《အခန်း-၃၉》
『ဝိညာဉ်ချုပ်ဖန်ပုလင်းမှလွတ်မြောက်ခြင်း』
_______×_______
ဝိညာဉ်ဖမ်းသည့်ဖန်ပုလင်းလေးကိုကိုင်၍ Yuji ပြုံးလိုက်သည် ။
အရှင်းဆုံးပြောရမည်ဆိုလျှင် Kim Taehyung ရဲ့ ဝိညာဉ်ကိုဖမ်းမည့်ဖန်ပုလင်းလေးတစ်ခုပေါ့ ။
"Kim Taehyung .. ရှင်သာ ကျွန်မတို့ကို နည်းနည်းလောက် ငဲ့ညှာပေးခဲ့မယ်ဆိုရင် Hae Soo က အသတ်ပေးသွားစရာမလိုဘူး။ ရှင်က ဘုရင်ဖြစ်နေရင်တောင် ကိုယ့်ညီမကိုယ်တော့ သေချာပေါက်ကာကွယ်ပေးခဲ့ရမှာပေါ့ ဘာဖြစ်လို့များ အခုလိုအခြေအနေတွေအထိ ရောက်အောင်လွှတ်ထားပေးခဲ့ရတာလဲ ။ Hae Soo က ဘယ်လောက်တောင်သနားဖို့ကောင်းလိုက်သလဲ .. Hae Soo အတွက် တရားမျှတမှုကရောဘယ်မှာလဲ"
Yuji အရူးတစ်ယောက်လိုမျိုးစကားတွေပြောကာ ငိုရှိုက်နေမိသည် ။
သူလုပ်နေတဲ့ လုပ်ရက်တွေကမှားသလားမှန်သလားဆိုတာ မတွေးတောနိုင်တော့ဘူး ။
နာကျင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ Yuji က ဘာကိုမှထည့်မတွက်နိုင်တော့သည်လေ။
//
"မင်းရဲ့ မယ်မယ် အခြေအနေမကောင်းဘူး"
"ဘယ်လို.. အခြေအနေမကောင်းဘူးဟုတ်လား သခင်လေး Yoongi "
"ဟုတ်တယ် Kim Taehyung ... အဲ့တာကြောင့် မင်း သူ(မ) ဆီကိုနောက်ဆုံးအနေနဲ့သွားတွေ့နိုင်တယ် ဒါပေမဲ့ မင်းကိုဘယ်သူမှတော့ မမြင်စေနဲ့"
Taehyung ခေါင်းငြိမ့်ပြ၍ အပြေးထွက်လာခဲ့လိုက်တော့သည် ။
Soya မယ်မယ်က သေဆုံးရမည့်သူဆိုတာ သိနေပေမယ့် အခုလောက်အထိမြန်ဆန်လိမ့်မယ်လို့တော့ Taehyung မတွေးခဲ့မိဘူး။
-
-
-
-
"သားတော်လေး.."
"မယ်မယ်"
Kim Soya ၏ လက်ကို Taehyung တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်သည်။သူ၏မျက်ဝန်းမှလည်း မျက်ရည်များစွာစီးကျနေခဲ့သည် ။
"မယ်မယ်လေ.. အ.. သားတော်ကို ချန်ထားခဲ့ရတော့မယ်.."
"ဘယ်ကတည်းကလဲ မယ်မယ်အခုလိုဝေဒနာခံစားနေရတာကိုဘာလို့မပြောပြခဲ့တာလဲ ဘာလို့လဲ... "
Taehyung တစ်ယောက် သူ၏ Character ထဲကိုလုံးဝ စီးမြောသွားသည်။
Kim Soyaကိုလည်း သူ၏ အမေအရင်းကဲ့သို့ချစ်ခဲ့သည်လေ...
သားသမီးတစ်ယောက်က သူ့ရဲ့မိခင်ဆုံးရှူံးမှာကို သိပ်ပြီးကြောက်တာ မဟုတ်လား ။
"အတော်ဆုံး နန်းတွင်းသမားတော်တွေနဲ့ မယ်မယ့်ကိုရအောင်ကုပေးမယ် .. မယ်မယ်ကျွန်တော့်ကို ထားခဲ့လို့မရဘူးနော် ကျွန်တော် လက်မခံဘူး"
ငိုနေတဲ့ Taehyung ရဲ့မျက်နှာလေးကို Kim Soya က ထိကိုင်လိုက်ပြီး မျက်ရည်တွေကို အသာသုတ်ပေးကာ နှစ်သိမ့်ပေးနေမိသည်။
သားတော်လေးကို ဒီအခြေအနေမှာတစ်ယောက်ထဲမထားခဲ့ချင်ပေမယ့် သူ(မ) ခံစားနေရတဲ့ ဝေဒနာက ပိုပိုပြီးပြင်းထန်လာသည်။
နာကျင်မှုရဲ့ဒဏ်ကိုလည်း ဒီ့ထက်ပိုပြီး သူ(မ) တောင့်မခံနိုင်တော့ဘူး ။
"သားတော်.. မယ်မယ့်ကိုကတိပေးပါ"
သူ(မ) က Taehyung ၏ မျက်လုံးကို တင်းတင်းကြည့်၍ ထိုသို့ဆိုလာသည်။
"မယ်မယ်က ဘယ်လို ကတိမျိုးလိုချင်လို့လဲ"
"သစ္စာဖောက်တွေကိုရှင်းပစ်ပြီး ဒါရီကိုရအောင်ပြန်ယူပါ သားတော် ~ ဒါရီကသားတော်ရဲ့အပိုင်မို့သားတော်ကရအောင်ပြန်ယူပါ"
မယ်မယ်ပြောတဲ့ သစ္စာဖောက်ကို မယ်မယ့်ရဲ့သားက အသက်နဲ့ရင်းပြီးတောင်ချစ်နေတယ်ဆိုတာ မယ်မယ်သိရင် သားတော်ကိုခွင့်လွှတ်နိုင်ပါ့မလား ။
မတည်နိုင်တဲ့ကတိဆိုပေမယ့် မယ်မယ်ကျေနပ်သွားအောင် Taehyung ပေးဖို့ဆုံးဖြတ်လိုက်သည် ။
"သားတော် ကတိပေးပါတယ်မယ်မယ်"
မယ်မယ်က ကျေနပ်သွားပုံရသည် .. သူ့ကို ဖျော့တော့စွာပြုံးပြသည် ။
တောင်းပန်ပါတယ် မယ်မယ်... ကျွန်တော်ကလေ Jungkook အတွက်ဆိုရင် ဘာမဆိုလုပ်ပေးမယ့်သူတစ်ယောက်ဖြစ်နေခဲ့ပြီ ။
ဒါရီကိုတင်မကဘဲ ကျွန်တော့်ရဲ့အသက်ကိုတောင်ပေးဖို့အထိ ဆုံးဖြတ်ထားတာပါ။
//
"အာ့..."
Jungkook တစ်ယောက် ခန္ဓာကိုယ်ထဲမှ ပြင်းထန်တဲ့နာကျင်မှုဒဏ်ကိုခံစားနေရသည်မို့ ကုတင်ပေါ်တွင်လူးလှိမ့်နေရသည်။
"အားး.."
နတ်ဆိုးသွေးတွေကသူ့ကို ကောင်းကောင်းကြီးပညာပြနေလေပြီ။
"မင်း... မင်းကြီး !"
"Kim!! မင်းဝင်မလာနဲ့!!"
Kim ကိုမုန်းဖို့ ဦးနှောက်ကသူ့ကို ထပ်တလဲလဲ လှုံ့ဆော်ပေးသည် သို့သော် သူ့နှလုံးသားကအဲ့သည်လိုမျိုးမလုပ်နိုင်ဘူး။
နတ်ဆိုးသွေးကြောင့် ဖြစ်တည်လာတဲ့နာကျင်မှုက သူများကို နာကျင်အောင် လုပ်ချင်လုပ် ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်မှသာ သက်သာသည် ။
"မင်းကြီး!"
Jungkook က ကုတင်ပေါ်က ကုန်းရုန်းထ၍ တစ်ခုခုကိုရှာနေတာမို့ Taehyung အမြန်ပြေးကာ Jungkook ကို ပွေ့ဖက်လိုက်သည်။
"Kim! ကိုယ်တော်နဲ့ ဝေးဝေးနေ!!"
"ငြိမ်ငြိမ်နေပါ.. ဒီအတိုင်းလေးနေပါ "
Jungkook ကငို၍ Taehyung ကိုရသလောက်အားနှင့်တွန်းဖယ်ပစ်ရင်း
"ဝေးဝေးနေပါ မဟုတ်ရင် ကိုယ်တော်မင်းကို ထိခိုက်အောင်လုပ်မိလိမ့်မယ် Kim... ထွက်သွားပါ ။ ကိုယ်တော်မင်းကို ထိခိုက်အောင်မလုပ်ချင်ဘူး Kim"
Taehyung ကလည်းအလွတ်မပေးဘဲ Jungkook ကို သူ့အားလေးနှင့် တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားရှာသည် ။
"အ!"
မျက်လုံးတွေရဲရဲနီလာတဲ့ Jungkook က Taehyung ရဲ့ခါးကို ဖျစ်ညှစ်ကာ တင်းတင်းကျပ်ကျပ်ဖက်တွယ်လာသည်။
ဖက်တာ မဟုတ်ဘူး .. ညှစ်နေတာ ။
"မင်း... မင်းကြီး"
"Kim Taehyung ... ငါမင်းကို သိပ်မုန်းတယ်!"
ကြမ်းပြင်ပေါ်ကိုတွန်းလှဲပစ်သည် ။
ထို့နောက်လဲကျနေတဲ့သူ့အပေါ်ကို Jungkook က တက်ခွပြီး လည်ပင်းကိုညှစ်သည် ။
"ငါ့ရဲ့ ပုလဲပုတီးကိုလုခဲ့တဲ့မင်း!ငါ့ကိုဆန်ဂျုံးကန်ထဲတွန်းချခဲ့တဲ့မင်း! ငါ့ထက် Park Jimin ကိုသာပိုတန်ဖိုးထားပြီးချစ်ခဲ့တဲ့မင်း! ငါ့ကို သွေးအေးအေးနဲ့ ချောက်ထဲတွန်းချခဲ့တဲ့မင်း! ငါ့ရဲ့အချစ်တွေကို မျက်ကွယ်ပြုခဲ့တဲ့မင်းကို ငါသိပ်မုန်းတာပဲ Kim Taehyung !"
အားနှင့်ညှစ်နေတာကြောင့် Taehyung ၏ မျက်နှာတွေပင်ရဲတတ်လာသည်။
Taehyung ရသလောက်အားနှင့် Jungkook ၏ လက်ကိုဆုပ်ကိုင်လိုက်ပြီး
"မင်းမေ့ထားခဲ့တယ် Jungkook !"
"ဘာပြောတယ်!"
Jungkook လို့ခေါ်တာကို အမျက်တော်ရှသည်မဟုတ်ဘဲ သူ့ကိုမေ့နေတယ်လို့ပြောတာကြောင့် Jungkook က Taehyung ၏ လည်ပင်းကိုပိုတိုး၍ပင် ညှစ်လိုက်သည်။
"မင်းကို ပုလဲပုတီးလေးတွေပြန်သီပေးခဲ့တဲ့ငါ! မင်းကို ဝတ်ရုံလေးခြုံပေးခဲ့ဖူးတဲ့ငါ!
မင်းကိုစိတ်ပူလို့ တောနက်ထဲအထိလိုက်လာခဲ့တဲ့ငါ! မင်းကို ချစ်ပါတယ်လို့ဝန်ခံခဲ့တဲ့ငါ့ကိုတော့ မင်းမေ့နေခဲ့တယ် Jeon Jungkook ရဲ့!"
Taehyung အားတင်း၍ ထိုစကားတွေကို တရစပ် အော်ပြောမိသည် ။
သူ့စကားတွေကြောင့် လည်ပင်းပေါ်ကလက်တွေက ပြေလျော့သွားခဲ့သည်။
ထို့နောက် Jungkook ကသူ့ကို နားမလည်သည့်ပုံစံဖြင့်ကြည့်ကာ
"မင်းဘာတွေပြောနေတာလဲ! မင်းပြောနေတာတွေကို ငါနားမလည်ဘူး! မင်းငါ့ကိုလှည့်စားဖို့ မာယာတွေသုံးနေတာလား Kim....အွန့်"
Jungkook ရဲ့စကားမဆုံးခင်မှာဘဲ Taehyung က Jungkook ၏ခေါင်းကိုလက်ဖြင့်ထိန်းကာဆွဲယူ၍ နှုတ်ခမ်းအစုံကိုနမ်းရှိုက်လိုက်သည် ။
အစက Jungkook ဘက်ကငြိမ်နေခဲ့ပေမယ့် ခဏအကြာမှာတော့ Taehyung ရဲ့ အနမ်းတွေကို လိုလိုလားလား တုံ့ပြန်လာသည်။
Jungkook ... မင်းငါ့ကိုမေ့သွားလို့မရဘူးနော်။
ငါကဒီကနေထွက်ခွာသွားရတော့မှာဆိုပေမယ့် ကျန်နေခဲ့တဲ့မင်းကတော့ငါ့ကို မှတ်မိနေရမယ် ။
ငါကမင်းကို သိပ်ချစ်ခဲ့ပါတယ်ဆိုတာကို မင်းရဲ့နှလုံးသားထဲကနေ မှတ်မိနေရမယ် ။
မင်းက Royal King ထဲက ဇာတ်လိုက်မင်းသားတင်မကဘဲ ငါ့နှလုံးသားရဲ့အဓိကဇာတ်လိုက်ပါဖြစ်သွားခဲ့တယ်။
ငါမင်းကို သိပ်ချစ်ပါတယ် ငါ့ရဲ့ ဇာတ်လိုက်မင်းသားလေးရယ် ။
>>>>>>>
"Yuji..သင်ဘာတွေတွေဝေနေတာလဲ ! Kim Soya သေဆုံးပြီဆိုပေမယ့် သူ့သားကျန်နေသေးတယ်! သူ့သားရဲ့ ဝိညာဉ်ကို ကျွန်ုပ် အမြန်ဆုံးလိုချင်တယ်"
"တစ်ခုလောက် တောင်းဆိုလို့ရမလား နတ်ဆေးဆရာမကြီး"
"ဘာကိုအလိုရှိလို့လဲ"
"ဘယ်ဘဝရောက်ရောက် ချစ်ရတဲ့သူကိုမှတ်မိတဲ့သူအဖြစ်ပဲ မွေးဖွားလို့ရမလား.. သင့်မှာအစွမ်းရှိရင် ကူညီပေးပါ"
"ဟင်း..."
Han So Yin က Min Yuji ၏ ပခုံးလေးကို ဖွဖွလေးပုတ်ကာ
"အချစ်ကပင်ပန်းတယ်..ကျွန်ုပ်မှာအဲ့သည်လိုအစွမ်းအထိတော့မရှိပါဘူး ဒါပေမဲ့ သင်ချစ်ရတဲ့သူနဲ့ပြန်လည်ဆုံတွေ့ရဖို့အတွက်တော့ ကျွန်ုပ်ကကူညီပေးပါ့မယ်"
//
"မင်းကြီး .. ကျွန်မဝင်လာခဲ့မယ်နော်"
"ကျွန်ုပ်ကမင်းကြီးမဟုတ်တော့ပါဘူး Yuji"
"ဒါပေမဲ့ သင်ကကျွန်မအတွက်တော့ ထာဝရမင်းကြီးပါပဲ"
Taehyung မှာ ထူးဆန်းနေတဲ့ Yuji ကို အကဲခတ်နေမိသည် ။
ထူးထူးဆန်းဆန်း Min Yuji ကသူ့ကိုလာတွေ့တယ်ပေါ့ ။
"မင်းကြီး"
"ဟမ်"
Yuji က Taehyung ရဲ့ရင်ဘက်ကို ကိုင်လိုက်ပြီး တစ်ခုခုကို တိုးတိုးလေးရေရွတ်လိုက်သည်။
"အ! Yuji ...မင်း!!"
Taehyung ၏ ရင်ဘက်ထဲက စူးပြီးအောင့်လာသည် ။
Yuji က မဲ့ပြုံးပြုံး၍နေရကထကာ ဖန်ပုလင်းကိုဖွင့်လိုက်သည်။
"ကောင်းကောင်းသွားပါ Kim Taehyung shi! ပြီးရင် Hae Soo ထက်ပိုပြီးနာကျင်မှုကိုခံစားသွား!"
Taehyung အမြင်တွေဝေဝါးကာ ဘာကိုမှမသိတော့.... ။
//
ပတ်ဝန်းကျင် တစ်ခုလုံးကမည်းမှောင်နေပြီးတိတ်ဆိတ်နေသည် ။
ဘာကိုမှလည်းကောင်းကောင်းမမြင်ရ။
သူအခုဘယ်ကိုရောက်နေတာလဲ ။
"Kim Taehyung !!!"
"ဟင်!"
ထိုအော်ခေါ်သံကြောင့် Taehyung လန့်ကာ တုန်သွားသည် ။
"သင်ရောက်လာပြီပဲ!"
အမှောင်ထုထဲကနေ တိုးထွက်လာတဲ့ အမျိုးသမီးတစ်ယောက် ။
"အမလေး !"
ရုပ်ရည်က အကျည်းတန်လွန်းလို့ Taehyung လန့်ကာ အော်လိုက်မိသည် ။
"ဟားဟားဟား မင်းကငါ့ကိုလန့်တယ်ပေါ့လေ"
"လန့်တာပေါ့ ဒီလောက်တောင်ကြောက်စရာကောင်းနေတာကို! .. နေ.. နေပါအုံး ကျွန်ုပ်ကအခုဘယ်ကိုရောက်နေတာလဲ"
"သင်က ဝိညာဉ်ချုပ်ခံထားရတဲ့သူတစ်ယောက်ဆိုတော့ ကျွန်ုပ်ထားတဲ့နေရာမှာသင်ရှိနေတာပေါ့"
Taehyung လန့်သွားသည် ။
သူက သေသွားတော့လား ။
Taehyung .. သူ၏ အရှေ့က အကျည်းတန်တဲ့အမျိုးသမီးကိုသေချာကြည့်ရင်း တစ်ခုခုကို တွေတွေလေးစဥ်းစားနေမိသည် ။
Han So Yin! နတ်ဆေးဆရာမ Han So Yin လား ...
"ခင်ဗျားက နတ်ဆေးဆရာမ Han So Yin လား!"
"အို... သင်ကကျွန်ုပ်ကိုသိနေတာပဲ Kim Taehyung "
"ဘာလို့ အခုလိုလုပ်တာလဲ.. ကျွန်ုပ်ကသေသွားတာလား"
"သင်ကမသေသေးပါဘူး ဒါပေမဲ့ သင့်ရဲ့ ခန္ဓာကိုယ်ကို သဂြိုလ်ကြတဲ့အချိန်ကျရင်တော့ တကယ်သေသွားမှာပေါ့ ။ သင့်ရဲ့ ဝိညာဉ်ကတော့ လေလွင့် ဝိညာဉ်အဖြစ်နဲ့ အထီးကျန်စွာရှင်သန်သွားမှာ"
သူ(မ) ကဘာကြောင့်ကလဲ့စားချေချင်တာလည်း Taehyung သိပါသည် ။
သူ(မ) ကိုအပြစ်မတင်သလို မုန်းလည်းမမုန်းမိပါ ။
Royal king ကိုဖတ်ကတည်းက နတ်ဆေးဆရာမ Han So Yin ကို သူသိပ်သနားခဲ့တာ ။
ဘယ်လောက်တောင် ပင်ပန်းခဲ့ရမလဲ ။
"ဒါပေမဲ့ ကျွန်ုပ်အခုသေလို့မရသေးဘူး.. တကယ်လို့ အသင်က ကျွန်ုပ်သေတာကိုလိုချင်တယ်ဆိုရင်သင့်စိတ်ကြိုက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ် .. ကျွန်ုပ်ကို အခွင့်အရေးလေးတစ်ခုတော့ပေးပါ ကျွန်ုပ်လူတစ်ယောက်ကို ကယ်တင်ဖို့လိုတယ်"
"သင့်ကိုယုံကြည်မယ်ထင်လို့လား ကလိမ်ကကျစ်နဲ့ မင်းဆိုးရဲ့! သင်လည်းသင့်ရဲ့အမေနဲ့အတူတူပဲ! သင်တို့လို ယုတ်မာတဲ့သူတွေက နာနာကျင်ကျင်ခံစားပြီးကို သေသင့်တာ!"
Han So Yin ကို ဘယ်လိုမှပြောလို့မရနိုင်တော့သည်မို့ Taehyung လည်း System နှင့်သာဆက်သွယ်လိုက်ရတော့သည် ။
"System .. ငါ့ကိုဘယ်လိုကူညီလို့ရလဲ"
< points 10,points 100, points 1000... Host ကြိုက်တာတစ်ခုရွေးချယ်ပါ>
Taehyung လည်း Han So Yin ၏လက်က မလွတ်မည်စိုး၍
"Points 1000"
< points 1000 တန်နတ်ဆေးဆရာမ Han So Yin လာပါပြီ host ရေ >
"လာ... ဒီကို"
ရုတ်တရက် လက်ယက်ခေါ်နေတဲ့ Han So Yin ကြောင့် Taehyung ကြောင်သွားသည်။
"ကဲ... လာပါဆိုကွယ် ။ မင်းရဲ့ခန္ဓာကိုယ်ထဲကို ပြန်ထည့်ပေးမယ်.. မင်းမှားဝင်နေမှာစိုးလို့ ကိုယ်တိုင်လိုက်ပို့ပေးမယ် "
"အော်... ဟုတ်ဟုတ်"
"ခလုတ်တိုက်မယ်နော် ဖြေးဖြေးချင်းလျှောက်... ပြီးရင် ဒီ ချောက်ထဲကိုလည်း မကြာမကြာ လာလည်နော် ကလေးလေး"
"ဗျာ.. ဟုတ်.."
"ကဲပါလာတော့... မင်းရဲ့အချိန်မပြည့်ခင် ခန္ဓာကိုယ်ထဲပြန်ဝင်ရမှာဆိုတော့မမှီဘဲနေမယ်"
"အမလေး!!"
နတ်ဆေးဆရာမ Han So Yin ကသူ့ကို ကောက်ပွေ့ကာခေါ်သွားသည်
Taehyung ခမျာ ပြုတ်ကျမည်စိုး၍ ငြိမ်ငြိမ်လေးသာနေလိုက်သည်။
"ကျွန်ုပ်ကိုတွေ့ချင်ရင်အချိန်မရွေးလာတွေ့နော်.. ဒီချောက်ထဲကနေသင့်ကို တံခါးမရှိဓားမရှိအမြဲတမ်းကြိုဆိုနေပါ့မယ် ... လာလည်နော် မဟုတ်ရင် ဒီကစိတ်ဆိုးမှာ ဟွန့်"
လခွမ်းပဲ! System တို့လုပ်ချလိုက်ပုံများ ငါက နတ်ဆေးဆရာမ Han So Yin နဲ့ ညားတော့မယ်!!
_Villain King And His Boyfriend_
Next part is final💜
《အခန္း-၃၉》
『ဝိညာဥ္ခ်ဳပ္ဖန္ပုလင္းမွလြတ္ေျမာက္ျခင္း』
_______×_______
ဝိညာဥ္ဖမ္းသည့္ဖန္ပုလင္းေလးကိုကိုင္၍ Yuji ၿပဳံးလိုက္သည္ ။
အရွင္းဆုံးေျပာရမည္ဆိုလွ်င္ Kim Taehyung ရဲ႕ ဝိညာဥ္ကိုဖမ္းမည့္ဖန္ပုလင္းေလးတစ္ခုေပါ့ ။
"Kim Taehyung .. ရွင္သာ ကြၽန္မတို႔ကို နည္းနည္းေလာက္ ငဲ့ညွာေပးခဲ့မယ္ဆိုရင္ Hae Soo က အသတ္ေပးသြားစရာမလိုဘူး။ ရွင္က ဘုရင္ျဖစ္ေနရင္ေတာင္ ကိုယ့္ညီမကိုယ္ေတာ့ ေသခ်ာေပါက္ကာကြယ္ေပးခဲ့ရမွာေပါ့ ဘာျဖစ္လို႔မ်ား အခုလိုအေျခအေနေတြအထိ ေရာက္ေအာင္လႊတ္ထားေပးခဲ့ရတာလဲ ။ Hae Soo က ဘယ္ေလာက္ေတာင္သနားဖို႔ေကာင္းလိုက္သလဲ .. Hae Soo အတြက္ တရားမွ်တမႈကေရာဘယ္မွာလဲ"
Yuji အ႐ူးတစ္ေယာက္လိုမ်ိဳးစကားေတြေျပာကာ ငိုရွိုက္ေနမိသည္ ။
သူလုပ္ေနတဲ့ လုပ္ရက္ေတြကမွားသလားမွန္သလားဆိုတာ မေတြးေတာနိုင္ေတာ့ဘူး ။
နာက်င္မႈေတြနဲ႕ ျပည့္ႏွက္ေနတဲ့ Yuji က ဘာကိုမွထည့္မတြက္နိုင္ေတာ့သည္ေလ။
//
"မင္းရဲ႕ မယ္မယ္ အေျခအေနမေကာင္းဘူး"
"ဘယ္လို.. အေျခအေနမေကာင္းဘူးဟုတ္လား သခင္ေလး Yoongi "
"ဟုတ္တယ္ Kim Taehyung ... အဲ့တာေၾကာင့္ မင္း သူ(မ) ဆီကိုေနာက္ဆုံးအေနနဲ႕သြားေတြ႕နိုင္တယ္ ဒါေပမဲ့ မင္းကိုဘယ္သူမွေတာ့ မျမင္ေစနဲ႕"
Taehyung ေခါင္းၿငိမ့္ျပ၍ အေျပးထြက္လာခဲ့လိုက္ေတာ့သည္ ။
Soya မယ္မယ္က ေသဆုံးရမည့္သူဆိုတာ သိေနေပမယ့္ အခုေလာက္အထိျမန္ဆန္လိမ့္မယ္လို႔ေတာ့ Taehyung မေတြးခဲ့မိဘူး။
-
-
-
-
"သားေတာ္ေလး.."
"မယ္မယ္"
Kim Soya ၏ လက္ကို Taehyung တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားလိုက္သည္။သူ၏မ်က္ဝန္းမွလည္း မ်က္ရည္မ်ားစြာစီးက်ေနခဲ့သည္ ။
"မယ္မယ္ေလ.. အ.. သားေတာ္ကို ခ်န္ထားခဲ့ရေတာ့မယ္.."
"ဘယ္ကတည္းကလဲ မယ္မယ္အခုလိုေဝဒနာခံစားေနရတာကိုဘာလို႔မေျပာျပခဲ့တာလဲ ဘာလို႔လဲ... "
Taehyung တစ္ေယာက္ သူ၏ Character ထဲကိုလုံးဝ စီးေျမာသြားသည္။
Kim Soyaကိုလည္း သူ၏ အေမအရင္းကဲ့သို႔ခ်စ္ခဲ့သည္ေလ...
သားသမီးတစ္ေယာက္က သူ႕ရဲ႕မိခင္ဆုံးရႉံးမွာကို သိပ္ၿပီးေၾကာက္တာ မဟုတ္လား ။
"အေတာ္ဆုံး နန္းတြင္းသမားေတာ္ေတြနဲ႕ မယ္မယ့္ကိုရေအာင္ကုေပးမယ္ .. မယ္မယ္ကြၽန္ေတာ့္ကို ထားခဲ့လို႔မရဘူးေနာ္ ကြၽန္ေတာ္ လက္မခံဘူး"
ငိုေနတဲ့ Taehyung ရဲ႕မ်က္ႏွာေလးကို Kim Soya က ထိကိုင္လိုက္ၿပီး မ်က္ရည္ေတြကို အသာသုတ္ေပးကာ ႏွစ္သိမ့္ေပးေနမိသည္။
သားေတာ္ေလးကို ဒီအေျခအေနမွာတစ္ေယာက္ထဲမထားခဲ့ခ်င္ေပမယ့္ သူ(မ) ခံစားေနရတဲ့ ေဝဒနာက ပိုပိုၿပီးျပင္းထန္လာသည္။
နာက်င္မႈရဲ႕ဒဏ္ကိုလည္း ဒီ့ထက္ပိုၿပီး သူ(မ) ေတာင့္မခံနိုင္ေတာ့ဘူး ။
"သားေတာ္.. မယ္မယ့္ကိုကတိေပးပါ"
သူ(မ) က Taehyung ၏ မ်က္လုံးကို တင္းတင္းၾကည့္၍ ထိုသို႔ဆိုလာသည္။
"မယ္မယ္က ဘယ္လို ကတိမ်ိဳးလိုခ်င္လို႔လဲ"
"သစၥာေဖာက္ေတြကိုရွင္းပစ္ၿပီး ဒါရီကိုရေအာင္ျပန္ယူပါ သားေတာ္ ~ ဒါရီကသားေတာ္ရဲ႕အပိုင္မို႔သားေတာ္ကရေအာင္ျပန္ယူပါ"
မယ္မယ္ေျပာတဲ့ သစၥာေဖာက္ကို မယ္မယ့္ရဲ႕သားက အသက္နဲ႕ရင္းၿပီးေတာင္ခ်စ္ေနတယ္ဆိုတာ မယ္မယ္သိရင္ သားေတာ္ကိုခြင့္လႊတ္နိုင္ပါ့မလား ။
မတည္နိုင္တဲ့ကတိဆိုေပမယ့္ မယ္မယ္ေက်နပ္သြားေအာင္ Taehyung ေပးဖို႔ဆုံးျဖတ္လိုက္သည္ ။
"သားေတာ္ ကတိေပးပါတယ္မယ္မယ္"
မယ္မယ္က ေက်နပ္သြားပုံရသည္ .. သူ႕ကို ေဖ်ာ့ေတာ့စြာၿပဳံးျပသည္ ။
ေတာင္းပန္ပါတယ္ မယ္မယ္... ကြၽန္ေတာ္ကေလ Jungkook အတြက္ဆိုရင္ ဘာမဆိုလုပ္ေပးမယ့္သူတစ္ေယာက္ျဖစ္ေနခဲ့ၿပီ ။
ဒါရီကိုတင္မကဘဲ ကြၽန္ေတာ့္ရဲ႕အသက္ကိုေတာင္ေပးဖို႔အထိ ဆုံးျဖတ္ထားတာပါ။
//
"အာ့..."
Jungkook တစ္ေယာက္ ခႏၶာကိုယ္ထဲမွ ျပင္းထန္တဲ့နာက်င္မႈဒဏ္ကိုခံစားေနရသည္မို႔ ကုတင္ေပၚတြင္လူးလွိမ့္ေနရသည္။
"အားး.."
နတ္ဆိုးေသြးေတြကသူ႕ကို ေကာင္းေကာင္းႀကီးပညာျပေနေလၿပီ။
"မင္း... မင္းႀကီး !"
"Kim!! မင္းဝင္မလာနဲ႕!!"
Kim ကိုမုန္းဖို႔ ဦးေႏွာက္ကသူ႕ကို ထပ္တလဲလဲ လႈံ႕ေဆာ္ေပးသည္ သို႔ေသာ္ သူ႕ႏွလုံးသားကအဲ့သည္လိုမ်ိဳးမလုပ္နိုင္ဘူး။
နတ္ဆိုးေသြးေၾကာင့္ ျဖစ္တည္လာတဲ့နာက်င္မႈက သူမ်ားကို နာက်င္ေအာင္ လုပ္ခ်င္လုပ္ ဒါမွမဟုတ္ ကိုယ့္ကိုယ္ကိုယ္နာက်င္ေအာင္လုပ္မွသာ သက္သာသည္ ။
"မင္းႀကီး!"
Jungkook က ကုတင္ေပၚက ကုန္း႐ုန္းထ၍ တစ္ခုခုကိုရွာေနတာမို႔ Taehyung အျမန္ေျပးကာ Jungkook ကို ေပြ႕ဖက္လိုက္သည္။
"Kim! ကိုယ္ေတာ္နဲ႕ ေဝးေဝးေန!!"
"ၿငိမ္ၿငိမ္ေနပါ.. ဒီအတိုင္းေလးေနပါ "
Jungkook ကငို၍ Taehyung ကိုရသေလာက္အားႏွင့္တြန္းဖယ္ပစ္ရင္း
"ေဝးေဝးေနပါ မဟုတ္ရင္ ကိုယ္ေတာ္မင္းကို ထိခိုက္ေအာင္လုပ္မိလိမ့္မယ္ Kim... ထြက္သြားပါ ။ ကိုယ္ေတာ္မင္းကို ထိခိုက္ေအာင္မလုပ္ခ်င္ဘူး Kim"
Taehyung ကလည္းအလြတ္မေပးဘဲ Jungkook ကို သူ႕အားေလးႏွင့္ တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္ထားရွာသည္ ။
"အ!"
မ်က္လုံးေတြရဲရဲနီလာတဲ့ Jungkook က Taehyung ရဲ႕ခါးကို ဖ်စ္ညွစ္ကာ တင္းတင္းက်ပ္က်ပ္ဖက္တြယ္လာသည္။
ဖက္တာ မဟုတ္ဘူး .. ညွစ္ေနတာ ။
"မင္း... မင္းႀကီး"
"Kim Taehyung ... ငါမင္းကို သိပ္မုန္းတယ္!"
ၾကမ္းျပင္ေပၚကိုတြန္းလွဲပစ္သည္ ။
ထို႔ေနာက္လဲက်ေနတဲ့သူ႕အေပၚကို Jungkook က တက္ခြၿပီး လည္ပင္းကိုညွစ္သည္ ။
"ငါ့ရဲ႕ ပုလဲပုတီးကိုလုခဲ့တဲ့မင္း!ငါ့ကိုဆန္ဂ်ဳံးကန္ထဲတြန္းခ်ခဲ့တဲ့မင္း! ငါ့ထက္ Park Jimin ကိုသာပိုတန္ဖိုးထားၿပီးခ်စ္ခဲ့တဲ့မင္း! ငါ့ကို ေသြးေအးေအးနဲ႕ ေခ်ာက္ထဲတြန္းခ်ခဲ့တဲ့မင္း! ငါ့ရဲ႕အခ်စ္ေတြကို မ်က္ကြယ္ျပဳခဲ့တဲ့မင္းကို ငါသိပ္မုန္းတာပဲ Kim Taehyung !"
အားႏွင့္ညွစ္ေနတာေၾကာင့္ Taehyung ၏ မ်က္ႏွာေတြပင္ရဲတတ္လာသည္။
Taehyung ရသေလာက္အားႏွင့္ Jungkook ၏ လက္ကိုဆုပ္ကိုင္လိုက္ၿပီး
"မင္းေမ့ထားခဲ့တယ္ Jungkook !"
"ဘာေျပာတယ္!"
Jungkook လို႔ေခၚတာကို အမ်က္ေတာ္ရွသည္မဟုတ္ဘဲ သူ႕ကိုေမ့ေနတယ္လို႔ေျပာတာေၾကာင့္ Jungkook က Taehyung ၏ လည္ပင္းကိုပိုတိုး၍ပင္ ညွစ္လိုက္သည္။
"မင္းကို ပုလဲပုတီးေလးေတြျပန္သီေပးခဲ့တဲ့ငါ! မင္းကို ဝတ္႐ုံေလးၿခဳံေပးခဲ့ဖူးတဲ့ငါ!
မင္းကိုစိတ္ပူလို႔ ေတာနက္ထဲအထိလိုက္လာခဲ့တဲ့ငါ! မင္းကို ခ်စ္ပါတယ္လို႔ဝန္ခံခဲ့တဲ့ငါ့ကိုေတာ့ မင္းေမ့ေနခဲ့တယ္ Jeon Jungkook ရဲ႕!"
Taehyung အားတင္း၍ ထိုစကားေတြကို တရစပ္ ေအာ္ေျပာမိသည္ ။
သူ႕စကားေတြေၾကာင့္ လည္ပင္းေပၚကလက္ေတြက ေျပေလ်ာ့သြားခဲ့သည္။
ထို႔ေနာက္ Jungkook ကသူ႕ကို နားမလည္သည့္ပုံစံျဖင့္ၾကည့္ကာ
"မင္းဘာေတြေျပာေနတာလဲ! မင္းေျပာေနတာေတြကို ငါနားမလည္ဘူး! မင္းငါ့ကိုလွည့္စားဖို႔ မာယာေတြသုံးေနတာလား Kim....အြန့္"
Jungkook ရဲ႕စကားမဆုံးခင္မွာဘဲ Taehyung က Jungkook ၏ေခါင္းကိုလက္ျဖင့္ထိန္းကာဆြဲယူ၍ ႏႈတ္ခမ္းအစုံကိုနမ္းရွိုက္လိုက္သည္ ။
အစက Jungkook ဘက္ကၿငိမ္ေနခဲ့ေပမယ့္ ခဏအၾကာမွာေတာ့ Taehyung ရဲ႕ အနမ္းေတြကို လိုလိုလားလား တုံ႕ျပန္လာသည္။
Jungkook ... မင္းငါ့ကိုေမ့သြားလို႔မရဘူးေနာ္။
ငါကဒီကေနထြက္ခြာသြားရေတာ့မွာဆိုေပမယ့္ က်န္ေနခဲ့တဲ့မင္းကေတာ့ငါ့ကို မွတ္မိေနရမယ္ ။
ငါကမင္းကို သိပ္ခ်စ္ခဲ့ပါတယ္ဆိုတာကို မင္းရဲ႕ႏွလုံးသားထဲကေန မွတ္မိေနရမယ္ ။
မင္းက Royal King ထဲက ဇာတ္လိုက္မင္းသားတင္မကဘဲ ငါ့ႏွလုံးသားရဲ႕အဓိကဇာတ္လိုက္ပါျဖစ္သြားခဲ့တယ္။
ငါမင္းကို သိပ္ခ်စ္ပါတယ္ ငါ့ရဲ႕ ဇာတ္လိုက္မင္းသားေလးရယ္ ။
>>>>>>>
"Yuji..သင္ဘာေတြေတြေဝေနတာလဲ ! Kim Soya ေသဆုံးၿပီဆိုေပမယ့္ သူ႕သားက်န္ေနေသးတယ္! သူ႕သားရဲ႕ ဝိညာဥ္ကို ကြၽန္ုပ္ အျမန္ဆုံးလိုခ်င္တယ္"
"တစ္ခုေလာက္ ေတာင္းဆိုလို႔ရမလား နတ္ေဆးဆရာမႀကီး"
"ဘာကိုအလိုရွိလို႔လဲ"
"ဘယ္ဘဝေရာက္ေရာက္ ခ်စ္ရတဲ့သူကိုမွတ္မိတဲ့သူအျဖစ္ပဲ ေမြးဖြားလို႔ရမလား.. သင့္မွာအစြမ္းရွိရင္ ကူညီေပးပါ"
"ဟင္း..."
Han So Yin က Min Yuji ၏ ပခုံးေလးကို ဖြဖြေလးပုတ္ကာ
"အခ်စ္ကပင္ပန္းတယ္..ကြၽန္ုပ္မွာအဲ့သည္လိုအစြမ္းအထိေတာ့မရွိပါဘူး ဒါေပမဲ့ သင္ခ်စ္ရတဲ့သူနဲ႕ျပန္လည္ဆုံေတြ႕ရဖို႔အတြက္ေတာ့ ကြၽန္ုပ္ကကူညီေပးပါ့မယ္"
//
"မင္းႀကီး .. ကြၽန္မဝင္လာခဲ့မယ္ေနာ္"
"ကြၽန္ုပ္ကမင္းႀကီးမဟုတ္ေတာ့ပါဘူး Yuji"
"ဒါေပမဲ့ သင္ကကြၽန္မအတြက္ေတာ့ ထာဝရမင္းႀကီးပါပဲ"
Taehyung မွာ ထူးဆန္းေနတဲ့ Yuji ကို အကဲခတ္ေနမိသည္ ။
ထူးထူးဆန္းဆန္း Min Yuji ကသူ႕ကိုလာေတြ႕တယ္ေပါ့ ။
"မင္းႀကီး"
"ဟမ္"
Yuji က Taehyung ရဲ႕ရင္ဘက္ကို ကိုင္လိုက္ၿပီး တစ္ခုခုကို တိုးတိုးေလးေရ႐ြတ္လိုက္သည္။
"အ! Yuji ...မင္း!!"
Taehyung ၏ ရင္ဘက္ထဲက စူးၿပီးေအာင့္လာသည္ ။
Yuji က မဲ့ၿပဳံးၿပဳံး၍ေနရကထကာ ဖန္ပုလင္းကိုဖြင့္လိုက္သည္။
"ေကာင္းေကာင္းသြားပါ Kim Taehyung shi! ၿပီးရင္ Hae Soo ထက္ပိုၿပီးနာက်င္မႈကိုခံစားသြား!"
Taehyung အျမင္ေတြေဝဝါးကာ ဘာကိုမွမသိေတာ့.... ။
//
ပတ္ဝန္းက်င္ တစ္ခုလုံးကမည္းေမွာင္ေနၿပီးတိတ္ဆိတ္ေနသည္ ။
ဘာကိုမွလည္းေကာင္းေကာင္းမျမင္ရ။
သူအခုဘယ္ကိုေရာက္ေနတာလဲ ။
"Kim Taehyung !!!"
"ဟင္!"
ထိုေအာ္ေခၚသံေၾကာင့္ Taehyung လန့္ကာ တုန္သြားသည္ ။
"သင္ေရာက္လာၿပီပဲ!"
အေမွာင္ထုထဲကေန တိုးထြက္လာတဲ့ အမ်ိဳးသမီးတစ္ေယာက္ ။
"အမေလး !"
႐ုပ္ရည္က အက်ည္းတန္လြန္းလို႔ Taehyung လန့္ကာ ေအာ္လိုက္မိသည္ ။
"ဟားဟားဟား မင္းကငါ့ကိုလန့္တယ္ေပါ့ေလ"
"လန့္တာေပါ့ ဒီေလာက္ေတာင္ေၾကာက္စရာေကာင္းေနတာကို! .. ေန.. ေနပါအုံး ကြၽန္ုပ္ကအခုဘယ္ကိုေရာက္ေနတာလဲ"
"သင္က ဝိညာဥ္ခ်ဳပ္ခံထားရတဲ့သူတစ္ေယာက္ဆိုေတာ့ ကြၽန္ုပ္ထားတဲ့ေနရာမွာသင္ရွိေနတာေပါ့"
Taehyung လန့္သြားသည္ ။
သူက ေသသြားေတာ့လား ။
Taehyung .. သူ၏ အေရွ႕က အက်ည္းတန္တဲ့အမ်ိဳးသမီးကိုေသခ်ာၾကည့္ရင္း တစ္ခုခုကို ေတြေတြေလးစဥ္းစားေနမိသည္ ။
Han So Yin! နတ္ေဆးဆရာမ Han So Yin လား ...
"ခင္ဗ်ားက နတ္ေဆးဆရာမ Han So Yin လား!"
"အို... သင္ကကြၽန္ုပ္ကိုသိေနတာပဲ Kim Taehyung "
"ဘာလို႔ အခုလိုလုပ္တာလဲ.. ကြၽန္ုပ္ကေသသြားတာလား"
"သင္ကမေသေသးပါဘူး ဒါေပမဲ့ သင့္ရဲ႕ ခႏၶာကိုယ္ကို သၿဂိဳလ္ၾကတဲ့အခ်ိန္က်ရင္ေတာ့ တကယ္ေသသြားမွာေပါ့ ။ သင့္ရဲ႕ ဝိညာဥ္ကေတာ့ ေလလြင့္ ဝိညာဥ္အျဖစ္နဲ႕ အထီးက်န္စြာရွင္သန္သြားမွာ"
သူ(မ) ကဘာေၾကာင့္ကလဲ့စားေခ်ခ်င္တာလည္း Taehyung သိပါသည္ ။
သူ(မ) ကိုအျပစ္မတင္သလို မုန္းလည္းမမုန္းမိပါ ။
Royal king ကိုဖတ္ကတည္းက နတ္ေဆးဆရာမ Han So Yin ကို သူသိပ္သနားခဲ့တာ ။
ဘယ္ေလာက္ေတာင္ ပင္ပန္းခဲ့ရမလဲ ။
"ဒါေပမဲ့ ကြၽန္ုပ္အခုေသလို႔မရေသးဘူး.. တကယ္လို႔ အသင္က ကြၽန္ုပ္ေသတာကိုလိုခ်င္တယ္ဆိုရင္သင့္စိတ္ႀကိဳက္ျဖစ္ေစရမယ္လို႔ ကတိေပးပါတယ္ .. ကြၽန္ုပ္ကို အခြင့္အေရးေလးတစ္ခုေတာ့ေပးပါ ကြၽန္ုပ္လူတစ္ေယာက္ကို ကယ္တင္ဖို႔လိုတယ္"
"သင့္ကိုယုံၾကည္မယ္ထင္လို႔လား ကလိမ္ကက်စ္နဲ႕ မင္းဆိုးရဲ႕! သင္လည္းသင့္ရဲ႕အေမနဲ႕အတူတူပဲ! သင္တို႔လို ယုတ္မာတဲ့သူေတြက နာနာက်င္က်င္ခံစားၿပီးကို ေသသင့္တာ!"
Han So Yin ကို ဘယ္လိုမွေျပာလို႔မရနိုင္ေတာ့သည္မို႔ Taehyung လည္း System ႏွင့္သာဆက္သြယ္လိုက္ရေတာ့သည္ ။
"System .. ငါ့ကိုဘယ္လိုကူညီလို႔ရလဲ"
< points 10,points 100, points 1000... Host ႀကိဳက္တာတစ္ခုေ႐ြးခ်ယ္ပါ>
Taehyung လည္း Han So Yin ၏လက္က မလြတ္မည္စိုး၍
"Points 1000"
< points 1000 တန္နတ္ေဆးဆရာမ Han So Yin လာပါၿပီ host ေရ >
"လာ... ဒီကို"
႐ုတ္တရက္ လက္ယက္ေခၚေနတဲ့ Han So Yin ေၾကာင့္ Taehyung ေၾကာင္သြားသည္။
"ကဲ... လာပါဆိုကြယ္ ။ မင္းရဲ႕ခႏၶာကိုယ္ထဲကို ျပန္ထည့္ေပးမယ္.. မင္းမွားဝင္ေနမွာစိုးလို႔ ကိုယ္တိုင္လိုက္ပို႔ေပးမယ္ "
"ေအာ္... ဟုတ္ဟုတ္"
"ခလုတ္တိုက္မယ္ေနာ္ ေျဖးေျဖးခ်င္းေလွ်ာက္... ၿပီးရင္ ဒီ ေခ်ာက္ထဲကိုလည္း မၾကာမၾကာ လာလည္ေနာ္ ကေလးေလး"
"ဗ်ာ.. ဟုတ္.."
"ကဲပါလာေတာ့... မင္းရဲ႕အခ်ိန္မျပည့္ခင္ ခႏၶာကိုယ္ထဲျပန္ဝင္ရမွာဆိုေတာ့မမွီဘဲေနမယ္"
"အမေလး!!"
နတ္ေဆးဆရာမ Han So Yin ကသူ႕ကို ေကာက္ေပြ႕ကာေခၚသြားသည္
Taehyung ခမ်ာ ျပဳတ္က်မည္စိုး၍ ၿငိမ္ၿငိမ္ေလးသာေနလိုက္သည္။
"ကြၽန္ုပ္ကိုေတြ႕ခ်င္ရင္အခ်ိန္မေ႐ြးလာေတြ႕ေနာ္.. ဒီေခ်ာက္ထဲကေနသင့္ကို တံခါးမရွိဓားမရွိအၿမဲတမ္းႀကိဳဆိုေနပါ့မယ္ ... လာလည္ေနာ္ မဟုတ္ရင္ ဒီကစိတ္ဆိုးမွာ ဟြန့္"
လခြမ္းပဲ! System တို႔လုပ္ခ်လိဳက္ပုံမ်ား ငါက နတ္ေဆးဆရာမ Han So Yin နဲ႕ ညားေတာ့မယ္!!
_Villain King And His Boyfriend_
Next part is final💜