My Bad Brother(Completed)

By xiaotiantian433

285K 9.7K 153

OC fiction ဒီFicကိုဖတ်ရန် အသက်အရွယ်ကန့်သန့်ချက်က 18နှစ်အထက်ဖြစ်ပါတယ်။ More

Intro
part-1
Part-2
Part-3
part-4
Part-5
Part-6
La Yaike Nway
Shin Khant T
Part-8
Part-9
Part-10
part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
part-23
part-24
Part-25
Part-26
Part-27
Part-28
♥️
part-29
Fianl
❤️
New Fic

part-7

8.3K 314 2
By xiaotiantian433

ဒီလိုနဲ့အချိန်တွေဟာ အေးအေးချမ်းချမ်းကုန်ဆုံးခဲ့တာ လရိပ်တစ်ယောက်‌ ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ပင်ရောက်ခဲ့ပြီ။ဒီနေ့ဟာပိတ်ရက်ဖြစ်တာကြောင့်ချစ်သူကိုရင်ခုန်စွာစောင့်နေ၏။ပြီးနောက် လက်ထဲမှလက်စွပ်ဘူးလေးအားကိုင်ကာစိတ်လှုပ်ရှားနေမိသည်။ ကန်တော်ကြီး၏ရေလယ်မှာရှိသည့်တံတားလေးပေါ်မှသာယာနေသည့်ရာသီဥတုအလှလေးကိုခံစားနေရင်းဆည်းလဲသံသကဲ့သို့နားထဲဝင်လာသည့်အသံလေး.

"ကိုကို!"

"ရွှေရည်"

ရွှေရည်ကခါးထိရှိတဲ့ဆံပင်ရှည်ကြီးတွေကိုတစ်ဝက်သိမ်းဆည်းကာဆံထိုးလေးထိုးလျှက်ကျန်တစ်ဝက်ကိုဖြန့်ချထားသည်။ပန်းနုရောင်နှင့်နို့နှစ်ရောင်ကနှုတ်လေးတွေရောယှက်ထားသည့် ပါတိတ်ဝမ်းဆက်လေးကသူမခန္တာကိုယ်ပေါ်မှာချပ်ရပ်စွာလှပလျှက် မြင်လိုက်ရတိုင်းရင်ထဲအေးမြကာကျက်သရေရှိလှသည်။

"ရွှေရည် မင်းအရမ်းလှတာပဲ"

ထိုသို့ပြောတော့ရွှေရည်ကခေါင်းလေးငုံ့ကာရှက်ပြုံးလေးပြုံးသည်။ဆေးဆိုးပန်းရိုက်မပါပဲ သနပ်ခါးနှင့်နှုတ်ခမ်းဆီပါးပါးလေးသာတင် တတ်သည့်ရွှေရည်၏ပြင်ဆင်မှုက လရိပ်အကြိုက်နဲ့တစ်ထပ်တည်းဖြစ်သည်။

"ရွှေရည် ကိုယ်ရွှေရည်ကိုပြောစရာရှိတယ်"

"ပြောလေကိုကိုရဲ့။ချစ်သူတွေကခွင့်တောင်းစရာလိုလို့လား"

"အရမ်းအရေးကြီးတဲ့ကိစ္စမို့လို့ပေါ့ ရွှေရည်ရဲ့"

"ဘာများလဲ ကိုရဲ့"

"ကိုယ်ကျောင်းပြီးရင် ရွှေရည်နဲ့စေ့စပ်ထားချင်တယ်"

"ဟင်!"

"ဘာဖြစ်လို့လဲ ရွှေရည်"

"ရွှေ ရွှေရည် မထင်ထားဘူး"

"ဘာလို့လဲ"

"ကိုကို့လိုအရာရာပြည့်စုံတဲ့လူတစ်ယောက်ကရွှေရည်လိုမိဘမဲ့တစ်ယောက်ကို"

"အဲ့လိုမပြောပါနဲ့။ကိုကိုလည်း ပါပါးသာမမွေးစားခဲ့ရင် မိဘမဲ့တစ်ယောက်ပါပဲ"

"ဒါပေမယ့်ကိုကိုကရွှေရည်ထက်အများကြီးကံကောင်းတယ်။ကိုကို့မွေးစားအဖေကကိုကို့ကိုချစ်သေးတယ်။ရွှေရည့်အဒေါ်ကတော့.."

"စိတ်မကောင်းဖြစ်စရာတွေမတွေးပါနဲ့ရွှေရည်ရာယ်။ရွှေရည်ကိုချစ်တဲ့ကိုကိုရှိနေပြီပဲ"

ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက်အားပေးရင်းအပူပင်ဆိုတွေထိုအချိန်ခဏမှာလုံးဝကွယ်ပျောက်သွားလေသည်။

----------
ထိုအချိန်အတွင်းမှာပဲ ရှင်းခန့်တို့အိမ်တွင်လည်းပါပါးတစ်ယောက် အလုပ်တွေရှုပ်နေလျှက်ရှိသည်။နေ့မနားညမနား ဘာကိစ္စတွေကိုအသဲသန်လုပ်နေလဲ လရိပ်သေချာမသိမေးလဲမမေးမိ။သို့ပေမယ့် ပါပါးအလုပ်ရှုပ်နေတော့သူကူညီဖို့တာဝန်ရှိတာကြောင့်...

"ပါပါး..အခုတစ်လောဘာတွေအလုပ်ရှုပ်နေတာလဲ"

"ဟုတ်ပါရဲ့သားရာယ် သားကိုတောင်ရှင်းပြဖို့အချိန်မရှိဘူး။သားညီပေါ့ ပြန်လာတော့မယ်လေအဲ့တာကြောင့်ဟိုမှာသူစီစဉ်ထားတဲ့လုပ်ငန်းတွေ အပြောင်းအရွှေ့အတွက်ဒီကနေလုပ်ပေး‌နေရတာ"

"လုပ်ငန်း!"

"သားလည်းအံ့ဩသွားတယ်မဟုတ်လား။ပါပါးလည်းသူအဲ့လောက်လုပ်နိုင်မယ်လို့မထင်ဘူး။ဘာအတွက်ကြောင့်စိတ်အားထက်သန်နေလဲမသိဘူး။သူ့တစ်သက်စားမကုန်တဲ့စီးစိမ်တွေရှိနေတာတောင်မှ"

"ကျွန်တော်ဘာကူညီပေးရမလဲ"

"သားကျွမ်းကျင်တဲ့အပိုင်းမဟုတ်လို့ ပါပါးမပြောတာပါ။လူကပြန်မရောက်သေးဘူး ရှယ်ယာရှင်တွေကတန်းစီနေတယ်။ဘယ်လိုများသိမ်းသွင်းခဲ့ပါလိမ့်ဒီကောင်လေး အဖေခြေရာတစ်ထပ်တည်းနင်းတာပဲ ဟား ဟား ဟား"

ပါပါကတော့သူ့သားအတွက်ဂုဏ်ယူပြီးပျော်နေပေမယ့် လရိပ်၏စိတ်ထဲမှာလေးလေးပင်ပင်ကြီးဖြစ်နေသည်။ရုတ်တရက်ခေါင်းထဲမှာ ရွှေရည်အကြောင်းတွေးမိလာတော့..

*မဟုတ်တာ ရွှေရည်နဲ့ငါနဲ့ကြားသူဝင်လာစရာအကြောင်းမှမရှိတာ။ငါလဲအရွယ်ရောက်ပြီးသား။ငါ့ဘာသာရပ်တည်နိုင်တယ်။*

---------
လရိပ်အိပ်နေရာမှအောက်ထပ်ကအသံတစ်ချို့ကြောင့်လန့်ဖြန့်ပြီးနိုးလာလေသည်။အချိန်ကိုကြည့်‌ တော့မနက်၃နာရီ။အသံကဩဩကိုမှလုံးဝမလျှော့ပဲ အားရပါးစကားတွေပြောနေတာကြောင့်သူဘယ်လိုမှအိပ်လို့မရ ပြီးတော့ထိုအသံပိုင်ရှင်ဟာဆိုတဲ့အတွေးကြောင့်လဲလန့်သွားပြီးချင်ချင်းပင်းအောက်ထပ်သို့ပြေးဆင်းကြည့်လေရာ အောက်မရောက်ခင်လှေကားနားမှာပဲသူ့ခြေလှမ်းတွေရပ်တန့်သွားသည်။အောက်မှာရှိတဲ့ဧည်သည်တွေအပါအဝင်လူအားလုံးကသူ့ကိုမော့ကြည့်နေခြင်းကြောင့်ပင်။ထိုအထဲမျက်လုံးမှေးမှေးဆံပင်ကောက်ကောက်နဲ့လူရဲ့အကြည့်တွေကအဆိုးဆုံး...

"သားကြီးလာလေ။ဒါကျွန်တော့်သားကြီးလေ ချောတယ်မဟုတ်လား"

"ချောတယ် တော်တော်ချောတယ် ဒါကြောင့်လဲ..."

"အဟမ်း...!"

ရှင်းခန့်၏ချောင်းဟန့်သံကြောင့် စကားဟာပြတ်တောက်သွားခဲ့သည်။

"သားကြီး ဒါကရှင်းခန့်ရဲ့သူငယ်ချင်း စဝ်နေဝန်းခန့်တဲ့ ဒါကသူ့အမျိုးသားခတ္တာဂုဏ် ဟိုဟာလေးကတော့စဝ်ဘုန်းတေဇဂုဏ်တဲ့။"

ဆိုဖာပေါ်မှာ နို့ဘူးငုံပြီးအိပ်ပျော်နေတဲ့ကလေးလေးကို လရိပ်ကြည့်ပြီးပြုံးမိသွားသည်။

"ကလေးကအဖေနဲ့တစ်ပုံစံထဲပဲနော်။ဘယ်လိုများမွေးထားတာလဲ"

"အဲ့တာကျွန်တော်ကိုယ်တိုင်မွေးထားတာ"

ခတ္တာအပြောကြောင့် လရိပ်တအံ့တဩပါးစပ်လေးအဟောင်းသားဖြစ်သွားရ‌ လေသည်။

"အစ်ကိုတို့နားတော့လေ"

"ပါပါးအခန်းရှင်းပေးထားတယ်။ လွတ်လွတ်လပ်လပ်နေကြနော် ရောက်တုန်းရောက်ခိုက်"

"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ"

"မဟုတ်တာပဲ ဟိုမှာတုန်းကသားကိုအများကြီးကူညီခဲ့တယ်ကြားတယ်"

နေဝန်းနဲ့ပါပါးက နှုတ်ဆက်ရင်းကျန်ခဲ့စဉ်ရှင်းခန့်ကအိမ်ပေါ်သို့တတ်သွားလေ၏။ထိုအခါလရိပ်လည်းအနောက်မှလိုက်တတ်သွားရာ သူလုံးဝမထင်မှတ်ထားသည့်အတိုင်း ရှင်းခန့်ကသူ့အခန်းထဲပဲဝင်သွားသည်။

"ဒီ ဒီမှာ မင်းနဲ့ငါက အရွယ်ရောက်တာထက်ပိုနေပြီ ဒီလိုနေဖို့မသင့်တော်ဘူးထင်တယ်"

ထိုအခါရှင်းခန့်ကသူ့အားစူးစူးကြည့်လျှက်အနားသို့တို့လာပြီးဘာစကားမှမပြောပဲအင်္ကျီကြယ်သီးတွေကိုဖြုတ်လေ၏။

"ရှင်းခန့် မင်းငါ့ကိုအရင်လိုမလေးမစားလာမလုပ်နဲ့ ငါလက်ခံမှာမဟုတ်ဘူး"

ရှင်းခန့်ကသူပြောတာကိုဂရုမစိုက်အင်္ကျီတွေကိုချွတ်ပစ်လိုက်သည်။ထိုအခါထွင်ပေါ်လာသာ့်ခန္တာကိုယ်ကြောင့် လရိပ်မျက်နှာတွေဖြန်းကနဲပူသွားလေ၏။

အသားညိုညိုကြီးကိုမှခန္တာကိုယ်ကအဖုအထစ်တွေနှင့် ကြွက်သားအမြှောင်းမြှောင်းထလို့နေသည်။တစ်ဆက်တည်းဘောင်းဘီရှည်ကိုပါချွတ်ချလိုက်လျှင် တုတ်ခိုင်နေသည့်အကြောပြိုင်းထနေသည့်ပေါင်လုံးနှင့် တောင့်တင်းနေသည့်ခြေသလုံးတွေ၊အမွှေးအမြှင်တွေကလည်းထူသလားမမေးနဲ့ဗိုက်ပေါ်မှာပင်ယှက်ပြေးနေသည်။ဟိုနေရာကတော့ ဘောက်ဆာနဲ့အုပ်ထားတာကြောင့်မမြင်ရ၊မြင်လည်းမမြင်ချင်။

ရှင်းခန့်ကသူ့အားစကားတစ်ခွန်းမှမပြောပဲရေချိုးခန်းထဲသို့‌ဝင်သွားလေသည်။

"ကောင်းပြီ။ငါ့အိပ်ယာကိုအရင်လိုပေးမအိပ်နိုင်ဘူးမကျေနပ်ရင်အောက်မှာအိပ်"

လရိပ်သူ့ဘာသာ ရေရွတ်ပြီးအိပ်ယာပေါ်တတ်ကာအိပ်လိုက်လေသည်။ခဏကြာတော့ရေချိုးခန်းတံခါးဖွင့်သံကြားရသဖြင့်မျက်လုံးအနဲငာ်ဖွငရေချိုးခန်းတံခါးဖွင့်သံကြားရသဖြင့်မျက်လုံးအနဲငယ်ဖွင့်ကြည့်ရာ ခန္တာကိုယ်အားရေသုတ်နေ၏။ပြီးနောက်ဘောက်ဆာတစ်ထည်ကိုကောက်စွတ်ကာ ကုတင်ဆီသို့အလာမှာတော့..

*ဘာ ဘာလဲကုတင်မှာလာအိပ်မလို့လား။မ မဖြစ်ဘူး*

သူတွေးနေစဉ်မှာပဲရှင်းခန့်ကသူ့ဘေးမှာဘုန်းကနဲပစ်လှဲလိုက်သည်။သူ့ကြည့်ရတာအတော်ပင်ပန်းနေပုံပင်လှဲလိုက်တာနှင့်မျက်လုံးတွေမှိတ်ကျသွားသည်။ပြီးနောက်ခြေထောက်တစ်ဖက်ကလရိပ်အပေါ်သို့လှမ်းတင်လိုက်တဲ့အခါမှာတော့..

"မင်း..မင်းကိုယ့်အခန်းမှာကိုယ်သွားအိပ်"

လရိပ်အပြောကိုရှင်းခန့်မကြားတော့ပေ။သူအရမ်းပင်ပန်းလိုအိပ်ပျော်နေပြီဖြစ်သည်။သူလည်းခြေ‌ထောက်အလေးကြီးကိုဘယ်လိုဖယ်ရမလဲတွေးရင်းပြန်အိပ်ပျော်သွားခဲ့လေ၏။

-------
လရိပ်တင်းကျပ်တဲ့ခံစားမှုတွေနဲ့အတူနိုးလာလေ၏။သူ့မျက်လုံးတွေကချက်ချင်းဖျက်ကနဲပွင့်လာပြီးသူ့ခေါင်းကရှင်းခန့်၏လက်မောင်းကြီးပေါ်ရောက်နေကာရှင်းခန့်၏နောက်လက်တစ်ဖက်ကသူ့အပေါ်မှပြန်လည်ဖတ်တွယ်ထားသည်။ယခုပုံစံကသူ့အားဖက်လုံးသဖွယ်ဖက်ထားခြင်းပင်။

"အား..ဖယ် လွှတ်!"

သူအတင်းရုန်းပေမယ့်လက်တွေခြေတွေကမကြွဖြစ်နေရာ ရှင်းခန့်ကမျက်လုံးတွေဖြည်းဖြည်းပွင့်လာပြီးဖယ်ပေးလိုက်သည်။

"မင်းဘယ်လိုတောင်အိပ်တာလဲငါသေတော့မယ်"

"အခုမသေဘူးမဟုတ်လား"

လရိပ်တစ်ချက်မျက်စောင်းထိုးလိုက်ပြီးနောက်..

"တော်ပြီ မင်းနဲ့ငါကတစ်သတ်လုံးအဆင်ပြေမှာမဟုတ်ဘူး"

လရိပ်ကကျောင်းပြီးသွားပြီဖြစ်ပြီးလုပ်ငန်းခွင်ဝင်ဖို့ကိုစောင့်နေရခြင်းကြောင့်လောလောဆယ်သူအရင်ကလောက်အလုပ်မများပဲရွှေရည်ကိုအချိန်ပေးဖြစ်နေသည်။အခုလဲရွှေရည်နဲ့အပြင်သွားရန်ချိန်းထားသဖြင့်ရေမိုးချိုးကာပြင်ဆင်လိုက်သည်။သူအောက်ထပ်သို့ဆင်းလာသောအခါ ဖုန်းတစ်လုံးနှင့်စာရွက်စာတမ်းတပုံတစ်ပင်နဲ့အလုပ်ရှုပ်နေသည့်ရှင်းခန့်ကိုတွေ့လိုက်ရသည်။အလုပ်သွားတော့မယ့်ထင်သည် suit အပြည့်စုံဝတ်ထားလေ၏။သူ့ခန္တာကိုယ်ကတော်တော်လေးမိုက်လာပြီးခန့်လာတာတော့လရိပ်လက်ခံလိုက်လေသည်။

ရှင်းခန့်တို့သားအဖနှစ်ယောက်လုံးက အလုပ်တွေရှုပ်နေကြပြီး သူတစ်ယောက်တည်းကအလေလိုက်မယ့်သူလိုဖြစ်နေသည်။ဘယ်တတ်နိုင်မလဲသူမှကူမလုပ်ပေးနိုင်တာ။
လရိပ်နည်းနည်းတော့မခံချင်ဖြစ်မိသည်။သူ့မှာနှစ်တွေအများကြီးစာကြိုးစားခဲ့ရပြီးဆရာဝန်ဖြစ်တော့မှာဆိုပေမယ့် ဝင်ငွေကသူတို့ခြေဖျားကိုမမှီ။ပိုဆိုးတာကရှင်းခန့်။တစ်သက်လုံးကစာမကြိုးစားပဲ သမိုင်းမေဂျာနဲ့အဝေးကဘွဲ့ယူကာ ၄နှစ်လေး နိုင်ငံခြားမှာဖင်ကုန်းပြီး business college တတ်ပြီးပါပါးထက်ပင် အဆမတန်ငွေရှာနိုင်နေသည်။

ရှင်းခန့်ကသူ့အားတစ်ချက်မှမော့မကြည့်၊သူလဲဂရုမစိုက်ပဲ ပါပါးကိုသာနှုတ်ဆက်ပြီးထွက်လာခဲ့လေ၏။

Zawgyi

ဒီလိုနဲ႕အခ်ိန္ေတြဟာ ေအးေအးခ်မ္းခ်မ္းကုန္ဆုံးခဲ့တာ လရိပ္တစ္ေယာက္‌ ေဆးတကၠသိုလ္ေနာက္ဆုံးႏွစ္ပင္ေရာက္ခဲ့ၿပီ။ဒီေန႕ဟာပိတ္ရက္ျဖစ္တာေၾကာင့္ခ်စ္သူကိုရင္ခုန္စြာေစာင့္ေန၏။ၿပီးေနာက္ လက္ထဲမွလက္စြပ္ဘူးေလးအားကိုင္ကာစိတ္လႈပ္ရွားေနမိသည္။ ကန္ေတာ္ႀကီး၏ေရလယ္မွာရွိသည့္တံတားေလးေပၚမွသာယာေနသည့္ရာသီဥတုအလွေလးကိုခံစားေနရင္းဆည္းလဲသံသကဲ့သို႔နားထဲဝင္လာသည့္အသံေလး.

"ကိုကို!"

"ေ႐ႊရည္"

ေ႐ႊရည္ကခါးထိရွိတဲ့ဆံပင္ရွည္ႀကီးေတြကိုတစ္ဝက္သိမ္းဆည္းကာဆံထိုးေလးထိုးလွ်က္က်န္တစ္ဝက္ကိုျဖန႔္ခ်ထားသည္။ပန္းႏုေရာင္ႏွင့္နို႔ႏွစ္ေရာင္ကႏႈတ္ေလးေတြေရာယွက္ထားသည့္ ပါတိတ္ဝမ္းဆက္ေလးကသူမခႏၲာကိုယ္ေပၚမွာခ်ပ္ရပ္စြာလွပလွ်က္ ျမင္လိုက္ရတိုင္းရင္ထဲေအးျမကာက်က္သေရရွိလွသည္။

"ေ႐ႊရည္ မင္းအရမ္းလွတာပဲ"

ထိုသို႔ေျပာေတာ့ေ႐ႊရည္ကေခါင္းေလးငုံ႕ကာရွက္ၿပဳံးေလးၿပဳံးသည္။ေဆးဆိုးပန္းရိုက္မပါပဲ သနပ္ခါးႏွင့္ႏႈတ္ခမ္းဆီပါးပါးေလးသာတင္ တတ္သည့္ေ႐ႊရည္၏ျပင္ဆင္မႈက လရိပ္အႀကိဳက္နဲ႕တစ္ထပ္တည္းျဖစ္သည္။

"ေ႐ႊရည္ ကိုယ္ေ႐ႊရည္ကိုေျပာစရာရွိတယ္"

"ေျပာေလကိုကိုရဲ႕။ခ်စ္သူေတြကခြင့္ေတာင္းစရာလိုလို႔လား"

"အရမ္းအေရးႀကီးတဲ့ကိစၥမို႔လို႔ေပါ့ ေ႐ႊရည္ရဲ႕"

"ဘာမ်ားလဲ ကိုရဲ႕"

"ကိုယ္ေက်ာင္းၿပီးရင္ ေ႐ႊရည္နဲ႕ေစ့စပ္ထားခ်င္တယ္"

"ဟင္!"

"ဘာျဖစ္လို႔လဲ ေ႐ႊရည္"

"ေ႐ႊ ေ႐ႊရည္ မထင္ထားဘူး"

"ဘာလို႔လဲ"

"ကိုကို႔လိုအရာရာျပည့္စုံတဲ့လူတစ္ေယာက္ကေ႐ႊရည္လိုမိဘမဲ့တစ္ေယာက္ကို"

"အဲ့လိုမေျပာပါနဲ႕။ကိုကိုလည္း ပါပါးသာမေမြးစားခဲ့ရင္ မိဘမဲ့တစ္ေယာက္ပါပဲ"

"ဒါေပမယ့္ကိုကိုကေ႐ႊရည္ထက္အမ်ားႀကီးကံေကာင္းတယ္။ကိုကို႔ေမြးစားအေဖကကိုကို႔ကိုခ်စ္ေသးတယ္။ေ႐ႊရည့္အေဒၚကေတာ့.."

"စိတ္မေကာင္းျဖစ္စရာေတြမေတြးပါနဲ႕ေ႐ႊရည္ရာယ္။ေ႐ႊရည္ကိုခ်စ္တဲ့ကိုကိုရွိေနၿပီပဲ"

ခ်စ္သူႏွစ္ဦး တစ္ေယာက္နဲ႕တစ္ေယာက္အားေပးရင္းအပူပင္ဆိုေတြထိုအခ်ိန္ခဏမွာလုံးဝကြယ္ေပ်ာက္သြားေလသည္။

----------
ထိုအခ်ိန္အတြင္းမွာပဲ ရွင္းခန႔္တို႔အိမ္တြင္လည္းပါပါးတစ္ေယာက္ အလုပ္ေတြရႈပ္ေနလွ်က္ရွိသည္။ေန႕မနားညမနား ဘာကိစၥေတြကိုအသဲသန္လုပ္ေနလဲ လရိပ္ေသခ်ာမသိေမးလဲမေမးမိ။သို႔ေပမယ့္ ပါပါးအလုပ္ရႈပ္ေနေတာ့သူကူညီဖို႔တာဝန္ရွိတာေၾကာင့္...

"ပါပါး..အခုတစ္ေလာဘာေတြအလုပ္ရႈပ္ေနတာလဲ"

"ဟုတ္ပါရဲ႕သားရာယ္ သားကိုေတာင္ရွင္းျပဖို႔အခ်ိန္မရွိဘူး။သားညီေပါ့ ျပန္လာေတာ့မယ္ေလအဲ့တာေၾကာင့္ဟိုမွာသူစီစဥ္ထားတဲ့လုပ္ငန္းေတြ အေျပာင္းအေ႐ႊ႕အတြက္ဒီကေနလုပ္ေပး‌ေနရတာ"

"လုပ္ငန္း!"

"သားလည္းအံ့ဩသြားတယ္မဟုတ္လား။ပါပါးလည္းသူအဲ့ေလာက္လုပ္နိုင္မယ္လို႔မထင္ဘူး။ဘာအတြက္ေၾကာင့္စိတ္အားထက္သန္ေနလဲမသိဘူး။သူ႕တစ္သက္စားမကုန္တဲ့စီးစိမ္ေတြရွိေနတာေတာင္မွ"

"ကြၽန္ေတာ္ဘာကူညီေပးရမလဲ"

"သားကြၽမ္းက်င္တဲ့အပိုင္းမဟုတ္လို႔ ပါပါးမေျပာတာပါ။လူကျပန္မေရာက္ေသးဘူး ရွယ္ယာရွင္ေတြကတန္းစီေနတယ္။ဘယ္လိုမ်ားသိမ္းသြင္းခဲ့ပါလိမ့္ဒီေကာင္ေလး အေဖေျခရာတစ္ထပ္တည္းနင္းတာပဲ ဟား ဟား ဟား"

ပါပါကေတာ့သူ႕သားအတြက္ဂုဏ္ယူၿပီးေပ်ာ္ေနေပမယ့္ လရိပ္၏စိတ္ထဲမွာေလးေလးပင္ပင္ႀကီးျဖစ္ေနသည္။႐ုတ္တရက္ေခါင္းထဲမွာ ေ႐ႊရည္အေၾကာင္းေတြးမိလာေတာ့..

*မဟုတ္တာ ေ႐ႊရည္နဲ႕ငါနဲ႕ၾကားသူဝင္လာစရာအေၾကာင္းမွမရွိတာ။ငါလဲအ႐ြယ္ေရာက္ၿပီးသား။ငါ့ဘာသာရပ္တည္နိုင္တယ္။*

---------
လရိပ္အိပ္ေနရာမွေအာက္ထပ္ကအသံတစ္ခ်ိဳ႕ေၾကာင့္လန႔္ျဖန႔္ၿပီးနိုးလာေလသည္။အခ်ိန္ကိုၾကည့္‌ ေတာ့မနက္၃နာရီ။အသံကဩဩကိုမွလုံးဝမေလွ်ာ့ပဲ အားရပါးစကားေတြေျပာေနတာေၾကာင့္သူဘယ္လိုမွအိပ္လို႔မရ ၿပီးေတာ့ထိုအသံပိုင္ရွင္ဟာဆိုတဲ့အေတြးေၾကာင့္လဲလန႔္သြားၿပီးခ်င္ခ်င္းပင္းေအာက္ထပ္သို႔ေျပးဆင္းၾကည့္ေလရာ ေအာက္မေရာက္ခင္ေလွကားနားမွာပဲသူ႕ေျခလွမ္းေတြရပ္တန႔္သြားသည္။ေအာက္မွာရွိတဲ့ဧည္သည္ေတြအပါအဝင္လူအားလုံးကသူ႕ကိုေမာ့ၾကည့္ေနျခင္းေၾကာင့္ပင္။ထိုအထဲမ်က္လုံးေမွးေမွးဆံပင္ေကာက္ေကာက္နဲ႕လူရဲ႕အၾကည့္ေတြကအဆိုးဆုံး...

"သားႀကီးလာေလ။ဒါကြၽန္ေတာ့္သားႀကီးေလ ေခ်ာတယ္မဟုတ္လား"

"ေခ်ာတယ္ ေတာ္ေတာ္ေခ်ာတယ္ ဒါေၾကာင့္လဲ..."

"အဟမ္း...!"

ရွင္းခန႔္၏ေခ်ာင္းဟန႔္သံေၾကာင့္ စကားဟာျပတ္ေတာက္သြားခဲ့သည္။

"သားႀကီး ဒါကရွင္းခန႔္ရဲ႕သူငယ္ခ်င္း စဝ္ေနဝန္းခန႔္တဲ့ ဒါကသူ႕အမ်ိဳးသားခတၱာဂုဏ္ ဟိုဟာေလးကေတာ့စဝ္ဘုန္းေတဇဂုဏ္တဲ့။"

ဆိုဖာေပၚမွာ နို႔ဘူးငုံၿပီးအိပ္ေပ်ာ္ေနတဲ့ကေလးေလးကို လရိပ္ၾကည့္ၿပီးၿပဳံးမိသြားသည္။

"ကေလးကအေဖနဲ႕တစ္ပုံစံထဲပဲေနာ္။ဘယ္လိုမ်ားေမြးထားတာလဲ"

"အဲ့တာကြၽန္ေတာ္ကိုယ္တိုင္ေမြးထားတာ"

ခတၱာအေျပာေၾကာင့္ လရိပ္တအံ့တဩပါးစပ္ေလးအေဟာင္းသားျဖစ္သြားရ‌ ေလသည္။

"အစ္ကိုတို႔နားေတာ့ေလ"

"ပါပါးအခန္းရွင္းေပးထားတယ္။ လြတ္လြတ္လပ္လပ္ေနၾကေနာ္ ေရာက္တုန္းေရာက္ခိုက္"

"ဟုတ္ကဲ့ေက်းဇူးတင္ပါတယ္ဗ်ာ"

"မဟုတ္တာပဲ ဟိုမွာတုန္းကသားကိုအမ်ားႀကီးကူညီခဲ့တယ္ၾကားတယ္"

ေနဝန္းနဲ႕ပါပါးက ႏႈတ္ဆက္ရင္းက်န္ခဲ့စဥ္ရွင္းခန႔္ကအိမ္ေပၚသို႔တတ္သြားေလ၏။ထိုအခါလရိပ္လည္းအေနာက္မွလိုက္တတ္သြားရာ သူလုံးဝမထင္မွတ္ထားသည့္အတိုင္း ရွင္းခန႔္ကသူ႕အခန္းထဲပဲဝင္သြားသည္။

"ဒီ ဒီမွာ မင္းနဲ႕ငါက အ႐ြယ္ေရာက္တာထက္ပိုေနၿပီ ဒီလိုေနဖို႔မသင့္ေတာ္ဘူးထင္တယ္"

ထိုအခါရွင္းခန႔္ကသူ႕အားစူးစူးၾကည့္လွ်က္အနားသို႔တို႔လာၿပီးဘာစကားမွမေျပာပဲအကၤ်ီၾကယ္သီးေတြကိုျဖဳတ္ေလ၏။

"ရွင္းခန႔္ မင္းငါ့ကိုအရင္လိုမေလးမစားလာမလုပ္နဲ႕ ငါလက္ခံမွာမဟုတ္ဘူး"

ရွင္းခန႔္ကသူေျပာတာကိုဂ႐ုမစိုက္အကၤ်ီေတြကိုခြၽတ္ပစ္လိုက္သည္။ထိုအခါထြင္ေပၚလာသာ့္ခႏၲာကိုယ္ေၾကာင့္ လရိပ္မ်က္ႏွာေတြျဖန္းကနဲပူသြားေလ၏။

အသားညိုညိုႀကီးကိုမွခႏၲာကိုယ္ကအဖုအထစ္ေတြႏွင့္ ႂကြက္သားအျမႇောင္းျမႇောင္းထလို႔ေနသည္။တစ္ဆက္တည္းေဘာင္းဘီရွည္ကိုပါခြၽတ္ခ်လိဳက္လွ်င္ တုတ္ခိုင္ေနသည့္အေၾကာၿပိဳင္းထေနသည့္ေပါင္လုံးႏွင့္ ေတာင့္တင္းေနသည့္ေျခသလုံးေတြ၊အေမႊးအျမႇင္ေတြကလည္းထူသလားမေမးနဲ႕ဗိုက္ေပၚမွာပင္ယွက္ေျပးေနသည္။ဟိုေနရာကေတာ့ ေဘာက္ဆာနဲ႕အုပ္ထားတာေၾကာင့္မျမင္ရ၊ျမင္လည္းမျမင္ခ်င္။

ရွင္းခန႔္ကသူ႕အားစကားတစ္ခြန္းမွမေျပာပဲေရခ်ိဳးခန္းထဲသို႔‌ဝင္သြားေလသည္။

"ေကာင္းၿပီ။ငါ့အိပ္ယာကိုအရင္လိုေပးမအိပ္နိုင္ဘူးမေက်နပ္ရင္ေအာက္မွာအိပ္"

လရိပ္သူ႕ဘာသာ ေရ႐ြတ္ၿပီးအိပ္ယာေပၚတတ္ကာအိပ္လိုက္ေလသည္။ခဏၾကာေတာ့ေရခ်ိဳးခန္းတံခါးဖြင့္သံၾကားရသျဖင့္မ်က္လုံးအနဲငာ္ဖြငေရခ်ိဳးခန္းတံခါးဖြင့္သံၾကားရသျဖင့္မ်က္လုံးအနဲငယ္ဖြင့္ၾကည့္ရာ ခႏၲာကိုယ္အားေရသုတ္ေန၏။ၿပီးေနာက္ေဘာက္ဆာတစ္ထည္ကိုေကာက္စြတ္ကာ ကုတင္ဆီသို႔အလာမွာေတာ့..

*ဘာ ဘာလဲကုတင္မွာလာအိပ္မလို႔လား။မ မျဖစ္ဘူး*

သူေတြးေနစဥ္မွာပဲရွင္းခန႔္ကသူ႕ေဘးမွာဘုန္းကနဲပစ္လွဲလိုက္သည္။သူ႕ၾကည့္ရတာအေတာ္ပင္ပန္းေနပုံပင္လွဲလိုက္တာႏွင့္မ်က္လုံးေတြမွိတ္က်သြားသည္။ၿပီးေနာက္ေျခေထာက္တစ္ဖက္ကလရိပ္အေပၚသို႔လွမ္းတင္လိုက္တဲ့အခါမွာေတာ့..

"မင္း..မင္းကိုယ့္အခန္းမွာကိုယ္သြားအိပ္"

လရိပ္အေျပာကိုရွင္းခန႔္မၾကားေတာ့ေပ။သူအရမ္းပင္ပန္းလိုအိပ္ေပ်ာ္ေနၿပီျဖစ္သည္။သူလည္းေျခ‌ေထာက္အေလးႀကီးကိုဘယ္လိုဖယ္ရမလဲေတြးရင္းျပန္အိပ္ေပ်ာ္သြားခဲ့ေလ၏။

-------
လရိပ္တင္းက်ပ္တဲ့ခံစားမႈေတြနဲ႕အတူနိုးလာေလ၏။သူ႕မ်က္လုံးေတြကခ်က္ခ်င္းဖ်က္ကနဲပြင့္လာၿပီးသူ႕ေခါင္းကရွင္းခန႔္၏လက္ေမာင္းႀကီးေပၚေရာက္ေနကာရွင္းခန႔္၏ေနာက္လက္တစ္ဖက္ကသူ႕အေပၚမွျပန္လည္ဖတ္တြယ္ထားသည္။ယခုပုံစံကသူ႕အားဖက္လုံးသဖြယ္ဖက္ထားျခင္းပင္။

"အား..ဖယ္ လႊတ္!"

သူအတင္း႐ုန္းေပမယ့္လက္ေတြေျခေတြကမႂကြျဖစ္ေနရာ ရွင္းခန႔္ကမ်က္လုံးေတြျဖည္းျဖည္းပြင့္လာၿပီးဖယ္ေပးလိုက္သည္။

"မင္းဘယ္လိုေတာင္အိပ္တာလဲငါေသေတာ့မယ္"

"အခုမေသဘူးမဟုတ္လား"

လရိပ္တစ္ခ်က္မ်က္ေစာင္းထိုးလိုက္ၿပီးေနာက္..

"ေတာ္ၿပီ မင္းနဲ႕ငါကတစ္သတ္လုံးအဆင္ေျပမွာမဟုတ္ဘူး"

လရိပ္ကေက်ာင္းၿပီးသြားၿပီျဖစ္ၿပီးလုပ္ငန္းခြင္ဝင္ဖို႔ကိုေစာင့္ေနရျခင္းေၾကာင့္ေလာေလာဆယ္သူအရင္ကေလာက္အလုပ္မမ်ားပဲေ႐ႊရည္ကိုအခ်ိန္ေပးျဖစ္ေနသည္။အခုလဲေ႐ႊရည္နဲ႕အျပင္သြားရန္ခ်ိန္းထားသျဖင့္ေရမိုးခ်ိဳးကာျပင္ဆင္လိုက္သည္။သူေအာက္ထပ္သို႔ဆင္းလာေသာအခါ ဖုန္းတစ္လုံးႏွင့္စာ႐ြက္စာတမ္းတပုံတစ္ပင္နဲ႕အလုပ္ရႈပ္ေနသည့္ရွင္းခန႔္ကိုေတြ႕လိုက္ရသည္။အလုပ္သြားေတာ့မယ့္ထင္သည္ suit အျပည့္စုံဝတ္ထားေလ၏။သူ႕ခႏၲာကိုယ္ကေတာ္ေတာ္ေလးမိုက္လာၿပီးခန႔္လာတာေတာ့လရိပ္လက္ခံလိုက္ေလသည္။

ရွင္းခန႔္တို႔သားအဖႏွစ္ေယာက္လုံးက အလုပ္ေတြရႈပ္ေနၾကၿပီး သူတစ္ေယာက္တည္းကအေလလိုက္မယ့္သူလိုျဖစ္ေနသည္။ဘယ္တတ္နိုင္မလဲသူမွကူမလုပ္ေပးနိုင္တာ။
လရိပ္နည္းနည္းေတာ့မခံခ်င္ျဖစ္မိသည္။သူ႕မွာႏွစ္ေတြအမ်ားႀကီးစာႀကိဳးစားခဲ့ရၿပီးဆရာဝန္ျဖစ္ေတာ့မွာဆိုေပမယ့္ ဝင္ေငြကသူတို႔ေျခဖ်ားကိုမမွီ။ပိုဆိုးတာကရွင္းခန႔္။တစ္သက္လုံးကစာမႀကိဳးစားပဲ သမိုင္းေမဂ်ာနဲ႕အေဝးကဘြဲ႕ယူကာ ၄ႏွစ္ေလး နိုင္ငံျခားမွာဖင္ကုန္းၿပီး business college တတ္ၿပီးပါပါးထက္ပင္ အဆမတန္ေငြရွာနိုင္ေနသည္။

ရွင္းခန႔္ကသူ႕အားတစ္ခ်က္မွေမာ့မၾကည့္၊သူလဲဂ႐ုမစိုက္ပဲ ပါပါးကိုသာႏႈတ္ဆက္ၿပီးထြက္လာခဲ့ေလ၏။

Continue Reading

You'll Also Like

53.2K 257 5
This book contains a lot of smut so if you don't like it, you can leave🥰
798K 22.7K 59
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
24.7K 1.8K 36
"Say it. Say you hate me. Say you want to leave. But remember-no one will ever touch you like I do. No one will ever love you the way I do" "I hate y...
49.4K 3.1K 109
When eight-year-old girl, Jie, sees an enormous lightning dragon hovering over her hospital bed, her first thought is to wonder what on earth the nur...