[Unicode]
"မောင့်ကိုကြည့်! မောင့်မျက်နှာကိုကြည့်ပါဦး.. "
အတွေးသမားလေးက အတွေးမြောက်မြားစွာနဲ့ မျက်လွှာကိုအောက်ချ၍ငိုနေပြန်ပါရော။ မျက်နှာလေးကို ဆွဲယူ၍ တစ်ဖွဖွနမ်းမိသည်။
"ဟမ်! မောင့်အသက်က အတွေးသမားလေးလား.. "
"ဟင့်! ငါကမကောင်းဘူး... "
ပခုံးပေါ်သို့ ခေါင်းလေးတင်၍သူ့ကိုယ်သူမကောင်းဘူးဆိုပြီး တအီအီနှင့်ငိုပြန်ပါ၏။ သူ့မှာ တကယ်ပင် ကူကယ်ရာမဲ့ချေပြီ။ ဒီကလေးကို ဘယ်လိုမျိုးများချော့ရမည်နည်း။
"မောင်ကတောင်းပန်ပါတယ်ဂျွန်..မင်းအပေါ် မောင်စိတ်မရှည်သလိုဖြစ်သွားတယ်..မင်းစိတ်ကိုလဲမောင် အတင်းအကြပ်လုပ်မိသွားတယ်..အကုန်လုံးက မောင့်အမှားပါ၊ပြီးတော့ မင်းဒေါသတွေကို ထွက်လောက်အောင်ထိ မောင်..အွတ်! "
သူ့နူတ်ခမ်းတွေကို ဖြတ်ခနဲနမ်းလာသောဂျွန့်ကြောင့် စကားတွေပင် ပျောက်သွားရသည်။ အပေါ်နူတ်ခမ်းကိုဆုပ်၍ ဂျွန်က..
"ဟင့်အင်း..မပြောနဲ့တော့ ငါတို့အကုန်လုံးမှားခဲ့ကြတာမို့..ဘယ်သူ့အပြစ်မှမဟုတ်ဘူး.."
"ဂျွန်.. "
"ချစ်တယ်မောင်..."
ပြောလဲပြော သူ့ရဲ့ခါးကိုပင်ဖက်လာပါသော ဂျွန်။ရင်အုပ်ကိုမျက်နှာအပ်၍ဒီကလေးနှယ် သိပ်ကိုပဲ အသဲယားစရာကောင်းသည်။ အရပ်က ဂျွန့်ထက် ခေါင်းတစ်လုံးပိုမြင့်သည်မို့ ဖက်ထားသော ဂျွန့်ရဲ့ခေါင်းလုံးလုံးလေးပေါ် မေးလေးတင်ထားမိသည်။
"ဒီမောင်က မင်းထက်အများကြီးပိုချစ်တယ်..."
တင်းကျပ်စွာ ဒီခန္ဓာကိုယ်လေးကို လွမ်းမတတ်ဖက်ထားမိ၏။ ခန္ဓာကိုယ်လုံးလုံးလေးကလဲ သူခန္ဓာကိုယ်ကြီးထဲနစ်မြုပ်လို့။
"ထမင်းမစားရသေးဘူးမလား.."
"မောင်မှမရှိတာကို.. "
ခါးကိုဖက်ထားရာကနေ သူ့ကိုမော့ကြည့်ကာချွဲ့နွဲ့စွာပြောသေး၏။ တတ်လဲတတ်နိုင်ပါဘိ။ အဆိုးလေးက။
"မောင်... "
ဆံပင်လေးတွေအား လက်နှင့်သပ်ပေးမိပြီးမျက်နှာလေးအား တယုတယကိုင်မိတော့ ဂျွန်ကသူ့လက်ဝါးပေါ် ပါးလေးကိုစောင်းချသည်။
ရီဝေဝေကြည့်နေသော ဂျွန့်ကိုနားမလည်နိုင်စွာ။ မျက်ခုံးပင့်ပြမိ၏။ပျစ်ချွဲချွဲအသံလေးကလဲ တစ်မူထူးခြားနေ၏။ မောင့်အသက်ကဘာများဖြစ်လို့လဲ။
သူအကဲခတ်နေတုန်းမှာပင်.. ထပ်၍စိတ်ကောက်သွားပါတော့၏။ တကယ့်ဘာလေးလဲ။
"နေတော့! မပြောတော့ဘူး.. "
"ဟော..ဂျွန် "
အိပ်ခန်းထဲသို့ ၀င်သွား၍ အိပ်ရာလေးပေါ်၌ ပုံ့ပုံ့လေးထိုင်နေပါ၏လေ။ ဒါကသူ့ကိုစိတ်ကောက်သွားတာလား။
"ဂျွန်.. "
"အလိုက်ကမ်းဆိုးကို မသိဘူး.."
"ဟောဗျာ..မောင်ဘာလုပ်လို့လဲ.. "
ဂျွန့်ဘေးသို့သွား၍ မေးလိုက်တော့ ဂျွန်ကမျက်စောင်းထိုး၏။ ဂျွန်က တကယ်ပဲ ဘာဖြစ်ချင်လဲဆိုတာ သူမသိတော့။
"ထမင်းမစားရသေးလဲ! နဲနဲပါးပါး ခွံ့ကျွေးမယ်!ဘာမယ်မရှိဘူး! "
"ဟော..ဟဟ.. "
လတ်စသတ်တော့ စိတ်ကောက်ခြင်းအကြောင်းအရာကဒါပေါ့လေ။ သူ့မှာ အသံထွက်အောင့်ပင်ရယ်မိပြီ။ ဂျွန်က ထိုင်နေရာကနေ အိပ်ရာပေါ်လှဲလျက် စောင်ကိုခြုံထားတော့၏။
နူတ်ခမ်းလေးကိုဆူပုပ်လျက် မောင့်အသက်ဟာလေ ကလေးကျနေရောပါ။
"ဂျွန်..မောင်မင်းကိုပြစရာရှိတယ်.."
ခပ်တည်တည်ပြောလာသော မောင့်အသံကြောင့် သူ့စိတ်ကောက်နေရတာလေးတွေက ပျောက်သွားရသည်။ မောင့်မျက်၀န်းတွေကို စိုက်ကြည့်မိ၏။ မောင်က အင်္ကျီကြယ်သီးကိုနှစ်လုံးလောက်ကိုဖြုတ်လျက် ရင်ဘတ်ကိုပြသည်။ ရင်ဘတ်အထက်နားက ထိုအရာလေး။
သူဖြင့် အံ့ဩလွန်း၍မျက်ရည်ကျရသည်အထိပါပင်။ မောင်ကဘယ်လိုလုပ်..။ ထိုရင်ဘတ်နေရာလေးအား လက်ချောင်းသွယ်သွယ်တို့ဖြင့် ထိကြည့်မိ၏။ "မောင့်မူပိုင် ဂျွန်" တဲ့။ ထိုထွင်းထုထားတဲ့နေရာက။
"မောင်.. "
တက်တူးကို ကြောက်ပါဘိဆိုတဲ့မောင်က အခုသူ့အတွက် ထိုးလာတာလား။ မျက်ရည်တွေအသွင်သွင်စီးကျနေတော့ မောင်က တယုတယလက်မလေးဖြင့်သုတ်ပေး၏။ အခုမှ လောလောလတ်လတ် လုပ်လာသည့်ပုံစံ။ အက္ခရာလေးတွေက နီရဲနေ၏။
"မောင်..ဟင့်! ဘာလို့လုပ်လာတာလဲ..မောင်မကြိုက်ဘူးမဟုတ်လား..ဟင့်! မောင်တက်တူးထိုးတာမကြိုက်ဘူးမဟုတ်လား.. "
"မင်းအတွက်လေ ဂျွန်ရဲ့..မောင့်သက်လျာအတွက်ဆို မောင်ကအားလုံးလုပ်မဲ့သူ.. "
အုပ်မိုးလာပါသော မောင်သည်သူ့ရဲ့နဖူးလေးသို့တစ်ချက်နမ်း၏။ ခန္ဓာကိုယ်ကိုပင် အုပ်မိုးလာပေမဲ့ မောင်က ပူးကပ်ရလောက်အောင်ထိ မထိပါ။ ကလေးလေးကြောင့် ပူနေသော ဗိုက်တို့ကိုမောင်ကလွတ်အောင် အုပ်မိုးထားတာပင်။
"ဟင့်! မောင့်ရယ်.. "
"ရူးး..မင်းသဘောကျရဲ့လားပဲပြော.."
မျက်ရည်တွေနှင့် ဂျွန်ဟာခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ပြ၏။ မနေနိုင်စွာ ပါးရဲရဲလေးတွေအား နစ်၀င်သွားအောင်နမ်းမိသည်။ ဂျွန်ကတော့ မဟုတ်ပဲ သူ့ရဲ့နူတ်ခမ်းတွေပေါ်သို့ နေရာယူလာသည်။
လေးနက်လာသော အနမ်းတွေအပေါ် အိပ်ရာပေါ်က လက်ချောင်းလေးတွေကို သူ့လက်ဝါးကြီးတွေကြား နစ်မြုပ်အောင်ဆုပ်ကိုင်မိ၏။ ထိုဆုပ်ကိုင်မိသော လက်လေးတွေသည်လဲ အိစက်နေသော မွေ့ယာပေါ် နစ်၀င်သွားတော့၏။
ဘယ်လောက် ငြီးငြီးထိုခန္ဓာလေးကို ရူးသွပ်မတတ်။ ဘယ်လောက်ပဲ ဆက်ဆံမူများပါစေ ငြီးငွေ့သွားမူဆိုတာ မရှိ။ ဒီခန္ဓာက ယမကာတွေထက်တောင် ပိုပြီးမူးရစ်ဖို့ကောင်းပါသည်။
"မောင်..ဟာ့! မပြီးနဲ့ အထဲမှာ မပြီးနဲ့နော်.."
"အွန်း..မောင်သိတယ်.."
ကလေးရှိသောကြောင့် မောင့်အားလန်း၍သတိပေးရသေး၏။ ဆက်ဆံမူအကြိမ်ရေစပ်လာသောအခါ သူ့အတွင်းသားလေးတွေက လိူက်ခနဲတက်လာရသည်။ ခြေချောင်းလေးတွေက ကုပ်လာလျက်၊ ပေါင်တံလေးတွေကလဲ တုန်ခါလျက်လူးလိမ့်လာရ၏။ ပြီးလုဆဲသူ့ကို မောင်က အထဲကနေသူ့အရာကိုထုတ်၍။ တွင်း၀လေးကို လျှာနှင့်ယပ်ပေးပြန်ပါရော။
ကျစ်လစ်သော မာကြောမူမဟုတ်ပဲ တစ်မျိုးတစ်ဖုံ နွေးထွေးသော အလွှာပါးလွှာလေးကြောင့် ပို၍ပင်မက်မောလာရ၏။ အိပ်ရာခင်းကိုကုတ်တွယ်ထားသော သူ့ခြေချောင်းလေးတွေကို မောင်ကဖွဖွလေးနမ်းနေ၏။ ခြေချောင်းလေးတွေပါမက ပေါင်းတံတွေပါ နမ်းနေမူကြောင့်။ သူ့ခါးလေးကလဲ ပို၍ကော့တက်လာရသည်။
မောင်ကအပေါ်သို့တက်လာ၍ ချယ်ရီခက်ဆူဆူလေးတွေကို ဖိချေလိုက်ချိန်မှာတော့ သူ့ခေါင်းလေးက အိပ်ရာနှင့်ပိုကပ်သွားပြီး ခေါင်းဟာ ခါးနှင့်အတူ ကော့တက်၍ မော့သွားရသည်။
သူလက်တွေနှင့်ထပ်တူဆုပ်ထားသောမောင်သည်လဲ ပြီးမြောက်သွား၏။ မောဟိုက်၍ကျသွားသည့် သူ့ကို မောင်ကခပ်ဟဟရယ်သည်။ နဖူးစပ်က ချွေးစပ်တွေကိုသုတ်ပေးရင်း နမ်းသည်။
"မောသွားပြီလား.."
မောင့်ကိုပင်ပြန်မပြောနိုင်။ ခေါင်းပင်ငြိမ့်ပြနိုင်၏။ မောင်ကအောက်သို့ လျှောဆင်းသွား၍ ဗိုက်ပူပူလေးအား ဖိကပ်နမ်းသည်။
"ဒီထဲက ကလေးလေးကော မောသွားပြီလား..ဟမ်! ဒယ်ဒီကြောင့် ပင်ပန်းသွားပြီလား.. "
မောပန်းနေသည့်ကြားထဲကပင် နှစ်နှစ်ခြိုက်ခြိုက်ပြံးမိသေးသည်။ ဗိုက်လေးကိုခပ်ဖွဖွနမ်း၍ မောင်သည် စောင်တို့ကို ရင်ဘတ်ထိခြုံပေး၏။တစ်ဖန်သူ့ခေါင်းအောက် လက်မောင်းထိုးပေးပြီး မောင်က သူ့ရင်ခွင်ထဲသို့ဆွဲသွင်းသည်။
ကျစ်ကျစ်လစ်လစ်ဖက်ထား၍ လက်တစ်ဖက်ကလဲ ဗိုက်ကိုပွတ်ပေးနေသေးသည်။ ကျောပြင်တစ်လျှောက်လုံးက နွေးထွေးသော ထိုရင်ခွင်ကျယ်ထဲ၌ မြုပ်လို့နေသည်။၀မ်းဗိုက်ကနေ ခါးသို့လက်တစ်ဖက်က ရစ်ပတ်ထားသည်။
"ရွှတ်* အိပ်တော့ မောင်ကညနေကျရင် နိုးပေးမယ်.. "
အနောက်ကနေ သူ့ပါးလေးအား လှမ်းနမ်း၍မောင်ကပြော၏။ ထိုနောက်မှတော့ မောပန်းခြင်းတွေကနေတစ်ဆင့် မျက်လုံးများက မှေးစင်းကျသွားတော့၏။
ဖြေးဖြေးချင်းအသက်ရူမှန်လာသော ဂျွန့်ကြောင့်သူလဲ ဖက်၍ပင် အိပ်လိုက်သည်။
====================
"ကားပေါ်မှာ နေခဲ့မို့လားဂျွန်.."
"မလိုက်ချင်ဘူးဆို.. "
ရှယ်ယာရှင်လုပ်ငန်းရှင်တွေနှင့် အစည်းဝေးပွဲသို့ မလိုက်ချင်သောကြောင့် သူအတင်းမခေါ်ချင်ပေ။ သို့သော်လဲ ဒီကားပေါ်၌တော့ ပါလာပြီးမှလဲ တစ်ယောက်ထဲ မထားခဲ့ချင်ပြန်။ သူဘယ်လိုလုပ် စိတ်ချရမည်နည်း။ အထဲမှာဘယ်နှစ်နာရီလောက်ကြာဦးမလဲပင် မသိလေ။
"ရုံးခန်းထဲမှာပဲနေလိုက်လေ ဂျွန်..ကားထဲမှာတော့ မနေခဲ့နဲ့ မောင်မင်းကိုစိတ်မချဘူး.. "
ထိုအခါမှာ မျက်စောင်းထိုး၍ပင်ကြည့်လာပါတော့သည်။အကဲပိုသည် ဆိုသည့်ပုံပေါ့။ အကဲမပိုလို့လဲမရဘူးမောင့်အသက်ရယ်။ ဒီမောင်က မင်းဆိုတဲ့ ဖြစ်တည်မူနဲ့တင် သဲသဲလူပ်နေရတာ။
ရုံးခန်းထဲသို့လိုက်လာ၍ ဂျွန်ကသူ့စကားကိုနားထောင်လေသည်။ ထို့နောက်တော့ သူလဲ ဂျွန့်အားထားခဲ့၍ အစည်းဝေးခန်းသို့။
"အာ့! "
ရုံးခန်းထဲမှာပင် အချိန်တွေကုန်လာကာ ငြီးငွေ့လာသည်မို့ ကုမ္ပဏီထဲသို့ ထွက်ကြည့်မိ၏။ နိုင်ငံခြားကုမ္ပဏီမို့လားမသိ။ အပြင်အဆင်တွေက ရှယ်ပါပင်။ ငေးကြည့်နေတုန်း သူ့အားတိုက်လိုက်သည့် ကလေးတစ်ယောက်နှယ်။
ကလေးလေးက လမ်းလျှောက်တတ်ကာစပင်ရှိသေးသည်။ ဘွတ်ဖိနပ်လေးနှင့် နစ်ခ်တိုင်လေးကပါသေးသည်။ နိုင်ငံခြားဆန်ဆန် အသားအရည်လေးကလဲဖွေးဥပြီးနီရဲလို့။ ထို့အပြင် မျက်လုံးလေးကပါ စိမ်းပြာလေးကြောင့် သူ့မှာအသဲတယားယားဖြစ်ရသေးသည်။
ထိုကလေးရှေ့ ဒူးထောက်၍မေးမိ၏။
"Where is your mom..baby? "
"No..no.."
"Ok .. sweetie haha.. "
ကလေးလေးက စကားပင်မပြောတတ်သေးဘူးထင်၏။ နိုးနိုးလို့ပင် ပြောသည်။ ထိုချစ်စဖွယ်လေးကြောင့် သူ့မှာဗိုက်လေးကိုပင် ပြန်ကိုင်မိ၏။ဒီလိုချစ်စရာကောင်းတဲ့ကလေးလေး လိုချင်မိသည်လေ။ဒါက မိခင်တိုင်းရဲ့စိတ်ထားပင်ဖြစ်မည်။
ရုံးခန်းထဲ၌ဂျွန့်အားမတွေ့တော့ အတော်လေးပူထူသွား၏။ အပြင်သို့ထွက်ရှာတော့ ကလေးတစ်ယောက်အား ဒူးလေးထောက်ပြီး စကားပြောနေပါသည်လေ။
"ဂျွန်.. "
"ဟင် မောင်..အစည်းဝေးကပြီးပြီလား.."
ဂျွန့်ရှိရာသို့သွားလိုက်တော့ ဂျွန်ကဒူးထောက်ရာကနေ မတ်တပ်ရပ်လာ၏။
"အွန်းပြီးပြီ၊ဘယ်သူလဲ ဒီကလေးက.."
"ငါ့ကို၀င်တိုက်မိလို့လေ..ကလေးက မိဘတွေပျောက်နေတယ်ထင်တယ်.. "
ထိုကလေးက သူတို့စကားပြောနေတော့ အူလည်လည်လေးမော့ကြည့်၏။ သူ့ဘာသာစကားမဟုတ်တော့ ဒီအလည်လေးက အံ့ဩနေသည်ထင်ပါ့။မျက်လုံးဝိုင်းဝိုင်းလေးတွေက သူ့မှာအသဲယားလိုက်တာဆိုတာ..။ မောင်ကလဲ သတိထားမိပုံပေါ်သည်။ သူ့လက်လေးကိုဆုပ်ကိုင်လာ၍လေ။
နောက်တော့ ကလေးလေးကိုမောင်ကချီ၍ လုံခြုံရေးကောင်တာစီပိုခဲ့၏။ လူလည်လေးက ကျန်ခဲ့ပါ၏လေ။ ဒါတောင် သူတို့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကြည့်ပြီးကျန်ခဲ့တာ။
"ခုနက ကလေးလေးလိုပဲ မောင့်ကိုလဲ ချစ်စရာလေးမွေးပေးမယ်မဟုတ်လား.."
ကားပေါ်ရောက်တော့ သူ့လက်ဖမိုးလေးကို ဖိကပ်စွာနမ်းရူံ့၍မောင်ကပြောလာ၏။ ကားကိုမမောင်းသေးပဲ သူ့ကိုရွှန်ရွှန်းစားစားစိုက်လဲ ကြည့်နေပါသေးသည်။
"ငါနဲ့တူရင်တော့ ကလေးလေးက သေချာပေါက် ချစ်စရာကောင်းမှာပေါ့.."
"အဲ့တော့ မောင်နဲ့တူရင် ချစ်စရာမကောင်းဘူးပေါ့လေ.. "
"ခစ်ခစ်ခစ်.. "
လေသံမာမာလေးပြောလိုက်သည်ကို သဘောတကျရယ်ပါတော့သည်လေ။အသဲယားစွာ ဂျွန့်ခန္ဓာပေါ် ခေါင်းလေးငုံ့သွား၍ ပေါ်နေသော လည်ပင်းသားလေးတွေကိုပင် နမ်းရူံ့မိသည်။ ဂျွန်ကတော့ အရယ်မပျက်ပါပေ။
နူတ်ခမ်းလေးအား တစ်ချက်စုပ်ယူမိတော့ ပြုံးပါ၏။ ဒီစုန်းကဝေလေးကြောင့် သူ့မှာရူးရတော့မည်။ ထိုနူတ်ခမ်းလေးအား တစ်ချက်ဖိကပ်နမ်းပြီး နဖူးလေးကိုပါ နမ်းလိုက်တော့ အသံဆာဆာလေးက ထွက်လာ၏။
"သွားကြမယ်လို့..ဗိုက်ဆာနေပြီ"
ဒီတစ်ခါတော့ ကျီစယ်တာလေးတွေကို ရပ်လိုက်မိ၏။ ဘာလို့ဆို ကိုယ်၀န်သည်အရှင်လေးက ဗိုက်ဆာနေပြီတဲ့လေ။
ထို့နောက်တော့ ကားလေးဟာ စားသောက်ဆိုင်တစ်ဆိုင်ဆီသို့။
"ဂျွန်..မောင်ပြောစရာရှိတယ်"
အစားကိုပလုတ်ပလောင်းစားနေသူ သူဟာ မောင့်စကားကြောင့် ခေါင်းလေးထောင်လာမိသည်။
"ပြောလေမောင်.. "
ပါးစပ်က ပေပွနေသည်တို့ကို မောင်ကတစ်ရူးနှင့်သုတ်ပေးရင်း သူ့ကိုပြုံးပြနေ၏။ အရှေ့က အမဲသားပြားကိုလှီး၍ပင် သူ့ကိုလဲခွံ့ကျွေးနေသေး၏။
"မောင်တို့ ကိုရီးယားကိုပြန်ရောက်ရင် အိမ်ပြောင်းကြရအောင်..မောင်အိမ်တစ်လုံး၀ယ်ထားတယ်.. "
ဒီကိစ္စက လုံး၀ကိုsuprise ပါပင်။ သူ့မျက်လုံးလေးတို့ဟာ ပြူးကျယ်သွားရသည်။ ဘာလို့လဲ။ ဒီအိမ်ကြီးက သူတို့မင်္ဂလာဆောင်ထဲက နေလာခဲ့သည်လေ။ သူ့မှာဒီအိမ်နဲ့ပက်သက်ပြီး အမှတ်တရတွေအများကြီးပင်ရှိခဲ့သည်ကို။ ရောင်းဖို့ဆိုတာ သူလက်ခံဖို့မဖြစ်နိုင်ပေ။
မောင့်ကိုမေးလိုက်တော့ ထွက်လာသည့်စကားကိုကျ သူလက်ခံမိပြန်၏။
"နွေးထွေးမူရောင်ခြည်တွေ အသစ်ဆောက်ကြမယ်ဂျွန်၊ မောင်တို့ကလေးလေးရောက်လာတဲ့အခါကျ ဒီအိမ်ရဲ့အငွေ့အသက်တွေ မပေးစေချင်ဘူး... "
"ဒါမဲ့လဲမောင်ရယ်.. "
"အွန်း၊ မောင်သိတယ်၊ ဒါကြောင့်ဂျွန်သဘောထားကို အရင်ပြောကြည့်လေ..မောင်ကနားထောင်ပေးမှာမို့.. "
ပိုပြီးအံ့ဩသွားစေပြန်ပါမည်။ တစ်ခါမှ သူ့သဘောထားကို မမေးဖူးသောမောင်က ဒီတစ်ခါတော့ မေး၏။ သူ့စိတ်တွေ အလွန်အမင်းပျော်မြူးရသည်။။ အခုလို သူ့အပေါ်မောင်ပွင့်လင်းတာကိုလဲ လိုချင်ခဲ့သည်။
တကယ်တော့ သူ့မှာ ဘာမှမရှိပါဘူး။ မောင့်သဘောက သူ့သဘောပဲလေ။ အခုလိုမောင့်ဘက်က သူ့ကိုအလေးထားမူပဲလိုချင်တာ။ ကျန်တာတွေမလိုအပ်ပါဘူးလေ။
"မောင့်ကိုချစ်တယ်.."
သူ့စကားနှင့်ခြားနားစွာထွက်လာ၍ သူ့ထိုင်နေသော ခုံဘက်သို့လာကာ ပေါင်ပေါ်သို့တက်ထိုင်လေ၏။ စားသောက်ဆိုင်တောင် ဂရုမပြုဘဲ ပေါင်ပေါ်လာထိုင်သည်အထိ ဒီကလေးကရဲတင်းနေတာ။
*ရွှတ်..*
သူ့ရဲ့ပါးကို နမ်းလာ၍ ဂျွန်ကပြုံးနေ၏။ မောင့်ရဲ့ဂျွန်က လူအများကြားမှာလဲ အမျိုးမျိုးပြုစားနိုင်ပြန်သည်။ ကင်မ်ဂျောင်ကုဆိုတဲ့လူသားကလေ သူ့ကို နေရာတိုင်းမှာ အရည်ပျော်အောင်လုပ်နိုင်တဲ့တစ်ဦးတည်းသောသူ။
"ဘာဖြစ်လဲပြောပါဦး..ဟမ်!မောင့်အသက်က ဘာတွေသဘောတကျဖြစ်နေတာလဲ.. "
နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသော ဂျွန့်ကိုသိချင်စွာ သူမေးမိတော့၏။ ထွက်လာသော စကားကတော့ ရိုးရှင်းလေစွပဲ။ ဒီကောင်လေးက သူ့ကိုသပ်သပ်အသဲယားအောင်လုပ်နေတော့တာ။
"မောင့်ကိုချစ်လို့ပေါ့..ခစ်ခစ် မောင့်ကိုချစ်လို့"
လည်တိုင်ကိုသိုင်းဖက်ထား၍ မောင့်အသက်လေးက အသဲအသန်ကိုပျော်မြူးနေတော့၏လေ။
"စားပြီးရင် မောင်တို့တစ်နေရာသွားကြရအောင်.."
"ဟင်...ဘယ်ကိုလဲမောင်"
ပေါင်ပေါ်ကနေ သူ့ကိုလည်ပြန်ကြည့်လာသည့်ဂျွန်။ အနောက်ကနေ လုံးထွက်နေသောပါးလေးကို ချစ်လွန်း၍ထပ်နမ်းမိသေးသည်။
"ရောက်ရင်သိမှာပါ မောင့်သက်လျာရဲ့"
"ဟွန့်! အကျင့်ပုတ်မောင်"
သူ့စကားကြောင့် ဂျွန်ကဆူပုပ်ပုပ်လေးဖြစ်သွားကာ အစားကိုသာမဲစားနေတော့၏။ ထိုအဖြစ်ကိုသူ့မှာတော့ အနောက်ကနေ ခပ်ဟဟရယ်၍ ကြည့်နေမိသည်။
ပေါင်ပေါ်က အငြိမ်မနေသော တင်လုံးလုံးလေးကိုလဲ ထိန်းကိုင်ရင်းပေါ့။
#𝑣𝑖𝑜𝑙𝑎_𝐾𝑖𝑚
.................................................
Thank you for reading 🌟
[Zawgyi]
"ဟင့်! ငါကမကောင်းဘူး... "
"ဂျွန်.. "
"ချစ်တယ်မောင်..."
"မောင်မှမရှိတာကို.. "
"မောင်... "
"နေတော့! မပြောတော့ဘူး.. "
"ဟော..ဂျွန် "
"ဂျွန်.. "
"ဟော..ဟဟ.. "
"မောင်.. "
"ဟင့်! မောင့်ရယ်.. "
"အွန်း..မောင်သိတယ်.."
"မောသွားပြီလား.."
====================
"မလိုက်ချင်ဘူးဆို.. "
"အာ့! "
"Where is your mom..baby? "
"No..no.."
"Ok .. sweetie haha.. "
"ဂျွန်.. "
"ခစ်ခစ်ခစ်.. "
"ပြောလေမောင်.. "
"ဒါမဲ့လဲမောင်ရယ်.. "
"မောင့်ကိုချစ်တယ်.."
*ရွှတ်..*
"ဟင်...ဘယ်ကိုလဲမောင်"
#𝑣𝑖𝑜𝑙𝑎_𝐾𝑖𝑚
.................................................
Thank you for reading 🌟