(Completed) ဆရာဖြစ်ရတာမလွယ်ဘူ...

Av Xiao_Yiii

694K 120K 3.4K

Title - It is not easy being a master Author - Jin Xi Gu Nian / Eng translator - Xi Xi Burmese translation p... Mer

Description
Chapter(1) - နိုးထခြင်း
Chapter(2) - တောင်စွန်းပေါ်တွင်
Chapter(3) - Double Return
Chapter(4) - ဖဲႀကိဳး
Chapter(5) - ပြဇာတ်
Chapter(6) - ဖြူကောင်လေး
Chapter(7) - Hidden Edge
Chapter(8) - မြက်ညွှန့်လေး
Chapter(9) - မျက်ရည်စက်သဏ္ဍာန်မှဲ့
Chapter(10) - စိတ်မကောင်းပါဘူး
Chapter(11) - ဓား
Chapter(12) - ကြွက်သားနာကျင်ခြင်း
Chapter(13) - မြန်မြန်လေး
Chapter(14) - ဖျားနာခြင်း
Chapter(15) - နှလုံးရောဂါ
Chapter(16) - အဆင့်တက်ခြင်း
Chapter(17) - လက်ချင်းတွဲဆက်
Chapter(18) - ရွေးချယ်မှု
Chapter(19) - အထီးကျန်,မှောင်မိုက်သောည
Chapter(20) - ဆွေ့ရှန်း
Chapter(21) - နောက်တစ်ဖန်ပြန်နိုးလာခြင်း
Chapter(22) - အပြစ်ရှိစိတ်များပြည့်နှက်နေသည်
Chapter(23) - စိုးရိမ်ဖွယ်ရာအသွင်ကူးပြောင်းသွားခြင်း
Chapter(24-1) - အမှန်တရား
Chapter(24-2) - အမှန်တရား
Chapter(25) - စည်းနှောင်စာချုပ်ချုပ်ခြင်း
Chapter(26) - Dress In White
Chapter(27 - 1) - အတူတကွခရီးသွားခြင်း
Chapter(27 - 2) - အတူတကွခရီးသွားခြင်း
Chapter(27 - 3) - အတူတကွခရီးသွားခြင်း
Chapter(27 - 4) - အတူတကွခရီးသွားခြင်း
Chapter(28) - အသံကျင့်ကြံသူ
Chapter(29-1) - စာအုပ်
Chapter(29-2) - စာအုပ္
Chapter(30) - စားဖိုဆောင်တစ္စေ
Chapter(31) - အားလျှန်
Chapter(32-1) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(32-2) - ခေါင်းအုံးမျှအိပ်ခြင်း
Chapter(33) - လျိုဝှက်နယ်မြေ
Chapter(34-1) - ဝိညာဉ်လေးများ
Chapter(34-2) - ဝိညာဥ်​လေးများ
Chapter(35-1) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(35-2) - အမှန်တရားနဲ့ ထင်ယောင်မှားမှု
Chapter(36-1) - မျှခြေ
Chapter(36-2) - မျှခြေ
Chapter(37-1) - ကျွန်တော်ရှိတယ်
Chapter(37-2) - ကျွန်တော်ရှိတယ်
Chapter(38-1) - ငါးရိုး
Chapter(38-2) - ငါးရိုး
Chapter(39 - 1) - ပုံရိပ်ယောင်
Chapter(39-2) - ပုံရိပ်ယောင်
Chapter(40-1) - ယွီယွီ
Chapter(40-2) - ယွီယွီ
Chapter(41-1) - ပြန်လာခြင်း
Chapter(41-2) - ပြန်လာခြင်း
Chapter(42-1) - မူးရစ်ခြင်း
Chapter(42-2) - မူးရစ်ခြင်း
Chapter(43) - ခေါင်းစဉ်မရှိ
Chapter(44 - 1) - ​ယောင်ကျိုး
Chapter(44 - 2) - ယောင်ကျိုး
Chapter(45) - ​ထောင်ဟွား
Chapter(46) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(46-2) - ရှေးဟောင်းနှောင်းဖြစ်များ
Chapter(47 - 1) - ပြဿနာရှာခြင်း
Chapter(47-2) - ပြဿနာရှာခြင်း
Chapter(48-1) - သံချေးတက်နေသည့် သော့
Chapter(48-2) - သံချေးတက်နေသည့် သော့
Chapter(49) - မက္ခရုငှက်လေး
Chapter(50-1) - ဘီလူး
Chapter(50-2) - ဘီလူး
Chapter(50-3) - ဘီလူး
Chapter(51-1) - ကိစ္စအသစ်
Chapter(51-2) - ကိစ္စအသစ်
Chapter(52-1) - အရမ်းရှုပ်ထွေးလွန်းတယ်
Chapter(52-2) - အလွန်ရှုပ်ထွေးလွန်းတယ်
Chapter(53-1) - မျက်နှာမရှိ
Chapter(53-2) - မျက်နှာမရှိ
Chapter(54-1) - ရုပ်သေး
Chapter(54-2) - ရုပ်သေး
Chapter(55-1) - ကန့်သတ်ချက်များ
Chapter(55-2) - ကန့်သတ်ချက်များ
Chapter(56) - လျှို့ဝှက်ချက်
Chapter(57) - ကံကြမ္မာဟောစာတမ်း
Chapter(58) - ရှေ့ပြေးဖြစ်ရပ်များ
Chapter(59) - အတိတ်
Chapter(60) - ရှေ့ကိုဆက်သွား
Chapter(61-1) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(61-2) - ပြင်းထန်တဲ့တိုက်ပွဲ
Chapter(62) - အလယ္
Chapter(63-1) - ဓား၏အကြွင်းအကျန်
Chapter(63-2) - ဓား၏အကြွင်းအကျန်
Chapter(64) - အပြန်
Chapter(65) - ဝိညာဉ်အိမ်မက်
Chapter(66-1) - အဝတ်အစားတွေချွတ်
Chapter(67) - အတိုချုံး
Chapter(68-1) - ရှာဖွေခြင်း
Chapter(68-2) - ရှာဖွေခြင်း
Chapter(69) - ကျေနပ်အားရခြင်း
Chapter(70-1) - Seventy
Chapter(70-2) - Seventy
Chapter(71-1) - ဂိုဏ်းချုပ်
Chapter(71-2) - ဂိုဏ်းချုပ်
Chapter(72) - ပြန်လည်ပေါင်းစည်းမှု
Chapter(73) - ကြောင်ပေါက်လေး
Chapter(74-1) - ကျောက်တုံးနံရံ
Chapter(74-2) - ကျောက်တုံးနံရံ
Chapter(75) - မျက်ရည်နတ်ဆိုး
Chapter(76-1) - Seventy-Six
Chapter(76-2) - Seventy-Six
Chapter(77) - အမြွှာ
Chapter(78-1) - ဓားကိုချိုးသည်
Chapter(78-2) - ဓားကိုချိုးသည်
Chapter(79) - နှစ်တိုင်း နှစ်တိုင်း
Extra (1) - ဆောင်းဦးပေါက်ပွဲတော်
Extra (2) - အမွှေးလုံး(1)
Extra (3) - အမွှေးလုံး(1)
Extra (4) - ချင်း ယွမ်
Thank You

Chapter(66-2) - အဝတ်အစားချွတ်ခြင်း

3.5K 601 3
Av Xiao_Yiii

Unicode

အခန်း(၆၆-၂) - အဝတ်အစားချွတ်ခြင်း

စုန့်မင်းက ဝုန်းကနဲ ထလိုက်မိပြီး အလွန်လျင်မြန်စွာ လှုပ်ရှားမိတာကြောင့် သူ့ရှေ့က လက်ဖက်ရည်ခွက်များပင် ပြုတ်ကျ မတတ် ဖြစ်သွားရသည်။

အမျိုးမျိုးသော အကြည့်ပေါင်းစုံက စုန့်မင်းနဲ့ရှန်ကျစ်ရှန်းကြားမှာ ကူးလူးနေခဲ့တာ စုန့်မင်းက သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး အပြုံးတစ်ခု ဖြစ်ညှစ်ထုတ်လိုက်၏။

"ဂျူနီယာညီလေး ပြန်လည်ကျန်းမာလာတာကို ဂုဏ်ယူပါတယ်။ ဂျူနီယာညီလေးက အခုမှ တံခါးပိတ် တရားကျင့်ရာကနေ ထွက်လာတာဆိုတော့ ခဏလောက် အနားယူဖို့တော့ လိုသေးတယ်လေ...."

သူ့အတွေးများက ဖရိုဖရဲ ဖြစ်နေသည်။ သူ့စိတ်ထဲမှာ သူက ရှန်ကျစ်ရှန်းရဲ့ နှလုံးဒဏ်ရာအကြောင်း ကောင်းကောင်းနားလည်တယ်ဟု ထင်ထားခဲ့တာပင်။ ထိုနှစ်တုန်းက ဂိုဏ်းချုပ်ဝန်တောင် ကုသဆေး ရှာမတွေ့ခဲ့တဲ့အတွက် ရှန်ကျစ်ရှန်းကတော့ သူ့တစ်ဘဝလုံး အသုံးမဝင်တဲ့ လူတစ်ယောက် ဖြစ်သွားပြီဟု တွေးခဲ့မိသည်။ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး....

ရှန်ကျစ်ရှန်းပေးတဲ့ သတင်းက သူ့ခေါင်းတစ်ခုလုံးကို ရှုပ်ထွေးနေစေခဲ့သည်။ သူက မြန်ဆန်သည့် တုံ့ပြန်မှုအား မစဉ်းစားနိုင်တော့ပဲ ထပ်တလဲလဲ ရေရွတ်နေမိ၏။

"ဂျူနီယာညီလေးက တကယ့်ကို လွတ်လပ်ပါတယ်။ လက်ရှိ ဂိုဏ်းမှာလည်း ပြဿနာ ကြီးကြီးမားမား မရှိဘူးဆိုတော့ ဂျူနီယာညီလေး ရှေ့ထွက်ဖို့ ကြိုးစားစရာ မလိုပါဘူး"

ရုတ်တရက် ရှန်ကျစ်ရှန်းက သူ့အင်္ကျီလက်အား ဆတ်ခနဲ ခါလိုက်ပြီး အေးစက်စက်လေပြင်းတစ်ချက်က ဓားသွားတစ်ခုလိုမျိုး စုန့်မင်းဆီ ပြေးဝင်သွားသည်။ ဤအတားအဆီးမရှိသော ခွန်အားပြသမှုသည် ရှန်ကျစ်ရှန်း၏ စွမ်းအားနှင့် အနေအထားကို ဆယ်ပုံတစ်ပုံသာ ပြသခဲ့ခြင်းသာ။

စုန့်မင်း၏ အမူအရာသည် ချောမွေ့ပြီး လိမ္မာပါးနပ်သော်လည်း သူ၏ ကျင့်ကြံမှုမှာ အားနည်းလေသည်။ နှစ်အတော်ကြာအောင် လေးစားမှုများအား ရရှိခဲ့တာကြောင့် ကျင့်ကြံမှုများကို လျစ်လျူရှုထားမိခဲ့သည်။ ယခုအချိန်တွင် သူသည် ဆယ့်တစ်ဆင့် ရှိနေသည့် ကျင့်ကြံသူ တစ်ဦးသာဖြစ်ပြီး သူ့အဆင့်၏ အထွတ်အထိပ်သို့ပင် မရောက်သေးပေ။

ရှန်ကျစ်ရှန်းက အတောလေး ရန်လိုနေတာကြောင့် စုန့်မင်းသည် တစ်ကိုယ်လုံး ရေခဲလိုမျိုး အေးစက်သွားသလို ခံစားလိုက်ရသည်။ သူသည် မသိစိတ်မှ နောက်ဆုတ်မိလိုက်ကာ အတတ်နိုင်ဆုံး ခုခံဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း လေဓားက သူ့ရှေ့တည်တည့်အရောက်မှာ ရပ်တန့်သွားတာကြောင့် သူ့ရဲ့ မျက်ခုံးမွှေးတစ်စုံအား တွန့်ရှုံ့သွားစေသည်။ ထိုေ့နာက်မှာတော့ ရုတ်တရက်ပင် လုံးဝပျောက်ကွယ်သွားခဲ့ကာ တစ္စေသရဲ အသွင် ပြောင်းသွားခဲ့လေသည်။

"ဒါက ပုံရိပ်ယောင်ကျောက်တုံးပဲ!"အသက်ကြီးတဲ့ ဘဏ္ဍာစိုးက ငိုကြွေးသံဖြင့် အော်လိုက်သည်။

"အဲ့ဒါ ဂိုဏ်းချုပ်ဝန်ပဲ!"

ဂိုဏ်းချုပ်ဝန်၏ ပုံရိပ်ယောင် အသွင်က အတော်လေး နီးကပ်နေတာကြောင့် စုန့်မင်းနဲ့ ထိလုနီးပါး ဖြစ်နေကာ သူနဲ့ မျက်နှာချင်းဆိုင် ရပ်နေခဲ့သည်။ ခဏလောက်အထိတော့ စုန့်မင်းမှာ တစ္စေတစ်ကောင်အား မြင်ရသလို ထင်လိုက်မိပြီး 'ဂိုဏ်းချုပ်ဝန်' ဟု အသံတိုးတိုးဖြင့် ခေါ်မိ၏။ အအေးဓာတ်က သူ့ရဲ့ ဦးရေပြားမှာတစ်ဆင့် ခြေဖဝါးထိတိုင် ဆင်းသက်လာခဲ့ကာ သူ့ရှေ့က ထိုမျက်နျာကို ဖျတ်ဆီးနိုင်ရန် အလိုလို ဝိညာဉ်စွမ်းအား ထုတ်မိသည်။

သို့သော်လည်း သူ့ဝိညာဉ်စွမ်းအားသည် မထင်မှတ်ပဲ အတားအဆီးတစ်ခုအား တွေ့လိုက်ရသလိုမျိုး နောက်ကို ပြန်ရိုက်ခတ်သွားကာ သတိမထားမိသည့် စုန့်မင်းဆီသို့ အရှိန်ပြင်းစွာ ပြန်ဝင်လာခဲ့သည်။ ဝိဉာဉ်စွမ်းအားများက သူ့ဆီသို့ ပြင်းစွာ ပြန်လည် ရိုက်ခတ်တာကြောင့် ကျယ်လောင်သည့် အသံနဲ့အတူ နောက်ပြန် လဲကျသွားစေသည်။

ရှန်ကျစ်ရှန်းက လက်မြှောက်လိုက်သောအခါ ပုံရိပ်ယောင် ကျောက်တုံးက သူ့လက်ထဲသို့ ဝဲပျံလာခဲ့၍ ဂိုဏ်းချုပ်ဝန်ရဲ့ ပုံရိပ်ကိုပါ သယ်ဆောင်လာလေသည်။

စုန့်မင်းသည် တစ်ကိုယ်လုံး တုန်ယင်နေကာ စိတ်တစ်ခုလုံး ထုံနေမိသည်။ ဂိုဏ်းချုပ်ဝန်ရဲ့ ပုံရိပ်က ပြောလိုက်တဲ့ စကားကို သူမကြားလိုက်ရဘူး။ အဲ့ဒီအစား သူက ရန်သူကို ကြည့်နေသလိုမျိုး သူ့ပါးစပ်က အသံမထွက်ပဲ ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည်။

ပုံရိပ်ယောင်ပုံစံက တိုတောင်းလှသည်။ ခဏမျှအကြာမှာ ၎င်းက အဆုံးသတ်သွားပြီး နက်မှောင်နေသည့် ပုံရိပ်ယောင် ကျောက်တုံးကိုသာ ချန်ရစ်ခဲ့လေ၏။ ရှန်ကျစ်ရှန်းသည် ၎င်းက ဂိုဏ်းချုပ်ဝန် ချန်ထားရစ်ခဲ့သည့် သတင်းစကား အမှန် ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူတိုင်းအား ရက်ရက်ရောရော တောင်းဆိုလိုက်၏။ သူက စုန့်မင်းအား ခေါင်းလေးစောင်းကာ ကြည့်လိုက်ပြီး နူးနူးညံ့ညံ့ ပြုံးပြလိုက်သည်။

"ဒီနှစ်တွေအတွင်းမှာ ခင်ဗျား အလုပ်ကြိုးစားခဲ့ပါတယ်"

ပုံရိပ်ယောင်ကျောက်တုံးက တစ်လက်ပြီး တစ်လက် ကူးပြောင်းသွားခဲ့ကာ အမျိုးမျိုးသော အားနည်းသည့် တီးတိုးသံလို စကားများ ကျန်ရစ်ခဲ့သည်။

"ဒါက တကယ့်ကို သခင်ဝန် ချန်ထားခဲ့တဲ့ စကားပဲ"

"ဒါဆို ဂိုဏ်းချုပ်စုန့်က ယာယီဂိုဏ်းချုပ် ဖြစ်နေခဲ့တာလား?"

"အကြီးအကဲ ရှန်ရဲ့ အသွင်အပြင်ကို ကြည့်ရတာ သူ့နှလုံးဒဏ်ရာက တော်တော်လေး ပိုကောင်းလာပုံပဲ။အခုက အကြီးအကဲ ရှန်ကို နေရာပြန်ပေးဖို့ အချိန်ပဲ...."

ဂိုဏ်းချုပ်ဝန်၏ ဂုဏ်သိက္ခာက အလွန်မြင့်မားသည်။ သူထွက်သွားတာကြာပေမယ့်လည်း အားလုံးက သူ့ကို သဘောကျနေကြဆဲပင်။ ထို့ကြောင့် လူတိုင်းသည် သူ့ဆန္ဒကို အလိုလို လိုက်လျောချင်ကြသည်။

ထို တီးတိုးတီးတိုး ရေရွတ်နေသည့် မှတ်ချက်အားလုံးကို နားထောင်ပြီးနောက်မှာ စုန့်မင်း၏ မျက်လုံးများထဲတွင် အမုန်းတရားများ ပေါ်လာသည်။ သူ့စိတ်ထဲမှာ ထိန်းမရသည့် အကြောက်တရားတစ်ခုကို ခံစားလိုက်ရ၏။ လူတိုင်းက သူ့ကို စိုက်ကြည့်နေသည်အား နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတာကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

"ဒါက ဘာအဓိပ္ပာယ်လဲ?"

"ကျူပ်က ဆရာ့ရဲ့ ရည်ရွယ်ချက်အတိုင်း လုပ်တာပါ" ရှန်ကျစ်ရှန်က ညင်သာစွာ ပြုံးလိုက်သည်။

ဒီနေ့ သူ့ရဲ့ ပန်းတိုင်က စုန့်မင်းကို သူ့ရာထူးကနေ လုံးဝ တွန်းထုတ်ဖို့ မဟုတ်သေးဘူး။ စုန့်မင်းက ကျင့်ကြံတဲ့ နေရာမှာအရမ်းကြီး မကျွမ်းကျင်ပေမယ့်လည်း အခြားအရာတွေကိုတော့ တတ်မြောက်သည်လေ။ သူက နှစ်အတော်ကြာ ဂိုဏ်းချုပ်တစ်ဦးဖြစ်ခဲ့တာမို့ နက်ရှိုင်တဲ့ အဆက်အသွယ်တွေ အများကြီး ရှိနေတာ။

ရှန်ကျစ်ရှန်း အနေနဲ့ အကြီးအကဲ တစ်ချို့က သူ့ကို ကူညီလိမ့်မယ်လို့ ယုံကြည်ပေမယ့်လည်း အကြီးအကဲတွေ အားလုံးကို ပွင့်ပင့်လင်းလင်း ထုတ်ပြောထားခြင်းမျိုး မရှိသေးဘူး။ သဘာဝကျကျပဲ သူက အချိန်တိုအတွင်းမှာ စုန့်မင်းရဲ့ ခွန်အားကို လုံးလုံးလျားလျား ဖြုတ်ချနိုင်မှာ မဟုတ်ဘူးလေ။ တစ်ခုတည်းသော နည်းလမ်းက သူ့ကို သတိလက်လွတ် ဖြစ်အောင် လုပ်တာပဲ။ ဒါမှ အလျင်စလိုနဲ့သူ့မျက်နှာ အမှန်ကို ဖော်ပြလာမှာ။

စုန့်မင်း စိတ်ရှုပ်သွားသည်ကိုမြင်တော့ ရှန်ကျစ်ရှန်းက ထိုကိစ္စကို ဖိအားမပေးတော့ပေ။ သူက ခြေတစ်လှမ်းဆုတ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်သည်

"စီနီယာအစ်ကိုကြီးက လွန်ခဲ့တဲ့ နှစ်တွေမှာ အရမ်းအလုပ် ပင်ပန်းခ့ရတယ်. အခု ကျူပ်လည်း ပိုပြီး ကျန်းမာလာပြီဆိုတော့ စီနီယာအစ်ကို တစ်ယောက်တည်းကို အလုပ်ဆက်လုပ်ခိုင်းဖို့က သိပ်အဆင်မပြေဘူးလေ။ စီနီယာ အစ်ကိုက အရမ်းလည်း အလုပ်များတယ်။ စီနီယာအစ်ကို အနေနဲ့ မနက်ဖြန်ကစပြီး အလုပ်တွေ လွှဲပေးလို့ ရပါတယ်"

သူက စုန့်မင်းအား ဂိုဏ်းချုပ်ဟု မခေါ်တော့ပဲ 'စီနီယာအစ်ကိုကြီး' ဟုသာ တောက်လျှောက် သုံးနှုန်းနေသည်။ စီနီယာအစ်ကိုကြီးဆိုတဲ့ စကားက ပိုပြီး ရင်းနှီးပုံပေါ်ပေမယ့်လည်း ဒါက သူ့သဘောထားကို ပြသနေသည် ဆိုတာ သံသယဝင်စရာပင် မလိုပေ။

သူက ချင်းယွင်ဂိုဏ်းချုပ် ရာထူးကို ပြန်ယူဖို့ ရည်ရွယ်နေပြီ။

အကုန်လုံး ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။တတိယနှင့် စတုတ္ထအကြီးအကဲများသည် ယနေ့အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိသော်လည်း ပထမနှင့် ဒုတိယအကြီးအကဲများက ပြတ်ပြတ်သားသားတုံ့ပြန်မှုမပြခဲ့ကြ။ သူတို့က ဘေးတစ်ဖက်မှာသာ ရိုးရှင်းစွာ ရပ်ကြည့်နေကာ ရှန်ကျစ်ရှန်းက စုန့်မင်းရဲ့ မျက်နှာကို ထောင်လွှားစွာဖြင့် ဗုံးတစ်လုံးပြီး တစ်လုံး ကြဲနေသည်ကိုသာ ကြည့်နေလိုက်ကြသည်။

လူတိုင်းက ထိတ်လန့်တကြားဖြင့် သူထွက်သွားသည်အား သိချင်စိတ် ပြင်းပြနေသည့် မျက်လုံးများနဲ့ လိုက်ကြည့်ကြလေသည်။

သူထွက်သွားသည်နှင့် ရှန်ကျစ်ရှန်း၏ အပြုံးသည် မှိန်ဖျော့သွားပြီး သူ့မျက်လုံးများက အတွေးများ ပြည့်နှက်လာသည်။ ယခုအချိန်တွင် စုန့်မင်းကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ အကြီးအကဲများနှင့် တတ်နိုင်သမျှ မြန်မြန်ပြောပြီး ၎င်းတို့၏ ထောက်ခံမှုကို ရယူရန်ဖြစ်သည်။ ဒါက သူ့ကို ပိုပြီးယုံကြည်မှုဖြစ်စေပြီး စုန့်မင်းက သူ့သဘောသဘာဝအမှန်ကို ထုတ်ပြဖို့ အတင်းအကြပ်လုပ်နိင်လိမ့်မည်။

ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့၏ သဘောထားများကို မသိရသေးပေ။ အသေချာဆုံးကတော့ ဂိုဏ်းချုပ်ဝန်နဲ့အတူ သူ့ကို ကုသပေးခဲ့တဲ့ စတုတ္တအကြီးအကဲ ဖြစ်သည်။ ထိုလူက အဲ့ဒီအချိန်တုန်းက ရှန်ကျစ်ရှန်းရဲ့ အခြေအနေကို အကောင်းမွန်ဆုံး နားလည်ထားတာဖြစ်ပြီး သူ့ကို အလွယ်တကူ ယုံကြည်လိမ့်မည်။ ကံမကောင်းစွာပဲ အခုချိန်မှာ စတုတ္ထအကြီးအကဲက ဂိုဏ်းထဲမှာ ရှိမနေခဲ့ပေ။

ရှန်ကျစ်ရှန်းက ပဉ္စမတောင်ကုန်း ရှိရာသို့ ပြန်သားလိုက်ပြီး အမိန့်တော်တော်များများကို အဆက်မပြတ်ထုတ်ကာ အမျိုးမျိုးသော အရာများကို စနစ်တကျ စတင် ကိုင်တွယ်လိုက်သည်။ တကယ်တော့ ရှန်ကျစ်ရှန်းက 'ကူးပြောင်း' လာပြီးနောက်မှာ ဂိုဏ်းတွင်းမှ အခြေအနေ အမျိုးမျိုကို နားလည်ခဲ့ပေမယ့် သူ့ကိုယ်သူ အပြင်လူ တစ်ဦးဟု အမြဲတမ်း တွေးထားတာကြောင့် ဂိုဏ်းတွင်း ကိစ္စတွေကိုဝင်မပါပဲ ခပ်ခွာခွာသာ နေခဲ့ခြင်းပင်။

အခုတော့ ကိစ္စများက ပြောင်းလဲကုန်လေပြီ။ စုန့်မင်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဂိုဏ်းထဲက ကိစ္စတွေကို အမြန်အဆန် ဖြေရှင်းမှဖြစ်မယ်

သူက အရမ်းကို အလုပ်များနေတာကြောင့် တစ်နေ့တာက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

သူက ညစာအတွက်လည်း လှမ်းမခေါ်ခဲ့သလို ဘယ်တပည့်ကမှလည်း သူ့ကို လာမရှုပ်ရဲကြ။ နောက်ဆုံးစာအုပ်ကို ချလိုက်တဲ့ အချိန်မှာ အပြင်မှာ မှောင်နေခဲ့လေပြီ။

ရှန်ကျစ်ရှန်းက တံခါးကို တွန်းဖွင့်လိုက်သည်နှင့် လရောင်သည် ပျင်းရိစွာ ထွက်ပေါ်လာသည်။ အပြင်ကို လှည့်ကြည့်လိုက်သော်လည်း သူမျှော်လင့်ထားသည့် ပုံသဏ္ဍာန်ကို မတွေ့ရပေ။

မနေ့ညရဲ့ 'အိမ်မက်'ကို ပြန်စဉ်းစားပြီးနောက်မှာ ရှန်ကျစ်ရှန်းက ကျောက်စိမ်းကုတင်ဆီသာ လျှောက်သွားလိုက်၍ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ လှဲချလိုက်သည်။

သို့သော်လည်း သူ့စိတ်တစ်ခုလုံးအား ရန်ကျင်းတစ်ယောက်တည်းသာ စိုးမိုးထားတာကြောင့် အိပ်မပျော်နိုင်ပေ။ အချိန်အကြာကြီး ဟိုဘက်လှိမ့် ဒီဘက် လှိမ့် လုပ်နေပြီးမှသာ အနည်းငယ် နွမ်းနယ်လာသည်။

မှုန်မှိုင်းမှိုင်း အလင်းရောင်အောက်မှာ တစ်စုံတစ်ယောက်က သူ့လက်ကို ကိုင်လိုက်သလိုပင်။

၎င်းက အလွန်ရင်းနှီးနေသည့် နွေးထွေးမှုလေးဖြစ်သည်။

ရှန်ကျစ်ရှန်းက စိတ်သက်သာရာရသွားပြီး မျက်လုံးများကို မှိတ်ကာ 'အားကျင်း' ဟုခေါ်ဖို့ ကြိုးစားလိုက်သော်လည်း သူ့လည်ချောင်းက လုံးဝ လှုပ်ရှားလို့ မရသလို အသံလည်း ထွက်လို့ မရသည်အား တွေ့သွားရသည်။

ဆိုးရွားတဲ့ ကြိုတင်သတိပေးချက်များ ပြည့်နက်လာတာကြောင့် မျက်လုံးဖွင့်ဖို့ ကြိုးစားသော်လည်း မျက်ခွံများက အလွန်လေးလံနေကာ ဘယ်လောက်ပဲ ကြိုးစားပါစေ ဖွင့်လို့ မရပေ။

ထိုလူက သူ့ကို လက်နှစ်ဖက်လုံးဖြင့် ဆွဲထူလိုက်ပြီး သူ့လက်မောင်ကြားမှာ ထွေးပွေ့လိုက်၍ လှုပ်ရှားမှုတိုင်းက နူးညံ့သိမ်မွေ့မှုနှင့် ဂရုစိုက်မှုများ ပြည့်နှက်နေသည်။

ရှန်ကျစ်ရှန်းက အမှောင်ထုကိုသာ ခံစားရသော်လည်း ထိုလူက သူ့ဆံပင်များအား အနောက်ဘက် သိမ်းပေးနေသည်ကို ခံစားလို့ ရနေသည်။ ထို့နောက် ထိုလူက သူ့နားနားကပ်၍ တိုးတိုးလေး ပြောလာ၏။

"ဆွေ့ရှန်း....."

အသံကတော့ ရန်ကျင်းလိုပဲ

ဒါပေမဲ့ နည်းနည်းလေး ကွဲပြားနေသလို ခံစားရတယ်

ရှန်ကျစ်ရှန်းရဲ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားပြီး မျက်လုံးများကို အတင်းအကြပ် ကြိုးစား ဖွင့်နေမိသည်။ ထိုအချိန် ရန်ကျင်းရဲ့ နူးညံ့သော တီးတိုးသံလေးအား ဆက်ကြားရလေသည်။

"....ထတော့လေ, ဟုတ်ပြီလား?"

ငါကြိုးစားနေတယ်.....ရှန်ကျစ်ရှန်းသည် ရန်ကျင်း၏ စကားလုံးတိုင်းအောက်မှ နစ်မွန်းနေသော စိတ်ပျက်အားငယ်မှုနှင့် နောင်တရမှုကို သက်သာစေလိုတာကြောင့် ရန်ကျင်းအား တိတ်တဆိတ် အော်ပြောနေမိသည်။

ဤ စိတ်ပျက်အားငယ်မှုနှင့် နောင်တ တရားများက ကြီးမားသည့် ချည်ထည်ထဲမှာ သိုဝှက်ထားသော ပင်အပ်တစ်ချောင်းလိုမျိုး အလွန် တင်းတင်းကြပ်ကြပ် နစ်ဝင်နေသည်။ ၎င်းကို အဝေးကနေဆို မသိနိုင်ပေမယ့် ဂရုတစိုက် အာရုံစိုက်မှသာ ကြားရနိုင်သည်။

ရှန်ကျစ်ရှန်းက တွေးမိသည်။ အစပိုင်းမှာတော့ သူ ရန်ကျင်းရဲ့ စကားများအား ကြားရတဲ့အချိန်မှာ သိပ်ပြီး မတုန့်ပြန်မိပေ။ သို့သော်လည်း တစ်ဖြည်းဖြည်းနဲ့ တစ်စုံတစ်ရာမှားယွင်းနေသည်ကို အာရုံခံမိလာသည်။

ရန်ကျင်းမှာ ဘာဖြစ်နေတာလဲ? ဘာလို့ သူ့ခံစားချက်တွေက ပြိုလဲကျတော့မလို လက္ခဏာတွေ ပြနေရတာလဲ?

မနေ့ညတုန်းက သိသိသာသာကို အဆင်ပြေနေခဲ့တာပါ.....ဘာတွေဖြစ်နေတာလဲ?

ရှန်ကျစ်ရှန်းက နားမလည်နိုင် ဖြစ်နေသော်လည်း သူ့ခြေလက်များက သူနဲ့ မသက်ဆိုင်သလိုပင်။ ဘယ်လောက်ပဲ လှုပ်ရှားဖို့ ကြိုးစားပါစေ သူ့လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ကိုင်ထားသည့် ရန်ကျင်းရဲ့ ဆုပ်ကိုင်မှုနှင့် နွေးထွေးသည့် ရင်ဘက်ပေါ် မှီလှဲနေရသည်ကိုသာ ခံစားလို့ ရနိုင်သည်။

ရန်ကျင်းက တစ်ခြားလက်တစ်ဖက်ဖြင့် ရှန်ကျစ်ရှန်းရဲ့ ခါးစည်းကို စတင်ဖြည်လိုက်ကာ သူ့ကော်လာကို အနည်းငယ် ဆွဲဖွင့်လိုက်သည်။

သူက စကားထပ်မပြောတော့ပဲ တိတ်တဆိတ်ပင် ရှန်ကျစ်ရှန်း၏ အင်္ကျီများအား ချွတ်နေ၏။

နွေးထွေးသည့် လက်ချောင်းထိပ်များက အေးစက်စက် အသားအရည်ပေါ်သို့ ပွတ်တိုက်နေသည်။ထိတွေ့မှုတိုင်းသည် ရှန်ကျစ်ရှန်း၏ခန္ဓာကိုယ်အနှံ့မှာ လျင်မြန်စွာပျံ့နှံ့သွားသော ပူလောင်သည့် ခံစားမှုကို ဖြစ်ပေါ်စေသည်။ ရှန်ကျစ်ရှန်းသည် ခွန်အားကို ဘယ်ကနေ ဆွဲထုတ်လိုက်မှန်း မသိပေမယ့် ရုတ်တရက် မျက်လုံးပွင့်လိုက်နိုင်သွား၏

— နောက်ဆုံးတော့ သူ့မျက်လုံးတွေ ပွင့်သွားပြီ!

သူ့အမြင်အာရုံက ခဏမျှ မှုန်ဝါးနေပြီးမှ သူ့အင်္ကျီအား ဘေးဖက်သို့ သာမာန်ကာလျှံကာ ပစ်ချနေသည့် ရင်းနှီးသော လက်တစ်ဖက်ဆီသို့ အလျင်အမြန်ပင် ရောက်ရှိသွားခဲ့သည်။

==============
Zaw Gyi

အခန္း(၆၆-၂) - အဝတ္အစားခ်ြတ္ျခင္း

စုန္႔မင္းက ဝုန္းကနဲ ထလုိက္မိျပီး အလြန္လ်င္ျမန္စြာ လွဳပ္ရွားမိတာေၾကာင့္ သူ႔ေရွ႔က လက္ဖက္ရည္ခြက္မ်ားပင္ ျပဳတ္က် မတတ္ ျဖစ္သြားရသည္။

အမ်ိဳးမ်ိဳးေသာ အၾကည့္ေပါင္းစံုက စုန္႔မင္းနဲ႔ရွန္က်စ္ရွန္းၾကားမွာ ကူးလူးေနခဲ့တာ စုန္႔မင္းက သူ႔စိတ္ကို တည္ျငိမ္ေအာင္ ထိန္းလိုက္ျပီး အျပံဳးတစ္ခု ျဖစ္ညွစ္ထုတ္လုိက္၏။

"ဂ်ဴနီယာညီေလး ျပန္လည္က်န္းမာလာတာကို ဂုဏ္ယူပါတယ္။ ဂ်ဴနီယာညီေလးက အခုမွ တံခါးပိတ္ တရားက်င့္ရာကေန ထြက္လာတာဆိုေတာ့ ခဏေလာက္ အနားယူဖို႔ေတာ့ လိုေသးတယ္ေလ...."

သူ႔အေတြးမ်ားက ဖရိုဖရဲ ျဖစ္ေနသည္။ သူ႔စိတ္ထဲမွာ သူက ရွန္က်စ္ရွန္းရဲ႔ နွလံုးဒဏ္ရာအေၾကာင္း ေကာင္းေကာင္းနားလည္တယ္ဟု ထင္ထားခဲ့တာပင္။ ထိုနွစ္တုန္းက ဂိုဏ္းခ်ဳပ္ဝန္ေတာင္ ကုသေဆး ရွာမေတြ႔ခဲ့တဲ့အတြက္ ရွန္က်စ္ရွန္းကေတာ့ သူ႔တစ္ဘဝလံုး အသံုးမဝင္တဲ့ လူတစ္ေယာက္ ျဖစ္သြားျပီဟု ေတြးခဲ့မိသည္။ ဘယ္လိုျဖစ္လို႔ ရုတ္တရက္ၾကီး....

ရွန္က်စ္ရွန္းေပးတဲ့ သတင္းက သူ႔ေခါင္းတစ္ခုလံုးကို ရွဳပ္ေထြးေနေစခဲ့သည္။ သူက ျမန္ဆန္သည့္ တံု႔ျပန္မွဳအား မစဥ္းစားနုိင္ေတာ့ပဲ ထပ္တလဲလဲ ေရရြတ္ေနမိ၏။

"ဂ်ဴနီယာညီေလးက တကယ့္ကို လြတ္လပ္ပါတယ္။ လက္ရွိ ဂိုဏ္းမွာလည္း ျပႆနာ ၾကီးၾကီးမားမား မရွိဘူးဆိုေတာ့ ဂ်ဴနီယာညီေလး ေရွ႔ထြက္ဖို႔ ၾကိဳးစားစရာ မလိုပါဘူး"

ရုတ္တရက္ ရွန္က်စ္ရွန္းက သူ႔အက်ၤီလက္အား ဆတ္ခနဲ ခါလုိက္ျပီး ေအးစက္စက္ေလျပင္းတစ္ခ်က္က ဓားသြားတစ္ခုလိုမ်ိဳး စုန္႔မင္းဆီ ေျပးဝင္သြားသည္။ ဤအတားအဆီးမရွိေသာ ခြန္အားျပသမႈသည္ ရွန္က်စ္ရွန္း၏ စြမ္းအားႏွင့္ အေနအထားကို ဆယ္ပုံတစ္ပုံသာ ျပသခဲ့ျခင္းသာ။

စုန္႔မင္း၏ အမူအရာသည္ ေခ်ာေမြ႕ၿပီး လိမၼာပါးနပ္ေသာ္လည္း သူ၏ က်င့္ၾကံမႈမွာ အားနည္းေလသည္။ ႏွစ္အေတာ္ၾကာေအာင္ ေလးစားမွဳမ်ားအား ရရွိခဲ့တာေၾကာင့္ က်င့္ၾကံမွုမ်ားကို လ်စ္လ်ဴရႈထားမိခဲ့သည္။ ယခုအခ်ိန္တြင္ သူသည္ ဆယ့္တစ္ဆင့္ ရွိေနသည့္ က်င့္ၾကံသူ တစ္ဦးသာျဖစ္ၿပီး သူ႔အဆင့္၏ အထြတ္အထိပ္သို႔ပင္ မေရာက္ေသးေပ။

ရွန္က်စ္ရွန္းက အေတာေလး ရန္လိုေနတာေၾကာင့္ စုန္႔မင္းသည္ တစ္ကုိယ္လံုး ေရခဲလိုမ်ိဳး ေအးစက္သြားသလို ခံစားလုိက္ရသည္။ သူသည္ မသိစိတ္မွ ေနာက္ဆုတ္မိလိုက္ကာ အတတ္နုိင္ဆံုး ခုခံဖို႔ ၾကိဳးစားလုိက္၏။ သို႔ေသာ္လည္း ေလဓားက သူ႔ေရွ႔တည္တည့္အေရာက္မွာ ရပ္တန္႔သြားတာေၾကာင့္ သူ႔ရဲ႔ မ်က္ခံုးေမႊးတစ္စံုအား တြန္႔ရွံဳ႔သြားေစသည္။ ထိုေ႔နာက္မွာေတာ့ ရုတ္တရက္ပင္ လံုးဝေပ်ာက္ကြယ္သြားခဲ့ကာ တေစၥသရဲ အသြင္ ေျပာင္းသြားခဲ့ေလသည္။

"ဒါက ပံုရိပ္ေယာင္ေက်ာက္တံုးပဲ!"အသက္ႀကီးတဲ့ ဘ႑ာစိုးက ငိုေၾကြးသံျဖင့္ ေအာ္လုိက္သည္။

"အဲ့ဒါ ဂိုဏ္းခ်ဳပ္ဝန္ပဲ!"

ဂိုဏ္းခ်ဳပ္ဝန္၏ ပံုရိပ္ေယာင္ အသြင္က အေတာ္ေလး နီးကပ္ေနတာေၾကာင့္ စုန္႔မင္းနဲ႔ ထိလုနီးပါး ျဖစ္ေနကာ သူနဲ႔ မ်က္နွာခ်င္းဆိုင္ ရပ္ေနခဲ့သည္။ ခဏေလာက္အထိေတာ့ စုန္႔မင္းမွာ တေစၥတစ္ေကာင္အား ျမင္ရသလို ထင္လုိက္မိျပီး 'ဂုိဏ္းခ်ဳပ္ဝန္' ဟု အသံတိုးတိုးျဖင့္ ေခၚမိ၏။ အေအးဓာတ္က သူ႔ရဲ႔ ဦးေရျပားမွာတစ္ဆင့္ ေျခဖဝါးထိတိုင္ ဆင္းသက္လာခဲ့ကာ သူ႔ေရွ႔က ထိုမ်က္န်ာကို ဖ်တ္ဆီးနုိင္ရန္ အလိုလို ဝိညာဥ္စြမ္းအား ထုတ္မိသည္။

သုိ႔ေသာ္လည္း သူ႔ဝိညာဥ္စြမ္းအားသည္ မထင္မွတ္ပဲ အတားအဆီးတစ္ခုအား ေတြ႔လိုက္ရသလိုမ်ိဳး ေနာက္ကို ျပန္ရိုက္ခတ္သြားကာ သတိမထားမိသည့္ စုန္႔မင္းဆီသို႔ အရွိန္ျပင္းစြာ ျပန္ဝင္လာခဲ့သည္။ ဝိဉာဥ္စြမ္းအားမ်ားက သူ႔ဆီသို႔ ျပင္းစြာ ျပန္လည္ ရိုက္ခတ္တာေၾကာင့္ က်ယ္ေလာင္သည့္ အသံနဲ႔အတူ ေနာက္ျပန္ လဲက်သြားေစသည္။

ရွန္က်စ္ရွန္းက လက္ေျမွာက္လုိက္ေသာအခါ ပံုရိပ္ေယာင္ ေက်ာက္တံုးက သူ႔လက္ထဲသို႔ ဝဲပ်ံလာခဲ့၍ ဂိုဏ္းခ်ဳပ္ဝန္ရဲ႔ ပံုရိပ္ကိုပါ သယ္ေဆာင္လာေလသည္။

စုန္႔မင္းသည္ တစ္ကိုယ္လံုး တုန္ယင္ေနကာ စိတ္တစ္ခုလံုး ထံုေနမိသည္။ ဂိုဏ္းခ်ဳပ္ဝန္ရဲ႔ ပံုရိပ္က ေျပာလုိက္တဲ့ စကားကို သူမၾကားလုိက္ရဘူး။ အဲ့ဒီအစား သူက ရန္သူကို ၾကည့္ေနသလိုမ်ိဳး သူ႔ပါးစပ္က အသံမထြက္ပဲ ပိတ္လုိက္ဖြင့္လိုက္လုပ္ေနသည္။

ပံုရိပ္ေယာင္ပံုစံက တိုေတာင္းလွသည္။ ခဏမွ်အၾကာမွာ ၎က အဆံုးသတ္သြားျပီး နက္ေမွာင္ေနသည့္ ပံုရိပ္ေယာင္ ေက်ာက္တံုးကိုသာ ခ်န္ရစ္ခဲ့ေလ၏။ ရွန္က်စ္ရွန္းသည္ ၎က ဂိုဏ္းခ်ဳပ္ဝန္ ခ်န္ထားရစ္ခဲ့သည့္ သတင္းစကား အမွန္ ဟုတ္မဟုတ္ စစ္ေဆးရန္အတြက္ လူတုိင္းအား ရက္ရက္ေရာေရာ ေတာင္းဆိုလိုက္၏။ သူက စုန္႔မင္းအား ေခါင္းေလးေစာင္းကာ ၾကည့္လုိက္ျပီး ႏူးႏူးည့ံည့ံ ျပံဳးျပလိုက္သည္။

"ဒီနွစ္ေတြအတြင္းမွာ ခင္ဗ်ား အလုပ္ၾကိဳးစားခဲ့ပါတယ္"

ပံုရိပ္ေယာင္ေက်ာက္တံုးက တစ္လက္ျပီး တစ္လက္ ကူးေျပာင္းသြားခဲ့ကာ အမ်ိဳးမ်ိဳးေသာ အားနည္းသည့္ တီးတိုးသံလုိ စကားမ်ား က်န္ရစ္ခဲ့သည္။

"ဒါက တကယ့္ကို သခင္ဝန္ ခ်န္ထားခဲ့တဲ့ စကားပဲ"

"ဒါဆို ဂိုဏ္းခ်ဳပ္စုန္႔က ယာယီဂိုဏ္းခ်ဳပ္ ျဖစ္ေနခဲ့တာလား?"

"အၾကီးအကဲ ရွန္ရဲ႔ အသြင္အျပင္ကို ၾကည့္ရတာ သူ႔နွလံုးဒဏ္ရာက ေတာ္ေတာ္ေလး ပိုေကာင္းလာပံုပဲ။အခုက အၾကီးအကဲ ရွန္ကို ေနရာျပန္ေပးဖို႔ အခ်ိန္ပဲ...."

ဂိုဏ္းခ်ဳပ္ဝန္၏ ဂုဏ္သိကၡာက အလြန္ျမင့္မားသည္။ သူထြက္သြားတာၾကာေပမယ့္လည္း အားလုံးက သူ႔ကို သေဘာက်ေနၾကဆဲပင္။ ထို႔ေၾကာင့္ လူတိုင္းသည္ သူ႔ဆႏၵကို အလိုလို လိုက္ေလ်ာခ်င္ၾကသည္။

ထို တီးတိုးတီးတိုး ေရရြတ္ေနသည့္ မွတ္ခ်က္အားလံုးကို နားေထာင္ျပီးေနာက္မွာ စုန္႔မင္း၏ မ်က္လံုးမ်ားထဲတြင္ အမုန္းတရားမ်ား ေပၚလာသည္။ သူ႔စိတ္ထဲမွာ ထိန္းမရသည့္ အေၾကာက္တရားတစ္ခုကို ခံစားလိုက္ရ၏။ လူတိုင္းက သူ႔ကို စိုက္ၾကည့္ေနသည္အား နက္နက္ရွိဳင္းရွိဳင္း ခံစားလိုက္ရတာေၾကာင့္ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လုိက္မိသည္။

"ဒါက ဘာအဓိပၸာယ္လဲ?"

"က်ဴပ္က ဆရာ႔ရဲ႕ ရည္႐ြယ္ခ်က္အတိုင္း လုပ္တာပါ" ရွန္က်စ္ရွန္က ညင္သာစြာ ၿပဳံးလိုက္သည္။

ဒီေန႔ သူ႔ရဲ႕ ပန္းတိုင္က စုန္႔မင္းကို သူ႔ရာထူးကေန လုံးဝ တြန္းထုတ္ဖို႔ မဟုတ္ေသးဘူး။ စုန္႔မင္းက က်င့္ၾကံတဲ့ ေနရာမွာအရမ္းၾကီး မကြၽမ္းက်င္ေပမယ့္လည္း အျခားအရာေတြကိုေတာ့ တတ္ေျမာက္သည္ေလ။ သူက ႏွစ္အေတာ္ၾကာ ဂိုဏ္းခ်ဳပ္တစ္ဦးျဖစ္ခဲ့တာမို႔ နက္ရႈိင္တဲ့ အဆက္အသြယ္ေတြ အမ်ားၾကီး ရွိေနတာ။

ရွန္က်စ္ရွန္း အေနနဲ႔ အၾကီးအကဲ တစ္ခ်ိဳ႔က သူ႔ကို ကူညီလိမ့္မယ္လို႔ ယံုၾကည္ေပမယ့္လည္း အၾကီးအကဲေတြ အားလံုးကို ပြင့္ပင့္လင္းလင္း ထုတ္ေျပာထားျခင္းမ်ိဳး မရွိေသးဘူး။ သဘာဝက်က်ပဲ သူက အခ်ိန္တိုအတြင္းမွာ စုန္႔မင္းရဲ႔ ခြန္အားကို လံုးလံုးလ်ားလ်ား ျဖဳတ္ခ်နုိင္မွာ မဟုတ္ဘူးေလ။ တစ္ခုတည္းေသာ နည္းလမ္းက သူ႔ကို သတိလက္လြတ္ ျဖစ္ေအာင္ လုပ္တာပဲ။ ဒါမွ အလ်င္စလိုနဲ႔သူ႔မ်က္နွာ အမွန္ကို ေဖာ္ျပလာမွာ။

စုန္႔မင္း စိတ္ရႈပ္သြားသည္ကိုျမင္ေတာ့ ရွန္က်စ္ရွန္းက ထိုကိစၥကို ဖိအားမေပးေတာ့ေပ။ သူက ေျခတစ္လွမ္းဆုတ္ၿပီး ေပါ့ေပါ့ပါးပါးနဲ႔ ေျပာလိုက္သည္

"စီနီယာအစ္ကိုၾကီးက လြန္ခဲ့တဲ့ နွစ္ေတြမွာ အရမ္းအလုပ္ ပင္ပန္းခ့ရတယ္. အခု က်ဴပ္လည္း ပိုျပီး က်န္းမာလာျပီဆိုေတာ့ စီနီယာအစ္ကို တစ္ေယာက္တညး္ကို အလုပ္ဆက္လုပ္ခုိင္းဖုိ႔က သိပ္အဆင္မေျပဘူးေလ။ စီနီယာ အစ္ကိုက အရမ္းလည္း အလုပ္မ်ားတယ္။ စီနီယာအစ္ကို အေနနဲ႔ မနက္ျဖန္ကစျပီး အလုပ္ေတြ လႊဲေပးလို႔ ရပါတယ္"

သူက စုန္႔မင္းအား ဂိုဏ္းခ်ဳပ္ဟု မေခၚေတာ့ပဲ 'စီနီယာအစ္ကိုၾကီး' ဟုသာ ေတာက္ေလွ်ာက္ သံုးနွဳန္းေနသည္။ စီနီယာအစ္ကိုၾကီးဆိုတဲ့ စကားက ပိုျပီး ရင္းနွီးပံုေပၚေပမယ့္လည္း ဒါက သူ႔သေဘာထားကို ျပသေနသည္ ဆိုတာ သံသယဝင္စရာပင္ မလုိေပ။

သူက ခ်င္းယြင္ဂိုဏ္းခ်ဳပ္ ရာထူးကို ျပန္ယူဖို႔ ရည္ရြယ္ေနျပီ။

အကုန္လံုး ႐ုတ္႐ုတ္သဲသဲျဖစ္ေနၾကသည္။တတိယႏွင့္ စတုတၳအႀကီးအကဲမ်ားသည္ ယေန႔အစည္းအေဝးသို႔ တက္ေရာက္ျခင္းမရွိေသာ္လည္း ပထမႏွင့္ ဒုတိယအႀကီးအကဲမ်ားက ျပတ္ျပတ္သားသားတုံ႔ျပန္မႈမျပခဲ့ၾက။ သူတုိ႔က ေဘးတစ္ဖက္မွာသာ ရိုးရွင္းစြာ ရပ္ၾကည့္ေနကာ ရွန္က်စ္ရွန္းက စုန္႔မင္းရဲ႔ မ်က္နွာကို ေထာင္လႊားစြာျဖင့္ ဗံုးတစ္လံုးျပီး တစ္လံုး ၾကဲေနသည္ကိုသာ ၾကည့္ေနလိုက္ၾကသည္။

လူတိုင္းက ထိတ္လန္႔တၾကားျဖင့္ သူထြက္သြားသည္အား သိခ်င္စိတ္ ျပင္းျပေနသည့္ မ်က္လံုးမ်ားနဲ႔ လုိက္ၾကည့္ၾကေလသည္။

သူထြက္သြားသည္ႏွင့္ ရွန္က်စ္ရွန္း၏ အၿပဳံးသည္ မွိန္ေဖ်ာ့သြားၿပီး သူ႔မ်က္လုံးမ်ားက အေတြးမ်ား ျပည့္နွက္လာသည္။ ယခုအခ်ိန္တြင္ စုန္႔မင္းကို ကိုင္တြယ္ရန္ အေကာင္းဆုံးနည္းလမ္းမွာ အၾကီးအကဲမ်ားႏွင့္ တတ္ႏိုင္သမွ် ျမန္ျမန္ေျပာၿပီး ၎တို႔၏ ေထာက္ခံမႈကို ရယူရန္ျဖစ္သည္။ ဒါက သူ႔ကို ပိုၿပီးယုံၾကည္မႈျဖစ္ေစၿပီး စုန္႔မင္းက သူ႔သေဘာသဘာဝအမွန္ကို ထုတ္ျပဖို႔ အတင္းအၾကပ္လုပ္နိင္လိမ့္မည္။

ပထမအႀကီးအကဲႏွင့္ ဒုတိယအႀကီးအကဲတို႔၏ သေဘာထားမ်ားကို မသိရေသးေပ။ အေသခ်ာဆံုးကေတာ့ ဂိုဏ္းခ်ဳပ္ဝန္နဲ႔အတူ သူ႔ကို ကုသေပးခဲ့တဲ့ စတုတၱအၾကီးအကဲ ျဖစ္သည္။ ထိုလူက အဲ့ဒီအခ်ိန္တုန္းက ရွန္က်စ္ရွန္းရဲ႔ အေျခအေနကို အေကာင္းမြန္ဆံုး နားလည္ထားတာျဖစ္ျပီး သူ႔ကို အလြယ္တကူ ယံုၾကည္လိမ့္မည္။ ကံမေကာင္းစြာပဲ အခုခ်ိန္မွာ စတုတၳအၾကီးအကဲက ဂိုဏ္းထဲမွာ ရွိမေနခဲ့ေပ။

ရွန္က်စ္ရွန္းက ပဥၥမေတာင္ကုန္း ရွိရာသို႔ ျပန္သားလုိက္ျပီး အမိန္႔ေတာ္ေတာ္မ်ားမ်ားကို အဆက္မျပတ္ထုတ္ကာ အမ်ိဳးမ်ိဳးေသာ အရာမ်ားကို စနစ္တက် စတင္ ကိုင္တြယ္လိုက္သည္။ တကယ္ေတာ့ ရွန္က်စ္ရွန္းက 'ကူးေျပာင္း' လာျပီးေနာက္မွာ ဂိုဏ္းတြင္းမွ အေျခအေန အမ်ိဳးမ်ိဳကို နားလည္ခဲ့ေပမယ့္ သူ႔ကိုယ္သူ အျပင္လူ တစ္ဦးဟု အျမဲတမ္း ေတြးထားတာေၾကာင့္ ဂိုဏ္းတြင္း ကိစၥေတြကိုဝင္မပါပဲ ခပ္ခြာခြာသာ ေနခဲ့ျခင္းပင္။

အခုေတာ့ ကိစၥမ်ားက ေျပာင္းလဲကုန္ေလျပီ။ စုန္႔မင္းကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ ဂိုဏ္းထဲက ကိစၥေတြကို အျမန္အဆန္ ေျဖရွင္းမွျဖစ္မယ္

သူက အရမ္းကို အလုပ္မ်ားေနတာေၾကာင့္ တစ္ေန႔တာက လ်င္ျမန္စြာ ကုန္ဆံုးသြားခဲ့သည္။

သူက ညစာအတြက္လည္း လွမ္းမေခၚခဲ့သလို ဘယ္တပည့္ကမွလည္း သူ႔ကို လာမရွဳပ္ရဲၾက။ ေနာက္ဆံုးစာအုပ္ကို ခ်လိုက္တဲ့ အခ်ိန္မွာ အျပင္မွာ ေမွာင္ေနခဲ့ေလျပီ။

ရွန္က်စ္ရွန္းက တံခါးကို တြန္းဖြင့္လိုက္သည္ႏွင့္ လေရာင္သည္ ပ်င္းရိစြာ ထြက္ေပၚလာသည္။ အျပင္ကို လွည့္ၾကည့္လိုက္ေသာ္လည္း သူေမွ်ာ္လင့္ထားသည့္ ပုံသ႑ာန္ကို မေတြ႕ရေပ။

မေန႔ညရဲ႔ 'အိမ္မက္'ကို ျပန္စဥ္းစားျပီးေနာက္မွာ ရွန္က်စ္ရွန္းက ေက်ာက္စိမ္းကုတင္ဆီသာ ေလွ်ာက္သြားလုိက္၍ ေခတၱမွ် တံု႔ဆုိင္းသြားျပီးမွ လွဲခ်လုိက္သည္။

သို႔ေသာ္လည္း သူ႔စိတ္တစ္ခုလံုးအား ရန္က်င္းတစ္ေယာက္တည္းသာ စိုးမိုးထားတာေၾကာင့္ အိပ္မေပ်ာ္ႏိုင္ေပ။ အခ်ိန္အၾကာႀကီး ဟိုဘက္လွိမ့္ ဒီဘက္ လွိမ့္ လုပ္ေနျပီးမွသာ အနည္းငယ္ ႏြမ္းနယ္လာသည္။

မွဳန္မွိဳင္းမွိဳင္း အလင္းေရာင္ေအာက္မွာ တစ္စံုတစ္ေယာက္က သူ႔လက္ကို ကိုင္လိုက္သလိုပင္။

၎က အလြန္ရင္းနွီးေနသည့္ ေႏြးေထြးမွုေလးျဖစ္သည္။

ရွန္က်စ္ရွန္းက စိတ္သက္သာရာရသြားျပီး မ်က္လံုးမ်ားကို မွိတ္ကာ 'အားက်င္း' ဟုေခၚဖို႔ ၾကိဳးစားလိုက္ေသာ္လည္း သူ႔လည္ေခ်ာင္းက လံုးဝ လွုပ္ရွားလို႔ မရသလို အသံလည္း ထြက္လို႔ မရသည္အား ေတြ႔သြားရသည္။

ဆိုး႐ြားတဲ့ ႀကိဳတင္သတိေပးခ်က္မ်ား ျပည့္နက္လာတာေၾကာင့္ မ်က္လံုးဖြင့္ဖို႔ ၾကိဳးစားေသာ္လည္း မ်က္ခြံမ်ားက အလြန္ေလးလံေနကာ ဘယ္ေလာက္ပဲ ၾကိဳးစားပါေစ ဖြင့္လို႔ မရေပ။

ထိုလူက သူ႔ကို လက္နွစ္ဖက္လံုးျဖင့္ ဆြဲထူလုိက္ျပီး သူ႔လက္ေမာင္ၾကားမွာ ေထြးေပြ႔လိုက္​၍ လွဳပ္ရွားမွုတိုင္းက ႏူးညံ့သိမ္ေမြ႕မႈႏွင့္ ဂ႐ုစိုက္မွုမ်ား ျပည့္နွက္ေနသည္။

ရွန္က်စ္ရွန္းက အေမွာင္ထုကိုသာ ခံစားရေသာ္လည္း ထိုလူက သူ႔ဆံပင္မ်ားအား အေနာက္ဘက္ သိမ္းေပးေနသည္ကို ခံစားလို႔ ရေနသည္။ ထို႔ေနာက္ ထိုလူက သူ႔နားနားကပ္၍ တိုးတိုးေလး ေျပာလာ၏။

"ေဆြ႔ရွန္း....."

အသံကေတာ့ ရန္က်င္းလိုပဲ

ဒါေပမဲ့ နည္းနည္းေလး ကြဲျပားေနသလို ခံစားရတယ္

ရွန္က်စ္ရွန္းရဲ႔ နွလံုးသားက အနည္းငယ္ လွဳပ္ရွားသြားျပီး မ်က္လံုးမ်ားကို အတင္းအၾကပ္ ၾကိဳးစား ဖြင့္ေနမိသည္။ ထိုအခ်ိန္ ရန္က်င္းရဲ႔ ႏူးည့ံေသာ တီးတိုးသံေလးအား ဆက္ၾကားရေလသည္။

"....ထေတာ့ေလ, ဟုတ္ျပီလား?"

ငါၾကိဳးစားေနတယ္.....ရွန္က်စ္ရွန္းသည္ ရန္က်င္း၏ စကားလုံးတိုင္းေအာက္မွ နစ္မြန္းေနေသာ စိတ္ပ်က္အားငယ္မႈႏွင့္ ေနာင္တရမႈကို သက္သာေစလိုတာေၾကာင့္ ရန္က်င္းအား တိတ္တဆိတ္ ေအာ္ေျပာေနမိသည္။

ဤ စိတ္ပ်က္အားငယ္မႈႏွင့္ ေနာင္တ တရားမ်ားက ၾကီးမားသည့္ ခ်ည္ထည္ထဲမွာ သိုဝွက္ထားေသာ ပင္အပ္တစ္ေခ်ာင္းလုိမ်ိဳး အလြန္ တင္းတင္းၾကပ္ၾကပ္ နစ္ဝင္ေနသည္။ ၎ကို အေဝးကေနဆို မသိနိုင္ေပမယ့္ ဂရုတစိုက္ အာရံုစိုက္မွသာ ၾကားရနုိင္သည္။

ရွန္က်စ္ရွန္းက ေတြးမိသည္။ အစပိုင္းမွာေတာ့ သူ ရန္က်င္းရဲ႔ စကားမ်ားအား ၾကားရတဲ့အခ်ိန္မွာ သိပ္ျပီး မတုန္႔ျပန္မိေပ။ သို႔ေသာ္လည္း တစ္ျဖည္းျဖည္းနဲ႔ တစ္စံုတစ္ရာမွားယြင္းေနသည္ကို အာရံုခံမိလာသည္။

ရန္က်င္းမွာ ဘာျဖစ္ေနတာလဲ? ဘာလုိ႔ သူ႔ခံစားခ်က္ေတြက ျပိဳလဲက်ေတာ့မလုိ လကၡဏာေတြ ျပေနရတာလဲ?

မေန႔ညတုန္းက သိသိသာသာကို အဆင္ေျပေနခဲ့တာပါ.....ဘာေတြျဖစ္ေနတာလဲ?

ရွန္က်စ္ရွန္းက နားမလည္နုိင္ ျဖစ္ေနေသာ္လည္း သူ႔ေျခလက္မ်ားက သူနဲ႔ မသက္ဆုိင္သလိုပင္။ ဘယ္ေလာက္ပဲ လွဳပ္ရွားဖို႔ ၾကိဳးစားပါေစ သူ႔လက္ေကာက္ဝတ္ကို လက္တစ္ဖက္ျဖင့္ တင္းတင္းၾကပ္ၾကပ္ ကိုင္ထားသည့္ ရန္က်င္းရဲ႔ ဆုပ္ကိုင္မွုနွင့္ ေႏြးေထြးသည့္ ရင္ဘက္ေပၚ မွီလွဲေနရသည္ကိုသာ ခံစားလုိ႔ ရနိုင္သည္။

ရန္က်င္းက တစ္ျခားလက္တစ္ဖက္ျဖင့္ ရွန္က်စ္ရွန္းရဲ႔ ခါးစည္းကို စတင္ျဖည္လိုက္ကာ သူ႔ေကာ္လာကို အနည္းငယ္ ဆြဲဖြင့္လုိက္သည္။

သူက စကားထပ္မေျပာေတာ့ပဲ တိတ္တဆိတ္ပင္ ရွန္က်စ္ရွန္း၏ အက်ၤီမ်ားအား ခ်ြတ္ေန၏။

ေႏြးေထြးသည့္ လက္ေခ်ာင္းထိပ္မ်ားက ေအးစက္စက္ အသားအရည္ေပၚသို႔ ပြတ္တိုက္ေနသည္။ထိေတြ႕မႈတိုင္းသည္ ရွန္က်စ္ရွန္း၏ခႏၶာကိုယ္အႏွံ႔မွာ လ်င္ျမန္စြာပ်ံ႕ႏွံ႔သြားေသာ ပူေလာင္သည့္ ခံစားမႈကို ျဖစ္ေပၚေစသည္။ ရွန္က်စ္ရွန္းသည္ ခြန္အားကို ဘယ္ကေန ဆြဲထုတ္လိုက္မွန္း မသိေပမယ့္ ႐ုတ္တရက္ မ်က္လုံးပြင့္လိုက္နုိင္သြား၏

— ေနာက္ဆံုးေတာ့ သူ႔မ်က္လံုးေတြ ပြင့္သြားျပီ!

သူ႔အျမင္အာရံုက ခဏမွ် မွဳန္ဝါးေနျပီးမွ သူ႔အက်ၤီအား ေဘးဖက္သို႔ သာမာန္ကာလွ်ံကာ ပစ္ခ်ေနသည့္ ရင္းနွီးေသာ လက္တစ္ဖက္ဆီသို႔ အလ်င္အျမန္ပင္ ေရာက္ရွိသြားခဲ့သည္။

==============

Fortsett å les

You'll Also Like

57.6K 7.3K 30
⚡THIS IS A PURE FUN TRANSLATION.All credits to original authors and English translators. I don't own any part of this novel. I'm just a translator. ⚡...
826K 115K 107
I Saved The Disabled Villain by Pretending to Be Pitiful Chapter 97 ချီဟန်ဟာ ညှင်းပန်း နှိပ်စက်ပြီး ​ခွေး​သွေးဆန်တဲ့ ဝတ္ထုကို တစ်ညလုံး ဖတ်ခဲ့သည်။ နာ...
269K 42.5K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
14.1K 940 59
(ဂျင်ဝမ်သည် သူရဲ့ချစ်လှစွာသော ငါးဟာ ချောမောလှပတဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေခဲ့တယ်ဆိုတာ Part-32 မှာသိခဲ့ရပါတယ်။) တစ်နေ့တွင် လီယုသည် ငါးအဖြစ်သို့ က...