက္ တုန္ခါသြားသည္။
ဘာျဖစ္တာလဲ။ သူက ေဘးက ခလုတ္ကို ႏွိပ္လိုက္ၿပီး ဖန္သားျပင္က လင္းလာကာ ေနာက္တစ္ႀကိမ္ ထပ္ႏွိပ္ေတာ့ ေမွာင္သြားျပန္သည္။ ဘာမွမမွားပါဘူး... သူနိဂုံးမခ်ဳပ္ခင္မွာပဲ ဖုန္းမ်က္ႏွာျပင္က အႀကိမ္အနည္းငယ္ခန္႔ အ႐ွိန္ျပင္းစြာ တုန္ခါလာခဲ့သည္။
သူ႕စိတ္ထဲတြင္ ဝိုးတဝါး ခံစားခ်က္တစ္ခုျဖင့္ ဖုန္းမ်က္ႏွာျပင္ကို ဖြင့္လိုက္ၿပီး ေသခ်ာေပါက္ပင္ စာတစ္ေစာင္က ခ်က္ခ်က္ေပၚလာခဲ့ၿပီး မွိတ္တုတ္မွိတ္တုတ္ျဖစ္ေနတဲ့ ျဖစ္စဥ္ကလည္း ေပ်ာက္ကြယ္သြားသည္။
"Elf Rebirth Project ဂိမ္းမွ ထပ္မံႀကိဳဆိုလိုက္ပါသည္။ elf ကစားသမားတစ္ဦး ျဖစ္လာျခင္းအတြက္ ဂုဏ္ျပဳပါသည္။ ယခုအခ်ိန္မွစ၍ သင့္မွာ elf တစ္ေယာက္ ႐ွိလာလိမ့္မည္"
သူ႕လက္က တုန္ေနခဲ့သည္။
Scanဖတ္ျခင္း....
ခန္႔မွန္းျခင္း....
ကိုက္ညီသည္....
ဖန္သားျပင္ေပၚတြင္ ရင္းႏွီးၿပီးသားျဖစ္တဲ့ ပလတ္စတစ္ေမွာ္တုတ္တံကို ကိုင္ထားကာ ေပ်ာ္႐ႊင္စြာ ေဝွ႔ယမ္းေနတဲ့ လူေလးတစ္ေယာက္ ေပၚလာခဲ့သည္။
"ဂုဏ္ယူပါတယ္ ကစားသမား။ မင္းက အံ့ၾသစရာအေကာင္းဆုံးelfနဲ႔ ကိုက္ညီၿပီး အခု မင္းရဲ႕ကိုယ္ပိုင္ဂိမ္းဘားမွာ တာဝန္ေပးထားပါတယ္။ မင္းရဲ႕ဂိမ္းကို ေပ်ာ္႐ႊင္စြာ ကစားလိုက္ပါ"
သူ႕ပါးစပ္က စကားလုံးေတြ ထြက္လာၿပီးတာနဲ႔ ေနာက္ျပန္လွည့္ကာ သူ႕တင္ပါးေနာက္က မီးခိုးျဖဴတစ္တန္းထြက္လာၿပီး ေပ်ာက္ကြယ္သြားခဲ့သည္။
"ဒူဒူ..."
ဖုန္းေသးေသးေလးက ေပါင္တစ္ေထာင္အေလးခ်ိန္႐ွိပုံရၿပီး မိုရိခ်န္ ဒါကို ကိုင္ထားဖို႔ မလြယ္ကူေတာ့ေပ။
သူက အခန္းက်ဥ္းေလးကို ျမင္လိုက္ရသည္။
သို႔ေသာ္ ဒီအခန္းက လက္႐ွိအခ်ိန္ႏွင့္ ေနရာတို႔ျဖင့္ မသက္ဆိုင္ပုံရသည္။ ဒါက သိပၸံစိတ္ကူးယဥ္ဇာတ္ကားတစ္ကားႏွင့္ ပိုတူေသာ္လည္း အျပင္အဆင္က အရင္က ဒူဒူေနခဲ့တဲ့အခန္းႏွင့္ သိပ္မကြာေပ။ ေထာင့္တြင္ ခြဲျခားလို႔မရႏိုင္တဲ့ပစၥည္းမ်ားျဖင့္ ျပဳလုပ္ထားတဲ့ အျဖဴေရာင္ ကုတင္တစ္လုံး႐ွိၿပီး အခန္းရဲ႕အလယ္တြင္ မဖတ္ႏိုင္ေလာက္တဲ့ နံပါတ္မ်ားျဖင့္ ထူထပ္ေနတဲ့မ်က္ႏွာျပင္႐ွိတဲ့ အီလက္ထ႐ြန္းနစ္ ဆုံလည္ကုလားထိုင္တစ္လုံး ႐ွိေနသည္။ စက္ဝိုင္းျခမ္းပုံစံ ျပတင္းေပါက္ေလးက တစ္ဝက္ပြင့္ေနၿပီး ေနေရာင္က အတြင္းဘက္တြင္ေတာက္ပေနခဲ့သည္...
႐ုတ္တရက္ ေကာင္မေလးတစ္ေယာက္က တံခါးကို တြန္းဖြင့္လိုက္သည္။
ေလထဲမွာ ခ်ိတ္ဆြဲခံထားရတဲ့ မိုရိခ်န္ရဲ႕ ႏွလုံးသားက ေခ်ာက္ထဲကို ထိုးက်သြားခဲ့သည္!
အထဲကelfက ဒူဒူမဟုတ္ဘူး။
တံခါးကိုတြန္းဖြင့္ၿပီးေနာက္ ဂိမ္းအတြင္းမွ ႐ုပ္ပုံေသးေသးေလးက အထဲကို ေခ်ာင္းၾကည့္ေနခဲ့သည္။ အရပ္ခပ္ပုပု၊ လုံးဝိုင္းတဲ့ဝက္ၿမီးပုံဆံပင္ႏွစ္စု၊ အနီေရာင္စကတ္ႏွင့္ အလြန္လႈပ္႐ွားသက္ဝင္ေနတဲ့ အနက္ေရာင္မ်က္လုံးေတြ႐ွိတဲ့ Q-skinned႐ွိသည့္ elfတစ္ေယာက္ျဖစ္သည္။
မိုရိခ်န္က ေရခဲလိႈဏ္ဂူထဲသို႔ က်သြားသလိုပင္။ သူက elfရဲ႕အခ်က္အလက္ကိုျပသေနတဲ့ ေပါေလာေပၚေနသည့္ မ်က္ႏွာျပင္ကိုပင္ သတိမထားမိေပ။
"ရားးးး! မင္း ဘယ္သူလဲ"
ေကာင္မေလးက ေအာ္လိုက္သည္! ဝါးနံရံေပၚတြင္ ႐ုတ္တရက္ေပၚလာတဲ့မိုရိခ်န္ကို ေတြ႕လိုက္ရျခင္းေၾကာင့္ ျဖစ္လိမ့္မည္။
မိုရိခ်န္ရဲ႕ မ်က္ႏွာေပၚ႐ွိ ေသြးေတြက နံရံေပၚ႐ွိနာရီမွ ႏွစ္ေဟာင္းကို ျဖတ္ေက်ာ္ကာ ႏွစ္သစ္ကူး ေခါင္းေလာင္းသံ ထြက္ေပၚလာသည့္အခိုက္တြင္ မွိန္ေဖ်ာ့သြားခဲ့သည္။
"မင္းက ဘယ္သူလဲ။ ဘာလို႔ဒီမွာ႐ွိေနတာလဲ။ မင္းက Akkadian Starက သူလွ်ိဳလား!"
သူမရဲ႕မ်က္ႏွာတြင္ သတိထားတဲ့အၾကည့္ ႐ွိေနကာ ကေလးမေလးက ထူးဆန္းတဲ့ေသနတ္တစ္လက္ကို သူမရဲ႕ေနာက္ေက်ာမွဆြဲထုတ္ကာ မိုရိခ်န္ကို ခ်ိန္လိုက္သည္။
"မင္း ဘာမွမေျပာရင္ မင္းကိုပစ္သတ္ပစ္မယ္!"
ထိုအခ်ိန္တြင္ ကေလးမေလးရဲ႕ေနာက္မွ အလြန္ရင္းႏွီးေနတဲ့ အသံတစ္ခု ထြက္ေပၚလာခဲ့သည္။
"သီယာ ဘာေတြျဖစ္ေနတာလဲ"
မိုရိခ်န္က တုန္လႈပ္သြားၿပီး အသက္႐ႈၾကပ္လာခဲ့သည္။
ကေလးမေလးက လက္ႏွစ္ဖက္ကို ျဖန္႔ကာ သူမရဲ႕ေနာက္က လူကို ကာဆီးဖို႔ ႀကိဳးစားလိုက္သည္။
"ေဒါက္တာမို မေၾကာက္ပါနဲ႔ ဒီလူဆိုးကို သမီးေျဖ႐ွင္းလိုက္မယ္!"
သို႔ေသာ္ သူမက ပုလြန္းတာေၾကာင့္ သူမေနာက္ကြယ္မွ သြယ္လ်ၿပီး အရပ္႐ွည္တဲ့ လူငယ္ကို ကာဆီးထားဖို႔ နည္းလမ္းမ႐ွိေပ။
ဆယ္ေက်ာ္သက္ေလးရဲ႕ေနာက္ေက်ာက ယခုအခါ ေနေရာင္ကို ေက်ာေပးထားၿပီး အညိဳေဖ်ာ့ေဖ်ာ့ဆံပင္မ်ားက အရင္ကထက္ အနည္းငယ္ပို႐ွည္လာကာ ပိန္ပါးၿပီး ႏုနယ္တဲ့ မ်က္ႏွာေကာက္ေၾကာင္းေတြက ရင့္က်က္လာကာ အျဖဴေရာင္ ဓာတ္ခြဲခန္းအက်ႌကို ၀တ္ဆင္ထားၿပီး လက္ႏွစ္ဖက္ကို အိပ္ကပ္ထဲ ထည့္ထားရင္း သူ႕မ်က္ႏွာတြင္ ထိတ္လန္႔မႈျဖင့္ နံရံကို ၾကည့္ေနခဲ့သည္။
"မို..."
ဆယ္ေက်ာ္သက္ေလးက ပါးစပ္ကိုဖြင့္လိုက္ေပမယ့္ အသံမထြက္ႏိုင္ေလာက္ေအာင္ တုန္ယင္ေနတာကို ေတြ႕လိုက္ရသည္။
"ဒူဒူ!"
မိုရိခ်န္က သူ႕မ်က္လုံးေတြကို မယုံႏိုင္ဘဲ ဒီရက္ေတြမွာ သူ႕အိပ္မက္ထဲတြင္ အႀကိမ္မ်ားစြာ ၾကဳံခဲ့ရသလို ဆယ္ေက်ာ္သက္ေလးက ေနာက္လွည့္ကာ လမ္းေလွ်ာက္သြားၿပီး လိုက္မမွီႏိုင္ေတာ့ေအာင္ သူ႕ကို ေက်ာခိုင္း ထားရစ္ခဲ့သလိုမ်ိဳး...ေနာက္တစ္စကၠန္႔တြင္ အရာအားလုံး ၿပိဳကြဲသြားမည္ကို စိုးရိမ္ေနခဲ့သည္။
"ေဟး ေဒါက္တာမို ဒီလူဆိုးက မင္းကိုသိတယ္ပဲ!"
ကေလးမေလးက ေျပာလိုက္ေပမယ့္ ေခါင္းကို လွည့္ၾကည့္လိုက္ေတာ့ သူမရဲ႕ေနာက္႐ွိ ေဒါက္တာမိုက မ်က္ရည္က်ေနၿပီဆိုတာကို ျမင္လိုက္ရသည္။
"မိုရိခ်န္ ဒူဒူ ေနာက္ဆုံးေတာ့ မင္းကိုေတြ႕ၿပီ"
မိုရိခ်န္က ဒူဒူ႕ရဲ႕မ်က္ႏွာေပၚ႐ွိ မ်က္ရည္မ်ားကို ၾကည့္ၿပီး သူ႕မ်က္ရည္ေတြကို မထိန္းႏိုင္ေတာ့ေပ။ ခ်က္ခ်င္းဆိုသလိုပင္ သူ႕စိတ္ထဲသို႔ သတင္းအခ်က္အလက္မ်ားစြာ စိမ့္ဝင္လာခဲ့သည္...
စနစ္သတိေပးခ်က္: Elf ဒူဒူက ဒုတိယအဆင့္စမ္းသပ္မႈကမ႓ာတြင္ အမွတ္၁၀၀၀ရ႐ွိထားၿပီး ယခုမူရင္းအာကာသဂိမ္းႏွင့္ ခ်ိတ္ဆက္မိသြားကာ သူ႕ရဲ႕မူရင္းကစားသမားႏွင့္ ကိုက္ညီသြားပါၿပီ။ ဂုဏ္ျပဳပါတယ္elfေလး
စနစ္သတိေပးခ်က္: ယခု elfဒူဒူႏွင့္ ကိုက္ညီၿပီး ကစားသမားက ဒါကို လက္ခံမည္လား၊ လက္မခံဘူးလား: YES or NO
Elfအခ်က္အလက္
အမည္: မိုဒူဒူ
က်ား-မ: က်ား
အသက္ : ၂၂ႏွစ္
မူရင္းဇာတိ: ၾကယ္တာရာေဒသ ၏နဝမေျမာက္ခ႐ိုင္
ကိုယ္ရည္ကိုယ္ေသြး: ႐ိုး႐ွင္း၊ ဇြဲ႐ွိ၊ သတၱိေကာင္း
အဆင့္: ၇၅
အေရျပားမုဒ္: အဆင့္ျမင့္မုဒ္
မွတ္ခ်က္: ဒုတိယအဆင့္စမ္းသပ္မႈကမ႓ာ အေထာက္အထား စစ္ဘက္ဆိုင္ရာဆဲလ္ ျပန္လည္ဖြဲ႕စည္းမႈဆရာဝန္