လရိပ်ရွှေရည်ချိန်းထားသည့်ရွှေတိဂုံဘုရားတောင်ဘက်မုခ်သို့လာခဲ့လိုက်သည်။သူရောက်လာသည်နှင့်မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်တယ်ဆိုရင်ဖြင့် မက်တပ်ရပ်ကာစောင့်နေသည့်ရွှေရည်ကိုတွေ့လိုက်ရသည်။လရိပ်ချိန်းထားသည့်အချိန်ထက်နာရီဝက်စောရောက်တာဖြစ်ပေမယ့်ရွှေရည်ကအရင်ရောက်နေသည်။ရွှေရည်ကသူမဆံပင်တွေကိုခပ်မြင့်မြင့်ချည်ထားပြီး။ခရမ်းနှင့်အနက်ရောင်ဖောက် ပါတိတ်ဝမ်းဆက်လေးဝတ်ဆင်ထားသည်။လူကြားထဲမှာထင်း၍တောက်ပနေသောချစ်သူလေးကိုလရိပ်ကြည့်မဝဖြစ်ရပြန်၏။
"ရွှေရည်"
လရိပ်အသံကြောင့်ရွှေရည်လှည့်ကြည့်လာသည်ပြီးတော့သူမမျက်ဝန်းထဲကမျက်ရည်စတွေနှင့်မို့သူရင်ထိတ်သွားရသည်။
"ရွှေရည် ဘာဖြစ်လို့လဲ"
"ကိုကို~~"
"ဘာလို့လဲကိုယ့်ကိုပြော ကိုယ်ရင်တွေပူလိုက်တာ"
"ရွှေရည်တို့လမ်းခွဲရအောင်"
"ဟင်! ဘာ ဘာကြောင့်လဲ။"
"ကိုကိုနဲ့ရွှေရည်ကမိုးနဲ့မြေလိုကွာတယ်"
"ဘာတွေပြောနေတာလဲ.ကိုကိုဘဝကရွှေရည်နဲ့မခြားနားဘူးလို့ပြောတယ်လေ"
"ဘာဖြစ်ဖြစ် ကိုကိုက ရှင်းအုပ်စုရဲ့အဖိုးတန်သား စာရင်းထဲမှာပါတယ်လေ။ကိုကို့ကိုရွှေရည်လိုလူမျိုးနဲ့..."
"အစ်ကိုပါပါးကိုလဲ ဖွင့်ပြောထားပြီးပြီ။ဘာတွေကများ"
"ရွှေရည်ဘာမှမပြောချင်တော့ဘူး။အိမ်ကလဲရွှေရည့်ကိုလက်ထပ်ပေးတော့မှာ"
"ရွှေ ရွှေရည်!"
ရွှေရည်က ထိုနေရာမှပြေးထွက်သွားခဲ့သည်။ရုတ်တရက်ကြီးဘာဖြစ်တာလဲလရိပ်နားမလည်နိုင်။သူမဟုတ်ပဲဘာဖြစ်လို့တခြားသူနဲ့သဘောတူချင်ရတာလဲ။သူကဘာတွေများလိုအပ်နေလို့လဲ။ရွှေရည်ပြောသလိုမိုးနဲ့မြေကွာတယ်ဆိုတာ ဆင်ခြေသက်သက်ပဲ။ကိုယ်က ရှင်းအုပ်စုရဲ့မွေးစားသားဆိုတာ လူတိုင်းသိတယ်။ပြီးတော့ပါပါးက ဟိုလူနဲ့မတန်ဘူးဒီလိုနဲ့မတန်ဘူးလို့ပြောဖို့နေနေသာသာ ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကိုအမြဲကူညီကယ်တင်ပေးနေတဲ့သူ။ လရိပ်ခေါင်းထဲတွင်ရှုပ်ထွေးလာပြီးရင်ထဲမှာလဲဟာတာတာဖြစ်နေသည်။သူအိမ်ကိုသာပြန်လာပြီးအနားယူဖို့ဆုံးဖြတ်ကာ အိမ်ပြန်လာချိန်မှာတော့..
"ဟား ဟား ဟား ရုံးခွဲအသစ်တွက်ဖွင့်ပွဲကတော့အောင်မြင်သွားပြီ။ပါပါးသားရဲ့အနာဂတ်ကိုလှမ်းကြည့်တာမျက်လုံးတောင်စူးနေပြီ"
"ပါပါးကလဲမြှောက်နေပြန်ပြီ။ဒီအတွက်သားကိုဆုမချဘူးလား"
"ဟား..ဘာဆုလဲ ပေးဖို့အဆင်သင့်ပဲ ပြောနေစရာလိုသေးလား"
"အဲ့ဆုကကြီးတယ်ပါပါးရဲ့.."
"ပြောမှာသာပြောစမ်းပါ.."
ထိုစဉ်မှာ အိမ်ထဲသို့လေးလေးပင်ဝင်လာသည့်လရိပ်ကိုတွေ့တော့စကားဝိုင်းကရပ်သွားလေ၏။
"သားကြီး ပြန်လာပြီလား"
"ပါပါး ကျွန်တော်မေးစရာတစ်ခုရှိတယ်"
"အင်းမေးလေ။သားတွေကဒီနေ့ထူးထူးဆန်းဆန်းပါလား ပဟေဌိတွေနဲ့"
"ကျွန်တော့်အိမ်ထောင်ဖက်က ဘယ်လိုလူမျိုး။ဘယ်လိုအဆင့်တန်းမျိုးရှိရမယ်လို့ပါပါးသတ်မှတ်ထားတာရှိလား"
"ပေါက်ပေါက်ရှာရှာ တစ်ခါမှမတွေးမိဘူး"
လရိပ်တွေဝေသွားပြီး လေးပင်စွာပင်အိမ်ပေါ်ထပ်သို့တတ်သွားစဉ်။အသံဩဩပြတ်ပြတ်ဖြင့်...
"ဒါပေမယ့် အခုကိုယ်နေတဲ့အဆင့်အသိုင်းဝိုင်းကိုတော့ကြည့်ဖို့လိုတယ်။ကိုယ်ကမြန်မာနိုင်ငံမှာထိပ်တန်းအုပ်စုတစ်ခုဖြစ်တဲ့ ရှင်းအုပ်စုရဲ့ဆက်နွယ်နေတယ်ဆိုတာတော့မမေ့နဲ့"
ရှင်းခန့်၏အပြောကိုပါပါးသဘောကျပေမယ့် လရိပ်ကိုအားနာသွားရသည်။လရိပ်ကရှင်းခန့်ကိုမကြည်သလိုကြည့်ရင်းအိမ်ပေါ်ထပ်သို့တတ်သွားလေ၏။
*မင်းယူတဲ့မိန်းမ ဘယ်လောက်အဆင့်မြင်လဲကြည့်ဦးမယ်။အင်္ဂါဂြိလ်ကဟာကိုသွားယူမှာမို့လို့လား*
"ဒါနဲ့ညကြရင် ဖွင့်ပွဲအောင်မြင်ခြင်းအထိန်းအမှတ်အနေနဲ့ party ရှိသားကြီးအားရင်လိုက်ခဲ့စေချင်တယ်။"
"ဟုတ် ပါပါး"
------------
Partyပွဲစီစဉ်ထားသည့်Hotelကိုသွားရန် ကားထဲတွင် လရိပ်နှင့်ရှင်းခန့်ရောက်နေပြီဖြစ်သည်။အရှေ့ကdriverနဲ့သူတို့နှစ်ယောက်သာရှိတာမို့ လရိပ်က driverကိုမေးခွန်းထုတ်လာသည်။
"ဘာဖြစ်လို့ငါကဒီကားမှာစီးရတာလဲ"
"အော် ဒါကအစ်ကိုလေးတို့ကငယ်ငယ်ကတည်းက ဒီလိုပဲစီးနေကြဖြစ်လို့ သူဌေးကဒီလိုစီစဉ်တာဖြစ်ပါလိမ့်မယ်"
လရိပ်ဘာမှမပြောတော့ပဲ ပြတင်းပေါက်ဖက်သို့မျက်နှာလှည့်ကာ ရွှေရည်ပြောခဲ့သည့်စကားတွေကိုမယုံနိုင်စွာတွေးနေ၏။
ရှင်းခန့်က သူ့အားမှန်ထဲမှတစ်ချက်တစ်ချက်ကြည့်ရုံကလွဲပြီး မျက်နှာကတည်ပြီးတင်းနေသည်။သူမျက်နှာကအရင်ကတည်းကကျက်သရေမရှိဟုတွေးထားပြီးလရိပ်လည်း feel ချင်ရာfeel နေ၏။
"ခင်ဗျား တစ်ခုခုအဆင်မပြေဘူးထင်တယ်။ကျုပ်ထက်တာမမှားဘူးဆို ကျုပ်ကြောင့်တော့မဖြစ်နိုင်ဘူး"
"ငါမင်းနဲ့လဲစကားမပြောချင်ဘူး"
လရိပ်ကလှည့်မကြည့်ပဲပြောလေ၏။
"ခင်ဗျားတစ်ဖက်သတ်ရန်တအားလိုနေပါလား"
"မင်းနဲ့ငါကဘယ်တုန်းကပြေလည်ဖူးလို့လဲ။ဒီတစ်သက်ရောပြေလည်ဖို့ရှိလာဦးမှာမို့လား"
"အသက်တွေကြီးနေပြီကလေးဆန်တာတွေလျှော့ရအောင်"
ဘယ်လိုဘယ်လို သူကဘယ်လိုစကားပြောတာလဲ အိမ်ကိုရောက်ကတည်းကအလိုမကျတဲ့မျက်နှာပေးဖြစ်နေတာဘယ်သူလဲ။လရိပ်ကဆိုးသွမ်းဖို့မပြောနဲ့တစ်လောကလုံးမှာသူနဲ့အဆင်မပြေတာဆိုလို့ရှင်းခန့်တစ်ယောက်တည်း။လရိပ်ပြောချင်စရာစကားလုံးတွေမရှိတာမို့ ငြိမ်၍သာလိုက်လာလေ၏။
-------
Party ပွဲတွင်ရှင်းခန့်အား ချီးကျူးဂုဏ်ပြုသူတွေကအများအပြားနှင့်ဝမ်းသာအားရနှုတ်ဆက်ကြသော်လည်း ရှင်းခန့်၏အကြည့်တွေကအမူးသမားဆီသို့သာ။ထောင့်မှာကပ်ပြီး အရက်တွေတစ်ခွက်ပြီးတစ်ခွက်သောက်နေသူက မျက်နှာတစ်ခုလုံးလဲရဲတတ်နေ၏။ဒါနဲ့ပဲသူ ပါပါးဆီသို့သွားကာတစ်ခုခုတီးတိုးပြောလိုက်တော့ပါပါးက ခေါင်းညိမ့်ပြပြီး။
"အဆင်ပြေပါ့မလားသား။"
"ပါပါးက ကျွန်တော်တောင်းဆိုထားတဲ့တစ်ခုတည်းသောဆန္ဒကိုဖြည့်ပေးမှာမဟုတ်လား အဲ့တော့တခြားဘာမှမတွေးပါနဲ့"
ပြတ်သားလွန်းသည့်သားကြောင့်သူဘာဆက်ပြောရမှန်းမသိ။ယခုသူဟာ သူ့သားကိုပင်မယှဉ်ရဲလောက်သာ့်အခြေနေဖြစ်နေသည်။ဒီလိုအခြေနေကိုလိုချင်လို့ကြိုးစားခဲ့တယ်ဆိုတာသူအခုမှကောင်းကောင်းသဘောပေါက်လာသည်။သူပိုင်ဆိုင်သမျှလိုချင်ဆိုတဲ့ငယ်ငယ်ကအပြောကိုသဘောကျခဲ့သည်။သူပိုင်ဆိုင်တာကိုလဲဘာမဆိုပေးနိုင်သည်။သို့ပေမယ့် သူ့သားတစ်ကယ်သူ့ဆီကလိုချင်တဲ့အရာကပစ္စည်းတွေမဟုတ်ခဲ့။ လရိပ်ဟာသက်မဲ့မဟုတ်သလို သူပိုင်တာလဲမဟုတ် သူတို့ဘဝအဆင်ပြေမယ်ဆိုရင်တော့ငြင်းစရာမရှိပါပဲ မဟုတ်ရင်လရိပ်တစ်ဘဝလုံးအတွက်သူအပြစ်ရှိတဲ့တရားခံတစ်ယောက်လုံးလုံးဖြစ်သွားလိမ့်မည်။
ရှင်းခန့်အမူးသမားကိုဆွဲခေါ်လာကာကားပေါ်သို့တင်လိုက်သည်။ပြီးနောက်ကား ပြတင်းပေါက်တွေကိုဖွင့်လိုက်၏။လရိပ်ကသူ့အားကြီးဖြင့်ဆွဲခေါ်လို့သာ ယက်ကန်ယက်ကန်ပါလာတာ လုံးဝပြန်မလိုက်ချင်သေးပေ။
"ဖယ် မင်းဖယ် ငါသောက်ဦးမယ်။ငါသောက်ဦးမယ်"
"ခင်ဗျားမူးနေပြီ။တစ်ခါမှမသောက်ဖူးပဲနဲ့ သေချင်လို့လား။"
"ဘယ်သူပြောလဲ တစ်ခါမှမသောက်ဖူးဘူးလို့ဘယ်သူပြောလဲ..."
ထိုသို့ပြောပြီး ရှင်းခန့်အားရီဝေဝေမျက်လုံးများဖြင့်ကြည့်လာကာဟက်ကနဲတစ်ချက်ပြုံးလျှက်...
"ငါမေ့သွားတယ်။မင်းကငါ့ကိုတစ်ချိန်လုံးခိုးကြောင်းခိုးဝှက်နဲ့ချောင်းပြီးတိုက်ခိုက်ချင်နေတဲ့လူပဲ ဒါကိုသိနေတာမဆန်းပါဘူး"
ရှင်ခန့်ကသူ့ခန္တာကိုယ်ကိုဖိလိုက်ကာအပေါ်မှတတ်ခွလိုက်ပြီး ပါးနှစ်ခုကိုလက်တစ်ဖက်တည်းနှင့်ဖျစ်လျှက်..
"ကျုပ်ငယ်ငယ်က ခင်ဗျားရဲ့နှုတ်ခမ်းတွေမျက်လုံးတွေကို မနာလိုခဲ့ဘူး။ကျုပ်လဲခင်ဗျားလိုအရမ်းလှတဲ့အစိတ်ပိုင်းတွေနဲ့လှချင်တယ် ဒါကြောင့်ခင်ဗျားကြိအမြဲပြသနာရှာနေမိတယ်။ကျုပ်အဲ့လိုထင်ခဲ့တာ.."
လရိပ်အမူးပင်အနည်းငယ်ပြေသွားပြီး ရှင်းခန့်အားကြည့်လာရာ ရှင်းခန့်ကသူ၏အသံဩရှရှဖြင့်တိုးတိုးလေးပြောလာသည်။
"အမှန်က ကျုပ်ခင်ဗျားရဲ့အစိတ်အပိုင်းတွေကိုပိုင်ဆိုင်ချင်တာ အဲ့တာခင်ဗျားကိုနမ်းမိတဲ့အချိန်ကစပြီးသိခဲ့တာ"
"ဟင်..မင်း..အွန့်"
ရှင်းခန့်သူ၏နှုတ်ခမ်းတွေကိုစုပ်ငုံကာနမ်းရှိုက်မှုများပြုလုပ်လေသည်။သူ့လက်ဝါးကြီးတွေဖြင့်မျက်နှာကိုဖျစ်ထားသဖြင့်ဘယ်လိုမှရုန်းမရ။လရိပ်၏လက်တွေက သူ့ရင်ဘက်တွေကိုတစ်ဖုန်းဖုန်းထုပေမယ့် ရှင်းခန့်ကနမ်းလို့ဝတော့မှ လွှတ်ပေးလိုက်လေသည်။လရိပ်မူးတာတွေပျောက်သွားပြီဖြစ်ပြီး ကားပေါ်မှဆင်းကာ Hotelဆီပြန်သွားလျှက် သန့်စင်ခန်းထဲသို့ဝင်လိုက်၏။ထိုနောက် သူ့ပါးစပ်တွေကိုရေဖြင့်ဆေးကာလက်သီးတွေကိုလဲကျစ်နေအောင်ဆုပ်ထားသေးသည်။ရင်ဘက်ထဲကနှလုံးဟာလဲ ဒေါသတွေကြောင့်အဆမတန်ခုန်ပေါက်နေ၏။ထိုစဉ်မှာပဲဖုန်းဝင်လာရာသဖြင့်သူကြည့်လိုက်ရာ...ရွှေရည်...
"အင်းရွှေရည် ကိုယ့်ကိုဖုန်းမှားခေါ်မိတာလား"
"ကိုကို ရွှေရည့်ကိုအထင်မလွဲပါနဲ့ကိုကိုရွှေရည့်ကိုတစ်သက်လုံးမုန်းမှာကြောက်တယ်"
"............"
-----------
ကားထဲမှာကျန်နေသည့်ရှင်းခန့်က ခြေပစ်လက်ပစ်ခုံမှာမှီထိုင်ရင်း ဆေးလိပ်တစ်လိပ်ကိုမီးညှိလိုက်လေ၏။ဒီလူရဲ့တစ်ကိုယ်လုံးကိုသိမ်းပစ်လိုက်လို့ သူလုံးဝနောင်တရမှာမဟုတ်ဘူးဆိုတာ ပိုပို၍သေချာလာပြီ။
*လရိပ်ခင်ဗျားကို ကျုပ်ပိုင်ရဖို့မစောင့်နိုင်တော့ဘူး။ခင်ဗျားသိပ်အရသာရှိလွန်းတယ်*
ထိုစဉ်မှာပဲ..
"ရှင်းခန်း တံခါးဖွင့်စမ်း"
ဒေါကြီးမောကြီး ကားနားကိုပြန်ရောက်လာသည့် လရိပ်ကြောင့်သူတံခါးကိုဖွင့်ပေးလိုက်သည်နှင့် လရိပ်ကသူ့အားအပေါ်မှခုန်အုပ်ကာလည်ပင်းကိုညှစ်ထားလေသည်။သူအဲ့လောက်ထိစိတ်တိုတာရှင်းခန့်မမြင်ဖူးတာကြောင့်ရုတ်တရက်ကြောင်ကြည့်နေမိသည်။
"မင်းရွှေရည်ကိုဘာတွေပြောလိုက်တာလဲ"
ထိုအခါမှရှင်းခန့်သဘောပေါက်သွားပြီးဟက်ကနဲတစ်ချက်ရယ်လိုက်လေသည်။
"ကျုပ်အတွင်းရေးမှူးကိုသူ့အဒေါ်ဆီလွှတ်လိုက်ရုံပါ။သိန်းတစ်ထောင်ပေးလိုက်ရတယ်"
"ဘာ?"
"ဟုတ်တယ်သူ့အဒေါ်က ခင်ဗျားနဲ့မပတ်သတ်စေရဘူးဆိုပြီး သိန်းတစ်ထောင်နဲ့သဘောတူလိုက်တယ်"
"မင်းကဘာကိစ္စအဲ့လိုတွေနှောက်ယှက်နေတာလဲ မင်းက"
လရိပ်ကရှင်းခန့်၏ပါးပြင်အားရိုက်ကာပြောတော့ ရှင်းခန့်ကသူ့လက်တွေအားဆွဲဖမ်းလိုက်သည်။
"ခင်ဗျားကိုကျုပ်ဘယ်တုန်းကမှ ကိုယ်ထိလက်ရောက်မကျူးလွန်ဘူးနော်။ဖယ် ကျုပ်ပေါ်က"
"မင်းငါ့နှုတ်ခမ်းတွေကိုကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာထည့်မပြောဘူးလား။လူယုတ်မာ မင်းဘယ်အချိန်ထိယုတ်မာနေဦးမှာလဲ"
လရိပ်က ရှင်းခန့်ကိုယ်ပေါ်မှဆင်းကာတစ်ဖက်သို့လှည့်နေလိုက်သည်။သူမျက်ရည်တွေလုံးမကျပဲရင်ထဲမှာသာငိုကျွေးနေ၏။ ထိုတိတ်ဆိတ်မှုကိုရှင်းခန့်က ဖြိုခွင်းလိုက်လေသည်။
"မိုးမိတ်ကိုမှတ်မိလား!"
"ဟင်!"
လရိပ်ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားလေသည်။အဲ့သည်နေ့ကသူ့ရဲ့ထိတ်လန့်စရာနေ့တစ်ခုဖြစ်ခဲ့ပြီး ရှင်းခန့်ထိုအကြောင်းအစပျိုးလာခဲ့သည်။မဟုတ်ပါစေနဲ့လို့တစ်ခုခုကိုလဲဆုတောင်းနေပေမယ့်သူ့ဆုတောင်းတွေမပြည့်ခဲ့။
"ခင်ဗျားကိုပိုင်ဆိုင်ဖို့ကြိုးစားနေတဲ့သူအားလုံးမိုးမိတ်လိုဖြစ်သွားစေရမယ်"
-----------
Zawgyi
လရိပ္ေ႐ႊရည္ခ်ိန္းထားသည့္ေ႐ႊတိဂုံဘုရားေတာင္ဘက္မုခ္သို႔လာခဲ့လိုက္သည္။သူေရာက္လာသည္ႏွင့္မ်က္လုံးတစ္ခ်က္ေဝ့ၾကည့္လိုက္တယ္ဆိုရင္ျဖင့္ မက္တပ္ရပ္ကာေစာင့္ေနသည့္ေ႐ႊရည္ကိုေတြ႕လိုက္ရသည္။လရိပ္ခ်ိန္းထားသည့္အခ်ိန္ထက္နာရီဝက္ေစာေရာက္တာျဖစ္ေပမယ့္ေ႐ႊရည္ကအရင္ေရာက္ေနသည္။ေ႐ႊရည္ကသူမဆံပင္ေတြကိုခပ္ျမင့္ျမင့္ခ်ည္ထားၿပီး။ခရမ္းႏွင့္အနက္ေရာင္ေဖာက္ ပါတိတ္ဝမ္းဆက္ေလးဝတ္ဆင္ထားသည္။လူၾကားထဲမွာထင္း၍ေတာက္ပေနေသာခ်စ္သူေလးကိုလရိပ္ၾကည့္မဝျဖစ္ရျပန္၏။
"ေ႐ႊရည္"
လရိပ္အသံေၾကာင့္ေ႐ႊရည္လွည့္ၾကည့္လာသည္ၿပီးေတာ့သူမမ်က္ဝန္းထဲကမ်က္ရည္စေတြႏွင့္မို႔သူရင္ထိတ္သြားရသည္။
"ေ႐ႊရည္ ဘာျဖစ္လို႔လဲ"
"ကိုကို~~"
"ဘာလို႔လဲကိုယ့္ကိုေျပာ ကိုယ္ရင္ေတြပူလိုက္တာ"
"ေ႐ႊရည္တို႔လမ္းခြဲရေအာင္"
"ဟင္! ဘာ ဘာေၾကာင့္လဲ။"
"ကိုကိုနဲ႕ေ႐ႊရည္ကမိုးနဲ႕ေျမလိုကြာတယ္"
"ဘာေတြေျပာေနတာလဲ.ကိုကိုဘဝကေ႐ႊရည္နဲ႕မျခားနားဘူးလို႔ေျပာတယ္ေလ"
"ဘာျဖစ္ျဖစ္ ကိုကိုက ရွင္းအုပ္စုရဲ႕အဖိုးတန္သား စာရင္းထဲမွာပါတယ္ေလ။ကိုကို႔ကိုေ႐ႊရည္လိုလူမ်ိဳးနဲ႕..."
"အစ္ကိုပါပါးကိုလဲ ဖြင့္ေျပာထားၿပီးၿပီ။ဘာေတြကမ်ား"
"ေ႐ႊရည္ဘာမွမေျပာခ်င္ေတာ့ဘူး။အိမ္ကလဲေ႐ႊရည့္ကိုလက္ထပ္ေပးေတာ့မွာ"
"ေ႐ႊ ေ႐ႊရည္!"
ေ႐ႊရည္က ထိုေနရာမွေျပးထြက္သြားခဲ့သည္။႐ုတ္တရက္ႀကီးဘာျဖစ္တာလဲလရိပ္နားမလည္နိုင္။သူမဟုတ္ပဲဘာျဖစ္လို႔တျခားသူနဲ႕သေဘာတူခ်င္ရတာလဲ။သူကဘာေတြမ်ားလိုအပ္ေနလို႔လဲ။ေ႐ႊရည္ေျပာသလိုမိုးနဲ႕ေျမကြာတယ္ဆိုတာ ဆင္ေျခသက္သက္ပဲ။ကိုယ္က ရွင္းအုပ္စုရဲ႕ေမြးစားသားဆိုတာ လူတိုင္းသိတယ္။ၿပီးေတာ့ပါပါးက ဟိုလူနဲ႕မတန္ဘူးဒီလိုနဲ႕မတန္ဘူးလို႔ေျပာဖို႔ေနေနသာသာ ကိုယ့္ထက္နိမ့္က်တဲ့သူေတြကိုအၿမဲကူညီကယ္တင္ေပးေနတဲ့သူ။ လရိပ္ေခါင္းထဲတြင္ရႈပ္ေထြးလာၿပီးရင္ထဲမွာလဲဟာတာတာျဖစ္ေနသည္။သူအိမ္ကိုသာျပန္လာၿပီးအနားယူဖို႔ဆုံးျဖတ္ကာ အိမ္ျပန္လာခ်ိန္မွာေတာ့..
"ဟား ဟား ဟား ႐ုံးခြဲအသစ္တြက္ဖြင့္ပြဲကေတာ့ေအာင္ျမင္သြားၿပီ။ပါပါးသားရဲ႕အနာဂတ္ကိုလွမ္းၾကည့္တာမ်က္လုံးေတာင္စူးေနၿပီ"
"ပါပါးကလဲျမႇောက္ေနျပန္ၿပီ။ဒီအတြက္သားကိုဆုမခ်ဘဴးလား"
"ဟား..ဘာဆုလဲ ေပးဖို႔အဆင္သင့္ပဲ ေျပာေနစရာလိုေသးလား"
"အဲ့ဆုကႀကီးတယ္ပါပါးရဲ႕.."
"ေျပာမွာသာေျပာစမ္းပါ.."
ထိုစဥ္မွာ အိမ္ထဲသို႔ေလးေလးပင္ဝင္လာသည့္လရိပ္ကိုေတြ႕ေတာ့စကားဝိုင္းကရပ္သြားေလ၏။
"သားႀကီး ျပန္လာၿပီလား"
"ပါပါး ကြၽန္ေတာ္ေမးစရာတစ္ခုရွိတယ္"
"အင္းေမးေလ။သားေတြကဒီေန႕ထူးထူးဆန္းဆန္းပါလား ပေဟဌိေတြနဲ႕"
"ကြၽန္ေတာ့္အိမ္ေထာင္ဖက္က ဘယ္လိုလူမ်ိဳး။ဘယ္လိုအဆင့္တန္းမ်ိဳးရွိရမယ္လို႔ပါပါးသတ္မွတ္ထားတာရွိလား"
"ေပါက္ေပါက္ရွာရွာ တစ္ခါမွမေတြးမိဘူး"
လရိပ္ေတြေဝသြားၿပီး ေလးပင္စြာပင္အိမ္ေပၚထပ္သို႔တတ္သြားစဥ္။အသံဩဩျပတ္ျပတ္ျဖင့္...
"ဒါေပမယ့္ အခုကိုယ္ေနတဲ့အဆင့္အသိုင္းဝိုင္းကိုေတာ့ၾကည့္ဖို႔လိုတယ္။ကိုယ္ကျမန္မာနိုင္ငံမွာထိပ္တန္းအုပ္စုတစ္ခုျဖစ္တဲ့ ရွင္းအုပ္စုရဲ႕ဆက္ႏြယ္ေနတယ္ဆိုတာေတာ့မေမ့နဲ႕"
ရွင္းခန႔္၏အေျပာကိုပါပါးသေဘာက်ေပမယ့္ လရိပ္ကိုအားနာသြားရသည္။လရိပ္ကရွင္းခန႔္ကိုမၾကည္သလိုၾကည့္ရင္းအိမ္ေပၚထပ္သို႔တတ္သြားေလ၏။
*မင္းယူတဲ့မိန္းမ ဘယ္ေလာက္အဆင့္ျမင္လဲၾကည့္ဦးမယ္။အဂၤါၿဂိလ္ကဟာကိုသြားယူမွာမို႔လို႔လား*
"ဒါနဲ႕ညၾကရင္ ဖြင့္ပြဲေအာင္ျမင္ျခင္းအထိန္းအမွတ္အေနနဲ႕ party ရွိသားႀကီးအားရင္လိုက္ခဲ့ေစခ်င္တယ္။"
"ဟုတ္ ပါပါး"
------------
Partyပြဲစီစဥ္ထားသည့္Hotelကိုသြားရန္ ကားထဲတြင္ လရိပ္ႏွင့္ရွင္းခန႔္ေရာက္ေနၿပီျဖစ္သည္။အေရွ႕ကdriverနဲ႕သူတို႔ႏွစ္ေယာက္သာရွိတာမို႔ လရိပ္က driverကိုေမးခြန္းထုတ္လာသည္။
"ဘာျဖစ္လို႔ငါကဒီကားမွာစီးရတာလဲ"
"ေအာ္ ဒါကအစ္ကိုေလးတို႔ကငယ္ငယ္ကတည္းက ဒီလိုပဲစီးေနၾကျဖစ္လို႔ သူေဌးကဒီလိုစီစဥ္တာျဖစ္ပါလိမ့္မယ္"
လရိပ္ဘာမွမေျပာေတာ့ပဲ ျပတင္းေပါက္ဖက္သို႔မ်က္ႏွာလွည့္ကာ ေ႐ႊရည္ေျပာခဲ့သည့္စကားေတြကိုမယုံနိုင္စြာေတြးေန၏။
ရွင္းခန႔္က သူ႕အားမွန္ထဲမွတစ္ခ်က္တစ္ခ်က္ၾကည့္႐ုံကလြဲၿပီး မ်က္ႏွာကတည္ၿပီးတင္းေနသည္။သူမ်က္ႏွာကအရင္ကတည္းကက်က္သေရမရွိဟုေတြးထားၿပီးလရိပ္လည္း feel ခ်င္ရာfeel ေန၏။
"ခင္ဗ်ား တစ္ခုခုအဆင္မေျပဘူးထင္တယ္။က်ဳပ္ထက္တာမမွားဘူးဆို က်ဳပ္ေၾကာင့္ေတာ့မျဖစ္နိုင္ဘူး"
"ငါမင္းနဲ႕လဲစကားမေျပာခ်င္ဘူး"
လရိပ္ကလွည့္မၾကည့္ပဲေျပာေလ၏။
"ခင္ဗ်ားတစ္ဖက္သတ္ရန္တအားလိုေနပါလား"
"မင္းနဲ႕ငါကဘယ္တုန္းကေျပလည္ဖူးလို႔လဲ။ဒီတစ္သက္ေရာေျပလည္ဖို႔ရွိလာဦးမွာမို႔လား"
"အသက္ေတြႀကီးေနၿပီကေလးဆန္တာေတြေလွ်ာ့ရေအာင္"
ဘယ္လိုဘယ္လို သူကဘယ္လိုစကားေျပာတာလဲ အိမ္ကိုေရာက္ကတည္းကအလိုမက်တဲ့မ်က္ႏွာေပးျဖစ္ေနတာဘယ္သူလဲ။လရိပ္ကဆိုးသြမ္းဖို႔မေျပာနဲ႕တစ္ေလာကလုံးမွာသူနဲ႕အဆင္မေျပတာဆိုလို႔ရွင္းခန႔္တစ္ေယာက္တည္း။လရိပ္ေျပာခ်င္စရာစကားလုံးေတြမရွိတာမို႔ ၿငိမ္၍သာလိုက္လာေလ၏။
-------
Party ပြဲတြင္ရွင္းခန႔္အား ခ်ီးက်ဴးဂုဏ္ျပဳသူေတြကအမ်ားအျပားႏွင့္ဝမ္းသာအားရႏႈတ္ဆက္ၾကေသာ္လည္း ရွင္းခန႔္၏အၾကည့္ေတြကအမူးသမားဆီသို႔သာ။ေထာင့္မွာကပ္ၿပီး အရက္ေတြတစ္ခြက္ၿပီးတစ္ခြက္ေသာက္ေနသူက မ်က္ႏွာတစ္ခုလုံးလဲရဲတတ္ေန၏။ဒါနဲ႕ပဲသူ ပါပါးဆီသို႔သြားကာတစ္ခုခုတီးတိုးေျပာလိုက္ေတာ့ပါပါးက ေခါင္းညိမ့္ျပၿပီး။
"အဆင္ေျပပါ့မလားသား။"
"ပါပါးက ကြၽန္ေတာ္ေတာင္းဆိုထားတဲ့တစ္ခုတည္းေသာဆႏၵကိုျဖည့္ေပးမွာမဟုတ္လား အဲ့ေတာ့တျခားဘာမွမေတြးပါနဲ႕"
ျပတ္သားလြန္းသည့္သားေၾကာင့္သူဘာဆက္ေျပာရမွန္းမသိ။ယခုသူဟာ သူ႕သားကိုပင္မယွဥ္ရဲေလာက္သာ့္အေျခေနျဖစ္ေနသည္။ဒီလိုအေျခေနကိုလိုခ်င္လို႔ႀကိဳးစားခဲ့တယ္ဆိုတာသူအခုမွေကာင္းေကာင္းသေဘာေပါက္လာသည္။သူပိုင္ဆိုင္သမွ်လိုခ်င္ဆိုတဲ့ငယ္ငယ္ကအေျပာကိုသေဘာက်ခဲ့သည္။သူပိုင္ဆိုင္တာကိုလဲဘာမဆိုေပးနိုင္သည္။သို႔ေပမယ့္ သူ႕သားတစ္ကယ္သူ႕ဆီကလိုခ်င္တဲ့အရာကပစၥည္းေတြမဟုတ္ခဲ့။ လရိပ္ဟာသက္မဲ့မဟုတ္သလို သူပိုင္တာလဲမဟုတ္ သူတို႔ဘဝအဆင္ေျပမယ္ဆိုရင္ေတာ့ျငင္းစရာမရွိပါပဲ မဟုတ္ရင္လရိပ္တစ္ဘဝလုံးအတြက္သူအျပစ္ရွိတဲ့တရားခံတစ္ေယာက္လုံးလုံးျဖစ္သြားလိမ့္မည္။
ရွင္းခန႔္အမူးသမားကိုဆြဲေခၚလာကာကားေပၚသို႔တင္လိုက္သည္။ၿပီးေနာက္ကား ျပတင္းေပါက္ေတြကိုဖြင့္လိုက္၏။လရိပ္ကသူ႕အားႀကီးျဖင့္ဆြဲေခၚလို႔သာ ယက္ကန္ယက္ကန္ပါလာတာ လုံးဝျပန္မလိုက္ခ်င္ေသးေပ။
"ဖယ္ မင္းဖယ္ ငါေသာက္ဦးမယ္။ငါေသာက္ဦးမယ္"
"ခင္ဗ်ားမူးေနၿပီ။တစ္ခါမွမေသာက္ဖူးပဲနဲ႕ ေသခ်င္လို႔လား။"
"ဘယ္သူေျပာလဲ တစ္ခါမွမေသာက္ဖူးဘူးလို႔ဘယ္သူေျပာလဲ..."
ထိုသို႔ေျပာၿပီး ရွင္းခန႔္အားရီေဝေဝမ်က္လုံးမ်ားျဖင့္ၾကည့္လာကာဟက္ကနဲတစ္ခ်က္ၿပဳံးလွ်က္...
"ငါေမ့သြားတယ္။မင္းကငါ့ကိုတစ္ခ်ိန္လုံးခိုးေၾကာင္းခိုးဝွက္နဲ႕ေခ်ာင္းၿပီးတိုက္ခိုက္ခ်င္ေနတဲ့လူပဲ ဒါကိုသိေနတာမဆန္းပါဘူး"
ရွင္ခန႔္ကသူ႕ခႏၲာကိုယ္ကိုဖိလိုက္ကာအေပၚမွတတ္ခြလိုက္ၿပီး ပါးႏွစ္ခုကိုလက္တစ္ဖက္တည္းႏွင့္ဖ်စ္လွ်က္..
"က်ဳပ္ငယ္ငယ္က ခင္ဗ်ားရဲ႕ႏႈတ္ခမ္းေတြမ်က္လုံးေတြကို မနာလိုခဲ့ဘူး။က်ဳပ္လဲခင္ဗ်ားလိုအရမ္းလွတဲ့အစိတ္ပိုင္းေတြနဲ႕လွခ်င္တယ္ ဒါေၾကာင့္ခင္ဗ်ားႀကိအၿမဲျပသနာရွာေနမိတယ္။က်ဳပ္အဲ့လိုထင္ခဲ့တာ.."
လရိပ္အမူးပင္အနည္းငယ္ေျပသြားၿပီး ရွင္းခန႔္အားၾကည့္လာရာ ရွင္းခန႔္ကသူ၏အသံဩရွရွျဖင့္တိုးတိုးေလးေျပာလာသည္။
"အမွန္က က်ဳပ္ခင္ဗ်ားရဲ႕အစိတ္အပိုင္းေတြကိုပိုင္ဆိုင္ခ်င္တာ အဲ့တာခင္ဗ်ားကိုနမ္းမိတဲ့အခ်ိန္ကစၿပီးသိခဲ့တာ"
"ဟင္..မင္း..အြန႔္"
ရွင္းခန႔္သူ၏ႏႈတ္ခမ္းေတြကိုစုပ္ငုံကာနမ္းရွိုက္မႈမ်ားျပဳလုပ္ေလသည္။သူ႕လက္ဝါးႀကီးေတြျဖင့္မ်က္ႏွာကိုဖ်စ္ထားသျဖင့္ဘယ္လိုမွ႐ုန္းမရ။လရိပ္၏လက္ေတြက သူ႕ရင္ဘက္ေတြကိုတစ္ဖုန္းဖုန္းထုေပမယ့္ ရွင္းခန႔္ကနမ္းလို႔ဝေတာ့မွ လႊတ္ေပးလိုက္ေလသည္။လရိပ္မူးတာေတြေပ်ာက္သြားၿပီျဖစ္ၿပီး ကားေပၚမွဆင္းကာ Hotelဆီျပန္သြားလွ်က္ သန႔္စင္ခန္းထဲသို႔ဝင္လိုက္၏။ထိုေနာက္ သူ႕ပါးစပ္ေတြကိုေရျဖင့္ေဆးကာလက္သီးေတြကိုလဲက်စ္ေနေအာင္ဆုပ္ထားေသးသည္။ရင္ဘက္ထဲကႏွလုံးဟာလဲ ေဒါသေတြေၾကာင့္အဆမတန္ခုန္ေပါက္ေန၏။ထိုစဥ္မွာပဲဖုန္းဝင္လာရာသျဖင့္သူၾကည့္လိုက္ရာ...ေ႐ႊရည္...
"အင္းေ႐ႊရည္ ကိုယ့္ကိုဖုန္းမွားေခၚမိတာလား"
"ကိုကို ေ႐ႊရည့္ကိုအထင္မလြဲပါနဲ႕ကိုကိုေ႐ႊရည့္ကိုတစ္သက္လုံးမုန္းမွာေၾကာက္တယ္"
"............"
-----------
ကားထဲမွာက်န္ေနသည့္ရွင္းခန႔္က ေျခပစ္လက္ပစ္ခုံမွာမွီထိုင္ရင္း ေဆးလိပ္တစ္လိပ္ကိုမီးညွိလိုက္ေလ၏။ဒီလူရဲ႕တစ္ကိုယ္လုံးကိုသိမ္းပစ္လိုက္လို႔ သူလုံးဝေနာင္တရမွာမဟုတ္ဘူးဆိုတာ ပိုပို၍ေသခ်ာလာၿပီ။
*လရိပ္ခင္ဗ်ားကို က်ဳပ္ပိုင္ရဖို႔မေစာင့္နိုင္ေတာ့ဘူး။ခင္ဗ်ားသိပ္အရသာရွိလြန္းတယ္*
ထိုစဥ္မွာပဲ..
"ရွင္းခန္း တံခါးဖြင့္စမ္း"
ေဒါႀကီးေမာႀကီး ကားနားကိုျပန္ေရာက္လာသည့္ လရိပ္ေၾကာင့္သူတံခါးကိုဖြင့္ေပးလိုက္သည္ႏွင့္ လရိပ္ကသူ႕အားအေပၚမွခုန္အုပ္ကာလည္ပင္းကိုညွစ္ထားေလသည္။သူအဲ့ေလာက္ထိစိတ္တိုတာရွင္းခန႔္မျမင္ဖူးတာေၾကာင့္႐ုတ္တရက္ေၾကာင္ၾကည့္ေနမိသည္။
"မင္းေ႐ႊရည္ကိုဘာေတြေျပာလိုက္တာလဲ"
ထိုအခါမွရွင္းခန႔္သေဘာေပါက္သြားၿပီးဟက္ကနဲတစ္ခ်က္ရယ္လိုက္ေလသည္။
"က်ဳပ္အတြင္းေရးမႉးကိုသူ႕အေဒၚဆီလႊတ္လိုက္႐ုံပါ။သိန္းတစ္ေထာင္ေပးလိုက္ရတယ္"
"ဘာ?"
"ဟုတ္တယ္သူ႕အေဒၚက ခင္ဗ်ားနဲ႕မပတ္သတ္ေစရဘူးဆိုၿပီး သိန္းတစ္ေထာင္နဲ႕သေဘာတူလိုက္တယ္"
"မင္းကဘာကိစၥအဲ့လိုေတြေႏွာက္ယွက္ေနတာလဲ မင္းက"
လရိပ္ကရွင္းခန႔္၏ပါးျပင္အားရိုက္ကာေျပာေတာ့ ရွင္းခန႔္ကသူ႕လက္ေတြအားဆြဲဖမ္းလိုက္သည္။
"ခင္ဗ်ားကိုက်ဳပ္ဘယ္တုန္းကမွ ကိုယ္ထိလက္ေရာက္မက်ဴးလြန္ဘူးေနာ္။ဖယ္ က်ဳပ္ေပၚက"
"မင္းငါ့ႏႈတ္ခမ္းေတြကိုကိုယ္ထိလက္ေရာက္က်ဴးလြန္ခဲ့တာထည့္မေျပာဘူးလား။လူယုတ္မာ မင္းဘယ္အခ်ိန္ထိယုတ္မာေနဦးမွာလဲ"
လရိပ္က ရွင္းခန႔္ကိုယ္ေပၚမွဆင္းကာတစ္ဖက္သို႔လွည့္ေနလိုက္သည္။သူမ်က္ရည္ေတြလုံးမက်ပဲရင္ထဲမွာသာငိုေကြၽးေန၏။ ထိုတိတ္ဆိတ္မႈကိုရွင္းခန႔္က ၿဖိဳခြင္းလိုက္ေလသည္။
"မိုးမိတ္ကိုမွတ္မိလား!"
"ဟင္!"
လရိပ္ခ်က္ခ်င္းပင္ ထိတ္လန႔္တုန္လႈပ္သြားေလသည္။အဲ့သည္ေန႕ကသူ႕ရဲ႕ထိတ္လန႔္စရာေန႕တစ္ခုျဖစ္ခဲ့ၿပီး ရွင္းခန႔္ထိုအေၾကာင္းအစပ်ိဳးလာခဲ့သည္။မဟုတ္ပါေစနဲ႕လို႔တစ္ခုခုကိုလဲဆုေတာင္းေနေပမယ့္သူ႕ဆုေတာင္းေတြမျပည့္ခဲ့။
"ခင္ဗ်ားကိုပိုင္ဆိုင္ဖို႔ႀကိဳးစားေနတဲ့သူအားလုံးမိုးမိတ္လိုျဖစ္သြားေစရမယ္"
-----------